အခန်း (၅၇၇-၅၇၈)
Vol. 49 Ch. 577-578
အခန်း(၅၇၇)
မိုက်ကယ်က သူမကို လှမ်းကြည့်လိုက်တဲ့အခါ သူ့ရဲ့ အနောက်ဘက်ဆီမှာ ဝိညာဉ်ဆီတွေ သိမ်းဆည်းထားတဲ့ ကျောက်တိုင်ကြီး ငါးတိုင်ကို လှမ်းမြင်လိုက်ရတယ်။
ဝိညာဉ်ဆီ အစက်တစ်ခုချင်းစီကို ဖန်ပုလင်းငယ်လေးတွေထဲ ထည့်ထားပြီး အဲဒီဖန်ပုလင်းတွေကို စင်မြင့်ထက်မှာ သော့ခတ်ထားတာပါ။ သော့နဲ့ပဲ ဖွင့်လို့ရမယ့် မှော်အကာအကွယ်လှောင်အိမ်တစ်ခုကလည်း ဝန်းရံကာကွယ်ပေးထားသေးတယ်။
ဝိညာဉ်ဆီ ငါးစက်လုံး ရှိနေသေးတာကို ကြည့်ရင် သူ အချိန်မီ ရောက်လာတာ သေချာတယ်။ သူမအနေနဲ့ ဝိညာဉ်ဆီတွေကို လက်မတင်နိုင်သေးဘူးပေါ့။
"မျက်စိ သိပ်မကစားနဲ့ဦး။ မင်း ငါ့ကို မနိုင်သေးဘူးနော်" လို့ ဘိုးက သူ့ကို သတိပေးလိုက်တယ်။
ဒီတစ်ကြိမ်မှာတော့ သူမ အစွမ်းကုန် ထုတ်သုံးတော့မှာပါ။ ဒီလိုမှ မလုပ်ရင် ပိုမိုအားကောင်းလာတဲ့ မိုက်ကယ်ရဲ့ စွမ်းရည်တွေအောက်မှာ သူမ ရှုံးနိမ့်သွားနိုင်လို့ပဲ။
ဒါကြောင့် အခုချက်ချင်း သူ့ကို မနှိမ်နင်းနိုင်ရင် တဖြည်းဖြည်းချင်း နှိမ်နင်းရမှာပေါ့။
သူမရဲ့ အစီအစဉ်က တိုက်ပွဲကို အတတ်နိုင်ဆုံး အချိန်ဆွဲထားဖို့ပါ။ မိုက်ကယ်ရဲ့ မြင့်တက်နေတဲ့ တန်ခိုးတွေ ပုံမှန်အခြေအနေ ပြန်ရောက်သွားမယ့် အချိန်ကို သူမ စောင့်ရမယ်။ အဲဒီအခါကျမှ သူမရဲ့ ကျင့်စဉ်အဆင့် အသာစီးရမှုကို ပြန်သုံးပြီး ကစားကွက် ပြန်ပြင်နိုင်မှာ ဖြစ်တယ်။
သူမက လေထုကို အကြိမ်ကြိမ် ပိုင်းဖြတ်လိုက်ပြီး ဘလက်ခ်ဟိုးတွေကို တစ်ခုပြီးတစ်ခု မရပ်မနား ဖန်တီးလိုက်တယ်။
ခဏလေးအတွင်းမှာတင် သူမရဲ့ စွမ်းရည်တွေက လေထုထဲမှာ ပြည့်နှက်သွားပြီး မိုက်ကယ်ကို အလင်းတိုင်တွေကြားကနေ ထွက်ပြေးဖို့ အခွင့်အရေး လုံးဝ မပေးတော့ဘူး။
သူတို့နှစ်ယောက် အရင်ကလို တိုက်ပွဲမျိုးထဲ ပြန်ရောက်သွားကြပြန်ပြီ။
ဘိုးက သူမရဲ့ လက်မောင်းကို မြှောက်လိုက်တဲ့အခါ ဖင်းမ်ရဲ့ တန်ခိုးတွေက သူမရဲ့ လက်ဝါးထဲမှာ စုစည်းလာတယ်။
ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ မိုက်ကယ်က ကြိုတင်ပြင်ဆင်ထားပြီးသားပါ။
"ဒါမျိုးက ငါ့အပေါ် ဒုတိယအကြိမ် ထပ်မတိုးတော့ဘူး" လို့ သူက ပြောလိုက်တယ်။
သူက ခလုတ်ကို လက်နှစ်ဖက်လုံးနဲ့ တင်းတင်းဆုပ်ကိုင်ပြီး အနေအထား ပြင်လိုက်တယ်။ သူ့ရဲ့ ပုံစံက ရှေ့ကနေ ဖြတ်သန်းလာသမျှ အရာအားလုံးကို ခုတ်ပိုင်းပစ်တော့မယ့် စစ်သည်တော်တစ်ဦးလိုပါပဲ။
အဲဒီနောက်မှာတင် လေထုထဲမှာ ‘ကလစ်’ ဆိုတဲ့ အသံတစ်ချက် မြည်ဟည်းသွားတယ်။
ခလုတ်ပွင့်သွားတာနဲ့အမျှ သဟဇာတ အလင်းတန်းက မိုက်ကယ်ရဲ့ လက်ထဲကနေ ပန်းထွက်လာပြီး သူ့ခေါင်းအထက် အမြင့်တစ်နေရာအရောက်မှာ ရပ်တန့်သွားတယ်။
သူ့မျက်နှာရဲ့ တစ်ဝက်ဟာ သဟဇာတ အလင်းတန်းရဲ့ စူးရှတဲ့ စွမ်းအင်တွေကြောင့် လင်းထိန်သွားခဲ့တယ်။
မဟုတ်သေးဘူး၊ ဒါက အလင်းတန်းသက်သက် မဟုတ်တော့ဘူး။
ဒါက ဓားတစ်လက် ဖြစ်နေပြီ။ သဟဇာတဓားပေါ့။
သူက လက်ထဲက သဟဇာတဓားကို ဝှေ့ယမ်းလိုက်ပြီး ဒီဘဝနဲ့ အရင်ဘဝတုန်းက မြင်ဖူးခဲ့တဲ့ ဓားသမားတွေရဲ့ လှုပ်ရှားမှုတွေကို အတုယူပြီး ကစားလိုက်တယ်။
ပြီးတော့ ချက်ချင်းဆိုသလိုပဲ သူက ရှေ့ကို အရှိန်နဲ့ တိုးဝင်လိုက်ပြီး သဟဇာတဓားနဲ့ အပေါ်စီးကနေ ပိုင်းချလိုက်ရာ သူ့ရှေ့တည့်တည့်က ဘလက်ခ်ဟိုးကို ထိမှန်သွားတော့တယ်။
သဟဇာတဓားထဲမှာ ရှိနေတဲ့ ပြင်းထန်လှတဲ့ တန်ခိုးက ဘလက်ခ်ဟိုးရဲ့ တည်ဆောက်ပုံကို လောင်ကျွမ်း ပျက်စီးစေခဲ့တယ်။ ဆွဲငင်အား နယ်ပယ်ကြီးကလည်း တုန်ခါသွားပြီးနောက် သူ့အလိုလို ပြိုကွဲပြီး လေထုထဲမှာ ကွယ်ပျောက်သွားခဲ့ရတယ်။
