← Chapters

အခန်း ၃၃၁

Vol. 24 Ch. 331

အခန်း ၃၃၁

Vol. 24 Ch. 331

အပိုင်း(၃၃၁)

ရိုးရိုးရှင်းရှင်း ပြောရမည်ဆိုလျှင်... ဤထိုက်ကျိ ယင်ယန်အိုးသည် အနည်းငယ်တော့ ထူးဆန်းနေလေသည်။ သူ၏ ယခင်ဘဝက ထမင်းစားပွဲသည် လူအချင်းချင်းကြားရှိ အကွာအဝေးကို နီးကပ်သွားစေရန် အကောင်းဆုံး ကြားခံနယ်တစ်ခု ဖြစ်ခဲ့သည်။ ထို့ကြောင့်ပင် ထိုခေတ်က အတူတကွ စားသောက်ခြင်း ယဉ်ကျေးမှုသည် အလွန် ရေပန်းစားခဲ့ခြင်း ဖြစ်ပေသည်။

သို့သော် ဤယင်ယန်အိုးကြီးသည် ထိုအကျိုးသက်ရောက်မှုကို လှုံ့ဆော်ပေးနိုင်ရုံသာမက ကြီးမားစွာပင် ချဲ့ကားပေးနိုင်စွမ်း ရှိနေပုံပေါ်လေသည်။

တကယ်တမ်းတွင် စွန်းဝူခုန်းနှင့် အခြားသူများသာမက ကျန်းလျိုကိုယ်တိုင်ပင် သူ၏ တပည့်များနှင့် ဆက်ဆံရေးမှာ ပိုမိုနက်ရှိုင်းသွားသကဲ့သို့ ခံစားနေရသည်။ အမှန်ဆိုရလျှင် ရှားဝူကျင်း၏ အခြေအနေကို မေးမြန်းနေစဉ်တွင် သူ၏ စိတ်ထဲ၌ အတွေးတစ်ခုပင် ဖြတ်ပြေးသွားခဲ့သေးသည်။

ယင်းမှာ သူသည် ရှားဝူကျင်းကို အနောက်အရပ်သို့ ကျမ်းစာပင့်ဆောင်မည့် အဖွဲ့ထဲမှ မောင်းထုတ်ရမည့် တာဝန်ကို ပြီးမြောက်အောင် မလုပ်နိုင်ခဲ့လျှင်တောင်မှ မည်သည့် ပြစ်ဒဏ်မှ ရှိလာမည်မဟုတ်ဟု ထင်ရပေသည်။ ပြဿနာမရှိဘူးဆိုလျှင် သူ့ကို ဘာလို့ ဆက်မခေါ်ထားရမှာလဲဟူသော အတွေးမျိုး ဖြစ်သည်။

ကျူးပါကျဲနှင့် အခြားသူများအား ပန်းကန်များနှင့် ယင်ယန်အိုးကြီးကို သိမ်းဆည်းခိုင်းပြီးနောက် ကျန်းလျိုသည် ထမင်းစားပွဲ၌ သူ တွေးခဲ့မိသော အတွေးကို ပြန်လည်သတိရသွားကာ စိတ်ထဲမှ လန့်ဖြန့်သွားခဲ့လေသည်။

အခြားသူများ၏ စိတ်ခံစားမှုများကို မသိမသာ လွှမ်းမိုးနိုင်သော ဤယင်ယန်အိုး၏ အစွမ်းသည် အမှန်တကယ်ပင် ဗုဒ္ဓဘာသာဂိုဏ်း၏ မိစ္ဆာပူးကပ်စေသော နည်းစနစ်များနှင့် အနည်းငယ် ဆင်တူနေလေသည်။

သူ ကြိုတင် သတိထားမိနေသည်မှာလည်း ကံကောင်းလှပေသည်။ ထို့ကြောင့် သူကိုယ်သူ ထိန်းချုပ်နိုင်ခဲ့ပြီး သူပြောရန် တွန့်ဆုတ်နေခဲ့သော စကားများကိုပင် မြိုသိပ်ထားနိုင်ခဲ့သည်။

