အခန်း ၆၃
Vol. 7 Ch. 63
အခန်း (၆၃) အိမ်များဖျက်ဆီးပြီး မျိုးနွယ်စုများ သတ်ဖြတ်ခြင်း
"ဒီကျောက်မင်ချန်က သံသယ တော်တော် ကြီးတာပဲ..."
အခန်းထဲတွင် ဟော့ရှောက်စန်းနှင့် ဆရာလျန်တို့က အရက်သောက်ရင်း ထွက်ခွာသွားပြီ ဖြစ်သော ခရိုင်ဝန်ကျောက်မင်ချန် အကြောင်းကို ပြောဆိုနေကြသည်။
"အစိုးရ အရာရှိ တစ်ယောက် ဆိုတော့လည်း သတိထားတာ မမှားပါဘူး... သူနဲ့ ငါတို့ ကြားက ဆက်ဆံရေးကို ဖုံးကွယ်ထားဖို့ ဒီနှစ်တွေ တစ်လျှောက်လုံး ငါ့တစ်ယောက်တည်းကိုပဲ သူနဲ့ သွားတွေ့ခိုင်းခဲ့တာ..." ဆရာလျန်က ရှင်းပြလိုက်သည်။
သူက ဂိုဏ်းချုပ်ကြီး၏ အကြံပေး ဖြစ်သော်လည်း အဆင့်အတန်းအရ ဆိုလျှင် ဟော့ရှောက်စန်းလောက် မမြင့်မားပေ။
ဤတစ်ကြိမ် တောင်ပေါ်မှ ဆင်းလာရာတွင်လည်း ဟော့ရှောက်စန်းက အဓိက ဖြစ်ပြီး သူက အကူသာ ဖြစ်သည်။
ဟော့ရှောက်စန်းက ခေါင်းညိတ်လိုက်သည်။
"တကယ်တော့ ငါ မင်းကို တော်တော်လေး လေးစားမိတယ်... ခရိုင်ဝန် တစ်ယောက်ကိုတောင် ငါတို့ဘက် ပါလာအောင် ဆွဲဆောင်နိုင်တယ် ဆိုတော့... ကြည့်ရတာ ဒီနှစ်တွေ တစ်လျှောက်လုံး ငါတို့ ဝေါ့ဟူတောင်က ဘာပြဿနာမှ မရှိဘဲ အေးအေးဆေးဆေး နေလာနိုင်ခဲ့တာ ဒီလူ့ကျေးဇူးတွေ တော်တော်များများ ပါမယ် ထင်တယ်..."
"လူတိုင်းမှာ အားနည်းချက်တော့ ရှိတာပဲလေ... ဒီကျောက်မင်ချန်မှာတော့ အားနည်းချက်တွေ အရမ်း များလွန်းတယ်... အရင်တုန်းက သူ ယန်ဂူခရိုင်ကို စရောက်လာတုန်းက ငွေလိုချင်လွန်းလို့ အလောတကြီး ဖြစ်နေတာနဲ့... ငါက နည်းလမ်းတချို့ သုံးပြီး သူ့ကို ငွေအများကြီး ရအောင် လုပ်ပေးလိုက်တယ်..."
"သူ့ကို အကျပ်ကိုင်လို့ရပြီ ဆိုမှတော့... အခုချိန်မှာ သူ ထွက်ချင်ရင်တောင် ထွက်လို့ မရတော့ဘူးလေ... ငါတို့ လက်ထဲမှာ သူ့ရဲ့ အားနည်းချက်တွေ ရှိနေတာပဲ... အဲဒါတွေကိုသာ အပြင်ထုတ်လိုက်ရင်... အချိန်မရွေး သူ့ကို အသေ သတ်လို့ ရတယ်..." ဆရာလျန်က ခပ်ဖွဖွ ရယ်မောလိုက်သည်။
အပြင်ပန်းတွင် တစ်ဖက်လူကို လေးစားသည့်ပုံ ပြသနေသော်လည်း ရင်ထဲတွင်မူ အထင်သေးနေမိသည်။
"ဒါတွေက အသေးအဖွဲ ကိစ္စလေးတွေပါ..."
