← Chapters

အခန်း ၂၁၀၁

Vol. 146 Ch. 2101

အခန်း ၂၁၀၁

Vol. 146 Ch. 2101

အပိုင်း ( 2101 ) ရဟန်းဝူလျန့်၏ စွမ်းအား။

ယွမ်ရှင်း၏ အရှိန်အဝါမှာ ရုတ်တရက် ကောင်းကင်ယံအထိ ထိုးတက်သွားခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခုက ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံသွား၏။

ဧကရာဇ်၏ အရှိန်အဝါ။

သိုင်းဧကရာဇ်နယ်ပယ်။

ယွမ်ရှင်း၏ ကျင့်ကြံခြင်းအဆင့်မှာ သိုင်းဧကရာဇ်နယ်ပယ်သို့ ထိုးဖောက်ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။

တိုက်ခိုက်ရေးစင်မြင့်၏ ပတ်ဝန်းကျင်ရှိ ကြည့်ရှုသူများအားလုံး တုန်လှုပ်သွားခဲ့ကြပေသည်။

ယွမ်ရှင်းသည် သိုင်းဧကရာဇ်နယ်ပယ်သို့ ထိုးဖောက်ဝင်ရောက်ရန်အတွက် တံခါးပိတ်ကျင့်ကြံနေသည်ဟု သူတို့ ကြားခဲ့ဖူးသည်။ သူက အောင်မြင်သွားပြီး အမှန်တကယ်ပင် သိုင်းဧကရာဇ်တစ်ပါး ဖြစ်လာလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြချေ။

လူတစ်ဦးသည် မိမိ၏ လမ်းစဉ်ကို အတည်ပြုပြီး သိုင်းဧကရာဇ်တစ်ပါး ဖြစ်လာသည်နှင့် တစ်ပြိုင်နက်၊ လုံးဝ ကွဲပြားခြားနားသော အဆင့်တစ်ခုသို့ ရောက်ရှိသွားမည် ဖြစ်သည်။ သူတို့က အဘက်ဘက်တွင် အသွင်ပြောင်းလဲခြင်းကို ကြုံတွေ့ရမည်ဖြစ်ပြီး ကြီးမားစွာ တိုးတက်လာလိမ့်မည်။

သူတော်စင်နှလုံးသားက အဆုံးမဲ့သက်တမ်း ရှိသော ကမ္ဘာငယ်တစ်ခုအဖြစ်သို့ စတင်ပြောင်းလဲလာခဲ့မည် ဖြစ်သည်။ သူတို့သည် မိုး‌နှင့်မြေ၏ ကပ်ဘေးများကို ကျော်လွှားနိုင်သရွေ့ အဆုံးမဲ့သက်တမ်းကို ပိုင်ဆိုင်ရမည်။

ဤသည်မှာ အလွန်ကြီးမားသော အသွင်ပြောင်းလဲခြင်း ဖြစ်သည်။

ဧကရာဇ်တစ်ပိုင်း တစ်ဦးမှာ 'ဧကရာဇ်'စာလုံး ပါဝင်သော်လည်း ‌တကယ်တမ်းမှာ‌ေတာ့ သိုင်းသူတော်စင်တစ်ပါးထက် များစွာ မပိုသေးပေ။

မိမိ၏ လမ်းစဉ်ကို အတည်ပြုပြီး ဧကရာဇ်တစ်ပါး ဖြစ်လာပြီးမှသာ စစ်မှန်သော သိုင်းဧကရာဇ်တစ်ပါးဟု ခေါ်နိုင်မည် ဖြစ်သည်။