ယခု ပြန်တွေးကြည့်သောအခါ အကယ်၍သာ သူ ကြိုတင်သတိမထားမိခဲ့ပါက လူတိုင်းကို ဦးဆောင်ပြီး နတ်ဘုရားများနှင့် ဗုဒ္ဓများကို မှောက်လှန်ပစ်မည့် သူ၏ အစစ်အမှန် အစီအစဉ်ကို ရှားဝူကျင်းအား ရင်ဖွင့်ကာ တကယ်ပဲ ပြောပြမိသွားမလား မသိနိုင်ပေ။

ထမင်းစားပွဲ၌ သူသည် ရှားဝူကျင်းအား မသိစေချင်သော ကိုယ်ရေးကိုယ်တာ ကိစ္စအချို့ရှိလာခဲ့လျှင် ရူလိုင်ဘုရားကို ပြောပြမည်လားဟု တမင်သက်သက် မေးမြန်းခဲ့သည်။

ထိုအချိန်က ရှားဝူကျင်းမှာ တွေဝေသွားခဲ့ပြီး ပြောရမလား မပြောရဘူးလား ဆိုသည်ကို ဗျာများနေခဲ့သည်။

သို့သော် ထိုအရာက 'စေတနာ' အထူးစွမ်းရည်၏ သက်ရောက်မှုကြောင့်သာ ဖြစ်ပေသည်။

ပုံမှန်အားဖြင့် 'စေတနာ' အထူးစွမ်းရည်၏ လွှမ်းမိုးမှုသာ မရှိခဲ့လျှင် ရှားဝူကျင်းသည် ဆက်လက် တွေဝေနေဦးမည်လား။ အထင်အရှားပင် သူက ရူလိုင်ဘုရားအား သေချာပေါက် ပြောပြပေလိမ့်မည်။

ဤသို့ တွေးမိသောအခါ ကျန်းလျိုသည် စိတ်ထဲမှ လန့်ဖြန့်သွားခဲ့ပြီး ယင်ယန်အိုး၏ စွမ်းရည်အချက်အလက်များကို သူ မြင်တွေ့နိုင်ခဲ့ခြင်းအတွက် ကျေးဇူးတင်မိလေသည်။

တစ်ချိန်တည်းမှာပင် ကျန်းလျို၏ ရင်ထဲ၌ အလျင်စလိုဖြစ်မှုတစ်ခုကိုလည်း ခံစားလိုက်ရသည်။ ရှားဝူကျင်းကို အဖွဲ့ထဲတွင် ဆက်လက် ခေါ်ထားခြင်းက အမှန်တကယ်ပင် ဆိုးကျိုးများ ရှိနေပေသည်။

ထိုအရာက အဆင်မပြေချေ။ သူ့ကို အဖွဲ့ထဲကနေ အမြန်ဆုံး မောင်းထုတ်ဖို့ နည်းလမ်းတစ်ခုကို သေချာပေါက် ရှာရမည်။

"ဆရာတော်... ဘာတွေ တွေးနေတာလဲ..."

ကျူးပါကျဲနှင့် အခြားသူများမှာ ပန်းကန်ခွက်ယောက်များကို လျင်မြန်စွာ ရှင်းလင်းသိမ်းဆည်း ပြီးစီးသွားခဲ့ပြီးနောက် ကျန်းလျို တစ်ယောက် စဉ်းစားခန်းဝင်နေသည်ကို မြင်လိုက်ရသောအခါ စွန်းဝူခုန်းက အနားသို့ချဉ်းကပ်လာကာ မေးလိုက်သည်။

"အို... ဘာမှမဟုတ်ပါဘူး… မင်းသမီး ပိုင်ဟွာရှို့ကို ဖမ်းသွားတဲ့ မိစ္ဆာကောင် ဘယ်မှာရှိနေမလဲဆိုတာကို ငါ စဉ်းစားနေတာပါ..."

စွန်းဝူခုန်း၏ အမေးကို ကြားသောအခါ ကျန်းလျိုက အကြောင်းပြချက်တစ်ခုကို ပေါ့ပေါ့ပါးပါး ရှာဖွေကာ ပြန်ဖြေလိုက်လေသည်။

"ဟင်... ခင်ဗျားတို့က ကျွန်တော့်အမေကို သိလို့လား..."

