အခန်း ၆၆
Vol. 7 Ch. 66
အခန်း (၆၆) ကျန်းချဲ့ မွေးနေ့လာရောက် ဂါရဝပြုခြင်း
"ငါ အရင် စဉ်းစားကြည့်ဦးမယ်..."
တပ်မှူးချုပ်ကျူးက လက်ကို ယမ်းကာ ဂိုပုရန်ကို ထွက်သွားရန် အချက်ပြလိုက်သည်။
ဂိုပုရန်က လက်မလျှော့ချင်သဖြင့် ဆက်လက် တိုက်တွန်းရန် ပြင်လိုက်သော်လည်း တပ်မှူးချုပ်ကျူးက မျက်လုံးမှိတ်ကာ ဧည့်သည် မတွေ့ချင်တော့သည့်ပုံ ပေါက်နေသဖြင့် ပါးစပ်ဟထားပြီးမှ ပြန်ပိတ်လိုက်ရကာ အရိုအသေပေးပြီး စာကြည့်ခန်းထဲမှ ထွက်သွားတော့သည်။
ဂိုပုရန် ထွက်သွားပြီးနောက် တပ်မှူးချုပ်ကျူးက အချိန်အနည်းငယ်ကြာ တိတ်ဆိတ်နေပြီးနောက် စကားစလိုက်သည်။
"မင်း ကျန်းချဲ့ဆီကို သွားပြီး ငါ့ကိုယ်စား သတင်းစကားလေး ပါးလိုက်ပါ... ကိစ္စတွေကို အရမ်း လွန်ကဲအောင် မလုပ်ဖို့... နာမည်လည်း မကောင်းဘူး... အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း နေဖို့..."
"ဟုတ်ကဲ့ပါ..."
"တခြား ကိစ္စ ရှိသေးလို့လား..."
အိမ်တော်ထိန်းက ထွက်မသွားသေးသဖြင့် တပ်မှူးချုပ်ကျူးက မေးလိုက်သည်။
"သခင်မကြီးက မေးခိုင်းလိုက်လို့ပါ... ဒီညရော သခင်ကြီးက ထုံးစံအတိုင်းပဲလား တဲ့..."
အိမ်တော်ထိန်းက ခေါင်းငုံ့ကာ မေးလိုက်သည်။
"အင်း... ထုံးစံအတိုင်းပဲ... အော်... ဒါနဲ့ သခင်မကြီးကို တစ်ခါတည်း ပြောခဲ့ပါဦး... နောက်ပိုင်းကြရင် အမြဲတမ်း ကြိုပြီး လာမေးနေစရာ မလိုပါဘူးလို့... ဘာပြဿနာမှ မဖြစ်နိုင်ပါဘူး..." တပ်မှူးချုပ်ကျူးက ဆက်ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ... အဲဒါဆို အခု သွားလိုက်ပါဦးမယ်..."
