← Chapters

အခန်း (၅၆၅-၅၆၆)

Vol. 48 Ch. 565-566

အခန်း (၅၆၅-၅၆၆)

Vol. 48 Ch. 565-566

အခန်း(၅၆၅)

အဆင့်မြင့်စွမ်းရည်တစ်ခု ပိုင်ဆိုင်ထားသူတိုင်းဟာ ကမ္ဘာကြီးကို လွှမ်းမိုးနိုင်လောက်တဲ့အထိ အစွမ်းထက်လာတတ်ကြတယ်ဆိုတာ အထောက်အထား ခိုင်ခိုင်လုံလုံ ရှိခဲ့ဖူးပါတယ်။ ပင်လယ်ဧကရာဇ်၊ နဂါးဘုရင်မနဲ့ ကောင်းကင်ဘုံနတ်မျိုးနွယ်တို့က ယုံကြည်စိတ်ချရတဲ့ သာဓကတွေပေါ့။

သူတို့အားလုံးဟာ အဆင့်မြင့်စွမ်းရည်တစ်ခုစီ ပိုင်ဆိုင်ထားကြပြီး နောက်ဆုံးမှာတော့ သူတို့ရဲ့ မျိုးနွယ်စုတစ်ခုလုံးကို အသွင်ပြောင်းလဲမှုတွေဆီ ဦးဆောင်ခေါ်သွားနိုင်ခဲ့ကာ ကမ္ဘာပေါ်မှာ အင်အားကြီးနိုင်ငံတွေအဖြစ် ထူထောင်နိုင်ခဲ့ကြတယ်။

ဒါပေမဲ့ အခုအချိန်အထိတော့ အဆင့်မြင့်စွမ်းရည် ပိုင်ဆိုင်တဲ့ လူသားတစ်ယောက်မှ မရှိခဲ့ဖူးသေးပါဘူး။ အခု မိုက်ကယ် ရောက်မလာခင်အချိန်အထိပေါ့။

မြို့စားကတော်ဟာ ဒီအကြောင်းကို ပိုတွေးမိလေလေ ပိုပြီးတော့ ထင်ရှားရှင်းလင်းလာလေလေ ဖြစ်နေတယ်။

သူ့မှာ အဆင့်မြင့်စွမ်းရည် ရှိနေတာကတော့ သေချာသလောက်ပါပဲ။ ဒါဆိုရင် တခြားဘယ်သူမှ မဖြစ်နိုင်ဘူးလို့ ထင်ထားတဲ့ အံ့ဩစရာကောင်းတဲ့ တန်ခိုးတွေကို ဒီလိုကောင်လေးတစ်ယောက်က ဘယ်လိုမျိုး ပိုင်ဆိုင်နေရတာလဲဆိုတာ အများကြီး အဖြေထွက်သွားတယ်။

သူက မှော်အတတ်ပညာရပ်တွေမှာလည်း ပါရမီပါပြီး ပင်ကိုယ်သံလိုက်စွမ်းအားရှင် တစ်ယောက်လည်း ဖြစ်နေတဲ့အပြင် တီထွင်ဆန်းသစ်မှုအပိုင်းမှာလည်း အံ့မခန်း ဉာဏ်ရည်ဉာဏ်သွေး ရှိနေပြန်သေးတယ်။ ဒီအချက်တွေ အားလုံးက ဘယ်သူမှ တစ်ခါမှ မမြင်ဖူးသေးတဲ့ ပါရမီမျိုးကို ပိုင်ဆိုင်ထားတယ်ဆိုတာ ညွှန်ပြနေတာပဲ။

'သူ့ရဲ့ အဆင့်မြင့်စွမ်းရည်က မှော်စွမ်းအင်နဲ့ မှော်ပညာရပ်တစ်ခုခုနဲ့ ပတ်သက်နေတာ ဖြစ်ရမယ်' လို့ မြို့စားကတော်က တွက်ဆလိုက်ပါတယ်။ သူ့ရဲ့ ဒြပ်စင်ရှစ်မျိုးကို ကျွမ်းကျင်နိုင်စွမ်းနဲ့ ဘာအစအနမှမရှိဘဲ မန္တန်မျိုးစုံကို ထူးထူးဆန်းဆန်း ထုတ်သုံးနိုင်တဲ့ အစွမ်းက အဲဒီအချက်ကို သက်သေပြနေတာပဲ။

ပြီးတော့ ဘိုးရဲ့ စွမ်းရည်ရှိနေတာတောင်မှ ဘိုးရဲ့ ဖန်တီးမှုတွေပေါ်က မှော်စွမ်းအင်တွေကို သူက ထိန်းချုပ်နိုင်ခဲ့တယ်ဆိုတဲ့ အချက်ကတော့ သူမရဲ့ အတွေးကို အတည်ပြုဖို့အတွက် နောက်ဆုံး လိုအပ်နေတဲ့ သက်သေပဲပေါ့။

မြို့စားကတော်ဟာ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ပါဘူး။ အစောပိုင်းကာလတွေကတည်းက မိုက်ကယ်ကို ကူညီပံ့ပိုးပေးဖို့ ဆုံးဖြတ်ခဲ့တဲ့ သူမရဲ့ ဆုံးဖြတ်ချက်ကို ပိုပြီးတော့တောင် ယုံကြည်ချက် ရှိသွားခဲ့ပြီ။ သူ ကမ္ဘာ့ဇာတ်ခုံပေါ်မှာ တကယ်ပဲ အကြီးအကျယ် မပေါက်ကွဲခင်ကတည်းက သူ့နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးတစ်ခု ထူထောင်ထားနိုင်ခဲ့တဲ့အတွက်လည်း ကျေးဇူးတင်မိနေတယ်။

"ငါ့ရဲ့ ပင်ကိုယ်အသိစိတ်က မမှားဘူးဆိုတာ ငါသိနေခဲ့တာပဲ။ သူ့ဘက်က ရပ်တည်ပေးလိုက်တာက ငါ့ဘဝရဲ့ အကောင်းဆုံး ဆုံးဖြတ်ချက် ဖြစ်လာတော့မှာပဲ" လို့ မြို့စားကတော်က ရေရွတ်လိုက်တယ်။

အဆင့်မြင့်စွမ်းရည်တစ်ခု ရှိနေတာက မိုက်ကယ်ရဲ့ နောင်တစ်ချိန်မှာ ဖြစ်လာမယ့် အလားအလာတွေကို ကောင်းကောင်းကြီး ညွှန်ပြနေတာပဲ။ သူ့ရဲ့ ခွန်အား၊ သူ့ရဲ့ ဉာဏ်ပညာ၊ ပြီးတော့ အထူးသဖြင့် သူ့ရဲ့ ဒီဗာကအစ အဲဒီ အဆင့်မြင့်စွမ်းရည်ကြောင့် တခြားသူတွေထက် ပိုပြီး သာလွန်ကောင်းမွန်ကြောင်း သက်သေပြသွားပါလိမ့်မယ်။

* * * * * * * *

ဘိုးဟာ သူမရဲ့ ဖန်တီးမှုတွေထဲကနေ မှော်စွမ်းအင်လုံးတွေ ပေါက်ကွဲထွက်ပြီး မိုက်ကယ်ရဲ့ အနားဆီ ပြန်ရောက်သွားတာကို ကြည့်ရင်း ဘာမှမတတ်နိုင်ဘဲ ဖြစ်နေခဲ့ရတယ်။

