← Chapters

အခန်း ၂၁၁၁

Vol. 147 Ch. 2111

အခန်း ၂၁၁၁

Vol. 147 Ch. 2111

အပိုင်း ( 2111 ) ပေါင်ပေါင်၏ စွမ်းရည်။

မဟာဧကရာဇ်နယ်ပယ် အကျော်အမော်၏ ဆိုစကားကြောင့် လူအများမှာ ပို၍ပင် စိတ်ဝင်တစား ရှိလာခဲ့ကြသည်။

"အကြီးအကဲ... သူ့ရဲ့ အစစ်အမှန်ပုံစံက ဘာလဲ"

တစ်ယောက်က မေးမြန်းလိုက်၏။

"အချိန်တန်ရင် သိလာပါလိမ့်မယ်။ သူက ဒီတိုက်ပွဲမှာ သူ့ရဲ့ အစစ်အမှန်ပုံစံကို ပြသလိုက်ရဖို့ များတယ်"

မဟာဧကရာဇ်က ပြုံးလျက် ပြောလိုက်လေသည်။

ပေါင်ပေါင်၏ ပြိုင်ဘက်က အလွန်ပင် အရပ်ရှည်ပြီး သန်မာထွားကျိုင်းသော အမျိုးသားတစ်ဦး ဖြစ်သည်။ သူသည် အရပ် သုံးမီတာနီးပါးခန့် မြင့်မားပြီး ကြွက်သားများ ဖုထစ်နေ၍ နဂါးတစ်ကောင်ကဲ့သို့ ဖြစ်၏။

သူနှင့်နှိုင်းယှဉ်လျှင် ပေါင်ပေါင်က ဆင်နှင့်ဆိတ်ပမာ ဖြစ်နေခဲ့လေသည်။

"အကောင်ပေါက်လေး... မင်းရဲ့ အစစ်အမှန်ပုံစံကို ထုတ်ပြလိုက်ပါ။ မဟုတ်ရင် မင်းရဲ့ ဒီလောက်ငယ်ရွယ်နေတဲ့ ပုံစံမျိုးနဲ့ ငါ မင်းကိုရိုက်ဖို့ အဆင်ပြေမှာ မဟုတ်ဘူး"

လူငယ်က အသံဩဩဖြင့် ပြောလိုက်သည်။

"လူကောင်ကြီး... ရှင်က လူကောင်ကြီးနေရုံနဲ့ ကျွန်မကို အနိုင်ယူနိုင်မယ်လို့ ထင်နေတာလား။ တကယ်လို့ ကျွန်မရဲ့ အစစ်အမှန်ပုံစံကို မြင်ချင်တယ်ဆိုရင် ရှင့်မှာ ဘယ်လိုစွမ်းရည်ရှိလဲဆိုတာကို အရင်ကြည့်ရမယ်"

ပေါင်ပေါင်က မထီမဲ့မြင်ပြုစွာဖြင့် နှုတ်ခမ်းဆူကာ ပြောလိုက်၏။

"အို... ဒီလိုဆိုမှတော့ မင်းလို အကောင်ပေါက်လေးက ဘယ်လောက်အထိ စွမ်းနိုင်မလဲဆိုတာ ကြည့်ရအောင်"

လူငယ်က သွားဖြဲ ပြုံးလိုက်သည်။ နောက်အခိုက်တွင်၊ သူက တောင်ကြီးတစ်လုံးအလား ပေါင်ပေါင်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာတော့သည်။

"ဝုန်း"

သူက လက်သီးတစ်ချက် ထိုးနှက်လိုက်ရာ လေဟာနယ်တစ်ခုလုံး တုန်ခါသွားရသည်။

သူသည် အာဒိကပ္ပနိယာမကို ထိန်းချုပ်ထားသော အာဒိကပ္ပသားတော်တစ်ဦး ဖြစ်၏။

"ပူဖောင်းတစ်ခု သွားလိုက်ပါ"

