အခန်း ၅၃၄
Vol. 54 Ch. 534
အခန်း (၅၃၄) ရွှေခေါင်းစွပ်
ကျီဝမ်ဟောင်၏ မျက်နှာပေါ်တွင် မည်းမှောင်နေသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်ကို မြင်သောအခါ ကျာလော့ ဗောဓိသတ်၏ နှုတ်ခမ်းထောင့်တွင် တည်ငြိမ်သော အပြုံးတစ်ခု ပေါ်လာလေသည်။
"အရှင်မင်းကြီးလည်း ဒါက ဘာကိုဆိုလိုသလဲဆိုတာ မြင်လောက်ပါပြီ... ဒါယိကာ ကျန်းချဲ့က နဂါးချီစွမ်းအင်နဲ့ ပေါင်းစပ်နိုင်ရုံသာမက ခေါက်ရှန်းနတ်မင်းကြီးရဲ့ လက်ဆောင်ကိုပါ ရရှိခဲ့တာမို့ ဒါဟာ ဘာကိုဆိုလိုသလဲဆိုတာကို အရှင်မင်းကြီး ကောင်းကောင်းသိမှာပါ"
ကျီဝမ်ဟောင်၏ အကြည့်တို့က စူးရှသွားပြီး ၎င်းက မည်သည့်အဓိပ္ပာယ်ကို ဆောင်သည်ကို သူ အသေအချာ သိရှိထားပေသည်။ နဂါးချီစွမ်းအင်နှင့် ပေါင်းစပ်နိုင်သူသည် ကြီးမားလှသော ကံကြမ္မာကို ပိုင်ဆိုင်ထားသူဖြစ်ပြီး ကသောင်းကနင်းခေတ်တွင် အမှန်တကယ် ယှဉ်ပြိုင်နိုင်စွမ်းရှိမည့် သူရဲကောင်းတစ်ဦးပင် ဖြစ်ပေသည်။
နောင်တစ်ချိန်တွင် ကျန်းချဲ့သာ ပုန်ကန်လာပါက နောက်ဆက်တွဲ ရလဒ်များမှာ တွေးတောကြည့်ရန်ပင် ခက်ခဲလှပေသည်။
ထို့အပြင် ကျီချန်တောက်၏ လက်ဆောင်ပေးမှုကလည်း နက်နဲသော အဓိပ္ပာယ်တစ်ရပ်ကို ဖုံးကွယ်ထားပုံရလေသည်။
မည်သို့ပင်ဖြစ်စေ သူသည် မည်သည့် သဘောထားကိုမျှ အပြင်ပန်းတွင် ထုတ်ဖော်ပြသခြင်းမရှိဘဲ တည်ငြိမ်စွာပင် ပြောလိုက်သည်။
"ဗောဓိသတ်က ကိုယ်တော်နဲ့ ဝူအန်း မြို့စားကြီးကြားက ဆက်ဆံရေးကို သွေးခွဲချင်နေတာလား... ဒီလိုလုပ်တာက ကိုယ်တော့်ကို အရမ်း အထင်သေးလွန်းရာ ကျမနေဘူးလား... ကိုယ်တော်က သဘောထားမကြီးတဲ့သူ မဟုတ်ပါဘူး... ဝူအန်း မြို့စားကြီးက နန်းတွင်းအတွက် ကြီးမားတဲ့ စွမ်းဆောင်မှုတွေ ပြုလုပ်ပေးခဲ့ပြီး နယ်စပ်မှာလည်း နိုင်ငံတော်ရဲ့ တံခါးပေါက်ကို ကာကွယ်ပေးခဲ့တဲ့ ကိုယ်တော့်ရဲ့ ယုံကြည်ရသူပါ... ကိုယ်တော်က သေချာရေရာမှုမရှိတဲ့ ပုံရိပ်တစ်ခုကြောင့်နဲ့တော့ သူ့ကို လုံးဝ သံသယဝင်မှာ မဟုတ်ဘူး"
ကျာလော့ ဗောဓိသတ်က ခေါင်းခါယမ်းလိုက်သည်။
"အရှင်မင်းကြီး အထင်လွဲနေပါပြီ... အရှင်မင်းကြီးက သဘောထားကြီးတယ်ဆိုတာကို ဒီရဟန်း သိတာပေါ့... ဒါပေမဲ့ ဒီလူငယ်က မိစ္ဆာလမ်းစဉ်ကို လိုက်နေတဲ့သူဖြစ်ပြီး ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဂိုဏ်းကို အကြိမ်ကြိမ် ဒုက္ခပေးခဲ့သူပါ... သူ့ကိုသာ မနှိမ်နင်းဘူးဆိုရင် နောင်တစ်ချိန် လောကကြီး ငြိမ်းချမ်းနိုင်မှာ မဟုတ်ပါဘူး... တစ်လောကလုံး သူ့ကြောင့် စစ်မီးလျှံတွေကြားထဲ ရောက်သွားနိုင်တယ်... သေချာတာပေါ့... ဝူအန်း မြို့စားကြီးရဲ့ စွမ်းဆောင်ရည်တွေကို အားလုံးက မျက်မြင်ကိုယ်တွေ့ပဲမို့ အကြောင်းပြချက်မရှိဘဲ သူ့ကို အရေးယူလိုက်ရင် လောကကြီးက အပြစ်တင်ကြမှာ သေချာတယ်... ဒါကြောင့် ဒီရဟန်း ရောက်လာတဲ့ ရည်ရွယ်ချက်က အရှင်မင်းကြီး ဒီလူကို အပြီးတိုင် နှိမ်နင်းနိုင်ဖို့ ကူညီပေးချင်လို့ပါ"
"ဗောဓိသတ် ဆိုလိုတာကို ကိုယ်တော် နားမလည်ဘူး"