ဟော့ရှောက်စန်းက သက်ပြင်းတစ်ချက် ချလိုက်သည်။
"တတိယ ခေါင်းဆောင် ပြောတာ မှန်ပါတယ်... ဒါကြောင့်လည်း အခုချိန်မှာ ငါတို့ရဲ့ အဓိက အစီအစဉ်က ပိုအရေးကြီးတာပေါ့... ဂိုဏ်းချုပ်ကြီးက အခုဆိုရင် အထွတ်အထိပ် အဆင့်ကို ရောက်နေပြီလေ... အထက်လူကြီးတွေ ပေးထားတဲ့ သိုင်းကျင့်စဉ်နဲ့ ဆေးဘက်ဝင် အပင်တွေလည်း ရှိနေပြီ ဆိုတော့... အခု မွေးရာပါ ဝိညာဉ်စွမ်းအင်လေး တစ်ခု ရလိုက်တာနဲ့တင် အဆင့်ကြီးကို တက်လှမ်းနိုင်တော့မှာ..."
"အဲဒီအချိန်ကျရင် ငါတို့လည်း ဒီ ဝေါ့ဟူတောင်ပေါ်မှာပဲ တစ်သက်လုံး ပိတ်မိနေစရာ မလိုတော့ဘူး..."
ဆရာလျန်၏ မျက်လုံးများထဲတွင် အလင်းရောင်များ ပိုမို တောက်ပလာခဲ့သည်။
ထိုက်အန်း မြို့တော် အတွင်းတွင် မွေးရာပါ အဆင့် သိုင်းပညာရှင်များ အများအပြား ရှိသော်လည်း... အနီးအနားရှိ ခရိုင် နှစ်ခုတွင်တော့ အပြင်ပန်း အနေဖြင့် တစ်ယောက်မျှ မရှိပေ။ ဂိုဏ်းချုပ်ကြီးသာ မွေးရာပါ အဆင့်သို့ ရောက်ရှိသွားပါက အထက်လူကြီးများ၏ မျက်နှာသာ ပေးမှုကို ခံရမည်မှာ သေချာလှပေသည်။
အဲဒီအချိန်ကျရင် ယန်ဂူခရိုင် တစ်ခုလုံးက သူတို့ရဲ့ လက်အောက်ကို ရောက်လာတော့မှာပဲ...
သူက ဆယ်နှစ်ကျော်ကြာ စာပေတွေ သင်ယူလာခဲ့တာ... တစ်သက်လုံး ဓားပြ တစ်ယောက် အဖြစ်နဲ့ ခေါင်းငုံ့ပြီး နေသွားဖို့ မဟုတ်ဘူးလေ...
ဟော့ရှောက်စန်းက လက်ကို မြှောက်ကာ ဆရာလျန် ဆက်ပြောမည့် စကားများကို တားဆီးလိုက်သည်။
"ဆရာလျန်... စကားပြောတာ သတိထားပါ... နံရံမှာ နားတွေ ရှိနေနိုင်တယ်... ဂိုဏ်းချုပ်ကြီးရဲ့ အစီအစဉ်ကို မင်းနဲ့ ငါ သိထားရုံနဲ့ လုံလောက်ပါပြီ... အပြင်ထုတ်ပြောစရာ မလိုပါဘူး..."
"ကျွန်တော် စကားမှားသွားပါတယ်..."
