← Chapters

အခန်း (၅၉၅-၅၉၆)

Vol. 50 Ch. 595-596

အခန်း (၅၉၅-၅၉၆)

Vol. 50 Ch. 595-596

အခန်း(၅၉၅)

"ဒါက ဘာအဓိပ္ပာယ်လဲ။ ရီနေးတားကုမ္ပဏီက ပြိုင်ပွဲဝင်ခွင့် ဆုံးရှုံးသွားပြီလား"

"ငါတော့ အဲဒီလိုပဲ ထင်တာပဲ။ သူတို့မှာ တိုက်ခိုက်ဖို့ လုံလောက်တဲ့ မက်ဂ်နက်တစ်မှ မရှိတာ။ ဒါတင်မကသေးဘူး မိုက်ကယ်က အခုထိ အဆင့်လေးမှာပဲ ရှိသေးတာလေ"

ဗန်ဒါဘစ်ဟာ မိုက်ကယ်ကို ဘယ်လောက်ပဲ သဘောကျပါစေ စည်းကမ်းတွေကိုတော့ လိုက်နာရမယ်ဆိုတာ သိနေတယ်။ သူ ဝိညာဉ်ဆီ ၁၅ စက်အတွက် လေလံဆွဲတဲ့ပွဲမှာ ပါဝင်ခွင့်ရမှာမဟုတ်ဘူးဆိုတဲ့ သတင်းဆိုးကို မိုက်ကယ်ဆီ သွားပြောရတော့မှာပါ။

ပြီးတော့ သူက ဒီအကြောင်းကို လိုတာထက်ပိုပြီး လူသိရှင်ကြား မဖြစ်စေချင်တာမို့ သူတို့ရဲ့ သီးသန့်ဆွိတ်ခန်းဆီ ကိုယ်တိုင်သွားပြီး သတင်းစကားပါးဖို့ ဆုံးဖြတ်လိုက်တယ်။

ဒါပေမဲ့ သူ စင်နောက်ဘက်ကို လျှောက်သွားခါနီးမှာပဲ ရွှေရောင်ဆံပင်နဲ့ ကောင်လေးတစ်ယောက် သူ့ဆီ လျှောက်လာတာကို ရုတ်တရက် မြင်လိုက်ရတယ်။

အဲဒါ မိုက်ကယ်ပဲ။

ဗန်ဒါဘစ်က သူ့နားကို အမြန်တိုးသွားပြီး တိုးတိုးလေး ကပ်ပြောလိုက်တယ်။

"မိုက်ကယ်... ငါတို့ စကားပြောရအောင်။ မင်းမှာ လေလံပွဲထဲ ဝင်ပါနိုင်မယ့် အရည်အချင်း လုံးဝမရှိဘူး။ မှော်ပညာရှင်အစည်းအရုံးက ဒီလိုကိစ္စမျိုးတွေကို တကယ် တင်းကျပ်တာ။ မင်းရဲ့ လက်ရှိတန်ခိုးထက် လေးဆင့်လောက် မြင့်တဲ့သူတွေကို မင်း သွားတိုက်ခိုက်ဖို့ ငါက ခွင့်ပြုပေးမယ်ဆိုရင်တောင် သူတို့က ခွင့်ပြုမှာ မဟုတ်ဘူး"

မိုက်ကယ်က ငြင်းပယ်ခံလိုက်ရတာကို တုန်လှုပ်သွားတဲ့ပုံ မပေါ်ပါဘူး။ သူ ဒါကို ကြိုတင်မျှော်လင့်ထားပြီးသားပါ။

"ကဲ... အကယ်၍ သူတို့က ခွင့်ပြုရင်ကော" သူက ပြန်မေးလိုက်တယ်။

"သူတို့ မလုပ်နိုင်ဘူး" ဗန်ဒါဘစ်က ဇွတ်အတင်း ပြောတယ်။ "သူတို့က ကိုယ့်စည်းကမ်းတွေအပြင် မက်ထရိုပိုလစ်ရဲ့ စည်းကမ်းတွေနဲ့ပါ ပတ်သက်နှောင်ဖွဲ့နေတာ။ မင်းအနေနဲ့ မက်ထရိုပိုလစ် စတင်တည်ထောင်ကတည်းက ရှိခဲ့တဲ့ စည်းမျဉ်းဥပဒေတွေကို မပြောင်းလဲနိုင်သရွေ့တော့ ဒီကိစ္စကို ခွင့်ပြုပေးဖို့ မှော်ပညာရှင်အစည်းအရုံးကို နားချနိုင်မှာ မဟုတ်ဘူး"

ဒါပေမဲ့ အဲဒီလိုပြောတာကတောင် မိုက်ကယ်ရဲ့ အစီအစဉ်တွေကို ဖျက်သိမ်းဖို့ မလုံလောက်ခဲ့ပါဘူး။

"ဒါဆို ငါက ဥပဒေတွေကို ပြောင်းလဲနိုင်သရွေ့တော့ သူတို့ ငါ့ကို ခွင့်ပြုမှာပေါ့" သူက သူ့အိတ်ကပ်ထဲကို လက်နှိုက်ရင်း မေးလိုက်တယ်။

သူ့လက်ထဲမှာ အဝိုင်းပုံသဏ္ဍာန် အရာတစ်ခုကို ကိုင်ထားပြီး အစပိုင်းမှာတော့ အလှဆင်ပစ္စည်းတစ်ခုလို ထင်ရပေမဲ့ အမှန်တော့ အဲဒါက မဖော်ပြနိုင်တဲ့ တန်ခိုးတွေ ရှိနေတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ပစ္စည်းတစ်ခု ဖြစ်ပါတယ်။

ပြီးတော့ သူက အဲဒါကို လူတိုင်းမြင်အောင် ထုတ်ပြလိုက်တယ်။

အဲဒါက မြို့စားကတော် ရီဂျီနာ ငယ်ငယ်တုန်းက ပုံတူကို ထွင်းထုထားတဲ့ အနက်ရောင် မက်ဒယ်လီယွန်တစ်ခုပါ။