သို့သော် ကျန်းလျို၏ စကားအဆုံးတွင် ထူးကဲလှပသော နတ်စံအိမ်တော် အပြင်ဘက်မှ ကလေးဆန်ဆန် အသံလေးတစ်ခုက ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။

"ဘာလဲဟ..."

အပြင်ဘက်မှ အော်ခေါ်သံကို ကြားလိုက်ရသောအခါ ကျန်းလျိုနှင့် အခြားသူများ အနည်းငယ် လန့်ဖြန့်သွားကြလေသည်။

သူတို့ အံ့သြနေစဉ်မှာပင် ကလေးငယ်တစ်ဦး ဝင်ရောက်လာသည်ကို မြင်တွေ့လိုက်ရလေသည်။

ထိုကလေးငယ်မှာ အသက်ခုနစ်နှစ်၊ ရှစ်နှစ်ခန့် အရွယ်ရှိပြီး မည်သည့်တိရစ္ဆာန်မှန်းမသိရသော သားရေများဖြင့် ချုပ်လုပ်ထားသည့် အဝတ်အစားကို ဝတ်ဆင်ထားကာ စူးရှကြည်လင်သော မျက်လုံးများနှင့် သန့်ရှင်းသပ်ရပ်သော ရုပ်ရည်သွင်ပြင် ရှိလေသည်။

အိတ်ကပ်ထဲ လက်နှိုက်ထားပြီး ပါးစပ်တွင် သစ်ကိုင်းခြောက်လေး တစ်ကိုင်းကို ကိုက်ထားကာ အလွန်မိုက်ပြီး ဂိုက်ဖမ်းထားသော ဟန်ပန်ဖြင့် လျှောက်လှမ်း ဝင်ရောက်လာလေသည်။

"ကလေး... ခုနက ဘာပြောလိုက်တာလဲ… ပိုင်ဟွာရှို့ မင်းသမီးက မင်းရဲ့အမေ ဟုတ်လား..."

ကလေးငယ် ဝင်လာသည်ကို မြင်သောအခါ ကျန်းလျိုသည် တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် မေးလိုက်လေသည်။

"အင်း... ဒီအိမ်က တော်တော်လေး ကောင်းတာပဲ… ငါ့အိမ်လောက် မကြီးပေမဲ့ အားလုံးက တော်တော်လေးကို သေသပ်လှပတယ်… ဒီလိုနေရာမျိုးမှာ ဒီလောက်ကောင်းတဲ့အိမ် ရှိနေမယ်လို့ မထင်ထားခဲ့ဘူး..."

အသက်ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦးသာ ဖြစ်သော်လည်း ဂိုက်ဖမ်းကာ မာနထောင်လွှားနေသော ဟန်ပန်ဖြင့် ထိုကလေးငယ်သည် ပတ်ဝန်းကျင်ကို လိုက်လံကြည့်ရှုနေသည်။ ပြီးနောက် ထူးကဲလှပသော နတ်စံအိမ်တော်ကို အတော်လေး သဘောကျကျေနပ်နေဟန်ဖြင့် လူကြီးတစ်ယောက်ကဲ့သို့ သူ၏ ပွင့်လင်းသော မှတ်ချက်ကို ပေးလိုက်လေသည်။

"ဒီကလေးစုတ်လေး... ငါ့ဆရာတော် ပြောနေတာကို မကြားဘူးလား..."

ကလေးငယ်၏ ဆီလျော်မှုမရှိသော စကားများကို မြင်လိုက်ရသောအခါ မိမိကိုယ် မိမိ ကျန်းလျို၏ ထိပ်တန်းတပည့်ရင်းဟု သတ်မှတ်ထားသော ကျူးပါကျဲက မကြည်လင်သော လေသံဖြင့် ပထမဆုံး မတ်တပ်ရပ်ကာ ဝင်ပြောလိုက်လေသည်။

"သူများအိမ်ထဲကို ဇွတ်ဝင်လာတာ ဟုတ်လား... အင်း... မင်းလို ဝက်ခေါင်းနဲ့ကောင် ပြောတာလည်း အဓိပ္ပာယ်ရှိသားပဲ..."

