← Chapters

အခန်း ၂၇၁

Vol. 28 Ch. 271

အခန်း ၂၇၁

Vol. 28 Ch. 271

အခန်း (၂၇၁) ကျန်းချဲ့... မင်းက လူရော ဟုတ်သေးရဲ့လား

ကောင်းကင်ယံတွင် မှောင်ရီပျိုးလာပြီး လမင်းကြီး ထိန်လင်းကာ ကြယ်ရောင်များ မှေးမှိန်နေလေသည်။

အပြာနုရောင် ဂါဝန်ရှည်ကို ဝတ်ဆင်ထားသော ချီနင်ပင်း၏ ဆွဲဆောင်မှုရှိသော ကိုယ်ခန္ဓာ ကောက်ကြောင်းများ ပေါ်လွင်နေပြီး ကျောက်စားပွဲရှေ့တွင် တစ်ကိုယ်တည်း ထိုင်နေလေသည်။ အဝေးမှကြည့်လျှင် လရောင်အောက်မှ အေးစက်တည်ငြိမ်သော အလှပန်းလေး တစ်ပွင့်အလားပင်။

သို့သော် ယခုအချိန်တွင် ချီနင်ပင်းမှာ အေးစက်တည်ငြိမ်နေခြင်း မရှိဘဲ မျက်နှာပေါ်တွင် ရှက်သွေးများ ဖြာနေပြီး သူမ၏ အကြည့်များကလည်း အလွန် ရှုပ်ထွေးနေလေသည်။

တစ်ဖက်တွင် ညီအစ်မနှစ်ယောက်ကြားရှိ နှလုံးသားချင်းဆက်သွယ်မှု လျှို့ဝှက်ချက်ကို ကျန်းချဲ့အား ပြောပြခဲ့မိသောကြောင့် ဖြစ်သည်။ ခဏနေလျှင် မကောင်းသည့်ကိစ္စများ လုပ်မည်ဆိုပါက သစ်ခွခြံဝင်းထဲတွင် နေထိုင်သော အစ်မဖြစ်သူ ချီဝမ်ကျင်း သေချာပေါက် ခံစားသိရှိနိုင်မည်ပင်။

ဤအချက်က သူမကို အလွန် ရှက်ရွံ့စေလေသည်။ မည်သို့ပင်ဆိုစေ တိတ်တဆိတ် ခိုးလုပ်ခြင်းက တစ်မျိုးဖြစ်ပြီး သူတစ်ပါး သိရှိနေလျက်နှင့် လုပ်ဆောင်ရခြင်းက အခြားတစ်မျိုး ဖြစ်နေသောကြောင့်ပင်။

အခြားတစ်ဖက်တွင်တော့ သူမက အစ်မဖြစ်သူ၏ ရင်တွင်းမှ အမှန်တကယ် ဆန္ဒကို သိချင်နေမိလေသည်။ တကယ်ပဲ ကျန်းချဲ့အပေါ် စိတ်မဝင်စားတာလား သို့မဟုတ် သူမကြောင့်ပဲ ကိုယ့်ခံစားချက်ကို ဝန်မခံချင်တာလား ဆိုသည်ကိုပင်။

နှစ်ပေါင်းများစွာ အတူတူနေထိုင်လာခဲ့ရာ သူမက အစ်မဖြစ်သူ ချီဝမ်ကျင်း၏ အကျင့်စရိုက်ကို အလွန် ကောင်းစွာ နားလည်ထားလေသည်။ အစ်မဖြစ်သူက စိတ်ထဲတစ်မျိုး အပြင်တစ်မျိုး ပြောတတ်ပြီး တစ်ခါတစ်ရံ ပစ္စည်းတစ်ခုကို သဘောကျနေလျက်နှင့် ဖွင့်မပြောတတ်မှန်း သူမ သိထားလေသည်။

သာမန်ကိစ္စဆိုလျှင် ထားလိုက်၍ ရသော်လည်း ယခုကိစ္စမှာ တစ်သက်တာ အိမ်ထောင်ရေးနှင့် သက်ဆိုင်နေသဖြင့် သူမအနေဖြင့် ဒီတိုင်း ထိုင်ကြည့်မနေနိုင်ချေ။

ကျန်းချဲ့က သူမ၏ လူဖြစ်သလို အစ်မဖြစ်သူ ချီဝမ်ကျင်း၏ လူလည်း ဖြစ်လေသည်။ သူမက ကျန်းချဲ့၏ ဘေးမှ မထွက်သွားချင်သလို အစ်မဖြစ်သူ ချီဝမ်ကျင်းကိုလည်း ထွက်မသွားစေချင်ပေ။ သူမကြောင့် အစ်မဖြစ်သူ ထွက်သွားရမည်ကို ပို၍ပင် မလိုလားချေ။ ဤသည်က အစ်မဖြစ်သူ၏ တစ်သက်တာ ပျော်ရွှင်မှုနှင့် သက်ဆိုင်နေလေသည်။

ထို့ကြောင့် သူမက အစ်မဖြစ်သူ၏ အတွေးကို စမ်းသပ်ကြည့်ချင်ခြင်း ဖြစ်လေသည်။

အကယ်၍ သူမကြောင့်သာ ဆိုပါက သူမ မည်မျှပင် ရှက်ရွံ့နေပါစေ ကျန်းချဲ့ကို ကူညီပြီး သူတို့သုံးယောက် အတူတူ ရှိနေနိုင်ရန် ကြိုးစားမည်ပင်။ သူမအမြင်တွင် ကျန်းချဲ့လို ယောကျ်ားမျိုးက ရရန် အလွန် ခဲယဉ်းလှပေသည်။ အကယ်၍ လက်လွှတ်လိုက်ရပါက အစ်မဖြစ်သူ တစ်သက်လုံး နောင်တရနေမည်မှာ သေချာလေသည်။