သခင်ကြီးနှင့် သခင်မကြီးတို့ ကြားက စကားဝှက်များကို အိမ်တော်ထိန်း အနေဖြင့် လုံးဝ နားမလည်ပေ။ သူက သတင်းစကား ပါးရုံသက်သက်သာ ဖြစ်ပြီး မေးခွန်းထုတ်ရန်လည်း သတ္တိမရှိပေ။
အိမ်တော်ထိန်း ထွက်သွားပြီးနောက် တပ်မှူးချုပ်ကျူးက စားပွဲအောက်ရှိ အံဆွဲ တစ်ခုကို ဆွဲဖွင့်လိုက်ရာ အထဲတွင် ပုံစံမျိုးစုံရှိသော လူမျက်နှာဖုံး ဆယ်ခုကျော်ခန့် ရှိနေပေသည်။ သူက ထိုအထဲမှ တစ်ခုကို ယူကာ မျက်နှာပေါ်သို့ အံဝင်ခွင်ကျ တပ်ဆင်လိုက်သည်။
အနီးကပ် ကြည့်မည် ဆိုလျှင်တောင်မှ ဘာမှားယွင်းနေသည်ကို လုံးဝ သိနိုင်မည် မဟုတ်ပေ။
သူ၏ နှုတ်ခမ်းထောင့်များက စိတ်လှုပ်ရှားစွာဖြင့် ကွေးတက်သွားခဲ့သည်။
အသက်အရွယ် ရလာသည်နှင့်အမျှ တပ်မှူးချုပ်ကျူးက မိန်းမကိစ္စများကို စိတ်မဝင်စားတော့သည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်။ သို့သော် တစ်ကြိမ်တွင် မျက်နှာဖုံး ပြုလုပ်ရာ၌ အလွန် ကျွမ်းကျင်သော သူခိုး တစ်ယောက်ကို ဖမ်းမိခဲ့ပြီး သူ၏ ထံမှ လူမျက်နှာဖုံး ပြုလုပ်သည့် နည်းလမ်းကို ညှဉ်းပန်းနှိပ်စက်ကာ မေးမြန်းခဲ့သည်။
ထိုအချိန်က မည်သို့ ဖြစ်သွားသည် မသိဘဲ သူ၏ ရင်ထဲတွင် တဏှာမီးများ ရုတ်တရက် တောက်လောင်လာခဲ့သည်။
ထိုညကပင် သူက မျက်နှာဖုံး တပ်ဆင်ကာ ဇနီးသည်နှင့် အတူ အိပ်စက်ခဲ့ပြီး ယခင်ကထက်ပင် ပိုမို စွမ်းဆောင်နိုင်ခဲ့သည်။ သို့သော် သူ၏ ဇနီးသည်မှာမူ သူစိမ်း တစ်ယောက်ဟု ထင်ကာ အလွန် လန့်သွားခဲ့ပြီး သီလကို ထိန်းသိမ်းရန် ကိုယ့်ကိုယ်ကိုယ် သတ်သေရန်ပင် ကြိုးစားခဲ့သေးသည်။
နောက်ပိုင်းတွင် ဤနည်းလမ်းကို သူက အရမ်းကို စွဲလမ်းသွားခဲ့သည်။ သို့သော် သူ၏ ဇနီးသည်က ပြဿနာ တစ်ခုခု ဖြစ်မည်ကို စိုးရိမ်သဖြင့် အမြဲတမ်း လူလွှတ်ကာ ကြိုတင် မေးမြန်းလေ့ ရှိသည်။ ထိုသို့ လုပ်ဆောင်ခြင်းက သူ့အတွက် စိတ်လှုပ်ရှားမှုများကို လျော့ကျသွားစေသည်ဟု ခံစားရပေသည်။
ယခု ခရိုင်တပ်မှူးချုပ် ရာထူးကို စတင် တာဝန်ယူရသဖြင့် ဖိအားများ အလွန် ကြီးမားနေသည်။ ထို့အပြင် ကျန်းချဲ့က မွေးရာပါ ဝိညာဉ်စွမ်းအင် အကြောင်းကို ပြောလာသဖြင့် သူ၏ ရင်ထဲတွင် ဖိအားများ ပိုမို ကြီးမားလာပြီး ရုတ်တရက် အလစ်အငိုက် ဝင်ရောက် အိပ်စက်ရန် စဉ်းစားမိသွားခြင်း ဖြစ်သည်။
နောက်ရက်အနည်းငယ် အကြာတွင် နောက်ထပ် တစ်ကြိမ် ထပ်စမ်းသပ်ကြည့်ရန် ပြင်ဆင်ထားပေသည်။
"ထိန်းထိန်းသိမ်းသိမ်း နေဖို့... ငွေတွေ ယူတုန်းကကျတော့ ဘာလို့ ထိန်းထိန်းသိမ်းသိမ်း မယူခဲ့တာလဲ..."
ထွက်သွားသော အိမ်တော်ထိန်း၏ နောက်ကျောကို ကြည့်ရင်း ကျန်းချဲ့၏ နှုတ်ခမ်းထောင့်များက အေးစက်စွာ ကွေးတက်သွားခဲ့သည်။
'ထိန်းထိန်းသိမ်းသိမ်း နေရမယ် ဟုတ်လား...'
