အခန်း ၁၁၀
Vol. 11 Ch. 110
အခန်း (၁၁၀) ရာထူးသစ်မှာ ပထမဆုံး အစွမ်းပြမှု သခင်မကြီးက အရမ်းလောနေတယ်
ထိုက်ဆန်းမြို့ သို့ လာရာလမ်းတွင် ကျန်းချဲ့ က ချန်ခိုင်ယန် ကို ရင်ဆိုင်ရန် နည်းလမ်း တစ်ခု စဉ်းစားထားပြီး ဖြစ်သည်။ ၎င်းမှာ စစ်ကူ ရှာရန် ပင် ဖြစ်သည်။ ဤနေရာရှိ သိုင်းလောက အင်အားစုများ က အုပ်စုဖွဲ့နေကြပြီး မတူညီသော အဖွဲ့အစည်းများ အဖြစ် ကွဲပြားနေလျှင်တောင်မှ၊ ယခုမှ ရောက်လာခါစ ဖြစ်သော သူက အခြားသူများ နှင့် သွားရောက် ပူးပေါင်းရန် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပေ။
မည်သို့ပင်ဆိုစေ သိုင်းလောက နှင့် အစိုးရ တို့က မွေးရာပါ ရန်သူများ ဖြစ်ကြပေသည်။
ကျန်းချဲ့ ပူးပေါင်းနိုင်ရန် မျှော်လင့်ချက် ရှိသော မဟာမိတ် ဆို၍ တစ်ယောက်တည်းသာ ရှိပေသည်။
၎င်းမှာ ပြောင်းရွှေ့မသွားရသေးသော မူလ ထိုက်ဆန်း စောင့်ကြပ်ရေး တပ်မှူးကြီး ယန်ယွမ်ချယ် ပင် ဖြစ်သည်။
သို့သော် ယန်ယွမ်ချယ် ကို ဘယ်လို လုပ်ပြီး လှုပ်ရှားအောင် လုပ်မလဲ။
ပါးစပ်နဲ့ သက်သက် ပြောရုံနဲ့တော့ သေချာပေါက် မဖြစ်နိုင်ပေ။
သူက ပြောင်းရွှေ့တော့မှာ ဆိုတော့ ဘာကိစ္စ နဲ့ မင်းနဲ့အတူ အန္တရာယ် လိုက်ခံရမှာလဲ။
သေချာပေါက် တကယ့် ငွေတွေ ရွှေတွေ ထုတ်ပြပြီး အကျိုးအမြတ် နဲ့ မျှားရမည် ဖြစ်သည်။
တစ်ဖက်လူကို သွေးဆောင်နိုင်ဖို့ အရေးအကြီးဆုံး အချက်က တစ်ဖက်လူမှာ လိုအပ်ချက် ရှိနေဖို့ပင် ဖြစ်သည်။
ချီဆန်းကျား က ကျန်းချဲ့ ကို ထိုက်ဆန်း စောင့်ကြပ်ရေး တာဝန် တွင် ရရှိနိုင်မည့် အကျိုးအမြတ်များကို မပြောပြခဲ့သော်လည်း အခြေအနေကို ခန့်မှန်းကြည့်မည် ဆိုပါက ယခင်က ထိုက်ဆန်း စောင့်ကြပ်ရေး တပ်မှူးကြီး များက အမြဲတမ်း ပြောင်းရွှေ့ရန် တောင်းဆိုနေကြခြင်းမှာ နေရာတိုင်းတွင် ဖိနှိပ်ခံရခြင်း အပြင် အကျိုးအမြတ် လုံးဝ မရရှိသောကြောင့် ဖြစ်မည်ဟု သူ ထင်မြင်မိပေသည်။
မဟုတ်ပါက လုံလောက်သော အကျိုးအမြတ်များသာ ရရှိမည် ဆိုပါက သည်းခံနိုင်သော သူများ ရှိမည်ဟု သူ ယုံကြည်ပေသည်။
ထို့ကြောင့် ကျန်းချဲ့ က ယန်ယွမ်ချယ် နှင့် စကားပြောဆိုရာတွင် ဤကိစ္စကို တိတ်တဆိတ် ထည့်သွင်း ပြောဆိုခဲ့ပြီး တစ်ဖက်လူ က အကျိုးအမြတ် အများကြီး မရရှိဘူး ဆိုတာကို ခန့်မှန်းမိသဖြင့် တစ်ဖက်လူ၏ ရင်ဘတ်ကို ဓားဖြင့် အဆက်မပြတ် ထိုးနှက်နေခဲ့ခြင်း ဖြစ်သည်။
ယန်ယွမ်ချယ် က ပါးစပ်ဟလိုက်သော်လည်း ဘာပြောရမည်မှန်း မသိအောင် ဖြစ်နေပေသည်။
ကျန်းချဲ့ ၏ စကား တစ်ခွန်းချင်းစီ က သူ၏ ရင်ဘတ်ကို ကြီးမားသော တူကြီး တစ်လက်ဖြင့် ထုလိုက်သကဲ့သို့ ပင် ဖြစ်နေပေသည်။
လအနည်းငယ်လောက်ပဲ လုပ်ရတဲ့ ခရိုင်တပ်မှူးချုပ် တောင်မှ ငွေကျပ် ငါးသောင်း ရတယ် တဲ့။
သူကရော။
ဒီနေရာမှာ တာဝန် ထမ်းဆောင်နေတာ သုံးနှစ်လောက် ရှိပြီ။
ဒါပေမဲ့ ရတဲ့ ငွေက သုံးဖို့တောင် မနည်း ချွေတာနေရတယ်။
သုံးသောင်းတောင် မရှိဘူး။
ဒီလို နှိုင်းယှဉ်ကြည့်လိုက်တော့။
