← Chapters

အခန်း ၅၂၁

Vol. 53 Ch. 521

အခန်း ၅၂၁

Vol. 53 Ch. 521

အခန်း (၅၂၁)

“တင်း လက်ခံသူ၏ တပည့် ယဲ့ပေရွှမ်သည် ဟုန်မင်တာအိုအနှစ်သာရကို နားလည်သွားပါပြီ။ ဆုလဒ်အဖြစ် တာအိုအနှစ်သာရ ဆယ်ခု ချီးမြှင့်ပါတယ်”

ဝမ်တောက်ကျောင်းတော် မြောင်တောင်ပေါ်တွင်

ချူဖုန်း ဗာဓိသစ်ပင်ရှေ့တွင် ရပ်ပြီး ရေလောင်းနေစဉ် သူ့စိတ်ထဲတွင် ရင်းနှီးနေသည့် စက်ရုပ်သံတစ်သံ ထွက်ပေါ်လာ၏။ သူ လုပ်လက်စကို ရပ်တန့်လိုက်ရင်း အသာအယာ ပြုံးမိသည်။

“ကောင်စုတ်လေးပေရွှမ် ဒီလိုရလဒ်မျိုး ရလာမယ် ငါ မထင်ထားမိဘူး။ ကြည့်ရတာ ဖီးနစ်ဘိုးဘေးကုန်းမြေက စမ်းသပ်မှုက အတော်လေး ထူးခြားမယ်ထင်တယ်။ အဲ့ကောင်လေး ပြန်လာရင် ဘယ်လောက်သန်မာမလဲဆိုတာ သိချင်နေပြီ”

သူ့စကားအဆုံး လေရူးတစ်သုတ် တိုက်ခတ်လာသည်။ ချူဖုန်း ရှေ့က ဗောဓိသစ်ပင် ယိမ်းနွဲ့သွား၏။ ၎င်းကလည်း သူ သန်မာလာကြောင်း ချူဖုန်းကို ပြောပြချင်နေသည့်ဟန်။

ချူဖုန်း ဗောဓိသစ်ပင်ထိပ်ကို ညင်သာစွာ တို့ထိလိုက်ပြီး ပြောသည်။

“မင်းက ငယ်သေးတယ်။ မင်းသာ ရင့်သန်လာရင် သဘာဝအတိုင်းသန်မာလာလိမ့်မယ်”

“အစ်ကိုကြီး ဘာလို့ သစ်ပင်နဲ့ စကားပြောနေတာလဲ”

မဟာပဏ္ဍိတရွှေတောင်ပံ၏ အသံသည် ကောင်းကင်ယံမှ ပျံ့လွင့်လာပြီး ချူဖုန်းဘေးတွင် ပေါ်လာသည်။

ချူဖုန်း ထိုသူကို ဂရုမစိုက်ဘဲ အလျင်မလိုစွာ ရှင်းပြသည်။

“သက်ရှိတိုင်းမှာ ဝိညာဉ်ရှိတယ်။ ဗောဓိသစ်ပင်လေးက သူတော်စင်သစ်ပင်။ သူ့မှာ စိတ်ဝိညာဉ်ရှိတယ်။ ငါ သူနဲ့စကားပြောနိုင်တာ ပုံမှန်ပါပဲ”

မဟာပဏ္ဍိတရွှေတောင်ပံ သူ့စကားများကို မငြင်းဆန်သော်လည်း စကားပြင်လိုက်၏။

“ဒါပေမဲ့ ဒီကောင်လေး ပေါက်တာ တစ်နှစ်ပဲ ရှိသေးတယ်။ ဘယ်လိုလုပ်ပြီး အသိဉာဏ်ရှိဦးမှာလဲ”

ချူဖုန်ု ပြောသည်။

“သူက သူတော်စင်မျိုးစေ့ဖြစ်နေ့လို့လေ။ အဲ့စကားသုံးလုံးနဲ့တင် သာမန်သက်ရှိတွေကို ဖိနှိပ်နိုင်တယ်။ ဗောဓိလေး မင်း ငါပြောတာ သဘောတူတယ်မလား”

၎င်းကို ကြားတော့ ဗောဓိသစ်ပင် သူ့အကိုင်းအခတ်လေးများနှင့် အရွက်များကို လှုပ်ခါပြသည်။ သူ့တွင် နတ်ဘုရားအာရုံ မဖြစ်ပေါ်သေးသော်ငြား အသိဉာဏ်ပိုင်ဆိုင်နေပြီဖြစ်သည်။

မဟာပဏ္ဍိတရွှေတောင်ပံ လေးအေးတစ်ဆုပ် ရှူသွင်းလိုက်မိသည်။

“ဗောဓိသစ်ပင်လေးက အရမ်းအစွမ်းထက်လွန်းတယ်”

