← Chapters

အခန်း ၂၈၀

Vol. 28 Ch. 280

အခန်း ၂၈၀

Vol. 28 Ch. 280

အခန်း (၂၈၁) ကျိန်စာတိုက်ခြင်း စတင်လေပြီ... ကျီးမု ပြန်လည်ရိုက်ခတ်ခံရခြင်း

ချီရွှယ်မိစ္ဆာသခင် ပြောသောစကားများကို ကျန်းချဲ့ လုံးဝ မယုံကြည်သည်တော့ မဟုတ်ချေ။ အမှန်တကယ်ပင် အစောပိုင်း တိုက်ခိုက်မှုများ စတင်ကတည်းက ဤနေရာလောကကြီး တဖြည်းဖြည်း ပြိုကျပျက်စီးလာနေသည်ကို သူ သတိထားမိခဲ့လေသည်။

ရှန်ရှန်းအဆင့် အထွတ်အထိပ်များ၏ တိုက်ပွဲကို ခံနိုင်ရည်ရှိပုံမရချေ။ နှစ်ဖက်စလုံးက ကိုယ်ပွားများဖြစ်ကြပြီး စွမ်းအားအများကြီး ကျဆင်းနေသော်လည်း ဤလျှို့ဝှက်နယ်မြေကလည်း အလွန်ကျဉ်းမြောင်းလွန်းလှပေသည်။

ရွှမ်လင်လျှို့ဝှက်နယ်မြေနှင့် နှိုင်းယှဉ်ပါက ဤချီရွှယ်လျှို့ဝှက်နယ်မြေက အဆပေါင်းများစွာ သေးငယ်လေရာ ထိုကဲ့သို့သော အစွမ်းထက်သိုင်းပညာရှင်များ၏ တိုက်ပွဲကို ခံနိုင်ရည်ရှိရန် အလွန်ခက်ခဲလှပေသည်။ အကယ်၍ ချီရွှယ်မိစ္ဆာသခင် ပြောသကဲ့သို့သာ တကယ်ဖြစ်လာခဲ့မည်ဆိုပါက...

သူ သေဆုံးသွားသည်နှင့် လျှို့ဝှက်နယ်မြေလည်း ပြိုကျပျက်စီးသွားမည် ပင်ဖြစ်သည်။

ထိုသို့ဆိုလျှင် သူ၏အဆုံးသတ်ကလည်း သေချာပေါက် အလွန်ဆိုးရွားသွားမည် ပင်တကား။ လေဟာနယ်လှိုင်းဂယက်များကို သူ သေချာပေါက် ခံနိုင်ရည်ရှိမည် မဟုတ်ချေ။

'ဒါပေမဲ့ အခုရပ်တန့်လိုက်ရင် တစ်ဖက်လူရဲ့ ချုပ်ကိုင်မှုကို ခံရတော့မှာ မဟုတ်ဘူးလား'

ထို့ကြောင့် ဤအချိန်တွင် ကျန်းချဲ့လည်း တွေဝေသွားပြီး ပုံရိပ်ယောင်အရိပ်၏ တိုက်ခိုက်မှုကို ချက်ချင်းမတားဆီးခဲ့ချေ။

"ကျွတ် ကောင်လေး ငါပြောတာကို မင်းကြားရဲ့လား ငါတို့နှစ်ယောက်စလုံး ဆက်တိုက်နေရင် သေရလိမ့်မယ် မင်းက လူငယ်လေးပဲ ရှိသေးတယ် အနာဂတ်တွေ အများကြီး ကျန်သေးတယ် အခုလိုသေသွားရရင် သိပ်နှမြောစရာ ကောင်းတယ်"

ပုံရိပ်ယောင်အရိပ်၏ တိုက်ခိုက်မှုများကို ခုခံရင်း ချီရွှယ်မိစ္ဆာသခင်က ကျန်းချဲ့ကို တစ်ဖက်လှည့်ဖြင့် ဆွဲဆောင်နေလေသည်။

လေဟာနယ်အတွင်းရှိ အခြေအနေများကို ကြည့်ရင်း ဤအချိန်တွင် သူလည်း အနည်းငယ် ကြောက်လန့်နေမိလေသည်။

သူ တကယ်ပဲ မသေချင်သေးချေ။

သူ့မှာလည်း ကောင်းမွန်တဲ့အနာဂတ်တွေ ရှိသေးသည်လေ။

ပေါက်ကွဲသံများက အဆက်မပြတ် ထွက်ပေါ်နေပြီး လျှို့ဝှက်နယ်မြေ၏ ပြိုကျပျက်စီးမှုကလည်း ပိုမိုမြန်ဆန်လာလေသည်။ လေဟာနယ်များ အဆက်မပြတ် လိမ်ကောက်လာပြီး နောက်ဆုံး အထွတ်အထိပ်သို့ ရောက်ရှိသွားချိန်တွင်တော့ လေဟာနယ်ဟာကွက်တစ်ခု ပေါ်လာပြီး ပြင်ပလေဟာနယ်မှ လေပြင်းများ လျှို့ဝှက်နယ်မြေအတွင်းသို့ ဖြတ်သန်းတိုက်ခတ် ဝင်ရောက်လာလေသည်။

တိုက်ခတ်သွားသော နေရာတိုင်းတွင် မုန်တိုင်းကြီးတစ်ခုအလား အရာအားလုံးကို ဖျက်ဆီးပစ်လေသည်။

အကယ်၍ မတားဆီးပါက လျှို့ဝှက်နယ်မြေ ပြိုကျပျက်စီးဖို့ အချိန်အများကြီး လိုတော့မည်မဟုတ်ကြောင်း အလွန်ထင်ရှားလှပေသည်။

"ကောင်လေး မင်းမြင်လား လျှို့ဝှက်နယ်မြေ ပြိုကျပျက်စီးနေပြီ"

ချီရွှယ်မိစ္ဆာသခင်က အော်ဟစ်လိုက်လေသည်။

"ခင်ဗျားကြောင့် ကျုပ်က ဝိညာဉ်အသွင်ပြောင်း နတ်မှော်အဆောင်ကို နှစ်ကြိမ်တောင် သုံးလိုက်ရတယ် ခင်ဗျား ကျုပ်ကို ဘယ်လိုပြန်လျော်ပေးမလဲ"