ကျီဝမ်ဟောင်က သိသိကြီးနှင့်ပင် နားမလည်ဟန်ဆောင်လိုက်သည်။ ကျန်းချဲ့သည် ယွဲ့ပြည်နယ်တွင် ဗုဒ္ဓဘာသာဂိုဏ်း၏ တားမြစ်ချက်ကို ဖောက်ဖျက်ကာ ထျန်းလုံ ဘုန်းကြီးကျောင်း တစ်ခုလုံးကို ဖျက်ဆီးပစ်ခဲ့ကြောင်းကို သူ သိရှိထားပေသည်။ ခေါက်ရှန်းနတ်မင်းကြီး၏ ကာကွယ်မှုသာ မရှိခဲ့လျှင် ဗုဒ္ဓဘာသာဂိုဏ်းက စောစီးစွာပင် လက်တုံ့ပြန်ခဲ့လောက်ပြီ ဖြစ်သည်။
ယခုအခါ ခေါက်ရှန်းနတ်မင်းကြီး ကျဆုံးသွားပြီဖြစ်ရာ ကျန်းချဲ့သည် အကြီးမားဆုံးသော ကျောထောက်နောက်ခံကို ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။ ပေလင် ချီမိသားစု၏ ဘိုးဘေး တစ်ဦးတည်းဖြင့် ဗုဒ္ဓဘာသာဂိုဏ်း၏ ဖိအားကို တွန်းလှန်နိုင်စွမ်းမရှိကြောင်းကို သူ ကောင်းကောင်းကြီး နားလည်ထားပေသည်။
ကျာလော့ ဗောဓိသတ်က သူမ၏ လက်ကောက်ဝတ်မှ ရွှေရောင်လက်ကောက်တစ်ကွင်းကို ချွတ်လိုက်ကာ စားပွဲပေါ်သို့ တင်လိုက်လေသည်။
"ဒါကို ယွမ်ကျင် ရွှေခေါင်းစွပ်လို့ ခေါ်ပါတယ်... ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဂိုဏ်းရဲ့ အဖိုးတန် ရတနာတစ်ခုပေါ့... ဒီအရာကို တစ်ကြိမ် တပ်ဆင်လိုက်တာနဲ့ တစ်သက်လုံး ဒီရွှေခေါင်းစွပ်ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်သွားပါလိမ့်မယ်... ဂါထာတစ်ကြောင်း ရွတ်ဆိုလိုက်ရုံနဲ့တင် ထိုသူရဲ့ ဝိညာဉ်နဲ့ မူလဝိညာဉ်ကို ချုပ်နှောင်ပစ်နိုင်တယ်... သိုင်းသူတော်စင်အဆင့် စွမ်းအားရှင်တွေ တပ်ဆင်ရင်တောင် ရုန်းထွက်လို့မရဘူး... အရှင်မင်းကြီးကသာ ဒီအရာကို ကျန်းချဲ့ရဲ့ ခေါင်းပေါ် တပ်ဆင်ဖို့ အမိန့်ပေးလိုက်မယ်ဆိုရင် သူ့ရဲ့ အသက်ကို အချိန်မရွေး ထိန်းချုပ်နိုင်သွားမှာပါ... အခုလောလောဆယ် ဒီယွမ်ကျင် ရွှေခေါင်းစွပ်က သန့်စင်မထားရသေးပါဘူး... အရှင်မင်းကြီး ကြည့်ရှုနိုင်ပါတယ်"
ကျောက်စားပွဲပေါ်ရှိ ရွှေခေါင်းစွပ်ကို အကဲခတ်ကြည့်ရင်း ကျီဝမ်ဟောင်၏ ရင်ထဲတွင် ရုတ်တရက် လှုပ်ရှားသွားခဲ့သည်။ အကယ်၍ သူသာ ကျန်းချဲ့၏ အသက်ကို အချိန်မရွေး ထိန်းချုပ်နိုင်မည်ဆိုပါက ထိုသူအား ထပ်မံ၍ ကြောက်ရွံ့နေရန် လိုအပ်တော့မည် မဟုတ်ပေ။ နောင်တစ်ချိန်တွင် တစ်ဖက်လူသည် ကျီချန်တောက်၏ အဆင့်အထိ ကြီးထွားလာခဲ့လျှင်တောင်မှ သူ၏ ထိန်းချုပ်မှုအောက်တွင် တစ်သက်လုံး ရှိနေမည်သာ ဖြစ်သည်။
ဆိုရလျှင် ရွှေခေါင်းစွပ်ကို တပ်ဆင်လိုက်ပါက ကျန်းချဲ့အပေါ် သူ သံသယဝင်နေရန် လိုအပ်တော့မည် မဟုတ်သဖြင့် သူ၏ စိတ်ထဲတွင် အလွန်ပင် စိတ်ဝင်စားသွားခဲ့သည်။
သူသည် အမြဲတမ်း သဘောထားကြီးမားသော အသွင်အပြင်ကို ထုတ်ဖော်ပြသလေ့ရှိသော်လည်း တကယ်တမ်းတွင်မူ ကျန်းချဲ့သည် နဂါးချီစွမ်းအင်နှင့် ပေါင်းစပ်နေပြီး လောကတွင် ပြိုင်ဘက်ကင်းသော ပါရမီကို ပိုင်ဆိုင်ထားသည်ကို မြင်တွေ့လိုက်ရသောအခါ သူ၏ ရင်ထဲတွင် စိုးရိမ်ကြောက်ရွံ့မှုကို မထိန်းချုပ်နိုင်ခဲ့ပေ။ ယခုလက်ရှိ ကျန်းချဲ့သည် သိုင်းသူတော်စင်အဆင့်သို့ မရောက်ရှိသေးသဖြင့် သူ ထိန်းချုပ်နိုင်စွမ်း ရှိသေးသည်။
'ကျန်းချဲ့ သိုင်းသူတော်စင်အဆင့်ကို တက်လှမ်းသွားရင်ကော... ကျန်းချဲ့က ကျီချန်တောက်နဲ့ ယှဉ်နိုင်တဲ့အဆင့်ကို ရောက်သွားတဲ့အချိန်ကျရင်ကော... အဲဒီအချိန်ကျရင် ငါက သူ့ကို ဘာနဲ့များ သွားပြီး ထိန်းချုပ်ရမလဲ...'
