အခန်း (၃၄၃-၃၄၄)
Vol. 35 Ch. 343-344
အခန်း (၃၄၃) ဂိုဏ်းလမ်းစဉ်များ၏ အားပြိုင်မှု... ချူဟယ်ကို ဖိနှိပ်ခြင်း
"ကျန်း ဒါယကာ တကယ်ကို ထူးခြားပြောင်မြောက်တဲ့ လက်စွမ်းပဲ..."
ဆန်းကျန့်ဘုန်းကြီးက သူ၏ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် ကျန်းချဲ့ကို ပထမဆုံးအကြိမ် အလေးအနက်ထား ကြည့်လာလေသည်။ ထို့နောက် မျက်နှာပေါ်တွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခုဖြင့် ဗုဒ္ဓဘာသာ တရားတော်ကို ရွတ်ဆိုလိုက်လေသည်။
မူလက ဆန်းကျန့်ဘုန်းကြီးသည် ကျန်းချဲ့ကို ထိုမျှလောက် အလေးမထားခဲ့ပေ။ ကျန်းချဲ့၏ နာမည်ကျော်ကြားလာမှုမှာ မြန်ဆန်လွန်းပြီး အခြေခံအုတ်မြစ် မခိုင်မာကြောင်း၊ နာမည်အများစုမှာ မြှောက်ပင့်ပေးထားခြင်းသာ ဖြစ်ပြီး အလွန်ဆုံး အင်အားကြီးမိသားစုများမှ သခင်လေးများ အဆင့်လောက်သာ ရှိမည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော် တကယ်တမ်း ထိပ်တိုက် ရင်ဆိုင်ကြည့်လိုက်ရသော အခါမှသာ ကျန်းချဲ့မှာ တကယ်ကို သာမန်မဟုတ်ကြောင်း သူ သဘောပေါက်သွားခဲ့လေသည်။
အစောပိုင်းက သူတို့သုံးယောက်သည် တစ်တန်းတည်း ရှိနေခဲ့ကြပြီး တစ်ယောက်က အရှိန်မြှင့်လိုက်သည်နှင့် ကျန်နှစ်ယောက်က အနောက်မှနေ၍ လျှို့ဝှက်စွာ တားဆီး တိုက်ခိုက်ခဲ့ကြသည်။ သို့သော် ထိုသို့သော အခြေအနေမျိုးတွင်ပင် ကျန်းချဲ့သည် သူနှင့် တစ်ပြိုင်နက်တည်း ထိပ်ဆုံးသို့ ရောက်ရှိလာခဲ့လေသည်။
ဤစွမ်းအားက သူ့ကို အလေးအနက်ထားလာစေရန် အပြည့်အဝ ထိုက်တန်နေပေပြီ။
ထို့အပြင် သူရရှိထားသော သတင်းများအရ ကျန်းချဲ့သည် ယခင်က အလွန်အစွမ်းထက်သော ပုဂ္ဂိုလ်ကြီးတစ်ဦး ဝင်စားလာခြင်း ဖြစ်နိုင်ချေ အလွန်များပြားလေသည်။ ထိုကဲ့သို့သော သိုင်းပညာရှင်မျိုး ဆိုသည်မှာ သေချာပေါက် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို ပိုင်ဆိုင်ထားမည်သာ ဖြစ်သည်။
"မင်းလည်း မဆိုးပါဘူးကွာ..."
ကျန်းချဲ့က ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး အောက်ဘက်သို့ ငုံ့ကြည့်လိုက်လေသည်။
ကျန်းဖျင်၊ လုကျဲယွင် နှင့် အခြားသူများ အားလုံးကလည်း အလွန်တိုတောင်းသော အချိန်အတွင်း ဒုတိယအသုတ် အဖြစ် ထိပ်ဆုံးသို့ တက်လှမ်းလာနိုင်ခဲ့ကြသည်။ ချူဟယ် ကတော့ ကျန်းချဲ့၏ ရုတ်တရက် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုကြောင့် သူတို့ ခုနစ်ယောက်ထဲတွင် နောက်ဆုံးမှ ရောက်ရှိလာသူ ဖြစ်သွားခဲ့လေသည်။
"ကျန်းချဲ့ မင်း သေလမ်းရှာနေတာပဲ..."
ချူဟယ်၏ မျက်နှာပေါ်တွင် လူသတ်ငွေ့များ အပြည့်ဖြင့် ကျန်းချဲ့ကို စူးစိုက်ကြည့်နေလေသည်။
"မင်းလိုကောင်ကလည်း ဒီလောက်ပါပဲကွာ..."
ကျန်းချဲ့က သူ့ကို တစ်ချက် စောင်းငဲ့ကြည့်လိုက်သည်။ မျက်လုံးများထဲတွင် ခံစားချက်ကင်းမဲ့နေပြီး အထင်သေး လှောင်ပြောင်မှုများ ပြည့်နှက်နေလေသည်။
တစ်ပါးသူက သူ့ကို တစ်ပေ လေးစားလျှင် သူက တစ်တောင် ပြန်လည် လေးစားမည်။ ဤသည်မှာ ကျန်းချဲ့၏ ဘဝခံယူချက် ပင်ဖြစ်သည်။
သို့သော် ချူဟယ် ကဲ့သို့သော ကောင်မျိုးကိုတော့ လုံးဝ လေးစားနေစရာ မလိုချေ။
"ကောင်းပြီလေ မင်း ခုလေးတင် ပြောလိုက်တဲ့ စကားအတွက် သေချာပေါက် နောင်တရစေရမယ်..."
ချူဟယ်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူ၏ တစ်ကိုယ်လုံးမှ လူသတ်ငွေ့များက လက်ဆုပ်လက်ကိုင် ပြုနိုင်လောက်သည့် အထိ သိပ်သည်းနေလေပြီ။ အကယ်၍ အချိန်အခါ မသင့်တော်၍သာ ဖြစ်သည်။ မဟုတ်ပါက အစောပိုင်းက တိုက်ခိုက်ခံရမှု အတွက် သူ လုံးဝ တွေဝေနေမည် မဟုတ်ဘဲ ချက်ချင်း လက်တုံ့ပြန်ပြီး ဖြစ်လိမ့်မည်။
"ဒီလို စကားမျိုးကို ငါ ခဏခဏ ကြားဖူးပါတယ်ကွာ ဒါပေမဲ့ ချွင်းချက်မရှိ နောင်တရသွားကြတာ သူတို့ချည်းပဲ..."
"ဟွန့်..."
ချူဟယ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်လေသည်။
လူခုနစ်ယောက်စလုံး မိမိတို့၏ နေရာ အသီးသီးကို ကိုယ်စီ ယူထားလိုက်ကြပြီး တစ်ယောက်နှင့် တစ်ယောက် အလွန် ရှင်းလင်း ပြတ်သားသော အကွာအဝေးများ ရှိနေကြလေသည်။ သူတို့၏ အရှိန်အဝါများကလည်း လေဟာနယ်ထဲတွင် အချင်းချင်း အားပြိုင်နေကြ၏။
ယခုအချိန်တွင် ထိပ်ဆုံးဆယ်နေရာကို လုယူရန် သူတို့ ခုနစ်ယောက်သာ တစ်တန်းတည်း ရှိသော ပြိုင်ဘက်များ ဖြစ်ကြောင်းကို အားလုံး ကောင်းစွာ နားလည် သဘောပေါက် နေကြလေပြီ။
အောက်ဘက်တွင် ကျန်ရစ်နေသော အခြားသူများထဲတွင် မိမိတို့၏ စွမ်းအားကို လျှို့ဝှက် ဖုံးကွယ်ထားသူများ ရှိနေနိုင်သော်လည်း သူတို့ ခုနစ်ယောက်နှင့် ယှဉ်လျှင်တော့ သေချာပေါက် ကွာဟမှု ရှိနေမည်သာ ဖြစ်သည်။ ဤအချက်ကိုတော့ လူတိုင်းက တူညီစွာ လက်ခံထားကြလေသည်။
ကျန်းချဲ့တို့ ခုနစ်ယောက်သည် အသက်ရှူ အကြိမ်ရေ ဆယ်ဂဏန်းခန့် အတွင်းမှာပင် ထိပ်ဆုံးသို့ ရောက်ရှိသွားခဲ့ပြီးနောက် အောက်ဘက်ရှိ ကောင်းကင်လှေကားထစ် ပေါ်တွင်တော့ လူရိပ်များစွာက အစွမ်းကုန် တက်လှမ်း နေကြဆဲ ပင်ဖြစ်သည်။
အမြန်ဆုံး သူပင်လျှင် ယခုအချိန်တွင် လှေကားထစ် ခုနစ်ဆယ် ဝန်းကျင်သို့သာ ရောက်ရှိသေးလေသည်။ ထို့အပြင် သူတို့၏ အရှိန်မှာ တဖြည်းဖြည်း နှေးကွေးလာနေရာ ကွာဟမှုမှာ အလွန် ကြီးမားလှကြောင်း ထင်ရှားနေလေသည်။
အနှေးကွေးဆုံး သူများဆိုလျှင် ယခုတိုင် လှေကားထစ် အစိတ် သုံးဆယ် ခန့်တွင်သာ ပိတ်မိနေကြဆဲ ပင်ဖြစ်သည်။
လက်ဖက်ရည်တစ်ခွက်စာ အချိန် ဆိုသည်မှာ လူတစ်ဝက် နီးပါးကို ပြိုင်ပွဲဝင်ခွင့် ဆုံးရှုံးသွားစေရန် လုံလောက်နေပေပြီ။
ယခုအချိန်တွင် လုကျဲယွင် နှင့် အခြားသူများ၏ အကြည့်များက ကောင်းကင်လှေကားထစ် ၏ ထိပ်ဆုံး နေရာအနီးရှိ အနက်ရောင် ကျောက်တိုင်ကြီး တစ်ခုအပေါ်သို့ ကျရောက်သွားကြလေသည်။ ထိုကျောက်တိုင်ကြီး ပေါ်တွင် နံပါတ်တစ်မှ နံပါတ်ဆယ် အထိ နာမည်များကို အတန်းလိုက် ရေးထိုး မှတ်တမ်းတင် ထားလေသည်။
ဤကျောက်တိုင်သည် မည်သည့်အရာ ဖြစ်ကြောင်းကို သူတို့အားလုံး ကောင်းစွာ သိရှိထားကြလေသည်။ ယခင်က ကျင်းပခဲ့သော သိုင်းပညာပြိုင်ပွဲများတွင် ထိပ်ဆုံး ဆယ်နေရာ ဝင်ခဲ့သူတိုင်း ဤနေရာ၌ ရှန့်ဟိုင်မြို့၏ နာမည် ရေးထိုး မှတ်တမ်းတင်ခြင်းကို ခံခဲ့ကြရလေသည်။
ထိုအချိန်မှ စတင်ကာ လောကတစ်ခွင်လုံး တွင် နာမည်ကျော်ကြား သွားခဲ့ကြခြင်း ပင်ဖြစ်သည်။ ကောင်းကင်လှေကားထစ် ကို တက်လှမ်းပြီး သန့်စင်သော ကျောက်တိုင်တွင် နာမည် ရေးထိုးခွင့် ရရှိခြင်းမှာ အလယ်ပိုင်းဒေသ ရှိ လူငယ် သိုင်းပညာရှင်တိုင်း၏ အကြီးမားဆုံးသော အိမ်မက်ကြီး တစ်ခု ပင်ဖြစ်သည်။
အောက်ဘက်တွင်တော့ ကျန်းချဲ့တို့ ခုနစ်ယောက် အလွန် လျင်မြန်စွာ ထိပ်ဆုံးသို့ ရောက်ရှိသွားခဲ့သဖြင့် ချက်ချင်းပင် အလွန် ဆူညံ ပွက်လောရိုက် သွားခဲ့လေပြီ။
လူတိုင်းက ဤမြင်ကွင်းအတွက် အကြီးအကျယ် အံ့အားသင့် ထိတ်လန့် နေကြလေသည်။
အခြားအကြောင်းပြချက် မရှိချေ။ သူတို့၏ အရှိန်မှာ မြန်ဆန်လွန်း နေသောကြောင့် ပင်ဖြစ်သည်။
ယခင်က ကျင်းပခဲ့သော သိုင်းပညာပြိုင်ပွဲများတွင် အလွန် လျင်မြန်စွာ ထိပ်ဆုံးသို့ ရောက်ရှိသွားသူများ မရှိခဲ့သည်တော့ မဟုတ်ပေ။ သို့သော် အနည်းဆုံးတော့ အသက်ရှူ အကြိမ်ရေ ရာဂဏန်းခန့် အချိန်ယူခဲ့ကြရလေသည်။ သို့သော် သူတို့ ခုနစ်ယောက် ကတော့ ဘယ်လိုလဲ။
ကျန်းချဲ့၏ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုကြောင့် ခြေတစ်လှမ်း နောက်ကျသွားခဲ့ရသော ချူဟယ် ပင်လျှင် အသက်ရှူ အကြိမ်ရေ ခြောက်ဆယ်ခန့် အတွင်း ထိပ်ဆုံးသို့ ရောက်ရှိသွားခဲ့လေသည်။
ဤသည်မှာ မည်သို့သော အဓိပ္ပာယ်မျိုးနည်း။
၎င်းမှာ ကျန်းချဲ့၊ ချန်ဖျင် အစရှိသော ထိုခုနစ်ယောက်ထဲမှ မည်သူမဆို ယခင်က ကျင်းပခဲ့သော သိုင်းပညာပြိုင်ပွဲများတွင် သွားရောက် ယှဉ်ပြိုင်မည် ဆိုပါက သူရဲကောင်း အားလုံးကို ဖိနှိပ်ကာ သိုင်းပညာပြိုင်ပွဲ ၏ နံပါတ်တစ် နေရာကို ရယူနိုင်စွမ်း ရှိသူများ ဖြစ်ကြောင်း သက်သေပြနေလေသည်။
"ဒီခုနစ်ယောက်က တကယ်ကို အစွမ်းထက်လွန်း နေပါလား..."
မဟာသိုင်းသခင်ကြီး တစ်ယောက်က သက်ပြင်းချကာ ပြောလိုက်လေသည်။ သူ၏ ယခင် ငယ်ဘဝကို ပြန်လည် မြင်တွေ့နေရသည့် အလား ပင်ဖြစ်သည်။
မဟုတ်သေး... ယခင်က သူ့ကိုယ်သူ ဆိုလျှင်ပင် ဤမျှလောက် တိုတောင်းသော အချိန်အတွင်း ထိပ်ဆုံးသို့ ရောက်ရှိနိုင်မည် မဟုတ်ချေ။ လှေကားထစ် ၏ အစီအရင် ဖိအားများကို လုံးဝ လျစ်လျူရှု ထားနိုင်ခဲ့သည် မဟုတ်ပါလား။ အကယ်၍ ရှန့်ဟိုင် မြို့တော်ဝန် သာ ဤနေရာတွင် ရှိမနေခဲ့လျှင် ကောင်းကင်လှေကားထစ် ၏ အစီအရင်များ ပျက်စီးသွားပြီဟုပင် သူတို့ ထင်မှတ်မိကြမည်မှာ အသေအချာ ပင်ဖြစ်သည်။
"သူရဲကောင်းတွေ တစ်နေရာတည်းမှာ စုဝေးပြီး ပါရမီရှင်တွေ တပြိုင်နက်တည်း ထွက်ပေါ်လာကြတယ် ခေါက်ရှန်း နတ်မင်းကြီး ပြောတာ မမှားဘူး ကြီးမားတဲ့ အပြိုင်အဆိုင် ခေတ်ကြီး ရောက်လာတော့မယ်..."
ကျိုးဖူကုန်း ၏ မျက်နှာထား လေးနက်သွားပြီး ယခင်က ခေါက်ရှန်း နတ်မင်းကြီး ၏ သက်ပြင်းချသံကို ပြန်လည် သတိရသွားလေသည်။
"လွန်ခဲ့တဲ့ နှစ်နှစ်ရာတုန်းက ကျုပ်လည်း ထိပ်ဆုံးကို ရောက်ခဲ့ဖူးတယ် ဟား အသက်ရှူ အကြိမ်ရေ တစ်ရာ့ခြောက်ဆယ်တောင် အချိန်ယူခဲ့ရတာ ဒီခုနစ်ယောက်ကတော့ သိုင်းသူတော်စင် ဖြစ်လာမယ့် အရည်အချင်းတွေ ကိုယ်စီ ရှိနေကြတာပဲ..."
ဆန်တင်းကျိုး က တိုးညှင်းစွာ ပြောလိုက်လေသည်။
"အခု ကျုပ် မျှော်လင့်တာကတော့ ကျန်းချဲ့ ထိပ်ဆုံး ရောက်ဖို့ပဲ မဟုတ်ရင် နောက်ပိုင်း သိုင်းအဆင့် သတ်မှတ်ချက် စာရင်း ထွက်လာတဲ့အခါ တော်ဝင်နန်းတော် မျက်နှာ အကြီးအကျယ် ပျက်ရလိမ့်မယ်..."
ချန်ချင်းဖန် က ခေါင်းယမ်းလိုက်လေသည်။ ဤတစ်ကြိမ်သာ သူက ကျန်းချဲ့ကို မရှာဖွေနိုင်ခဲ့လျှင် ထိပ်ဆုံးသို့ ရောက်ရှိရန် ဆိုသည်မှာ ဝေလာဝေး ဝူချွမ် တို့လို လူများအနေဖြင့် ထိပ်ဆုံး ဆယ်နေရာ ကိုပင် လုယူရန် အရည်အချင်း ရှိမည် မဟုတ်ချေ။
သို့သော် ထိုသို့ ဖြစ်လျှင်တောင် အချိန်ကျလာပါက ခေါက်ရှန်း နတ်မင်းကြီး သည် သိုင်းအဆင့် သတ်မှတ်ချက် စာရင်းကို ထုတ်ပြန်ကာ လောကတစ်ခွင်မှ ပါရမီရှင်များကို အဆင့်သတ်မှတ် မည်သာ ဖြစ်လေသည်။ ယခုအခါ တွင်တော့ မျက်နှာ အနည်းငယ် ကယ်ဆယ် နိုင်ခဲ့ပြီ ပင်ဖြစ်သည်။
"ဒီတစ်ကြိမ် မင်းက အကြီးအကျယ် မျက်နှာရသွားတာပဲ နတ်မင်းကြီး သာ ဒီမြင်ကွင်းကို မြင်လိုက်ရရင် သေချာပေါက် အရမ်း ဝမ်းသာသွားမှာပဲ..."
ကျိုးဖူကုန်း က ဝင်ရောက် ထောက်ခံလိုက်လေသည်။
"တော်လိုက်တဲ့ ကောင်လေးကွာ..."
