← Chapters

အခန်း ၄၆၉

Vol. 47 Ch. 469

အခန်း ၄၆၉

Vol. 47 Ch. 469

အခန်း ၄၆၉ ယွမ်ရှန်းအဆင့်သို့ တက်လှမ်းခြင်း

တတိယလကုန်ပိုင်း၏ လေပြေလေညင်းက ကမ္ဘာမြေကို ဖြတ်သန်းတိုက်ခတ်သွားပြီး နွေဦးအလှတရားများက နေရာတိုင်းတွင် ဖုံးလွှမ်းနေသည်။ ကျောက်ရှန်းကျီနှင့် ချီရွှယ်မိစ္ဆာသခင်တို့က လေဟာနယ်ထက်တွင် ရပ်နေကြပြီး သူတို့၏ ဝတ်ရုံများက လေနှင့်အတူ လွင့်ခတ်နေကာ မျက်ဝန်းများထဲတွင် လေးနက်သော အရိပ်အယောင်များ ပြည့်နှက်နေသည်။

သူတို့က ကျန်းချဲ့ကို မတားဆီးနိုင်ခဲ့သဖြင့် ဤနေရာတွင် သူ့အတွက် လုံခြုံရေး ယူပေးရန်သာ တတ်နိုင်တော့သည်။

ရင်ထဲတွင် အလွန်အမင်း စိုးရိမ်ပူပန်နေကြသော်လည်း ကိစ္စများက ဤအခြေအနေအထိ ရောက်နေပြီဖြစ်ရာ သူတို့ အနေဖြင့် ထပ်မံ၍ တားမြစ်ရန် စကားတစ်ခွန်းမျှပင် မပြောထွက်တော့ချေ။

ကျန်းချဲ့ ပြောခဲ့သလိုပင် အကယ်၍ သူတို့ကသာ အမှန်တကယ် အောင်မြင်စွာ တားမြစ်လိုက်နိုင်ပါက ကျန်းချဲ့၏ ရင်ထဲတွင် အားနည်းချက် တစ်ခု ချန်ရစ်ထားခဲ့သလို ဖြစ်သွားမည်ဖြစ်ပြီး ကျင့်ကြံခြင်း အတွက် အကျိုးယုတ်စေမည်သာ ဖြစ်သည်။

"ဒီကောင်လေး ပြောတာ မှန်တယ် သူက ဘယ်တော့မှ အဆင်သင့် မဖြစ်ဘဲ တိုက်ပွဲမဝင်တတ်ဘူး ဒီလို ရွေးချယ်လိုက်ပြီဆိုမှတော့ သေချာပေါက် ယုံကြည်မှု တစ်ခုခု ရှိနေလို့ပဲ ဖြစ်ရမယ်"

ချီရွှယ်မိစ္ဆာသခင်က ရုတ်တရက် စကားစလိုက်ပြီး ကျောက်ရှန်းကျီကို စိတ်အေးစေရန် နှစ်သိမ့်ပေးနေသည့်အလားပင်။ သို့သော် စကားထွက်သွားပြီးနောက် မိမိကိုယ်ကိုယ် စိတ်မပူရန် ပြန်လည် နှစ်သိမ့်နေသည်နှင့် ပို၍ တူနေတော့သည်။

"စောင့်ကြည့်ရုံပေါ့"

ကျောက်ရှန်းကျီက ခေါင်းအနည်းငယ် ညိတ်လိုက်သည်။

အဆုံးအစမရှိသော တောင်တန်းကြီးများ ကြား၊ ကျယ်ဝန်းလှသော လေဟာနယ်ထက်တွင် ကျန်းချဲ့က အနက်ရောင်နှင့် ရွှေရောင် ရောယှက်နေသော ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ဆံကေသာရှည်များကို ချည်နှောင်ထားသည်။ တင်ပျဉ်ခွေ ထိုင်ရင်း မျက်လုံးများကို မှိတ်ထားကာ ကောင်းကင်နှင့် မြေကြီးကို ခံစားနားလည်ရန် ကြိုးစားနေသည့်အလားပင်။

ယခုအချိန်တွင် သူ၏ စိတ်အာရုံက လောကပြင်ပသို့ ရောက်ရှိနေပြီး ဖိအားများ အားလုံးကို ခေါင်းထဲမှ လုံးဝ ထုတ်ပစ်ထားလိုက်သည်။

တိုက်ပွဲဝင်ခါနီးမှ လက်နက်သွေးရသော်လည်း အနည်းငယ်တော့ အထောက်အကူ ပြုမည်သာ ဖြစ်သည်။

စိတ်မီးကပ်ဘေး၏ ခက်ခဲမှုကို ကျန်းချဲ့က ရင်ထဲတွင် ရှင်းလင်းစွာ သိထားပြီး အနည်းငယ်မျှပင် ပေါ့ဆမည် မဟုတ်ပေ။ စိတ်မီး ဆိုသည်မှာ သူ၏ ရင်ထဲရှိ လိုအင်ဆန္ဒများကို အားနည်းချက် အဖြစ် အသုံးပြုကာ အဆက်မပြတ် ပြောင်းလဲ ပုံဖော် တိုက်ခိုက်ခြင်းပင် ဖြစ်သည်။

ကျန်းချဲ့က စိတ်မီးကပ်ဘေးများကို အကြိမ်များစွာ ဖြတ်သန်းခဲ့ဖူးရာ ဤကိစ္စအတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများစွာ ရှိထားပြီး ဖြစ်သည်။

တကယ်တမ်း သူ့ကို ယုံကြည်မှု ကင်းမဲ့စေသည်မှာ အတင်းအကျပ် ယဇ်ပူဇော်ခြင်းကြောင့် သူ၏ သက်တမ်း မည်မျှ ကုန်ဆုံးသွားမည်နည်း ဆိုသောအချက်ပင်။

"ဟူး..."