အစပိုင်းမှာတော့ ဘယ်သူမှ အဲဒါ ဘာလဲဆိုတာ မသိကြဘူး။ သူ့ရဲ့ ကတ္တရာစေးလို နက်မှောင်တဲ့ အရောင်အဝါကြောင့် ရိုးရိုး မက်ဒယ်လီယွန်တစ်ခုကလွဲလို့ သူ့ရဲ့ ဖြစ်တည်မှုအမှန်ကို ဘယ်သူမှ ခွဲခြားမသိနိုင်ကြဘူး ဖြစ်နေတယ်။

ဒါပေမဲ့ ဗန်ဒါဘစ်ကတော့ အနီးကပ် မြင်လိုက်ရတယ်။

မိုက်ကယ်ရဲ့ လက်ထဲမှာ ဘာရှိနေလဲဆိုတာကို သိလိုက်ရတဲ့ ခဏမှာပဲ သူ့မျက်လုံးတွေ ပြူးကျယ်သွားပြီး နှလုံးတွေ တုန်ရင်ကာ အသက်ရှူဖို့တောင် မေ့သွားခဲ့ရတယ်။

"မက်... မက်... မက်ဒယ်လီယွန်ကြီးပဲ" သူက အော်ဟစ်လိုက်မိတယ်။

ဒီအချိန်မှာပဲ အစွမ်းထက်တဲ့ အသေးစားအဖွဲ့အစည်းတွေနဲ့ အဓိကအဖွဲ့အစည်းကြီးတွေပါ မိုက်ကယ်ရဲ့ လက်ထဲမှာ ဘာရှိနေလဲဆိုတာကို သဘောပေါက်သွားကြပါပြီ။

သူတို့က ဒါကို ဘယ်လိုလုပ် မမှတ်မိဘဲ နေပါ့မလဲ။

အဲဒါက မက်ထရိုပိုလစ်တစ်ခုလုံးမှာ လူအလိုချင်ဆုံး ရတနာတွေထဲက တစ်ခုလေ။ ဒီအနက်ရောင် မက်ဒယ်လီယွန်က ဝိညာဉ်ဆီတွေနဲ့ ကားထက်တောင် ပိုပြီး တန်ဖိုးကြီးတယ်လို့ ပြောရင် လွန်အလှမ်းကျယ်ရာ မရောက်ပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီအရာတွေကိုတော့ ပိုက်ဆံအလုံအလောက်ရှိရင် အလွယ်တကူ ဝယ်လို့ရနိုင်တာကိုး။

နှိုင်းယှဉ်ကြည့်ရင်တော့ ဒီအနက်ရောင် မက်ဒယ်လီယွန်က ရွှေဒင်္ဂါးပြားပေါင်း ထရီလီယံချီ ရှိနေရင်တောင် အတင်းအဓမ္မ ဝယ်ယူလို့မရပါဘူး။ တကယ့်ကို တန်ဖိုးမဖြတ်နိုင်တဲ့အရာပါ။

အဲလ်ရစ်က စင်မြင့်ဆီ ငုံ့ကြည့်လိုက်ပြီး သူ့မျက်နှာမှာ ထိတ်လန့်မှုနဲ့ ဝေခွဲမရမှုတွေ ပြည့်နှက်နေတယ်။ "သူ့မှာ အဲဒါ ဘယ်လိုလုပ် ရှိနေတာလဲ"

အခြား လက်ဂါစီ့စ်တွေတောင် အံ့အားသင့်ပြီး ဆွံ့အကုန်ကြတယ်။ မက်ထရိုပိုလစ်မှာ ထိပ်တန်းကုမ္ပဏီကြီးတွေအဖြစ် သူတို့ရဲ့ ရာထူးအဆင့်အတန်းတွေ ရှိနေပေမဲ့၊ ဒေသတွင်း ဈေးကွက်အပေါ် သူတို့ ပံ့ပိုးပေးထားမှုတွေ ရှိနေပေမဲ့လည်း ကောလာဟလတွေ ထွက်နေတဲ့ အနက်ရောင် မက်ဒယ်လီယွန်ကို ရရှိမယ့် အခွင့်အရေးနဲ့ နီးစပ်ဖို့ နေနေသာသာ မရဖူးကြသေးပါဘူး။

ရီနေးတားလို ကုမ္ပဏီအသစ်တစ်ခုက ဒီလို အချိန်တိုလေးအတွင်းမှာ မြို့စားကတော်ဆီကနေ အနက်ရောင် မက်ဒယ်လီယွန်ကို ရခဲ့တယ်ဆိုတာ လုံးဝ အဓိပ္ပာယ်မရှိတဲ့ ကိစ္စကြီးပါ။

"လူတိုင်းက ဘာလို့ ထိတ်လန့်နေကြတာလဲ။ အဲဒီ အနက်ရောင် မက်ဒယ်လီယွန်က ဘာမို့လို့လဲ"

"မင်း မသိဘူးလား။ အနက်ရောင် မက်ဒယ်လီယွန်ကို ကိုင်ဆောင်ထားတဲ့သူဟာ မက်ထရိုပိုလစ်ထဲက ဘယ်အရာမဆို၊ အရာအားလုံးကို အကန့်အသတ်မရှိ စိတ်ကြိုက်လုပ်ပိုင်ခွင့် ရတယ်လို့ ကောလာဟလ ရှိတယ်လေ။ မင်း လူသတ်မှု ကျူးလွန်ခဲ့ရင်တောင် မြို့စားကတော်ရဲ့ အနက်ရောင် မက်ဒယ်လီယွန်ကို သုံးလိုက်ရုံနဲ့ လွတ်မြောက်နိုင်တယ်"