ချူဖုန်း ပြုံးကာ ပြောသည်။

“သူ့ကို မင်းလို တုံးတယ်များ ထင်နေလား။ မင်းသာ မြန်မြန်မကျင်င့်ကြံဘူးဆိုရင် နှစ်တစ်ရာအတွင်းမှာတင် ဗောဓိသစ်ပင်လေးက မင်းကို ကျော်တက်သွားလိမ့်မယ်”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ကျွန်တော်က မဟာပဏ္ဍိတတစ်ပါးလေ”

မဟာပဏ္ဍိတရွှေတောင်ပံ သံသယဖြင့် ပြောသည်။

“ဒါဆို ငါတို့လောင်းကြေးထပ်ကြမလား”

ချူဖုန်း မဟာပဏ္ဍိတရွှေတောင်ပံကို ကစားလိုသည့်အပြုံးဖြင့် ကြည့်လိုက်၏။

“ကျွန်တော် မလုပ်ရဲပါဘူး”

မဟာပဏ္ဍိတရွှေတောင်ပံ သူ၏ ပုံမှန်မဟုတ်သော တူတပည့်လေးများကို တွေးမိသည့်အခါ ထိုအတွေးကို လျင်မြန်စွာ စွန့်လွှတ်လိုက်သည်။

“ကောင်းပြီ။ ဒီအကြောင်းထပ်မပြောနဲ့တော့။ မင်း ငါ့ကို လာရှာတာ အရေးကြီးကိစ္စရှိလို့မလား”

ချူဖုန်း အကြောင်းအရာကို ပြောင်းလဲလိုက်၏။

မဟာပဏ္ဍိတရွှေတောင်ပံ ပြောသည်။

“အစ်ကိုကြီး ကျွန်တော် အကူအညီတစ်ခု တောင်းချင်လို့ပါ”

“အိုး”

ချူဖုန်း သိချင်စိတ်အနည်းငယ်ဖြင့် မေးသည်။

“မင်းလို လေးစားရတဲ့ မဟာပဏ္ဍိတတစ်ပါးမှာတောင် မဖြေရှင်းနိုင်တဲ့ ကိစ္စတွေ ရှိတာလား”

မဟာပဏ္ဍိတရွှေတောင်ပံ အနေရခက်စွာ ခေါင်းကုတ်သည်။

“တောင်ပိုင်း ယွင်လော်မှာ ဒေါင်းမင်းသမီးက နောက်နှစ်ဝက်နေရင် ခင်ပွန်းရွေးချယ်ဖို့ သိုင်းပြိုင်ပွဲတစ်ခု ကျင်းပမယ်တဲ့။ သူ့အနိမ့်ဆုံးသတ်မှတ်ချက်က သူတော်စင်တစ်ပိုင်းအဆင့် အင်အားစုကဖြစ်ရမယ်။ နီဗားနားရှင်သန်ခြင်းအဆင့် ကျင့်ကြံခြင်းရှိရမယ်”

“ကျွန်တော်က သူတော်စင်တစ်ပိုင်းအဆင့်ဖြစ်ပေမဲ့ ဝါရင်သူတော်စင်တစ်ပိုင်းတွေနဲ့ ယှဉ်ရင် အများကြီး နောက်ကျကျန်သေးတယ်”

၎င်းကို ကြားတော့ ချူဖုန်း ပြုံးလိုက်သည်။

“ငါ နားလည်ပြီ။ မင်း ငါ့ကို ကူညီခိုင်းနေတာမလား”

“အင်း...အင်း”

မဟာပဏ္ဍိတရွှေတောင်ပံ အလျင်စလို ခေါင်းညိတ်သည်။

ချူဖုန်း ပြုံးကာ မေး၏။

“ဒီကိစ္စက မခက်ခဲဘူး။ ဒါပေမဲ့ ငါလှုပ်ရှားရင် သူ မင်းကို သဘောကျမယ်ဆိုတာ သေချာလို့လား”

မဟာပဏ္ဍိတရွှေတောင်ပံ ရယ်မောသည်။

“အောင်မြင်မလား ကျရှုံးမလားဆိုတာ တခြားကိစ္စပါ။ ကျွန်တော် အသိအမြင်ကျယ်ချင်ရုံသက်သက်ပဲ”

“ကောင်းပြီလေ။ ငါလည်း အခုတလော ဘာမှလုပ်စရာ မရှိဘူး။ ကလေးတွေကို အပြင်ခေါ်သွားပြီး ပေးကစားလို့ရတယ်”

