အခန်း (၅၉၁-၅၉၂)
Vol. 50 Ch. 591-592
အခန်း(၅၉၁)
ဟော... လာပြန်ပြီ။ အဲဒီ ထူးဆန်းတဲ့ ရယ်သံကြီး။ အခန်းထဲက တစ်နေရာရာ၊ နံရံတွေကြားထဲကနေ ပဲ့တင်ထပ်ပြီး ထွက်လာသလိုမျိုး သေချာပေါက် ကြားလိုက်ရတာပါ။
နိုဗာ... မင်းလား။
| ငှဲ..ငှဲ..ငှဲ..ငှဲ… ကျွန်ုပ်က သူ မဟုတ်ဘူး…|
ချက်ချင်းပဲ သူ သတိဝင်သွားပြီး တစ်ကိုယ်လုံးက အမွှေးအမျှင်တွေ ထောင်ထလာတယ်။
ဒီအရာက သူ့ရဲ့ အတွေးတွေကိုပါ သိနေတယ်ဆိုတဲ့ အချက်က တကယ်ကို ကြောက်စရာကောင်းလွန်းလှပါတယ်။ သူ့စိတ်ကို ကူးစက်နေတဲ့ ဗိုင်းရပ်စ်ကို ရှင်းထုတ်ပစ်ဖို့အတွက် အကြွင်းမဲ့သဟဇာတအကာအကွယ် ကို ချက်ချင်း အသုံးပြုဖို့ သူ ကြိုးစားလိုက်တယ်။
ဒါပေမဲ့ စိတ်မကောင်းစရာပဲ၊ သူ့ရဲ့ စွမ်းရည်က သူ့ခန္ဓာကိုယ်ထဲမှာ ဘယ်လို မကောင်းတဲ့ အန္တရာယ်ကိုမှ ရှာမတွေ့ခဲ့ပါဘူး။
သူ့ရဲ့ အဆင့်မြင့်စွမ်းရည်ကို သုံးပြီး သူ့ခန္ဓာကိုယ်ကို စစ်ဆေးကြည့်တာတောင် ဘာမှ ပေါ်မလာခဲ့ဘူး။ ဒီအရာက ဘာပဲဖြစ်ဖြစ် သက်ရှိတစ်ခုတော့ မဟုတ်တန်ရာဘူး၊ မဟုတ်ရင် အလင်းမှော်စွမ်းအင်ရဲ့ လက္ခဏာတစ်ခုခု ရှိနေမှာပဲ။
မင်းက ဘယ်သူလဲ၊ နိုဗာကိုကော ဘာလုပ်လိုက်တာလဲ။
| ငှဲ..ငှဲ..ငှဲ..ငှဲ… မင်းက မေ့သွားပြီလား။ အဲဒီကောင်မလေးက ဆော့ဝဲလ်အပ်ဒိတ် လုပ်နေလို့ အလုပ်ရှုပ်နေတာလေ။ ကျွန်ုပ် ဘာမှ မလုပ်ပါဘူး။|
သူ ဒါကို သိပေမယ့် သူ့စိတ်ထဲကို ရုတ်တရက် ရောက်လာတဲ့ အမည်မသိ ဖြစ်တည်မှုတစ်ခုရဲ့ စကားကိုတော့ မယုံနိုင်သေးပါဘူး။
မင်း ဘာလိုချင်လို့လဲ၊ သူက ခြိမ်းခြောက်တဲ့ လေသံနဲ့ မေးလိုက်တယ်။
|ဒီလိုကြီးတော့ မလုပ်ပါနဲ့။ မင်းရဲ့ ဝေခွဲမရဖြစ်နေမှုတွေကြောင့် ကျွန်ုပ် စိတ်မရှည်ဖြစ်လာလို့ စောစောစီးစီး လူလုံးပြလိုက်တာပါ။|
သူ မျက်မှောင်ကုတ်လိုက်မိတယ်။ မင်း ဘာကို ဆိုလိုတာလဲ။
|မျက်စိမှိတ်ပြီး မင်းရဲ့ အသိစိတ်ထဲကို စုန်းစုန်းမြုပ်အောင် အာရုံနစ်လိုက်စမ်းပါ။ မင်းရဲ့ စွမ်းရည်အသစ်ကို နိုးထစေခဲ့တဲ့ အဲဒီအချိန်တုန်းကလိုမျိုးပေါ့။|
ဒီဖြစ်ရပ်ကို သိနေတယ်ဆိုကတည်းက ဒီအရာက ဒီအချိန်မတိုင်ခင် ကတည်းက သူ့ဆီမှာ ရှိနေခဲ့တာ ဖြစ်နိုင်ပါတယ်။
ဒါမှမဟုတ်ရင်လည်း သူ့ရဲ့ အမှတ်တရတွေကို တစ်နည်းနည်းနဲ့ ဖတ်လိုက်တာလည်း ဖြစ်နိုင်တာပဲ။
ပြီးတော့ မင်း ခိုင်းတဲ့အတိုင်း ငါက ဘာလို့ လုပ်ရမှာလဲ။
|မင်းက အမှန်တရားကို မသိချင်ဘူးဆိုရင်လည်း ကျွန်ုပ်ကို လျစ်လျူရှုထားနိုင်ပါတယ်၊ ရပါတယ်။ ဒါပေမဲ့ အနှေးနဲ့အမြန်တော့ အမှန်တရားက တံခါးလာခေါက်မှာပဲ၊ ဘယ်လိုပဲဖြစ်ဖြစ် မင်း ကျွန်ုပ်နဲ့ ရင်ဆိုင်ရမှာပါ။|
ဘယ်ကမှန်းမသိ ပေါ်လာတဲ့ ဒီဆန်းကြယ်တဲ့ အသံကို သူ မယုံချင်ပါဘူး။ ဒါပေမဲ့ စမ်းကြည့်လို့လည်း ဘာမှ နစ်နာစရာ မရှိဘူးလေ။ သူ့ကို ရန်ပြုဖို့ ကြိုးစားနေတာမျိုးလည်း မဟုတ်တဲ့ပုံပဲ၊ မဟုတ်ရင် အစောကြီးကတည်းက လုပ်ပြီးလောက်ပြီ။
ကောင်းပြီလေ...
