← Chapters

အခန်း ၃၈၅

Vol. 39 Ch. 385

အခန်း ၃၈၅

Vol. 39 Ch. 385

အခန်း (၃၈၅) ကျန်းချဲ့က ငါကိုယ်တော်မကို အာခံရဲသေးတယ်ပေါ့လေ

ဧကရာဇ်မင်းက မင်းသားများကို ထီးနန်းလုရန် အခွင့်အရေးပေးထားကြောင်း သူ သိရှိထားသော်လည်း ဤမျှလောက်အထိ အလောတကြီးဖြစ်နေမည်ဟု လုံးဝမထင်ထားခဲ့ပေ။ ထို့အပြင် ဤကဲ့သို့သောနည်းလမ်းဖြင့် ပွဲထွက်လာလိမ့်မည်ဟုလည်း မမျှော်လင့်ထားခဲ့ချေ။ မှူးမတ်အရာရှိများ ဆိုလျှင် ပို၍ပင် မဖြစ်နိုင်တော့ပေ။

အာဏာရှိသောသူများက ပွဲမထွက်ကြသေးဘဲ အလယ်အလတ်နှင့် အဆင့်နိမ့် အရာရှိငယ်များသာ နဂါးနောက်လိုက်၍ အကျိုးခံစားခွင့်ရမည့် အိပ်မက်လှလှများကို မက်နေကြခြင်းဖြစ်သည်။ သို့သော် သူတို့တွင် ဤကိစ္စကို နောက်ကွယ်မှ တွန်းအားပေးရန် စွမ်းရည်မရှိသလို သတ္တိလည်းမရှိကြပေ။

အဖြစ်နိုင်ဆုံးသော သူများမှာ ကျီချန်ရှန်း၏ အခြားသော ညီအစ်ကိုများပင် ဖြစ်ပေလိမ့်မည်။

သူက ဒီပွဲထဲ ဝင်မပါလောက်ဘူးဆိုတာကို ခန့်မှန်းမိသွားလို့သာ ဒီကိစ္စကို တမင်တကာ ပိုကြီးအောင် လုပ်လိုက်ကြခြင်းဖြစ်သည်။ ရည်ရွယ်ချက်ကတော့ သူ့ကို အသုံးချပြီး ကျီချန်ရှန်း၏ နာမည်ဂုဏ်သတင်းကို ရိုက်ချိုးရန်ပင် ဖြစ်သည်။ ဤအကွက်များထဲတွင် ကျီချန်ရှန်း၏ ညီအစ်ကိုများအားလုံး၌ သံသယဖြစ်ဖွယ် အကြောင်းရင်းများ ရှိနေကြလေသည်။

အချိန်အနည်းငယ် စဉ်းစားတွေးတောပြီးနောက် ကျန်းချဲ့သည် ချန်ချင်းဖန်၏ သတင်းလမ်းကြောင်းကို အကူအညီတောင်းရန် ဆုံးဖြတ်လိုက်သည်။ အနက်ရောင်ရုံးတော်၏ အင်အားကို အသုံးချကာ သူ့ကို စစ်တုရင်ရုပ်အဖြစ် အသုံးချခဲ့သော မင်းသားကို နောက်ကွယ်မှ စုံစမ်းထောက်လှမ်းရန် ဖြစ်သည်။

သူသည် အနိုင်ကျင့်ခံရလျှင် ငုံ့ခံနေတတ်သော စရိုက်မျိုး လုံးဝမရှိသူဖြစ်သည်။ မင်းသားတစ်ပါး၏ အဆင့်အတန်းဖြစ်နေလျှင်တောင်မှ သူ၏ လက်စားချေလိုသော ဆန္ဒကို လုံးဝတားဆီးနိုင်မည် မဟုတ်ပေ။

ကျီချန်ရှန်း၏ ညစာစားပွဲနှင့် ပတ်သက်၍တော့ ကျန်းချဲ့က သေချာပေါက် သွားမည်မဟုတ်ပေ။

ကျီချန်ရှန်းက တကယ်ပဲ ဦးနှောက်မရှိတာလား ဒါမှမဟုတ် ဟန်ဆောင်နေတာလား ဆိုသည်ကို ဂရုစိုက်နေစရာ မလိုပေ။ သူ့ကို အကျပ်ကိုင်ပြီး ကြိုးဆွဲချင်နေသည့် ကိစ္စကတော့ လုံးဝ အောင်မြင်မည် မဟုတ်ပေ။ တစ်ဖက်လူက သူ မျက်နှာသာပေးမည်ဟု ယုံကြည်နေလေလေ သူက လုံးဝ မျက်နှာသာမပေးဘဲ နေလေလေ ပင်ဖြစ်သည်။

အထက်စီးကနေ ကောင်းကောင်းမွန်မွန် နေချင်တာကို အခွင့်အရေးမယူဘူးဆိုရင်လည်း မြေပြင်အထိ ရိုက်ချပြီး နေသားကျအောင် လုပ်ပေးရုံသာ ရှိတော့သည်။

ဧကရာဇ်မြို့တော် ဖုန်းဟယ်နန်းဆောင်။

မိဖုရားကြီး ရွှီပိုင်ဟယ်၏ ဖီးနစ်မျက်ဝန်းများက အနည်းငယ် မှေးကျဉ်းသွားပြီး ဒေါသအရိပ်အယောင်များ ထွက်ပေါ်လာသည်။ သူမ၏ မျက်လုံးများထဲတွင် သားတော်ဖြစ်သူအပေါ် မကျေနပ်မှုများ ပြည့်နှက်နေလေသည်။ ကျီချန်ရှန်းကို ကျန်းချဲ့နှင့် မိတ်ဆွေဖွဲ့ရန် စေခိုင်းခဲ့သော်လည်း တစ်ဖက်လူက ဤကဲ့သို့ အတင်းအကျပ် အကျပ်ကိုင်သည့် နည်းလမ်းမျိုးကို အသုံးပြုလိမ့်မည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့ပေ။

ယခုတော့ မြို့တော်တစ်ခုလုံး ဆူညံသွားပြီး လူတိုင်း သိရှိသွားကြချေပြီ။ နန်းဆောင်နက်ထဲတွင် အမြဲနေထိုင်သော သူမပင်လျှင် ဤသတင်းကို ကြားသိခဲ့ရပြီဆိုတော့ မြို့တော်တစ်ခုလုံး ပျံ့နှံ့နေပြီဆိုသည်မှာ တွေးကြည့်ရုံနှင့်ပင် သိနိုင်လေသည်။ အကယ်၍ ကျီချန်ရှန်း ညစာစားပွဲ ကျင်းပချိန်တွင် ကျန်းချဲ့သာ ရောက်မလာခဲ့လျှင် ထိုဂုဏ်သိက္ခာ ကျဆင်းမှုက အလွန်ကြီးမားသွားပေလိမ့်မည်။

"အရမ်းကို မိုက်မဲလွန်းတာပဲ"

