အခန်း ၇၂
Vol. 8 Ch. 72
အခန်း (၇၂) မင်းက မြင့်မြတ်တယ် မင်းက ကြီးကျယ်တယ်ပေါ့
"တပ်မှူး ကြိုတင်ခန့်မှန်းထားတဲ့အတိုင်း အမှားအယွင်း မရှိပါဘူး တပ်မှူး ထွက်သွားပြီး မကြာခင်မှာပဲ လူတစ်စု ဝင်တိုက်ပြီးတော့ အဲဒီ သေဒဏ်ကျ အကျဉ်းသားကို လုယူသွားပါတယ်"
တန်ယန်က ချောင်းအဆက်မပြတ် ဆိုးရင်း သတင်းပို့လိုက်သည်။ သူ၏ လက်မောင်းတွင်လည်း ဒဏ်ရာ အပြင်းအထန် ရရှိထားပေသည်။
"သေကျေဒဏ်ရာရမှု အခြေအနေကရော ဘယ်လိုလဲ"
တန်ယန်၏ အခြေအနေကို ကျန်းချဲ့က ကြိုတင် တွက်ဆထားပြီး ဖြစ်သဖြင့် လုံးဝ အံ့ဩခြင်း မရှိပေ။ ထို့ကြောင့် တန်ယန်ကိုလည်း အန္တရာယ်နှင့် ကြုံတွေ့ပါက အချိန်မဆွဲဘဲ ချက်ချင်း ဆုတ်ခွာရန် ကြိုတင် သတိပေးထားခဲ့ခြင်း ဖြစ်သည်။
"သုံးယောက် သေပြီး သုံးယောက် ဒဏ်ရာရပါတယ်"
တန်ယန်က ခေါင်းငုံ့ကာ မျက်နှာမကောင်းစွာဖြင့် ဖြေလိုက်သည်။
"ကျဆုံးသွားတဲ့ ညီအစ်ကိုတွေ အတွက် လျော်ကြေးကို နှစ်ဆ ပေးလိုက် ဒဏ်ရာရတဲ့ လူတွေကိုလည်း အတူတူပဲ ပေးလိုက် ရွှီဆန်းအာ ဆီကနေ ငွေသွားထုတ်ပြီးတော့ သူတို့ရဲ့ မိသားစု ဒါမှမဟုတ် ကာယကံရှင် လက်ထဲကို တိုက်ရိုက် ထည့်ပေးဖို့ သေချာ ဂရုစိုက်ပါ အကယ်လို့ တစ်ယောက်ယောက်ကများ ဒီငွေတွေကို အလွဲသုံးစားလုပ်တာ ဒါမှမဟုတ် အနိုင်ကျင့်တာ လုပ်ခဲ့ရင် ငါ့ကို လာသတင်းပို့နေစရာ မလိုဘူး ဘယ်သူပဲဖြစ်ဖြစ် ချက်ချင်း သတ်ပစ်လိုက်"
ကျန်းချဲ့က ရန်သူများအပေါ် ရက်စက်သော်လည်း ကိုယ့်လူများအပေါ်တွင်မူ လုံးဝ နှမြောတွန့်တိုခြင်း မရှိပေ။
"ကျေးဇူးတင်ပါတယ် တပ်မှူး"
"သွားပြီး အလုပ်လုပ်တော့"
ကျန်းချဲ့က လက်ယမ်းကာ တန်ယန်ကို ထွက်သွားရန် အချက်ပြလိုက်သည်။
ယခုအခါ အခြေအနေများ အားလုံးက ရှင်းလင်းသွားပြီ ဖြစ်သည်။ မွေးရာပါ ဝိညာဉ်စွမ်းအင် ကိစ္စက လျှို့ဝှက်ချက် မဟုတ်တော့ဘဲ ဝေါ့ဟူတောင်မှ လူများလည်း သိရှိနေပြီ ဖြစ်သည်။ သူက ယခု တစ်ယောက်ကို ရှင်းလင်းလိုက်သော်လည်း နောက်ထပ် လူများ ဆက်လာဦးမည်မှာ သေချာပေသည်။
ထို့အပြင် တစ်ဖက်လူများက အကြံအိုက်ပြီး ဤသတင်းကို လူသိရှင်ကြား ကြေညာပစ်မည်ကိုလည်း စိုးရိမ်ရပေသည်။ ထို့ကြောင့် အချိန်တိုအတွင်း ခိုယွမ်ရှန်း၏ ပါးစပ်ကို ဖွင့်နိုင်ရန် သူ အမြန်ဆုံး ကြိုးစားရမည် ဖြစ်သည်။
ယန်ဂူခရိုင် အတွင်းရှိ အိမ်ငယ်လေး တစ်လုံးတွင်...
