← Chapters

အခန်း (၅၇၃-၅၇၄)

Vol. 48 Ch. 573-574

အခန်း (၅၇၃-၅၇၄)

Vol. 48 Ch. 573-574

အခန်း(၅၇၃)

တွင်းနက်ကြီးရဲ့ ဧရာမဆွဲငင်အားနယ်ပယ်ကြောင့် အာကာသဟင်းလင်းပြင်ကြီး တစ်ဆတ်ဆတ်တုန်အောင် ကွေးညွတ်သွားပြီး အလင်းရောင်ကိုယ်တိုင်တောင် ၎င်းရဲ့ပတ်လမ်းဘေးမှာ ကွေ့ဝိုက်သွားရတယ်။

အလင်းတန်းက မိုက်ကယ်ရှိရာဆီကို ကွက်တိကွေးဆင်းလာပြီး သူ့ရဲ့ အကြွင်းမဲ့သဟဇာတအကာအကွယ် ကို သုံးကြိမ်မြောက်အဖြစ် ဆက်တိုက် လာမှန်ပြန်တယ်။

ဒီစွမ်းရည်နှစ်ခုကြားက တုံ့ပြန်မှုက ဘယ်လောက်တောင် ထင်မှတ်မထားစရာကောင်းလဲဆိုရင် မူလပိုင်ရှင်တွေကိုယ်တိုင်တောင် ဒီလိုမျိုးဖြစ်နိုင်မှန်း သိခဲ့ကြတာမဟုတ်ဘူး။

ဘိုးရဲ့ ဉာဏ်ရည်ထက်မြက်မှုနဲ့ တီထွင်ဖန်တီးနိုင်စွမ်းကြောင့်သာ ဒီလို ထူးခြားဆန်းပြားတဲ့ စွမ်းရည်အချင်းချင်း ပေါင်းစပ်မှုမျိုး ဖြစ်လာရတာပါ။ သူမအနေနဲ့ ဒီတန်ခိုးတွေကို အချိန်အနည်းငယ်ပဲ လေ့လာခဲ့ရပေမဲ့ မူလပိုင်ရှင်တွေနည်းတူ ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်စွမ်း ရှိနေခဲ့တယ်။

ဘိုးဟာ ရိုင်းဇင်းဆစ်အဆင့် သတ်မှတ်ချက်မှာ ဘာကြောင့် နံပါတ်တစ်နေရာ ရထားလဲဆိုတာကို သက်သေပြလိုက်တာပဲ။

သူမဟာ ခိုင်မာတဲ့အလင်းတန်းရဲ့ တစ်ခုတည်းသော အားနည်းချက်ကို ဖြေရှင်းပစ်လိုက်ပြီ။ အာကာသဟင်းလင်းပြင်ကြီး ကွေးညွတ်သွားတာကြောင့် မိုက်ကယ်အနေနဲ့ သူမရဲ့ လက်မောင်တွေ ချိန်ရွယ်ရာအရပ်ကိုကြည့်ပြီး အလင်းတန်း ဘယ်ဘက်ကို ဦးတည်လာမလဲဆိုတာ မခန့်မှန်းနိုင်တော့ဘူး။

'ငါ အဲဒါတွေကို ဖျက်ဆီးပစ်ရမယ်' လို့ သူက ဆုံးဖြတ်လိုက်တယ်။

သူဟာ တွင်းနက်ကြီးဆီကို ချိန်ရွယ်ရင်း နောက်ထပ် သဟဇာတသေနတ် တစ်လက်ကို အမြန်ပဲ အားဖြည့်လိုက်ပါတယ်။

သူ့လက်ညှိုးကနေ တောက်ပတဲ့အလင်းရောင်တွေ ဖြာထွက်လာပြီး တွင်းနက်ကြီးဆီကို သဟဇာတအလင်းတန်းတစ်ချက် ပစ်လွှတ်လိုက်တယ်။

ဧရာမဆွဲငင်အားနယ်ပယ်ကြီးက အဲဒီအလင်းတန်းကို သူ့ရဲ့ အောက်ခြေမရှိတဲ့ အမှောင်တွင်းနက်ကြီးထဲ မျိုချဖို့ ကြိုးစားပေမဲ့ ပမာဏတူညီတဲ့ သဟဇာတစွမ်းအင်က တွင်းနက်ကြီးဘေးပတ်ပတ်လည်က အရာအားလုံးကို မှုန်ညက်နေအောင် ခြေမှုန်းပစ်လိုက်ပြီး ၎င်းကို ဆက်လက်ရှင်သန်စေတဲ့ အမှုန်အမွှားတွေကိုပါ ဖျက်ဆီးပစ်လိုက်တယ်။

ဝါးမြိုစရာ အမှုန်အမွှားတွေ မရှိတော့တဲ့အခါမှာတော့ တွင်းနက်ကြီးဟာ နောက်ဆုံးမှာ သူ့အလိုလို ပြိုကွဲပျက်စီးသွားပါတော့တယ်။

ဒါပေမဲ့ အဲဒီအချိန်မှာတင် ဘိုးက သူမရဲ့ဓားကို သုံးပြီး သူမရှေ့က လေထုကို နောက်ထပ် သုံးကြိမ် ဖြတ်တောက်လိုက်ပြန်တယ်။

ပြီးတော့ လက်ကလေးတစ်ချက် တို့လိုက်ရုံနဲ့ အဲဒီလေလုံးတစ်ခုချင်းစီဟာ ပထမတစ်ခုလိုပဲ ပြင်းထန်တဲ့ တွင်းနက်ကြီးတွေအဖြစ် ပြောင်းလဲသွားခဲ့တယ်။

သူမက အဲဒါတွေအကုန်လုံးကို ဖမ်းကိုင်ပြီး မိုက်ကယ်ဆီ ပစ်လွှင့်လိုက်ပါတယ်။

သူက တယ်လီပို့လုပ်ပြီး လွတ်အောင်ရှောင်လိုက်ကာ ၎င်းတို့ရဲ့ ဆန့်ကျင်ဘက်အရပ်မှာ ပြန်ပေါ်လာတယ်။

ဒါပေမဲ့ ဒါဟာ ဘိုးအတွက် နောက်ထပ်ခိုင်မာတဲ့ အလင်းတန်းတစ်ခု ပစ်လွှတ်ဖို့ အချိန်လုံလောက်စွာ ရသွားစေပြီး သူမ ခုနကတင် လွှင့်ထုလိုက်တဲ့ တွင်းနက်ကြီးဆီကိုပဲ ထပ်မံချိန်ရွယ်လိုက်ပြန်တယ်။

အလင်းတန်းက ပထမတွင်းနက်ကို သီသီလေးဖြတ်ကျော်သွားပြီး ၎င်းရဲ့လမ်းကြောင်းကို တိတိကျကျ ကွေးညွတ်စေခဲ့တာကြောင့် ဒုတိယတွင်းနက်ကို မထိတထိကလေး လွဲချော်သွားကာ နောက်ဆုံးအကြိမ်အဖြစ် ပြင်းထန်တဲ့ ဆွဲငင်အားနယ်ပယ်က လမ်းကြောင်းကို ထပ်မံပြောင်းလဲပစ်လိုက်ပြန်တယ်။

၎င်းက မိုက်ကယ်ဆီကို တရှိန်ထိုး ပြေးဝင်သွားပြီး သူ့ရဲ့ အကြွင်းမဲ့သဟဇာတအကာအကွယ် ကို ထပ်မံထိမှန်သွားတယ်။

'ငါ အဲဒီတွင်းနက်တွေကို အမြန် မဖျက်ဆီးနိုင်ဘူး။ ငါ သဟဇာတသေနတ် ကို အားဖြည့်နေတုန်း သူမက နောက်ထပ်အများကြီး ထပ်ဖန်တီးနိုင်တယ်'

သူက နောက်ထပ်အလင်းတန်းတစ်ခုကို ထပ်မံအားဖြည့်လိုက်ပြီး ဒီတစ်ကြိမ်မှာတော့ သူ့ရဲ့ ဒရုန်းကို ဖမ်းချုပ်ထားတဲ့ တွင်းနက်ကြီးကို ပစ်ခတ်လိုက်ပါတယ်။

သဟဇာတစွမ်းအင်က ဆွဲငင်အားနယ်ပယ်ကို ချေမှုန်းပစ်လိုက်တာကြောင့် ဒရုန်းလည်း လွတ်မြောက်မှု ပြန်လည်ရရှိသွားတယ်။

သို့ပေမဲ့ ဒါ ဖြစ်ပျက်နေတဲ့ အချိန်မှာတင် ဘိုးက တွင်းနက်ကြီးတွေအဖြစ် ပြောင်းလဲဖို့ သူမရဲ့ ပတ်ဝန်းကျင်ကနေ လေလုံးတွေကို ထပ်မံ ဖြတ်တောက်ယူလိုက်ပြန်တယ်။

သူမက ဓားကို မြှောက်ပြီး လေထုကို စပျစ်သီးပမာဏလောက်ပဲရှိတဲ့ အလွန်သေးငယ်တဲ့ လေလုံးလေးတွေဖြစ်အောင် စဉ်းမွှန်းပစ်လိုက်ပါတော့တယ်။

သူမက အဲဒါတွေအကုန်လုံးကို ညာလက်နဲ့ ဆုပ်ကိုင်လိုက်ပြီး ပိုလို့တောင် သေးငယ်တဲ့ တွင်းနက်ကလေးတွေအဖြစ် ပြောင်းလဲပစ်လိုက်တယ်။

သူမရဲ့ ပန်းရောင်ဂါဝန်လေး တလူလူလွင့်လျက်နဲ့ သူမရဲ့ ဝတ်စုံလေး ဝဲပျံနေစဉ်မှာပဲ အဲဒီတွင်းနက်အသေးစားလေးတွေ အကုန်လုံးကို လေထဲကို ဝဲပျံလွှင့်ထူလိုက်တာကြောင့် လှောင်အိမ်တစ်ခုလုံး ဆွဲငင်အားနယ်ပယ်တွေနဲ့ ပြည့်နှက်သွားခဲ့တယ်။

အခုဆိုရင် ဒီတွင်းနက်တွေက မိုက်ကယ်ကို တကယ်တမ်း ထိခိုက်ဒဏ်ရာရအောင် လုပ်ဖို့အတွက် အလွန် သေးငယ်လွန်းပါတယ်။ ဒါပေမဲ့ အဲဒါက အဓိက မဟုတ်ဘူး။ ဘိုးက သူမရဲ့ အလင်းတန်း ကွေးညွတ်ဖို့အတွက် တွင်းနက်တွေ ပိုများများ ရှိချင်ရုံသက်သက်ပါပဲ။

'အခုဆိုရင် အလင်းတန်း ဘယ်ကို ဦးတည်မလဲဆိုတာ ခန့်မှန်းဖို့ ပိုတောင် ခက်သွားပြီ'

သူ ထင်ထားတဲ့အတိုင်းပဲ ဘိုးက သူမရဲ့လက်ကို ထပ်မံမြှောက်လိုက်ပြီး ကျပန်းအရပ်မျက်နှာတစ်ခုဆီ ချိန်ရွယ်ကာ ခိုင်မာတဲ့ အလင်းတန်းတစ်ခုကို ပစ်လွှတ်လိုက်တယ်။

အလင်းရောင်က လေထဲမှာ ဇစ်ဇက်ပုံစံ လှိုင်းထကာ လှောင်အိမ်ထဲက ကြယ်တာရာတွေလို ပြည့်နှက်နေတဲ့ တွင်းနက်စုဝေးမှုတွေကြားထဲမှာ ကျပန်း ကွေးညွတ်သွားခဲ့တယ်။

