အခန်း ၈၁၅
Vol. 55 Ch. 815
အခန်း (၈၁၅) - တိုက်ပွဲ စတင်ခြင်း.. ရှေးဟောင်း အင်မော်တယ် နယ်မြေ.. (၂)
ဒီလိုလား...
မြေကမ္ဘာ အင်မော်တယ် စံအိမ်မှ စံအိမ်သခင် ဖန်ရှောင်.. ဟွမ်ရှီထောင်.. ပြီးတော့ လေးစားကြည်ညိုဖွယ်ရာ ကောင်းလှသော ဘိုးဘေးများနှင့် မူလဝိညာဉ် အရှင်သခင်ကြီးများ အားလုံးသည် တိတ်ဆိတ်ငြိမ်သက်သွားကြရင်း ဤမမျှော်လင့်ဘဲ ကြုံတွေ့လိုက်ရသော သတင်းဆိုးကို ရင်ထဲတွင် ဖြည်းညင်းစွာ ကျေနပ်နေမိကြကုန်၏။
အခြေအနေ အရပ်ရပ်က အနည်းငယ် ထူးဆန်းနေသည်။
ရွှမ်လိပ် ပင်လယ် မျိုးနွယ်စုကသာ တကယ်တမ်း လှုပ်ရှားခဲ့သည်ဆိုပါက ဘာဖြစ်လို့ သူတို့သည် တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာထဲတွင် မတိုက်ခိုက်ကြဘဲ ချန်ကု အင်မော်တယ် မြို့တော် အထိ သွားပြီးမှ အင်မော်တယ် တစ်သောင်း နန်းတော်၏ တာအိုသားတော်ကို လုပ်ကြံသတ်ဖြတ်ရန် ရွေးချယ်ခဲ့ကြတာလဲ။
ထို့အပြင် ရွှမ်လိပ် ပင်လယ် မျိုးနွယ်စု၏ လုပ်ဆောင်ချက်က ကူရှောက်ခွန်းကို ထွက်ပြေးခွင့် လုံးဝမပေးခဲ့ဘဲ အလွန် ထိရောက်လှပေသည်။
ကြည့်ရသည်မှာ ရွှမ်လိပ် ပင်လယ် မျိုးနွယ်စုသည် ကြိုတင်ပြီး စနစ်တကျ အကွက်ချ ကြံစည်ထားခဲ့ပုံ ရပြီး ချန်ကု အင်မော်တယ် မြို့တော် တွင် အင်မော်တယ် တစ်သောင်း နန်းတော်အတွက် သွေးပျက်ဖွယ်ရာ ထောင်ချောက်တစ်ခုကို ဆင်ထားခဲ့ခြင်း ဖြစ်ရပေမည်။
တာအိုဆရာ ထျန်းယွီသည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူရှိုက်လိုက်ရင်း လေးနက်သော လေသံဖြင့် ပြောဆိုလာခဲ့၏။
“ရွှမ်လိပ် ပင်လယ် မျိုးနွယ်စုဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာကျော်တုန်းက ငါတို့ တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာရဲ့ လူသား မျိုးနွယ်စုတွေကို ရန်မူဖို့ မိစ္ဆာမျိုးနွယ်စုတွေကို အတင်းအကျပ် သွေးထိုးလှုံ့ဆော်ခဲ့ဖူးတယ်... အခုကျတော့ သူတို့ဟာ အင်မော်တယ် တစ်သောင်း နန်းတော်ရဲ့ ဝိညာဉ် ခန္ဓာကိုယ် တာအိုသားတော် ကို ချောင်းမြောင်း တိုက်ခိုက် သတ်ဖြတ်ပစ်ခဲ့ပြီး အင်မော်တယ် တစ်သောင်း နန်းတော်ရဲ့ အခြေခံ အမြစ်ကို ဖြတ်တောက်လိုက်ပြန်ပြီ...”