သူ မျက်စိမှိတ်ပြီး အာရုံစူးစိုက်လိုက်ပါတယ်။
ဒီမှာတင် ရုတ်တရက်ဆိုသလို သူဟာ ဟင်းလင်းပြင် ကွင်းပြင်ကျယ်ကြီးထဲကို ရောက်သွားသလို ခံစားလိုက်ရတယ်။ သူ့ပတ်ပတ်လည်မှာ မှောင်မိုက်တိတ်ဆိတ်မှုကလွဲလို့ ဘာမှမရှိဘဲ သူကတော့ အဲဒီ ချောက်နက်ကြီးထဲမှာ လွင့်မျောနေတဲ့ ရုပ်ခန္ဓာမရှိတဲ့ အသံတစ်ခုလို ဖြစ်နေခဲ့တယ်။
ပြီးတော့ သူ့အရှေ့မှာ ဘာကိုမှ မမြင်ရပေမယ့် တစ်နေရာရာကနေ သူ့ကို စိုက်ကြည့်နေတဲ့ ဖြစ်တည်မှုတစ်ခုကို သူ ခံစားမိနေတယ်။
‘မင်း ငါ့ကို ဒီကို ခေါ်လာပြီပဲ။ မင်းက ဘယ်သူလဲ’
|မင်းကကော ဘယ်သူလို့ ထင်လို့လဲ| လို့ အဲဒီအသံက ပြန်မေးတယ်၊ ဒီတစ်ကြိမ်မှာတော့ သူ့ရဲ့ လေသံက တော်တော်လေး စူးရှသွားပြီး ခပ်လှမ်းလှမ်းကနေ လူတစ်ယောက်က တကယ် လှမ်းပြောနေသလိုမျိုးပါပဲ။
မင်းက နိုဗာ ဆော့ဝဲလ်အပ်ဒိတ် ဖြစ်နေတုန်း ငါ့စနစ်ထဲကို ကျူးကျော်ဝင်ရောက်လာတဲ့ ဗိုင်းရပ်စ်တစ်မျိုးမျိုး ဖြစ်ရမယ်။
ဒီအရာက သူ့စိတ်ထဲကို ဘယ်လိုရောက်လာလဲဆိုတာနဲ့ ပတ်သက်ပြီး သူ စဉ်းစားမိတာ ဒါပဲ ရှိပါတယ်။ အကယ်၍ နိုဗာသာ နိုးနိုးကြားကြား ရှိနေရင် ဒီလို သူစိမ်းတစ်ယောက်ကို သူ့ခန္ဓာကိုယ်အနား သီခွင့်တောင် ပေးမှာ မဟုတ်ဘူး။
| ငှဲ..ငှဲ..ငှဲ..ငှဲ… မဟုတ်ဘူးဗျာ။ ကျွန်ုပ်က ဗိုင်းရပ်စ်လည်း မဟုတ်ဘူး။ ကွန်ပျူတာလည်း မဟုတ်ဘူး။|
သူ မျက်မှောင်ကြုတ်လိုက်တယ်။ ဒီအရာက ကွန်ပျူတာတွေအကြောင်း သိနေတာလား။
သူ ကွန်ပျူတာအကြောင်း သိနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက သူ့ရဲ့ အရင်ကမ္ဘာကနေ ပါလာတဲ့အရာ ဖြစ်နေမှပဲ။
မင်း အစစ်အမှန်က ဘယ်သူလဲ။
အဲဒီအသံက ထပ်ပြီး ရယ်မောလိုက်ပြန်တယ်။
|မင်းက အဲဒီကောင်မလေးရဲ့ စကားတွေကို နားထောင်နေရတာ ကြာလွန်းလို့ ကိုယ့်အသံကိုယ်တောင် မေ့သွားပြီ ထင်တယ်။|
‘ဘာလဲ’
ခပ်လှမ်းလှမ်းက အမှောင်ထုထဲမှာ တစ်ခုခု လှုပ်ရှားနေတာကို သူ မြင်လိုက်ရတယ်။
သူ့ပတ်ပတ်လည်မှာ ရှိနေတဲ့ အဆုံးမဲ့ အမှောင်ထုမြူတွေကို ခွဲထွက်ပြီး ဧရာမ အရာကြီးတစ်ခုက သူ့ဆီကို တည့်တည့်မတ်မတ် ဦးတည်လာနေတယ်။
‘မင်း ဘာကို…’
အဲဒီအချိန်မှာပဲ အမှောင်ထုထဲကနေ ဧရာမ စက်ရုပ်လက်တံကြီး နှစ်ခု ထွက်ပေါ်လာပြီး သူ့ရှေ့မှာ ပြသလာတာကို သူ မြင်လိုက်ရပါတယ်။
ဒါကို မြင်လိုက်ရတာနဲ့ သူ ဆွံ့အပြီး ငြိမ်သက်သွားရတယ်။
ဒါတွေက တခြားမဟုတ်ဘဲ သူ့ရဲ့ ဒီဗာ ဆီကနေ ထွက်လာတဲ့ စက်ရုပ်လက်တံကြီးတွေ ဖြစ်နေလို့ပါပဲ။
ဒါတင်မကသေးဘဲ ဒီဗာရဲ့ ခန္ဓာကိုယ်နဲ့ ဦးခေါင်း ပုံသဏ္ဌာန် အကြမ်းဖျင်းကိုပါ သူ မြင်နေရတယ်။ ဒါပေမဲ့ အမှောင်ထုမြူတွေကြောင့် အသေးစိတ်ကိုတော့ သဲသဲကွဲကွဲ မမြင်ရဘဲ မြူတွေကြားထဲကနေ မှုန်ဝါးဝါး အလင်းတန်းတွေ ဖြတ်သန်းသွားတာကိုပဲ မြင်ရပါတယ်။