လေပူတစ်ချက် မှုတ်ထုတ်လိုက်ရာ ဖြူဖွေးသော အငွေ့တန်း တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရင်ထဲရှိ မွန်းကြပ်နေမှုများကို အပြည့်အဝ ဖယ်ရှားလိုက်သည်။

ကျန်းချဲ့၏ စိတ်အာရုံက ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင် နယ်မြေ အတွင်းသို့ ဖြည်းညင်းစွာ ဝင်ရောက်သွားတော့သည်။

[ယဇ်ပူဇော်ရန် ရည်ရွယ်ချက် - ယွမ်ရှန်းအဆင့်သို့ တက်လှမ်းရန်]

[ယဇ်ပူဇော်ရန် ပစ္စည်းများ - နဂါးသွေးကြော အပိုင်းအစ တစ်ခု၊ မိစ္ဆာပယ်ဖျက် မိုးကြိုးနှလုံးသား ပုတီးစေ့ တစ်လုံး၊ ကျိုယိုး သွေးစစ်စစ် သစ်ပင် တစ်ပင်၊ ကောင်းကင်ယန်စွမ်းအင် မြက်ပင် တစ်ပင်၊ ပုံရိပ်ယောင် နတ်မီးတောက် တစ်ခု၊ သက်တမ်း ဆယ်နှစ် နုတ်ယူမည် ကျန်ရှိသက်တမ်း သုံးရာသုံးဆယ့်ငါးနှစ် ယဇ်ပူဇော်မည်လား]

ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင် အပေါ်ရှိ စာသားများကို ကြည့်ရင်း ကျန်းချဲ့၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

သူ ဤသို့ စမ်းသပ်ရဲခြင်းမှာ ယခင်က ဤကဲ့သို့သော အတွေ့အကြုံမျိုး ရှိခဲ့ဖူးသောကြောင့်ပင်။ ထိုစဉ်က ယန်ဂူခရိုင်တွင် တာဝန်ထမ်းဆောင်နေစဉ် ဝေါ့ဟူတောင်ကို နှိမ်နင်းရန် စစ်ချီခဲ့ရာ ချင်းထျန်းမိစ္ဆာဂိုဏ်းမှ မွေးရာပါအဆင့်တု သိုင်းပညာရှင် တစ်ဦးနှင့် မမျှော်လင့်ဘဲ ကြုံတွေ့ခဲ့ရသည်။

ထိုသူ၏ မျိုးရိုးမှာ ဟွမ် ဖြစ်ပြီး သူ့အပေါ် အလွန် ကြီးမားသော ဖိအားကို ပေးစွမ်းနိုင်ခဲ့သည်။

ထိုအချိန်က သူ၏ လက်ထဲတွင် ယွမ်ချီကျောက်တုံး အချို့ လိုအပ်နေခဲ့သည်။ အကယ်၍ အညံ့မခံပါက ထိုဟွမ် မျိုးရိုးနှင့် သိုင်းပညာရှင်၏ အကျဉ်းသား ဘဝသို့ မလွဲမသွေ ရောက်ရှိသွားမည်သာ ဖြစ်သည်။ နောက်ဆုံး မတတ်သာသည့် အဆုံးတွင် အတင်းအကျပ် ယဇ်ပူဇော်ခြင်းကို ပြုလုပ်ခဲ့ရသည်။

နှစ်အနည်းငယ်မျှ သက်တမ်းကို အသုံးပြု၍ ယဇ်ပူဇော်မှုကို အောင်မြင်အောင် ပြုလုပ်နိုင်ခဲ့သည်။

သို့သော် ၎င်းမှာ တစ်ကြိမ်သာ ဖြစ်ခဲ့ပြီး ထိုနောက်ပိုင်းတွင် ကျန်းချဲ့က အခြေအနေမဲ့သည့် အထိ အဖိနှိပ်ခံရခြင်း မျိုး သိပ်မရှိတော့သလို အတင်းအကျပ် ယဇ်ပူဇော်ခြင်းမျိုးလည်း ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးတော့ပေ။ သို့သော် ယခုတစ်ကြိမ်တွင်တော့ သူ မလုပ်၍ မဖြစ်တော့ချေ။

အတွေးတစ်ချက် ပေါ်လာသည်။

'ယဇ်ပူဇော်မည်'

မျက်တောင်တစ်ခတ်အတွင်း ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင် က ရုတ်တရက် စတင် တုန်ခါလာတော့သည်။ ယဇ်ပူဇော်စရာ ပစ္စည်း မလုံလောက်ခြင်းကြောင့် သာမန်မဟုတ်သော ပြောင်းလဲမှု တစ်ခုခု ဖြစ်ပေါ်လာသည့်အလား အလင်းတန်းများ အဆက်မပြတ် လင်းလက်လာသည်။

တောက်ပသော အလင်းတန်းများက ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင်ကို ဖုံးလွှမ်းသွားပြီး အသက်ရှူကြိမ် အနည်းငယ်မျှ ကြာမြင့်သွားသည်။ ထို့နောက် ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင် အပေါ်ရှိ စာသားများ ရုတ်တရက် ပြောင်းလဲသွားတော့သည်။

[ယဇ်ပူဇော်ရန် ရည်ရွယ်ချက် - ယွမ်ရှန်းအဆင့်သို့ တက်လှမ်းရန်]

[ယဇ်ပူဇော်ရန် ပစ္စည်းများ - နဂါးသွေးကြော အပိုင်းအစ တစ်ခု၊ ကျိုယိုး သွေးစစ်စစ် သစ်ပင် တစ်ပင်၊ ကောင်းကင်ယန်စွမ်းအင် မြက်ပင် တစ်ပင်၊ ပုံရိပ်ယောင် နတ်မီးတောက် တစ်ခု၊ သက်တမ်း တစ်ရာလေးဆယ်နှစ် နုတ်ယူမည် ကျန်ရှိသက်တမ်း နှစ်ရာ့ငါးနှစ် ယဇ်ပူဇော်မည်လား]

ပေးဆပ်ရမည့် တန်ကြေး ပြောင်းလဲသွားပြီ ဖြစ်သည်။ မိစ္ဆာပယ်ဖျက် မိုးကြိုးနှလုံးသား ပုတီးစေ့ ဆိုသော ယဇ်ပူဇော်စရာ ပစ္စည်း ပျောက်ကွယ်သွားပြီး ၎င်း၏ နေရာတွင် သက်တမ်း နုတ်ယူခြင်းက ဆယ်နှစ်မှ တစ်ရာလေးဆယ်နှစ် အထိ ပြောင်းလဲသွားတော့သည်။

သက်တမ်း တစ်ရာလေးဆယ်နှစ် ကို အသုံးပြု၍ မိစ္ဆာပယ်ဖျက် မိုးကြိုးနှလုံးသား ပုတီးစေ့ တစ်လုံးကို လဲလှယ်လိုက်ခြင်းပင်။

'တန်ရဲ့လား'