'လုံးဝ မဖြစ်နိုင်ဘူး...'
'ယဇ်ပူဇော်စရာ ပစ္စည်းတွေ မရှိရင် ငါက ယဇ်ပူဇော်လို့ မရဘူး... အစိမ်းရောင်မိစ္ဆာ ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ်ကို အဆင့်ငယ်အထိ မလေ့ကျင့်နိုင်ရင် သွေးကြောပွင့် အဆင့်ကို ရောက်နိုင်မှာ မဟုတ်ဘူး... သွေးကြောပွင့် အဆင့်ကို မရောက်ဘူး ဆိုရင်တော့...'
'ငါ့ရဲ့ လုံခြုံရေး အတွက် ဘာအာမခံချက်မှ မရှိတော့ဘူး...'
ယခုအခါ ပိုင်ယောင်ဆေးဆိုင်ကို အမြစ်ဖြတ် ရှင်းလင်းလိုက်ပြီးနောက် ကျန်းချဲ့ လိုအပ်သော ယဇ်ပူဇော်စရာ ပစ္စည်းများ အားလုံး အကြမ်းဖျင်း ပြည့်စုံသွားပြီ ဖြစ်သည်။ ရွှယ်ဟူပန်း တစ်ပွင့်သာ လိုအပ်တော့ပြီး ၎င်းကို ရရှိသည်နှင့် သူက ဟေးစန်း ချိုင့်ဝှမ်းသို့ ချက်ချင်း သွားရောက်ကာ ယဇ်ပူဇော်မည် ဖြစ်သည်။
"မင်းကို သွားပို့ခိုင်းတဲ့ ဖိတ်စာရော... အခြေအနေ ဘယ်လိုလဲ..."
ကျန်းချဲ့က ကန်းတာပြောင်ကို ကြည့်ကာ မေးလိုက်သည်။
ကန်းတာပြောင်နှင့် ရွှီဆန်းအာတို့မှာ သူ၏ အရင်းနှီးဆုံး လူယုံများ ဖြစ်ကြပြီး အရန်စစ်တပ်ထဲမှ ကတည်းက သူ့ကို အမြဲတမ်း နောက်ကလိုက်ခဲ့သူများ ဖြစ်သည်။ ရွှီဆန်းအာနှင့် ယှဉ်လျှင် ကန်းတာပြောင်ကို သူက ပိုပြီး အလေးထားပေသည်။ အဘယ်ကြောင့်ဆိုသော် ကန်းတာပြောင်၏ သိုင်းပါရမီက အလွန် ကောင်းမွန်ပြီး မွေးရာပါ သွေးချီစွမ်းအားများ ပြည့်ဝနေသောကြောင့်ပင်။
ရေကြောင်းကုန်သွယ်ရေးဂိုဏ်း တိုက်ပွဲတွင် အကျိုးအမြတ် အများအပြား ရရှိပြီးနောက် ကန်းတာပြောင်က အတွင်းအားဖြစ်တည်ခြင်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
နှိုင်းယှဉ်ကြည့်မည် ဆိုပါက သူကသာလျှင် သိုင်းပါရမီရှင် အစစ်အမှန် ဖြစ်ပေသည်။
"လီတုန်းဟိုင် က မနက်ဖြန် လီအိမ်တော်ကို လာခဲ့ဖို့ ဖိတ်ကြားထားပါတယ်... မနက်ဖြန်က လီမိသားစုရဲ့ အဖွားဖြစ်သူ အသက် ကိုးဆယ်ပြည့် မွေးနေ့ပွဲလို့လည်း သိရပါတယ်..." ကန်းတာပြောင်က ခေါင်းငုံ့ကာ လျှောက်တင်လိုက်ပြီး ရွှေရောင် စာလုံးများဖြင့် ရေးသားထားသော ဖိတ်စာကို ကျန်းချဲ့ထံ ပေးလိုက်သည်။
"မွေးနေ့ လက်ဆောင်ကို မင်းပဲ စီစဉ်လိုက်ပါ... မနက်ဖြန် ငါနဲ့အတူ လီအိမ်တော်ကို သွားကြမယ်..."