၎င်းက မိုက်ကယ်ရဲ့ နောက်ကျောဆီကို တရှိန်ထိုး ပြေးဝင်သွားပြီး သူ့ရဲ့ အကြွင်းမဲ့သဟဇာတအကာအကွယ် ကို ခဏမျှ ပေါက်ထွက်သွားစေကာ အကာအကွယ်စွမ်းအင် ပြန်လည်ပြည့်မလာခင်မှာပဲ ထိမှန်သွားတယ်။

'ငါ အဲဒီအလင်းတန်းတွေကို ရှောင်ကွင်းနိုင်မယ့် နည်းလမ်းကို ရှာရမယ်။ ငါ့ရဲ့ အကာအကွယ်က လေထုထဲမှာ မှော်စွမ်းအင် ရှိနေသရွေ့ပဲ ခံနိုင်မှာ'

သူ့ရဲ့ ပထမဆုံး အတွေးကတော့ အလင်းတန်း ဘယ်ကို ဦးတည်သွားမလဲဆိုတာကို ခန့်မှန်းဖို့ လက်ရှိ ကမ္ဘာဦးရုပ်ပိုင်းဆိုင်ရာ ပုံစံကို အသုံးပြုပြီး နိုဗာကို တွက်ချက်ခိုင်းဖို့ပါပဲ။ သို့သော်လည်း အာကာသဟင်းလင်းပြင်ရဲ့ ကွေးညွတ်မှုက လုံးဝကို ကျပန်းဖြစ်နေပြီး ဘိုးကိုယ်တိုင်က ထိန်းချုပ်ထားတာ ဖြစ်နိုင်တာကြောင့် ခန့်မှန်းဖို့ လုံးဝ မဖြစ်နိုင်ပါဘူး။

သူမက သူမရဲ့ အားသာချက်ကို တခြားသူတွေထက် ပိုသိနေခဲ့တယ်။ သူမက မိုက်ကယ်ဆီကို ခိုင်မာတဲ့ အလင်းတန်းတွေ တစ်ချက်ပြီးတစ်ချက် ဆက်တိုက် ပစ်လွှတ်နေပြီး သူ့ရဲ့ အကာအကွယ်တွေကို တစ်ချက်ချင်းစီ အချပ်လိုက် ကွာကျအောင် ခြေမှုန်းနေပါတော့တယ်။

တစ်ဖက်တွင်မူ သူက အဲဒီအလင်းတန်းတွေကို ဘယ်လိုမှ တုံ့ပြန်နိုင်စွမ်း မရှိရှာဘူး။ သူ့ရဲ့ သက်တန့်ရောင် ဒိုင်းကာကြီး လှုပ်ခတ်သွားတဲ့ အချိန်ကျမှသာ သူ ခံစားမိတာမျိုးပါ။

သူနဲ့ သူ့ရဲ့ ဒရုန်းဟာ အဲဒီနယ်မြေထဲက တွင်းနက်အရေအတွက်ကို လျှော့ချဖို့ အခွင့်အရေးရတိုင်း သဟဇာတသေနတ် နဲ့ ပစ်ခတ်ကြပေမဲ့ ဘိုးက သူ ဖျက်ဆီးနိုင်တဲ့ ပမာဏထက် ပိုများပြားတဲ့ တွင်းနက်တွေကို တစ်ချိန်တည်းမှာပဲ အလွယ်တကူ ထပ်မံဖန်တီးနေခဲ့တယ်။

ဒီအခြေအနေမှာတော့ သူ ဘာပဲလုပ်လုပ် အဲဒီအလင်းတန်းကို ရှောင်လွှဲလို့ ရမှာမဟုတ်ဘူးဆိုတာ မိုက်ကယ် သဘောပေါက်သွားတယ်။

သူ့အနေနဲ့ တခြားတစ်စုံတစ်ခုကို လိုအပ်နေပြီ။

'ဘိုးရဲ့ ဒီဗာက သူမ မသိခင်ကတည်းက ငါ့ရဲ့ သဟဇာတသေနတ် ကို တုံ့ပြန်နိုင်ခဲ့တာပဲ။ ငါ့ရဲ့ ဒီဗာလည်း အဲဒီလို လုပ်နိုင်လောက်တယ်'

သူက ရှောင်ကွင်းနေတာကို ရပ်တန့်လိုက်ပြီး နေရာတစ်ခုတည်းမှာပဲ ငြိမ်ငြိမ်လေး ရပ်နေလိုက်တာကြောင့် ဘိုးကို အံ့ဩသွားစေတယ်။

သူ ဘယ်လိုမှ ရှောင်လို့မရနိုင်တော့တဲ့အတူတူ အဲဒီကနေ ထွက်ပြေးဖို့ ကြိုးစားပြီး စွမ်းအင်တွေ ဖြုန်းတီးနေတာက အလကားပါပဲ။

ထို့ကြောင့် လေထဲမှာ ဝဲပျံနေရင်း သူက ခြေထောက်တွေကို ကြက်ခြေခတ် ချိတ်လိုက်ပြီး မျက်လုံးတွေကို ပိတ်လိုက်တယ်။

သူ့ရဲ့ ဒီဗာက သူ့ကို ဘာပြောဖို့ ကြိုးစားနေလဲဆိုတာကို နောက်ဆုံးမှာ နားထောင် နိုင်ဖို့အတွက် သူ တတ်နိုင်သမျှ အာရုံစူးစိုက်လိုက်ပါတော့တယ်။

"အရှုံးပေးလိုက်ပြီလား" လို့ ဘိုးက မေးလိုက်ပြီး မိုက်ကယ်ရဲ့ သက်တန့်ရောင် ဒိုင်းကာဆီကို ဇစ်ဇက်ပုံစံ ကွေးညွတ်ပြေးဝင်သွားမယ့် နောက်ထပ် အလင်းတန်းတစ်ခုကို ပစ်လွှတ်လိုက်ပြန်တယ်။

သူမက သူ့ရဲ့ အကာအကွယ်တွေ စတင်ပြီး ယိမ်းယိုင်လာတဲ့ အရိပ်အယောင်တွေကို မြင်နေရပြီ။ သူ ဘာလုပ်နေလဲဆိုတာ သူမ မသိပေမဲ့ ဒါက သူ့ရဲ့ ဒိုင်းကာကို နောက်ဆုံးမှာ ရိုက်ခွဲပစ်နိုင်မယ့် သူမအတွက် အခွင့်အရေးကောင်းပဲလေ။

တစ်ချိန်တည်းမှာပဲ မိုက်ကယ်က ပြင်ပကမ္ဘာက အရာအားလုံးကို ဖြတ်တောက်ပစ်လိုက်ပြီး သူ့ရဲ့ ကိုယ်ပိုင်အတွေးတွေအပေါ်မှာပဲ အာရုံစိုက်ထားလိုက်တယ်။

'သူမရဲ့ ဒီဗာက သူမရဲ့ အလိုဆန္ဒအတိုင်း သီးခြား လှုပ်ရှားနိုင်တာပဲ... မင်းလည်း လုပ်နိုင်ပါတယ်' လို့ သူက သူ့ရဲ့ ဒီဗာကို ပြောလိုက်တယ်။

ဒါပေမဲ့ ဘာတုံ့ပြန်မှုမှ ရှိမလာဘူး။

'ကဲပါ... ငါ မင်းကို ဘယ်လို နားထောင်ရမလဲ'

သို့သော်လည်း ဘာအသံမှ ပြန်မကြားရသေးဘူး။

'သူမက နှလုံးသားကနေ နားထောင်ပါလို့ ပြောခဲ့တယ်... ငါ့နှလုံးသားက ဘာပြောနေတာလဲ'

ဒါပေမဲ့ သူက သူ့ရဲ့ ကိုယ်ပိုင် နှလုံးခုန်သံကလွဲလို့ ဘာမှ မခံစားရဘူး။

သူ စကားပြောနေတဲ့ ဒီဗာ ရှိနေတယ်ဆိုတဲ့ အရိပ်အယောင်လေးတောင် မရရှိတဲ့အခါမှာတော့ သူ အနည်းငယ် စိတ်မရှည်ဖြစ်လာတယ်။ အရာအားလုံးထက် အခု ဒီအချိန်မှာတင် ဘိုးရဲ့ အလင်းတန်းတွေက သူ့ရဲ့ သဟဇာတဒိုင်းကာကို တဖြည်းဖြည်း ချေမှုန်းနေတဲ့ အသံတွေကို သူ ကြားနေရလို့ပဲ။

သူ့ရဲ့ ပထမဆုံး ဗီဇစိတ်က မျက်လုံးတွေကို ဖွင့်ပြီး သူမရဲ့ တိုက်ခိုက်မှုတွေကို ရှောင်ကွင်းတိုက်ခိုက်ဖို့ပါပဲ။ သူက အာရုံစူးစိုက်မှုကို ဖျက်ဆီးပြီး ခုခံကာကွယ်ဖို့ စိတ်အားထက်သန်နေမိတယ်။

'နေဦး... အဲဒါက ပြဿနာ ဖြစ်နိုင်တယ်။ ငါက ငါ့ရဲ့ ဗီဇစိတ်ကို နားထောင်ရမယ့်အစား ဒါကို ငါ့ဘာသာပဲ ဖြေရှင်းဖို့ ကြိုးစားနေခဲ့တာပဲ'

မိုက်ကယ်က အရာအားလုံးကို လက်လွှတ်လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူက သူ့ရဲ့ ကိုယ်ပိုင်စိတ်အသိစိတ်ရဲ့ ဟင်းလင်းပြင် အမှောင်ထုထဲကို ရောက်ရှိသွားတဲ့အထိ အာရုံစူးစိုက်မှုထဲကို ပိုပြီးတော့ နက်နက်ရှိုင်းရှိုင်း နစ်ဝင်သွားစေခဲ့တယ်။

ဒီနေရာမှာတော့ သူ့ပတ်ပတ်လည်မှာ အဆုံးမရှိတဲ့ အမှောင်ထုကလွဲလို့ ဘာမှ မရှိပါဘူး။ သူ ဘာမှ မမြင်ရဘူး။ သူ ဘာမှ မကြားရဘူး။ ပြီးတော့ သူ့ရဲ့ ကိုယ်ပိုင်ခန္ဓာကိုယ်ကိုတောင် သူ မခံစားရတော့ဘူး။

သူက ဟင်းလင်းပြင်ကြီးကို ဖြတ်သန်းသွားတဲ့ ဝိညာဉ်တစ်ခုမျှသာ ဖြစ်နေခဲ့တယ်။

သူက ဒီဗာနဲ့ ဆက်သွယ်ဖို့ ကြိုးစားနေတဲ့ အတွေးတွေကို လက်လွှတ်လိုက်တယ်။ ဒီအချိန်အတောအတွင်းမှာ သူက ၎င်းနဲ့ စကားပြောဖို့ ကြိုးစားနေခဲ့ပြီး ၎င်းကို သူနဲ့ စကားပြောလာအောင် အတင်းအကျပ် ဖိအားပေးနေခဲ့တာပါ။

ဒါပေမဲ့ ဒါက တစ်စုံတစ်ယောက်ကို စကားပြောခိုင်းနေရင်း မိမိကိုယ်တိုင်ကလည်း စကားတွေ ထပ်တလဲလဲ ပြောနေပြီး တစ်ဖက်လူကို စကားပြောဖို့ အခွင့်အရေး မပေးတာနဲ့ တူတူပဲဆိုတာ သူ အခုမှ သဘောပေါက်သွားတယ်။

ဒါကြောင့် အခုဆိုရင် သူက သူ့စိတ်ကိုပဲ လွတ်လပ်စွာ လွင့်မျောစေလိုက်တယ်။ သူ ဘာမှ တွေးတောမနေတော့ဘူး။

"..."