"ယွမ်ရှင်းက သူ့ရဲ့ လမ်းစဉ်ကို အတည်ပြုပြီး သိုင်းဧကရာဇ်တစ်ပါး ဖြစ်လာပြီပဲ။ ဒါက တကယ်ကို တုန်လှုပ်စရာကောင်းလွန်းတယ်။ သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က အရင်ကတည်းက ပြိုင်ဘက်ကင်းသလောက် ရှိနေခဲ့တာ။ အခု သူက သူ့ရဲ့ လမ်းစဉ်ကို အတည်ပြုပြီး သိုင်းဧကရာဇ် ဖြစ်လာပြီဆိုတော့ ဘယ်သူက သူ့ကို ယှဉ်နိုင်တော့မှာလဲ"

"သူက လူတိုင်းကို အမှုန့်ကြိတ်ပစ်တော့မှာပဲ"

"ဒီလိုကတော့ ဖြစ်ချင်မှ ဖြစ်မှာပါ။ ကံကြမ္မာရဲ့သားတော်ကလည်း သိုင်းဧကရာဇ်တစ်ပါး ဖြစ်လာပြီးပြီလို့ ကြားတယ်။ အခြား ပါရမီရှင်တွေထဲမှာလည်း သိုင်းဧကရာဇ် ဖြစ်လာတဲ့သူတွေ ရှိချင်ရှိဦးမှာပေါ့"

လူအချို့က ဆွေးနွေးနေခဲ့ကြသည်။ မည်သို့ပင်ဆိုစေကာမူ၊ သူတို့အားလုံး တုန်လှုပ်ခဲ့ကြရပေသည်။

ဤကဲ့သို့ အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် သိုင်းဧကရာဇ်တစ်ပါး ဖြစ်လာခြင်းမှာ အတိတ်ကာလတွင် စိတ်ကူးကြည့်၍ပင် မရနိုင်သော အရာ ဖြစ်သည်။

ကျယ်ပြောသော ဧကရာဇ်တစ်ပါး၏ အရှိန်အဝါမှာ ယွမ်ရှင်း၏ ခန္ဓာကိုယ်မှ ပြန့်နှံ့သွားခဲ့ပြီး လူတိုင်းကို တုန်လှုပ်သွားစေခဲ့သည်။

လုမင်၏ စိတ်ထဲမှာလည်း အနည်းငယ် အံ့ဩသွားရပေသည်။

'ငါ့ရဲ့ အထောက်အထားအမှန်ကို ထုတ်ဖော်ပြသရတော့မယ်ထင်တယ်'

လုမင် တွေးတောလိုက်မိသည်။

ယွမ်ရှင်းသည် သိုင်းဧကရာဇ်တစ်ပါး ဖြစ်လာခဲ့ပြီမို့ သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာလည်း မိုးထိအောင် ထိုးတက်သွားတော့မည်။ သူဟာ သူ့ကို တိုက်ခိုက်ရန်အတွက် အစွမ်းကုန် ကြိုးစားရတော့မည် ဖြစ်သည်။

ဤသို့ဖြင့် သူ၏ အထောက်အထားအမှန်ကိုလည်း ထုတ်ဖော်မိသွားလိမ့်မည်။

သူသည်လည်း ယခုအချိန်တွင် သူ့ကိုယ်သူ ထုတ်ဖော်ပြသချင်စိတ် မရှိသေးပေ။

နောက်ဆုံးတွင်၊ လူအများအပြားက သူ့ကို သတ်ချင်နေကြဆဲ ဖြစ်သည်။ အအကယ်၍ ယခုအချိန်တွင် သူ့ကိုယ်သူ ထုတ်ဖော်ပြသလိုက်ပါက လုရှန်းရှန်းနှင့် အခြားသူများကိုပါ ဒုက္ခဖြစ်စေလိမ့်မည်။

နယ်မြေဆယ်ခုတိုက်ပွဲမှာ စတင်နေပြီ ဖြစ်သဖြင့် ထိပ်သီးကျွမ်းကျင်သူများစွာ၏ ကာကွယ်မှုကို သဘာဝအတိုင်း ရရှိမည် ဖြစ်သော်လည်း၊ နောင်မှ နောင်တရရမည့်အစား ဘေးကင်းအောင် နေခြင်းက ပို၍ ကောင်းမွန်သည်။