သူမရဲ့ ပေါင်မုန့်ဒိုင်းလွှားတွေ၊ ကိတ်မုန့်စစ်သည်တော်တွေနဲ့ တခြား မုန့်တပ်ရင်းတစ်ခုလုံးဟာ မိုက်ကယ်ဆီ သွားဖို့အတွက် ခန္ဓာကိုယ်ထဲကနေ မှော်စွမ်းအင်တွေ ရုန်းကန်ပေါက်ကွဲထွက်သွားတာကြောင့် ပေါက်ကွဲနာကျင်တဲ့ ဒဏ်ရာတွေ တစ်ခုပြီးတစ်ခု ရနေကြပြီ။

နောက်ဆုံးတော့ မှော်စွမ်းအင်ရဲ့ နောက်ဆုံးအမှုန်အမွှားလေးပါ မိုက်ကယ်ဆီ ပြန်ရောက်သွားတဲ့အချိန်မှာတော့ သူမရဲ့ ဖန်တီးမှုတွေဟာ ရထားသမျှ တန်ခိုးတွေ အကုန်လုံး တရားဝင် ဆုံးရှုံးသွားခဲ့ရပြီး အဲဒီလုပ်ငန်းစဉ်အတွင်းမှာတင် ပျက်စီးသွားခဲ့ရပါတော့တယ်။

မုန့်တွေနဲ့ အစားအစာ စစ်သည်တော်တွေ အားလုံးဟာ အသက်မဲ့စွာနဲ့ မြေပြင်ပေါ်ကို လဲပြိုကျသွားကြတယ်။

"မင်းရဲ့ စွမ်းရည်က ဘာလဲဆိုတာ အခု ငါသိပြီ" လို့ မိုက်ကယ်က ဘိုးကို ပြောလိုက်တယ်။

"မင်းရဲ့ ဖန်တီးမှုတွေဆီ မင်းရဲ့ တန်ခိုးတွေကို ဘယ်လိုမျိုး ဖြန့်ဝေပေးလဲဆိုတာ ငါသိသွားပြီ"

သူမက သူ့ရဲ့ မန္တန်တွေကို ဝါးမြိုလိုက်တဲ့အတွက်ကြောင့် သူမရဲ့ ဖန်တီးမှုတွေထဲမှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာကို သူက အနီးကပ် ပထမဆုံးအကြိမ် မြင်ခွင့်ရခဲ့တာပါ။ ပြီးတော့ သူတွေ့ရှိခဲ့တဲ့အရာက သူမရဲ့ စွမ်းရည်က ဘယ်လို အလုပ်လုပ်လဲဆိုတာနဲ့ သူမကိုယ်သူမ အခုလို အစွမ်းထက်အောင် ဘယ်လိုလုပ်ထားလဲဆိုတဲ့ အချက်အတွက် သဲလွန်စတစ်ခု ပေးခဲ့တယ်။

"မင်းက ဖန်တီးမှုတိုင်းထဲမှာ မင်းရဲ့ ဝိဉာဉ်အစိတ်အပိုင်းတစ်ခုစီကို ထည့်ထားတာပဲ"

သူ့ဆီကနေ အဲဒီစကားလုံးတွေ ထွက်လာတာကို ကြားလိုက်ရတဲ့အခါ ဘိုးတစ်ယောက် ကြောင်အမ်းသွားခဲ့ရတယ်။ သူမရဲ့ ဖန်တီးမှုတွေကို နှိမ်နင်းနိုင်တဲ့ တခြား သံလိုက်စွမ်းအားရှင်တွေနဲ့ သူမ ကြုံဖူးပါတယ်။ ၎င်းတို့ကို အနိုင်ယူနိုင်တဲ့ တခြားသူတွေနဲ့တောင် ကြုံဖူးခဲ့သေးတယ်။ ဒါပေမဲ့ သူမရဲ့ တန်ခိုးတွေနောက်ကွယ်က လျှို့ဝှက်ချက်ကို ရှာဖွေနိုင်ခဲ့တဲ့သူမျိုးတော့ တစ်ခါမှ မကြုံဖူးခဲ့ပါဘူး။

"မင်းရဲ့ ဖန်တီးမှုတွေအတွက် ဘယ်အရာကိုမဆို ပါဝင်ပစ္စည်းအဖြစ် သုံးလို့ရတယ်လို့ မင်းပြောခဲ့တယ်မလား။ အဲဒါက မင်းကိုယ်မင်းလည်း သုံးလို့ရတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ အဲဒီလိုကြောင့်ပဲ မင်းရဲ့ ဖန်တီးမှုတိုင်းက မင်းနဲ့ တူညီတဲ့ စွမ်းရည်ကို သုံးနိုင်နေတာ"

သူမရဲ့ ဖန်တီးမှုတွေက ၎င်းတို့ကို ဖန်တီးဖို့ လိုအပ်တဲ့ ပါဝင်ပစ္စည်းရဲ့ တန်ခိုးကို ရနိုင်တာကြောင့် သူမရဲ့ ကိုယ်ပိုင်ခန္ဓာကိုယ်၊ ကိုယ်ပိုင်ဝိညာဉ်ရဲ့ အစိတ်အပိုင်းတစ်ခုကို သူမရဲ့ ဖန်တီးမှုဆီ မျှဝေပေးလိုက်မယ်ဆိုရင် အဲဒီဖန်တီးမှုကလည်း သူမရဲ့ စွမ်းရည်ကို သုံးနိုင်မှာပဲ ဖြစ်ပါတယ်။

"ဒါပေမဲ့ ဒီအရာရဲ့ အားနည်းချက်ကတော့ အဲဒီအကောင်တွေ ဒဏ်ရာရတာနဲ့ မင်းလည်း လိုက်ပြီး ဒဏ်ရာရတာပဲ"

မိုက်ကယ်က ဘိုးရဲ့ ခန္ဓာကိုယ်ထဲက အလင်းမှော်စွမ်းအင်ရဲ့ အမှတ်အသားဟာ သူ ထင်ထားတာထက် အများကြီး ပိုနည်းနေတာကို သတိပြုမိခဲ့တာပါ။ ဒါပေမဲ့ အဲဒီ အလင်းမှော်စွမ်းအင်တွေက သူမရဲ့ ဖန်တီးမှုတွေထဲကို မျှဝေထည့်သွင်းထားတာဆိုတာ သိလိုက်ရတဲ့အချိန်မှာတော့ အရာအားလုံးက အဓိပ္ပာယ်ရှိသွားခဲ့ပြီ။

ဘိုးဟာ မိုက်ကယ်ရဲ့ အကဲခတ်နိုင်စွမ်းကို မချီးကျူးဘဲ မနေနိုင်တော့ပါဘူး။

"မင်းပြောတာ မှန်ပါတယ်" လို့ သူမက ဝန်ခံလိုက်တယ်။ "ငါက ဒီရုပ်လုံးတွေကို ဖန်တီးဖို့ ငါ့ရဲ့ ဝိဉာဉ်အစိတ်အပိုင်း အချို့ကို သုံးခဲ့တာ"

ပြီးတော့ သူမက အသားတွေနဲ့ တခြားအရာတွေကို လှီးဖြတ်ဖို့ အကောင်းဆုံးဖြစ်တဲ့ ဓားတစ်လက်ကို သူမရဲ့ ကျောနောက်ဘက်ဆီ ထုတ်ယူဖို့ လက်လှမ်းလိုက်တယ်။ တကယ်တော့ ဒီဓားက စားဖိုမှူးတစ်ယောက်ရဲ့ ကိရိယာသက်သက်တင် မဟုတ်ဘဲ ဘိုးကို သဘာဝကမ္ဘာကြီးကို ချက်ပြုတ်နိုင်တဲ့ စားဖိုမှူးတစ်ယောက် ဖြစ်လာစေဖို့ တန်ခိုးတွေ ပေးထားတဲ့ သန့်စင်မွန်မြတ်လှတဲ့ မီသရယ် မှော်ဝင်ပစ္စည်း တစ်ခုလည်း ဖြစ်နေလို့ပဲ။