ပြီးတော့ အဲဒီအချိန်မှာတင် သူ့စိတ်ထဲကို ဗီဇစိတ်ရဲ့ အလင်းပွင့်လေးတစ်ခု ဝင်ရောက်လာပါတော့တယ်။

* * * * * * * *

စာစဉ်(၄၈)

အခန်း(၅၇၄)

မိုက်ကယ်က အဲဒီဗီဇစိတ်နောက်ကို အတင်းလိုက်ဖို့နဲ့ သူ့ခန္ဓာကိုယ်ထဲ စီးဆင်းသွားအောင် ကြိုးစားကြည့်တယ်။ ဒါပေမဲ့ သူ့ရဲ့ ကိုယ်ပိုင်အတွေးတွေက အဲဒီဗီဇအသိစိတ်ကို ရှုပ်ထွေးသွားစေပြီး လျှောခနဲ ပြန်လွတ်ထွက်သွားအောင် လုပ်လိုက်သလိုမျိုး ဖြစ်သွားရတယ်။

သူ့ခန္ဓာကိုယ်က တုန်ခနဲ ဖြစ်သွားပြီး ဘေးဘက်ကို လက်မဝက်လောက်လေး ယိုင်သွားမိတယ်။ အဲဒီအချိန်မှာပဲ ဘိုးရဲ့ အလင်းတိုင်ကြီးက မိုက်ကယ်ရဲ့ ပုခုံးနားက သဟဇာတအကာအကွယ်ကို သွားပြီးတော့ ပြင်းထန်စွာ မှန်ပါတော့တယ်။

သူ့ရဲ့ လှုပ်ရှားမှုက သေးသေးလေးဆိုပေမဲ့ ဘိုးကတော့ ချက်ချင်း သတိထားမိသွားခဲ့တယ်။ ဒါက သူမကို အငိုက်မိသွားစေပြီး လှုပ်ရှားမှု ခေတ္တရပ်တန့်ကာ မိုက်ကယ်ကို မှင်တက်စွာ စိုက်ကြည့်မိသွားစေတယ်။ သူမက သူ့ရင်ဘတ်တည့်တည့်ကို သေချာ ချိန်ရွယ်ထားခဲ့တာ ဖြစ်ပေမဲ့ သူ့ရဲ့ တုန်ခနဲ ဖြစ်သွားတဲ့ လှုပ်ရှားမှုအသေးလေးကြောင့် အလင်းတိုင်က ပစ်မှတ်နဲ့ စင်တီမီတာ အနည်းငယ်လောက် လွဲချော်သွားခဲ့ရတာကိုး။

"တိုက်ဆိုင်တာလား"

ခဏလောက်တော့ သူက သူမရဲ့ တိုက်ခိုက်မှုကနေ ရှောင်တိမ်းဖို့ အကောင်းဆုံးအချိန်ကို ရှာတွေ့သွားတာလို့ သူမ ထင်လိုက်မိတယ်။ ထိတ်လန့်သွားတဲ့ သူမက မိုက်ကယ်ရဲ့ သဟဇာတအကာအကွယ်ဆီကို အလင်းတိုင်တွေ ဆက်တိုက်ဆိုသလို တရစပ် ပစ်လွှတ်နေတော့တယ်။ သူမဟာ အကာအကွယ်ကို ဖောက်ထွက်နိုင်ဖို့ ပိုပိုပြီး နီးစပ်လာနေပြီလေ။

အကာအကွယ်ရဲ့ အဲဒီအပိုင်းကို ထိမှန်တဲ့အကြိမ် အရေအတွက် များလာလေလေ သူ့ရဲ့ ခံစစ်ပြန်လည်ပြည့်တင်းနှုန်းက ပိုပိုပြီး နှေးကွေးလာလေလေဆိုတာကို သူမ ရိပ်မိသွားတယ်။ ဒါကြောင့် သူမအနေနဲ့ သူ့ရင်ဘတ်ဧရိယာကိုသာ ဆက်တိုက်ပစ်မှတ်ထားနေရင် အကာအကွယ်ကို ဖောက်ခွဲပစ်နိုင်မှာပဲပေါ့။

သူမက ဘယ်ဘက်လက်ဖဝါးကို မြှောက်လိုက်ပြီး တွင်းနက်တွေကို ဖြတ်သန်းကွေးညွတ်ပြီး မိုက်ကယ်ရဲ့ ရင်ဘတ်ဆီ ဦးတည်ပြေးဝင်သွားတဲ့ တောက်ပတဲ့အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်တယ်။ ဒါပေမဲ့ နောက်တစ်ကြိမ်မှာလည်း သူက တုန်ခနဲ လှုပ်ရှားပြန်တယ်၊ နောက်ဆုံးစက္ကန့်ကျမှပဲ ရှောင်တိမ်းဖို့ အချိန်အကိုက်ကို သူ မိသွားသလိုမျိုးပါပဲ။

ပြီးတော့ ဒီတစ်ကြိမ် သူ့ရဲ့လှုပ်ရှားမှုက အရင်ကထက် အများကြီး ပိုပြီး သိသာထင်ရှားလှပါတယ်။ ဒါတင်မကသေးဘဲ ခဏတာအတွင်းမှာပဲ သူ့ရဲ့ ဒီဗာက လက်နှစ်ဖက်ကို စပြီး မြှောက်လိုက်တာကို သူမ မြင်လိုက်ရတယ်။

ဒီပုံစံက ဘာလဲဆိုတာ သူမ ကောင်းကောင်းသိတယ်။ ဒါက လွန်ခဲ့တဲ့အချိန်တုန်းက သူမ လုပ်ခဲ့တဲ့ပုံစံနဲ့ တစ်ထေရာတည်း တူနေတာပဲ။ ဒါက ဒီဗာနဲ့ ဆက်သွယ်တာပဲလေ။

ဒီဗာတွေက လူသားတွေထက် အများကြီး ပိုသန်မာ၊ ပိုမြန်ဆန်ပြီး ပိုပြီးတော့လည်း စွမ်းအားကြီးကြတယ်။ ဒါကြောင့် သူတို့က သူတို့ရဲ့ အရှင်သခင်တွေထက် ဘေးအန္တရာယ်တွေကို ပိုပြီး မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်ကြတာပါ။ อချို့သော မက်ဂ်နက်တစ်တွေက သူတို့ရဲ့ ဒီဗာဗီဇစိတ်တွေကို ချိတ်ဆက်အသုံးချပြီး ဒီအချက်ကို အခွင့်ကောင်းယူတတ်ကြတာကိုး။ သူတို့အနေနဲ့ ဒီဗာ ဘာလုပ်ချင်လဲဆိုတာကို နားလည်နိုင်သရွေ့တော့ အလွန်အမင်း မြန်ဆန်တဲ့ တိုက်ခိုက်မှုတွေကို အလွယ်တကူ ရှောင်တိမ်းဖို့ အသုံးချနိုင်ကြတာ ဖြစ်ပါတယ်။

မိုက်ကယ်ကလည်း အဲဒီအတိုင်း ကွက်တိ လုပ်နေတဲ့ပုံပဲ။

'မဖြစ်နိုင်တာ... ဒါ လုံးဝ မဖြစ်နိုင်ဘူး' လို့ သူမ စိတ်ထဲက တွေးလိုက်မိတယ်။ သူနဲ့ သူ့ရဲ့ဒီဗာက ဒါမျိုးလုပ်ဖို့ အတွေ့အကြုံ လုံးဝ မရှိသေးပါဘူး။ ဒါတင်မကသေးဘဲ ဒီလိုမျိုး တိုးတက်ပြောင်းလဲမှုက လုံးဝ တိတ်ဆိတ်ငြိမ်သက်ပြီး အာရုံစူးစိုက်မှု အပြည့်ရှိနေတဲ့ လေ့ကျင့်ရေးအချိန်တွေမှာပဲ ဖြစ်သင့်တာ၊ အခုလို တခြားတစ်ယောက်နဲ့ အသက်လုတိုက်ခိုက်နေတဲ့အချိန်မှာ ဖြစ်စရာ အကြောင်းမရှိဘူးလေ။

သူမက လက်ဖဝါးကို ပြန်မြှောက်လိုက်ပြီး သူ့ရင်ဘတ်ဆီကို တည့်တည့်မတ်မတ် ပြေးဝင်သွားမယ့် အလင်းတိုင်တစ်ခုကို ဝုန်းခနဲ ပစ်လွှတ်လိုက်တယ်၊ ဒီတစ်ကြိမ်မှာတော့ အရှိန်ကို လျှော့ချပစ်မယ့် တွင်းနက် တစ်ခုမှ ရှိမနေပါဘူး။

အဲဒီအချိန်မှာပဲ မိုက်ကယ်ရဲ့ ခန္ဓာကိုယ်က ဘေးဘက်ကို လျှပ်ခနဲ ရွေ့သွားပြီး အလင်းတန်းကို သူ့ရဲ့ အကြွင်းမဲ့သဟဇာတအကာအကွယ် ကနေ ပွတ်ကာသီကာလေးပဲ ဖြတ်သန်းသွားခွင့်ပြုလိုက်တော့တယ်။

"သူ သူ့ရဲ့ဒီဗာနဲ့ ချိတ်ဆက်နေပြီပဲ" လို့ သူမ ထိတ်လန့်စွာ သဘောပေါက်သွားခဲ့ပြီ။

ဒါပေမဲ့ သူက အလင်းတိုင်ကို အချိန်မီ မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်ခဲ့တယ်ဆိုဦးတော့ အဲဒါက သူ့ရဲ့ သဟဇာတအကာအကွယ်ကို ဖောက်ထွက်သွားပြီး ဖန်ကွဲစတွေလိုပဲ ကွဲအက်ထွက်သွားစေတုန်းပါပဲ။ သူ့ရဲ့ခံစစ်က ကျန်းမာရေး ပြန်လည်ကောင်းမွန်လာဖို့ စက္ကန့်အနည်းငယ်လောက် အချိန်လိုဦးမယ်။

ဒါပေမဲ့ ဘိုးအတွက် စက္ကန့်အနည်းငယ် မလိုပါဘူး။ သူမအတွက် တစ်စက္ကန့်တည်းပဲ လိုတာ ဖြစ်ပါတယ်။

သူမက ဖြူဖွေးတောက်ပတဲ့ အလင်းတန်းကို သူ့ရဲ့ နှလုံးသားတည့်တည့်ဆီ ဒုန်းခနဲ ပစ်လွှတ်လိုက်တယ်။ အလင်းတန်းက တွင်းနက်အချို့ကို ဖြတ်သန်းသွားပေမဲ့ ဒီတစ်ကြိမ်မှာတော့ ဆွဲငင်အားက သူ့ရဲ့လမ်းကြောင်းကို ကွေးညွတ်မသွားစေခဲ့ပါဘူး။ အဲဒီအစား ဆွဲငင်အားပြင်းတဲ့ လောက်လွှဲနည်းပညာတစ်ခုနဲ့ အရှိန်ကို ပိုပြီး မြှင့်တင်ပေးလိုက်သလို ဖြစ်သွားရတယ်။ သူမက နောက်ဆုံးမှာတော့ သူ့ကို စွမ်းရည်တစ်ခုနဲ့ အမိအရ တိုက်ခိုက်တော့မှာပါ။

