← Chapters

အခန်း ၈၂၄

Vol. 55 Ch. 824

အခန်း ၈၂၄

Vol. 55 Ch. 824

အခန်း (၈၂၄) - သံသရာကပ်ဘေးနှင့် အင်မော်တယ် ဖြစ်တည်ခြင်း သိုင်းကျမ်း (၃)

ဆိုင်ရှင်၏ အကြည့်က ကြေးညိုရောင် အပိုင်းအစလေးဆီသို့ ရွှေ့လျားသွားခဲ့စဉ် ရင်ထဲ၌ လှုပ်ရှားမှုတစ်ခု ရိပ်ခနဲ ဖြစ်ပေါ်သွား၏။ ၎င်းကား ဘိုးဘေးများ ချန်ရစ်ခဲ့ကြသည့် အရာ တစ်ခုပင်။

သူက စကားကို ဆက်တိုက် ဆိုလာခဲ့၏။

“ဒါက ရှေးဟောင်း လက်နက်ရတနာတစ်ခုရဲ့ အပိုင်းအစပါ.. ဒါပေမဲ့ အဲဒါက ဘာကြီးလဲဆိုတာကိုတော့ ကျုပ်တို့ အတိအကျ မသိရသေးဘူး.. နည်းမျိုးစုံနဲ့ လေ့လာခဲ့ကြပေမဲ့ ယင်းရဲ့ ပုံသဏ္ဌာန်အစစ်အမှန်ကို ဘယ်လိုမှ ဖော်ထုတ်လို့ မရခဲ့ဘူး.. ဧကန္တ ရောင်းရင်းလေးက ဒါကို သိလို့လား..”

သဘာဝအလျောက် ကုန်းစွန်းဟုန်ရှန်းအနေဖြင့် ၎င်းကို မည်သို့မျှ သိရှိလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ထိုအခိုက်အတန့်၌ တစ်စုံတစ်ဦး ပူးကပ်ထားသည့်အလား သူက မထီမဲ့မြင်ဟန်ဖြင့် ခေါင်းကို ငြိမ့်ပြလိုက်ရင်းမှ အေးစက်စွာ ပြောလိုက်၏။

“နည်းနည်းတော့ ရင်းနှီးနေသလိုပဲ.. ငါ့အဖေရဲ့ ကိုယ်ပေါ်မှာ ဒီလိုမျိုး တစ်ခုခုကို မြင်ဖူးတယ် ထင်တယ်..”

“အရောင်းအဝယ်ကို ဘယ်လို ဆက်လုပ်ကြမလဲ..”

ခဏအကြာတွင်မူ..

ကုန်းစွန်းဟုန်ရှန်းသည် ညိုမည်းသွားသော မျက်နှာပြင်.. တစ်ဟုန်ထိုး ထွက်ပေါ်လာသော ဒေါသမီးများနှင့်အတူ ထျန်းလန် မှော်ခန်းမဆောင်ကြီးအတွင်းမှ ထွက်ခွာသွားခဲ့ပြီးနောက် ခြိမ်းခြောက်သံ တစ်ချက်ကိုပါ ပစ်လွှတ်ခဲ့သေး၏။

“ကုန်းစွန်းမိသားစုရဲ့ မျက်နှာကိုတောင် မထောက်ဘူးဆိုတော့ မင်းတို့ သေချင်နေကြတာပဲ..”

ပြောပြောဆိုဆိုဖြင့် ကုန်းစွန်းဟုန်ရှန်းသည် သူ၏ ဝတ်ရုံစကို ခါယမ်းလိုက်ရင်း အစေခံများကို ဦးဆောင်ကာ မိမိ၏ မိသားစုဂေဟာဆီသို့ ချာခနဲ လှည့်ထွက်သွားတော့၏။

အနောက်ဘက် ခြံဝန်းအတွင်း၌မူ..

တစ်ကိုယ်လုံးတွင် ချွေးများ ရွှဲနစ်နေလျက် အပေါ်ပိုင်း ဗလာဖြင့် ရှိနေသော ထျန်းလန် မှော်ခန်းမဆောင်ကြီးမှ ဝိညာဉ်ခွဲထွက် အဆင့် မဟာအကြီးအကဲ ထူရှောင်၏ မျက်ဝန်းအစုံတွင် ထက်ရှလှသော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားခဲ့ပြီး ရေရွတ်လိုက်မိတော့သည်။

“ဒါဆို အဲဒီ ကြေးညိုရောင် အပိုင်းအစကို လှုပ်ခတ်သွားစေခဲ့တဲ့ တုံ့ပြန်မှုက ကုန်းစွန်းမိသားစုထဲက လာတာပေါ့..”