ထို့ကြောင့် အနည်းငယ် အရှက်ရစရာ ကောင်းနေလျှင်တောင် သူမ စမ်းသပ်ကြည့်ချင်မိလေသည်။ သေချာသည်ကတော့ အကယ်၍ အစ်မဖြစ်သူက တကယ်ပဲ စိတ်မဝင်စားဘူး ဆိုပါက သူမ ထပ်ပြီး အတင်းအကျပ် မလုပ်တော့ချေ။

“ရှပ် ရှပ်”

လရောင်အောက်တွင် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ကျန်းချဲ့က ကျောက်စားပွဲရှေ့သို့ ဖြည်းညင်းစွာ လျှောက်လာလေသည်။ ချီနင်ပင်းက ခေါင်းမော့ကာ ခန့်ညားထည်ဝါသော ကျန်းချဲ့ကို ကြည့်လိုက်ပြီး မျက်နှာပေါ်တွင် မသိမသာ ရှက်သွေးများ ဖြာကျလာလေသည်။

"အစ်ကို လာတာ စောလှချည်လား"

"ဝမ်ကျင်း ကျင့်ကြံဖို့ ပြန်သွားပြီ အခုက အချိန်ကိုက်ပဲလေ"

ကျန်းချဲ့က ပြုံးလျက် ပြန်ဖြေလိုက်လေသည်။

"အင်းပါလေ"

အခန်းတွင်းရှိ လေထုက အနည်းငယ် ရမ္မက်ဆန်လာလေသည်။

ကျန်းချဲ့နှင့် ချီနင်ပင်းတို့ အဆင်သင့် ဖြစ်သွားကြပြီး တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းဆိုင် ရပ်ကာ စူးစိုက်ကြည့်နေကြလေသည်။ ချီနင်ပင်း၏ ပါးပြင်များ နီရဲလာပြီး မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်ကာ မွှေးကြိုင်သော သက်ပြင်းငွေ့ငွေ့လေး တစ်ချက် မှုတ်ထုတ်လိုက်လေသည်။

ချီဝမ်ကျင်းကို အမှန်တကယ် လှုံ့ဆော်နိုင်ရန်အတွက် ကျန်းချဲ့က ဤတစ်ကြိမ်တွင် ယခင်ကလို တိုက်ရိုက် မစတင်ခဲ့ချေ။ ချီနင်ပင်းအား မည်သို့ ကျင့်ကြံရမည်ကို တစ်ဆင့်ချင်းစီ လမ်းညွှန် သင်ကြားပေးနေလေသည်။

အချိန်များ ကုန်ဆုံးသွားလေသည်။

အမျိုးမျိုးသော ခံစားချက်များ ရောယှက်နေမှုအောက်တွင် ချီနင်ပင်း လည်း နောက်ဆုံး၌ အခြေကျသွားပြီး ကျင့်ကြံခြင်း အခြေအနေသို့ ဖြည်းညင်းစွာ ဝင်ရောက်သွားလေသည်။ သူမ မျက်လုံးများကို ဖွင့်လိုက်လေသည်။

ချီနင်ပင်းက အရှေ့ရှိ ပုံရိပ်ကို ကြည့်ကာ တိုးညှင်းစွာ မေးလိုက်လေသည်။

"ရပြီလား"

"ဒီလိုဆို မရသေးဘူး နင်ပင်း မင်းနဲ့ ဝမ်ကျင်း ကြားမှာ နှလုံးသားချင်း ဆက်သွယ်မှု ရှိတယ်လေ သူ့ကို လွှမ်းမိုးမှု ဖြစ်စေချင်ရင် မင်းကိုယ်တိုင် အရင်ဆုံး စိတ်ပါဝင်စားတဲ့ အခြေအနေကို ရောက်ဖို့ လိုတယ်"

"ဟင် ဒါဆို ဘယ်လိုလုပ်ရမလဲ"

"ရပါတယ် ကိုယ် သင်ပေးမယ် အရင်ဆုံး ဒီလိုလုပ် ပြီးရင် ဟိုလိုလုပ်"

"အို"

ချီနင်ပင်း က နားလည်သွားသလို ခေါင်းညိတ်လိုက်လေသည်။

---

သစ်ခွခြံဝင်း အိပ်ခန်းအတွင်း၌။

ချီဝမ်ကျင်းက တည်ငြိမ်အေးစက်သော မျက်နှာထားဖြင့် ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံနေလေသည်။ သူမလို ရွှမ်တန်အဆင့် သိုင်းသခင် တစ်ပါးအတွက် အိပ်စက်အနားယူရန် လုံးဝ မလိုအပ်တော့ချေ။

တရားထိုင် ကျင့်ကြံခြင်းကပင် အနားယူခြင်း ဖြစ်လေသည်။

ဤသည်က သူမ၏ အလေ့အကျင့်ဖြစ်ပြီး နှစ်ပေါင်းများစွာ မပြတ်တမ်း လုပ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ ယနေ့တွင် ထိုမျှလောက် ကြီးမားသော တုန်လှုပ်မှုကြီးကို ခံစားခဲ့ရသော်လည်း အခြား အတွေးများ မရှိခဲ့ချေ။ သေချာသည်ကတော့ သူမ ရင်ထဲတွင် လှုပ်ရှားမှု မရှိခြင်း မဟုတ်ပေ။ သူမက ဆုံးဖြတ်ချက် ချထားပြီး ဖြစ်သဖြင့် တရားထိုင်ခြင်းဖြင့် မိမိကိုယ်ကို အခြားအတွေးများ မတွေးမိအောင် အတင်းအကျပ် ဖိနှိပ်ထားခြင်းသာ ဖြစ်လေသည်။

ကျန်းချဲ့နှင့် ညီမလေး ချီနင်ပင်းတို့၏ ယနေ့ကိစ္စက သူမအတွက် အလွန် ပြင်းထန်သော ရိုက်ခတ်မှု ဖြစ်ခဲ့သော်လည်း အဆုံးအဖြတ်ပေးရာတွင် အသိဉာဏ်အရှိဆုံး ရွေးချယ်မှုအဖြစ် သူတို့ကို သဘောတူလိုက်ပြီး နာကျင်မှုများကို မိမိကိုယ်တိုင်သာ ခံစားရန် ဆုံးဖြတ်ခဲ့လေသည်။