ဒါပေမဲ့ အဲဒီအချိန်မှာပဲ မိုက်ကယ်ရဲ့ ဒီဗာက လှုပ်ရှားလာတယ်။ အဲဒါက သူ့ရဲ့ ညာလက်ကို ဆန့်ထုတ်ပြီး အတည့်အတိုင်း မြှောက်ထားလိုက်တယ်။ ပြီးတော့ ရုတ်တရက်ဆိုသလိုပဲ မမြင်နိုင်တဲ့ တုန်ခါလှိုင်းတစ်ခုက မိုက်ကယ်ရဲ့ ခန္ဓာကိုယ်ကနေ ဝုန်းခနဲ ထွက်ပေါ်လာတော့တယ်။

အဲဒီတုန်ခါလှိုင်းက အလင်းတန်းကို သွားထိမှန်ပြီး လမ်းခုလတ်မှာတင် တန့်ခနဲ ရပ်တန့်သွားစေခဲ့တယ်။

ခဏလောက်တော့ ဘိုးဟာ သူမရဲ့ ကိုယ်ပိုင်စွမ်းရည်အပေါ် ထိန်းချုပ်မှု လျော့နည်းလာသလို ခံစားလိုက်ရပြီး၊ သူမ ထိန်းချုပ်မှု ဆုံးရှုံးသွားခဲ့ရပြီ။ ဒါပေမဲ့ အဲဒီအချိန်က မီလီစက္ကန့်အနည်းငယ်လောက်တောင် မကြာဘဲ အလွန်တိုတောင်းလှတဲ့ အချိန်လေးပဲ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း အဲဒါက လုံလောက်သွားခဲ့ပါပြီ။ အလင်းတန်းက သူ့ရဲ့ မူလအရှိန်အဟုန်ကို ပြန်မရခင်မှာတင် မိုက်ကယ်ရဲ့ ခန္ဓာကိုယ်က အလင်းတန်းရဲ့ လမ်းကြောင်းကနေ အဝေးကို တယ်လီပို့လုပ်ပြီး သွက်လက်စွာ ရှောင်ထွက်သွားခဲ့တယ်။

လူအုပ်ကြီးထဲက အခြားမက်ဂ်နက်တစ်တွေ ဒါကို မြင်လိုက်ရတာနဲ့တစ်ပြိုင်နက် သူတို့အားလုံး အံ့ဩတုန်လှုပ်မှုတွေနဲ့ မျက်လုံးတွေ ပြူးကျယ်ကုန်ကြတော့တာပဲ။

"သူ သူ့ရဲ့ဒီဗာနဲ့ ချိတ်ဆက်သွားပြီ... သူ ဒါကို လွန်ခဲ့တဲ့ မိနစ်အနည်းငယ်ကမှ သိသွားတာလေ" လို့ ရက်ပ်တာက မိုက်ကယ်ကြားနေရတဲ့ အသံက သူ့ရဲ့ ကိုယ်ပိုင်ဒီဗာအသံ ဖြစ်တယ်ဆိုတာကို သူတို့ ဘယ်လိုခက်ခက်ခဲခဲ သင်ပေးခဲ့ရလဲဆိုတာ ပြန်တွေးမိပြီး အသက်ရှူရကျပ်စွာနဲ့ ပြောလိုက်တယ်။

"သူက စတုတ္ထအဆင့်မှာပဲ ရှိသေးတာ။ ဆဋ္ဌမအဆင့်မှာတောင် ဒီဗာနဲ့ ချိတ်ဆက်ဖို့ဆိုတာ စောလွန်းသေးတယ်"

"သူ့မှာ ခေါင်းတောင် မရှိသေးဘူး၊ လက်နှစ်ဖက်ပဲ ရှိသေးတာကို"

တိုက်ပွဲအလယ်ခေါင်မှာ မိုက်ကယ်က သူ့ရဲ့ဒီဗာနဲ့ ချိတ်ဆက်နေတယ်ဆိုတာကို ဘယ်သူမှ မယုံနိုင်ကြပါဘူး။ ဒါက တကယ့်ကို ရူးသွပ်စရာပဲလေ။

ဒါပေမဲ့ လူတိုင်းက သူနဲ့ သူ့ရဲ့ဒီဗာ ချိတ်ဆက်မှုကိုပဲ အာရုံစိုက်နေကြချိန်မှာ အဓိကဂိုဏ်းကြီးတွေထဲက အတွေ့အကြုံရင့် မက်ဂ်နက်တစ်အချို့ကတော့ လုံးဝခြားနားတဲ့ အခြားအရာတစ်ခုကို အာရုံစိုက်နေကြတာ ဖြစ်ပါတယ်။

အဲဒါက မျက်စိတစ်မှိတ်စာလောက်တောင် မကြာဘဲ အလွန်တိုတောင်းတဲ့ အချိန်လေးအတွင်းမှာ ဖြစ်ပျက်သွားတာဆိုပေမဲ့ တကယ် ဖြစ်ပျက်ခဲ့တာပါ။ တုန်ခါလှိုင်းတစ်ခုက မိုက်ကယ်ဆီကနေ ထွက်ပေါ်လာပြီး သူ့ရဲ့ ထူးဆန်းတဲ့ သံခလုတ်ကိုတောင် အသုံးမပြုဘဲ အလင်းတန်းကို လမ်းခုလတ်မှာတင် အရှိန်သတ် တားဆီးလိုက်တာ ဖြစ်ပါတယ်။

အဲလ်ရစ်က မိုက်ကယ်ကို မျက်နှာတစ်ခုလုံး မယုံကြည်နိုင်မှုတွေ အပြည့်နဲ့ စိုက်ကြည့်နေမိတော့တယ်။ "သူ နီးနေပြီ... သူက စွမ်းရည်အသစ်တစ်ခုကို နိုးထတော့မှာပဲ"

မက်ဂ်နက်တစ်တစ်ယောက်က အောင်မြင်မှုအဆင့်တစ်ခုဆီ ပိုပိုပြီး နီးကပ်လာလေလေ သူတို့ရဲ့ စွမ်းအားက အလွန်တိုတောင်းတဲ့ အချိန်လေးအတွင်းမှာ အရှိန်အဟုန်နဲ့ မြင့်တက်လာတတ်တယ်ဆိုတာ သူ ကောင်းကောင်းသိထားတာကိုး။

ပြီးတော့ အောက်ခြေမှာ သူမြင်လိုက်ရတာကလည်း အဲဒီအတိုင်း ကွက်တိပါပဲ။ မိုက်ကယ်ရဲ့ အချိန်ရပ်တန့်ခြင်း စွမ်းအားက သူ့ခန္ဓာကိုယ်ပြင်ပအထိ လှိုင်းလုံးလို ပျံ့နှံ့သွားခဲ့ပြီး အဲဒီတိုးပွားလာတဲ့ စွမ်းအားက ဘိုးရဲ့ ဆဋ္ဌမအဆင့် စွမ်းရည်ကိုတောင် ခဏတာအတွင်းမှာ ကျော်လွန်လွှမ်းမိုးသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် အဲလ်ရစ်လို အခြားမက်ဂ်နက်တစ်တွေ အားလုံးကလည်း မျက်နှာတွေမှာ အံ့ဩတုန်လှုပ်မှုတွေ အပြည့်နဲ့ မှော်ကမ္ဘာငယ်လေးဆီကိုပဲ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြတော့တာ ဖြစ်ပါတယ်။

* * * * * * * *

နောက်ဆုံးမှာတော့ မိုက်ကယ်က သူ့မျက်လုံးတွေကို ဖွင့်လိုက်ပြီး မျက်နှာမှာ ကျေနပ် အားရမှုတွေ အပြည့်နဲ့ သူ့ရဲ့ လက်နှစ်ဖက်ကို ပြန်ကြည့်လိုက်တယ်။

အောင်မြင်သွားပြီ။ ပထမဆုံးအကြိမ်အဖြစ် သူ သူ့ရဲ့ဒီဗာနဲ့ ချိတ်ဆက်နိုင်ခဲ့ပြီလေ။

ဒါက ဒုတိယမြောက် ဗီဇအသိစိတ်တစ်ခုလို ခံစားရတာ ဖြစ်ပါတယ်။ အလင်းတန်းတွေက သူ့ကို ထိမှန်တော့မယ့်အချိန်တိုင်းမှာ သူ့စိတ်ထဲမှာ အတွေးလှုံ့ဆော်မှုတစ်ခု ပေါ်လာပြီး လမ်းကြောင်းကနေ ရှောင်ထွက်ဖို့ သူ့ကို တိုက်တွန်းနှိုးဆော်နေခဲ့တာပါ။ ဒါပေမဲ့ သူက ဒါကို အသားမကျသေးတဲ့အတွက် သူ့ခန္ဓာကိုယ်က အဲဒီဗီဇစိတ်တွေကို သဘာဝအတိုင်း ငြင်းပယ်နေခဲ့မိတာ ဖြစ်ရမယ်။

သူ့ရဲ့ ကိုယ်ပိုင်အတွေးတွေကို ဖယ်ထုတ်လိုက်နိုင်တဲ့ အချိန်ကျမှပဲ သူက သူ့ရဲ့ဒီဗာနဲ့ နောက်ဆုံးမှာ ချိတ်ဆက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ဒီဗာရဲ့ ဗီဇစိတ်တွေက ရေလိုပဲ အဆင်ပြေပြေ စီးဆင်းလာခဲ့တော့တယ်။ သူ လုပ်ရမှာက အဲဒီနောက်ကို လိုက်ဖို့ပဲ။

ဒါတင်မကသေးပါဘူး။ သူ့ရဲ့ စွမ်းရည်အသစ် နိုးထလာဖို့အတွက် ခြေတစ်လှမ်း ပိုနီးစပ်သွားပြီလို့ သူ ခံစားရတယ်။ သူက နည်းနည်းလေးပဲ ထပ်လိုတော့တယ်၊ ဒါဆိုရင် လုံးဝဥဿုံ သစ်လွင်တဲ့ စွမ်းအားတစ်ခုကို သူ ဖွင့်ဟနိုင်တော့မှာပါ။

ဒါက သူ့အတွက်တင် ထင်ရှားနေတာမဟုတ်ဘဲ ဘိုးအတွက်လည်း ထင်ရှားနေတာ ဖြစ်ပါတယ်။ သူမက ဘာဖြစ်သွားလဲဆိုတာကို တခြားသူတွေထက် ပိုပြီး ကောင်းကောင်း ကြီးကို သိတာကိုး။

သူမရဲ့ ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် ခြိမ်းခြောက်မှုကို ခံစားလိုက်ရတာ ဖြစ်ပါတယ်။ မိုက်ကယ်နဲ့ သူ့ရဲ့ဒီဗာက မဖွံ့ဖြိုးသေးဘူးဆိုဦးတော့ သူက တိုတောင်းတဲ့ အချိန်လေးအတွင်းမှာ ဒီလောက်အထိ စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်လို့ပါပဲ။ သူမဟာ အောင်ပွဲက လျှောခနဲ လွတ်ထွက်သွားသလို ခံစားလိုက်ရတယ်။ သူမရဲ့ စိတ်က ပြဿနာဖြေရှင်းတဲ့ အခြေအနေဆီ ချက်ချင်း ရောက်ရှိသွားပြီး ဒီအခက်အခဲကို ကျော်လွှားနိုင်မယ့် နည်းလမ်းကို စတင်တွေးတောပါတော့တယ်။