ပေါင်ပေါင်က အော်ဟစ်လိုက်သည်။ သူက သူမ၏ ပါးစပ်လေးကို ဟလိုက်ပြီး ဖောက်ထွင်းမြင်နိုင်သော ပူဖောင်းတစ်ခုကို မှုတ်ထုတ်လိုက်၏။ ၎င်းက သူ၏ပြိုင်ဘက်ကို ချက်ချင်း လွှမ်းခြုံသွားတော့သည်။

တစ်ချိန်တည်းမှာပင် ပေါင်ပေါင်၏ ခန္ဓာကိုယ်မှာ လက်ခနဲ ဖြစ်သွားခဲ့ပြီး ပျောက်ကွယ်သွားခဲ့သည်။ သို့သော်လည်း ဟင်းလင်းပြင်မှာ လှိုင်းဂယက်များ ထသွားခဲ့ရ၏။ ဟင်းလင်းပြင်က မှန်တစ်ချပ်အလား ကွဲအက်သွားခဲ့ပြီး ဟင်းလင်းပြင်ဓားသွားများအဖြစ် ပြောင်းလဲက လူငယ်ထံသို့ ဖြတ်သန်းသွားတော့သည်။

"အချိန်ဟင်းလင်းပြင် နိယာမ"

လူငယ်က ဟိန်းဟောက်လိုက်ပြီး လက်သီးချက်များစွာ ထိုးနှက်လိုက်သည်။ ကြည်လင်သော ပူဖောင်းမှာ ပျက်စီးသွားခဲ့ရပြီး ဟင်းလင်းပြင်ဓားများမှာလည်း အဝေးသို့ လွင့်စင်သွားစေခဲ့၏။

သို့သော်လည်း သူက လက်သီးဖြင့် ထိုးနှက်လိုက်သည့်အခါ၊ သူ၏လက်သီးအရှိန်က အဆများစွာ နှေးကွေးသွားခဲ့ရသည်။ ၎င်းက လိပ်တစ်ကောင်အလား အဆများစွာ နှေးကွေးသွားခြင်း ဖြစ်ပေသည်။

ထိုလူငယ်မှာ အချိန်နိယာမ၏ သက်ရောက်မှုကို ခံလိုက်ရခြင်းဖြစ်ကြောင်း လူတိုင်း သိရှိလိုက်ကြသည်။ သူ့ပတ်ဝန်းကျင်ရှိ အချိန်စီးဆင်းမှုက နှေးကွေးသွားခဲ့ပြီး သူ၏လက်သီးအရှိန်ကိုပင် နှေးကွေးသွားစေခဲ့ပေသည်။

"ချိုးဖျက်စမ်း"

လူငယ် ဟိန်းဟောက်လိုက်ပြီး အာဒိကပ္ပနိယာမကို ပေါက်ကွဲထွက်စေလိုက်သည်။

အာဒိကပ္ပနိယာမမှာ အလွန်ပင် စွမ်းအားကြီးမားသည်။ ၎င်းက တောင်ကြီးတစ်လုံးအလား လေးလံပြီး လှုပ်ရှားမှုတိုင်းတွင် အနန္တစွမ်းအားများ ပါဝင်နေခဲ့၏။

လူငယ်က ပေါင်ပေါင်၏ အချိန်ဟင်းလင်းပြင်နိယာမ အချုပ်အနှောင်များကို အကြွင်းမဲ့ အင်အားဖြင့် ချိုးဖျက်ပစ်ချင်နေခဲ့ခြင်း ဖြစ်သည်။

မျှော်လင့်ထားသည့်အတိုင်းပင်၊ လူငယ်က အင်အားအပြည့် ထုတ်ဖော်လိုက်သောအခါ သူ၏ လက်သီးအရှိန်က ရုတ်တရက် မြန်ဆန်လာပြီး ဟင်းလင်းပြင်ဓားသွားအားလုံးကို ချေဖျက်ပစ်လိုက်တော့သည်။