ကျီချန်တောက်သည် ကျီမျိုးရိုး ဧကရာဇ်မိသားစုဝင်ဖြစ်ပြီး ထီးနန်းကိုလည်း စိတ်ဝင်စားခြင်း မရှိခဲ့ပေ။ သို့သော် ကျန်းချဲ့မှာမူ ပြင်ပလူတစ်ဦးဖြစ်ရာ တစ်ဖက်လူအား နောက်ထပ် ကျီချန်တောက်တစ်ဦး ဖြစ်လာရန် သူ လုံးဝ ခွင့်ပြုမည် မဟုတ်ပေ။ ထိုအချိန်သို့ ရောက်ရှိသွားပါက တစ်ဖက်လူက နေရာလုယူခြင်း မဟုတ်လျှင်ပင် ဧကရာဇ်မင်းကို ရုပ်သေးရုပ်အဖြစ် ပြောင်းလဲပစ်မည်မှာ အသေအချာပင် ဖြစ်သည်။
ဤသည်မှာ သူ လုံးဝ လက်ခံနိုင်သော ကိစ္စရပ် မဟုတ်ပေ။ သို့သော် ကျန်းချဲ့၏ အသက်ကို ထိန်းချုပ်နိုင်မည်ဆိုပါက ကိစ္စများမှာ တခြားစီ ဖြစ်သွားပေလိမ့်မည်။ သူသည် ကျန်းချဲ့ကို အမြန်ဆုံး ကြီးထွားလာစေရန်အတွက် နိုင်ငံတော်ဘဏ္ဍာတိုက်ရှိ အဖိုးတန်ပစ္စည်းများအားလုံးကိုပင် အသုံးပြုကာ ကူညီပေးမည် ဖြစ်သည်။ ဆိုရလျှင် ဤသည်မှာ ကျီဝမ်ဟောင်၏ အမြင်တွင် နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့် ကိစ္စရပ်တစ်ခုပင် ဖြစ်ပေသည်။
"ဗုဒ္ဓဘာသာဂိုဏ်းရဲ့ အကြံအစည်က တော်တော်လေး ကောင်းတာပဲ"
ကျီဝမ်ဟောင်က ရွှေခေါင်းစွပ်ကို ကောက်ယူကာ တိတ်ဆိတ်စွာ အာရုံခံလိုက်သည်။
ကျာလော့ ဗောဓိသတ်က ရယ်မောလိုက်လေသည်။
"အရှင်မင်းကြီး အထင်လွဲနေပါပြီ... တကယ်တော့ ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဂိုဏ်းက လောကကြီးကို ကယ်တင်ဖို့ တာဝန်ယူထားတာပါ... လောကကြီး ပြိုကွဲပျက်စီးပြီး ပြည်သူတွေ စစ်မီးလျှံကြားမှာ ဒုက္ခရောက်တာကို ထပ်မမြင်ချင်တော့လို့ပါ... ဒီတစ်ခေါက် ဒီရဟန်း ရောက်လာတာလည်း အရှင်မင်းကြီး အခက်အခဲကြုံနေရချိန်မှာ ကူညီပေးဖို့ပါပဲ... ခေါက်ရှန်းနတ်မင်းကြီး ကျဆုံးသွားတော့ နန်းတွင်းက အကြီးမားဆုံး အားကိုးရာကို ဆုံးရှုံးသွားရတယ်... တာအိုဂိုဏ်းကလည်း ကွဲပြားသွားပြီး ရွှမ်ထျန်း ဝူကျိ နန်းတော်ကလည်း အရှင်မင်းကြီးကို ဒီလိုသဘောထားမျိုးနဲ့ ဆက်ဆံနေတယ်ဆိုတော့... အရှင်မင်းကြီးရဲ့ လက်ရှိစွမ်းအားနဲ့ဆိုရင် လောကကြီးကို ထပ်ပြီး နှိမ်နင်းထားဖို့ ခက်ခဲပါလိမ့်မယ်... ဒီကိစ္စအတွက် ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဂိုဏ်းက အရှင်မင်းကြီးကို ကူညီပေးဖို့ ဆန္ဒရှိပါတယ်"
"ဗုဒ္ဓဘာသာဂိုဏ်းက ဘာတွေလုပ်ပေးဖို့ ပြင်ဆင်ထားလဲ"
ကျီဝမ်ဟောင်မှာ အနည်းငယ် စိတ်ဝင်စားသွားခဲ့လေသည်။ ရွှမ်ထျန်း ဝူကျိ နန်းတော်၏ အင်အားကို ငှားရမ်း၍မရတော့သဖြင့် ယခုအခြေအနေတွင် သူသည် တာ့လေ့ယင် ဘုန်းကြီးကျောင်း၏ အင်အားကိုသာ အားကိုးရတော့မည် ဖြစ်သည်။ သို့မှသာ လောကကြီး ပြိုကွဲပျက်စီးမည့်အရေးမှ ကာကွယ်နိုင်မည် ဖြစ်သည်။
ထို့အပြင် ဗုဒ္ဓဘာသာဂိုဏ်း၏ အင်အားကို လောကလူသားအားလုံး မျက်မြင်ကိုယ်တွေ့ပင် ဖြစ်သည်။ အလယ်ပိုင်းလွင်ပြင်၏ နံပါတ်တစ် ထာဝရဂိုဏ်းကြီးအဖြစ် ဗုဒ္ဓဘာသာဂိုဏ်းအတွင်း၌ ဗောဓိသတ် တစ်ပါးတည်းသာ ရှိနေသည်မဟုတ်ပေ။ သူ သိထားသလောက်ပင် လင်းရှန်းတောင်ကို စောင့်ကြပ်နေသော ဗောဓိသတ်ကြီး လေးပါးရှိပြီး ထိုအထဲမှ ရန်ချန် ဗောဓိသတ်နှင့် ရွှီမီလဲ့ ဗောဓိသတ်တို့မှာ လောက၏ ထိပ်ဆုံးငါးဦးစာရင်းတွင် ပါဝင်သူများ ဖြစ်ကြသည်။ ဗုဒ္ဓဘာသာဂိုဏ်း၏ အင်အားကိုသာ အသုံးပြုနိုင်မည်ဆိုပါက ကျီချန်တောက် ကျဆုံးသွားလျှင်တောင်မှ နိုင်ငံတော် ပျက်သုဉ်းမည့် အန္တရာယ် ရှိလာမည် မဟုတ်ပေ။
ပို၍အရေးကြီးသည်မှာ ဗုဒ္ဓဘာသာဂိုဏ်းသည် နှစ်ထောင်ပေါင်းများစွာ လက်ဆင့်ကမ်းလာခဲ့ပြီး အလွန်နက်ရှိုင်းသော နောက်ခံအင်အား ရှိပေသည်။ ယခင်က ခေါက်ရှန်းနတ်မင်းကြီးပင်လျှင် ၎င်းတို့ကို အလွန်အမင်း စိုးရိမ်ခဲ့ပြီး အမြဲတမ်း ဖိနှိပ်ထားခဲ့သော်လည်း ဘယ်သောအခါမှ လက်တွေ့အရေးမယူခဲ့ပေ။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် ၎င်းတို့၏ စွမ်းအားကို အကြမ်းဖျင်း ခန့်မှန်းနိုင်ပေသည်။