သူမရဲ့ ပြဿနာက ဘယ်လိုအခြေအနေမျိုးမှာမဆို သူမက သူ့ကို အနိုင်ယူလို့ မရတာပါပဲ။ သူမက သူ့ကို ပိုပြီး တိုက်ခိုက်လေလေ သူက သူ့ရဲ့ အောင်မြင်မှုအဆင့်ဆီ ပိုပြီး နီးကပ်လာလေလေ ဖြစ်မှာ။ ပြီးတော့ ဘယ်လိုအခြေအနေမျိုးမှာမဆို ဒါမျိုး မဖြစ်လာသင့်ဘူးလို့ သူမ စိတ်ထဲက ပြတ်ပြတ်သားသား ခံစားနေရတယ်။

ဒါကြောင့် သူမရဲ့ တစ်ခုတည်းသော ရွေးချယ်မှုက သူ့ကို ဖမ်းဆီးထိန်းသိမ်းလိုက်ဖို့ပါပဲ။

သူမရဲ့ ဓားကို လက်ထဲမှာ ကိုင်ထားရင်းနဲ့ သူမက လက်မောင်းတစ်ခုလုံးကို စက်ဝိုင်းကြီးတစ်ခုအဖြစ် အားပြင်းပြင်းနဲ့ လွှဲယမ်းလိုက်ပြီး လေထုသက်သက်နဲ့တင် ပြုလုပ်ထားတဲ့ ဧရာမ လေဟာနယ် လုံးဝန်းအဝန်းအဝိုင်းကြီးတစ်ခုကို ပုံဖော်ဖန်တီးလိုက်တယ်။ ပြီးတော့ သူမရဲ့ ညာလက်ပေါ်မှာ တန်ဇင်းရဲ့ စွမ်းရည်ကို အသုံးပြုပြီး အဲဒီ ဧရာမ လေဟာနယ်အဝန်းအဝိုင်းထဲက ဆွဲငင်အားကို စတင်ထိန်းချုပ်မောင်းနှင်ပါတော့တယ်။

သူမက အဲဒါတွေကို အတွင်းဘက်ကို မဟုတ်ဘဲ အပြင်ဘက်ကို ဆွဲထုတ်ဖို့ ပြတ်သားစွာ အမိန့်ပေးလိုက်တာ ဖြစ်ပါတယ်။

ဒီ လေဟာနယ်အဝန်းအဝိုင်းအသစ်ရဲ့ ဆွဲငင်အားက တွင်းနက်တစ်ခုရဲ့ ဆွဲငင်အားနဲ့ လုံးဝ ဥဿုံ ဆန့်ကျင်ဘက်ပါပဲ။ သူမက ဝှိုက်ဟိုးတစ်ခုကို ဖန်တီးလိုက်တာ။ အဲဒါက တွင်းနက်တစ်ခုလို စွမ်းအားမျိုးနဲ့တင် သူ့ပတ်ဝန်းကျင်က အရာအားလုံးကို ပြင်းထန်စွာ တွန်းထုတ်ပစ်လိုက်တာ ဖြစ်ပါတယ်။

(TR Note: Black Holeက တွင်းနက်ဘေးနားလာသမျှတွေကို တွင်းနက်ထဲဆွဲသွင်းလိုက်တာဖြစ်ပြီး ဝှိုက်ဟိုးကတော့ သူနဲ့ဆန့်ကျင်ဘက် တွန်းထုတ်တာဖြစ်ပါတယ်)

မိုက်ကယ်က အောင်မြင်မှုအဆင့်နား ရောက်ရှိနေတဲ့ အကျိုးသက်ရောက်မှုတွေကြောင့် ခနလောက်မင်သက်နေတုန်းမှာပဲ သူမက ဒီအခွင့်အရေးကို အသုံးချပြီး ဧရာမ ဝှိုက်ဟိုးကြီးကို သူ့ရဲ့ လမ်းကြောင်းဆီ ပစ်လွှတ်လိုက်ပါတော့တယ်။

အဲဒါက မိုက်ကယ်နဲ့ ပြင်းပြင်းထန်ထန် ဝုန်းခနဲ ရိုက်မိသွားပြီး သူ့ကို အပြင်ဘက်ကို ကြမ်းတမ်းစွာ တွန်းထုတ်ပစ်လိုက်ကာ သူ့ရဲ့ ကိုယ်ပိုင်လှောင်အိမ်ရဲ့ အနားသတ်တွေဆီ လွင့်စင်ရောက်သွားစေခဲ့တယ်။ ခလုတ်တွေက အလိုအလျောက် ပိတ်သွားခဲ့ပြီး သူ့ရဲ့ ကိုယ်ပိုင်စွမ်းအားကြောင့် လောင်ကျွမ်းမသွားအောင် ကာကွယ်တဲ့အနေနဲ့ သဟဇာတအလင်းတန်းတွေကလည်း တည်ရှိမနေတော့ဘဲ လုံးဝ ပျောက်ကွယ်သွားပါတော့တယ်။

* * * * * * * *

စာစဉ်(၄၈)

အခန်း(၅၇၅)

မိုက်ကယ်ကတော့ ဝုန်းခနဲ မြေပြင်ပေါ်ကို ပြုတ်ကျသွားခဲ့ရပြီး၊ အဖြူရောင် ဝှိုက်ဟိုးရဲ့ ပြင်းထန်လှတဲ့ ဆွဲအားတွန်းကန်မှုဒဏ်ကြောင့် တောအုပ်မြေပြင်အောက်ခြေအထိကို လုံးဝ ဖိသိပ်ချုပ်နှောင်ခံလိုက်ရပါပြီ။ ပြုတ်ကျလာတဲ့ အရှိန်အဟုန်က ပြင်းလွန်းလှတာကြောင့် ထိမှန်သွားတဲ့ နေရာမှာတင် ဧရာမ ချိုင့်ခွက်ကြီးတစ်ခု ဆတ်ခနဲ ဖြစ်သွားခဲ့ရပြီး၊ အဖြူရောင်စက်ဝန်းကြီးကတော့ ၎င်းရဲ့ မယုံနိုင်လောက်တဲ့ စွမ်းအားလှိုင်းတွေကို အပြင်ဘက်ဆီ တရစပ် ဆက်တိုက် မှုတ်ထုတ်နေတုန်းပါပဲ။

ကျောက်ခဲတွေ၊ မြေကြီးတွေနဲ့ သစ်ပင်တွေဟာ ဘေးပတ်ပတ်လည်ဆီ လွင့်စင်ထွက်သွားကြရပြီး မိုက်ကယ်ကတော့ အရှိန်နဲ့အတူ ချိုင့်ခွက်ထဲကို ပိုပြီးတော့သာ နက်နက်ရှိုင်းရှိုင်း နစ်ဝင်သွားရရှာတယ်။

ဒါတင် မလုံလောက်သေးသလိုမျိုး ဘိုးရဲ့ ကြယ်ရှစ်ပွင့်အဆင့်ရှိတဲ့ မိစ္ဆာသတ္တဝါကြီးတွေကပါ သူ့ကို တစ်ပြိုင်နက် ဝိုင်းအုံထားလိုက်ကြပြီး၊ မိုက်ကယ် အဖြူရောင်ဝှိုက်ဟိုးထဲကနေ ရုန်းမထွက်နိုင်အောင် သူတို့ရဲ့ ကိုယ်ပိုင်စွမ်းအားတွေကို သုံးပြီး အပိုင် ပိတ်ဆို့ထားလိုက်ကြပါတယ်။

အကြွင်းမဲ့သဟဇာတအကာအကွယ်ကို ပိတ်လိုက်တာမို့ ဘိုးတစ်ယောက် နောက်ဆုံးတော့ ဘာအတားအဆီးမှမရှိဘဲ လွတ်လွတ်လပ်လပ် ထွက်ခွင့် ရသွားခဲ့ပါပြီ။ သူမက မှော်ကမ္ဘာငယ်လေးရဲ့ ဗဟိုချက်ဆီကို ချက်ချင်း ကိုယ်ကိုလှည့်လိုက်ပြီး၊ အဝေးက ဖန်ခုံးကြီးဆီကိုပဲ မျက်မှောင်ကြုတ်ရင်း စိုက်ကြည့်နေတော့တယ်။

သူမက မိုက်ကယ်ရှိရာဆီကို တစ်ချက် ပြန်လှည့်ကြည့်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့လိုက်မိတယ်။ ဒါဟာ သူမရဲ့ အောင်ပွဲကို သေချာပေါက် ဆုပ်ကိုင်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပဲလေ။ သူ့ကို ဆက်တိုက်နေရင် သူက ပိုပြီးတော့တောင် သန်မာလာဖို့ပဲ ရှိတာကိုး။

သူမရဲ့ တစ်ခုတည်းသော ရည်မှန်းချက်က သူ့ကို ပိတ်လှောင်ထားဖို့ပါပဲ။ သူ့ကို ဒဏ်ရာရအောင်တောင် လုပ်လို့မဖြစ်ပါဘူး၊ မဟုတ်ရင် သူ့ကို စွမ်းရည်ဆင့်တက်ခါနီးအခြေအနေဆီ ပိုပြီး တွန်းပို့လိုက်သလို ဖြစ်သွားလိမ့်မယ်လေ။

ဒါကြောင့်မို့လို့လည်း အဖြူရောင်စက်ဝန်းနဲ့ အခြား ကြယ်ရှစ်ပွင့်မိစ္ဆာတွေရဲ့ ဖိနှိပ်ချုပ်ချယ်မှုအောက်မှာ သူဟာ သူမရဲ့နောက်ကို လောလောဆယ် ဘယ်လိုမှ အမှီလိုက်နိုင်မှာ မဟုတ်တော့ပါဘူး။

နောက်ဆုံးတော့ သူမက သစ်ပင်ထိပ်ဖျားတွေရဲ့ အပေါ်ဘက်ဆီ ပေါ့ပါးစွာ ခုန်တက်လိုက်ပြီး၊ သူမရဲ့ ဆုလာဘ်ကို အမိအရ ယူဖို့အတွက် ဖန်ခုံးကြီးဆီကို တည့်တည့်မတ်မတ် တဟုန်ထိုး ပြေးထွက်သွားပါတော့တယ်။

ဝေဟင်အပေါ်ကနေ ဒါကို စောင့်ကြည့်နေကြတဲ့ ပွဲကြည့်ပရိသတ်တွေအားလုံး မိုက်ကယ်ရဲ့ အစွမ်းကုန် ကြိုးစားအားထုတ်မှုအပေါ်မှာ မချီးကျူးဘဲ မနေနိုင် ဖြစ်ကြရတယ်။

တကယ်ကို ကောင်းမွန်တဲ့ ကြိုးပမ်းမှုတစ်ခုပါပဲ၊ ဒါပေမဲ့လည်း နောက်ဆုံးမှာတော့ အဆင့် ၄ နဲ့ အဆင့် ၆ ကြားက တန်ခိုးကွာဟချက်က တကယ့်ကို ကြီးမားလွန်းလှပါတယ်။

"ဝိုး... သူ သူမကို နိုင်ခါနီးလေးတင်ဗျာ။ အကယ်၍ သူ့မှာ ဖွံ့ဖြိုးဖို့ အချိန်နည်းနည်းလောက်သာ ပိုရခဲ့ရင် ဒီနေ့ သူမကို အပြတ်အသတ် အနိုင်ယူနိုင်ခဲ့မှာ သေချာတယ်"

"ရပါတယ်ဗျာ၊ သူက သိပ်ငယ်သေးတာပဲ၊ ကြီးထွားဖို့ အချိန်တွေ အများကြီး ရှိပါသေးတယ်။ ရိုင်းဇင်းဆစ် တွေထဲမှာ သူ့ရဲ့ ပင်ကိုယ်အရည်အသွေးက အမြင့်ဆုံးလို့ ပြောရင် အမှားမရှိလောက်ဘူး။ နောက်တစ်နှစ်၊ နှစ်နှစ်လောက်ဆို ဘိုးဆီကနေ ထိပ်ဆုံးနေရာကို သူ လုယူနိုင်တာကို ငါတို့ သေချာပေါက် င်ရလိမ့်မယ်"