သေချာပေါက် မတန်ပေ။

သို့သော် ကျန်းချဲ့တွင် အခြား ရွေးချယ်စရာ လမ်းမရှိတော့ချေ။

ထို့အပြင် ယခုအချိန်တွင် သူ့၌ သက်တမ်း နှစ်ရာကျော် ကျန်ရှိနေသေးရာ နောက်ဆက်တွဲ ယဇ်ပူဇော်မှုများ အတွက် လုံလောက်နေသေးသည်။ သို့သော် ဤကဲ့သို့သော လုပ်ရပ်မျိုးကို သူ၏ သက်တမ်းဖြင့် နောက်ထပ် အကြိမ်အနည်းငယ်သာ လုပ်ဆောင်ပါက သေချာပေါက် တောင့်ခံနိုင်တော့မည် မဟုတ်ပေ။

အနည်းငယ် တွေးတောပြီးနောက် ကျန်းချဲ့က ရင်ထဲရှိ အတွေးဆိုးများကို ဖယ်ရှားပစ်လိုက်သည်။ ထို့နောက် စိတ်နှလုံး အလွန် တည်ငြိမ်သွားတော့သည်။

အတွေးတစ်ခု ထပ်မံ ပေါ်လာသည်။

'ယဇ်ပူဇော်မည်'

ကျန်းချဲ့၏ အတွေး ဆုံးသွားသည်နှင့် တစ်ပြိုင်နက် ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင် အပေါ်တွင် အလွန်တရာ ထူးဆန်းသော အလင်းတန်းများ လင်းလက်လာပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် ကျောက်တိုင် အပေါ်ရှိ သင်္ကေတများ အားလုံးကို လင်းထိန်သွားစေသည်။

ထို့နောက် အလင်းတန်း တစ်ခုက ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင် အတွင်းမှ ထွက်ပေါ်လာပြီး ယဇ်ပူဇော်စရာ ပစ္စည်းများ အားလုံးကို လွှမ်းခြုံသွားတော့သည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင်။

ကျိုယိုး သွေးစစ်စစ် သစ်ပင်၊ နဂါးသွေးကြော၊ ကောင်းကင်ယန်စွမ်းအင် မြက်ပင်နှင့် ပုံရိပ်ယောင် နတ်မီးတောက် အစရှိသော ယဇ်ပူဇော်စရာ ပစ္စည်းများ အားလုံး အလင်းတန်း၏ မျိုချခြင်းကို ခံလိုက်ရပြီး ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင် နယ်မြေ အတွင်း၌ အရည်ပျော် ပျောက်ကွယ်သွားကြတော့သည်။

တစ်ချိန်တည်းမှာပင် ကျန်းချဲ့၏ မျက်နှာက ရုတ်တရက် ဖြူရော်သွားပြီး ပြိုင်ဘက်ကင်းသော စွမ်းအားကြီး တစ်ခုက တစ်ကိုယ်လုံးကို မျက်တောင်တစ်ခတ်အတွင်း ဖုံးလွှမ်းသွားသည်။ သူ၏ ခန္ဓာကိုယ် အတွင်းရှိ သက်စောင့်စွမ်းအင်များကို လျင်မြန်စွာ စတင် မျိုချတော့သည်။

သက်တမ်း တစ်ရာလေးဆယ်ကျော်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ကျန်းချဲ့၏ သက်တမ်း သုံးပုံတစ်ပုံခန့်မှာ လွင့်စင်ပျောက်ကွယ်သွားခဲ့သည်။ အပြင်ပန်းအားဖြင့် ကျန်းချဲ့ကို ကြည့်ပါက ဘာမှ မသိသာသော်လည်း သေချာစွာ အကဲခတ်ကြည့်မည် ဆိုပါက ကျန်းချဲ့၏ ကိုယ်ပေါ်တွင် ပင်ပန်းနွမ်းနယ်နေသော အရိပ်အယောင်တစ်ခု ပေါ်လွင်နေပေသည်။

သက်တမ်း တစ်ရာကျော် ဆိုသည်မှာ ကျန်းချဲ့ ဘဝ တစ်လျှောက်လုံးတွင် အများဆုံး ဆုံးရှုံးခဲ့ရခြင်း ဖြစ်ပြီး သူ့ကို အနက်ရှိုင်းဆုံး အတွေ့အကြုံကို ရရှိစေခဲ့သည်။

သို့သော် ဤပေးဆပ်မှုများက ကျန်းချဲ့ အမြင်တွင် တန်သည်ဟု ဆိုနိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် သူ အသာစီး ရယူလိုပါက မိမိ၏ စွမ်းအားကို မြှင့်တင်ရန်သာ ရှိသောကြောင့်ပင်။ ယွမ်ရှန်းအဆင့် စစ်မှန်သောသခင်။

စစ်မှန်သောသခင် အဖြစ် တက်လှမ်းနိုင်သည်နှင့် တစ်ပြိုင်နက် ကျန်းချဲ့၏ စွမ်းအားက အဆမတန် တစ်ဟုန်ထိုး တက်လာမည် ဖြစ်သည်။

ရုပ်ခန္ဓာကိုယ် ဖြစ်စေ ယွမ်ယင်း ဖြစ်စေ အားလုံးက သာမန်မဟုတ်သော အဆင့်ပြောင်းလဲမှုကို ကြုံတွေ့ရမည် ဖြစ်ပြီး ဖုန်းယွင် အဆင့်သတ်မှတ်ချက် စာရင်း၏ ထိပ်ဆုံး ဆယ်ယောက် သို့မဟုတ် ထိပ်ဆုံး ငါးယောက် အဆင့်သို့ပင် တက်လှမ်းနိုင်မည် ဖြစ်ရာ သူ့အတွက် အထောက်အကူပြုမှုက အလွန် ကြီးမားလွန်းလှသည်။

ဤအကျိုးကျေးဇူးများ ကြောင့်ပင် ကျန်းချဲ့က သက်တမ်းကို စွန့်လွှတ်ရဲခဲ့ခြင်း ဖြစ်သည်။ အသက်နှင့် လဲလှယ်၍ စွမ်းအားကို ရယူခြင်းပင်။

လျင်မြန်စွာပင် ယဇ်ပူဇော်စရာ ပစ္စည်းများ အားလုံးကို ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင် က မျိုချပြီးသွားသောအခါ နောက်ထပ် အလင်းတန်း တစ်ခု လည်ပတ်လာပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် ကျန်းချဲ့၏ ရုပ်ခန္ဓာကိုယ် အတွင်း၌ အရည်ပျော် ဝင်ရောက်သွားကာ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် အရာအားလုံးက ပြောင်းလဲသွားတော့သည်။

