← Chapters

အခန်း (၇၃၁-၇၃၂)

Vol. 62 Ch. 731-732

အခန်း (၇၃၁-၇၃၂)

Vol. 62 Ch. 731-732

အပိုင်း (၇၃၁)

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “အင်ပါယာက အိမ်ပါသမက်တွေကို ဖိနှိပ်တာမျိုး မရှိဘူးလား။”

တရုတ်ရှေးခေတ်တွင်မူ အိမ်ပါသမက်များအပေါ် အလွန် ဆက်ဆံရေး ဆိုးရွားကြသည်။ အထူးသဖြင့် ဟန်မင်းဆက်တွင် လုံးဝ ခေါင်းဖော်နိုင်မည့် နေ့ရက်မျိုး မရှိခဲ့ပေ။

မိဖုရား တူရှားက ဖြေ၏။ “အင်ပါယာရဲ့ စည်းမျဉ်းတွေအရ အိမ်ပါသမက်ဆိုတဲ့ အခေါ်အဝေါ် မရှိဘူး။ အားလုံးက ပုံမှန် အိမ်ထောင်ရေး၊ ပုံမှန် ဇနီးမောင်နှံတွေချည်းပဲ။ မွေးလာတဲ့ ကလေးက အဖေ့ မျိုးရိုးကို ယူမလား၊ အမေ့ မျိုးရိုးကို ယူမလားဆိုတာက လွတ်လပ်ခွင့် ရှိတယ်။

ပြီးတော့ အင်ပါယာ ဥပဒေအရ အိမ်ထောင်ဖက် နှစ်ဦးစလုံးက တန်းတူညီမျှ ရှိတယ်။ ဒါပေမဲ့ မမြင်ရတဲ့ စည်းမျဉ်းတွေထဲမှာတော့ အိမ်ပါသမက်တွေက ခွဲခြားဆက်ဆံ ခံရတာ နည်းနည်းတော့ ရှိတယ်။ ဒါပေမဲ့ ရှင်က ပျော်တော်ဆက်ယောက်ျား လုပ်ရတာကိုတောင် ဂရုမစိုက်ဘဲ နေ့တိုင်း ညှဉ်းပန်းခံချင်နေတဲ့ သူပဲလေ။”

ယွင်ကျုံးဟဲ့က ပခုံးတွန့်ပြလိုက်သည်။

မိဖုရား တူရှားက ဆက်ပြော၏။ “မင်းသမီး ကျီးချင့်က အရမ်း မောက်မာတဲ့သူ။ အဲဒါကြောင့် ဒီအိမ်ထောင်ရေးကို ဘာမျှော်လင့်ချက်မှ မထားဘူး။ မိသားစု တာဝန်ကို ကျေပွန်ဖို့နဲ့ ထူးချွန်တဲ့ ကလေးတစ်ယောက် မွေးဖို့ပဲ။ ပြီးတော့ သူ့ရဲ့ မိသားစုကလည်း ကျွန်မရဲ့ နိုင်ငံရေး မဟာမိတ်လို့ ပြောလို့ရတယ်။ အဲဒါကြောင့် ကျွန်မ ရှင့်ကို ထောက်ခံပေးခဲ့တာ။ အကြီးအကဲ ကျီးချန်ကလည်း သဘောတူခဲ့တယ်။ သူ့စိတ်ထဲမှာ သိပ်မကျေနပ်ပေမယ့်ပေါ့။ ဘာလို့လဲဆိုတော့ ရှင့်ရဲ့ နာမည်က တကယ်ကို နားထောင်လို့ မကောင်းဘူးလေ။”

နားထောင်လို့ မကောင်းရုံတင် မကပေ။ တကယ့်ကို အောင်မြင်မှုရှိပြီး အရည်အချင်းရှိသော မည်သည့် အမျိုးသားမဆို ပျော်တော်ဆက်ယောက်ျား သွားလုပ်မည် မဟုတ်ပေ။

ယွင်ကျုံးဟဲ့သည် မိဖုရား တူရှား၏ ပျော်တော်ဆက်ယောက်ျား ဖြစ်ရုံသာမက ကျီးချန်နှင့်အတူ ပျော်တော်ဆက် ယောက်ျား လုပ်နေသည်ဟု အပြင်ဘက်တွင် မည်မျှအထိ ကောလာဟလ ထွက်နေသည်ကို မသိနိုင်ပေ။ ထို့ကြောင့် သူ၏ နာမည်ဂုဏ်သတင်းမှာ အလွန် ဆိုးရွားနေမည်မှာ သေချာသည်။

သို့ပေမည့် ကျီးချင့်နှင့် အိမ်ထောင်ပြုမည့် ကိစ္စတွင် ယွင်ကျုံးဟဲ့၌ အားသာချက်များလည်း ရှိသည်။ ပထမအချက်မှာ သွေးကြော သန့်စင်ခြင်းဖြစ်ပြီး ဒုတိယအချက်မှာ အခြေခံ နောက်ခံ မရှိသောကြောင့် အိမ်ကို သိမ်းပိုက်ခံရမည်ကို စိုးရိမ်ရန် မလိုခြင်းဖြစ်၏။

အခြား တော်ဝင်မိသားစုမှ လူငယ်များကို အစားထိုးကြည့်မည်ဆိုပါက ယခု ကျီးချင့် အိမ်သို့ ဝင်ရောက်လာချိန်တွင် လိမ္မာစွာ နေပြမည် ဖြစ်သော်လည်း အနာဂတ်တွင် လူကြီးများ ကွယ်လွန်သွားချိန်မှာတော့ ချက်ချင်း အာဏာပြလာမှာဖြစ်သည်။

ထို့အပြင် သူ၏ နောက်ကွယ်တွင် မိဘ ဆွေမျိုးများ ရှိနေသောကြောင့် အကြီးအကဲ ကျီးချန်၏ ပိုင်ဆိုင်မှုများကို တိုက်ရိုက် သိမ်းပိုက်သွားနိုင်ခြေ ရှိ၏။

ထို့ကြောင့် ဤအိမ်ထောင်ရေးတွင် ယွင်ကျုံးဟဲ့၏ အားနည်းချက်က အလွန် သိသာထင်ရှားသကဲ့သို့ အားသာချက်ကလည်း အလွန် သိသာထင်ရှားလှသည်။