လက်သီးချက်က ရပ်တန့်မသွားခဲ့ဘဲ ပေါင်ပေါင်ထံသို့ ဆက်လက် ထိုးနှက်လာခဲ့သည်။

သို့သော်လည်း အချိန်ဟင်းလင်းပြင်နိယာမမှာ ခန့်မှန်းရ ခက်ခဲသည်။ ပေါင်ပေါင်၏ ခန္ဓာကိုယ်မှာ လက်ခနဲ ဖြစ်သွားခဲ့ပြီး တစ်ဖန် ပျောက်ကွယ်သွားခဲ့၏။ သူက ဟင်းလင်းပြင်ကို ဖြတ်သန်းသွားခဲ့ပြီး လူငယ်၏ နောက်ကွယ်တွင် ပေါ်လာကာ တိုက်ခိုက်လိုက်ပြန်တော့သည်။

ပေါင်ပေါင်သည် သိုင်းဧကရာဇ်နယ်ပယ်သို့ ထိုးဖောက်ဝင်ရောက်သွားခဲ့ပြီးနောက် အချိန်ဟင်းလင်းပြင်နိယာမကို အသုံးချနိုင်စွမ်းမှာ ပိုမို နက်နဲလာခဲ့ပြီ ဖြစ်သည်။ သူ၏ နည်းလမ်းများက ခန့်မှန်းရခက်ခဲပြီး ယခင်ကထက် များစွာ ပို၍ သန်မာခဲ့ပေသည်။

အချိန်ဟင်းလင်းပြင် ဝိညာဉ်ကြွက်များမှာ အချိန်နှင့်ဟင်းလင်းပြင် နိယာမများကို ထိန်းချုပ်နိုင်စွမ်းရှိသော ပါရမီဖြင့် မွေးဖွားလာခဲ့ကြသူများ ဖြစ်ကြသည်။ သူတို့၏ ကျင့်ကြံမှုက မြင့်မားလာလေလေ၊ အချိန်နှင့်ဟင်းလင်းပြင်အပေါ် သူတို့၏ ထိန်းချုပ်နိုင်စွမ်းက ပို၍ ကြောက်မက်ဖွယ်ရာ ကောင်းလာလေလေပင်။

သို့မဟုတ်ပါက၊ အချိန်ဟင်းလင်းပြင် ဝိညာဉ်ကြွက်သည် မည်ကဲ့သို့ ထိပ်ဆုံး တိုက်ခိုက်ရေးသားရဲ ဆယ်ကောင်အနက် တစ်ကောင်အဖြစ် လူသိများနေပါမည်နည်း။

"ဝုန်း..."

လူငယ်က အလျင်အမြန် ပြန်လှည့်လိုက်ပြီး နောက်သို့ တိုက်ခိုက်လိုက်သည်။

သို့သော်လည်း ပေါင်ပေါင်က ထပ်မံ၍ ပျောက်ကွယ်သွားခဲ့ပြန်သည်။

ထိုကဲ့သို့ပင် သူတို့နှစ်ဦးမှာ တိုက်ကွက်ပေါင်း ဒါဇင်ခန့်မျှ အပြန်အလှန် ဖလှယ်ခဲ့ကြပေသည်။ ကြာသောအခါ၊ လူငယ် စိတ်မရှည်တော့ပေ။

"အကောင်ပေါက်လေး... မင်း ဒီအတိုင်းပဲ ဆက်ပြီး အချိန်ဖြုန်းနေမယ်ဆိုရင် ငါတို့နှစ်ယောက်စလုံး တစ်ယောက်ကိုတစ်ယောက် ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး"

လူငယ်က ဟိန်းဟောက်လိုက်သည်။

"ဘယ်သူက ပြောလဲ၊ တွိ..."

