← Chapters

အခန်း ၂၂၄

Vol. 23 Ch. 224

အခန်း ၂၂၄

Vol. 23 Ch. 224

အခန်း (၂၂၄) ယောက္ခမ ဖြစ်သူ၏ စေတနာ

ချီမိသားစု... ဘိုးဘေးခန်းမဆောင်။

ရွှမ်လင် လျှို့ဝှက်နယ်မြေ အတွင်း ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို အကြီးအကဲချုပ် ပြောပြပြီးနောက် ချီကျန်းနန် ၏ မျက်နှာပေါ်တွင်လည်း လေးနက်သော အမူအရာများ ပေါ်ထွက်လာလေသည်။ ချီမိသားစု က အင်အား ကြီးမားသော်လည်း လင်းမိသားစု နှင့် နဂါးကျား တာအိုဂိုဏ်း တို့ကလည်း သာမန် မဟုတ်ကြချေ။

အကယ်၍သာ မျက်နှာချင်းဆိုင် ရန်သူတွေ အဖြစ် လုံးဝ သတ်မှတ်လိုက်မည် ဆိုပါက နှစ်ဖက်စလုံး မည်သည့် အကျိုးအမြတ်မျှ ရရှိမည် မဟုတ်ပေ။

သေချာသည်မှာ ထိုသို့ ဖြစ်လာနိုင်ခြေ ကတော့ အလွန် နည်းပါးလှ၏။ လင်းမိသားစု နှင့် နဂါးကျား တာအိုဂိုဏ်း တို့က ဆုံးရှုံးမှု ကြီးမားခဲ့သော်လည်း ကြိုတင် သဘောတူညီချက်များ ရှိထားပြီး ဖြစ်ရာ ဤကိစ္စကြောင့် ချီမိသားစု နှင့် စစ်ပွဲ ဆင်နွှဲမည် မဟုတ်ချေ။

"ဒီကိစ္စက ပြဿနာ အရမ်း မကြီးပါဘူး... သတ်လိုက်တော့လည်း သတ်လိုက်တာပေါ့... ဘယ်လိုပဲဖြစ်ဖြစ် သူတို့ဘက်က အရင် အမှားလုပ်ခဲ့တာပဲ... တကယ်လို့ ဒီကိစ္စကြောင့် စစ်ဖြစ်မယ် ဆိုရင်လည်း သူတို့နဲ့ တစ်ပွဲလောက် တိုက်လိုက်တာပေါ့... ဒါမှ ဒီနှစ်ဖွဲ့က ကောင်းကင်ဘယ်လောက်မြင့်ပြီး မြေကြီးဘယ်လောက်ထူလဲ ဆိုတာ သိသွားမှာ..."

ချီကျန်းနန် ၏ မျက်နှာပေါ်ရှိ လေးနက်မှုများ အနည်းငယ် လျော့ပါးသွားလေသည်။

"ဒီအဘိုးကြီး လည်း အဲ့ဒီသဘောပါပဲ... ပြီးတော့ သူတို့ကိုလည်း ရဲရဲဝံ့ဝံ့ ပြောခဲ့ပြီးပြီ... မျိုးဆက်တူ အချင်းချင်း ယှဉ်ပြိုင်ကြတာ ဘာမှ မဖြစ်ပေမဲ့... သူတို့ကသာ နောက်ကွယ်ကနေ တိုက်ခိုက်ရဲမယ် ဆိုရင်တော့... ဟွန့်... ဒီအဘိုးကြီး လည်း အကောင်ကြီးပြီး အကောင်ငယ်ကို အနိုင်ကျင့်တယ် ဆိုပြီး အပြစ်မတင်နဲ့လို့ ပြောခဲ့တယ်..."

ချီထျန်းကျုံ့ က ဘယ်ဘက် ခေါင်းဆောင် နေရာတွင် ထိုင်လျက် လက်နှစ်ဖက်ကို နဂါးခေါင်း တောင်ဝှေးပေါ်တွင် တင်ထားလေသည်။

"ကြည့်ရတာ အကြီးအကဲချုပ် ကလည်း ကျန်းချဲ့ အပေါ် အများကြီး မျှော်လင့်ထားပုံပဲ..."

"ဒီအဘိုးကြီး က မူလကတည်းက သူ့ကို သဘောကျပြီးသားပါ... မဟုတ်ရင် ဝမ်ကျင်း နဲ့ သူ့ကို စေ့စပ်ဖို့ ထောက်ခံခဲ့မှာ မဟုတ်ဘူး... ပြီးတော့... သူ တိုက်ခိုက်ခဲ့တာ တွေကလည်း ချီမိသားစု အတွက်ချည်းပဲလေ... တကယ်လို့ သူ့ကို လျစ်လျူရှုထားလိုက်မယ် ဆိုရင် ငါတို့ ချီမိသားစု ရဲ့ ဂုဏ်သိက္ခာ လည်း ပျက်စီးသွားလိမ့်မယ်..."

"အကြီးအကဲချုပ် ပြောတာ မှန်တယ်... ငါ ချီကျန်းနန် ရဲ့ သားမက် ကို သူတို့က ဘယ်လိုလုပ် အနိုင်ကျင့်ခွင့် ရမှာလဲ... အဲ့ဒီအချိန်တုန်းက ငါ သာ မရှိလို့... မဟုတ်ရင် အဲ့ဒီ ယန်ဖျင် နဲ့ လင်းမိသားစု က ခွေးအိုကြီး ကို သေချာပေါက် ပညာပေးခဲ့မှာပဲ..."

"ဟားဟားဟား... မင်းရဲ့ စွမ်းအားကိုတော့ ဒီအဘိုးကြီး က ယုံကြည်ပြီးသားပါ... ပြောရရင် ဒီ ကျန်းချဲ့ က ပါရမီ အရမ်း မြင့်မားရုံသာ မကဘူး... ဒီအဘိုးကြီး မျှော်လင့်ထားတာထက်တောင် အကြိမ်ကြိမ် သာလွန်နေသေးတယ်... အနာဂတ်က တကယ်ကို တောက်ပလွန်းတယ်... ဒီအဘိုးကြီး အမြင်ကို ပြောရရင် မင်္ဂလာဆောင်မယ့် ကိစ္စကို စောစော လုပ်လေ ပိုကောင်းလေပဲ..."