"ဒီတစ်ခေါက် ဒီရဟန်း ရောက်လာတာက ရန်ချန် ဗောဓိသတ်ကို ကိုယ်စားပြုပြီး လာတာပါ... ရန်ချန် ဗောဓိသတ်က အမိန့်ချမှတ်ထားပါတယ်... ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဂိုဏ်းက နန်းတွင်းကို ကူညီပေးပြီး လောကကြီး တည်ငြိမ်အောင် ကူညီပေးဖို့ ဆန္ဒရှိပါတယ်... လိုအပ်တဲ့အချိန်ကျရင် လုံးဝ လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး... ဒါပေမဲ့ စည်းကမ်းချက် အနည်းငယ်တော့ ရှိပါတယ်"
"ပြောပါ"
လောကတွင် အလကားရသော အရာဟူသည် မရှိကြောင်း ကျီဝမ်ဟောင် ကောင်းစွာ သဘောပေါက်ထားသဖြင့် ချက်ချင်းပင် အသံနက်ဖြင့် ပြောလိုက်သည်။
"ပထမအချက်ကတော့ အရှင်မင်းကြီးက ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဂိုဏ်းကို တစ်ခုတည်းသော နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ပေးပြီး တာအိုဂိုဏ်းကို ဖျက်သိမ်းကာ ဗုဒ္ဓတရားတော်ကိုသာ ကိုးကွယ်စေရပါမယ်... ဒုတိယအချက်ကတော့ အလယ်ပိုင်းလွင်ပြင်က ပြည်နယ်ဆယ့်နှစ်ခုစလုံးက ခရိုင်နဲ့ မြို့နယ်တိုင်းမှာ ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဂိုဏ်းအတွက် ဗုဒ္ဓရုပ်ပွားတော်တွေ တည်ထားကိုးကွယ်ပြီး လောကရဲ့ အမွှေးတိုင်ပူဇော်မှုတွေကို လက်ခံခွင့်ပြုဖို့ အရှင်မင်းကြီးက အမိန့်ထုတ်ပြန်ပေးပါ... တတိယအချက်ကတော့ ကျန်းချဲ့ဆိုတဲ့ မိစ္ဆာကို ကယ်တင်ပြီး ဘုရားတရားလမ်းစဉ်ဘက်ကို ရောက်လာအောင် လုပ်ဖို့ပါ... ဒီအချက်က တကယ်တော့ အရမ်းရိုးရှင်းပါတယ်... အရှင်မင်းကြီးက ဒီရွှေခေါင်းစွပ်ကို ကျန်းချဲ့ဆီ တပ်ဆင်ခိုင်းလိုက်ရုံပါပဲ... စတုတ္ထအချက်ကတော့... အရှင်မင်းကြီးကို မြို့တော်ကနေ ခဏထွက်ခွာပြီး ကျွန်ုပ်တို့ရဲ့ တာ့လေ့ယင် ဘုန်းကြီးကျောင်းဆီကို တစ်ခေါက်လောက် သွားပေးဖို့ တောင်းဆိုရပါလိမ့်မယ်..."
ကျာလော့ ဗောဓိသတ်၏ စကားကို ကြားပြီးနောက် ယွမ်ခန် ဧကရာဇ်မင်း၏ အကြည့်တို့က ချက်ချင်းပင် တည်ငြိမ်သွားခဲ့သည်။ ယခင် စည်းကမ်းချက်များကို သူ နားလည်နိုင်ပေသည်။ မည်သို့ပင်ဖြစ်စေ ဗုဒ္ဓဘာသာဂိုဏ်းသည် ဘာသာရေးအမွေအနှစ်ကို အလွန်အလေးထားကြပြီး တာ့ကျိုး နိုင်ငံတော် တည်ထောင်ကတည်းက အလယ်ပိုင်းလွင်ပြင် ပြည်နယ်ဆယ့်နှစ်ခုလုံးတွင် ဗုဒ္ဓဘာသာ အမွေအနှစ်များ ပျံ့နှံ့နေခဲ့သည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် ဘုန်းကြီးကျောင်းများကို နေရာတိုင်းတွင် တည်ဆောက်နိုင်ရန် ခက်ခဲခဲ့သည်။ သို့သော် ဧကရာဇ်မင်း၏ အမိန့်တော်သာ ရှိပါက လောကတစ်ခွင်လုံးတွင် ဗုဒ္ဓဘာသာကို ကိုးကွယ်ပြီး တာအိုဂိုဏ်းကို ဖိနှိပ်သည့် လေထုကြီးတစ်ခု ပေါ်ထွက်လာမည်မှာ သေချာပေသည်။
ကျန်းချဲ့မှာမူ ဗုဒ္ဓဘာသာဂိုဏ်းနှင့် ရန်သူဖြစ်ကာ ကြီးမားသော ရန်ငြိုးဖွဲ့ထားသူဖြစ်သည်။ ဗုဒ္ဓဘာသာဂိုဏ်းက သူ့ကို သတ်ဖြတ်ခြင်းမပြုဘဲ ကယ်တင်ပေးရန်သာ ဆန္ဒရှိနေခြင်းမှာ ကြီးမားသော မေတ္တာတရားကို ပြသလိုက်ခြင်းပင် ဖြစ်သည်။ သို့သော် နောက်ဆုံး စည်းကမ်းချက်ကမူ သူ့ကို အနည်းငယ် တွေဝေသွားစေသည်။ တာ့လေ့ယင် ဘုန်းကြီးကျောင်းသည် အနောက်မြောက်ဘက် ဝေးလံခေါင်သီသော ပြည်နယ်တွင် တည်ရှိပြီး မြို့တော်နှင့် မိုင်ပေါင်း တစ်သိန်းနီးပါး ဝေးကွာလှသည်။ သို့သော် တစ်ဖက်လူက သူ့ကို တာ့လေ့ယင် ဘုန်းကြီးကျောင်းသို့ သွားစေချင်နေသည်မှာ သူ့ကိုပါ တစ်ပါတည်း ကယ်တင်ချင်နေ၍များလား။
ချက်ချင်းပင် ကျီဝမ်ဟောင်က သူ၏ တွေးထင်ချက်ကို ထုတ်ပြောလိုက်လေသည်။
"ကိုယ်တော်က အမြင့်ဆုံး ဧကရာဇ်မင်းပါ... အကြောင်းပြချက်မရှိဘဲ မြို့တော်ကနေ ထွက်ခွာသွားရင် လောကကြီးက ငြိမ်းချမ်းနိုင်မှာ မဟုတ်ဘူး"
ကျာလော့ ဗောဓိသတ်က ဖွဖွလေး ရယ်မောလိုက်သည်။
"အရှင်မင်းကြီး ထပ်ပြီး အထင်လွဲပြန်ပါပြီ... ဒီရဟန်းနဲ့ ဗုဒ္ဓဘာသာဂိုဏ်းမှာ တခြားရည်ရွယ်ချက် ဘာမှမရှိပါဘူး... အရှင်မင်းကြီးကို ရတနာတစ်ခု လာသိမ်းဆည်းပေးဖို့ မျှော်လင့်ရုံသက်သက်ပါ"
ကျီဝမ်ဟောင်၏ မျက်မှောင်များ အနည်းငယ် ကျုံ့သွားလေသည်။
"ရတနာ..."