သူ့ရင်ထဲမှာ ကျန်းချဲ့ ရဲ့ ပုံရိပ်က လူငယ် သွေးဆူပြီး ကောင်းကင်နဲ့ မြေကြီး ဘယ်လောက် ကျယ်တယ် ဆိုတာ မသိတဲ့သူ မျိုး မဟုတ်တော့ဘဲ ငွေရှာတတ်တဲ့ သူ တစ်ယောက် ဖြစ်သွားခဲ့ပြီ။
'ကိုယ့်ကိုယ်ကိုယ် ပြန်တွေးကြည့်တော့ တကယ့်ကို အချည်းနှီး အသက်ရှင်နေတာပဲ မဟုတ်ဘူး ခွေးလောက်တောင် အဆင့်မရှိပါဘူး ခွေးဆိုရင်တောင် အရိုးလေး တစ်ချောင်းလောက်တော့ ကိုက်ရသေးတယ် အဆီအနှစ်လေး နည်းနည်းတော့ ရသေးတယ် ငါကတော့ အဖွဲ့အစည်းကြီးတွေရဲ့ ဖိနှိပ်မှုကို ခံရလွန်းလို့ အဆီအနှစ် ဆိုတာ ဘာမှန်းတောင် မသိဘူး'
အရှေ့ရှိ အရက်ပန်းကန် ကို ကောက်ကိုင်လိုက်ပြီး ယန်ယွမ်ချယ် က စိတ်ပျက်လက်ပျက်ဖြင့် တစ်ကျိုက်တည်း သောက်လိုက်ကာ ကျန်းချဲ့ ၏ မေးခွန်းကို ဘယ်လို ဖြေရမည်မှန်း မသိအောင် ဖြစ်နေပြီး စိတ်ထဲရှိ အခဲမကျေမှု များကိုသာ မျိုချလိုက်ရပေသည်။
သို့သော် ကျန်းချဲ့ က အခွင့်အရေး ရသွားသဖြင့် ဆက်လက် တိုက်ခိုက်နေပေသည်။
"အစ်ကိုယန် က တကယ်ပဲ ညီလေး မနာလို ဖြစ်မှာကို ကြောက်နေတာလား ဟဲဟဲဟဲ ဒါကတော့ မဖြစ်နိုင်ပါဘူး ဘာဖြစ်လို့လဲဆိုတော့ အစ်ကို က ပြောင်းရွှေ့တော့မှာ ဆိုတော့ ကျန်း က ရာထူး လာယူမှာလေ ကျုပ်တို့ ကြားမှာ ဘာပဋိပက္ခ မှ မရှိပါဘူး"
"ဘန်း"
ယန်ယွမ်ချယ် က အရက်ပန်းကန် ကို စားပွဲပေါ်သို့ ပြင်းထန်စွာ ဆောင့်ချလိုက်ပြီး လေကို ပြင်းပြင်း တစ်ချက် ရှူသွင်းကာ လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"တပ်မှူးကြီးကျန်း ယန် က ခင်ဗျား မနာလို ဖြစ်မှာ ကြောက်လို့ မဟုတ်ပါဘူး သုံးနှစ်လောက် တာဝန် ထမ်းဆောင်ခဲ့တာ ဘာအကျိုးအမြတ်မှ မရခဲ့လို့ပါ ဟူး ရှက်စရာ ကောင်းလိုက်တာ"
ကိစ္စက ဤအခြေအနေ အထိ ရောက်နေပြီ ဖြစ်ရာ ဘာမှ ဖုံးကွယ်ထားစရာ မလိုတော့ပေ။ ထို့အပြင် ကျန်းချဲ့ ၏ အဆက်မပြတ် မေးခွန်းထုတ်မှုများ ကြောင့် ယန်ယွမ်ချယ် က အဖြစ်မှန် အားလုံးကို ပြောပြလိုက်ခြင်း ဖြစ်သည်။
"ဘာ သုံးနှစ်တောင် နေခဲ့တာကို ဘာမှ မရဘူး အစ်ကိုယန် ဒါကတော့"
ကျန်းချဲ့ ၏ မျက်နှာပေါ်တွင် သူ့အတွက် နှမြောသွားသည့် အမူအရာများ ပေါ်ထွက်လာပြီး အစကတည်းက သူ မေးခဲ့ခြင်း မဟုတ်သကဲ့သို့ ပင် ဖြစ်နေပေသည်။
"ကျုပ် လည်း ဘာမှ မတတ်နိုင်ဘူးလေ ပတ်ဝန်းကျင်က ဒီ အဖွဲ့အစည်း တွေက ထိုက်ဆန်းမြို့ ထဲက စီးပွားရေး လုပ်ငန်း ကြီးငယ် အားလုံးကို ထိန်းချုပ်ထားတာ ပတ်ဝန်းကျင်က ကျင့်ကြံရေး အရင်းအမြစ် တွေကိုဆိုရင် ကျုပ် ဝင်စွက်ဖက်ဖို့တောင် ခက်တယ်"
ယန်ယွမ်ချယ် က ခေါင်းယမ်းကာ ပြောလိုက်သည်။
"ဒီလူတွေက ဒီလောက်တောင် လွန်လွန်ကဲကဲ လုပ်နေတာ တပ်မှူးကြီးယန် က ဒေါသမထွက်ဘူးလား"
ကျန်းချဲ့က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"သူတို့သာ ကြောက်ရင် ဒီလို လုပ်မှာ မဟုတ်ဘူး ညီလေးကျန်း ခင်ဗျား ကို ကျုပ် ပြောပြမယ် ဒီ အဖွဲ့အစည်း တွေ အကုန်လုံး က စွမ်းအား အတော်လေး ကြီးတယ် အဖွဲ့တိုင်းမှာ မွေးရာပါအဆင့် သိုင်းသမား တစ်ယောက်မက ရှိတယ်……ပြီးတော့ တခြား အသေးစား အဖွဲ့အစည်း တွေ အားလုံး ကလည်း သူတို့ကို မှီခိုနေကြတာမို့ အကုန်လုံး က ကြိုးတစ်ချောင်းတည်း ပေါ်မှာ ရောက်နေသလိုပဲ တစ်ဖွဲ့ကို ထိရင် အကုန်လုံးကို ထိတာနဲ့ အတူတူပဲ ဒါပေမဲ့ အထက်လူကြီး တွေကကျတော့ ပြဿနာ ကြီးသွားမှာကို လက်မခံဘူး
