← Chapters

အခန်း ၂၁၁၃

Vol. 147 Ch. 2113

အခန်း ၂၁၁၃

Vol. 147 Ch. 2113

အပိုင်း ( 2113 ) အထောက်အထားကို ဖော်ပြပြီ။

"အား"

မုယန်က ကြောက်ရွံ့တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်မိသည်။ သူသည် ချက်ချင်းပင် လှည့်၍ ထွက်ပြေးလိုက်ပြီး ကျောက်စင်မြင့်ထက်မှ ဆင်းပြေးရန် ကြိုးစားလိုက်၏။

သို့သော်လည်း လုမင်က သူဖြစ်ချင်သကဲ့သို့ မည်ကဲ့သို့ လွယ်လွယ်ကူကူ ခွင့်ပြုပါမည်နည်း။

သူက မုယန်ကို သေချာပေါက် သတ်ရမည် ဖြစ်သည်။

"ဒုန်း..."

လုမင်က ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင်၊ သူက မုယန်၏ နောက်သို့ ရောက်ရှိသွား၏။ သူက မုယန်၏ နောက်ကျောပြင်ဆီသို့ လက်ဝါးဖြင့် ရိုက်ချလိုက်၏။ မုယန်မှာ သနားစဖွယ် အသံမျိုးဖြင့် အော်ဟစ်လိုက်ရပြန်တော့သည်။ သူ့ခန္ဓာကိုယ်တွင် တိုးလျှိုပေါက် မြင်နေရသည့် အပေါက်ကြီးတစ်ပေါက် ပေါ်လာခဲ့သည်။

ယခုအခါ သူ့လက်က ပျက်စီးသွားခဲ့ရပြီ ဖြစ်သည်။ သူ့ခန္ဓာကိုယ်မှာလည်း အပေါက်ကြီးတစ်ခု ဖြစ်သွားခဲ့၏။ သူ၏ တိုက်ခိုက်နိုင်စွမ်းက အဆများစွာ လျော့ကျသွားပြီး လုမင်ကို ပြန်လည်ခုခံရန် လုံးဝ မစွမ်းသာတော့ချေ။

"ဖြောင်း"

လုမင်က လေထဲသို့ ခုန်တက်လိုက်ပြီး မုယန်၏ မျက်နှာကို ကန်ထုတ်လိုက်သည်။ မုယန်၏ ခန္ဓာကိုယ်က ကျောက်စင်မြင့်ထက်သို့ ပြင်းထန်စွာ ကျရောက်သွားခဲ့ရပြီး ကျောက်စင်မြင့်ကြီးကိုပါ တုန်ခါသွားစေခဲ့၏။ သူ့ခန္ဓာကိုယ်အတွင်းမှ အရိုးကျိုးသံများကို ဆက်တိုက် ကြားလိုက်ရသည်။ သူ၏ အရိုးပေါင်း တစ်ဒါဇင်ခန့်မှာ ကျိုးကြေသွားခဲ့ရပြီ။

ထို့နောက် လုမင်က မုယန်၏ မျက်နှာကို ခြေထောက်ဖြင့် နင်းထားလိုက်သည်။ သူ လုံးဝ မလှုပ်ရှားနိုင်တော့ပေ။

ဤမြင်ကွင်းမှာ မုယန်က လုမင်ကို ပထမဆုံးအကြိမ် စိန်ခေါ်ခဲ့သည့် အချိန်နှင့် အလွန်ပင် ဆင်တူသည်။ ထိုစဉ်ကလည်း သူသည် လုမင်၏ ခြေထောက်အောက်တွင် နင်းခြေခြင်း ခံခဲ့ရပြီး သူ၏ ဂုဏ်သိက္ခာအားလုံး ဆုံးရှုံးခဲ့ရဖူးပေသည်။

"အား... ထျန်းယွမ်၊ ငါ မင်းကို သေချာပေါက် သတ်မယ်။ မင်းကို မြေမြှုပ်ဖို့ နေရာတောင် မရှိစေရဘဲ ခွေးသေဝက်သေ သေသွားစေရမယ်"