ဆရာလျန်က သူ၏ အရှေ့ရှိ မီးကျွမ်းကာ ရုပ်ပျက်ဆင်းပျက် ဖြစ်နေသော အလောင်းကြီးကို ကြည့်ရင်း အလွန် ထိတ်လန့်သွားပြီး ခန္ဓာကိုယ်များပင် တုန်ယင်လာကာ လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေပေသည်။
'တတိယ ခေါင်းဆောင် သေသွားပြီ'
'ကျန်းချဲ့ရဲ့ လက်ထဲမှာ သေသွားတာ အလောင်းတောင် အကောင်း ပကတိ မကျန်ဘူး'
'ငါ တွက်တာ မှားသွားပြီ'
ကျန်းချဲ့ကို မြို့ပြင်သို့ လှည့်စား ခေါ်ထုတ်သွားပြီး ခိုယွမ်ရှန်းကို ကယ်တင်ရန် သူ မျှော်လင့်ထားခဲ့သော်လည်း... ရလဒ်ကတော့ သူလွှတ်လိုက်သော လူများက လူတစ်ယောက်ကို ကယ်တင်နိုင်ခဲ့သော်လည်း ခိုယွမ်ရှန်း မဟုတ်ဘဲ သေဒဏ်ကျ အကျဉ်းသား တစ်ယောက် ဖြစ်နေခဲ့သည်။
ဤသည်မှာ ကျန်းချဲ့က သူ၏ မပြည့်စုံသော အကြံအစည်ကို ရိပ်မိသွားပြီး အကွက်ဆင်ကာ အသုံးချသွားခြင်း ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိလိုက်သည်။
ထိုအချိန်ကတည်းက သူ၏ ရင်ထဲတွင် မကောင်းသော ကြိုတင် ခံစားမှုများ ဖြစ်ပေါ်နေခဲ့ခြင်း ဖြစ်သည်။
သို့သော် ထိုမျှလောက်အထိ ထိတ်လန့်နေရန် မလိုဟု သူ ထင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဟော့ရှောက်စန်း၏ စွမ်းအားမှာ အလွန် ကြီးမားပြီး တကယ့် သွေးကြောပွင့် အဆင့် သိုင်းသမား တစ်ယောက် ဖြစ်သောကြောင့်ပင်။ တောင်ဖြို လက်သီးသိုင်း၊ အသက်နှုတ် ဓားသိုင်း နှင့် အစိမ်းရောင်မိစ္ဆာ ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ်တို့ကို ပိုင်နိုင်ထားသူ ဖြစ်သည်။
ဝေါ့ဟူတောင် တစ်ခုလုံးတွင် ဂိုဏ်းချုပ်ကြီး တစ်ယောက်သာလျှင် သူ့ကို သေချာပေါက် အနိုင်ယူနိုင်စွမ်း ရှိသည်။ တပ်မှူးချုပ်ကျူးနှင့် ရင်ဆိုင်ရလျှင် သို့မဟုတ် ဝိုင်းရံ တိုက်ခိုက်ခံရ၍ မနိုင်လျှင်တောင်မှ... ထွက်ပြေး လွတ်မြောက်နိုင်မည်ဟု သူ ယုံကြည်ထားခဲ့သည်။
သို့သော် ရလဒ်ကတော့...