ဒါက ကျုပ် ဒီနှစ်တွေ အတွင်းမှာ အမြဲတမ်း အံကြိတ် ခံနေရတဲ့ အကြောင်းရင်းပဲ"
ယန်ယွမ်ချယ် က ကျန်းချဲ့ ၏ စကားလုံးများဖြင့် ဆွဲဆောင်မှုကို ခံလိုက်ရပြီး သူ၏ ရင်ထဲတွင် ပို၍ပင် မခံချိမခံသာ ဖြစ်လာခဲ့သည်။
အဆင့်ခြောက် စောင့်ကြပ်ရေး တပ်မှူးကြီး တစ်ယောက် က အဆင့်ခုနစ် ခရိုင်တပ်မှူးချုပ် တစ်ယောက်လောက်တောင် မကောင်းဘူးလား။
ဘယ်မှာ သွားပြီး တရားမျှတမှု ရှာရမလဲ။
"ဘယ်အချိန်က စပြီး ဒီလောကကြီး က သိုင်းလောက အဖွဲ့အစည်း တွေ ကြီးစိုးတဲ့ နေရာ ဖြစ်သွားရတာလဲ"
ကျန်းချဲ့ က ဒေါသထွက်နေသည့်ဟန် ဆောင်ကာ 'ဘန်း' ခနဲ အသံနှင့်အတူ လက်ထဲရှိ အရက်ပန်းကန် ကို မြေကြီးပေါ်သို့ ပြင်းထန်စွာ ဆောင့်ချလိုက်သည်။
"ညီလေးကျန်း ဒေါသ မထွက်ပါနဲ့ နောင် ခင်ဗျား တာဝန် ယူတဲ့ အချိန်ကျရင် အစ်ကိုကြီး ရဲ့ အခက်အခဲ တွေကို နားလည်လာမှာပါ"
ယန်ယွမ်ချယ် က သက်ပြင်း တစ်ချက် ချလိုက်သည်။
"တပ်မှူးကြီးယန် က ဒီအတိုင်းပဲ သည်းခံနေတော့မှာလား"
ကျန်းချဲ့ က လေးနက်သော အသံဖြင့် ပြန်လည် မေးခွန်းထုတ်လိုက်သည်။
"သည်းမခံတော့ရော ဘာလုပ်ရမှာလဲ သည်းခံလာတာ နှစ်ချီနေပြီ အခုမှ ပြောင်းရွှေ့ခွင့် ရဖို့ စောင့်နေရတာ တခြား ဒေသကို ရောက်သွားရင်တော့ နည်းနည်း ပိုကောင်းလာမှာပါ"
ဤအချက်ကို တွေးမိသောအခါ ယန်ယွမ်ချယ် ၏ မျက်နှာပေါ်တွင် ကျေးဇူးတင်သည့် အမူအရာ အချို့ ပေါ်ထွက်လာခဲ့သည်။
မည်သို့ပင်ဆိုစေ ဒီရွှံ့နွံ ထဲကနေ လွတ်မြောက်သွားပြီလေ။
"ဒါဆို အစ်ကိုယန် ပြောင်းရွှေ့သွားရင် အထက်အရာရှိ တွေကို လက်ဆောင် ပေးဖို့ မလိုဘူးလား"
"ဒီကိစ္စကတော့ သွားကြည့်ရင်းနဲ့ပဲ ဆုံးဖြတ်ရမှာပေါ့"
ယန်ယွမ်ချယ် က ခေါင်းယမ်းလိုက်သည်။
"ကျုပ် အမြင်ကတော့ တပ်မှူးကြီးယန် က အရမ်း သည်းခံလွန်းတယ် အကယ်လို့ ကျုပ် သာ အာဏာ ရှိရင် မနာခံတဲ့ သူတွေ အကုန်လုံးကို ပြတ်ပြတ်သားသား ရှင်းပစ်လိုက်မယ် ဘယ်သူကများ မနာခံရဲဘူးလဲ သူ့ မိသားစု တစ်ခုလုံးကို မျိုးတုံး သတ်ပစ်မယ်"
ကျန်းချဲ့ က အေးစက်စက် နှာမှုတ်လိုက်သည်။
"ညီလေးကျန်း အလောတကြီး မလုပ်နဲ့နော်"
ယန်ယွမ်ချယ် က အလျင်အမြန် တားဆီးလိုက်သည်။
"ကျုပ် က အလောတကြီး လုပ်နေတာ မဟုတ်ဘူး ဒီ သိုင်းလောက အဖွဲ့အစည်း တွေက အုပ်စုဖွဲ့နေကြတာ ငါတို့ အစိုးရ ကရော အဲဒီလို မလုပ်နိုင်ဘူးလား အစ်ကိုယန် ကို ကျုပ် အမှန်အတိုင်း ပြောမယ် မလာခင်က ကျုပ် တပ်မှူးချုပ်ချီ ကို သွားတွေ့ပြီးပြီ
ဒီ အဖွဲ့အစည်း တွေကို ပုန်ကန်တဲ့ အထိ မဖြစ်အောင် ဖိအားပေးနိုင်သရွေ့ ကျုပ် လုပ်ချင်တာ လုပ်လို့ ရတယ် ခရိုင်ရုံးတော် နဲ့ တပ်မှူးချုပ် ကလည်း အရမ်း ဒေါသထွက်နေကြပြီ"