"မယ်တော် ဒေါသထွက်တာကို လျှော့ပါဦး သားတော်လည်း ဒီလောက်ထိ ကြီးသွားလိမ့်မယ်လို့ တကယ် မထင်ထားခဲ့မိဘူး"

ကျီချန်ရှန်း၏ မျက်နှာထားမှာလည်း ဤအချိန်တွင် အလွန်ကြည့်ရဆိုးနေလေသည်။ ကိစ္စများ ဤမျှလောက်အထိ ကြီးကျယ်သွားလိမ့်မည်ဟု သူ တကယ် မထင်မှတ်ထားခဲ့ပေ။

မူလက ကျန်းချဲ့၏ တုံ့ပြန်မှုကို အကဲစမ်းကြည့်ရန်သာ ရည်ရွယ်ခဲ့ပြီး တကယ်လို့ မအောင်မြင်ခဲ့လျှင်တောင်မှ လှည့်ပြောင်းစရာ လမ်းစရှိသေးသည်ဟု တွေးထားခဲ့သည်။ သို့သော် နာရီအနည်းငယ်အတွင်းမှာပင် ဤသတင်းက မြို့တော်တစ်ခုလုံး ပြန့်နှံ့သွားလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ထိုအချိန်ကျမှသာ သူ အသုံးချခံလိုက်ရပြီဖြစ်ကြောင်း သဘောပေါက်သွားတော့သည်။

နောက်ကွယ်မှ တစ်စုံတစ်ယောက်က ဤကိစ္စကို တမင်သက်သက် တွန်းအားပေးနေခြင်း ဖြစ်သည်။ ထို့အပြင် ဤကိစ္စကို တွန်းအားပေးနေသူက သူ့ကို ကူညီချင်နေခြင်း လုံးဝမဟုတ်ဘဲ လူအများရှေ့တွင် မျက်နှာပျက်စေရန် အကွက်ဆင်နေခြင်း ဖြစ်ကြောင်း အလွန်သိသာလှပေသည်။

"မထင်ထားခဲ့ဘူး မထင်ထားခဲ့ဘူး ဆိုတဲ့ စကားတစ်ခွန်းတည်းနဲ့ တာဝန်ရှောင်လို့ ရမယ်ထင်နေလား ရှန်းအာ မင်း လုရမယ့်နေရာက အိမ်ရှေ့စံ နေရာလေ ကျန်တဲ့ မင်းသားတွေ အားလုံးက မင်းရဲ့ ပြိုင်ဘက်တွေချည်းပဲ မင်းက ဒီလို ဟာကွက်ကြီးကို ပြလိုက်မှတော့ သူတို့က ဘယ်လိုလုပ်ပြီး အခွင့်ကောင်း မယူဘဲ နေပါ့မလဲ ဒီတော့ ကောင်းရော မြို့တော်တစ်ခုလုံးက မင်း ကျန်းချဲ့ကို ညစာစားပွဲ ဖိတ်ထားတယ် ဆိုတာ သိကုန်ကြပြီ အဲ့ဒီအချိန်ကျမှ ကျန်းချဲ့သာ ရောက်မလာဘူး ဆိုရင် ဒါက မင်းအပေါ် ဘယ်လောက်တောင် သက်ရောက်မှု ကြီးမားသွားမလဲ ဆိုတာကိုရော မင်း သိရဲ့လား အခြေအနေကို စောင့်ကြည့်နေကြတဲ့ မှူးမတ်တွေ အားလုံးက မင်းကို အလုပ်လုပ်တာ သေသေချာချာ မရှိဘူးလို့ ထင်သွားကြလိမ့်မယ် အဲ့ဒီလိုသာ ဆိုရင် သူတို့က မင်း အိမ်ရှေ့စံ နေရာလုတာကို ဘယ်လိုလုပ်ပြီး စိတ်ချလက်ချ ထောက်ခံရဲတော့မှာလဲ"

ရွှီပိုင်ဟယ်က လေးနက်သော လေသံဖြင့် ဆူပူလိုက်လေသည်။

ကျီချန်ရှန်း၏ အရည်အချင်းက သိပ်မမြင့်မားကြောင်း သူမ မူလကတည်းက သိရှိထားသော်လည်း မည်သို့ပင်ဖြစ်စေ သူက သူမ၏ တစ်ဦးတည်းသော သားတော် ဖြစ်နေလေသည်။ နောင်အနာဂတ်၏ စည်းစိမ်ချမ်းသာ ဂုဏ်ကျက်သရေများအတွက် သူမအနေဖြင့် သူ့ကို အစွမ်းကုန် ကူညီပေးရမည်သာ ဖြစ်သည်။ သို့သော် ရလဒ်ကတော့ သူမထင်ထားသလို မဖြစ်လာဘဲ တစ်ဖက်လူက ဤကဲ့သို့သော အခြေအနေမျိုးအထိ ရောက်ရှိသွားခဲ့လေပြီ။

"ဒီကိစ္စက သားတော်ရဲ့ အမှားတွေပါ ဒါမှမဟုတ် သားတော် ကိုယ်တိုင် ကွမ်ကျွင်းနယ်စား ဆီသွားပြီး သေသေချာချာ ရှင်းပြလိုက်ရမလား"

ကျီချန်ရှန်းက သတိကြီးစွာဖြင့် မေးမြန်းလိုက်သည်။

ရွှီပိုင်ဟယ်က လေကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီးနောက် စကားစလိုက်သည်။

"မင်းက မင်းသား တစ်ပါးလေ တော်ဝင်မိသားစု ရဲ့ အသွေးအသားပဲ အဲ့ဒီ ကျန်းချဲ့ က လောက တစ်ခွင်လုံးမှာ နာမည် ကြီးနေတယ် ဆိုရင်တောင်မှ သူက အရာရှိ တစ်ယောက် သက်သက်ပဲလေ မင်းက သွားပြီး ရှင်းပြမယ် ဆိုရင် အပြင်လူတွေ သိသွားတဲ့ အခါ ဘယ်လို မြင်ကြမလဲ မင်းရဲ့ ခမည်းတော် ဧကရာဇ် ကကော ဘယ်လို မြင်မလဲ ဒါက အိမ်ရှေ့စံ နေရာကို လုမယ့် မင်းသား တစ်ပါး လုပ်သင့်တဲ့ အလုပ် မျိုးလား အရင်းစစ်ကြည့်လိုက်ရင် ဒါက ညစာစားပွဲ လေး တစ်ခု သက်သက်ပဲလေ မင်းကသာ တကယ့် အရေးကြီးတဲ့ ကိစ္စကြီး တစ်ခုလို သဘောထားပြီး ပြာယာခတ် ပြနေမယ် ဆိုရင် လူတွေက မင်းအပေါ် ပိုပြီးတောင် စိတ်ပျက် သွားကြလိမ့်မယ်"

"သား... သားတော်..."