ဤသည်က တကယ်ကို မိုက်မဲသော နည်းလမ်း ဖြစ်သော်လည်း ကျန်းချဲ့နှင့် ချီနင်ပင်းတို့၏ ကိစ္စကို သူမ အမှန်တကယ် လက်ခံရန် ခက်ခဲနေလေသည်။

အကယ်၍ ကျန်းချဲ့က အခြား အမျိုးသမီး တစ်ယောက်နှင့် အတူရှိနေမည် ဆိုပါက သူမ တိုက်ပွဲဝင်မည် ဖြစ်သလို အလျှော့လည်း ပေးမည်ပင်။ မည်သို့ပင်ဆိုစေ ဤလောကတွင် ယောကျ်ားတစ်ယောက် မယားငယ် မယူရန် တားဆီးဖို့ ဆိုသည်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင် ဖြစ်ကြောင်း သူမ ကောင်းစွာ သိထားလေသည်။

ဖခင်ဖြစ်သူ ပင်လျှင် ကွယ်လွန်သွားပြီဖြစ်သော မိခင်မှလွဲ၍ အခြား ပြုစုယုယမည့် အမျိုးသမီးများ ရှိနေသည် မဟုတ်ပါလော။

သို့သော် ဘာကြောင့် နင်ပင်း ဖြစ်နေရသနည်း။

ဤသည်က သူမအတွက် လက်ခံရန် အခက်ခဲဆုံးနှင့် အလျှော့ပေးရန် မဖြစ်နိုင်ဆုံး ကိစ္စပင် ဖြစ်လေသည်။ နောင်တစ်ချိန်တွင် နင်ပင်းနှင့် အတူတူ ကျန်းချဲ့ကို ပြုစုရမည့် မြင်ကွင်းကို သူမ လုံးဝ တွေးကြည့်၍ မရနိုင်ချေ။ ထိုအတွေး ဝင်လာတိုင်း သူမ အလွန်အမင်း ရှက်ရွံ့ကာ ဒေါသထွက်ရလေသည်။

တော်သေးသည်က သူမက ကျန်းချဲ့နှင့် နင်ပင်းတို့၏ အကြံပြုချက်ကို ပြတ်ပြတ်သားသား ငြင်းဆန်နိုင်ခဲ့လေသည်။

“ဝှူး”

ချီဝမ်ကျင်းက ကောင်းကင်နှင့်မြေကြီးကြားရှိ ယွမ်ချီစွမ်းအင်များကို ရှူသွင်းလိုက်လေသည်။ အခန်းတွင်းရှိ လေထုကလည်း အလွန် တိတ်ဆိတ်ငြိမ်သက်နေလေသည်။ သူမ၏ လက်ငါးချောင်းကို တင်းတင်းဆုပ်ထားပြီး ရင်ထဲတွင် အတွေးများ ရှုပ်ထွေးနေသော်လည်း အပြင်ပန်းတွင်တော့ အလွန် တည်ငြိမ်နေလေသည်။

သူမ၏ အတွေးများ လွင့်မျောနေစဉ် ရုတ်တရက် ထူးခြားမှု တစ်ခုကို ခပ်ရေးရေး ခံစားလိုက်ရလေသည်။

အလွန် ထူးဆန်းလွန်းသော ခံစားချက်တစ်ခုက ရင်ထဲသို့ ရုတ်တရက် ဝင်ရောက်လာလေသည်။ သူမ၏ အရှေ့တွင် ယောကျ်ားတစ်ယောက်က ပြင်းထန်သော ဝင်သက်ထွက်သက်များဖြင့် သူမ၏ မျက်နှာပေါ်သို့ မှုတ်ထုတ်နေသကဲ့သို့ပင်။

ထိုခံစားချက်က သူမကို အလွန် အနေရခက်စေပြီး ရှောင်ဖယ်ချင်သော်လည်း မည်သို့မျှ ဖယ်ရှား၍ မရနိုင်ကြောင်း တွေ့ရှိလိုက်ရလေသည်။

ချက်ချင်းပင် ချီဝမ်ကျင်း မျက်လုံးများကို ဖွင့်လိုက်လေသည်။

နတ်အာရုံဖြင့် အခန်းတစ်ခုလုံးကို လွှမ်းခြုံရှာဖွေကြည့်သော်လည်း မည်သည့် ထူးခြားမှုမျှ မတွေ့ရချေ။

'ငါ ကိုယ့်ဘာသာ အများကြီး တွေးနေမိတာများလား' သူမ စိတ်ထဲတွင် တီးတိုး ရေရွတ်လိုက်လေသည်။

မွှေးကြိုင်သော သက်ပြင်းငွေ့ငွေ့လေး တစ်ချက်ကို ရှည်လျားစွာ မှုတ်ထုတ်လိုက်ပြီးနောက် ချီဝမ်ကျင်း က မျက်လုံးများကို ထပ်မံ မှိတ်လိုက်ကာ တရားထိုင်သည့် အခြေအနေသို့ ပြန်လည်ဝင်ရောက်ရန် ကြိုးစားလိုက်လေသည်။

သို့သော် ထူးဆန်းစွာပင် ထိုထူးခြားသော ခံစားချက်က ထပ်မံ ထွက်ပေါ်လာလေသည်။ ထို့အပြင် သူမ၏ တစ်ကိုယ်လုံးသို့ တဖြည်းဖြည်း ပျံ့နှံ့လာလေသည်။

