← Chapters

အခန်း ၃၃၃

Vol. 24 Ch. 333

အခန်း ၃၃၃

Vol. 24 Ch. 333

အပိုင်း(၃၃၃)

ဝံပုလွေဖမ်းသည့် ကောင်လေးနှင့် အပေါက်ဝရှိ ဝံပုလွေ မိစ္ဆာတို့၏ စကားပြောဆိုမှုများကို နားထောင်ပြီးနောက် ကျန်းလျို တစ်ယောက် အရာအားလုံးကို တစ်ပါတည်း နားလည်သဘောပေါက်သွားခဲ့လေသည်။

ဝမ်ဇီတောင်သည် ရတနာဆင် တိုင်းပြည်၏ တော်ဝင်မြို့တော်မှ မိုင်တစ်ရာကျော် ကွာဝေးပြီး သိပ်မဝေးလွန်းသလို သိပ်လည်း မနီးကပ်လှပေ။ တစ်ညလုံး သူ့ကို လိုက်ရှာမည့် မိစ္ဆာများ ရောက်မလာခဲ့သည်မှာ အံ့သြစရာတော့ မဟုတ်ပေ။

ထို့ပြင် ဝံပုလွေဖမ်းသည့် ကောင်လေး ဤမျှ ရှည်လျားသော ခရီးအကွာအဝေးကို ရောက်ရှိလာနိုင်ခြင်းကလည်း အံ့သြစရာ မရှိတော့ချေ။

အဆင့် (၄၁) ဖြင့် နတ်စွမ်းအင်ပြောင်းလဲခြင်းအဆင့်သို့ ရောက်ရှိရန် လုံလောက်နေပြီဖြစ်ရာ သူသည် လက်နက်ကို ထိန်းချုပ်၍ ပျံသန်းခြင်းအတတ်ကို လေ့ကျင့်နေခဲ့ခြင်း ဖြစ်မည်လော။ ထို့ကြောင့်ပင် သူက ထိုနေရာသို့ တိုက်ရိုက် ပျံသန်းလာခဲ့ခြင်း ဖြစ်ပေမည်။

ကျန်းလျို၏ အတွေးများကို ဘေးဖယ်ထားလိုက်မည်ဆိုလျှင် မိစ္ဆာဂူအတွင်းသို့ ရောက်ရှိသွားသောအခါ ဂူ၏ အသွင်အပြင်မှာ အတော်လေး လှပနေကြောင်း ကျန်းလျို တွေ့ရှိလိုက်ရသည်။ နံရံများကို အလွန်ချောမွေ့နေစေရန် ပွတ်တိုက်အရောင်တင်ထားပြီး လင်းလက်နေသော ပုလဲလုံးအချို့ကိုပင် မြှုပ်နှံ၍ အလှဆင်ထားလေသည်။

ဂူကို အပေါက်ဖောက်ထားသဖြင့် ထောင့်ပေါင်းစုံမှ နေရောင်ခြည်များ ဝင်ရောက်နိုင်ပြီး နေရောင်ရရှိသော နေရာများတွင် လှပသော ပန်းများနှင့် အပင်အချို့ကိုလည်း စိုက်ပျိုးထားလေသည်။

အချုပ်အားဖြင့်ဆိုရလျှင် ဤဝတ်ရုံဝါ မိစ္ဆာ၏ ဂူသည် ကျန်းလျို ယခင်က မြင်တွေ့ခဲ့ဖူးသော အခြားမိစ္ဆာများ၏ နေထိုင်ရာများနှင့် လုံးဝ ကွဲပြားခြားနားနေပေသည်။ အမှန်တကယ်ပင် ဝတ်ရုံဝါ မိစ္ဆာသည် သာမန် မိစ္ဆာတစ်ကောင် မဟုတ်ဘဲ နတ်ဘုရားတစ်ပါး ဖြစ်နေသောကြောင့် သူ၏ နေအိမ်မှာ အတော်လေး ထူးခြားဆန်းပြားနေခြင်း ဖြစ်ပေသည်။