ချီထျန်းကျုံး က ကျန်းချဲ့ နှင့် တာ့လေ့ယင် ဘုန်းကြီးကျောင်း မှ ဆန်းကျန့် ဘုန်းကြီး တို့ တစ်ပြိုင်နက်တည်း ထိပ်ဆုံးသို့ ရောက်ရှိကာ ကောင်းကင်လှေကားထစ် ၏ နံပါတ်တစ် နေရာကို ရယူနိုင်ခဲ့သည်ကို မြင်သောအခါ ချက်ချင်း အလွန် ဝမ်းသာ ပျော်ရွှင်သွားပြီး မျက်နှာပေါ်တွင်လည်း ကြည်နူးသော အပြုံးများ ပေါ်လွင် လာလေသည်။
ကျန်းချဲ့သည် ချီ ဟူသော မျိုးရိုး မဟုတ်သော်လည်း ချီမိသားစု၏ သမက် ဖြစ်နေသည် မဟုတ်ပါလား။
မူလက သူနှင့် ချီကျန်းနန် တို့ လျှို့ဝှက်စွာ ခန့်မှန်းထားမှု အရဆိုလျှင် ကျန်းချဲ့ အနေဖြင့် ထိပ်ဆုံး ဆယ်နေရာ ဝင်ရန်မှာ အလွန် ခက်ခဲလိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြလေသည်။ သို့သော် တကယ်တမ်းတွင် ကျန်းချဲ့က သူ့ကို အလွန် ကြီးမားလှသော အံ့အားသင့် ဝမ်းသာမှုများကို ပေးစွမ်းနိုင်ခဲ့လေသည်။
ထိပ်တန်း နတ်ဘုရားဂိုဏ်းကြီး များမှ ပြိုင်ဘက်ကင်း ပါရမီရှင်များ ထက် လုံးဝ မညံ့ကြောင်း သက်သေပြနိုင်ခဲ့လေပြီ။
ချီမိသားစု အနေဖြင့် တကယ့်ကို အဖိုးတန် ရတနာကြီး တစ်ခုကို တူးဖော် ရရှိခဲ့ခြင်း ပင်ဖြစ်သည်။
ယခုလက်ရှိ ချီထျန်းကျုံး ၏ ရင်ထဲတွင် အတွေးတစ်ခုတည်း သာ ရှိလေတော့သည်။ ၎င်းမှာ သိုင်းပညာပြိုင်ပွဲ ပြီးဆုံးသည်နှင့် တစ်ပြိုင်နက် မင်္ဂလာကိစ္စကို ချက်ချင်း စီစဉ်ရန် ပင်ဖြစ်သည်။ မဟုတ်ပါက အချိန်ကြာလာသည်နှင့်အမျှ အပြောင်းအလဲများ ဖြစ်ပေါ်လာမည်ကို သူ ကြောက်ရွံ့နေမိလေသည်။
အခြားအရာများကို မဆိုထားနှင့် ကျန်ရှိသော အင်အားကြီး မိသားစုများ အားလုံးက ကျန်းချဲ့၏ ကြောက်မက်ဖွယ် ကောင်းသော အလားအလာများကို ကောင်းစွာ မြင်တွေ့ သွားကြပြီ ဖြစ်ရာ သူ့ကို သေချာပေါက် ဆွဲဆောင်စည်းရုံး ကြမည်မှာ အသေအချာ ပင်ဖြစ်သည်။
တာ့ကျိုး တော်ဝင်နန်းတော် ကပင် မင်းသမီး တစ်ပါးပါး နှင့် မင်္ဂလာကိစ္စ စီစဉ်ပေးလာနိုင်ချေ ရှိလေသည်။ တော်ဝင် ဧကရာဇ် နှင့် နှိုင်းယှဉ်ပါက ချီမိသားစု မှာ အင်အား နိမ့်ကျနေဆဲ ဖြစ်သည် မဟုတ်ပါလား။
"အစ်မဝမ်ကျင်း အစ်မရဲ့ ခင်ပွန်းလောင်းကို ဘယ်လိုများ ရှာတွေ့ခဲ့တာလဲ ညီမတို့ကိုလည်း နည်းနည်းလောက် သင်ပေးပါဦး..."
လူအုပ်ကြီးထဲတွင် ရှည်လျားသော ဂါဝန်များကို ဝတ်ဆင်ထားသည့် အင်အားကြီး မိသားစုများမှ သခင်မလေး များက ချီဝမ်ကျင်း ကို ဝိုင်းရံထားကြပြီး မျက်နှာပေါ်တွင်လည်း အားကျ ငေးမောသော အမူအရာများ ပြည့်နှက်နေလေသည်။
အင်အားကြီး မိသားစု မှ ဆင်းသက်လာသူများ ဖြစ်ကြသဖြင့် မင်္ဂလာကိစ္စ ဆိုသည်မှာ သူတို့၏ တာဝန်ဝတ္တရား တစ်ခု ပင်ဖြစ်သည်။ သို့သော် ထိုစည်းမျဉ်း၏ အောက်တွင် မည်သူကများ ထူးချွန် ပြောင်မြောက်သော ခင်ပွန်း တစ်ယောက်ကို မရှာဖွေ လိုဘဲ နေမည်နည်း။
မိသားစု က သူတို့အတွက် ရှာဖွေပေးထားသော မင်္ဂလာကိစ္စ အတွက် ရည်ရွယ်ထားသူ အများစုမှာ ဤ သိုင်းပညာပြိုင်ပွဲ ကို ဝင်ရောက် ယှဉ်ပြိုင်ကြသူများ ဖြစ်ကြပြီး ယခုအခါ ကောင်းကင်လှေကားထစ် ပေါ်တွင် တက်လှမ်းနေသူ အများအပြား မှာ သူတို့၏ ရည်မှန်းချက် ပစ်မှတ်များ ပင်ဖြစ်သည်။
မူလက သူတို့အနေဖြင့် ကျေနပ် ရောင့်ရဲ နေခဲ့ကြသော်လည်း ယခုအခါ ထိပ်ဆုံးသို့ ရောက်ရှိသွားသော ကျန်းချဲ့ နှင့် နှိုင်းယှဉ် လိုက်သော အခါတွင်တော့ သူတို့ အားလုံး၏ အရောင်အဝါ များမှာ ချက်ချင်း မှေးမှိန် သွားခဲ့ရလေသည်။ ဤသည်က သူတို့ကို ဘယ်လိုလုပ် မအားကျ စေဘဲ နေမည်နည်း။
"ဟုတ်ပါရဲ့ အစ်မဝမ်ကျင်းက တကယ်ကို ကံကောင်းတာပဲ..."
"ဒီကျန်းချဲ့က တကယ့်ကို အကောင်းဆုံး ခင်ပွန်းလောင်းပဲ နောက်ခံ သာမန်ကနေ လာတာဆိုတော့ ဖိအားပေး ချုပ်ချယ်မယ့်သူ မရှိဘူး ပါရမီကလည်း ထိပ်တန်း အဆင့်ပဲ သူရဲကောင်း အားလုံးကို ဖိနှိပ်နိုင်တယ် သူ့ကိုသာ လက်ထပ်ခွင့် ရမယ်ဆိုရင် တကယ်ကို အိမ်မက် မက်သလိုပဲ ဖြစ်နေမှာ..."
"ဟူး..."
အင်အားကြီး မိသားစုများမှ သခင်မလေး များက အဆက်မပြတ် ဆွေးနွေး ပြောဆို နေကြလေသည်။ ချီဝမ်ကျင်း ၏ မျက်နှာပေါ်တွင်လည်း အလွန် တည်ငြိမ် အေးချမ်းသော အပြုံးလေး တစ်ခု ပေါ်လွင် နေလေသည်။
သူမ အနေဖြင့် ကျန်းချဲ့၏ အတွေးများကို ကောင်းစွာ ရိပ်မိ နေလေသည်။ ၎င်းမှာ သူ တတ်နိုင်သမျှ ဂုဏ်သတင်း အကြီးမားဆုံး ရရှိအောင် စွမ်းဆောင်ပြပြီး သူမတို့ ညီအစ်မ နှစ်ယောက်စလုံး ကို လက်ထပ်ယူမည် ဟူသော အလွန် အကျိုးအကြောင်း မဆီလျော်သည့် တောင်းဆိုချက် ကို သူမ၏ ဖခင် သဘောတူ လာစေရန် အတင်းအကျပ် ဖိအားပေး လိုခြင်း ပင်ဖြစ်သည်။
သူမ ကိုယ်တိုင်လည်း တွေးတော ထားမိလေသည်။ အကယ်၍ ကျန်းချဲ့ သာ ထိပ်ဆုံး ငါးယောက် သို့မဟုတ် သုံးယောက် စာရင်းဝင်ခဲ့မည် ဆိုပါက ညီအစ်မ နှစ်ယောက်စလုံး ကို သိမ်းပိုက်လိုကြောင်း တောင်းဆိုလာလျှင် သူမ၏ ဖခင် ဖြစ်သူ အနေဖြင့် သေချာပေါက် ငြင်းဆန် နိုင်တော့မည် မဟုတ်ချေ။
"ဒါနဲ့ နင်တို့ အထင် ကျန်းချဲ့ က သိုင်းပညာပြိုင်ပွဲ ရဲ့ နံပါတ်တစ် နေရာကို ရနိုင်မလား..."
"အင်း ငါလည်း ဖြစ်နိုင်ချေ အရမ်းများတယ်လို့ ထင်တယ်..."
"တကယ်လို့ ကျန်းချဲ့ သာ နံပါတ်တစ် နေရာကို ရခဲ့ရင် အစ်မဝမ်ကျင်း လည်း အရမ်းကို မျက်နှာ ပွင့်သွားမှာပဲ ဟီးဟီး..."
"အစ်မဝမ်ကျင်း အစ်မ က ကျန်းချဲ့ နဲ့ အတူတူ အိပ်ဖူးပြီလား သူ တော်တော် စွမ်းလား သူ အခု ပြသနေတဲ့ အတိုင်းပဲ တကယ်ကို ကြောက်စရာ ကောင်းလား အစ်မ တစ်ယောက်တည်း တောင့်ခံ နိုင်ရဲ့လား ညီမ ကိုပါ တစ်ယောက် လောက် ထပ်ပေါင်း ထည့်ပေးပါလား..."
"ဟွန့် နင့်ရဲ့ ကောက်ကျစ်တဲ့ စိတ်ကူး တွေကို ငါ မိုင်ရှစ်ရာ အကွာအဝေး ကနေတောင် ကြားနေရတယ် တကယ်လို့ လူထပ်ပေါင်း မယ်ဆိုရင်တောင် ငါ့ကိုပဲ ပေါင်းသင့်တာ တခြားလူ ကို မယားငယ် အဖြစ် လက်ထပ်ဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ပေမဲ့ သိုင်းပညာပြိုင်ပွဲ ရဲ့ နံပါတ်တစ် ဆိုရင်တော့ ငါ့အဖေ က တကယ်ပဲ သဘောတူ လောက်တယ်..."
ဘေးပတ်ဝန်းကျင် မှ မိန်းမလှလေး များ၏ အရှက်ကင်းမဲ့သော စကားများကို ကြားရသောအခါ ချီဝမ်ကျင်း ၏ မျက်နှာလေး ချက်ချင်း နီရဲသွားပြီး ထျန်းနန် မြို့စား အိမ်တော် တွင် ကျန်းချဲ့ နှင့် နင်ပင်း တို့၏ အဖြစ်အပျက် များကို ပြန်လည် သတိရ သွားလေသည်။ စိတ်ချင်း ဆက်သွယ် နေမှု ရှိနေသဖြင့် သူမ အနေဖြင့် ကိုယ်တိုင် ပွဲကြည့်နေရသည် နှင့် လုံးဝ ခြားနားခြင်း မရှိခဲ့ချေ။
"အို တော်ကြပါတော့ အစ်မဝမ်ကျင်း မျက်နှာလေးတောင် နီရဲသွားပြီ..."
"ဟီးဟီး..."
"နိုင်ငံတော်ရဲ့ ကံကြမ္မာ နှစ်နှစ်ရာစာ ပျံ့နှံ့ ထွက်သွားတာက တကယ်ပဲ ဒီလို ပြိုင်ဘက်ကင်း ပါရမီရှင် တွေကို မွေးဖွား လာစေတာပဲ..."
ရှန်ယွမ် သည် အစပိုင်းက ထွက်ပေါ် လာပြီးနောက် တိမ်တိုက်များ အတွင်းသို့ ပြန်လည် ဝင်ရောက် သွားခဲ့သော်လည်း ထွက်ခွာသွားခြင်းတော့ မရှိခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် သူ ကိုယ်တိုင် ပင် ဤတစ်ကြိမ် သိုင်းပညာပြိုင်ပွဲ ကို အလွန် စိတ်ဝင်စား နေသောကြောင့် ပင်ဖြစ်သည်။
အမှန်တရား ကလည်း ဆရာ ဖြစ်သူ ၏ ခန့်မှန်းချက် မှ လုံးဝ လွဲချော် သွားခြင်း မရှိခဲ့ချေ။ ဤတစ်ကြိမ် တွင် ကျန်းချဲ့၊ လုကျဲယွင် နှင့် ချန်ဖျင် တို့ အားလုံး သည် ပါရမီ ထူးချွန် ပြောင်မြောက် သူများ ချည်းသာ ဖြစ်ကြလေသည်။
သူတို့၏ အစစ်အမှန် စွမ်းအား များကို မမြင်တွေ့ ရသေး သော်လည်း ကောင်းကင်လှေကားထစ် ကို တက်လှမ်း ခြင်း တစ်ခုတည်း ကပင် သူတို့၏ အရည်အချင်း ကို ကောင်းစွာ ပြသ နိုင်ခဲ့လေပြီ။ သူ၏ အမြင် တွင်တော့ ကျန်းချဲ့ တို့ အားလုံး သည် သိုင်းသူတော်စင် ဖြစ်လာမည့် အလားအလာ များ ကိုယ်စီ ရှိနေကြလေသည်။
အကယ်၍ သာ အောင်မြင်ခဲ့မည် ဆိုပါက လူသား မျိုးနွယ် ၏ စွမ်းအား သည် မျက်တောင် တစ်ခတ် အတွင်းမှာပင် အဆမတန် မြင့်တက် သွားမည် ဖြစ်လေသည်။ ၎င်းနှင့် နှိုင်းယှဉ် ပါက နိုင်ငံတော် ၏ ကံကြမ္မာ နှစ်နှစ်ရာစာ ဆိုသည်မှာ အမှန်တကယ် ပင် ဘာမှ မဟုတ်တော့ သကဲ့သို့ ဖြစ်သွား လေသည်။
ကောင်းကင်လှေကားထစ် အပေါ်တွင် တက်လှမ်း နေသူ များ သည်လည်း အဆက်မပြတ် ကြိုးစား နေကြဆဲ ပင်ဖြစ်သည်။ ကျန်းချဲ့ တို့ ကတော့ သူတို့ကို စောင့်ဆိုင်း နေရန် လုံးဝ စိတ်မဝင်စား ကြချေ။
ထိုအထဲမှ လူအများအပြား သည် သူတို့ ထိပ်ဆုံး ဆယ်နေရာ ကို လုယူ ရာတွင် အကူအညီ ပေးမည့် သူများ ဖြစ်ကြသော်လည်း သူတို့ ခုနစ်ယောက် စလုံး မှာ မာန ကြီးမား သူများ ဖြစ်ကြရာ အခြား သူများ၏ အပေါ်တွင် မျှော်လင့်ချက် လုံးဝ ထားရှိမည် မဟုတ်ချေ။
အချိန် အနည်းငယ် မျှ စောင့်ဆိုင်း ပြီးနောက် ချန်ဖျင် က ပထမဆုံး အနေဖြင့် သိုင်းပညာပြိုင်ပွဲ လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက် သွားခဲ့လေသည်။ သူ လှုပ်ရှား သွားပြီးနောက် လီရွှမ်ကျန်း၊ လုကျဲယွင် နှင့် အခြား သူများ အားလုံး ကလည်း လုံးဝ တွေဝေ နေခြင်း မရှိတော့ဘဲ နောက်မှ လိုက်ပါ ဝင်ရောက် သွားကြလေသည်။
သေချာသည် ကတော့ ထိုအထဲတွင် ကျန်းချဲ့ လည်း ပါဝင် လေသည်။
သိုင်းပညာပြိုင်ပွဲ လျှို့ဝှက်နယ်မြေ အကြောင်း ကို သူ အတော်လေး လေ့လာ ထားခဲ့ဖူး လေသည်။ ဤသည်မှာ သေးငယ်သော ကမ္ဘာ သီးသန့် တစ်ခု အဖြစ် တည်ရှိ နေကြောင်း ကို သိရှိ ထားသော်လည်း သူ တစ်ခါမှ ဝင်မကြည့် ဖူးခဲ့ချေ။
ထို့ကြောင့် ချက်ချင်း ပင် ခြေတစ်လှမ်း တိုးကာ ဝင်ရောက် သွားခဲ့လေသည်။
သူ ဝင်ရောက် သွားသည် နှင့် တစ်ပြိုင်နက် သူ၏ လက်ထဲတွင် အလင်းတန်း များ ဖြာထွက် နေသော သစ်သားပြား လေး တစ်ခု ရုတ်တရက် ဖြစ်ပေါ် လာလေသည်။
သိုင်းစစ်ဆေးရေး အမိန့်ပေးပြား ပင်ဖြစ်သည်။
ကျန်းချဲ့ ၏ ခေါင်းထဲတွင် ဤ ပစ္စည်း သည် မည်သည့် အရာ ဖြစ်ကြောင်း ကို ချက်ချင်း သတိရ သွားလေသည်။
သိုင်းပညာပြိုင်ပွဲ အတွင်း တွင် ပါရမီရှင် အများအပြား သေဆုံး သွားမည် ကို ကာကွယ် ရန် အတွက် ပြိုင်ပွဲ အကြိမ်ရေ အချို့ ကျင်းပ ပြီးနောက် တွင် ရှန့်ဟိုင်မြို့ က လျှို့ဝှက်နယ်မြေ ၏ သဘောသဘာဝ အပေါ် အခြေခံ ကာ ဤ ရတနာ ကို ဖန်တီး ခဲ့ခြင်း ပင်ဖြစ်သည်။
လျှို့ဝှက်နယ်မြေ အတွင်းမှ အပြင်ဘက် သို့ မျက်တောင် တစ်ခတ် အတွင်း တိုက်ရိုက် ရွှေ့ပြောင်း သွားစေနိုင် လေသည်။ သို့သော် ပေးဆပ် ရမည့် တန်ဖိုး အနေဖြင့် အပြင်ဘက် သို့ ထွက်သွား သည် နှင့် တစ်ပြိုင်နက် ထိပ်ဆုံး ဆယ်နေရာ ကို လုယူ ရန် အရည်အချင်း အပြည့်အဝ ဆုံးရှုံး သွားမည် ဖြစ်လေသည်။
သေရေး ရှင်ရေး အန္တရာယ် များနှင့် ကြုံတွေ့ ရပြီး အခြား ရွေးချယ်စရာ လမ်း လုံးဝ မရှိတော့သည့် အခြေအနေ မျိုး တွင် မှ သာ ဤ သစ်သားပြား လေး ကို အသုံးပြု ကြမည် ဖြစ်လေသည်။
လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက် သွားပြီးနောက် ကျန်းချဲ့ သည် အတွင်း၌ လှိုင်းထန် နေသော ဝိညာဉ် စွမ်းအင် များကို ချက်ချင်း အာရုံခံ မိလိုက်လေသည်။ အလွန် သန့်စင် လွန်းလှပြီး လေတစ်ချက် ရှူသွင်း လိုက်ရုံ ဖြင့် အပြင်ဘက် လောက တွင် တစ်ရက်တာ ကျင့်ကြံ ရသည် နှင့် တူညီ နေလေသည်။
ကျင့်ကြံခြင်း အတွက် အလွန် အဖိုးတန်သော မြင့်မြတ် သည့် နေရာ တစ်ခု ဟု ပင် ခေါ်ဆို နိုင်လေသည်။ သေချာသည် ကတော့ ဤ နေရာ တွင် စွမ်းအင် ပြန်လည် ပြည့်ဝ လာမည့် အရှိန် မှာလည်း ပိုမို မြန်ဆန် လေသည်။
သို့သော် ကျန်းချဲ့ က ထိုအရာ များကို သိပ်ပြီး ဂရုမစိုက် အာရုံမစိုက် နေတော့ချေ။
သူ၏ အကြည့်များ က လျှို့ဝှက်နယ်မြေ ၏ အလယ် ဗဟို တည့်တည့် တွင် ရှိနေသော စင်မြင့် ကြီး များ အပေါ်သို့ ချက်ချင်း ရောက်ရှိ သွားလေသည်။ အဖြူရောင် ကျောက်စိမ်း များ နှင့် တူညီ ပြီး ကြည်လင် တောက်ပ နေကာ အရွယ်အစား မှာလည်း ကျန်းဆယ်ဂဏန်း ခန့် ကြီးမား လေသည်။
အရေအတွက် အားဖြင့် အသေး မှ အကြီး သို့ စုစုပေါင်း ကျောက်စိမ်း စင်မြင့် ဆယ်ခု ရှိလေသည်။
ဤသည်မှာ ထိပ်ဆုံး ဆယ်နေရာ ၏ အစစ်အမှန် အဓိပ္ပာယ် ပင်ဖြစ်သည်။ အကြီးဆုံး စင်မြင့် က နံပါတ်တစ် နေရာ ဖြစ်ပြီး အသေးဆုံး စင်မြင့် က နံပါတ်ဆယ် နေရာ ပင်ဖြစ်သည်။
ဟုတ်ပါသည်... သိုင်းပညာပြိုင်ပွဲ ဆိုသည်မှာ အလွန် ကြီးမားလှသော အုပ်စုဖွဲ့ သတ်ပွဲ ကြီး တစ်ခု ကို ဆိုလိုခြင်း ပင်ဖြစ်သည်။
နောက်ဆုံး အချိန် အထိ စင်မြင့် တစ်ခု ကို နေရာယူ ထားနိုင်သူ သာလျှင် ထိပ်ဆုံး ဆယ်ယောက် စာရင်း ထဲသို့ ဝင်ရောက် နိုင်မည် ဖြစ်လေသည်။ ထို့ကြောင့် ပင် အစောပိုင်း က ဟွမ်ဖူပုလင်း တို့ သည် ကျန်းချဲ့ ကို မဟာမိတ် ဖွဲ့ရန် လာရောက် ဆွဲဆောင် ခဲ့ကြခြင်း ဖြစ်လေသည်။
သူတို့ လုပ်ဆောင် ရမည့် အရာ မှာ မိမိ ကို လာရောက် အနှောင့်အယှက် မပေးနိုင် စေရန် အခြားသော သိုင်းပညာရှင် များကို တတ်နိုင်သမျှ သတ်ဖြတ် ခြင်း သို့မဟုတ် နောက်ဆုတ် သွားအောင် ဖိအားပေး ရန် ပင်ဖြစ်သည်။
"သိုင်းပညာပြိုင်ပွဲရဲ့ နံပါတ်တစ် နေရာကို ကျုပ် ယူလိုက်ပြီ မကျေနပ်တဲ့ သူ ရှိရင် ထွက်လာခဲ့စမ်း..."