ကျူးပါကျဲ၏ စကားကို ကြားသောအခါ ထိုကလေးငယ်က အဓိပ္ပာယ်ရှိသည်ဟု ယူဆဟန်ဖြင့် သဘောတူညီစွာ ခေါင်းညိတ်လိုက်ပြီး ဆက်ပြောလိုက်သည်။

"ဒါဆိုလည်း ဘာဖြစ်လဲ… အခုကစပြီး ဒီနတ်စံအိမ်တော်က ငါ့ဟာပဲ… မင်းတို့အားလုံး ဒီကနေ ထွက်သွားကြတော့..."

"ဒီကလေးစုတ်လေးကများ အိပ်မက်မက်နေတာလား..."

ကလေးငယ်၏ ရိုင်းစိုင်းမောက်မာသော စကားများကို ကြားလိုက်ရသောအခါ ဘေးဘက်တွင် ရှိနေပြီး ဤအခြေအနေတစ်ရပ်လုံးကို ရယ်စရာအဖြစ် မြင်နေသော စွန်းဝူခုန်းမှာ မအောင့်နိုင်တော့ဘဲ အသံထွက်ရယ်မောကာ ပြောလိုက်လေသည်။

"ဟေး... အမြင်မကျယ်တဲ့ မျောက်ကောင်… ငါက မွေးရာပါ တာအို ခန္ဓာကိုယ် ရှိပြီး ဒီလောကအတွက် မွေးဖွားလာတဲ့ ပါရမီရှင်ကွ… မင်းရဲ့အိမ်ကို ငါ သဘောကျသွားတာ မင်းကံကောင်းတယ်လို့ မှတ်ပါ… အမြန်ဆုံး လွှဲပေးလိုက်စမ်း… မဟုတ်ရင်တော့ ဒီသခင်လေးက မင်းရဲ့ မျောက်ခေါင်းကို ခွဲပစ်လိုက်လို့ အန္တရာယ်ဖြစ်သွားမယ်..."

စွန်းဝူခုန်း၏ စကားကို ကြားသောအခါ ကလေးငယ်က စွန်းဝူခုန်းအား လက်ညှိုးထိုးကာ ပြန်လည်ဆဲဆိုလိုက်လေသည်။

သို့သော် ကလေးဆန်သော စကားများသည် မည်သည့် သြဇာအာဏာကိုမျှ မဖော်ဆောင်နိုင်ခဲ့ချေ။ ယင်းအစား လူများကို ရယ်မောချင်စိတ်သာ ဖြစ်ပေါ်စေခဲ့သည်။

"အိုး... ငါ ရဲ့စွန်းရဲ့ ခေါင်းကို ခွဲချင်တာလား… စမ်းကြည့်လိုက်လေ..."

သူ့ စွမ်းရည်ကိုသူ ယုံကြည်မှုရှိလှသော စွန်းဝူခုန်းသည် ထိုစကားကို ကြားသောအခါ ရယ်မောလိုက်ပြီး သူ၏ ခေါင်းကိုပင် ရှေ့သို့ ထိုးပေးလိုက်လေသည်။

"ဒါဆိုလည်း ငါသခင်လေး ရိုင်းတယ်လို့ မပြောနဲ့တော့..."

စွန်းဝူခုန်း၏ ဟန်ပန်ကို မြင်လိုက်ရသောအခါ ကလေးငယ်သည် တံတွေးတစ်ချက်မြိုချလိုက်ပြီး သတ္တိ မွေးကာ ပြောလိုက်လေသည်။

စကားပြောနေရင်းဖြင့် သူသည် သူ၏ လက်သီးဆုပ်လေးများကို မြှောက်ကာ စွန်းဝူခုန်း၏ ခေါင်းဆီသို့ ထုချလိုက်လေသည်။

ဘုန်း...