ကျန်းချဲ့ က ယန်ယွမ်ချယ် ကို ကြည့်ကာ လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"တကယ်လား"
ယန်ယွမ်ချယ် က မျက်လုံးများ ပြူးကျယ်သွားပြီး အနည်းငယ် မယုံကြည်နိုင်အောင် ဖြစ်နေပေသည်။
"ဒါပေါ့"
"ဒါဆိုရင်တော့ ဒီနေရာမှာ ညီလေးကျန်း အတွက် အစွမ်းပြဖို့ နေရာ ရပြီပေါ့ ဒါပေမဲ့ အရမ်းတော့ ပေါ့ဆလို့ မရဘူးနော်"
"အစ်ကိုယန် ကရော ဒီလိုပဲ ခေါင်းငုံ့ပြီး ထိုက်ဆန်းမြို့ ကနေ ထွက်သွားတော့မှာလား အကယ်လို့ တခြား ဒေသကို ရောက်သွားရင်တောင်မှ အလှောင်ခံရမှာပဲလေ"
ယန်ယွမ်ချယ် က တကယ်ကို အယုံမလွယ်သည်ကို မြင်သောအခါ ကျန်းချဲ့ က ဆေးပြင်းပြင်း တစ်ခွက်ကို ထပ်တိုက်လိုက်ရတော့သည်။
ထင်သည့်အတိုင်းပင် ကျန်းချဲ့ ၏ ဤစကားကို ကြားလိုက်ရသောအခါ ယန်ယွမ်ချယ် ၏ မျက်နှာက အနည်းငယ် ကြည့်ရဆိုးသွားခဲ့သည်။
"ဒါဆို ကျုပ် က ဘာလုပ်ရမှာလဲ ခဏလေး စိတ်ကျေနပ်မှု အတွက် ပြဿနာ တွေ သွားရှာရမှာလား"
"ဘာပြဿနာ တွေလဲ အခု ထိုက်ဆန်း စောင့်ကြပ်ရေး တပ်မှူးကြီး က ညီလေး ကျုပ်ပဲလေ ဘာပြဿနာ ဖြစ်ဖြစ် ကျုပ် ပဲ တာဝန်ယူမှာမို့ အစ်ကိုယန် ဘာမှ စိတ်ပူစရာ မလိုပါဘူး"
ကျန်းချဲ့ က ဆက်ပြောလိုက်သည်။
"ဒီ"
ယန်ယွမ်ချယ် က အနည်းငယ် စိတ်ဝင်စားသွားပြီး တွန့်ဆုတ်နေသည့်ဟန် ပေါ်နေပေသည်။
"အစ်ကိုယန် က ဒီလောက် အကြာကြီး အံကြိတ် ခံလာရတာ နောက်ဆုံး အနေနဲ့ တစ်ခေါက်လောက်တော့ စိတ်ကြိုက် လှုပ်ရှားဖို့ မစဉ်းစားဘူးလား တပ်မှူးကြီး တစ်ယောက် ဖြစ်ပြီး သုံးနှစ် တာဝန် ထမ်းဆောင်ခဲ့တာ ငွေကျပ် သောင်းဂဏန်းလောက်ပဲ ရတယ် ဆိုတာ အပြင်မှာ ပြောရင်တောင် လူတွေက ရယ်ကြလိမ့်မယ်
အကယ်လို့ ခင်ဗျား ကျုပ်ကို ယုံရင် ကျုပ် ခင်ဗျား ကို ကူညီပေးမယ်"
ကျန်းချဲ့ က လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"ကျုပ်ကို ကူညီမယ်"
ယန်ယွမ်ချယ် က နေရာမှာတင် မှင်တက်သွားခဲ့သည်။
"အစ်ကိုယန် က ဒီမှာ နေရာတိုင်း အနှောင့်အယှက် ခံနေရတာ ခြေထောက် တစ်ဖက် ကျိုးနေတဲ့ လူ တစ်ယောက်လိုပဲ အခု ကျုပ်တို့ ညီအစ်ကို နှစ်ယောက် တွေ့ရတာ ရေစက် ပါလို့ပဲ ကျုပ် က ခင်ဗျား ရဲ့ အဲဒီ ခြေထောက်ကို ပြန်ဆက်ပေးချင်တာ
ထိုက်အန်းဒေသ က အင်အားစု တွေကို ယန်ယွမ်ချယ် ဆိုတာ တကယ့် ယောက်ျားကောင်း တစ်ယောက် ဆိုတာ သိစေချင်တယ် အောင်မြင်သွားရင် ရလာတဲ့ အကျိုးအမြတ်ကို ကျုပ်တို့ ညီအစ်ကို နှစ်ယောက် တစ်ဝက်စီ ခွဲမယ် ဘာနောက်ဆက်တွဲ ပြဿနာ ပဲ ရှိလာပါစေ
ကျုပ် အကုန် တာဝန်ယူမယ်"
ကျန်းချဲ့ က တစ်လှမ်းချင်းစီ ဖိအားပေးကာ ယန်ယွမ်ချယ် ၏ မျက်နှာကို တိုက်ရိုက် ပြောဆိုလိုက်သည်။
အကယ်၍ ကျန်းချဲ့ က သူ့ကို လှုပ်ရှားရန် သက်သက်သာ သွေးဆောင်မည် ဆိုပါက သူက အရူး မဟုတ်သဖြင့် ကျန်းချဲ့ ၏ ဓား အဖြစ် အသုံးချခံရမည် မဟုတ်သည်မှာ သေချာလှပေသည်။
ဒါပေမဲ့ အခု။
ငွေ တစ်ဝက်စီ ခွဲမယ်။
နောက်ဆက်တွဲ ပြဿနာ တွေကိုလည်း တာဝန် မယူရဘူး။
ကျန်းချဲ့ ၏ ဤစကားများက ယန်ယွမ်ချယ် ကို အလွန် စိတ်ဝင်စားသွားစေခဲ့ပြီး သူ လည်း မထွက်ခွာမီ နောက်ဆုံး အနေဖြင့် တစ်ခေါက်လောက်တော့ ကြီးကြီးမားမား လှုပ်ရှားချင်နေခဲ့သည်။