ကျန်းချဲ့က ခေါင်းညိတ်လိုက်သည်။
အစပိုင်းတွင် သူက အင်အားစု အားလုံးကို တစ်အိမ်တက်ဆင်း အမြစ်ဖြတ် ရှင်းလင်းရန် စဉ်းစားထားခဲ့သော်လည်း ပိုင်ယောင်ဆေးဆိုင်ကို ရှင်းလင်းလိုက်သဖြင့် ဂယက်ရိုက်မှုက အလွန် ကြီးမားသွားခဲ့သည်။ အကယ်၍သာ တပ်မှူးချုပ်ကျူးက ကာကွယ်မပေးထားပါက သူက ယခုအချိန်တွင် ရာထူးမှ ဖြုတ်ချခံထားရပြီ ဖြစ်သည်။
ထို့ကြောင့် လီမိသားစုကလည်း ထျန်းယာဂိုဏ်းကို ပူးပေါင်း ပိတ်ဆို့ရာတွင် ပါဝင်ခဲ့သူများ ဖြစ်သော်လည်း သူက အရင်ဆုံး အေးအေးဆေးဆေး ဆွေးနွေးကြည့်ရန် ဆုံးဖြတ်လိုက်သည်။ တစ်ဖက်လူက ရွှယ်ဟူပန်းကိုသာ ပေးမည်ဆိုပါက... အရာအားလုံးက ဆွေးနွေး၍ ရပေသည်။
အကယ်၍ တစ်ဖက်လူက လုံးဝ ခေါင်းမာနေမည် ဆိုပါက... ပိုင်ယောင်ဆေးဆိုင် ကဲ့သို့ပင် အဆုံးသတ်သွားစေရန် ကျန်းချဲ့က ဆုံးဖြတ်ထားပေသည်။
နောက်တစ်နေ့ နံနက်။
တောင်ပိုင်းမြို့နယ်၊ လီမိသားစု အိမ်တော်။
တောင်ပိုင်းမြို့နယ်တွင် အခိုင်အမာ ရပ်တည်နေသော ဒေသခံ အင်အားစု တစ်ခု အနေဖြင့် လီမိသားစု၏ အင်အားက ယန်ဂူခရိုင် တစ်ခုလုံးတွင် ထိပ်တန်း အဆင့်တွင် ရှိပေသည်။ လီတုန်းဟိုင် ကိုလည်း လီမိသားစု၏ မျိုးဆက် သုံးဆက် အတွင်း အမြော်အမြင် အရှိဆုံးနှင့် အဆုံးအဖြတ် အပြတ်သားဆုံးသော ခေါင်းဆောင် အဖြစ် အားလုံးက အသိအမှတ် ပြုထားကြသည်။
ထို့အပြင် သူ၏ သားဖြစ်သူမှာလည်း ငယ်စဉ်ကတည်းက ဉာဏ်ရည် ထက်မြက်ပြီး သိုင်းပါရမီ အလွန် ကောင်းမွန်သဖြင့် အချက်အလက်များ အားလုံးကို ပေါင်းစပ်ကြည့်မည် ဆိုပါက နောက်ဆယ်နှစ် အကြာတွင် ယန်ဂူခရိုင်၏ နံပါတ်တစ် အင်အားစုမှာ လီမိသားစု ဖြစ်လာမည်ဟု လူအများက ယုံကြည်ထားကြသည်။
သို့သော် ယခုအခါ ရေကြောင်းကုန်သွယ်ရေးဂိုဏ်းနှင့် ပိုင်ယောင်ဆေးဆိုင်တို့ အဆက်မပြတ် ပျက်စီးသွားသဖြင့် ဤအချိန်က ဆယ်နှစ်ခန့် စောသွားခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် ယနေ့တွင် ဖိတ်ကြားခံရသူများရော၊ ဖိတ်ကြားမခံရသူများပါ အားလုံး ရောက်ရှိလာကြသဖြင့် အလွန် စည်ကားနေပေသည်။ မနက်စောစော ကတည်းက တီးမှုတ်သံများနှင့် ဗြောက်အိုး ဖောက်သံများ အဆက်မပြတ် ထွက်ပေါ်နေပေသည်။