သို့သော်လည်း... သံမဏိစစ်စစ်ထက်ပင် ပိုမိုမာကျောသော စွန်းဝူခုန်း၏ ခေါင်းမှာ အနည်းငယ်မျှပင် တုန်လှုပ်မသွားခဲ့ချေ။

ယင်းအစား ကလေးငယ်ကသာ သူ၏ လက်ကို ပြန်လည်ဆုပ်ကိုင်ကာ နာကျင်စွာဖြင့် အော်ဟစ်လိုက်ပြီး စွန်းဝူခုန်းအား အံ့သြမှုနှင့် ဒေါသတို့ ရောယှက်နေသော အကြည့်ဖြင့် ကြည့်ကာ အာမေဍိတ်သံဖြင့် ပြောလိုက်သည်။

"မင်းရဲ့ မျောက်ခေါင်းက သံနဲ့လုပ်ထားတာလား… အရမ်းမာတာပဲ..."

"ဟီးဟီးဟီး... ငါ ရဲ့စွန်းရဲ့ ခေါင်းကို ခွဲမယ်ဆို… ဘာဖြစ်သွားတာလဲ... အစွမ်းမရှိတော့ဘူးလား..."

အံ့သြဒေါသထွက်နေသော ကလေးငယ်၏ စကားကို ကြားသောအခါ စွန်းဝူခုန်းက ရယ်မောလိုက်ပြီး လှောင်ပြောင်သရော်လျက် မေးလိုက်လေသည်။

"ဟွန့်... အရမ်း မာနမကြီးနဲ့ဦး… ငါ ဘယ်လောက် စွမ်းသလဲဆိုတာ ကြည့်ထားလိုက်..."

ကလေးငယ်က စွန်းဝူခုန်း၏ လှောင်ပြောင်မှုကို ဒေါသတကြီး ပြန်လည်ချေပလိုက်လေသည်။

စကားပြောနေရင်းဖြင့် သူက လက်ကို မြှောက်လိုက်ရာ ချက်ချင်းဆိုသလိုပင် သေးငယ်ပြီး လက်ရာမြောက်လှသော တူတစ်စုံက သူ၏ လက်ထဲတွင် ပေါ်လာခဲ့ပြီး ပြောလိုက်သည်။

"မင်းလို မျောက်ကများ ငါ့ရဲ့ တောင်ဖြိုတူ ကို စမ်းသပ်ရဲသေးလား..."

"အပိုစကားတွေ ပြောမနေနဲ့… မင်းမှာ ဘာစွမ်းရည်တွေ ရှိလဲဆိုတာ ထုတ်ပြလိုက်စမ်းပါ..."

လက်နက်အသုံးပြုမည့်အကြောင်း ပြောနေသော ကလေးငယ်၏ စကားကို ကြားသောအခါ စွန်းဝူခုန်းမှာ ရယ်မိလုနီးပါး ဖြစ်သွားပြီး စိတ်မရှည်စွာဖြင့် ပြန်လည်တုံ့ပြန်လိုက်လေသည်။

"ဒါဆိုလည်း ငါ အားနာမနေတော့ဘူး..."

ကလေးငယ်သည် သွားကို တင်းတင်းကြိတ်ကာ သံတူကို မြှောက်၍ စွန်းဝူခုန်း၏ ခေါင်းပေါ်သို့ ထပ်မံ ထုချလိုက်လေသည်။

ထန်...

သွေးသားခန္ဓာကိုယ်ကို ထုမိခြင်း မဟုတ်ဘဲ သံမဏိကို ထုမိလိုက်သကဲ့သို့ အသံ ထွက်ပေါ်လာခဲ့သည်။

သံတူသည် အပေါ်သို့ မြင့်မားစွာ ပြန်ကန်တက်သွားခဲ့ရာ ကလေးငယ်၏ လက်များမှာ ထုံကျင်သွားခဲ့ပြီး သူ၏ ရင်ထဲတွင်လည်း လန့်ဖြန့်သွားခဲ့လေသည်။

‘ဒီမျောက်ကောင်ရဲ့ ခေါင်းက တကယ်ပဲ ဒီလောက်တောင် မာကျောနေတာလား…’

"ဇာတ်ကောင် အချက်အလက်..."

