အခန်း ၁၄၃
Vol. 15 Ch. 143
အခန်း (၁၄၃) သတင်းများ ပျံ့နှံ့သွားခြင်း... ဒေသတစ်ခုလုံး တုန်လှုပ်သွားခြင်း...
ဟွမ်ရှန်းရှန်းက ကျန်းချဲ့၏ ရင်ခွင်ထဲတွင် မှီခိုရင်း သူမ၏ အချစ်များကို ထုတ်ဖော် ပြောဆိုနေပေသည်။
ကျန်ရှိနေသော အခြားသူများကတော့ အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်ကာ အလွန်တရာ အနေရခက်နေကြသည်။
အထူးသဖြင့် လီတောက်ဖျင် က ပို၍ပင် ဖြစ်သည်။
အသက်ကို ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး ဝမ်ဖျင်ကျီးကို နှုတ်ဆက်ကာ ချက်ချင်းပင် လေဟာနယ်ကို ခွင်း၍ ထွက်ခွာသွားတော့သည်။ တစ်ယောက် ထွက်သွားသည်နှင့် ကျန်ရှိနေသော သိုင်းလောကသားများလည်း အသီးသီး နှုတ်ဆက် ထွက်ခွာသွားကြသည်။
ဤကိစ္စနှင့် ပတ်သက်၍ ကျန်းချဲ့က တိုက်ရိုက် လျစ်လျူရှုထားပြီး ဝင်ရောက် မတားဆီးခဲ့ပေ။
သူက တကယ် သွေးဆာနေသည့် လူသတ်သမား တစ်ယောက်မှ မဟုတ်ဘဲ၊ ရန်ငြိုး ရှိမှသာ ရန်ကြွေး ပြန်ဆပ်ခြင်း ပင် ဖြစ်သည်။ ဤလူများက သူနှင့် ယခင်ကလည်း ရန်ငြိုး မရှိ၊ ယခုလည်း ရန်စ မရှိသဖြင့် သူတို့ အားလုံးကို ဤနေရာတွင် ချန်ထားရစ်ရန် မလိုအပ်ပေ။
"တပ်မှူးကြီးကျန်း... ကျုပ် လည်း ပြန်ခွင့်ပြုပါဦး..."
ဝမ်ဖျင်ကျီးက ရှေ့တိုးလာပြီး လက်ယှက် နှုတ်ဆက်ကာ ပြောလိုက်သည်။
"ဒီနှစ်တွေ ထဲမှာ ဖူလုံကျောင်းတော် က ဆေးဘုရင်တောင်ကြား ဆီကနေ အတိုင်းအတာ မရှိ တောင်းဆိုနေတယ် လို့ ကြားတယ်... စီနီယာကြီးဝမ် အနေနဲ့လည်း စောစောစီးစီး ကြိုတင် ပြင်ဆင်ထားသင့်တယ် နော်..."
ကျန်းချဲ့က သူ့ကို ပြုံးစိစိဖြင့် ကြည့်လိုက်သည်။
ဝမ်ဖျင်ကျီး၏ မျက်နှာက တောင့်တင်းသွားပြီး အပြုံးများ ရပ်တန့်သွားကာ...
"ဟီးဟီး... ကောင်းပါပြီ... ကောင်းပါပြီ... တပ်မှူးကြီးကျန်း သတိပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်..."
"အစ်ကိုကြီး... ဒီနေ့ အစ်ကိုကြီး က တကယ်ကို အစွမ်းထက်ပြီး လေးမျက်နှာ လုံးကို အကြီးအကျယ် သတ်ဖြတ်နိုင်ခဲ့တာပဲ... ညီလေး ကတော့ တကယ်ကို လေးစားသွားပါပြီ..." ပတ်ဝန်းကျင်ရှိ လူများ အားလုံး နီးပါး ထွက်သွားသည်ကို မြင်သောအခါ ဝမ်ဖန်ယွင် ကလည်း အခွင့်အရေး ယူပြီး ရှေ့တိုးကာ မြှောက်ပင့် ချီးကျူးလိုက်သည်။
သေချာသည်မှာ မြှောက်ပင့် ပြောဆိုနေသည် ဆိုသော်လည်း သူ၏ ရင်ထဲမှ အမှန်တကယ် ပြောဆိုနေခြင်း ပင် ဖြစ်သည်။
ကျန်းချဲ့၏ ယနေ့ လုပ်ရပ်များ အပေါ်တွင် သူ တကယ်ကို လေးစားမိပေသည်။
ကြီးမြတ်လှသော လုမိသားစု၊ ဝမ်ရှိုခြံဝင်းနှင့် အင်အား မတိမ်းမယိမ်း ရှိသော အင်အားကြီး အဖွဲ့အစည်းကြီး တစ်ခုက မျက်စိတစ်မှိတ် အတွင်း ပျက်သုဉ်းသွားခဲ့ရသည်။
ဤသည်မှာ ပါးစပ်ဖြင့် ပြောသလောက် လွယ်ကူသော ကိစ္စ မဟုတ်ပေ။
အားကိုးလောက်သော ကြီးမားသည့် စွမ်းအား မရှိဘဲနှင့် လုံးဝ လုပ်ဆောင်နိုင်မည် မဟုတ်ချေ။
"ဒီနေ့ မင်း လည်း ပင်ပန်းသွားပြီပဲ..."
ကျန်းချဲ့က ဝမ်ဖန်ယွင်ကို ပြုံးကာ ကြည့်လိုက်သည်။
သူ ရုတ်တရက် ရှေ့ထွက်ရပ်တည်ပေးလာမှု အပေါ် ကျန်းချဲ့ တကယ်ကို အံ့ဩမိခဲ့သည်။ သူ၏ တွက်ဆမှုများ ထဲတွင် ဤလူကို အားကိုးရန် တစ်ခါမှ မစဉ်းစားထားခဲ့ပေ။ တကယ်ပဲ ဒီလောက် ညီအစ်ကို သံယောဇဉ် ရှိလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။
"သိုင်းလောက မှာ ကျင်လည်တယ် ဆိုတာ သစ္စာတရား ကို အဓိက ထားရတာပဲလေ... နှမြောစရာ ကောင်းတာက ညီလေး ရဲ့ စွမ်းအား က မလုံလောက်လို့ ရှေ့ထွက်ပြီး မကူညီပေးနိုင်ခဲ့ဘူး... အစ်ကိုကြီး အတွက် အသံလေး လောက်ပဲ ထွက်ပေးနိုင်ခဲ့တယ်..." ကျန်းချဲ့၏ စကားကြောင့် ဝမ်ဖန်ယွင် တစ်ယောက် အနည်းငယ် ရှက်ရွံ့သွားခဲ့သည်။
ဘာပဲဖြစ်ဖြစ် တကယ်တမ်းတော့ သူ ဘာအင်အားမှ မထုတ်ခဲ့ရဘူး မဟုတ်ပါလား။
"ဟားဟား..."