လူခုနစ်ယောက် ထဲတွင် အရင်ဆုံး လှုပ်ရှား သွားသူ မှာ မာနထောင်လွှား သော ချူဟယ် ပင်ဖြစ်သည်။ တစ်ကိုယ်လုံး တွင် အလင်းတန်း များ လင်းလက် သွားပြီး မျက်တောင် တစ်ခတ် အတွင်း အနက်ရောင် သံချပ်ကာ ကြီး တစ်ခု က တစ်ကိုယ်လုံး ကို လွှမ်းခြုံ သွားကာ လက်ထဲတွင် အနက်ရောင် သုံးခွလှံ ကြီး တစ်ချောင်း ကို ကိုင်ဆောင် ထားလေသည်။
အရှိန်အဝါ မှာ အလွန် ထူးခြား ပြောင်မြောက် လှပေသည်။
သံချပ်ကာ မှာ နတ်လက်နက် နှင့် ယှဉ်ပြိုင် နိုင်သော နတ်သံချပ်ကာ တစ်ခု ဖြစ်ပြီး ချင်းထျန်း ဂိုဏ်းချုပ် ကိုယ်တိုင် ချီးမြှင့် ထားခြင်း ဖြစ်လေသည်။ လက်ထဲရှိ သုံးခွလှံ ရှည်ကြီး ကတော့ သူ ရှေးဟောင်း အမွေအနှစ် များကို လက်ခံ ရရှိစဉ် က ရရှိခဲ့သော ရှေးဟောင်း ရတနာ တစ်ခု ပင်ဖြစ်သည်။
၎င်းမှာ နတ်လက်နက် တစ်ခု လို့တော့ မဆိုနိုင် သလို မည်သည့် ဝိညာဉ် စွမ်းအင် မျှလည်း မရှိချေ။ သို့သော် တစ်ခုတည်းသော အားသာချက် မှာ ထိပ်တန်း သတ္တု မျိုးစုံ ဖြင့် ပေါင်းစပ် ဖန်တီး ထားသဖြင့် အလွန် ခိုင်မာ တောင့်တင်း ပြီး ရုပ်ခန္ဓာ ကျင့်ကြံ သူများ အတွက် အလွန် သင့်တော် လေသည်။
စကားသံ ဆုံးသည် နှင့် ချူဟယ် က ခြေတစ်လှမ်း တိုးကာ လုံးဝ တွေဝေ နေခြင်း မရှိဘဲ အကြီးဆုံး ကျောက်စိမ်း စင်မြင့် ကြီး ကို တိုက်ရိုက် နေရာယူ လိုက်လေသည်။ လက်ထဲရှိ သုံးခွလှံ ကြီး ကို တစ်ချက် ဝှေ့ယမ်း လိုက်ရာ ကြောက်မက်ဖွယ် ကောင်းသော လူသတ်ငွေ့ များ ပျံ့နှံ့ ထွက်ပေါ် သွားပြီး ကျန်ရှိသော ခြောက်ယောက် ကို စူးစိုက် ကြည့်နေလေသည်။
အကြည့်များ က အလွန် ပြတ်သား နေပြီး မိမိ ၏ နေရာ ကို အပြည့်အဝ အတည်ပြု ထားပြီးသည့် အလား ပင်ဖြစ်သည်။
"သူပုန်ဂိုဏ်းက ကောင်ကများ ဒီနေရာမှာ လာပြီး ဟိတ်ဟန် လာထုတ်နေရဲတယ် ဟွန့် သေလမ်း ရှာနေတာပဲ..."
ချန်ဖျင် က အေးစက်စွာ နှာခေါင်းရှုံ့ လိုက်ပြီး အထင်သေး သော အမူအရာ များ ပေါ်လွင် လာလေသည်။ ကျောဘက် မှ ရှေးဟောင်း ဓား က ရုတ်တရက် အိမ်ထဲမှ ကျွတ်ထွက် လာပြီး လေဟာနယ် ထက်တွင် ဓားမြည်သံ ကြီး ပဲ့တင်ထပ် သွားလေသည်။
နောက်တစ်စက္ကန့် တွင် ထောင်နှင့်ချီ သော ကြောက်မက်ဖွယ် ဓားအလင်းတန်း များ က ဓားမြစ် ကြီး တစ်စင်း အဖြစ်သို့ ပြောင်းလဲ သွားကာ ချူဟယ် ရှိရာသို့ တိုက်ရိုက် ပြေးဝင် သွားလေတော့သည်။
"အသေးအဖွဲ ဓားစွမ်းအင် လေးနဲ့များ ငါ့ကို လာဟောင်နေရဲသေးတယ်..."
ချူဟယ် ၏ လက်ထဲရှိ သုံးခွလှံ ကြီး က ရုတ်တရက် ဝှေ့ယမ်း သွားပြီး အနက်ရောင် အလင်းတန်း ကြီး တစ်ခု က ကောင်းကင် နှင့် မြေကြီး ကို ချက်ချင်း ဖုံးလွှမ်း သွားလေသည်။
လှံ တစ်ချက် ရိုက်ချ လိုက်သည် နှင့် ဓားအလင်းတန်း များ ၏ တစ်ဝက်ကျော် ခန့် ကို တိုက်ရိုက် ဖျက်ဆီး ပစ်လိုက်ပြီး ကျန်ရှိသော ဓားအလင်းတန်း များ က သူ၏ ကိုယ်ပေါ်သို့ ကျရောက် လာချိန် တွင်တော့ ယားကျိကျိ ဖြစ်သွား သကဲ့သို့ သာ ရှိလေသည်။
ချန်ဖျင် ၏ မျက်နှာထား လုံးဝ ပြောင်းလဲ သွားခြင်း မရှိဘဲ ခန္ဓာကိုယ် က လေဟာနယ် ထက်တွင် အရိပ် တစ်ခု အဖြစ် လှုပ်ရှား သွားကာ နောက်တစ်ကြိမ် ထပ်မံ ဝင်ရောက် တိုက်ခိုက် လိုက်လေသည်။
ချန်ဖျင် နှင့် အတူတူ လှုပ်ရှား လိုက်သူ များ ထဲတွင် လီရွှမ်ကျန်း နှင့် ကျန်းဖျင် တို့ လည်း ပါဝင် လေသည်။ သူတို့ အားလုံး သည် ဤတစ်ကြိမ် တွင် နံပါတ်တစ် နေရာကို လုယူ ရန် လာရောက် ကြသူများ ဖြစ်ကြရာ မည်သူ ကမျှ သူတစ်ပါး ၏ အောက်တွင် အညံ့ခံ လိုခြင်း မရှိကြချေ။
သေချာသည် ကတော့ သူတို့ ကြားတွင် လည်း ကိုယ်ပိုင် အကြံအစည် များ ကိုယ်စီ ရှိနေကြပြီး အချင်းချင်း ပူးပေါင်း မည် မဟုတ်ချေ။ ချူဟယ် ကို အနောက်သို့ ဆုတ်ခွာ သွားအောင် ဖိအားပေး ပြီးသည် နှင့် တစ်ပြိုင်နက်...
သူတို့ သုံးယောက် သည် လည်း မျက်တောင် တစ်ခတ် အတွင်း အချင်းချင်း ရောယှက် တိုက်ခိုက် ကြလေတော့သည်။
ကြောက်မက်ဖွယ် ကောင်းသော ဓားစွမ်းအင် များ... ရက်စက် ကြမ်းကြုတ်သော အရိပ် ကြီးများ နှင့် ကွန်ဖြူးရှပ် ဂိုဏ်း ၏ လျှို့ဝှက်ဆန်းကြယ် သော စွမ်းရည် များကို အစွမ်းကုန် ထုတ်ဖော် ပြသ နေကြလေသည်။
ဝင်ရောက် မတိုက်ခိုက် ဘဲ ကျန်ရှိ နေသူများ မှာ လုကျဲယွင်၊ ကျန်းချဲ့ နှင့် ဆန်းကျန့် ဘုန်းကြီး တို့ သာ ရှိလေသည်။
လုကျဲယွင် က ဤ မြင်ကွင်း ကို ကြည့်ရင်း ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး ဝင်ရောက် စွက်ဖက် ခြင်း မပြုဘဲ ကျောက်စိမ်း စင်မြင့် တစ်ခု ကို ကျပန်း ရွေးချယ် ကာ တိုက်ရိုက် ဝင်ထိုင် လိုက်လေသည်။
သူတို့ နှင့် နံပါတ်တစ် နေရာ ကို လုယူ ရန် လုံးဝ ရည်ရွယ်ချက် မရှိသည့် အလား ပင်ဖြစ်သည်။
"မြားတစ်သောင်း ရင်ကိုခွဲ..."
သို့သော် သူ၏ အကြံအစည် ကို အခြား သူများ က ဘယ်လိုလုပ် ပြီး သတိမထား ဘဲ နေမည်နည်း။ ကျန်းဖျင် က သူ့ကို တစ်ချက် လှမ်းကြည့် လိုက်ပြီးနောက် စကားလုံး အချို့ ကို လေးနက်စွာ ရွတ်ဆို လိုက်လေသည်။
နောက်တစ်စက္ကန့် တွင် ပြောသည့် အတိုင်း ဖြစ်လာ သကဲ့သို့ လေဟာနယ် ထက်တွင် မြားတံ သောင်းချီ မျှ ရုတ်တရက် ပေါ်ထွက် လာပြီး လုကျဲယွင် ရှိရာသို့ အရှိန်အဟုန်ပြင်းစွာဖြင့် ပြေးဝင် သွားလေတော့သည်။
ဤကဲ့သို့ ပစ်မှတ်ထား တိုက်ခိုက် ခံရသဖြင့် လုကျဲယွင် ၏ မျက်နှာထား အနည်းငယ် ပြောင်းလဲ သွားလေသည်။
အေးစက်စွာ နှာခေါင်းရှုံ့ လိုက်ပြီး အင်္ကျီလက်စ ကို တစ်ချက် ဝှေ့ယမ်း လိုက်ရာ ပုံသဏ္ဌာန်မဲ့ သော အလင်းတန်း များ က သူ၏ တစ်ကိုယ်လုံး ကို လွှမ်းခြုံ သွားပြီး မြားတံ များ အဆက်မပြတ် ဝင်ရောက် တိုက်ခိုက် နေသော်လည်း လုံးဝ တုန်လှုပ် ခြင်း မရှိဘဲ မတ်မတ် ရပ်နေလေသည်။
"ကျန်း ဒါယကာ တကယ်လို့ မင်းသာ သွေးသစ္စာ ဆိုပြီး နံပါတ်တစ် နေရာကို မလုဘူးလို့ ကတိပေးရင် ဘုန်းဘုန်းက မင်းကို ဝင်မတိုက်ခိုက်တော့ပါဘူး..."
ဆန်းကျန့် ဘုန်းကြီး က အရှေ့ တွင် ဖြစ်ပွား နေသော အုပ်စုဖွဲ့ သတ်ပွဲ ကြီး ကို ကြည့်ရင်း ခပ်ဖျော့ဖျော့ ပြုံးလိုက် ကာ ကျန်းချဲ့ ဘက်သို့ အကြည့် ရွှေ့၍ ပြောလိုက်လေသည်။
"ဒီစကားကို ကျုပ်က မင်းဆီ ပြန်ပေးရမှာပဲ..."
ကျန်းချဲ့က ဆန်းကျန့် ဘုန်းကြီး ကို တစ်ချက် စောင်းငဲ့ ကြည့်လိုက်ပြီး အေးဆေး တည်ငြိမ်စွာဖြင့် တုံ့ပြန်လိုက်သည်။
"ဒီလိုဆိုမှတော့ ကျန်း ဒါယကာက ဘုန်းဘုန်းနဲ့ ရန်ဘက် လုပ်ဖို့ ဆုံးဖြတ်ထားတာပေါ့လေ..."
ဆန်းကျန့် ဘုန်းကြီး ၏ မျက်နှာပေါ်ရှိ အပြုံးများ တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ် သွားလေသည်။
"မင်း အဲ့ဒီလို မှတ်ယူချင်ရင်လည်း ရပါတယ်..."
အခြားတစ်ဖက်တွင်တော့...
လေဟာနယ် ကောင်းကင်ယံ ထက်တွင် ပုံရိပ်လွှာ ကြီး တစ်ခု အထင်အရှား ပေါ်လွင် လာခဲ့လေပြီ။ ၎င်းမှာ သိုင်းလျှို့ဝှက်နယ်မြေ အတွင်းမှ အဖြစ်အပျက် များကို အပြင်ဘက်သို့ ရောင်ပြန်ဟပ် ပြသ နေခြင်း ပင်ဖြစ်သည်။
ဤသည်မှာ သိုင်းပညာပြိုင်ပွဲ တိုင်းတွင် ပြုလုပ်လေ့ ရှိသော အစဉ်အလာ တစ်ခု ဖြစ်ပြီး ဤကဲ့သို့ ပြသ ပေးသောကြောင့် သာ အရပ်လေးမျက်နှာ မှ သိုင်းပညာရှင် များက လာရောက် ကြည့်ရှု ကြခြင်း ပင်ဖြစ်သည်။
အကယ်၍ နောက်ဆုံး အရှုံးအနိုင် ကိုသာ သိရမည် ဆိုပါက ရှန့်ဟိုင်မြို့ သို့ အဝေးကြီး လာရောက် နေရန် အကြောင်း မရှိတော့ချေ။
ရှုပ်ထွေး ဖရိုဖရဲ ဖြစ်နေသော ချူဟယ် နှင့် ချန်ဖျင် တို့၏ အုပ်စုဖွဲ့ သတ်ပွဲ ကြီးကို ကြည့်ရင်း အောက်ဘက်ရှိ လူအုပ်ကြီး ထံမှ ဆူညံသံ များ ထွက်ပေါ် လာလေသည်။
"ဟား ဒီချူဟယ်ရဲ့ စွမ်းအားက တကယ်ကို ကြောက်စရာ ကောင်းလွန်းတယ် လက်တစ်ချက် ဝှေ့ယမ်းရုံနဲ့တင် ချန်ဖျင်ရဲ့ တိုက်ကွက်ကို ဖျက်ဆီးပစ်နိုင်တယ် ချင်းထျန်းဂိုဏ်းရဲ့ သူတော်စင်သားတော် ဆိုတဲ့ နာမည်နဲ့ တကယ်ကို ထိုက်တန်တာပဲ..."
"ဒီလူက အရင်တုန်းက လုံးဝ လူလုံးမပြခဲ့တာ အံ့ဩစရာ မရှိတော့ပါဘူး သိုင်းလျှို့ဝှက်နယ်မြေရဲ့ နံပါတ်တစ် နေရာကို လုယူဖို့ အတွက် သေချာ ပြင်ဆင်နေခဲ့တာကိုး..."
"တကယ်ကို ကြည့်ကောင်းတဲ့ ပွဲပဲ သူတို့ရဲ့ စွမ်းအားနဲ့ဆိုရင် သာမန် ရွှမ်တန်အဆင့် သိုင်းသခင်တွေ အနေနဲ့ အနားကို ကပ်ဖို့တောင် ခက်ခဲလောက်တယ်..."
"အခု ကျုပ် သိချင်တာ တစ်ခုတည်းပဲ ဘယ်သူကများ လူတိုင်းကို ဖိနှိပ်ပြီး နံပါတ်တစ် နေရာကို ရသွားမလဲ ဆိုတာပဲ..."
"ကျုပ် အထင်တော့ ဒီ ချူဟယ်က မျှော်လင့်ချက် အများဆုံးပဲ ခင်ဗျားတို့ ကြည့်ကြည့်လေ ဒီလူက တစ်ယောက်တည်းနဲ့ နှစ်ယောက်ကို ရင်ဆိုင်နေတာတောင် လုံးဝ အောက်စီးက မရောက်ဘူး သူ အစွမ်းကုန် မထုတ်ရသေးတာ သေချာတယ်..."
"ကျန်းချဲ့နဲ့ ဆန်းကျန့် ဘုန်းကြီးတို့က လက်မပါသေးဘူး ဆိုတာကို မမေ့ကြနဲ့ဦးနော် သူတို့ နှစ်ယောက်ကမှ နောက်ဆုံး အနိုင်ရမယ့် သူတွေ ဖြစ်လောက်တယ်..."
ကောင်းကင်လှေကားထစ် အပေါ်တွင် တက်လှမ်း နေသော ချီရှောက်ယန် သည် ကောင်းကင်ယံ ထက်ရှိ ပုံရိပ်လွှာ ကြီးကို ကြည့်ရင်း အလွန် အံ့အားသင့် သွားလေသည်။
"ဒီလောက် မြန်မြန်ကြီး တိုက်ပွဲ စနေကြပြီလား..."