"ဒါပေမဲ့ နေဦး။ ဟိုမှာကြည့်စမ်း။ သူ လှုပ်ရှားနေတုန်းပဲ"

မိုက်ကယ်တစ်ယောက် လက်လျှော့အရှုံးပေးတော့မယ်လို့ သူတို့ ထင်မှတ်နေတဲ့ အချိန်မှာတင်၊ ဧရာမ အဖြူရောင်ဝှိုက်ဟိုးကြီးကြောင့် ဖြစ်ပေါ်နေတဲ့ ချိုင့်ခွက်နက်ကြီးထဲမှာ လှုပ်ရှားမှုတစ်ခုကို သူတို့ ဖြောင်းခနဲ မြင်လိုက်ရပြန်ပါတယ်။

မိုက်ကယ်ရဲ့ လက်တစ်ဖက် ထွက်ပေါ်လာခဲ့ပြီး ချိုင့်ခွက်ထဲကနေ ရုန်းထွက်ဖို့အတွက် အတင်းအကျပ် ကုတ်ကတ် ကြိုးစားနေတာကို သူတို့ မြင်လိုက်ရတာ ဖြစ်လို့ပါပဲ။

သူ ဘယ်လောက်ပဲ အားစိုက်ပြီး ကြိုးစားပါစေ၊ အဖြူရောင်စက်ဝန်းရဲ့ စွမ်းအားလှိုင်းက သူ့ကို အမြဲတမ်း ဖိနှိပ်ချုပ်ချယ်ထားဆဲပါပဲ။

ဒါတင်မကသေးဘဲ ချိုင့်ခွက်အထက်က ကြယ်ရှစ်ပွင့်မိစ္ဆာ သတ္တဝါ ခြောက်ကောင်ဟာလည်း သူ့ရဲ့ ဒရုန်းက ဘယ်လိုနည်းနဲ့မှ ကြားကနေ ကူညီလို့မရအောင် သေသေချာချာ ပိတ်ဆို့တားဆီးနေကြတာကိုး။

ပေါင်မုန့်ဆင်ကြီးနဲ့ ဂျယ်လီမျောက်တို့က စူးစမ်းချင်စိတ်ပြင်းပြနေတဲ့ သတ္တဝါတွေလိုမျိုး ဒရုန်းဆီကို လက်နဲ့ လှမ်းပုတ်နေကြပြီး၊ ဝေဟင်မှာ မနည်းပျံသန်းနေရတဲ့ ဒရုန်းကို လေထဲမှာတင် ဖြတ်ရိုက်ချနေကြတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ကျားသစ်ကြီးက လေထဲကို ဝုန်းခနဲ ခုန်တက်ပြီး ဒရုန်းကို သူ့ရဲ့ မေးရိုးတွေနဲ့ အမိအရ ကိုက်ခဲလိုက်ကာ၊ သတ္တုကိုယ်ထည်ကို ဝါးမြိုဖို့ ကြိုးစားပေမဲ့ အစင်းရာလေးတစ်ခုတောင် ထင်အောင် မလုပ်နိုင်ခဲ့ပါဘူး။

ဒါကို ကိုယ်တိုင် စောင့်ကြည့်နေကြတဲ့ ရက်ပ်တာ၊ အာလော့စ်နဲ့ အခြား ရိုင်းဇင်းဆစ် အဖွဲ့ဝင်တွေဟာ မိုက်ကယ်အတွက် တကယ်ပဲ စိတ်မကောင်း ဖြစ်မိကြရတယ်။

သူဟာ တစ်ချိန်တည်းမှာပဲ မယုံနိုင်လောက်အောင် ကံကောင်းသလို၊ တစ်ဖက်မှာလည်း တကယ့်ကို ကံဆိုးလှတာကိုး။

သူ့အတွက် စွမ်းရည်ဆင့်တက်ခါနီး အခြေအနေကို ရောက်ရှိနေတာက သိပ်ပြီး ကံကောင်းလှပေမဲ့၊ အခုလိုမျိုး ဘိုးနဲ့ တိုက်ခိုက်နေရတဲ့ အချိန်ကျမှ ဒါမျိုး ဖြစ်လာတာကတော့ တကယ်ကို ကံဆိုးလွန်းလှပါတယ်။

"ဒါက ကံဆိုးတာပဲဗျာ။ စွမ်းရည်ဆင့်တက်ဖို့ နီးကပ်လာလေလေ လူတစ်ယောက်က ပိုပြီး ထိခိုက်လွယ်လေလေ ဆိုတာ အားလုံးအသိပဲလေ၊" လို့ အာလော့စ်က ခေါင်းကို ခါယမ်းရင်း တိုးတိုးလေး ပြောလိုက်တယ်။ "မိုက်ကယ်ရဲ့ စိတ်က သူ့ရဲ့ စွမ်းရည်အသစ်ကို နိုးထစေဖို့ အတွက်ပဲ အပြည့်အဝ အာရုံစိုက်နေရတာ၊ ဒါကြောင့်မို့လို့ ဒီချုပ်နှောင်မှု အခြေအနေကနေ ရုန်းထွက်ဖို့ သူ့ရဲ့ ကိုယ်ခံပညာရပ်မန္တန်တွေကိုတောင် မသုံးနိုင်ရှာတော့ဘူး"

သိသာလှပါတယ်။ အကယ်၍ မိုက်ကယ်သာ ဘိုးနဲ့ တိုက်ခိုက်နေရင်းနဲ့တင် သူ့ရဲ့ စွမ်းရည်အသစ်ကိုပါ အောင်အောင်မြင်မြင် နိုးထစေနိုင်ခဲ့ရင်၊ သူ့ရဲ့ တန်ခိုးစွမ်းအားက ယာယီအားဖြင့် အကြီးအကျယ် မြင့်တက်လာမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ အခုလိုမျိုး အသက်လုတိုက်ပွဲ အလယ်ခေါင်ကြီးမှာ ဒါမျိုးကို အောင်မြင်အောင် လုပ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်သလောက်ပါပဲ။

အခုဆိုရင် သူ စွမ်းရည်အသစ်ကို နိုးထစေနိုင်ခဲ့ရင်တောင် တော်တော်လေး နောက်ကျသွားခဲ့ပါပြီ။ ဘိုးကတော့ ဘာအတားအဆီးမှမရှိဘဲ ဖန်ခုံးကြီးဆီကို အဟုန်ပြင်းစွာ ဦးတည်သွားနေပြီလေ။

ကယ်လို့ မိုက်ကယ်တစ်ယောက် အဖြူရောင်စက်ဝန်းရဲ့ ပိတ်လှောင်မှုကနေ ဘယ်လိုနည်းနဲ့ပဲ ရုန်းထွက်နိုင်ပါစေဦးတော့၊ သူ ဆက်ပြီး ရင်ဆိုင်ရမယ့် ကြယ်ရှစ်ပွင့်မိစ္ဆာ သတ္တဝါကြီးတွေက အရှေ့မှာ ရှိနေသေးတာပဲ ဖြစ်ရမှာပေါ့။ သူ ဘယ်လောက်ပဲ တော်ပါစေဦးတော့၊ ဘိုးကို အချိန်မီ အမှီလိုက်နိုင်ဖို့အတွက် သူတို့ကို ချက်ချင်း အနိုင်ယူနိုင်မှာ မဟုတ်တာကတော့ အသေအချာပါပဲ။

"မင်း အခုပဲ လက်လျှော့လိုက်ပြီး ဒီရုန်းရင်းဆန်ခတ်မှုတွေနဲ့ ဝေးရာမှာ တရားထိုင်ဖို့ နေရာတစ်ခု ရှာသင့်ပြီ၊ မဟုတ်ရင် စွမ်းရည်ဆင့်တက်မယ့် အခွင့်အရေးကို လွဲချော်သွားလိမ့်မယ်" လို့ ရက်ပ်တာက မိုက်ကယ် သူ့ရဲ့ အကြံဉာဏ်ကို ကြားနိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ မှော်ကမ္ဘာငယ်လေးဆီ လှမ်းအော်ပြောလိုက်တယ်။

* * * * * * * *

အဖြူရောင်တွင်းနက်ရဲ့ ပြင်းထန်တဲ့ တွန်းကန်အားအောက်မှာ ရှိနေပေမဲ့လည်း မိုက်ကယ်ကတော့ ဘာမှ မခံစားရသလိုပါပဲ။ သူက သူ့ပတ်ဝန်းကျင်ကိုတောင် အာရုံမစိုက်နိုင်တော့ဘူး။

သူ ဘာမှ မတွေးနိုင်တော့ပါ။ သူ့စိတ်ထဲမှာ ရှိနေတာကတော့ သူ့ဦးနှောက်ထဲမှာ မြစ်တွယ်လာတဲ့ အတွေးအမြင် အစပျိုးမှုအသစ်လေး တစ်ခုတည်းပါပဲ။

သူဟာ အဆုံးမရှိတဲ့ ဟာလာဟင် ဟာသပြင်ကျယ်ကြီးထဲ ရောက်နေပြီး သူ့ရှေ့မှာ အလေးချိန်မရှိတဲ့ ကြိုးတစ်ချောင်း တန်းနေသလို ခံစားနေရတယ်။

သူက အဲဒီကြိုးဆီ ကူးခတ်သွားဖို့ ကြိုးစားတဲ့အခါတိုင်း မသိမသာ စွမ်းအားတစ်ခုက သူ့ကို ကြိုးနဲ့ ဝေးရာဆီ အနည်းငယ် တွန်းထုတ်ပစ်တယ်။

ဒါပေမဲ့လည်း သူ ကြိုးဆီ ကူးခတ်သွားတဲ့ အကြိမ်တိုင်းမှာ မဆိုစလောက်သော အတိုင်းအတာလေးတွေနဲ့ ကြိုးဆီ ပိုပိုပြီး တိုးကပ်သွားနိုင်ခဲ့တယ်။

ဒါဟာ သူ့ရဲ့ အာရုံစိုက်မှုကို အပြည့်အဝ ပေးရတဲ့ ပင်ပန်းဆင်းရဲလှတဲ့ လုပ်ငန်းစဉ်ကြီးတစ်ခု ဖြစ်လာခဲ့ပါတယ်။

သူဟာ တစ်နာရီလောက်ကြာအောင် ဆက်တိုက် ကူးခတ်နေခဲ့ပြီးတဲ့နောက် နောက်ဆုံးအကြိမ်အဖြစ် လှမ်းခုန်လိုက်ကာ ကြိုးကို ဖမ်းကိုင်မိသွားခဲ့တယ်။

သူက တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ရင်း ကိုယ်ကို ဆွဲတင်လိုက်တဲ့အခါမှာတော့ အပေါ်ဘက်ဆီ လွင့်ပျံသွားပြီး တောက်ပတဲ့ အဖြူရောင်အလင်းတန်းကြီးထဲကို တိုးဝင်သွားပါတော့တယ်။

ရုတ်တရက်ပဲ အတွေးအမြင်အစုအဝေးတွေ သူ့စိတ်ထဲကို ဝင်ရောက်လာတယ်။ ဒါက ဒြပ်ရှိအရာတစ်ခု မဟုတ်သလို စကားလုံးတွေနဲ့ ဖွဲ့စည်းထားတာလည်း မဟုတ်ပါဘူး။ ဒါဟာ အတွေးအယူအဆသက်သက်သာ ဖြစ်တယ်။