မုယန်က ရူးသွပ်စွာဖြင့် အော်ဟစ်လိုက်သည်။ သူက အမှန်တကယ်ပင် ရူးသွပ်သွားခဲ့ပြီ။

တိုက်ပွဲ မစတင်မီက သူသည် အလွန်ပင် မြင့်မြတ်ပြီး အစွမ်းထက်သည့်အလား ဟန်ဆောင်နေခဲ့သည်။ လုမင်ကို သေချာပေါက် သေချင်းဆိုးဖြင့် သေဆုံးရစေမည်ဟုလည်း ပြောဆိုခဲ့သေးသည်။ သူက လုမင်ကို အလားအလာမရှိသော အမှိုက်တစ်စအဖြစ်၊ သိုင်းဧကရာဇ် နယ်ပယ်သို့ မထိုးဖောက်နိုင်သူအဖြစ်နှင့် လုမင်သည် သူ၏ပြိုင်ဘက် မဖြစ်လာနိုင်တော့ကြောင်း လှောင်ပြောင် သရော်ခဲ့သည်။

သို့သော်လည်း ယခုအခါတွင်မူ တိုက်ပွဲစတင်ချိန်မှစ၍ ဘယ်လောက်မှမကြာသေးပါ။ သူကိုယ်တိုင် လုမင်၏ ခြေထောက်အောက်တွင် နင်းခြေခြင်း ခံထားခဲ့ရပြီ ဖြစ်သည်။ ဤကဲ့သို့သော အရှက်ခွဲခံရမှုက သူ့ကို ရူးသွပ်သွားစေခဲ့ပေသည်။

"မင်းက ဒီလိုအခြေအနေမျိုးမှာတောင် ငါ့ကို ခြိမ်းခြောက်ဝံ့သေးတာပဲ"

လုမင်ကမူ ဂရုမစိုက်ဘဲ တည်ငြိမ်နေခဲ့သည်။ သူက သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ အလင်းတန်းနှစ်ခုက မုယန်၏ ခြေထောက်များကို ပေါက်ကွဲသွားစေခဲ့၏။

"အား..."

မုယန်က အသံနက်ကြီးဖြင့် အော်ဟစ်လိုက်ရသည်။

သူ၏ လက်ရှိကျင့်ကြံခြင်းအဆင့်အရ ဦးခေါင်းတစ်ခုတည်းသာ ကျန်ရှိတော့လျှင်ပင် ခန္ဓာအစိတ်အပိုင်းများကို ပြန်လည်ကြီးထွားစေနိုင်သည်။

သို့သော်...

ဤကဲ့သို့သော နာကျင်မှုများက အစစ်အမှန်ပင် ဖြစ်ပေသည်။

ယခုအခါ သူ၏ ခြေလက်လေးဖက်စလုံးက ပျက်စီးသွားခဲ့ရပြီ ဖြစ်သည်။ သူ့ခန္ဓာကိုယ်မှာလည်း ဟောင်းလောင်းပေါက် ဒဏ်ရာကြီးဖြင့် ပြင်းထန်စွာ ဒဏ်ရာရရှိထားခဲ့ပြီ ဖြစ်ရာ နှိုင်းယှဉ်၍မရလောက်သော နာကျင်မှုကို ခံစားနေရတော့သည်။

"ထျန်းယွမ်... မင်း ငါ့ကို သတ်ရဲလို့လား။ ငါ့ရဲ့ မုမိသားစုက ကျွမ်းကျင်သူတွေ ဒီမှာပဲ ရှိနေတယ်။ တကယ်လို့ မင်း ငါ့ကို သတ်ရဲတယ်ဆိုရင် ငါ့မုမိသားစုရဲ့ အဆုံးမဲ့ လက်စားချေမှုကို ရင်ဆိုင်ရလိမ့်မယ်"