တစ်ခါသေဖူး၍ ပျဉ်ဖိုးနားလည်နေခဲ့ပြီ။

လုမင်တွင် အဆင့်မြင့် ဗလာနယ်ဧကရာဇ်များကို ရင်ဆိုင်နိုင်စွမ်း မရှိသေးချေ။ အစစ်အမှန်ဧကရာဇ်များနှင့် မဟာဧကရာဇ်များကိုမူ ဆိုဖွယ်ရာ မရှိပြီ။

အကယ်၍ ကောင်းကင်ဧကရာဇ်၏ခန္ဓာတွင် လုံလောက်သော စွမ်းအင် ရှိနေခဲ့လျှင်တော့ လုမင်သည် ဤမျှစိုးရိမ်ပူပန်နေမည် မဟုတ်ပါ။

သို့ရာတွင်၊ ယခုအချိန်က ထိုသို့ပြုလုပ်ရန် အချိန်ကောင်းမဟုတ်ပေ။

သို့သော်လည်း သိုင်းဧကရာဇ်တစ်ပါး ဖြစ်လာခဲ့သော ယွမ်ရှင်းကို ရင်ဆိုင်ရာမှာတော့ သူက အစွမ်းကုန်သုံး၍ တိုက်ခိုက်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပါ။

"ဟားဟားဟား... ယွမ်ရှင်း... ခင်ဗျားက သိုင်းဧကရာဇ်တစ်ပါး ဖြစ်လာပြီပဲ။ သိပ်ကောင်းတယ်။ အဲဒီကောင်လေးကို ကျုပ်အတွက် သတ်ပေးပါ"

မုယန်က စိတ်လှုပ်ရှားစွာဖြင့် ရယ်မောလိုက်သည်။

တစ်ချိန်တည်းမှာပင်၊ သူသည် သူ့ကိုယ်သူ ကုသရန်အတွက် အစွမ်းကုန် ကြိုးစားလိုက်၏။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများမှာ အလျင်အမြန်ပင် ပြန်လည်ကောင်းမွန်လာတော့သည်။

ထို့နောက် သူသည် သူ၏အကြည့်ကို လုရှန်းရှန်းနှင့် အခြားသူများထံသို့ လွှဲပြောင်းလိုက်သည်။ သူ၏ ဒဏ်ရာများ ပြန်လည်ကောင်းမွန်လာသည်နှင့်တစ်ပြိုင်နက်၊ သူသည် လုရှန်းရှန်းနှင့် အခြားသူများကို တန်ကြေးပေးဆပ်စေလိမ့်မည်။

"ဒုန်း"

ဤအခိုက်တွင်၊ ယွမ်ရှင်းက ရှေ့သို့ တစ်လှမ်းလှမ်းသည်။ တိုက်ခိုက်ရေးစင်မြင့် တစ်ခုလုံးမှာ တုန်ခါသွားခဲ့ရ၏။ ပင်လယ်လှိုင်းလုံးကြီးများကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုက လုမင်ထံသို့ လှိမ့်ဝင်လာတော့သည်။

"ပျက်စီးစမ်း"

လုမင်က လက်ဝါးဖြင့် ရိုက်ချလိုက်ပြီး ယွမ်ရှင်း၏ အရှိန်အဝါကို ခွဲထုတ်ပစ်လိုက်၏။

"ခေါင်းမာမာနဲ့ ခုခံချင်သေးတယ်"

ယွမ်ရှင်းက အေးစက်စွာ ပြောလိုက်သည်။ သူ့ခန္ဓာက ဖြောင့်မတ်၍ အဆုံးမဲ့သော ဧကရာဇ်အရှိန်အဝါတို့ကို ထုတ်လွှတ်ထား၏။ သူက လူသားတို့၏ ကမ္ဘာတွင် လျှောက်လှမ်းနေသော ရှေးဧကရာဇ်တစ်ပါးကဲ့သို့ပင်။

