အခန်း ၅၂၂
Vol. 53 Ch. 522
အခန်း (၅၂၂)
ယနေ့သည် လျှို့ဝှက်နယ်မြေ နောက်တစ်ကြိမ် ပွင့်မည့် နေ့ဖြစ်သည်။
လျှို့ဝှက်နယ်မြေအပြင်ဘက်တွင်
လက်အောက်ခံ ဆယ့်ရှစ်ခုမှ ဘိုးဘေးများသည် ဝင်ပေါက်တွင် စောင့်ကြပ်နေကြပြီး သူတို့ဂိုဏ်းဝင်များ ထွက်လာသော အချိန်ကို စောင့်ဆိုင်းနေကြ၏။
“သူတို့တွေ...ငါတို့ တပည့်တွေ ထွက်လာပြီ”
ဘိုးဘေးတစ်ဦး စိတ်လှုပ်ရှားစွာ အော်ဟစ်သည်။
လျှို့ဝှက်နယ်မြေအတွင်းမှ ရတနာများနှင့် အမှတ်များ ရလာခြင်းက အရေးကြီးသော်လည်း အသက်ရှင်လျက် ထွက်လာခြင်းက အရေးကြီးဆုံး ဖြစ်သည်။
“ဓားဒေသက တပည့်တွေပဲ”
ဘိုးဘေးတစ်ဦး ဖြည်းညှင်းစွာ ပြောသည်။
ဓားဒေသမှ တပည့်များ ထွက်လာပြီးနောက် ခေါင်းဆောင်ဖြစ်သူ နတ်ဆိုးအမြူတေများကို ထုတ်ကာ ရေတွက်ရန်အတွက် ဖီးနစ်မျိုးနွယ် ဘိုးဘေးကို ပေးအပ်၏။
“တာအိုပေါင်းစည်းခြင်းအဆင့် နတ်ဆိုးအမြူတေဆယ်ခု၊ စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့် နတ်ဆိုးအမြူတေ အခုတစ်ရာ စုစုပေါင်း အမှတ် သုံးသောင်းငါးထောင်”
ဘိုးဘေးဖီးနစ် ဖြည်းညှင်းစွာ ပြောသည်။
၎င်းကို ကြားသောအခါ ဓားဒေသ၏ တပည့်များ မျက်နှာအပေါ်တွင် မည်သည့်စိတ်လှုပ်ရှားမှု အရိပ်အယောင် မရှိချေ။
အချိန်များ ကုန်လွန်လာပြီး ဒေသအသီးသီးမှ တပည့်များ အလျှိုလျှို ထွက်လာ၏။
အပျက်အစီးဒေသ မဟုတ်သော ဒေသများမှ ကျင့်ကြံသူများ၏ ရလဒ်သည် အမှတ်သုံးသောင်းနှင့် လေးသောင်းကြားပင်။ တစ်ချိန်တည်းမှာ အပျက်အစီးဒေသမှ ကျင့်ကြံသူများ၏ ရမှတ်သည် တစ်သိန်းနီးပါး ရှိသည်။
မကြာမီ ဖီးနစ်ပြာမျိုးနွယ်မှ တပည့်များ ထွက်လာကြသည်။ ဖီးနစ်ပြာဘိုးဘေး အလျင်စလို ရှေ့ထွက်လာပြီး မေးသည်။
“ဘယ်မှာလဲ လန်ယန်”
ဖီးနစ်ပြာမျိုးနွယ်မှ လန်ရှင်းပြောသည်။
“ဘိုးဘေး အစ်မကြီးက နီဗားနားကို ဖြတ်သန်းရတော့မှာပါ”
“ဘာ”
၎င်းကို ကြားသောအခါ ဖီးနစ်ပြာမျိုးနွယ် ဘိုးဘေး၏ အမူအရာသည် အပြင်းအထန် ပြောင်းလဲလာ၏။ ဖီးနစ်သွေးမျိုးဆက် နိုးထထားသည့် တပည့်များသည် နီဗားနားမှ ပြန်မွေးဖွားလာနိုင်သော်လည်း ပေးဆပ်ရမည့် တန်ဖိုးက ကြီးမားသည်။ တန်ဖိုးကုန်ကျစရိတ်က လျှို့ဝှက်နယ်မြေမှ ရလာသည်ထက် များသည်။
“မင်းတို့ ဘယ်နတ်ဆိုးဘုရင်နဲ့ တွေ့လာလို့လဲ”
သူမ ဘိုးဘေးကို မြင်သောအခါ လန်ရှင်း၏ ယုံကြည်မှုများ ချက်ချင်း ပြန်ရသွား၏။
“ဘိုးဘေးကို အစီရင်ခံပါတယ်။ အစ်မကြီးက နတ်ဆိုးဘုရင်ဆီမှာ အသတ်ခံလိုက်ရတာပါ။ ဆန်းကြယ်ကောင်းကင်ဒေသက လူတစ်ယောက်ဆီမှာ ဓားတစ်ချက်တည်းနဲ့ သတ်ခံလိုက်ရတာပါ”