မိဖုရား တူရှားက ပြောလိုက်သည်။ “ရွှေဆိုတာ အမြဲတမ်း တောက်ပနေမှာပဲ။ လူယုတ်မာဆိုတာလည်း အမြဲတမ်း ခေါင်းထွက်လာမှာပဲ။ ကျွန်မက အမြဲတမ်း ပျော်တော်ဆက်ယောက်ျားတွေကို အောက်တန်းကျတဲ့ ကစားစရာလို သဘောထားပြီး လက်တစ်ချောင်းနဲ့တောင် မထိချင်ခဲ့ဘူး။ လက်အောက်ငယ်သားတွေကိုပဲ နှိပ်စက်ခိုင်းပြီး ကိုယ်တိုင်ကတော့ စိတ်လှုပ်ရှားစရာ ပြဇာတ်ကို ကြည့်နေခဲ့တာ။

ပြီးတော့ ရှင်နဲ့ ကျီးချန် ရောက်လာတုန်းက ကျီးချန်က အရမ်း တောက်ပနေပြီး ရှင်ကတော့ အောက်တန်းကျတဲ့ လူယုတ်မာပဲလို့ ထင်ခဲ့တာ။ ရလဒ်က… ထားလိုက်ပါတော့၊ မပြောတော့ပါဘူး။”

မိဖုရား တူရှားသည် ဤရက်ပိုင်းအတွင်း ပန်းချီဆွဲနေသည်။ သူမ၏ အသည်းအသက် သမီးလေးကို ဆွဲနေခြင်း ဖြစ်၏။

သို့ပေမည့် ဆွဲရင်း ဆွဲရင်း ထိုအသည်းအသက် သမီးလေးသည် ယွင်ကျုံးဟဲ့နှင့် အနည်းငယ် တူလာ၏။ သူမသည် ယွင်ကျုံးဟဲ့နှင့်အတူ နေထိုင်ပြီး မိသားစုတစ်ခု တည်ဆောက်ကာ သားသမီးများ မွေးဖွားရန်ပင် တောင့်တလာခဲ့သည်။

လူယုတ်မာတစ်ယောက်၏ တဖြည်းဖြည်း လွှမ်းမိုးနိုင်စွမ်းမှာ မည်မျှ ကြီးမားကြောင်း သိသာလှ၏။

မိဖုရား တူရှားက ပြောလိုက်သည်။ “ကျီးချင့်က ဗဟုသုတ အရမ်း ကြွယ်ဝပြီး အရမ်းကို မောက်မာတယ်။ ဒါပေမဲ့ ရှင့်လို လူယုတ်မာမျိုးက မိန်းမတွေ အားလုံးကို အနိုင်ယူနိုင်စွမ်း ရှိမယ်လို့ ကျွန်မ ထင်တယ်။ ကျွန်မက အာဏာ ရှိပေမယ့် ရှင့်ကို ပုံမှန် အိမ်ထောင်ရေးတစ်ခု မပေးနိုင်ဘူး။ ပုံမှန် နောက်ခံတစ်ခု မပေးနိုင်ဘူး။ ဒါပေမဲ့ ကျီးချင့်ကတော့ ပေးနိုင်တယ်။

ရှင့်ရဲ့ လူယုတ်မာ စွမ်းရည်နဲ့ဆိုရင် ကျီးချင့်ကို သိမ်းပိုက်ဖို့ မခက်ခဲလောက်ပါဘူး။ ရှင်က အရည်အချင်းတွေကို ထုတ်ပြလိုက်တာနဲ့ အကြီးအကဲ ကျီးချန်က ရှင့်ကို အစွမ်းကုန် ပြုစုပျိုးထောင်ပေးလာနိုင်တယ်။ တော်ဝင်မိသားစု အဆင့်အတန်းကို ရရှိသွားပြီးတာနဲ့ ကျွန်မနဲ့ ကျီးချန်တို့ မိသားစု ပူးပေါင်းပြီး ရှင့်ကို တွန်းတင်ပေးလိုက်ရင် ဒါက ရှင့်အတွက် အကောင်းဆုံး အာဏာလမ်းကြောင်း ဖြစ်လာနိုင်တယ်။

မျှော်လင့်ချက်က အရမ်း အရမ်းကို နည်းပါးပေမယ့် အနာဂတ်မှာ ရှင် အုပ်ချုပ်ရေးမှူး ဖြစ်လာဖို့ အခွင့်အရေး တစ်သောင်းမှာ တစ်ပုံလောက်တော့ ရှိနေပါသေးတယ်။ ရှင်က အိမ်ပါသမက် ဖြစ်ပေမယ့် အင်ပါယာ ဥပဒေမှာ အိမ်ပါသမက်ဆိုတဲ့ အခေါ်အဝေါ် မရှိလို့ ရှင့်ရဲ့ တိုးတက်ရေး လမ်းကြောင်းက ပိတ်ဆို့မခံရဘူး။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “အဲဒီအချိန်ရောက်ရင် ကျုပ်က စာပေဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး ဖြစ်လာပြီး ကျီးယန်က သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး ဖြစ်လာမှာလား။”

မိဖုရား တူရှားက ပြောလိုက်သည်။ “သူက သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး ဖြစ်လာဖို့ ရာခိုင်နှုန်း ကိုးဆယ့်ကိုး ရှိတယ်။ ရှင်က စာပေဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး ဖြစ်လာဖို့ ရာခိုင်နှုန်းက တစ်သောင်းပုံ တစ်ပုံပဲ ရှိတယ်။ ဘာလို့လဲဆိုတော့ နောက်တစ်ကြိမ် စာပေဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး နေရာအတွက် တော်ဝင် မိသားစုဝင် ကိုယ်စားလှယ် သုံးယောက် ရှိနေပြီ။ အားလုံးက အရမ်း ထူးချွန်ကြတယ်။ ရှင်က သူတို့ အားလုံးကို ဖယ်ရှားပြီး ကိုယ်တိုင် ထိုးဖောက်ထွက်လာဖို့ဆိုတာ ဘယ်လောက် ခက်ခဲမလဲ ရှင့်ဘာသာ စဉ်းစားကြည့်ပေါ့။”

ယွင်ကျုံးဟဲ့က ပြုံးကာ ပြောလိုက်၏။ “ကျုပ်မှာ ခင်ဗျား ရှိနေသေးတယ် မလား။”