သူက ဘေးဘက်ကို ရွှေ့လိုက်ပြီး သဟဇာတဓားကို အလျားလိုက် ဝှေ့ယမ်းကာ ရှေ့က ဘလက်ခ်ဟိုး နှစ်ခုကို မျက်စိတစ်မှိတ်အတွင်းမှာတင် ဖျက်ဆီးပစ်လိုက်ပြန်တယ်။
ဘိုးဟာ သူမရဲ့ ဘလက်ခ်ဟိုးတွေ အလွယ်တကူ အဖျက်ဆီးခံလိုက်ရတာကို ကြည့်ပြီး အံ့ဩတုန်လှုပ်သွားရုံကလွဲလို့ ဘာမှမလုပ်နိုင်တော့ဘူး။ မိုက်ကယ်ရဲ့ လှုပ်ရှားမှုတွေက ရိုးရှင်းပြီး ရှုပ်ထွေးတဲ့ ဓါးကွက်တွေ မပါဝင်ပေမဲ့ သူ့ရဲ့ ဝှေ့ယမ်းမှု တစ်ချက်ချင်းစီက ပတ်ဝန်းကျင်က ဘလက်ခ်ဟိုးတွေကို ပိုပြီးတော့တောင် ဖျက်ဆီးပစ်နေသေးတယ်။
အခြေအနေက ပြောင်းပြန် ဖြစ်သွားခဲ့ပြီ။
ဒီတစ်ကြိမ်မှာတော့ အမှီမလိုက်နိုင်တာက သူမ ဖြစ်နေတယ်။ သူမ ဘလက်ခ်ဟိုးတစ်ခု ဖန်တီးလိုက်တိုင်း မိုက်ကယ်က ဓားတစ်ချက် ဝှေ့ယမ်းရုံနဲ့ နှစ်ခု သုံးခုကို ဖျက်ဆီးပစ်နေလို့ပဲ။
သူမက ဘယ်လက်ကို အမြန်မြှောက်ပြီး ပတ်ဝန်းကျင်မှာ ကျန်နေသေးတဲ့ နောက်ဆုံး ဘလက်ခ်ဟိုး အစုအဝေးတွေဆီကို ချိန်ရွယ်လိုက်တယ်။
အလင်းတိုင်က သူမရဲ့ လက်ဝါးထဲကနေ ပန်းထွက်သွားပြီး ဘလက်ခ်ဟိုးရဲ့ အနားသတ်တွေဆီ တည့်တည့် ဦးတည်သွားတယ်။ ပြင်းထန်တဲ့ ဆွဲငင်အား နယ်ပယ်က အလင်းရဲ့ လမ်းကြောင်းကို ကွေးညွတ်သွားစေပြီး မိုက်ကယ်ရဲ့ နောက်ကျောဆီ တည့်တည့်ကို ဦးတည်သွားစေခဲ့တယ်။
ဒါပေမဲ့ အဲဒီအလင်းတန်း ထိမှန်ခါနီးအချိန်မှာပဲ သူ့ရဲ့ ဒီဗာက ရုတ်တရက် လက်ကို ဆန့်ထုတ်လိုက်ပြီး အလင်းတိုင် သူ့ဆီမလာအောင် ကာကွယ်ဖို့ ကြိုးစားလိုက်တယ်။
မိုက်ကယ်က မျက်လုံးတွေ ဝိုင်းသွားပြီး ချက်ချင်း ကိုယ်ကိုလှည့်ကာ သဟဇာတဓားနဲ့ ပိုင်းချလိုက်ရာ ခိုင်မာလှတဲ့ အလင်းတိုင်ကြီးက နှစ်ပိုင်း ပြတ်ထွက်သွားတော့တယ်။
"ဘာဖြစ်တာလဲ"
သူမ ရင်ဘတ်ထဲ မချိအောင် ခံစားလိုက်ရပြီး မိမိရဲ့ တိုက်ခိုက်မှုအားလုံးကို မိုက်ကယ်က အလဟဿဖြစ်အောင် လုပ်နိုင်ခဲ့တာကို လက်မခံနိုင်ဖြစ်နေတယ်။
သူက သဟဇာတဓားကို ပတ်ဝန်းကျင်က နောက်ဆုံးကျန်တဲ့ ဘလက်ခ်ဟိုးဆီ ဝှေ့ယမ်းလိုက်ပြီး ဒီနေရာတစ်ခုလုံးကို ပြင်းထန်တဲ့ ဆွဲငင်အား နယ်ပယ်တွေဘေးကနေ လုံးဝ ရှင်းလင်းပစ်လိုက်တယ်။
သူမဟာ အနိုင်ရမယ့် အခွင့်အရေးတွေ တဖြည်းဖြည်း လွတ်ထွက်နေပြီဆိုတာ သိလိုက်ပြီး နောက်ကို ဖြည်းဖြည်းချင်း ဆုတ်ခွာသွားခဲ့တယ်။
"မပြီးသေးဘူးနော်" လို့ သူမက အော်ဟစ်လိုက်တယ်။
သူမက လေထဲကို ဓားမြှောက်လိုက်တဲ့အခါ ဖရန့်ကင်စတိန်း စားဖိုမှူးရဲ့ ဒီဗာပုံရိပ်က သူမခေါင်းပေါ်မှာ ပေါ်လာတယ်။
ဒီဗာက သူမရဲ့ လက်မောင်းနှစ်ဖက်ဆီကို ငုံ့ချလိုက်ပြီး မိမိရဲ့ ဓားကိုသုံးကာ သူမလက်ကောက်ဝတ်ပေါ်မှာ ရှိနေတဲ့ အလင်းမှော်စွမ်းအင်တွေကို ဖြတ်တောက်လိုက်တယ်။
ဖင်းမ်နဲ့ တန်ဇင်းတို့ရဲ့ အလင်းမှော်စွမ်းအင်တွေက သူမရဲ့ လက်မောင်းထဲကနေ စီးထွက်လာပြီး ဘိုးရဲ့ ရှေ့မှောက်မှာ ဝဲပျံနေကြတယ်။
"ပေါင်းစည်းစမ်း" လို့ သူမက အမိန့်ပေးလိုက်တယ်။
သူမရဲ့ ဒီဗာကဒယ်အိုးကို သုံးပြီး အလင်းမှော်စွမ်းအင် အစုအဝေး နှစ်ခုကို အတူတူ ရိုက်ခွဲလိုက်ရာ အလင်းမှော်စွမ်းအင် အမှုန်အမွှားလေး တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားတော့တယ်။
သူမက ဒီပေါင်းစည်းသွားတဲ့ အလင်းမှော်စွမ်းအင်ကို ဖမ်းဆုပ်ပြီး မိမိရဲ့ နှလုံးသားထဲကို ထိုးစိုက်လိုက်တယ်။
သူမရဲ့ ပတ်ဝန်းကျင်မှာ အော်ရာအသစ်တစ်ခု ပေါ်ထွက်လာပြီး ဒါက စွမ်းရည်နှစ်ခု ပေါင်းစည်းခြင်းကနေ မွေးဖွားလာတဲ့ တန်ခိုးအသစ်တစ်ခု ဖြစ်ကြောင်း ပြသနေတယ်။