ပေါင်ပေါင်က အော်ဟစ်လိုက်ပြီး လူငယ်၏ အထက်ဘက်တွင် ရုတ်တရက် ပေါ်လာခဲ့သည်။ သူ၏ လက်နှစ်ဖက်စလုံးကိုလည်း မရပ်မနား ဝှေ့ယမ်းနေခဲ့၏။

လူငယ်ကို ဗဟိုပြုကာ ဟင်းလင်းပြင်က ရေလှိုင်းများအလား လှုပ်ခတ်သွားခဲ့ရသည်။ ၎င်းက အကြွင်းမဲ့ သတ်ဖြတ်ခြင်း လှိုင်းလုံးကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ထို့ပြင် အချိန်နိယာမ၏ အရှိန်မြှင့်တင်မှုနှင့်အတူ ဟင်းလင်းပြင် သတ်ဖြတ်ခြင်းစွမ်းအင်က အံ့ဩစရာကောင်းလောက်အောင် မြန်ဆန်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းက လူငယ်၏ ရှေ့မှောက်သို့ ရောက်ရှိနေခဲ့ပြီ။

လူငယ်မှာ တုန်လှုပ်သွားခဲ့ရသည်။ သူသည် ပေါင်ပေါင်၏ တိုက်ခိုက်မှုကို တားဆီးရန်အတွက် သူ့ခန္ဓာကိုယ်ပတ်လည်တွင် ကာကွယ်ရေးအလွှာများကို လျင်မြန်စွာ တည်ဆောက်လိုက်၏။

ထိုအချိန်တွင် ပေါင်ပေါင်က သူမ၏ ပါးစပ်လေးကို ဟလိုက်ပြီး ကြည်လင်သော ပူဖောင်းများကို အဆက်မပြတ် မှုတ်ထုတ်လိုက်တော့သည်။

ပူဖောင်း တစ်ရာခန့်မှာ ပေါ်ပေါက်လာခဲ့ကြပြီးနောက် ပျောက်ကွယ်သွားခဲ့ကြသည်။ နောက်အခိုက်တွင်မူ၊ ၎င်းတို့အားလုံးက တစ်ဖက်လူကို ဝန်းရံသွားခဲ့ကြ၏။

ပူဖောင်းအကြီးက ပူဖောင်းအသေးကို အုပ်ချကာ လူငယ်ကို အလွှာအထပ်ထပ် ဝန်းရံထားလိုက်တော့သည်။

"ချိုးဖျက်စမ်း... ချိုးဖျက်စမ်း... ချိုးဖျက်စမ်း"

လူငယ်က ပူဖောင်းများကို ချိုးဖြတ်ရန် အစဉ်မပြတ် တိုက်ခိုက်လိုက်သည်။

သို့သော်၊ သူက ဤပူဖောင်းများအားလုံးကို ချေဖျက်ပြီးသည့်အခါ ပေါင်ပေါင်က ရပ်တန့်လိုက်လေသည်။ သူက သူ့ကို ပြုံးလျက် ကြည့်ကာ ပြောလိုက်သည်။

"လူကောင်ကြီး... ရှင် ရှုံးသွားပြီ၊ တွိ... တွိ..."

"ဘာ"

လူငယ်မှာ အံ့ဩသွားခဲ့သည်။ ထို့နောက် သူက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည့်အခါ သူ့မျက်နှာမှာ ခါးသီးမှုတို့ ပြည့်နှက်သွားရတော့သည်။

၎င်းမှာ သူကိုယ်တိုင် မသိလိုက်ရဘဲ ကျောက်စင်မြင့်၏ အပြင်ဘက်သို့ ရောက်ရှိသွားခဲ့ခြင်းကြောင့် ဖြစ်သည်။

ကျောက်စင်မြင့် အပြင်ဘက်သို့ ရောက်ရှိသွားခြင်းက သူ ရှုံးနိမ့်သွားပြီဖြစ်ကြောင်း အဓိပ္ပာယ်ရပေသည်။