မိဖုရား တူရှားက ပြောသည်။ “ထမင်းကို တစ်လုတ်ချင်း စားရမယ်။ လမ်းကို တစ်လှမ်းချင်း လျှောက်ရမယ်။ အရင်ဆုံး ဒီပထမ ခြေလှမ်းကို ခိုင်ခိုင်မာမာ လှမ်းနိုင်အောင် အရင်လုပ်ပါ။ အကြီးအကဲ ကျီးချန်က ရှင့်ကို အိမ်ထောင်ဖက်ရှာပွဲမှာ ပါဝင်ဖို့ အပေါ်ယံ သဘောတူခဲ့ပေမယ့် သူ့စိတ်ထဲမှာတော့ ဒေါသထွက်နေလောက်တယ်။ ရှင့်ရဲ့ ပြိုင်ဆိုင်မှုက အရမ်း ကြီးမားတယ်။ အနည်းဆုံး ထူးချွန်တဲ့ တော်ဝင်မိသားစု လူငယ် ဆယ်ယောက်ကျော်က ကျီးချင့်ရဲ့ ယောက်ျား ဖြစ်ဖို့ အိမ်ထောင်ဖက်ရှာပွဲမှာ ပါဝင်ကြလိမ့်မယ်။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဒီတော်ဝင်မိသားစု လူငယ်တွေ အရမ်း အောက်တန်းကျတာပဲ။ ကျုပ်က လူယုတ်မာမို့လို့ အိမ်ပါသမက် လုပ်ရတာ မရှက်ပေမယ့် သူတို့က ဂုဏ်သိက္ခာရှိတဲ့ လူငယ် ပါရမီရှင်တွေ ဖြစ်လျက်နဲ့ အိမ်ပါသမက် ဖြစ်ဖို့ လုနေကြတာ တကယ်ကို လူတွေရဲ့ စိတ်ဓာတ်တွေ ပျက်စီးနေပြီပဲ။”

မိဖုရား တူရှားက ယွင်ကျုံးဟဲ့ကို ကြည့်ကာ ပြောလိုက်သည်။ “ဟုတ်တယ်။ ဒီလို အရှက်မရှိတဲ့ စိတ်ဓာတ်ကို ဆက်ထိန်းထား။ တစ်နေ့ကျရင် မင်းသမီး ကျီးချင့်က ရှင့်ရှေ့မှာ ဒူးထောက်ပြီး အဖေလို့ ခေါ်လာလိမ့်မယ်။”

‘ချီးတဲ့မှ… ခင်ဗျားရဲ့ စကားက အရမ်း ရိုင်းစိုင်းလွန်းနေပြီ။’

ယွင်ကျုံးဟဲ့သည် ပါးစပ်မှ လူတို့၏ စိတ်ဓာတ်များ ပျက်စီးနေပြီဟု ပြောခဲ့သော်လည်း ဤအခြေအနေကို လုံးဝ နားလည်နိုင်ပြီး ထိုပြိုင်ဘက်များကိုလည်း နားလည်ပေးနိုင်၏။

တာ့ယန် အင်ပါယာသစ်သည် အလွန် အင်အားကြီးမားလွန်းသောကြောင့် ထူးချွန်သော လူစွမ်းကောင်းများစွာကို မွေးထုတ်ပေးနိုင်ခဲ့သည်။ ထို့အပြင် စနစ်များ လျော့ရဲမသွားစေရန်နှင့် အင်ပါယာ၏ တက်ကြွမှုကို ထိန်းသိမ်းထားရန်အတွက် အင်ပါယာ၏ အာဏာပိုင် အဖွဲ့အစည်းများသည် အမြဲတမ်း ထိန်းချုပ်ထားပြီး အလွန် ကျစ်လျစ်အောင် ဖွဲ့စည်းထားသည်။

ထိုသို့ဖြင့် တကယ်ကို ထောင်သောင်းချီသော လူများက တံတားကျဉ်းလေး တစ်စင်းပေါ်တွင် ဖြတ်သန်းနေရ သကဲ့သို့ ဖြစ်နေသည်။ လူတိုင်း ထူးချွန်ထက်မြက်ရန် အလွန် ခက်ခဲပြီး အခွင့်အရေးများက အလွန် ရှားပါးလှ၏။

ဥပမာအားဖြင့် ကျူ့ယွီယန်ကို ကြည့်ပါ။ ဖခင်က ခရိုင် အုပ်ချုပ်ရေးမှူး၊ ဆရာက ပြည်နယ် ဘုရင်ခံ ဖြစ်သော်လည်း သူမသည် စာသင်ကျောင်း ပါမောက္ခ တစ်ဦးသာ ဖြစ်နေသေးသည်။

လင်လော်ကို ကြည့်လျှင်ကော ဦးလေးက ခရိုင် အုပ်ချုပ်ရေးမှူး ဖြစ်ပြီး သူမ၏ သိုင်းပညာကလည်း အလွန် မြင့်မားကာ ရိုးသားဖြောင့်မတ်ပြီး အင်ပါယာအပေါ် အဆုံးအစမရှိ သစ္စာရှိသော်လည်း အလယ်အလတ် အဆင့် စစ်အရာရှိ တစ်ဦးသာ ဖြစ်နေသေး၏။

ဤသည်မှာ အလွန် ဖွံ့ဖြိုးတိုးတက်သော အင်ပါယာတစ်ခု ဖြစ်ပြီး ပြည်သူများ၏ အသိဉာဏ်ကိုလည်း ပိတ်ပင်ထားခြင်း မရှိသောကြောင့် ထူးချွန်သူများ အများအပြား ပေါ်ထွက်လာကာ အောင်မြင်ကြီးပွားရန် အလွန် ခက်ခဲလှသည်။

သို့ပေမည့် အင်ပါယာ၏ စနစ်ကို အပြစ်တင်၍ မရပေ။ အဘယ်ကြောင့်ဆိုသော် အင်ပါယာ နိုင်ငံသားတိုင်းအတွက် သက်သာချောင်ချိရေးကို အမြင့်ဆုံးအထိ လုပ်ဆောင်ပေးထားသောကြောင့် ဖြစ်၏။

အင်ပါယာ နိုင်ငံသားတိုင်းသည် ပြည့်စုံလုံလောက်သော ဘဝကို လွယ်ကူစွာ ဖြတ်သန်းနိုင်သော်လည်း ချမ်းသာကြွယ်ဝပြီး ဂုဏ်သတင်း ကြီးမားရန်မှာမူ အလွန် ခက်ခဲလှသည်။

ကျီးချန်သည် ယွင်ကျုံးဟဲ့ မြင်ဖူးသမျှထဲတွင် အထူးချွန်ဆုံး လူငယ်တစ်ဦး ဖြစ်သော်လည်း ဖခင်၏ ဂုဏ်သိက္ခာကို ပြန်လည်ရယူရန်နှင့် အောင်မြင်ကြီးပွားရန်အတွက် ကိုယ့်ကိုယ်ကိုယ် အောက်တန်းကျခံကာ မိဖုရား တူရှားထံသို့ လာရောက် ခိုလှုံခဲ့ရသည် မဟုတ်ပါလား။ ကျီးချန်က လူကြီးလူကောင်း မဆန်ဘူးလား။ မရိုးသားဘူးလား။ မမောက်မာဘူးလား။