"ဒါပေမဲ့ ညီလေး အလေးစားဆုံး ကတော့ အစ်ကိုကြီး ရဲ့ နည်းလမ်း တွေပါပဲ... မရီး လို လူမျိုး ကိုတောင် ဒီလောက် လိမ္မာ နာခံမှု ရှိအောင် လုပ်နိုင်တာ... အားရင် ညီလေး ကိုလည်း နည်းနည်းလောက် သင်ပေးပါဦး..." ဝမ်ဖန်ယွင်က အနားသို့ တိုးလာပြီး ကျန်းချဲ့ကို မျက်စိပစ်ပြကာ ပြောလိုက်သည်။
စကားလုံးများဖြင့် ဖော်ပြရန် မလိုဘဲ အားလုံး နားလည်နိုင်ပေသည်။
"ဒါက မွေးရာပါ ပါရမီ ပါ... မင်း သင်ယူလို့ မရပါဘူး... သြော်... ဟုတ်သားပဲ... မင်း မှာလည်း စေ့စပ်ထားတဲ့ မိန်းကလေး တစ်ယောက် ရှိတယ် လို့ ကြားတယ်... အားရင် မြို့တော်ဝန် ရုံး ကို ခေါ်လာခဲ့လေ... ငါတို့ တွေ့ကြတာပေါ့... ဘယ်လိုလဲ..." ကျန်းချဲ့က အမှတ်တမဲ့ အကြံပြုလိုက်သည်။
"ဒါက..."
ဝမ်ဖန်ယွင် မျက်ခုံးများ ပင့်တက်သွားပြီး ရင်ထဲတွင် အကြောင်းပြချက် မရှိဘဲ အနည်းငယ် ထိတ်လန့်သွားခဲ့သည်။
'ဘာအဓိပ္ပာယ်လဲ…’
'ကျန်းချဲ့ က သူ စေ့စပ်ထားတဲ့ ကောင်မလေး ကိုပါ မျက်စိကျနေတာလား…’
'ဘယ်လိုပဲဖြစ်ဖြစ် ညီအစ်ကို တွေပဲ... အဲဒီလို မဖြစ်နိုင်ပါဘူး... မဟုတ်ဘူးလား…’
သို့သော် ကျန်းချဲ့၏ မိန်းမ ကိစ္စနှင့် ပတ်သက်သည့် အကျင့်စာရိတ္တကို တွေးမိသောအခါ ဝမ်ဖန်ယွင် အနေဖြင့် ရင်လေးမိဆဲ ပင် ဖြစ်သည်။ မည်သို့ပင်ဆိုစေ လုဖျင်ကျိုး၏ သာဓကကြီးက ဤနေရာတွင် ရှိနေသည် မဟုတ်ပါလား။
ကိုယ် အမြဲတမ်း စိတ်ကူးယဉ်နေရတဲ့ မိန်းမ ကို သူများ လုယူသွားရုံတင် မကဘူး... အရိုးပြာ ဖြစ်တဲ့ အထိ အသတ်ခံရပြီး မိသားစု တစ်ခုလုံး ပါ ပျက်စီးသွားခဲ့ရတာ...
"အစ်ကိုကြီး ရဲ့ စေတနာ ကို ညီလေး ရင်ထဲကနေ လက်ခံပါတယ်... ဒါပေမဲ့ ကျွန်တော့် ရဲ့ စေ့စပ်ထားတဲ့ ကောင်မလေး က အနေအထိုင် အေးဆေးပြီး လူတွေ နဲ့ တွေ့ရတာ သိပ်မကြိုက်ဘူး... ညီလေး တို့ မင်္ဂလာဆောင် တဲ့ အခါကျမှ အစ်ကိုကြီး ကို မင်္ဂလာ အရက် လာသောက်ဖို့ ဖိတ်ကြားပါ့မယ်..."
အတွေးများ လျင်မြန်စွာ လည်ပတ်သွားပြီးနောက် ဝမ်ဖန်ယွင်က အလျင်အမြန် ဆင်ခြေ တစ်ခုကို ပေးလိုက်သည်။
"ကောင်းပြီ..."
"အစ်ကိုကြီး... ဒီတစ်ခေါက် အစ်ကိုကြီး လုမိသားစု ကို တိုက်ခိုက်လိုက်တာ ဆိုတော့ ကျင်းယွမ် ဘုန်းကြီးကျောင်း က သေချာပေါက် အလွတ်ပေးမှာ မဟုတ်ဘူး... နောက်ဆက်တွဲ ကိစ္စ တွေ အတွက် အစ်ကိုကြီး မှာ ဘာအစီအစဉ် တွေ ရှိလဲ..." စကားလမ်းကြောင်း လွှဲရန် အတွက် ဝမ်ဖန်ယွင်က အဓိက ကိစ္စဆီသို့ အလျင်အမြန် ပြောင်းလဲလိုက်သည်။
'အစီအစဉ်…’
ကျန်းချဲ့ တွင် ဘာအစီအစဉ်မှ မရှိပေ။
လုံးဝ သူ၏ သွေးဆူလွယ်သော ရဲရင့်မှုများဖြင့် အတင်းအဓမ္မ လုပ်ဆောင်ခဲ့ခြင်း ပင် ဖြစ်သည်။
ချီဆန်းကျားကို ကြိုတင် အကြောင်းကြားထားခြင်းမှ လွဲ၍ အခြား ဘာပြင်ဆင်မှုမှ မရှိခဲ့ပေ။
တုံ့ပြန်မှုနဲ့ ပတ်သက်ပြီး ပြောရရင်တော့...