ကျန်းချဲ့က ဝိညာဉ်အသွင်ပြောင်း နတ်မှော်အဆောင်ကို ကိုင်ကာ လေးနက်သောအသံဖြင့် မေးလိုက်လေသည်။

ထိုစကားကို ကြားသောအခါ ချီရွှယ်မိစ္ဆာသခင်မှာ သွေးအန်မတတ် ဒေါသထွက်သွားလေသည်။

'ဆုံးရှုံးမှုတွေကို ပြန်လျော်ပေးရမယ် ဟုတ်လား'

'ငါ့ရဲ့ ဆုံးရှုံးမှုတွေကိုကော ဘယ်သူက ပြန်လျော်ပေးမှာလဲ'

'အရင်က စုဆောင်းထားတဲ့ ဝိညာဉ်ပစ္စည်းတွေကို အကုန်လုံးသုံးစွဲပြီးမှ အခုအခြေအနေအထိ ရောက်လာခဲ့ရတာ အခု ပြိုကျပျက်စီးတော့မယ့် အခြေအနေ ရောက်နေပြီကို ဒီကောင်လေးက ငါ့ကို လျော်ကြေးတောင်းရဲသေးတယ်ပေါ့'

သိထားရမည်မှာ ဤလျှို့ဝှက်နယ်မြေတစ်ခုလုံးက ရတနာတစ်ခု ပင်ဖြစ်သည်။

ယခုတော့ ရတနာကြီးတစ်ခုလုံး ပျက်စီးတော့မည် ပင်ဖြစ်သည်။

'ဒါက လေဟာနယ်ရတနာကြီး ပါကွ'

"ကောင်လေး မင်းအရမ်း လောဘမကြီးနဲ့ ငါ့ရဲ့ ဝိညာဉ်ပစ္စည်း လေးခုကို ယူထားပြီးတာတောင် မကျေနပ်သေးဘူးလား"

ချီရွှယ်မိစ္ဆာသခင်က အော်ဟစ်လိုက်လေသည်။

"သေချာပေါက် မကျေနပ်ဘူး"

ကျန်းချဲ့က ချက်ချင်းပြန်ဖြေလိုက်လေသည်။

"ကောင်းပြီ ဒါဆို မင်းဘာလိုချင်လဲ ပြော ငါပေးနိုင်သမျှ အကုန်ပေးမယ် ဒါပေမဲ့ ပြဿနာက အခု အဲ့ဒီပုံရိပ်ယောင်အရိပ်ကို တားလို့ရမလား ဆိုတာပဲ မဟုတ်ရင် နောက်ထပ် လက်ဖက်ရည်တစ်ခွက်စာ အချိန်လောက်နေရင် လျှို့ဝှက်နယ်မြေ ပြိုကျတော့မယ်"

ချီရွှယ်မိစ္ဆာသခင်က အလျင်အမြန် ပြောလိုက်လေသည်။

"ကျုပ် ပစ္စည်းနှစ်ခု လိုချင်တယ် ယင်ယန်ဝိညာဉ်မီး နဲ့ ဘဝသုံးပါး ရွှေကြာစေ့ ခင်ဗျား ဒီပစ္စည်းနှစ်ခုကို ပေးရင် ကျုပ် ချက်ချင်းရပ်မယ်"

ကျန်းချဲ့က ယဇ်ပူဇော်စရာ ပစ္စည်းများကို စတင်တောင်းဆိုလိုက်လေသည်။

ထိုပစ္စည်းများကို ရရှိပါက သူ ရွှေအမြုတေအဆင့်သို့ တက်လှမ်းနိုင်မည် ပင်ဖြစ်သည်။

အကယ်၍ ထိုပစ္စည်းများ မရှိပါက ဤတစ်ကြိမ်တွင် အသက်ကယ်ရန် အခွင့်အရေးနှစ်ကြိမ်ကို အသုံးပြုပြီး ယဇ်ပူဇော်စရာ ပစ္စည်းနှစ်ခုသာ ရရှိခဲ့သဖြင့် အနည်းငယ် ရှုံးသည်ဟု ဆိုနိုင်လေသည်။

"ဒီနှစ်တွေအတွင်းမှာ အသက်ရှင်ဖို့အတွက် ငါ့မှာရှိတဲ့ ဝိညာဉ်ပစ္စည်း အများစုကို သုံးစွဲပြီးသွားပြီ အခုက အဲ့ဒီလေးခုပဲ ကျန်တော့တာ တခြားဟာတွေ မရှိတော့ဘူး ဒါပေမဲ့ မင်းပြောတဲ့ ပစ္စည်းတွေ ဘယ်မှာရှိလဲဆိုတာ ငါသိတယ် နေရာကို ငါပြောပြနိုင်တယ်"

ချီရွှယ်မိစ္ဆာသခင်က အော်ဟစ်လိုက်လေသည်။

ထိုစကားကို ကြားသောအခါ ကျန်းချဲ့က ဝိညာဉ်အသွင်ပြောင်း နတ်မှော်အဆောင်ကို အသက်သွင်းကာ အမြင်အာရုံမရှိသော လှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်လေသည်။ လေဟာနယ်အတွင်းရှိ ပေတစ်ရာခန့် ကြီးမားသော ဓားကြီးကို ထိန်းချုပ်ထားသော ပုံရိပ်ယောင်အရိပ်မှာ ချက်ချင်းရပ်တန့်သွားလေသည်။

လေဟာနယ်ထဲတွင် အသေရပ်တန့်သွားခြင်း ပင်ဖြစ်သည်။

တိုက်ခိုက်မှု ရပ်တန့်သွားသည်ကို မြင်သောအခါ ချီရွှယ်မိစ္ဆာသခင်မှာ နောက်ဆုံးတွင်တော့ သက်ပြင်းတစ်ချက် ချနိုင်သွားလေသည်။ ကျန်ရှိနေသေးသော သွေးချီများကို အသုံးပြုကာ မိမိကိုယ်ကိုယ် ပြန်လည်ကုစားရန် အလျင်အမြန် ကြိုးစားလိုက်ပြီး မျက်နှာထားကတော့ အလွန်ကြည့်ရဆိုးနေလေသည်။