မိဖုရား တူရှားက ပြောသည်။ “ကဲ… ကိစ္စက ဒီလိုပဲ။ ရှင် ရွေးချယ်လိုက်တော့။ ပထမလမ်းကို ရွေးချယ်ပြီး ကျွန်မရဲ့ တိတ်တိတ်ပုန်း လင်ငယ် ဖြစ်လာမလား။ တရားဝင် အိမ်ထောင်ရေး မရှိပေမယ့် အိမ်ထောင်ရေး အနှစ်သာရတော့ ရှိမယ်။ ရှင့်ကို အစိုးရအရာရှိ ဖြစ်အောင် စီစဉ်ပေးပြီး တစ်ဆင့်ချင်း တက်သွားအောင် လုပ်ပေးမယ်။ ဒါပေမဲ့ အမြင့်ဆုံးက ပြည်နယ် ဘုရင်ခံထက် ပိုမမြင့်နိုင်ဘူး။

ဒါမှမဟုတ် ဒုတိယလမ်းကို ရွေးချယ်မလား။ ထောင်သောင်းချီတဲ့ လူတွေနဲ့ တံတားကျဉ်းလေးပေါ် ဖြတ်ပြီး ကျီးချင့်ရဲ့ ယောက်ျားဖြစ်ဖို့ အရင် ယှဉ်ပြိုင်ရမယ်။ ပြီးမှ တခြား ပြိုင်ဘက်တွေကို ဖယ်ရှားပြီး တစ်သောင်းမှာ တစ်ပုံလောက်ပဲ ဖြစ်နိုင်ခြေ ရှိတဲ့ ဘုရင် ဖြစ်လာမယ့် လမ်းကြောင်းကို သွားမလား။”

ယွင်ကျုံးဟဲ့က တုန့်ဆိုင်းမနေဘဲ ဖြေလိုက်၏။ “သေချာပေါက် ဒုတိယလမ်းပေါ့။”

ယွင်ကျုံးဟဲ့၏ ရွေးချယ်မှုကို အစောတည်းက သိထားသော်လည်း မိဖုရား တူရှားသည် အံကြိတ်ထားဆဲပင် ဖြစ်သည်။ အမျိုးသားများက တကယ်ကို သွေးအေးပြီး ရက်စက်ကြသည်။ အနည်းငယ်မျှပင် တုံ့ဆိုင်းခြင်း မရှိပေ။

သူမ ဒေါသထွက်နေသည့် ပုံစံကို မြင်ရသည်မှာ အလွန် ဆွဲဆောင်မှု ရှိပြီး လှပလွန်းသောကြောင့် ယွင်ကျုံးဟဲ့သည် မနေနိုင်ဘဲ ရှေ့တိုးကာ သူမ၏ နှုတ်ခမ်းကို ကိုက်ချင်စိတ် ပေါက်လာသည်။

မိဖုရား တူရှားက အေးစက်သောအသံဖြင့် ပြောလိုက်၏။ “ကျွန်မကို လာမထိနဲ့။ သံယောဇဉ် ကင်းမဲ့တဲ့ လူယုတ်မာ။”

သို့ပေမည့် နောက်ဆက်တွဲ ယွင်ကျုံးဟဲ့၏ စကားတစ်ခွန်းက မိဖုရား တူရှားကို ဓားဆွဲထုတ်၍ လူသတ်ချင်စိတ် ပေါက်သွားစေသည်။

ယွင်ကျုံးဟဲ့က အလွန် လေးနက်ပြီး သဘာဝကျသည့်အလား မေးလိုက်၏။ “မိဖုရား... အကယ်၍ ကျုပ် ကျီးချင့်ကို လက်ထပ်ပြီးသွားရင် ခင်ဗျားနဲ့ ခိုးကြောင်ခိုးဝှက် ဆက်တွဲလို့ ရအုံးမလား။”

မိဖုရား တူရှားသည် ယွင်ကျုံးဟဲ့ကို ကြည့်ကာ အံကြိတ်လျက် စကားတစ်လုံးချင်းစီ ပြောသည်။ “ရတာပေါ့။ ရှင် စာပေဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး ဖြစ်လာမယ့် အချိန်ကျရင် ကျွန်မလည်း ဒူးထောက်ပြီး ရှင့်ကို အဖေလို့ ခေါ်မယ်။ ဒါပေမဲ့ အခုတော့ ထွက်သွားစမ်း။ ကျွန်မကို လက်တစ်ချောင်းလေးတောင် လာမထိနဲ့။”

ချက်ချင်းပဲ ယွင်ကျုံးဟဲ့သည် သူမ၏ အခန်းထဲမှ အပြင်သို့ လွင့်ထွက်သွားတော့၏။

ထို့နောက် သူမ တစ်ယောက်တည်း ကုတင်ပေါ်တွင် လှဲလျောင်းကာ ဒေါသထွက်နေ၏။ သူမ တကယ်ကို ဒေါသပေါက်ကွဲပေတော့မည်။

တစ်ဖက်တွင် သူမသည် ယွင်ကျုံးဟဲ့ကို ဒုတိယ ရွေးချယ်မှုကို ပြုလုပ်စေချင်ပြီး အာဏာ၏ အထွတ်အထိပ်သို့ တက်လှမ်းစေရန် ဖိအားပေးမှာဖြစ်သည်။ ထို့ကြောင့် ပထမ ရွေးချယ်မှုဆိုသည်မှာ လုံးဝ မရှိခဲ့ပေ။

သို့ပေမည့် ယွင်ကျုံးဟဲ့က ဒုတိယ ရွေးချယ်မှုကို တွေဝေခြင်း မရှိဘဲ ရွေးချယ်လိုက်ချိန်မှာတော့ သူမ အလွန် ဒေါသထွက်သွားပြီး ယွင်ကျုံးဟဲ့၏ ရက်စက်မှုကို မုန်းတီးသွားသည်။

သို့ပေမည့် အခြားတစ်ဖက်တွင် အကယ်၍ ယွင်ကျုံးဟဲ့သည် တော်ဝင်မိသားစု အတွင်းတွင် တကယ် အခြေချနိုင်ပြီး ဘုရင်ရာထူးဆီသို့ စတင် ထိုးဖောက်နိုင်မည်ဆိုပါက သူမ၏ အချစ်က ပို၍ ကြီးမားလာမှာဖြစ်၏။

ထို့ကြောင့် သူမသည် ယခုအခါ အနာဂတ်တွင် ယွင်ကျုံးဟဲ့နှင့် ခိုးကြောင်ခိုးဝှက် ဆက်ဆံရေးအတွက် မျှော်လင့်ချက်များ ပြည့်နှက်နေပြီဖြစ်သည်။

အပိုင်း (၇၃၂)