ချူဖုန်း သိပ်စဉ်းစားမနေဘဲ တိုက်ရိုက်သဘောတူလိုက်၏။

မဟာပဏ္ဍိတရွှေတောင်ပံ တောက်ပသော အပြုံးတစ်ပွင့်ဖြင့် ပြောသည်။

“ကျေးဇူးပါ အစ်ကိုကြီး။ ကျွန်တော် ဒေါင်းမင်းသမီးကို လက်ထပ်နိုင်ရင် ခင်ဗျားက ကျွန်တော်နဲ့ အမေမတူတဲ့ ညီကိုရင်းတွေပဲ”

ချူဖုန်း အသေးစိတ် မဆွေးနွေးတော့ဘဲ သူ့တပည့်များကို စုစည်းရန် လက်ချိတ်စည်းတစ်ခု ပြုလုပ်လိုက်၏။

“ကျွန်မတို့ ဆရာ့ကို ဂါဝရပြုပါတယ်”

“ထကြပါ”

ချူဖုန်း ပြောသည်။

“ငါ နောက်သုံးရက်နေရင် တောင်ပင်လယ်သွားမလို့ ဘယ်သူတွေ လိုက်ချင်လဲ”

“ကျွန်မ”

“ကျွန်မရော”

ချန်ကျင်းကျင်းနှင့် ပိုင်ကျင်းတို့ကတော့ တန်းပြောသည်။

ချူဖုန်း ခေါင်းအသာ ညိတ်ပြီး ကျန်သည့်သူများကို ကြည့်လိုက်၏။ နောက်ဆုံးတွင် ချင်းချင်း ပြောတော့၏။

“တပည့်လည်း လိုက်ပါမယ်”

“ကောင်းတယ်”

ချူဖုန်း ပြုံးလိုက်သည်။

“အခြားသူတွေ မသွားကြဘူးဆိုတော့ ဆရာတို့လေးယောက်ရယ် ဦးလေးရွှေတောင်ပံရယ်နဲ့ အတူတူသွားကြတာပေါ့”

“ရေး”

ချန်ကျင်းကျင်း စိတ်လှုပ်ရှားနေသော အမူအရာဖြင့် အော်ဟစ်သည်။

ပိုင်ကျင်း မေးသည်။

“ဆရာ ကျွန်မ ချင်းကျိုးကို အလည်ပြန်လို့ရမလား”

“ရတယ်။ ငါတို့ ချင်းကျိုးကို အရင်ဝင်ကြမယ်။ မင်းအိမ်ကို အလည်ဝင်ပြီးမှ တောင်ပင်လယ်ကို ခရီးဆက်ကြမယ်”

ချူဖုန်း သူ့တပည့်၏ တောင်းဆိုချက်လေးကို ဖြည့်ဆည်းပေး၏။

“ကျွန်မ နှစ်ရက်လောက်ပဲ နေမှာ”

ပိုင်ကျင်း ဆရာနှင့်အတူ အပြင်ထွက်ရမည့် အခွင့်အရေးကို အလွတ်မခံချင်ပေ။ ချင်းကျိုးတွင် နေထိုင်ရခြင်းသည် ဆရာနှင့် ခရီးထွက်ခြင်းလောက် မည်သို့ စိတ်ဝင်စားဖို့ ကောင်းမည်နည်း။

“ကောင်းပြီ”

ချူဖုန်း မစဉ်းစားဘဲ သဘောတူသည်။

သူ ပင်းယန်ကို အကြောင်းကြားလိုက်၏။ ပင်းယန်က သူ့တူမလေးကို ကျင့်ကြံခြင်းတွင် လမ်းညွှန်ပေးချင်သဖြင့် မလိုကြောင်း ပြောလာသည်။ ချူဖုန်း သူ့နှလုံးထဲတွင် နောင်တအနည်းငယ် ခံစားလိုက်ရသည်။

ချူဖုန်းတို့အဖွဲ့ တောင်ပိုင်းယွင်လော်ကျွန်းသို့ သွားရန် ပြင်ဆင်နေကြစဉ် ယဲ့ပေရွှမ်သည် ဗုဒ္ဓနတ်ဆိုး၏ ရတနာများကို သိမ်းဆည်းလိုက်၏။

ယခုတစ်ကြိမ်တွင် ယဲ့ပေရွှမ် အကျိုးအမြတ်အပြည့် ရလိုက်သည်ဟု ဆိုရမည်။ ဗုဒ္ဓနတ်ဆိုး၏ ရတနာတိုက်တွင် ပစ္စည်းကောင်းများ ပေါများပေသည်။

ဖုန်းမိသားစုဝင်များ စိတ်တက်ကြွနေသောကြောင့် သူတို့ ဤခရီးစဉ် ထွက်လာရခြင်းက တန်ကြောင်း ခံစားရပေသည်။