"အမိတ္တာဘ"

ဤအခိုက်တွင်၊ ဗုဒ္ဓအမည် ရွတ်ဆိုသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ရဟန်းငယ်တစ်ပါးက ပြုံးရွှင်သော မျက်နှာထားဖြင့် လျှောက်လာခဲ့၏။ သူက ခြေတစ်လှမ်းလှမ်းလိုက်တိုင်း သူ၏ ခြေဖဝါးအောက်တွင် ရွှေကြာပွင့်တစ်ပွင့် ပေါ်ပေါက်လာခဲ့သည်။ ထို့နောက် နှိုင်းယှဉ်၍မရနိုင်လောက်အောင် အစွမ်းထက်သော အရှိန်အဝါတစ်ခုမှာလည်း သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့ပြီး ယွမ်ရှင်း၏အပေါ်သို့ ဖိနှိပ်လိုက်တော့သည်။

ဤရဟန်းငယ်မှာ သဘာဝအတိုင်း ရဟန်းဝူလျန့် ဖြစ်သည်။

သို့သော်လည်း လုမင်ကို အံ့ဩသွားစေသည်မှာ ရဟန်းဝူလျန့်၏ အရှိန်အဝါက သိုင်းဧကရာဇ်တစ်ပါး၏ အရှိန်အဝါ ဖြစ်နေခဲ့ခြင်းပင်။

ရဟန်းဝူလျန့်က သိုင်းဧကရာဇ်နယ်ပယ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။ လုမင်၏ အသိအမြင်ဖြင့်ပင် မအံ့သြဘဲ မနေနိုင်တော့ပေ။

ဤအားကိုး၍မရသော ရဟန်းဝူလျန့်က သိုင်းဧကရာဇ်နယ်ပယ်သို့ အမှန်တကယ် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

တိုက်ပွဲစင်မြင့်၏ ပတ်ဝန်းကျင်တွင် ဆူညံသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ လူအများမှာ အံ့ဩမှင်တက်သွားခဲ့ကြရ၏။

ဤမျှ ငယ်ရွယ်သော အသက်အရွယ်ဖြင့် နောက်ထပ် သိုင်းဧကရာဇ်တစ်ပါး ပေါ်ပေါက်လာခဲ့ပြန်ပြီ။ ၎င်းမှာ အမှန်ပင် အံ့အားသင့်ဖွယ်ကောင်းလှသည်။

ယွမ်ရှင်းက ရဟန်းဝူလျန့်ကို စိုက်ကြည့်လိုက်သည်။ သူ့မျက်လုံးများ တည်ကြည်သွားပြီး ပြောလိုက်၏။

"မင်းက ငါ့ကို တိုက်ခိုက်ချင်တာလား"

"တကယ်လို့ မင်း သူ့ကို လွှတ်ပေးမယ်ဆိုရင်တော့ ငါ မင်းကို တိုက်ခိုက်မှာ မဟုတ်ပါဘူး"

ရဟန်းဝူလျန့်က လုမင်ကို ညွှန်ပြလိုက်သည်။

ဤအချိန်တွင် ဝူလျန့်၏ ခန္ဓာကိုယ်က ရွှေရောင်အလင်းတန်းများ ထွက်ပေါ်နေခဲ့သည်။ သူ၏ ဦးခေါင်းနောက်ကွယ်တွင် ဗောဓိသတ္တ ရောင်ခြည်စက်ဝန်းတစ်ခု ပေါ်လာခဲ့၏။ သူက သူတော်စင်ရဟန်းတစ်ပါးကဲ့သို့ တည်ငြိမ်သော အမူအရာဖြင့် လက်အုပ်ချီလိုက်လေသည်။