ကျန်းလျိုသည် စွန်းဝူခုန်းနှင့် ကလေးငယ်တို့၏ ကစားသလို သတ်ပုတ်နေမှုများကို ဝင်ရောက်စွက်ဖက်ခြင်း မပြုခဲ့ချေ။ ကလေးငယ်၏ စကားများအရ ကျန်းလျိုသည် သူ၏ ဇာစ်မြစ်ကို အကြမ်းဖျင်း ခန့်မှန်းနိုင်ခဲ့သည်။ သူ၏ အကြည့်တို့က ကလေးငယ်အပေါ်သို့ ကျရောက်နေပြီး စိတ်ထဲမှ တိတ်ဆိတ်စွာ ခေါ်ယူလိုက်လေသည်။

ချက်ချင်းဆိုသလိုပင် အလင်းပေါက်နေသော ဇာတ်ကောင် အချက်အလက် မျက်နှာပြင်တစ်ခုက ကျန်းလျို၏ ရှေ့တွင် ပေါ်လာခဲ့သည်။

အမည် - ဝံပုလွေဖမ်းသည့် ကောင်လေး (အပြာရောင်)။

ကျား/မ - ကျား။

အသက်မွေးဝမ်းကျောင်း - နတ်တစ်ပိုင်း။

အဆင့် - ၄၁။

လက်နက်ကိရိယာ - တောင်ဖြိုတူ (ပြီးပြည့်စုံသော အရည်အသွေး)

‘ဝံပုလွေလိုက်ဖမ်းတဲ့ ကောင်လေး... ဒီနာမည်က တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတာပဲ… ပြီးတော့ နတ်တစ်ပိုင်းတဲ့လား… ဒါဆို သူက လူတစ်ပိုင်း နတ်တစ်ပိုင်းပေါ့... သူက ဝတ်ရုံဝါ မိစ္ဆာနဲ့ ပိုင်ဟွာရှို့ မင်းသမီးတို့ရဲ့ သားဆိုတာ တကယ်ပဲ ဖြစ်ရမယ်...’

"ဒါပေမဲ့ ဒီကလေးက အသက်ဘယ်လောက်ရှိသေးလို့ အဆင့် (၄၁) ကို ရောက်နေရတာလဲ..."

ကလေးငယ်၏ ဇာတ်ကောင် အချက်အလက် မျက်နှာပြင်ကို မြင်ပြီးနောက် ကျန်းလျိုသည် စိတ်ထဲမှ အံ့သြချီးမွမ်းမိလေသည်။

ကလေးငယ်ကို ကြည့်ရသည်မှာ အသက်ခုနစ်နှစ်၊ ရှစ်နှစ်ခန့်သာ ရှိသေးသော်လည်း အဆင့် (၄၁) သို့ ရောက်ရှိနေပြီ ဖြစ်သည်။ လူသားကျင့်ကြံသူများ၏ ကျင့်ကြံခြင်းအဆင့်နှင့် တိုင်းတာရမည်ဆိုလျှင် ထိုအရာက နတ်စွမ်းအင်ပြောင်းလဲခြင်းအဆင့် နှင့် ညီမျှနေပေသည်။

သို့ဆိုလျှင် ကောင်းမွန်သော ဖခင်တစ်ယောက် ရှိနေခြင်းနှင့် မွေးရာပါ တာအို ခန္ဓာကိုယ်၏ အားသာချက်တို့ ပေါင်းစပ်သွားသောအခါ သူက ဤသို့သော အောင်မြင်မှုကို ရရှိနိုင်ခြင်း ဖြစ်မည်လော။

ဤအရာက မရေမတွက်နိုင်သော ကျင့်ကြံသူများနှင့် မိစ္ဆာများကို ရှက်ရွံ့သွားစေရန် အမှန်တကယ် လုံလောက်လှပေသည်။

အဆင့် (၄၁) နှင့် ဇာတ်ကောင် အချက်အလက် မျက်နှာပြင်မှာ အပြာရောင် ဖြစ်နေသည်။ ၎င်းက စွန်းဝူခုန်း၏ ရှေ့မှောက်တွင် မပြောပလောက်သည့် အရာတစ်ခုအဖြစ် လှောင်ပြောင်စရာ ကစားစရာလေး တစ်ခုလို ဖြစ်နေသော်လည်း မောက်မာသော ကလေးငယ်၏ ကြွားလုံးထုတ်ထားသည့် စကားများမှာ အတိုင်းအတာတစ်ခုအထိ အခြေခံရှိနေကြောင်း ဝန်ခံရမည် ဖြစ်သည်။

ထန်... ထန်...