"ဘန်း"
ဆရာလျန်က မြေကြီးပေါ်သို့ ထိုင်ကျသွားခဲ့သည်။
ဤတစ်ကြိမ်တွင် သူ၏ အပြစ်များကို ခွင့်လွှတ်ပေးရန် လုံးဝ မဖြစ်နိုင်တော့ကြောင်း သူ ကောင်းစွာ သိရှိလိုက်သည်။ တတိယ ခေါင်းဆောင် သေဆုံးသွားပြီး ခိုချင်းကိုလည်း ဆုံးရှုံးလိုက်ရသဖြင့် သူ ပြန်ရောက်သွားပါက သူ၏ အဆုံးသတ်က အလွန် ဆိုးရွားမည် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ခိုချင်းက မွေးရာပါ ဝိညာဉ်စွမ်းအင်နှင့် ပတ်သက်နေသလို တတိယ ခေါင်းဆောင်ကလည်း ဂိုဏ်းချုပ်ကြီး၏ အသက်ပေး ညီအစ်ကို တစ်ယောက် ဖြစ်သောကြောင့်ပင်။ မည်သည့် ကိစ္စကပဲ ဖြစ်ဖြစ်... သူ့ထက် အများကြီး ပိုအရေးကြီးလှပေသည်။
"ဟူး ဟူး"
ဆရာလျန်က ရင်ထဲမှ ကြောက်ရွံ့မှုများကို မြိုသိပ်ကာ မတ်တတ်ရပ်လိုက်ပြီး ဘေးရှိ လက်အောက်ငယ်သားကို ချက်ချင်း ခေါ်ကာ အမိန့်ပေးလိုက်သည်။
"မြန်မြန် ဂိုဏ်းချုပ်ကြီးဆီကို အမြန်ဆုံး သွားသတင်းပို့ တတိယ ခေါင်းဆောင် သေသွားပြီ ခိုချင်းကိုလည်း ဆုံးရှုံးလိုက်ရပြီ မွေးရာပါ အဲဒီ ရတနာရဲ့ သတင်းလည်း ပေါက်ကြားသွားပြီ ဂိုဏ်းချုပ်ကြီး ကိုယ်တိုင် တောင်ပေါ်က ဆင်းပြီး မြန်မြန် လာကယ်ပါလို့ သွားပြော"
မည်သို့ပင် ဖြစ်စေကာမူ ဆရာလျန်က ဤသတင်းကို ဂိုဏ်းချုပ်ကြီးထံ အမြန်ဆုံး အသိပေးရမည် ဖြစ်သည်။ ခိုချင်း အဖမ်းခံရသည်နှင့် တစ်ပြိုင်နက် ကျန်းချဲ့ အနေဖြင့် ခိုယွမ်ရှန်း၏ ပါးစပ်ကို ဖွင့်နိုင်မည့် အခွင့်အရေး ရရှိသွားပြီ ဖြစ်သည်။
အချိန်ဆွဲလေ အန္တရာယ်များလေ ဖြစ်ပြီး မွေးရာပါ ဝိညာဉ်စွမ်းအင်ကို အခြားသူများ ကြိုတင် ယူဆောင်သွားပါက ဝေါ့ဟူတောင် အတွက် ကြီးမားသော ထိုးနှက်ချက်ကြီး ဖြစ်သွားမည်မှာ သေချာလှပေသည်။
သူ၏ အပြစ်အတွက်ကတော့... ကံကြမ္မာ အတိုင်းသာ ဖြစ်ပါစေတော့...