"မင်း သူ့ကို သိလို့လား"

ယွမ်ရှင်းက မေးလိုက်သည်။

"မသိပါဘူး။ ဒါပေမဲ့ သူက ခုနတင်ပဲ အဲဒီကလေး နှစ်ယောက်ကို ကူညီခဲ့တယ်လေ"

ဝူလျန့်က လုရှန်းရှန်းနှင့် အိုးရန်မော့လီတို့ကို ညွှန်ပြရင်း ပြောလိုက်သည်။

"သူတို့ရဲ့ ဆရာက လုမင်ပဲ။ အမှန်အတိုင်း ပြောရရင် လုမင်နဲ့ ငါက တစ်နေရာတည်းက လာတာလေ။ သူက ငါ့ရဲ့ လက်အောက်ငယ်သားတစ်ယောက်လိုပဲ။ ဒါဆိုရင် မင်း အခု နားလည်ပြီလား"

ရဟန်းဝူလျန့်က တည်ကြည်သော လေသံဖြင့် ပြောလိုက်၏။

လုမင်က ဘာမျှမပြောသော်လည်း နောက်ဆုံးအပိုင်းကို ကြားလိုက်ရသောအခါ သူ့မျက်နှာ ရှုံ့မဲ့သွားရသည်။

သူသည် မည်သည့်အချိန်ကစ၍ ဝူလျန့်၏ လက်အောက်ငယ်သား ဖြစ်သွားခဲ့ရပါသနည်း။

လုံချန်မှာလည်း ဆွံ့အသွားခဲ့သည်။

သူနှင့် ရဟန်းဝူလျန့်မှာ အသိအကျွမ်းဟောင်းများ ဖြစ်ကြသည်။ ဝူလျန့်၏ ကျင့်ကြံခြင်းက သူ့ကို တုန်လှုပ်စေခဲ့သော်လည်း သူ၏ ကြွားဝါနိုင်စွမ်းကမူ သူ့ကို ဆွံ့အသွားစေခဲ့ပေသည်။

"ဒါဆိုရင်လည်း တိုက်ကြတာပေါ့"

ယွမ်ရှင်းက ရိုးရှင်းသည်။ သူသည် ရဟန်းဝူလျန့်ထံသို့ တိုက်ရိုက် လှမ်းလျှောက်သွား၏။

"ဝုန်း"

သူ့ထံမှ အားကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်လာသည်။ သူက ရှေ့သို့ လက်သီးတစ်ချက် ထိုးနှက်လိုက်ရာ ဟင်းလင်းပြင်က တုန်ယင်သွားတော့သည်။

"အမိတ္တာဘ..."

ရဟန်းဝူလျန့်က ဂါထာတစ်ပုဒ်ကို ခပ်တိုးတိုး ရွတ်ဆိုလိုက်သည်။ သူ့ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာခဲ့၏။ သူ့နောက်ကွယ်တွင် မီတာတစ်ရာခန့် မြင့်မားသော ရွှေရောင်ဗုဒ္ဓရုပ်ပွားတော်ကြီးတစ်ဆူ ပေါ်ပေါက်လာသည်။ ၎င်းက ရွှေရောင်လက်ဝါးကြီးတစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ယွမ်ရှင်းထံသို့ ရိုက်ချလိုက်တော့သည်။

"ဝုန်း"

ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာခဲ့သည်။ အနီးပတ်ဝန်းကျင်ရှိ လူတိုင်း လွင့်စင်သွားခဲ့ကြရ၏။ လုမင်ပင်လျှင် နောက်သို့ ခြေလှမ်းနှစ်လှမ်း ဆုတ်ခွာလိုက်ရတော့သည်။

'ကမ္မနိယာမ၊ ဝူလျန့်ကလည်း ကမ္မနိယာမကို တတ်မြောက်ထားတာပဲ'