"ဒါက ငါ့ရဲ့ အပြင်းထန်ဆုံး တိုက်ကွက်ပဲ။ မင်း ခံနိုင်ရည် ရှိ၊ မရှိ ကြည့်ကြသေးတာပေါ့" လို့ သူမက စူးစူးဝါးဝါး အော်ဟစ်လိုက်တယ်။
သူမက မိမိရဲ့ ဓားကိုသုံးပြီး ရှေ့မှာ ဧရာမ လေလုံးကြီးတစ်ခု ဖန်တီးလိုက်တယ်။
ပြီးတော့ ရိုးရှင်းတဲ့ ထိတွေ့မှုတစ်ခုနဲ့တင် အဲဒီလေထုထဲကို နောက်ထပ် ပြင်းထန်တဲ့ ဆွဲငင်အား နယ်ပယ်တစ်ခု ထည့်သွင်းလိုက်ပြန်တယ်။
ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ မတူတော့ဘူး။
ဘလက်ခ်ဟိုးရဲ့ တန်ခိုးက ဧရာမ လေလုံးကြီးထဲမှာ စစ်မှန်တဲ့ မှောင်မိုက်ခြင်းအဖြစ် ပေါ်ထွက်လာတယ်။ အဲဒီနောက်မှာတော့ သူမက ဝှိုက်ဟိုးရဲ့ တန်ခိုးကို ထပ်မံ ထည့်သွင်းလိုက်တဲ့အခါ လုံးဝ ဖြူစင်တဲ့ အလင်းရောင်တစ်ခု ပေါ်လာခဲ့တယ်။
ဆွဲငင်အား နယ်ပယ် နှစ်ခုရဲ့ ပေါင်းစည်းမှုက ပဟေဠိဆန်တဲ့ အခြေအနေတစ်ခုကို ဖန်တီးလိုက်တာပါ။ ဘလက်ခ်ဟိုးက အတွင်းထဲက အရာအားလုံးကို ဆွဲငင်နေပြီး ဝှိုက်ဟိုးကတော့ အပြင်ဘက်က အရာအားလုံးကို တွန်းထုတ်နေတယ်။
အဲဒီရဲ့ ရလဒ်ကတော့ ပတ်ဝန်းကျင်က အရာအားလုံးကို ဖျက်ဆီးပစ်မယ့် သန့်စင်တဲ့ ဖျက်ဆီးခြင်း အားမာန်ပဲ ဖြစ်တယ်။
ဒါကတော့ မိုက်ကယ်ရဲ့ သဟဇာတဓားနဲ့တောင် မဖျက်ဆီးနိုင်မယ့် မီးခိုးရောင်တွင်းနက်ပါပဲ။
(TR Note: ဘလက်ဟိုး အနက် နဲ့ ဝှိုက်ဟိုး အဖြူ ၂ခုပေါင်းပြီး မီးခိုးရောင်တွင်းနက်)
ဒါကို တုံ့ပြန်တဲ့အနေနဲ့ မိုက်ကယ်က လေထုထဲမှာ သူ့ရဲ့ ဒီဗာကို ပုံဖော်လိုက်တယ်။ စက်ရုပ်ပုံစံလက်မောင်း နှစ်ဖက်က လက်ကို မြှောက်လိုက်ပြီး တစ်စုံတစ်ခုကို အနားတိုးလာဖို့ လက်ဟန်ပြလိုက်တယ်။
အဲဒီနောက်မှာတင် သူ့ခြေဖဝါးအောက်က မြေပြင်ဟာ စတင် တုန်ခါလာတော့တယ်။ ဖုန်မှုန့်တွေ၊ မြေကြီးတွေနဲ့ ဖန်ကွဲစ အမှုန်အမွှားတွေက ကြမ်းပြင်ပေါ်ကနေ လေထဲကို ပျံတက်လာကြတယ်။
"တကယ်တော့ ငါ မင်းကို ကျေးဇူးတင်သင့်တာ" လို့ သူက သူမကို လှမ်းပြောလိုက်တယ်။ "မင်းသာ မရှိရင် ငါ့ရဲ့ ဒီဗာနဲ့ ဘယ်လို ချိတ်ဆက်ရမလဲဆိုတာ ငါ သိလာမှာ မဟုတ်ဘူး"
ဒီအချိန်မှာပဲ မြေကြီးခဲ အကြီးကြီးတစ်ခုက ကြမ်းပြင်ကနေ ပေါက်ကွဲထွက်လာပြီး မိုက်ကယ်ဆီကို ပျံသန်းလာခဲ့တယ်။
အဲဒီမြေကြီးခဲက လေထဲမှာ ဝဲပျံနေရင်း အမှုန်အမွှားတွေ ကြွေကျသွားပြီး အောက်ခြေမှာ ရှိနေတဲ့ မီးသွေးလို မည်းနက်နေတဲ့ ဒြပ်စင်ပစ္စည်းတွေကို ဖော်ပြနေတယ်။
ဒါက ကာဗွန်ဒြပ်စင်ရဲ့ ပုံဆောင်ခဲတစ်မျိုးဖြစ်တဲ့ ခဲနက် ပါပဲ။
မိုက်ကယ်ရဲ့ ဒီဗာက အဲဒီ ခဲမဖြူတုံးကြီးကို လက်ထဲမှာ ဖမ်းယူလိုက်တယ်။
ရုတ်တရက်ဆိုသလိုပဲ ဆန်းကြယ်တဲ့ သတ္တုလက်တံတွေက ဒီဗာရဲ့ လက်ထဲကနေ ပေါ်ထွက်လာပြီး အဲဒီခဲနက်တုံးကို ပိုပြီး ထင်ရှားတဲ့ ပုံစံတစ်ခု ဖြစ်လာအောင် စတင် ပုံသွင်းပါတော့တယ်။
အဲဒီနောက် အနီရောင် လေဆာတန်းတွေက အဲဒီသတ္တုလက်တံလေးတွေထဲကနေ ထွက်ပေါ်လာပြီး ခဲနက်တုံးကို သံခလုတ်နဲ့ တူတဲ့ ပုံစံမျိုးဖြစ်အောင် ဂဟေဆော် ပုံဖော်လိုက်တယ်။
ဘိုးဟာ ဘာမှမလုပ်နိုင်ဘဲ အဲဒီမြင်ကွင်းကို ပါးစပ်အဟောင်းသားနဲ့ စိုက်ကြည့်နေမိမှန်း မိမိကိုယ်မိမိ သတိမထားမိခဲ့ဘူး။ ဒါက သူမအတွက် ဒီလောက် ဆန်းပြားတဲ့ အရာမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပါပဲ။
ပုံမှန်ဆိုရင် ဒီဗာတွေရဲ့ ပုံပန်းသဏ္ဌာန်နဲ့ သူတို့ရဲ့ တန်ခိုးတွေက သဘာဝတရားထဲမှာ မြင်တွေ့နိုင်တဲ့ အရာတွေကိုပဲ ထင်ဟပ်လေ့ရှိတယ်။ ဒါပေမဲ့ မိုက်ကယ်ရဲ့ သတ္တုလက်မောင်း ဒီဗာကတော့ သူမ တစ်ခါမှ မတွေးမိဖူးတဲ့ နည်းလမ်းတွေနဲ့ လှုပ်ရှားနေတာပါ။ အဲဒါက သူ့ရဲ့ သွေးကြောတွေထဲမှာ အလင်းရောင်တွေ အစားထိုးထားသလိုမျိုး တောက်ပလို့ တောင် နေသေးတယ်။