ဒါက ရိုးရိုးအတွေးတစ်ခု မဟုတ်ဘဲ သူ့ရဲ့ စွမ်းရည်အသစ်အကြောင်း ဖွဲ့စည်းပုံနဲ့ အသိပညာတွေပဲ ဖြစ်နေတော့တယ်။

သူ ချက်ချင်း မျက်လုံးပွင့်လာပြီး သူ့အပေါ်မှာ ရှိနေတဲ့ အဖြူရောင်တွင်းနက်ရဲ့ ဖိနှိပ်မှုကို ခံနေရတုန်းပဲဆိုတာ သိလိုက်ရတယ်။

အဲဒီ အတွေးအမြင်အစုအဝေးတွေက သူ့ခေါင်းထဲမှာ ပြန်ပေါ်လာပြန်တယ်။

သူ့ရဲ့ ဒီဗာက သူ့ခေါင်းအထက်မှာ ပျံဝဲလို့ ပေါ်လာခဲ့ပါပြီ။

လက်နှစ်ဖက်က လှုပ်ရှားသွားပြီး မိုက်ကယ်အတွက် အဖြူရောင်တွင်းနက်ကြီးကို မပင့်ပေးထားသလိုမျိုး အပေါ်ဘက်ဆီ လှမ်းပင့်လိုက်တယ်။

အဲဒီနောက် ရုတ်တရက်ဆိုသလို အဖြူရောင်တွင်းနက်ရဲ့ တွန်းကန်အားကြီး ရပ်တန့်သွားခဲ့တယ်။

ခဏလောက်အတွင်းမှာပဲ အဲဒါက မိုက်ကယ်ရဲ့ ရင်ဘတ်ပေါ်ကနေ အပေါ်ကို ကြွတက်သွားပြီး သူ့လက်တွေကို လှုပ်ရှားဖို့ လုံလောက်တဲ့ နေရာအနည်းငယ် ရသွားစေတယ်။

သူ့အတွက် ရရှိလာတဲ့ ဒီနေရာကျဉ်းကျဉ်းလေးကို သုံးပြီး သူက သူ့အိတ်ကပ်ထဲကို လက်နှိုက်ကာ ဆင်စွယ်တစ်မျိုးမျိုးနဲ့ ပြုလုပ်ထားတဲ့ အရာဝတ္ထုအသေးလေးတစ်ခုကို ထုတ်လိုက်တယ်။

ဒါက အိုကာရီနာပါပဲ။

သူက အိုကာရီနာကို သူနဲ့ အဖြူရောင်တွင်းနက်ကြားက နေရာကျဉ်းကျဉ်းလေးထဲ အတင်းထည့်လိုက်ပြီး သူ့ရဲ့ အသက်ရှူအားအားလုံးကို သုံးကာ မှော်ကမ္ဘာငယ်လေးတစ်ခုလုံးကို မမြင်နိုင်တဲ့ တုန်ခါမှုလှိုင်းတွေ ပျံ့နှံ့သွားစေမယ့် အက်ကွဲကွဲအသံတစ်သံကို မှုတ်ထုတ်လိုက်ပါတော့တယ်။

စက္ကန့်အနည်းငယ် ကြာပြီးနောက် မြေပြင်ကြီး တုန်ဟည်းသွားခဲ့တယ်။

အပေါ်က ကြယ်ရှစ်ပွင့်မိစ္ဆာ အစားအစာတွေဟာ ခေါင်းမော့လာကြပြီး သူတို့ရဲ့ မျက်လုံးတွေထဲမှာ စိုးရိမ်ပူပန်မှုနဲ့ ထိတ်လန့်မှုတွေ ရိပ်ဖြတ်သွားကြတယ်။

ခပ်လှမ်းလှမ်းမှာတော့ ဧရာမ မြေတူးတီကောင်ကြီးတစ်ကောင်က ကမ္ဘာမြေကြီးရဲ့ အပေါ်ယံလွှာကို ဖြတ်သန်းကူးခတ်လာတာမို့ မြေကြီးတွေ၊ ကျောက်ခဲတွေနဲ့ သစ်ပင်တွေဟာ လေထဲကို ပေါက်ကွဲထွက်ကုန်ကြတယ်။ သူ့ရဲ့ ဦးတည်ရာလမ်းကြောင်းမှာ ရှိသမျှ အရာအားလုံးဟာ လည်ပတ်နေတဲ့ ထက်မြက်လှတဲ့ သွားတွေနဲ့ ပြည့်နှက်နေတဲ့ သူ့ရဲ့ ဧရာမပါးစပ်ကြီးထဲ ဝါးမြိုခြင်း ခံလိုက်ရတယ်။

ဘိုးရဲ့ မိစ္ဆာတွေဟာ သဘာဝအသိစိတ်အရ အန္တရာယ်ကို သိလိုက်တာမို့ ထွက်ပြေးဖို့ ချက်ချင်း ကိုယ်ကို လှည့်လိုက်ကြတယ်။

ဒါပေမဲ့ နောက်ကျသွားခဲ့ပါပြီ။

ဧရာမ မြေတူးတီကောင်ကြီးက သူ့လမ်းကြောင်းမှာ ရှိသမျှ အရာအားလုံးကို ဝါးမြိုပစ်လိုက်တာမို့ သူတို့ ရပ်နေတဲ့ မြေပြင်ကြီးဟာ မှုန့်မှုန့်ညက်ညက် ကြေမွသွားခဲ့ရတယ်။

မိစ္ဆာတွေဟာ သူ့ရဲ့ ဝမ်းဗိုက်ထဲကို ပြုတ်ကျသွားကြပြီး သူတို့ရဲ့ မှေးမှိန်သွားတဲ့ ပုံရိပ်တွေဟာ အမှောင်ထုထဲ ဝါးမြိုခြင်း ခံလိုက်ရတော့တယ်။

သူတို့ ဝါးမြိုခြင်း ခံလိုက်ရတာနဲ့တစ်ပြိုင်နက် ဘိုးရဲ့ အလင်းမှော်စွမ်းအင်တွေဟာလည်း သူတို့နဲ့အတူ ပျက်စီးသွားခဲ့ရပါပြီ။

မိုက်ကယ်ကို ဖိနှိပ်ထားတဲ့ အဖြူရောင်တွင်းနက်ကြီးဟာ သူ့ရဲ့ နောက်ဆုံးတွန်းကန်အားကို ထုတ်လွှတ်ပြီးနောက် လေထဲမှာ ပျယ်လွင့်သွားတဲ့ သန့်စင်တဲ့ စွမ်းအင်တွေအဖြစ် ပြောင်းလဲသွားပါတော့တယ်။

* * * * * * * *

စာစဉ်(၄၈)

အခန်း(၅၇၆)

ဖြူဖွေးနေတဲ့ အလင်းပေါက်ကြီး ပျောက်ကွယ်သွားတာနဲ့ မိုက်ကယ်လည်း နောက်ဆုံးတော့ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်သွားတယ်။

ဒါပေမဲ့ သူ့ရှေ့တည့်တည့်မှာတော့ ပါးစပ်ကြီး အကျယ်ကြီး ဖြဲပြီး သူ့ကိုပါ ဝါးမြိုဖို့ အဆင်သင့် ဖြစ်နေတဲ့ မြေတူးတီကောင်ကြီး ရှိနေတယ်။

သူက ခြေဖဝါးနှစ်ဖက်အောက်မှာ လေမန္တန်နှစ်ခုကို မီးကုန်ယမ်းကုန် ထုတ်လွှတ်လိုက်ပြီး ကောင်းကင်ပေါ်ကို မြင့်နိုင်သမျှ မြင့်အောင် ခုန်တက်လိုက်တာကြောင့် မြေတူးတီကောင်ကြီးရဲ့ အငမ်းမရ ဝါးမြိုမယ့် ပါးစပ်ကြီးထဲကနေ လုံးဝ လွတ်မြောက်သွားတယ်။

တီကောင်ကြီးရဲ့ အပေါ်မှာ ပျံဝဲနေရင်း မော့ကြည့်လိုက်တော့ သူ့ရှေ့တည့်တည့်မှာ ဒရုန်းက ပျံဝဲလို့နေတယ်။

သူ့ရဲ့ အမိန့်ပေးချက်နဲ့အတူ သူတို့နှစ်ယောက်လုံး သဟဇာတသေနတ် နဲ့ ပစ်ခတ်ဖို့ အဆင်သင့် ပြင်လိုက်ကြတယ်။

သူ့ရဲ့ လက်ညှိုးထိပ်နဲ့ ဒရုန်းရဲ့ ပြောင်းဝထိပ်မှာ အလင်းတန်းတွေ စုစည်းလာတယ်။

စွမ်းအင်တွေ ဖြည့်တင်းနေတုန်းမှာပဲ သူက အိတ်ထဲကနေ ခလုတ်တစ်ခုကို အမြန်ဆွဲထုတ်ပြီး ဒရုန်းဆီကို လှမ်းပစ်လိုက်တယ်။

အဲဒီခလုတ်က ဒရုန်းရဲ့ လင်းထိန်နေတဲ့ သေနတ်ပြောင်းဝထိပ်မှာ ကွက်တိ သွားကပ်မိသွားတယ်။

သူ့လက်ညှိုးကိုလည်း ဒီလိုပဲ လုပ်လိုက်ပြီး အလင်းတန်း ထွက်တော့မယ့် နေရာတည့်တည့်မှာ ခလုတ်တစ်ခု ကပ်လိုက်တယ်။

သဟဇာတသေနတ် ကနေ ပြင်းထန်တဲ့ အလင်းတန်းကြီးက ခလုတ်ဆီကို ပစ်လွှတ်လိုက်တဲ့ အချိန်မှာတော့ အလင်းရောင်က အထွတ်အထိပ်ကို ရောက်သွားတယ်။

မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာတင် သဟဇာတ အလင်းတန်းကြီးက သူ့လမ်းကြောင်းကို ပိတ်ဆို့ထားတဲ့ သံခလုတ်ကို သွားပြီး ရိုက်ခတ်မိတယ်။

ထိခတ်မိတဲ့ အချိန်မှာပဲ သူ့ရဲ့ စွမ်းရည်က အလိုလို အလုပ်လုပ်သွားပြီး ခလုတ်ကို ဖျက်ဆီးပစ်မယ့်အစား အလင်းတန်းတွေကို ခလုတ်ရဲ့ မျက်နှာပြင်ပေါ်မှာတင် အေးခဲပိတ်လှောင်ထားလိုက်တယ်။

အခုဆို ခလုတ်တွေထဲမှာ သဟဇာတ အလင်းတန်းတွေရဲ့ လမ်းကြောင်း၊ အဟုန်နဲ့ အချိန်တွေပါ အကုန် အေးခဲလို့ နေပြီပေါ့။

သူက စွမ်းအင်တွေ ပြည့်နေတဲ့ ခလုတ်နှစ်ခုလုံးကို လက်နဲ့ ဖမ်းကိုင်လိုက်ပြီး "ဖွင့်" တဲ့ ခလုတ်ဆီကို လှပပပကလေး တောက်လိုက်တယ်။

သဟဇာတ အလင်းတန်းတွေက သူ့လက်ထဲကနေ ဆန့်ထွက်သွားပြီး မြေတူးတီကောင်ကြီးရဲ့ ဘေးတစ်ဖက်တစ်ချက်စီကို ကွက်တိ သွားမှန်တော့တာပဲ။