အခြေခံအားဖြင့်တော့ မိုက်ကယ်ရဲ့ လက်ထဲမှာ ရှိနေတာက အပြစ်ကနေ ကင်းလွတ်ခွင့် ရမယ့် ကတ်ပြားတစ်ခုပါပဲ။ မြို့စားကတော်ရဲ့ အာဏာစက်ကို တစ်ကြိမ်တစ်ခါလောက် အပ်နှင်းခံလိုက်ရတာက မက်ထရိုပိုလစ်ရဲ့ တံတိုင်းတွေအတွင်းမှာ သူ့ကို အကြွင်းမဲ့ လွတ်လပ်ခွင့်ကို ပေးစွမ်းနိုင်ခဲ့တယ်။

အနက်ရောင် မက်ဒယ်လီယွန်တွေကို တော်ဝင်တိုက်ကြီးရဲ့ ဘယ်မြို့ကြီးမှာမဆို အုပ်ချုပ်သူ တော်ဝင်မျိုးနွယ်က ပေးအပ်နိုင်ပါတယ်။ ပြီးတော့ သူ့ရဲ့ သမိုင်းဦး အစကနေ အခုအချိန်အထိ လူတွေဆီ မက်ဒယ်လီယွန်တွေ ပေးအပ်ခဲ့တဲ့ မှတ်တမ်းတင်ထားတဲ့ ဖြစ်ရပ်ဆိုလို့ လက်ချိုးရေလို့ရတဲ့ အနည်းငယ်ပဲ ရှိခဲ့ဖူးတာပါ။

ဒီလို ရှားပါးလွန်းတာက ပရမ်းပတာတွေ အများကြီး မဖြစ်စေဖို့အတွက် စောင့်ထိန်းတာပါ။ ဘာလို့လဲဆိုတော့ ဒီလောက်အထိ လွတ်လပ်ခွင့် ရှိနေတာက မြို့တစ်မြို့လုံး ဒါမှမဟုတ် လူမျိုးစုတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်လို့ပဲ။

အုပ်ချုပ်သူ တော်ဝင်မျိုးနွယ်တွေဟာ ဒါကို ဘယ်သူ့ကို ပေးရမလဲဆိုတာနဲ့ ပတ်သက်ပြီး အလွန်အမင်း သတိထားကြရတယ်။

ပုံမှန်အားဖြင့်တော့ အဲဒါတွေကို လူ့အဖွဲ့အစည်းရဲ့ ကောင်းကျိုးအတွက် သူတို့ရဲ့ ဘဝတွေကို မြှုပ်နှံထားပြီး မြင့်မြတ်တဲ့ ကိုယ်ကျင့်တရား ရှိကြတဲ့ သူရဲကောင်းတွေနဲ့ ဂန္ထဝင်ပုဂ္ဂိုလ်တွေကိုသာ ပေးအပ်လေ့ ရှိပါတယ်။ အဲဒီလိုနည်းနဲ့ မက်ဒယ်လီယွန်ကို အလွဲသုံးစား မလုပ်မိအောင် သေချာစေတာပါ။

ဒါပေမဲ့ ထင်ရှားတာကတော့ မိုက်ကယ်ဟာ လူချီးမွမ်းခံရတဲ့ သူရဲကောင်း ဒါမှမဟုတ် ဂန္ထဝင်ပုဂ္ဂိုလ်တစ်ယောက် မဟုတ်ပါဘူး။ သူ မက်ထရိုပိုလစ်ထဲ ရောက်နေတာ တစ်လ၊ နှစ်လလောက်ပဲ ရှိသေးတာလေ။

ဒါကို သူ့ကို အနက်ရောင် မက်ဒယ်လီယွန် ပေးလိုက်တယ် ဟုတ်လား။ ဒါက အဓိပ္ပာယ်မရှိသလို ကြားရတာပဲ။

"အဲဒါ... အဲဒါ အစစ်ပဲလား"

"မက်ဒယ်လီယွန် ကိုယ်နှိုက်ကတော့ ဘာမှ ထူးခြားမနေပါဘူး။ အတုလုပ်ဖို့တောင် တော်တော်လွယ်သေးတယ်။ ဒါပေမဲ့ အတုလုပ်လို့ မရတဲ့အရာ တစ်ခုတော့ ရှိတယ်၊ အဲဒါက မြို့စားကတော်ရဲ့ ခွင့်ပြုချက်ပဲ။ အဲဒီအရာက အစစ် ဟုတ်၊ မဟုတ်ဆိုတာကို သူတစ်ယောက်တည်းပဲ သိနိုင်တယ်"

ဒါပေမဲ့ ဘယ်သူမှ အနက်ရောင် မက်ဒယ်လီယွန်ရဲ့ စစ်မှန်မှုကို မသံသယဝင်နိုင်ခင်မှာပဲ ဗီအိုင်ပီခန်းတွေထဲက တစ်ခုဆီကနေ ကျယ်လောင်လှတဲ့ ရယ်မောသံကြီးတစ်ခု ထွက်ပေါ်လာတာကို ရုတ်တရက် ကြားလိုက်ရတယ်။

အဲဒီအချိန်မှာပဲ မှောင်နေတဲ့ မှန်တံခါးက ဘေးဘက်တွေကို လျှောခနဲ ပွင့်သွားပြီး လေလံစင်မြင့်ဆီ ငုံ့ကြည့်နေတဲ့ အစွန်းနားမှာ ရပ်နေတဲ့ မြို့စားကတော် ရီဂျီနာကို တွေ့လိုက်ရပါတယ်။

လူတိုင်းက သူတို့ရဲ့ မြို့စားကတော်ကို ကြည်ညိုလေးစားမှုတွေ ပြည့်နှက်နေတဲ့ မျက်လုံးတွေနဲ့ မော်ကြည့်လိုက်ကြတယ်။

"ဟားဟားဟားဟား" သူမက လက်နဲ့ မနည်း လှမ်းပိတ်ရင်း ရယ်မောလိုက်တယ်။ "မိုက်ကယ်... မင်း လူရှုပ်ကလေးပဲ။ မင်း ဒါကို ရုတ်တရက်ကြီး ထုတ်သုံးလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး"