သူမက မိမိရဲ့ နောက်ဆုံး တိုက်ကွက်ကို ချက်ချင်းပဲ ဖန်တီးလိုက်တယ်။
မီးခိုးရောင်တွင်းနက်က ဖျက်ဆီးအား ပြင်းချင်ပြင်းမယ်၊ ဒါပေမဲ့ မြန်တော့မမြန်ဘူး။ ဒါနဲ့တင် မိုက်ကယ်ကို ထိမှန်အောင် သူမ လုပ်နိုင်မှာ မဟုတ်ဘူး။
ဒါပေမဲ့ အဲဒီနေရာမှာပဲ သူမရဲ့ ပေါင်းစည်းထားတဲ့ စွမ်းရည်က အသုံးဝင်လာတာ ဖြစ်တယ်။
သူမက လက်နှစ်ဖက်လုံးကို သုံးပြီး မီးခိုးရောင်တွင်းနက်ကို လက်ဝါးနဲ့ ထိတွေ့လိုက်တယ်။
အဲဒီနောက်မှာတော့ ချက်ချင်းဆိုသလို လုံးဝ ဖြူစင်တောက်ပတဲ့ အလင်းရောင်က သူမရဲ့ လက်တွေထဲကနေ ထွက်ပေါ်လာပြီး မီးခိုးရောင်တွင်းနက်ကို မိုက်ကယ်ဆီ တွန်းထုတ်လိုက်ရာ မယုံနိုင်စရာ အရှိန်နှုန်းတွေအထိ မြန်ဆန်သွားတော့တယ်။
* * * * * * * *
စာစဉ်(၄၉)
အခန်း(၅၇၈)
ဘိုးဟာ သူမဆီမှာရှိသမျှ စွမ်းအင်အားလုံးကို လက်နှစ်ဖက်ဆီ စုပြုံထုတ်လွှတ်လိုက်ပါတယ်။
သူမလက်ဖဝါးပေါ်က အလင်းတန်းတိုင်ကြီးတွေဟာ ပိုပြီးတော့ကို ထိန်လင်းတောက်ပလာခဲ့ပြီး မီးခိုးရောင်တွင်းနက် ကို အရင်ကထက် ပိုမိုမြန်ဆန်၊ ပိုမိုပြင်းထန်တဲ့ အရှိန်အဟုန်လှိုင်းတွေနဲ့ ပြင်းထန်စွာ တွန်းထုတ်ပစ်လိုက်နိုင်တယ်။
ဖျက်ဆီးအား အလွန်ပြင်းထန်လှတဲ့ စွမ်းအင်လှိုင်းကြီးဟာ ရှေ့ဆီကို တရှိန်ထိုး တိုးဝှေ့တက်လှမ်းသွားခဲ့ပြီး ပြိုကျပျက်စီးနေတဲ့ ဖန်ခုံးကြီးဘေးပတ်ပတ်လည်က ဖန်ကွဲစတွေနဲ့ သံတိုသံစ အပိုင်းအစအားလုံးကို ပြာမှုန့်အဖြစ် မှုန့်မှုန့်ညက်ညက် ချေမှုန်းပစ်လိုက်ပါတော့တယ်။
၎င်းရဲ့ အရှိန်အဟုန်ကလည်း တစ်စက္ကန့်ထက်တစ်စက္ကန့် တစ်ဟုန်ထိုး ပိုမိုမြန်ဆန်လာနေခဲ့ပြီး တကယ်လို့သာ ဒါကို မတားဆီးနိုင်ခဲ့ဘူးဆိုရင် အလင်းတန်းတိုင်ကြီးတွေရဲ့ မယုံနိုင်လောက်တဲ့ အရှိန်နှုန်းလောက်အထိကို တဟုန်ထိုး ရောက်ရှိသွားတော့မှာ အသေအချာပါပဲ။
မီးခိုးရောင်တွင်းနက်က မိုက်ကယ်နဲ့ မီတာအနည်းငယ်အကွာလောက်ပဲ လိုတော့တဲ့ အခိုက်အတန့်ဆီ ရောက်လာတဲ့အချိန်မှာတော့၊ ပြင်းထန်လှတဲ့ ဖျက်ဆီးခြင်း အရှိန်အဝါလှိုင်းက သူ့ရဲ့ ပတ်ပတ်လည်က အရာအားလုံးကို ရက်ရက်စက်စက် ဝါးမြိုနေပြီ ဖြစ်ပါတယ်။
သူ့ရဲ့ ခြေထောက်အောက်က မြေပြင်ကျောက်သားတွေဟာ ဝုန်းခနဲ အောက်ဘက်ဆီ ပြိုကျပျက်စီးသွားခဲ့ရပြီး သူကိုယ်တိုင် ခြေချရပ်တည်နေတဲ့ နေရာကွက်ကွက်ကလေး သက်သက်ပဲ နောက်ဆုံးမှာ ကျန်ရစ်ပါတော့တယ်။ သူ့ရဲ့ အကြွင်းမဲ့သဟဇာတအကာအကွယ်ကနေ ကြီးမားလှတဲ့ ဆွဲငင်အားရေစီးကြောင်းကြီးရဲ့ ဖိအားကို အတင်းအကျပ် တောင့်ခံခုခံတိုက်ခိုက်နေရတဲ့အတွက်၊ ဒိုင်းမျက်နှာပြင်ပေါ်ကနေ မှော်မီးပွားတွေဟာ တဖျတ်ဖျတ်နဲ့ ဘေးဆီ လွင့်စင်ထွက်နေခဲ့ရတယ်။
နောက်ဆုံး အဆုံးအဖြတ် အခိုက်အတန့်မှာတော့၊ ပြင်ဆင်ပြီးသားဖြစ်တဲ့ ခဲမဖြူတုံးကြီးက မိုက်ကယ်ရဲ့ လက်ထဲဆီကို လျှပ်ခနဲ ကျဆင်းလာခဲ့ပါတယ်။ ဒီပုံသဏ္ဌာန်က သူ့အတွက်တော့ တကယ့်ကို ရင်းနှီးပြီးသား အရာတစ်ခုပါပဲ။ သူ့ရဲ့ အရင်ကမ္ဘာတုန်းကဆိုရင်တော့ ဒါကို ရှေးဟောင်းပစ္စည်းတစ်ခုအနေနဲ့ပဲ သတ်မှတ်ကြမှာ ဖြစ်ပါတယ်။
ဒီခဲမဖြူတုံးကြီးက အလယ်မှာ အပေါက်နှစ်ပေါက်ပါဝင်ပြီး အထဲမှာ အလိပ်လိုက်ခွေထားတဲ့ ကြိုးမျှင်လေးတွေကို ဝှက်ဖုံးထားတဲ့ ကတ်ဆက်တိပ်ခွေတစ်ခုရဲ့ ပုံစံမျိုးနဲ့ တော်တော်လေးကို ဆင်တူနေတာ ဖြစ်လို့ပါပဲ။ ခဲမဖြူတုံးရဲ့ အပေါ်ဘက် မျက်နှာပြင်မှာတော့ ဆန့်ကျင်ဘက် အရပ်မျက်နှာအသီးသီးဆီကို မျက်နှာမူထားတဲ့ အလျားလိုက် တြိဂံပုံစံ ခလုတ်နှစ်ခု ရှိနေခဲ့ပါတယ်။