ဆရာလျန်က ပြုံးကာ တောင်းပန်လိုက်သည်။
ကျန်းချဲ့၏ အရေးပေါ် အမိန့်ကျလာပြီးနောက် ရွှီဆန်းအာတို့ လူစုက အချိန် လုံးဝ မဆွဲတော့ဘဲ ယန်ဂူခရိုင် အတွင်းရှိ ဆေးဆိုင်ကြီး အားလုံးသို့ ချက်ချင်း သွားရောက်ကာ ရှားပါး ဆေးဘက်ဝင် အပင်များကို ဝယ်ယူကြတော့သည်။
သို့သော် ယန်ဂူခရိုင်ရှိ အင်အားစု အများအပြား၏ ပူးပေါင်း ပိတ်ဆို့မှုကြောင့် ကျန်းချဲ့က ငွေအများကြီး ပေးပြီး ဝယ်ယူမည် ဆိုလျှင်တောင်မှ... အနည်းငယ်မျှသာ ရရှိခဲ့သည်။ တစ်ဖက်လူတို့ လက်ထဲတွင် ပစ္စည်း ရှိနေသော်လည်း... တမင် သက်သက် မရောင်းခြင်း ဖြစ်သည်။
အချို့လူများကမူ ရွှီဆန်းအာမှတစ်ဆင့် ကျန်းချဲ့ကို သတင်းစကား ပါးလိုက်သေးသည်။ ကျန်းချဲ့သာ ထျန်းယာဂိုဏ်းကို ဖျက်သိမ်းလိုက်မည် ဆိုပါက... အရာအားလုံး အေးအေးဆေးဆေး ဆွေးနွေးနိုင်ပြီး ထိုကုန်ပစ္စည်းများကိုလည်း သူတို့ဘက်မှ အစွမ်းကုန် ရှာဖွေပေးကာ စေတနာကို ပြသမည်ဟု ဆိုကြသည်။
ကျန်းချဲ့က နောက်ကျောဘက်တွင် လက်ကို ပိုက်ကာ တည်ငြိမ်သော မျက်နှာထားဖြင့် မေးလိုက်သည်။
"ရွှယ်ဟူပန်း သတင်းရော ရပြီလား..."
"တောင်ပိုင်းမြို့နယ်က လီမိသားစုမှာ အရည်အသွေး အကောင်းဆုံး ရွှယ်ဟူပန်း တစ်ပွင့်ကို ငွေအများကြီး ပေးပြီး ဝယ်ထားတယ်လို့ သတင်းရပါတယ်... သူတို့ရဲ့ သားကို သိုင်းမသင်ခင်မှာ ခန္ဓာကိုယ်သန့်စင်ဖို့ ကြိုတင် ပြင်ဆင်ထားတာလို့ ပြောကြပါတယ်..."
ရွှီဆန်းအာက ခေါင်းငုံ့ကာ လျှောက်တင်လိုက်သည်။
"ဒါဆိုရင် ဘာမှ ဆက်ပြောနေစရာ မလိုတော့ဘူး... အမိန့်ပေးလိုက်... အနောက်မြို့နယ် စစ်စခန်းက စစ်သည်တွေ အကုန်လုံး စုရုံးပြီး... တစ်အိမ်တက်ဆင်း ဝင်ရောက် ရှင်းလင်းမယ်... အကြောင်းပြချက်ကတော့ ရေကြောင်းကုန်သွယ်ရေးဂိုဏ်းက ကျန်နေတဲ့ လူတွေကို လိုက်ဖမ်းတယ်လို့ ပြောလိုက်..."
ဒီအင်အားစုတွေက မျက်နှာသာ ပေးတာကို လက်မခံချင်မှတော့... သူလည်း အချိန်ကုန်ခံပြီး ညှိနှိုင်းနေစရာ မလိုတော့ဘူးလေ...
အရင်တုန်းက စွမ်းအား မလုံလောက်လို့ ဖြည်းဖြည်းချင်း အစီအစဉ် ဆွဲခဲ့ရပေမဲ့... အခု သူက အရိုးသန့်စင်ခြင်း အဆင့်ကို ရောက်နေပြီ ဆိုတာ လျှို့ဝှက်ချက် မဟုတ်တော့သလို အချိန်ကလည်း အရမ်း လိုအပ်နေပြီ ဆိုတော့... အကြမ်းနည်းကိုပဲ တိုက်ရိုက် သုံးရတော့မှာပေါ့...
"ငယ်သား နာခံပါ့မယ်..."
"ငယ်သား နာခံပါ့မယ်..."