"ဒါပေမဲ့ ဘယ်သူ့ကို သွားတိုက်ရမှာလဲ"
ယန်ယွမ်ချယ် က မျက်မှောင်ကြုတ်ကာ ကျန်းချဲ့ ကို ကြည့်လိုက်သည်။
ကျန်းချဲ့ က စားပွဲကို လက်ချောင်းဖြင့် ခေါက်ကာ တစ်ချက်ချင်းစီ စည်းချက်ကျကျ ခေါက်နေပေသည်။
"ထိပ်တန်း အဖွဲ့အစည်း ခြောက်ခု ကတော့ မရဘူး စွမ်းအား အရမ်း ကြီးလွန်းတယ် ကျုပ်တို့ နှစ်ယောက်တည်း နဲ့ ရင်ဆိုင်ဖို့ ခက်တယ် အရမ်း အားနည်းတဲ့ သူတွေ ကလည်း မရဘူး မဟုတ်ရင် ကျုပ်တို့ လှုပ်ရှားရကျိုး မနပ်ဘူး စွမ်းအား အသင့်အတင့် ရှိတဲ့ မွေးရာပါအဆင့် အဖွဲ့အစည်း တစ်ခုကို ရှာပြီး အမြစ်ပြတ် ရှင်းပစ်ရမယ်
အဲဒီ အဖွဲ့အစည်း က အရင်းအမြစ် တွေ အများကြီး စုဆောင်းထားရင် ပိုကောင်းတာပေါ့ ဒါမှ ကျုပ်တို့ တွက်ခြေကိုက်မှာလေ
အော် ဟုတ်တယ် အကယ်လို့ အချိန်အခါလေး တစ်ခုခုနဲ့ တိုက်ဆိုင်သွားရင် ပိုကောင်းတာပေါ့ ဒီတိုက်ပွဲ က အစ်ကိုယန် ရဲ့ နှုတ်ဆက် လက်ဆောင် လည်း ဖြစ်သလို ကျန်းချဲ့ က ထိုက်ဆန်းမြို့ ရဲ့ အင်အားစု တွေ အားလုံးကို ပထမဆုံး အကြိမ် အစွမ်းပြလိုက်တာ လည်း ဖြစ်တာပေါ့
အရင်ကလို အေးအေးဆေးဆေး ငွေရှာလို့ ရတဲ့ အချိန်တွေ ကုန်သွားပြီ ဆိုတာ သူတို့ကို သိစေချင်တယ် ငါ ရောက်လာပြီ ဆိုရင် မိုးကောင်ကင် ကို ပြောင်းလဲပစ်ရမယ်"
"စွမ်းအား အသင့်အတင့် ရှိရမယ် အရင်းအမြစ် တွေ အများကြီး စုဆောင်းထားရမယ် အချိန်အခါလေး တစ်ခုခုနဲ့ တိုက်ဆိုင်ရမယ်"
ယန်ယွမ်ချယ် က အချိန်အနည်းငယ် စဉ်းစားပြီးနောက် မျက်လုံးများ ရုတ်တရက် တောက်ပလာခဲ့သည်။
"ညီလေးကျန်း ဝမ်ယွဲ့ရေကန် က ချန်မိသားစု ကို ဘယ်လို ထင်လဲ နောက်နှစ်ရက် နေရင် ချန်မိသားစု ဘိုးဘေး ချန်ခိုင်ယန် ရဲ့ အသက် တစ်ရာ့နှစ်ဆယ့်လေးနှစ် ပြည့် မွေးနေ့ပွဲ ရှိတယ် ထိုက်ဆန်း ဒေသ က အင်အားစု တွေ အများကြီးကို ဖိတ်ထားတယ်
ဒီ လူအိုကြီး က သူ့ရဲ့ လုပ်သက် ရင့်တာကို အားကိုးပြီး ပုံမှန်ဆို ကျုပ်ကို အမြဲတမ်း အနိုင်ကျင့်လေ့ ရှိတယ် သူ့ကို တစ်ခါတည်း အဆုံးသတ်ပေးလိုက်ရတာပေါ့ တစ်ခုတည်းသော စိုးရိမ်စရာ က ချန်မိသားစု က အမြဲတမ်း လုမိသားစု ရဲ့ လက်အောက်ခံ ဖြစ်နေတာပဲ
လုမိသားစု က ခင်ဗျား ကို ပြဿနာ လာရှာမှာကို စိုးရိမ်လို့ပါ"
ယန်ယွမ်ချယ် တွင် အနည်းငယ် စိုးရိမ်မှုများ ရှိနေသေးသည်။
ကျန်းချဲ့ ကမူ ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်ပြီး တိုက်ရိုက် ပြောလိုက်သည်။
"စောစောက လှုပ်ရှားမယ် လို့ ပြောပြီးမှ ဘာ လုမိသားစု လဲ ဆိုတာကို ဘာလို့ ကြောက်နေရဦးမှာလဲ တခြား အဖွဲ့အစည်း တွေမှာရော နောက်ခံ မရှိဘူး ထင်နေလို့လား ချန်မိသားစု ကို ရွေးလိုက်ပြီ သူ့ကံဆိုးတာပဲ"
ကျန်းချဲ့ က ချီဆန်းကျား ထံမှ ချန်ခိုင်ယန် ၏ မွေးနေ့ပွဲ အကြောင်းကို စောစောကတည်းက သိရှိထားပြီး ဖြစ်ရာ ယန်ယွမ်ချယ် ၏ ပစ်မှတ်ကို ချန်မိသားစု ဆီသို့ မနည်း ဆွဲခေါ်လာခဲ့ပြီးမှ ဘယ်လိုလုပ်ပြီး တစ်ဖက်လူကို နောက်ဆုတ်ခွင့် ပေးမည်နည်း။