သို့သော် မကြာမီမှာပင် ဤအချက်ကို သူ နားလည် သွားခဲ့လေသည်။ ကျန်းချဲ့ တို့ ခုနစ်ယောက် စလုံး မှာ တစ်ယောက် ကို တစ်ယောက် အညံ့ခံ လိုစိတ် မရှိကြရာ အရှုံးအနိုင် ကို မြန်နိုင်သမျှ မြန်မြန် ခွဲခြား လိုကြမည် မှာ သဘာဝ ပင်ဖြစ်သည်။
ဤအချက် ကို တွေးမိပြီးနောက် သူ၏ တက်လှမ်း နေသော အရှိန် မှာ တဖြည်းဖြည်း ပိုမို မြန်ဆန် လာလေသည်။
သူ့ကဲ့သို့ပင် တွေးတော ထားသူ အများအပြား ရှိနေလေသည်။ သူတို့ထဲမှ အများစုမှာ နောက်ဆုံး မှ ဝင်ရောက် ပြီး အကျိုးအမြတ် ကို အလွယ်တကူ ခူးယူ လိုကြသော်လည်း ပြဿနာမှာ ကောင်းကင်လှေကားထစ် ၏ အချိန် ကန့်သတ်ချက် ပင်ဖြစ်သည်။
လက်ဖက်ရည် တစ်ခွက်စာ အချိန် ကုန်ဆုံး သွားသည် နှင့် တစ်ပြိုင်နက် လျှို့ဝှက်နယ်မြေ ၏ တံခါးကြီး မှာ ပိတ်သွား မည် ဖြစ်လေသည်။
ထို့အပြင် တာအိုဂိုဏ်း နှင့် ဗုဒ္ဓဘာသာဂိုဏ်း တို့မှ ဝင်ရောက် လာသော သိုင်းသခင် များမှာလည်း အစောကြီး ကတည်းက လီရွှမ်ကျန်း နှင့် ဆန်းကျန့် ဘုန်းကြီး တို့ကို ထောက်ကူ ပေးရန် ရည်ရွယ် ထားသဖြင့် အရှိန် မြှင့်တင် လာကြလေသည်။
အလားတူ ပင် ဝူချွမ်၊ ဖုန်းရှောင်ဝူ နှင့် အခြားသော ပါရမီရှင် လေးယောက် မှာလည်း ကျန်းချဲ့ ၏ စွမ်းအား ကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ ထားပြီး ဖြစ်သလို တမန်တော်ကြီး များ ၏ မှာကြားချက် များလည်း ရှိနေသဖြင့် သူတို့ ၏ တာဝန် ကို ကောင်းစွာ သိရှိ ထားကြလေသည်။
ထို့ကြောင့် ကောင်းကင်လှေကားထစ် ၏ ဖိအား ကို အစွမ်းကုန် ခုခံ ကာ လျှို့ဝှက်နယ်မြေ အတွင်း သို့ ဝင်ရောက် နိုင်ရန် ကြိုးစား ကြလေတော့သည်။
ဤ အထဲတွင် အမြန်ဆုံး သူများ မှာ ဟွမ်ဖူပုလင်း နှင့် ယဲ့မိသားစု သခင်လေး တို့ အပါအဝင် အင်အားကြီး မိသားစု များမှ သခင်လေး များ ပင်ဖြစ်သည်။ သူတို့ သည် ဒုတိယမြောက် အသုတ် အနေဖြင့် ထိပ်ဆုံး သို့ ရောက်ရှိ သွားကြပြီး အချင်းချင်း တစ်ချက် ကြည့်လိုက် ကာ လျှို့ဝှက်နယ်မြေ အတွင်း သို့ တပြိုင်နက်တည်း ဝင်ရောက် သွားကြလေသည်။
"မင်းနဲ့ ဘုန်းဘုန်း ဒီလို ဆက်တိုက်နေမယ်ဆိုရင် အချိန်တိုအတွင်းမှာ အရှုံးအနိုင် ခွဲနိုင်မှာ မဟုတ်ဘူး အဲ့ဒီအစား မင်းနဲ့ ဘုန်းဘုန်း တစ်ယောက် တစ်ယောက်စီ အရင် ဖြေရှင်းပြီး သူတို့ကို နံပါတ်တစ် နေရာ လုယူမယ့် အကြံကို စွန့်လွှတ်သွားအောင် လုပ်လိုက်ရင်ရော ဘယ်လိုလဲ ပြီးတော့မှ မင်းနဲ့ ဘုန်းဘုန်း အဆုံးအဖြတ် ခွဲကြတာပေါ့..."
ဆန်းကျန့် ဘုန်းကြီး က အချိန်ခဏမျှ တိတ်ဆိတ် နေပြီးနောက် ရုတ်တရက် အကြံပြု လိုက်လေသည်။
"ကောင်းပြီလေ..."
ကျန်းချဲ့ က ခေါင်းအနည်းငယ် ညိတ်လိုက်လေသည်။
သဘောတူညီချက် ရရှိသွားပြီးနောက် ဆန်းကျန့် ဘုန်းကြီး ၏ မျက်နှာပေါ်တွင် အပြုံး တစ်ခု ပေါ်လာလေသည်။ သူ၏ ကိုယ်ပေါ်ရှိ ရွှေချည်ထိုး သင်္ကန်းတော် မှ အလင်းတန်း များ ဖြာထွက် လာပြီး လက်ထဲရှိ ကွင်းကိုးကွင်းပါ သံတောင်ဝှေး က လှုပ်ရှား သွားလေသည်။
ထို့နောက် ခြေတစ်လှမ်း ရှေ့သို့ တိုးလိုက် လေသည်။
သူ၏ ပစ်မှတ် မှာ ရွှမ်ထျန်း ဝူကျီ နန်းတော် မှ လီရွှမ်ကျန်း ပင်ဖြစ်သည်။
တာ့လေ့ယင် ဘုန်းကြီးကျောင်း နှင့် ရွှမ်ထျန်း ဝူကျီ နန်းတော် တို့ သည် တာ့ကျိုး နိုင်ငံတော် ၏ နိုင်ငံတော် ဘာသာရေး ဂိုဏ်းကြီး များ ဖြစ်ကြပြီး ဂိုဏ်းလမ်းစဉ် များ ၏ အားပြိုင်မှု များ အမြဲတမ်း ရှိနေ ခဲ့ရာ ဤမျှလောက် ကောင်းမွန်သော အခွင့်အရေး ကို သူ သေချာပေါက် လက်လွတ် ခံမည် မဟုတ်ချေ။
ထို့အပြင် ကျန်းချဲ့ နှင့် ပြုလုပ် ခဲ့သော သဘောတူညီချက် အရ သေချာပေါက် တူညီသော အဆင့် ရှိသည့် ပြိုင်ဘက် ကို ရွေးချယ် ရမည် မဟုတ်ပါလား။ မဟုတ်ပါက သစ္စာ မရှိရာ ကျပေလိမ့်မည်။
"ဝုန်း..."
လေဟာနယ် တစ်ခုလုံး အကြီးအကျယ် တုန်လှုပ် သွားပြီး ဆန်းကျန့် ဘုန်းကြီး သည် ကောင်းကင်ကိုပင် ပြိုကျစေနိုင်သော အရှိန်အဟုန်ပြင်းစွာဖြင့် ရိုက်ချ လိုက်လေသည်။
သူ၏ တစ်ကိုယ်လုံး ရှိ အရိုး အကြော များ အားလုံး အဆက်မပြတ် လှုပ်ရှား သွားပြီး မျက်တောင် တစ်ခတ် အတွင်း အခြား လူတစ်ယောက် အဖြစ်သို့ ပြောင်းလဲ သွားသည့် အလား ပင်ဖြစ်သည်။ သူ သည်လည်း ချီစွမ်းအင် နှင့် ရုပ်ခန္ဓာ ကို ပေါင်းစပ် ကျင့်ကြံ ထားသူ တစ်ယောက် ပင်ဖြစ်သည်။
ရွှေရောင် ပုစဉ်းရင်ကွဲ ဓမ္မခန္ဓာ ကောင်းကင်ဘုံ ကိုးလွှာအထိ ပဲ့တင်ထပ်မည့် ပုစဉ်းမြည်သံ...
"ကတုံးစုတ် သေလမ်းရှာနေတာပဲ..."
လီရွှမ်ကျန်း က အသံနိမ့်နိမ့် ဖြင့် ဟိန်းဟောက် လိုက်ပြီး လက်နှစ်ဖက် ကို ဖြန့်ကျက် လိုက်လေသည်။ သူ၏ တစ်ကိုယ်လုံး တွင် မိုးကြိုး လျှပ်စီး များ အဆက်မပြတ် လင်းလက် လာပြီး ကြီးမားလှသော အရိပ် ကြီး တစ်ခု ရုတ်တရက် ထွက်ပေါ် လာကာ ဝင်ရောက် တိုက်ခိုက် လာသော ဆန်းကျန့် ဘုန်းကြီး ရှိရာသို့ အရှိန်အဟုန်ပြင်းစွာဖြင့် ရိုက်ချ လိုက်လေတော့သည်။
မျက်တောင် တစ်ခတ် အတွင်းမှာပင် ပြိုင်ဘက်ကင်း ပါရမီရှင် နှစ်ယောက် ၏ အကြိတ်အနယ် တိုက်ပွဲ ကြီး စတင် သွားခဲ့လေပြီ။
ကိုယ်ပိုင် လျှို့ဝှက် နည်းလမ်း များကို အသီးသီး ထုတ်ဖော် အသုံးပြု ကြလေသည်။
လေဟာနယ် တစ်ခုလုံး အဆက်မပြတ် တုန်ခါ နေပြီး ရွှေရောင် အလင်းတန်း များ နှင့် မိုးကြိုး လျှပ်စီး များ အဆက်မပြတ် ယှက်နွှယ် နေကာ အရှိန်အဝါ မှာ အလွန် ကြောက်စရာ ကောင်းလှပေသည်။
ဆန်းကျန့် ဘုန်းကြီး လှုပ်ရှား လိုက်သည် နှင့် တစ်ပြိုင်နက် ကျန်းချဲ့ လည်း လုံးဝ အချိန်ဆွဲ မနေ တော့ချေ။ စိတ်ကူး တစ်ချက် အတွင်းမှာပင် အရေပြား အောက်မှ အနက်ရောင် အကြေးခွံ များ အဆက်မပြတ် ထွက်ပေါ် လာပြီး မျက်တောင် တစ်ခတ် အတွင်း သူ၏ တစ်ကိုယ်လုံး ကို လျှို့ဝှက်ဆန်းကြယ် သော သံချပ်ကာ ကြီး တစ်ခု အလား လွှမ်းခြုံ သွားလေသည်။
ကပ်ဆိုးတစ်သောင်း မိစ္ဆာဓားက လက်ထဲသို့ ရောက်ရှိလာပြီး တောင်ဖိ နတ်ကြေးဒယ်အိုးက ခေါင်းပေါ်တွင် ပျံဝဲနေလေသည်။
ခြေတစ်လှမ်း တိုးလိုက်သည်နှင့် ယင်ယန် မိစ္ဆာမီးတောက်များကလည်း အတူတကွ လိုက်ပါလာလေသည်။
ထို့နောက် ထျန်းကျန့်တောင် မှ ချန်ဖျင် နှင့် တိုက်ခိုက် နေသော ချူဟယ် ကို တိုက်ရိုက် လွှမ်းခြုံ လိုက်လေတော့သည်။
ဆန်းကျန့် ဘုန်းကြီး က လီရွှမ်ကျန်း ကို ရွေးချယ် ခဲ့သကဲ့သို့ ကျန်းချဲ့ ရွေးချယ် လိုက်သော ပြိုင်ဘက် မှာ ချူဟယ် ပင်ဖြစ်သည်။
အလွန် မာနထောင်လွှား သော ဤကောင် ကို သူ လုံးဝ ကြည့်မရ ခဲ့ချေ။
သေချာပေါက် ပစ်မှတ်ထား ဖိနှိပ် ရမည် ဖြစ်လေသည်။
"ကျန်းချဲ့ မင်း သေချင်နေတာလား..."
ချူဟယ် အကြီးအကျယ် ဒေါသ ထွက်သွားလေသည်။ သူ၏ လက်ထဲရှိ ကောင်းကင်ယံ နတ်သုံးခွလှံကြီး ဖြင့် ဓားအလင်းတန်း သောင်းချီ ကို မျက်တောင် တစ်ခတ် အတွင်း ရိုက်ချိုး ပစ်လိုက်ပြီးနောက် ခန္ဓာကိုယ် ကို လှည့်ကာ ကျန်းချဲ့ ရှိရာသို့ တိုက်ရိုက် ပြေးဝင် လာလေသည်။ လက်နှစ်ဖက် ဖြင့် သုံးခွလှံ ကြီးကို ကိုင်ဆောင် ထားပြီး အနောက်တွင် ဧရာမ အရိပ် ကြီး တစ်ခု မတ်မတ် ရပ်နေလေသည်။
ကမ္ဘာပျက်ကပ် မှ မိစ္ဆာ နတ်ဘုရား ကြီး တစ်ပါး အလား ပင်ဖြစ်သည်။
အခြား တစ်ဖက် တွင်တော့ ချန်ဖျင် သည် ချူဟယ် ဆိုသော ပြိုင်ဘက် ကို ဆုံးရှုံး သွားပြီးနောက် ကျန်းချဲ့ နှင့် ချူဟယ် တို့၏ တိုက်ပွဲ ကို ဝင်ရောက် စွက်ဖက် ရန် လုံးဝ စိတ်ကူး မရှိချေ။ သူတို့ ခုနစ်ယောက် ထဲမှ တစ်ယောက်ယောက် သည် အရင်ဆုံး ထွက်ခွာ ရမည် မှာ သေချာ နေလေသည်။
ထို့ကြောင့် သူ ပထမဆုံး ရွေးချယ် လိုက်သော ပစ်မှတ် မှာ လုကျဲယွင် ပင်ဖြစ်သည်။
လက်တစ်ချက် ဝှေ့ယမ်း လိုက်ရာ ဓားစွမ်းအင် များ လမ်းကြောင်း ပွင့်သွားပြီး မိုးဖွဲဖွဲ အလား များပြားလှသော ဓားအလင်းတန်း များ ချက်ချင်း ကျဆင်း လာလေသည်။ ပိုင်လု စာသင်ကျောင်းတော် မှ ကျန်းဖျင် နှင့် အတူတကွ လုကျဲယွင် ကို ပစ်မှတ်ထား တိုက်ခိုက် ကာ သူ့ကို အရင်ဆုံး အပြင်းအထန် ဒဏ်ရာ ရရှိသွားအောင် ပြုလုပ် ရန် ကြံစည် လိုက်ကြလေသည်။
"မင်းတို့ နှစ်ယောက်က ကျုပ်ကို အရင်ဆုံး အရေးနိမ့်သွားအောင် လုပ်ချင်နေတာပဲ ဟွန့် မင်းတို့မှာ အဲ့ဒီလောက် စွမ်းဆောင်နိုင်စွမ်း ရှိမရှိ ဆိုတာကို ကြည့်ရသေးတာပေါ့..."
လုကျဲယွင် ၏ မျက်နှာ ချက်ချင်း မည်းမှောင် သွားပြီး မျက်လုံး များ ထဲတွင် အေးစက်သော အလင်းတန်း များ ဖြတ်ပြေး သွားလေသည်။
အမှန်တကယ်တော့ အစပိုင်း က သူ၏ ရည်မှန်းချက် မှာ သိုင်းလျှို့ဝှက်နယ်မြေ ၏ နံပါတ်တစ် နေရာ ကို ရယူရန် အလွန်အမင်း မျှော်လင့် ထားခြင်း မရှိခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ချူဟယ် နှင့် ဆန်းကျန့် ဘုန်းကြီး တို့၏ ကြောက်မက်ဖွယ် စွမ်းအား ကို သူ ကောင်းစွာ သိရှိ ထားရာ သူ၏ စွမ်းအား ဖြင့် သူတို့ ကို အသေအလဲ ယှဉ်ပြိုင် ရန် မလုံလောက် ကြောင်း သိထား သောကြောင့် ပင်ဖြစ်သည်။
ထို့အပြင် သူတို့ နှစ်ယောက် အပြင် အခြားသော ကူညီမည့် သူများ လည်း ရှိနေသေး သည် မဟုတ်ပါလား။
ထိပ်ဆုံး ငါးနေရာ သို့မဟုတ် သုံးနေရာ ရရှိလျှင် ပင် သူ အလွန် ကျေနပ် နေပြီ ဖြစ်လေသည်။ သို့သော် ယခုအခါ ကျန်းဖျင် နှင့် ချန်ဖျင် တို့က သူ့ကို တမင်သက်သက် ပစ်မှတ်ထား လာသဖြင့် သူ၏ ရင်ထဲတွင် ဒေါသ မီးတောက် များ ပေါက်ကွဲ လာခဲ့လေသည်။ နှစ်အနည်းငယ် ကြာအောင် ခါးသီးစွာ ကျင့်ကြံ ခဲ့ရသော သူ အနေဖြင့် သူတစ်ပါး ၏ အောက်တွင် လွယ်လွယ်ကူကူ အညံ့ခံ လိမ့်မည် ဟု ထင်နေသလား။
လုကျဲယွင် အလွန် မကျေမနပ် ဖြစ်သွားလေသည်။
ထို့နောက် စိတ်ကူး တစ်ချက် အတွင်းမှာပင် တစ်ကိုယ်လုံး ကို နတ်သံချပ်ကာ ကြီး တစ်ခု က လွှမ်းခြုံ သွားပြီး လက်ထဲတွင် အလင်းတန်း များ လင်းလက် ကာ ရှေးဟောင်း ဓားရှည် ကြီး တစ်လက် ထွက်ပေါ် လာလေသည်။ လက်တစ်ချက် ဝှေ့ယမ်း လိုက်ရာ ပေတစ်ရာ ခန့် ရှည်လျားသော ဓားအလင်းတန်း ကြီး က ကောင်းကင်ယံ မှ ဓားမိုး များကို တိုက်ရိုက် ခုတ်ပိုင်း ဖျက်ဆီး ပစ်လိုက်လေသည်။
"မွေးရာပါ ဓားနှလုံးသား ဆိုတာလည်း ဒီလောက်ပါပဲကွာ..."
လုကျဲယွင် က အေးစက်စွာ နှာခေါင်းရှုံ့ လိုက်လေသည်။
နောက်တစ်စက္ကန့် တွင် သူ၏ ခန္ဓာကိုယ် က နေရာ ရွှေ့ပြောင်း လိုက်သည့် အလား မျက်တောင် တစ်ခတ် အတွင်း ကျန်းဖျင် ၏ အနောက်သို့ ရောက်ရှိ သွားပြီး တိုက်ရိုက် ဓားဖြင့် ထိုးချ လိုက်လေသည်။ အလွန် သာမန် ဟု ထင်ရသော ဓားချက် ဖြစ်သော်လည်း ကျန်းဖျင် ၏ မျက်နှာထား ကို အလွန် လေးနက် သွားစေခဲ့လေသည်။
ဤ ဓားချက် ကို သူမ ရှောင်တိမ်း ၍ မရနိုင် ကြောင်း သူမ ကောင်းစွာ ခံစား မိလိုက်လေသည်။
ထို့ကြောင့် ချက်ချင်း ပင် နှုတ်ခမ်း ကို ဖွင့်ဟ ကာ...
"ချီစွမ်းအင် အကာအကွယ်..."
စကားသံ ဆုံးသည် နှင့် တစ်ပြိုင်နက် ပုံသဏ္ဌာန်မဲ့ သော ချီစွမ်းအင် များ က ချက်ချင်း ဒိုင်းကာ ကြီး တစ်ခု အဖြစ်သို့ ပြောင်းလဲ သွားကာ သူမ ၏ အရှေ့တွင် ကာကွယ် ပေးလိုက်လေတော့သည်။
"ကျင့်ကြံခြင်း ဓမ္မရုပ်တု ဟုတ်လား ကျုပ်မှာလည်း ရှိတယ်ကွ..."