ကျန်းချဲ့က သာမန် သိုင်းသမားများလိုမျိုး စွမ်းအား တိုးတက်ရန် ခက်ခဲပြီး တစ်ဆင့် တက်လှမ်းရန် အတွက် နှစ်ပေါင်းများစွာ အချိန်ယူရသည့် လူမျိုး မဟုတ်ပေ။ ယဇ်ပူဇော်စရာ ပစ္စည်းများ လုံလောက်စွာ ရှိနေသရွေ့ သူက အကန့်အသတ်မရှိ မြန်ဆန်စွာ ကျော်ဖြတ်နိုင်ပေသည်။
နောက်ဆက်တွဲ အနေဖြင့် ဆက်လက်၍ ယဇ်ပူဇော်သွားမည်သာ ဖြစ်သည်။ သူ၏ စွမ်းအားများ လျင်မြန်စွာ တိုးတက်လာသရွေ့၊ ထို့အပြင် အတိုင်းအတာ တစ်ခု အထိ ရောက်ရှိသွားမည် ဆိုပါက ကျင်းယွမ် ဘုန်းကြီးကျောင်း က အကြီးအကျယ် လှုပ်ရှားလာမည် ဆိုလျှင်တောင် သူ ဘာကို ကြောက်ရမည်နည်း။
သို့သော် အပြင်ပန်းတွင်တော့ ဤကဲ့သို့ ပြော၍ မရပေ။ ထို့ကြောင့် သူက ပြန်လည် မေးခွန်း ထုတ်လိုက်သည်။
"ကျင်းယွမ် ဘုန်းကြီးကျောင်း က နှစ်ပေါင်း ရာချီ ရပ်တည်လာခဲ့တာ ဆိုတော့ စုဆောင်းထားမှု တွေက လုမိသားစု ထက် အဆပေါင်းများစွာ များပြားပြီး အဆီအနှစ်တွေ ပြည့်နေတဲ့ အသားတုံး ကြီး တစ်တုံး ပဲ... ဝမ်ရှိုခြံဝင်း အနေနဲ့ ကျုပ် နဲ့ ပူးပေါင်းပြီး ကျင်းယွမ် ဘုန်းကြီးကျောင်း ကို အတူတူ ခွဲဝေ ယူဖို့ ဆန္ဒ ရှိလား..."
ပြောရင်းဆိုရင်း သူ၏ အကြည့်များက ချန်ရှန်တုန်း ဆီသို့ ရောက်ရှိသွားခဲ့သည်။
"စီနီယာကြီးချန် ကကော ဘယ်လို ထင်လဲ..."
ချန်ရှန်တုန်း မျက်မှောင် အနည်းငယ် ကြုတ်သွားပြီး ခဏတာမျှ တိတ်ဆိတ်သွားခဲ့သည်။
သူက ကျန်းချဲ့ကို မိတ်ဆွေဖွဲ့ရန် ဆန္ဒရှိသော်လည်း ကျင်းယွမ် ဘုန်းကြီးကျောင်းကို ပူးပေါင်း တိုက်ခိုက်ရန် ဆိုသည်မှာတော့... သေချာ စဉ်းစားရမည့် ကိစ္စ ပင် ဖြစ်သည်။
ကျန်းဟိုင်ဂိုဏ်းတွင် ရှန်ကွမ်းအဆင့် သိုင်းသမား တစ်ယောက်တည်းသာ ရှိသော်လည်း ကျင်းယွမ် ဘုန်းကြီးကျောင်း တွင်မူ ရှန်ကွမ်းအဆင့် ရဟန်းတော်ကြီး အများအပြား ရှိနေပေသည်။ ထို့အပြင် ၎င်းတို့၏ နောက်ကွယ်တွင် ယွဲ့ပြည်နယ်၏ ထိပ်တန်း အင်အားစု ဖြစ်သော ထျန်းလုံ ဘုန်းကြီးကျောင်း က အားပေး ထောက်ခံထားသေးသည်။
ဖျက်ဆီးရန် ဆိုသည်မှာ အလွန် ခက်ခဲလှပေသည်။
"ဒီကိစ္စ က အရမ်း အရေးကြီးတယ်... ကျုပ် ပြန်ရောက်တဲ့ အခါ အကြီးအကဲ တွေ နဲ့ သေချာ တိုင်ပင် ဆွေးနွေး ပါရစေဦး..."
ဤသည်မှာ ချန်ရှန်တုန်း၏ အဖြေ ပင် ဖြစ်သည်။
ဝမ်ဖန်ယွင် ကတော့ အနည်းငယ် စိတ်လှုပ်ရှား နေပုံ ပေါ်သည်။
"ပြန်ရောက်တာနဲ့ ညီလေး ဒီကိစ္စ ကို အဖေ့ ဆီ သတင်းပို့ပြီး ဒီကိစ္စ အောင်မြင်အောင် အစွမ်းကုန် ကြိုးစားပါ့မယ်... ဒါပေမဲ့... အစ်ကိုကြီး အနေနဲ့ သေချာတဲ့ စကားလေး တစ်ခွန်းလောက် ပေးလို့ ရမလား... စစ်တပ် ဘက်ကကော အတူတူ လှုပ်ရှားပေးမှာလား..."
ကျင်းယွမ် ဘုန်းကြီးကျောင်းကို ဖျက်ဆီးရန် ဆိုသည်မှာ အင်အားကြီးသူ အများအပြားကို စုစည်းရန် လိုအပ်ပေသည်။
ဝမ်ရှိုခြံဝင်း နှင့် ကျန်းချဲ့ တို့ သက်သက်ဖြင့် လုပ်နိုင်မည် မဟုတ်ပေ။
ချန်ရှန်တုန်း ကလည်း ဤစကားကို ကြားသောအခါ ကျန်းချဲ့ကို စူးစမ်းလိုသော အကြည့်များဖြင့် ကြည့်လိုက်သည်။
"ကျင်းယွမ် ဘုန်းကြီးကျောင်း ကသာ တကယ် ပုန်ကန်ရဲတယ် ဆိုရင်... တပ်မှူးချီ လည်း လက်ပိုက် ကြည့်နေမှာ လုံးဝ မဟုတ်ဘူး... သူတို့ ရဲ့ ကျောင်းတော် ကို ဖျက်ဆီးပြီး မိသားစု တစ်ခုလုံး ကို သုတ်သင်ပစ်မှာ သေချာတယ်..."