မိုက်ကယ်က ပြုံးလိုက်ပြီး သူမဆီ ပုခုံးတွန့်ပြလိုက်တယ်။ "ကဲ... အရှင်က ကျွန်တော့်ကို ပေးထားတာပဲ၊ ဒါကြောင့် ကျွန်တော် သုံးတာပေါ့"

"ဒါလည်း ဟုတ်တာပဲ။ ငါ ပေးခဲ့တာပဲ။ မင်း မက်ဒယ်လီယွန်ကို ရပြီးရင် မက်ထရိုပိုလစ်မှာ ဂယက်ထအောင် လုပ်လိမ့်မယ်လို့ ငါ မျှော်လင့်ထားတာ။ ဒါပေမဲ့ ဒါလည်း ကောင်းတာပါပဲ၊ ဟားဟားဟားဟား"

မြို့စားကတော်ရဲ့ ခပ်ပါးပါး စကားလုံးတွေကတင် လုံလောက်တဲ့ သက်သေပြချက် ဖြစ်သွားခဲ့ပါပြီ။

အခန်းထဲမှာ ရှိနေတဲ့ လူတိုင်းကို အံ့အားသင့်စေပြီး အနက်ရောင် မက်ဒယ်လီယွန်က အစစ်အမှန် ဖြစ်နေခဲ့တယ်။

ပြီးတော့ မိုက်ကယ်နဲ့ မြို့စားကတော်တို့ကြားက ပေါ့ပေါ့ပါးပါးနဲ့ နောက်ပြောင်နေတဲ့ စကားဝိုင်းကို ကြည့်ခြင်းအားဖြင့် သူက မက်ဒယ်လီယွန်ကို စည်းမဲ့ကမ်းမဲ့ ရခဲ့တာ မဟုတ်ဘူးဆိုတာ ထင်ရှားပါတယ်။ မက်ထရိုပိုလစ်မှာ အောင်မြင်ဖို့ အခက်ခဲဆုံးအရာ ဖြစ်တဲ့ မြို့စားကတော်ရဲ့ ယုံကြည်မှုကို ရရှိပြီးမှ သူ ဒါကို ရရှိခဲ့တာပါ။

"အဲဒါ... အဲဒါ အစစ်ကြီးပဲ..." ဗန်ဒါဘစ်က မိုက်ကယ်ကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်ရင်း ရေရွတ်လိုက်တယ်။

သူက သူတို့နှစ်ယောက်ကို မိတ်ဆက်ပေးခဲ့တာ ဖြစ်ပေမဲ့ မိုက်ကယ်က မြို့စားကတော်ကို အနက်ရောင် မက်ဒယ်လီယွန် ပေးရလောက်တဲ့အထိ အကြီးအကျယ် သဘောကျအောင် လုပ်နိုင်လိမ့်မယ်လို့ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ပါဘူး။

"ဒါဆို အခု ကျွန်တော် လေလံပွဲမှာ ပါဝင်လို့ ရပြီလား"

သူ့ရဲ့ မေးခွန်းက ဗန်ဒါဘစ်ကို မိန်းမောတွေဝေနေရာကနေ နိုးထစေခဲ့တယ်။

"ရတာပေါ့" သူက အခုထိ မယုံနိုင်သေးဘဲ ရေရွတ်လိုက်တယ်။

ဒါပေမဲ့ စည်းကမ်းတွေအရတော့ အနက်ရောင် မက်ဒယ်လီယွန်တွေက မက်ထရိုပိုလစ်မှာရှိတဲ့ ဘယ်လို တရားဝင် ဥပဒေကိုမဆို ပယ်ဖျက်နိုင်ပါတယ်။ ဒါက ကိုယ့်ထက် သုံးဆင့်ကနေ လေးဆင့်အထိ မြင့်တဲ့သူတွေကို တိုက်ခိုက်ခြင်းဆိုင်ရာ မှော်ပညာရှင်အစည်းအရုံးရဲ့ စည်းကမ်းချက်လည်း အကျုံးဝင်တာပေါ့။

"ကျေးဇူးပဲ" မိုက်ကယ်က ဒါဟာ ကမ္ဘာပေါ်မှာ အရှိဆုံး ရိုးရိုးပုံမှန် ကိစ္စတစ်ခုလိုမျိုး ပေါ့ပေါ့ပါးပါးပဲ ပြန်ပြောလိုက်တယ်။

ဒီအတောအတွင်းမှာတော့ လူတိုင်းက မိုက်ကယ်ဟာ မြို့စားကတော်ရဲ့ ခွင့်ပြုချက်ကို ဘယ်လိုနဲ့ ဘာကြောင့် ရခဲ့တာလဲဆိုတာကို ကိုယ့်ဘာသာ တွေးတောနေကြတယ်။ မှန်ပါတယ်၊ သူက ကောင်လေးတစ်ယောက်အနေနဲ့ အလွန် ပါရမီပါတာဖြစ်ပေမဲ့ အဲဒါက လုံလောက်တဲ့ အကြောင်းပြချက် မဟုတ်သေးပါဘူး။ မြို့စားကတော်က တစ်စုံတစ်ယောက်ရဲ့ အလားအလာကို သဘောကျရုံသက်သက်နဲ့ ကုမ္ပဏီတစ်ခုကို မျက်နှာသာပေးရမှာ မဟုတ်ဘူးလေ။

အဲဒီအချိန်မှာပဲ မိုက်ကယ်က လေလံခန်းမရဲ့ အပေါ်ဘက်ဆီ ပျံတက်သွားတာကို သူတို့ မြင်လိုက်ရတယ်။

သူက မြို့စားကတော်ရှိရာဆီ ရွှေ့သွားပြီး အနက်ရောင် မက်ဒယ်လီယွန်ကို ပြန်ပေးလိုက်တယ်။ ဘာလို့လဲဆိုတော့ အဲဒါက တစ်ကြိမ်ပဲ သုံးလို့ရတာကိုး။