ဤတစ်ကြိမ် တိုက်ပွဲတွင် သူ တကယ်ကို အများကြီး ရှုံးိနှမ့်သွားခဲ့ရပြီ ပင်ဖြစ်သည်။

"ဒီ ယဇ်ပူဇော်စရာ ပစ္စည်းနှစ်ခုက ဘယ်မှာရှိတာလဲ"

ကျန်းချဲ့က တိုက်ရိုက်ပင် မေးလိုက်လေသည်။

"တစ်ခုက ပိုင်ယွဲ့နိုင်ငံတွေထဲက သိုင်းသခင်တစ်ယောက်ရဲ့ လက်ထဲမှာရှိတယ် သူ့နာမည်က ယင်ယန်အိုကြီး လို့ခေါ်တယ် စွမ်းအားကတော့ မဆိုးဘူး ဒါပေမဲ့ ကျင့်ကြံမှုက ရွှေအမြုတေအဆင့်ပဲ ရှိသေးတော့ မင်းရဲ့ စွမ်းအားနဲ့ဆိုရင် သူ့ကို အနိုင်ယူနိုင်လောက်ပါတယ် နောက်တစ်ခု ဘဝသုံးပါး ရွှေကြာစေ့ ကတော့ တောင်ပိုင်းယွဲ့နိုင်ငံ မြို့တော်ထဲမှာ သိမ်းဆည်းထားတယ် အဲ့ဒါကတော့ နည်းနည်းခက်ခဲမယ်"

ချီရွှယ်မိစ္ဆာသခင်က ပြောပြလိုက်လေသည်။

"ခင်ဗျား ကျုပ်ကို လိမ်နေတာလား"

ကျန်းချဲ့က သံသယမျက်လုံးများဖြင့် မေးလိုက်လေသည်။

'တောင်ပိုင်းယွဲ့နိုင်ငံ မြို့တော်... အဲ့ဒီနေရာက သာမန်လူတွေ သွားရဲတဲ့ နေရာမျိုးလား... သူ့ရဲ့ စွမ်းအားမျိုးနဲ့ သွားရင် သေချာပေါက် ပြန်ထွက်လာနိုင်မှာ မဟုတ်ဘူး...'

"ငါက မင်းလို ကောင်လေးတစ်ယောက်ကို လိမ်ဖို့ လိုလို့လား ဒါတွေအားလုံးက ငါအရင်တုန်းက တွေ့ကြုံခဲ့ရတာတွေပါ ဒီပစ္စည်းနှစ်ခုက ငါ့အတွက် အသုံးမဝင်လို့သာ မယူခဲ့တာ မဟုတ်ရင် ငါအစောကြီးကတည်းက လုယူပြီးသွားလောက်ပြီ"

ချီရွှယ်မိစ္ဆာသခင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်လေသည်။

"ကျုပ်သွားရင် သေချာပေါက် သေမှာပဲ စစ်ပြေငြိမ်းတာတော့ ရတယ် ဒါပေမဲ့ ခင်ဗျားက ကျုပ်အတွက် ဒီပစ္စည်းနှစ်ခုကို ယူပေးမယ်လို့ သွေးကျိန်စာတိုက်ရမယ် မဟုတ်ရင် ခင်ဗျားကို ဒီနေရာမှာတင် သေချာပေါက် သတ်ပစ်မယ်"

ကျန်းချဲ့က လေးနက်စွာ ပြောလိုက်လေသည်။

"ကောင်လေး မင်း ငါ့ကို ခြိမ်းခြောက်နေတာလား ငါသာ သေသွားရင် မင်းလည်း အသက်ရှင်နိုင်မယ်လို့ ထင်နေတာလား"

ချီရွှယ်မိစ္ဆာသခင်က အလွန်ဒေါသထွက်သွားလေသည်။ ဘယ်တုန်းကများ ရွှမ်တန်အဆင့် သိုင်းသခင် သေးသေးလေးတစ်ယောက်က သူ့ကို ခြိမ်းခြောက်ရဲသွားတာလဲ။

"လျှို့ဝှက်နယ်မြေ ပြိုကျပျက်စီးသွားရင်တောင် ကျုပ် အသက်ရှင်နိုင်မယ့် နည်းလမ်းရှိတယ် စမ်းကြည့်ချင်သေးလား"

ကျန်းချဲ့က တစ်ဖက်လူကို စူးစိုက်ကြည့်ကာ အလွန်ယုံကြည်မှုရှိသော အမူအရာဖြင့် ပြောလိုက်လေသည်။ ဤအမူအရာက ချီရွှယ်မိစ္ဆာသခင်ကို အနည်းငယ် တွေဝေသွားစေလေသည်။

မည်သို့ပင်ဆိုစေ တစ်ဖက်လူက ဝိညာဉ်အသွင်ပြောင်း နတ်မှော်အဆောင်ကိုပင် ထုတ်ယူနိုင်စွမ်းရှိသူဖြစ်ရာ သေချာပေါက် အင်အားစုကြီးတစ်ခု၏ သိုင်းပါရမီရှင် အစစ်အမှန်တစ်ယောက် ပင်ဖြစ်လေသည်။ လေဟာနယ်လှိုင်းဂယက်များကို ရှောင်ရှားနိုင်မည့် ရတနာအချို့လည်း တကယ်ရှိနေနိုင်လေသည်။

မျှော်လင့်ချက်က အလွန်နည်းပါးသော်လည်း သတိထားရမည် ပင်ဖြစ်သည်။ မည်သို့ပင်ဆိုစေ သူက အရင်ဆုံး အရှုံးပေးခဲ့ရသူ မဟုတ်ပါလော။

"ငါ့ရဲ့ စွမ်းအားတွေက မင်းရဲ့ ဒီပုံရိပ်ယောင်အရိပ်ကြောင့် အများကြီး ပျက်စီးသွားပြီ အခုအချိန်မှာ စွမ်းအားတွေ အများကြီး ကျဆင်းနေတယ် မင်းသာ ငါ့ကို နှစ်အနည်းငယ်လောက် အချိန်ပေးမယ်ဆိုရင်တော့ ဒီပစ္စည်းတွေကို မင်းအတွက် သွားယူပေးဖို့ ငါသဘောတူနိုင်တယ်"

ရွေးချယ်စရာ မရှိတော့သည့်အဆုံးတွင် ချီရွှယ်မိစ္ဆာသခင်က ဤနည်းလမ်းဖြင့် သဘောတူလိုက်ရလေသည်။