ကျီချန်ရှန်းမှာ တစ်ခဏမျှ စကားပြောမထွက်တော့အောင် ဆွံ့အသွားရလေသည်။

"ဒီအကြံကို ဘယ်သူ ပေးလိုက်တာလဲ"

မိဖုရားကြီး ရွှီ က ဆက်လက် မေးမြန်းလိုက်သည်။

"ဆရာ... ဆရာကော ပေးတာပါ"

"ကောထူ ဆိုတဲ့ လူလား"

"ဟုတ်ပါတယ်"

"ဒီလို အသုံးမကျတဲ့ ငတုံးမျိုး ကို နောက်ဆို ဘေးနားမှာ ဆက်မထားနဲ့တော့"

ရွှီပိုင်ဟယ်က အေးစက်စက် နှာခေါင်းတစ်ချက် ရှုံ့လိုက်လေသည်။ အသုံးမကျလှသော ဤအကြံပေးအမတ်အား သူမ အလွန်အမင်း ရွံရှာသွားမိသည်။ အခြေအနေကိုပင် ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘဲ လောင်းကြေးတစ်ခုအတွက် ဤကဲ့သို့သော အကြံအစည်မျိုးကို ပေးဝံ့သည်တဲ့လား။

"ပြန်ရောက်တာနဲ့ သားတော် ကောထူ ကို နေရာပြောင်း လိုက်ပါ့မယ် ဒါပေမဲ့... အခု လောလောဆယ် ဘယ်လို လုပ်ကြမလဲ တကယ်လို့ ကျန်းချဲ့သာ ပွဲကို ရောက်မလာဘူး ဆိုရင် သားတော် ရဲ့ မြို့တော် က နာမည် ဂုဏ်သတင်းတွေ အကုန်လုံး ထိခိုက် ကုန်တော့မှာ မဟုတ်ဘူးလား"

ဤအချိန်တွင် ကျီချန်ရှန်းမှာ အနည်းငယ် ပြာယာခတ်နေပြီး သင့်တော်မည့် နည်းလမ်းတစ်ခုကို ရှာဖွေလိုနေလေသည်။

ရွှီပိုင်ဟယ်က ကျီချန်ရှန်းကို စူးစိုက်ကြည့်လိုက်ပြီး အချိန်အနည်းငယ် တွေးတောပြီးနောက် စကားဆိုလိုက်သည်။

"ကြည့်ရတာ မယ်တော် ကိုယ်တိုင် ဝင်ပါမှ ရတော့မယ့် ပုံပဲ"

"မယ်တော် က မိဖုရားကြီး ရဲ့ အမိန့်တော် ထုတ်ပြန် လိုက်မလို့လား"

ကျီချန်ရှန်း အနည်းငယ် ကြက်သေသေသွားလေသည်။ အကယ်၍ ဤသို့သာ လုပ်ဆောင်လိုက်မည်ဆိုပါက ကျန်းချဲ့ကို အမှန်တကယ် စော်ကားမိသလို ဖြစ်သွားပေလိမ့်မည်။

"အမိန့်တော် ထုတ်ပြန် တာက ထိရောက်မှု ရှိတယ် ဆိုပေမဲ့ ဒီလို လုပ်လိုက်ရင် အာဏာကို အလွဲသုံးစား လုပ်ပြီး အနိုင်ကျင့် သလို ဖြစ်သွား လိမ့်မယ် ငါကိုယ်တော်မ အနေနဲ့ သူ့ကို နန်းတော် ထဲ ခေါ်ပြီး ဒီကိစ္စ ရဲ့ အကြောင်းရင်း တွေကို ကိုယ်တိုင် ရှင်းပြ လိုက်မယ် သူ ဘယ်လောက်ပဲ မကျေနပ် ဖြစ်နေပါစေ လုံးဝ ဒေါသထွက် ရဲမှာ မဟုတ်ဘူး လို့ မယ်တော် ယုံကြည်တယ်"

"အာ... သားတော် ကြားထား တာကတော့ ဒီ ကွမ်ကျွင်းနယ်စား ရဲ့ စရိုက်က တော်တော်လေး မာနကြီးတယ် တဲ့ အဲ့ဒီ အချိန်ကျမှ သူက လက်မခံ ဘူး ဆိုရင် ဘယ်လို လုပ်မလဲ"

ရွှီပိုင်ဟယ်က ခပ်ဖွဖွ နှာခေါင်းရှုံ့လိုက်လေသည်။

"ငါကိုယ်တော်မ က မိဖုရားကြီး လေ သူက အရာရှိ တစ်ယောက် သက်သက်ပဲ သူ့ အနေနဲ့ ငါကိုယ်တော်မ ကို ပြန်ပြီး အာခံ ရဲသေးတယ် ပေါ့လေ"

'ဒီ သားအမိ နှစ်ယောက် က ငါ့ကို ကောင်းကောင်းကြီး အနိုင်ကျင့် လို့ ရပြီလို့ တကယ် ထင်နေကြ တာလား'

အနက်ရောင်ရုံးတော်တွင် ကျန်းချဲ့၏ မျက်နှာထားမှာ အနည်းငယ် ဆိုးရွားနေလေသည်။ အကြောင်းမှာ ယခုလေးတင် မိဖုရားကြီးက သူမ၏ နန်းတွင်းအစေခံများကို စေလွှတ်ကာ သူ့ထံသို့ နှုတ်မိန့်တစ်ရပ် ပါးလိုက်သောကြောင့် ဖြစ်သည်။ သူ့ကို ဧကရာဇ်မြို့တော်ရှိ ဖုန်းဟယ်နန်းဆောင်သို့ တစ်ခေါက် လာရောက်ရန် ဖိတ်ခေါ်ခြင်းဖြစ်ပြီး ၎င်း၏ နောက်ကွယ်တွင် ဖုံးကွယ်ထားသော ဆိုလိုရင်းမှာ အလွန်ပင် သိသာထင်ရှားလွန်းနေလေသည်။

သူ ညစာစားပွဲကို လာရောက်မည် မဟုတ်သည်ကို ရိပ်မိသွားပြီး သူ၏ မကျေနပ်မှုများကို လျော့ပါးသွားစေရန် ဤနည်းလမ်းကို အသုံးပြုလိုခြင်း သက်သက်သာ ဖြစ်သည်။ သို့သော် ဤကဲ့သို့သော အပြုအမူက သူ၏ ဒေါသမီးကို ပို၍ပင် လောင်ကျွမ်းစေမည်မှာ အသေအချာပင်ဖြစ်သည်။

အာဏာဖြင့် ဖိနှိပ်ခြင်း။ မိဖုရားကြီး၏ အာဏာကို အသုံးပြုကာ သူ့လို ကွမ်ကျွင်းနယ်စားကို အလျှော့ပေးစေရန် ဖိအားပေးခြင်းပင် ဖြစ်သည်။

သို့သော် ကျန်းချဲ့ အနေဖြင့်လည်း ငြင်းဆန်၍ မရနိုင်ပေ။ မည်သို့ပင်ဖြစ်စေ ၎င်းသည် နှုတ်မိန့်သာ ဖြစ်သော်လည်း မိဖုရားကြီး၏ နှုတ်မှ ထွက်ပေါ်လာခြင်း ဖြစ်လေရာ ထိုအဆင့်အတန်းတစ်ခုကြောင့် သူ့အနေဖြင့် အနည်းငယ် ထောက်ထားရမည်သာ ဖြစ်သည်။