သူက သူ၏ တပည့်ကို ချက်ချင်း ဆင့်ခေါ်လိုက်ရင်းမှ အမိန့်ပေးလိုက်၏။

“စောစောက လူငယ်က ဘယ်သူလဲ.. ပြီးတော့ သူ့ရဲ့ ခမည်းတော်က ဘယ်သူလဲဆိုတာကို ချက်ချင်း သွားပြီး စုံစမ်းစမ်း..”

ချန်ကု အင်မော်တယ် မြို့တော်ကြီးအတွင်းရှိ ထျန်းလန် မှော်ခန်းမဆောင်ကြီး၏ အာဏာစက် ယန္တရားသည် ချက်ချင်းဆိုသလိုပင် လည်ပတ်လာတော့သည်။

ကုန်းစွန်းဟုန်ရှန်း၏ ဇစ်မြစ်ကိုလည်းကောင်း.. ထို့နောက် သူ၏ ခမည်းတော် မည်သူဖြစ်ကြောင်းကိုလည်းကောင်း ခြေရာခံ လိုက်လံစုံစမ်းကြတော့ရာ ထိုကဲ့သို့သော သတင်းအချက်အလက်များကို သိရှိရန်အတွက် သူတို့အတွက်မူ နည်းနည်းမျှ မခဲယဉ်းပါချေ။

ရက်အနည်းငယ် ကြာပြီးနောက်တွင်မူ..

လက်ထဲသို့ ရောက်ရှိလာသော သတင်းအချက်အလက်များကို ဖတ်ရှုကြည့်လိုက်သည့် အခါ၌.. ကုန်းစွန်းဟုန်ရှန်း၏ ခမည်းတော်ကား ကုန်းစွန်းမိသားစု၏ အသစ်တက်လာသော ဝိညာဉ်ခွဲထွက် အဆင့် မဟာအကြီးအကဲ တစ်ဦး ဖြစ်နေသည်ကို ထူရှောင် မြင်တွေ့လိုက်ရသဖြင့် သူ၏ မျက်နှာအမူအရာသည် လေးနက်တည်ကြည်သွားခဲ့ရလေသည်။

“ဒီလိုလူမျိုးကိုတော့ လွယ်လွယ်နဲ့ သွားပြီး ရန်စလို့ မရဘူး..”

ထူရှောင်သည် တစ်ကိုယ်တည်း တိုးတိုးလေး ရေရွတ်လိုက်မိသော်လည်း သူ၏ မျက်ဝန်းအနက်ရှိုင်းဆုံးဆီမှ ရက်စက် ကြမ်းကြုတ်လွန်းသော လူသတါ အရိပ်အယောင်များကမူ တဟုန်းဟုန်း တောက်လောင်နေဆဲပင်။

အချိန်ကာလသည် တရွေ့ရွေ့နှင့် ကုန်လွန်နေခဲ့ရာ လဝက်ခန့် ကာလ ကြာမြင့်ပြီးနောက်တွင်..

ဒီနေ့ စုယွီ လင်းလုံ အဆောင်လက်ဖွဲ့ စံအိမ်ဆီသို့ ရောက်ရှိလာပြီး သိပ်မကြာခင်မှာပင်.. ဆိုင်တာဝန်ခံက သူ့ကို အနားသို့ ခေါ်လိုက်ရင်းမှ လေသံကို နှိမ့်လျက် ခပ်တိုးတိုး ဆိုလာခဲ့သည်။

“သခင်လေး ဟုန်ရှန်း မရှိတော့ဘူး.. လွန်ခဲ့တဲ့ ရက်ပိုင်းလေးကတင် သူ အပြင်ကို ထွက်သွားတုန်း လမ်းမှာ ချောင်းမြောင်း တိုက်ခိုက် သတ်ဖြတ်တာ ခံလိုက်ရတယ်တဲ့..”