ကန်းတာပြောင်တို့ လူစုက တစ်ပြိုင်နက် လက်ယှက်ကာ အရိုအသေပေးလိုက်ကြသည်။
ကျန်းချဲ့က ရေကြောင်းကုန်သွယ်ရေးဂိုဏ်းမှ ကျန်ရစ်သူများကို ဖမ်းဆီးရန် ဆိုသော အကြောင်းပြချက်ကို အသုံးပြုပြီး လက်နက်တိုက် တပ်မှူး လျိုကျစ်၏ အမိန့်ကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ဤကိစ္စအတွက် လျိုကျစ်ထံသို့ ကြိုတင် အသိပေးပြီး ဖြစ်သည်။
အနောက်မြို့နယ်က သူ အုပ်ချုပ်ရသည့် နယ်မြေ ဖြစ်သဖြင့် သူ ဘာလုပ်လုပ် ရပေသည်။ သို့သော် ချီချင်းသဲနှင့် ကျောက်စိမ်းအရိုးရေ ရှိနေသည့် အင်အားစုများမှာ အခြား မြို့နယ်များတွင် ရှိနေသဖြင့် လက်နက်တိုက် တပ်မှူး၏ အမည်ကို အသုံးပြုရခြင်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် လက်နက်တိုက် တပ်မှူးက ယန်ဂူခရိုင် တစ်ခုလုံးရှိ ဓားပြများကို ဖမ်းဆီးပိုင်ခွင့် အာဏာ ရှိသောကြောင့်ပင်။ နာမည်ခံ သက်သက်သာ ဖြစ်လျှင်တောင်မှ... လုံလောက်ပေသည်။
အရေးအကြီးဆုံးက အကြောင်းပြချက် ခိုင်လုံဖို့ပဲ...
ဒီလို ရူးရူးမိုက်မိုက်နဲ့ အိမ်တွေကို ဖျက်ဆီးပြီး မျိုးနွယ်စုတွေကို သတ်ဖြတ်တဲ့ လုပ်ရပ်တွေရဲ့ နောက်ဆက်တွဲ ပြဿနာတွေကတော့... သူ သွေးကြောပွင့် အဆင့်ကို ရောက်သွားမှပဲ ဆက်ရှင်းရတော့မှာပေါ့...
ပထမဆုံး ပစ်မှတ်ထားလိုက်သည့် နေရာမှာ မြောက်ပိုင်းမြို့နယ်ရှိ ပိုင်ယောင်ဆေးဆိုင် ဖြစ်သည်။ ရွှီဆန်းအာကို သတင်းစကား ပါးလိုက်သူမှာလည်း ဤဆေးဆိုင်ပင် ဖြစ်သည်။ သူတို့၏ နောက်ကွယ်တွင် ယန်ဂူခရိုင်၏ ဒုတိယခရိုင်ဝန်နှင့် အတွင်းဝန်တို့ ရှိနေပြီး ခရိုင်ဝန်ကျောက်မင်ချန်နှင့်လည်း အကျိုးအမြတ်များ ပတ်သက်နေပေသည်။
သူတို့၏ အင်အားမှာ ရေကြောင်းကုန်သွယ်ရေးဂိုဏ်းလောက် မကြီးမားသော်လည်း လုံးဝ အထင်သေး၍ မရပေ။ မဟုတ်ပါက အနောက်မြို့နယ်၏ အကျိုးအမြတ်များကို လာရောက် မျှော်မှန်းရဲမည် မဟုတ်ပေ။
ထိုဆေးဆိုင်ကို ရွေးချယ်လိုက်ရခြင်း၏ အဓိက အကြောင်းရင်းမှာ... ပိုင်ယောင်ဆေးဆိုင်၏ ခေါင်းဆောင်က ယခုအချိန်တွင် ယန်ဂူခရိုင်၌ မရှိသောကြောင့်ပင်။ လွန်ခဲ့သော ရက်အနည်းငယ်က လူတစ်စုကို ခေါ်ဆောင်ကာ အပြင်သို့ ကိစ္စတစ်ခုဖြင့် ထွက်သွားခဲ့သည်။
ထိုအခွင့်အရေးကို သူက အမိအရ ဆုပ်ကိုင်လိုက်ခြင်း ဖြစ်သည်။
သူက အရိုးသန့်စင်ခြင်း အဆင့်သို့ စတင် ဝင်ရောက်ကာစသာ ရှိသေးပြီး ကြမ္မာသုံးပါး ထိတ်လန့်ဖွယ် ဓားသိုင်း ရှိနေလျှင်တောင်မှ... တကယ့် သွေးကြောပွင့် အဆင့် သိုင်းသမား တစ်ယောက်ကို ရင်ဆိုင်ရန်အတွက် အနိုင်ရနိုင်ခြေက သိပ်မသေချာသေးပေ။ ခွန်အား တစ်ခုတည်းနှင့် ယှဉ်လျှင်ပင် တစ်ဖက်လူက သူ့ထက် အများကြီး သာလွန်နေပေသည်။
"တပ်မှူးကျန်းက ဒီလောက် လူအများကြီး ခေါ်လာတာ... ဘာကိစ္စ ရှိလို့လဲ..."