"ဟုတ်ကဲ့ပါ"
"ဝုန်း"
မှောင်မည်းနေသော ကျောက်တံခါးကြီး ဖြည်းညင်းစွာ ပွင့်လာခဲ့သည်။ လျှို့ဝှက်ခန်း အတွင်း ကြက်ခြေခတ် တိုင်တွင် ကြိုးတုပ်ခံထားရသော ခိုယွမ်ရှန်း၏ မျက်လုံးများ အနည်းငယ် လှုပ်ရှားသွားပြီး ဖြူဖျော့ အားနည်းနေသော မျက်နှာဖြင့် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သည်။ ထို့နောက် ရုတ်တရက် လန့်နိုးသွားသကဲ့သို့ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
ကျောက်တံခါး အပြင်ဘက်မှ ကျန်းချဲ့က ခိုချင်းကို ခေါ်ဆောင်ကာ ဝင်လာခဲ့ပြီး မျက်နှာပေါ်တွင် ပြုံးရွှင်သော အမူအရာ ရှိနေပေသည်။
"ဂိုဏ်းချုပ်ခို ကိုယ့်နယ်မြေ ကိုယ့်အိမ်မှာ နေရတာ အဆင်ပြေရဲ့လား"
အမှန်ပင် မမျှော်လင့်ထားသော အခြေအနေများ မဖြစ်ပေါ်စေရန် ကျန်းချဲ့က ခိုယွမ်ရှန်းကို ယခင် ရေကြောင်းကုန်သွယ်ရေးဂိုဏ်း ရုံးချုပ်အောက်ရှိ လျှို့ဝှက်ခန်း အတွင်းသို့ ကြိုတင် ပြောင်းရွှေ့ထားခဲ့ခြင်း ဖြစ်သည်။ ဤလျှို့ဝှက်ချက်ကို သူနှင့် ရွှီဆန်းအာ နှစ်ယောက်တည်းသာ သိရှိကြသည်။
အဘယ်ကြောင့်ဆိုသော် ဝေါ့ဟူတောင်ကလည်း ဤလျှို့ဝှက်ချက်ကို သိရှိထားကြောင်း ဆုန့်ကျိ၏ ပါးစပ်မှတစ်ဆင့် သူ ကြိုတင် ခန့်မှန်းမိသောကြောင့်ပင်။ အကယ်၍ တစ်ဖက်လူများက အကျဉ်းသားကို အတင်း ဝင်လုမည် ဆိုပါက... မလိုလားအပ်သော ပြဿနာများ ဖြစ်လာနိုင်ပေသည်။
ဤနေရာတွင် ထားရှိရခြင်းမှာ ပထမ အချက် အနေဖြင့် သူ့တွင် ပိုကောင်းသော နေရာ မရှိသောကြောင့် ဖြစ်ပြီး ဒုတိယ အချက် အနေဖြင့် 'အန္တရာယ် အများဆုံး နေရာသည် အလုံခြုံဆုံး နေရာ' ဟူသော သဘောတရားကို အသုံးချလိုက်ခြင်း ဖြစ်သည်။
ထို့ကြောင့် ရေကြောင်းကုန်သွယ်ရေးဂိုဏ်း ရုံးချုပ်တွင် ထားရှိရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
"ချင်း ချင်းလေး"
ခိုယွမ်ရှန်းက အက်ရှရှ အသံဖြင့် မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။
"အဖေ"
ခိုချင်းက ဒူးထောက်ကျသွားပြီး မျက်ရည်များ စီးကျလာခဲ့သည်။