ယွင်ကျုံးဟဲ့သည် မီတာဆယ်ဂဏန်းခန့် လွင့်ထွက်သွားပြီး တင်ပါးဖြင့် ကျသွားသော်လည်း ဂရုမစိုက်ဘဲ ထရပ်ကာ တင်ပါးကို ပုတ်လျက် သက်ပြင်းချကာ ပြောလိုက်၏။ “မိန်းမတွေက တကယ်ကို ဟန်ဆောင်ကောင်းတာပဲ။”

ကျီးချန် ရောက်လာ၏။ သို့ပေမည့် ဤတစ်ကြိမ်တွင် သူက မိဖုရား တူရှားကို လာရောက် နှုတ်ဆက်ခြင်း ဖြစ်သည်။

သူ အောင်မြင်သွားပြီ ဖြစ်ပြီး အရန်စစ်တပ်၏ လူတစ်သောင်း တပ်မှူး ဖြစ်လာခဲ့သည်။ သူ၏ အထက်တွင် အုပ်ချုပ်ရေးမှူး တစ်ဦး ရှိနေသေးသော်လည်း စစ်တပ်အတွင်းတွင် အယုံကြည်ရဆုံးမှာ စွမ်းအားဖြစ်သောကြောင့် သူ၏ စွမ်းအားဖြင့် ဤအရန်စစ်တပ်ကို ထိန်းချုပ်နိုင်မည်ဟု သူ ယုံကြည်၏။

သူသည် အနာဂတ်တွင် သေချာပေါက် တောက်ပသော လမ်းကြောင်းသို့ လျှောက်လှမ်းနိုင်ပြီး အင်ပါယာ၏ ခေါင်းဆောင်တစ်ဦး ဖြစ်လာကာ ဖခင်၏ ဂုဏ်သိက္ခာကို ပြန်လည် ရယူနိုင်မည်ဟုလည်း ယုံကြည်ချက် ရှိသည်။

မိဖုရား တူရှားသည် ကျီးချန်ကို နှုတ်ဆက်ရန်အတွက် ကြီးကျယ်ခမ်းနားသော စားသောက်ပွဲကြီးတစ်ခု ကျင်းပပေးခဲ့၏။

စားသောက်ပွဲတွင် ကျီးချန် အရက်မူးအောင် သောက်လိုက်၏။ ညအချိန်ရောက်ချိန်မှာတော့ ကျီးချန်သည် မိဖုရား တူရှား၏ နောက်ဖေးခြံဝင်းအတွင်းသို့ ဝင်ရောက်လာပြီး သူမရှေ့တွင် တိုက်ရိုက် ဒူးထောက်ချလိုက်သည်။

ကျီးချန်က တုန်ယင်စွာဖြင့် ပြောလိုက်၏။ “ကျုပ် ဒီတစ်ဘဝလုံး ဘယ်မိန်းမနဲ့မှ မပတ်သက်ခဲ့ဖူးဘူး။ ရည်းစား မထားဖူးဘူး၊ အနမ်း မပေးဖူးဘူး၊ လက်မတွဲဖူးဘူး။ ကျုပ်ရဲ့ နှလုံးသားက မိန်းမ တစ်ယောက်တည်း အတွက်ပဲ ခုန်ပေါက်မယ်လို့ ယုံကြည်ထားတယ်။ ကျုပ်ရဲ့ မာနကလည်း မိန်းမ တစ်ယောက်တည်း အတွက်ပဲ ခေါင်းငုံ့ပေးမယ်လို့ ယုံကြည်ထားတယ်။ ကျုပ် ဘဝက သုံးဆယ်ကျော် ကုန်လွန်သွားခဲ့ပြီ။ သုံးဆယ်ကျော် အကြာကြီး စောင့်ဆိုင်းခဲ့ပြီး အခုတော့ အဲဒီ မိန်းမ ပေါ်လာခဲ့ပြီ။

ရှားရှား… ကျုပ် ခင်ဗျားကို ချစ်တယ်။ အခု ကျုပ်က ခင်ဗျားနဲ့ မထိုက်တန်သေးဘူး ဆိုတာ သိပါတယ်။ ဒါပေမဲ့ အနာဂတ် တစ်နေ့နေ့မှာ ကျုပ် အင်ပါယာရဲ့ အမြင့်ဆုံး တောင်ထွတ်မှာ ရပ်တည်ပြီး ထောင်သောင်းချီတဲ့ စစ်တပ်ကြီးနဲ့အတူ ခင်ဗျားကို လာရောက် လက်ထပ်မယ်။ ခင်ဗျားကို ဒီလောကမှာ အမြင့်မြတ်ဆုံး မိန်းမ ဖြစ်လာအောင် လုပ်ပေးမယ်။

ရှားရှား… ခင်ဗျား ကျုပ်ကို စောင့်နိုင်မလား။ ဒီရည်မှန်းချက်အတွက် ကျုပ်ကို ကြိုးစားခွင့် ပေးနိုင်မလား။ ကျုပ် တစ်သက်လုံး ခင်ဗျား တစ်ယောက်တည်းကိုပဲ ချစ်သွားမယ်။ တခြား မိန်းမတွေကို တစ်ချက်လေးတောင် လှည့်ကြည့်မှာ မဟုတ်ဘူး။”

စကားပြောပြီးနောက် ကျီးချန်သည် လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ မိဖုရား တူရှား၏ လက်ဖမိုးကို နမ်းရန် စောင့်ဆိုင်းနေသည်။

သူသည် ဤအမျိုးသမီးအပေါ် အဆုံးအစမဲ့ အချစ်များ ပြည့်နှက်နေသော်လည်း ထွက်ခွာရမည့် အချိန်ရောက်မှသာ တရားဝင် ဖွင့်ဟ ဝန်ခံခဲ့ခြင်း ဖြစ်၏။

မိဖုရား တူရှားက ကျီးချန်ကို ကြည့်ကာ ရိုးသားစွာ ပြောလိုက်သည်။ “ကျီးချန်… ရှင်က ကျွန်မ တွေ့ဖူးသမျှထဲမှာ နေနတ်သားလို အထူးချွန်ဆုံး ယောက်ျားပါပဲ။ ရှင်က အနာဂတ်မှာ တောက်ပတဲ့ ရှေ့ရေး ရှိလာမယ်ဆိုတာ ကျွန်မ ယုံကြည်တယ်။ ရှင့်ဖခင်ရဲ့ ဂုဏ်သိက္ခာကို ပြန်လည် ရယူနိုင်မယ်ဆိုတာ ယုံကြည်တယ်။ ရှင်က အင်ပါယာရဲ့ ဂုဏ်ယူစရာ ဖြစ်လာမယ်ဆိုတာ ယုံကြည်တယ်။

