အခန်း ၈၁၉
Vol. 55 Ch. 819
အခန်း (၈၁၉) - အဆင့်ငါး ကန်းကျင်း ကောင်းကင်ဓား ကျင့်စဉ်နှင့် ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ် (၂)
အဆင့်ငါး အဆင့်နိမ့် မှော် အခင်းအကျင်းများနှင့် ပတ်သက်၍မူ စုယွီသည် သူ၏ ဆရာ တာအိုဆရာ ထျန်းယွီ ချန်ရစ်ခဲ့သော ကောင်းကင်နှင့်မြေကမ္ဘာကို ပြောင်းပြန်လှန်နိုင်စွမ်း ရှိသည့် ကြယ်မြစ် မဟာ အခင်းအကျင်းအား အောင်မြင်စွာ နားလည်သဘောပေါက်သွားခဲ့ပြီ ဖြစ်၏။
၎င်းကား ကောင်းကင်နှင့်မြေပြင်ကို အာခံနိုင်စွမ်း ရှိသည့် ထူးဆန်း ဆန်းကြယ်လှသော အခင်းအကျင်းကြီး တစ်ခုပင် ဖြစ်တော့သည်။
တစ်နှစ်တာ အချိန်ကာလသည် မျက်တောင်တစ်ခတ်အတွင်း ကုန်လွန်သွားခဲ့ပြန်ပြီပင်။
ယခုအခါ ချန်ကု အင်မော်တယ် မြို့တော်ကြီးတစ်ခုလုံးသည် သိသိသာသာ ငြိမ်သက်တိတ်ဆိတ်သွားခဲ့ရပြီး ထိပ်သီးမျိုးနွယ်စုကြီး ငါးခုမှ ပါရမီရှင် သိုင်းသမားအချို့သည်လည်း မြို့တော်အတွင်း၌ အရိပ်အယောင်ပင် မပြဘဲ လုံးဝ ပျောက်သွားကြလေ၏။
၎င်းတို့အားလုံးသည် မိစ္ဆာမျိုးနွယ်စုများနှင့် သွေးချင်းချင်းနီအောင် ယှဉ်ပြိုင်တိုက်ခိုက်ရန် ရှေးဟောင်း ဝိညာဉ် အပျက်အစီး နယ်မြေဆီသို့ ထွက်ခွာသွားခဲ့ကြပြီမှာ ယုံမှားဖွယ်မရှိချေ။
ထိုထိပ်သီးမျိုးနွယ်စုကြီး ငါးခုမှ လူများအပြင် အခြားသောအင်အားစုများမှ ပါရမီရှင်များနှင့် ခွန်အားကြီးမားလှသော တသီးပုဂ္ဂလ ကျင့်ကြံသူများ.. ထူးချွန်ထက်မြက်လှသော ပါရမီရှင်များစွာတို့သည်လည်း ထိုနေရာသို့ အပြေးအလွှား ထွက်ခွာသွားခဲ့ကြလေသည်။
တာ့ယန် အင်မော်တယ် မင်းဆက်နှင့် အင်မော်တယ် တစ်သောင်း နန်းတော်တို့မှ လွဲ၍ပေါ့လေ။
မည်သို့ပင်ဆိုစေကာမူ ၎င်းတို့နှစ်ခုမှာ လက်ရှိအချိန်တွင် ဆန်းကြယ်လှသော ရွှမ်လိပ် ပင်လယ်မျိုးနွယ်စုဝင်ဖြစ်သည့် ရွှမ်လိပ် ပင်လယ်မျိုးနွယ်စုနှင့် ရင်ဆိုင်တိုက်ခိုက်ရန် ပြင်းထန်လှသော စစ်ပွဲကြီးတစ်ခုအတွက် အသည်းအသန် ပြင်ဆင်နေရသဖြင့် ကျဉ်းထဲကျပ်ထဲ ရောက်နေကြရသောကြောင့်ပင်ပင်။