ကျန်းလျို၏ အတွေးများကို ဘေးဖယ်ထားလိုက်မည်ဆိုလျှင် စွန်းဝူခုန်းနှင့် မောက်မာသော ကလေးငယ်တို့၏ တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေခဲ့သည်။ ကလေးငယ်သည် သူ၏ သေသပ်လှပသော တူလေးများဖြင့် စွန်းဝူခုန်း၏ ခေါင်းပေါ်သို့ အကြိမ် လေးဆယ့်ကိုးကြိမ်တိုင်တိုင် ထုနှက်ခဲ့သော်လည်း ဂရုစိုက်ပုံမရဘဲ ကလေးငယ်၏ လက်များသာ တုန်ခါမှုကြောင့် ထုံကျင်သွားခဲ့ရလေသည်။

စွန်းဝူခုန်းကို ကြည့်ရသည်မှာ သူသည် လုံးဝ အန္တရာယ်ကင်းနေဆဲဖြစ်ပြီး မျောက်မွေး တစ်ပင်မျှပင် ထိခိုက်ပျက်စီးသွားခဲ့ခြင်း မရှိချေ။

"ဟီးဟီးဟီး... ကလေးစုတ်လေး… မင်းရဲ့ ခွန်အားက နည်းနည်းတော့ အားနည်းနေတယ်… မင်းရဲ့ ဘိုးဘိုးစွန်း ကို ယားယံသွားစေဖို့တောင် မလုံလောက်သေးဘူး… ကဲ... အခု ငါ ရဲ့စွန်းက မင်းကို ပြန်ပြီး တစ်ချက်လောက် ထုကြည့်ရအောင်..."

ကလေးငယ်က သူ့အား အကြိမ် လေးဆယ့်ကိုးကြိမ်တိုင်တိုင် ထုနှက်ပြီးနောက် အသက်ရှူမဝဖြစ်နေချိန်တွင် စွန်းဝူခုန်းက ရယ်မောလျက် ကမ်းလှမ်းလိုက်လေသည်။

"ငါ... ငါ..."

စွန်းဝူခုန်း တစ်စုံတစ်ရာ ထိခိုက်မှုမရှိဘဲ ရှိနေသည်ကို မြင်လိုက်ရသောအခါ ရဲတင်းစွာ စကားပြောဆိုခဲ့သော ကလေးငယ်သည် စွန်းဝူခုန်းအား ကြည့်ကာ ထိတ်လန့်တကြားဖြင့် နောက်သို့ ဆုတ်သွားခဲ့လေသည်။

"ဘာလဲ... မင်း မရဲဘူးလား..."

စွန်းဝူခုန်းက ပျော်ရွှင်စွာဖြင့် မေးလိုက်ပြီး လှောင်ပြောင်နောက်ပြောင်လိုက်လေသည်။

"လာလေ... လုပ်လိုက်… စကားတွေ လှည့်ပတ်ပြောမနေနဲ့တော့..."

သူ၏ မျက်လုံးများထဲတွင် အနည်းငယ် ကြောက်ရွံ့မှုနှင့် သတိထားမှုတို့ ရှိနေသော်လည်း ကလေးငယ်သည် ထွက်ပြေးရန် ရည်ရွယ်ချက် မရှိဘဲ ခိုင်မာစွာ ရပ်တည်လျက် ခေါင်းမာစွာဖြင့် ပြန်ပြောလိုက်သည်။

"ဟီးဟီးဟီး... ဒါဆိုလည်း ငါ ရဲ့စွန်းက အားနာမနေတော့ဘူးနော်..."

စွန်းဝူခုန်းက ရယ်မောလျက် ပြန်လည်တုံ့ပြန်လိုက်လေသည်။

ထို့နောက် သူသည် လက်ညှိုးကို ကွေးလိုက်ကာ ကလေးငယ်အနီးသို့ ချဉ်းကပ်သွားပြီး နဖူးကို ညင်သာစွာ ခေါက်လိုက်လေတော့သည်။

ဘုန်း...

...

All Chapters