ဒီမိစ္ဆာကြီးက နာကျင်လွန်းလို့ ခေါင်းကြီးကို ဟိုရမ်းဒီရမ်း လုပ်ရင်း လည်ချောင်းသံကြီးနဲ့ အော်ဟစ်တော့တယ်။ ပြီးတော့ သူ့အရေပြားပေါ်မှာ ကပ်ငြိနေတဲ့ နာကျင်စရာ သဟဇာတ အလင်းတန်းတွေကို ဖယ်ရှားပစ်ဖို့ လမ်းမှာရှိတဲ့ သစ်ပင်တွေ၊ ကျောက်တုံးကြီးတွေနဲ့ သူ့ခေါင်းကို အတင်း လိုက်တိုက်တော့တယ်။

ဒါပေမဲ့လည်း သဟဇာတ အလင်းတန်းတွေက တီကောင်ကြီးရဲ့ အရေပြားထဲအထိ စွဲဝင်လောင်ကျွမ်းသွားတာ ဖြစ်လို့ ဖယ်ထုတ်ဖို့က ဘယ်လိုမှ မလွယ်ကူဘူးလေ။

ဒါက အဲဒီမိစ္ဆာကြီးအတွက် ဘယ်တော့မှ ဖြုတ်လို့မရမယ့် ဇက်ကြိုးကြီး ဖြစ်သွားခဲ့ပြီ။

သဟဇာတ အလင်းတန်းတွေက တီကောင်ကြီးဆီမှာ မြဲမြံစွာ သတ်မှတ်ပြီးသား ဖြစ်သွားတာနဲ့ သူက ခလုတ်တွေကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ပြီး မြေတူးတီကောင်ကြီးရဲ့ ခေါင်းဆီကို ကိုယ်ကို ပစ်ချလိုက်ရာ သူ့ရဲ့ သဲလို ကြမ်းတမ်းတဲ့ အရေပြားပေါ်ကို လှပပပကလေး ဆင်းသက်မိသွားတယ်။

မိစ္ဆာကြီးက သူ့ရဲ့ တည်ရှိမှုကို ချက်ချင်း သတိပြုမိသွားပြီး သူ့နာကျင်မှုရဲ့ အရင်းအမြစ်က ဒီကောင်လေးပဲဆိုတာ အမှန်အတိုင်း ရိပ်မိသွားတယ်။

သူ့ကို ခါချပစ်ဖို့ ခန္ဓာကိုယ်ကြီးကို ဟိုဘက်ဒီဘက် အပြင်းအထန် လှုပ်ခါပေမဲ့ မိုက်ကယ်ကတော့ ခလုတ်တွေကို မြဲမြံစွာ ဆုပ်ကိုင်ထားတုန်းပဲ။

တီကောင်ကြီးက မှော်ကမ္ဘာငယ်လေးရဲ့ မြေပြင်ပေါ်မှာ သောင်းကျန်းမွှေနှောက်နေစဉ် သူ့ဆီကို လွင့်စင်လာသမျှ သစ်ပင်တွေ၊ ကျောက်ခဲတွေနဲ့ အပျက်အစီး မှန်သမျှကို သူ့ရဲ့ အကြွင်းမဲ့သဟဇာတအကာအကွယ် ကနေ လွှင့်စင် သွားစေတယ်။

သူ့ကို ခါချလို့ မရတဲ့အဆုံး မြေတူးတီကောင်ကြီးက ခေါင်းကို အပေါ်ကို မြှောက်လိုက်ပြီး မြေကြီးထဲကို ပိုနက်အောင် ငုပ်လျှိုးပစ်လိုက်တော့တယ်။

မိုက်ကယ်ကတော့ ဘေးတစ်ဖက်တစ်ချက်မှာ ဇက်ကြိုးလို ဖြစ်နေတဲ့ သဟဇာတ အလင်းတန်းတွေကို ကိုင်ထားတုန်းပဲ၊ တီကောင်ကြီး မြေကြီးထဲ ငုပ်လျှိုးသွားတော့မှ မှော်ကမ္ဘာငယ်လေး တစ်ခုလုံး တုန်ခါနေတာတွေ ရပ်တန့်သွားပြီး ငြိမ်သက်သွားတယ်။

စက္ကန့်အနည်းငယ်လောက် အရာအားလုံး အေးချမ်းသွားတယ်။

ပြီးတော့မှ မြေတူးတီကောင်ကြီးက မြေပြင်ပေါ်ကို ဝုန်းခနဲ ပြန်တက်လာတာကြောင့် မြေကြီးတွေ၊ ကျောက်ခဲတွေ အကြီးအကျယ် ပေါက်ကွဲထွက်လာတယ်။ သူ့ရဲ့ သဲလို ကြမ်းတမ်းပြီး တွန့်လိပ်နေတဲ့ အရေပြားကြီးကို သူ့သက်တမ်းတစ်လျှောက်မှာ ပထမဆုံးအကြိမ်အဖြစ် အထင်းသား မြင်လိုက်ရတာပဲ။

မိုက်ကယ်ကတော့ သူ့ခေါင်းပေါ်မှာ ရှိနေပြီး သဟဇာတ ဇက်ကြိုးကို အတင်း ဆွဲဆန့်ကာ မိစ္ဆာကြီးကို မြေပြင်ပေါ် ပြန်တက်လာအောင် အတင်း အကျပ် လုပ်လိုက်တာ ဖြစ်တယ်။

မြေတူးတီကောင်ကြီး မြေပြင်ပေါ် ပြန်ကျလာတဲ့အခါမှာတော့ ဇက်ကြိုးရဲ့ နာကျင်မှုကြောင့် သူ့ရဲ့ လှုပ်ရှားမှု တိုင်းကို ထိန်းချုပ်ခံလိုက်ရပြီ။

မိုက်ကယ်က ဇက်ကြိုးကို ဘယ်ဘက်ကို ဆွဲလိုက်တာနဲ့ တီကောင်ကြီးက သူ့ခေါင်းကို အဲဒီ လမ်းကြောင်းအတိုင်း လှည့်ပေးရတယ်။

သူက သဟဇာတ ဇက်ကြိုးအောက်မှာ လုံးဝ နာခံသွားရပြီး မိုက်ကယ်ကတော့ မှော်ကမ္ဘာငယ်လေးထဲမှာ သူ့ကို စီးနင်းပြီး ဖန်ခုံးကြီးဆီကို တည့်တည့်မတ်မတ် မောင်းနှင်သွားနိုင်ခဲ့တယ်။

အပေါ်ကနေ ဒါကို ကြည့်နေတဲ့သူ အားလုံးဟာ ရင်တထိတ်ထိတ်နဲ့ အံ့ဩမှင်တက်ရင်း အသက်ရှူဖို့တောင် မေ့နေကြတယ်။

သူတို့ဟာ တစ်ခါမှ မမြင်ဖူးတဲ့ အရာတစ်ခုကို အခုတင် မျက်ဝါးထင်ထင် မြင်လိုက်ရတာလေ။

မှော်ကမ္ဘာငယ်လေးရဲ့ အားအကောင်းဆုံး အမြင့်ဆုံး သတ္တဝါကြီးဖြစ်တဲ့ ဧရာမ မြေတူးတီကောင်ကြီးကို ခန္ဓာကိုယ်အဆင့် ၄ လောက်ပဲ ရှိသေးတဲ့ ကောင်လေးတစ်ယောက်က ထိန်းချုပ်ထားနိုင်တယ်တဲ့။

"သူ တီကောင်ကြီးကို စီးနေတာပဲ" သူတို့ အံ့ဩတုန်လှုပ်စွာ ရေရွတ်လိုက်ကြတယ်။

မိုက်ကယ်အနေနဲ့ အရှုံးပေးပြီး လက်နက်ချရလိမ့်မယ်လို့ ပြောခဲ့ကြတဲ့သူ အားလုံးဟာ သူတို့စကားတွေကို သူတို့ ပြန်မျိုချလိုက်ကြရပြီ။

လူတိုင်းက လေလံပွဲထဲက သူ့ရဲ့ ခရီးစဉ် ပြီးဆုံးသွားပြီလို့ပဲ ထင်ခဲ့ကြတာ၊ သူ နိုင်ဖို့ အခွင့်အရေး မရှိတော့ဘူးလို့ပေါ့။

ဘယ်သူမှ သူ အလင်းပေါက်ကြီးထဲကနေ လွတ်မြောက်လာနိုင်လိမ့်မယ်လို့ မထင်ခဲ့ကြဘူး၊ စောင့်ဆိုင်းနေတဲ့ ကြယ် ၈ ပွင့် အစားအစာ မိစ္ဆာတွေကို ဖယ်ရှားနိုင်လိမ့်မယ်လို့လည်း ဘယ်သူမှ မတွေးရဲခဲ့ကြဘူး။

သူ ပုန်းနေခဲ့ရင်တောင်မှ ဘိုး ဖန်ခုံးကြီးထဲ မဝင်ခင်မှာ ဘိုးရဲ့ အမှီကို လိုက်နိုင်မယ့် နည်းလမ်း မရှိဘူးလို့ ထင်ခဲ့ကြတာလေ။

ဒါပေမဲ့ သူက အဲဒါတွေ အကုန် မှားကြောင်း သက်သေပြလိုက်ပြီ။

မြေတူးတီကောင်ကြီးကို စိတ်ကြိုက် ခိုင်းစေလို့ရနေတာကြောင့် သူက လမ်းမှာ ဘယ်အရာကမှ မတားဆီးနိုင်ဘဲ မှော်ကမ္ဘာငယ်လေးထဲမှာ ဖြတ်သန်းမောင်းနှင်နေတယ်။

မှော်ကမ္ဘာငယ်လေးထဲက အခြား မိစ္ဆာတွေ အကုန်လုံးဟာ တီကောင်ကြီးကြောင့် မြေပြင်ကြီး တုန်ခါလာတာကို ခံစားမိတာနဲ့ အရိုးထဲအထိ တုန်လှုပ်ခြောက်ခြား သွားကြတယ်။ ရင်ဆိုင်ဖို့ သတ္တိရှိတဲ့ ကောင်တွေကျတော့လည်း တီကောင်ကြီးရဲ့ ဗိုက်ထဲကို ချက်ချင်း ဝါးမြိုခြင်း ခံလိုက်ရတယ်။

ဒါတင်တင် မကသေးဘူး။

"သူ့ရဲ့ ကိုယ်ရောင်ကိုယ်ဝါကို ကြည့်လိုက်ဦး၊ သူ အဆင့်တက်သွားပြီ၊ စွမ်းရည်အသစ်တစ်ခုကို နိုးထစေခဲ့တာပဲ" အာလော့စ်က အံ့ဩတုန်လှုပ်စွာ ပြောလိုက်ရာ အခြား ရိုင်းဇင်းဆစ် အဖွဲ့ဝင်တွေလည်း သူ့နည်းတူ မှင်တက်သွားကြတယ်။

ဒါက ဘာကို ဆိုလိုလဲဆိုတာ သူတို့ သိတယ်။

မိုက်ကယ်က အခု အဆင့်တက်သွားတဲ့ အရှိန်အဟုန်နဲ့ ပြေးလွှားနေတာ ဖြစ်တယ်။

သူ့ရဲ့ စွမ်းအားတွေက ဒီတွေ့ရှိမှုအသစ်ကြောင့် ယာယီအားဖြင့် မြင့်တက်နေတာ၊ သူ့ရဲ့ ဒီဗာနဲ့ ချိတ်ဆက်မှုကလည်း အမြင့်ဆုံး အခြေအနေကို ရောက်နေပြီး ဧရာမ စွမ်းအားကြီးကို သုံးစွဲခွင့် ရနေတယ်။

သူတို့ ဒါတွေကို သေချာ မစဉ်းစားနိုင်ခင်မှာတင် မြေတူး

All Chapters