"နှစ်အနည်းငယ် အရမ်းကြာလွန်းတယ်"

"ဒါဆို မင်းဘယ်လို လုပ်ချင်တာလဲ"

ချီရွှယ်မိစ္ဆာသခင်က ဒေါသတကြီး မေးလိုက်လေသည်။

ကျန်းချဲ့၏ မျက်ဝန်းများ လှုပ်ရှားသွားပြီး ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်လေသည်။

"ချီရွှယ်စီနီယာ ခင်ဗျားရဲ့ လက်ရှိအခြေအနေနဲ့ဆိုရင် သိပ်ပြီး အကြာကြီး တောင့်ခံနိုင်တော့မှာ မဟုတ်ဘူးမလား"

"ဘာအဓိပ္ပာယ်လဲ"

ချီရွှယ်မိစ္ဆာသခင် မျက်မှောင်ကျုံ့သွားလေသည်။

"စကားလုံးတိုင်းက အဓိပ္ပာယ်အတိအကျပဲ အခုချက်ချင်း လျှို့ဝှက်နယ်မြေထဲက မထွက်သွားဘူးဆိုရင် ခင်ဗျား သေချာပေါက် အချိန်အကြာကြီး တောင့်ခံနိုင်မှာ မဟုတ်ဘူး ဒါပေမဲ့ လျှို့ဝှက်နယ်မြေရဲ့ အပြင်ဘက်မှာ တောင်ပိုင်းယွဲ့နိုင်ငံက ရှန်ရှန်းအဆင့် မဟာသိုင်းသခင် ဦးဆောင်တဲ့ စစ်တပ်ကြီး စောင့်နေတယ်လေ ခင်ဗျား ထွက်သွားရင်တောင် သေချာပေါက် အသတ်ခံရမှာပဲ"

"ဘာ"

ချီရွှယ်မိစ္ဆာသခင် မျက်လုံးများ ကျဉ်းမြောင်းသွားပြီး တံခါးပေါက်ကို ပိတ်ဆို့ခံထားရကြောင်း ယခုမှ သိလိုက်ရလေသည်။

ထို့အပြင် တောင်ပိုင်းယွဲ့နိုင်ငံ၏ ရှန်ရှန်းအဆင့် မဟာသိုင်းသခင် ပင်ဖြစ်သည်။

ထိုသို့ဆိုလျှင် ချီရွှယ်မိစ္ဆာသခင်က အနည်းငယ် တွေဝေသွားပြီး ကျန်းချဲ့၏ စကားကို ယုံကြည်သွားလေသည်။

အကြောင်းမှာ လွန်ခဲ့သော ဆယ်စုနှစ် အနည်းငယ်ခန့်က လျှို့ဝှက်နယ်မြေကို တစ်စုံတစ်ယောက် အတင်းအကျပ် ဝင်ရောက်ရန် ကြိုးစားနေကြောင်း သူ အာရုံခံမိခဲ့လေသည်။ သို့သော် လျှို့ဝှက်နယ်မြေ ပြိုကျပျက်စီးမည်ကို စိုးရိမ်သဖြင့် လက်လျှော့သွားခဲ့ခြင်းသာ ဖြစ်လေသည်။ ယခု ပြန်တွေးကြည့်တော့ တောင်ပိုင်းယွဲ့နိုင်ငံမှ သိုင်းပညာရှင်များ ဖြစ်ဖို့ အများဆုံး ပင်ဖြစ်သည်။

အကြောင်းရင်းကို ပြောရမည်ဆိုလျှင်တော့ သူ ယခင်က တောင်ပိုင်းယွဲ့နိုင်ငံ၏ နဂါးကြောတစ်ခုကို မတော်တဆ ခိုးယူခဲ့မိသောကြောင့် ပင်ဖြစ်သည်။

ဤသည်မှာ နိုင်ငံတစ်ခုလုံး၏ အသက်သွေးကြော ပင်ဖြစ်သည်။

နဂါးကြော မရှိခြင်းက နိုင်ငံ၏ ကံကြမ္မာနှင့် တိုက်ရိုက်သက်ဆိုင်နေပြီး တောင်ပိုင်းယွဲ့နိုင်ငံအတွက် အလွန်ကြီးမားသော ဆုံးရှုံးမှုကြီးတစ်ခု ပင်ဖြစ်လေသည်။

"မင်း ဘာဆိုလိုချင်တာလဲ"

ချီရွှယ်မိစ္ဆာသခင်က ချက်ချင်း သတိပြန်ဝင်လာပြီး ကျန်းချဲ့၏ စကားများတွင် အဓိပ္ပာယ်များစွာ ပါဝင်နေကြောင်း သိလိုက်လေသည်။

"ကျုပ်နဲ့ ပူးပေါင်းပါ ခင်ဗျားနဲ့ ကျုပ် သွေးကျိန်စာ ချုပ်ဆိုကြမယ် ကျုပ်က ခင်ဗျားကို နဂိုအတိုင်း ပြန်ဖြစ်အောင် ကူညီပေးမယ် ခင်ဗျားက ကျုပ်အတွက် လမ်းပြအစောင့်အရှောက် လုပ်ပေးရမယ် ပြီးရင် ခင်ဗျားနဲ့ ကျုပ် လျှို့ဝှက်နယ်မြေထဲက အတင်းအကျပ် ထွက်သွားကြမယ်"

ကျန်းချဲ့က သူ၏ ရည်ရွယ်ချက်ကို ဖွင့်ဟလိုက်လေသည်။

ယခု ချီရွှယ်မိစ္ဆာသခင်ကို မသတ်နိုင်တော့မှတော့ သေချာပေါက် အသုံးချရန် နည်းလမ်းရှာရမည် ပင်ဖြစ်သည်။ သူ၏ ဝိညာဉ်အသွင်ပြောင်း နတ်မှော်အဆောင်တွင် အသက်ကယ်ရန် အခွင့်အရေးတစ်ကြိမ်သာ ကျန်ရှိတော့ပြီး နောင်တစ်ချိန်တွင် အလွန်အန္တရာယ်များလေသည်။