ကျန်းချဲ့က လေးနက်သော အသံဖြင့် ပြောလိုက်သည်။
ဝမ်ဖန်ယွင်နှင့် ချန်ရှန်တုန်း တို့ အသီးသီး ထွက်ခွာသွားပြီးနောက် ကျန်ရှိနေသည်မှာ ရှင်းလင်းရေး ကိစ္စများသာ ဖြစ်သည်။
လုမိသားစုကို ဖျက်ဆီးပစ်လိုက်ပြီ ဖြစ်ရာ ကျန်းချဲ့ အနေဖြင့် လုမိသားစု၏ နှစ်ပေါင်းများစွာ စုဆောင်းထားသော စည်းစိမ်များကို လွှတ်ပေးထားမည် မဟုတ်ပေ။ ချက်ချင်းပင် လုမိသားစု၏ ပိုင်ဆိုင်မှု အားလုံးကို စစ်ဆေး သိမ်းဆည်းရန်နှင့် လုမိသားစုမှ ကျန်ရစ်သူများကို လိုက်လံ ဖမ်းဆီးရန် အမိန့်ပေးလိုက်သည်။
အိမ်ကြက် ပျောက်ပြီး မိသားစု လုံးပါးပါးသွားခြင်း... ဤသည်မှာ သွေးကြွေး ကြီး ပင် ဖြစ်သည်။
ကျန်းချဲ့ အနေဖြင့် ရုတ်တရက် သနားညှာတာစိတ်များ ဖြစ်ပေါ်လာမည် မဟုတ်ပေ။
သို့သော် ဤကိစ္စများ အတွက် သူ ကိုယ်တိုင် လှုပ်ရှားစရာ မလိုတော့ချေ။
ပါလာသော စစ်သည် ထောင်ချီက ဤကိစ္စကို သပ်သပ်ရပ်ရပ် လုပ်ဆောင်ပေးနိုင်ပေသည်။
သူ ကတော့ ဟွမ်ရှန်းရှန်းနှင့် အတူ အနားယူကာ စစ်မှန်သော ယွမ် စွမ်းအင်များကို ပြန်လည် ဖြည့်တင်းရမည် ပင် ဖြစ်သည်။
ရေခဲဖီးနစ် လျှို့ဝှက် ခန္ဓာကိုယ်၏ အဖိုးတန်ဆုံး အရာမှာ ရေခဲဖီးနစ် ဝိညာဉ်စွမ်းအင် ဖြစ်သော်လည်း ၎င်းကို ယူဆောင်သွားပြီးနောက် ဤခန္ဓာကိုယ်က လုံးဝ အသုံးမဝင်တော့ဘူးဟု ဆိုလိုခြင်း မဟုတ်ပေ။ တကယ်တမ်းတွင် ဤခန္ဓာကိုယ် ရှိသော မိန်းမပျိုနှင့် အတူ ကျင့်ကြံခြင်းက...
သိုင်းသမားများ၏ ကျင့်ကြံမှုကို တိုးတက်စေရန် အတွက် အလွန် အထောက်အကူ ပြုနေဆဲ ပင် ဖြစ်သည်။ ထို့အပြင် အလိုအလျောက် သွေးကြောများကိုလည်း အားကောင်းလာစေနိုင်သည်။
စောစောက ကျန်းချဲ့၏ အာရုံများ အားလုံးက အဆင့်တက်ရန် အပေါ်တွင်သာ ရှိနေပြီး ပတ်ဝန်းကျင် လှုပ်ရှားမှုများကို အမြဲတမ်း သတိထားနေခဲ့ရသဖြင့် သေချာ အာရုံမစိုက်နိုင်ခဲ့ပေ။ ယခုအခါတွင်မူ မည်သည့် အရာကိုမျှ ဂရုစိုက်စရာ မလိုတော့သဖြင့် ဟွမ်ရှန်းရှန်းကို ပွေ့ချီကာ နောက်ဖေးခြံဝင်းဆီသို့ လျှောက်သွားလိုက်သည်။
ဤနေရာတွင် တိုက်ပွဲ၏ ဂယက်များ မရောက်ရှိခဲ့သဖြင့် အတော်အသင့် ကောင်းမွန်စွာ ကျန်ရှိနေသေးသည်။
မူလက ကျန်းချဲ့က ဧည့်သည် အခန်းသို့ သွားရောက် ကျင့်ကြံရန် ရည်ရွယ်ထားသော်လည်း ဟွမ်ရှန်းရှန်းက ကျန်းချဲ့ကို ဆွဲထားပြီး သတို့သမီး အခန်းကို လက်ညှိုးထိုးပြလိုက်သည်။
ကျန်းချဲ့၏ မျက်ခုံးများ ပင့်တက်သွားသည်။
'ဘာအခြေအနေ လဲ…’
'ဟွမ်ရှန်းရှန်း ကလည်း သခင်မကြီးကျူး လိုပဲ စိတ်လှုပ်ရှားစရာ တွေကို သဘောကျတာလား…’
"သတို့သမီး အခန်းထဲ သွားရအောင်... အဲဒီလို ဆိုရင် ရှင့်ကို လက်ထပ်လိုက်ရတယ် ဆိုတဲ့ စိတ်ကူးယဉ် ခံစားမှုလေး ရစေလို့ပါ..."
ကျန်းချဲ့ ခြေလှမ်းများ ရပ်တန့်သွားသည်ကို မြင်သောအခါ ဟွမ်ရှန်းရှန်းက တိုးတိုးလေး ပြောလိုက်ပြီး ရှက်သွေးဖြာကာ ကျန်းချဲ့ကိုပင် ခေါင်းမော့ မကြည့်ရဲပေ။
"ကောင်းပြီ... ဒီနေ့ မင်း သဘော အတိုင်းပဲ လုပ်ကြတာပေါ့..."