“သူတို့... သူတို့ဟာ ကျုပ်တို့ တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာကို အပိုင်သိမ်းဖို့ ရည်ရွယ်ချက်ကို ခုထက်ထိ လုံးဝ လက်မလျှော့သေးဘူး...”
“စံအိမ်သခင်... ကျုပ်တို့ ဒီကိစ္စကို အထူး သတိထားပြီး ကာကွယ်ရမယ်... ရွှမ်လိပ် ပင်လယ် မျိုးနွယ်စုက ကျုပ်တို့ တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာထဲကို ခိုးဝင်လာပြီး ကျုပ်တို့ မြေကမ္ဘာ အင်မော်တယ် စံအိမ် နဲ့ အခြား အင်မော်တယ် ဂိုဏ်းတွေက ပါရမီရှင် ကလေးတွေကို ကျုပ်တို့ သတိမထားမိခင်မှာတင် ချောင်းမြောင်း တိုက်ခိုက်တာမျိုး မဖြစ်အောင် သူတို့ကို မမှိတ်မသုန် စောင့်ကြည့်ရမယ်...”
“အဲဒီအချိန်ကျမှ တို့လူတွေ အသက်ဆုံးရှုံးသွားခဲ့ရင် အရာအားလုံး နောက်ကျသွားလိမ့်မယ်...”
ဖန်ရှောင်သည် ခေါင်းကို လေးနက်စွာ ညိတ်ပြလိုက်၏။
တာအိုဆရာ ထျန်းယွီ၏ စကားများက အလွန် ကျိုးကြောင်းဆီလျော်သည်ဟု သူမ ခံစားမိသည်။
ရုတ်တရက် သူမသည် အင်မော်တယ် ဂိုဏ်း၏ ခမ်းနား ကြီးကျယ်သော ခန်းမကြီးတစ်ခုလုံးကို လိုက်လံ အကဲခတ်ကြည့်မိလိုက်စဉ် သူမ၏ ဦးလေးငယ်၏ အရိပ်အယောင်ကို လုံးဝ မတွေ့ရချေ။
ဖန်ရှောင် ချက်ချင်း ဝေခွဲမရစွာဖြင့် မေးမြန်းလိုက်သည်။
“ကျွန်မရဲ့ ဦးလေးငယ်ကော... သူ ဘယ်ကို သွားနေတာလဲ...”
ဟွမ်ရှီထောင်က ဝန်ခံ လျှောက်ထားလာခဲ့၏။ “သူက တံခါးပိတ် ကျင့်ကြံတော့မယ်လို့ ပြောခဲ့တယ်... ကျွန်တော့်ကိုလည်း အနားကနေ လိုက်ခွင့်မပြုဘူး... သူ ဘယ်နေရာကို သွားနေတာလဲဆိုတာ ကျွန်တော်လည်း မသိဘူး...”
ထိုစကားကို ကြားလိုက်ရသောအခါ ဖန်ရှောင် စိုးရိမ် ပူပန်လာမိပြီး ပြောလာခဲ့၏။
“ကျွန်မရဲ့ ဦးလေးငယ်ကို တွေ့အောင် မြန်မြန် ရှာကြစမ်းပါ... အခု ရွှမ်လိပ် ပင်လယ် မျိုးနွယ်စုက ဒီလောက်တောင် ဆိုးဆိုးဝါးဝါး သောင်းကျန်းနေမှတော့ သူတို့ရဲ့ နောက်ထပ် ပစ်မှတ်က ဦးလေးငယ် ဖြစ်မသွားနိုင်ဘူးလို့ မပြောနိုင်ဘူးရှင်...”
