ဖရိုဖရဲ ဖြစ်နေသော ခေတ်ပျက်ကြီးက လူ့လောကထံသို့ ဆင်းသက်လာခဲ့ပြီ ဖြစ်သည်။ သာမန် လူသားများမှာ နံနက်မိုးလင်းချိန်တွင် အသက်ရှင်နေသော်လည်း ညနေနေဝင်ချိန် အထိ အသက်ရှင်မည်ဟု အာမမခံနိုင်လောက်အောင် ဘဝများက လုံခြုံမှု ကင်းမဲ့နေကြလေသည်။ အစွမ်းထက်သော ခွန်အား စွမ်းအားကသာလျှင် အကြီးမားဆုံးသော အသက်အာမခံချက်ပင်။ လက်သီးစွမ်းအား သည်သာလျှင် အာဏာပင် ဖြစ်လေသည်။ ကောင်းကင် ယဇ်ပလ္လင် ကျောက်တိုင် တစ်ခုက ကျန်းချဲ့ ကို ဤ ကသောင်းကင်းမဲ့နေသော ခေတ်ပျက်ကြီး အတွင်း၌ မောက်မာဝင့်ကြွားစွာ ရပ်တည်နိုင်မည့် အခြေခံ အင်အားကို ပေးစွမ်းခဲ့လေသည်။ တန်ဖိုးညီမျှသော အရင်းအမြစ်များကို ယဇ်ပူဇော်လိုက်ရုံဖြင့် သူ၏ ကျင့်ကြံမှု အဆင့်က အဆုံးအစမရှိ တိုးတက်လာနိုင်လေသည်။ ထို့အပြင် ကျင့်စဉ်များနှင့် သိုင်းကွက်များကို ကျင့်ကြံရာတွင်လည်း မျက်တောင်တစ်ခတ် အတွင်းမှာပင် တတ်မြောက် အောင်မြင်သွားနိုင်လေသည်။ [ယဇ်ပူဇော်မည့် ရည်ရွယ်ချက် - ခန္ဓာကိုယ် ကြံ့ခိုင်မှု အားကောင်းလာစေရန်] [ယဇ်ပူဇော်မည့် ပစ္စည်းများ - သွေး နှစ်ကျင်း... အရိုး ဆယ်ကျင်း... သားကောင် အသား နှစ်ဆယ်ကျင်း... ယဇ်ပူဇော်မည်လား] [ယဇ်ပူဇော်မည်] ... [ယဇ်ပူဇော်မည့် ရည်ရွယ်ချက် - ရုပ်ခန္ဓာဖြင့် သိုင်းသူတော်စင် အဖြစ်သို့ တက်လှမ်းရန်] [ယဇ်ပူဇော်မည့် ပစ္စည်းများ - ဧကရာဇ်မင်းဆက်၏ နဂါးသွေးကြော... နှစ်တစ်ရာ နိုင်ငံတော်၏ ကံကြမ္မာ... ယဇ်ပူဇော်မည်လား]