လက်ဆောင် လာပေးသူများမှာလည်း လီအိမ်တော်၏ တံခါးဝတွင် အတန်းရှည်ကြီး ဖြစ်နေပေသည်။
ကျန်းချဲ့က အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ နောက်တွင် စစ်သည် အချို့က နှစ်ပေခန့် မြင့်သော သစ်သားသေတ္တာကြီး တစ်လုံးကို သယ်ဆောင်ကာ လိုက်ပါလာကြသည်။ သူတို့က အတန်းရှည်ကြီး၏ ဘေးမှ အေးအေးဆေးဆေး လျှောက်လာကြရာ လူအများအပြား၏ မနာလိုမှုနှင့် အားကျမှုများကို ခံရပေသည်။
ကျန်းချဲ့၏ ယခု လက်ရှိ အဆင့်အတန်းနှင့် နာမည်ဆိုးအရ ဆိုလျှင် သူက တန်းစီနေစရာ လုံးဝ မလိုပေ။ လီအိမ်တော် တံခါးဝတွင် ဧည့်ခံနေသော အိမ်တော်ထိန်းကလည်း ကျန်းချဲ့၏ လူအုပ်ကြီးကို မြင်သောအခါ အကင်းပါးစွာဖြင့် အလျင်အမြန် ပြေးလာပြီး အရိုအသေပေးကာ အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။
"ဧည့်သည်တော်က..."
"ငါက ကျန်း ပါ..."
ကျန်းချဲ့က ဖိတ်စာကို တစ်ဖက်လူဆီသို့ ပစ်ပေးလိုက်သည်။
လီအိမ်တော်ထိန်းက ဖိတ်စာကို ဖွင့်ကြည့်လိုက်ရာ သူ၏ မျက်လုံးများ မှေးကျဉ်းသွားပြီး မျက်နှာပေါ်ရှိ အပြုံးများက ပိုမို ကျယ်ပြန့်လာကာ ခါးကို ပိုမို ကိုင်းညွတ်၍ အလျင်အမြန် ပြောလိုက်သည်။
"အော်... တပ်မှူးကျန်း ကိုး... ကြွပါ... အထဲကို ကြွပါခင်ဗျာ..."
"အင်း..."
ကျန်းချဲ့က ခေါင်းညိတ်ပြပြီး လီအိမ်တော် အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
လက်ဆောင် သေတ္တာကိုမူ ထိုနေရာတွင်သာ ချထားခဲ့သည်။ လက်ဆောင် ကြေညာသူက သေတ္တာကို ဖွင့်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်သွားကာ အိမ်တော်ထိန်း၏ နားနားသို့ ကပ်၍ တိုးတိုးလေး ပြောလိုက်သည်။ သို့သော် အိမ်တော်ထိန်းက အချိန်အနည်းငယ်ကြာ တိတ်ဆိတ်နေပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။
လက်ဆောင် ကြေညာသူက အသံကျယ်ကြီးဖြင့် အော်ဟစ် ကြေညာလိုက်သည်။
"အနောက်မြို့နယ် စစ်စခန်းက တပ်မှူးကျန်းချဲ့ က... သစ်သား မေတ္တေယျ ဘုရားဆင်းတုတော် တစ်ဆူကို လက်ဆောင် အဖြစ် ပေးပို့ပါတယ်..."
"အိမ်တော်ထိန်းလီ... ကျွန်တော်က ကျောက်စိမ်း ဘုရားဆင်းတုတော် နှစ်ဆူနဲ့ ရွှေဆံထိုး တစ်ချောင်း လက်ဆောင် ပေးပါတယ်..."