ကြီးမားထူထဲသော လက်ဝါးကြီး တစ်ဖက်က သူမ၏ တစ်ကိုယ်လုံးကို ပွတ်သပ်သွားသကဲ့သို့ပင်။

လေပြေညင်းလေး တစ်ချက်က တောင်တန်းများကို ဖြတ်သန်းကာ လွင်ပြင်များကို ကျော်ဖြတ်ပြီး တောင်ကြားချောက်ကမ်းပါး ဆီသို့ နွေးထွေးသော လေစီးကြောင်းတစ်ခု သယ်ဆောင်သွားကာ သစ်ပင်ပန်းမန်များကို လှုပ်ခတ်သွားစေသကဲ့သို့ပင်။ တစ်ကိုယ်လုံး နေရာအနှံ့တွင် ထူးဆန်းသော ယားကျိကျိ ခံစားချက်များ ဖြစ်ပေါ်နေလေသည်။

'ဟင်'

ဤအချိန်တွင် ချီဝမ်ကျင်း မျက်လုံးများကို ထပ်မံ ဖွင့်လိုက်ပြီး မျက်ဝန်းများထဲတွင် လေးနက်သော အရိပ်အယောင်များ ထွက်ပေါ်လာလေသည်။ စောစောက ခံစားချက်က သူမ အလွန်အမင်း တွေးတောနေမိခြင်း လုံးဝ မဟုတ်ဘဲ တကယ် ဖြစ်ပျက်နေကြောင်း သူမ အတည်ပြုနိုင်လိုက်လေသည်။

'တကယ်တော့ ဘာတွေ ဖြစ်နေတာလဲ'

ချီဝမ်ကျင်း ဆက်လက် စဉ်းစားရန် အချိန်မရလိုက်မီမှာပင် ရုတ်တရက် ထိုခံစားချက်က ထပ်မံ ဝင်ရောက်လာပြန်လေသည်။ သူမ မျက်လုံးဖွင့်ထားလျက်ပင် ကိုယ်ပေါ်ရှိ အမျိုးမျိုးသော အနေရခက်မှုများကို ခံစားနေရလေသည်။

လေပြေညင်းလေးက သူမ၏ ခန္ဓာကိုယ်ကို အလွန် ရင်းနှီးကျွမ်းဝင်နေသည့်အလား ပွတ်သပ်သွားတိုင်း ဖွင့်ပြောပြရန် ခက်ခဲသော သာယာမှု ခံစားချက်များကို ဖြစ်ပေါ်စေလေသည်။

ချက်ချင်းပင် ချီဝမ်ကျင်း တစ်ယောက် ကြက်သီးမွေးညင်း ထသွားပြီး ခန္ဓာကိုယ်လေး အနည်းငယ် တုန်ခါသွားလေသည်။

ဤအချိန်တွင် သူမ၏ ဦးနှောက်ထဲ၌ ထိန်းချုပ်၍ မရနိုင်သော မှတ်ဉာဏ်အပိုင်းအစများ ဖြတ်ပြေးသွားလေသည်။ တိုတောင်း ပြတ်တောင်းနေသော်လည်း အလွန် ရှင်းလင်းပြတ်သားစွာ မြင်တွေ့နေရသဖြင့် သူမ မျက်လုံးများ ပြူးကျယ်သွားလေသည်။

'ငါ ဘာကို မြင်လိုက်ရတာလဲ တကယ်ကြီး ထိုကဲ့သို့သော မြင်ကွင်းမျိုးကို မြင်လိုက်ရတယ် ပါလား'

"ချီနင်ပင်း"

ချီဝမ်ကျင်း ၏ မျက်နှာထား အေးစက်သွားပြီး ထိုနာမည်ကို စကားလုံး တစ်လုံးချင်းစီ ပီပီသသ ရေရွတ်လိုက်လေသည်။

စောစောက ထိုခံစားချက် ဘယ်ကလာသနည်း ဆိုတာကို ယခုမှ သူမ ကောင်းစွာ နားလည်သွားလေပြီ။ အရာအားလုံးက ထို ညီမလေးအလိမ္မာ ၏ လက်ချက်ပင် ဖြစ်လေသည်။ ရှက်ရွံ့ခြင်းကင်းမဲ့စွာဖြင့် ထိုကဲ့သို့သော အပြုအမူမျိုးကို လုပ်ဆောင်ရဲသည် ပါလား။

ထို့အပြင် မြင်ကွင်းအပိုင်းအစများ ထဲတွင် သူမက အလွန် တက်ကြွစွာဖြင့် ကျန်းချဲ့ကို ပြုစုယုယနေခြင်းပင် ဖြစ်လေသည်။

'တကယ်ကို တကယ်ကို အရှက်မရှိတဲ့ လုပ်ရပ်ပဲ'

'တမင်သက်သက် လုပ်တာ သေချာပေါက် တမင်သက်သက် လုပ်တာပဲ'

ဤအချိန်တွင် ချီဝမ်ကျင်း က အပြည့်အဝ အတည်ပြုနိုင်လိုက်လေသည်။

နှလုံးသားချင်း ဆက်သွယ်မှု ကိစ္စကို သူတို့ ညီအစ်မ နှစ်ယောက်သာ သိရှိကြလေသည်။ သတ်မှတ်ထားသော အကွာအဝေး အတွင်း၌ ခံစားချက် အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်ပေါ်ပါက အခြားတစ်ယောက်က မြင်ကွင်းအချို့ကို ခံစားသိရှိနိုင်လေသည်။

ယခုအခါတွင် သူမ က မြို့စောင့်တပ်မှူး အိမ်တော်၌ နေထိုင်နေမှန်း သိလျက်နှင့် ချီနင်ပင်း က ထိုကဲ့သို့သော ကိစ္စကို လုပ်ဆောင်ခဲ့လေသည်။ တမင်သက်သက် မဟုတ်ဘူး ဆိုလျှင် သူမ လုံးဝ ယုံကြည်မည် မဟုတ်ချေ။

အသက်ပြင်းပြင်း အကြိမ်ကြိမ် ရှူသွင်းလိုက်ပြီးနောက် ချီဝမ်ကျင်း က ရင်ထဲရှိ အမျိုးမျိုးသော ခံစားချက်များကို ဖိနှိပ်လိုက်လေသည်။ သူမ၏ မျက်နှာတစ်ခုလုံး ရှက်သွေးများ ဖြာနေပြီး မျက်ဝန်းများထဲတွင်တော့ ရှက်ရွံ့ခြင်းနှင့် ဒေါသများ ပြည့်နှက်နေလေသည်။