ဒါပေမဲ့ ကျွန်မကို ယုံကြည်ပါ။ ရှင်က ပိုကောင်းတဲ့ မိန်းမနဲ့ ထိုက်တန်ပါတယ်။ ကျွန်မက နာမည်ပျက်နေတဲ့ မိန်းမ တစ်ယောက်ပါ။ ကျွန်မ အရမ်း လှပေမယ့် အလှအပဆိုတာ မိန်းမတစ်ယောက်ရဲ့ တန်ဖိုးအနည်းဆုံး အရာပါပဲ။ ရှင် လှည့်ကြည့်လိုက်ရင် ကျွန်မထက် ကောင်းတဲ့ မိန်းမတွေ ရေတွက်လို့တောင် မကုန်နိုင်အောင် ရှိပါတယ်။ လမ်းပေါ်မှာ သွားနေတဲ့ သာမန် ယဉ်ကျေးတဲ့ မိန်းကလေး တစ်ယောက်တောင် ကျွန်မထက် ပိုကောင်းပါတယ်။”

ကျီးချန်က နာကျင်စွာဖြင့် အံကြိတ်ကာ သူ၏ လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး မာကျောသော မြေပြင်ပေါ်သို့ ထုချလိုက်သည်။ ချက်ချင်းပဲ ကျောက်ပြားကဲ့သို့ မာကျောသော မြေပြင်က တစစီ ကြေမွသွား၏။

ကျီးချန်က ပြောလိုက်သည်။ “ကျုပ် နားလည်ပါပြီ။ ကျုပ် ခင်ဗျားကို စိတ်ပျက်အောင် လုပ်မှာ မဟုတ်ဘူး။ ဒီတစ်ခါ ခင်ဗျားက ကျုပ်ကို ကာကွယ်ပေးခဲ့တယ်။ အနာဂတ်မှာ ကျုပ်က ခင်ဗျားကို တစ်သက်လုံး သေချာပေါက် ပြန်လည် ကာကွယ်ပေးသွားမယ်။ သေချာပေါက် လုပ်ပေးမှာပါ။”

ပြောပြီးသည်နှင့် ကျီးချန်သည် လှည့်ထွက်သွားပြီး သူ၏ စိတ်ထဲတွင် နာကျင်မှုနှင့် ဝမ်းနည်းဒေါသများ ပြည့်နှက်နေသည်။ ထို့နောက် တစ်ယောက်တည်း မြင်းစီးကာ မိဖုရား တူရှား၏ စံအိမ်မှ ထွက်ခွာသွား၏။

တံခါးဝသို့ ရောက်ချိန်မှာတော့ ယွင်ကျုံးဟဲ့ကို တွေ့လိုက်ရ၏။ သူသည် လက်သီးကို အရင် ဆုပ်လိုက်ပြီး ရှေ့ရှိလူကို အသားတုံး ဖြစ်သွားအောင် ထုထောင်းပစ်ချင်စိတ် ပေါက်လာသည်။ အဘယ်ကြောင့်ဆိုသော် ယွင်ကျုံးဟဲ့က သူ၏ နှလုံးသားထဲမှ အချစ်ကို လုယူသွားသောကြောင့် ဖြစ်သည်။

သို့ပေမည့် သူသည် လက်သီးကို ပြန်ဖြေလျှော့လိုက်ပြီး ယွင်ကျုံးဟဲ့ရှေ့သို့ လျှောက်သွားကာ လက်နှစ်ဖက်ကို ဖြန့်၍ သူ့ကို ဖက်လိုက်၏။

ကျီးချန်က အက်ကွဲသော အသံဖြင့် ပြောလိုက်သည်။ “ဂရုစိုက်ပါ လူယုတ်မာ။ အသက်အန္တရာယ် ကြုံလာရရင် ကျုပ်စစ်တပ်ဆီကို ထွက်ပြေးလာခဲ့။”

ထို့နောက် ယွင်ကျုံးဟဲ့၏ ကျောပြင်ကို တစ်ချက် ထုလိုက်၏။

“ဖူး...”

ဤတစ်ချက် ထုလိုက်သော အားက မပြင်းထန်သော်လည်း ယွင်ကျုံးဟဲ့မှာ ခံနိုင်ရည် မရှိဘဲ သွားရည်များ တိုက်ရိုက် ပန်းထွက်သွားသည်။

ယွင်ကျုံးဟဲ့က ပြုံးကာ ပြောလိုက်၏။ “အစ်ကိုကြီး… ခင်ဗျားက ကျုပ်ကို သေအောင် ထုသတ်ချင်နေတုန်းပဲ မလား။”

ကျီးချန်က ဖြေသည်။ “ကျုပ်က အချိန်တိုင်း ခင်ဗျားကို ထုသတ်ချင်နေတာ။”

ယွင်ကျုံးဟဲ့က တစ်ဖက်လူ၏ တောင့်တင်းသော ကျောပြင်ကို ပုတ်ကာ ပြောလိုက်၏။ “ဂရုစိုက်ပါ။ အောင်မြင်ပါစေ။”

“ဂရုစိုက်ပါ။ အောင်မြင်ပါစေ။ သွားပြီ။”

ထို့နောက် ကျီးချန်သည် စစ်မြင်းပေါ်သို့ တက်ကာ စံအိမ်မှ ထွက်ခွာသွားသည်။

ယွင်ကျုံးဟဲ့သည် ကျီးချန် ထွက်ခွာသွားသော ကျောပြင်ကို ကြည့်နေသည်။ နောက်ထပ် နဂါးတစ်ကောင် သမုဒ္ဒရာထဲသို့ ဝင်ရောက်သွားလေပြီ။ ယွင်ကျုံးဟဲ့သည် တူရှား စံအိမ်တွင် နေရမည့် အချိန် သိပ်မကျန်တော့ပေ။

နောက်ထပ် သုံးရက်အကြာတွင် အင်ပါယာ၏ အကြီးအကဲ ကျီးချန်သည် ယွင်ကျုံးဟဲ့ကို ကျီးချင့်နှင့် အိမ်ထောင်ဖက်ရှာပွဲ လုပ်ရန် လာရောက် ခေါ်ဆောင်တော့မှာ ဖြစ်သည်။

ပုံမှန်အားဖြင့် ဤနောက်ဆုံး သုံးရက်တွင် ယွင်ကျုံးဟဲ့နှင့် မိဖုရား တူရှားတို့သည် ပို၍ ခွဲမရအောင် ဖြစ်နေသင့်၏။