မီးခိုးရောင်တွင်းနက်က မိုက်ကယ်ရဲ့ ရောင်စုံသဟဇာတ အကာအကွယ်ဒိုင်းကို ဝုန်းခနဲ ဝင်ဆောင့်တော့မယ့် မီလီစက္ကန့်အလို ဆဲဆဲမှာပဲ၊ သူက ခဲမဖြူတုံးပေါ်က အဲဒီခလုတ်ကို ချက်ချင်း နှိပ်လိုက်ပြီး မီးခိုးရောင်တွင်းနက်ရှိရာဆီကို အားပြင်းပြင်းနဲ့ လွှတ်ပစ်လိုက်ပါတော့တယ်။
ခဲမဖြူတုံးက ပြေးဝင်လာတဲ့ မီးခိုးရောင်တွင်းနက်နဲ့ ထိတွေ့မိသွားတာနဲ့ တစ်ပြိုင်နက်တည်းမှာပဲ၊ မျက်စိနဲ့မမြင်နိုင်တဲ့ ပြင်းထန်လှတဲ့ တုန်ခါမှုလှိုင်းကြီးတစ်ခုက စွမ်းအင်နယ်ပယ်တစ်ခုလုံးကို ဖြောင်းခနဲ သွားရောက်ရိုက်ခတ်သွားခဲ့တယ်။
ချက်ချင်းဆိုသလိုပဲ စွမ်းအင်လှိုင်းကြီးဟာ ၎င်းရဲ့ ရှေ့ဆက်တိုးမယ့် အရှိန်အဟုန်တွေအားလုံး ရုတ်တရက် ရပ်တန့်သွားခဲ့ရပြီး၊ မှော်ခလုတ်ကို ပိတ်ပစ်လိုက်သလိုမျိုး တစ်နေရာတည်းမှာတင် ဆတ်ခနဲ တောင့်ခဲသွားခဲ့ရပါတယ်။
ဒါပေမဲ့ စက္ကန့်ပိုင်းမျှသာ ကြာလိုက်ပြီးတဲ့နောက်မှာတော့၊ မီးခိုးရောင်တွင်းနက်က ထူးဆန်းစွာနဲ့ နောက်ပြန်ရွေ့လျားလာခဲ့ပြီး၊ ၎င်းရဲ့ လမ်းကြောင်းက အစောပိုင်းက တက်လှမ်းလာခဲ့တဲ့ နေရာဟောင်းဆီကိုပဲ ဇောက်ထိုး ပြန်လည်လှည့်ပတ်သွားပါတော့တယ်။
အရှိန်နဲ့ နောက်ပြန်ရွေ့လျားသွားတဲ့ တစ်လျှောက်လုံးမှာ မိုက်ကယ်ကတော့ လေထဲက ဖန်မှုန့်လေးတွေဟာ ဆန်းကြယ်စွာနဲ့ ခိုင်မာတဲ့ အပိုင်းအစတစ်ခုအဖြစ် ပြန်လည်ပြီးတော့ စည်းလုံးစုစည်းသွားကြကာ၊ မူလအတိုင်း ကြည်လင်ပြတ်သားတဲ့ ဖန်ကွဲစလေးတွေအဖြစ် ပြန်လည်ပုံပေါ်လာတာကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရတာ ဖြစ်ပါတယ်။
အဏုမြူအဆင့်အထိ ကြေမွပျက်စီးသွားခဲ့ရတဲ့ မြေပြင်ကျောက်သားတွေကအစ ပြန်လည်ပြီးတော့ တစ်သားတည်း ပေါင်းစည်းသွားခဲ့ရပြီး၊ ကြမ်းပြင်ရဲ့ မူလ တည်နေရာအသီးသီးဆီကို အက်ကွဲကြောင်းမရှိ ပြန်လည်ရောက်ရှိသွားကြတာ ဖြစ်ပါတယ်။ မီးခိုးရောင်တွင်းနက်ကြောင့် ဖြစ်ပျက်ခဲ့သမျှသော ပျက်စီးဆုံးရှုံးမှု မှန်သမျှအားလုံးဟာ မူလအခြေအနေဆီကို ပြောင်းပြန်ပြန်လည်ရောက်ရှိသွားခဲ့ရပြီး၊ စောစောက ဘာအက်ကွဲကြောင်းမှ မဖြစ်ပျက်ခဲ့ဖူးသလိုမျိုး မူလအတိုင်း ဖြစ်သွားခဲ့ရတယ်။
ဘိုးဟာ ဧရာမမီးခိုးရောင်တွင်းနက်ကြီးက သူမရှိရာဆီကိုပဲ တစ်ရှိန်ထိုး ပြန်လည်ဦးတည်လာနေတာကို မြင်တွေ့လိုက်ရပြီးနောက်၊ အံ့ဩလွန်းလှတာကြောင့် တစ်ကိုယ်လုံး ဆွံ့အလို့ မှင်တက်သွားရရှာပါတယ်။ အခုအချိန်မှာတော့ သူမအနေနဲ့ ဒါကို လုံးဝဥဿုံ ထိန်းချုပ်လို့ မရတော့ပါဘူး။
မီးခိုးရောင်တွင်းနက်ကို မိုက်ကယ်ရှိရာဆီကို ပြန်လည်တွန်းထုတ်ပစ်ဖို့အတွက် သူမရဲ့ ကိုယ်ပိုင်မှော်စွမ်းအားတွေကို သုံးပြီး ဘယ်လောက်ပဲ အားစိုက်ထုတ် ကြိုးစားပါစေဦးတော့၊ သူမရဲ့ အားထုတ်မှုအားလုံးက ခိုင်မာလှတဲ့ သံမဏိနံရံကြီးတစ်ခုကို အတင်းတွန်းနေရသလိုမျိုးပဲ၊ သူမဆီကိုပဲ ပြင်းပြတ်စွာ ပြန်လည်သက်ရောက်လာခဲ့ရတာ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ မီးခိုးရောင်တွင်းနက်ဟာ သူမရဲ့ မူလနေရာဟောင်းဆီကိုပဲ ကွက်တိ ပြန်လည်ရောက်ရှိသွားခဲ့ရပြီး၊ အလင်းတန်းတိုင်ကြီးတွေလည်း သူမရဲ့ လက်ဖဝါးတွေဆီကိုပဲ ဆန်းကြယ်စွာ ပြန်လည်ဝင်ရောက် ပျောက်ကွယ်သွားပါတော့တယ်။