သူမရဲ့ ဓားက အနီရောင်အလင်းတန်းတွေနဲ့ တောက်ပလာတာနဲ့အမျှ သူမရဲ့ အထက်မှာ ရုပ်အသွင်တစ်ခုက ရိုးတိုးရိပ်တိပ် ပေါ်လာခဲ့ပါတယ်။

အဲဒါက လူသားပုံသဏ္ဌာန် အမျိုးသမီးတစ်ယောက်ဖြစ်ပြီး မျက်နှာတစ်ခုလုံးနဲ့ ခန္ဓာကိုယ်အနှံ့အပြားမှာ ချုပ်ရိုးတွေ ပတ်ပတ်လည် ရှိနေတယ်။ သူမရဲ့ အရေပြားက လူသားအရေပြား မဟုတ်ဘဲ မျက်နှာတစ်ခုလုံး ဖြစ်လာအောင် ချုပ်စပ်ထားတဲ့ အပိုင်းအစတစ်ခုချင်းစီကလည်း တစ်ခုနဲ့တစ်ခု မတူကြပါဘူး။ တချို့အစိတ်အပိုင်းတွေက ပေါင်မုန့်နဲ့ လုပ်ထားပြီး တချို့က ခရင်မ်တွေ၊ တချို့ကျတော့လည်း ဂျယ်လီတွေနဲ့ လုပ်ထားတာပါ။

ဒီ ဒီဗာကို ဖော်ပြဖို့ အကောင်းဆုံးနည်းလမ်းကတော့ အသေကောင် အစိတ်အပိုင်းတွေက အစားအစာတွေနဲ့ မုန့်တွေဆီကနေ လာတဲ့ ဖရန်ကင်စတိန်းရဲ့ မိစ္ဆာကောင်ကြီးလိုပါပဲ။

၎င်းက ခန္ဓာကိုယ် အစိတ်အပိုင်းအများစုကို ဖုံးအုပ်ထားတဲ့ အဖြူရောင် ချက်ပြုတ်ရေးအေပရွန်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခေါင်းပေါ်မှာတော့ စားဖိုမှူးတွေနဲ့ ထမင်းချက်တွေသာ ဝတ်ဆင်နိုင်တဲ့ မြင့်မားပြီး အဖြူရောင် စားဖိုမှူး ဦးထုပ်ကို ဆောင်းထားပါတယ်။

ဘိုးက မိုက်ကယ်ကို ပြုံးမပြခင် သူမရဲ့ သားလှီးဓားကြီးကို လျှာနဲ့ သပ်လိုက်တယ်။

သူမက သူမရဲ့ လက်နက်ကို လေထဲမှာ မြင့်မြင့်မားမား မြှောက်လိုက်တဲ့အခါ သူမရဲ့ အထက်က ဖရန်ကင်စတိန်း စားဖိုမှူး ဒီဗာကလည်း သူမရဲ့ လှုပ်ရှားမှုတွေကို လိုက်လုပ်ပါတယ်။

ပြီးတော့ ရုတ်တရက်ပဲ သူမ ဖျက်ဆီးခဲ့တဲ့ အစားအစာနဲ့ မုန့်ဖန်တီးမှုတွေရဲ့ အလောင်းကောင်တွေ အားလုံးဟာ သူတို့ဆီကို လွင့်ပျံတက်လာကြတော့တယ်။

ပျက်စီးသွားတဲ့ ကိတ်မုန့်အမှုန်အမွှားတွေ၊ မြေပြင်ပေါ်က ဖြန်းပက်ထားတဲ့ အလှဆင်ပစ္စည်းတွေ၊ ပြီးတော့ စွပ်ပြုတ်ဂိုလမ်တွေဆီကနေ ဖိတ်စင်သွားတဲ့ စွပ်ပြုတ်ရည်တွေအဆုံး ဘိုးရဲ့ အနားဆီကို ပြန်လည် စုရုံးရောက်ရှိလာကြပြီ။

မိုက်ကယ်ကတော့ သူမအနေနဲ့ သူမရဲ့ စစ်တပ်ကို ပြန်လည် တည်ဆောက်တော့မယ်လို့ ထင်နေခဲ့တာပါ။ ဒါပေမဲ့ ထင်ထားသလိုမဟုတ်ဘဲ သူမက သူမရဲ့ စစ်တပ် အစိတ်အပိုင်းအားလုံးကို သူမ ဖန်တီးခဲ့သမျှ အရာအားလုံးရဲ့ ဧရာမ ဘောလုံးကြီးတစ်ခုနဲ့ ပေါင်းစပ်မှုကြီးတစ်ခု ဖြစ်အောင် စတင်စုစည်းလိုက်ပါတယ်။

သူမက မုန့်အမှုန်အမွှားတွေကို ပိုပြီးတော့ စုစည်းလိုက်လေလေ အဲဒီဘောလုံးကြီးက မှော်ကမ္ဘာငယ်လေးရဲ့ အမြင့်ဆုံး သစ်ပင်တွေထက်တောင် ကျော်လွန်မြင့်မားတဲ့ ဧရာမ ကျောက်တုံးကြီးတစ်ခုလောက်အထိ ကြီးမားလာလေလေ ဖြစ်ပြီး အဲဒီမှာတင် ရပ်တန့်သွားမယ့်ပုံလည်း မပေါ်ပါဘူး။

နောက်ဆုံး ပုံသဏ္ဌာန် ရောက်သွားတဲ့အချိန်မှာတော့ အဲဒီအကောင်က စုစုပေါင်း အမြင့် မီတာ ၂၀ လောက် ဒါမှမဟုတ် ငါးထပ်တိုက်တစ်လုံးလောက်အထိ မြင့်မားသွားခဲ့ပြီ။

အရာအားလုံး စုစည်းပြီးသွားတဲ့အခါ ဘိုးရဲ့အထက်က ဖရန်ကင်စတိန်း စားဖိုမှူး ဒီဗာက စတင် အလုပ်လုပ်ပါတော့တယ်။

၎င်းက လက်တွေကို လှုပ်ရှားလိုက်ပြီး လက်ထဲမှာ ဓားတစ်လက်နဲ့ ဒယ်အိုးပြားတစ်ခုကို ကိုင်ထားပြီး မမြင်ရတဲ့ မီးဖိုပေါ်မှာ မမြင်ရတဲ့ အစားအစာတစ်ခုကို စတင် ချက်ပြုတ်ပါတော့တယ်။

ရုတ်တရက်ပဲ စားကြွင်းစားကျန် အစားအစာတွေလို့သာ ဖော်ပြလို့ရမယ့် ဧရာမ လုံးဝန်းတဲ့အရာကြီးက ပုံသွင်းခံလိုက်ရပြီး ဧရာမ ဝက်ဝံကြီးတစ်ကောင်နဲ့ တူတဲ့ ခြေလေးချောင်းပါ မိစ္ဆာကောင်ကြီးတစ်ကောင်ရဲ့ ပုံသဏ္ဌာန်အဖြစ် ပြောင်းလဲသွားခဲ့တယ်။

၎င်းက ဘိုးရဲ့ ဒီဗာနဲ့ ကွက်တိတူပြီး ခန္ဓာကိုယ်က မတူညီတဲ့ အစားအစာတွေနဲ့ မုန့်တွေရဲ့ အစိတ်အပိုင်းတွေကနေ ချုပ်စပ်ထားတဲ့ ပုံစံမျိုး ပေါက်နေပါတယ်။

ဒါပေမဲ့ ၎င်းရဲ့ ခွန်အားနဲ့ ရိုင်းစိုင်းကြမ်းကြုတ်မှုတွေကတော့ မိစ္ဆာကောင်တစ်ကောင် ရှိသင့်ရှိထိုက်တဲ့ အတိုင်းပါပဲ။