ကျန်းချဲ့ သည် ချူဟယ် ၏ ရုတ်တရက် ပေါက်ကွဲ ထွက်လာမှု ကို လုံးဝ အံ့အားသင့် ခြင်း မရှိခဲ့ချေ။ ချင်းထျန်းဂိုဏ်း ၏ သူတော်စင်သားတော် တစ်ပါး အနေဖြင့် ဤမျှလောက် မာနထောင်လွှား နေသည် မှာ သူ့တွင် သေချာပေါက် လုံလောက်သော အခြေခံ အုတ်မြစ် ရှိနေသောကြောင့် ပင်ဖြစ်သည်။
လက်တစ်ဖက် ကို ဆုပ်ကိုင် လိုက်သည် နှင့် သူ၏ အနောက်တွင် ပေတစ်ရာ ခန့် ကြီးမားသော အစစ်အမှန် နဂါး ဓမ္မရုပ်တု ကြီး တစ်ခု ရုတ်တရက် ထွက်ပေါ် လာပြီး လေဟာနယ် ထက်တွင် ဟိန်းဟောက် လိုက်ရာ နဂါး အရှိန်အဝါ များ လွှမ်းခြုံ သွားလေသည်။ နောက်တစ်စက္ကန့် တွင် ချူဟယ် ရှိရာသို့ အရှိန်အဟုန် ဖြင့် ပြေးဝင် သွားလေတော့သည်။
သူတို့ ခုနစ်ယောက် အချင်းချင်း ရှုပ်ထွေး ဖရိုဖရဲ တိုက်ခိုက် နေကြစဉ် ဟွမ်ဖူပုလင်း နှင့် အခြား သူများ လည်း သိုင်းလျှို့ဝှက်နယ်မြေ အတွင်းသို့ ရောက်ရှိ လာကြပြီ ဖြစ်လေသည်။ ပတ်ဝန်းကျင် ကို တစ်ချက် ဝေ့ကြည့် လိုက်ပြီး ကြောက်မက်ဖွယ် ကောင်းသော ဖိအား များကို အာရုံခံ မိလိုက်သော အခါ ဟွမ်ဖူပုလင်း ၏ မျက်နှာထား အလွန် လေးနက် သွားလေသည်။
သူ၏ စွမ်းအား ဖြင့် ထို ခုနစ်ယောက် ကို လုံးဝ ယှဉ်ပြိုင် နိုင်စွမ်း မရှိကြောင်း သူ ကောင်းစွာ သိရှိ သွားလေပြီ။
သူတို့ ကြားတွင် အလွန် ကြီးမားလှသော ကွာဟမှု ကြီး ရှိနေလေသည်။
သို့သော် သူ၏ မူလ ရည်မှန်းချက် မှာလည်း အလွန် မြင့်မားသော အဆင့် ကို ရယူရန် မဟုတ်ဘဲ ထိပ်ဆုံး ဆယ်နေရာ တွင် ပါဝင် ရုံဖြင့် လုံလောက် ပြီ ဖြစ်လေသည်။ ဤအချက် ကို တွေးမိပြီးနောက် သူ၏ ခန္ဓာကိုယ် က ရုတ်တရက် လှုပ်ရှား သွားလေသည်။
လေဟာနယ် ထက်တွင် ဖျောက်ဖျက် ၍ မရနိုင်သော အရိပ် များ ချန်ရစ် ကာ နံပါတ်ကိုး ကျောက်စိမ်း စင်မြင့် ပေါ်သို့ တိုက်ရိုက် နေရာယူ လိုက်ပြီး အပြည့်အဝ ကာကွယ် သော အနေအထား ဖြင့် အသင့် ပြင်ထား လိုက်လေသည်။
ယဲ့မိသားစု သခင်လေး နှင့် ယွမ်မိသားစု သခင်လေး ယွမ်ချူ တို့လည်း လုံးဝ အချိန်ဆွဲ မနေ တော့ချေ။ တစ်ယောက် ပြီး တစ်ယောက် အသီးသီး နံပါတ်ရှစ် နှင့် နံပါတ်ဆယ် နေရာ များကို ယူလိုက် ကြလေသည်။ သူတို့၏ တောင်းဆိုချက် မှာလည်း အလွန် နိမ့်ကျ ပြီး နေရာ တစ်နေရာ ရလျှင် လုံလောက် ပြီ ဖြစ်လေသည်။
သူတို့၏ ရောက်ရှိ လာမှု ကို လီရွှမ်ကျန်း တို့ ခုနစ်ယောက် က လုံးဝ အရေးမစိုက် ကြချေ။ တစ်ချက် လေးမျှ ပင် လှည့်မကြည့် ကြဘဲ သူတို့၏ စွမ်းအား ဖြင့် လူများစွာ ကို တစ်ပြိုင်နက်တည်း ရင်ဆိုင် ရန်မှာ လုံးဝ ပြဿနာ မရှိသောကြောင့် ပင်ဖြစ်သည်။
ထို့အပြင် သူတို့ လုယူ နေသော နေရာ မှာလည်း နံပါတ်တစ် နေရာ ပင်ဖြစ်သည်။
နောက်ဆုံး ပိတ် နေရာ များကို သူတို့ လုံးဝ စိတ်မဝင်စား ကြချေ။
သေချာသည် ကတော့ ကျန်းချဲ့ တို့ ခုနစ်ယောက် က ထို နောက်ဆုံး နေရာ များကို စိတ်မဝင်စား သော်လည်း တဖြည်းဖြည်း နှင့် လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက် လာသော အခြား သိုင်းပညာရှင် များ ကတော့ ထိုသို့ မဟုတ်ကြချေ။ အရင်ဆုံး ရောက်ရှိ နေသော ထို ခုနစ်ယောက် ကို သူတို့ လုံးဝ မစော်ကား ရဲကြရာ သူတို့၏ ပစ်မှတ် များ က အလိုအလျောက် ပင် ထို နောက်ဆုံး နေရာ သုံးခု အပေါ်သို့ ရောက်ရှိ သွားကြလေသည်။
မျက်တောင် တစ်ခတ် အတွင်းမှာပင် ရွှေအမြုတေ အဆင့် သိုင်းသခင် အများအပြား သည် ဟွမ်ဖူပုလင်း တို့ ရှိရာသို့ တိုက်ရိုက် ပြေးဝင် သွားကြပြီး ပိုမို ကြီးမား ကျယ်ပြန့်သော အုပ်စုဖွဲ့ သတ်ပွဲ ကြီး တစ်ခု ချက်ချင်း စတင် သွားခဲ့လေတော့သည်။
တစ်ချိန်တည်း မှာပင် ကျန်းချဲ့ နှင့် ချူဟယ် တို့ ကြားရှိ အသေအလဲ တိုက်ပွဲ ကြီး မှာလည်း အထွတ်အထိပ် သို့ ရောက်ရှိ နေလေပြီ။
အစစ်အမှန် နဂါး ဓမ္မရုပ်တု ကြီး နှင့် မိစ္ဆာ နတ်ဘုရား အရိပ် ကြီး တို့ အဆက်မပြတ် ယှက်နွှယ် တိုက်ခိုက် နေကြပြီး ယင်ယန် မိစ္ဆာမီးတောက် များ ကလည်း တိုက်ပွဲ ဧရိယာ ပေတစ်ရာကျော် ခန့် ကို မီးပင်လယ် ကြီး တစ်ခု အဖြစ် ဖန်တီး ထားလေသည်။ ဤမျှလောက် အထိ အတိုင်းအဆ မရှိ ပျံ့နှံ့ နေသော မိစ္ဆာမီးတောက် များ ကြောင့် ချူဟယ် ၏ မျက်မှောင် အလွန် ကျုံ့သွားပြီး မသေးငယ်သော ဖိအား ကြီး တစ်ခုကို ခံစား နေရလေသည်။
မိစ္ဆာမီးတောက် ၏ လောင်ကျွမ်း မှု ကို ခုခံ ရန် အတွက် သူ၏ အာရုံ များကို အတင်းအကျပ် ခွဲဝေ အသုံးပြု နေရလေသည်။
ထို့အပြင် မီးတောက် များ ပိုမို ကြီးမား လာသည် နှင့် အမျှ ချူဟယ် ၏ ရင်ထဲတွင် လည်း အသိအမြင် တစ်ခု ပေါ်လာလေသည်။ ၎င်းမှာ အချိန်တို အတွင်း ကျန်းချဲ့ ကို အရေးနိမ့် အောင် မလုပ်နိုင် ပါက ယင်ယန် မိစ္ဆာမီးတောက် ၏ လောင်ကျွမ်း မှု ကြောင့် သူ လွတ်မြောက် ရန် ပင် ခက်ခဲ သွားနိုင်သည် ဟူသော အချက် ပင်ဖြစ်သည်။
ဤအချက် ကို တွေးမိပြီးနောက် ချူဟယ် သည် လုံးဝ ဖုံးကွယ် ထားခြင်း မရှိတော့ဘဲ ရွှေအမြုတေ စွမ်းအင် များကို အစွမ်းကုန် အသုံးပြု ကာ ရုပ်ခန္ဓာ အပေါ်တွင် ပေါင်းစပ် လိုက်လေသည်။ အလွန် ကြောက်မက်ဖွယ် ကောင်းသော ကောင်းကင်ယံ နတ်သုံးခွလှံ ကြီးကို ဝှေ့ယမ်း ကာ ကျန်းချဲ့ ရှိရာသို့ အဆက်မပြတ် ရိုက်ချ လေတော့သည်။
သူ၏ ခြေလှမ်း ရွှေ့ပြောင်း မှု မှာလည်း အလွန် လျင်မြန် လှပြီး နေရာ ရွှေ့ပြောင်း ခြင်း နှင့် ပင် မခြားနား တော့ချေ။ ကျန်းချဲ့ မည်သည့် နေရာတွင် ပေါ်လာ သည် ဖြစ်စေ သူ က မျက်တောင် တစ်ခတ် အတွင်း အနီးသို့ ရောက်ရှိ သွားလေသည်။
"ဒိုင်း..."
ကပ်ဆိုးတစ်သောင်း မိစ္ဆာဓား နှင့် ကောင်းကင်ယံ နတ်သုံးခွလှံ ကြီး တို့ အဆက်မပြတ် ရိုက်ခတ် နေကြပြီး ယခုအခါ တွင် ကျန်းချဲ့ နှင့် ချူဟယ် တို့ နှစ်ယောက် စလုံး မှာ တစ်ကိုယ်လုံး ကို နတ်သံချပ်ကာ များ ဖြင့် လွှမ်းခြုံ ထားကာ မျဉ်းပြိုင် လွင့်မျော နေသော ကြယ်ပျံ နှစ်ခု အလား အဆက်မပြတ် ယှက်နွှယ် တိုက်ခိုက် နေကြလေသည်။
ကြောက်မက်ဖွယ် ကောင်းသော ပေါက်ကွဲသံ ကြီး များ က လေဟာနယ် ထက်တွင် အဆက်မပြတ် ပဲ့တင်ထပ် နေလေသည်။
တိုက်ခိုက် လိုက်တိုင်း လေဟာနယ် တစ်ခုလုံး လှိုင်းဂယက် များ ထ သွားပြီး တုန်ခါ နေလေသည်။
သိုင်းလျှို့ဝှက်နယ်မြေ ၏ သေးငယ်သော ကမ္ဘာ လေး တွင် ခံနိုင်ရည် အတိုင်းအတာ တစ်ခု ရှိနေကြောင်း ထင်ရှား လှပေသည်။ ကျန်းချဲ့ နှင့် ချူဟယ် တို့ မှာ သာမန် ရွှေအမြုတေ အဆင့် သိုင်းသခင် များ မဟုတ်ကြဘဲ ရှန်ရှန်းအဆင့် မဟာသိုင်းသခင် ကြီး များနှင့် ပင် ယှဉ်ပြိုင် နိုင်သော စွမ်းအား ကို ကိုယ်စီ ပိုင်ဆိုင် ထားကြသူများ ဖြစ်လေသည်။
သူတို့ ၏ တိုက်ပွဲ သည် မဟာသိုင်းသခင် ကြီး နှစ်ယောက် အသေအလဲ တိုက်ခိုက် နေသည် နှင့် လုံးဝ ခြားနား ခြင်း မရှိချေ။
သူတို့ ၏ တိုက်ခိုက် မှု ကြောင့် ဖြစ်ပေါ် လာသော ပျက်စီး မှုများ မှာလည်း အလွန် ကြောက်စရာ ကောင်းလှပေသည်။
အခြား တစ်ဖက် တွင်တော့ ဆန်းကျန့် ဘုန်းကြီး နှင့် လီရွှမ်ကျန်း တို့ ၏ တိုက်ပွဲ မှာလည်း အတူတူ ပင် ဖြစ်လေသည်။ ချန်ဖျင်၊ လုကျဲယွင် တို့ အပါအဝင် အလွန် ကြောက်မက်ဖွယ် ကောင်းသော စစ်မြေပြင် သုံးခု ဖြစ်ပေါ် လာပြီး လျှို့ဝှက်နယ်မြေ အတွင်း တွင် တားမြစ် နယ်မြေ သုံးခု အဖြစ် ပြောင်းလဲ သွားခဲ့လေသည်။
အခြားသော ရွှေအမြုတေ အဆင့် သိုင်းသခင် အားလုံး မှာ သူတို့ ၏ တိုက်ပွဲ မှ ရှောင်ရှား ရန် အတွက် အလျင်စလို နေရာ ဖယ်ပေး လိုက်ကြရလေသည်။
သို့သော် ဤ အထဲတွင် ခြွင်းချက် လည်း ရှိနေလေသည်။
၎င်းမှာ တိုက်ပွဲ အတွင်းသို့ ဝင်ရောက် လာသော ဗုဒ္ဓဘာသာဂိုဏ်း မှ သိုင်းသခင် အချို့ ပင်ဖြစ်သည်။ သူတို့ က အလွန် ကြီးမားသော အစီအရင် ကြီး တစ်ခု ကို ဖွဲ့စည်း ကာ ဆန်းကျန့် ဘုန်းကြီး ကို ကူညီ ၍ လီရွှမ်ကျန်း ကို ဖိနှိပ် ရန် ကြိုးစား ကြလေသည်။
တန်ပြန် တိုက်ခိုက် မှု အနေဖြင့် အခြားသော တာအိုဂိုဏ်း မှ သိုင်းသခင် များ လည်း လုံးဝ အလျှော့မပေး ဘဲ ဗုဒ္ဓဘာသာဂိုဏ်း ၏ အစီအရင် ကို အတင်းအကျပ် ဝင်ရောက် ဟန့်တား ကြလေသည်။ ဤ စွမ်းအား ကလည်း မဟာသိုင်းသခင် ကြီး များ နှင့် ယှဉ်ပြိုင် နိုင်စွမ်း ရှိလေသည်။
မကြာမီ မှာပင် ချီရှောက်ယန် လည်း လျှို့ဝှက်နယ်မြေ အတွင်းသို့ ရောက်ရှိ လာခဲ့လေသည်။ ကျန်းချဲ့ နှင့် ချူဟယ် တို့ ၏ အလွန် ကြောက်မက်ဖွယ် ကောင်းသော တိုက်ပွဲ ကြီး ကို မြင်လိုက် ရသော အခါ လုံးဝ တွေဝေ နေခြင်း မရှိဘဲ နတ်လက်နက် ကို ထုတ်ယူ ကာ ကျန်းချဲ့ ကို ကူညီ ရန် ချက်ချင်း ပြင်ဆင် လိုက်လေသည်။
သို့သော် ကျန်းချဲ့ ၏ ဟန့်တား မှုကို ချက်ချင်း ခံလိုက် ရပြီး အပြင်ဘက် တွင် သာ ရပ်ကြည့် နေရန် အမိန့်ပေး လိုက်လေသည်။
တိုက်ပွဲ ၏ အလယ် ဗဟို တွင် ရှိနေမှ သာ ချူဟယ် ၏ စွမ်းအား မည်မျှ အထိ ကြီးမား ကြောင်း ကို ကောင်းစွာ နားလည် နိုင်မည် ဖြစ်လေသည်။ ကျန်းချဲ့ ကိုယ်တိုင် ပင်လျှင် တစ်ဖက်လူ ကို ဖိနှိပ် နိုင်ရန် အတွက် အစွမ်းကုန် ကြိုးစား နေရရာ ချီရှောက်ယန် ကို လုံးဝ ဂရုစိုက် နိုင်စွမ်း မရှိချေ။
ထို့အပြင် ယင်ယန် မိစ္ဆာမီးတောက် များ လွင့်စင် ထွက်သွား ပါက ရန်သူ နှင့် မိတ်ဆွေ ကို ခွဲခြား နိုင်မည် မဟုတ်ချေ။
သူ့ အနေဖြင့် ချီရှောက်ယန် ကို ဤ ကိစ္စ များ ကြောင့် ထိခိုက် ဒဏ်ရာ ရသွား မည်ကို လုံးဝ မလိုလား ချေ။
အရေးအကြီးဆုံး အချက် ကတော့ ယခုအချိန် တွင် ကျန်းချဲ့ က အပေါ်စီး မှ နေရာယူ ထားနိုင်ခြင်း ပင်ဖြစ်သည်။
ချူဟယ် ၏ မာန ကို အပြည့်အဝ ရိုက်ချိုး ပစ်နိုင် မည်ဟု သူ အပြည့်အဝ ယုံကြည် ထားလေသည်။
မှန်ပါသည် ချူဟယ် ၏ စွမ်းအား မှာ အလွန် ကြီးမား လေသည်။ ရှန်ရှန်း အစောပိုင်း အဆင့် ရှိသော မဟာသိုင်းသခင် ကြီး များနှင့် ပင် တိုက်ရိုက် ယှဉ်ပြိုင် နိုင်စွမ်း ရှိသော်လည်း ကျန်းချဲ့ ကတော့ သူ့ထက် အများကြီး ပိုမို ကြောက်စရာ ကောင်းလှပေသည်။ မဟာသိုင်းသခင် ကြီး များကို ကိုယ်တိုင် ကိုယ်ကျ သတ်ဖြတ် ခဲ့ဖူးသော တိုက်ပွဲ ရလဒ် မျိုး ပိုင်ဆိုင် ထားသူ တစ်ယောက် ဖြစ်လေသည်။
ယင်ယန် မိစ္ဆာမီးတောက်... ချီစွမ်းအင် နှင့် ရုပ်ခန္ဓာ ပေါင်းစပ် ကျင့်ကြံ ခြင်း... ထို့အပြင် နတ်လက်နက် ကြီး နှစ်ခု ဖြစ်သော တိုက်ခိုက်ရေး နှင့် ကာကွယ်ရေး လက်နက်များ နောက်ထပ် ဓမ္မရုပ်တု ၏ အကူအညီ များ ပါဝင် လာသော အခါ အစွမ်းကုန် ထုတ်ဖော် လိုက်သော ကြောက်မက်ဖွယ် စွမ်းအား ကြီး က ချူဟယ် ကို တိုက်ရိုက် ဖိနှိပ် ထားနိုင် ခဲ့လေသည်။
ဤ အခြေအနေ က ချူဟယ် ၏ မျက်နှာ ကို အလွန် အရုပ်ဆိုး အကျည်းတန် သွားစေခဲ့လေသည်။
မူလက သူ သည် ရွှေအမြုတေ အဆင့် တွင် လုံးဝ ပြိုင်ဘက်ကင်း သည် ဟု အလွန် မာနထောင်လွှား နေခဲ့ပြီး ကျန်းချဲ့ နှင့် တိုက်ရိုက် မရင်ဆိုင် ရသေးမီ အချိန်ထိ ကျန်းချဲ့ ကို လုံးဝ မျက်လုံးထဲ ထည့်မထား ခဲ့ချေ။ သူ၏ တစ်ဦးတည်းသော ပြိုင်ဘက် မှာ လီရွှမ်ကျန်း နှင့် ဆန်းကျန့် ဘုန်းကြီး တို့ သာ ဖြစ်သည် ဟု ထင်မှတ် နေခဲ့လေသည်။
သို့သော် တကယ်တမ်း တိုက်ခိုက် ကြည့်လိုက်သော အခါမှသာ သူ ယခင်က တွေးတော ထားမှု များ မည်မျှ အထိ မှားယွင်း နေကြောင်း ကို ကောင်းစွာ သဘောပေါက် သွားခဲ့ရလေသည်။
ကျန်းချဲ့ ၏ ကြောက်မက်ဖွယ် ကောင်းမှု က သူ ထင်ထား သည်ထက် အများကြီး သာလွန် နေလေသည်။
ယင်ယန် မိစ္ဆာမီးတောက် များ က တိုက်ပွဲ ဧရိယာ တစ်ခုလုံး ကို မီးပင်လယ် ကြီး အဖြစ် ဖန်တီး ထားသဖြင့် သူ သည် အဆက်မပြတ် ခုခံ နေရပြီး အစွမ်းကုန် မတိုက်ခိုက် နိုင်အောင် ဖြစ်နေရလေသည်။ ကျန်းချဲ့ ၏ နတ်လက်နက် ကြီး နှစ်ခု ကြောင့် လည်း သူ၏ တိုက်ကွက် များက ကျန်းချဲ့ ကို အနည်းငယ် လေးမျှ ပင် ထိခိုက် အောင် မလုပ်နိုင် ခဲ့ချေ။
ထို့အပြင် သူ့ထက် လုံးဝ မညံ့သော ဓမ္မရုပ်တု လည်း ရှိနေသေး သည် မဟုတ်ပါလား။
တိုက်ပွဲ စတင်ပြီး အသက်ရှူ အကြိမ်ရေ ရာဂဏန်း မျှ သာ ကြာသေး သော်လည်း သူ သည် အပြတ်အသတ် အောက်စီး သို့ ရောက်ရှိ နေခဲ့ပြီ ဖြစ်လေသည်။
သူတို့ နှစ်ယောက် ၏ အကြိတ်အနယ် တိုက်ပွဲ ကြီး က ပြင်ပ တွင် လာရောက် ကြည့်ရှု နေကြသော လူအားလုံး ကို အကြီးအကျယ် အံ့အားသင့် မှင်သက် သွားစေခဲ့လေသည်။
သူတို့ သည် တိုက်ပွဲ အတွင်း ကိုယ်တိုင် ပါဝင် နေရခြင်း မဟုတ်သော်လည်း အပြင်ဘက် မှ ကြည့်နေရုံ ဖြင့် ပင် ထို တိုက်ပွဲ ၏ ကြောက်မက်ဖွယ် ကောင်းမှု ကို ကောင်းစွာ ခံစား နေကြရလေသည်။ တိုက်ခိုက် လိုက်တိုင်း လေဟာနယ် တုန်ခါ သွားမှု က လူအများအပြား ၏ ရင်ဘတ် ကို စောင့်ကန် လိုက်သည့် အလား ပင်ဖြစ်သည်။
"တကယ်ကို ကြောက်စရာ ကောင်းလွန်းတယ်..."