"မင်းက အံ့ဩစရာတွေနဲ့ ပြည့်နေတာပဲ မဟုတ်လား" သူမက သူ့ကို မေးလိုက်တယ်။

"ဒါက ကျွန်တော့်အတွက်တော့ အံ့ဩစရာ မဟုတ်ပါဘူး" သူက ပြန်လှန်နောက်ပြောင်ရင်း ဖြေလိုက်တယ်။

ပြီးတော့ သူက သူမရဲ့ အခန်းဘေးမှာရှိတဲ့ ဗီအိုင်ပီခန်းဆီ ပျံသွားခဲ့တယ်။

မှောင်နေတဲ့ မှန်နံရံတွေက ဘေးဘက်ကို ရွှေ့သွားပြီး မိုက်ကယ်က သူ့ရဲ့ ကိုယ်ပိုင်အခန်းထဲကို လှမ်းဝင်သွားခဲ့ပါတော့တယ်။

* * * * * * * *

စာစဉ်(၅၀)

အခန်း(၅၉၆)

မိုက်ကယ် ဗီအိုင်ပီအခန်းတွေထဲက တစ်ခန်းထဲကို ဝင်သွားတာ မြင်လိုက်ရတော့ လူတိုင်း ပါးစပ်အဟောင်းသားနဲ့ မှင်တက်ကုန်ကြတယ်။

"ဘာကြီး..."

"ဒါ... ဒါပေမဲ့... သူက ဘယ်လိုလုပ်ပြီး ထိပ်သီးအင်အားကြီးအဖွဲ့တွေပဲ ရတဲ့ ဗီအိုင်ပီအခန်းကို ရသွားတာလဲ..."

"ဒါဆို သူတစ်ချိန်လုံး ဒီမှာ ရှိနေခဲ့တာပေါ့..."

ဘိုးနဲ့ ရိုင်းဇင်းဆစ်အဖွဲ့က တခြားလူတွေဟာ လေလံခန်းမရဲ့ သီးသန့်အခန်းတွေထဲမှာ မိုက်ကယ်ကို ဘာလို့ ဆက်သွယ်လို့မရလဲဆိုတာ တွေးမရ ဖြစ်နေခဲ့ကြတာပါ။ သူတို့ နေရာအနှံ့ လိုက်ရှာခဲ့ပေမဲ့ ရီနေးတားကုမ္ပဏီရဲ့ အခန်းကို ရှာမတွေ့ခဲ့ကြဘူး။

ဒါပေမဲ့ တကယ်တမ်းကျတော့ သူတို့ ရှာတဲ့ဘက် မှားနေခဲ့တာပဲ။ မိုက်ကယ်က ပွဲခင်းရဲ့ ဗီအိုင်ပီဇုန်ထဲမှာ ရောက်နေခဲ့တာကိုး။

သူ ဒီလို အထူးအခွင့်အရေးကို ဘယ်လိုရခဲ့လဲဆိုတာ ဘာနာဘီကလွဲရင် ဘယ်သူမှ မသိကြပါဘူး။

"သူ့မှာ ဗီအိုင်ပီအခန်း ရှိနေတယ်... ပြီးတော့ အနက်ရောင်မက်ဒယ်လီယွန်ကိုလည်း ရထားသေးတယ်... ဒီကောင်လေး နောက်ထပ် ဘာတွေ ဖုံးကွယ်ထားဦးမလဲ..."

* * * * * * * *

မိုက်ကယ် အခန်းထဲကို လှမ်းဝင်လိုက်တော့ ဒရာဂွန်ဘွန်းတွေက သူ့ကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ လှမ်းကြည့်လာကြတယ်။

"အစ်ကိုမိုက်... ကျွန်တော် မက်ဂ်နက်တစ်တွေကို သွားထိုးရတော့မှာလား..."

သူက ခေါင်းခါပြလိုက်ပြီး "စိတ်မကောင်းစရာပဲ... ဂိမ်းထဲကို ငါတစ်ယောက်တည်းပဲ ဝင်လို့ရမှာ... မက်ဂ်နက်တစ်မဟုတ်တဲ့ လူတွေပါလာရင် တကယ် အန္တရာယ်များနိုင်တယ်..."

သူသာ အတင်းဇွတ်တရွတ်လုပ်ပြီး အနက်ရောင်မက်ဒယ်လီယွန်ရဲ့ အခွင့်အရေးထဲမှာ ဒရာဂွန်ဘွန်းတွေလည်း အကျုံးဝင်တယ်လို့ ပြောရင်တော့ ရကောင်းရနိုင်ပါတယ်။ ဒါပေမဲ့ သူတို့တွေ ဒီအတွက် ဘာမှ ပြင်ဆင်မထားရသေးဘူးဆိုတာ သူ သိနေခဲ့တယ်။

ဒါကြောင့် ဒီတစ်ကြိမ်မှာတော့ သူ တစ်ယောက်တည်းပဲ လှုပ်ရှားရတော့မှာပါ။

"ကောင်းပါပြီ... သခင်မိုက်ကယ်... ကျွန်မတို့ သခင်ကြီးရဲ့ အောင်ပွဲခံပြန်လာမယ့်အချိန်ကို စောင့်မျှော်နေပါ့မယ်..." လို့ ရှီနာက သူ့ကို ဦးညွှတ်ရင်း ပြောလိုက်တယ်။

ဒီအတောအတွင်းမှာ ဘာနာဘီကလည်း နောက်ဆုံးတော့ စိတ်ကိုပြန်စုစည်းပြီး ပရော်ဖက်ရှင်နယ်ဆန်ဆန် နေလိုက်နိုင်ပြီ။ သူက လေလံပွဲဆီ လူတိုင်းရဲ့ အာရုံပြန်ရောက်လာအောင် သူ့ရဲ့ အသံချဲ့မန္တန်ကို အမြန်ပြန်သုံးလိုက်တယ်။