"အရှင်မင်းကြီး ဧကရာဇ်ဓားကို သိပါသလား"
ကျီဝမ်ဟောင်က ပြောနေရင်း သူ၏ မျက်နှာထားမှာ အနည်းငယ် မှုန်ကုပ်သွားခဲ့သည်။
"ကိုယ်တော် သေချာပေါက် သိတာပေါ့... ဒါက တာ့ကျိုး နိုင်ငံတော်ရဲ့ ထိုက်ကျူ ဧကရာဇ်က လောကရဲ့ စွမ်းအားတွေကို စုစည်းပြီး သွန်းလုပ်ခဲ့တဲ့ ထာဝရဓားတစ်လက်ပဲ... မိစ္ဆာနယ်မြေမှာ မိစ္ဆာသိုင်းသူတော်စင်ပေါင်း များစွာကို သတ်ဖြတ်နိုင်ခဲ့တဲ့ တာ့ကျိုး နိုင်ငံတော်ရဲ့ နံပါတ်တစ် နိုင်ငံတော်စောင့် နတ်လက်နက်ပဲ... ဘာလဲ... ဧကရာဇ်ဓားက တာ့လေ့ယင် ဘုန်းကြီးကျောင်းမှာ ရောက်နေတာများလား"
ယခင်က ကျီချန်တောက် နိုင်ငံတော်ကံကြမ္မာကို ငှားရမ်းချိန်က ဧကရာဇ်ဓားသည် ကျီချန်တောက်၏ လက်ထဲတွင် ရှိနေကြောင်းကို တစ်ဖက်လူ၏ စကားများမှတစ်ဆင့် သူ ကြားသိခဲ့ရသည်။ ထို့နောက်တွင် ထိုအရာကို သူ ပြန်လည်သိမ်းယူရန် ရည်ရွယ်ထားခဲ့သည်။ သို့သော် ထျန်းယွမ်မြို့မှ ပြန်လည်ရောက်ရှိလာသော သတင်းများအရ ဧကရာဇ်ဓားသည် ကျီချန်တောက်နှင့်အတူ ထျန်းယွမ်မြို့တွင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ရာ ထိုအချိန်က သူ အလွန်ပင် နှမြောတသ ဖြစ်ခဲ့ရသည်။
အဘယ်ကြောင့်ဆိုသော် သူ၏ ဧကရာဇ်ဂုဏ်ပုဒ်ဖြင့်သာ ဧကရာဇ်ဓားကို ကိုင်ဆောင်နိုင်မည်ဆိုပါက သူ၏ စွမ်းအားမှာ အလွန် ကြောက်မက်ဖွယ်ကောင်းလာမည်ဖြစ်ပြီး သိုင်းသူတော်စင်များကို သတ်ဖြတ်ကာ နတ်ဘုရားများကိုပါ ချေမှုန်းနိုင်မည့် စစ်မှန်သော စွမ်းအားကို ပိုင်ဆိုင်လာမည် ဖြစ်သောကြောင့်ပင်။
ကျာလော့ ဗောဓိသတ်က သက်ပြင်းတစ်ချက် ချလိုက်သည်။
"ခေါက်ရှန်းနတ်မင်းကြီးက ထျန်းယွမ်မြို့မှာ ပြင်ပမိစ္ဆာမျိုးနွယ်တွေကို အစွမ်းကုန် တိုက်ခိုက်ခဲ့တာက ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဂိုဏ်းအတွက် အလွန်လေးစားစရာကောင်းတဲ့ ကိစ္စပါပဲ... ဒါပေမဲ့ ဘာကြောင့်မှန်းမသိဘူး အဲဒီဧကရာဇ်ဓားက ဟင်းလင်းပြင် လှိုင်းဂယက်တွေကြားထဲမှာ လွင့်မျောနေခဲ့တာ... ဘယ်အချိန်ကတည်းကမှန်းမသိ ကျွန်ုပ်တို့ရဲ့ တာ့လေ့ယင် ဘုန်းကြီးကျောင်းရှေ့ကို ရောက်လာခဲ့တယ်... ဒီအရာက နန်းတွင်းရဲ့ နိုင်ငံတော်စောင့် ဓားဖြစ်နေတဲ့အတွက် ရန်ချန် ဗောဓိသတ်က ဖျက်ဆီးပစ်ဖို့ ဆန္ဒမရှိပါဘူး... အရှင်မင်းကြီး ဆန္ဒရှိမယ်ဆိုရင် သွားရောက်ပြီး သိမ်းဆည်းနိုင်ပါတယ်"
ကျီဝမ်ဟောင်၏ မျက်နှာထားမှာ အနည်းငယ် တည်ငြိမ်သွားခဲ့သည်။
"ဒီလိုကိစ္စမျိုး ရှိတယ်ပေါ့"
သို့သော် ချက်ချင်းပင် ၎င်း၏ နောက်ကွယ်မှ အကြောင်းရင်းကို သူ ရှင်းလင်းစွာ နားလည်သွားခဲ့သည်။ ဧကရာဇ်ဓားတွင် ဝိညာဉ်ရှိပြီး ကျီချန်တောက်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေခဲ့ရာ တာ့လေ့ယင် ဘုန်းကြီးကျောင်းအတွင်းသို့ အကြောင်းပြချက်မရှိဘဲ ရောက်ရှိသွားရန် လုံးဝ မဖြစ်နိုင်ပေ။ ဖြစ်နိုင်ခြေ တစ်ခုတည်းသာ ရှိပြီး ၎င်းမှာ ကျီချန်တောက်က ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်သည်။ နောက်ဆုံးအချိန်တွင် ဧကရာဇ်ဓားကို တာ့လေ့ယင် ဘုန်းကြီးကျောင်းအပြင်ဘက်တွင် ချိတ်ဆွဲထားခဲ့ခြင်း ဖြစ်သည်။
'ဒါပေမဲ့ ဒီလိုလုပ်ရတာက ဘာအတွက်ကြောင့်များလဲ... ဗုဒ္ဓဘာသာဂိုဏ်းကို ကျီချန်တောက်က ကြောက်ရွံ့စိုးရိမ်နေလို့များလား...'