"ကျန်းချဲ့နဲ့ ချူဟယ်တို့က တကယ်ပဲ ရွှမ်တန်အဆင့် သိုင်းသခင်တွေ ဟုတ်ရဲ့လား သူတို့က ရှန်ရှန်းအဆင့် မဟာသိုင်းသခင်ကြီးတွေကိုတောင် ရင်ဆိုင်နိုင်စွမ်း ရှိနေသလို ခံစားရတယ်..."
"ရင်ဆိုင်နိုင်တယ် ဟုတ်လား ဟဲဟဲ သူတို့ရဲ့ စွမ်းအားနဲ့ဆိုရင် သာမန် ရှန်ရှန်း အစောပိုင်းအဆင့် မဟာသိုင်းသခင် ကြီးတွေတောင် သူတို့ရဲ့ ပြိုင်ဘက် မဟုတ်လောက်ဘူး..."
တစ်စုံတစ်ယောက် က ရုတ်တရက် ဝင်ရောက် ငြင်းဆန် လိုက်လေသည်။
"မင်းက ဘယ်လိုသိတာလဲ..."
"ဘာလို့လဲဆိုတော့ ကျုပ် ကိုယ်တိုင်က ရှန်ရှန်းအဆင့် မဟာသိုင်းသခင် တစ်ယောက် ဖြစ်နေလို့ပဲ ပြီးတော့ သူတို့ နှစ်ယောက်ရဲ့ တိုက်ကွက်ကို ကျုပ် ကိုယ်တိုင်တောင် ခုခံနိုင်စွမ်း မရှိဘူးလို့ ခံစားနေရတယ်..."
ဤ စကား ကို ကြားလိုက် ရသည် နှင့် ပတ်ဝန်းကျင် တစ်ခုလုံး ချက်ချင်း တိတ်ဆိတ် ငြိမ်သက် သွားခဲ့ရလေသည်။
"အဲ့ဒီတုန်းကတည်းက ဒီကောင်လေးကို သတ်ပစ်ခဲ့သင့်တာ..."
လေဟာနယ် ထက်တွင် ရှိနေသော ကောင်းကင်လင်းယုန် ဓမ္မမင်းကြီး နန်ကုန်းကျီ ၏ မျက်နှာ မှာ အလွန် အရုပ်ဆိုး အကျည်းတန် နေပြီး ရင်ထဲတွင် လည်း ကျန်းချဲ့ ကို စောစောစီးစီး မသတ်ပစ် ခဲ့မိသည် ကို အကြီးအကျယ် နောင်တရ နေလေသည်။ လက်ရှိ အခြေအနေ အရ ဆိုလျှင် ချူဟယ် သည် ကျန်းချဲ့ ၏ ပြိုင်ဘက် လုံးဝ မဟုတ်တော့ ကြောင်း ထင်ရှား နေလေပြီ။
အကယ်၍ ဤအတိုင်း သာ ဆက်သွားမည် ဆိုပါက ချင်းထျန်းဂိုဏ်း ၏ အစီအစဉ် ကြီး များ အားလုံး ရေစုန် မျောသွား ရမည် မှာ အသေအချာ ပင်ဖြစ်သည်။
အခန်း (၃၄၄) ယင်ယန်မိစ္ဆာနဂါး... ချူဟယ် ရှုံးနိမ့်ခြင်း
'တော်တဲ့ကောင်လေးပဲ... ဒီအိုကြီးက သူ့ကို အထင်သေးမိတာကိုး...'
သိုင်းလျှို့ဝှက်နယ်မြေ အတွင်း၌ ကျန်းချဲ့ ထုတ်ဖော်ပြသလိုက်သော ကြောက်မက်ဖွယ် စွမ်းအားများကို ကြည့်ရင်း အတွေ့အကြုံများပြားလှသော အကြီးအကဲချုပ် ချီထျန်းကျုံး ပင်လျှင် ရင်ထဲ၌ အလွန်အမင်း အံ့အားသင့် ချီးကျူးသွားမိလေသည်။
ကျန်းချဲ့၏ စွမ်းအားမှာ သူ ခန့်မှန်းထားသည်ထက် အဆပေါင်းများစွာ သာလွန်နေခဲ့လေပြီ။
သူ ထုတ်ဖော်နေသော တိုက်ခိုက်မှု စွမ်းအားများမှာ ရှန်ရှန်းအဆင့် မဟာသိုင်းသခင်ကြီးများ၏ အဆင့်အတန်းသို့ အပြည့်အဝ ရောက်ရှိနေလေသည်။
အကယ်၍ ကျန်းချဲ့သာ ရှန်ရှန်းအဆင့်သို့ တက်လှမ်းသွားပါက သူ၏ စွမ်းအားများမှာ မည်မျှအထိ ကြောက်စရာကောင်းလာမည်နည်း ဟုပင် ချီထျန်းကျုံး တွေးတောနေမိလေသည်။
ထိုအချိန်ကျလျှင် စစ်မှန်သောသခင်အဆင့် စွမ်းအားရှိသူများမှလွဲ၍ မည်သူကမျှ ကျန်းချဲ့ကို အနိုင်ယူနိုင်မည်ဟု အလွယ်တကူ ဝင့်ကြွားရဲတော့မည် မဟုတ်ချေ။
တစ်ချိန်တည်းမှာပင် သိုင်းလျှို့ဝှက်နယ်မြေ အတွင်းမှ အကြိတ်အနယ် တိုက်ပွဲကြီးများကို ကြည့်ရင်း တုန်လှုပ်နေသူမှာ နန်ကုန်းကျီ နှင့် ချီထျန်းကျုံး တို့သာ မဟုတ်ဘဲ လာရောက်ကြည့်ရှုနေကြသော သိုင်းပညာရှင် အားလုံးမှာလည်း အလွန်အမင်း မှင်သက် အံ့အားသင့် နေကြလေသည်။
ရှန့်ဟိုင် မြို့တော်ဝန် ရှန်ယွမ် ပင်လျှင် ဤမြင်ကွင်းကို ကြည့်ရင်း အံ့အားသင့်မှုများ ပေါ်လွင်နေလေသည်။
သူ၏ အမြင်အရ ဆိုလျှင် သူ ငယ်ရွယ်စဉ် အချိန်က ပင် ကျန်းချဲ့ နှင့် ဆန်းကျန့် ဘုန်းကြီး တို့ကို လုံးဝ မီနိုင်လိမ့်မည် မဟုတ်ချေ။
ဆန်းကျန့် ဘုန်းကြီးမှာ ဗုဒ္ဓဘာသာဂိုဏ်းက သိုင်းလောက စည်းမျဉ်းများကို ချိုးဖောက်ကာ ဗောဓိသတ် ဝင်စားသူ တစ်ပါးကို စေလွှတ်၍ ဤတစ်ကြိမ် သိုင်းပညာပြိုင်ပွဲ၏ ကံကြမ္မာ အရင်းအမြစ်များကို လုယူရန် ကြံစည်ထားသဖြင့် စွမ်းအား ကြီးမားနေခြင်းမှာ ယုတ္တိရှိလှပေသည်။
သို့သော် ကျန်းချဲ့ ကတော့ လုံးဝ ကွာခြားလေသည်။
သူသည် အစောပိုင်းက ကောင်းကင်မျက်လုံးကို အသုံးပြု၍ ကျန်းချဲ့ကို အကဲခတ် ကြည့်ရှုခဲ့သော်လည်း ဝင်စားသူ တစ်ယောက် ဖြစ်ကြောင်း မည်သည့် သဲလွန်စကိုမျှ မတွေ့ရှိခဲ့ရချေ။ ဤသည်ကမှ အမှန်တကယ် ထိတ်လန့်စရာ အကောင်းဆုံး ပင်ဖြစ်သည်။ အကယ်၍ ကျန်းချဲ့သည် ဝင်စားသူ တစ်ယောက် မဟုတ်ပါက...
နှစ်အနည်းငယ် တိုတိုလေး အတွင်းမှာ သူက ဤမျှလောက် ကြောက်စရာကောင်းသော အဆင့်တစ်ခုသို့ ဘယ်လိုလုပ် ရောက်ရှိလာခဲ့သနည်း။
ရှန်ယွမ် မျက်မှောင်ကျုံ့သွားပြီး မည်မျှပင် စဉ်းစားသော်လည်း အဖြေရှာ၍ မရနိုင်အောင် ဖြစ်နေလေသည်။
သူ၏ ရင်ထဲတွင် အတွေးတစ်ခုပင် ဖြတ်ပြေးသွားခဲ့သေးသည်။
ဆရာသခင် ကိုယ်တိုင် လာရောက် ကြည့်ရှုမှသာ ကျန်းချဲ့၏ အစစ်အမှန် နောက်ခံကို သိရှိနိုင်မည်ဟု ထင်မှတ်မိလေသည်။
သို့သော် နှမြောစရာ ကောင်းသည်မှာ ဆရာသခင်သည် လောကီရေးရာများကို စွန့်လွှတ်ကာ တံခါးပိတ် နေထိုင်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်ပြီး သိုင်းလောကတွင် သူ၏ တည်ရှိမှုကို သိရှိသူမှာ လက်ချိုးရေတွက်၍ ရလောက်အောင်ပင် နည်းပါးလှပေသည်။ လူငယ်များ၏ တိုက်ပွဲများကို လာရောက် ကြည့်ရှုရန် ဆိုသည်မှာ ပို၍ပင် စိတ်ဝင်စားမည် မဟုတ်ချေ။
တိုက်ရိုက်ပင် ငြင်းဆန်ထားခဲ့ပြီး ဖြစ်လေသည်။
အချိန်ခဏမျှ တွေးတောပြီးနောက် ရှန်ယွမ်သည် အချိန်ကို တွက်ချက်ကြည့်လိုက်ရာ လက်ဖက်ရည်တစ်ခွက်စာ အချိန် ပြည့်သွားပြီ ဖြစ်ကြောင်း တွေ့ရှိလိုက်ရသဖြင့် လက်တစ်ချက် ဝှေ့ယမ်းလိုက်လေသည်။
ပွင့်ဟနေသော သိုင်းလျှို့ဝှက်နယ်မြေ ၏ တံခါးကြီးမှာ ဖြည်းညင်းစွာ ပိတ်သွားလေတော့သည်။
ဤမြင်ကွင်းကို ကြည့်ရင်း ကောင်းကင်လှေကားထစ် ပေါ်တွင် တက်လှမ်းနေဆဲ ဖြစ်သော သိုင်းသခင် အများအပြား၏ မျက်နှာပေါ်တွင် အလွန် စိတ်ပျက် အားငယ်သော အမူအရာများ ပေါ်လွင်သွားကြလေသည်။
သူတို့သည် အလွန်အမင်း ပင်ပန်းဆင်းရဲစွာ ကြိုးစား တက်လှမ်းခဲ့ကြသော်လည်း လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်ခွင့် ပင် မရရှိခဲ့ကြချေ။
ထို ပြိုင်ဘက်ကင်း ပါရမီရှင်များနှင့် လက်ရည်စမ်းသပ်ရန် ဆိုသည်မှာ ဝေလာဝေး ပင်ဖြစ်သည်။
သိုင်းလျှို့ဝှက်နယ်မြေ အတွင်း။
အကြိတ်အနယ် တိုက်ပွဲကြီး၏ အလယ်ဗဟိုတွင်...
ခံစားချက်ကင်းမဲ့သော အသံကြီး တစ်ခုက ကောင်းကင်နှင့် မြေကြီး အကြား ပဲ့တင်ထပ်သွားလေသည်။
"သိုင်းလျှို့ဝှက်နယ်မြေရဲ့ တံခါး ပိတ်သွားပြီ... နောက်ထပ် တစ်နာရီကြာရင် ကျောက်စိမ်းစင်မြင့်ကို နေရာယူနိုင်တဲ့သူတွေက ထိပ်ဆုံးဆယ်ယောက် စာရင်းဝင်ပဲ..."
ဤစကားကို ကြားလိုက်ရသည်နှင့် အတွင်း၌ ရှိနေကြသော လူအားလုံး ချက်ချင်း လှုပ်လှုပ်ရွရွ ဖြစ်သွားကြလေသည်။ ဤတစ်ကြိမ် ပြိုင်ပွဲမှာ ယခင် အကြိမ်များနှင့် လုံးဝ မတူညီကြောင်း အားလုံး ရိပ်မိသွားကြလေသည်။ ယခင်က ကျင်းပခဲ့သော သိုင်းပညာပြိုင်ပွဲများတွင် နောက်ဆုံး အချိန်ရောက်မှသာ အဆုံးအဖြတ် တိုက်ပွဲ ဝင်လေ့ ရှိကြလေသည်။
မူလက လူအချို့သည် ဘေးမှနေ၍ ပွဲကြည့်ကာ အခွင့်ကောင်း ဝင်ယူရန် ရည်ရွယ်ထားသဖြင့် တိုက်ပွဲ ဗဟိုချက်မှ အဝေးသို့ ရှောင်ထွက် နေခဲ့ကြလေသည်။
သို့သော် ယခုအခါတွင်တော့ သူတို့ အနေဖြင့် ဆက်လက် ပုန်းအောင်း နေ၍ မရနိုင်တော့ချေ။
အဘယ်ကြောင့်ဆိုသော် သူတို့တွင် အချိန် တစ်နာရီသာ ရရှိတော့သောကြောင့် ပင်ဖြစ်သည်။
အကယ်၍ ဤ အချိန် အတွင်း ကျောက်စိမ်း စင်မြင့် တစ်ခုကို မလုယူ နိုင်ပါက ပြိုင်ပွဲမှ တိုက်ရိုက် ထွက်ခွာ ရမည်နှင့် အတူတူပင် ဖြစ်လေသည်။
အားလုံးက အုပ်စုဖွဲ့ သတ်ပွဲကြီး အတွင်းသို့ ချက်ချင်း ပြေးဝင်သွားကြလေသည်။
ထိုအထဲတွင် အခက်ခဲဆုံး ဖြစ်နေသူမှာ ချီရှောက်ယန် ပင်ဖြစ်သည်။ သူသည် မူလက ကျန်းချဲ့ကို ကူညီရန် ရည်ရွယ်ထားခဲ့သော်လည်း ယောက်ဖဖြစ်သူ၏ စွမ်းအားက အလွန် ကြောက်စရာ ကောင်းလွန်းနေသဖြင့် သူ၏ အကူအညီကို လုံးဝ မလိုအပ်ချေ။ ယခုအခါ သူ ကိုယ်တိုင် ဝင်ပါရမည်လား...
သို့မဟုတ် ကျန်းချဲ့၏ အမိန့်ကိုသာ ဆက်လက် စောင့်ဆိုင်း နေရမည်လား ဆိုသည်ကို တွေဝေနေမိလေသည်။
အခြားတစ်ဖက်တွင်တော့...
စစ်မြေပြင် သုံးခု၏ အခြေအနေမှာ အမြင့်ဆုံး အထွတ်အထိပ်သို့ ရောက်ရှိ နေလေပြီ။
လုကျဲယွင် သည် တစ်ယောက်တည်းဖြင့် နှစ်ယောက်ကို ရင်ဆိုင်နေရသဖြင့် အောက်စီးသို့ ရောက်ရှိနေသော်လည်း သူ၏ ကိုယ်ပိုင် အခြေခံ အုတ်မြစ်မှာ အလွန် ခိုင်မာ တောင့်တင်း သဖြင့် လုံးဝ ရှုံးနိမ့်သွားမည့် အရိပ်အယောင် မရှိသေးချေ။ သူ၏ လျင်မြန်လှသော ကိုယ်ဖော့ပညာ ဖြင့် ကျန်းဖျင် နှင့် ချန်ဖျင် တို့ နှစ်ယောက်ကြားတွင် အဆက်မပြတ် ရှောင်တိမ်း တိုက်ခိုက် နေလေသည်။
ဆန်းကျန့် ဘုန်းကြီး နှင့် လီရွှမ်ကျန်း တို့၏ တိုက်ပွဲ တွင်တော့ နတ်စွမ်းရည် လျှို့ဝှက် နည်းလမ်း မျိုးစုံကို အဆုံးအစွန် အထိ ထုတ်ဖော် အသုံးပြု နေကြသော်လည်း... လီရွှမ်ကျန်း သည် အောက်စီးသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းကို လူတိုင်း ကောင်းစွာ မြင်တွေ့ နေရလေသည်။ သူ၏ မိုးကြိုး လျှပ်စီး စွမ်းအင်များမှာ အလွန် ကြောက်စရာ ကောင်းသော်လည်း...
ဆန်းကျန့် ဘုန်းကြီး ၏ ဓမ္မခန္ဓာ က ပိုမို အစွမ်းထက် နေလေသည်။
ဧရာမ ရွှေရောင် ဓမ္မရုပ်တု ကြီး တစ်ခုက သူ့ကို အပြည့်အဝ လွှမ်းခြုံ ကာကွယ် ထားပြီး လုံးဝ ရှုံးနိမ့်နိုင်စွမ်း မရှိသည့် အလား ပင်ဖြစ်သည်။
ပတ်ဝန်းကျင်မှ ထွက်ပေါ်နေသော ဗုဒ္ဓဘာသာ တရားရွတ်သံ များ ကလည်း...
အခြားသော နတ်စွမ်းရည် တစ်ခု အလား လီရွှမ်ကျန်း ကို အဆက်မပြတ် ဖိအားပေး နေသဖြင့် ခံစစ်ကိုသာ အဓိကထား နေရလေသည်။
အသနားဆုံးနှင့် အဆိုးရွားဆုံး အခြေအနေ သို့ ရောက်ရှိ နေသူမှာတော့ နောက်ဆုံး စစ်မြေပြင် မှ ကျန်းချဲ့ နှင့် ချူဟယ် တို့ ၏ တိုက်ပွဲ ပင်ဖြစ်သည်။ တိုက်ပွဲ အချိန် ကြာလာသည်နှင့် အမျှ ယင်ယန် မိစ္ဆာမီးတောက် များ က ပိုမို ကြောက်စရာ ကောင်းလာပြီး ချူဟယ် အနေဖြင့် မိစ္ဆာမီးတောက် များကို ခုခံရန် စွမ်းအား များကို ပိုမို ခွဲဝေ သုံးစွဲ နေရလေသည်။
ထို့အပြင် သူ၏ ကိုယ်ပိုင် စွမ်းအား မှာလည်း ကျန်းချဲ့ ကို လုံးဝ မယှဉ်နိုင် သဖြင့် အလွန် သနားစရာ ကောင်းအောင် ဖိနှိပ် ခံနေရလေသည်။
ကိုယ်ပေါ်ရှိ နတ်သံချပ်ကာ ကြီး ပင်လျှင် နေရာ အနှံ့ အက်ကွဲရာ များ ဖြစ်ပေါ် နေလေပြီ။
မျက်နှာထား မှာလည်း သံမဏိ အလား မည်းမှောင် နေပြီး အလွန် အရုပ်ဆိုး အကျည်းတန် နေလေသည်။
"ကျန်းချဲ့ မင်း ယောက်ျားစစ်ရင် ဒီမီးပင်လယ်ကို ရုပ်သိမ်းပြီး ငါနဲ့ ဓားချင်းယှဉ် သိုင်းချင်းယှဉ် တိုက်ကြစမ်းကွာ..."