သတို့သမီး အခန်း တံခါးကို တွန်းဖွင့်လိုက်ရာ အရာအားလုံးက ယခင်အတိုင်းပင် ဖြစ်သည်။
တစ်ခုတည်းသော မျက်စိနောက်စရာ အရာမှာ လုဖျင်ကျိုးက ကိုယ့်ဘာသာ ဆွဲထားသော ပုံတူ ပန်းချီကား ပင် ဖြစ်သည်။ မျက်နှာပေါ်တွင် အေးချမ်းသော အပြုံးများ ရှိနေပြီး အနီရောင် သတို့သား ဝတ်စုံကို ဝတ်ဆင်ထားကာ မင်္ဂလာဆောင်မည့် နေ့ အတွက် ရေးဆွဲထားခြင်း ဖြစ်ကြောင်း သိသာလှပေသည်။
ဟွမ်ရှန်းရှန်းက ကိုယ်ကို လှည့်ကာ ခုန်ဆင်းလိုက်ပြီး လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ အတွင်းအား လေပြင်း တစ်ခုက တံခါးနှင့် ပြတင်းပေါက်များကို ပိတ်ချလိုက်ပြီး အနီရောင် ပိုးကြိုးများက ပတ်ဝန်းကျင်ကို ဖုံးကွယ်သွားစေသည်။
"ကျွန်မ တပ်မှူးကြီး အတွက် အက တစ်ပုဒ် ကပြချင်လို့ပါ..."
သူမက ကျန်းချဲ့ကို အနည်းငယ် ခါးညွှတ် အရိုအသေပေးလိုက်သည်။
ကျန်းချဲ့ ကတော့ ဟွမ်ရှန်းရှန်း အပေါ် သူ၏ အမြင်များ ပြောင်းလဲသွားသလို ခံစားလိုက်ရသည်။
'အားရစရာ အစီအစဉ် တွေ ရှိသေးတယ်ပေါ့…’
ဤသည်က ဟွမ်ရှန်းရှန်း ပုံမှန် အချိန်များတွင် နေလေ့ရှိသော အေးစက်စက် ပုံစံနှင့် လုံးဝ မတူညီပေ။
သို့သော် သေချာ စဉ်းစားကြည့်ပါကလည်း အလွန် အဓိပ္ပာယ် ရှိပေသည်။
မည်သို့ပင်ဆိုစေ ဟွမ်မိသားစုကလည်း ထိုက်အန်းဒေသတွင် နာမည်ရနေသော အဆင့်မြင့်လွှာ မိသားစု တစ်ခု ဖြစ်သည်။ လုမိသားစုကို မမီသော်လည်း သာမန် အင်အားစု တစ်ခုတော့ မဟုတ်ပေ။ ဟွမ်ရှန်းရှန်းက ပင်မ မျိုးဆက် သမီး တစ်ယောက် အနေဖြင့် စောင်းတီး၊ စစ်တုရင် ကစား၊ စာရေး၊ ပန်းချီဆွဲ စသည့် အနုပညာ ရပ်များကို ကျွမ်းကျင်နေခြင်းမှာ အလွန် ပုံမှန် ကိစ္စ ပင် ဖြစ်သည်။
"ကောင်းပြီ..."
“ရွှီး…”
အနီရောင် ပိုးကြိုး တစ်ချောင်းက ခေါင်မိုး တန်းပေါ်တွင် ရစ်ပတ်သွားပြီး ဟွမ်ရှန်းရှန်းက ခုန်တက်ကာ ပိုးကြိုး အတိုင်း အပေါ်သို့ တက်သွားသည်။ ခြေထောက်ရှိ ရှူးဖိနပ်များလည်း ကျွတ်ကျသွားပြီး ဖြူဖွေးသော ခြေဖဝါးလေးများ ပေါ်လာခဲ့သည်။
ခန္ဓာကိုယ်လေး လှုပ်ရှားသွားတိုင်း လှပတဲ့ ကောက်ကြောင်းလေးတွေက အထင်သား ပေါ်လွင်နေတယ်။
အလွန် ခက်ခဲသော လှုပ်ရှားမှု မျိုးစုံကို ကျန်းချဲ့ အတွက် အပြည့်အဝ ပြသနေပေသည်။
အရေးအကြီးဆုံးက အနီရောင် ပိုးကြိုးပေါ်မှာ ကခုန်နေရင်းနဲ့ ဟွမ်ရှန်းရှန်းရဲ့ အဝတ်အစားတွေက တစ်လွှာချင်းစီ လျှောကျလာတာပဲ ဖြစ်တယ်။
လုမိသားစု ပျက်သုဉ်းသွားသည့် သတင်း အပြင်သို့ ရောက်သွားပြီးနောက် အပြင်လူများက သူမ အပေါ် မည်သို့ မှတ်ချက်ချကြမည်ကို ဟွမ်ရှန်းရှန်း အလွန် ကောင်းစွာ သိရှိထားသည်။
ဖာသည်မ ဆိုသော စကားလုံးက အပေါ့ပါးဆုံး ဖြစ်လောက်ပေသည်။
အကယ်၍ ကျန်းချဲ့က နောင်တစ်ချိန်တွင် ထိုကဲ့သို့သော ပြောဆိုမှုများကို ဂရုစိုက်လာခဲ့လျှင် ဘယ်လို လုပ်မလဲ။
ထို့ကြောင့် ကျန်းချဲ့၏ နှလုံးသားကို ခိုင်မာစွာ ဖမ်းဆုပ်ထားရမည် ပင် ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ကျန်းချဲ့၏ ရင်ထဲတွင် သူမ အပေါ် ထားရှိသည့် အထင်အမြင် ကောင်းများ မရှိတော့ပြီမို့ အားလုံးကို ပွင့်ပွင့်လင်းလင်း လုပ်လိုက်ခြင်းက ပိုကောင်းပေမည်။
သူမ၏ အားသာချက်များကို အသုံးပြုပြီး ကျန်းချဲ့ ဆိုသည့် သစ်ပင်ကြီး အပေါ်တွင် ခိုင်မာစွာ ရစ်ပတ် တွယ်ကပ်နေရမည် ပင် ဖြစ်သည်။
သူမက ပုံမှန် အချိန်များတွင် အေးစက်စက် မျက်နှာထားဖြင့် နေလေ့ရှိသော်လည်း လက်တွေ့တွင်မူ အထူး စွမ်းရည်များ ရှိနေပြီး သူမ၏ မိခင် ထံမှ အလွန် ထူးချွန်သော အက အလှများကို သင်ယူထားခဲ့သော်လည်း အပြင်လူများကို တစ်ခါမှ မပြသခဲ့ဖူးပေ။
သူမ က အခြားလူတွေ ရဲ့ ပါးစပ်ဖျား က ဖာသည်မ တစ်ယောက် မဖြစ်ချင်ပါဘူး...။
လုဖျင်ကျိုး က သူမ၏ ကကွက်များကို ကြည့်ရှုခွင့် ရရန် လုံးဝ အရည်အချင်း မရှိပေ။
အရေးကြီးသော အချိန်တွင် သူမက လက်နှစ်ချောင်းဖြင့် ညွှန်ပြကာ အတွင်းအားများကို လွှင့်ထုတ်လိုက်ပြီး လုဖျင်ကျိုး၏ ပုံတူ ပန်းချီကား အပေါ်သို့ ကျရောက်စေကာ သူ၏ မျက်လုံး နှစ်လုံးကို ဖျက်ဆီးပစ်လိုက်သည်။ အသက်ရှင်နေစဉ် ကြည့်ရှုခွင့် မရှိသလို သေသွားလျှင်လည်း ထိုနည်းတူ ကြည့်ရှုခွင့် မရှိပေ။
လုဖျင်ကျိုး အပေါ် သူမ၏ ရွံရှာမုန်းတီးမှုက ရင်ထဲ အသည်းထဲ အထိ စွဲထင်နေခြင်း ပင် ဖြစ်သည်။
ဟွမ်ရှန်းရှန်း၏ ကကွက်များ ဆက်လက် လှုပ်ရှားနေမှုနှင့် အတူ သူမ ကိုယ်ပေါ်ရှိ ဖုံးကွယ်ထားသော အဝတ်အစားများမှာလည်း အများစု လျှောကျသွားခဲ့ပြီ ဖြစ်သည်။
အရေးကြီးတဲ့ နေရာလေး တချို့သာ ဖုံးကွယ်ထားနိုင်တော့တယ်။
ကျန်းချဲ့က သူ၏ ‘ခန္ဓာကိုယ်’ ကို အနည်းငယ် မတ်မတ် ပြင်ထိုင်လိုက်သည်။
ဟွမ်ရှန်းရှန်း က တကယ်ကို နားလည်လွန်းတာပဲ...