ကျာလော့ ဗောဓိသတ်က ဆက်လက်ပြောဆိုလိုက်သည်။
"တကယ်တော့ ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဂိုဏ်းရဲ့ နောက်ခံအင်အားနဲ့ ရန်ချန် ဗောဓိသတ်ရဲ့ စွမ်းအားအရဆိုရင် ဧကရာဇ်ဓားတစ်လက်ကို ဖိနှိပ်ထားဖို့ဆိုတာ လုံးဝ ပြဿနာမရှိပါဘူး... ဒါပေမဲ့ ဒီဓားက အရမ်းကို အရေးကြီးနေတော့ တကယ်လို့ ပျက်စီးသွားခဲ့ရင် ပြဿနာကြီးတစ်ခု ဖြစ်လာနိုင်တယ်လေ... အရှင်မင်းကြီးသာ သွားယူဖို့ ဆန္ဒရှိမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့... ဆန္ဒမရှိဘူးဆိုရင်တော့ ရန်ချန် ဗောဓိသတ်က ကိုယ်တိုင် ကိုယ်ကျ တာ့လေ့ယင် ဘုန်းကြီးကျောင်းထဲမှာ ဖိနှိပ်ထားပါလိမ့်မယ်"
ကျီဝမ်ဟောင်က ဝိညာဉ်လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ပြီး အသံနက်ဖြင့် ပြောလိုက်သည်။
"ဒီကိစ္စက အရမ်းကို အရေးကြီးတဲ့အတွက် ကိုယ်တော် သေချာ စဉ်းစားပါရစေဦး... ဒါပေမဲ့ ဗုဒ္ဓဘာသာဂိုဏ်းကသာ နန်းတွင်းကို ကူညီဖို့ ဆန္ဒရှိမယ်ဆိုရင် အရင်က ပြောခဲ့တဲ့ စည်းကမ်းချက်တွေကို ကိုယ်တော် လက်ခံပေးနိုင်ပါတယ်"
ကျာလော့ ဗောဓိသတ်က လက်အုပ်ချီလိုက်ကာ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာလေသည်။
"အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်"
ကြယ်များ မှေးမှိန်နေပြီး လေပြေညင်းများ တိုက်ခတ်နေလေသည်။ အရှေ့ပင်လယ်ရှိ လူသူကင်းမဲ့သော ကျွန်းတစ်ကျွန်းပေါ်တွင် ဖြစ်ပေသည်။
ကျန်းချဲ့သည် ဟင်းလင်းပြင်ပေါ်တွင် ခြေလှမ်းကာ ကျွန်းပေါ်သို့ တစ်လှမ်းချင်း လျှောက်လှမ်းလာခဲ့သည်။ ကျွန်း၏ အလယ်ဗဟိုတွင် ထိုင်နေသော လှပသည့် ပုံရိပ်တစ်ခုကို သူ တစ်ချက်တည်းဖြင့် မြင်တွေ့လိုက်ရပြီး ထိုသူမှာ နိုင်ငံတော်ဆရာ ယောင်ယွဲ့ပင် ဖြစ်လေသည်။
ယောင်ယွဲ့က တစ်ရက်အချိန်ယူ စဉ်းစားမည်ဟု ပြောခဲ့ရာ ကျန်းချဲ့အနေဖြင့် ငြင်းဆန်မည်မဟုတ်ပေ။ ကံကောင်းထောက်မစွာဖြင့် အရာအားလုံးသည် သူ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်လာခဲ့ပြီး ယခုလေးတင် ယောင်ယွဲ့ထံမှ သတင်းစကား ရရှိခဲ့သည်။ သူ့ကို ဤနေရာသို့ လာရောက်ရန် ခေါ်ဆိုလိုက်ခြင်း ဖြစ်သည်။
ကျန်းချဲ့က လက်ယှက်ကာ အရိုအသေပေးလိုက်သည်။
"နိုင်ငံတော်ဆရာကို ဂါရဝပြုပါတယ်"
ယောင်ယွဲ့က မျက်လုံးများကို ဖွင့်လိုက်သည်။ သူမ၏ အကြည့်တို့က ဖြူစင်သန့်ရှင်းနေပြီး ယခုလေးတင် ပူးတွဲကျင့်ကြံခြင်း လျှို့ဝှက်ပညာရပ်များကို လေ့လာနေခဲ့သည်ဟု လုံးဝ အရိပ်အယောင်မျှ မတွေ့ရပေ။
လောကနှင့် ကင်းကွာနေသော သူမ၏ အသွင်အပြင်မှာ လမင်းနန်းတော်အတွင်းမှ လူ့လောကသို့ ဆင်းသက်လာသော နတ်သမီးတစ်ပါးနှင့်ပင် တူနေလေသည်။ ယခုအချိန်တွင် ယောင်ယွဲ့၏ အသွင်အပြင်ရော အလှအပပါ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့သည်။ ကျန်းချဲ့ပင်လျှင် အံ့ဩမင်တက်သွားသည့် ခံစားချက်ကို မထိန်းချုပ်နိုင်အောင် ဖြစ်သွားရလေသည်။
ယောင်ယွဲ့က ဖြည်းညင်းစွာ ပြောလိုက်သည်။
"ဒီနေ့ မြို့တော်က သတင်းရောက်လာတယ်... အရှင်မင်းကြီးက ငါ့ကို မိဖုရားခေါင်ကြီးအဖြစ် တင်မြှောက်ပြီး ရွှမ်ထျန်း ဝူကျိ နန်းတော်ကို တစ်ခုတည်းသော နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ချင်နေတယ်... ဒါပေမဲ့ ငါကတော့ လျစ်လျူရှုလိုက်တယ်"