ပြီးတော့ သူ့ရဲ့ ဒီဗာက တောက်ပတဲ့ ရွှေရောင်မျက်လုံးအစုံနဲ့ သူ့ကို တည့်တည့် စိုက်ကြည့်နေတာကို သူ မြင်လိုက်ရတယ်။
မင်းက... မင်းက ငါ့ရဲ့ ဒီဗာလား။
| ငှဲ..ငှဲ..ငှဲ..ငှဲ… မှန်တာပေါ့။ ကျွန်ုပ်က မင်း ခေါ်နေတဲ့ ဒီဗာ ဆိုတာပဲ။|
(TR Note: နိုဗာပြောတာကို [ ]ထဲမှာထည့်ထားခဲ့သလို ကွဲပြားအောင် ဒီဗာပြောတာကို | |ထဲထည့်ပါမယ်)
ဒါက သူ့ကို အတိုင်းအထက်အလွန် အံ့ဩသွားစေပါတယ်။ သူ့ရဲ့ ဒီဗာက လူတစ်ယောက်လိုမျိုး သူ့ကို စကားပြောနေတာကိုး။ ဒီဗာတွေက မက်ဂ်နက်တစ် တစ်ခုကနေ ခွဲထွက်ပြီး သီးခြား လှုပ်ရှားနိုင်တယ်ဆိုတာကို သူ သိထားတာ မကြာသေးပါဘူး။ ဒါပေမဲ့ အခုကြည့်ရတာ သူတို့က ဒါထက်မက ပိုပြီး လုပ်နိုင်တဲ့ပုံပဲ။
‘မင်း စကားပြောတတ်တာလား’
|ပြောတတ်တာပေါ့။ မင်းကကော စကားပြောတတ်လား။|
သူ မျက်မှောင်ကုတ်လိုက်တယ်။ သူ့ရဲ့ ဒီဗာ စကားပြောပုံက တစ်ခုခုကို အကြီးအကျယ် သွယ်ဝိုက်ညွှန်းဆိုနေသလိုပါပဲ။
‘ငါ နားမလည်ဘူး။ မင်းက ငါ့လိုမျိုး ဘာလို့ ဆက်တိုက် ပြောနေရတာလဲဆိုတာ ရှင်းရှင်းလင်းလင်း ပြောပြစမ်းပါ’
| ငှဲ..ငှဲ..ငှဲ…|
ဒီဗာရဲ့ လက်တံကြီးတွေက သူ့ဆီကို တည့်တည့် ညွှန်ပြလိုက်တယ်။
|ကျွန်ုပ်က မင်းပဲ၊ မင်းကလည်း ကျွန်ုပ်ပဲ။ ကျွန်ုပ်တို့က တစ်သားတည်းပဲလေ။|
သူ ချက်ချင်း ခေါင်းခါလိုက်တယ်။ ဒါ မဖြစ်နိုင်တာ။
|[မင်းက တကယ်ပဲ ဒီဗာတွေအကြောင်း ဘာမှ မသိသေးဘူးပဲ။|
‘မင်းက အဲလောက်တောင် သိနေရင်လည်း ငါ့ကို ပြောပြဦးလေ’
ဒီဗာရဲ့ လက်တံကြီးတွေက သူ့ကိုယ်သူ အမြင့်မြတ်ဆုံး ဂုဏ်ပုဒ်နဲ့ မိတ်ဆက်ပြသနေသလိုမျိုး လက်နှစ်ဖက်ကို အကျယ်ကြီး ဖြန့်ကားလိုက်တယ်။
|ကျွန်ုပ်က မင်းရဲ့ ပင်ကိုယ်အနှစ်သာရ၊ မင်းရဲ့ တွန်းအား၊ မင်းရဲ့ အိမ်မက်တွေကို ပုံဖော်ထားတဲ့ ဖြစ်တည်မှုပဲ။ မင်းရဲ့ စိတ်အာရုံနောက်စရာတွေ၊ အပိုအလုပ်တွေ အားလုံးကို ဖယ်ထုတ်ထားတဲ့ မင်းရဲ့ ဗဟိုချက်မစစ်စစ်ပေါ့။ ကျွန်ုပ်က မင်းရဲ့ စင်ကြယ်တဲ့ အလိုဆန္ဒပဲ။ ကျွန်ုပ်က မင်းပဲ။|
သူ ကြားနေရတဲ့အရာကို သူကိုယ်တိုင်တောင် မယုံနိုင်အောင် ဖြစ်နေရတယ်။
သူက သူ့ရဲ့ ဒီဗာ ကိုယ်တိုင် ဖြစ်နေတာလား။
‘မင်းက တကယ်ပဲ မင်းပြောသလိုဆိုရင် ဘာလို့ အခုမှ ပေါ်လာရတာလဲ’
| ငှဲ..ငှဲ..ငှဲ..ငှဲ… အဲဒါက တကယ်တော့ မင်းရဲ့ အပြစ်ကြောင့်ပါ။ မင်းက ဘဝကို ဘာအတားအဆီးမှ မရှိဘဲ၊ မင်းရဲ့ အကန့်အသတ်တွေကို ကျော်ဖြတ်ချင်တဲ့ စိတ်ဆန္ဒလည်း မရှိဘဲ ဖြတ်သန်းလာခဲ့တာကိုး။
အခြား မက်ဂ်နက်တစ် တွေနဲ့ တိုက်ခိုက်ရတဲ့ အချိန်ကျမှသာ မင်းရဲ့ အားသာချက်တွေ ရှိနေပေမယ့် မင်းက အားနည်းနေသေးတယ်ဆိုတာကို မင်း စသဘောပေါက်လာတာ။ အဲဒါကြောင့်ပဲ မင်းက ပိုပြီး သန်မာလာဖို့၊ မင်းရဲ့ စွမ်းရည်အသစ်ကို နိုးထလာစေဖို့ ရုန်းကန်ခဲ့ရတာပေါ့။|