"တစ်နှစ် အချိန် ဆိုတာလည်း မတိုတော့ပါဘူး... ပြီးတော့ စေ့စပ်ထားပြီးပြီ ဆိုတော့ ဒီမင်္ဂလာပွဲ က ဘာအလွဲအချော်မှ ဖြစ်မှာ မဟုတ်ဘူး... ဒါပေမဲ့ ချင်းထျန်းဂိုဏ်း က နန်ကုန်းကျီ လျှို့ဝှက် ကြံစည်နေတာကိုတော့ ငါ တကယ်ကို ထင်မထားခဲ့ဘူး... တကယ်လို့ ကျန်းချဲ့ သာ ရွှမ်လင် လျှို့ဝှက်နယ်မြေ ထဲမှာ ရွှေအမြုတေ မတည်ဆောက်နိုင်ခဲ့ဘူး ဆိုရင်... နန်ကုန်းကျီ စီစဉ်ထားတဲ့ နည်းလမ်းတွေ အရ ဆိုရင် ဒီတစ်ကြိမ် တကယ်ကို ဖြေရှင်းရ ခက်သွားနိုင်တယ်..."

လင်းမိသားစု နှင့် နဂါးကျား တာအိုဂိုဏ်း တို့ကို ချီကျန်းနန် က အလေးထားသော်လည်း ချင်းထျန်းဂိုဏ်း နှင့် နှိုင်းယှဉ်မည် ဆိုပါက အများကြီး ကွာခြားသွားပေသည်။

တော်ဝင် အစိုးရ၏ လိုက်လံ ဖမ်းဆီးမှု အောက်တွင်ပင် ဤမျှ မောက်မာစွာ ဆက်လက် လှုပ်ရှားနေနိုင်ခြင်းက ချင်းထျန်းဂိုဏ်း ၏ အင်အား မည်မျှ ကြီးမားကြောင်း ပြသနေ၏။ ချီမိသားစု ပင်လျှင် သူတို့ကို ယှဉ်ပြိုင်နိုင်ရန် ခက်ခဲလှပေသည်။

"ဟုတ်တယ်..."

ချီထျန်းကျုံ့ က အပြည့်အဝ ထောက်ခံစွာဖြင့် ခေါင်းညိတ်လိုက်လေသည်။

ထို့နောက် သူတို့ နှစ်ဦးက ကျန်းချဲ့ နှင့် ပတ်သက်သော ကိစ္စများ အပါအဝင် ချီမိသားစု နှင့် ပတ်သက်သော အခြား ကိစ္စရပ်များကိုပါ ဆက်လက် ဆွေးနွေး တိုင်ပင်ကြလေသည်။

ချီမိသားစု အတွင်း၌ ဩဇာအာဏာ အကြီးမားဆုံးသူ နှစ်ဦး ဖြစ်သည့်အားလျော်စွာ သူတို့၏ ဆုံးဖြတ်ချက်က ချီမိသားစု ၏ သဘောထားပင် ဖြစ်ပေသည်။

အကြီးအကဲချုပ် ထွက်ခွာသွားပြီးနောက် ချီကျန်းနန် က အချိန်အတော်ကြာအောင် နက်နက်နဲနဲ တွေးတောနေပြီးမှ ကျန်းချဲ့ကို ခေါ်ယူရန် လူလွှတ်လိုက်လေသည်။

သူက ကျန်းချဲ့ကို မှာကြားစရာ စကားအချို့ ရှိနေရုံသာမက ဆုချီးမြှင့်ရန်လည်း ပြင်ဆင်ထားခြင်း ဖြစ်၏။ မည်သို့ပင်ဆိုစေ ဤတစ်ကြိမ်တွင် ကျန်းချဲ့၏ လုပ်ဆောင်ချက်များက အလွန်တရာ ပြောင်မြောက်လွန်းလှရာ ဆုမချပါက လူအများကို လက်ခံနိုင်စေမည် မဟုတ်ချေ။

ထို့အပြင် မိမိ၏ သားမက် ဖြစ်နေသဖြင့် ချီကျန်းနန် အနေဖြင့် ကျန်းချဲ့အား ကူညီ ပံ့ပိုးပေးရန် အနည်းငယ်မျှ ဝန်လေးနေမည် မဟုတ်ပေ။

ကျန်းချဲ့ လျင်မြန်စွာ ကြီးထွားလာလေလေ နောင်တစ်ချိန်တွင် ချီမိသားစု အတွက် ကြီးမားသော အထောက်အပံ့ တစ်ခု ဖြစ်လာလေလေပင် မဟုတ်ပါလော။

"ဖောက်..."

အသံတိုးတိုးလေး တစ်ချက် ထွက်ပေါ်လာပြီးနောက် ကျန်းချဲ့က နောက်သို့ ဆုတ်ခွာလိုက်ကာ လေပူကြီး တစ်ချက်ကို ဖြည်းညင်းစွာ မှုတ်ထုတ်လိုက်လေသည်။

ဤတစ်ကြိမ် ကျင့်ကြံမှုက သူ့အတွက် ခွန်အားများစွာ ကုန်ခမ်းသွားစေခဲ့၏။ သူနှင့် ချီနင်ပင်း တို့ နှစ်ဦးကြားတွင် အဆက်မပြတ် စီးဆင်း လှည့်ပတ်နေသော ထို ရွှမ်ယင် ဝိညာဉ်စွမ်းအင် လေးမှာ ယခုအခါ အတော်လေး ကြီးထွားလာခဲ့ပြီ ဖြစ်ပေသည်။

ဤသည်မှာ ယခင်အကြိမ်က ကျန်းချဲ့ တွေ့ရှိခဲ့သော ထူးခြားချက် တစ်ခုပင် ဖြစ်သည်။ သူ၏ ကျင့်ကြံမှု အဆင့် ပိုမို မြင့်မားလာခြင်းကြောင့်လည်း ဖြစ်နိုင်ရာ မည်သို့ပင်ဖြစ်စေ ရွှမ်ယင် ဝိညာဉ်စွမ်းအင် က တစ်ပတ် လည်ပတ်သွားတိုင်း အနည်းငယ် ပို၍ ကြီးထွားလာခဲ့လေသည်။

ထို့ကြောင့် ၎င်းကို ဝိညာဉ်စွမ်းအင် ပြုစုပျိုးထောင်ခြင်း ဟု ခေါ်ဆိုလျှင်လည်း လုံးဝ မှားယွင်းမည် မဟုတ်ချေ။

"ဟူး..."