မုယန်က အော်ဟစ်လိုက်သည်။ လုမင်က သူ့ကို သတ်ဝံ့လိမ့်မည် မဟုတ်ကြောင်း သူ အခိုင်အမာ ယုံကြည်ထား၏။

သူက လုမင်ကို ရက်စက်ကြမ်းကြုတ်စွာဖြင့် စိုက်ကြည့်လိုက်သည်။ သူ အသက်ရှင်နိုင်သရွေ့၊ အနာဂတ်တွင် လုမင်ကို မည်သည့်နည်းလမ်းကိုမဆို အသုံးပြု၍ သေချာပေါက် သတ်ပစ်မည်ဟုလည်း တွေးတောနေတော့သည်။

"ဒုန်း"

လုမင်၏ မျက်နှာအမူအရာက အေးစက်သွားခဲ့သည်။ သူက ခြေထောက်ကို အားထည့်ပြီး နင်းချလိုက်၏။ မုယန်၏ ဦးခေါင်းက ဖရဲသီးတစ်လုံးအလား ပေါက်ကွဲထွက်သွားရတော့သည်။ ထို့နောက် နတ်ဘုရားဝိညာဉ်တစ်ခု ပျံထွက်လာခဲ့သော်လည်း ၎င်းကို လုမင်က ဖမ်းဆီးထားလိုက်သည်။

၎င်းမှာ မုယန်၏ ဝိညာဉ်ပင်။ ဤအခိုက်တွင်၊ မုယန်၏ ဝိညာဉ်မျက်နှာထက်၌ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။

လုမင်က သူ့ကို အမှန်တကယ် သတ်ဝံ့မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။ လုမင်က မုမိသားစု၏ ကလဲ့စားချေမှုကို မကြောက်ရွံ့ဘူးလား။

"မင်း သေချင်နေတာပဲ"

မုမိသားစုမှ ကျွမ်းကျင်သူများမှာလည်း အမှန်တကယ် ဒေါသထွက်သွားခဲ့ကြပြီ ဖြစ်သည်။ တစ်စုံတစ်ဦးက ဟိန်းဟောက်လိုက်ရာ သူ့အရှိန်အဝါများကြောင့် ကမ္ဘာတစ်ခုလုံး တုန်ခါသွားခဲ့ရသည့်အလား ဖြစ်သွားခဲ့၏။

ဤသူက မုမိသားစုမှ မဟာဧကရာဇ်တစ်ပါးဖြစ်ကြောင်း သံသယဖြစ်ဖွယ် မလိုချေ။

မုယန်မှာ လမ်းဆုံးသွားခဲ့ပြီ ဖြစ်သည်။ သူ၏ ရုပ်ခန္ဓာက လုံးဝ ပျက်စီးသွားခဲ့ရပြီ ဖြစ်ပြီး ဝိညာဉ်သာလျှင် ကျန်ရှိတော့သည်။ အကယ်၍ သူ ပြန်လည်မွေးဖွားလာနိုင်လျှင်ပင် ယခင်ကကဲ့သို့သော အောင်မြင်မှုများကို ရရှိနိုင်တော့မည် မဟုတ်ပါ။

ဤအရာက မုမိသားစုမှ ကျွမ်းကျင်သူများကို ဒေါသထွက်လွန်း၍ သွေးအန်လုမတတ် ဖြစ်သွားစေခဲ့သည်။ သူတို့က လုမင်ကို ချက်ချင်းပင် ဝင်ရောက်တိုက်ခိုက်ပြီး သတ်ပစ်ချင်နေကြတော့သည်။