ထိုစကားကို ကြားလိုက်ရသောအခါ စုယွီသည် မျက်နှာတွင် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားသည့် အမူအရာမျိုးကို ချက်ချင်း ဖော်ပြလိုက်ရင်း အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ကာ တုန်ရင်နေသော လေသံဖြင့် မေးမြန်းလိုက်တော့၏။

“တာဝန်ခံ.. ဒါက ဘယ်သူလုပ်တာလဲ.. ဘယ်သူကများ ကုန်းစွန်းမိသားစုရဲ့ လူကို ဒီလောက်တောင် ရက်ရက်စက်စက် သတ်ရဲရတာလဲဗျာ..”

ဆိုင်တာဝန်ခံက ခေါင်းကို တွင်တွင် ခါယမ်းပြလိုက်၏။

သူက ကုန်းစွန်းမိသားစုနှင့် အနည်းငယ်မျှ အဆက်အသွယ် ရှိသူဖြစ်၍ ဤကြောက်မက်ဖွယ် သတင်းဆိုးကို ကြိုတင် သိခဲ့ရခြင်းမျှသာပင်။

သို့သော်လည်း ကုန်းစွန်းဟုန်ရှန်း မည်သို့ သေဆုံးသွားခဲ့ရသည်ကိုမူ သူလည်း လုံးဝ မသိရှိပါချေ။

အပြင်ပန်း အရမူ စုယွီသည် အလွန်တရာ တုန်လှုပ်ခြောက်ခြားနေသည့် ဟန်ပန်မျိုး ရှိနေသော်လည်း ရင်ထဲ၌မူ မချန်ထားနိုင်သော အပြုံး တစ်ခုနှင့်အတူ မှတ်ချက်ချလိုက်မိတော့သည်။

'ထျန်းလန် မှော်ခန်းမဆောင်က အဲဒီ မဟာအကြီးအကဲကတော့ တကယ်ပဲ စိတ်မထိန်းနိုင်ဘဲ ကုန်းစွန်းဟုန်ရှန်းကို လက်စဖျောက်လိုက်ပြီကိုး..'

'ဒါဆိုရင်တော့.. ငါ့အလှည့် ရောက်ပြီပေါ့..'

ညနေခင်း အချိန်သို့ ရောက်ရှိလာခဲ့သော အခါတွင်မူ..

စုယွီသည် ခေါင်းဖြူ အဘိုးအို တစ်ဦးအသွင်သို့ ပြောင်းလဲလိုက်ရင်း ထျန်းလန် မှော်ခန်းမဆောင်ကြီးဆီသို့

လျှောက်လှမ်း ဝင်ရောက်

လာခဲ့လေသည်။

ဆိုင်အတွင်းရှိ မူလဝိညာဉ်အဆင့် ကျင့်ကြံသူ ဆိုင်တာဝန်ခံသည် ထိုအဘိုးအိုထံမှ ထွက်ပေါ်လာသည့် အမျိုးအမည်မသိ အရှိန်အဝါကို ခံစားလိုက်ရရုံမျှဖြင့်ပင် တစ်ကိုယ်လုံး ထိန်းမရဘဲ တုန်ရီသွားခဲ့ရပြီ ဖြစ်၏။

သူက ကပျာကယာ ရှေ့သို့ တိုးလာခဲ့ရင်းမှ ရိုရိုသေသေဖြင့် ဆီးကြို နှုတ်ဆက်လိုက်လေသည်။

“ထျန်းလန် မှော်ခန်းမဆောင်ကနေ ကြိုဆိုပါတယ် ဆရာသခင်ကြီး.. ဆရာသခင်ကြီး ဘာများ အလိုရှိပါသလဲခင်ဗျာ..”

ထိုအဘိုးအိုက သူ့ကို ခပ်ယဲ့ယဲ့လေး ပြုံးပြလိုက်ပြီး.. တစ်ချက်မျှ ကြည့်လိုက်ရုံမျှဖြင့်ပင် ထျန်းလန် မှော်ခန်းမဆောင်မှ မူလဝိညာဉ်အဆင့် ဆဋ္ဌမအလွှာရှိ ဆိုင်တာဝန်ခံသည် ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်သွားသကဲ့သို့ ခံစားလိုက်ရကာ.. နောက်ထပ် လျှပ်တစ်ပြက်အတွင်းမှာပင် မျက်လုံးများ ပြူးကျယ်သွားလျက် မြေပြင်ပေါ်သို့ ဝုန်းခနဲ ပစ်လဲကျသွား၏။ သူ့မျက်နှာတွင် အလွန်အမင်း ကြောက်လန့်တုန်လှုပ်နေသော အမူအရာများ ထင်ဟပ်လာခဲ့ရတော့၏။