ထိုစစ်ပွဲကြီးသည် မည်မျှအထိ ကြာမြင့်မည်ဆိုသည်ကိုမူ မည်သူမှ တပ်အပ်မပြောနိုင်ကြသေးချေ။
ကျင့်ကြံခြင်း လောကကြီးနှင့် ကျယ်ပြောလှသော ပင်လယ်နယ်နိမိတ် တစ်ခုလုံးကို အုပ်စိုးနေသည့် ပင်လယ်မျိုးနွယ်စုကြီး တစ်ခုကို စစ်ပွဲဆင်နွှဲရန်ဟူသည်မှာ ဘယ်နည်းနှင့်မျှ လွယ်ကူသော အမှုကိစ္စတစ်ခု မဟုတ်ပေ။
သို့သော်လည်း အကယ်၍ ၎င်းတို့သာ ရွှမ်လိပ် ပင်လယ်မျိုးနွယ်စုကို အပြတ်အသတ် မတိုက်ခိုက်ဘဲ နောက်ဆုတ်ခဲ့ကြဦးမည်ဆိုပါက တာ့ယန် အင်မော်တယ် မင်းဆက်နှင့် အင်မော်တယ် တစ်သောင်း နန်းတော်တို့သည် ချန်ကျိုးနယ်မြေတစ်ခုလုံး၏ ဟာသကြီး ဖြစ်သွားကြရမည်မှာ သေချာလှသလို ရွှမ်လိပ် ပင်လယ်မျိုးနွယ်စု၏ အရိပ်ဆိုးကြီးအောက်တွင်လည်း တစ်သက်လုံး နာကျည်းစွာ နေထိုင်သွားကြရပေလိမ့်မည်။
စုယွီ ချန်ကု အင်မော်တယ် မြို့တော်သို့ ရောက်ရှိနေခဲ့သည်မှာ ဆယ်နှစ်တိတိ ပြည့်မြောက်သွားခဲ့ပြီ ဖြစ်၏။
ဂူစံအိမ်အတွင်း၌..
စုယွီသည် သူ၏ ကန်းကျင်း ကောင်းကင်ဓား ကျင့်စဉ်ကို လှည့်ပတ်လိုက်ရင်းမှ အဆင့်နိမ့် မှော်လက်နက် ဟွမ်ထျန်းလင်းယင်း အား သူ၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်စေလိုက်ပြန်၏။
(ဟွမ်ထျန်းလင်းယင်း.. အဲ့လိုပဲ ရေးထားပါတယ်နော်။ ><)
ယခင်က စုယွီ.. တိုက်ပွဲများအတွင်းမှ ရရှိထားခဲ့ဖူးသော အဆင့်နိမ့် မှော်လက်နက် တိုက်ပွဲဝင်ပစ္စည်းပေါင်း နှစ်ဆယ်ကျော်လုံးသည် ယခုအခါ သူ၏ ကန်းကျင်း ကောင်းကင်ဓား ကျင့်စဉ်အား တစ်ဟုန်ထိုး တိုးတက်လာစေရန်အတွက် အဖိုးတန် ကျင့်ကြံရေး စွမ်းအားအရင်းအမြစ်များ ဖြစ်သွားခဲ့ကြရပြီ။
မှော်လက်နက်များကို အောင်မြင်စွာ သန့်စင်သွားခဲ့ပြီးနောက် စုယွီ ခန္ဓာကိုယ်တစ်ခုလုံးမှ ထွက်ပေါ်လာသည့် ကျင့်ကြံမှုအရှိန်အဝါသည် သိသာလှစွာ ပြောင်းလဲသွားခဲ့ရလေပြီ။
သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် ဝိညာဉ်စွမ်းအားသည် အင်မော်တယ် တောင်ကြီးတစ်လုံးပမာ ထူထဲလေးလံလှပေသည်။