သို့သော်လည်း နောက်အခိုက်တွင် အနည်းဆုံး အေးစက်သော အကြည့်ပေါင်း တစ်ဆယ်ခန့်က မုမိသားစုမှ ထိုမဟာဧကရာဇ်ထံသို့ ကျရောက်လာကြသည်။ မုမိသားစုမှ မဟာဧကရာဇ်လည်း သူ့ခေါင်းပေါ်မှ ရေအေးတစ်ပုံးဖြင့် အလောင်းခံလိုက်ရသည့်အလား ခံစားလိုက်ရ၏။ သူ၏ ဒေါသများက ချက်ချင်းပင် ငြိမ်းသတ်ခြင်း ခံလိုက်ရပြီး သူအရှိန်အဝါများကိုလည်း ပြန်လည်ရုပ်သိမ်းလိုက်ရတော့သည်။

ဤသည်မှာ နယ်မြေဆယ်ခု တိုက်ပွဲ ဖြစ်သည်။ အမျိုးမျိုးသော ဒေသများမှ မဟာဧကရာဇ်များက ဤနေရာတွင် စုဝေးရောက်ရှိနေခဲ့ကြ၏။ တိုက်ပွဲအတွင်းသို့ မည်သူ့ကိုမျှ ဝင်ရောက်နှောင့်ယှက်ခွင့် မပြုချေ။ အကယ်၍ သူသာ တိုက်ခိုက်ခဲ့မည်ဆိုပါက မဟာဧကရာဇ်အားလုံက သူ့ကို ဝိုင်းဝန်းတိုက်ခိုက်ကာ သတ်ပစ်ကြပေလိမ့်မည်။

"ထျန်းယွမ်... မင်း မုယန်ကို လွှတ်ပေးလိုက်တာ ပိုကောင်းလိမ့်မယ်"

မုမိသားစုမှ မဟာဧကရာဇ်မှာ ဝင်ရောက်တိုက်ခိုက်ရန် မဝံ့ရဲသဖြင့် ခြိမ်းခြောက်စကားကိုသာ ပြောနိုင်သည်။

လုမင်ကမူ နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး အာရုံစိုက်ရန်ပင် စိတ်မဝင်စားပေ။

"ထျန်းယွမ်... ငါ့ကို လွှတ်ပေးပါ။ ငါ မင်းကို တောင်းပန်ပါတယ်၊ ငါ့ကို လွှတ်ပေးပါ"

ဤအခိုက်တွင် မုယန်က အမှန်တကယ်ပင် ကြောက်ရွံ့သွားခဲ့ပြီ ဖြစ်၏။ သူသည် လုံးဝ ကြောက်ရွံ့ခြင်းမရှိဘဲ စိတ်မြန်လက်မြန် ပြုလုပ်တတ်သူတစ်ဦးနှင့် ဆုံတွေ့ခဲ့ရပြီဖြစ်ကြောင်း သိရှိသွားခဲ့ပြီ။

လုမင်၏ အကြည့်က အေးစက်နေခဲ့သည်။ သူက မုယန်ကို လွှတ်ပေးရန် ရည်ရွယ်ချက် မရှိချေ။

မုယန်၏ စိတ်နေသဘောထားအရ သူ့ကို လွှတ်ပေးလိုက်ခြင်းမှာ ပိုအန္တရာယ်များသည်။ သူက သေချာပေါက် ကလဲ့စားချေမည်ဖြစ်ပြီး လုံးဝ လက်လျှော့လိမ့်မည် မဟုတ်ချေ။

သို့ဖြစ်ပေရာ သူ့ကို လွှတ်ပေးသည်ဖြစ်စေ၊ မလွှတ်ပေးသည်ဖြစ်စေ မည်သည့် ထူးခြားမှု ရှိပါတော့မည်နည်း။

"တကယ်လို့ ငါ မင်းကို လွှတ်ပေးလိုက်မယ်ဆိုရင် မင်းက ငါ့ကို လုပ်ကြံဖို့အတွက် သေခြင်းနတ်ဘုရားတိုင်းပြည်က လုပ်ကြံသတ်ဖြတ်သူတွေကို ထပ်ပြီး ရှာဦးမှာမလား"

လုမင်က အေးစက်စွာ ပြောဆိုလိုက်သည်။

မုယန်မှာ မှင်တက်သွားခဲ့ရပြီးနောက် သူ့မျက်နှာတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်သွား၏။ အဆုံးတွင်မူ၊ သူက မယုံကြည်ခြင်း၊ တုန်လှုပ်ခြင်းတို့ဖြင့် အော်ဟစ်လိုက်တော့သည်။

"မင်း... မင်းက လုမင်... လုမင်ပဲ၊ မင်း မသေသေးဘူး..."