အချိန်အတော်ကြာ စဉ်းစားပြီးနောက် ကျန်းချဲ့သည် ခေါက်ရှန်းနတ်မင်းကြီး၏ အရှိန်အဝါကို အနည်းငယ် ငှားရမ်းသုံးစွဲရန် ဆုံးဖြတ်လိုက်လေသည်။ ခေါက်ရှန်းနတ်မင်းကြီးနှင့် နှိုင်းယှဉ်ပါက မိဖုရားကြီး တစ်ပါးက ဘာများ လုပ်နိုင်မည်နည်း။

တစ်ချိန်တည်းမှာပင် ကျန်းချဲ့ မင်းသားများ၏ အိမ်ရှေ့စံလုပွဲ ဝဲဂယက် အတွင်းသို့ ကျရောက်နေချိန်တွင် မြောက်ပိုင်းလူရိုင်း သံတမန် ဇာကူမုနှင့် အဖွဲ့သည်လည်း ယခုအခါ မြို့တော်အတွင်းသို့ နောက်ဆုံးတွင် ရောက်ရှိလာကြပြီ ဖြစ်သည်။

ပန်းပေါင်းစုံ ဖူးပွင့်ဝေဆာကာ ရှေးဟောင်းခမ်းနားမှု အပြည့်ရှိနေသော အလယ်ပိုင်းဒေသ၏ ဧကရာဇ်မြို့တော်ကြီးကို ကြည့်ရင်း ဆုဖုန်းယဇ်ပုရောဟိတ်ကြီးမှစ၍ ဇာကူမုနှင့်တကွ အတူလိုက်ပါလာကြသော မြောက်ပိုင်းလူရိုင်း အစောင့်အရှောက်များ အားလုံး၏ မျက်ဝန်းများထဲတွင် အလွန်တုန်လှုပ်သွားသော အရိပ်အယောင်များ ဖြတ်ပြေးသွားလေသည်။ ၎င်းနှင့် နှိုင်းယှဉ်ပါက သူတို့၏ မြို့တော်ကြီးမှာ အလွန်ပင် လူသူကင်းမဲ့ကာ ပျက်စီးယိုယွင်းနေသည့် အသွင်ပေါက်နေလေသည်။ မြို့တော်ကြီးမှာမူ နတ်ပြည်ဘုံတစ်ခုအလား ထင်မှတ်ရလေသည်။

"အလယ်ပိုင်း ဒေသ က လူတွေက ဒီလောက် စည်ကား သိုက်မြိုက် တဲ့ နယ်မြေ ကြီးကို သိမ်းပိုက် ထားတာ တကယ်ကို ကောင်းကင် ရဲ့ လက်ဆောင် တွေကို ဖြုန်းတီး ပစ်နေတာပဲ ဒီလို ခမ်းနား ထည်ဝါ တဲ့ မြို့တော် ကြီး ဆိုတာ မြင့်မြတ်တဲ့ မျိုးနွယ်စု တွေပဲ သိမ်းပိုက် ထားသင့် တာ"

ဇာကူမုက စည်ကားသိုက်မြိုက်လှသော မြို့တော်ကြီးကို ကြည့်ရင်း သူ၏ မျက်ဝန်းများထဲတွင် ရည်မှန်းချက်ကြီးမားသော လောဘများ ဖောင်းပွလာလေသည်။

"တစ်နေ့ ကျရင်တော့ ငါတို့ မြင့်မြတ်တဲ့ မျိုးနွယ်စု တွေရဲ့ မြင်းခွာ တွေ အောက်မှာ အလယ်ပိုင်း ဒေသ ရဲ့ နယ်စပ် တွေ အားလုံး ပြားပြားဝပ် သွားစေရမယ် အလယ်ပိုင်း ဒေသ က လူတွေ အားလုံး ငါတို့ရဲ့ ခြေဖဝါး အောက်မှာ တွားသွား နေရမယ်"

သံချပ်ကာဝတ်စုံနှင့် အမျိုးသားကြီးမှာလည်း ဤအချိန်တွင် အလွန်အမင်း စိတ်လှုပ်ရှား တက်ကြွနေလေသည်။

ဆုဖုန်းယဇ်ပုရောဟိတ်ကြီးက ခပ်ဖျော့ဖျော့ ပြုံးလိုက်လေသည်။

"အဲ့ဒါကြောင့် ဒီ တစ်ကြိမ် မင်းသား ရဲ့ လက်စွမ်းပြ မှုက အလယ်ပိုင်း ဒေသ က သိုင်းပညာရှင် တွေကို ချေမှုန်း ဖို့ အတွက် ပထမဆုံး ခြေလှမ်း တစ်ရပ်ပဲ"

"ယဇ်ပုရောဟိတ် ကြီး ပြောတာ မှန်ပါတယ် ဒါက ပထမဆုံး ခြေလှမ်း သက်သက် ပါပဲ"

ဇာကူမုသည် မိမိ၏ ခြေအောက်ရှိ ဖီသားရဲကြီးကို ယုံကြည်ချက်အပြည့်ဖြင့် စီးနင်းကာ မာနထောင်လွှားသော အမူအရာဖြင့် မြို့တော်အတွင်းသို့ ဝင်ရောက်သွားလေသည်။ ထုံးတမ်းစဉ်လာဌာန မှ အရာရှိများ၏ ဦးဆောင်မှုအောက်တွင် သံတမန်များ တည်းခိုရာ စံအိမ်တော်သို့ ဝင်ရောက်နေရာယူလိုက်ပြီး နောက်တစ်နေ့ နံနက်ခင်း ညီလာခံတွင် ဧကရာဇ်မင်း၏ တွေ့ဆုံမှုကို စောင့်ဆိုင်းနေလိုက်လေသည်။

မြောက်ပိုင်းလူရိုင်း သံတမန်များ အလယ်ပိုင်းဒေသသို့ ဝင်ရောက်လာချိန်တွင် ကျန်းချဲ့သည်လည်း ဧကရာဇ်မြို့တော်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ တိတိကျကျ ပြောရမည်ဆိုလျှင် မိဖုရားကြီး အနီးရှိ အစေခံမိန်းကလေး၏ ဦးဆောင်မှုအောက်တွင် နန်းဆောင်အတွင်းပိုင်းသို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။