ပိုင်ယောင်ဆေးဆိုင် တံခါးဝတွင် မီးခိုးရောင် ဆံပင်များနှင့် အဘိုးအို တစ်ယောက်က ဆေးဆိုင်မှ တပည့် ဆယ်ဂဏန်းခန့်ကို ခေါ်ဆောင်ကာ ကျန်းချဲ့၏ အရှေ့တွင် လာပိတ်ရပ်ပြီး ခပ်မာမာ မေးလိုက်သည်။
"အနောက်မြို့နယ်က ရေကြောင်းကုန်သွယ်မှု ကိစ္စကို ဆွေးနွေးချင်တယ်လို့ သတင်းစကား ပါးလိုက်တာ ခင်ဗျားတို့ မဟုတ်ဘူးလား... အခု ငါ ကိုယ်တိုင် လာခဲ့ပြီ... ဘာပြောချင်လဲ ပြောလေ..."
ကျန်းချဲ့က တည်ငြိမ်စွာ ပြန်မေးလိုက်သည်။
"တပ်မှူးကျန်းက လူဒီလောက် အများကြီး ခေါ်လာတာ... စကားလာပြောတဲ့ ပုံစံမျိုးနဲ့ မတူဘူးနော်..." မီးခိုးရောင် ဆံပင်များနှင့် အဘိုးအိုက ကျန်းချဲ့ နောက်ကွယ်ရှိ စစ်သည်များကို ကြည့်ကာ မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။ သူ၏ ရင်ထဲတွင်လည်း အနည်းငယ် စိုးရိမ်မှုများ ထွက်ပေါ်လာခဲ့သည်။
"ငါက လူအများကြီး ခေါ်သွားတတ်တဲ့ အကျင့်ရှိလို့... ဘာလဲ... မရဘူးလား..."
"အခု ခေါင်းဆောင်က မရှိဘူး... ခေါင်းဆောင် ပြန်လာတဲ့ အချိန်ကျမှ ခင်ဗျားတို့ နှစ်ယောက် သေချာ ဆွေးနွေးကြရင်ရော... ဘယ်လိုလဲ..." မီးခိုးရောင် ဆံပင်များနှင့် အဘိုးအိုက အတင်းအကျပ် ပြုံးပြကာ ကျန်းချဲ့ကို ပြန်လွှတ်ရန် ကြိုးစားလိုက်သည်။
ယခုအချိန်မှသာ သတင်းများထဲတွင် ကြားနေရသော ကျန်းချဲ့၏ အရှိန်အဝါက သူတို့ ခေါင်းဆောင်ထက်ပင် မလျော့နည်းကြောင်း သူ သဘောပေါက်သွားခဲ့သည်။
ခေါင်းဆောင် မရှိတာ ပိုကောင်းတာပေါ့... အလုပ်လုပ်ရတာ ပိုလွယ်သွားပြီ...
ကျန်းချဲ့၏ နှုတ်ခမ်းထောင့်များ ကွေးတက်သွားခဲ့သည်။
"ဒီလိုဆိုတော့... ငါ့ကို သတင်းစကား ပါးလိုက်တာက ငါ့ကို နောက်ပြောင်ချင်လို့ပေါ့လေ..."
"တပ်မှူးကျန်း... ကျွန်တော်တို့ လုံးဝ အဲဒီလို..."
မီးခိုးရောင် ဆံပင်များနှင့် အဘိုးအို၏ စကား မဆုံးသေးမီမှာပင် ကျန်းချဲ့က စတင် လှုပ်ရှားလိုက်တော့သည်။ ကိုယ်ရိပ်က တစ္ဆေတစ်ကောင်ကဲ့သို့ လျင်မြန်လှပြီး ခြေထောက်က မြေကြီးကို ဆောင့်နင်းလိုက်ရာ ကျောက်ပြားများပင် ကွဲကြေသွားခဲ့သည်။
တစ်လှမ်းတည်းဖြင့် အရှေ့သို့ ရောက်သွားပြီး မီးခိုးရောင် ဆံပင်များနှင့် အဘိုးအိုဆီသို့ ဓားဖြင့် အားကုန် ခုတ်ပိုင်းချလိုက်ရာ သတ်ဖြတ်လိုစိတ်များက လေထုထဲတွင် ပြည့်နှက်သွားခဲ့သည်။
"ဘာ..."