သို့ပေမည့် ရလဒ်က ထိုသို့ မဟုတ်ဘဲ မိဖုရား တူရှားသည် ယွင်ကျုံးဟဲ့ကို ပို၍ ခပ်ခွာခွာ နေလာ၏။ ယခင်က ကဲ့သို့ ကိုယ်လုံးတီးဖြင့် ပန်းချီဆွဲခြင်းများ မရှိတော့ပေ။

ယခင်ကကဲ့သို့ နှစ်ယောက်သား ခန္ဓာကိုယ်ပေါ်တွင် အစားအစာများ တင်၍ စားသောက်ခြင်းများလည်း မရှိတော့ပေ။ လက်ချောင်းလေး တစ်ချောင်းပင် အထိမခံတော့ဘဲ စကားပြောရာတွင်လည်း အေးစက်စက် ဖြစ်နေကာ အကွာအဝေးကိုလည်း သုံးမီတာ အထက်တွင် ထားရှိသည်။

ထို့အပြင် သူမသည် ပို၍ လှပအောင် ပြင်ဆင်လာသည်။ မြင့်မြတ်သည်၊ ဆွဲဆောင်မှု ရှိသည်၊ ပြိုင်ဘက်ကင်းအောင် လှပကာ အလှအပ အားလုံးကို ပွင့်လန်းလာစေသကဲ့သို့ ဖြစ်သော်လည်း လက်ချောင်းလေး တစ်ချောင်းမျှ အထိမခံပေ။

ထို့အပြင် ရင်းနှီးသော စကားတစ်ခွန်းမျှ မပြောတော့ပေ။ အမျိုးသားနှင့် အမျိုးသမီး ဆက်ဆံရေးကို လုံးဝ ဖြတ်တောက်လိုက်သကဲ့သို့ပင်။

ထိုနေ့တွင် နှုတ်ဆက်ရမည့် အချိန် ရောက်ရှိလာခဲ့၏။ အကြီးအကဲ ကျီးချန်သည် ယွင်ကျုံးဟဲ့ကို မြို့တော်သို့ ကျီးချင့်နှင့် အိမ်ထောင်ဖက်ရှာပွဲ လုပ်ရန် ခေါ်ဆောင်သွားမည့် မြင်းတပ်တစ်တပ်ကို စေလွှတ်လိုက်ပြီဖြစ်သည်။

စံအိမ်၏ အမြင့်ဆုံး အထပ်တွင် ယွင်ကျုံးဟဲ့နှင့် မိဖုရား တူရှားတို့သည် သုံးမီတာ အကွာအဝေးတွင် ရပ်နေကြ၏။

မိဖုရား တူရှားက ပြောလိုက်သည်။ “ဒီတစ်ခေါက် ကျီးချင့်ရဲ့ အိမ်ထောင်ဖက်ရှာပွဲက လူတိုင်းရဲ့ အာရုံစိုက်မှုကို ခံနေရတယ်။ သူမက တော်ဝင်မိသားစုရဲ့ မြင့်မြတ်တဲ့ သမီးတော် ဖြစ်ပြီး ပညာတတ်ကာ မောက်မာတယ်။ သူမရဲ့ နောက်ကွယ်မှာ အင်အားကြီးတဲ့ တော်ဝင်မိသားစု အင်အားစု တစ်ခု ရှိနေတယ်။ သူမကို လက်ထပ်ချင်တဲ့ တော်ဝင်မိသားစု လူငယ်တွေက အများကြီး ရှိပြီး ပြိုင်ဆိုင်မှုကလည်း အရမ်း ပြင်းထန်တယ်။ ရှင်က လာရာလမ်းကြောင်း မသေချာသလို နာမည်လည်း ပျက်နေလို့ နိုင်ခြေ အရမ်း နည်းတယ်။”

ယွင်ကျုံးဟဲ့က ခေါင်းညိတ်ပြလိုက်၏။

မိဖုရား တူရှားက ဆက်ပြောသည်။ “ဒါပေမဲ့ ဒီလမ်းကို ရှင် ကိုယ်တိုင် ရွေးချယ်ခဲ့တာ။ ရှင် ကိုယ်တိုင် ဒီဘုရင် လမ်းကြောင်းကို သွားချင်ခဲ့တာ။ အဲဒါကြောင့် အိမ်ထောင်ဖက်ရှာပွဲ ကျရှုံးသွားရင် ရှင် ပြန်လာစရာ မလိုတော့ဘူး။ ကျွန်မလည်း ရှင့်ကို လက်ခံတော့မှာ မဟုတ်ဘူး။ နားလည်လား။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “စိတ်ချပါ။ အိမ်ထောင်ဖက်ရှာပွဲက သေချာပေါက် အောင်မြင်ရမယ်။ ကျီးချင့်ကို ကျုပ်ရှေ့မှာ ဒူးထောက်ပြီး အဘိုးလို့ ခေါ်ခိုင်းရမယ်။ အကယ်၍ ကျရှုံးသွားရင် ကျုပ် အပြင်မှာ သေသွားရင်တောင် ပြန်လာမှာ မဟုတ်ဘူး။ ဘုရင် မဖြစ်ရင် တစ်စစီ ကြေမွသွားဖို့ပဲ ရှိတယ်။ မိစ္ဆာမလေး… မကြာခင် လမ်းခွဲရတော့မယ်။ ကျုပ်မှာ သေးငယ်တဲ့ တောင်းဆိုချက်လေး တစ်ခု ရှိတယ်။ ရမလား။”

မိဖုရား တူရှားက ပြောလိုက်သည်။ “ပြော။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ခင်ဗျား ကျုပ်ကို တစ်ခါလောက် ညှဉ်းပန်းခွင့် ပေးမလား။ ဒါမှမဟုတ် ကျုပ် ခင်ဗျားကို တစ်ခါလောက် ညှဉ်းပန်းရမလား။ မနှစ်က ကျုပ်ကို ညှဉ်းပန်းမယ်လို့ ခင်ဗျား ကတိပေးထား ခဲ့တယ်လေ။ ပျော်တော်ဆက်ယောက်ျား ဖြစ်လာဖို့ မနည်း ကြိုးစားခဲ့ရတာ၊ ကြာပွတ်နဲ့ အရိုက်မခံရသလို ညှဉ်းပန်းတာလည်း မခံရဘူးဆိုတော့ အရမ်း နှမြောစရာ ကောင်းနေတယ်။ ကျုပ်ကို တစ်ခါလောက် ညှဉ်းပန်းလိုက်ပါ။”

မိဖုရား တူရှားက အေးစက်စွာ ပြောလိုက်သည်။ “အိပ်မက် မက်နေလိုက်။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဒါမှမဟုတ် နမ်းလို့ ရမလား။”

“အိပ်မက် မက်နေလိုက်။”