ဤကဲ့သို့သော စမ်းသပ်မှုကို အရာရှိ တစ်ယောက် ဖြစ်သော သူက ခံနိုင်ရည် ရှိမည် မဟုတ်ပေ။
ဟွမ်ရှန်းရှန်းက တကယ် တော်သည်ဟု ဝန်ခံရမည် ပင် ဖြစ်သည်။
အက က အလွန် မိုက်ရုံသာမက အလွန်လည်း လှပလှပေသည်။
“ရွှီး…”
အနီရောင် ပိုးကြိုးက လျင်မြန်စွာ လှုပ်ရှားသွားပြီး ကုတင် တိုင်တွင် ရစ်ပတ်သွားကာ ဟွမ်ရှန်းရှန်းက တစ်ကြောင်းဆွဲ ပုံစံမျိုး လုပ်ပြလိုက်ပြီး သူ၏ အပေါ်သို့ လျှောကျလာခဲ့သည်။
ကျန်းချဲ့က နောက်သို့ အနည်းငယ် လန်သွားပြီး ဟွမ်ရှန်းရှန်းက ကျန်းချဲ့၏ ကိုယ်ပေါ်သို့ ခွထိုင်လိုက်ကာ အရှေ့သို့ တိုးပြီး အနီရောင် နှုတ်ခမ်းလေးများကို စုမိုးပေးလာသည်။
"လိမ္မာတယ်... ဆံပင်တွေကို စုတင်လိုက်ပါ..."
အချိန်အတော်ကြာ ပြီးနောက်...
ကျန်းချဲ့က သတို့သမီး အခန်း တံခါးရှေ့တွင် ရပ်ကာ ခါးကို ဆန့်ထုတ်လိုက်ပြီး လေပူ တစ်ချက် မှုတ်ထုတ်လိုက်သည်။ ယခင် တိုက်ပွဲများကြောင့် ဖြစ်ပေါ်လာသော ပင်ပန်းနွမ်းနယ်မှုများ အားလုံး ပျောက်ကွယ်သွားသလို ခံစားလိုက်ရပြီး ယခုအခါ စိတ်နှလုံးများ လုံးဝ လွတ်လပ် ပေါ့ပါးနေပြီ ဖြစ်သည်။
သူတော်စင် တစ်ဦး၏ အခြေအနေသို့ ရောက်ရှိသွားသကဲ့သို့ ပင် ဖြစ်သည်။
"လက်အောက်ငယ်သား များ တပ်မှူးကြီး ကို ဂါရဝပြုပါတယ်..."
နောက်ဖေးခြံဝင်း နှင့် အရှေ့ခြံဝင်း ဆက်သွယ်ထားသော တံခါးဝတွင် ကန်းတာပြောင်၊ တန်ယန် နှင့် အခြား လူများက အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့ကြသည်။ နောက်ဆုံးတွင် ကျန်းချဲ့ အခန်းထဲမှ ထွက်လာသည်ကို မြင်သောအခါ မျက်လုံးများ အရောင်လင်းသွားပြီး ရှေ့တိုးကာ အရိုအသေပေးလိုက်ကြသည်။
"အခြေအနေ ဘယ်လိုလဲ..."
ကျန်းချဲ့က တည်ငြိမ်စွာ မေးလိုက်သည်။
တန်ယန်က အနည်းငယ် ခါးညွှတ်လိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"ဒီတိုက်ပွဲ မှာ စစ်သည် အယောက် တစ်ရာ နီးပါး သေဆုံးခဲ့ပြီး၊ နှစ်ရာ လောက် ဒဏ်ရာ ရခဲ့ပါတယ်... အခု ကုသပေးနေပြီး မြို့ထဲက စစ်တပ် စခန်း ကို ပို့ဆောင်နေပါပြီ... အတွင်းအား ဖျက်ဆီးရေး မြား၊ နတ်လက်မောင်း လေး... အစရှိတဲ့ မြား တွေ သုံးစွဲမှု ကတော့..."
"သေဆုံးသွားတဲ့ ညီအစ်ကို တွေ အတွက် လျော်ကြေး ကို သုံးဆ ပေးလိုက်... မိသားစုဝင် တွေ ဆီ မဖြစ်မနေ ရောက်အောင် ပေးရမယ်... အဂတိ လိုက်စားတာ မျိုး လုံးဝ အဖြစ်မခံဘူး... အမိန့် ဖီဆန်တဲ့ သူ မှန်သမျှ ဘယ်သူပဲဖြစ်ဖြစ် သေဒဏ် ပေးမယ်... ဒဏ်ရာ ရတဲ့ သူ တွေကို အကောင်းဆုံး ဆရာဝန် တွေ နဲ့ ကုသပေးပြီး ဆုကြေး ကို နှစ်ဆ ပေးလိုက်..."