"အနည်းငယ် ကြန့်ကြာသွားတဲ့အတွက် တောင်းပန်ပါတယ်... ဒါပေမဲ့ အားလုံး မြင်တွေ့ခဲ့ကြတဲ့အတိုင်းပါပဲ... မိုက်ကယ်ဟာ အနက်ရောင်မက်ဒယ်လီယွန်ကြောင့် အခုဆို လေလံပြိုင်ပွဲမှာ ပါဝင်ဆင်နွှဲခွင့် ရသွားပါပြီ... ဂိမ်းကို စတင်လိုက်ရအောင်..." လို့ သူက ကြေညာလိုက်တယ်။

လူအုပ်ကြီးဆီကနေ အားပေးသံ ခပ်တိုးတိုး ထွက်ပေါ်လာတယ်... ဘာလို့လဲဆိုတော့ ရိုင်းဇင်းဆစ်နယ်ပယ်ထဲကို ခြေလှမ်းစလှမ်းရုံပဲ ရှိသေးတဲ့ ကောင်လေး မိုက်ကယ်ဟာ အခုဆို ထိပ်သီးအင်အားကြီးအဖွဲ့တွေကို တစ်ယောက်တည်း ရင်ဆိုင်တိုက်ခိုက်တော့မယ်ဆိုတဲ့ အမှန်တရားကို သူတို့ ခေါင်းထဲ ကောင်းကောင်း လက်မခံနိုင်သေးလို့ပဲ။

သူ့ရဲ့ ပြိုင်ဘက်တွေနဲ့မတူတာက သူ့မှာ ဘယ်သူ့အကူအညီမှ မရှိဘူး။ တစ်ဖက်က ကုမ္ပဏီတစ်ခုချင်းစီမှာ ခန္ဓာကိုယ်ဖွဲ့စည်းခြင်း ကျင့်စဉ်အဆင့် ၇ ကနေ ၉ အထိ အစွမ်းရှိတဲ့ မက်ဂ်နက်တစ် ငါးယောက်စီ ပါဝင်နေချိန်မှာ မိုက်ကယ်ကတော့ အဆင့် ၄ ရဲ့ တန်ခိုးနဲ့တင် တစ်ယောက်တည်း ဖြစ်နေတယ်။

သူဟာ ဘိုးကို အနိုင်ယူပြီး အဆင့် ၆ ရှိတဲ့သူတွေကိုပါ ဖြုတ်နိုင်စွမ်းရှိတယ်ဆိုတာ သက်သေပြခဲ့ဖူးပေမဲ့ ထိပ်သီးအင်အားကြီးအဖွဲ့တွေက အတွေ့အကြုံရင့်ပြီး ကျွမ်းကျင်တဲ့ မက်ဂ်နက်တစ်တွေကို ရင်ဆိုင်နိုင်ပါ့မလားဆိုတာ လူတွေ သံသယဖြစ်နေကြတုန်းပဲ။

"ကျေးဇူးပြုပြီး ခင်ဗျားတို့ရဲ့ ကစားသမားတွေကို အသင့်ပြင်ပေးကြပါ..." ဘာနာဘီက အမိန့်ပေးလိုက်တော့ မကြာခင်မှာပဲ လူတွေဟာ စင်နောက်ကွယ်က လှေကားတွေအတိုင်း ဆင်းလာပြီး လူအုပ်ရှေ့မှာ ကိုယ်ထင်ပြလာကြတယ်။

ထင်ထားတဲ့အတိုင်းပဲ... ထိပ်သီးအင်အားကြီးအဖွဲ့တစ်ခုချင်းစီဟာ သူတို့ရဲ့ အတော်ဆုံး စစ်သည်တော်တွေကို ဒီဂိမ်းအတွက် သုံးထားကြတာပဲ။

"ဘယ်သူနိုင်မယ် ထင်လဲ... ငါကတော့ အဲလ်ရစ်က နှစ်ပွဲလုံးမှာ ကပ်ပြီး နိုင်သွားလိမ့်မယ်လို့ ထင်တယ်..."

"သူက တော်ပါတယ်... ဒါပေမဲ့ ပေါ့တ်ဘိုးလ်က ခန္ဓာကိုယ်ပိုင်းဆိုင်ရာမှာ လုံးဝကို အဆင့်အတန်းချင်း ကွာခြားလွန်းတယ်... သူက ဒီမှာ အတော်ဆုံး စစ်သည်တော်ပဲ... သံသယဖြစ်စရာကို မလိုတာ... သူက ကောင်းကင်ဘုံစစ်သည်တော်တစ်ယောက်ရဲ့ သင်ကြားမှုကို ရထားတာလေ..."

"ပြီးတော့ မင်း ကြားမိလား... မှော်မျှော်စင်ဘက်က သူတို့ရဲ့ မှော်ပညာရှင်အစည်းအရုံးကနေ လာတဲ့လူတစ်ယောက် ပါတယ်လို့ ပြောကြတယ်... လျှို့ဝှက်ဆန်းကြယ်ဆရာသခင် ဖြစ်ဖို့ သင်ယူနေတဲ့ တပည့်တစ်ယောက်ကို သုံးထားတာတဲ့... သူ့နာမည်က ဘရက်စတန် ထင်တယ်..."

ဒါပေမဲ့ ထူးဆန်းတာက ဒီ ဘရက်စတန် ဆိုတဲ့လူဟာ မှော်မျှော်စင်ရဲ့ လူစာရင်းထဲမှာ လုံးဝ ပျောက်နေခဲ့တယ်။ လောလောဆယ် သူတို့ဘက်မှာ လေးယောက်ပဲ ရှိနေသေးတယ်။

မိုက်ကယ်က စင်ပေါ်ကို လွင့်မျောဆင်းသက်ပြီး သူ့နေရာသူ ယူလိုက်တဲ့အခါ လူတိုင်းရဲ့ အာရုံက သူ့ဆီ စုပြုံရောက်ရှိသွားတယ်။

သူကတော့ လူတောထဲမှာ ထူးခြားနေတဲ့သူပေါ့။ ဒီလေလံပွဲအတွင်း သူ့ရဲ့ စွမ်းဆောင်ရည်တွေက သူတို့ကို တကယ် အံ့ဩစေခဲ့တာ မှန်ပေမဲ့ နောက်ဆုံးမှာ သူတို့နဲ့ စင်မြင့်တစ်ခုတည်းပေါ် အတူတူ ရပ်တည်နိုင်လိမ့်မယ်လို့တော့ လုံးဝ မျှော်လင့်မထားခဲ့ကြဘူး။

ဘာနာဘီက သူ့နားကို ကပ်လာပြီး အကြံပြုစကား ပြောတယ်။

"ဟေ့... ပထမပွဲကို ဝင်မပြိုင်ဘဲ နေလိုက်ပါလား... မင်း ကားကို မလိုချင်ဘူးဆိုတာ ငါတို့နှစ်ယောက်လုံး သိတာပဲ..."