ချီနင်ပင်း က ခဏတာ အနားယူလိုက်ပြီးနောက် ကိုယ်ကို လှည့်ကာ မွှေးပျံ့သော လေပြေလေး တစ်ချက်ကို မှုတ်ထုတ်လိုက်လေသည်။ သူမ၏ နဖူးပေါ်ရှိ ချွေးစက်များကို သုတ်ဖယ်လိုက်ရာ မျက်နှာပေါ်တွင်လည်း နီမြန်းသော အရိပ်အယောင်များ လွှမ်းခြုံနေပြီး အလွန်တရာ ဆွဲဆောင်မှု ရှိကာ ထူးကဲစွာ လှပနေပေသည်။

ကျန်းချဲ့ တစ်ယောက် သူမ၏ အနောက်ဘက် အလှတရားများကို အဆက်မပြတ် စူးစိုက်ကြည့်နေသည်ကို မြင်လိုက်ရသောအခါ ချီနင်ပင်း က မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး ဘေးနားရှိ အဝတ်အစားများဖြင့် အလျင်အမြန် ဖုံးကွယ်လိုက်လေသည်။

"ခဲအို... ဘာတွေ ကြည့်နေတာလဲ"

"ဘာမှ မဟုတ်ပါဘူး... တကယ် လှလွန်းလို့ပါ"

ကျန်းချဲ့ က သူမကို နောက်ပြောင်ကာ အနည်းငယ် ရယ်သွမ်းသွေးသော အကြည့်များဖြင့် ကြည့်လိုက်လေသည်။

"ဟွန့်..."

ချီနင်ပင်း က ခပ်ဖွဖွ နှာခေါင်းရှုံ့လိုက်လေသည်။

"နင်ပင်း... မင်း အဲ့ဒီကိစ္စကို... သေချာလေး ကာကွယ်ထားဖို့ ကောင်းမယ်ထင်တယ်..."

ကျန်းချဲ့ အနေဖြင့် ယခုအချိန်တွင် ကလေးယူရန် အစီအစဉ် လုံးဝ မရှိသေးချေ။ ယခင်တစ်ကြိမ် ကော ယခုတစ်ကြိမ် ပါ သူက ရည်ရွယ်ချက် ရှိရှိဖြင့် ကာကွယ်ခဲ့သော်လည်း မမျှော်လင့်ထားသော အခြေအနေများ မဖြစ်ပေါ်လာစေရန် တစ်ဖက်လူကို သေချာအောင် သတိပေးရခြင်း ဖြစ်၏။

"ကျွန်မ သိပါတယ်... ခဏနေရင် အတွင်းအား သုံးပြီး ဖယ်ထုတ်လိုက်ပါ့မယ်..."

ကျန်းချဲ့ သတိပေးရန် မလိုဘဲ ကိုယ်ဝန်ဆောင်ခြင်း၏ အရေးကြီးပုံကို ချီနင်ပင်း လည်း ကောင်းစွာ သိရှိထားပေသည်။ သူမက အပျိုစင်လေး တစ်ယောက် ဖြစ်ပြီး စေ့စပ်ပွဲပင် မလုပ်ရသေးရာ... အကယ်၍ ကိုယ်ဝန်ရှိသည် ဆိုသော သတင်းသာ ရုတ်တရက် ထွက်ပေါ်လာပါက အရှက်ကွဲရုံသာမက ချီမိသားစု တစ်ခုလုံး ပါ ပြစ်တင် ဝေဖန်ခံရမည် မဟုတ်ပါလော။

"လူလာနေတယ်..."

ကျန်းချဲ့ တစ်ခုခု ဆက်ပြောရန် ပြင်လိုက်စဉ် အပြင်ဘက်မှ လူတစ်ယောက် ချဉ်းကပ်လာသည်ကို ရုတ်တရက် အာရုံခံမိလိုက်သဖြင့် အလျင်အမြန် သတိပေးလိုက်လေသည်။ ဤနေရာက ချီမိသားစု ၏ အိမ်တော် ဖြစ်နေသဖြင့် သူ အနေဖြင့် အရာရာကို သတိထားရမည် ဖြစ်၏။

အခြေခံအားဖြင့် သူက နတ်အာရုံကို အမြဲတမ်း ဖွင့်ထားလေ့ ရှိပြီး ချီနင်ပင်း ကလည်း အကာအကွယ် အစီအရင် တစ်ခုကို ယူဆောင်လာခဲ့ပေသည်။ ထိုသို့မှ မဟုတ်ပါက ဤကိစ္စကို ချီကျန်းနန် သာ သိသွားခဲ့လျှင် ဒေါသအလျောက် လက်ဝါးတစ်ချက်တည်းဖြင့် သူ့ကို အသက်ပျောက်အောင် ရိုက်သတ်ပစ်နိုင်သည်ဟု ကျန်းချဲ့ တွေးတောမိလေသည်။

"ရှပ်... ရှပ်..."

ချီနင်ပင်း လည်း သတိပေးသံကို ကြားလိုက်ရသဖြင့် အဝတ်အစားများကို အလျင်အမြန် ကောက်ဝတ်လိုက်ပြီး တည်ငြိမ်သော အမူအရာကို ဖန်တီးလိုက်လေသည်။

"သခင်လေး ကျန်း..."

တံခါးအပြင်ဘက်ရှိ ခြေသံများ ရပ်တန့်သွားပြီးနောက် တိုးညှင်းသော ခေါ်သံတစ်ခု ထွက်ပေါ်လာလေသည်။

"ဘာကိစ္စလဲ..."

"မိသားစု ခေါင်းဆောင် က မက်မွန်ဥယျာဉ် ကို လာခဲ့ဖို့ ခေါ်ခိုင်းလိုက်ပါတယ်..."

"သိပြီ..."