ချူဟယ် က အသံကုန် ဟစ်အော် လိုက်ရာ အသံလှိုင်း များက အရပ်လေးမျက်နှာ သို့ ပဲ့တင်ထပ် သွားလေသည်။
ကျန်းချဲ့ ကတော့ ပန်းခြံ အတွင်း လမ်းလျှောက် နေသည့် အလား အလွန် အေးဆေး တည်ငြိမ်စွာဖြင့် အောက်ဘက်ရှိ ချူဟယ် ကို ငုံ့ကြည့် နေလေသည်။
ချူဟယ် ၏ တိုက်ခိုက်မှု များက ကျန်းချဲ့ ကို ဖိအား အနည်းငယ် ပေးနိုင် သော်လည်း ထို ဖိအားများ က ကျန်းချဲ့ ၏ မျက်နှာထား ကို ပြောင်းလဲ သွားစေရန် မလုံလောက်ချေ။ ချူဟယ် ၏ အော်ဟစ်သံ ကို ကြားပြီးနောက် ကျန်းချဲ့ က သူ့ကို စူးစိုက် ကြည့်ကာ...
"အခုချိန်ထိ တောင့်ခံထားနိုင်တာကိုပဲ မင်း ဂုဏ်ယူသင့်နေပြီကွာ..."
ဤ စကား တစ်ခွန်း က ချူဟယ် ၏ မာန ကို အကြီးအကျယ် ရိုက်ချိုး ပစ်လိုက်လေသည်။
အခုချိန်ထိ တောင့်ခံထားနိုင်တာ ဟုတ်လား...
သူများ တွေ မသိရင် သူက ကျန်းချဲ့ ထက် အများကြီး အားနည်း နေတယ်လို့ ထင်သွားမှာပေါ့...
ဒေါသ နှင့် လူသတ်ငွေ့ များ အထွတ်အထိပ် သို့ ရောက်ရှိ သွားပြီးနောက် ချူဟယ် သည် လုံးဝ သည်းခံ နိုင်စွမ်း မရှိတော့ချေ။ မိစ္ဆာမီးတောက် များကို ကာကွယ် ထားသော စွမ်းအား များကို ရုတ်တရက် ရုပ်သိမ်း လိုက်ပြီး မီးပင်လယ် ကြီး က သူ၏ တစ်ကိုယ်လုံး ကို လွှမ်းခြုံ သွားသည် ကို လုံးဝ ဂရုမစိုက် တော့ဘဲ သွားကို ကြိတ်ကာ ကျန်းချဲ့ ရှိရာသို့ တိုက်ရိုက် ပြေးဝင် လာလေတော့သည်။
အသက်ရှူ အကြိမ်ရေ တစ်ရာ...
ကာကွယ်ရေး ကို ရုပ်သိမ်း လိုက်ပြီးနောက် သူ သည် မီးပင်လယ် အတွင်း တွင် အသက်ရှူ အကြိမ်ရေ တစ်ရာ ခန့် သာ တောင့်ခံ နိုင်မည် ဖြစ်လေသည်။
အရှုံးအနိုင် ကို ဤ အချိန် အတွင်း တွင် အဆုံးအဖြတ် ခံယူ ရမည် ဖြစ်သည်။ အကယ်၍ သူသာ ကျန်းချဲ့ ကို အနိုင် မယူနိုင် ပါက လုံးဝ ရှုံးနိမ့် သွားပြီ ဟု ဝန်ခံ ရုံသာ ရှိတော့မည်။ မဟုတ်ပါက မိစ္ဆာမီးတောက် များ က သူ၏ ဝိညာဉ် အတွင်းသို့ အထိ ထိုးဖောက် ဝင်ရောက် လာမည် မှာ အသေအချာ ပင်ဖြစ်သည်။
"ကောင်းတယ်... မင်း ဆုံးဖြတ်ချက်ချလိုက်ပြီပေါ့လေ..."
ချူဟယ် အသက်စွန့် တိုက်ခိုက် လာသည် ကို မြင်သောအခါ ကျန်းချဲ့ လည်း လုံးဝ အချိန်ဆွဲ မနေ တော့ချေ။ ရင်ဘတ် အတွင်းမှ နဂါးဟိန်းသံ ကြီး များ ထွက်ပေါ် လာပြီး ခန္ဓာကိုယ် ပေါ်ရှိ အကြေးခွံ များ အားလုံး ရွှေရောင် အလင်းတန်း များ ဖြာထွက် လာကာ လက်ထဲရှိ ကပ်ဆိုးတစ်သောင်း မိစ္ဆာဓား ကို အတင်းအကျပ် ဆုပ်ကိုင် လိုက်လေသည်။
ထို့နောက် ကျန်းချဲ့ က ခြေတစ်လှမ်း ရှေ့သို့ တိုးလိုက်ပြီး ကောင်းကင် နှင့် မြေကြီး ၏ အရှိန်အဝါ များကို ရယူ လိုက်လေသည်။
သူ၏ အစွမ်းကုန် အပြင်းထန်ဆုံး ဓားချက် ကြီး ကို တိုက်ရိုက် ခုတ်ချ လိုက်လေတော့သည်။
ကောင်းကင် နှင့် မြေကြီး ကို ပင် ခွဲခြမ်း ပစ်နိုင်သော အရှိန်အဝါ ဖြင့် ခုတ်ပိုင်း လိုက်သော ဤ ဓားချက် ၏ စွမ်းအား မှာ အလွန် ကြောက်စရာ ကောင်းလှပေသည်။ ဤ အချိန် တွင် ကျန်းချဲ့ သည် ကောင်းကင်ကြီး ကို ကိုယ်တိုင် ခွဲခြမ်း ပစ်လိုက်သည့် အလား ပင်ဖြစ်သည်။ ပေတစ်ရာ ခန့် ကြီးမားသော အနက်ရောင် ဓားအလင်းတန်း ကြီး တစ်ခု က ကောင်းကင်ယံ မှ တိုက်ရိုက် ကျဆင်း လာပြီး ကောင်းကင် ဒဏ်ခတ် မှု ကြီး တစ်ခု နှင့် အလွန် တူညီ နေလေသည်။
"ဟား..."
ချူဟယ် က ရုတ်တရက် ကျယ်လောင်စွာ ဟစ်အော် လိုက်ပြီး လက်နှစ်ဖက် ကို အစွမ်းကုန် ဆန့်ထုတ် လိုက်လေသည်။ နောက်တစ်စက္ကန့် တွင် သူ၏ ခန္ဓာကိုယ် အတွင်းမှ အလွန် ပူပြင်း လောင်ကျွမ်း နေသော အလင်းတန်း ကိုးခု ချက်ချင်း ပွင့်ထွက် လာလေသည်။
'ယန်ကိုးပါး သူတော်စင် ခန္ဓာကိုယ်... ဖွင့်…’
မျက်တောင် တစ်ခတ် အတွင်း ယင်ယန် မီးပင်လယ် ကြီး ကို အတင်းအကျပ် တွန်းဖယ် ပစ်လိုက်ပြီး လေဟာနယ် ကြီး တစ်ခု အဖြစ် ဖန်တီး လိုက်လေသည်။ ယခု အချိန် တွင် ချူဟယ် သည် လောင်ကျွမ်း နေသော နေမင်း ကြီး တစ်စင်း အလား ဖြစ်နေပြီး ကြောက်မက်ဖွယ် မိစ္ဆာ အရှိန်အဝါ များကို သယ်ဆောင် ကာ ကောင်းကင်ထိုးဖောက် နတ်သုံးခွလှံ ကြီးကို အရှိန်အဟုန်ပြင်းစွာဖြင့် ရိုက်ချ လိုက်လေတော့သည်။
"ဝုန်း..."
အလွန် ကြောက်မက်ဖွယ် ကောင်းသော ပေါက်ကွဲသံ ကြီး တစ်ခု က လေဟာနယ် တစ်ခုလုံး တွင် ပဲ့တင်ထပ် သွားလေသည်။
နောက်ဆက်တွဲ လှိုင်းဂယက် ကြီး များ က အရပ်လေးမျက်နှာ သို့ လွှမ်းခြုံ သွားလေသည်။
လေဟာနယ် ကြီး ပင်လျှင် အကြီးအကျယ် တုန်ခါ သွားပြီး လှိုင်းတွန့် များ အဆက်မပြတ် ထွက်ပေါ် လာကာ...
အချိန်မရွေး ပေါက်ကွဲ ပျက်စီး သွားတော့မည့် အလား ပင်ဖြစ်သည်။
ဤသည်မှာ ချူဟယ် ၏ အဆုံးစွန် အထိ အစွမ်းကုန် ထုတ်ဖော် လိုက်သော တိုက်ခိုက်မှု ပင်ဖြစ်သည်။ ယန်ကိုးပါး သူတော်စင် ခန္ဓာကိုယ် ၏ စွမ်းအား ကို အတင်းအကျပ် အသုံးပြု ကာ ယခင် ကထက် အဆပေါင်းများစွာ ပိုမို ကြီးမားသော စွမ်းအား ကို ထုတ်လွှတ် လိုက်ခြင်း ပင်ဖြစ်သည်။ သို့သော် ဤကဲ့သို့ စွမ်းအင် များကို အတင်းအကျပ် ထုတ်ယူ အသုံးပြု ခြင်း က အချိန် ကြာလာ သည် နှင့် အမျှ သူတော်စင် ခန္ဓာကိုယ် ၏ မူလ အရင်းအမြစ် ကို အကြီးအကျယ် ထိခိုက် စေမည် မှာ အသေအချာ ပင်ဖြစ်သည်။
ထို့ကြောင့် ပင် ချူဟယ် သည် ဤ နည်းလမ်း ကို လုံးဝ အသုံးမပြု ခဲ့ခြင်း ဖြစ်လေသည်။
သို့သော် ကျန်းချဲ့ ၏ ဖိအား ပေးမှု က အလွန် ကြီးမား လွန်းနေသဖြင့် အကယ်၍ ဤ လျှို့ဝှက် နည်းလမ်း ကို အသုံးမပြု ပါက သူ လုံးဝ ရှုံးနိမ့် သွားမည် ဖြစ်ကြောင်း ကို အပြည့်အဝ နားလည် သဘောပေါက် နေလေသည်။
သူ လုံးဝ ရှုံးနိမ့် ၍ မဖြစ်ချေ။
သူ၏ မျက်လုံးထဲ လုံးဝ ထည့်မထား ခဲ့သော ကျန်းချဲ့ ကို ပို၍ပင် အရှုံးပေး လိုစိတ် မရှိချေ။
ပေါက်ကွဲ မှု ကြောင့် ဖြစ်ပေါ် လာသော နောက်ဆက်တွဲ လှိုင်းဂယက် ကြီး များ က ကျန်းသောင်းချီ အကွာအဝေး အထိ ပျံ့နှံ့ သွားပြီး သိုင်းသခင် အများအပြား ပင်လျှင် အကြီးအကျယ် ထိခိုက် ခဲ့ကြရလေသည်။ သွေးများ အန်ထွက် လာပြီး အလွန် အံ့အားသင့် ထိတ်လန့် နေသော မျက်နှာထား များ ဖြင့် ကျန်းချဲ့ နှင့် ချူဟယ် တို့၏ စစ်မြေပြင် ဆီသို့ လှမ်းကြည့် နေကြလေသည်။
အခြား တစ်ဖက် တွင်တော့...
ပေါက်ကွဲ မှု ကြီး တစ်ခု ပြီးဆုံး သွားသော်လည်း...
၎င်းမှာ ပြီးဆုံး ခြင်း မဟုတ်ဘဲ အစပြု ခြင်း သက်သက်သာ ဖြစ်လေသည်။
ကျန်းချဲ့ ၏ ကိုယ်ပေါ်ရှိ အကြေးခွံ များ အနည်းငယ် မှေးမှိန် သွားသည် ကို မြင်သောအခါ ကျန်းချဲ့ က ခန္ဓာကိုယ် အတွင်းရှိ သွေးကြော များကို အတင်းအကျပ် လှုံ့ဆော် ကာ အကြေးခွံ များကို နောက်တစ်ကြိမ် ပြန်လည် တောက်ပ လာစေရန် ပြုလုပ် လိုက်လေသည်။ သူ၏ ခန္ဓာကိုယ် ကြီး က လေဟာနယ် ထက်တွင် အလင်းတန်း တစ်ခု အဖြစ် ပြောင်းလဲ သွားကာ...
အနက်ရောင် နဂါး ကြီး တစ်ကောင် အလား ဓား ကို ကိုင်ဆောင် ၍ ချူဟယ် ရှိရာသို့ တိုက်ရိုက် ပြေးဝင် သွားလေတော့သည်။
"ကောင်းတယ်ကွာ..."
ချူဟယ် က အသက်ပြင်းပြင်း တစ်ချက် ရှူသွင်း လိုက်ရာ သွေးကြော များ ထောင်ထ နေပြီး တစ်ကိုယ်လုံး ရှိ အကြော များ အားလုံး ပေါက်ကွဲ ထွက်မတတ် ဖြစ်နေလေသည်။ မကောင်းဆိုးဝါး ဝင်စီး နေသည့် အလား ရုတ်တရက် လေပေါ်သို့ ခုန်တက် လိုက်ပြီး လုံးဝ ရှောင်တိမ်း ခြင်း မရှိဘဲ ကျန်းချဲ့ နှင့် တိုက်ရိုက် ဝင်ရောက် တိုက်ခိုက် လိုက်လေတော့သည်။
"ဝုန်း..."
"ဝုန်း..."
"ဝုန်း..."
အကြိမ်ကြိမ် အပြန်အလှန် တိုက်ခိုက် ကြပြီးနောက် ပေါက်ကွဲသံ ကြီး များ အဆက်မပြတ် ထွက်ပေါ် နေလေသည်။
ယခု အချိန် တွင် ကျန်းချဲ့ နှင့် ချူဟယ် တို့ ၏ တိုက်ပွဲ မှာ ယခင် ကထက် အဆပေါင်းများစွာ ပိုမို ပြင်းထန် နေပြီး အသေအလဲ တိုက်ခိုက် နေကြသည့် အဆင့် သို့ တိုက်ရိုက် ရောက်ရှိ သွားခဲ့လေပြီ။ အနီးကပ် တိုက်ခိုက် ချိန် တွင် အခြားသော နည်းလမ်း များကို ပင် လုံးဝ အသုံးမပြု ကြတော့ချေ။
ရုပ်ခန္ဓာ ၏ အစစ်အမှန် စွမ်းအား များကို သာ အသုံးပြု ၍ တိုက်ခိုက် နေကြခြင်း ပင်ဖြစ်သည်။
သူတို့ နှစ်ယောက် သည် လေဟာနယ် ထက်မှ နေ၍ မြေကြီး ပေါ်သို့ အထိ မြေကြီး ပေါ်မှ နေ၍ ကောင်းကင်ယံ အထိ အဆက်မပြတ် တိုက်ခိုက် နေကြပြီး ကျန်းသောင်းချီ အကွာအဝေး ရှိ နေရာ တစ်ခုလုံး မှာ သူတို့ နှစ်ယောက် ၏ စစ်မြေပြင် အဖြစ် ပြောင်းလဲ သွားခဲ့လေပြီ။ အချို့သော ရွှမ်တန်အဆင့် သိုင်းသခင် နှစ်ယောက် ဆိုလျှင် လွတ်အောင် မရှောင် နိုင်လိုက် သဖြင့်...
သူတို့ နှစ်ယောက် ၏ တိုက်ခိုက်မှု ကြောင့် အပိုင်းပိုင်း အစစ ဆုတ်ဖြဲ ခံလိုက် ရပြီး သွေးမိုး များ အဖြစ် ပြောင်းလဲ သွားခဲ့ရလေသည်။ သိုင်းစစ်ဆေးရေး အမိန့်ပေးပြား ကို အသုံးပြု ၍ အပြင်ဘက်သို့ ထွက်ပြေး ရန် ပင် အချိန် မရလိုက် ကြချေ။
ဤမျှလောက် ပြင်းထန်သော တိုက်ပွဲ ကြီး ကြောင့် ရရှိ လာသော ဒဏ်ရာ များမှာ လည်း အလွန် သိသာ ထင်ရှား လှပေသည်။ ကျန်းချဲ့ ၏ ကိုယ်ပေါ်ရှိ အကြေးခွံ များ အားလုံး ၏ ထက်ဝက် ခန့်မှာ တိုက်ရိုက် ကြေမွ ပျက်စီး သွားခဲ့ပြီး ရင်ဘတ် ပေါ်တွင် အရိုး ကို ပင် မြင်ရ လောက်အောင် နက်ရှိုင်းသော ဒဏ်ရာ များစွာ ရရှိ နေလေသည်။
ချူဟယ် ၏ အခြေအနေ ကတော့ ပို၍ပင် ဆိုးရွား နေလေသည်။
သူ၏ ကိုယ်ပေါ်ရှိ နတ်သံချပ်ကာ ကြီး မှာ လုံးဝ အပိုင်းပိုင်း အစစ ဖြစ်သွားခဲ့ပြီ ဖြစ်ပြီး အဝတ်အစား များ မှာလည်း စုတ်ပြတ်သတ် နေလေပြီ။ ဆံပင် များ အားလုံး ဖရိုဖရဲ ဖြစ်နေကာ တစ်ကိုယ်လုံး သွေးများ ဖြင့် ရွှဲနစ် နေပြီး အလွန် သနားစရာ ကောင်းအောင် ဖြစ်နေလေသည်။ သို့သော် သူ၏ မျက်လုံး များ ထဲရှိ လူသတ်ငွေ့ များ ကတော့ တဖြည်းဖြည်း ပိုမို ကြီးမား လာနေလေသည်။ သူ ချင်းထျန်းဂိုဏ်း သို့ ဝင်ရောက် ခဲ့ပြီး ကတည်းက ဤမျှလောက် အထိ ဆိုးရွားသော အခြေအနေ မျိုး နှင့် တစ်ခါမှ မကြုံတွေ့ ခဲ့ဖူးချေ။
ကျန်းချဲ့ သေကို သေရမည်။
"ဟား..."
နောက်တစ်ကြိမ် အနီးကပ် တိုက်ခိုက် ချိန် တွင် ချူဟယ် က အခွင့်အရေး ကို ဖမ်းဆုပ် ကာ ဘယ်ဘက် လက်ဖြင့် သုံးခွလှံ ကြီးကို ပြောင်းကိုင် လိုက်ပြီး ညာဘက် လက်သီး ကို တင်းတင်း ဆုပ်လိုက် လေသည်။ ခန္ဓာကိုယ် အတွင်းရှိ ယန်ကိုးပါး စွမ်းအင် များကို ညာဘက် လက်သီး ပေါ်သို့ ချက်ချင်း စုစည်း လိုက်ရာ အလင်းတန်း များ ကမ္ဘာ တစ်ခုလုံး ကို လွှမ်းခြုံ သွားလေသည်။
ထို့နောက် ကျန်းချဲ့ ရှိရာသို့ တိုက်ရိုက် ထိုးချ လိုက်လေတော့သည်။
ဤမျှလောက် ကြောက်စရာ ကောင်းသော တိုက်ခိုက်မှု ကို မြင်လိုက် ရသော်လည်း ကျန်းချဲ့ ၏ မျက်နှာပေါ်တွင် မည်သည့် ကြောက်ရွံ့မှု မျှ မရှိဘဲ နှုတ်ခမ်းထောင့် တွင် ခပ်ဖျော့ဖျော့ အပြုံး တစ်ခု ပေါ်လာလေသည်။ သူ၏ အကြံအစည် အောင်မြင် သွားသည့် အလား ပင်ဖြစ်သည်။
"ဒေါင်..."