နန်းဆောင်အတွင်းပိုင်းသို့ ပေါ်ပေါ်ထင်ထင်ပင် ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ တာ့ကျိုး တော်ဝင်နန်းတော်အတွင်း၌ မိဖုရားများ နိုင်ငံရေးတွင် ဝင်ရောက်စွက်ဖက်ခွင့် မရှိဆိုသည့် ဘိုးဘေးများ၏ အဆုံးအမများ ရှိသော်လည်း ပြင်ပအရာရှိများ နန်းဆောင်အတွင်းပိုင်းသို့ ဝင်ရောက်ခွင့်မရှိ ဆိုသည့် အမိန့်တော်မျိုးတော့ မရှိချေ။ ထို့အပြင် ယွမ်ခန်းဧကရာဇ်သည် အနှစ်နှစ်ဆယ်တိုင်တိုင် နန်းဆောင်အတွင်းပိုင်းသို့ ဝင်ရောက်ခြင်း မရှိခဲ့ချေ။

နန်းဆောင်အတွင်းပိုင်း၏ အဆင့်အတန်းမှာလည်း အမှန်တကယ်တော့ တိတ်တဆိတ်ပင် ကျဆင်းနေခဲ့လေပြီ။ သေချာသည်ကတော့ ဤသို့ပင်ဖြစ်လင့်ကစား အစောင့်အရှောက် အမြောက်အမြား စောင့်ကြပ်နေဆဲ ပင်ဖြစ်သည်။

သာယာလှပသော ရှုခင်းများရှိသည့် ပန်းခြံအမျိုးမျိုးကို ဖြတ်သန်းသွားပြီးနောက် ကျန်းချဲ့သည်လည်း ဤခရီးစဉ်၏ ခရီးပန်းတိုင်ဖြစ်သော ဖုန်းဟယ်နန်းဆောင် သို့မဟုတ် မိဖုရားကြီး ရွှီပိုင်ဟယ်၏ အိပ်ဆောင်သို့ နောက်ဆုံးတွင် ရောက်ရှိသွားခဲ့လေပြီ။

"ကွမ်ကျွင်းနယ်စား ကြီး ခဏလောက် စောင့်ပါဦး ကျွန်တော်မျိုးမ သွားပြီး သံတော်ဦး တင်လိုက်ပါဦးမယ်"

တံခါးဝရှိ နန်းတွင်းအမျိုးသမီး အရာရှိတစ်ဦးက ကျန်းချဲ့ကို ခါးညွှတ် အရိုအသေပေးလိုက်ပြီးနောက် နန်းဆောင်အတွင်းသို့ ဝင်ရောက်ကာ သတင်းပို့လေသည်။ အချိန်အနည်းငယ် အကြာတွင် ကျန်းချဲ့ကို ဝင်ရောက်ခွင့် ပြုလိုက်လေသည်။

သို့သော် သူ၏ မျက်နှာပေါ်တွင်တော့ ထိတ်လန့်ကြောက်ရွံ့နေသည့် အမူအရာမျိုး လုံးဝမရှိဘဲ အလွန်တည်ငြိမ်အေးချမ်းသည့် ပုံစံမျိုးကိုသာ ပြသနေလေသည်။ မဟုတ်ပေ၊ တိတိကျကျ ပြောရမည်ဆိုလျှင် အေးစက်စက်နိုင်သော အမူအရာမျိုးဖြစ်ပြီး ဤခရီးစဉ်အပေါ် လုံးဝ ဂရုမစိုက်သည့်အလား ပင်ဖြစ်သည်။

ဖုန်းဟယ်နန်းဆောင်အတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် အရင်ဆုံး မြင်တွေ့လိုက်ရသည်မှာ အထက်ပိုင်းတွင် ထိုင်နေသော လှပကျက်သရေရှိသည့် ပုံရိပ်တစ်ခု ပင်ဖြစ်သည်။ တောက်ပသော အဝါရောင်ရှိသည့် ဖီးနစ်ဝတ်စုံကို ဆင်မြန်းထားပြီး ခေါင်းတွင် သရဖူကို ဆောင်းထားကာ ဆံနွယ်ရှည်များကို သပ်ရပ်စွာ ထုံးဖွဲ့ထားလေသည်။ တောက်ပသော မျက်ဝန်းတစ်စုံက သူမအတွက် ပို၍ပင် လှပကျက်သရေရှိမှုကို တိုးပွားစေပြီး မြင့်မားသော တောင်ကုန်းတောင်တန်းများက သူမ၏ ပြည့်ဖြိုးလှပမှုကို ထင်ရှားစွာ ပြသနေလေသည်။ ပေါ်တေတေ ဖြစ်နေသော ချိုင့်ဝှမ်းလေးက လူကို အပြည့်အဝ စုပ်ယူသွားနိုင်စွမ်း ရှိသည့်အလား ပင်ဖြစ်သည်။

တစ်ခုတည်းသော အလှပျက်စေသည့် အရာမှာ သူမ၏ မျက်နှာပေါ်ရှိ အေးစက်စက်နိုင်ပြီး မာနထောင်လွှားနေသော အမူအရာ ပင်ဖြစ်သည်။ သူမ၏ မျက်ဝန်းများထဲမှ ထွက်ပေါ်နေသော အကြည့်များက သူမသည် ဤလောကတွင် အမြင့်မြတ်ဆုံးသော အမျိုးသမီးဖြစ်ကြောင်း လူတိုင်းကို ပြောပြနေသည့်အလား ပင်ဖြစ်သည်။

"ကျွန်တော်မျိုး ကျန်းချဲ့ မိဖုရားကြီး ကို အရိုအသေ ပေးပါတယ်"

ကျန်းချဲ့ တစ်ချက် ဝေ့ကြည့်လိုက်ပြီး အေးစက်စက်ပင် လက်ယှက်ကာ အရိုအသေပေးလိုက်လေသည်။

မိဖုရားကြီး ရွှီ၏ ခမ်းနားထည်ဝါသော အကြည့်များက ကျန်းချဲ့အပေါ် ဖြတ်သန်းသွားပြီး ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်လေသည်။

"ထိုင်ပါ"

"ကျေးဇူးတင်ပါတယ် မိဖုရားကြီး"

ကျန်းချဲ့ တစ်ခွန်းပြန်ပြောလိုက်ပြီးနောက် အထက်တွင် မြင့်မြတ်စွာ ထိုင်နေသော အမျိုးသမီးကို လုံးဝ ဂရုမစိုက်တော့ဘဲ ဘေးဘက်တွင် တည်ငြိမ်အေးချမ်းစွာ ဒူးထောက် ထိုင်လိုက်လေသည်။ ဖုန်းဟယ်နန်းဆောင် အတွင်းရှိ လေထုမှာလည်း လျင်မြန်စွာပင် ဖိအားများ ပြည့်နှက်လာခဲ့လေသည်။

ဤမြင်ကွင်းကို မြင်သောအခါ မိဖုရားကြီး ရွှီသည်လည်း ကျန်းချဲ့၏ မကျေနပ်မှုများကို ကောင်းစွာ ခံစားသိရှိနိုင်လေသည်။ မျက်မှောင်အနည်းငယ် ကျုံ့လိုက်ပြီး ဘေးပတ်ဝန်းကျင်ရှိ အစေခံမိန်းကလေးများကို လက်ဝှေ့ယမ်းကာ ထွက်သွားခိုင်းလိုက်ပြီး အနီးကပ် နန်းတွင်းအမျိုးသမီး အရာရှိတစ်ဦးတည်းကိုသာ ချန်ထားရစ်ခဲ့လေသည်။