မိစ္ဆာဂူ၏ ပိုမိုနက်ရှိုင်းသော နေရာတွင်မူ လင်းထိန်နေသော အခန်းတစ်ခန်း ရှိပြီး ထိုအခန်းထဲတွင် အသက်သုံးဆယ်ခန့် အရွယ်ရှိ မုတ်ဆိတ်မွေးတိုတိုနှင့် ဝတ်ရုံဝါကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး ထိုင်နေလေသည်။

ကျောက်စားပွဲ၏ တစ်ဖက်တွင်မူ အသက်နှစ်ဆယ်စွန်းစွန်း အရွယ်ရှိ အလွန်တရာ လှပချောမောသော အမျိုးသမီးငယ်တစ်ဦး ရှိနေပြီး သူမသည်လည်း ပိုးသားအဝတ်အစားများကို ဝတ်ဆင်ထားကာ ကျက်သရေရှိလှသော ဟန်ပန်အမူအရာ ရှိလေသည်။

"အဖေ... အမေ..."

ကျောက်စားပွဲ တစ်ဖက်တစ်ချက်စီတွင် ထိုင်နေကြသော အမျိုးသားနှင့် အမျိုးသမီးကို မြင်လိုက်ရသောအခါ ဝံပုလွေဖမ်းသည့် ကောင်လေးက ပျော်ရွှင်စွာဖြင့် နှုတ်ဆက်လိုက်လေသည်။

"ဝံပုလွေလေး... သား ပြန်လာပြီလား… အမေက သားအတွက် သိပ်ကို စိတ်ပူနေခဲ့တာ..."

ဝံပုလွေဖမ်းသည့် ကောင်လေး ပြန်ရောက်လာသည်ကို မြင်သောအခါ မင်းသမီး ပိုင်ဟွာရှို့က စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်ပြီး ကောင်လေးကို သူမ၏ ရင်ခွင်ထဲသို့ ထွေးပိုက်လိုက်လေသည်။

သူတို့၏ ဘေးတွင် ဝတ်ရုံဝါ မိစ္ဆာက ပြန်လည်ရောက်ရှိလာသော သားဖြစ်သူကို ကြည့်ကာ မျက်နှာအမူအရာမှာ အနည်းငယ် နူးညံ့သွားခဲ့လေသည်။

ထို့နောက် သူ၏ အကြည့်တို့က ကျန်းလျိုနှင့် အခြားသူများထံသို့ ကျရောက်သွားလေသည်။ ကျန်းလျိုနှင့် သူ၏ အပေါင်းအပါများကို စိုက်ကြည့်နေစဉ် ဝတ်ရုံဝါ မိစ္ဆာသည် မည်သည့် ထူးခြားသော အမူအရာမှ မပြသခဲ့သော်လည်း သူ၏ အကြည့်တို့က စွန်းဝူခုန်းအပေါ်သို့ ရောက်ရှိသွားသောအခါ သူ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့လေသည်။

သူက စွန်းဝူခုန်းကို မှတ်မိနေကြောင်း အထင်အရှားပင် ဖြစ်ပေသည်။ တကယ်တမ်းတွင် ဝတ်ရုံဝါ မိစ္ဆာကသာ သူတို့ကို အကဲခတ်နေခြင်း မဟုတ်ဘဲ ကျန်းလျိုကလည်း သူတို့ကို ပြန်လည် လေ့လာစောင့်ကြည့်နေခဲ့သည်။

ပိုင်ဟွာရှို့ မင်းသမီးကို ဝတ်ရုံဝါ မိစ္ဆာက ဖမ်းဆီးခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သော်လည်း ယခုမြင်တွေ့ရသော အခြေအနေများအရ ဝတ်ရုံဝါ မိစ္ဆာသည် ပိုင်ဟွာရှို့ မင်းသမီးကို အကျဉ်းချထားခြင်း မရှိသည့်အပြင် သူမကို အတော်လေး ကောင်းမွန်စွာ ဆက်ဆံဟန်ရှိပေသည်။

လင်မယား နှစ်ယောက် တည်တည်ငြိမ်ငြိမ်ဖြင့် အတူတကွ ထိုင်နေနိုင်ကြခြင်းကပင် အရာများစွာကို ရှင်းပြနေသကဲ့သို့ ရှိပေသည်။