လုမင်၏ မျက်လုံးများ အရောင်လက်သွားခဲ့သည်။

ရဟန်းဝူလျန့်မှာ ယွမ်လုသို့ ရောက်ရှိလာပြီးနောက် မမျှော်လင့်ဘဲ ကံကောင်းခြင်းတစ်ခုကို ကြုံတွေ့ခဲ့ရခြင်း ဖြစ်မည်။ သို့မဟုတ်ပါက၊ သူသည် ပါရမီထူးချွန်သော်လည်း ရှန်းဟွမ်တိုက်ကြီးတွင် လုံးဝ ထုတ်မပြခဲ့ခြင်း ဖြစ်နိုင်သည်။

"ကစဉ့်ကလျား နတ်ဘုရားလက်သီး"

ယွမ်ရှင်းက ဟိန်းဟောက်လိုက်သည်။ သူ့အရှိန်အဝါက ပိုမို အားကောင်းလာ၏။ သူက ပြိုင်ဘက်ကင်း စစ်နတ်ဘုရားတစ်ပါးကဲ့သို့ ရဟန်းဝူလျန့်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။

"ဗုဒ္ဓရွှေခန္ဓာ"

ရဟန်းဝူလျန့်က သူ၏လက်ဝါးနှစ်ဖက်ကို ပူးကပ်လိုက်ပြီး ခပ်တိုးတိုးလေး ရေရွတ်လိုက်သည်။ သူ၏နောက်ကွယ်တွင် ကြီးမားသော ရွှေရောင် ဗုဒ္ဓခန္ဓာမှာ ရွှေရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး သူ၏ခန္ဓာကိုယ်အတွင်းသို့ ပျံသန်းဝင်ရောက်သွားခဲ့၏။ သူ၏ ခန္ဓာကိုယ်မှာ ရွှေရောင်အလင်းတန်းများဖြင့် တောက်ပလာတော့သည်။ သူ၏ အရေပြားများပင်လျှင် ရွှေရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ရာ သူ့ကို ရွှေရောင်လူသားတစ်ဦးကဲ့သို့ ဖြစ်သွားစေခဲ့သည်။

သူက ကြီးမြတ်သော ဗုဒ္ဓလက်ဝါးရိုက်ချက်ဖြင့် ယွမ်ရှင်းကို တိုက်ခိုက်လိုက်သည်။

"ဝုန်း... ဝုန်း"

သူတို့နှစ်ဦးစလုံးက ဆက်တိုက် ရင်ဆိုင်တိုက်ခိုက်လိုက်၏။ သူတို့က တိုက်ခိုက်ရင်း တိုက်ပွဲစင်မြင့်၏ နေရာအနှံ့သို့ ရောက်ရှိသွားကြသည်။

လူအများမှာ သူတို့၏ တိုက်ပွဲမှ ထွက်ပေါ်လာသော ရိုက်ခတ်မှုလှိုင်းများ၏ ထိမှန်ခြင်းကို ခံလိုက်ရပြီး ပြင်းထန်စွာ ဒဏ်ရာရရှိသွားခြင်း သို့မဟုတ် တိုက်ပွဲစင်မြင့်အောက်သို့ တိုက်ရိုက် လွင့်စဉ်သွားခြင်း ဖြစ်ကြရပေသည်။

ခဏချင်းမှာပင် လူအမြောက်အမြားက တိုက်ပွဲစင်မြင့်အောက်သို့ ပြုတ်ကျသွားကြသည်။

ယုဟဲနှင့် ရှေးနတ်ဆိုးကဲ့သို့သော အစွမ်းထက် ပါရမီရှင်တချို့ကမူ ထိုတိုက်ခိုက်မှုလှိုင်းများကို ရှောင်တိမ်းရန်အတွက် သူတို့၏ ကိုယ့်ဖော့ကျင့်စဉ်များကို အသုံးပြုခဲ့ကြပေသည်။