`'လုမိသားစု ဆိုရင်လည်း ရန်သူ ဖြစ်ပြီးမှတော့ ဖြစ်ပါစေပေါ့ ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့ မိသားစု ရဲ့ မယားငယ် သမီး ကို သတ်ပြီး ရန်ငြိုး ဖွဲ့ထားပြီးပြီပဲ ရန်ငြိုး ပိုနက်သွားလည်း မကြောက်ဘူး'`
"ကောင်းပြီ ညီလေးကျန်း ပြောတဲ့ အတိုင်းပဲ လုပ်မယ်"
ကျန်းချဲ့ က နောက်ဆက်တွဲ အကျိုးဆက် များကို အကုန်လုံး တာဝန်ယူမည် ဖြစ်ရာ ယန်ယွမ်ချယ် လည်း ယခုအခါ အကုန်လုံးကို စွန့်လွှတ်လိုက်ပြီး ထွက်မသွားမီ နောက်ဆုံး အနေဖြင့် တစ်ခေါက်လောက်တော့ အစွမ်းကုန် လှုပ်ရှားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သူ ယန်ယွမ်ချယ် ဆိုတာ တကယ့် ယောက်ျားကောင်း တစ်ယောက် ဆိုတာ အဲဒီ သိုင်းလောက အဖွဲ့အစည်း တွေကို သိစေချင်သည်။
မျက်စိတစ်မှိတ် အတွင်း အချိန်များ ကုန်လွန်သွားခဲ့သည်။
နှစ်ရက် ဆိုသော အချိန်က မျက်စိတစ်မှိတ် အတွင်း ကုန်လွန်သွားခဲ့သည်။
ယခုအချိန်တွင် ယွီတောင် လုမိသားစု ၏ ဧည့်ခံခန်းမ အတွင်း၌။
လူလတ်ပိုင်း အရွယ် အမျိုးသား တစ်ဦး က ဝမ်းနည်းနေသော မျက်နှာဖြင့် အဓိက နေရာတွင် ထိုင်နေသော ပိုးသား ဝတ်ရုံ ဝတ်ဆင်ထားသည့် အမျိုးသား ကို ငိုယိုကာ ပြောဆိုနေပေသည်။
"အိမ်တော်သခင် ဖျင်အာ အတွက် တရားမျှတမှု ဖော်ဆောင်ပေးပါဦး"
"ဖျင်အာ"
လုမိသားစု ခေါင်းဆောင် လုရှင်းယွင် ၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားပြီး ဤနာမည်ကို စဉ်းစားနေကာ အချိန်အနည်းငယ် ကြာမှသာ မည်သူ ဖြစ်ကြောင်း သတိရသွားပြီး ဆက်မေးလိုက်သည်။
"ဖျင်အာ ဘာဖြစ်လို့လဲ"
"ဖျင်အာ ကို ကန်းမိသားစု ရဲ့ တရားမဝင် သား က အရေခွံဆုတ် အရွတ်တွေ ထုတ်ပြီး အပိုင်းပိုင်း ခုတ်ထစ်ပြီးတော့ ပြာဖြစ်အောင် မီးရှို့ပစ်လိုက်တယ်" လူလတ်ပိုင်း အရွယ် အမျိုးသား ၏ မျက်လုံးများ နီရဲနေပြီး မျက်ရည်များ ကျဆင်းလာကာ ကြည့်ရသူ အလွန် ဝမ်းနည်းဖွယ် ကောင်းနေပေသည်။
"ဘာဖြစ်တာလဲ သေချာ ပြောပြစမ်း"
လုရှင်းယွင် ၏ မျက်နှာက ချက်ချင်း မည်းမှောင်သွားခဲ့သည်။
လုဖျင် က မယားငယ် သမီး တစ်ယောက် သာ ဖြစ်သော်လည်း သူတို့ လုမိသားစု ၏ သမီး တစ်ယောက် ဖြစ်ပြီး အရှေ့ရှိ လုမိသားစု အကြီးအကဲ ၏ သမီး ဖြစ်ရာ ဆက်ဆံရေး အရမ်း မဝေးကွာလှသဖြင့် ဤကဲ့သို့ အလွန်အကျွံ ညှဉ်းပန်း နှိပ်စက်ခံရခြင်းကို ဘယ်လိုလုပ်ပြီး သည်းခံနိုင်မည်နည်း။
"အဲဒီ ကန်းမိသားစု ရဲ့ တရားမဝင် သား က"
လုဖျင် ၏ ဖခင် ၏ ပြောပြချက် အရ သူ၏ သမီး က လုံးဝ အပြစ် မရှိဘဲ ကန်းမိသားစု အိမ်ရှင်မ တစ်ယောက် အနေဖြင့် သဘောထား ကြီးမြတ်ပြီး လူတွေကို ယဉ်ကျေးစွာ ဆက်ဆံခဲ့သော်လည်း ကန်းမိသားစု တွင် မိန်းမယုတ် တစ်ယောက် ပေါ်လာပြီး ကန်းမိသားစု ခေါင်းဆောင် ကို မြှူဆွယ်ခဲ့ကြောင်း၊