"ဒီတစ်ကြိမ် ငါကိုယ်တော်မ က ဆင့်ခေါ် ရတဲ့ အကြောင်းရင်း ကို ကွမ်ကျွင်းနယ်စား သိရဲ့လား"

"ကျွန်တော်မျိုး က ဉာဏ်တုံး တဲ့ သူဆိုတော့ ဘာအဓိပ္ပာယ် လဲဆိုတာ သေချာ မသိပါဘူး"

မိဖုရားကြီး ရွှီ မျက်လုံးများကို အနည်းငယ် မှေးကျဉ်းလိုက်ပြီး သူမ၏ မိဖုရားကြီး အရှိန်အဝါကို အသုံးပြုကာ ကျန်းချဲ့ကို အလျှော့ပေးစေရန် ကြိုးစားလိုက်လေသည်။ သို့သော် ပြန်လည်ရရှိလိုက်သည်မှာ တစ်ဖက်လူ၏ လုံးဝ ရိုင်းစိုင်းစော်ကားသော အကြည့်များသာ ဖြစ်သဖြင့် ချက်ချင်းပင် အနည်းငယ် မကျေမနပ် ဖြစ်သွားရလေသည်။

မိဖုရားကြီး ဖြစ်လာပြီး ကတည်းက သူမသည် ဤကဲ့သို့သော အကြည့်မျိုးကို မမြင်တွေ့ရသည်မှာ အလွန်ကြာမြင့်နေခဲ့ပြီ ဖြစ်သည်။ သူမလို မိဖုရားကြီး တစ်ပါးကို လုံးဝ စိတ်ထဲမထားသည့်အလား ပင်ဖြစ်သည်။ သူမ၏ သားတော် ကျီချန်ရှန်း၏ ကိစ္စကိုသာ စဉ်းစားတွေးတော နေမိသဖြင့် ရင်ထဲရှိ မကျေနပ်မှုများကို အနည်းငယ် ထိန်းချုပ်လိုက်ပြီး စကားစလိုက်လေသည်။

"ရှန်းအာ က ကွမ်ကျွင်းနယ်စား ကို ညစာစားပွဲ ဖိတ်ခေါ် တဲ့ ကိစ္စက နည်းနည်းလေး မသင့်တော် တာတွေ ရှိခဲ့တယ် ဒါပေမဲ့ ကွမ်ကျွင်းနယ်စား အနေနဲ့ ဒီ ကိစ္စ ရဲ့ နောက်ကွယ်မှာ တမင်သက်သက် သွေးထိုး လှုံ့ဆော် နေတဲ့ သူတွေ ရှိတယ် ဆိုတာကို မြင်နိုင်မယ် လို့ ငါကိုယ်တော်မ ယုံကြည်တယ်"

"ဪ ဒီလို ကိုး ကျွန်တော်မျိုး ကတော့ ဘာ ပြဿနာ မှ သေချာ မမြင်မိ ပါဘူး"

"အဲ့ဒါကြောင့် ငါကိုယ်တော်မ က ဒီတစ်ကြိမ် ကွမ်ကျွင်းနယ်စား ကို ဖိတ်ခေါ် လိုက်ရတာက ပထမ တစ်ချက် အနေနဲ့ အထင်လွဲ မှုတွေ မဖြစ်ရအောင် သေချာ ရှင်းပြ ချင်လို့ပါ ဒုတိယ အချက် အနေနဲ့ ကတော့ ဒီ ကိစ္စ ကို အကြောင်းပြု ပြီး ကွမ်ကျွင်းနယ်စား နဲ့ ရှန်းအာ တို့ ပိုပြီး ရင်းနှီး သွားစေချင် လို့ပါ မင်းတို့ အားလုံး က လူငယ် တွေပဲလေ စိတ်သဘောထား ချင်း တိုက်ဆိုင် ကြမှာပါ အဲ့ဒါကြောင့် မနက်ဖြန် ညစာစားပွဲ ကို ကွမ်ကျွင်းနယ်စား အနေနဲ့ ကတိ အတိုင်း လာရောက် ပေးဖို့ ငါကိုယ်တော်မ မျှော်လင့်တယ်"

ပုံမှန် အခြေအနေမျိုးတွင် ဆိုလျှင် သာမန် အရာရှိများ အနေဖြင့် လုံးဝ ဆန့်ကျင်မည် မဟုတ်ကြောင်း ရွှီပိုင်ဟယ် ခံစားမိလေသည်။ မည်သို့ပင်ဆိုစေ သူမလို မိဖုရားကြီး တစ်ပါးက ဤမျှလောက်အထိ အောက်ကျခံပြီး စကားပြောနေပြီ ဖြစ်ရာ ဘယ်သူကများ သူမ၏ မျက်နှာကို မထောက်ထားဘဲ နေရဲမည်နည်း။ ဤမျှလောက် ရှင်းပြနေရခြင်း မှာလည်း ကျန်းချဲ့၏ နောက်ခံ အဆင့်အတန်းက သာမန်မဟုတ်သောကြောင့် ပင်ဖြစ်သည်။

အကယ်၍ အခြား လူတစ်ယောက်သာ ဆိုလျှင် သူမ အနေဖြင့် တစ်ဖက်လူကို ဤနေရာသို့ အထူးတကူး ဖိတ်ခေါ်နေမည်ပင် မဟုတ်ချေ။ နှုတ်မိန့် တစ်ခွန်း ပါးလိုက်ရုံနှင့် ဘယ်သူကများ လွန်ဆန်ရဲမည်နည်း။

ကျန်းချဲ့သည် မိဖုရားကြီး ရွှီ၏ ပြည့်ဖြိုးလှပသော ခန္ဓာကိုယ်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး ခပ်ဖျော့ဖျော့ ပြုံးလိုက်လေသည်။

"တတိယ မင်းသား ရဲ့ ညစာစားပွဲ ဖိတ်ခေါ် မှု နဲ့ ပတ်သက်ပြီး တကယ်တော့ ကျွန်တော်မျိုး အနေနဲ့ အများကြီး မတွေး ခဲ့သလို ရင်ထဲမှာ လည်း သိပ်မထား ခဲ့ပါဘူး ဒါပေမဲ့ မနက်ဖြန် ဆိုရင်တော့ အဆင်ပြေ မှာ မဟုတ်ဘူး မနက်ဖြန် ညကျရင် ကျွန်တော်မျိုး မှာ အရမ်း အရေးကြီး တဲ့ ကိစ္စတွေ ရှိနေလို့ လုံးဝ လာလို့ မရနိုင် ပါဘူး"

"ငါကိုယ်တော်မ ရဲ့ စကား ကတောင် ကွမ်ကျွင်းနယ်စား ကို အချိန် နည်းနည်းလေး ပေးဖို့ မစွမ်းဆောင် နိုင်တော့ ဘူးလား"