အလွန် ကျယ်လောင်သော အသံကြီး တစ်ခု ထွက်ပေါ် လာလေသည်။
ချူဟယ် ၏ အစွမ်းကုန် ထိုးချ လိုက်သော လက်သီး ချက် ကြီး က တောင်ဖိ နတ်ကြေးဒယ်အိုး ပေါ်သို့ တိုက်ရိုက် ကျရောက် သွားပြီး ပေါက်ကွဲသံ ကြီး က လေဟာနယ် တစ်ခုလုံး ကို ပဲ့တင်ထပ် သွားစေခဲ့လေသည်။ သို့သော် တောင်ဖိ နတ်ကြေးဒယ်အိုး မှာ နတ်လက်နက် အစစ်အမှန် များကို အတုယူ ဖန်တီး ထားသော ထိပ်တန်း နတ်လက်နက် ကြီး တစ်ခု ဖြစ်ပြီး တောင်ပိုင်းယွဲ့ မိသားစု ၏ ဘိုးဘေး ကြီး ကိုယ်တိုင် နှစ်ပေါင်း ရာချီ ကြာအောင် သန့်စင် ထားခဲ့သော ရတနာ တစ်ခု ပင်ဖြစ်သည်။
သာမန် ရုပ်ခန္ဓာ ဖြင့် ဘယ်လိုလုပ် ပြီး ယှဉ်ပြိုင် နိုင်မည်နည်း။
ထို့အပြင် နတ်လက်နက် ကြီး ၏ တန်ပြန် ရိုက်ခတ် မှု စွမ်းအား များ လည်း ရှိနေသေး သည် မဟုတ်ပါလား။
တစ်ချက် ရိုက်ခတ် လိုက်သည် နှင့် ချူဟယ် ၏ ညာဘက် လက်မောင်း ကြီး မှာ ကျိုးပဲ့ ထွက်သွား မတတ် ဖြစ်သွားပြီး သွေးများ ချက်ချင်း ပန်းထွက် လာလေသည်။
ဤမျှလောက် ပြင်းထန်သော တိုက်ခိုက်မှု ကြောင့် ချူဟယ် သွားကို တင်းတင်း ကြိတ်ကာ အလျင်စလို နောက်သို့ ဆုတ်ခွာ လိုက်လေသည်။
သို့သော် ကျန်းချဲ့ က ချူဟယ် ကို ပြန်လည် အနားယူ ရန် အခွင့်အရေး လုံးဝ မပေးတော့ချေ။ အခွင့်ကောင်း ကို ယူ၍ ရုတ်တရက် ပေါက်ကွဲ ထွက်လာပြီး မုန်တိုင်း တစ်ခု အလား ဓားချက် များကို အဆက်မပြတ် ခုတ်ပိုင်း လိုက်ကာ ချူဟယ် ၏ အပေါ်သို့ အရှိန်အဟုန် ဖြင့် ရိုက်ချ လိုက်လေတော့သည်။ နောက်ဆုံး တွင်တော့...
ကျန်းချဲ့ သည် ကပ်ဆိုးတစ်သောင်း မိစ္ဆာဓား ကို ပင် လွှင့်ပစ် လိုက်လေသည်။
လက်သီး နှစ်ဖက် ဖြင့် အဆက်မပြတ် ဝင်ရောက် ထိုးနှက် လေတော့သည်။
အလွန် ကြမ်းတမ်းသော နဂါး ပုံသဏ္ဌာန် လက်သီး စွမ်းအင် များ က ချူဟယ် ၏ ခန္ဓာကိုယ် ပေါ်သို့ အဆက်မပြတ် ကျရောက် လာလေသည်။
ဤမျှလောက် လျင်မြန် ပြင်းထန်သော တိုက်ခိုက်မှု များ က ချူဟယ် ဂုဏ်ယူ ဝင့်ကြွား ခဲ့သော ရုပ်ခန္ဓာ ကာကွယ်ရေး များကို တိုက်ရိုက် ဖျက်ဆီး ပစ်လိုက်ပြီး... ကောင်းကင်ထိုးဖောက် နတ်သုံးခွလှံ ကြီးကို အဆက်မပြတ် ဝှေ့ယမ်း ကာကွယ် နေသော်လည်း တိုက်ခိုက်မှု အားလုံး ကို လုံးဝ မခုခံ နိုင်တော့ချေ။
ကျန်းချဲ့ ၏ တိုက်ခိုက်မှု များ အောက်တွင် အဆက်မပြတ် နောက်ဆုတ် နေရပြီး သွေးများ အဆက်မပြတ် အန်ထွက် လာလေသည်။
ယခု အချိန် တွင်တော့ အရှုံးအနိုင် မှာ အပြည့်အဝ ရှင်းလင်း သွားခဲ့ပြီ ဖြစ်လေသည်။
ချူဟယ် က ဒေါသတကြီး ဟစ်အော် လိုက်ပြီး ကျန်းချဲ့ ၏ တိုက်ခိုက်မှု အရှိန် ကို အသုံးပြု ကာ ကျန်းရာချီ ခန့် အဝေး သို့ တိုက်ရိုက် ဆုတ်ခွာ သွားလေသည်။ မျက်နှာ တစ်ခုလုံး သံမဏိ အလား မည်းမှောင် နေပြီး ကျန်းချဲ့ ကို စူးစိုက် ကြည့်ကာ...
"ရပ်လိုက်တော့... မင်း နိုင်သွားပြီကွာ..."
"မင်းလိုကောင်ကလည်း ဒီလောက်ပါပဲကွာ..."
ကျန်းချဲ့ က အေးဆေး တည်ငြိမ်စွာဖြင့် ပြောလိုက်လေသည်။
ချူဟယ် ၏ မျက်နှာ ချက်ချင်း အရုပ်ဆိုး အကျည်းတန် သွားလေသည်။ ကျန်းချဲ့ ပြောလိုက်သော စကား မှာ သူတို့ ပထမဆုံး အကြိမ် တွေ့ဆုံ စဉ် က သူကိုယ်တိုင် ပြောခဲ့သော စကား များ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိ လိုက်လေသည်။ ထို အချိန် က သူ က ကျန်းချဲ့ ကို သူ က ဘာကောင် လဲ ဆိုတာ ကောင်းကောင်း သိသွားစေရမယ် ဟု ပြောခဲ့သည် မဟုတ်ပါလား။
မူလက ကျန်းချဲ့ ကို ပညာပေး ရန် ရည်ရွယ် ထားခဲ့သော်လည်း...
နောက်ဆုံး တွင်တော့ ဤ စကား များ က သူ့ထံသို့ ပြန်လည် ရောက်ရှိ လာခဲ့လေပြီ။
"ငါက အသက်စွန့်ပြီး မတိုက်ချင်လို့ပါကွာ... ငါသာ အရာအားလုံးကို ပုံအောပြီး တိုက်မယ်ဆိုရင် မင်း နိုင်ချင်မှ နိုင်မှာ..."
ချူဟယ် က ဆက်လက်၍ မာန ခံနေဆဲ ပင်ဖြစ်သည်။ ယခု အချိန် တွင် သူ လုံးဝ တောင့်မခံ နိုင်တော့ မှန်း သူ သိထားသော်လည်း...
သူ့ အနေဖြင့် အရှုံးပေး ရန် ကတော့ လုံးဝ မဖြစ်နိုင်ချေ။
"မင်းလက်ထဲက နတ်သုံးခွလှံက မဆိုးဘူးပဲ... စစ်ပွဲရဲ့ အောင်ပွဲရပစ္စည်းအနေနဲ့ အဲဒါကို ငါ့ဆီ ပေးလိုက်..."
ကျန်းချဲ့ က ချူဟယ် နှင့် အငြင်းပွား နေရန် လုံးဝ စိတ်မဝင်စား တော့ချေ။
သို့သော် တစ်ဖက်လူ ၏ လက်ထဲရှိ ကောင်းကင်ထိုးဖောက် နတ်သုံးခွလှံ ကြီး ကတော့ သူ့ကို အလွန် စိတ်ဝင်စား စေခဲ့လေသည်။ ထို နတ်သုံးခွလှံ ကြီး သည် တောင်တန်းဖိနှိပ် နတ်ကြေးဒယ်အိုး နှင့် တိုက်ရိုက် ရင်ဆိုင် နိုင်စွမ်း ရှိပြီး အလွန် အစွမ်းထက်သော တိုက်ခိုက်ရေး လက်နက် တစ်ခု ပင်ဖြစ်သည်။
သူ့ အနေဖြင့် လည်း အလွန် အစွမ်းထက်သော လက်နက်ရှည် တစ်ခု လိုအပ် နေသဖြင့် ဤ ပစ္စည်း ကို တိုက်ရိုက် မျက်စိကျ သွားခဲ့ခြင်း ပင်ဖြစ်သည်။
"ကျန်းချဲ့... မင်းက ငါ့ကို တကယ် သတ်နိုင်မယ်လို့ ထင်နေတာလား..."
ချူဟယ် က ကျန်းချဲ့ ကို ဒေါသတကြီး စူးစိုက် ကြည့်လိုက်ပြီး သူ၏ ရင်ထဲရှိ ဒေါသ မီးတောက် များ က အထွတ်အထိပ် သို့ ရောက်ရှိ သွားခဲ့လေပြီ။
အောင်ပွဲရ ပစ္စည်း ကို တောင်းခံ ခြင်း က သူ့အတွက် အလွန် ကြီးမားသော စော်ကားမှု တစ်ခု ပင်ဖြစ်သည်။
ကျန်းချဲ့ က အထင်သေးစွာ ပြုံးလိုက်ပြီး အောက်ဘက်ရှိ ချူဟယ် ကို ငုံ့ကြည့် လိုက်လေသည်။ စိတ်ကူး တစ်ချက် အတွင်း မိစ္ဆာ နတ်ဘုရား အရိပ် ကြီး နှင့် အဆက်မပြတ် တိုက်ခိုက် နေသော အစစ်အမှန် နဂါး ဓမ္မရုပ်တု ကြီး က ကျန်းချဲ့ ၏ ခြေဖဝါး အောက်သို့ ချက်ချင်း ရောက်ရှိ လာပြီး နတ်နဂါး ကြီး တစ်ကောင် ကို စီးနင်း ထားသည့် အလား ဖြစ်နေလေသည်။
သူ က ချူဟယ် ကို ခံစားချက် ကင်းမဲ့စွာ ဖြင့် တစ်ချက် စူးစိုက် ကြည့်လိုက်ပြီး စကားလုံး အချို့ ကို တိတိကျကျ ပြောလိုက်လေသည်။
"ငါက မင်းကို တကယ်သတ်နိုင်တာပဲလေ..."
စကားသံ ဆုံးသည် နှင့် ဓမ္မရုပ်တု ၏ အရှိန်အဝါ များ က ကျန်းချဲ့ ၏ ခန္ဓာကိုယ် နှင့် တိုက်ရိုက် ချိတ်ဆက် သွားလေသည်။ ပတ်ဝန်းကျင် တွင် ရှိနေသော အဆုံးအစ မရှိသည့် ယင်ယန် မိစ္ဆာမီးတောက် များ ကလည်း ဓမ္မရုပ်တု အတွင်းသို့ အဆက်မပြတ် ဝင်ရောက် သွားကြလေသည်။
မျက်တောင် တစ်ခတ် အတွင်း အဖြူ နှင့် အနက်ရောင် မိစ္ဆာမီးတောက် များ ဖြင့် လွှမ်းခြုံ ထားသော မိစ္ဆာ နတ်နဂါး ကြီး တစ်ကောင် က အထင်အရှား ထွက်ပေါ် လာလေတော့သည်။
ဤသည်မှာ ကျန်းချဲ့ ကိုယ်တိုင် ရှာဖွေ တွေ့ရှိ ထားသော လျှို့ဝှက် နည်းလမ်း တစ်ခု ပင်ဖြစ်သည်။ ဓမ္မရုပ်တု ကို အရိုးအဖြစ် အသုံးပြု ကာ ယင်ယန် မိစ္ဆာမီးတောက် များကို ခန္ဓာကိုယ် အဖြစ် ဖန်တီး ပြီး မိမိ ၏ ရုပ်ခန္ဓာ သွေးကြော များကို အသက်သွင်း ခြင်း ဖြင့် ဓမ္မရုပ်တု ၏ စွမ်းအား ကို အမြင့်ဆုံး အထိ ထုတ်ဖော် ပြသ နိုင်လေသည်။
ဤ လျှို့ဝှက် နည်းလမ်း ကို ယခင်က တစ်ခါမှ ထုတ်ဖော် အသုံးပြု ခဲ့ခြင်း မရှိသော်လည်း ချီရွှယ်မိစ္ဆာသခင် ကိုယ်တိုင် ပင်လျှင် မှတ်ချက်ချ ခဲ့ဖူးလေသည်။
ဤ ဓမ္မရုပ်တု သည် အစစ်အမှန် ဓမ္မရုပ်တု များ ၏ စွမ်းအား တစ်စိတ်တစ်ပိုင်း ကို ပိုင်ဆိုင် ထားပြီး အတုအယောင် ဓမ္မရုပ်တု ဟု ခေါ်ဆို လျှင် ပင် လုံးဝ မှားယွင်း မည် မဟုတ်ကြောင်း ပြောခဲ့ဖူး လေသည်။
"မင်း... မင်း ဒါက..."
အနက်ရောင် မိစ္ဆာနဂါး ကြီး ထံမှ ထွက်ပေါ် လာသော ကြောက်မက်ဖွယ် ဖိအား များကို အာရုံခံ မိလိုက်သော အခါ ချူဟယ် ၏ မျက်နှာထား လုံးဝ ပြောင်းလဲ သွားခဲ့လေပြီ။ ယခင် က တစ်ခါမှ မကြုံတွေ့ ဖူးသော သေရေးရှင်ရေး အန္တရာယ် ကြီး တစ်ခုကို ကောင်းစွာ ခံစား လိုက်ရပြီး ယခင် က ကဲ့သို့ လုံးဝ တည်ငြိမ် အေးဆေး နိုင်ခြင်း မရှိတော့ချေ။
ကျန်းချဲ့ က ချူဟယ် ၏ စကား ကို လုံးဝ အဖက် မလုပ်တော့ဘဲ မိစ္ဆာနဂါး ကြီး ကို စီးနင်း ကာ တိုက်ရိုက် ဖိနှိပ် ချလိုက်လေတော့သည်။
ချူဟယ် အကြီးအကျယ် ထိတ်လန့် သွားပြီး မိစ္ဆာ နတ်ဘုရား အရိပ် ကြီး ကို အလျင်စလို အသုံးပြု ၍ ပြန်လည် ခုခံ ရန် ကြိုးစား လိုက်လေသည်။ သို့သော် ဤ လောက် သေးငယ်သော စွမ်းအား ဖြင့် ယခု အချိန် တွင် ကျန်းချဲ့ ကို လုံးဝ တားဆီး နိုင်စွမ်း မရှိတော့ချေ။ တောင်ဖိ နတ်ကြေးဒယ်အိုး ကြီး က ရုတ်တရက် ပျံသန်း လာပြီး မိစ္ဆာ နတ်ဘုရား အရိပ် ကြီး အပေါ်သို့ တိုက်ရိုက် ရိုက်ချ လိုက်လေသည်။
ကောင်းကင် ကြီး ပြိုကျ လာသည့် အလား အလွန် ကြောက်စရာ ကောင်းသော အရှိန်အဝါ ကြီး ပင်ဖြစ်သည်။
မိစ္ဆာနဂါး ကြီး ကလည်း အနောက်မှ အနီးကပ် လိုက်ပါ လာပြီး မိစ္ဆာ နတ်ဘုရား အရိပ် ကြီး နှင့် တိုက်ရိုက် ဝင်ရောက် တိုက်ခိုက် လိုက်လေသည်။
"ဝုန်း..."
အလွန် ကြောက်မက်ဖွယ် ကောင်းသော ပေါက်ကွဲသံ ကြီး နှင့်အတူ ချူဟယ် ဖန်တီး ထားသော ဓမ္မရုပ်တု ကြီး မှာ ကျန်းချဲ့ ၏ တိုက်ခိုက်မှု အောက်တွင် ချက်ချင်း ပျက်စီး သွားခဲ့ရလေသည်။ အရှိန်အဝါ များ ချိတ်ဆက် နေမှု ကြောင့် ချူဟယ် ကိုယ်တိုင် ပင်လျှင် သွေးများ အန်ထွက် လာပြီး...
အလွန် အံ့အားသင့် ထိတ်လန့် သော မျက်နှာထား ဖြင့် နောက်သို့ အလျင်စလို ဆုတ်ခွာ သွားလေသည်။
သို့သော် ကျန်းချဲ့ ၏ အရှိန် က ပိုမို မြန်ဆန် နေကြောင်း ထင်ရှား လှပေသည်။
မျက်တောင် တစ်ခတ် အတွင်းမှာပင် ချူဟယ် ကို တိုက်ရိုက် လွှမ်းခြုံ သွားခဲ့လေပြီ။
အနက်ရောင် နဂါး ကြီး က ဧရာမ ပါးစပ် ကြီး ကို ဟ ကာ မီးပင်လယ် ကြီး နှင့် အတူ ချူဟယ် ၏ တစ်ကိုယ်လုံး ကို တိုက်ရိုက် မျိုချ လိုက်လေတော့သည်။ ဤ တစ်ကြိမ် တွင်တော့ ချူဟယ် အနေဖြင့် ထွက်ပြေး ရန် လုံးဝ အခွင့်အရေး မရှိတော့ချေ။ ကျန်းချဲ့ ကိုယ်တိုင် မိစ္ဆာနဂါး ကြီး ၏ အတွင်းသို့ ဝင်ရောက် သွားပြီး...
ကပ်ဆိုးတစ်သောင်း မိစ္ဆာဓား ကို ကိုင်ဆောင် ကာ ဓားအလင်းတန်း များကို အဆက်မပြတ် ခုတ်ပိုင်း လိုက်ရာ ချူဟယ် တစ်ယောက် သွေးများ အဆက်မပြတ် အန်ထွက် နေရလေသည်။
ကျန်းချဲ့ က အခွင့်ကောင်း ကို ယူ၍ ကောင်းကင်ထိုးဖောက် နတ်သုံးခွလှံ ကြီး ကို ချက်ချင်း ဆွဲလု လိုက်ပြီးနောက် ညာဘက် လက်သီး ဖြင့် အစွမ်းကုန် အားယူ ကာ ချူဟယ် ကို အဆက်မပြတ် ထိုးနှက် လိုက်လေတော့သည်။
"ရပ်... ရပ်ပါတော့ကွာ... ဒီနတ်သုံးခွလှံကို... မင်းကို ငါပေးပါ့မယ်..."
ယခု အချိန် တွင် ချူဟယ် ၏ ကိုယ်ပေါ်ရှိ နတ်သံချပ်ကာ ကြီး မှာ လုံးဝ အပိုင်းပိုင်း အစစ ဖြစ်သွားခဲ့ပြီ ဖြစ်ပြီး အဝတ်အစား များ မှာလည်း စုတ်ပြတ်သတ် နေလေပြီ။ ဆံပင် များ အားလုံး ဖရိုဖရဲ ဖြစ်နေကာ တစ်ကိုယ်လုံး သွေးများ ဖြင့် ရွှဲနစ် နေပြီး လက်တစ်ဖက် ဖြင့် ကျန်းချဲ့ ၏ တိုက်ခိုက်မှု များကို အတင်းအကျပ် ကာကွယ် ရင်း အသံကုန် ဟစ်အော် ကာ နတ်သုံးခွလှံ ကြီးကို ကျန်းချဲ့ ထံသို့ ထိုးပေး လိုက်လေသည်။
သူ သည် ဂိုဏ်းချုပ် ကြီး ၏ အမိန့် ကို ရယူ ထားသူ ဖြစ်ရာ ဤ တစ်ကြိမ် တွင် ထိပ်ဆုံး ဆယ်နေရာ ကို သေချာပေါက် ဆုံးရှုံး ခံ၍ မရနိုင်ချေ။
နံပါတ်တစ် နေရာ ကို မရလျှင် တောင် နံပါတ်နှစ် နေရာ ရလျှင် လုံလောက် ပြီ ဖြစ်လေသည်။
သို့သော် အကယ်၍ သူသာ အပြင်းအထန် ဒဏ်ရာ ရရှိသွား ပါက နေရာ လုယူ ရန် အခွင့်အရေး ပင် ရရှိ တော့မည် မဟုတ်ချေ။
ချူဟယ် ၏ တောင်းပန် အညံ့ခံ မှု ကို ကြားသော်လည်း ကျန်းချဲ့ က လုံးဝ ဂရုမစိုက် ချေ။
"နတ်သုံးခွလှံကိုလည်း ငါယူမယ်... မင်းရဲ့အသက်ကိုလည်း ငါ ယူမယ်ကွ…”