"ကျန်တဲ့ စစ်သည် တွေကိုလည်း ပုံမှန် အတိုင်း နှစ်ဆ ဆုချလိုက်..."
ကျန်းချဲ့က လေးနက်သော အသံဖြင့် ပြောလိုက်သည်။
အချို့သော ကိစ္စများတွင် ကျန်းချဲ့က အလွန် ရက်ရောပေသည်။ ဤအရာများက သူ့အတွက် ပြင်ပ ပစ္စည်းများ သာ ဖြစ်ပြီး လူအများ၏ စိတ်နှလုံးကို သိမ်းသွင်းရန် အသုံးပြုခြင်းက ပိုကောင်းပေသည်။ သွေးထွက်သံယို တိုက်ပွဲများကို ဖြတ်သန်းပြီး ကျန်ရှိနေမည့် သူများက သေချာပေါက် အကောင်းတကာ့ အကောင်းဆုံး စစ်သည်များ ဖြစ်လာမည် ပင် ဖြစ်သည်။
"ဟုတ်ကဲ့... လက်အောက်ငယ်သား နာခံပါ့မယ်..."
"လုမိသားစု ဝင် လူတစ်ထောင် ကျော် အားလုံး သုတ်သင် ပြီးပါပြီ... လူအနည်းငယ် လောက်ပဲ လုမိသားစု ထဲမှာ မရှိလို့ လွတ်သွားပါတယ်..." တပ်မှူး တစ်ယောက်က လုမိသားစု၏ အခြေအနေကို အစီရင်ခံလိုက်သည်။
"ပုံမှန် အတိုင်း... ဖမ်းဝရမ်း ထုတ်လိုက်..."
"ဟုတ်ကဲ့ပါ..."
"ဘယ်လို အကျိုးအမြတ် တွေ ရခဲ့လဲ..."
ဤသည်မှာ ကျန်းချဲ့ အလေးထားဆုံး ကိစ္စ ဖြစ်ပြီး သူ၏ အကြည့်များက ကန်းတာပြောင် အပေါ်သို့ ချက်ချင်း ရောက်ရှိသွားခဲ့သည်။
သူ ကတော့ အလွန် ဝမ်းသာနေသည့် မျက်နှာဖြင့်...
"တပ်မှူးကြီး... ကျုပ်တို့ ဒီတစ်ခေါက် တကယ် ကြီးကျယ်တဲ့ အကျိုးအမြတ် တွေ ရလိုက်ပြီ..."
"အခြေအနေ အတိအကျ ကို ပြောပြစမ်း..."
"လုမိသားစု ရဲ့ ရတနာတိုက် ထဲမှာ ယွမ်ချီကျောက်တုံး စုစုပေါင်း အလုံး နှစ်ရာ နီးပါး ရှိတယ်၊ ဝိညာဉ် ဆေးပင် တွေ က အပင် ရှစ်ဆယ် လောက် ရှိပြီးတော့... ကျင့်ကြံရေး ဆေးလုံး တွေက ပုလင်း တစ်ထောင် လောက် ရှိတယ်... အဲဒီထဲမှာ မွေးရာပါ အောက် အဆင့် ဆေးလုံး တွေက ကိုးဆယ် ရာခိုင်နှုန်း လောက် ပါတယ်..."
"မွေးရာပါအဆင့် သိုင်းသမား တွေ သုံးလို့ ရတဲ့ ဆေးလုံး တွေက ပုလင်း သုံးဆယ် ကျော် ရှိပြီး စုစုပေါင်း အလုံး ရာချီ ပါတယ်... ဒါ့အပြင် ရွှေ ငွေ နှစ်သိန်း လောက် ရှိပြီး ယွီရှန်း တောင် အနီး တစ်ဝိုက်က လယ်ယာမြေ ဧက သောင်းချီ ရှိပါသေးတယ်..."
"အဲဒီအထဲမှာ သံသတ္တုတွင်း တွေ၊ ကျောက်စိမ်းတွင်း တွေ လည်း ပါဝင်ပါတယ်..."
ကန်းတာပြောင်က စိတ်လှုပ်ရှားစွာဖြင့် ဖတ်ပြနေပြီး ဤတစ်သက်တွင် ဤမျှလောက် များပြားသော စည်းစိမ်များကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။
သို့သော် ကျန်းချဲ့ ကတော့ အများကြီး အံ့ဩမသွားခဲ့ပေ။
လုမိသားစုက နှစ်ပေါင်း နှစ်ရာ နီးပါး ရပ်တည်လာခဲ့ပြီး အမြစ်တွယ်နေကာ အလွန် ချမ်းသာ ကြွယ်ဝလှပေသည်။ ရတနာတိုက်ကို ကြိုတင် မရွှေ့ပြောင်းထားခဲ့လျှင် ဤပစ္စည်းများ ရှာတွေ့ခြင်းက အလွန် ပုံမှန် ကိစ္စ ပင် ဖြစ်သည်။ အကယ်၍ မရှိဘူး ဆိုလျှင်သာ တကယ်ကို ပုံမှန် မဟုတ်ခြင်း ပင် ဖြစ်သည်။
ဤအရင်းအမြစ်များက သူ ဤနေရာသို့ လာရောက်ရကျိုး နပ်သွားစေခဲ့ပြီ ဖြစ်သည်။
"သြော်... ဒါနဲ့... လူကြီးမင်း... လက်အောက်ငယ်သား တို့ လုမိသားစု ထဲမှာ လက်ဖက်ပင် တစ်ပင် ကို တွေ့ခဲ့တယ်... ယွမ်ချီကျောက်တုံး အစီအရင် နဲ့ အုပ်မိုးထားတာ... နှမြောစရာ ကောင်းတာက အဲဒီ နေရာမှာ စောင့်နေတဲ့ သူ တွေ ရှိနေပြီး ကျုပ်တို့ မရောက်ခင် မှာတင် လက်ဖက်ပင် ကို ဖျက်ဆီးပစ်လိုက်ကြတယ်..."