'ချက်ပြုတ်ခြင်း' လုပ်ငန်းစဉ် ပြီးဆုံးသွားတာနဲ့ ဝက်ဝံကြီးက သူ့ရဲ့ နောက်ခြေထောက်တွေပေါ် မတ်တတ်ရပ်လိုက်ပြီး လည်ချောင်းသံအကျယ်ကြီးနဲ့ အော်ဟစ်လိုက်ကာ သူ့ရဲ့ ကျောပေါ်က ဆူးချွန်တွေကလည်း ကာကွယ်ရေး ယန္တရားတစ်ခုလိုမျိုး ပွင့်ထွက်လာပါတယ်။

ပရိသတ်တွေက ဒီမိစ္ဆာကောင်ကြီးကို မြင်လိုက်ရတာနဲ့ ဘိုးက ဘယ်အရာဆီကနေ စိတ်ကူးစိတ်သန်း ယူထားလဲဆိုတာ ချက်ချင်း သဘောပေါက်သွားကြတော့တယ်။

"အဲဒါ ကြယ်ရှစ်ပွင့်မိစ္ဆာကောင် အာဆာဂရစ်ဇ်လာ ပဲ"

(TR Note: Ursa Grizzla ဝက်ဝံလူသား အမပုံစံဖြစ်ပါတယ်)

"ပွဲအစောပိုင်းတုန်းက သူမ အာဆာဂရစ်ဇ်လာ ဆီကို တိတ်တဆိတ် ချဉ်းကပ်သွားတာ ငါ တကယ် မြင်လိုက်သားပဲ။ သူမက အဲဒီအကောင်ရဲ့ အစိတ်အပိုင်းတစ်ခုကို ရခဲ့ပြီး အခု အဲဒါကို သုံးပြီး သူမရဲ့ ကိုယ်ပိုင် ကြယ်ရှစ်ပွင့်မိစ္ဆာကောင်ကို တည်ဆောက်နေတာ ဖြစ်ရမယ်"

"သူမက အခုထိတောင် အရှုံးမပေးသေးဘူးဆိုတာ မယုံနိုင်စရာပဲ။ မိုက်ကယ်က သူ့ရဲ့ ထူးဆန်းတဲ့ မှော်စွမ်းအင် ပြန်လည်ရယူမှုနဲ့ သူမရဲ့ စစ်တပ်တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်ခဲ့တာတောင်မှ"

သေချာတယ်။ တခြားသူတွေ အားလုံးကတော့ ကြယ်ရှစ်ပွင့်မိစ္ဆာကောင်ကြီးတစ်ကောင်ကို မြင်နေကြရတာပါ။

ဒါပေမဲ့ မိုက်ကယ်အတွက်တော့ သူ မြင်နေရတဲ့အရာက လုံးဝ ဥဿုံ ကွဲပြားခြားနားပါတယ်။ သူကတော့ ရှောင်ချင်ရင်တောင်မှ မရှောင်နိုင်တော့မယ့် အလွန်ကြီးမားတဲ့ ပစ်မှတ်ကြီးတစ်ခုကို မြင်နေရတာပါ။

ပြီးတော့ ဒီပစ်မှတ်ကြီးရဲ့ အတွင်းထဲမှာ ဘိုးရဲ့ အလင်းမှော်စွမ်းအင် အစိတ်အပိုင်းတွေ ပါဝင်နေတာကလည်း တိုက်တိုက်ဆိုင်ဆိုင် ဖြစ်နေခဲ့တယ်။

* * * * * * * *

စာစဉ်(၄၈)

အခန်း(၅၆၆)

ဖရန်ကင်စတိန်း အာဆာဂရစ်ဇ်လာ မိစ္ဆာကြီးက မိုက်ကယ်ဆီကို နှာမှုတ်သံတဟူးဟူးပေးရင်း လျင်မြန်စွာပဲ ဦးတည်ပြေးဝင်လာတော့တယ်။ ၎င်းက သူ့ရဲ့ အသာစီးရမှုကို ဝင့်ကြွားပြတဲ့အနေနဲ့ ဧရာမ နောက်ခြေနှစ်ဖက်ပေါ်မှာ မတ်တတ်ကြီး ထရပ်လိုက်တယ်။

လေထုကို ဆုတ်ဖြဲမတတ် ပြင်းထန်လှတဲ့ အရှိန်အဟုန်နဲ့အတူ မိစ္ဆာကြီးက လက်တစ်ဖက်ကို ဝှေ့ယမ်းမြှောက်လိုက်ပြီး မိုက်ကယ်ရှိရာဆီကို အားပြင်းပြင်းနဲ့ လွှဲရိုက်ချလိုက်တော့တယ်။

မိုက်ကယ်က တိုက်ကွက်ရဲ့ ဗဟိုချက်နဲ့ တော်တော်လေး ဝေးကွာတဲ့ နေရာမှာ ရှိနေတာတိုင်အောင်၊ အာဆာဂရစ်ဇ်လာရဲ့ ရက်စက်ကြမ်းကြုတ်လှတဲ့ လွှဲရိုက်ချက်ကနေ ထွက်ပေါ်လာတဲ့ မှော်စွမ်းအားသက်ရောက်မှုနဲ့ ဖိအားတုန်ခါမှုလှိုင်းတွေက လက်လွှဲလိုက်တဲ့ ဟင်းလင်းပြင်ကနေ မြေပြင်ပေါ်အထိ ဂျိမ်းဂျိမ်းဂျွမ်းဂျွမ်းမြည်ဟည်းသွားစေကာ ဧရာမ အက်ကွဲကြောင်းကြီးတစ်ခုကို ချက်ချင်း ဖြတ်တောက်ဖြစ်ပေါ်စေခဲ့တယ်။

ဝုန်း... ဝုန်း...

မျက်စိတစ်မှိတ်အတွင်းမှာတင် ပတ်ဝန်းကျင်က သစ်ပင်ပေါင်း ရာနဲ့ချီပြီး ဝုန်းခနဲ လဲပြိုပျက်စီးသွားခဲ့ရပြီး မှော်ကမ္ဘာငယ်လေးထဲက တောရိုင်းတိရစ္ဆာန်တွေရဲ့ သဘာဝကျက်စားရာနေရာတစ်ခုလုံး ပရမ်းပတာနဲ့ ထိတ်လန့်တုန်လှုပ်ကုန်ကြတော့တယ်။

ဒါပေမဲ့ မိုက်ကယ်ကတော့ အာဆာဂရစ်ဇ်လာရဲ့ ဖျက်ဆီးအားပြင်းလှတဲ့ တိုက်ခိုက်မှုအောက်ကနေ လျင်မြန်စွာ ရှောင်တိမ်းဖို့အတွက် သူ့ရဲ့ အရိပ်ခွဲစွမ်းရည်ကို ဖျတ်ခနဲ အသက်သွင်းလိုက်ပြီး တစ်စက္ကန့်မျှသာအကြာ အခြားတစ်ဖက်မှာ ပြန်လည်ပေါ်လာခဲ့တယ်။

သူ့ခန္ဓာကိုယ်က သစ်ပင်ထိပ်ဖျားပေါ်မှာ ပေါ်လာရုံပဲ ရှိသေး၊ အာဆာဂရစ်ဇ်လာက တယ်လီပို့လုပ်လိုက်သလိုမျိုး မိုက်ကယ်ရဲ့ရှေ့မှာ ရုတ်တရက် ပြန်ပေါ်လာပြီး သူ့မျက်နှာနဲ့ မီတာအနည်းငယ်အကွာမှာတင် ကြောက်မက်ဖွယ် ဧရာမ လက်ဖဝါးကြီးတွေက အတင်းပိတ်ဆို့ ဝင်ရောက်လာတော့တယ်။