ကောင်းကင်နှင့် မြေကြီး တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ ကျန်းချဲ့ မျက်လုံး ဖွင့်လိုက်သောအခါ အချိန်တွေ နောက်ပြန်ဆုတ်သွားသည့်အလား ယခင်က ကျာလော့ မာယာကွမ်ရင် ဗောဓိသတ် နှင့် ကြုံတွေ့ခဲ့ရသော နေရာသို့ ပြန်လည် ရောက်ရှိသွားသည်။ ပတ်ဝန်းကျင်ရှိ အရာအားလုံးက အလွန် ရင်းနှီးကျွမ်းဝင်နေပြီး ကျန်းချဲ့ကိုပင် အနည်းငယ် ဝေဝါးသွားစေသည်။

အဆုံးအစမရှိသော ကောင်းကင်ယံထက်တွင် ရွှေကြာပန်းများက လေဟာနယ်ထဲ၌ တစ်ပွင့်ပြီး တစ်ပွင့် ပွင့်လန်းနေပြီး တောက်ပသော ရွှေရောင် အလင်းတန်းများက ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံထားကာ မျက်စိဖြင့် မြင်ရသမျှ ကောင်းကင်နှင့် မြေကြီး တစ်ခုလုံးကို ရွှေရောင် အဖြစ် ပြောင်းလဲသွားစေသည်။ ရွှေကြာပန်းများ ပြန့်ကျဲသွားပြီး ရွှေရောင် အလင်းတန်းများက အရာအားလုံးကို ဖုံးကွယ်ထားကာ ရွှေရောင် အလင်းတန်းများ လွှမ်းခြုံမှု အောက်တွင်။

သူ၏ အရှေ့ဘက် ပေဆယ်နှင့်ချီ အကွာရှိ လေဟာနယ်ထက်တွင် ကြာပန်းတစ်ပွင့် ဖြည်းညင်းစွာ ပွင့်လန်းလာသည်။ သို့သော် ရွှေကြာပန်း မဟုတ်ဘဲ အချင်း ပေဆယ်နှင့်ချီ ရှိသော ကြာဖြူ တစ်ပွင့်သာ ဖြစ်သည်။

ကြာပွင့်ဖတ်များက တစ်ချပ်ပြီး တစ်ချပ် ပွင့်လန်းလာကာ ကြာပလ္လင် တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ကြာပလ္လင်၏ အလယ်တွင် မှုန်ဝါးဝါး ပုံရိပ်တစ်ခုက ပတ်ချာလည်နေသည်။ ပတ်ဝန်းကျင်တွင် မှုန်ဝါးဝါး အလင်းတန်းများ လွှမ်းခြုံနေပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားများက မရည်ရွယ်ဘဲ ပတ်ဝန်းကျင်သို့ ပျံ့နှံ့နေသည်။ ဤအခိုက်အတန့်တွင် ထိုပုံရိပ်က ကောင်းကင်နှင့် မြေကြီး၏ ဗဟိုချက် အဖြစ်သို့ ရောက်ရှိနေသည့်အလားပင်။

ဖျော့တော့သော အလင်းတန်းများ တဖြည်းဖြည်း လွင့်စင်သွားပြီးနောက် ကျာလော့ ဗောဓိသတ် ၏ ပုံရိပ်ကလည်း ပေါ်ထွက်လာတော့သည်။ ရေတံခွန်အလား ရှည်လျားသော ဆံကေသာများက အရှေ့ဘက်သို့ တွဲလောင်းကျနေပြီး နဖူးနောက်ဘက်တွင် အဖြူရောင် အလင်းတန်းများ ထွက်ပေါ်နေသော ပိုးသားပါးပါးလေးကို ဆောင်းထားကာ မျက်ခုံးကြားတွင် ရွှေရောင် အစက်လေး တစ်စက် ရှိနေပြီး အလွန်တရာ သန့်စင် မြင့်မြတ်လှသော အသွင်အပြင်ကို ဆောင်နေသည်။

မို့မောက်သော ရင်အုံ၊ မိုးမခပင်အလား သေးသွယ်သော ခါးလေး ရှိပြီး လည်ပင်းပေါက် ဟိုက်နေကာ အနက်ရှိုင်းဆုံး ချောက်ကမ်းပါး တစ်ခုအလား အောက်ခြေကိုပင် မမြင်နိုင်အောင် ဖြစ်နေသည်။ ဝမ်းဗိုက်ရှိ အဖြူရောင် ဝတ်စုံပေါ်တွင် ရွှေခေါင်းလောင်းလေး တစ်လုံးကို ဆင်မြန်းထားသည်။ သန့်စင် မြင့်မြတ်မှုနှင့် ညှို့ယူ ဖမ်းစားနိုင်မှု တို့၏ ပေါင်းစပ်မှု တစ်ခုဟုပင် ခေါ်ဆိုနိုင်ပေသည်။

"ဒါယကာကျန်း ဘုန်းကြီးက ဒါယကာ့ကို တာအိုလမ်းစဉ်ထဲ ဝင်ရောက်ဖို့ လာရောက် ခေါ်ဆောင်တာပါ"

ကျာလော့ ဗောဓိသတ် ၏ တစ်ကိုယ်လုံးမှ အလင်းတန်းများ ထွက်ပေါ်နေပြီး ကျန်းချဲ့ထံသို့ တစ်လှမ်းချင်း လျှောက်လာကာ ကိုယ်ပေါ်ရှိ ဝတ်ရုံများ ကလည်း တဖြည်းဖြည်း စတင် ကျွတ်ကျလာပြီး ကျန်းချဲ့ကို အလွန် ရှားပါးသော ဆွဲဆောင်မှု တစ်ခုကို ပေးစွမ်းနေသည်။ သို့တိုင်အောင် ကျန်းချဲ့၏ မျက်နှာထားက အနည်းငယ်မျှ ပြောင်းလဲခြင်း မရှိပေ။ ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင် ကြောင့်ပင် ဖြစ်မည်၊ သူက ယခုအချိန်တွင် မှတ်ဉာဏ် အားလုံးကို မဆုံးရှုံးသေးဘဲ မိမိကိုယ်တိုင် ကပ်ဘေးကျော်ဖြတ်နေကြောင်း ရှင်းလင်းစွာ သိထားသည်။ ကျာလော့ ဗောဓိသတ် ဆိုသည်မှာ စိတ်မီးက ဖန်တီးထားသော ပုံရိပ်ယောင်သာ ဖြစ်သည်။