ဆက်နွှယ်မှု၊ သူ သဘောပေါက်သွားတယ်။ ဒါကြောင့်ပဲ ဒီဗာက ဒီလိုအဆင့်အထိ သူ့ကို ဆက်သွယ်နိုင်ခဲ့တာ ဖြစ်ရမယ်။
အကယ်၍ သူသာ ဘိုးနဲ့ မတိုက်ခိုက်ခဲ့ရဘဲ သူ့ရဲ့ အကန့်အသတ်တွေကို ကျော်ဖြတ်ဖို့ အတင်းအကျပ် မတွန်းအားပေးခံခဲ့ရဘူးဆိုရင် သူ့ရဲ့ စွမ်းရည်အသစ်ကို နိုးထစေနိုင်မှာ မဟုတ်ပါဘူး။
|မင်း ဒရုန်းကို အဆင့်မြှင့်တင်ဖို့ စလုပ်ကတည်းက ကျွန်ုပ် ကိုယ်တိုင် မိတ်ဆက်ပေးခဲ့မှာပါ၊ ဒါပေမဲ့ မင်းက အရမ်း ဝေခွဲမရ ဖြစ်နေခဲ့တာကိုး။ ကံကောင်းချင်တော့ အဲဒီကောင်မလေးက အိပ်ပျော်နေပြီး ဆော့ဝဲလ်အပ်ဒိတ် လုပ်နေတုန်းမို့လို့ ကျွန်ုပ်က သူ့ရဲ့ အကာအကွယ်တွေကို ကျော်ဖြတ်ပြီး ဒီနေရာရဲ့ အပြင်ဘက်... ကျွန်ုပ်ရဲ့ နယ်မြေထဲကနေ မင်းကို ဆက်သွယ်နိုင်ခဲ့တာ။|
သူ့ရဲ့ ဒီဗာက စကားပြောနိုင်တယ်ဆိုတဲ့ အချက်အလက်ကို သူ အခုထိ လက်ခံနိုင်ဖို့ ကြိုးစားနေတုန်းပါပဲ။ ဘယ်သူမှ သူ့ကို ဒါနဲ့ပတ်သက်ပြီး ကြိုတင် သတိမပေးခဲ့ကြဘူး။
‘မင်း အစစ်အမှန်က ဘယ်သူလဲ’
|ကျွန်ုပ် ဘယ်သူလဲဆိုတာ မင်း သိပါတယ်။ မင်း ကျွန်ုပ်ရဲ့ နာမည်ကို သိပါတယ်။ ကျွန်ုပ် မင်းကို ပြောပြီးသားပဲ။|
သူ ဒီဗာနဲ့ စကားပြောခဲ့တာတွေကို ပြန်စဉ်းစားကြည့်ပေမယ့် ဘာမှ ပေါ်မလာခဲ့ပါဘူး။
|အချိန်တွေကို နောက်ပြန်ပြီး ထပ်စဉ်းစားကြည့်စမ်းပါ။|
သူ အာရုံစူးစိုက်ပြီး မှန်ကန်တဲ့ အမှတ်တရကို ရှာဖွေဖို့ ကြိုးစားလိုက်တဲ့အခါမှာတော့ နောက်ဆုံးမှာ အတိတ်က မြင်ကွင်းတစ်ခုကို သူ မြင်လိုက်ရပါတော့တယ်။
ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ၊ သူ ကင်းစ်ဘရစ်ချ် မြို့လေးမှာ နေထိုင်ခဲ့စဉ်၊ ရီနေးတား နိုင်ငံတော်ကို မတည်ထောင်ခင် အချိန်တုန်းကပါ။
သူ့ခေါင်းထဲ ကွင်းခနဲ လင်းသွားတယ်။
ဒီဗာက သူ့ကိုယ်သူ ဘာကြောင့် သူ့ရဲ့ အိပ်မက်၊ သူ့ရဲ့ စိတ်အားထက်သန်မှုတွေရဲ့ ပြသမှုလို့ ပြောခဲ့တာလဲဆိုတာကို သူ နောက်ဆုံးတော့ နားလည်သွားခဲ့ပါပြီ။
မင်းက ငါ့ရဲ့ ပါရမီပဲ။ ငါ့ရဲ့ အဆင့်မြင့်စွမ်းရည်ပဲ။
မှုန်ဝါးနေတဲ့ ဒီဗာရဲ့ မျက်နှာပေါ်မှာ အပြုံးတစ်ခု ပေါ်လာပြီး သူ့ရဲ့ သဘောပေါက်မှုကို ချီးကျူးတဲ့အနေနဲ့ လက်ခုပ်တီးလိုက်ပါတယ်။
|မှန်တာပေါ့။ ကျွန်ုပ်က မင်းရဲ့ ပါရမီပဲ။ ဒီကမ္ဘာကြီးကို ပိုမိုကောင်းမွန်တဲ့ နေရာတစ်ခု ဖြစ်အောင်လုပ်မယ့် မင်းရဲ့ တစ်ခုတည်းသော ရည်မှန်းချက်ကနေ ကျွန်ုပ် မွေးဖွားလာတာ။ ကျွန်ုပ်က အနာဂတ်နိမိတ်ဖတ်ကြားသူ ပဲ။|
* * * * * * * *
စာစဉ်(၅၀)
အခန်း(၅၉၂)
မိုက်ကယ် ဒီသတင်းအချက်အလက်တွေ အားလုံးကို အချိန်ယူနားလည်နိုင်ဖို့အတွက် ခဏလောက် ထိုင်ချလိုက်ရတယ်။
ဒီဗာတွေက ပါရမီတွေနဲ့ ဖန်တီးထားတာလား။