ဂူစံအိမ်၏ ဗဟိုချက်တွင် တင်ပျဉ်ခွေထိုင်နေသော သူ၏ ပုံစံသည် ကျောက်ရုပ်ကြီးပမာဖြစ်နေပြီး မည်သူမျှ ကိုင်လှုပ်၍ မရနိုင်လောက်သော အရှိန်အဝါမျိုးက လွှမ်းခြုံနေ၏။
ထိုအရှိန်အဝါများအကြား၌ ဖုံးကွယ်ထားသည့် လူသတ် အငွေ့အသက်အချို့ ဖြာထွက်လာခဲ့ရာ ကောင်းကင်နှင့်မြေကြီးပင်လျှင် သိသိသာသာ လှုပ်ယမ်းသွားခဲ့ရတော့သည်။
စုယွီအနေဖြင့် နောက်ထပ် အရှိန်အဝါ အနည်းငယ်မျှသာ ထပ်မံထုတ်ဖော်လိုက်ဦးမည်ဆိုပါက လေဟာနယ်ကြီး တစ်ခုလုံးကိုပင် အစိတ်စိတ်အမြွာမြွာ ဖြိုခွဲဖျက်ဆီးပစ်နိုင်သလို ခံစားရပေလိမ့်မည်။
စုယွီသည် အသက်ကို ပြင်းစွာ ရှူထုတ်လိုက်ရင်းမှ သူ၏ စိတ်အာရုံကို ကျင့်ကြံမှုအဆင့် မျက်နှာပြင်ဆီသို့ ပို့ဆောင်ကာ အကဲခတ်ကြည့်လိုက်၏။
ကျင့်စဉ်အတတ်ပညာ- ကန်းကျင်း ကောင်းကင်ဓား ကျင့်စဉ် (စတုတ္ထအလွှာ.. ကျွမ်းကျင်မှု အပြည့်အဝ)။
သူ၏ ကန်းကျင်း ကောင်းကင်ဓား ကျင့်စဉ်သည် စတုတ္ထအလွှာ၏ အထွတ်အထိပ်အဆင့်သို့ ပြည့်ပြည့်စုံစုံ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။
'နောက်တစ်ဆင့် တက်လှမ်းနိုင်ဖို့အတွက်ဆိုရင် ငါ့မှာရှိတဲ့ အလယ်အလတ်အဆင့် အဆင့်မြင့်မှော်လက်နက် တစ်ခုခုကို အရည်ကျိုပြီး ခန္ဓာကိုယ်ထဲ သွတ်သွင်းမှ ရတော့မယ်’
စုယွီသည် ရင်ထဲ၌ ကျိတ်၍ တွေးတောလိုက်မိ၏။
လက်ရှိအချိန်တွင် သူ၏ လက်ဝယ်၌ အလယ်အလတ်အဆင့် အဆင့်မြင့်မှော်လက်နက် လေးခု ရှိနေပေသည်။ ပထမတစ်ခုကား ချီသန့်စင်အိုး ဖြစ်ပြီး.. ဒုတိယတစ်ခုကား ဟင်းလင်းပြင် ကြေးအိုးငယ်လေး ဖြစ်၏။ တတိယတစ်ခုကမူ သူ၏လက်ထဲတွင် ရှိနေသော ယွင်ချန် လက်စွပ် ဖြစ်ပြီး နောက်ဆုံးတစ်ခုကား မီးဖီးနစ် ကောင်းကင်လေးနှင့်အတူ ရရှိထားခဲ့ဖူးသည့် ချပ်ဝတ် ဖြစ်ချေသည်။
၎င်းတို့၏ ကြီးကျယ်လှသော ဇာစ်မြစ်များကြောင့် စုယွီအနေဖြင့် ချီသန့်စင်အိုးနှင့် ဟင်းလင်းပြင် ကြေးအိုးငယ်လေးတို့ကို ဘယ်နည်းနှင့်မျှ အရည်ကျိုပြီး မဖျက်ဆီးပစ်ချေ။