ကျန်းချဲ့၏ မျက်ခုံးများ အနည်းငယ် ပင့်တက်သွားခဲ့သည်။ ယောင်ယွဲ့ကို မိဖုရားခေါင်ကြီးအဖြစ် တင်မြှောက်ချင်နေသည်ပေါ့။ ဤသို့ဆိုလျှင် သူသည် ကျီဝမ်ဟောင်၏ ခေါင်းပေါ်တွင် ဦးထုပ်စိမ်း အနည်းငယ် ဆောင်းပေးလိုက်သကဲ့သို့ပင် ဖြစ်သွားချေပြီ။ အကြောင်းပြချက်မရှိဘဲ စိတ်လှုပ်ရှားလာရခြင်းမှာ အဘယ်ကြောင့်နည်း။
စိတ်ထဲတွင် အတွေးများစွာ ဝင်ရောက်နေသော်လည်း ကျန်းချဲ့သည် တည်ငြိမ်မှုကို ဆက်လက်ထိန်းသိမ်းထားလိုက်သည်။
"နိုင်ငံတော်ဆရာက ငြင်းလိုက်တာလား"
ယောင်ယွဲ့က ကျန်းချဲ့အား ဆက်လက်မေးမြန်းလိုက်သည်။
"မင်း ဘယ်လိုထင်လဲ"
"နိုင်ငံတော်ဆရာရဲ့ ရွေးချယ်မှုက မှန်ကန်ပါတယ်... ကျီဝမ်ဟောင်က ရည်မှန်းချက်သာကြီးပြီး အရည်အချင်းမရှိတဲ့သူမို့ နိုင်ငံတော်ဆရာနဲ့ မထိုက်တန်ပါဘူး"
"ဒါဆို မင်းကရော"
ကျန်းချဲ့က တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။
"ကျွန်တော်ကတော့ ထိုက်တန်ပါတယ်"
ယောင်ယွဲ့၏ အကြည့်တို့က ပြောင်းလဲသွားခြင်း မရှိဘဲ ကျန်းချဲ့အား စိုက်ကြည့်ကာ ပြန်လည်မေးခွန်းထုတ်လိုက်သည်။
"အဲဒီလောက်တောင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနေတာလား"
တကယ်တမ်းဆိုလျှင် ကျီဝမ်ဟောင်ကို ရှောင်ရှားကာ အရှေ့ပင်လယ်သို့ လာရောက်ပြီး ကျန်းချဲ့နှင့် တွေ့ဆုံကတည်းက သူမ၏ သဘောထားကို ထုတ်ဖော်ပြသပြီးသား ဖြစ်ပေသည်။ ကျီဝမ်ဟောင်ကို သူမ မနှစ်သက်သည့်အပြင် အနည်းငယ်ပင် ရွံရှာမိသေးသည်။ သို့မဟုတ်ပါက သူမသည် တစ်ဖက်လူ၏ ခန္ဓာကိုယ်ပေါ်ရှိ နဂါးချီစွမ်းအင်ကို အသုံးပြုကာ သိုင်းသူတော်စင်အဆင့်သို့ တိုက်ရိုက်တက်လှမ်းနိုင်ခဲ့မည်မှာ ကြာပြီဖြစ်သည်။
ကျန်းချဲ့က ဖွဖွလေး ပြုံးလိုက်လေသည်။
"နောင်တစ်ချိန်ကျရင် နိုင်ငံတော်ဆရာ အရာအားလုံးကို နားလည်လာပါလိမ့်မယ်"
ယောင်ယွဲ့က ကျန်းချဲ့နှင့် အသက်ရှူအကြိမ်အနည်းငယ်ကြာအောင် အကြည့်ချင်းဆုံနေပြီးနောက် ဆက်လက်ပြောဆိုလိုက်သည်။
"အရင်က ငါ တစ်ရက်အချိန်ယူ စဉ်းစားမယ်လို့ ပြောခဲ့တယ်လေ... အခု အချိန်ပြည့်ပြီဆိုတော့ ငါ အဖြေတစ်ခု ပေးမယ်"
"နိုင်ငံတော်ဆရာ ပွင့်ပွင့်လင်းလင်းသာ ပြောပါ"
ယောင်ယွဲ့က ခံစားချက်ကင်းမဲ့သော မျက်နှာဖြင့် ပြောလိုက်သည်။
"ငါက မင်းရဲ့ ကျင့်ကြံခြင်းကို ကူညီပေးနိုင်တယ်... ဒါပေမဲ့ ဒါလေးတစ်ခုပါပဲ... ဒါက ပထမဆုံးအကြိမ် ဖြစ်သလို နောက်ဆုံးအကြိမ်လည်း ဖြစ်လိမ့်မယ်... ဒါကို နားလည်မယ်လို့ မျှော်လင့်တယ်... နောက်ပိုင်းကျရင် ချစ်ရေးချစ်ရာတွေထဲမှာ ပိတ်မိမနေနဲ့... ငါက တာအိုလမ်းစဉ်နဲ့ နေထိုင်သူဖြစ်ပြီး ခံစားချက်နဲ့ ကိလေသာတွေကို စွန့်လွှတ်ထားသူမို့ ဘယ်သူ့ကိုမှ စိတ်ဝင်စားမှာ မဟုတ်ဘူး"
ကျန်းချဲ့က ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပါပြီ... နိုင်ငံတော်ဆရာရဲ့ စကားအတိုင်းပါပဲ"
ကျန်းချဲ့၏ ဤမျှ ပြတ်သားသော စကားကို ကြားသောအခါ ယောင်ယွဲ့၏ မျက်ခုံးစွန်းများ မသိမသာ လှုပ်ရှားသွားခဲ့သည်။ အဘယ်ကြောင့်မှန်းမသိ ရင်ထဲတွင် ရုတ်တရက် အနည်းငယ် မသက်မသာ ဖြစ်သွားသော်လည်း အပြင်ပန်းတွင်မူ မည်သည့် ထူးခြားမှုကိုမျှ ထုတ်ဖော်ပြသခြင်း မရှိဘဲ တည်ငြိမ်စွာ ပြောလိုက်သည်။
"ကောင်းပြီ... မင်း လှဲနေလိုက်တော့"
ကျန်းချဲ့မှာ ကြက်သေသေသွားခဲ့သည်။
"ကျွန်တော် လှဲနေရမယ်"
'ဒါက ဘယ်လို အနေအထားကြီးလဲ...'