မုယန်၏ အော်ဟစ်သံမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားခဲ့ရပြီး လူတိုင်း ကြားလိုက်ကြရသည်။

လူအမြောက်အမြားမှာ ကြက်သေသေသွားခဲ့၏။

"ဘာ၊ သူက လုမင်လား။ ကစဉ့်ကလျားရဲ့သားတော် လုမင်ဆိုသူလား"

"သေခြင်းနတ်ဘုရားတိုင်းပြည်က လူတွေက သူတို့ လုမင်ကို သတ်ပစ်လိုက်ပြီလို့ ပြောခဲ့ကြတယ် မဟုတ်ဘူးလား။ သူက မသေသေးဘူးလား"

လူအများက တုန်လှုပ်စွာဖြင့် ဆွေးနွေးလိုက်ကြသည်။ ထိုအခိုက်တွင် ကစဉ့်ကလျား၏သားတော် ယွမ်ရှင်း၏ မျက်ဝန်းများက အရောင်လက်သွားပြီး လုမင်ထံသို့ လှမ်းကြည့်လိုက်သည်သည်။

ဟန်ရှင်းဟဲမှာလည်း အရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး လုမင်ကို စိုက်ကြည့်လိုက်၏။ သူ့ခန္ဓာကိုယ်ကို အဖြူရောင်အလင်းတန်းများက လွှမ်းခြုံသွားတော့သည်။

"သူက လုမင်ပဲ..."

ချင်ယွဲ့၊ ဟွမ်လင်၊ လုံချန်နှင့် အခြားသူများမှာလည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားခဲ့ကြသည်။

"ဆရာ... ဒါက ဆရာပဲ"

လုရှန်းရှန်းနှင့် အိုးရန်မော့လီတို့လည်း အလွန် ဝမ်းသာသွားကြသည်။

လုမင်က သူတို့ကို ကူညီခဲ့ရခြင်း အကြောင်းရင်းကို သူတို့ နောက်ဆုံးတွင် နားလည်သွားခဲ့ကြပြီ။ သူတို့သည် လုမင်ကို မသိရှိသော်လည်း၊ လုမင်မှ သူတို့ကို ကူညီပေးခဲ့သည်။ ထိုစဉ်ကတော့ ဇဝေဇဝါ ဖြစ်ခဲ့သော်လည်း ယခုအခါတွင်မူ သူတို့ နောက်ဆုံးတွင် နားလည်သွားခဲ့ကြပြီ။

ဤအချိန်တွင် လူတိုင်း၏ အကြည့်များက လုမင်ထံသို့ စုပြုံရောက်ရှိသွားကြသည်။

"ဒါဆို သူက လုမင်ပေါ့"

အချို့သော မဟာဧကရာဇ်နယ်ပယ် ကျွမ်းကျင်သူများက တိုးတိုးရေရွတ်လိုက်ကြလေသည်။ သူတို့က လုမင်၏ အစစ်အမှန် ရုပ်သွင်ကို မြင်တွေ့ခဲ့ကြသည်။ သို့သော်၊ ယခင်က လုမင်ကို မမြင်ဖူးခဲ့ကြသဖြင့် လုမင်ဖြစ်ကြောင်း မသိရှိခဲ့ကြခြင်းသာ ဖြစ်ပေသည်။

လုမင်လည်း ထပ်မံ၍ ဖုံးကွယ်ထားခြင်း မပြုတော့ချေ။ သူ့ခန္ဓာကိုယ်က ပြောင်းလဲလာခဲ့ပြီး သူ၏ အစစ်အမှန် ရုပ်သွင်ကို ထုတ်ဖော်ပြသလိုက်တော့သည်။