ပစ္စည်းများ သိုလှောင်သည့် ယွင်ချန်လက်စွပ် ဟူသည်မှာလည်း ကျင့်ကြံသူတစ်ယောက်အဖို့ မရှိမဖြစ် လိုအပ်လှသော ရတနာတစ်ခု မဟုတ်ပါလား။
ချပ်ဝတ်ကတော့မူ ဖျက်ဆီးပစ်လျှင်လည်း ဘာမှ ကိစ္စမရှိလှချေ။
၎င်းကိုသာ မိမိ၏ ခန္ဓာကိုယ်အတွင်းပိုင်းသို့ အောင်မြင်စွာ သွေးသင်ပေါင်းစပ်နိုင်ခဲ့ဦးမည်ဆိုပါက သူ၏ ခန္ဓာကိုယ် ခုခံကာကွယ်မှု စွမ်းအားသည် နောက်ထပ်တစ်ဆင့် ထူးခြားစွာ ပြောင်းလဲသွားပေလိမ့်မည်။
ထိုအချိန်ကျလျှင် သူ၏ ရုပ်ခန္ဓာသည်ပင် အလယ်အလတ် အဆင့်မြင့်မှော်လက်နက်တစ်ခုပမာ သန်မာသွားပေတော့မည်။
'စလိုက်ကြတာပေါ့
စုယွီ၏ စိတ်အာရုံ လှုပ်ရှားသွားခဲ့သည်နှင့်အတူ ငွေဖြူရောင် အင်မော်တယ် အလင်းတန်းကြီးတစ်ခု ဝင်းခနဲ ထွက်ပေါ်လာခဲ့ပြီးနောက် ချပ်ဝတ်သည် သူ၏ လက်ထဲတွင် ဗြုန်းခနဲ ပေါ်ထွက်လာခဲ့ရလေသည်။ ထို့နောက် သူသည် ကောင်းကင်ဘုံကျင့်စဉ်ကို အဟုန်ပြင်းစွာ လှည့်ပတ်လိုက်ရာ ခန္ဓာကိုယ်တစ်ခုလုံးမှ ပြင်းထန်လှသော သွေးစွမ်းအင်များ ဝေါခနဲ ထွက်ပေါ်လာခဲ့ပြီး လက်ထဲမှ ချပ်ဝတ်ကို သွေးမီးလျှံကြီးတစ်ခုပမာ လွှမ်းခြုံဝါးမြိုသွားခဲ့ရတော့သည်။
အချိန်ကာလသည် ညင်သာစွာ ကုန်လွန်သွားခဲ့ပြန်ပြီပင်။
*
သုံးလကျော်ခန့် ကြာမြင့်သွားခဲ့ပြီးနောက်တွင်
သွေးစွမ်းအင်လှိုင်းလုံးကြီးများသည် ဂူစံအိမ်တစ်ခုလုံးကို မွှေနှောက်ဖုံးလွှမ်းသွားခဲ့ပြီး စုယွီ၏ ခန္ဓာကိုယ်အား အပြည့်အဝ ဝါးမြိုထားခဲ့လေရာ အလျှံငြီးငြီး သွေးမီးလျှံကြီး တစ်ခုသာ ရိပ်ခနဲ ရိပ်ခနဲ ပေါ်ထွန်းနေသည်ကို တွေ့မြင်ရပေလိမ့်မည်။
အခြားသော လှုပ်ရှားမှုများ လုံးဝ မရှိတော့ဘဲ စုယွီသည် စိတ်အာရုံကို တစ်ချက်လှုပ်ရှားလိုက်ရင်းမှ ပြင်းထန်လှသော သွေးစွမ်းအင်များကို ခန္ဓာကိုယ်အတွင်းသို့ ချက်ချင်း ပြန်လည်ရုပ်သိမ်းလိုက်ကာ ကန်းကျင်း ကောင်းကင်ဓား ကျင့်စဉ် လည်ပတ်မှုကို ဖြည်းဖြည်းချင်း ရပ်တန့်လိုက်တော့၏။