ထို့နောက် သူမကို အဆိပ်ခတ်ရန် ကြိုးစားခဲ့သဖြင့် သူမ က သိရှိသွားသောအခါ ထို မိန်းမယုတ် က ရေတွင်းထဲ ခုန်ချ သေဆုံးသွားခဲ့ကြောင်း၊ သို့သော် သူမ က သနားညှာတာမှု ဖြင့် ထို မိန်းမယုတ် ၏ သား ကို အသက်ချမ်းသာ ပေးခဲ့သော်လည်း မကြာမီ အချိန် အတွင်းမှာပင် ထို မိန်းမယုတ် ၏ သား က အိမ်ပေါက်ဝ အထိ လာရောက်ကာ ကျေးဇူးကန်းခဲ့ကြောင်း စသည်ဖြင့် ပြောပြခဲ့ပေသည်။
လုရှင်းယွင် က လက်ဖက်ရည်ခွက် ကို စားပွဲပေါ် တင်လိုက်ပြီး မျက်နှာက အနည်းငယ် မည်းမှောင်နေပေသည်။ လုမိသားစုဝင် များ၏ စရိုက်ကို သူ ကောင်းစွာ သိရှိထားရာ လုဖျင် ၏ ဖခင် ပြောသော စကားများကို လုံးဝ မယုံကြည်ဘဲ တိုက်ရိုက် မေးလိုက်သည်။
"အဲဒီ သတ်တဲ့သူ က အခု ဘယ်မှာလဲ"
"သူက အရင်က ယန်ဂူခရိုင် အနောက်မြို့နယ် တပ်စခန်း က စစ်သည် တစ်ယောက် ပါ"
"စစ်သည် တစ်ယောက် က ကန်းမိသားစု ကို အမြစ်ပြတ် ရှင်းနိုင်တယ် လို့လား ငါ မှတ်မိသလောက် ဆိုရင် ကန်းမိသားစု ရဲ့ ခေါင်းဆောင် က သွေးကြောပွင့် အဆင့် ရှိတယ် မဟုတ်လား"
"အိမ်တော်သခင် က တကယ်ကို မှတ်ဉာဏ် ကောင်းတာပဲ ဒါပေမဲ့ အခုတော့ မတူတော့ဘူး အဲဒီ မိန်းမယုတ် ရဲ့ သား က သူ့ကို ကျောထောက်နောက်ခံ ပေးမယ့် အထက်အရာရှိ ကောင်း တစ်ယောက် ရသွားပြီ အခု သူက ကျွန်တော်တို့ ထိုက်ဆန်းမြို့ ရဲ့ စောင့်ကြပ်ရေး တပ်မှူးကြီး ပဲ"
လုဖျင် ၏ ဖခင် က အလျင်အမြန် ပြောလိုက်သည်။
"မင်း ပြောတာ ကျန်းချဲ့ လား"
လုရှင်းယွင် က လုမိသားစု ခေါင်းဆောင် တစ်ယောက် ဖြစ်ရာ ထိုက်ဆန်းမြို့ ၏ လှုပ်ရှားမှု များကို သဘာဝကျကျပင် သိရှိထားပေသည်။ ကျန်းချဲ့ က စစ်သည်များ ခေါ်ဆောင်ကာ မြို့တွင်းသို့ ဝင်ရောက်လာပြီး စောင့်ကြပ်ရေး တပ်မှူးကြီး နေရာကို ယူမည့် ကိစ္စကို သူ သေချာပေါက် သိရှိထားပေသည်။
ယခုအချိန်တွင် သူ၏ နောက်ခံကို စုံစမ်းရန် လူလွှတ်ထားပြီး ဖြစ်ရာ သူနှင့် စိမ်းသက်နေမည် မဟုတ်ပေ။
"ဟုတ်တယ် ဟုတ်တယ် သူ့ကို ပြောတာပါ"
လုဖျင် ၏ ဖခင် က အဆက်မပြတ် ခေါင်းညိတ်လိုက်သည်။
"ဒါဆို မင်းက ဘယ်လို လုပ်ချင်တာလဲ ကျန်းချဲ့ ကို အသက်နဲ့ ပြန်ပေးဆပ်ခိုင်းမလို့လား ငါ လည်း အဲဒီလောက် မလုပ်နိုင်ဘူး ဘယ်လိုပဲ ဖြစ်ဖြစ် ဒီကောင်လေး က ထိုက်ဆန်း စောင့်ကြပ်ရေး တပ်မှူးကြီး ပဲ ရောက်ရောက်ချင်း သူ့ကို သွားတိုက်ခိုက်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး"
လုဖျင် တစ်ယောက်တည်း အတွက် နှင့် သူက ကျန်းချဲ့ ကို သီးသန့် ရန်ငြိုး ဖွဲ့မည် မဟုတ်ပေ။
"အဲဒီ စောင့်ကြပ်ရေး တပ်မှူးကြီး ကို အသက်နဲ့ ပြန်ပေးဆပ်ခိုင်းဖို့တော့ မရဲပါဘူး ဒါပေမဲ့ သူ့လက်အောက်က အဲဒီ ကန်းမိသားစု ရဲ့ တရားမဝင် သား ကိုတော့ သေချာပေါက် သတ်ပစ်ရမယ် ကျွန်တော် တစ်သက်လုံး အိမ်တော်သခင် ကို ဘာမှ မတောင်းဆိုခဲ့ဖူးပါဘူး ဒီတစ်ခေါက်တော့ အိမ်တော်သခင် က ကျွန်တော့် အတွက် တရားမျှတမှု ရှာပေးဖို့ မျှော်လင့်ပါတယ်"
လုဖျင် ၏ ဖခင် က ချက်ချင်း ဒူးထောက်လိုက်သည်။
"အကယ်လို့ လက်အောက်ငယ်သား တစ်ယောက်တည်း ဆိုရင်တော့ အဲဒီ တပ်မှူးကြီးကျန်း က ငါ့ လုမိသားစု ကို မျက်နှာ ပေးလောက်ပါတယ် အင်း သန်ဘက်ခါ အထိ စောင့်လိုက်ပါ မနက်ဖြန် က ချန်ခိုင်ယန် ရဲ့ မွေးနေ့ပွဲ ရှိတယ် ဖျင်ကျိုး က မွေးနေ့ပွဲ သွားပြီးရင် မင်း အတွက် လူသွားတောင်းပေးမယ်"