အဲဒီနောက် သိပ်မကြာလိုက်ပါဘူး။ ဘလက်ဟိုး နဲ့ ဝှိုက်ဟိုး ဟာ အစောတုန်းက ပထမဆုံး ဖန်တီးခဲ့စဉ်ကအတိုင်းပဲ၊ အရှိန်အဟုန်ပြင်းစွာနဲ့ အချင်းချင်း နှစ်ခုပြန်လည်ကွဲထွက်သွားကြပြီး ဝေဟင်ဟင်းလင်းပြင်ထဲမှာတင် အစအနမကျန် ပျောက်ကွယ်သွားခဲ့ပါတော့တယ်။
ဒါကတော့ တခြားမဟုတ်ဘဲ မိုက်ကယ်ရဲ့ စွမ်းရည်အသစ် ပဲ ဖြစ်ရမှာပေါ့။
သူဟာ အရာဝတ္ထုတစ်ခုခုရဲ့ အရှိန်အဟုန်နဲ့ ၎င်းရဲ့ အချိန် ပါ လုံးဝ ပြောင်းပြန် နောက်ပြန်လှည့်ပစ်နိုင်စွမ်း ရှိသွားခဲ့တာ ဖြစ်ပါတယ်။ သက်ရှိသတ္တဝါတွေရဲ့ ရှုပ်ထွေးလှတဲ့ ရုပ်ပိုင်းဆိုင်ရာ ပျက်စီးယိုယွင်းမှု ဒဏ်ရာတွေကိုတောင်မှ၊ သူ့ရဲ့ ဒီ ခဲမဖြူခလုတ်ကလေးနဲ့သာ အပိုင်ချဆက်လိုက်မယ်ဆိုရင်၊ မူလပကတိအတိုင်း ကောင်းမွန်တဲ့ အခြေအနေကို မဖြစ်မနေ ပြန်လည်ရောက်ရှိသွားစေရမှာ အသေအချာပါပဲ။
ဘိုးတစ်ယောက်တော့ တကယ့်ကို ဆွံ့အအံ့ဩသွားရရှာပါတယ်။ သူမရဲ့ စွမ်းအင်အားလုံးကို ပုံအောပြီး ထုတ်သုံးခဲ့တဲ့ နောက်ဆုံးပိတ် လျှို့ဝှက်တိုက်ကွက်ကြီးက ဘာမှမဖြစ်ပျက်ခဲ့ဖူးသလိုမျိုး နောက်ပြန်လည်သွားတာကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရတာကတင်၊ သူမရဲ့ ပြင်းပြလှတဲ့ တိုက်ခိုက်လိုစိတ် စိတ်ဓာတ်ကို အရင်းကနေ အမြစ်အထိ ချိုးနှိမ်ဖျက်ဆီးပစ်ဖို့အတွက် တကယ့်ကို လုံလောက်သွားခဲ့ပြီလေ။
သူမက အဆင့် ၆ မှာ ရောက်ရှိနေတာတောင်မှ၊ မိုက်ကယ်ကတော့ အဆင့် ၄ သမားတစ်ယောက် အနေနဲ့တင် သူမရဲ့ အစွမ်းထက်လှတဲ့ စွမ်းရည်တွေကို အထက်ကနေ အပြည့်အဝ လွှမ်းမိုးချုပ်ကိုင်သွားနိုင်ခဲ့ဆဲပါပဲ။
သူမအနေနဲ့ တုန်လှုပ်ခြောက်ခြားနေတဲ့ စိတ်ကို ပြန်လည်မစုစည်းနိုင်သေးခင် အခိုက်အတန့်မှာတင်၊ မိုက်ကယ်က သူမရဲ့ ရှေ့တည့်တည့်ဆီမှာ လျှပ်ခနဲ ပေါ်လာခဲ့ပြီး သူမရဲ့ ရင်ဘတ်ဆီကို နောက်ထပ် ခဲမဖြူနောက်ပြန်လှည့်ဘူးတစ်ခုကို ချက်ချင်း လာရောက်ကပ်လိုက်ပြန်ပါတယ်။
ချက်ချင်းဆိုသလိုပဲ ဖင်းမ်နဲ့ တန်ဇင်းတို့ရဲ့ စွမ်းရည်တွေ အတူတူပေါင်းစပ်ထားခဲ့တဲ့ အလင်းမှော်စွမ်းအင် မြူလှိုင်းတွေဟာ၊ သူမရဲ့ ရင်ဘတ်အတွင်းထဲကနေ အပြင်ဘက်ဆီကို လွင့်ပျံထွက်ပေါ်လာတော့တာ ဖြစ်ပါတယ်။ ဒီပေါင်းစပ်စွမ်းအင်ကြီးက လေထုထဲမှာတင် တစ်စုချင်းစီ သီးခြားစီ ပြန်လည်ကွဲထွက်သွားခဲ့ပြီး၊ သူမရဲ့ လက်မောင်းနှစ်ဖက်ဆီကိုပဲ ပြန်လည်ကူးစက် ရောက်ရှိသွားခဲ့ရတယ်။
ဒါပေမဲ့ စွမ်းအားနောက်ပြန်လှည့်တဲ့ ဆန်းကြယ်တဲ့ ဖြစ်စဉ်က ဒီတင်တင်နဲ့ ရပ်တန့်မသွားခဲ့ပါဘူး။
ရင်ဘတ်ထဲက အလင်းမှော်စွမ်းအင်တွေက သူမရဲ့ ခန္ဓာကိုယ်ထဲကနေ လုံးဝဥဿုံ လွင့်ပျံထွက်ခွာသွားခဲ့ပြီး၊ ကောင်းကင်ယံအမြင့်ကြီးထဲကို ဝဲပျံတက်လှမ်းသွားကာ၊ ၎င်းတို့ရဲ့ မူလပိုင်ရှင်အစစ်အမှန်တွေ ဖြစ်ကြတဲ့ ဖင်းမ်နဲ့ တန်ဇင်းတို့ရှိရာ ဆီကိုပဲ အဝေးဆီ ပြန်လည်ရောက်ရှိသွားကြပါတော့တယ်။
ဘိုးဟာ တစ်ကိုယ်လုံးမှာ ရှိသမျှ အင်အားတွေအားလုံး တစ်ချက်တည်းနဲ့ ချိနဲ့ပြတ်တောက်သွားသလိုမျိုး ဆိုးရွားစွာ ခံစားလိုက်ရပြီး၊ နောက်ဆုံးမှာတော့ မြေပြင်ပေါ်ကို ဒူးထောက်ကျသွားခဲ့ရရှာပါပြီ။ ဒီအစွမ်းထက်စွမ်းရည်တွေသာ သူမဆီမှာ မရှိတော့ဘူးဆိုရင်၊ သူမအနေနဲ့ မိုက်ကယ်ကို ဘယ်လိုနည်းနဲ့မှ ဆက်လက်ပြီး ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း ရှိတော့မှာ မဟုတ်ဘူးလေ။
ဒါတင် မလုံလောက်သေးသလိုမျိုး၊ သူမရဲ့ နောက်ကျောဘက်တည့်တည့်ဆီမှာ မိုက်ကယ်ရဲ့ ဒရုန်း ရောက်ရှိနေရာယူထားတာကို ရက်စက်စွာ ဗီဇအသိနဲ့ ခံစားမိလိုက်ပြီး၊ ချွန်ထက်လှတဲ့ သဟဇာတသေနတ်ပြောင်းဝက သူမဆီကို ကွက်တိ ချိန်ရွယ်ထားကာ ဘယ်အချိန်မဆို အသက်ပျောက်အောင် ပစ်ခတ်ပစ်ဖို့ အဆင်သင့် ဖြစ်နေပြီဆိုတာကိုပါ သဘောပေါက်လိုက်မိပါတယ်။