မိုက်ကယ်က အချိန်ဆွဲမနေဘဲ လက်ကို အမြန်မြှောက်လိုက်ပြီး ထူထဲလှတဲ့ ကျောက်နံရံအလွှာပေါင်းများစွာကို သူ့ရဲ့ ရှေ့မှောက်မှာ တစ်ပြိုင်နက်တည်း ပုံဖော်ကာ ကာကွယ်ရေးအတားအဆီးတွေ တည်ဆောက်လိုက်တယ်။

မိစ္ဆာကြီးရဲ့ အားပြင်းလှတဲ့ လက်ဖဝါးက မိုက်ကယ်ရဲ့ အကာအကွယ်တွေကို ဝုန်းခနဲ သွားရောက်ရိုက်မိတဲ့အချိန်မှာတော့၊ ၎င်းရဲ့ ရိုက်ချက်အရှိန်က ကြောက်စရာကောင်းလောက်အောင် ပြင်းထန်လွန်းတာကြောင့် စင်ကြယ်တဲ့ မြေဒြပ်စင်မှော်စွမ်းအင်တံတိုင်းတွေက ဖုန်မှုန့်တွေ၊ အမှုန်အမွှားတွေအဖြစ် ချက်ချင်း ပြိုကွဲပျက်စီးသွားခဲ့ရတယ်။ မိစ္ဆာကြီးရဲ့ ချွန်ထက်လှတဲ့ လက်သည်းတွေက မိုက်ကယ်ရဲ့ အကြွင်းမဲ့သဟဇာတအကာအကွယ်ဒိုင်းဆီကို မထိမှန်ခင် စက္ကန့်ပိုင်းအလိုမှာတင် ကာကွယ်ရေးအလွှာပေါင်း ဆယ်ဂဏန်းလောက်က မျက်စိတစ်မှိတ်အတွင်း ညက်ညက်ကြေ ပျက်စီးသွားခဲ့ရတာ ဖြစ်ပါတယ်။

အာဆာဂရစ်ဇ်လာက ပထမဆုံးအကြိမ်အဖြစ် သူ့ရဲ့ရိုက်ချက်ကို အမိအရ တောင့်ခံထားနိုင်တဲ့ တကယ့်ခုခံမှုကို ကိုယ်တိုင်ခံစားလိုက်ရတာမို့ မျက်လုံးတွေ ပြူးကျယ်သွားရတော့တယ်။ ဒါပေမဲ့ မိုက်ကယ်ရဲ့ ခိုင်ခံ့လှတဲ့ ဘက်စုံအကာအကွယ်ဒိုင်းကြီးက သူ့အတွက် ဘေးကင်းရာကို တယ်လီပို့လုပ်ပြီး အဝေးဆီကို ထွက်ပြေးဖို့ အချိန်အလုံအလောက်ကို အကွက်တိ ရရှိစေခဲ့ပြီလေ။

ဒီမြင်ကွင်းကို ကြည့်ပြီး ဘိုးတောင်မှ အကြီးအကျယ် မှင်တက်အံ့ဩသွားရတယ်။ ဘာလို့လဲဆိုတော့ အဆင့်ရှစ်အဆင့်ရှိတဲ့ မိစ္ဆာတစ်ကောင်ရဲ့ အဆမတန်ကြီးမားလှတဲ့ အလေးချိန်နဲ့ ပြင်းပြတဲ့ တန်ခိုးအောက်မှာ တစ်ချက်တည်းနဲ့တင် ပြိုလဲသွားရမယ့် မိုက်ကယ်ရဲ့ မမြင်နိုင်တဲ့ အကာအကွယ်ဒိုင်းကို ရိုက်မိပြီးတဲ့နောက်၊ မိစ္ဆာကြီးရဲ့ လက်ဖဝါးတွေပေါ်မှာ ပြင်းထန်တဲ့ မီးလောင်ကျွမ်းခြင်းဒဏ်ရာတွေကိုပါ တန်ပြန်ခံစားလိုက်ရလို့ပါပဲ။

သူတို့နှစ်ယောက်လုံး ရုတ်တရက် ဆွံ့အမှင်တက်နေတုန်းမှာပဲ၊ မိုက်ကယ်က အာဆာဂရစ်ဇ်လာဆီကို ချက်ချင်း တန်ပြန်တိုက်စစ်ဆင်ဖို့ အခွင့်အရေးကို အမိအရ ရယူလိုက်ပြီး သူ့ရဲ့ လက်ညှိုးထိပ်မှာ သဟဇာတ ပေါင်းစည်းခြင်း တန်ခိုးစွမ်းအင်တွေကို တစ်နေရာတည်းမှာ အပြင်းအထန် စုစည်းရင်း စူးရှစွာ လင်းလက်လာစေခဲ့တော့တယ်။

ဘိုးက သူ့ရဲ့ မျက်လုံးထောင့်ကနေ စူးစူးရှရှ လင်းထိန်နေတဲ့ အဖြူရောင်အလင်းတန်းကို မြင်လိုက်ရပြီးတဲ့နောက်မှ မိုက်ကယ် ဘာလုပ်ဖို့ ပြင်နေလဲဆိုတာကို သတိကြီးကြီးနဲ့ ရုတ်တရက် သဘောပေါက်သွားခဲ့တယ်။

ဒါပေမဲ့ အရာရာက နောက်ကျသွားခဲ့ပါပြီ။

သဟဇာတသေနတ် တစ်ချက်က သူ့ရဲ့ လက်ညှိုးကနေ ဖြောင်းခနဲ ပွင့်ထွက်သွားခဲ့ပြီး အာဆာဂရစ်ဇ်လာရဲ့ ရင်ဘတ်တည့်တည့်ကို တိတိကျကျကြီး သွားရောက်ထိမှန်သွားခဲ့တာမို့ ပြင်းထန်လှတဲ့ နာကျင်မှုလှိုင်းတွေနဲ့အတူ ၎င်းရဲ့ ဧရာမခန္ဓာကိုယ်ကြီးက အနောက်ဘက်ဆီကို လွင့်ထွက်သွားရရှာတော့တယ်။

"ဘာ... ဘာလဲ

..." သူက ဇဝေဇဝါ ဖြစ်နေတဲ့ စိတ်ပျက်မှုတွေနဲ့အတူ ဒေါသတကြီး အော်ဟစ်လိုက်မိတယ်။

၎င်းက အဲဒီ ထူးဆန်းလှတဲ့ အဖြူရောင်အလင်းတန်းကြောင့် ဖြစ်ပေါ်သွားတဲ့ ဒဏ်ရာအနာတရတွေကို ချက်ချင်း ပြန်လည်ကုသဖို့အတွက် သူ့ရဲ့ ပင်ကိုယ်စွမ်းရည်ကို အတင်းအကျပ် ထုတ်သုံးဖို့ ကြိုးစားခဲ့ပေမဲ့လည်း၊ ဒဏ်ရာက လုံးဝ ဥဿုံ ပြန်မကောင်းလာတာကို မြင်တွေ့လိုက်ရတာမို့ အကြီးအကျယ် တုန်လှုပ်အံ့ဩသွားရပြန်တယ်။ အလင်းတန်းရဲ့ အဖျက်စွမ်းအားက ၎င်းရဲ့ခန္ဓာကိုယ်ကို အမြဲတမ်းအတွက် ပျက်စီးသွားစေခဲ့ပုံရလို့ပါပဲ။

ဒါတင်မကသေးဘဲ ၎င်းရဲ့ နံရိုးတွေကြားထဲကို ချွန်ထက်တဲ့ အပ်ပေါင်းများစွာနဲ့ တရစပ် ထိုးဆွခံရသလိုမျိုး ရင်ဘတ်ထဲမှာ စူးစူးရှရှ နာကျင်မှုကို ဆက်တိုက် ခံစားလိုက်ရတယ်။

မိုက်ကယ်က မိစ္ဆာကြီးနဲ့ သူ့ရဲ့ ဝိညာဉ် ရောယှက်ပေါင်းစည်းနေတဲ့ အချက်အချာ ကွက်တိနေရာကို တစ်နည်းနည်းနဲ့ ရှာဖွေတွေ့ရှိသွားပြီး အပြတ်ခြေမှုန်းဖို့ တိုက်ခိုက်လိုက်တာပဲ ဖြစ်ရမယ်။

"ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်နိုင်ရတာလဲ..."