ယနေ့ အချိန်ရောက်မှသာ ဖခင်ဖြစ်သူ ပေးထားခဲ့သော သာယာဝပြောသည့် ဘဝက မည်မျှ တန်ဖိုးရှိကြောင်းကို သူ နားလည်သွားခဲ့သည်။ သူက တန်ဖိုး မထားတတ်ခဲ့ဘဲ ယခုအချိန်တွင်မူ အလွန် နောင်တရနေမိသည်။ နောင်တတရား အားလုံးကို ဤ အဖေ ဟူသော အော်ဟစ်သံ တစ်ခွန်းတည်းဖြင့် ဖော်ပြလိုက်ခြင်း ဖြစ်သည်။
"တကယ်ပဲ မင်းလား"
"ဟုတ်ကဲ့ သားပါ အဖေ"
"မဟုတ်ဘူး မဟုတ်ဘူး မင်းက ချင်းလေး မဟုတ်ဘူး ကျန်းချဲ့ မင်းက ဒီလို လှည့်ကွက်လေးတွေ သုံးပြီး ငါ့ကို လှည့်စားလို့ ရမယ် ထင်နေတာလား မဖြစ်နိုင်ဘူး လုံးဝ မဖြစ်နိုင်ဘူး"
ခိုယွမ်ရှန်းက အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်သည်။
သို့သော် ကျန်းချဲ့က ပြုံးလိုက်ပြီး ခိုချင်း၏ လည်ပင်းကို ဆွဲကာ ကြက်ပေါက်လေး တစ်ကောင်ကို မ,သကဲ့သို့ အပေါ်သို့ မ,တင်လိုက်သည်။
"မင်းဆီမှာ ဒီသား တစ်ယောက်တည်း ရှိတာ မဟုတ်လား သူသာ သေသွားရင် မင်းတို့ ခိုမိသားစုရဲ့ မျိုးဆက် ပြတ်သွားပြီနော်"
ခိုယွမ်ရှန်းက မျက်လုံးများကို တင်းကျပ်စွာ မှိတ်ထားပြီး ဘာမှ ပြန်မဖြေပေ။
သို့သော် သူ၏ လက်များ ရုန်းကန်နေမှုက ယခုအချိန်တွင် သူ၏ စိတ်ခံစားချက် မည်သို့ ရှိနေကြောင်းကို ဖော်ပြနေပေသည်။
ဤခိုချင်းက အစစ်အမှန် ဖြစ်ကြောင်း သူ သိသော်လည်း သူက ဝန်ခံ၍ မရပေ။
မွေးရာပါ ဝိညာဉ်စွမ်းအင် ဆိုသည်မှာ လောကတွင် ရှားပါးသော ရတနာ တစ်ပါး ဖြစ်ပြီး သွေးကြောပွင့် အဆင့် သိုင်းသမားများ အတွက် အလွန် ရူးသွပ်စေနိုင်သော အရာ ဖြစ်သည်။ အကယ်၍ သူသာ ယခု ခြိမ်းခြောက်ခံရပြီး အရာအားလုံးကို ပြောပြလိုက်မည် ဆိုပါက... သူတို့ သားအဖ နှစ်ယောက်လုံး သေလမ်းသာ ရှိတော့မည် ဖြစ်သည်။
မပြောပြပါက... အချိန်အနည်းငယ် ဆက်လက် အသက်ရှင်နေနိုင်သေးသည်။
"ခွပ်"
"အား"
ကျန်းချဲ့က အားပြင်းပြင်းဖြင့် လိမ်ချိုးလိုက်ရာ ခိုချင်း၏ ဘယ်ဘက် လက်မောင်းက ချက်ချင်း ကျိုးသွားခဲ့သည်။ ထို့နောက် ခိုယွမ်ရှန်းကို အေးစက်စွာ ကြည့်ရင်း -
"ငါ့ရဲ့ သည်းခံနိုင်စွမ်းက ကန့်သတ်ချက် ရှိတယ် မင်း မပြောရင် ခိုချင်းကို ဒီနေရာမှာပဲ သွေးထွက်သံယို ဖြစ်အောင် လုပ်ပြီး သူ့ကိုယ်ပေါ်က အသားတွေကို တစ်လွှာချင်း လှီးထုတ်ပစ်မယ် မင်းက သေမှာကို မကြောက်ဘူး ဆိုပေမဲ့ ကိုယ့်သား အတွက်တော့ စဉ်းစားသင့်တယ်"