"နင်ပင်း... ကိုယ် အရင် သွားလိုက်ဦးမယ်..."

"သွားလေ..."

ကျန်းချဲ့က ပြုံးလိုက်ပြီး သူ၏ မေးစေ့ကို အနည်းငယ် ပင့်ပြလိုက်လေသည်။

ချီနင်ပင်း လည်း ချက်ချင်း သဘောပေါက်သွားပြီး အရှေ့သို့ တိုးကာ သူ၏ ပါးပြင်ပေါ်သို့ အနမ်းတစ်ပွင့် ခြွေလိုက်လေတော့သည်။

"ဘာလို့ အဲ့ဒီလောက် ကြာနေတာလဲ..."

ဝမ်ပင်း အဆောက်အအုံ အတွင်း၌ အမြဲတမ်း တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံနေလေ့ ရှိသော ချီဝမ်ကျင်း က ချီနင်ပင်း ပြန်ရောက်လာသည်ကို မြင်လိုက်ရသောအခါ ပေါ့ပေါ့ပါးပါး မေးလိုက်လေသည်။

ထိုစကားကို ကြားလိုက်ရသောအခါ ချီနင်ပင်း က နားရွက်နောက်ရှိ ဆံနွယ်များကို အလိုအလျောက် သပ်တင်လိုက်ပြီး အစ်မဖြစ်သူ၏ အကြည့်များကို တည့်တည့် မကြည့်ရဲတော့ချေ။ ရင်ထဲတွင် အစ်မဖြစ်သူ အပေါ် အလွန်တရာ အပြစ်ရှိနေသကဲ့သို့ ခံစားနေရပြီး ခေါင်းကို ငုံ့ကာ တိုးညှင်းစွာ ပြန်ဖြေလိုက်လေသည်။

"အစ်ကိုကျန်း က ကျွန်မ အတွက် ပြောပေးတာကို ကျေးဇူးတင်တဲ့ အပြင်... ကျင့်ကြံမှု နဲ့ တိုက်ခိုက်ရေး ပိုင်း ဆိုင်ရာ အတွေ့အကြုံ တွေကိုလည်း သူ့ဆီကနေ သင်ယူခဲ့သေးတယ်... အနှစ်သာရ တွေကို ယူနေရတာနဲ့ အချိန် နည်းနည်း ကြန့်ကြာသွားတာပါ..."

ချီဝမ်ကျင်း က သူမကို တစ်ချက် ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်လိုက်လေသည်။

"မင်း သေချာလေး သင်ယူသင့်တာပေါ့..."

ညီမဖြစ်သူ၏ ပါရမီက သူမထက် လုံးဝ မနိမ့်ကျကြောင်းကို သူမ ကောင်းစွာ သိရှိထားပေသည်။ ယခင်က ကျင့်ကြံခြင်း အပေါ်တွင် အပြည့်အဝ အာရုံမစိုက်ခဲ့သဖြင့်သာ သူမ နှင့် အတော်လေး ကွာဟသွားခဲ့ရခြင်း ဖြစ်၏။

သူမ က ရွှေအမြုတေ တည်ဆောက်ရန် ပြင်ဆင်နေပြီ ဖြစ်သော်လည်း ညီမဖြစ်သူ မှာတော့ အရင်းအမြစ်များစွာ ပံ့ပိုးပေးထားပါလျက်နှင့် ယခုအချိန်အထိ ရှန်ကွမ်းအဆင့် အထွတ်အထိပ် သို့ပင် မရောက်ရှိသေးချေ။ တိုက်ခိုက်ရေး စွမ်းအား ဆိုလျှင်လည်း သူမ၏ ယခင်က အခြေအနေနှင့် နှိုင်းယှဉ်ပါက အများကြီး ကွာခြားလွန်းလှပေသည်။

"အစ်မ က စိတ်မဆိုးဘူး ဆိုရင် ရပါပြီ..."

"သင်ယူရုံ သက်သက်ပဲဟာ... ငါက ဘာကို စိတ်ဆိုးရမှာလဲ... ဒါပေမဲ့ မင်းရဲ့ အခေါ်အဝေါ်က နည်းနည်း ထူးဆန်းနေတယ်လို့ ငါ ခံစားရတယ်... စေ့စပ်ပွဲ မလုပ်ရသေးခင် တုန်းကတော့ ခဲအို ခဲအို နဲ့ နှုတ်ဖျားက မချဘူး... လျှို့ဝှက်နယ်မြေ ကနေ ပြန်လာတော့မှ ဘာလို့များ အစ်ကိုကျန်း လို့ ပြောင်းခေါ်နေရတာလဲ..."

"ကျွန်မ က အစ်မ ရှက်သွားမှာ စိုးလို့ပါ..."

"ငါက ဘာကို ရှက်ရမှာလဲ..."

အပြင်ပန်းတွင် ထိုသို့ ပြောလိုက်သော်လည်း ချီဝမ်ကျင်း ၏ မျက်နှာလေးမှာ အတော်လေး ပါးလွှာလှသဖြင့် မျက်နှာပေါ်တွင် နီမြန်းသော အရိပ်အယောင်များ ပေါ်ထွက်လာလေသည်။

"မင်း အနားယူနေတာကို အနှောင့်အယှက် မဖြစ်ပါဘူးနော်..."

မက်မွန်ဥယျာဉ် အတွင်း၌ ချီကျန်းနန် က ကျန်းချဲ့ကို ကြည့်နေသော အကြည့်များမှာ ပိုမို ပူပြင်းလာလေသည်။ အကြီးအကဲချုပ် ပြောခဲ့သလိုပင် သူက လူရွေး လုံးဝ မမှားခဲ့ချေ။ ဤမျှ တိုတောင်းသော အချိန်လေး အတွင်းမှာပင် သိုင်းသခင် အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည် မဟုတ်ပါလော။ လျှို့ဝှက်နယ်မြေ အတွင်း၌ အဆင့်တက်ခြင်းက အနည်းငယ် မဆင်မခြင် နိုင်လှသော်လည်း...