အကယ်၍ ချီရွှယ်မိစ္ဆာသခင်သာ သူ၏ အသုံးချခံ ဖြစ်လာမည်ဆိုပါက အကန့်အသတ်မရှိ အသုံးပြုနိုင်သော ဝိညာဉ်အသွင်ပြောင်း နတ်မှော်အဆောင်တစ်ခု ထပ်တိုးရလာသကဲ့သို့ ပင်ဖြစ်သည်။

ထို့အပြင် အပြင်ဘက်တွင်လည်း တောင်ပိုင်းယွဲ့နိုင်ငံ၏ သိုင်းပညာရှင်များ ဝိုင်းရံပိတ်ဆို့ထားသေးလေသည်။ လက်ရှိအခြေအနေအရ ကြည့်မည်ဆိုလျှင် နောက်ထပ် အစွမ်းထက် သိုင်းပညာရှင်များ အများကြီး ထပ်မံရောက်ရှိလာနိုင်ပြီး တစ်ကြိမ်တည်းသော တိုက်ခိုက်ခွင့်ဖြင့် ထွက်ပြေးရန် အလွန်အန္တရာယ်များလေသည်။

နောက်ထပ် အကြောင်းရင်းတစ်ခုကတော့ ချီရွှယ်မိစ္ဆာသခင် ပြောပြခဲ့သော ယဇ်ပူဇော်စရာ ပစ္စည်းနှစ်ခု၏ နေရာမှာ အစစ်အမှန် ဟုတ်မဟုတ် သူ မသိသေးချေ။ စမ်းသပ်ရန်အတွက် အခွင့်အရေး အများကြီးမရှိသဖြင့် တစ်ဖက်လူကို သေချာပေါက် ချည်နှောင်ထားရမည် ပင်ဖြစ်သည်။

ပြန်လည်ရိုက်ခတ်မှုကိုတော့ ကျန်းချဲ့ အနည်းငယ်မျှ မကြောက်ချေ။ ချီရွှယ်မိစ္ဆာသခင်လို အစွမ်းထက် သိုင်းပညာရှင်များအတွက် သွေးကျိန်စာက အလွန်အစွမ်းထက်သော ချည်နှောင်မှုတစ်ခု ပင်ဖြစ်သည်။ ထို့အပြင် သူတွင် ချီရွှယ်မိစ္ဆာသခင်ကို ထိန်းချုပ်နိုင်စွမ်းရှိသော ဝိညာဉ်အသွင်ပြောင်း နတ်မှော်အဆောင် လည်း ရှိနေသေးသည် မဟုတ်ပါလော။

ကျန်းချဲ့၏ စကားကို ကြားသောအခါ ချီရွှယ်မိစ္ဆာသခင်က တိတ်ဆိတ်သွားလေသည်။

ငယ်ရွယ်သော ကောင်လေးတစ်ယောက်အတွက် လမ်းပြအစောင့်အရှောက် လုပ်ပေးရမည် ဟုတ်လား။ သူ အစွမ်းထက်ဆုံး အချိန်တွင်ဆိုပါက လုံးဝ သဘောတူမည် မဟုတ်ချေ။ သို့သော် အရေးကြီးတာက ယခုအချိန်တွင် သူက အစွမ်းထက်ဆုံး အချိန်မဟုတ်တော့ခြင်း ပင်ဖြစ်သည်။ သူကိုယ်တိုင်ပင် စွမ်းအားများ အများကြီး ကျဆင်းနေလေပြီ။

လျှို့ဝှက်နယ်မြေ အပြင်ဘက်သို့ပင် မထွက်ရဲတော့ချေ။ ဤနေရာတွင်သာ ပိတ်လှောင်နေမည်ဆိုပါက ဆယ်နှစ်ပင် မပြည့်မီ သူ၏ စွမ်းအင်များ အားလုံးကုန်ဆုံးသွားမည်မှာ သေချာလေသည်။

ဒါက သေလမ်းတစ်ခု ပင်ဖြစ်သည်။

'ဒါပေမဲ့ သွေးကျိန်စာနဲ့ ချည်နှောင်ခံရမယ်ဆိုရင်တော့ ငါ့ရဲ့ လွတ်လပ်ခွင့်တွေ အကုန်လုံး ဆုံးရှုံးသွားရတော့မှာပေါ့'

"ပူးပေါင်းတာတော့ ရတယ် ဒါပေမဲ့ သွေးကျိန်စာတော့ မရဘူး"

ချီရွှယ်မိစ္ဆာသခင်က ကျန်းချဲ့ကို စမ်းသပ်နေလေသည်။

"သွေးကျိန်စာ မပါရင်တော့ ဂျူနီယာအနေနဲ့ စီနီယာကို မယုံကြည်နိုင်ဘူး"

ကျန်းချဲ့က လေးနက်စွာ ပြောလိုက်လေသည်။

ချီရွှယ်မိစ္ဆာသခင်လည်း မျက်လုံးများ မှေးကျဉ်းကာ အနည်းငယ် တွေဝေနေလေသည်။

ဤအချိန်တွင် အင်းဆက်တစ်ထောင်တောင်ကြား မြေအောက်ခန်းအတွင်း၌...

ကျီးမု၏ သွေးယဇ်ပူဇော်ပြီး ကျိန်စာတိုက်သတ်ဖြတ်ခြင်းက အရေးအကြီးဆုံး အချိန်သို့ ရောက်ရှိနေပြီ ဖြစ်လေသည်။ သူ၏ အရှေ့ရှိ ယဇ်ပလ္လင်က ပိုမိုတောက်ပလာပြီး သွေးရောင်အလင်းတန်းများ ဖြာထွက်ကာ အလွန်ဆိုးရွားသော အငွေ့အသက်များကို ထုတ်လွှတ်နေလေသည်။

မြေအောက်ခန်း တစ်ခုလုံးတွင် အလွန်အေးစက်သော လေထု ဖုံးလွှမ်းနေလေသည်။

ယန်ဖျင်က အလွန်လေးနက်သော အကြည့်များဖြင့် ကြည့်နေသော်လည်း ဝင်ရောက်မနှောင့်ယှက်ရဲချေ။ သတင်းကောင်းကိုသာ တိတ်တဆိတ် စောင့်ဆိုင်းနေရလေသည်။