"မီးသွေးခဲ တစ်ခု လို ဖြစ်သွားပြီး လက်အောက်ငယ်သား တို့ ခြောက်သွေ့နေတဲ့ သစ်ပင် ထဲကနေ ဒီပစ္စည်း ကိုပဲ တွေ့ခဲ့ရတယ်..."
ကန်းတာပြောင်က ဤအကြောင်း ပြောပြချိန်တွင် အနည်းငယ် နှမြောတသ ဖြစ်နေပေသည်။
လုမိသားစု၏ ဟယ်ရှင်း လက်ဖက်ရည် က ထိုက်အန်းဒေသတွင်လည်း နာမည် အတော်အတန် ကြီးပြီး ဝင်ငွေ အဆက်မပြတ် ရရှိနိုင်သည့် အရင်းအမြစ် တစ်ခု ဖြစ်သည်။ နှမြောစရာ ကောင်းသည်မှာ နောက်ဆုံးတွင် အနည်းငယ် နောက်ကျသွားပြီး စောင့်ကြည့်နေသော လုမိသားစု သိုင်းသမားများ၏ မီးရှို့ ဖျက်ဆီးခြင်းကို ခံလိုက်ရသည်။
ထိုစဉ်က ဒေါသထွက်လွန်းသဖြင့် ထိုလူများကို နေရာတွင်ပင် အပိုင်းပိုင်း ခုတ်ထစ် ပစ်ခဲ့သည်။
မိုက်မဲလိုက်တဲ့ ကောင်တွေ... ပစ္စည်းကောင်း တွေကို ဖျက်ဆီးပစ်ရတယ်လို့...
ကျန်းချဲ့က ကန်းတာပြောင်၏ လက်ထဲမှ ကျောက်စိမ်း သေတ္တာကို ယူကာ ဖွင့်ကြည့်လိုက်ရာ နှလုံးသား ပုံသဏ္ဍာန် အစိမ်းရောင် သစ်ပင် အနှစ် တစ်ခုကို တွေ့လိုက်ရသည်။ အပေါ်တွင် ဝိညာဉ် လိုင်းများ အများအပြား ပြည့်နှက်နေပြီး ဖွင့်လိုက်သည့် အခိုက်အတန့် တွင်ပင် မွှေးပျံ့သော ရနံ့ တစ်ခုက ချက်ချင်း နှာခေါင်းထဲသို့ ဝင်ရောက်လာခဲ့သည်။
'ပစ္စည်းကောင်း ပဲ’
'သေချာပေါက် ပစ္စည်းကောင်း ပဲ... အနံ့လေး ရှူလိုက်ရုံ နဲ့တင် ဒီလောက် အကျိုးသက်ရောက်မှု ရှိနေရင် အကယ်လို့ သန့်စင် လိုက်မယ် ဆိုရင် အကျိုးသက်ရောက်မှု က သေချာပေါက် အများကြီး ပိုကောင်းမှာ အသေအချာပဲ…’
"ပျက်သွားတော့လည်း ပျက်သွားတာပေါ့... ဒီနေရာ က စောင့်ရှောက်ဖို့ ခက်ခဲပြီး လက်ဖက်ပင် ကို ထားခဲ့ရင်လည်း တခြား သူတွေ ရဲ့ မျက်စိကျ တာကို ခံရမှာပဲ... အားလုံး စီစဉ်ပြီးပြီ ဆိုရင် မြို့ကို တပ်ရုပ်ပြီး ပြန်ကြတာပေါ့..."
"ဟုတ်ကဲ့ပါ..."
လုမိသားစု အိမ်တော် အပြင်ဘက်တွင် ရှည်လျားသော အနက်ရောင် နဂါးကြီး တစ်ကောင် လူးလွန့်နေသကဲ့သို့ ရှိနေသည်။ ၎င်းတို့မှာ ကျန်းချဲ့၏ လက်အောက်ခံ စစ်သည်များနှင့် သူတို့ သယ်ဆောင်လာသော ကြီးမားလှသည့် အရင်းအမြစ်များ ပင် ဖြစ်သည်။ မှောင်မိုက်နေသော ညအချိန်တွင် ကြီးမားလှသော အလင်းရောင် တစ်ခုက အရှေ့လမ်းကို လင်းထိန်နေစေသည်။
၎င်းမှာ မီးတောက်များ၏ အလင်းရောင် ပင် ဖြစ်သည်။
မထွက်ခွာမီ ကန်းတာပြောင်တို့ အုပ်စုက လုမိသားစု၏ နေရာအနှံ့အပြားတွင် ဆီများ လောင်းချခဲ့သည်။
မီး တစ်ချက် ရှို့လိုက်သည်နှင့် ကောင်းကင် အထိ မီးတောက်များ လောင်ကျွမ်းသွားခဲ့သည်။
ဤသို့ဖြင့် နှစ်ရာချီ သက်တမ်းရှိသော လုမိသားစု မှာ ပြာပုံ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
မီးတောက်များ၏ နောက်ခံ အလင်းရောင် အောက်တွင် ကျန်းချဲ့ ဦးဆောင်သော ကြီးမားသည့် ယာဉ်တန်းကြီး က အလွန် ဆန့်ကျင်ဘက် ဖြစ်နေသော မြင်ကွင်း တစ်ခုကို ဖန်တီးနေပေသည်။
အင်အားစု တစ်ခု လဲကျသွားပြီး အခြား အင်အားစု တစ်ခုက ၎င်းကို နင်းကာ တဖြည်းဖြည်း တက်လှမ်းသွားခြင်း ပင် ဖြစ်သည်။
ယခုအခါ လုမိသားစု ပျက်သုဉ်းပြီး မိသားစု တစ်ခုလုံး သေဆုံးသွားသည့် သတင်းကလည်း ယခင်က ကြည့်ရှုနေခဲ့သော သိုင်းသမားများမှ တစ်ဆင့် ပျံ့နှံ့သွားခဲ့ပြီ ဖြစ်ပြီး အချိန်တိုလေး အတွင်းမှာပင် ထိုက်ဆန်းမြို့ အနီးတစ်ဝိုက်တွင် ကောင်းကင်ကြီး ပြိုကျမတတ် ကြီးမားသော တုန်လှုပ်မှု ကြီး တစ်ခုကို ဖြစ်ပေါ်စေခဲ့ပြီ ဖြစ်သည်။