"အကြီးအကဲ...၊ ဒီပွဲမှာ သူ့ရဲ့ အစစ်အမှန်ပုံစံကို ပြသရလိမ့်မယ်လို့ ပြောခဲ့တယ်မို့လား"

တစ်ယောက်က ယခင် မဟာဧကရာဇ်ကို မေးလိုက်သည်။

"အာ... ဒါက... ဒီကလေးမက တော်တော်ပါးနပ်တယ်။ ပြိုင်ဘက်က ပေါ့ဆနေတဲ့အချိန်မှာ သူက ပြိုင်ဘက်ရဲ့ ခန္ဓာကိုယ်ကို တိုက်ပွဲစင်မြင့်အပြင်ဘက်ရောက်အောင် ရွှေ့ပစ်ဖို့အတွက် အချိန်ဟင်းလင်းပြင်နိယာမကို အသုံးပြုသွားခဲ့တယ်လေ။ ငါက သူ့အနေနဲ့ သူ့ရဲ့အစစ်အမှန်ပုံစံကို ပြသမှသာ အနိုင်ရနိုင်လိမ့်မယ်လို့ ထင်မှတ်ထားခဲ့တာ"

အဘိုးအိုက အိုးတိုးအမ်းတမ်းဖြင့် ရှင်းပြလိုက်လေသည်။

'ပေါင်ပေါင်က ပိုပြီး သန်မာလာခဲ့တာပဲ။ မျှော်လင့်ထားတဲ့အတိုင်း ငါ့နောက်ကို လိုက်နေတာက သူ့အတွက် အနှောင့်အယှက်ဖြစ်စေပြီး အချိန်ဟင်းလင်းပြင် ဝိညာဉ်ကြွက်ရဲ့ အလားအလာတွေကို မထုတ်ဖော်နိုင်အောင် တားဆီးထားခဲ့တာ'

လုမင် ပြုံးလိုက်မိသည်။

ပေါင်ပေါင် အနိုင်ရရှိသွားပြီးနောက် ကျောက်စင်မြင့်က နောက်သို့ ပြန်လည်မျောလွင့်သွားလေသည်။

လူငယ်၏ ကျောက်ပြားစင်မြင့်မှာမူ ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့ရသည်။ သူက စိတ်ပျက်လက်ပျက်ဖြင့်သာ ဆုတ်ခွာသွားခဲ့ရ၏။ သူဟာ ဤတစ်ကြိမ် နယ်မြေဆယ်ခုတိုက်ပွဲတွင် လမ်းဆုံးသို့ ရောက်ရှိသွားခဲ့ပြီ။

နောက်ပိုင်းတွင် တိုက်ပွဲတိုင်းက အလွန်ပင် စိတ်လှုပ်ရှားဖွယ်ရာ ကောင်းသည်။ ၎င်းက အကျော်အမော်များကြားမှ တိုက်ပွဲများဟု ဆိုနိုင်ပေသည်။

တူညီသော နိယာမဖြင့် ပြင်းထန်စွာ တိုက်ခိုက်နေကြသည့် ကောင်းကင်သားတော်များပင် ရှိနေခဲ့ကြသည်။

လုမင်သည် လျိုဟဲက အခြားသော ပြန်လည်ဝင်စားခြင်းသားတော် တစ်ဦးနှင့် တိုက်ခိုက်နေသည်ကို မြင်တွေ့လိုက်ရသည်။ သူတို့နှစ်ဦးက တိုက်ကွက်ပေါင်း တစ်ထောင်ကျော်မျှ အပြန်အလှန် လဲလှယ်ခဲ့ကြ၏။ နောက်ဆုံးတွင် လျိုဟဲက ခက်ခက်ခဲခဲဖြင့် အနိုင်ရရှိသွားခဲ့ပေသည်။