ဘာဖြစ်သွားလဲဆိုတဲ့ အမှန်တရားကို ၎င်းအနေနဲ့ သေသေချာချာ စဉ်းစားတွေးခေါ်ဖို့ မကြိုးစားနိုင်ခင်မှာပဲ၊ မိုက်ကယ်ရဲ့ လက်ညှိုးထိပ်က အဲဒီ ကြောက်စရာကောင်းတဲ့ အဖြူရောင်အလင်းတန်းနဲ့အတူ နောက်တစ်ကြိမ် ထပ်မံပြီး စူးရှစွာ လင်းလက်လာတာကို မြင်တွေ့လိုက်ရပြန်တယ်။

အဲဒီ သဟဇာတအလင်းတန်းရဲ့ အဖျက်စွမ်းအားပြင်း တန်ခိုးကို ကောင်းကောင်းကြီး သိရှိနားလည်သွားတဲ့ ဘိုးကတော့ အခြေအနေမဟန်မှန်းသိလို့ အာဆာဂရစ်ဇ်လာရှိရာဆီကို သူ့ရဲ့ ဓားမြှောင်နဲ့အတူ အမြန်ဆုံး အရှိန်အဟုန်နဲ့ လွှဲခုတ်လိုက်တော့တယ်။

ရုတ်တရက်ဆိုသလို အာဆာဂရစ်ဇ်လာရဲ့ ခန္ဓာကိုယ်ကြီးက နှစ်ခြမ်းကွဲအက်သွားခဲ့ပြီး မိုက်ကယ် ပစ်လွှတ်လိုက်တဲ့ သဟဇာတအလင်းတန်းကတော့ ပြတ်ထွက်သွားတဲ့ ၎င်းရဲ့ ခန္ဓာကိုယ်နှစ်ခုကြားထဲကနေ ဟင်းလင်းပြင်ဆီကိုပဲ လွဲချော် ဖြတ်သန်းသွားခဲ့ရတယ်။

ဘိုးက သူ့ရဲ့ မိစ္ဆာကြီးကို အလျင်အမြန်ပဲ တစ်ကောင်တည်းဖြစ်အောင် ပြန်လည်ပြင်ဆင် ပေါင်းစည်းဖို့ လုပ်ဆောင်လိုက်တဲ့ အချိန်မှာပဲ၊ မိုက်ကယ်ရဲ့ လက်တွေကတော့ သဟဇာတ တန်ခိုးစွမ်းအင်တွေနဲ့အတူ နောက်ထပ်တစ်ကြိမ် ပစ်ခတ်ဖို့အတွက် ထပ်မံပြီး အရှိန်အဟုန်ပြင်းစွာ လင်းလက်လာပြန်တော့တယ်။

"အဲဒါ ဘာတန်ခိုးလဲ" သူက မိုက်ကယ်ကို မေးလိုက်တယ်။

ဘိုးက လက်ထဲက ဓားမြှောင်ကို တဖြတ်ဖြတ် ဝှေ့ယမ်းပြီး လေထုကို နောက်ထပ် ငါးကြိမ်တိုင်တိုင် အမြန်ဆုံး အရှိန်အဟုန်နဲ့ လွှဲခုတ်လိုက်ပြန်တယ်။ ရုတ်တရက်ဆိုသလို အာဆာဂရစ်ဇ်လာရဲ့ ဧရာမခန္ဓာကိုယ်ကြီးက ခြေလက်အင်္ဂါအစိတ်အပိုင်းတွေအဖြစ် သီးခြားစီ အပိုင်းပိုင်း ပြတ်တောက်ကွဲထွက်သွားတော့တာပဲ။ ထူးဆန်းလှစွာနဲ့ပဲ ၎င်းရဲ့ ဦးခေါင်း၊ ကိုယ်ထည်နဲ့ ခြေလက်လေးဖက်လုံးက သေဆုံးခြင်းမရှိဘဲ လေထုထဲမှာ သီးခြားစီ လွင့်ပျံလို့ နေကြတယ်။

ခွဲထွက်သွားတဲ့ အစိတ်အပိုင်းအားလုံးက မိုက်ကယ်ကို အရပ်မျက်နှာအနှံ့ကနေ ပိတ်ဆို့ဝိုင်းရံဖို့နဲ့ ၎င်းရဲ့ ကြောက်စရာကောင်းလှတဲ့ အဖြူရောင်အလင်းတန်းကို ထပ်မံပြီး မပစ်ခတ်နိုင်အောင် အပြတ်ဟန့်တားဖို့ ရည်ရွယ်ချက်နဲ့ လမ်းကြောင်းအသီးသီးဆီကို တရဟော ခွဲဖြာဆင်းလာကြတော့တယ်။

အာဆာဂရစ်ဇ်လာရဲ့ ဧရာမလက်မောင်းတစ်ခုက လေထဲကနေ ဒုံးကျည်တစ်စင်းလိုမျိုး မိုက်ကယ်ရှိရာဆီကို ဝူးဝူးဝါးဝါး မြည်ဟည်းပြီး ပြေးဝင်သွားခဲ့သလို၊ တစ်ချိန်တည်းမှာပဲ ၎င်းရဲ့ ကိုယ်ထည်ကြီးကလည်း မိုက်ကယ်ရဲ့ နောက်ကျောဘက်ဆီကို ကွက်တိ ရောက်ရှိနေရာယူသွားပြီး ထွက်ပြေးဖို့ ဘာအခွင့်အရေးမှ မပေးတော့ဘူး။

ဒါပေမဲ့ မိုက်ကယ်ကတော့ ပြာပြာသလဲ တုန်လှုပ်ခြောက်ခြားသွားခြင်းမရှိဘဲ လုံးဝကို တည်ငြိမ်နေခဲ့တယ်။ သူက လေထဲမှာ ဝဲပျံနေတဲ့ မိစ္ဆာကြီးရဲ့ ရှေ့ခြေလက်တစ်ခုဆီကိုပဲ သူ့ရဲ့ သဟဇာတသေနတ်နဲ့ သေသေချာချာ အာရုံစိုက်ပြီး အကွက်တိ ချိန်ရွယ်လိုက်တယ်။

အာဆာဂရစ်ဇ်လာရဲ့ လက်မောင်းကြီးက သူ့ဆီကို တိုးဝင်လာတဲ့ တစ်ချိန်တည်းမှာပဲ၊ မိုက်ကယ်ရဲ့ လက်ညှိုးထိပ်က သဟဇာတအလင်းတန်းက ပွင့်ထွက်သွားခဲ့ပြီလေ။ မျက်စိတစ်မှိတ်အတွင်း ဟင်းလင်းပြင်ကို ဆုတ်ဖြဲသွားတဲ့ သဟဇာတအလင်းတန်းရဲ့ အရှိန်နှုန်းက ပြေးဝင်လာတဲ့ လက်မောင်းရဲ့အရှိန်ထက် အပြတ်အသတ်ကို သာလွန်လွန်းနေတာကြောင့် ၎င်းကို အရင်ဆုံး ဆတ်ခနဲ ထိမှန်ခြေမှုန်းပစ်လိုက်တယ်။