ဒါကတော့ သူမအတွက် နောက်ဆုံး အဆုံသတ် သတ်မှတ်ချက် စည်းမျဉ်းကြီးပါပဲ။ သူမဟာ အက်ကွဲနေတဲ့ မြေပြင်ကျောက်သားတွေကို အသက်မဲ့စွာ ငုံ့ကြည့်ရင်းနဲ့... 'ငါတော့ လုံးဝ ဥဿုံ ရှုံးနိမ့်သွားခဲ့ပြီပဲ' ဆိုတဲ့ အမှန်တရားကို နောက်ဆုံးမှာ နာကျင်စွာ သဘောပေါက်လက်ခံလိုက်ပါတော့တယ်။
ဧရာမ လေလံပွဲ ခန်းမကြီးတစ်ခုလုံးဟာလည်း လုံးဝကို တိတ်ဆိတ်ငြိမ်သက်ခြင်းတွေ ကြီးစိုးသွားခဲ့ရပါတယ်။ ခန်းမထဲက လူတိုင်းလူတိုင်းရဲ့ အကြည့်အာရုံစိုက်မှု မှန်သမျှအားလုံးက၊ မိုက်ကယ်နဲ့ ဘိုးတို့ရဲ့ မယုံနိုင်လောက်တဲ့ တိုက်ပွဲပွဲစဉ်ဆီမှာပဲ အပြီးတိုင် စွဲထင်ကျန်ရစ်နေခဲ့ပြီး၊ ရှေ့ဆက်ဖြစ်ပျက်သွားမယ့် အခြေအနေတွေကို မမျှော်လင့်ဘဲ မျက်ခြေပြတ်သွားမှာကို တုန်လှုပ်စွာ စိုးရိမ်နေကြတာကြောင့် အသက်ကိုတောင် ဝဝမရှူရဲကြရှာပါဘူး။
အခုအချိန်မှာ ဘိုးက မြေပြင်ပေါ်မှာ အားအင်ချိနဲ့စွာ ဒူးထောက်ကျနေခဲ့ရပြီး၊ မိုက်ကယ်ကတော့ သူမရဲ့ ရှေ့တည့်တည့်မှာ တည်ငြိမ်စွာ မတ်တတ်ရပ်နေတာကို အထင်အရှား မြင်တွေ့နေရတာတိုင်အောင်၊ လူအမြောက်အမြားကတော့ ဒါကို မျက်လုံးထဲမှာ မယုံနိုင်သေးဘဲ မှင်တက်နေတုန်းပဲ ဖြစ်ရမှာပေါ့။
မိုက်ကယ်... တကယ်ပဲ အပြတ်အသတ် အနိုင်ရရှိသွားခဲ့ပါပြီ။
အခြေအနေအရပ်ရပ် အရပ်မျက်နှာအားလုံးက သူ့အတွက် အစွမ်းကုန် အဆိုးဆုံးဘက်မှာပဲ ရှိနေခဲ့တာတိုင်အောင်၊ သူကတော့ ရိုင်းဇင်းဆစ်တွေထဲမှာ အသန်မာဆုံး၊ အတောက်ပဆုံးလို့ သတ်မှတ်ထားကြတဲ့ လူသားကိုပါ တကယ်ပဲ အောင်ပွဲခံ ကျော်ဖြတ်ပြနိုင်ခဲ့တာ ဖြစ်ပါတယ်။ အလှည့်အပြောင်း တိုက်ကွက်တိုင်း တိုက်ကွက်တိုင်းမှာ လူတွေက သူဟာ မုချရှုံးနိမ့်တော့မယ်လို့ပဲ တနည်းတဖုံ ထင်မှတ်ခဲ့ကြတာလေ။
ဒါပေမဲ့ သူကတော့... ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် မထင်မှတ်ထားတဲ့ ထူးဆန်းလှတဲ့ လျှို့ဝှက်အရာတွေကို ဝေဟင်ဟင်းလင်းပြင်ထဲကနေ အမိအရ ဆွဲထုတ်ပြသသွားခဲ့ပြီး၊ အရှုံးနဲ့အနိုင်ရဲ့ အဆုံးအဖြတ် ရေစီးကြောင်းကြီးတစ်ခုလုံးကို လုံးဝ ဇောက်ထိုးမိုးမျှော်ဖြစ်သွားအောင် အစွမ်းကုန် ပြောင်းလဲပစ်ခဲ့တာပဲ ဖြစ်ပါတော့တယ်။
မိုက်ကယ် နိုင်သွားပြီ။
အခွင့်အရေးတွေ အားလုံးက သူ့ဘက်မှာ မရှိခဲ့တာတောင်မှ ရိုင်းဇင်းဆစ်တွေထဲက အသန်မာဆုံးသူကို သူက အောင်နိုင်သွားခဲ့ပါပြီ။
အလှည့်အပြောင်းတိုင်းမှာ လူတွေက သူ ရှုံးတော့မယ်လို့ ထင်ခဲ့ကြပေမဲ့ ဘယ်လိုနည်းနဲ့မဆို သူက တစ်ခုခုကို လေထဲကနေ ဆွဲထုတ်ပြလိုက်ပြီး အောင်ပွဲရေစီးကြောင်းကို လုံးဝကို ပြောင်းလဲပစ်ခဲ့တာ ဖြစ်ပါတယ်။
"သူ တကယ်နိုင်သွားတာပဲ... သူ ဘိုးကို အနိုင်ယူလိုက်ပြီ"
"မဖြစ်နိုင်တာ၊ ငါတော့ မယုံနိုင်ဘူး"
"ဒါနဲ့တင် အဖြေထွက်သွားပြီထင်တယ်၊ သူက ရိုင်းဇင်းဆစ်တွေထဲမှာ အသန်မာဆုံး မက်ဂ်နက်တစ် အသစ်ပဲ"
ဒီပွဲစဉ်အတွင်း သူ ဘာတွေလုပ်နိုင်လဲဆိုတာကို ပြသပြီးတဲ့နောက်မှာတော့ မိုက်ကယ်အပေါ် လူတိုင်းရဲ့ အမြင်က လုံးဝကို ပြောင်းလဲသွားခဲ့ရပါပြီ။
သူက ပိုက်ဆံအနည်းငယ်ပဲရှိတဲ့ အမည်မသိကောင်လေးတစ်ယောက်အဆင့်ကနေ သူ့ထက် နှစ်ဆင့်တောင် မြင့်တဲ့သူတွေကိုတောင် အနိုင်ယူနိုင်တဲ့ ဆန်းကြယ်တဲ့ ပါရမီရှင်တစ်ဦး ဖြစ်သွားခဲ့ပါပြီ။