သို့သော်လည်း သူကိုယ်တိုင် ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့ရသည်။ အနိုင်ရရှိပြီးနောက် လျိုဟဲက သူ၏ဒဏ်ရာများကို လျင်မြန်စွာပင် ကုသလိုက်လေသည်။

မရဏဓား၏ တိုက်ပွဲကိုလည်း မြင်တွေ့ရပြီး တိုက်ကွက်ပေါင်း ရာခန့်မျှ အပြန်အလှန် လဲလှယ်ခဲ့ကြပြီးနောက် ခက်ခက်ခဲခဲဖြင့် အနိုင်ရရှိသွားခဲ့သည်။

သို့သော်၊ အလွယ်တကူ အနိုင်ရရှိသွားခဲ့ကြသူ လူအနည်းစုလည်း ရှိနေခဲ့သေးသည်။

ဥပမာအားဖြင့် ရဟန်းဝူလျန့်မှာ ယခုအခါ ပို၍ သန်မာလာခဲ့ပြီ ဖြစ်သည်။ သူသည် သိုင်းဧကရာဇ်နယ်ပယ် ကောင်းကင်သားတော်တစ်ဦးကို ကြီးစိုးသော နည်းလမ်းဖြင့် အနိုင်ယူလိုက်၏။

ယွမ်ရှင်းမှာလည်း အလားတူပင်။ သူက အလွန်သန်မာလှပြီး ကြီးစိုးသည်။ တိုက်ကွက် ဆယ်ခုအတွင်းမှာပင် တိုက်ပွဲကို အပြတ်ဖြတ်ခဲ့ပေသည်။

သို့သော်လည်း လုမင်ကို အလေးအနက်ဆုံး ဖြစ်သွားစေခဲ့သည့်သူမှာ ကံကြမ္မာသားတော် ဖြစ်သည်။

ဤတစ်ကြိမ်တွင် ပါရမီရှင်အမြောက်အမြား ရှိနေခဲ့ကြသည်။ ကောင်းကင်သားတော်များလည်း ဒါဇင်များစွာ ရှိခဲ့ကြ၏။ သူတို့အနက် လူတစ်ဦးတည်းသာလျှင် ကံကြမ္မာနိယာမနိယာမကို ထိန်းချုပ်ထားနိုင်ခဲ့ခြင်း ဖြစ်သည်။

ကစဉ့်ကလျား နိယာမကိုတော့ လုမင်နှင့် ယွမ်ရှင်းတို့ နှစ်ဦးက ထိန်းချုပ်ထားကြသည်။ သူတို့က ကောင်းကင်သားတော်များအကြားတွင် လူဦးရေ အနည်းဆုံး ဖြစ်၏။

သို့သော်လည်း ကံကြမ္မာသားတော်က အလွန်သန်မာသည့်အပြင် ခန့်မှန်းရ ခက်သည်။ သူ၏ တိုက်ပွဲစွမ်းရည်ကို အကဲဖြတ်ရန်ပင် မလွယ်ပေ။

အကြောင်းမှာ၊ သူ၏ တိုက်ခိုက်ရေးပုံစံက ထူးဆန်းပြီး တုန်လှုပ်စရာ ကောင်းလွန်းနေခဲ့ခြင်းကြောင့် ဖြစ်သည်။

သူက သူ၏ပြိုင်ဘက်နှင့် တိုက်ခိုက်သည့်အခါ စကားတစ်ခွန်းတည်းကိုသာ ပြောဆိုခဲ့သည်။ ထိုအခါ သူ၏ပြိုင်ဘက်များအားလုံးက အလိုအလျောက် ရှုံးနိမ့်သွားခဲ့ရပေသည်။