ဤအရာက သူ၏ ယခင်ဘဝမှ တောင်တန်းဒေသများဆီသို့ ရောင်းစားခံခဲ့ရသော အမျိုးသမီးများနှင့် တူညီနေပေသည်။ ကနဦးတွင် သူတို့သည် လွတ်မြောက်ရန် အစွမ်းကုန် ကြိုးစားခဲ့ကြသော်လည်း ထိုနေရာတွင် နှစ်အနည်းငယ်ကြာ နေထိုင်ပြီး ကလေးများပင် ရရှိလာသောအခါ ထွက်ပြေးလိုသော အတွေးများမှာ တဖြည်းဖြည်း မှေးမှိန်သွားခဲ့ကြသည် မဟုတ်ပါလား။

ပိုင်ဟွာရှို့ မင်းသမီး၏ လက်ရှိအခြေအနေမှာလည်း ထိုကဲ့သို့သော စိတ်နေသဘောထားမျိုးကို ထင်ဟပ်နေခြင်း ဖြစ်နိုင်ပေသည်။

သူ့ဘာသာ တွေးတောနေရင်းဖြင့် ကျန်းလျို၏ အကြည့်တို့က ဝတ်ရုံဝါ မိစ္ဆာပေါ်သို့ ကျရောက်သွားပြီး စိတ်ထဲမှ တိတ်ဆိတ်စွာ ရေရွတ်လိုက်လေသည်။

"ဇာတ်ကောင် အချက်အလက်..."

ဖောက်ထွင်း မြင်ရသော ဇာတ်ကောင် အချက်အလက် မျက်နှာပြင်တစ်ခုက ကျန်းလျို၏ ရှေ့တွင် ပေါ်လာခဲ့သည်။

အမည် - ဝတ်ရုံဝါ မိစ္ဆာ (အပြာရောင်)။

ကျား/မ - ကျား။

အသက်မွေးဝမ်းကျောင်း - နတ်ဘုရား။

အဆင့် - ၇၃။

လက်နက်ကိရိယာ - အကြိမ်တစ်ရာ သန့်စင်ထားသော ဓား (ဒဏ္ဍာရီလာ အရည်အသွေး) - ...

"အဆင့်က ဒီလောက်တောင် မြင့်နေတာလား..."

ဝတ်ရုံဝါ မိစ္ဆာ၏ ဇာတ်ကောင် အချက်အလက် မျက်နှာပြင်ကို ကြည့်ရင်း ကျန်းလျိုသည် စိတ်ထဲမှ အလွန်အမင်း အံ့သြသွားခဲ့လေသည်။

အဆင့် ၇၃ တဲ့လော...

ထိုအရာက ထိုက်ယီ အစစ်အမှန် နတ်မင်း အဆင့် ဖြစ်ပေသည်။ ထို့အပြင် အပြာရောင် ဇာတ်ကောင် အချက်အလက် မျက်နှာပြင်ကို ထောက်ရပါက ထိုဝတ်ရုံဝါ မိစ္ဆာ၏ စွမ်းအားက တကယ့်ကို ထူးချွန် ပြောင်မြောက်သည့်ပုံ ရသည်။

သို့သော် ပြန်တွေးကြည့်မည်ဆိုလျှင်လည်း နက္ခတ်နှစ်ဆယ့်ရှစ်ပါးသည် ကောင်းကင်ဘုံတွင် မြင့်မားသော အဆင့်အတန်းတစ်ခုကို ရရှိထားပြီးဖြစ်ရာ ယင်းမှာ အဓိပ္ပာယ်ရှိလှပေသည်။ နက္ခတ်နှစ်ဆယ့်ရှစ်ပါး အထဲတွင် အစွမ်းထက်ဆုံး တိုက်ခိုက်ရေးသမားများအနက် တစ်ဦးဖြစ်သောကြောင့် သူ့၌ ဤမျှစွမ်းအားမျိုး ရှိနေခြင်းက သဘာဝကျလှပေသည်။