လက်တစ်ဖက်ကို ဆုပ်လိုက်ရာ ငွေရောင်လှံရှည် တစ်လက် ချက်ချင်း ထွက်ပေါ်လာလေသည်။

လုံးဝ တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ အခန်းထဲမှ အလျင်အမြန် ထွက်လာကာ မလှမ်းမကမ်းရှိ ဇီးခြံဝင်း ဆီသို့ ဒေါသတကြီး သွားရောက်လေတော့သည်။

သူမ က ချီနင်ပင်း ကို မျက်နှာချင်းဆိုင် ရှင်းလင်းမည် ဖြစ်ပြီး အရှက်ရှိသေးရဲ့လား ဟု မေးမြန်းမည် ဖြစ်လေသည်။ ကျန်းချဲ့နှင့် မကောင်းတဲ့ကိစ္စ လုပ်မည်ဆိုလျှင်တောင် သူမ၏ ခံစားချက်ကို ထည့်သွင်းစဉ်းစားသင့်သည် မဟုတ်ပါလော။

သူမ က ယခုအချိန်အထိ ကျန်းချဲ့၏ စေ့စပ်ထားသူ ဖြစ်နေသေးသည်လေ။ ယခုတော့ ရလဒ်က ဘာဖြစ်သွားပြီလဲ။ ဤသည်က တရားဝင် ဇနီးသည်၏ အရှေ့တွင် ကျူးလွန်စော်ကားခြင်းနှင့် ဘာများ ကွာခြားတော့မည်နည်း။

သို့သော် ရင်ထဲတွင် ပြည့်နှက်နေသော ဒေါသများက ဇီးခြံဝင်း သို့ ရောက်ခါနီးတွင် ရုတ်တရက် ရပ်တန့်သွားလေသည်။

သူမ၏ မျက်နှာပေါ်တွင် ရှုပ်ထွေးမှုများ ပေါ်လွင်လာပြီး ရုတ်တရက် တွေဝေသွားကာ ဤအတိုင်း တိုက်ရိုက် ဝင်သွားသင့်သလား ဆိုသည်ကို မသိဖြစ်သွားလေသည်။ ဝင်သွားပြီးနောက် ချီနင်ပင်း ကို စကားအနည်းငယ် ဆဲဆိုရုံမှလွဲ၍ သူမ ဘာလုပ်နိုင်ဦးမည်နည်း။

အရင်က သူမ ကိုယ်တိုင် သူတို့နှစ်ယောက်ကို သဘောတူပြီး မိမိဆန္ဒအလျောက် နုတ်ထွက်မည်ဟု အကြိမ်ကြိမ် ပြောခဲ့သည် မဟုတ်ပါလော။ ယခု တံခါးဝအထိ သွားရောက် မေးခွန်းထုတ်မည် ဆိုပါက သူမ ကို မနာလိုဝန်တိုတတ်သော မိန်းမယုတ် တစ်ယောက်အဖြစ် မြင်သွားစေမည် မဟုတ်ပါလော။ သူမကို စိတ်ထဲတစ်မျိုး အပြင်တစ်မျိုး ပြောတတ်သူ ဟန်ဆောင်ကောင်းသူ တစ်ယောက်အဖြစ် ပိုမို ထင်မြင်သွားစေမည်ပင်။

ချီဝမ်ကျင်း ၏ မျက်နှာပေါ်တွင် အမူအရာများ ပြောင်းလဲနေပြီး တစ်ခဏ ဖြူရော်သွားလိုက် တစ်ခဏ နီရဲသွားလိုက် ဖြစ်နေလေသည်။ သူမကို ပိုမို စိတ်ညစ်စေသည်မှာ ဦးနှောက်ထဲတွင် မှတ်ဉာဏ်မြင်ကွင်းများ ပိုမို တိုးပွားလာခြင်းပင် ဖြစ်လေသည်။

အချို့သော မြင်ကွင်းများကို သူမ တိုက်ရိုက်ပင် မကြည့်ရဲအောင် ဖြစ်နေလေသည်။ ချီနင်ပင်း ဘာဖြစ်သွားမှန်း သူမ လုံးဝ နားမလည်နိုင်တော့ချေ။ ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်သွားရတာလဲ။ ဒီလို အပြုအမူမျိုးက ပြည့်တန်ဆာရုံထဲက ကာမရူးသွပ်နေတဲ့ မိန်းမပျက်တွေနဲ့ ဘာများ ကွာခြားတော့လို့လဲ။

ထိုမှတ်ဉာဏ် အပိုင်းအစများက သူမအပေါ် သက်ရောက်မှုမှာ နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ကြီးမားလှပေသည်။ မူလက မတ်မတ်ရပ်နေသော သူမ၏ ခန္ဓာကိုယ်လေးမှာ ယခုအခါ အနည်းငယ် ပျော့ခွေသွားပြီး ငွေရောင်လှံရှည်ကို မြေကြီးပေါ်တွင် ထောက်ထားမှသာ တည်ငြိမ်သွားလေသည်။

စိမ်းသက်သော ခံစားချက်တစ်ခုကိုပင် ခံစားလိုက်ရပြီး တောင်ကြားချောက်ကမ်းပါး အောက်ခြေတွင် မိုးဖွဲဖွဲလေးများ ရွာသွန်းနေသည့်အလား ပင်။

ခြေတံနှစ်ဖက်ကို တင်းတင်းကြပ်ကြပ် စေ့ထားလိုက်ပြီး ချီဝမ်ကျင်း က ထိုတုံ့ပြန်မှုမှာ ဘာလဲဆိုတာကို လျင်မြန်စွာ သဘောပေါက်သွားလေသည်။ သွားကို တင်းတင်းကြိတ်ကာ မပွတ်တိုက်မိစေရန် အတင်းအကျပ် အောင့်အည်းထားလိုက်ပြီး အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်လေသည်။