"ဒါ တကယ်ကို လုမင်ပဲ"

ယခင်က လုမင်ကို မြင်ခဲ့ဖူးသော လူအချို့က မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်မိကြသည်။

"ဟားဟားဟား... ကျုပ် ခင်ဗျားတို့ကို ပြောသားပဲ၊ လုမင်က ဘယ်လိုလုပ်ပြီး သေနိုင်မှာလဲ"

ဟွမ်လီက ရယ်မောလိုက်သည်။

"သေခြင်းနတ်ဘုရားတိုင်းပြည်... သူတို့က ကြွားလုံးထုတ်ဖို့ပဲသိတယ်"

အိုးရန်ဝူရွှမ့်ကလည်း ရယ်မောလိုက်၏။

"သခင်လေး..."

ချင်ယွဲ့မှာ အလွန်ပင် ပျော်ရွှင်နေမိသည်။

လုမင်နှင့် ရင်းနှီးကျွမ်းဝင်ကြသူတိုင်းက ပျော်ရွှင်နေခဲ့ကြပေသည်။

သူတို့သည် လုမင် သေဆုံးသွားခဲ့ပြီဟု မယုံကြည်ခဲ့ကြသော်လည်း စိတ်ပူပန်ခြင်းကိုမူ မတားဆီးနိုင်ခဲ့ကြချေ။

လုပ်ကြံသတ်ဖြတ်သူ အဖွဲ့အစည်းတစ်ခုဖြစ်သည့် သေခြင်းနတ်ဘုရားတိုင်းပြည်က အလွန်ပင် ကြောက်မက်ဖွယ် ကောင်းသည်။ သူတို့က ၎င်းမှာ အမှန်တရား ဖြစ်နေမည်ကို စိုးရိမ်နေခဲ့ကြပေသည်။

ယခုအခါ၊ လုမင်ကို မြင်တွေ့လိုက်ရသည့်အခါမှာတော့ သူတို့ နောက်ဆုံးတွင် စိတ်အေးသွားခဲ့ကြရပြီ ဖြစ်သည်။

"သူက ဘာလို့ မသေသေးတာလဲ"

လုမင်၏ ရန်သူအချို့၏ မျက်နှာအမူအရာများမှာလည်း ပြောင်းလဲသွားခဲ့ကြသည်။ သူတို့၏ မျက်နှာများမှာ ရှုံ့မဲ့သွား၏။

ဟန်မိသားစု၊ ဟဲမိသားစု၊ တာ့လော့ကောင်းကင်ဂိုဏ်း၊ ဝမ်မိသားစု၊ ရွှေကျီးကန်းမျိုးနွယ်စု၊ ကောင်းကင်ဝံပုလွေမျှော်စင်နှင့် အခြားသော အင်အားစုများမှ ကျွမ်းကျင်သူများက လူအုပ်ကြီးအတွင်း ရပ်နေခဲ့ကြပြီး ဒေါသထွက်ခြင်းနှင့် စိတ်မချမ်းသာခြင်းများကို ခံစားနေရတော့သည်။

သူတို့က လုမင်၏ ရှင်သန်နေခြင်းအတွက် အလွန်ပင် စိတ်မချမ်းမသာ ဖြစ်ကြရသည်။

အထူးသဖြင့်၊ ဤအရာမှာ ရှေးဟောင်းလမင်းမြင့်မြတ်နယ်မြေအတွင်းရှိ အင်အားစုများအတွက် ပို၍ မှန်ကန်ပေသည်။ လုမင်က ပို၍ သန်မာလာခဲ့ပြီ ဖြစ်သည်။ သူက သူတို့ကို ဖိအားများစွာ ပေးနေခဲ့ပြီး အလွန်ပင် စိုးရိမ်ပူပန်နေကြတော့သည်။

"ဒါ တကယ်ကို မင်းပဲ"