မီးခိုးရောင် ဆံပင်များနှင့် အဘိုးအို အလွန် အံ့ဩသွားခဲ့သည်။ တစ်ဖက်လူက ဤကဲ့သို့ ရုတ်တရက် တိုက်ခိုက်လာလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။ ချက်ချင်း နောက်ဆုတ်လိုက်ပြီး အင်္ကျီလက်ကို ဝှေ့ယမ်းကာ သံပေတံကို ထုတ်ပြီး ကျန်းချဲ့၏ ဓားကို ကာကွယ်လိုက်သည်။
'ဒိုင်း...'
ကျန်းချဲ့၏ ဓားချက်ကို အဘိုးအိုက ကာကွယ်နိုင်ခဲ့သော်လည်း ထိုမျှသာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယခုအခါ ကျန်းချဲ့က သူ၏ အနီးသို့ ရောက်ရှိနေပြီ ဖြစ်ပြီး ဘာမှ မစဉ်းစားတော့ဘဲ လက်ထဲမှ ဓားရှည်ကို လွှတ်ချလိုက်သည်။
ထို့နောက် ညာဘက် လက်မောင်းတွင် အားယူလိုက်ပြီး လက်သီးဖြင့် ထိုးနှက်လိုက်သည်။
ဆူပွက်နေသော အတွင်းအားများနှင့် သွေးချီများက ညာဘက် လက်မောင်းတွင် စုစည်းသွားပြီး သွေးကြောများ အားလုံး ဖောင်းကြွလာကာ လက်သီးက တည့်တည့် ထိုးထွက်သွားခဲ့သည်။
မီးခိုးရောင် ဆံပင်များနှင့် အဘိုးအို၏ မျက်နှာက ပျက်သွားခဲ့ပြီး ကျယ်ပြန့်သော အင်္ကျီလက်ဖြင့် အရှိန်ကို လျှော့ချရန် ကြိုးစားလိုက်သည်။ သို့သော် ထိခိုက်မိသည်နှင့် တစ်ပြိုင်နက် သူ၏ အင်္ကျီလက်များက စုတ်ပြဲသွားပြီး ကျန်းချဲ့၏ လက်သီးက သူ၏ ဘယ်ဘက် ရင်ဘတ်ပေါ်သို့ တည့်တည့် ကျရောက်သွားခဲ့သည်။
'ဘန်း...'
ကျင်းနှစ်ထောင်ခန့် အားရှိပြီး ကျောက်တုံးကိုပင် ကွဲကြေသွားစေနိုင်သော အားက လူတစ်ယောက်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားပါက အဆုံးသတ်က မည်သို့ ဖြစ်မည်ကို တွေးကြည့်ရုံဖြင့် သိနိုင်ပေသည်။
ကျန်းချဲ့၏ လက်သီးက အဘိုးအို၏ ရင်ဘတ်ကို ဖောက်ထွင်းသွားခဲ့သည်။
ထို့နောက် လက်သီးကို ပြန်ရုပ်လိုက်ပြီး အဘိုးအို၏ ခန္ဓာကိုယ်ကို မြေကြီးပေါ်သို့ ပစ်ချလိုက်သည်။
အရိုးသန့်စင်ခြင်း အဆင့် အချင်းချင်းပင် ဖြစ်သော်လည်း လက်သီး တစ်ချက်တည်းဖြင့် ဇာတ်သိမ်းသွားခဲ့သည်။
"ပိုင်ယောင်ဆေးဆိုင်က ရေကြောင်းကုန်သွယ်ရေးဂိုဏ်းက လူတွေနဲ့ ပူးပေါင်းပြီး အစိုးရကို ပုန်ကန်ဖို့ ကြိုးစားတယ်... သက်သေ အထောက်အထား အကုန်လုံး ရှိတယ်... ငါ့အမိန့်ကို နာခံပြီး အကုန်လုံးကို သတ်…”