အခြားတစ်ဖက်တွင်မူ၊ လုမင်က မုယန်ထံသို့ အာရုံစိုက်ထားသည်။

ဝူလျန့်က ဝင်ရောက်တိုက်ခိုက်လိုက်ခြင်းမှာ ကောင်းမွန်သောအချက်ပင်။ အနည်းဆုံးတော့ သူသည် လောလောဆယ်တွင် သူ့ကိုယ်သူ ထုတ်ဖော်ပြသရန် မလိုတော့ပါ။

မုယန်မှာမူ မျက်နှာပျက်သွားခဲ့သည်။

သူသည် မူလက ယွမ်ရှင်းမှ လုမင်ကို သတ်ဖြတ်နိုင်လိမ့်မည်ဟု တွေးတောထားခဲ့ခြင်း ဖြစ်၏။ သို့ရာတွင်၊ မည်သည့်နေရာမှ ရောက်ရှိလာမှန်း မသိရသော ဝူလျန့်က ရုတ်တရက် နှောင့်ယှက်လာမည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။ ဝူလျန့်၏ တိုက်ခိုက်နိုင်စွမ်းက အလွန်သန်မာကာ ယွမ်ရှင်းနှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေခဲ့သည်။

ယခုတော့ လုမင်က သူ့ကို ဝံပုလွေတစ်ကောင်၏ အကြည့်မျိုးဖြင့် စိုက်ကြည့်နေခဲ့ပြီ။ ဤအရာက သူ့အား အလွန်အမင်း စိတ်ဓာတ်ကျသွားစေခဲ့ပြီး ထွက်ပြေးရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။

"မင်း ဘယ်ကို ထွက်ပြေးနေတာလဲ။ ဒီပုံစံမျိုးနဲ့ တိုက်ပွဲစင်မြင့်အောက်ကို ဘာဖြစ်လို့ ဆင်းမသွားသေးတာလဲ"

လုမင်က မုယန်၏နောက်သို့ လိုက်လံဖမ်းဆီးရင်း လှောင်ပြောင်လိုက်သည်။

မုယန်က ပြန်မပြောဘဲ အံကိုတင်းတင်းကြိတ်ထား၏။ သူဟာ ဒေါသထွက်လွန်းသဖြင့် သွေးအန်ချင်စိတ်ပင် ပေါက်နေခဲ့ရသည်။

သူက တိုက်ခိုက်ပွဲစင်မြင့်၏ အစွန်းပတ်ဝန်းကျင်တွင် လျှပ်စီးလက်သလို လှုပ်ရှားနေခဲ့သည်။

အကယ်၍ အခြားနည်းလမ်းမရှိတော့ပါက သူဟာ တိုပ်ပွဲစင်မြင့်အောက်သို့ အမှန်တကယ်ပင် ခုန်ချလိုက်တော့မည်။ နောက်ဆုံးတွင်၊ ရရှိလာမည့် အခွင့်အရေးများနှင့် နှိုင်းယှဉ်ပါက သူ၏အသက်မှာ ပိုတန်ဖိုးကြီးသည်။

"ကိုင်း... တိုက်ပွဲ ပြီးဆုံးသွားပြီ။ အားလုံးပဲ... ရပ်လိုက်ကြပါ"

ဤအခိုက်တွင် သက်လတ်ပိုင်း မဟာဧကရာဇ်က တိုက်ပွဲစင်မြင့်၏ အထက်သို့ ရောက်ရှိလာခဲ့သည်။ သူ့ထံမှ အစွမ်းထက်သော အရှိန်အဝါက ပြန့်နှံ့သွားခဲ့ပြီး လူတိုင်းကို ရပ်တန့်သွားစေခဲ့၏။

ယွမ်ရှင်းနှင့် ဝူလျန့်တို့ကြားမှ တိုက်ပွဲမှာလည်း ရပ်တန့်သွားကြတော့သည်။

All Chapters