ကစဉ့်ကလျားသားတော် ယွမ်ရှင်းက ကစဉ့်ကလျားအလင်းတန်းများဖြင့် လွှမ်းခြုံထားခဲ့သည်။ သူသည် စစ်နတ်ဘုရားတစ်ပါးအလား ဖြစ်နေခဲ့ပြီး လုမင်ကို စိုက်ကြည့်လိုက်၏။

သူ၏ ဘဝတစ်သက်တာလုံးတွင် တစ်ကြိမ်မျှ ရှုံးနိမ့်ဖူးခြင်း မရှိခဲ့ချေ။

သို့သော်လည်း ဟွင်းယွမ်ဂိုဏ်း၏ အကဲဖြတ်မှုအတွင်းမှာမူ သူသည် ကြီးမားသော ရှုံးနိမ့်မှုတစ်ခုကို ခံစားခဲ့ရသည်။ သူသည် လုမင်၏လက်တွင် ရှုံးနိမ့်ခဲ့ပြီး နောက်ဆုံး အမွေအနှစ်ကိုပင် ဆုံးရှုံးခဲ့ရပေသည်။

ထို့ပြင် ကစဉ့်ကလျားဧကရာဇ်၏ အမွေအနှစ်မှာလည်း လုမင်၏ လက်ထဲတွင် ရှိနေခဲ့သည်။ သူနှင့် လုမင်တို့က မလွဲမသွေ တိုက်ခိုက်ကြရမည့်သူများ ဖြစ်နေခဲ့ပြီ။

"ဒါက မဟုတ်သေးပါဘူး...၊ သူက ဘယ်လိုလုပ်ပြီး လုမင် ဖြစ်နိုင်မှာလဲ။ သူက သေခြင်းနိယာမကို ထိန်းချုပ်ထားတဲ့ သေခြင်းရဲ့သားတော် မဟုတ်ဘူးလား"

တစ်ယောက်က နောက်ဆုံးတွင် ပြဿနာကို ရှာဖွေတွေ့ရှိသွားခဲ့သည်။

လုမင်သည် ယခင်က သေခြင်းနိယာမကို အသုံးပြုခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း လုမင်ကိုယ်တိုင်က ကစဉ့်ကလျား၏သားတော်ပင် မဟုတ်ပါလား။

မြင်ကွင်းကြီးမှာ အလွန်ပင် သက်ဝင်လှုပ်ရှားနေခဲ့ပြီး လူအမြောက်အမြားကလည်း ဆွေးနွေးနေခဲ့ကြသည်။ သို့သော်လည်း ယခုအခါတွင်မူ လူတိုင်းက ရုတ်တရက် တိတ်ဆိတ်သွားခဲ့ရပြီး မည်သည့်အသံမျှ ထွက်ပေါ်မလာတော့ချေ။

လူတိုင်းက မျက်လုံးများ ပြူးကျယ်လျက် လုမင်ကို စိုက်ကြည့်လိုက်ကြသည်။ သူတို့က လုမင်ကို အမှန်အတိုင်း ထိုးဖောက်မြင်ရရန်အတွက် မစောင့်ဆိုင်းနိုင်တော့ပေ။

မဟာဧကရာဇ်များပင်လျှင် အလားတူ ဖြစ်နေခဲ့ကြသည်။ ဟွမ်လင်ကဲ့သို့ လုမင်နှင့် နီးစပ်သူများမှာလည်း အလားတူပင် ဖြစ်၏။ သူတို့အားလုံးမှာ မယုံကြည်နိုင်ခြင်းများဖြင့် ပြည့်နှက်နေခဲ့ကြတော့သည်။

ချင်ယွဲ့တစ်ဦးသာ လုမင်က သေခြင်းနိယာမကို တတ်မြောက်မှန်း သိရှိသည်။ ကျန်လူများက ထိုအကြောင်းကို လုံးဝ မသိရှိခဲ့ချေ။

All Chapters