"မင်း မင်း ဒီ မိစ္ဆာကောင်"
ခိုယွမ်ရှန်းက သွားကြိတ်ကာ ဒေါသတကြီး ဆဲဆိုလိုက်သည်။
"မင်းက မြင့်မြတ်တယ် မင်းက ကြီးကျယ်တယ်ပေါ့ မင်းတို့ ရေကြောင်းကုန်သွယ်ရေးဂိုဏ်းက ဒီနှစ်တွေ တစ်လျှောက်လုံး အင်အားချဲ့ထွင်ဖို့ အတွက် မိသားစု ဘယ်နှစုကိုများ ပျက်စီးစေခဲ့လဲ မင်းက ဝေါ့ဟူတောင်နဲ့ ပူးပေါင်းပြီး လူဘယ်နှယောက်ကို သေစေခဲ့လဲ အခုကျတော့ မင်းက ငါ့ကို လာပြီး အပြစ်တင်နေတယ်ပေါ့ ဟက် ဟက် ဟက်"
ကျန်းချဲ့က ရယ်မောလိုက်ပြီး သူ၏ မျက်လုံးများထဲတွင် လှောင်ပြောင်သည့် အရိပ်အယောင်များ ပြည့်နှက်နေပေသည်။
သူတို့ အားလုံးက လူကောင်းတွေ မှ မဟုတ်တာ... အခုကျမှ သူ့ကို ကိုယ်ကျင့်တရားနဲ့ လာပြီး ဆုံးမနေသေးတယ်...
"ပြဿနာက မိသားစု အပေါ် မသက်ရောက်စေရဘူးလေ"
"အရမ်း ကလေးဆန်လွန်းတယ် ပြောစမ်း မွေးရာပါ ဝိညာဉ်စွမ်းအင်က ဘယ်မှာလဲ မင်းသားက အသားအရေ နုနယ်တော့ ဓားဒဏ်ကို သိပ်ခံနိုင်မှာ မဟုတ်ဘူး"
ကျန်းချဲ့၏ မျက်လုံးများက နှစ်ပေါင်းများစွာ ငါးသတ်လာသော သားသတ်သမား တစ်ယောက်လို အေးစက် ခက်ထန်နေပေသည်။
"ငါသာ ပြောလိုက်ရင် ငါတို့ နှစ်ယောက်လုံး အသက်ရှင်နိုင်မှာ မဟုတ်ဘူး"
"ငါ အာမခံပါတယ်"
"ငါ မင်းကို မယုံဘူး"
ခိုယွမ်ရှန်း အနေဖြင့် သူတို့ သားအဖ၏ အသက်အန္တရာယ်ကို သာမန် ကတိစကား တစ်ခု အပေါ်တွင် ဘယ်လိုလုပ်ပြီး ပုံအပ်ထားနိုင်မည်နည်း။
"မင်း လိုချင်တဲ့ အပေးအယူကို ပြော ကုန်ကုန်ပြောရရင် မွေးရာပါ ဝိညာဉ်စွမ်းအင် သတင်းကို ငါ သေချာပေါက် သိရမှ ဖြစ်မယ် ငါ ခိုချင်းကို ဖမ်းမိဖို့ ဘယ်လောက်တောင် အားထုတ်ခဲ့ရလဲ ဆိုတာ မင်း သိသင့်တယ် ဒီနေရာမှာ မင်းနဲ့ အချိန်ဖြုန်းနေမှာ မဟုတ်ဘူး"
ကျန်းချဲ့က လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"ချင်းလေးကို အရင် သွားခွင့်ပြုလိုက် သူ လုံခြုံတဲ့ နေရာကို ရောက်ပြီး ငါ့ဆီကို စာပို့လာတဲ့ အချိန်ကျရင် မင်းကို ငါ ပြောပြမယ်”