သူတို့သည် ထိုအရေးပေါ် ပြဿနာနှင့် ပတ်သက်ပြီး အကြာကြီး တိုင်ပင်ဆွေးနွေးခဲ့ကြပြီးနောက် နောက်ဆုံးတွင် တာ့ချန်း အင်မော်တယ် မဟာမိတ်အဖွဲ့ကြီး၏ အစည်းအဝေးတစ်ခုကို ဖိတ်ခေါ်ကျင်းပရန်ပင် အကွက်ချ ကြံစည်လိုက်ကြတော့သည်.. ဒါမှ တာ့ချန်း အင်မော်တယ် လောကရှိ ဂိုဏ်းအားလုံး ရွှမ်လိပ် ပင်လယ် မျိုးနွယ်စု၏ တိုက်ခိုက်မှုများကို ကြိုတင်ပြီး သတိကြီးစွာ ကာကွယ်နိုင်ကြမည် မဟုတ်ပါလား။
အင်မော်တယ် တစ်သောင်း နန်းတော်၏ ဝိညာဉ် ခန္ဓာကိုယ် တာအိုသားတော် ချောင်းမြောင်း သတ်ဖြတ်ခြင်း ခံလိုက်ရသည်ဟူသော သတင်းဆိုးကြီးနှင့် အင်မော်တယ် တစ်သောင်း နန်းတော်သည် ရွှမ်လိပ် ပင်လယ် မျိုးနွယ်စု၏ ရန်မူခံရတော့မည်ဟူသော အခြေအနေများကြောင့် ကိုးဝိညာဉ်တောင်တန်းတွင်မူ အပျော်ဆုံး ဖြစ်နေကြ၏။
ကိုးဝိညာဉ်တောင်တန်းသည် လွန်ခဲ့သော ကာလများက ဘုတုဗုဒ္ဓဂိုဏ်း၏ အတင်းအကျပ် လုယူခြင်းကို ခံခဲ့ရပြီး သူတို့၏ အကြီးစ အင်မော်တယ် မြို့တော် နှစ်မြို့လုံး သွေးသံရဲရဲဖြင့် ခြေဖျက် သုတ်သင် ခံခဲ့ရဖူးသည်။
ထို့အပြင် အခြားသော အင်မော်တယ် မြို့တော် နှစ်မြို့သည်လည်း အင်မော်တယ် တစ်သောင်း နန်းတော်၏ လက်ထဲသို့ ကျရောက်သွားခဲ့ရပြီး ယနေ့ထက်တိုင် ပြန်လည် မသိမ်းပိုက်နိုင်သေးချေ။
ဤနှစ်များအတွင်း ဘုတုဗုဒ္ဓဂိုဏ်းကို တာ့ချန်း အင်မော်တယ် မဟာမိတ်အဖွဲ့ကြီးက စုပေါင်းပြီး မောင်းထုတ်ပေးခဲ့သည်မှာ မှန်သော်လည်း ကိုးဝိညာဉ်တောင်တန်း၏ ဆုံးရှုံးသွားခဲ့ရသော အရာများကိုမူ မည်သည့်နည်းနှင့်မျှ ပြန်လည် မရရှိနိုင်ခဲ့ကြတော့ချေ။
ထို့အပြင် အင်မော်တယ် တစ်သောင်း နန်းတော်ကလည်း ကိုးဝိညာဉ်တောင်တန်းအပေါ် ကျူးကျော် လုယက်ခြင်းကို ဘယ်တုန်းကမှ မရပ်တန့်ချေ။ အင်မော်တယ် တစ်သောင်း နန်းတော်နှင့် ကိုးဝိညာဉ်တောင်တန်း ကြားမှ ပြဿနာများကို တာ့ချန်း အင်မော်တယ် မဟာမိတ်အဖွဲ့ကြီးက ဝင်ရောက် စီမံပေးခြင်းလည်း မရှိသလို ဝင်၍လည်း မစီမံနိုင်ကြချေ။
ပြောရမည်ဆိုလျှင် ဘုတုဗုဒ္ဓဂိုဏ်းကို မောင်းထုတ်ပြီးသွားခဲ့သည့်တိုင်အောင် ကိုးဝိညာဉ်တောင်တန်း၏ အခြေအနေက တိုးတက်လာခြင်း မရှိခဲ့ပါချေ။