ဒါဟာ တကယ်ကို အသုံးဝင်မယ့် အဆိုပြုချက်တစ်ခုပါပဲ... ဘာလို့လဲဆိုတော့ တကယ်လိုအပ်တဲ့အချိန်ကျမှ အင်အားသုံးနိုင်အောင် စွမ်းအင်ကို ထိန်းသိမ်းထားနိုင်မှာမို့လို့ပဲ။ သူ့အတွက် တကယ်အရေးကြီးတာက သူရနိုင်ခြေရှိတဲ့ ဝိညာဉ်ဆီ ၁၅ စက်ပဲလေ။

ဒါပေမဲ့ သူ့စိတ်ထဲက အစိတ်အပိုင်းတစ်ခုကတော့ အဲဒါကို လက်မမခံဘူး။ စာသားအတိုင်းပဲ ငြင်းဆန်နေခဲ့တယ်။

| ဒီအခွင့်အရေးကို အလဟဿမဖြစ်စေနဲ့... မင်းထက် သန်မာတဲ့လူတွေ ဝန်းရံနေတဲ့ ပတ်ဝန်းကျင်မှာ အချိန်အကြာကြီး နေထိုင်ခြင်းက ပိုပြီး ကြီးမားမြန်ဆန်တဲ့ ရလဒ်တွေကို ဆောင်ကြဉ်းပေးလိမ့်မယ်... ဒါဟာ အတော်ဆုံးထဲက အတော်ဆုံးလူတွေကို ရင်ဆိုင်ခွင့်ရမယ့် မင်းရဲ့ တစ်ခုတည်းသော အခွင့်အရေးပဲ...|

အနာဂတ်နိမိတ်ဖတ်ကြားသူ ဖြစ်တဲ့အတိုင်းပဲ... သူ့ခေါင်းထဲမှာ ရှိတာက အမြန်ဆုံးနဲ့ အမြင့်မားဆုံးအဆင့်အထိ တိုးတက်ဖို့ပဲ။ ခက်ခဲမလား၊ မဖြစ်နိုင်ဘူးလားဆိုတာကို သူ ဂရုမစိုက်ဘူး။

ဒါပေမဲ့ ရိုးရိုးသားသား ပြောရရင် မိုက်ကယ်ကိုယ်တိုင်လည်း ဒီလိုအတွေးအခေါ်မျိုးကို မမုန်းပါဘူး။

"ရပါတယ်... ကျွန်တော် ဘယ်လို အထူးအခွင့်အရေးမျိုးမှ မလိုချင်ပါဘူး..." လို့ သူက ဘာနာဘီကို ပြန်ဖြေလိုက်တယ်။

ဒီစကားကို ကြားလိုက်ရတော့ တခြားကစားသမားတွေဟာ သူ့ကို လေးစားတဲ့မျက်လုံးတွေနဲ့ မကြည့်ဘဲ မနေနိုင်ကြတော့ဘူး။ ဘာနာဘီရဲ့ အဆိုပြုချက်ကို လက်ခံလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် သက်သာအောင် လုပ်ဖို့က လွယ်လွယ်လေးပါ။ ဒါပေမဲ့ သူ မလုပ်ခဲ့ဘူး။ သူက တရားမျှတမှုကိုပဲ လိုချင်ခဲ့တယ်။

"ကောင်းပြီ... မင်း ဘာလုပ်နေလဲဆိုတာ မင်းကိုယ်တိုင် သိမှာပါ..." ဘာနာဘီက မိုက်ကယ်ရဲ့ ပုခုံးကို ပုတ်ရင်း ကံကောင်းပါစေကြောင်း ဆုတောင်းပေးလိုက်တယ်။

ဘော်ဘီ့အသင်းထဲက ဒစ်ကီက မိုက်ကယ်နားကို လျှောက်လာတယ်။

"ဟေ့... မိုက်ကယ်..."

"ဘယ်လိုလဲ..."

သူတို့နှစ်ယောက်က ရင်းနှီးကြပါတယ်။ သူ့ရဲ့ဒရုန်းကို ဝိညာဉ်ဆီနဲ့ ဘယ်လိုဖုံးအုပ်ရမလဲဆိုတာ သင်ပေးခဲ့တဲ့အတွက် မိုက်ကယ်က သူတို့ကို တကယ် ကျေးဇူးတင်နေတုန်းပဲ။

"ငါ ပြောချင်တာက... မင်းကို ဒီမှာ မြင်ရတာ ငါ တကယ်ကို အံ့ဩလွန်းလို့... အခု လူတိုင်း မင်းအကြောင်းပဲ ပြောနေကြတာ ထင်တယ်..."

သူက ပြုံးလိုက်ပြီး "ကျွန်တော်လည်း ကိုယ်တိုင် ဒီကို ရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး..."

"အကယ်၍ ငါတို့ အချင်းချင်း တိုက်ခိုက်ဖို့ မလိုဘူးဆိုရင် မင်း ငါတို့အသင်းဘက်ကို လာပူးပေါင်းတာ ကောင်းမယ် ထင်တယ်... ငါတို့ကတော့ မင်းကို ဝမ်းပန်းတသာ ကြိုဆိုမှာပါ..."