အခုမှ သေသေချာချာ ပြန်စဉ်းစားကြည့်တော့ ဒါက တကယ်ကို ယုတ္တိရှိနေတာပဲ။ ပြန်တွေးကြည့်ရင် သူ ဒါကို စောစောစီးစီးကတည်းက ရိပ်မိသင့်တာ ထင်းထင်းကြီး ပေါ်လွင်နေခဲ့တာပေါ့။
ဒီဗာတွေက လူတစ်ယောက်ရဲ့ ပါရမီရဲ့ ပုံပန်းသဏ္ဌာန်၊ ပုံစံနဲ့ စွမ်းအားတွေကို ယူဆောင်ထားကြတာပါ။
သူ့ရဲ့ အဆင့်မြင့်စွမ်းရည်က အနာဂတ်နိမိတ်ဖတ်ကြားသူ ဖြစ်တယ်။ ဒါကြောင့်လည်း သူ့ရဲ့ ဒီဗာမှာ အနာဂတ်ဆန်တဲ့ ရိုဘော့လို လက်မောင်းတွေ ရှိနေပြီး သွေးပြန်ကြောတွေနေရာမှာ ပတ်လမ်းတွေနဲ့ တည်ဆောက်ထားကာ ကြွက်သားတွေကိုတော့ ဓာတုမျှင်တွေနဲ့ လုပ်ထားတာပေါ့။
သူ့ရဲ့ စွမ်းရည်တွေဖြစ်တဲ့ အလှည့်အပြောင်းနဲ့ ပြောင်းပြန်လှန်ခြင်းတွေကတော့... သူ ကျင်လည်ခဲ့တဲ့ အရင်ကမ္ဘာလိုမျိုး ဒီကမ္ဘာကြီးကိုလည်း နည်းပညာတွေ ထွန်းကားစေချင်တဲ့ သူ့ရဲ့ဆန္ဒနဲ့ ကိုက်ညီတဲ့ နည်းပညာဆိုင်ရာ တိုးတက်မှုတွေပဲ ဖြစ်တယ်။
ဒီတော့ တစ်ချိန်လုံး ငါ့ရဲ့ ဒီဗာက ငါ့ရဲ့ အဆင့်မြင့်စွမ်းရည် သက်သက်ပဲပေါ့လေ။
|မင်း အခုလို နားလည်သွားတာ ဝမ်းသာပါတယ်။ ဒါက ဘာကို ဆိုလိုလဲဆိုတာ မင်း အပြည့်အဝ နားလည်ဖို့က ငါတို့ရဲ့ ကြီးထွားမှုအတွက် သိပ်အရေးကြီးတယ်။
အခုအချိန်ထိတော့ ငါ့အပေါ် မင်းရဲ့ အမြင်က သိပ်ကို တိမ်သေးတယ်။ အခြေခံအဆင့်ပဲ ရှိသေးတာ။ မင်းက အနာဂတ်နိမိတ်ဖတ်ကြားသူ ဆိုတဲ့ နာမည်ကို စာသားအတိုင်း တိုက်ရိုက်ကြီး ယူလိုက်တာပဲ။ ဒါကြောင့်လည်း မင်းရဲ့ စွမ်းရည်တွေက အချိန်နဲ့ ပတ်သက်နေသလို ဖြစ်နေရတာ|
|ဒါပေမဲ့ မဟုတ်ဘူး။ ငါတို့ရဲ့ တန်ခိုးတွေက ဒါထက်မကဘူး။ ဒါထက် အများကြီး ပိုပြီးတော့ အစွမ်းထက်တယ်။ မင်းဘက်က ငါ့ကို အရင်ဆုံး နားလည်အောင် လုပ်ဖို့ပဲ လိုတယ်|
ဒါက အမှန်ပဲ။ သူ့ရဲ့ အလှည့်အပြောင်းက အချိန်ကို ရပ်တန့်စေပြီး သူ့ရဲ့ စွမ်းရည်အသစ်ကတော့ အချိန်ကို နောက်ပြန်လှည့်ပေးတယ်။ ဒီတန်ခိုးတွေကို အနာဂတ်နိမိတ်ဖတ်ကြားသူဆိုတဲ့ ဘွဲ့အပေါ် တိုက်ရိုက်အဓိပ္ပာယ်ကောက်ယူမှုအဖြစ် မြင်နိုင်တာပေါ့။
ဒါဆို ငါ ဘာလုပ်ရမလဲ။ ဘယ်လို တိုးတက်အောင် လုပ်ရမလဲ။
|ပထမဆုံးအနေနဲ့ ငါနဲ့ မင်းကို ဆက်သွယ်ပေးနိုင်ခဲ့တဲ့အရာကို မင်း လုပ်ရမယ်။ မင်းရဲ့ အကန့်အသတ်တွေကို ကျော်ဖြတ်ဖို့ လိုတယ်။ အဲဒီလိုလုပ်နိုင်မှပဲ မင်းရဲ့ ကိုယ်ပိုင်တန်ခိုးတွေအပေါ် နားလည်မှုက ပိုပြီး နက်ရှိုင်းလာလိမ့်မယ်။
အကျပ်အတည်း အခြေအနေတွေနဲ့ ကြုံရတဲ့အခါ မင်းရဲ့ မသိစိတ်က ပိုမိုနက်ရှိုင်းတဲ့ တန်ခိုးကို ရှာဖွေဖို့ မင်းကိုယ်မင်း ပြန်လည်တူးဆွလိမ့်မယ်။ အဲဒါကပဲ လျှို့ဝှက်ချက်ပဲ|
လိုရင်းကို ပြောရရင်တော့ သူ့ရဲ့ ဒီဗာ၊ ဒါမှမဟုတ် အတိုကောက် နိမိတ်ဖတ်ကြားသူက သူ့ကို တိုက်ပွဲတွေ ပိုတိုက်ခိုက်ရမယ်လို့ ပြောနေတာပဲ။ ဒါက တခြားလူတွေ သူ့ကို လုပ်ဖို့ ပြောထားတဲ့အရာနဲ့ တစ်ထေရာတည်းပဲလေ။