ဖုန်းယန်ရှန်း စိတ်ခံစားချက်အပြည့်ဖြင့် သက်ပြင်းချသည်။

“ယောက်ဖ ငါတို့ဖုန်းမိသားစုက ဒီတစ်ကြိမ် မှန်ကန်တဲ့ သူကို ရွေးချယ်ခဲ့တာပဲ။ မင်းက ငါတို့ ဖုန်းမိသားစု အိမ်ပါသမက်မဟုတ်တာ နှမြောစရာပဲ။ မဟုတ်ရင် ငါတို့အားလုံး မင်းကို မိသားစုခေါင်းဆောင်အဖြစ် သတ်မှတ်တယ်”

ပတ်ဝန်းကျင်က ဖုန်းမိသားစုတပည့်များ ခေါင်းညိတ်ကြ၏။ သူတို့ ဤကိစ္စနှင့် ပတ်သက်၍ မသင့်လျော်သလို မခံစားရချေ။

ယဲ့ပေရွှမ်နောက်သို့ လိုက်ရသည့် နေ့ရက်များသည် သူတို့ မီးဖီးနစ်တောင်ကြားတွင် နေခဲ့ရသည့် ရက်များထက် များစွာ အကျိုးအမြတ် ရပေသည်။

“အစ်ကိုသုံး စကားကို လက်လွတ်စပယ် မပြောနဲ့။ ငါက ထောင့်တစ်ထောင့်ထဲမှ ဘဝကို ကန့်သတ်ထားရတာ မကြိုက်ဘူး။ ဒီဘဝမှာ ကမ္ဘာသုံးထောင်ကို ခရီးထွက်ပြီး အထွတ်အထိပ်လမ်းစဉ်ကို လျှောက်လှမ်းမယ်”

ယဲ့ပေရွှမ် ပြောပြီးနောက် သူ အနီနှင့် အနက်ကောင်းကင်ကြီးကိုကြည့်ပြီး သူ့အကြည့်များ တဖြည်းဖြည်း ပြတ်သားလာ၏။

အခြားတစ်ယောက် ထိုစကားကိုပြောလျှင် ဖုန်းယန်ရှန်း ထိုသူကို ပါးနှစ်ချက်လောက် ရိုက်ပြီး နေ့ခင်းကြောင်တောင်အိပ်မက် မက်နေသည်ဟု ပြောမိပေမည်။

သို့သော် ယဲ့ပေရွှမ် ပြောလာသောအခါ ထိုစကားများက သဘာဝကျသည်ဟူသော ခံစားချက်ကို ပေးစွမ်းနေ၏။

သူတို့ ယဲ့ပေရွှမ်နှင် ဗုဒ္ဓနတ်ဆိုးတို့ကြားမှ တိုက်ပွဲကို မမြင်လိုက်ရပေ။

ယဲ့ပေရွှမ် တာအိုအနှစ်သာရကို နားလည်သဘောပေါက်ရန် ဗုဒ္ဓနတ်ဆိုး၏ စွမ်းအားကို အသုံးပြုခဲ့ကြောင်း သိသွားပါက သူတို့ မျက်လုံးများ ပြုတ်ထွက်ကျလောက်သည်အထိ ပြူးကြောင် အံ့အားသင့်သွားပေမည်။

ကောင်းကင်ကို ဆန့်ကျင်နိုင်သည့် ပါရမီရှင်မျိုး ဖုန်းမိသားစု ဘိုးဘေးမှတ်တမ်းတွင်ပင် သူတို့မမြင်ဖူးပေ။ ထိုမှတ်တမ်းတင်ထားသော ဘိုးဘေးသည် သူတော်စင်တစ်ပါး ဖြစ်ကြောင်းတော့ သိရပေမည်။ သူတော်စင်တစ်ပါး၏ မှတ်တမ်းတွင်ပင် မရှိသော ပါရမီရှင်မျိုးသည် ထူးကဲလှပါ၏။

ဖုန်းယန်ရှန်း ပြုံးသည်။

“ပေရွှမ် ငါ နောက်နေရုံသက်သက်ပါ။ ငါတို့ နောက်ထပ် အခြားသူတော်စင်တစ်ပိုင်းအဆင့်နတ်ဆိုးအရှင်တွေကို အမဲလိုက်ကြဦးမလား”

ယဲ့ပေရွှမ် ခေါင်းခါသည်။

“မလုပ်တော့ဘူး။ ငါတို့ သူတော်စင်တစ်ပိုင်းအဆင့်နတ်ဆိုးအရှင်တစ်ပါးကို သတ်တာတောင် ဝရုန်းသုန်းကား ဖြစ်ပြီးပြီ။ နောက်တစ်ယောက်ကို ထပ်သတ်ရင် ပရမ်းပတာတွေ ဖြစ်ကုန်လိမ့်မယ်။ ငါတို့ မြို့စားအဆင့်တွေပဲ ထပ်သတ်ရအောင်။ ဒါဆို ထိပ်ဆုံးသုံးနေရာက တစ်နေရာကို ရတယ်”

All Chapters