ဒစ်ကီက ကွန့်ချ်ကုမ္ပဏီက ဘော်ဘီနဲ့ တခြားကစားသမား သုံးယောက်ဆီကို လက်ညှိုးထိုးပြလိုက်ရာ... သူတို့ကလည်း ဒစ်ကီလိုပဲ မိုက်ကယ်ကို အပြုံးနဲ့ လှမ်းနှုတ်ဆက်ကြတယ်။

"ဒါဆိုရင်တော့ ခင်ဗျားတို့ရဲ့ ကမ်းလှမ်းချက်ကို ကျွန်တော် လက်ခံရမှာပေါ့..."

အကယ်၍ အသင်းဖော်တွေ ထားလို့ရမယ်ဆိုရင်တော့ ဒါဟာ တတ်နိုင်သမျှ ရေရှည်ရှင်သန်နိုင်ဖို့ သူ့ရဲ့ အကောင်းဆုံး အခွင့်အရေးပဲ။ ဒါကလည်း သူတို့ကစားရမယ့်ဂိမ်းက ပူးပေါင်းဆောင်ရွက်ခွင့် ပေးမှသာ ဖြစ်နိုင်မှာပါ။

"ဟမ်း... မျှော်စင်သခင်... ခင်ဗျားတို့အသင်းမှာ လူတစ်ယောက် လိုနေသလိုပဲနော်..."

မှော်မျှော်စင်ရဲ့ ဗီအိုင်ပီအခန်းက မှန်ရောင်ပြန်တံခါး ပွင့်သွားပြီး မျှော်စင်သခင် ထွက်ပေါ်လာတယ်။

မိုက်ကယ်က မော့ကြည့်လိုက်တော့ အသက် လေးဆယ်နှောင်းပိုင်းအရွယ်၊ ဆံပင်ညှပ်တိုတို ခပ်ဖြူဖြူနဲ့ နှုတ်ခမ်းမွေးစတုရန်းပုံစံနဲ့ လူလတ်ပိုင်းတစ်ယောက်ကို မြင်လိုက်ရတယ်။

သူက မျှော်စင်သခင်လား...

မှော်မျှော်စင်ထဲမှာ နှစ်ပေါင်းများစွာ အောင်းပြီး မှော်ပညာကို လေ့လာနေတဲ့ ပညာရှိတစ်ယောက်ရဲ့ ပုံစံမျိုးနဲ့တော့ သူ တွေးထားတာချင်း တခြားစီပဲ။

"ခွင့်လွှတ်ပါ... ဘာနာဘီ... ငါတို့ရဲ့ နောက်ဆုံးအဖွဲ့ဝင်က နည်းနည်း နောက်ကျနေလို့ပါ... သူ အခုပဲ ရောက်တော့မှာ..." လို့ မျှော်စင်သခင်က တောင်းပန်တဲ့လေသံနဲ့ ပြောလိုက်တယ်။

အဲဒီအချိန်မှာပဲ သူ့ရဲ့ ဗီအိုင်ပီအခန်းတံခါးဟာ ဂျိမ်းခနဲ ပွင့်ထွက်သွားပြီး လူငယ်လေးတစ်ယောက်ဟာ သူ့မျက်နှာပေါ်မှာ ဘာမှပူပန်မှုမရှိတဲ့ အပြုံးတစ်ခုနဲ့ ဝင့်ဝင့်ကြွားကြွား လှမ်းဝင်လာတယ်။

"ဆောရီး... ဦးလေးလူစီးယပ်စ်... ကျွန်တော် အိပ်ပျော်သွားလို့ ဟဲဟဲ..."

သူကတော့ နောက်ထပ် လျှောက်လှမ်းမယ့် လျှို့ဝှက်ဆန်းကြယ်ဆရာသခင်အဖြစ် သင်ယူနေတဲ့၊ မှော်ပညာရှင်အစည်းအရုံးက ပါရမီရှင်လို့ ပြောကြတဲ့ ဘရက်စတန် ပါပဲ။ သူက တော်တော်လေး ဝဝတုတ်တုတ်နဲ့ ခေါင်းပေါ်မှာ ဖြူနုပြီး လှိုင်းတွန့်နေတဲ့ ဆံပင်တွေ ရှိနေတယ်။

မျှော်စင်သခင်က သူ့ကို တင်းတင်းမာမာ စိုက်ကြည့်လိုက်ပြီး "မင်း ဒါကို အလေးအနက် မထားဘူးပေါ့ ဟုတ်လား..."

ဘရက်စတန်က ပုခုံးတွန့်ပြလိုက်ပြီး "ဆောရီးပါ ဦးလေးရာ... ဒါပေမဲ့ ရုပ်ဝတ္ထုလောကရဲ့ ကိစ္စတွေက ကျွန်တော့်ကို စိတ်မဝင်စားစေဘူးဗျာ... ကျွန်တော်ကတော့ အခန်းထဲမှာပဲ နေပြီး မုန့်စားရင်း စာအုပ်တွေ၊ ပရပိုဒ်တွေထဲမှာပဲ ခေါင်းနစ်နေချင်တာ..."

လူစီးယပ်စ်က နှာခေါင်းရှုံ့လိုက်ပြီး "ရိုးရိုးသားသား ပြောစမ်းပါ... မင်းက ဒါကို မင်းနဲ့မတန်ဘူးလို့ ထင်နေတာမလား..."

လူငယ်လေးကတော့ ခေါင်းပဲ ငြိမ့်ပြနိုင်ပါတော့တယ်။ နောက်ဆုံးတော့ သူက အနာဂတ်မှာ လျှို့ဝှက်ဆန်းကြယ်ဆရာသခင် ဖြစ်လာမယ့်သူပဲလေ။

"ဟား ဟား ဟား... မင်း အဲဒီလို သဘောထားမျိုးကို ဆက်ထိန်းထားနိုင်မလားဆိုတာ စောင့်ကြည့်ရသေးတာပေါ့..." လူစီးယပ်စ်က အောက်က မိုက်ကယ်ကို လှမ်းကြည့်ရင်း ပြုံးပြီး ပြောလိုက်တယ်။

* * * * * * * *

စာစဉ်(၅၀)

All Chapters