ထို့နောက် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ဘေးဘက်ရှိ ခြံဝင်းဆီသို့ လှည့်ထွက်သွားလေတော့သည်။

---

ဤအချိန်တွင်။

ကျင့်ကြံနေသော ကျန်းချဲ့ လည်း အပြင်ဘက်ရှိ ချီဝမ်ကျင်း ကို အာရုံခံမိသွားပြီး သူ၏ မျက်လုံးများ လှုပ်ရှားသွားလေသည်။

ဤတစ်ကြိမ် ရည်ရွယ်ချက်က အဓိကအားဖြင့် ချီဝမ်ကျင်း ၏ တုံ့ပြန်မှုက ဘာလဲဆိုတာကို စမ်းသပ်ကြည့်ရန် ဖြစ်ပြီး မစတင်မီ ကတည်းက သူ ကြိုတင် ပြင်ဆင်ထားခဲ့ပြီး ဖြစ်လေသည်။ မြို့စောင့်တပ်မှူး အိမ်တော် တစ်ခုလုံးကို နတ်အာရုံဖြင့် လွှမ်းခြုံထားခြင်းက အခြေအနေကို အချိန်မရွေး သိရှိနိုင်ရန်ပင် ဖြစ်လေသည်။

ထင်ထားသည့်အတိုင်းပင် ချီနင်ပင်း ၏ နှလုံးသားချင်း ဆက်သွယ်မှု က တစ်ဖက်လူကို အမှန်တကယ် လွှမ်းမိုးနိုင်ခဲ့လေသည်။ သို့သော် တစ်ဖက်လူ က ဘာကြောင့် ရုတ်တရက် အောင့်အည်းသွားပြီး သူတို့ကို ဝင်ရောက် မနှောင့်ယှက်ရသနည်း။

'ဘာလို့လဲ လှုံ့ဆော်မှု မလုံလောက်လို့လား'

"ဘာဖြစ်လို့လဲ"

ကျင့်ကြံရင်း ယင်စွမ်းအင်များကို စုပ်ယူနေသော ချီနင်ပင်း က ကျန်းချဲ့ ရပ်တန့်သွားသည်ကို ရုတ်တရက် သတိထားမိလိုက်ပြီး တိုးညှင်းစွာ မေးလိုက်လေသည်။

"ဝမ်ကျင်း ရောက်လာတယ်"

"ဟင် ဒါဆို ဒါဆို ဘယ်လိုလုပ်မလဲ"

ချီနင်ပင်း အနည်းငယ် ပြာယာခတ်သွားလေသည်။ ဤကိစ္စကို သူမက အစပြုခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါ နောက်တစ်ဆင့် ဘယ်လိုဆက်လုပ်ရမည်ကို မသိတော့ချေ။ အကြောင်းပြချက် မရှိဘဲ ပြာယာခတ်နေမိလေသည်။ နေရာမှာတင် အဖမ်းခံလိုက်ရသည့် ခံစားချက်မျိုးပင်။

"မလောပါနဲ့ ဝမ်ကျင်း က အထဲကို ဝင်မလာဘူး သစ်ခွခြံဝင်း ဘက်ကို ပြန်သွားတယ်"

"ဒါဆို ဒါဆို ဘယ်လိုလုပ်မလဲ"

"လုံလောက်တဲ့ လှုံ့ဆော်မှု မရှိသေးလို့ နေမှာပါ"

"ဟင်"

---

သစ်ခွခြံဝင်း။ ပန်းခြံအတွင်း၌။

ချီဝမ်ကျင်း ၏ မျက်နှာတစ်ခုလုံး ရှက်ရွံ့ခြင်းနှင့် ဒေါသများ ပြည့်နှက်နေလေသည်။ ဦးနှောက်ထဲရှိ ရိုက်ခတ်မှုများက ရေကြီးရေလျှံမှု ကြီးတစ်ခုအလား သူမ၏ စိတ်ပိုင်းဆိုင်ရာ ခံတပ်ကို တစ်ကြိမ်ပြီးတစ်ကြိမ် ဝင်ရောက် ရိုက်ခတ်နေလေသည်။

အကယ်၍ သူမ၏ တာအိုနှလုံးသား သာ မခိုင်မာခဲ့ပါက ယခုအချိန်တွင် ထိုခံစားချက်များ၏ ကူးစက်ခြင်းကို ခံလိုက်ရလောက်ပြီ ဖြစ်လေသည်။ သို့သော် ထိုသို့ဖြစ်နေလျှင်တောင် ထိုခံစားချက်က သူမကို အလွန် အနေရခက်စေလေသည်။

မွှေးကြိုင်သော သက်ပြင်းငွေ့ငွေ့လေး တစ်ချက်ကို ရှည်လျားစွာ မှုတ်ထုတ်လိုက်ပြီး ချီဝမ်ကျင်း က စိတ်ကို တည်ငြိမ်အောင် ထားလိုက်လေသည်။ သိုလှောင်ရေး လက်ကောက်ထဲမှ ကျောက်စိမ်းပုလွေ တစ်လက်ကို ထုတ်ယူကာ နှုတ်ခမ်းဖျားတွင် တေ့ထားလိုက်လေသည်။ နောက်တစ်စက္ကန့်တွင် အလွန် သာယာနာပျော်ဖွယ် ကောင်းသော ပုလွေသံစဉ်များ ထွက်ပေါ်လာလေသည်။

ဤသည်က ငယ်ရွယ်စဉ်ကတည်းက သူမ သင်ယူတတ်မြောက်ခဲ့သော ဂီတသံစဉ် နည်းလမ်းတစ်ခု ဖြစ်ပြီး မိမိ၏ စိတ်ခံစားချက် အပြောင်းအလဲများကို တည်ငြိမ်စေနိုင်လေသည်။