ထို့ကြောင့် တစ်ဖက်လူက တစ်လှမ်းချင်း နီးကပ်လာပြီး ကိုယ်ပေါ်ရှိ အလင်းတန်းများက သူ့ကိုယ်ပေါ်သို့ ရစ်ပတ်လာလျှင်တောင်မှ သူက ရင်ထဲရှိ လိုအင်ဆန္ဒများကို ဖိနှိပ်ထားနိုင်ဆဲ ဖြစ်ပြီး ယခုအချိန်တွင် ဗုဒ္ဓမြတ်စွာဘုရား၏ ရုပ်တု တစ်ခုအလား တည်ငြိမ်နေကာ မျက်လုံးများကို တိုက်ရိုက် မှိတ်ထားလိုက်သည်။

ကျာလော့ ဗောဓိသတ် က နူးညံ့စွာ ပြုံးလိုက်ပြီး ကျန်းချဲ့၏ အနောက်သို့ ရောက်လာကာ သူ့ကို ဖြည်းညင်းစွာ ဖက်ထားလိုက်သည်။ ကိုယ်ပေါ်ရှိ တာအို အငွေ့အသက် ပါဝင်သော ရနံ့များက ကျန်းချဲ့၏ ရင်ထဲသို့ ဝင်ရောက်သွားပြီး သန့်စင် မြင့်မြတ်သော အသံက သူ၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။

"ဒါယကာကျန်း ဒါယကာ က ဘုန်းကြီးကို မျက်လုံး ဖွင့်ပြီး တကယ်ပဲ မကြည့်ချင်တော့ဘူးလား"

နူးညံ့သော အထိအတွေ့များ ကြောင့် ကျန်းချဲ့ အမှန်တကယ်ပင် ဆွဲဆောင်မှုကို ခံစားလိုက်ရပြီး အရာအားလုံးက အစစ်အမှန် ဖြစ်နေသည့်အလားပင်။ သို့သော် ရင်ထဲတွင်တော့ အရာအားလုံးက အတုအယောင်များသာ ဖြစ်ကြောင်း သူ့ကိုယ်သူ သတိပေးနေပြီး စိတ်မီး၏ သွေးဆောင်မှုကို ရင်ဆိုင်နေရသည်။ ကျန်းချဲ့က စိတ်ကို တည်ငြိမ်အောင် ထား၍ ခုခံရန် ကြိုးစားသော်လည်း သူ မည်မျှပင် မျက်လုံးမှိတ်ထားပါစေ ကျာလော့ ဗောဓိသတ် ၏ အသံက သူ၏ နားထဲတွင် အမြဲတမ်း ပဲ့တင်ထပ်နေပြီး နူးညံ့သော လက်ဝါး အစုံက သူ၏ ကိုယ်ပေါ်တွင် အဆက်မပြတ် ပွတ်သပ်နေသည်။

ဤအချက်ကို တွေးမိသောအခါ ကျန်းချဲ့က လေပူတစ်ချက် ဖြည်းညင်းစွာ မှုတ်ထုတ်လိုက်ပြီး မျက်လုံးဖွင့်ကာ ကျာလော့ ဗောဓိသတ် ကို တည့်တည့် စိုက်ကြည့်လိုက်သည်။ ထို့နောက် နှုတ်ခမ်းထောင့်လေး ကွေးတက်သွားသည်

"ကျန်း ဆီမှာ စစ်မှန်တဲ့ ကျမ်းစာ တစ်အုပ် ရှိတယ် ဗောဓိသတ် လာယူဖို့ မျှော်လင့်ပါတယ်"

"ဒါယကာကျန်း က ဘုန်းကြီးကို ဘယ်လိုများ ကျမ်းစာ ယူခိုင်းမလို့လဲ"

ကျန်းချဲ့၏ အတွေး တစ်ချက် ရွေ့လျားသွားသည်နှင့် တစ်ပြိုင်နက် ကိုယ်ပေါ်ရှိ ဝတ်ရုံများကို ချက်ချင်း ဖျက်ဆီးပစ်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော နဂါးခေါင်း တစ်ခုက ခါးအောက်ပိုင်းတွင် ဝှက်ထားသည်ကို မြင်တွေ့လိုက်ရပြီး ကျာလော့ ဗောဓိသတ် ကို ကြည့်ကာ ပြောလိုက်သည်

"စစ်မှန်တဲ့ ကျမ်းစာက ဒီမှာပဲ ဗောဓိသတ် ကိုယ်တိုင်ပဲ လာယူလှည့်ပါ"

ကျာလော့ ဗောဓိသတ် က ချက်ချင်း သဘောပေါက်သွားပြီး သန့်စင် မြင့်မြတ်သော မျက်နှာဖြင့် ခေါင်းအနည်းငယ် ညိတ်ပြလိုက်ကာ ချက်ချင်းပင် ဖြည်းညင်းစွာ ဒူးထောက် ချလိုက်တော့သည်။ ခဏအကြာတွင် အသံတစ်သံ ထွက်ပေါ်လာသည်။

"ဒါယကာကျန်း ဘုန်းကြီး က စစ်မှန်တဲ့ ကျမ်းစာကို ရရှိသွားပါပြီ ဒါယကာ က ငါတို့ ဗုဒ္ဓဘာသာထဲ ဝင်ချင်သလား ဘုန်းကြီး က ဒါယကာ့ကို ဗောဓိသတ် နေရာ တစ်ခု အာမခံနိုင်ပါတယ် နောက်ပိုင်းမှာ ဘုန်းကြီး ကိုယ်တိုင် ဒါယကာ့ ဘေးမှာ အလုပ်အကျွေး ပြုပါ့မယ်"

ကျန်းချဲ့က ကျာလော့ ဗောဓိသတ် ၏ သန့်စင် မြင့်မြတ်လှသော ပါးပြင်လေးကို ပုတ်ပေးလိုက်ပြီး နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်

"ကဲပါ တခြား တစ်ယောက် ပြောင်းလိုက်ရအောင်"

ကျာလော့ ဗောဓိသတ် ၏ မျက်နှာထား တောင့်တင်းသွားပြီး သစ်သားရုပ်တု တစ်ခုအလား ခေါင်းမော့ကာ ကျန်းချဲ့ကို တည့်တည့် စိုက်ကြည့်လာသည်။ ကိုယ်ပတ်လည်ရှိ အလင်းတန်းများက အဆက်မပြတ် လင်းလက်လာပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် တာအို ဝတ်စုံကို ဝတ်ဆင်ထားသော နတ်မိမယ် တစ်ပါး အဖြစ် ပြောင်းလဲသွားတော့သည်။ ထိုသူမှာ နိုင်ငံတော်ဆရာ ယောင်ယွဲ့ ပင် ဖြစ်သည်။