သူ၏ ယခင်ဘဝမှ စကားလုံးများဖြင့် တင်စားရလျှင် ကောင်းကင် နတ်မင်းများနှင့် လီကျင်း၊ ကျူးပါကျဲ၏ ယခင်ဘဝဖြစ်သော ထျန်းဖုန် စစ်သူကြီးတို့သည် စစ်တပ်မှ ဖြစ်ကြမည်ဆိုလျှင် နက္ခတ်နှစ်ဆယ့်ရှစ်ပါးထဲမှ ခွေမုဝံပုလွေမှာ ကောင်းကင်ဘုံ လက်နက်ကိုင် ရဲတပ်ဖွဲ့၏ အဆင့်မြင့် တပ်မှူးအဖြစ် သတ်မှတ်ရမည် ဖြစ်ပေသည်။

ဤကဲ့သို့သော စွမ်းအားမျိုး ရှိနေခြင်းမှာ အံ့သြစရာတော့ မဟုတ်ပေ။

စွန်းဝူခုန်း၏ ပုံစံကို မြင်တွေ့ရသောအခါ ဝတ်ရုံဝါ မိစ္ဆာ၏ ရင်ထဲတွင် လေးလံမှုတစ်ခုကို ခံစားလိုက်ရသည်။ ဖြစ်နိုင်မည်ဆိုပါက သူသည် ဤကဲ့သို့သော လူမျိုးနှင့် မပတ်သက်လိုချေ။မည်သို့ပင်ဆိုစေကာမူ ထိုမျောက်မှာ ကျောက်စိမ်းဧကရာဇ်ကိုပင် စိန်ခေါ်ဝံ့သော ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားရှင်တစ်ဦး ဖြစ်ပေသည်။

သို့သော်လည်း... မည်သည့်အကြောင်းပြချက်မှ မရှိဘဲ ဧည့်သည်တစ်ယောက်ကို လှည့်ပြန်ခိုင်း၍တော့ မရနိုင်ဘူး မဟုတ်ပါလား။ မည်သို့ပင်ဖြစ်စေ ရောက်လာသူသည် ဧည့်သည်တစ်ဦးဖြစ်ပြီး အထူးသဖြင့် သူ၏ သားကိုယ်တိုင် ခေါ်ဆောင်လာသူ ဖြစ်နေပေသည်။

"ကျွန်တော့်သားရဲ့ သူငယ်ချင်းတွေဆိုတော့ လောလောဆယ် ကျွန်တော့်ဂူထဲမှာ နေကြပါဦး… ခဏနေရင် လူကြီးမင်းတို့အားလုံးကို ဧည့်ခံဖို့ စားသောက်ပွဲတစ်ခု ပြင်ဆင်ပေးပါမယ်..."

ဝတ်ရုံဝါ မိစ္ဆာက အလွန်အမင်း စိတ်အားထက်သန်သော လေသံဖြင့် ပြောလိုက်သည်။ ပြုံးရွှင်နေသော မျက်နှာကို မည်သူကမျှ လက်သီးဖြင့် မထိုးရက်ကြဆိုသော စကားအတိုင်း သူတို့ကိုနွေးထွေးစွာ ဧည့်ခံခြင်းဖြင့် သူတို့က အပြစ်ရှာမည် မဟုတ်ဟု မျှော်လင့်ထားခြင်း ဖြစ်သည်။ ဒုတိယအချက်မှာမူ သူတို့ကို မြန်မြန်ဆန်ဆန် ဧည့်ခံကျွေးမွေးပြီး အမြန်ဆုံး ထွက်ခွာသွားစေရန် မျှော်လင့်ထားသောကြောင့် ဖြစ်သည်။

"ဘုရင်ကြီးရဲ့ ဧည့်ဝတ်ကျေပွန်မှုအတွက် ကျေးဇူးတင်ပါတယ်..."

ဤစကားကို ကြားသောအခါ ကျန်းလျိုက နှိမ့်ချယဉ်ကျေးစွာဖြင့် ခေါင်းညိတ်ပြကာ တုံ့ပြန်လိုက်လေသည်။

...