နောက်ဆုံးတွင် ရုပ်တုတစ်ခုအလား ငြိမ်သက်နေခဲ့သော ကျီးမုက စတင်လှုပ်ရှားလာလေသည်။ သူက အရင်ဆုံး မျက်လုံးများကို ဖွင့်လိုက်ပြီးနောက် ကျန်းချဲ့၏ သွေးများပါဝင်သော ကြွေပုလင်းငယ်ကို ချက်ချင်း ဖျစ်ညှစ်ခွဲပစ်လိုက်လေသည်။

ဖြောင်း

ကြွေပုလင်း ပျက်စီးသွားပြီး သွေးများ ထွက်ကျလာလေသည်။

ကျီးမုက အေးစက်သော အကြည့်ဖြင့် ကြည့်လိုက်ပြီး လေဟာနယ်ထဲတွင် ပြန့်ကျဲနေသော သွေးများကို သွေးရောင်ယဇ်ပလ္လင်၏ အလယ်ဗဟိုသို့ လျင်မြန်စွာ ဝင်ရောက်သွားစေလေသည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် လက်ဝါးအရွယ်အစားရှိသော သွေးရောင်လူရုပ်တစ်ခု အဖြစ် ချက်ချင်း ပုံပေါ်လာလေသည်။

သူက အသံနိမ့်ဖြင့် အော်ဟစ်လိုက်ပြီး ထူးဆန်းသော ကျိန်စာများကို ရွတ်ဆိုနေလေသည်။

"ကောင်းကင်နဲ့မြေကြီးဟာ အဆုံးအစမရှိဘူး မိုင်ပေါင်းသောင်းချီ အကွာအဝေးကနေ သွေးနဲ့ သတ်ဖြတ်မယ်"

"ကျိန်စာ"

မျက်တောင်တစ်ခတ် အတွင်းမှာပင် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုက သွေးရောင်ယဇ်ပလ္လင်ပေါ်ရှိ လက်ဝါးအရွယ်အစားရှိသော သွေးရောင်လူရုပ်ပေါ်သို့ လွှမ်းခြုံသွားပြီး သေမင်းတမန် အငွေ့အသက်များ စတင်ထွက်ပေါ်လာလေသည်။

ယန်ဖျင်၏ မျက်ဝန်းများ လှုပ်ရှားသွားပြီး ရင်ထဲတွင် အနည်းငယ် စိတ်လှုပ်ရှားလာလေသည်။

"နောက်ဆုံးတော့ စတင်ပြီပေါ့"

ချီရွှယ်လျှို့ဝှက်နယ်မြေ။

ကျန်းချဲ့နှင့် ချီရွှယ်မိစ္ဆာသခင်တို့ ဤအချိန်တွင် တစ်ယောက်နှင့်တစ်ယောက် အလျှော့မပေးဘဲ အခြေအနေ တင်းမာနေလေသည်။ ကျန်းချဲ့ တစ်ခုခုပြောရန် ပြင်လိုက်ချိန်တွင် ရုတ်တရက် လျှို့ဝှက်ဆန်းကြယ်သော အန္တရာယ်တစ်ခု သူ၏ ကိုယ်ပေါ်သို့ လွှမ်းခြုံလာသည်ကို ခံစားလိုက်ရလေသည်။

ရင်ထဲတွင် ချက်ချင်းလန့်ဖျပ်သွားပြီး ပြန်လည်မတုံ့ပြန်နိုင်မီမှာပင်...

ရုတ်တရက် သူ၏ နှာခေါင်း မျက်လုံး နားရွက် နေရာအားလုံးမှ ချက်ချင်း သွေးများ စတင်ထွက်ကျလာလေသည်။ ဤသည်က အစသာ ရှိသေးလေသည်။ သူ၏ ရုပ်ခန္ဓာကလည်း စတင်ကွဲအက်လာလေသည်။

နဂါးအကြေးခွံပုံစံ အမှတ်အသားများ ယခုအချိန်တွင် ထွက်ပေါ်နေသော်လည်း လုံးဝ တားဆီးနိုင်စွမ်း မရှိချေ။

"အဟွတ် အဟွတ်"

ကျန်းချဲ့ သွေးတစ်ပွက် အန်ချလိုက်ပြီး ချီရွှယ်မိစ္ဆာသခင်ကို ဒေါသတကြီး စူးစိုက်ကြည့်လိုက်လေသည်။

"ခွေးအိုကြီး ခင်ဗျား ကျုပ်ကို နောက်ကျော ဓားထိုးတာလား ဒါဆိုလည်း အတူတူ သေကြတာပေါ့"

ကျန်းချဲ့က ဒေါသတကြီး အော်ဟစ်လိုက်လေသည်။ ယခု သူ၏အခြေအနေက ချီရွှယ်မိစ္ဆာသခင်ကြောင့် ဖြစ်ရသည်ဟု သူ အသိအမှတ်ပြုထားလေသည်။ မည်သို့ပင်ဆိုစေ သူ၏ အသိစိတ်ထဲတွင် ယခုရန်သူဟူ၍ ဤနေရာ၌ သူတို့နှစ်ယောက်သာ ရှိလေသည်။

သူ့ကို တိုက်ခိုက်နိုင်သူကလည်း သူတို့နှစ်ယောက်သာ ရှိလေသည်။

လုံးဝ တွေဝေခြင်းမရှိဘဲ စောစောက ရပ်တန့်ထားသော ပုံရိပ်ယောင်အရိပ်ကို ချက်ချင်း စတင်အသက်သွင်းလိုက်လေသည်။

"ရပ်လိုက် မြန်မြန် ရပ်လိုက်စမ်း ငါတိုက်ခိုက်တာ မဟုတ်ဘူး ကျိန်စာတိုက်တာ တစ်ယောက်ယောက်က သွေးကျိန်စာ အတတ်ပညာနဲ့ မင်းကို ကျိန်စာတိုက်နေတာ ငါနဲ့ ဘာမှမဆိုင်ဘူး"

ချီရွှယ်မိစ္ဆာသခင်က ကျန်းချဲ့ ကိုယ်ပေါ်မှ ချက်ချင်း သွေးများ ထွက်ကျလာသည်ကို မြင်သောအခါ အလျင်အမြန် အော်ဟစ်တားဆီးလိုက်လေသည်။