ယွင်ကျုံးဟဲ့က ထပ်ပြောသည်။ “ဒါမှမဟုတ်ရင် ခင်ဗျား စကတ်ကို ချွတ်ပြီး ကျုပ်ကို နောက်တစ်ခါလောက် ထပ်ကြည့်ခွင့်ပြုပါ။ ဒါက နောက်ဆုံးအကြိမ် ဖြစ်ချင် ဖြစ်သွားနိုင်တယ်။”

မိဖုရား တူရှားသည် လက်သီးကို ဆုပ်ထားကာ မျက်လုံးများကို မှိတ်ပြီး ရှေ့ရှိလူကို သတ်ပစ်ချင်စိတ်ကို အစွမ်းကုန် ထိန်းချုပ်ထား၏။ “ထွက်သွားစမ်း။”

ယွင်ကျုံးဟဲ့က သက်ပြင်းချကာ ပြောလိုက်သည်။ “ဒါလည်း မရဘူး၊ ဟိုဟာလည်း မရဘူးဆိုတော့ ကျုပ်မှာ နောက်ဆုံး သေးငယ်တဲ့ တောင်းဆိုချက်လေး တစ်ခုပဲ ရှိတော့တယ်။”

“ပြော...”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “မိစ္ဆာမလေး… နောက်ပိုင်း ပျော်တော်ဆက်ယောက်ျား ထပ်မခေါ်နဲ့တော့နော်။ နာမည်ခံ သက်သက်ဆိုရင်တောင် မခေါ်နဲ့တော့။”

မိဖုရား တူရှားက ပြောသည်။ “ရှင်က ကျွန်မရဲ့ ဘာမို့လို့လဲ။ ကျွန်မက ဘာလို့ ရှင့်စကားကို နားထောင်ရမှာလဲ။ တကယ် ရယ်ရတာပဲ။ ကျွန်မက ပျော်တော်ဆက်ယောက်ျား ခေါ်မှာတင် မကဘူး၊ တစ်ခါတည်း အယောက် တစ်ရာ ခေါ်ပြီး တစ်နေ့ သုံးယောက် လဲပစ်မယ်။”

ယွင်ကျုံးဟဲ့သည် ရှေ့ရှိ ပြိုင်ဘက်ကင်း မိစ္ဆာမလေး၏ တိုင်းပြည်ကိုပင် ပျက်စီးစေနိုင်လောက်အောင် လှပသော မျက်နှာလေးကို ကြည့်နေ၏။

ယွင်ကျုံးဟဲ့က စကားတစ်လုံးချင်းစီ ပြောလိုက်သည်။ “မိစ္ဆာမလေး… ကျုပ် ဘုရင် ဖြစ်လာတဲ့အခါ ကျီးချင့်ကို ချက်ချင်း ကွာရှင်းပြီး ခင်ဗျားကို မိဖုရားအဖြစ် လက်ထပ်မယ်လို့ ကျုပ် ကျိန်ဆိုတယ်။ ကျိန်ဆိုပါတယ်။”

မိုင်ပေါင်းသောင်းချီ ဝေးကွာသော နေရာမှ ကျီးချင့် ဤစကားကို ကြားပါက လူသတ်ချင်စိတ် ပေါက်လာမည်မှာ သေချာသည်။ ယွင်ကျုံးဟဲ့က သူမကို အောင်မြင်အောင် လက်မထပ်ရသေးဘဲ ကွာရှင်းရန် တွေးနေပြီ ဖြစ်၏။

မိဖုရား တူရှားက ပြောလိုက်သည်။ “ကြွားလုံးထုတ်တာ မစောလွန်းပါနဲ့အုံး။ ရှင် ကိုယ့်ကိုယ်ကိုယ်တောင် မကာကွယ်နိုင်သေးဘူး။ ကျီးချင့်က ရှင့်ကို ကြည့်တောင် မကြည့်ချင်တာမျိုး ဖြစ်နေနိုင်တယ်။ အိမ်ထောင်ဖက်ရှာပွဲ ပထမဆုံးအကြိမ်မှာပဲ မောင်းထုတ်ခံရပြီး မြို့တော်မှာ သူတောင်းစား ဖြစ်သွားနိုင်သေးတယ်။ ရှင် အထက်လွှတ်တော်ထဲ ဝင်နိုင်မှ ကျွန်မကို လာကြွားပါ လူယုတ်မာ…”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “မိစ္ဆာမလေး… ခင်ဗျား စကားပြောတာ အရမ်း ဒေါသထွက်စရာ ကောင်းတယ်။ ကျုပ် ဘုရင် ဖြစ်လာတဲ့ အချိန်ကျရင် ခင်ဗျားကို သေချာပေါက် ကလဲ့စားချေပြီး သရဲတွေလို အော်ဟစ် ငိုယိုသွားတဲ့အထိ ညှဉ်းပန်းပစ်မယ်။”

မိဖုရား တူရှားက ယွင်ကျုံးဟဲ့ကို ဒေါသတကြီး မောင်းထုတ်လိုက်သည်။ “ထွက်သွား၊ ထွက်သွား၊ ထွက်သွားစမ်း...”

ထို့နောက် ယွင်ကျုံးဟဲ့သည် ထွက်သွားလေတော့သည်။ ထို့နောက် အကြီးအကဲ ကျီးချန်၏ မြင်းလှည်းပေါ်သို့ တက်ကာ မိဖုရား တူရှား၏ စံအိမ်မှ ထွက်ခွာလာခဲ့၏။

မိဖုရား တူရှားသည် လူသူကင်းမဲ့နေသော ရဲတိုက်ထိပ်ရှိ ပြတင်းပေါက်မှနေ၍ ယွင်ကျုံးဟဲ့ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်နေသည်။

သူမ အနည်းငယ် ချမ်းစိမ့်စိမ့် ဖြစ်လာသောကြောင့် မနေနိုင်ဘဲ လက်နှစ်ဖက်ဖြင့် ပခုံးများကို ဖက်ထားလိုက်သည်။ အရာရာတိုင်းက အရမ်း နီးကပ်လွန်းလျှင် ရေစက်က စောစော ကုန်ဆုံးသွားတတ်၏။

ဤနောက်ဆုံး ရက်အနည်းငယ်အတွင်း ခပ်ခွာခွာ နေခဲ့ခြင်းက အနာဂတ်တွင် ရေစက် ဆက်လက် ရှိနေစေရန် အတွက် အလဲအလှယ် လုပ်ခဲ့ခြင်း ဖြစ်နိုင်၏။ မရနိုင်ခြင်းကသာ အကောင်းဆုံး ဖြစ်ပြီး အနာဂတ်တွင် အစွမ်းကုန် ရယူချင်စိတ်ကို ဖြစ်ပေါ်စေနိုင်သည်။

All Chapters