ပြီးတော့ သူတို့ ပထမဆုံး မဟာမိတ်အဖွဲ့ ဖွဲ့စည်းခဲ့စဉ်ကထက်ပင် ပို၍ ဆိုးရွားသော ဘဝသို့ ရောက်ရှိနေရဆဲ ဖြစ်သည်။
ယခုအခါတွင်
ကိုးဝိညာဉ်တောင်တန်း၏ အင်မော်တယ် ခန်းမမကြီးအတွင်း၌ စံအိမ်သခင် နတ်မိမယ် ကျိုလင်သည် မဟာအကြီးအကဲများနှင့်အတူ ကူရှောက်ခွန်း ကွယ်လွန်သွားသည့် ကိစ္စနှင့် ပတ်သက်၍ အလေးအနက် ဆွေးနွေးနေကြ၏။
“စံအိမ်သခင်... အင်မော်တယ် တစ်သောင်း နန်းတော်က ဝိညာဉ် ခန္ဓာကိုယ် တာအိုသားတော် ကျဆုံးသွားတာက သူတို့အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီး ဖြစ်ပြီး ကျုပ်တို့အပေါ် ရန်စမယ့် ဘေးအန္တရာယ်တစ်ခု လျော့နည်းသွားတာ မှန်ပါတယ်... ဒါပေမယ့် ဒါက သာမန် ကိစ္စတစ်ခုပါပဲ... သူ အသက်ရှင်နေဦးတော့လည်း ကျုပ်တို့ ကိုးဝိညာဉ်တောင်တန်းကို ချက်ချင်း လာပြီး ဖျက်ဆီးပစ်နိုင်တာမှ မဟုတ်တာ...” မဟာအကြီးအကဲ တစ်ယောက်က စကားဆိုလာခဲ့သည်။
“ကျုပ်တို့ အခု အရေးတကြီး စဉ်းစားရမှာက အင်မော်တယ် တစ်သောင်း နန်းတော်ရဲ့ ကျူးကျော် လုယက်မှုတွေကို ဘယ်လို ရင်ဆိုင် တိုက်ထုတ်ရမလဲ ဆိုတာပဲ...”
“ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင်တော့ အင်မော်တယ် တစ်သောင်း နန်းတော်က ကျုပ်တို့ကို သေသေချာချာ လာမတိုက်ရင်တောင် ကျုပ်တို့ ကိုးဝိညာဉ်တောင်တန်းဟာ ကိုယ့်ဘာသာကိုယ် ပျက်စီးသွားရတော့မှာ...”
ကိုးဝိညာဉ်တောင်တန်း၏ ပထမအကြီးအကဲက ပူပန်ခြင်းအပြည့်ဖြင့် မျက်နှာကို တင်းမာလျက် ပြောဆိုလာခဲ့လေသည်။
ယခုအခါ အင်မော်တယ် တစ်သောင်း နန်းတော်က အကွက်ချ စနစ်တကျနှင့် ကိုးဝိညာဉ်တောင်တန်းမှ လူများကို တဖြည်းဖြည်း ခြေရာခံ လုယူနေပြီး အရင်းအမြစ်များကိုလည်း ဖြုန်းတီးပစ်နေသည်။
သူတို့သည် အမြစ်ကနေ စပြီး ကိုးဝိညာဉ်တောင်တန်းကို ဖြည်းဖြည်းချင်း ဖျက်ဆီးနေကြခြင်းပင်။
ဤနည်းအားဖြင့် အင်မော်တယ် တစ်သောင်း နန်းတော်က ခွန်အား အနည်းငယ်မျှသာ သုံးလိုက်ရသော်လည်း အကျိုးကျေးဇူးကိုမူ အများဆုံး ရရှိနေကြသည် မဟုတ်ပါလား။