သူက သူ၏ပြိုင်ဘက်ကို ရှုံးနိမ့်ရန် ကံပါလာခဲ့ပြီဖြစ်ကြောင်း ပြောလိုက်သည်။ ထို့နောက် သူ၏ပြိုင်ဘက်မှာ အကြောင်းပြချက်မရှိဘဲ ဒဏ်ရာရရှိသွားခဲ့ရကာ ကျောက်စင်မြင့်အပြင်ဘက်သို့ လွင့်စင်ထွက်သွားခဲ့ရတော့သည်။

ဤတိုက်ခိုက်ရေးပုံစံက စိတ်ကူးကြည့်ရန်ပင် ခက်ခဲပေ၏။ ၎င်းက ရေတွက်မရနိုင်လောက်အောင် များပြားလှသော လူများစွာကို တုန်လှုပ်သွားစေခဲ့ပေသည်။

"ကံကြမ္မာနိယာမကို ထိန်းချုပ်ထားနိုင်တာက ကမ္ဘာပေါ်မှာရှိတဲ့ အရာအားလုံးရဲ့ ကံကြမ္မာကို ထိန်းချုပ်နိုင်စွမ်း ရှိတာပဲ"

မဟာဧကရာဇ်တစ်ပါးက ပြောလိုက်သည်။

လူများစွာမှာ တုန်လှုပ်သွားခဲ့ကြ၏။

ကံကြမ္မာနိယာမကို ထိန်းချုပ်ထားခြင်းက ကမ္ဘာပေါ်ရှိ အရာအားလုံး၏ ကံကြမ္မာကို အမှန်တကယ်ပင် ထိန်းချုပ်နိုင်စွမ်း ရှိသည်။

၎င်းမှာ သူ သေစေချင်သည်ဟု ပြောလိုက်သော မည်သူမဆို သေဆုံးသွားလိမ့်မည်ဟူသော အဓိပ္ပာယ်ပင် ဖြစ်နေပါသလော။

အကယ်၍၊ ထိုအတိုင်းသာဆိုပါက ၎င်းမှာ အလွန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းမနေပေဘူးလော။

သူက အရာအားလုံးကို အုပ်ချုပ်မည့် နတ်ဘုရားတစ်ပါးအလား ဖြစ်နေမည် ဖြစ်သည်။

သို့သော်လည်း အခြားသော မဟာဧကရာဇ်တစ်ဦးက ပြောလာသည်။ ကံကြမ္မာနိယာမက စွမ်းအားကြီးမားသော်လည်း အသုံးပြုသူ၏ ကိုယ်ပိုင်ခွန်အားအပေါ်တွင်သာ မူတည်သည်။

ဥပမာအားဖြင့် ကံကြမ္မာသားတော်သည် ယခုအခါ ဗလာနယ်ဧကရာဇ် ကျင့်ကြံမှုအခြေခံသာ ရှိသည်။ သူ့အနေဖြင့် အစစ်အမှန်ဧကရာဇ်တစ်ပါးကို သတ်ဖြတ်ရန် မဖြစ်နိုင်သေးချေ။ တစ်ဖက်လူ၏ ခွန်အားက ကံကြမ္မာနိယာမ၏ တိုက်ခိုက်မှုကို တောင့်ခံနိုင်ရန်အတွက် လုံလောက်သည်။

လူတိုင်းက ခေါင်းညိတ်လိုက်ကြပေသည်။ ဤအရာက အဓိပ္ပာယ်ရှိသည်။ သို့မဟုတ်ပါက၊ ကံကြမ္မာနိယာမမှာ အလွန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းနေလိမ့်မည်။

သို့တိုင်၊ ကံကြမ္မာနိယာမက အလွန်ကြောက်စရာကောင်းနေဆဲ ဖြစ်သည်။ လူအများစုက ယခုတစ်ကြိမ် နယ်မြေဆယ်ခုတိုက်ပွဲတွင် ကံကြမ္မာ၏သားတော်သာ အနိုင်ရရှိမည်ဟု ယုံကြည်နေကြတော့သည်။

All Chapters