ဂူစံအိမ်တစ်ခုလုံးသည် စောစောကပဲ သဲသဲရုတ်ရုတ် ဆူညံမြည်ဟည်းခဲ့သည်ဟု ပြောလျှင် ယုံနိုင်ဖွယ်မရှိအောင် ငြိမ်သက်သွားလေတော့သည်။
သွေးစွမ်းအင်လှိုင်းလုံးကြီးများသည် ဒီရေလှိုင်းလုံးကြီးများ နောက်ဆုတ်သွားသကဲ့သို့ စုယွီ၏ ခန္ဓာကိုယ်အတွင်းသို့ ရုတ်ချည်း ပျောက်ကွယ်စိမ့်ဝင်သွားခဲ့ကြရပြီ ဖြစ်၏။
နောက်ဆုံးတွင် စုယွီလက်ထဲမှ သွေးမီးလျှံကြီးသည် သွေးရော ဝတ်ရုံကြီးတစ်ခုအသွင် ပြောင်းလဲသွားခဲ့ပြီး ခန္ဓာကိုယ်အတွင်းပိုင်းသို့ တစ်သားတည်း ပေါင်းစပ်သွားခဲ့လေပြီ။ စုယွီသည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေဆဲဖြစ်သော်လည်း သူ၏ ခန္ဓာကိုယ်ပေါ်တွင် သွေးရောင်တောက်နေသည့် ဝတ်ရုံသစ်ကြီးတစ်ထည် ဝတ်ဆင်ထားသကဲ့သို့ ခန့်ညားလှပနေတော့သည်။
သို့သော်လည်း ထိုသွတ်သွင်းလိုက်သော ဝတ်ရုံကြီးထံမှ ထွက်ပေါ်နေသည့် ကျင့်ကြံမှုအရှိန်အဝါသည် မူလဝိညာဉ် အဆင့် သတ္တမအလွှာထက်ပင် ပိုမို ကြောက်မက်ဖွယ်ကောင်းလှသော ဖိအားကို ပေးစွမ်းနေချေပြီ။
စုယွီ မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ရင်းမှ မိမိ၏ ခန္ဓာကိုယ်ပေါ်ရှိ သွေးဝတ်ရုံကြီးကို စိုက်ကြည့်ကာ လက်ဖြင့် အသာအယာ ထိတွေ့ကြည့်လိုက်မိ၏။ လွန်စွာ မာကျောလှသော အထိအတွေ့နှင့်အတူ ဆန်းကြယ်လှသော တာအို အစင်းကြောင်းများက ထင်ဟပ်ပေါ်လွင်နေလျက် တကယ့်ကို အစစ်အမှန် ဒြပ်ထုတစ်ခုပမာ ဖြစ်တည်နေတော့သည်။
'ငါ့ရဲ့ ရုပ်ခန္ဓာကိုယ် ခုခံစွမ်းအားဟာ အလယ်အလတ်အဆင့် အဆင့်မြင့်မှော်လက်နက်တစ်ခုနဲ့ တန်းတူ ဖြစ်သွားခဲ့ပြီ'
စုယွီသည် ရင်ထဲ၌ ဝမ်းသာမိသွား၏။
သူသည် ကျင့်ကြံမှု မျက်နှာပြင်ကို ထပ်မံ၍ အကဲခတ်ကြည့်လိုက်ပြန်ရာ
ကျင့်စဉ်အတတ်ပညာ- ဓာတ်ကြီးငါးပါး ကျင့်စဉ် (မူလဝိညာဉ် အဆင့် သတ္တမအလွှာ.. ကျွမ်းကျင်မှု ၈၃.၉၆%)၊ ရွှေပုစဉ်းရင်ကွဲကျင့်စဉ် (စတုတ္ထအလွှာ.. ၉၈.၇၁%)။