ပြီးတော့ ထိုကဲ့သို့သော ဗျူဟာကို ကိုးဝိညာဉ်တောင်တန်း အနေဖြင့် မည်သို့မျှ ဖြေရှင်း၍ မပြေလည်နိုင်အောင် ဖြစ်နေရ၏။ သူတို့၏ ဂိုဏ်းသားများ.. မဟာအကြီးအကဲများနှင့် ကိုးဝိညာဉ်တောင်တန်း၏ ပိုင်နက်အတွင်းရှိ မိသားစုများနှင့် အင်အားစု အားလုံးတို့သည် ယခုအခါတွင် တဖြည်းဖြည်းနှင့် သစ္စာဖောက်ကာ အဝေးသို့ ထွက်ပြေးနေကြပြီ ဖြစ်သည်။
သည်အတိုင်းသာ ဆက်သွားနေမည် ဆိုလျှင်တော့ ကိုးဝိညာဉ်တောင်တန်းတွင် လူဟူ၍ ကျန်ရှိတော့မည် မဟုတ်ပေ။
အင်မော်တယ် တစ်သောင်း နန်းတော်က အပြင်းအထန် လာမတိုက်ခင်မှာတင် ကိုးဝိညာဉ်တောင်တန်းက အရင်ဆုံး သေဆုံးသွားရပေလိမ့်မည်။
နတ်မိမယ် ကျိုလင်၏ ရင်ထဲမှ အပျော်များ ချက်ချင်း ပျောက်ကွယ်သွားခဲ့ရပြီး ပူပန်သောကရောက်သည့် အမူအရာများ မျက်နှာတွင် ပြန်လည် ထင်ဟပ်လာတော့သည်။
သူမက ခန်းမကြီးအတွင်းရှိ မဟာအကြီးအကဲ အားလုံးကို စိုက်ကြည့်ရင်း အေးစက်စွာ မေးမြန်းလိုက်၏။ “အကြီးအကဲတို့မှာကော ဒါကို ဖြေရှင်းဖို့ နည်းလမ်း တစ်ခုခု ရှိကြလား...”
ပထမအကြီးအကဲက ပြန်လည် တင်ပြလာခဲ့သည်။
“ကျုပ် သဘောကတော့ အရင်အတိုင်းပါပဲ... မြေကမ္ဘာ အင်မော်တယ် စံအိမ်ရဲ့ ဝင်ရောက် ကူညီမှုကလွဲရင် အင်မော်တယ် တစ်သောင်း နန်းတော်ကို ဘယ်သူမှ မတားနိုင်ပါဘူး...”
သူ၏ ဇရာ
အရေးအကြောင်းများထင်နေသော မျက်လုံးအစုံက လူတိုင်းကို ဝေ့ပတ်ကြည့်လိုက်ပြီး နောက်ဆုံးတွင် နတ်မိမယ် ကျိုလင်ထံ အဆုံးသတ်သွားကာ လေးနက်စွာ လျှောက်ထားလာခဲ့၏။
“မြေကမ္ဘာ အင်မော်တယ် စံအိမ်ကလည်း ကျုပ်တို့ ကိုးဝိညာဉ်
တောင်တန်းအပေါ် မကောင်းတဲ့ စိတ်ဓာတ်တွေ ရှိနေတာ ဖြစ်နိုင်ပါတယ်... ဒါပေမယ့် သူတို့က လောဘကြီးတယ် ဆိုဦးတော့ အင်မော်တယ် တစ်သောင်း နန်းတော်က ကျုပ်တို့ကို ဝါးမြိုပစ်ချင်နေတဲ့ စိတ်လောက်တော့ မပြင်းထန်နိုင်ပါဘူး...”
“ဒီအတိုင်း ထိုင်ပြီး အသေခံနေမယ့်အစား ကျုပ်တို့ အခုပဲ မြေကမ္ဘာ အင်မော်တယ် စံအိမ်ဘက်ကို လုံးဝ လှည့်လိုက်ပြီး သူတို့ကို ဝင်ကူခိုင်းလိုက်တာက ပိုကောင်းပါလိမ့်မယ်...”
“ကျုပ်တို့ ကိုးဝိညာဉ်တောင်တန်း အနေနဲ့ အသက်ရှင်ကျန်ရစ်ဖို့ ဆိုရင်တော့ အခုလို သေရေးရှင်ရေး ဆုံးဖြတ်ချက်မျိုးကို ပြတ်ပြတ်သားသား ချရပါတော့မယ်...”