သူ၏ ကြီးမားလှသော ပါရမီကို အပြည့်အဝ ပြသနိုင်ခဲ့ပေသည်။

ရွှေအမြုတေ တည်ဆောက်ခြင်း အခက်အခဲများက သူ၏ အရှေ့တွင် ဘာမှ မဟုတ်သည့်အလားပင်။

အသက် နှစ်ဆယ်ကျော် အရွယ် ရွှေအမြုတေ သိုင်းသခင် ဆိုသည်မှာ လောကတွင် မရှိဘူးတော့ မဟုတ်ပေ။ သို့သော် နှစ်တစ်ရာ အတွင်းမှ တစ်ယောက် ပေါ်ထွက်လာရန်ပင် အလွန် ခက်ခဲလှပေသည်။ အရေးကြီးဆုံး အချက်မှာ ကျန်းချဲ့ ၏ ကိုယ်ပေါ်မှ အရှိန်အဝါများက အလွန် ခိုင်မာ တည်ငြိမ်နေကြောင်းကို သူ ခံစားသိရှိနိုင်ခြင်း ဖြစ်၏။

ဖြတ်လမ်းနည်းများ ကို လုံးဝ အသုံးမပြုထားကြောင်း အလွန် သိသာလှပေသည်။

သေချာသည်မှာ ကျန်းချဲ့ ၏ ကိုယ်ပေါ်တွင် လျှို့ဝှက်ချက် အချို့ ရှိနေကြောင်းကိုလည်း သူ ခန့်မှန်းမိပေသည်။ သို့သော် ထိုလျှို့ဝှက်ချက်များကို စူးစမ်းလိုသည့် ရည်ရွယ်ချက် လုံးဝ မရှိချေ။ ဤလောကတွင် ထူးချွန် ထက်မြက်သော ပါရမီရှင် တိုင်း၏ ကိုယ်ပေါ်၌ ကံကောင်းမှုများနှင့် လျှို့ဝှက်ချက်များ မရှိဘဲ နေမည်လား။

နောင်တစ်ချိန် ကျင့်ကြံမှု အပေါ် ဆိုးကျိုး မသက်ရောက်သရွေ့ သူက ဝမ်းသာအားရ ကြိုဆိုမည်သာ ဖြစ်လေသည်။

"အနှောင့်အယှက် မဖြစ်ပါဘူး..."

ကျန်းချဲ့ က ပြုံးလိုက်လေသည်။ သူက ကိစ္စများ အားလုံး ပြီးစီးသွားပြီးနောက်မှ အခေါ်ခံရခြင်း ဖြစ်ရာ အနှောင့်အယှက် ဖြစ်သည်ဟု လုံးဝ မဆိုနိုင်ပေ။

"လာ... အရင် ထိုင်ပါဦး... ဒီ လက်ဖက်ရည် ကို မြည်းကြည့်ပါဦး..."

ချီကျန်းနန် ၏ စကားသံ အဆုံးတွင် ဘေးနားရှိ လက်ဖက်ရည်အိုး အတွင်းမှ ရေနဂါးလေး တစ်ကောင်အလား လက်ဖက်ရည်များ စီးဆင်းလာပြီး ကျန်းချဲ့ ဘေးရှိ ခွက်ထဲသို့ ကျဆင်းသွားလေရာ... မွှေးပျံ့သော ရနံ့များ ချက်ချင်း ပျံ့နှံ့သွားလေတော့သည်။

"ကောင်းမွန်တဲ့ လက်ဖက်ရည် ပါပဲ..."

ကျန်းချဲ့ က တစ်ငုံ သောက်လိုက်ပြီး ခေါင်းညိတ်လိုက်လေသည်။

"မင်း က လက်ဖက်ရည် အကြောင်းလည်း နားလည်တာလား..."

"ကျွန်တော် နားမလည်ပါဘူး... ဒါပေမဲ့ ဒီ လက်ဖက်ရည် ထဲမှာ ဝိညာဉ်စွမ်းအင် တွေ အများကြီး ပါဝင်နေတယ် ဆိုတာကိုတော့ သိသာပါတယ်..."

"ဟားဟားဟား... မင်းကတော့ကွာ..."

ချီကျန်းနန် လည်း မနေနိုင်တော့ဘဲ ရယ်မောလိုက်လေသည်။

ကျန်းချဲ့ လည်း လိုက်ပါ ရယ်မောလိုက်သော်လည်း သူ၏ ခေါင်းထဲတွင်တော့ ချီနင်ပင်း ကို သူ သိမ်းပိုက်လိုက်ပြီ ဆိုသည်ကိုသာ ချီကျန်းနန် သိသွားပါက... ဤကဲ့သို့ ဆက်လက် ရယ်မောနိုင်ဦးမည်လား ဆိုသည်ကိုသာ အလိုအလျောက် တွေးတောနေမိလေသည်။

"ဒီတစ်ကြိမ် မင်း တကယ်ကို ကောင်းကောင်း လုပ်နိုင်ခဲ့တယ်... အကြီးအကဲချုပ် က ငါ့ရှေ့မှာ မင်း အကြောင်း ကောင်းတာတွေ အများကြီး ပြောသွားတယ်... ကောင်းတယ်... တကယ် ကောင်းတယ်..."

"ဦးလေး... ဒါက အရင်က ဦးလေး သေချာ မှာကြားထားခဲ့တဲ့ ပစ္စည်းတွေပါ..."

ကျန်းချဲ့က တစ်ဖက်လူ၏ စကားများတွင် အဓိပ္ပာယ် တစ်ခုခု ပါဝင်နေသည်ဟု ခံစားလိုက်ရသဖြင့် လက်ထဲရှိ သိုလှောင်ရေး လက်ကောက် ကို ချက်ချင်း ထုတ်ယူကာ လက်ဖက်ရည် စားပွဲပေါ်သို့ တင်ပေးလိုက်လေသည်။ အတွင်းရှိ ပစ္စည်းများ နှင့် ပတ်သက်၍ ကောင်းကင်ကျောက်တိုင် က သိမ်းဆည်းသွားသော ဗောဓိ တာအိုအလင်းပြ အသီး မှလွဲ၍ ကျန်သည့် အရာများကို သူ လုံးဝ ထိတွေ့ထားခြင်း မရှိချေ။