ရင်ထဲတွင် ဝမ်းသာသွားခြင်း မရှိသေးမီ ကျန်းချဲ့က သူ့ကို အတူတူ သေဆုံးရန် ကြိုးစားနေသည်ကို မြင်လိုက်ရသဖြင့် အလျင်အမြန် အော်ဟစ်တားဆီးလိုက်ခြင်းပင်။

"ခင်ဗျားက လိမ်နေတာပဲ ဒီနေရာမှာ ခင်ဗျားနဲ့ ကျုပ် နှစ်ယောက်တည်း ရှိတာ ဘယ်သူက ကျုပ်ကို ကျိန်စာတိုက်မှာလဲ ချီရွှယ် သေစမ်း"

ကျန်းချဲ့၏ နှာခေါင်းနှင့် ပါးစပ်မှ သွေးများ အဆက်မပြတ် ထွက်ကျနေပြီး ပုံရိပ်ယောင်အရိပ်ကို အလျင်အမြန် စတင်အသက်သွင်းနေလေသည်။

သူက အမြဲတမ်း ပြတ်သားသူတစ်ယောက်ဖြစ်ပြီး ယခုအချိန်တွင် ပို၍ပင် ပြတ်သားလေသည်။

ချီရွှယ်မိစ္ဆာသခင်ကို သတ်ဖြတ်လိုက်မှသာ သူ့အတွက် အသက်ရှင်နိုင်မည့် လမ်းစတစ်ခု ရှိတော့မည် ပင်ဖြစ်သည်။

"မလုပ်နဲ့ မလုပ်နဲ့ အရမ်းမလောနဲ့ တကယ်ပဲ ငါလုပ်တာ မဟုတ်ပါဘူး ငါ မင်းကို ကူညီပေးမယ် မင်းကို ကာကွယ်ပေးမယ်"

ချီရွှယ်မိစ္ဆာသခင်က အော်ဟစ်လိုက်ပြီး အလျင်အမြန် တားဆီးလိုက်လေသည်။ သူ၏ အပြစ်ကင်းစင်ကြောင်းကို သက်သေပြရန် သွေးကျိန်စာကိုပင် ချက်ချင်း ကျိန်ဆိုလိုက်လေသည်။

သူ့ဘက်ကတော့ အပူအပင်မရှိသော်လည်း ကျန်းချဲ့က ဘာကိုမှ ဂရုမစိုက်ဘဲ သူ့ကို သေချာပေါက် သတ်ဖြတ်မည်ကို အလွန်ကြောက်ရွံ့နေမိလေသည်။

"ဒါဆို ခင်ဗျား ဘာစောင့်နေသေးတာလဲ"

ချီရွှယ်မိစ္ဆာသခင်က သွေးကျိန်စာဖြင့် သက်သေပြသည်ကို ကြားသောအခါ ကျန်းချဲ့က တစ်ဝက်ယုံကြည် တစ်ဝက်မယုံကြည် ဖြစ်နေလေသည်။ သို့သော် ယခုအချိန်တွင် ဝိညာဉ်အသွင်ပြောင်း နတ်မှော်အဆောင်ကိုတော့ လွှတ်မပေးသေးဘဲ တစ်ဖက်လူကို ဝင်ရောက်ကူညီ ကာကွယ်ပေးရန် အလျင်အမြန် တိုက်တွန်းလိုက်လေသည်။ မဟုတ်ပါက သူတို့နှစ်ယောက်စလုံး သေဆုံးကြရမည် ပင်ဖြစ်သည်။

"ချီးပဲ ဘယ်ခွေးကောင်က ငါ့ကို လာရှုပ်တာလဲ ကျိန်စာတိုက်တာနဲ့ ပတ်သက်ရင် မင်းက နုပါသေးတယ်ကွ"

ချီရွှယ်မိစ္ဆာသခင်မှာ ဒေါသများ ထွက်နေပြီး အသံနိမ့်ဖြင့် ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

အကယ်၍ ကျန်းချဲ့သာ တကယ်သေဆုံးသွားပါက သူလည်း သေချာပေါက် အသက်ရှင်နိုင်မည် မဟုတ်ချေ။

အကြောင်းမှာ သွေးကျိန်စာ အတတ်ပညာက ချက်ချင်းသတ်ဖြတ်နိုင်စွမ်း မရှိဘဲ အနည်းဆုံး လက်ဖက်ရည်တစ်ခွက်စာ အချိန်ခန့် ကြာမြင့်မည်ဖြစ်ရာ ထိုအချိန်တွင်း ကျန်းချဲ့က ဝိညာဉ်အသွင်ပြောင်း နတ်မှော်အဆောင်ကို အသက်သွင်းရန် အချိန်လုံလောက်နေလေသည်။

စကားသံအဆုံးတွင် ကျန်းချဲ့က မယုံကြည်မည်ကို စိုးရိမ်၍ ချီရွှယ်မိစ္ဆာသခင်လည်း ယခုအချိန်တွင် စတင်လှုပ်ရှားလေတော့သည်။ မျက်လုံးများထဲတွင် သွေးရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး လက်နှစ်ဖက်ဖြင့် အဆက်မပြတ် အမှတ်အသားများ ဖန်တီးကာ ပါးစပ်မှလည်း ကျိန်စာများကို ရွတ်ဆိုနေလေသည်။

ထို့နောက် လျှို့ဝှက်နယ်မြေ၏ အခြေခံအင်အားများကို တိုက်ရိုက်ထုတ်ယူလိုက်လေသည်။ လေဟာနယ်ထဲရှိ သွေးရောင်လပြည့်ဝန်းကြီးတွင် ယခုအချိန်တွင် စွမ်းအင်အနည်းငယ်သာ ကျန်ရှိတော့ပြီး ယခုတော့ ကျန်းချဲ့၏ ကိုယ်ပေါ်တွင်သာ အသုံးပြုရတော့မည် ပင်ဖြစ်သည်။

ကျိန်စာတိုက်ရဲတယ်ပေါ့။ သူက ပြန်လည်ရိုက်ခတ်မှုနဲ့ သေအောင်လုပ်ပစ်မယ်။

ကျန်းချဲ့၏ အခြေအနေကို ကြည့်ရသလောက် ကျိန်စာတိုက်သောသူ၏ စွမ်းအားက သိပ်ပြီး ကြီးမားလောက်မည် မဟုတ်ချေ။ အများဆုံး ရှန်ရှန်းအဆင့်ခန့်သာ ရှိမည်ဖြစ်ရာ ရှားပါးသော ရတနာတစ်ခု၏ အခြေခံအင်အားဖြင့် ပြန်လည်ရိုက်ခတ်မှုကို မည်သို့မျှ ခံနိုင်ရည်ရှိမည် မဟုတ်ချေ။