မကြာခင်မှာပင် ဂူအတွင်း၌ သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များနှင့် အရသာရှိသော စပျစ်ရည်တို့ လျင်မြန်စွာ ပြည့်နှက်သွားခဲ့ပြီး အလွန်ခမ်းနားကြွယ်ဝသော ပုံပေါက်နေလေသည်။

ဝတ်ရုံဝါ မိစ္ဆာ၏ မိသားစုဝင် သုံးဦးက အိမ်ရှင်အဖြစ် ဧည့်ခံကြပြီး ပိုင်ဟွာရှို့ မင်းသမီး ပင်လျှင် လှပသော ဝတ်ရုံများကို ဝတ်ဆင်ကာ ယဉ်ကျေးပျူငှာသော အိမ်ရှင်မအဖြစ် ဆောင်ရွက်ခဲ့သည်။ စားသောက်ပွဲအတွင်း သူမသည် ကျန်းလျိုအား စပျစ်ဝိုင် နှစ်ခွက်ကို ကိုယ်တိုင်ကိုယ်ကျ ငှဲ့ပေးခဲ့လေသည်။ ထို့နောက်... သူမက ခွက်ကို မြှောက်ကာ ပြောလိုက်သည်။

"ကျွန်မသားက နည်းနည်း ဆော့တတ်လို့ပါ… မနေ့ညက သူ့ကို စောင့်ရှောက်ပေးခဲ့တဲ့ ဆရာတော်တို့ကို ကျေးဇူးတင်ပါတယ်ရှင်..."

သူမ၏ သား မနေ့ညက ဘာတွေလုပ်ခဲ့သည်ကို ပိုင်ဟွာရှို့ မင်းသမီးနှင့် ဝတ်ရုံဝါ မိစ္ဆာတို့က တစ်ကြိမ် စုံစမ်းမေးမြန်းထားပြီးဖြစ်ကြောင်း အထင်အရှားပင် ဖြစ်ပေသည်။

"ဘာမှမဖြစ်ပါဘူး… ဝူခုန်းနဲ့ မင်းသမီးရဲ့ ကလေးက တစ်ယောက်ကိုတစ်ယောက် သဘောကျနေပုံရပါတယ်… ဘာဒုက္ခမှ မပေးပါဘူး..."

ကျန်းလျိုကလည်း သူ၏ ခွက်ကို မြှောက်ကာ တစ်ကျိုက်တည်း မော့သောက်လိုက်သည်။

သူ အမှန်အတိုင်း ပြောခဲ့ခြင်း ဖြစ်သည်။ ဝံပုလွေဖမ်းသည့် ကောင်လေး၏ မိုက်ဟန်ပြကာ ခက်ထန်သော အမူအရာကို စွန်းဝူခုန်းက အမှန်တကယ် သဘောကျနေကြောင်း သူ သိမြင်နိုင်ပေသည်။ မဟုတ်ပါက စွန်းဝူခုန်းသည် ဤကလေးငယ်နှင့် ကစားရင်း နောက်ပြောင်နေရန် အချိန်ဖြုန်းမည် မဟုတ်ချေ။

"မဟာပညာရှိကြီးက ကျွန်တော့်ကလေးကို သဘောကျတယ်ဆိုတော့ ဒါက သူ့ရဲ့ ကံကောင်းမှုပါပဲ..."

ဝတ်ရုံဝါ မိစ္ဆာက စွန်းဝူခုန်းအား ပြောလိုက်သည်။

"အိုး... မင်းက ငါ ရဲ့စွန်းကို သိတယ်ပေါ့..."

ဝတ်ရုံဝါ မိစ္ဆာ၏ စကားကို ကြားသောအခါ မျက်နှာပေါ်တွင် ဝမ်းသာပီတိဖြစ်မှုတို့ ပြည့်နှက်နေလျက် စွန်းဝူခုန်းက ပြုံးရွှင်စွာ ပြောလိုက်သည်။

သူ ဘယ်သွားသွား လူတိုင်းက သူ့ကို မှတ်မိကြပြီး မဟာပညာရှိကြီးဟု ခေါ်ဝေါ်နှုတ်ဆက်ကြခြင်းက စွန်းဝူခုန်းအား အလွန် ပျော်ရွှင်စေခဲ့လေသည်။

"ဟင်... အဖေ… အဖေက ဒီမျောက်ကို သိလို့လား..."

***

All Chapters