ရွှီပိုင်ဟယ် သည် ကျန်းချဲ့၏ စကားထဲမှ ရှောင်လွှဲလိုသော အဓိပ္ပာယ်ကို ချက်ချင်း ရိပ်မိလိုက်သဖြင့် မျက်နှာထားမှာ ချက်ချင်းပင် တင်းမာသွားလေသည်။ အဆင့်မြင့် ရာထူးတွင် အချိန်ကြာမြင့်စွာ နေထိုင်လာခဲ့သူ ဖြစ်ရာ နောက်ဆုံးတွင်တော့ သူတစ်ပါးအပေါ် ဩဇာညောင်းလိုသော အမူအရာများ ထွက်ပေါ်လာရလေသည်။

"မအား ပါဘူး"

ကျန်းချဲ့က ခေါင်းရမ်းလိုက်လေသည်။

ဟာသ လုပ်နေတာလား။ သူ့ကို အရင်ဆုံး အကျပ်ရိုက်အောင် အကွက်ဆင်ပြီး နောက်မှ ဤကဲ့သို့ အာဏာကို အသုံးပြုကာ ဖိနှိပ်နေခြင်း ဖြစ်သည်။ အကယ်၍ သူသာ တကယ် ညစာစားပွဲကို သွားခဲ့မည်ဆိုလျှင် ကျီချန်ရှန်း ကတော့ နာမည်ဂုဏ်သတင်း ရရှိသွားမည် မှန်သော်လည်း သူကကော ဘာရမှာလဲ။ မည်သည့် လက်တွေ့ကျသော အကျိုးအမြတ်မျှ မရရှိသည့်အပြင် မလိုအပ်သော ပြဿနာများကိုသာ ဆွဲသွင်းသလို ဖြစ်သွားမည် မဟုတ်ပါလော။ သေချာပေါက် အလျှော့ပေးမည် မဟုတ်ပေ။

"ဟုတ်လား ဒါဆိုရင် လည်း ကွမ်ကျွင်းနယ်စား မနက်ဖြန် ညကျရင် ဘာတွေ လုပ်ဖို့ ပြင်ဆင် နေလဲ ဆိုတာကို ငါကိုယ်တော်မ နားထောင် ကြည့်ချင် သေးတယ် ငါကိုယ်တော်မ ရဲ့ စကား ကိုတောင် လုံးဝ လျစ်လျူရှု ရဲတဲ့ အထိ ဆိုတော့လေ"

မိဖုရားကြီး ရွှီက လေးနက်သော လေသံဖြင့် မေးလိုက်လေသည်။

"မနက်ဖြန် ညကျရင် ကျွန်တော်မျိုး က နတ်မင်းကြီး ရဲ့ အမိန့်တော် အတိုင်း အနက်ရောင်ရုံးတော် ကို စောင့်ကြပ် ရမှာမို့ အပြင် ထွက်ခွင့် မရှိပါဘူး သေချာတာ ပေါ့ တကယ်လို့ မိဖုရားကြီး သာ နတ်မင်းကြီး ကို နားချ နိုင်မယ် ဆိုရင်တော့ ကျွန်တော်မျိုး လည်း အချိန် ရလာမှာပါ"

ရွှီပိုင်ဟယ် မျက်မှောင်ကြုတ်သွားပြီး မျက်နှာပေါ်တွင် မကျေနပ်မှုများ အပြည့်အဝ ပေါ်လွင်လာလေသည်။

"မင်းက ခေါက်ရှန်းနတ်မင်းကြီး ရဲ့ နာမည် ကို သုံးပြီး ငါကိုယ်တော်မ ကို ပြန်ဖိနှိပ် နေတာလား"

"ကျွန်တော်မျိုး မဝံ့ရဲ ပါဘူး နတ်မင်းကြီး ရဲ့ အမိန့်တော် ရှိနေလို့ သာ တကယ်ကို လာလို့ မရတာပါ"

ကျန်းချဲ့က ပြုံးလိုက်ပြီး မိဖုရားကြီး၏ ခြိမ်းခြောက်မှုကို လုံးဝ အလေးထားပုံ မရချေ။

"တကယ်လို့ ငါကိုယ်တော်မ က မင်းကို အတင်း သွားခိုင်း မယ် ဆိုရင်ကော"

မိဖုရားကြီး ရွှီ က ရုတ်တရက် အသံကျယ်ကျယ်ဖြင့် ပြောလိုက်လေသည်။ ဤသည်မှာ ကျန်းချဲ့၏ အကြောင်းပြချက် သက်သက်သာ ဖြစ်ကြောင်း သူမ ကောင်းစွာ သိရှိထားလေသည်။ သူမ လုံးဝ ထင်မှတ်မထားခဲ့မိသည့် တစ်ခုတည်းသော အရာမှာ ကျန်းချဲ့က ဤမျှလောက်အထိ ရဲတင်းနေလိမ့်မည် ဟူ၍ပင်။

"ကျွန်တော်မျိုး ရဲ့ စကား က အရမ်း ရှင်းနေပါပြီ အချိန် မရပါဘူး"

"ငါကိုယ်တော်မ က မင်းနဲ့ ဘာ ပြဿနာ မှ မဖြစ်ချင်ဘူး ဒါပေမဲ့ ကွမ်ကျွင်းနယ်စား အနေနဲ့ လည်း အကောင်းအဆိုး ကို နားမလည် တဲ့သူ တစ်ယောက် လို မလုပ်ပါနဲ့ ခေါက်ရှန်းနတ်မင်းကြီး ဆီကနေ အမိန့်တော် ရှိမရှိ ဆိုတာကို မင်း ကိုယ်တိုင် အသိဆုံး ဖြစ်မှာပါ ငါကိုယ်တော်မ ရဲ့ အမိန့်တော် တစ်ရပ် နဲ့တင် အမှန်လား အလိမ်လား ဆိုတာကို ခွဲခြား လို့ ရနိုင်ပါတယ်"

ကျန်းချဲ့ မတ်တတ်ထရပ်လိုက်ပြီး အင်္ကျီလက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ကာ အထက်တွင်ရှိသော မိဖုရားကြီး ရွှီ ကို မျက်လုံးထောင့်မှ တစ်ချက် စွေကြည့်လိုက်လေသည်။

"ဒီလို ဆိုမှတော့ ကျွန်တော်မျိုး လည်း မိဖုရားကြီး ရဲ့ အမိန့်တော် ကို တိတ်တဆိတ် ပဲ စောင့်နေ လိုက်ပါ့မယ်"

ထိုသို့ ပြောပြီးသည်နှင့် သူသည် ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး လှည့်ထွက်သွားရန် ပြင်ဆင်လိုက်လေသည်။

"ရိုင်းစိုင်း လိုက်တာ ငါကိုယ်တော်မ က မင်းကို သွားခွင့် ပြုလို့လား"