မည်သို့ပင်ဆိုစေ လျှို့ဝှက်နယ်မြေ မှ အထွက်တွင် ချီထျန်းကျုံ့ က သူ၏ နတ်အာရုံ ဖြင့် လက်ကောက် အတွင်းရှိ ပစ္စည်းများကို စစ်ဆေးပြီး ဖြစ်သည် မဟုတ်ပါလော။

အကြီးအကဲချုပ် ၏ ပါးစပ်မှတစ်ဆင့် ကျန်းချဲ့ ၏ အကျိုးအမြတ်များကို ကြိုတင် သိရှိထားပြီး ဖြစ်သော်လည်း... အတွင်းရှိ ကိုးကွေ့ ရွှမ်ဂျင်ဆင်း... အရောင်ငါးမျိုး နတ်ဘုရားပန်း နှင့် ဗောဓိ တာအိုအလင်းပြ အသီး နှစ်လုံး ကို မြင်တွေ့လိုက်ရသောအခါ ချီကျန်းနန် ၏ မျက်နှာပေါ်တွင် မနေနိုင်ဘဲ အပြုံးများ ပေါ်ထွက်လာလေသည်။

ဤသည်က ချီမိသားစု နှင့် အခြား အင်အားစုများ ရွှမ်လင် လျှို့ဝှက်နယ်မြေ ကို အတူတကွ ထိန်းချုပ်ခဲ့ပြီးနောက်ပိုင်း အကြီးမားဆုံးသော ရိတ်သိမ်းမှုကြီး ပင် ဖြစ်လေသည်။

နောင်တစ်ချိန်တွင် ဤကဲ့သို့သော အတိုင်းအတာ အထိ စွမ်းဆောင်နိုင်မည့် တပည့်မျိုး ထပ်မံ ပေါ်ထွက်လာနိုင်မည် မဟုတ်တော့ချေ။

မည်သို့ပင်ဆိုစေ ကျန်းချဲ့ က အခြား မိသားစု သုံးခု၏ ရိတ်သိမ်းမှု အားလုံးကို လုယူ ပေါင်းစပ်ပေးခဲ့ခြင်း ဖြစ်ပေသည်။ ဗောဓိ တာအိုအလင်းပြ အသီး နှင့် ကိုးကွေ့ ရွှမ်ဂျင်ဆင်း တို့က ချီမိသားစု ၏ အခြေခံ အင်အားကို ပိုမို ခိုင်မာ တောင့်တင်းလာစေမည် ဖြစ်၏။

စိတ်ထဲမှ တစ်ချက် အမိန့်ပေးလိုက်ရာ လက်ကောက် အတွင်းရှိ ဝိညာဉ်ရတနာ အများအပြား ချက်ချင်း ပျောက်ကွယ်သွားလေသည်။ ထို့နောက် ချီကျန်းနန် က လက်ကောက်ကို ကျန်းချဲ့ ထံသို့ ပြန်လည် ပေးအပ်လိုက်လေသည်။

"ငါ အရင်ကတည်းက ကြိုပြောထားပြီးသားပါ... ဝိညာဉ်ရတနာ တွေကို ငါတို့ တစ်ယောက်တည်း သိမ်းပိုက်ထားမှာ မဟုတ်ဘူးလို့... ကဲ... ကြည့်ကြည့်ပါဦး... သဘောကျရဲ့လား..."

ကျန်းချဲ့ လည်း အားနာနေခြင်း မရှိတော့ဘဲ သူ၏ နတ်အာရုံ ကို လက်ကောက် အတွင်းသို့ ချက်ချင်း ထည့်သွင်း စစ်ဆေးကြည့်လိုက်လေသည်။

အတွင်း၌ အမျိုးမျိုးသော ဝိညာဉ်ရတနာ ဆယ်ခုကျော် ကျန်ရှိနေသေးပြီး အရောင်ငါးမျိုး နတ်ဘုရားပန်း မှလွဲ၍ သက်တမ်း နှစ်တစ်ထောင်ရှိ အဖိုးတန် ဆေးပင် ခုနစ်ပင် နှင့် သက်တမ်း မတူညီသော အခြား ဝိညာဉ်ဆေးပင် ကိုးပင် လည်း ပါဝင်နေသေးကြောင်း တွေ့လိုက်ရ၏။

"မင်း က အခု ရွှေအမြုတေ အဆင့်ကို ရောက်နေပြီ ဆိုတော့... အဲ့ဒီ နှစ်ရာချီ သက်တမ်းရှိတဲ့ ဆေးပင်တွေက မင်း အတွက် သိပ်အသုံးမဝင်တော့ဘူး... ဒါတွေကတော့ မင်းအတွက် အသုံးတည့်မှာပါ... အဲ့ဒီ အရောင်ငါးမျိုး နတ်ဘုရားပန်း ကို မင်း ယူပြီး ကျင့်ကြံ သန့်စင်လိုက်ပေါ့... ပြီးတော့... ကိုးကွေ့ ရွှမ်ဂျင်ဆင်း ကို ဝိညာဉ်သန္ဓေတည် ဆေးလုံး အဖြစ် ဖော်စပ် ပြီးသွားရင်... မင်း နောင်တစ်ချိန် ရှန်ရှန်း အဆင့်ကို တက်လှမ်းတဲ့ အခါ သုံးဖို့ အတွက် ငါ တစ်လုံး ဖယ်ထားပေးမယ်..."

"ကျေးဇူးတင်ပါတယ် ဦးလေး..."