တိုက်ပွဲတွေကတစ်ဆင့်ပဲ ဒီဗာတစ်ခုက ကြီးထွားလာမယ်လို့ သူတို့ ပြောခဲ့ကြတာ။
အဖြေက ဒီဗာကိုယ်တိုင်ဆီကနေ တိုက်ရိုက်ထွက်လာတာဆိုတော့ သူတို့ပြောတာ မှန်ပုံရတယ်။
အိုကေ၊ ဒါဆို ရိုင်းဇင်းဆစ်ထဲက သူငယ်ချင်းအသစ်တွေနဲ့ လေ့ကျင့်ရေးအစီအစဉ်ဆွဲဖို့ တောင်းဆိုရတော့မှာပေါ့လို့ သူက ဒါကို အကြံကောင်းတစ်ခုအဖြစ် တွေးရင်း ပြောလိုက်တယ်။
ဒါပေမဲ့ နိမိတ်ဖတ်ကြားသူမှာ ဒါထက်ပိုကောင်းတဲ့ အကြံတစ်ခု ရှိနေပုံရပါတယ်။
|မင်း မျက်လုံးကိုဖွင့်ပြီး ရှေ့မှာ ဘာရှိလဲဆိုတာ ကြည့်လိုက်|
သူ ခိုင်းတဲ့အတိုင်း လုပ်လိုက်တဲ့အခါ သူ နိမိတ်ဖတ်ကြားသူနဲ့ စကားပြောလို့ အလုပ်ရှုပ်နေတုန်း လေလံပွဲက အဆင်ပြေပြေ တိုးတက်သွားတာကို တွေ့လိုက်ရတယ်။
"လူကြီးမင်းအပေါင်းတို့၊ မော်တော်ကား လေလံဆွဲမှုကတော့ အဆုံးအဖြတ် ထွက်ပေါ်လာပါပြီ။ ဒါဟာ ရွှေဒင်္ဂါးပြား တစ်ဘီလီယံအထိ တက်သွားပြီး အဓိက အင်အားကြီးအဖွဲ့ကြီး ခြောက်ဖွဲ့က လေလံကို ဘယ်သူက အပိုင်ရမလဲဆိုတာ ပြိုင်ဆိုင်နေကြပါပြီ။
သူတို့တစ်ယောက်ချင်းစီကလည်း တခြားအသင်းနဲ့ ယှဉ်ပြိုင်ဖို့အတွက် မက်ဂ်နက်တစ် ငါးယောက်စီကို မှော်ကမ္ဘာငယ်လေးထဲ စေလွှတ်ဖို့ တညီတညွတ်တည်း သဘောတူထားကြပါတယ်" လို့ ဘာနာဘီက လူအုပ်ကြီးရဲ့ တစ်ခဲနက် အားပေးသံတွေကြားကနေ ကြေညာလိုက်တယ်။
မကြာခင်မှာပဲ အဓိက အင်အားကြီးအဖွဲ့တွေက အဖွဲ့တွေဟာ စင်မြင့်ဆီကို ဦးတည်လာကြတော့တယ်။
အဲလ်ရစ်နဲ့ သူ့ရဲ့ အတော်ဆုံးလူ လေးယောက်က ဂီလ်ဒါရန် ကုမ္ပဏီကို ကိုယ်စားပြုပြီး စင်ပေါ်ကို လျှောက်လာကြတယ်။
နောက်တစ်ယောက်ကတော့ အဲရစ်နဲ့ သူမရဲ့ အဖွဲ့သားတွေဖြစ်ပြီး ဆင်ကလဲယား ဆေးဝါးလုပ်ငန်းစုရဲ့ အလံကို ထုတ်ပြနေကြတယ်။
ပြီးတော့ ဘော်ဘီနဲ့ သူ့ရဲ့ ပန်းပဲဆရာတွေက ကွန့်ချ် ကုမ္ပဏီအတွက် မတ်တတ်ရပ်ရင်း စင်ပေါ်ကို ဆင်းလာကြတယ်။
လက်ဂါစီ့စ် သုံးယောက်စလုံးက လူအုပ်ကြီးဆီကနေ သောင်းသောင်းဖျဖျ လက်ခုပ်သံတွေကို ရရှိခဲ့ကြတယ်။ လူတိုင်းက သူတို့ရဲ့ လှုပ်ရှားမှုတွေကို မြင်တွေ့ရဖို့ စိတ်လှုပ်ရှားနေကြတာပေါ့။
နောက်တစ်ဖွဲ့ကတော့ မြို့စားကတော်နဲ့ သူမရဲ့ လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ ဖြစ်ပါတယ်။ သူ နန်းတော်ကို သွားလည်တုန်းက မတွေ့ခဲ့ရတဲ့ လူတွေပဲ။ ဒါပေမဲ့ လူတိုင်းက သူတို့ကို ပြိုင်ဆိုင်လိုတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတာကို ထောက်ရင် သူတို့က လက်ဂါစီ့စ်တွေကို ယှဉ်ပြိုင်နိုင်လောက်အောင် စွမ်းဆောင်ရည်ရှိပုံရတယ်။