မူလက ရွှီပိုင်ဟယ်သည် ဒေါသထွက်လိုခြင်း မရှိခဲ့ဘဲ ဤကိစ္စကြောင့် ကျန်းချဲ့နှင့် ကျီချန်ရှန်းတို့ အကြား ပဋိပက္ခများ ဖြစ်ပေါ်လာမည်ကို မလိုလားခဲ့ချေ။ သို့သော် ပြဿနာမှာ ကျန်းချဲ့သည် အလွန်အမင်း ရိုင်းစိုင်းလွန်းနေပြီး အရာရှိ တစ်ယောက်၏ အဆင့်အတန်းဖြင့် သူမလို မိဖုရားကြီးကို လုံးဝ လျစ်လျူရှုထားခြင်း ပင်ဖြစ်သည်။ အလွန်ကို ရဲတင်းလွန်းလှပေသည်။

ကျန်းချဲ့၏ ခြေလှမ်းများ ရပ်တန့်သွားပြီး အေးစက်စက် အကြည့်များဖြင့် အထက်ရှိ ပုံရိပ်ကို လှည့်ကြည့်လိုက်လေသည်။

"ဒီနယ်စား က မြို့တော် ကို အခုမှ စရောက် တာ ဆိုတော့ ပြဿနာ တွေ မရှာချင် ခဲ့ဘူး ဒါပေမဲ့ မိဖုရားကြီး ကသာ ရည်ရွယ်ချက် ရှိနေမယ် ဆိုရင်တော့ ဒီနယ်စား ကလည်း အခြေအနေ ကို စမ်းသပ် ကြည့်ဖို့ ဝန်လေး နေမှာ မဟုတ်ဘူး မိဖုရားကြီး မှာ ဘယ်လို နည်းလမ်း တွေ ရှိလဲ ဆိုတာ အားလုံး ထုတ်သုံး လိုက်ရုံပါပဲ"

"ရိုင်းစိုင်း လိုက်တာ ငါကိုယ်တော်မ ရဲ့ အရှေ့မှာ မင်းက ဒီနယ်စား လို့ ကိုယ့်ကိုယ်ကိုယ် သုံးနှုန်း ရဲသေးတယ် ပေါ့လေ"

ရွှီပိုင်ဟယ်က ကျန်းချဲ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်လေသည်။

"တကယ်လို့ မိဖုရားကြီး က ဒီနယ်စား ကို နယ်စား ဘွဲ့ နဲ့ မထိုက်တန် ဘူး လို့ ထင်တယ် ဆိုရင် ဧကရာဇ်မင်း ဆီမှာ အမိန့်တော် တောင်းခံ ပြီး ဒီနယ်စား ရဲ့ ဘွဲ့ ကို ရုပ်သိမ်း ခိုင်းလိုက် လို့ ရပါတယ် ဒါပေမဲ့ မြောက်ပိုင်း လူရိုင်း သံတမန် တွေက မြို့တော် ကို ရောက်နေပြီ ဆိုတော့ မိဖုရားကြီး မှာ အဲ့ဒီလောက် သတ္တိ ရှိရဲ့လား"

အေးစက်စက် တစ်ချက် ရယ်မောလိုက်ပြီး ကျန်းချဲ့သည် ဖုန်းဟယ်နန်းဆောင်၏ တံခါးဝမှ တိုက်ရိုက်ပင် ခြေလှမ်း ထွက်ခွာသွားလေတော့သည်။

တစ်ချိန်တည်းမှာပင် ဤရန်ငြိုးမှာ အပြီးတိုင် တည်ဆောက်ပြီးသွားပြီ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိလိုက်လေသည်။ မူလက သူသည် အခြားသူများနှင့် ရန်ငြိုးမဖွဲ့လိုခဲ့သဖြင့် မိဖုရားကြီး၏ နှုတ်မိန့်ကို ကြားသောအခါ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ သို့သော် ရလဒ်အနေဖြင့် သူက မျက်နှာသာ ပေးခဲ့သော်လည်း တစ်ဖက်လူက မျက်နှာသာပေး၍ မရသည့် အခြေအနေ ဖြစ်နေလေသည်။ သူ့ကို အလျှော့ပေးလာအောင် အမိန့်ပေးသည့် ပုံစံမျိုးကို ဆက်လက် အသုံးပြုနေဆဲ ပင်ဖြစ်သည်။

ဤသို့ဆိုလျှင်တော့ ဘာမှ တတ်နိုင်မည် မဟုတ်တော့ပေ။ ကျန်းချဲ့ အနေဖြင့် ဤကဲ့သို့သော နည်းလမ်းကို အသုံးပြုကာ ပြန်လည် တိုက်ခိုက်ရုံသာ ရှိတော့သည်။

ဧကရာဇ်မင်းက အိမ်ရှေ့စံ နေရာကို ချိန်ခွင်လျှာ ညှိရန်အတွက် အသုံးချနေသော မိဖုရားကြီး တစ်ပါးက မျက်နှာပန်းလှပြီး အဆင့်အတန်း ရှိသည်ဆိုသော်လည်း သူ့ကို ခြွင်းချက်မရှိ အလျှော့ပေးလာအောင် လုပ်နိုင်လောက်သည့် အထိတော့ မကြီးမားသေးပေ။ ထို့ကြောင့် သူသည် တစ်ဖက်လူ၏ အမိန့်ကို လုံးဝ တွန့်ဆုတ်နေခြင်း မရှိဘဲ ငြင်းဆန်ပစ်လိုက်ခြင်း ဖြစ်လေသည်။

ထိုအရာများအပြင် သူမ၏ ကိုယ်ပေါ်မှ အချိန်ပြည့် ထွက်ပေါ်နေသော မာနထောင်လွှားမှုများက သူ့ကို သူမအား ခြေအောက်တွင် နင်းချေပစ်ချင်သည့် အတွေးများကို ပို၍ပင် ဖြစ်ပေါ်လာစေခဲ့လေသည်။ သို့သော် လောလောဆယ်တွင် သူ့ထံ၌ ထိုစွမ်းရည် မရှိသေးပေ။ သို့သော် နောင်အနာဂတ် အတွက်ကိုမူ တပ်အပ် မပြောနိုင်သေးချေ။

လူတိုင်းတွင် ကိုယ်စီ အားနည်းချက်များ ရှိကြလေသည်။ ကျီချန်ရှန်းသည် တစ်ဖက်လူ၏ အားနည်းချက် ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိထားလေသည်။ ကျီချန်ရှန်းကို အိမ်ရှေ့စံ နေရာ ယှဉ်ပြိုင်ခွင့် ဆုံးရှုံးသွားအောင် လုပ်နိုင်မည့် နည်းလမ်း ရှိနေသရွေ့ ယခုအခါ အထက်စီးမှ နေ၍ ကြီးကျယ်ခမ်းနားနေသော ဤမိဖုရားကြီးကို သူ၏ ခြေအောက်တွင် ဒူးထောက်လာအောင် လုပ်နိုင်မည့် နည်းလမ်းများ သူ့ထံတွင် အပြည့်အဝ ရှိနေလေသည်။

All Chapters