ယခုအချိန်တွင် ယောင်ယွဲ့ က ခေါင်းမော့ကာ မျက်မှောင် အနည်းငယ် ကြုတ်လျက် အဝတ်မပါသော ကျန်းချဲ့ကို ကြည့်ရင်း မျက်ဝန်းများထဲတွင် အံ့ဩဒေါသထွက်မှုများ ပေါ်လာသည်

"ကျန်းချဲ့ မင်း အရမ်း ရိုင်းစိုင်းတာပဲ ငါ့ရှေ့မှာ ဒီလို မလေးမစား လုပ်ရဲတယ်ပေါ့ မင်းကို ငါ မသတ်ရဲဘူးလို့များ ထင်နေတာလား"

ကျန်းချဲ့က တည်ငြိမ်သော မျက်နှာထားဖြင့် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်

"နိုင်ငံတော်ဆရာ ကျာလော့ ဗောဓိသတ် တောင် စစ်မှန်တဲ့ ကျမ်းစာကို ယူသွားပြီဆိုတော့ နိုင်ငံတော်ဆရာ ကော မယူချင်ဘူးလား"

"မင်း"

ယောင်ယွဲ့ ၏ မျက်နှာထား ပြောင်းလဲသွားပြီး အလင်းတန်းများ ထပ်မံ လင်းလက်လာသည်။ ဤတစ်ကြိမ်တွင် ကျန်းချဲ့၏ အရှေ့၌ ပေါ်လာသူမှာ ယခင်က သူနှင့် ရင်းနှီးခဲ့ဖူးသော ကျူးသခင်မ ပင် ဖြစ်သည်။

ယခုအချိန်တွင် ကျူးသခင်မ ၏ မျက်နှာက သွေးရောင်မရှိဘဲ ဖြူရော်နေပြီး ကျန်းချဲ့၏ ရင်ခွင်ထဲသို့ လဲကျသွားကာ အသက်ရှူသံက အလွန် သဲ့သဲ့လေးသာ ကျန်တော့သည်

"ကျန်းချဲ့ မင်း ထွက်သွားပြီးတဲ့နောက် ငါက အရမ်း အရေးကြီးတဲ့ အရာတစ်ခု ပျောက်ဆုံးသွားသလို ခံစားရတယ် အခုတော့ သေခါနီး အချိန်လေးမှာ မင်းကို နောက်ဆုံး တွေ့လိုက်ရပြီ ဒီဘဝမှာ မင်းကို ငါ မကျူးလွန်ခဲ့ပါဘူး နောင်ဘဝကျရင် မင်း ငါ့ကို ပြန်တွေ့နိုင်ဖို့ မျှော်လင့်ပါတယ်"

"မင်းကို ကယ်ဖို့ နည်းလမ်း ရှိသေးလား"

ကျန်းချဲ့က အမူအရာ ကင်းမဲ့စွာဖြင့် မေးလိုက်သည်။ ကျူးသခင်မ က အရင်ဆုံး ခေါင်းညိတ်လိုက်သော်လည်း ထို့နောက် ပြန်လည် ခေါင်းယမ်းပြလိုက်သည်

"ငါ့ကို ကယ်ချင်ရင် မင်းရဲ့ ရင်ဘတ်ကို ခွဲပြီး နှလုံးသွေးနဲ့ တိုက်ကျွေးမှ ရမယ် ဒါပေမဲ့ ဒါပေမဲ့ မင်းကို အဲဒီလို မလုပ်စေချင်ဘူး"

"မင်းက မလုပ်စေချင်ဘူး ဆိုမှတော့လည်း ထားလိုက်ပါတော့"

ကျန်းချဲ့က ရယ်မောလိုက်ပြီး စိတ်မီး၏ ပြောင်းလဲမှုများက အလွန် အဆင့်နိမ့်လွန်းလှသည်ဟု သရော်လှောင်ပြောင် လိုက်သည့်အလားပင်။ ထိုစကား ထွက်ပေါ်လာသည်နှင့် ကျူးသခင်မ ၏ မျက်နှာပေါ်ရှိ ဝမ်းနည်းနေသော အမူအရာက ချက်ချင်း တောင့်တင်းသွားပြီး အလွန် ထူးဆန်းစွာ ခေါင်းမော့ကာ ကျန်းချဲ့ကို တည့်တည့် စိုက်ကြည့်လိုက်သည်

"သံယောဇဉ် ကင်းမဲ့လိုက်တာ"

ကျန်းချဲ့က ခေါင်းညိတ်လိုက်သည်

"မှန်တာပေါ့"

ယခုအချိန်တွင် အပြင်လောက၌ ပတ်ဝန်းကျင်ရှိ လေဟာနယ်များ ကလည်း ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်။ ကောင်းကင်နှင့် မြေကြီး တုန်ခါနေပြီး အဆုံးအစမရှိသော မူလစွမ်းအင်များက ကျန်းချဲ့ထံသို့ ရူးသွပ်စွာ စတင် စုဝေးလာကြကာ မျက်တောင်တစ်ခတ် အတွင်းမှာပင် ဧရာမ မူလစွမ်းအင် လေဆင်နှာမောင်းကြီး တစ်ခု အဖြစ် ပြောင်းလဲသွားတော့သည်။

ကျန်းချဲ့၏ ယွမ်ယင်း က မည်သည့်အချိန်ကတည်းက စိတ်ဝိညာဉ် နယ်မြေထဲမှ ထွက်ပေါ်လာမှန်း မသိရဘဲ ကောင်းကင်နှင့် မြေကြီး၏ မူလစွမ်းအင်များကို စုပ်ယူနေသည်။ မူလစွမ်းအင် လေဆင်နှာမောင်း လွှမ်းခြုံမှု အတွင်း၌ ချီရွှယ်မိစ္ဆာသခင် နှင့် ကျောက်ရှန်းကျီ တို့က ရှင်းလင်းစွာ မြင်တွေ့နေရသည်။

ကျန်းချဲ့၏ ယွမ်ယင်း ပတ်လည်တွင် မျက်စိဖြင့်မမြင်ရသော မီးတောက် တစ်လွှာက တဖြည်းဖြည်း လွှမ်းခြုံလာပြီး အဆက်မပြတ် လောင်ကျွမ်းနေသည်ကိုပင် မြင်တွေ့နေရသည်။ စိတ်မီးဖြင့် ယွမ်ယင်းကို သန့်စင်ခြင်း။ ယွမ်ယင်းကို ယွမ်ရှန်းအဖြစ် ပြောင်းလဲခြင်းပင်။