ကျန်းချဲ့ ၏ မျက်နှာပေါ်တွင် အပြုံးများ ပေါ်ထွက်လာလေသည်။

ချီကျန်းနန် ၏ ဤလုပ်ရပ်က တကယ်ကို စေတနာ အပြည့်အဝ ပါဝင်နေကြောင်း ဆိုရမည် ဖြစ်ပေသည်။ ပစ္စည်းများ အများအပြား ယူဆောင်သွားခဲ့သော်လည်း တကယ်တမ်း တန်ဖိုးကို တွက်ချက်ကြည့်မည် ဆိုပါက... ဤတစ်ကြိမ် ရွှမ်လင် လျှို့ဝှက်နယ်မြေ ခရီးစဉ်၏ ရိတ်သိမ်းမှု တွင် သူက လေးဆယ် ရာခိုင်နှုန်းခန့်ကို ရရှိခဲ့ခြင်း ဖြစ်၏။

ထို့အပြင် ရွှေအမြုတေ သိုင်းသခင် များပင် အလွန်တရာ လိုချင်မက်မောကြသော ဝိညာဉ်သန္ဓေတည် ဆေးလုံး တစ်လုံး ကိုပါ ရရှိဦးမည် ဖြစ်သည်။ သူ့အနေဖြင့် အသုံးပြုရန် လိုအပ်မည် မသေချာသော်လည်း... တစ်ဖက်လူ၏ ဤကဲ့သို့ အလေးထားမှုက သူ၏ ရင်ထဲတွင် အလွန်တရာ ကျေနပ် ဝမ်းသာသွားစေပေသည်။

ချီကျန်းနန် ၏ အလေးထားမှု က အမှန်တကယ်ပင် ပါးစပ်က ပြောရုံ သက်သက် မဟုတ်ကြောင်း အလွန် သိသာလှ၏။

"ဒါ့အပြင်... မင်းက မင်ရှန် တာအိုကျောက်တိုင် ကို လေ့လာချင်နေတယ် ဆိုတာ အကြီးအကဲချုပ် ပြောလို့ ငါ ကြားထားတယ်..."

"ဟုတ်ပါတယ်... ကျွန်တော် အနေနဲ့ အရှိန်အဝါ နယ်ပယ်ကို နားလည် သဘောပေါက်နိုင်မလား ဆိုတာ စမ်းကြည့်ချင်လို့ပါ... တကယ်လို့ မရခဲ့ရင်တောင် ကျွန်တော့် ရဲ့ သိုင်းစိတ်ဆန္ဒ နားလည်မှုကို အများကြီး တိုးတက်လာစေနိုင်မယ်လို့ တွေးမိလို့ပါ..."

ကျန်းချဲ့ က ခေါင်းညိတ်လိုက်လေသည်။

အစတုန်းက သူ ကိုယ်တိုင် တောင်းဆိုရန် စဉ်းစားထားခဲ့သော်လည်း ယောက္ခမ ဖြစ်သူက တကယ်ကို အားကိုးရပေသည်။ အရာအားလုံးကို ထောင့်စုံကနေ စဉ်းစားပေးထားပြီး ဤကဲ့သို့သော ဆက်ဆံရေးမျိုးက မိသားစု ခေါင်းဆောင် တစ်ယောက်၏ အရည်အချင်း နှင့် အမှန်တကယ်ပင် ထိုက်တန်လှပေသည်။

"ဒီကိစ္စကို ငါ သဘောတူတယ်... မနက်ဖြန်ကျရင် ငါ ကိုယ်တိုင် မင်းကို နောက်ဘက် တောင်ကုန်း ဆီ ခေါ်သွားပေးမယ်..."

ချီကျန်းနန် က ပြုံးလျက် ပြောလိုက်လေသည်။

"ကျေးဇူးတင်ပါတယ် ဦးလေး..."

ကျန်းချဲ့ က ရိုးသား ဟန်ဆောင်မှု ကင်းသော မျက်နှာထားဖြင့် ချက်ချင်းပင် လက်အုပ်ချီကာ အရိုအသေ ပေးလိုက်လေသည်။

"မင်းနဲ့ ငါက ယောက္ခမ နဲ့ သားမက်တွေပဲဟာ... ဒီလောက်ကြီး ယဉ်ကျေးနေစရာ မလိုပါဘူး... မင်းမှာ တခြား တောင်းဆိုစရာတွေ ရှိသေးရင်လည်း တစ်ခါတည်း ပြောလို့ ရတယ်... လွန်လွန်ကဲကဲ မဖြစ်သရွေ့... ငါ က တတ်နိုင်သလောက် ဖြည့်ဆည်း ပေးမှာပါ..."

ချီကျန်းနန် က လက်ဝှေ့ယမ်းပြကာ ကျန်းချဲ့ကို အားနာမနေရန် ပြောလိုက်လေသည်။

ထိုစကားကို ကြားလိုက်ရသောအခါ ကျန်းချဲ့ လည်း ချက်ချင်း ခေါင်းညိတ်လိုက်သော်လည်း သူ၏ မျက်ဝန်းများ ထဲတွင်တော့ ရည်ရွယ်ချက် ရှိရှိဖြင့် အခက်တွေ့နေသည့် အရိပ်အယောင် အချို့ကို ဖော်ပြလိုက်လေသည်။

"ဘာလဲ... မင်းရဲ့ တောင်းဆိုချက် က အရမ်း လွန်ကဲနေလို့များလား..."

ကျန်းချဲ့ မျက်နှာပေါ်တွင် အခက်တွေ့နေသည့် အရိပ်အယောင်များကို မြင်လိုက်ရသောအခါ ချီကျန်းနန် လည်း မနေနိုင်တော့ဘဲ မျက်မှောင်ကြုတ် သွားလေသည်။

"ကျွန်တော် က... ပြောသင့် မပြောသင့် မသိလို့ပါ..."

"ပြောပါ... အားနာမနေပါနဲ့..."

"ကျွန်တော် ပြောချင်တာက... နင်ပင်း ရဲ့ မင်္ဂလာကိစ္စ ပါ..."

ကျန်းချဲ့ က စကားလုံးများကို သေချာ ရွေးချယ်ကာ တိုးညှင်းစွာ ပြောလိုက်လေသည်။

"ဟင်..."