အတန်း၏ အရှေ့ဆုံးတွင် ရပ်နေသော ဇိမ်ခံ အဝတ်အစားများ ဝတ်ဆင်ထားသည့် လူကြီး တစ်ယောက်က အလျင်အမြန် လက်ယှက်ကာ ပြောလိုက်သည်။
စောစောက အလွန် ဖော်ရွေပြီး ခါးကို ကိုင်းညွတ်နေသော လီအိမ်တော်ထိန်းမှာ ယခုအခါ အလွန် မာထန်သွားပြီး ခေါင်းတစ်ချက်သာ ညိတ်ပြကာ လက်ဆောင် ကြေညာသူကို ဆက်လက် ကြေညာခိုင်းလိုက်သည်။ ထို့နောက် သူက ကျန်းချဲ့ နောက်သို့ အလျင်အမြန် လိုက်သွားတော့သည်။
"ခေါင်းဆောင်လီ... ကျွန်တော် နောက်ကျသွားတယ်... ခွင့်လွှတ်ပါဗျာ..."
ကျန်းချဲ့က ဧည့်ခန်းမကြီး အတွင်းသို့ ရောက်ရှိသွားသောအခါ ဘေးဘက် ခုံတွင် ထိုင်နေသော လူကြီး တစ်ယောက်ကို တိုက်ရိုက် ကြည့်ကာ လက်ယှက်ပြီး ပြောလိုက်သည်။
လီတုန်းဟိုင် က မတ်တတ်ရပ်ကာ တစ်ချက် အကဲခတ်ကြည့်လိုက်သည်နှင့် လာသူမှာ မည်သူဖြစ်ကြောင်း သိလိုက်သဖြင့် အလျင်အမြန် ပြန်လည် အရိုအသေပေးလိုက်သည်။
"တပ်မှူးကျန်း လာပေးတာကိုပဲ ကျွန်တော်က ကျေးဇူးတင်လှပါပြီ... ကဲ... ထိုင်ပါဗျာ..."
ထိုသို့ ပြောပြီးနောက် သူက ကျန်းချဲ့ကို အသိဟောင်း တစ်ယောက်၏ အနီးသို့ ခေါ်သွားပေးလိုက်သည်။
"တပ်မှူးကျန်း... ကျွန်တော်တို့က ရေစက် ပါတယ်နော်..."
ဂိုပုရန်က ယမန်နေ့ကမှ ကျန်းချဲ့ကို ရာထူးမှ ဖြုတ်ချရန် အကြံပေးခဲ့သည် ဆိုသည်ကို လုံးဝ မသိသာစေဘဲ ပြုံးကာ ပြောလိုက်သည်။
"ဟုတ်ပါတယ်... ကျွန်တော်တို့က တကယ်ကို ရေစက် ပါပါတယ်..."
ကျန်းချဲ့ကလည်း ပြုံးကာ ဝင်ထိုင်လိုက်သည်။
ဘေးမှ လီတုန်းဟိုင် ၏ မျက်လုံးများက အနည်းငယ် အံ့ဩသွားခဲ့သည်။ သူက ကျန်းချဲ့ကို ဂိုပုရန် အနီးတွင် နေရာချပေးလိုက်ခြင်းမှာ သူတို့နှစ်ယောက်စလုံးက တပ်မှူးချုပ်ကျူး၏ လူယုံများ ဖြစ်ကြသဖြင့် ရင်းနှီးကြမည်ဟု ထင်သောကြောင့်ပင်။
သို့သော် ယခု ကြည့်ရသည်မှာ... သူ ထင်ထားသည်နှင့် လွဲချော်နေပုံ ရပေသည်။
'သူတို့နှစ်ယောက် ကြားမှာ ပြဿနာ ရှိပုံရတယ်... ပြီးတော့ ပြဿနာက သေးသေးလေး မဟုတ်ဘူး...'