"ကျေးဇူးတင်ပါတယ် အိမ်တော်သခင်"
ကျန်းချဲ့ နှင့် ယန်ယွမ်ချယ် တို့၏ အမြင်တူမှု ကြောင့် သူ၏ လက်အောက်ငယ်သား များက ထိုက်ဆန်း တပ်စခန်း သို့ အလွန် ချောမွေ့စွာ ဝင်ရောက်နိုင်ခဲ့သည်။ ခေါင်းဆောင် တစ်ယောက် ပြောင်းသွားသော်လည်း မည်သူကမျှ တပ်မှူးကြီး အသစ် နှင့် ပြဿနာ မရှာရဲကြပေ။
ကန်းတာပြောင် နှင့် အခြားသူများ ကိုလည်း ကျန်းချဲ့ က တပ်ဖွဲ့ အသီးသီး တွင် တပ်မှူး များ အဖြစ် ခန့်အပ်ခဲ့သည်။
အချုပ်ပြောရလျှင် သူ၏ တောင်းဆိုချက် က တစ်ခုတည်းသာ ရှိသည်။ အတိုဆုံး အချိန် အတွင်း ထိုက်ဆန်း တပ်စခန်း ကို ထိန်းချုပ်နိုင်ရန် ပင် ဖြစ်သည်။
ယခင်က သူ ဂရုမစိုက်ခဲ့သော်လည်း ယခုအခါ ငွေတောင်းလျှင် ငွေပေးမည်၊ လူတောင်းလျှင် လူပေးမည် ဖြစ်သည်။
သို့သော် စာလုံး ရှစ်လုံးကိုတော့ သေချာပေါက် လုပ်နိုင်ရမည် ဖြစ်သည်။
ခေါ်လိုက်လျှင် တိုက်နိုင်ရမည်၊ တိုက်လျှင် အနိုင်ရရမည်။
"တပ်မှူးကြီး တပ်မှူးကြီး ခိုင်းထားတဲ့ ခေါင်းတလား တွေကို ပြင်ဆင်ပြီးပါပြီ တပ်စခန်း အပြင်ဘက်မှာ ထားထားပါတယ်" ကန်းတာပြောင် က ခါးညွှတ် အရိုအသေပေးကာ ပြောလိုက်သည်။
"ဒီခေါင်းတလား တွေက ဘာလုပ်ဖို့လဲ ဆိုတာ မင်း မသိချင်ဘူးလား"
"ကျွန်တော် အဲဒါတွေ ဂရုမစိုက်ပါဘူး တပ်မှူးကြီး ခိုင်းတာ အကုန် လုပ်မှာပါပဲ"
ကန်းတာပြောင် က ဟဲဟဲ ရယ်မောလိုက်သည်။
ကလဲ့စား ချေပြီးကတည်းက သူ၏ ရင်ထဲရှိ အခဲမကျေမှု များ လုံးဝ ပျောက်ကွယ်သွားပြီး ကျင့်ကြံမှု ကလည်း တစ်ဆင့် တက်သွားခဲ့သည်။
သို့သော် ကျန်းချဲ့ အပေါ် သူ၏ သစ္စာရှိမှု ကတော့ ပို၍ပင် ခိုင်မာလာခဲ့ပေသည်။
"ကောင်းပြီ သွား အလုပ်လုပ်တော့"
ကျန်းချဲ့ က ပြုံးလျက် လက်ဝှေ့ယမ်းလိုက်သည်။
ထို့နောက် မြို့တော်ရုံးချုပ် မှ ပေးပို့လာသော စာအိတ် တစ်အိတ် ကို ကောက်ကိုင်လိုက်ရာ ၎င်းတွင် သူ၏ နာမည်ကို တိုက်ရိုက် ရေးသားထားပေသည်။
"တပ်မှူးကြီးကျန်း ဖတ်ရန် ကျွန်မ အခု ထိုက်ဆန်းမြို့ အရှေ့ဘက်က ကျူးအိမ်တော် ကို ရောက်နေပါပြီ ရက်အတော်ကြာ မတွေ့ရလို့ အရမ်း သတိရနေပါတယ် တပ်မှူးကြီးကျန်း က အရင်က သံယောဇဉ် တွေကို သတိရသေးတယ် ဆိုရင် ကိုယ်တိုင် လာရောက် တွေ့ဆုံပေးပါ"
အဆုံးတွင် သခင်မကြီးကျူး ၏ လှပသော နာမည်လေး ကို ရေးသားထားပေသည်။
ကျန်းချဲ့ က မေးစေ့တွင် အနည်းငယ် ထွက်နေသော မုတ်ဆိတ်မွေး များကို ပွတ်သပ်ရင်း နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
'ဒီ သခင်မကြီးကျူး က ဒီလောက်တောင် လောနေတာလား ထိုက်ဆန်းမြို့ ကို ရောက်ရောက်ချင်းပဲ ငါ့ကို တွေ့ချင်နေပြီ အခြေအနေ မကောင်းတော့လို့ နေမှာပေါ့ နှမြောစရာ ကောင်းတာက မနက်ဖြန် ငါက ကိစ္စ အကြီးကြီး တစ်ခု လုပ်စရာ ရှိနေတော့ အားမွေးထားဖို့ လိုတယ် ချန်မိသားစု ရဲ့ ကိစ္စတွေ ပြီးမှပဲ တိုက်ပွဲ ဝင်ရမှာပေါ့'