ဤအခိုက်အတန့်တွင် ကျောက်ရှန်းကျီ နှင့် ချီရွှယ်မိစ္ဆာသခင် တို့ နှစ်ဦးစလုံး၏ ရင်ထဲတွင် လေးလံသွားကြပြီး ကျန်းချဲ့ က ယခုအချိန်တွင် စိတ်မီး၏ လောင်ကျွမ်းမှုကို ခံနေရကြောင်း နားလည်လိုက်ကြသည်။ ထို့ကြောင့်ပင် ကိုယ်ပတ်လည်ရှိ လိုအင်ဆန္ဒ မီးတောက်များ ထင်ရှားလာခြင်း ဖြစ်သည်။ သို့သော် ကပ်ဘေးကျော်ဖြတ်သည့် ကိစ္စတွင် မည်သူကမျှ ဝင်ရောက် စွက်ဖက်၍ မရနိုင်ပေ။ သူတို့ နှစ်ဦးက အဝေးမှသာ စောင့်ကြည့်နိုင်ပြီး ကျန်းချဲ့ အမြန်ဆုံး ကပ်ဘေး ကျော်ဖြတ်နိုင်ပါစေဟု ရင်ထဲမှ တိတ်ဆိတ် ဆုတောင်းပေးနေကြသည်။

စိတ်မီး ပုံရိပ်ယောင် အတွင်း၌။

ကျန်းချဲ့၏ ဖွင့်ချခြင်းကို ခံလိုက်ရသော စိတ်မီး ပုံရိပ်ယောင်များက ဒေါသထွက်သွားသည့်အလား ကျူးသခင်မ က မျက်တောင်တစ်ခတ် အတွင်း ပျောက်ကွယ်သွားသည်။ မျက်စိရှေ့ရှိ မြင်ကွင်းက ပြောင်းလဲသွားပြီး ကျန်းချဲ့က ဗုဒ္ဓဘာသာ တာ့လေ့ယင် ဘုန်းကြီးကျောင်း အတွင်းသို့ ရောက်ရှိသွားသည့်အလား ဖြစ်သွားသည်။

ပတ်ဝန်းကျင်ရှိ ကောင်းကင်ယံထက်တွင် ကြောက်မက်ဖွယ်ကောင်းသော ရွှေရောင် ရုပ်တုကြီးများ မတ်တတ်ရပ်နေကြပြီး အမူအရာ ကင်းမဲ့စွာဖြင့် ကျန်းချဲ့ကို အထက်စီးမှ ငုံ့ကြည့်နေကြသည်။

"မိစ္ဆာလမ်းစဉ်ဝင် ကျန်းချဲ့ မင်းက လူတွေကို အများကြီး သတ်ဖြတ်ခဲ့တယ် နတ်ဘုရားတွေကို မရိုသေဘူး မင်းရဲ့ အပြစ်တွေကို ခွင့်လွှတ်လို့ မရဘူး အခုကစပြီး အဆုံးအစမရှိတဲ့ ငရဲပြည်ကို ကျရောက်စေ"

ဘုန်းတန်ခိုး အပြည့်ရှိသော အသံကြီးက ပဲ့တင်ထပ်သွားပြီး ကျန်းချဲ့၏ နားထဲသို့ ဝင်ရောက်လာသည်။

သို့သော် ကျန်းချဲ့က ယခုအချိန်တွင် ဘာမှ မကြားရသည့်အလား တရားထိုင်ခုံပေါ်တွင် ပျင်းရိစွာ လှဲလျောင်းနေပြီး ကောင်းကင် တစ်ခွင်လုံး ပြည့်နှက်နေသော နတ်ဘုရားများကို အနည်းငယ်မျှပင် ဂရုမစိုက်သည့်ဟန် ပေါ်နေသည်။ သေချာသည်မှာ အမှန်တရားကလည်း ဤအတိုင်းပင် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူ ကပ်ဘေးကျော်ဖြတ်ခြင်းက အခြား သိုင်းပညာရှင်များနှင့် မတူညီသောကြောင့်ပင်။ အခြားသူများက မည်သည့်အရာက ပုံရိပ်ယောင် ဖြစ်ပြီး မည်သည့်အရာက အစစ်အမှန် ဖြစ်ကြောင်း မသိကြသဖြင့် စိတ်မီးက အားနည်းချက်ကို ရှာဖွေတွေ့ရှိသွားခြင်း ဖြစ်သည်။ သို့သော် သူကတော့ ဤအရာများ အားလုံးက အတုအယောင်များ ဖြစ်ကြောင်း ရင်ထဲမှ ရှင်းလင်းစွာ သိထားသည်။

'အတုအယောင်တွေဆိုမှတော့ ဘာကြောက်စရာ ရှိမှာလဲ'

ပတ်ဝန်းကျင်ရှိ မြင်ကွင်းများက အဆက်မပြတ် ပြောင်းလဲနေပြီး ကျန်းချဲ့က အမှန်တကယ် ငရဲပြည်သို့ ကျရောက်သွားသည့်အလား ဖြစ်နေသည်။ ယခင်က သူ သတ်ဖြတ်ခဲ့ဖူးသော လူများက တစ်ယောက်ပြီး တစ်ယောက် ပေါ်ထွက်လာကြပြီး အော်ဟစ်ကာ သူ့ထံသို့ ပြေးဝင်လာကြသည်။

ထျန်းလုံ ဘုန်းကြီးကျောင်း မှ ဘုန်းကြီးများ၊ နဂါးကျား တာအိုဂိုဏ်း မှ သိုင်းသခင်များ၊ သွေးပင်လယ်ဂိုဏ်း၊ ချီဖျင်တောက် အပြင် ယခင်က ကျန်းချဲ့ ရုန်းရင်းဆန်ခတ် မိစ္ဆာတောင်ကြား တွင် တွေ့ခဲ့ရသော မိစ္ဆာသစ်ပင်ကြီး ပင်လျှင် ယခုအချိန်တွင် ပုံရိပ်ယောင် အဖြစ် ပေါ်ထွက်လာကြသည်။

နတ်စွမ်းရည်များက သူ၏ ကိုယ်ပေါ်သို့ အဆက်မပြတ် ကျရောက်လာသည်။

သူ၏ ရုပ်ခန္ဓာကိုယ် ပြိုကွဲသွားပြီး ယွမ်ယင်း ပျက်စီးသွားသည် အထိ ရိုက်နှက်ကြကာ ငရဲပြည် အတွင်းတွင် လွင့်မျောနေသော ဝိညာဉ် အပိုင်းအစလေး တစ်ခုသာ ကျန်ရစ်တော့သည်။