အဘိုးအိုသည် ဆိုင်၏ အနောက်ဘက် အစွန်းဆီသို့ အေးဆေးစွာ လျှောက်လှမ်းသွားလိုက်ရာ.. အကာအကွယ်အလွှာများ ဖုံးလွှမ်းထားသည့် ကြေးညိုရောင် အပိုင်းအစလေးရှိရာသို့ ရောက်ရှိသွားခဲ့ပြီး.. လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရုံမျှဖြင့်ပင် ထိုကြေးညိုရောင် အပိုင်းအစလေးသည် လေထုထဲ၌ပင် ရုတ်ချည်း ပျောက်ကွယ်သွားလေသည်။

၎င်းက စုယွီ၏ သိုလှောင်အိတ်အတွင်းသို့ ရောက်ရှိသွားခဲ့တော့၏။

အနောက်ဘက် ခြံဝန်းအတွင်း၌မူ.. အပြင်မှ ပြန်ရောက်ခါစ ဖြစ်သော ထူရှောင်သည် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်မိသည်။

ကုန်းစွန်းဟုန်ရှန်းအား စိတ်ဝိညာဉ် ရှာဖွေစဉ်က ရရှိခဲ့သော မှတ်ဉာဏ်များကို သိစိတ်ထဲတွင် အကြိမ်ကြိမ် ပြန်လည် ဆင်ခြင်ကြည့်နေခဲ့သော်လည်း ထိုကြေးညိုရောင် အပိုင်းအစနှင့် ပတ်သက်၍ ဘာသဲလွန်စမျှ ရှာမတွေ့ခဲ့ပါချေ။

ဤသည်က ထူရှောင်ကို လွန်စွာ စိတ်ရှုပ်ထွေးသွားစေခဲ့ပြီး မငြိမ်းမချမ်း ဖြစ်နေစေခဲ့သည်။

“သူ့ရဲ့ မှတ်ဉာဏ်ထဲမှာ ဒီအပိုင်းအစ အကြောင်း မရှိဘူးဆိုရင်.. သူက ဘာဖြစ်လို့ ဒီလိုမျိုး တစ်ခုခုကို မြင်ဖူးတယ်လို့ ပြောခဲ့ရတာလဲ.. ဒါက ဘာကြောင့်လဲ..”

ထိုစဉ်ခိုက် ဆိုင်အပြင်ဘက်မှ ရုတ်ရုတ်သဲသဲ အသံများ ကြောင့် ထူရှောင် သတိဝင်လာခဲ့ရပြီး.. ဆိုင်အတွင်းရှိ မူလဝိညာဉ်အဆင့် ဆိုင်တာဝန်ခံ တစ်ဦး တိုက်ခိုက်ခံလိုက်ရပြီ ဖြစ်ကြောင်း ခံစားမိလိုက်သည်နှင့် ရင်ထဲ၌ မရေမရာ တုန်လှုပ်ခြင်း တစ်ခု ဖြစ်ပေါ်သွားခဲ့ရပြီ ဖြစ်၏။

ဒေါသမီးများလည်း တဟုန်းဟုန်း တောက်လောင်လာခဲ့ရပြီး ကျုံးဝါးလိုက်တော့သည်။

“ဘယ်ကောင်ကများ ထျန်းလန် မှော်ခန်းမဆောင်ရဲ့ နယ်မြေမှာ လာပြီး သောင်းကျန်းရဲတာလဲ..”

သို့သော်လည်း သူက ကိုယ်ကို လှည့်ရန် ပြင်လိုက်စဉ်မှာပင်.. သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်ခွဲထွက် ကျင့်ကြံမှု စွမ်းအားများအားလုံးသည် တဟုန်းဟုန်း စီးဆင်းလာခဲ့ရပြီး.. ကြီးမားလှသော အရှိန်အဝါများကို ထုတ်ဖော်လျက် ဒေါသတကြီးဖြင့် တုံ့ပြန်ရန် ပြင်လိုက်သည့် ထိုစက္ကန့်ပိုင်းအတွင်း၌ပင်..

နောက်ထပ် လျှပ်တစ်ပြက်အတွင်း..