"ဘာဖြစ်လို့လဲ... မင်းက ငါ့ကို အုပ်စိုးချင်နေတာလား... ငါက မင်းကို ကူညီပေးနေတာလေ... ပူးတွဲကျင့်ကြံရင်တောင် ငါက အပေါ်ကနေရမှာ... မင်းက အောက်ကနေရမယ်... မင်း ဆန္ဒမရှိရင်တော့..."
ယောင်ယွဲ့က မျက်မှောင်ကျုံ့လိုက်ပြီး အခွင့်အရေးယူကာ စကားအနည်းငယ် ဆုံးမရန် ပြင်ဆင်လိုက်သော်လည်း ယခုလေးတင် မတ်တတ်ရပ်နေသော ကျန်းချဲ့မှာ ကျောက်စိမ်းပြားတစ်ခုပေါ်တွင် ရိုးသားစွာ လှဲလျောင်းနေပြီဖြစ်ကြောင်းကို တွေ့လိုက်ရသည်။ သူသည် စကားတစ်ခွန်းမျှ မပြောတော့ဘဲ သူ၏ ယောက်ျားမာန သာ မတ်မတ်ကြီး ရပ်တည်နေလေသည်။
ယောင်ယွဲ့၏ နှုတ်ခမ်းထောင့်များ တွန့်လိမ်သွားပြီး နက်ရှိုင်းစွာ အသက်ရှူလိုက်သည်။ သူမ၏ စိတ်ဆန္ဒအရ ကြီးမားလှသော သိုင်းသူတော်စင် နယ်မြေတစ်ခု ချက်ချင်း ပေါက်ကွဲထွက်ပေါ်လာကာ ကျွန်းတစ်ခုလုံးကို လွှမ်းခြုံသွားပြီး ဟင်းလင်းပြင် တစ်ခုလုံးကိုပါ ပိတ်ဆို့လိုက်လေသည်။
ထို့နောက် ယောင်ယွဲ့က ကျန်းချဲ့ထံသို့ လျှောက်သွားကာ အထက်စီးမှနေ၍ သူ့ကို ငုံ့ကြည့်လိုက်သည်။ လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် ကျန်းချဲ့၏ ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားများ ချက်ချင်း စုတ်ပြဲသွားခဲ့ပြီး သူမက ကျန်းချဲ့ကို အတင်းအဓမ္မ ပြုကျင့်တော့မည့်အလား ဦးဆောင်သူနေရာမှ ရယူထားလေသည်။
အဝတ်အစားများ၏ အတားအဆီးကို ဆုံးရှုံးသွားသောအခါ ကျန်းချဲ့၏ သန်မာထွားကြိုင်းသော ခန္ဓာကိုယ်သည်လည်း ပေါ်ထွက်လာခဲ့သည်။ ကြွက်သားများ ဖောင်းကြွနေပြီး စွမ်းအား၏ အလှတရားများ ပြည့်နှက်နေကာ ဖြူဖွေးသော အသားအရေမှာ ယောင်ယွဲ့၏ အောက် တစ်ဆင့်သာ ရှိလေသည်။ လရောင်အောက်တွင် ရောင်ပြန်ဟပ်နေမှုကြောင့် အလွန်ပင် ညှို့ဓာတ်ပြင်းလှပေသည်။
ယောင်ယွဲ့က လျှို့ဝှက်ပညာရပ်များထဲရှိ မှတ်တမ်းများကို တွေးတောရင်း တည်ငြိမ်စွာ ပြောလိုက်သည်။
"မျက်လုံးပိတ်ထား"
ကျန်းချဲ့က ချက်ချင်းပင် စကားနားထောင်ကာ မျက်လုံးများကို ပိတ်လိုက်သော်လည်း လေထုထဲသို့ ပျံ့နှံ့နေသော ဝိညာဉ်အာရုံ ကမူ ဆက်လက်ရှိနေဆဲဖြစ်ပြီး ယောင်ယွဲ့ကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။ ယခုအချိန်တွင် သူမသည် ခန္ဓာကိုယ်ပေါ်ရှိ တာအိုဝတ်ရုံကို တစ်လွှာချင်းစီ ချွတ်ချနေပြီး စကားလုံးများဖြင့် ဖော်ပြရန်ပင် ခက်ခဲလှသော အလွန်လှပသည့် ခန္ဓာကိုယ် ကောက်ကြောင်းများကို ထုတ်ဖော်ပြသလိုက်လေသည်။
ဖြူဖွေးလွန်းလှပေသည်... ဖြူစင်ဝင်းမွတ်နေပေသည်... မျက်စိကျိန်းမတတ် ဖြူလွန်းလှပေသည်။
ဝိညာဉ်အာရုံဖြင့် ကြည့်ရှုလိုက်သောအခါ ကျန်းချဲ့၏ ရင်ထဲတွင် ဤအတွေးတစ်ခုတည်းသာ ကျန်ရစ်တော့သည်။
အတားအဆီးများ ကင်းမဲ့သွားသော နိုင်ငံတော်ဆရာ ယောင်ယွဲ့သည် တစ်ကိုယ်လုံး အလင်းရောင်များ တောက်ပနေသကဲ့သို့ပင်။ အပေါ်မှအောက်၊ ဘယ်မှညာ နေရာတိုင်းသည် ဖြူဖွေးတောက်ပနေပြီး ခန္ဓာကိုယ် ကောက်ကြောင်းများမှာလည်း အပိုအလိုမရှိ အတိအကျပင် ဖြစ်ပေသည်။ ကောင်းကင်ဘုံမှ ဖန်ဆင်းပေးထားသော ပြီးပြည့်စုံသည့် ခန္ဓာကိုယ်တစ်ခုနှင့်ပင် တူနေလေသည်။
တစ်ဖက်လူက ခြေထောက်ကို မြှောက်ကာ သူ့ထံသို့ လျှောက်လှမ်းလာခဲ့သည်။ မှုန်ဝါးဝါး အခြေအနေတွင် ကျန်းချဲ့က လမ်းကြောင်းလေးတစ်ခုကို မြင်တွေ့လိုက်ရသည်။
ထို့နောက် ကျန်းချဲ့သည် သူ၏ အသက်သွေးကြောကို ကံကြမ္မာ၏ လက်ကြီးတစ်ခုက ဆုပ်ကိုင်လိုက်ကြောင်း ရုတ်တရက် သတိပြုမိလိုက်လေသည်။