ထိုစကားကြောင့် ကိုးဝိညာဉ်တောင်တန်းမှ မဟာအကြီးအကဲများ အားလုံး အပြင်းအထန် ငြင်းခုံဆွေးနွေးကြတော့သည်.. စကားများ ငြင်းခုံကြရင်း မပြီးနိုင်မစီးနိုင် ဖြစ်နေကြရ၏။
မဟာအကြီးအကဲ အချို့ကမူ ထိုသူသည် အလွန်အမင်း ကြောက်လန့်တုန်လှုပ်ပြီး လျှောက်ပြောနေခြင်း ဖြစ်သည်ဟု ယူဆကြသည်။ မည်သို့ပင်ဖြစ်စေ သူတို့သည် သိုင်းလောကတွင် အဆင့်အတန်းမြင့်မားသော အင်မော်တယ် ဂိုဏ်းကြီးတစ်ခုလေ။
ပကတိ ဟင်းလင်းပြင်အဆင့် ပညာရှင်ကြီး ကာကွယ်ထားသည် ဖြစ်ရာ အင်မော်တယ် တစ်သောင်း နန်းတော်က ခွန်အား အကုန်ထုတ်၍ လာတိုက်လျှင်ပင် ကိုးဝိညာဉ်တောင်တန်းကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်မှာ မဟုတ်ပေ။
ဒီလို အခြေအနေမျိုးမှာ ကျုပ်တို့ ဘာလို့ အရှုံးပေးရမှာလဲ.. သူတို့နဲ့ အချိန်ကြာကြာ တောင့်ခံပြီး တိုက်ခိုက်ရုံပေါ့.. နောက်ဆုံး ရှုံးနိမ့်သွားရဦးတော့လည်း ကျုပ်တို့က အင်မော်တယ် တစ်သောင်း နန်းတော်နဲ့ အတူတူ သေရဲရမယ်... ဒါမှမဟုတ်ရင်လည်း အင်မော်တယ် တစ်သောင်း နန်းတော်က ပါရမီရှင် ကလေးတွေကို လျှို့ဝှက်စွာဖြင့် လိုက်လံ သတ်ဖြတ်ပစ်ရုံပေါ့..
မည်သို့ပင်ဆိုစေ ကိုးဝိညာဉ်တောင်တန်း အနေဖြင့် ပြောင်းလဲမှုတစ်ခုခုကိုတော့ ပြုလုပ်ရန် အချိန်ရောက်လာခဲ့ပြီ ဖြစ်သည်။
မြေကမ္ဘာ အင်မော်တယ် စံအိမ်ထံသို့ လုံးဝ အညံ့ခံမည့် အစီအစဉ်ကို တာအိုသခင် ကျိုလင်က သဘောမတူခဲ့သော်လည်း အခြားသော အစီအစဉ်များ ဖြစ်သည့် အင်မော်တယ် တစ်သောင်း နန်းတော်နှင့် သေရာပါ ရန်ငြိုးအဖြစ် အပြတ်အသတ် တိုက်ခိုက်ကြရန်နှင့် လိုအပ်လာပါက အတူတူ သေပစေဟူသော ဆုံးဖြတ်ချက်များကိုမူ တာအိုသခင် ကျိုလင်က လုံးဝ သဘောတူ လက်ခံလိုက်လေသည်။
ဘယ်လိုမှ နောက်ဆုတ်လို့မရတော့တဲ့ အခြေအနေမျိုးကို မရောက်မချင်းတော့ ကိုးဝိညာဉ်တောင်တန်း အနေဖြင့် မိမိတို့၏ အခြေခံအုတ်မြစ်ကို အခြားလူများ၏ လက်ထဲသို့ အလွယ်တကူ အပ်နှံလိုက်မည် မဟုတ်ပါချေ။
ခြောက်လ ကုန်ဆုံးသွားခဲ့ပြီးနောက်။မှတော့