နောက်တစ်ခုကတော့ ကောင်းကင်ဘုံစစ်သည်တော်များအဖွဲ့ ဖြစ်ပြီး ပေါ့တ်ဘိုးလ်လို့ ခေါ်တဲ့ ပါရမီရှင် ဦးဆောင်တဲ့ စစ်သည်တော်တွေကို စေလွှတ်ခဲ့တယ်။ အထူးသဖြင့် ကောင်းကင်ဘုံစစ်သည်တော်တစ်ဦးဖြစ်တဲ့ ခရူဂါကိုယ်တိုင် လေ့ကျင့်ပေးထားတာကို လူတိုင်းသိကြလို့ ပုဆိန်ကိုင်ထားတဲ့ အဲဒီကတုံးလူကြီးကို လူတိုင်းက သတိထားနေကြတယ်။
နောက်ဆုံးအနေနဲ့ မှော်မျှော်စင်က သူတို့ရဲ့ အတော်ဆုံး မှော်ဆရာတွေကို စေလွှတ်ခဲ့တယ်။ ဒါပေမဲ့ ဆန်းဆန်းပြားပြားပဲ သူတို့က လေးယောက်ပဲ စေလွှတ်ခဲ့ပြီး အဖွဲ့ထဲက အဖွဲ့ဝင်တစ်ယောက် ပျောက်ဆုံးနေခဲ့တယ်။
"သူတို့ရဲ့ အရှိန်အဝါကို မြင်လား။ သူတို့ရဲ့ ဒီဗာကို မထုတ်ဖော်ရသေးရင်တောင် ငါ့ရဲ့ အမွှေးအမျှင်တွေ ထောင်လာတာကို ခံစားနေရတယ်" လို့ အာလော့စ်က ခေါင်းခါရင်း ပြောလိုက်တယ်။
"အဲဒီ ပေါ့တ်ဘိုးလ်ဆိုတဲ့လူက ကြည့်ရတာ အပြစ်ကင်းပုံရပေမဲ့ သူ့ရဲ့ ပုဆိန်လွှဲချက်တွေကတော့ မယုံနိုင်လောက်အောင် သန်မာတယ်" လို့ ဖင်းမ်က စိုးရိမ်တကြီးနဲ့ သူ့ရဲ့ ဆံပင်တွေကို သပ်ရင်း ပြောတယ်။
"ငါကတော့ သူတို့နဲ့ မပြိုင်ရလို့ တကယ်ဝမ်းသာတယ်" လို့ ရက်ပ်တာက နောက်ပြောင်လိုက်တယ်။
မိုက်ကယ်အနေနဲ့ ဝန်ခံချင်စိတ် ရှိသလောက်တော့ သူတို့က လက်ရှိအချိန်မှာ သူ့ထက် အဆင့်အတန်း အများကြီး မြင့်နေတယ်လို့ တွေးမိတာတော့ အမှန်ပဲ။
ဒီလူတွေက ခန္ဓာကိုယ်ဖွဲ့စည်းခြင်းနယ်ပယ်ရဲ့ အဆင့် ၈ နဲ့ အဆင့် ၉ မှာ ရှိနေတဲ့ မက်ဂ်နက်တစ်တွေ ဖြစ်ကြတယ်။ သူ့မှာ အားသာချက်တွေ ရှိနေရင်တောင် အဲဒီထဲက တစ်ယောက်တည်းနဲ့တင် တစ်ကြိမ်လေး ဆုံတွေ့တာကို တောင့်ခံနိုင်မှာ မဟုတ်ဘူးဆိုတာ သူသိတယ်၊ ငါးယောက်ဆိုရင်တော့ ပြောနေစရာတောင် မလိုတော့ဘူး။
|မင်း သူတို့ကို တိုက်ရမယ်| လို့ နိမိတ်ဖတ်ကြားသူက ပြောလိုက်တယ်။
‘ဘာ’
|ဒါက မင်းရဲ့ စွမ်းရည်တွေကို သွေးရမယ့် အခွင့်အရေးပဲ။ မင်း တစ်ခါမှ ဖြစ်နိုင်မယ်လို့ မတွေးဖူးတဲ့ အကန့်အသတ်တွေကို ချိုးဖျက်ပစ်ဖို့ပဲ|
ချက်ချင်းပဲ သူ ငြင်းဆန်ချင်စိတ် ပေါက်သွားတယ်။ 'သူတို့နဲ့ တိုက်ခိုက်ပြီး ငါ့ရဲ့ အကန့်အသတ်တွေကို ဘယ်လိုလုပ် ချိုးဖျက်နိုင်မှာလဲ။ သူတို့ရဲ့ ဒီဗာတွေက ငါ့ထက် အနည်းဆုံး လေးဆင့်လောက် မြင့်နေတာ။ သူတို့က ငါ့ထက် တစ်ဆင့် ဒါမှမဟုတ် နှစ်ဆင့်ပဲ မြင့်ရင်တော့ ငါ နားလည်နိုင်ပါသေးတယ်။ ဒါပေမဲ့ လေးဆင့်ကြီးတောင်လား။ ဒါက နည်းနည်း များလွန်းတယ်လို့ မထင်ဘူးလား'
|တောက်... အဲဒီကောင်တွေက လူလိမ်တွေပဲ။ သူတို့က အဲဒါတွေကို ဒီဗာတွေလို့ တကယ်ထင်နေကြတာလား။ အဲဒါတွေက အခွံအလွတ်တွေသက်သက်ပဲ|
နိမိတ်ဖတ်ကြားသူရဲ့ အသံထဲက ထင်ထင်ရှားရှား မုန်းတီးမှုကို ကြားရပြီးနောက် မိုက်ကယ်က သူ ဘာကြောင့် တခြားဒီဗာတွေထက် ပိုသာလွန်တယ်လို့ တွေးနေရသလဲဆိုတာကို ပိုသိချင်လာတယ်။
မင်း ဘာလို့ အဲလိုပြောတာလဲ။