'သွေးချောင်းစီးနေတဲ့ အလောင်းကောင် တောင်တန်းတွေကြားကနေ ဖြတ်လျှောက်လာခဲ့ရတာတောင် မကြောက်ခဲ့တာ ဒီနှလုံးသားချင်း ဆက်သွယ်မှုလေးကိုမှ ငါက မဖြေရှင်းနိုင်ဘူးလား' သူမ မခံချိမခံသာ တွေးလိုက်လေသည်။

ပုလွေသံစဉ်များက အရပ်မျက်နှာ အနှံ့သို့ ပျံ့လွင့်သွားလေသည်။ ချီဝမ်ကျင်း က စိတ်ထားကို အတင်းအကျပ် တည်ငြိမ်အောင် ထားပြီး စိတ်နှလုံးကို ဂီတသံစဉ်များထဲတွင် နစ်မြုပ်ထားလိုက်လေသည်။ သူမ ရင်ထဲတွင် သက်သာရာရသွားစေသည်မှာ ဤနည်းလမ်းက တကယ်ပဲ အလုပ်ဖြစ်ပုံရပြီး ဦးနှောက်ထဲရှိ ရိုက်ခတ်မှုများ အတော်လေး လျော့ပါးသွားခြင်းပင် ဖြစ်လေသည်။

သို့သော် မကြာမီမှာပင် သူမ၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားပြီး အနည်းငယ် ကြည့်ရဆိုးသွားလေသည်။ အကြောင်းမှာ ထိုခံစားချက်က ထပ်မံ ရောက်ရှိလာပြန်သောကြောင့်ပင်။

ထို့အပြင် ယခင်ကထက် ပိုမို ပြင်းထန်သော မြင်ကွင်း ရိုက်ခတ်မှုများကြောင့် သူမ၏ ဦးနှောက်ထဲတွင် ညစ်ညမ်းသော အရာများစွာ ရောနှောလာလေသည်။ တစ်ချိန်တည်းမှာပင် သူမ မှုတ်နေသော ဂီတသံစဉ်များကလည်း ဤအချိန်တွင် လွှမ်းမိုးခံလိုက်ရလေသည်။ တိုတောင်း ပြတ်တောင်း ဖြစ်သွားရုံသာမက သူမ ကိုယ်တိုင်ပင်လျှင် ထိုရိုက်ခတ်မှု စည်းချက်အတိုင်း လိုက်ပါသွားမိလေသည်။

“ဖြောင်း”

ဒေါသ မီးတောက်များ တောက်လောင်နေသော ချီဝမ်ကျင်း က လက်ထဲရှိ ကျောက်စိမ်းပုလွေကို တစ်ချက်တည်းနှင့် ချေမွပစ်လိုက်လေရာ မျက်ဝန်းများထဲတွင် မီးတောက်များ စတင် ထွက်ပေါ်လာသကဲ့သို့ ပင်။

'တကယ်ကို လူကို အနိုင်ကျင့်လွန်းတာပဲ အရမ်း လွန်လွန်းနေပြီ'

သူမ က ဒေါသများကို အောင့်အည်းထားပြီး သူတို့နှစ်ယောက်ကို ဝင်ရောက် မနှောင့်ယှက်ခဲ့သော်လည်း ရလဒ်ကတော့ ထိုလူနှစ်ယောက်က သူမ အခြေအနေ အသေးစိတ်ကို ခံစားသိရှိနိုင်မှန်း သိလျက်နှင့် မကြောက်မရွံ့ သူမကို လှုံ့ဆော်နေကြလေသည်။

ဤကဲ့သို့သော အခြေအနေက မျက်တောင်တစ်ခတ် အတွင်းမှာပင် သူမ၏ ဒေါသများကို ပေါက်ကွဲထွက်လာစေလေသည်။

"ကျန်းချဲ့"

ချီဝမ်ကျင်း က သွားကို တင်းတင်းကြိတ်ကာ ထိုနာမည်ကို ရေရွတ်လိုက်လေသည်။

"ဝမ်ကျင်း ကိုယ့်ကို ခေါ်လိုက်တာလား"

ချီဝမ်ကျင်း ၏ စကားသံ အဆုံးတွင် ရုတ်တရက် မျက်စိရှေ့၌ အဖြူရောင် အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီး ရင်းနှီးနေသော အသံတစ်ခုက နားထဲသို့ ဝင်ရောက်လာလေသည်။

ချီဝမ်ကျင်း ခေါင်းလှည့်ကြည့်လိုက်ရာ အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော ကျန်းချဲ့ က လက်တစ်ဖက်ကို နောက်ပစ်ကာ သူမကို ပြုံးလျက် ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။

"လူယုတ်မာ"

ကျန်းချဲ့ ထွက်ပေါ်လာသည်ကို မြင်သောအခါ ချီဝမ်ကျင်း က ဒေါသများကို ဆက်လက်၍ မထိန်းချုပ်နိုင်တော့ချေ။ လက်တစ်ဖက်ဖြင့် ငွေရောင်လှံရှည်ကို ကိုင်ကာ လုံးဝ တွေဝေခြင်းမရှိဘဲ ကျန်းချဲ့ ထံသို့ ထိုးချလိုက်လေသည်။

သို့သော် ဤတစ်ကြိမ်တွင်တော့ ထိမှန်ခြင်း မရှိခဲ့ချေ။ အကြောင်းမှာ ယခု သူမ တွင် အင်အား မရှိတော့သောကြောင့်ပင်။ ထို့အပြင် ကျန်းချဲ့ က လက်တစ်ဖက်ဖြင့် ငွေရောင်လှံရှည်ကို ဖမ်းဆုပ်လိုက်ပြီး အခြားလက်တစ်ဖက်ဖြင့် သူမ၏ ခါးကို ဖက်ကာ သူမ၏ နားနားသို့ လေတစ်ချက် မှုတ်ထုတ်လိုက်လေသည်။

"ဝမ်ကျင်း ဘာဖြစ်လို့လဲ"

'ဘာဖြစ်လို့လဲ ဟုတ်လား မင်းပြောလေ ဘာဖြစ်လို့လဲ ဆိုတာ'