လေဟာနယ်ထဲတွင် သွေးရောင်လပြည့်ဝန်းကြီးက အလင်းရောင်များ ဖြာထွက်လာပြီး ကမ္ဘာကြီးတစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။

နောက်တစ်စက္ကန့်တွင် သွေးရောင်အလင်းတန်းတစ်ခုက ကျန်းချဲ့၏ ကိုယ်ပေါ်သို့ တိုက်ရိုက်လွှမ်းခြုံသွားလေသည်။ သူ၏ကိုယ်ပေါ်ရှိ ကွဲအက်နေသော အရေပြားများက မျက်စိဖြင့် မြင်နိုင်သောအမြန်နှုန်းဖြင့် လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာပြီး နှာခေါင်း၊ မျက်လုံးများမှ သွေးများထွက်ကျနေမှု လည်း ရပ်တန့်သွားလေသည်။

"ပြီးသွားပြီလား"

ကျန်းချဲ့က မျက်တောင်တစ်ခတ် အတွင်းမှာပင် သူ၏ကိုယ်ပေါ်ရှိ ထူးဆန်းမှုများ ပြီးဆုံးသွားသည်ကို ခံစားလိုက်ရပြီး ချီရွှယ်မိစ္ဆာသခင်ကို သံသယမျက်လုံးများဖြင့် ကြည့်လိုက်လေသည်။

'တကယ်ပဲ သူလုပ်တာ မဟုတ်ဘူးလား'

"မဟုတ်ဘူး ပြန်လည်ရိုက်ခတ်မှု စတင်နေပြီ"

ချီရွှယ်မိစ္ဆာသခင်က သွားကို တင်းတင်းကြိတ်ကာ ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

အင်းဆက်တစ်ထောင်တောင်ကြား မြေအောက်ခန်းအတွင်း၌...

မူလက အရာအားလုံးက အလွန်ချောမွေ့နေပြီး ကျီးမု၏ နှုတ်ခမ်းထောင့်တွင် အောင်နိုင်သူ၏ အပြုံးတစ်ခုပင် ပေါ်လွင်နေလေသည်။ သို့သော် သူ ဘာမှဆက်မပြောနိုင်မီမှာပင် မျက်နှာပေါ်ရှိ အပြုံးများက ချက်ချင်း ပျောက်ကွယ်သွားလေသည်။

လျှို့ဝှက်ဆန်းကြယ်သော အခြေအနေအရ အလွန်ကြီးမားသော ကြောက်မက်ဖွယ်ကောင်းသည့် အရာတစ်ခု ရုတ်တရက် ကျရောက်လာသည်ကို သူ ခံစားလိုက်ရလေသည်။

ပါးစပ်၊ နှာခေါင်း၊ နားရွက်၊ မျက်လုံး...

မျက်တောင်တစ်ခတ် အတွင်းမှာပင် ကျီးမု၏ မျက်နှာပေါ်ရှိ နေရာတိုင်းမှ သွေးများ စတင်ထွက်ကျလာလေသည်။ ထို့နောက်တွင်တော့ သူ၏ရုပ်ခန္ဓာက စတင်ကွဲအက်လာပြီး ကွဲအက်နှုန်းက အလွန်မြန်ဆန်လှပေသည်။ တစ်ချိန်တည်းမှာပင် သူ၏အရှေ့ရှိ သွေးရောင်ယဇ်ပလ္လင်လည်း ချက်ချင်း ပေါက်ကွဲပျက်စီးသွားလေသည်။

ယန်ဖျင်က ဤမြင်ကွင်းကို ကြည့်ရင်း အနည်းငယ် အံ့အားသင့်သွားပြီး မနေနိုင်ဘဲ မေးလိုက်လေသည်။

"တာအိုမိတ်ဆွေ ကျီးမု ခင်ဗျား ကြည့်ရတာ နည်းနည်းထူးဆန်းနေသလိုပဲ ဒါလည်း ကျိန်စာတိုက်တာရဲ့ အစိတ်အပိုင်းတစ်ခု ပဲလား"

သူ နားမလည်သော်လည်း အလွန်ထူးဆန်းနေကြောင်းကိုတော့ ခံစားမိနေလေသည်။

"အဟွတ် အဟွတ် ဖူး"

ကျီးမုက ရုတ်တရက် ချောင်းအနည်းငယ် ဆိုးလိုက်ပြီးနောက် သွေးတစ်ပွက် အန်ချလိုက်လေသည်။ ကိုယ်ပေါ်ရှိ ပြန်လည်ရိုက်ခတ်မှုများက လျင်မြန်စွာ ပေါက်ကွဲထွက်လာပြီး အမြုတေသွေးများ အရူးအမူး ထွက်ကျနေလေသည်။

သူက ယန်ဖျင်ကို အငြိုးတကြီး စူးစိုက်ကြည့်ပြီး မျက်ဝန်းများထဲတွင် အမုန်းတရားများ ပြည့်နှက်နေလေသည်။

"သေနာကောင် မင်း ငါ့ကိုလိမ်ရဲတယ်ပေါ့ ကျိန်စာတိုက်တဲ့ ပစ်မှတ်က ရွှမ်တန်အဆင့် သိုင်းသခင် လုံးဝမဟုတ်ဘူး ရှန်ရှန်းအဆင့်ထက် ပိုပြီးကြောက်စရာကောင်းတဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်ပဲ"

"ဘာ ခင်ဗျား ဘာပြောလိုက်တယ်"

ယန်ဖျင်၏ မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်သွားသော အမူအရာများ ပေါ်လွင်လာလေသည်။

"ငါ အသက်မရှင်နိုင်ရင် မင်းလည်း အသက်ရှင်ခွင့် မရှိဘူး ငါ့ကို လာလိမ်ရဲတဲ့ကောင် မင်းလည်း အတူတူ သေလိုက်စမ်း"

ကျီးမုက အသံနိမ့်ဖြင့် ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

All Chapters