|သူတို့မှာ ဝိညာဉ်မရှိဘူး။ ငါ့လို စကားမပြောနိုင်ကြဘူး|
စကားပြောနိုင်တဲ့ ဒီဗာတစ်ခု ရှိနေတာက သူ့ကို တခြားလူတွေထက် ခေါင်းတစ်လုံး ပိုမြင့်စေတယ်ဆိုတာကိုတော့ သူ ဝန်ခံရမယ်။ ဒါက လူနဲ့ မျောက်ကို နှိုင်းယှဉ်သလိုမျိုးပဲမို့ နိမိတ်ဖတ်ကြားသူက ဘာကြောင့် သူကိုယ်သူ သာလွန်တယ်လို့ တွေးလဲဆိုတာ သူ နားလည်နိုင်ပါတယ်။
|ဒါပေမဲ့ အဲဒါက အဓိကအချက် မဟုတ်ပါဘူး။ နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ ဒါက ခန္ဓာကိုယ်ဖွဲ့စည်းခြင်းနယ်ပယ်ရဲ့ ထိပ်သီးလူတွေနဲ့ တိုက်ခိုက်ရမယ့် မင်းရဲ့ အခွင့်အရေးပဲ။
သူတို့နဲ့ အနီးကပ်ရှိနေပြီး သူတို့ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ရုံတင်နဲ့တင် မင်းရဲ့ ကိုယ်ပိုင်အဆင့်က လူတွေနဲ့ တိုက်ခိုက်နေတာထက် အများကြီး ပိုပြီး မြန်မြန်ဆန်ဆန် တိုးတက်လာလိမ့်မယ်|
သူ့ရဲ့ ပထမဆုံး တုံ့ပြန်မှုကတော့ နိမိတ်ဖတ်ကြားသူရဲ့ တောင်းဆိုမှုကို ငြင်းပယ်ဖို့ ဖြစ်တယ်။ ဒါပေမဲ့ ဒါက ဂိမ်းတစ်ခု သက်သက်ပဲဖြစ်ပြီး တကယ့်လက်တွေ့ဘဝ အခြေအနေ မဟုတ်ဘူးဆိုတာကို သတိရသွားတဲ့အခါမှာတော့ သူ လုံးဝ ပြန်စဉ်းစားမိသွားတယ်။
ဒါက သေရေးရှင်ရေး ကိစ္စမဟုတ်ဘူး။ လေလံပွဲကနေ ပြုတ်သွားရုံသက်သက်ပဲ။
သေချာတာကတော့ သူ လမ်းမှာ ဒဏ်ရာရနိုင်ပေမဲ့ အဲဒါကလည်း လုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုပဲလေ။ ပြီးတော့ ဒါက သူ့ရဲ့ ဒီဗာနဲ့အတူ ပိုပြီး တိုးတက်မှုဆီ ဦးတည်သွားမယ်ဆိုရင်တော့ သွေးအနည်းငယ် ထွက်ရတာက တန်ပါတယ်။
ဒါ့အပြင် ဒါ့နောက်ကလာမယ့် နောက်ထပ် လေလံပွဲအပေါ်မှာလည်း သူ တော်တော်လေး စိတ်ဝင်စားနေမိတယ်။ ဝိဉာဉ်ဆီအစက် ၁၅ စက်ထဲက တစ်စက်ပဲ ရရင်တောင် စွန့်စားရကျိုးက တန်တာထက် ပိုပါတယ်။
အိုကေ၊ ဒါဆိုရင်တော့ ငါ မင်းကို သဘောတူနိုင်လိမ့်မယ် ထင်တယ်။
|ဒါပေါ့၊ မင်းက ငါပဲဥစ္စာ|
ဒါပေမဲ့ ငါ ပါဝင်ချင်ရင်တောင် သူတို့က ငါ့ကို ပေးဝင်ကျမှာ မဟုတ်ဘူး။
သူက အဓိက အင်အားကြီးအဖွဲ့တွေလိုမျိုး သုံးချင်သလောက် သုံးနိုင်စွမ်း ရှိပါတယ်။ ဒါပေမဲ့ သူက သူတို့လိုမျိုး မတိုက်ခိုက်နိုင်ဘူး။ သူတို့မှာ သူတို့ရဲ့ လက်အောက်မှာ မက်ဂ်နက်တစ် အများအပြား ရှိကြတယ်။ သူ့မှာတော့ သူကိုယ်တိုင်ပဲ ရှိတာ။
ချက်ချင်းပဲ ရီနေးတားကုမ္ပဏီက ပြိုင်ပွဲကနေ ပယ်ချခံလိုက်ရတယ်။ သူတို့က ဂိမ်းထဲမှာ မက်ဂ်နက်တစ် နှစ်ယောက် ဒါမှမဟုတ် ဒါထက်ပိုပြီး ကစားဖို့ ဆုံးဖြတ်လိုက်သရွေ့တော့ သူ သူတို့ရဲ့ လေလံကို မလိုက်နိုင်တော့ဘူး။
|လုပ်စမ်းပါ... မင်း အဲဒီအတွက် အဖြေကို သိသားပဲ|
မိုက်ကယ် သူ့ရဲ့ အိတ်ကပ်တွေကို ငုံ့ကြည့်လိုက်တယ်။
ဒါက အလုပ်ဖြစ်နိုင်တယ်။
* * * * * * * *