သူ့မျက်စိရှေ့၌ ပုံရိပ်တစ်ခုသည် ရိပ်ခနဲ လှုပ်ရှားသွားသည်။.. လူရိပ်တစ်ခုသည် သူ၏ ရှေ့တည့်တည့်တွင် ရုတ်ချည်း ထွက်ပေါ်လာခဲ့လေပြီ။

ထိုအဟုန်သည် လွန်စွာ လျင်မြန်လွန်းလှပြီး ဟင်းလင်းပြင်ကို ဖြတ်သန်း ရွှေ့ပြောင်းလာခဲ့သည့်အလား ထူရှောင်အားး တစ်ကိုယ်လုံးရှိ အမွှေးအမျှင်များပင် ထောင်ထသွားခဲ့ရပြီး ကျောပြင်တစ်ခုလုံး စိမ့်ခနဲ ခံစားလိုက်ရတော့သည်။

သူ၏ ပါးစပ်မှ ဒေါသတကြီး ကြိမ်းမောင်းသံ ထွက်မလာနိုင်ခင်မှာပင်.. ထူရှောင်သည် မိမိ၏ ရှေ့တည့်တည့်၌ ကြောက်မက်ဖွယ် ကောင်းလှသော စိတ်ဝိညာဉ်စွမ်းအား

ပေါက်ကွဲလာသည်ကို ခံစားလိုက်ရ၏။ ထိုအဘိုးအို၏ မျက်ဝန်းအစုံဆီမှ တောက်ပလွန်းလှသော ရွှေရောင်ဝိညာဉ်အလင်းတန်းများ ဖြာထွက်ခြင်းပင်။

ထူရှောင်သည် ဝိညာဉ်ခွဲထွက် အဆင့် ပဉ္စမအလွှာရှိ အရှင်သခင်ကြီး တစ်ဦး ဖြစ်သည့်အပြင် ခိုင်မာလှသော မူလဝိဉာဉ်အား ပိုင်ဆိုင်ထားပြီး စွမ်းအားကြီးမားလှသော စိတ်ဝိညာဉ်စွမ်းအားများ ရှိနေဆဲ ဖြစ်သော်လည်း..

ထိုလျှပ်တစ်ပြက်အတွင်းမှာပင်.. ထူရှောင်သည် ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်သွားခဲ့ရသကဲ့သို့ ခံစားလိုက်ရသည်။ မျက်စိရှေ့တွင် မည်းမှောင်သွားခဲ့ရကာ.. သူ၏ သိစိတ်ဝိညာဉ်ကြီး တစ်ခုလုံးမှာမူ ဆိုးဝါးလှသော သံသရာကပ်ဘေးကြီး တစ်ခု၏ လှိုင်ခေါင်းနက်ကြီးအတွင်းသို့ သဟုန်ထိုး ပြုတ်ကျသွား

ခဲ့ရလေတော့သည်။

ထူရှောင် သတိပြန်ဝင်လာခဲ့ရသည့် အချိန်တွင်မူ.. သူသည် အလောင်းများစွာ ပြန့်ကြဲနေပြီး ပြာအဖြစ် တောက်လောင်ပျက်စီးနေသော ရွာပျက်ကြီးတစ်ခုအတွင်း ရောက်ရှိနေသည်ကို မြင်တွေ့လိုက်ရ၏။

ထို့အပြင် သူကိုယ်တိုင်သည်လည်း ဘာမျှ အသုံးမကျသော.. ခန္ဓာကိုယ် ပိန်လှီလှသော.. ကျင့်ကြံမှုစွမ်းအားများ လုံးဝ မရှိတော့သည့်.. သာမန် အရညတရ လူသားတစ်ဦးအသွင်သို့ ပြောင်းလဲနေခဲ့ပြီ။

ကြမ်းတမ်းလှသော လျှော်တေဝတ်စုံကို ဝတ်ဆင်ထားရပြီး ဝမ်းဗိုက်အတွင်းမှလည်း ဆာလောင်မွတ်သိပ်လှသော ဝေဒနာ ခံစားနေရကာ လမ်းလျှောက်ရန်ပင် အားအင်မရှိတော့ပေ။

သူ့နည်းတူပင်.. သူ့ပတ်ဝန်းကျင်၌လည်း ဆင်းရဲဒုက္ခရောက်နေကြသော သေမျိုးလူသားများစွာ ရှိနေကြသည်။

“မြန်မြန်ပြေးကြ.. မြန်မြန်ပြေးကြ.. ဓားပြတွေ လာနေပြီ.. ပြေးကြစမ်း..”

“မသတ်ပါနဲ့.. အား..”