ချက်ချင်းဆိုသလိုပဲ... ဘိုးက သူ့ရဲ့ ရင်ဘတ်ထဲမှာ မခံမရပ်နိုင်လောက်အောင် စူးစူးရှရှနဲ့ ပြင်းထန်လှတဲ့ နာကျင်မှုလှိုင်းတွေကို တဒိတ်ဒိတ် ခံစားလိုက်ရတာမို့ အာဆာဂရစ်ဇ်လာအပေါ် ထားရှိတဲ့ သူ့ရဲ့ အာရုံစူးစိုက်မှုတွေက နည်းနည်းလေး လျော့ရဲသွားခဲ့ရတယ်။ အဲဒီလို အားနည်းသွားတာကြောင့် လေထဲက မိစ္ဆာအစိတ်အပိုင်းတွေကလည်း ကမောက်ကမဖြစ်ကုန်ကြပြီး ပစ်မှတ်ကို လွဲချော်သွားစေခဲ့တယ်။

မိုက်ကယ်က ဘိုးရဲ့ လျှို့ဝှက်ချက်ဖြစ်တဲ့ အလင်းမှော်စွမ်းအင်တွေ ဝှက်ထားတဲ့ နေရာကိုပဲ ဒုတိယအကြိမ်အဖြစ် အကွက်တိ ထပ်မံရွေးချယ်ပြီး တိုက်ခိုက်လိုက်ပြန်တာပဲ။

'ဒါ... ဒါက လုံးဝကို တိုက်ဆိုင်မှု မဟုတ်ဘူး...' လို့ ဘိုးက စိုးရိမ်ထိတ်လန့်တကြီးနဲ့ ချက်ချင်း သဘောပေါက်လိုက်မိတယ်။

အခုအချိန်မှာတော့ သူ့ရဲ့ အာရုံစိုက်မှု အားလုံးက မိုက်ကယ်ရဲ့ လက်တွေဆီမှာပဲ သတိကြီးကြီးနဲ့ ရှိနေတော့တယ်။ မိုက်ကယ်ရဲ့ လက်ညှိုးက နည်းနည်းလေးပဲ လင်းလက်လာတာနဲ့ သူကိုယ်တိုင် မိုက်ကယ်ဆီကို အတင်းပြေးဝင်သွားပြီး အဲဒီ ဖျက်အားပြင်းအလင်းတန်းကို အရှိန်မြှင့်အားဖြည့်ဖို့ အခွင့်အရေး လုံးဝ ပေးတော့မှာ မဟုတ်ပါဘူး။

ဘိုးက အနီးနားက ဧရာမသစ်ပင်တစ်ပင်ဆီကို ဒေါသတကြီး ပြေးဝင်သွားပြီး တစ်စက္ကန့်အတွင်းမှာတင် ၎င်းရဲ့ ဓားမြှောင်နဲ့ အချက်ပေါင်း ဆယ်ဂဏန်းလောက်ကို လျှပ်ခနဲ လွှဲခုတ်ပစ်လိုက်တော့တယ်။

ဂျိမ်း... ဂျိမ်း...

ရုတ်တရက်ဆိုသလို သစ်ပင်ကြီးရဲ့ ဧရာမပင်စည်နဲ့ အကိုင်းအခက် အများစုက ချွန်ထက်လှတဲ့ မြှားပုံသဏ္ဌာန်တွေပဲ ကျန်ရစ်တော့တဲ့အထိ ကြောက်စရာကောင်းအောင် ဖြတ်တောက်ခြင်း ခံလိုက်ရတယ်။ နောက်ဆုံးပိတ်အနေနဲ့ သူက သူ့ရဲ့ ဓားမြှောင်ကို သူ့ကိုယ်ပိုင်ရင်ဘတ်ထဲအထိ ရက်စက်စွာ ထိုးနှစ်စိုက်ချလိုက်ပြီး၊ သူ့ရဲ့ ဝိညာဉ်အပိုင်းအစ အပါးလေးတစ်ခုကို လှီးထုတ်ယူလိုက်တယ်။

အဲဒီ သွေးရောင်ခြယ် အလင်းမှော်စွမ်းအင် အမှုန်အမွှားလေးက ဧရာမ သစ်သားမြှားကြီးဆီကို စီးဆင်းရွေ့လျားသွားခဲ့ပြီး၊ ၎င်းကို တကယ့်သက်ရှိမိစ္ဆာတစ်ကောင်လိုမျိုး ကြောက်မက်ဖွယ် လှုပ်ရှားသက်ဝင်လာစေခဲ့တော့တာပဲ။

အဲဒီအချိန်မှာပဲ မိုက်ကယ်ရဲ့ လက်ညှိုးထိပ်က လေထဲက အာဆာဂရစ်ဇ်လာရဲ့ ဦးခေါင်းဆီကို တည့်တည့်ချိန်ရွယ်ရင်း ထပ်မံပြီး လင်းလက်လာခဲ့တယ်။

ဘိုးက အသင့်ဖြစ်နေတဲ့ အဲဒီ ဧရာမသစ်ပင်မြှားကြီးကို လေးညှို့ကလွတ်သွားတဲ့ မြှားတစ်စင်းလိုမျိုး မြန်ဆန်လှတဲ့ အရှိန်၊ တောင်တစ်လုံးလို ကြီးမားပြင်းထန်လှတဲ့ တန်ခိုးအော်ရာတွေနဲ့အတူ မိုက်ကယ်ရှိရာဆီကို အားကုန် လွှတ်တင်လိုက်ပါတော့တယ်။

ပြင်းထန်လှတဲ့ ဖိအားလှိုင်းတွေကြောင့် မိုက်ကယ်က ဘေးကင်းရာကို တယ်လီပို့လုပ်ပြီး ရှောင်ကွင်းဖို့အတွက် သူ့ရဲ့ သဟဇာတသေနတ်ပစ်ခတ်မှုကို ခတ္တမျှ ရပ်ဆိုင်းလိုက်ရတယ်။ သူ့ခန္ဓာကိုယ်က အရိပ်ငွေ့အဖြစ် ပြောင်းလဲသွားပြီး အာဆာဂရစ်ဇ်လာနဲ့ ဝေးကွာလှတဲ့ မြေပြင်ပေါ်မှာ ဖတ်ခနဲ ပြန်လည်ပေါ်လာခဲ့တယ်။

ဒါပေမဲ့ မိစ္ဆာကြီးရဲ့ အာရုံခံစားမှုတွေက မိုက်ကယ်ရဲ့ ကိုယ်နံ့အပေါ်မှာ သေသေချာချာ ပစ်မှတ်ထားထားပုံရပြီး၊ ချက်ချင်းပဲ ကိုယ်ကိုဆတ်ခနဲလှည့်ကာ သူ့ဆီကို တဟုန်ထိုး ပြေးဝင်လာတာကြောင့် မိုက်ကယ်အနေနဲ့ သဟဇာတသေနတ်ကို ထပ်မံပစ်လွှတ်ဖို့အတွက် အချိန်မရတော့ဘူး ဖြစ်နေတယ်။

ဘိုးက မိုက်ကယ်ရဲ့ အဲဒီ လင်းထိန်နေတဲ့ အလင်းတန်းရန်ကနေ အောင်အောင်မြင်မြင် တားဆီးနိုင်ခဲ့ပြီလေ။

ဒါပေမဲ့ သူ လုံးဝ သတိမထားမိဘဲ လွဲချော်သွားတဲ့ အချက်တစ်ချက်ကတော့... သူ့ရဲ့ နောက်ကျောဘက် ဟင်းလင်းပြင်ထဲမှာ သတ္တုရောင် ပျံသန်းရေးပစ္စည်းကြီးတစ်ခုက အဆင်သင့် စောင့်ဆိုင်းနေတာကိုပဲ။

သူ ဘာဖြစ်နေမှန်း သတိမပြုမိခင် စက္ကန့်ပိုင်းအလိုမှာတင်၊ ဒရုန်းဆီကနေ ပွင့်ထွက်လာတဲ့ သဟဇာတအလင်းတန်းတစ်ခုက ဘိုးရဲ့ နောက်ကျောကို အရှိန်အဟုန်နဲ့ ဖောက်ထွက်သွားပြီး ရင်ဘတ်ထဲအထိ စူးစူးရှရှ စိုက်ဝင်သွားခဲ့ပါတော့တယ်။

အာ့...