ချီဝမ်ကျင်း က ကျန်းချဲ့ကို စူးစိုက်ကြည့်ကာ သွားကို တင်းတင်းကြိတ်၍ လေးနက်စွာ ပြောလိုက်လေသည်။

"ငါ့ကို လွှတ်စမ်း"

"မင်း အရင်ဆုံး စိတ်မလောပါနဲ့ဦး ဘာဖြစ်လဲဆိုတာ ကိုယ့်ကို ပြောပြပါဦး"

"ထွက်သွား ငါ့ကို လာမထိနဲ့ နင့်ရဲ့ နင်ပင်း နဲ့ သွားပြီး ပလူးပလဲ လုပ်နေလိုက်"

ချီဝမ်ကျင်း က ရူးသွပ်စွာ ရုန်းကန်နေသော်လည်း ကျန်းချဲ့၏ ဖက်ထားမှုက ပိုမို တင်းကြပ်လာပြီး မည်သို့မျှ ရုန်းထွက်၍ မရနိုင်ချေ။ မျက်လုံးအိမ်ထဲတွင် အလွန် စိတ်လှုပ်ရှားလွန်းသဖြင့် မျက်ရည်များပင် ဝဲတက်လာလေသည်။

"ဝမ်ကျင်း မင်း သဝန်တိုနေတာ မလား"

"ထွက်သွား ငါ့ကို လာမထိနဲ့"

ချီဝမ်ကျင်း မှာ ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ရီနေလေသည်။

"မင်း သဝန်တိုနေတယ် လို့ တစ်ခွန်းလောက် ပြောလိုက်ရင် ကိုယ် မင်းကို လွှတ်ပေးမယ်"

ကျန်းချဲ့ က ခပ်ဖွဖွ ရယ်မောလိုက်လေသည်။

ချီဝမ်ကျင်း ၏ မျက်လုံးအိမ်တွင် မျက်ရည်များ ပြည့်လဲ့နေပြီး လက်သီးများဖြင့် ကျန်းချဲ့ ၏ ကိုယ်ပေါ်သို့ ရူးသွပ်စွာ ထုရိုက်နေလေသည်။ ပါးစပ်မှလည်း အဆက်မပြတ် ရေရွတ်နေလေသည်။

"လူယုတ်မာ ခွေးကောင် သစ္စာဖောက် ငါ က နင်နဲ့ နင်ပင်း ကို သဘောတူပေးပြီးပြီလေ ဘာလို့ ငါ့ကို အလွတ်မပေးသေးတာလဲ ငါနဲ့ နင်ပင်း ကြားမှာ နှလုံးသားချင်း ဆက်သွယ်မှု ရှိမှန်း သိလျက်နဲ့ နင် က ငါ့ကို လှုံ့ဆော်နေသေးတယ် နင်ပြောစမ်း နင်က လူရော ဟုတ်သေးရဲ့လား"

"နင် စကားပြောလေ ဘာလို့ စကားမပြောတာလဲ"

ချီဝမ်ကျင်း က မျက်ရည်များ ဝဲလျက် မေးခွန်းထုတ်လိုက်လေသည်။

"ဘာပြောရမှာလဲ"

အနည်းငယ် အံ့အားသင့်နေသော အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာပြီး မိမိဘာသာ စကားပြောနေသော ချီဝမ်ကျင်း ကို အကဲခတ်နေလေသည်။

"အယ်"

ချီဝမ်ကျင်း ချက်ချင်း လန့်နိုးသွားပြီး အကြည့်များ လွှဲလိုက်ရာ မလှမ်းမကမ်းတွင် အနက်ရောင် ဝတ်စုံဖြင့် ပုံရိပ်တစ်ခုက မတ်မတ်ရပ်နေသည်ကို တွေ့လိုက်ရလေသည်။ ညအမှောင်ထု နှင့် တစ်သားတည်း ကျနေသကဲ့သို့ နံရံကို လက်တစ်ဖက်ဖြင့် ထောက်ကာ သူမကို အံ့အားသင့်စွာ ကြည့်နေလေသည်။

ထိုသူမှာ ကျန်းချဲ့ ပင် ဖြစ်လေသည်။

'ဟင် ကျန်းချဲ့လား'

ချီဝမ်ကျင်း အနည်းငယ် မှင်သက်သွားလေသည်။ အကယ်၍ အဝေးကလူက ကျန်းချဲ့ ဆိုလျှင် သူမကို ဖက်ထားတဲ့ သူက ဘယ်သူလဲ။

ဤအချက်ကို တွေးမိသောအခါ ချီဝမ်ကျင်း က နောက်လှည့်ကြည့်လိုက်ရာ လုံးဝ လူသူကင်းမဲ့နေသည်ကို တွေ့လိုက်ရလေသည်။ သူမ ကိုယ်တိုင်ကတော့ ထူးဆန်းသော ကိုယ်ဟန်အနေအထား ဖြင့် ရပ်နေပြီး လက်တစ်ဖက်က ခါးကို ဖက်ထားကာ အခြားလက်တစ်ဖက်ကတော့ လေဟာနယ်တွင် ရပ်တန့်နေလေသည်။

'ပုံရိပ်ယောင်လား'

ဤအချိန်တွင် ချီဝမ်ကျင်း ၏ မျက်နှာတစ်ခုလုံး ရှက်သွေးများ ဖြာနေပြီး မြေကြီးထဲသို့ တိုးဝင်သွားချင်စိတ် ပေါက်သွားလေသည်။

သူမ... သူမက... ထို ခံစားချက် ရိုက်ခတ်မှုများ အောက်တွင် နတ်အာရုံဖြင့် ပုံရိပ်ယောင် တစ်ခုကို ကိုယ်တိုင် ဖန်တီးခဲ့ပြီး ကျန်းချဲ့ အပေါ် မကျေနပ်မှု များနှင့် နာကြည်းမှု များကို ထုတ်ဖော်ခဲ့မိသည် ပါလား။

All Chapters