ဓားပြများသည် စစ်မြင်းများကို စီးနင်းလျက် ရွာတစ်ခုလုံးကို မွှေနှောက်ချောက်ခြားကာ မီးရှို့ဖျက်ဆီးနေကြပြီ ဖြစ်၏။

ထူရှောင်မှာမူ ထိုနေရာတွင် ကျောက်ရုပ်ကြီးပမာ ကြောင်ေးနေဆဲ ရှိသေးပြီး ရုတ်တရက် ဖြစ်ပေါ်လာသော အပြောင်းအလဲဒဏ်ကို မခံနိုင်သေးခင်မှာပင်.. နောက်ထပ် လျှပ်တစ်ပြက်အတွင်း ဓားအလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့လေသည်။

“ဝုန်း”

သေခြင်းအငွေ့အသက်ကို ခံစားလိုက်ရသည်နှင့် ဝိညာဉ်ခွဲထွက် အဆင့် အလယ်အလတ်အဆင့် ထူရှောင်မှာ အော်ဟစ်ငိုယိုကာ ကြောက်လန့်တကြားဖြစ်သွားခဲ့သည်။ သူ၏ ဦးခေါင်းပြတ်ကြီးသည် လေထုထဲသို့ လွင့်စင်ထွက်သွားခဲ့ရကာ ကြောက်မက်ဖွယ်ရာ ကောင်းလှသော မျက်ဝန်းအစုံနှင့်အတူ..

“အား.. ငါ..”

သေဆုံးသွားခဲ့ပြီးနောက် ထူရှောင်၏ သိစိတ်သည် နောက်တစ်ကြိမ် ပြန်လည်နိုးထလာခဲ့သည့် အခါတွင်မူ.. သူသည် ကလေးငယ် တစ်ဦးအဖြစ် ပြန်လည်မွေးဖွားလာခဲ့ပြီ ဖြစ်ကြောင်း သိရှိလိုက်ရ၏။

သို့သော်လည်း ဤတစ်ကြိမ်တွင်မူ သူသည် လမ်းဘေးတွင် စွန့်ပစ်ခံထားရသော သေမျိုးကလေးငယ် တစ်ဦး ဖြစ်နေ၏။

စူးရှလှသော လေပြင်းဒဏ်ကြောင့် တစ်ကိုယ်လုံး တုန်ရီနေခဲ့ရကာ လှုပ်ရှားရန်ပင် အားအင်မရှိတော့ဘဲ.. နောက်ဆုံးတွင် လမ်းမပေါ်၌ပင် အေးခဲကာ သေဆုံးသွားခဲ့ရပြန်သည်။

သူသည် သေခြင်းတရား၏ ဝေဒနာကို နောက်တစ်ကြိမ် ထပ်မံ၍ ခံစားလိုက်ရပြန်၏။

ဤကဲ့သို့သော သံသရာကပ်ဘေးကမ္ဘာကြီးအတွင်း ဘဝတစ်ခုပြီးတစ်ခု အသွင်ပြောင်းလဲနေသည်။ တစ်ခါတစ်ရံတွင် ထူရှောင်အနေဖြင့် ကြီးပြင်းလာခဲ့ရသော်လည်း သူ၏ မှတ်ဉာဏ်ထဲရှိ ကျင့်စဉ်များကို သုံး၍ ကျင့်ကြံရန် ကြိုးစားကြည့်သည့်အခါတိုင်း ဘာမျှ ဖြစ်မလာခဲ့ဘဲ စိတ်ဓာတ်ကျကာ ပြန်လည်ပျက်စီးသွားခဲ့ရပြန်သည်။ ဘဝပေါင်း သုံးဆယ်ကျော်ခန့် ကြုံတွေ့ပြီးသွားခဲ့သည့် အခါတွင်မူ.. ထူရှောင်သည် မိမိကိုယ်မိမိ ယခင်က ကျင့်ကြံသူတစ်ဦး ဖြစ်ခဲ့ဖူးသည်ဟူသော အသိစိတ်ကိုပင် လုံးဝ မေ့ပျောက်သွားခဲ့ရပြီး.. ဝိညာဉ်ခွဲထွက် အဆင့်ရှိ အရှင်သခင်ကြီး တစ်ဦး ဖြစ်ခဲ့ဖူးကြောင်းကိုလည်း လုံးဝ သတိမရနိုင်တော့ချေ။

All Chapters