ရက်ပ်တာနဲ့ အာလော့စ်တို့ကို အတူတူအနိုင်ယူခဲ့တုန်းက သူက ရိုင်းဇင်းဆစ်ထဲမှာ နေရာတစ်နေရာ ရခဲ့တာဖြစ်ပေမဲ့ ဘိုးကို အနိုင်ယူလိုက်တာကတော့ သူ့ကို အဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးဆီကို တန်းပြီး ခုန်တက်သွားစေခဲ့တာပါ။
သူ့ရဲ့ ဆန်းကြယ်တဲ့ စွမ်းအားတွေ၊ သူ့ရဲ့ မီသရယ် မှော်ဝင်ပစ္စည်း ပျံသန်းနိုင်တဲ့ လက်နက်... သူ့ပတ်ဝန်းကျင်က အရာအားလုံးက သတင်းလုပ်စရာတွေချည်းပါပဲ။
ဒီလေလံပွဲပြီးရင်တော့ သူ့ရဲ့အမည်က မက်ထရိုပိုလစ် တစ်မြို့လုံးဆီ ပျံ့နှံ့သွားတော့မှာ သေချာပါတယ်။
သူ့ကို တက်သစ်စကြယ်ပွင့်အဖြစ် ဝိုင်းပြီး ချီးကျူးကြမှာပေါ့။
အခုအချိန်မှာတော့ လူအများစုက ရိုင်းဇင်းဆစ် ကုမ္ပဏီတွေကို ရီနေးတားကုမ္ပဏီထက် ပိုကောင်းတယ်လို့ ယူဆနေကြတုန်းပါပဲ။ ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ ဩဇာလွှမ်းမိုးမှုနဲ့ မက်ထရိုပိုလစ်ထဲက အခြေခံအုတ်မြစ်တွေက တော်တော်လေး နက်ရှိုင်းလှသလို ခေါင်းဆောင်တင်မကဘဲ အစွမ်းထက်တဲ့ အဖွဲ့ဝင်တွေလည်း ရှိနေကြတာကိုး။
ဥပမာအားဖြင့် ပိရမစ်ဒစ် ကျူဇင်း ဆိုရင် ကုမ္ပဏီအားလုံးထဲမှာ ပွဲစဉ်ရဲ့ သော့ငါးချောင်းလုံးကို ပထမဆုံး ရရှိခဲ့တာမို့ ဒါကို သက်သေပြပြီးသား ဖြစ်ပါတယ်။ သူတို့က တခြားကစားသမားတွေ သော့မရအောင် တားဆီးနိုင်လောက်တဲ့အထိ သန်မာကြသလို အစကတည်းက သော့ကို ရှာဖွေနိုင်လောက်အောင်လည်း ထက်မြက်ကြတာပဲလေ။
လူအများစုက ရီနေးတားကုမ္ပဏီက သန်မာတာမဟုတ်ဘဲ မိုက်ကယ် တစ်ယောက်တည်းကသာ သန်မာတာလို့ ထင်နေကြတာပါ။
ပြီးတော့ အခုအချိန်အထိ သူ သော့တစ်ချောင်းမှ မရသေးဘူးဆိုတဲ့ အချက်ကလည်း သူတို့ထင်တာ မှန်ကန်ကြောင်း သက်သေပြနေသလိုပါပဲ။
ဒါပေမဲ့ ဒါက မိုက်ကယ်က ဘယ်လောက်တောင် ပါရမီပါပြီး အစွမ်းထက်လဲဆိုတာကို ပိုပြီး ထင်ရှားစေခဲ့ပါတယ်၊ ဘာလို့လဲဆိုတော့ သူက ဒါတွေအားလုံးကို တစ်ယောက်တည်း လုပ်ဆောင်နိုင်ခဲ့တာမို့လို့ပါပဲ။
အမှန်တော့ အခု သူ လုပ်ဖို့လိုတာက ဘိုးကို ပွဲထဲကနေ ထုတ်ပစ်လိုက်ရုံပါပဲ၊ ဒါဆိုရင် သူက ဝိညာဉ်ဆီ လေလံအောင်မြင်မှုကို အလိုအလျောက် ရရှိသွားမှာ ဖြစ်ပါတယ်။
သူ သော့တွေ ဆက်ရှာဖို့ မလိုတော့ပါဘူး။
* * * * * * * *
ဘိုးက မြေပြင်ပေါ်မှာ ဒူးထောက်နေရင်း မျက်လုံးတွေကို ပိတ်ထားလိုက်ပြီး သူမရဲ့ ရင်ဘတ်ကို ဖောက်ထွက်သွားမယ့် သဟဇာတအလင်းတန်းကို မလွှဲမရှောင်သာ စောင့်ဆိုင်းနေမိတယ်။
ဒါပေမဲ့ စက္ကန့်အနည်းငယ် ကြာသွားတဲ့အထိ ဘာမှဖြစ်မလာခဲ့ပါဘူး။
သူမက မိုက်ကယ်ကို ဇဝေဇဝါနဲ့ မော့ကြည့်လိုက်မိတယ်။
"မင်းက ငါ အရှုံးပေးမှာကို စောင့်နေတာဆိုရင်တော့ မင်းစိတ်ပျက်သွားရလိမ့်မယ်၊ ငါ ဘယ်တော့မှ အရှုံးပေးမှာ မဟုတ်ဘူး" လို့ သူမက သူ့ကို ပြောလိုက်တယ်။
မိုက်ကယ်က ပုခုံးတွန့်ပြလိုက်ပြီး "မင်း အရှုံးပေးဖို့ ငါ မလိုချင်ပါဘူး"
"ဒါဆို မင်း ငါ့ကို ပွဲထဲက ဘာလို့ အခုထိ ထုတ်မပစ်သေးတာလဲ၊ မင်း ဝိညာဉ်ဆီတွေကို ကိုယ်ပိုင်မရချင်ဘူးလား" လို့ သူမက သူ ဘာကို စောင့်နေလဲဆိုတာ ဇဝေဇဝါဖြစ်ရင်း မေးလိုက်မိတယ်။
ဒါပေမဲ့ စက္ကန့်ပိုင်းအကြာမှာပဲ သူမ တစ်ခုခုကို ရိပ်မိသွားခဲ့ပါပြီ။
"မင်း... မင်းရဲ့ အသင်းဖော်တွေ သော့တွေရလာမယ့်အချိန်ကို စောင့်နေတာတော့ မဟုတ်ပါဘူးနော်"
သူက ပြုံးလိုက်ရင်း "ဟုတ်တယ်လေ"
"မင်း ငါ့ကို အနိုင်ယူလိုက်ရုံနဲ့ အဲဒီ ဆီတွေကို ရမှာလေ၊ ဒါကို မင်း သိရဲ့လား"
သူက ခပ်လှမ်းလှမ်းက အလင်းမပေါက်တဲ့ အကန့်လိုက်ဆီကို လှမ်းကြည့်လိုက်တယ်။
"ငါ သူတို့ကို ယုံကြည်တယ်၊ သူတို့ အောင်မြင်အောင် လုပ်နိုင်မှာပါ၊ မင်း စောင့်ကြည့်နေလိုက်"