ထိုစကားကို ကြားလိုက်ရသောအခါ ချီကျန်းနန် ၏ မျက်နှာပေါ်တွင် ထူးဆန်းသော အရိပ်အယောင်များ ချက်ချင်း ပေါ်ထွက်လာလေသည်။

"လျှို့ဝှက်နယ်မြေ ထဲမှာ ကျွန်တော် က နင်ပင်း ကို အချိန်အတော်ကြာအောင် စောင့်ရှောက်ပေးခဲ့ရတော့... သူမ ရဲ့ ရင်ထဲက အတွေးတွေကို သိခဲ့ရပါတယ်... သူမ က ဝေ့မိသားစု နဲ့ စေ့စပ်ရမယ့် ကိစ္စကို အရမ်း ဆန့်ကျင်နေပါတယ်... အဲ့ဒီအပြင် ဝေ့ယင်းကျဲ ကလည်း ချီမိသားစု ကို ရက်ရက်စက်စက် တိုက်ခိုက်ခဲ့သေးတယ် မဟုတ်လား... အဲ့ဒီ အချက်တွေ အားလုံးကို ပေါင်းစပ် ကြည့်လိုက်မယ် ဆိုရင်... ကျွန်တော် စကားလွန်သွားရင် ခွင့်လွှတ်ပါ... တကယ်လို့သာ အတင်းအကျပ် စေ့စပ် ပေးလိုက်မယ် ဆိုရင်... အကျိုးကျေးဇူး ထက် ဆိုးကျိုး က ပိုများလာနိုင်တယ်လို့ ထင်ပါတယ်..."

ကျန်းချဲ့ က ခေါင်းငုံ့ကာ ပြောလိုက်ပြီး တစ်ဖက်လူက သူ၏ ပုံမှန်မဟုတ်သော အမူအရာများကို ရိပ်မိသွားမည်ကို စိုးရိမ်သဖြင့် ခေါင်းမော့ မကြည့်ရဲခဲ့ချေ။

ထင်ထားသည့် အတိုင်းပင် ချီကျန်းနန် ၏ မျက်နှာပေါ်တွင် နက်နဲသော တွေးတောမှုများ ပေါ်ထွက်လာပြီး အချိန်အတော်ကြာမှ စကားစလိုက်လေသည်။

"ဒီကိစ္စကို နင်ပင်း က ငါ့ကို ပြောပေးဖို့ မင်းကို ခိုင်းလိုက်တာလား..."

"ဒါက ကျွန်တော် ရဲ့ ရင်ထဲက စကားတွေပါ... နင်ပင်း နဲ့ သိပ်မသက်ဆိုင်ပါဘူး... တကယ်ကို မသင့်တော်ဘူးလို့ ခံစားရလို့ပါ... စကားလွန်သွားရင် ဦးလေး ခွင့်လွှတ်ပေးပါ..."

"မင်းက ခဲအို တစ်ယောက် အနေနဲ့ တကယ်ကို တာဝန်ကျေတာပဲ... ဒါပေမဲ့ ဒီကိစ္စက ယွဲ့ပြည်နယ် မှာ ရှိတဲ့ ချီမိသားစု ရဲ့ အကျိုးအမြတ်တွေ နဲ့ သက်ဆိုင်နေလို့ အရင်က သဘောတူခဲ့တာပါ... နင်ပင်း ကို သူတို့ဆီ မဖြစ်မနေ ပေးစားမယ် လို့ ငါ ပြောခဲ့ဖူးတာမှ မဟုတ်တာ..."

ချီကျန်းနန် က သက်ပြင်းချကာ ပြောလိုက်လေသည်။

"ဦးလေး... ကျွန်တော် ကိုယ်တိုင် ကလည်း ယွဲ့ပြည်နယ် ရဲ့ အရာရှိ တစ်ယောက်ပါပဲ... ကျွန်တော် ရဲ့ လက်ရှိ စွမ်းအားနဲ့ ဆိုရင် ဝေ့မိသားစု နဲ့ ယှဉ်ဖို့ နည်းနည်းတော့ လိုနေသေးတာ မှန်ပေမဲ့... ကျွန်တော် ရဲ့ နောက်ကွယ်မှာ အစိုးရ အဖွဲ့အစည်း ရှိနေတော့... လုပ်ကိုင်ရတာ အများကြီး ပိုလွယ်ကူပါတယ်... တကယ်လို့ အကျိုးအမြတ် တစ်ခုခုနဲ့ သက်ဆိုင်နေတယ် ဆိုရင်... ဒီကိစ္စကို ကျွန်တော် လည်း တစ်ထောင့်တစ်နေရာ ကနေ ပါဝင် ကူညီပေးနိုင်မယ် ထင်ပါတယ်..."

ကျန်းချဲ့ က ခေါင်းမော့ကာ အလွန် လေးနက်သော အမူအရာဖြင့် ပြောလိုက်လေသည်။

နင်ပင်း အတွက် ပြောပေးခြင်းမှာ အမှန်တကယ် ဖြစ်သော်လည်း ချီကျန်းနန် ၏ စကားများ အရ ကျန်းချဲ့ အနေဖြင့် အခွင့်အရေး တစ်ခုကို မြင်တွေ့လိုက်ရခြင်း လည်း ဖြစ်၏။ အကယ်၍ ချီမိသားစု ကသာ ယွဲ့ပြည်နယ် အထိ ခြေဆန့်နိုင်မည် ဆိုပါက သူ၏ အနာဂတ် ရာထူးတက်လမ်း အတွက်လည်း အလွန် ကြီးမားသော အထောက်အကူ ဖြစ်လာနိုင်ပေသည်။

ထို့ကြောင့် ယခုအချိန်တွင် ကျန်းချဲ့ က ချီမိသားစု နှင့် သူ၏ ဆက်ဆံရေး ကို ပိုမို နက်ရှိုင်းလာစေရန် တွေးတောလိုက်ခြင်း ဖြစ်လေသည်။ ရွှေအမြုတေ သိုင်းသခင် ဆိုသည်မှာ အစွမ်းထက်သော်လည်း တစ်နယ်တစ်ပယ်ကို စိုးမိုးနိုင်ရန်မှာတော့ အလွန် ခက်ခဲလှသေးပေသည်။

အနည်းဆုံးတော့ ချီမိသားစု ၏ အရှိန်အဝါကို အသုံးပြု၍ ရှန်ရှန်း မဟာသိုင်းသခင် အဆင့် ရောက်သည်အထိ တည်ငြိမ်စွာ ကျင့်ကြံနိုင်ရန် လိုအပ်ပေသည်။

"ဟင်..."

ချီကျန်းနန် က မျက်လုံးများကို မှေးကျဉ်းကာ ကျန်းချဲ့ကို နက်နဲသော အကြည့်များဖြင့် စိုက်ကြည့်နေပြီး ဤကိစ္စ၏ အကျိုးအပြစ် များကို တွက်ချက်နေသည့်အလားပင်။

All Chapters