'ရွှေပုစဉ်းရင်ကွဲကျင့်စဉ်ကလည်း ပဉ္စမအလွှာကို ရောက်ရှိဖို့အတွက် အဆင့်ချိုးဖြတ်နိုင်တော့မယ်’
စုယွီသည် မျှော်လင့်ချက်များဖြင့် ရင်ခုန်သွားခဲ့ရပြီး သူ၏ မျက်ဝန်းအစုံ ဝင်းလက်သွားခဲ့ရတော့သည်။
အကယ်၍ ရွှေပုစဉ်းရင်ကွဲကျင့်စဉ်သာ ပဉ္စမအလွှာသို့ အောင်မြင်စွာ ချိုးဖြတ်တက်လှမ်းနိုင်ခဲ့ဦးမည်ဆိုပါက သူ၏ ဝိဉာဉ်စွမ်းအားသည် အဆင့်အတန်းတစ်ခုအထိ ထူးခြားစွာ ပြောင်းလဲသွားပေလိမ့်မည်။
၎င်းသည် ဝိညာဉ်ခွဲထွက် အဆင့် မူလဝိညာဉ်စွမ်းအား အဆင့်အတန်းမျိုးအထိပင် ထိုးဖောက်တက်လှမ်းသွားနိုင်ခြေ ရှိပေသည်။
ထိုအချိန်ကျရောက်လာခဲ့လျှင် သူ ခင်းကျင်းထိန်းချုပ်နိုင်မည့် အဆင့်နိမ့် အဆင့်ငါး ဝမ်ယင်း အဆောင်လက်ဖွဲ့စာရွက် အရေအတွက်သည်လည်း အဆမတန် များပြားလာတော့မည်မှာ သေချာလှပေရာ ယခင်က အဆင့်နိမ့် အဆင့်ငါး အဆောင်လက်ဖွဲ့စာရွက် ဆယ်ရွက်လောက်ကိုပင် အနိုင်နိုင် ထိန်းချုပ်ခဲ့ရရာမှ ယခုအခါတွင်မူ ဆယ်ဂဏန်းမက ရာဂဏန်းအထိပင် စိတ်ကြိုက် စီရင်ထိန်းချုပ်နိုင်စွမ်း ရှိလာပေတော့မည်။
ထိုအခါ သူ၏ တိုက်ခိုက်ရေးစွမ်းရည်သည် နောက်ထပ်တစ်ဆင့် ကမ္ဘာခြားသွားအောင် ထိုးတက်သွားပေလိမ့်မည်။
သူသည် ယွင်ချန်လက်စွပ်အတွင်းရှိ ပစ္စည်းများကို စစ်ဆေးကြည့်လိုက်ရာ နှစ်ပေါင်းများစွာအတွင်း အားလပ်သည့်အချိန်များ၌ အမှတ်မထင် ရေးဆွဲထားခဲ့ဖူးသော အဆင့်မြင့် အဆင့်လေး ဝမ်ယင်း အဆောင်လက်ဖွဲ့စာရွက်ပေါင်း တစ်ထောင်ကျော်ကို သိုလှောင်ထားနိုင်ခဲ့ပြီ ဖြစ်ကြောင်း တွေ့ရှိလိုက်ရ၏။
အဆင့်နိမ့် အဆင့်ငါး ဝမ်ယင်း အဆောင်လက်ဖွဲ့စာရွက်များနှင့် ပတ်သက်၍မူ အားလုံးစုစုပေါင်း ရှစ်ဆယ့်ခြောက်ရွက် တိတိ ရှိနေချေပြီ။
၎င်းတို့အနက် ဓားအရိပ် စက္ကူလူသား မြားသမားအဆောင်လက်ဖွဲ့.. ဓားအရိပ် စက္ကူလူသား.. အရိပ် တစ်ထောင် အဆောင်လက်ဖွဲ့နှင့် ချပ်ဝတ်ဒိုင်းလွှား မြင်းသည်တော် အရိပ်အဆောင် တို့သည် အရေအတွက် အများဆုံး ဖြစ်ကြပြီး တစ်မျိုးလျှင် တဆယ့်ငါးရွက်စီ တိတိ ရှိနေကြတော့သည်။