ထိုအချိန်မှာပင် ရင်းနှီးကျွမ်းဝင်နေသော ပုံရိပ်တစ်ခုက ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။ နဂါးဝတ်ရုံကို ဝတ်ဆင်ထားသော လီချန်ကော ပင် ဖြစ်သည်။ ယခုအချိန်တွင် သူက ကျန်းချဲ့ကို သရော်လှောင်ပြောင်သော မျက်နှာဖြင့် ကြည့်ရင်း ပြောလိုက်သည်

"ငါက အခု သိုင်းသူတော်စင် အဖြစ် တက်လှမ်းနိုင်သွားပြီ အင်ပါယာနန်းတော်က ငါ့ကို ဘာမှ မလုပ်နိုင်တော့ဘူး ငါ့ကို တောင်ပိုင်းဘုရင် အဖြစ် ပြန်လည် ခန့်အပ်လိုက်ပြီ မင်းကတော့ အဖြူအမည်းကို ပြောင်းပြန်လှန်ခဲ့လို့ အပြစ်တွေကို ခွင့်လွှတ်လို့ မရတော့ဘူး ရာထူးတွေ အားလုံး ရုပ်သိမ်းခံရရုံသာမက အနက်ရှိုင်းဆုံး ချောက်ကမ်းပါးထဲကို ကျသွားခဲ့ပြီ မင်း ဘေးနားက ဆွေမျိုးမိတ်ဆွေတွေ... ပေလင် ချီမိသားစု... လင်းကျန့်တောင် နဲ့ ကျိုးရွှမ်... လီခွမ့် အစရှိတဲ့ သူတွေ အားလုံး အခု မျိုးဆက်ပြတ် သုတ်သင်ခံလိုက်ရပြီ ဒါတွေ အားလုံးက မင်းကြောင့်ပဲ မင်းက ကိုယ်ကျိုးအတွက် တခြား လူတွေကို ဂရုမစိုက်ခဲ့ဘူး ဒါတွေ အားလုံးက မင်း ခံထိုက်တဲ့ အရာတွေပဲ"

စကားသံ အဆုံးတွင် လီချန်ကော ၏ ပုံရိပ်က ပျောက်ကွယ်သွားပြီး အခြား ပုံရိပ်များ တစ်ခုပြီး တစ်ခု ပေါ်ထွက်လာသည်။ ချီကျန်းနန်၊ ကျောက်ရှန်းကျီ၊ ချီ ညီအစ်မ နှစ်ယောက် အားလုံးက သူ့ကို အဆက်မပြတ် ကျိန်ဆဲနေကြပြီး နာကြည်းနေကြသည်။

"မင်းကြောင့်သာ မဟုတ်ရင် ငါတို့ ပေလင် ချီမိသားစု ရဲ့ နှစ်ထောင်ချီ အခြေခံအုတ်မြစ်က ဘယ်လိုလုပ် ပျက်စီးရမှာလဲ"

"ကျန်းချဲ့ လင်းကျန့်တောင် ပျက်စီးသွားပြီ ငါ မင်းကို အရမ်း မုန်းတယ်"

"အဲဒီတုန်းက မင်းကို မကူညီခဲ့သင့်ဘူး"

နောက်ဆုံးတွင် ကျီချန်တောက် ပင်လျှင် ပုံရိပ်ယောင် အဖြစ် ပေါ်ထွက်လာပြီး မျက်ဝန်းများထဲတွင် မကျေနပ်မှုများနှင့် နှမြောတသဖြစ်မှုများဖြင့် ပြောလိုက်သည်

"မိစ္ဆာပယ်ဖျက် မိုးကြိုးနှလုံးသား ပုတီးစေ့ မရှိဘဲနဲ့ မင်းက ဘယ်လိုလုပ် စွန့်စားရဲတာလဲ အခု နောက်ဆုတ်လိုက် မင်းရဲ့ အသက်ကို ငါ ကာကွယ်ပေးမယ် နောက်တစ်ကြိမ် ပြန်ကြိုးစားဖို့ အခွင့်အရေး ပေးမယ်"

ကျန်းချဲ့က လက်ကာပြလိုက်ပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဘာမှ မကြားရသည့်အလား ကိုယ့်ဘာသာ တိုးတိတ်စွာ ရေရွတ်လိုက်သည်

"စိတ်ထဲမှာ မီးရှိနေရင် ကပ်ဘေးပဲ စိတ်ထဲမှာ မီးမရှိရင် နတ်ဘုရား ဖြစ်လာနိုင်တယ် မင်းရဲ့ ဒီလှည့်ကွက်တွေက အရမ်း အဆင့်နိမ့်လွန်းတယ်"

"ဘာဖြစ်လို့လဲ ဘာဖြစ်လို့ မင်းမှာ အားကိုးစရာ မိစ္ဆာပယ်ဖျက် မိုးကြိုးနှလုံးသား ပုတီးစေ့ မရှိပါလျက်နဲ့ ဒီလောက်တောင် စည်းလွတ်ဘောင်လွတ် အဆင့်တက်ရဲရတာလဲ မင်းက သေမှာကို မကြောက်ဘူးလား"

စိတ်မီးက ဖန်တီးထားသော ကျီချန်တောက် က တည်ကြည်သော အသံဖြင့် မေးလိုက်သည်။

ကျန်းချဲ့က ခေါင်းယမ်းလိုက်ပြီး သူ့ကို ပြုံးပြလိုက်သည်

"မကြောက်ဘူး"

"ဘာလို့ မကြောက်ရတာလဲ"

"ဘာလို့လဲဆိုတော့ လိမ်လည်ကုဒ် ရှိလို့လေ"

ကျန်းချဲ့ ၏ စကားသံ အဆုံးတွင် စိတ်မီးကပ်ဘေး ၏ သန့်စင်မှုက အထွတ်အထိပ်သို့ ရောက်ရှိသွားသည့်အလား နောက်တစ်ခဏတွင် ကောင်းကင်နှင့် မြေကြီး ပြောင်းပြန် လည်သွားပြီး လေဟာနယ် တစ်ခုလုံး မျက်တောင်တစ်ခတ် အတွင်း ပြိုကွဲသွားတော့သည်။ မျက်လုံး ပြန်ဖွင့်လိုက်ချိန်တွင် အရာအားလုံးက မူလအတိုင်း ပြန်လည် ဖြစ်တည်နေတော့သည်။

All Chapters