သူ့နှလုံးသားထဲမှာ အမြဲတမ်း တည်ရှိနေတဲ့ နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းတွေရဲ့ ပင်ကိုယ်ပင်လယ်ကာကွယ်ရေးက စက္ကန့်ပိုင်းအတွင်း အရေးပေါ်အကာအကွယ်တစ်ခုကို ဖန်တီးပေးလိုက်လို့သာ၊ သူ့ရဲ့ အသက်အန္တရာယ်ရှိတဲ့ အင်္ဂါအစိတ်အပိုင်း ချက်ချင်း ပျက်စီးသွားရမယ့် ဘေးဒုက္ခကနေ သီသီလေး ကာကွယ်ပေးနိုင်ခဲ့တယ်။ ဒါပေမဲ့လည်း ကျန်ရှိနေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကတော့ ပြင်းထန်လှတဲ့ မီးလောင်ကျွမ်းခြင်း ဒဏ်ရာဒဏ်ချက်တွေကို ဆိုးရွားစွာ ခံစားလိုက်ရပြီ ဖြစ်ပါတယ်။

"အား... ဘာလဲ... ဒါကြီးက ဘာကြီးလဲ..."

ဘိုးက ဒေါသတကြီးနဲ့ ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ရှုလိုက်တဲ့အခါ၊ သစ်ပင်ထိပ်ဖျားရဲ့ အောက်တည့်တည့် ဟင်းလင်းပြင်ထဲမှာ ထူးဆန်းလှတဲ့ ပျံသန်းနေတဲ့ သတ္တုပစ္စည်းကြီးတစ်ခုက ငြိမ်သက်စွာ ပျံဝဲနေတာကိုပဲ မြင်တွေ့လိုက်ရတော့တယ်။

၎င်းက ဘာကြီးလဲဆိုတာကို သူ ဇဝေဇဝါနဲ့ နားလည်ဖို့ မကြိုးစားနိုင်ခင်မှာပဲ၊ ဒရုန်းဆီကနေ နောက်ထပ် သဟဇာတသေနတ် တစ်ချက်က ထပ်မံပြီး ဖြောင်းခနဲ ပွင့်ထွက်လာခဲ့ပြီး သူ့ရဲ့ ဗိုက်ကို တည့်တည့်ကြီး ထပ်မံ ထိမှန်သွားပြန်တယ်။

မိုက်ကယ်က သူ ဖန်တီးလိုက်တဲ့ လျှို့ဝှက်အခွင့်အရေးကို အပြည့်အဝ အသုံးချပြီး စက္ကန့်အနည်းငယ်မျှသာအတွင်းမှာတင် ဘိုးကို နှစ်ကြိမ်တိုင်တိုင် ထိခိုက်ဒဏ်ရာရအောင် အကွက်ချ လုပ်ဆောင်လိုက်တာပဲ ဖြစ်ရမယ်။

ဒါကလည်း ဒီတိုက်ပွဲတစ်လျှောက်လုံးမှာ ဒရုန်းရဲ့ တည်ရှိမှုနဲ့ စွမ်းရည်တွေကို မိုက်ကယ်က ဘာလို့ လျှို့ဝှက် ဖုံးကွယ်ထားခဲ့ရသလဲဆိုတဲ့ တကယ့်အကြောင်းရင်းပဲလေ။

ရန်သူရဲ့ အာရုံစိုက်မှု အားလုံးက မိုက်ကယ်ဆီမှာပဲ ပုံအောရှိနေပြီး တခြား ဘာကိုမှ သတိမထားမိတော့မယ့် တကယ့်ကွက်တိ အခိုက်အတန့်ကို သူက သွေးအေးကြီးနဲ့ စောင့်ဆိုင်းနေခဲ့တာကိုး။

အခုတော့ အဲဒီ ဗျူဟာက ပွဲကြည့်ပရိသတ်တွေနဲ့ တခြားသူတွေအားလုံးကို လုံးဝ မှင်တက်အံ့ဩသွားစေခဲ့ပြီး တကယ့်ကို ထိရောက်စွာ အလုပ်ဖြစ်သွားခဲ့ပါပြီ။

"သူ ဘိုးကို တကယ် ဒဏ်ရာရအောင် လုပ်လိုက်တာပဲ၊ သူ လုပ်နိုင်ခဲ့ပြီ"

"ဒါနဲ့ အဲဒီ အလင်းတန်းက ဘာကြီးလဲ၊ ဘယ်လိုလုပ်ပြီး သူရဲကောင်းရဲ့ အကာအကွယ်တွေကို ဖြတ်ကျော်ပြီး သူ့ရဲ့ စွမ်းရည်ကို ဖောက်ထွက်သွားနိုင်ရတာလဲ"

"ငါကတော့ သူ့ရဲ့ မီသရယ် လက်နက်ကို ပိုစိတ်ဝင်စားတယ်၊ သူက ဘယ်လိုလုပ်ပြီး အဲဒီတန်ခိုးမျိုးကို သုံးနိုင်ရတာလဲ"

ဖင်းမ်နဲ့ တန်ဇင်းတို့က အံ့ဩဆုံးလူတွေ ဖြစ်နေကြတယ်။ သူတို့က ဒီလေလံပွဲအတွင်း ဘိုးကို တစ်ကြိမ်လေးတောင် ဒဏ်ရာရအောင် မလုပ်နိုင်ခဲ့ကြဘူး။ အခုတော့ မိုက်ကယ်က သူ့အပေါ် လုံးဝ အသာစီးရနေတဲ့ပုံပဲ။

"သူ့ရဲ့ အဲဒီလက်နက်က အန္တရာယ်များတဲ့ ပေါင်းစပ်မှုပဲ" ရက်ပ်တာက သူ့ရဲ့ ကိုယ်ပိုင်အတွေ့အကြုံကနေ ကိုးကားပြီး ပြောလိုက်တယ်။ "အဲဒါက တခြားအရာတွေနဲ့မတူတဲ့ စွမ်းရည်တွေရှိတဲ့ မီသရယ် မှော်ဝင်ပစ္စည်းပဲ"

မိုက်ကယ် လုပ်နိုင်စွမ်းရှိသမျှ အရာအားလုံးကို ကြားပြီး မြင်ပြီးတဲ့နောက်မှာတော့ ဖင်းမ်နဲ့ တန်ဇင်းတို့ဟာ မိုက်ကယ်မှာ ဘိုးကို အနိုင်တိုက်ဖို့ အခွင့်အရေး တကယ်ရှိနေပြီလို့ စတင် ယုံကြည်လာကြတယ်။

အကယ်၍ အစပိုင်းမှာ သူ့ရဲ့ အခွင့်အရေးက သုည ရာခိုင်နှုန်းပဲ ရှိခဲ့ရင်တောင် အခုတော့ အဲဒါက ၂၅ ရာခိုင်နှုန်းအထိ ထိုးတက်သွားပြီပဲ ဖြစ်တယ်။

* * * * * * * *

All Chapters