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ဖီးနစ်ပြာမျိုးနွယ်မှ ဘိုးဘေး သူ့ဂျူနီယာကို အံ့ဩစွာ ကြည့်သည်။ ဆန်းကြယ်ကောင်းကင်ဒေသမှ ကျင့်ကြံသူများသည် ပုံမှန်အားဖြင့် နောက်ဆုံးပိတ်တွင်သာ ရှိသဖြင့် သူတို့ဖီးနစ်ပြာမျိုးနွယ်မှ ပါရမီရှင်ကို အဘယ်သို့ သတ်ဖြတ်နိုင်မည်နည်း။
သူ ထိတ်လန့်မှု မပြေပျောက်သေးခင် မိုးကြိုးငှက်မျိုးနွယ်မှ ဘိုးဘေး၏ ထိတ်လန့်တကြား အော်သံထွက်လာ၏။
“လဲ့ရှောင် ဘယ်မှာလဲ”
မိုးကြိုးငှက်မျိုးနွယ်မှ လဲ့ယွင်၏ အသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
“ဘိုးဘေး အစ်ကိုကိုးက ဆန်းကြယ်ကောင်းကင်ဒေသက ကျင့်ကြံသူတစ်ယောက်ဆီမှာ သတ်ဖြတ်ခံလိုက်ရတာ။ အပြင်မထွက်ခင် လဲ့ရှောင်က ကျွန်တော်တို့ကို ဒီကိစ္စကို ဖီးနစ်ပြာမျိုးနွယ်နဲ့ လေပြင်းမျိုးနွယ်တို့က သူတွေပါ သိအောင် ပြောပြရမယ်လို့ ညွှန်ကြားခဲ့ပါတယ်”
မိုးကြိုးငှက်မျိုးနွယ် ဘိုးဘေး၏ အမူအရာက ရုတ်ခြည်းပြောင်းလဲသွားသည်။ သူ ဖီးနစ်ပြာမျိုးနွယ်၏ စကားဝိုင်းကို ခုနတင် ကြားလိုက်၏။
သိပ်မဝေးသည့်နေရာတွင် လေပြင်းမျိုးနွယ်မှ သူများလည်း အလားတူ ဖြစ်နေကြသည်။
မျိုးနွယ်သုံးခုမှ သူတို့လှံထိပ်များကို ဆန်းကြယ်ကောင်းကင်ဒေသမှ ဖီးနစ်မျိုးနွယ်ကို မချိန်ရွယ်ခင် ဖီးနစ်မျိုးနွယ်ဘိုးဘေး ပြောလာသည်။
“မင်းတို့ နတ်ဆိုးအမြူတေတွေ အပ်ဦးမှာလား”
၎င်းကို ကြားတော့ မျိုးနွယ်သုံးခုမှ ကျင့်ကြံသူများ နတ်ဆိုးအမြူတေကို ထုတ်ပေးလာကြ၏။
“ဖီးနစ်ပြာမျိုးနွယ် အမှတ်ရှစ်သောင်း”
“မိုးကြိုးငှက်မျိုးနွယ် အမှတ်တစ်သိန်း”
“လေပြင်းမျိုးနွယ် အမှတ်ရှစ်သောင်းခွဲ”
၎င်းကို ကြားတော့ မျိုးနွယ်သုံးခုမှ ဘိုးဘေးများ အမြင်များ မှောင်မိုက်ကုန်ပြီး မြေပြင်ပေါ်သို့ လဲကျသွား၏။ ထိုအမှတ်များသည် သူတို့မျိုးနွယ် ထိပ်ဆုံးသုံးနေရာသို့ ရောက်ရှိရန် မလုံလောက်ပေ။
“သောက် ဆန်းကြယ်ကောင်းကင်ဒေသက ကျင့်ကြံသူတွေ”
ဘိုးဘေးသုံးဦး တစ်လေသံတည်း ပြောပြီး ဆန်းကြယ်ကောင်းကင်ဒေသမှ မီးဖီးနစ်တောင်ကြားဒေသကို ကြည့်လာကြသည်။
သူတို့၏ ကြောက်မက်ဖွယ်ရာ အကြည့်များကို မြင်သောအခါ ဖုန်းမိသားစုဘိုးဘေးနှစ်ဦး မျက်ခုံးများ တင်းကြပ်သွား၏။ မျိုးနွယ်သုံးခုသာ ပူးပေါင်း ပြဿနာလာရှာပါက သူတို့ ကိုင်တွယ်ရန် ခက်ခဲသွားပေလိမ့်မည်။ သို့သော် ယဲ့ပေရွှမ် လုပ်ဆောင်ပြီးသားဖြစ်သဖြင့် ကြောက်နေ၍ မရတော့ပေ။ အဆိုးဆုံး တိုက်ခိုက်ရုံသာ။
ဤသည်က ဖီးနစ်ဘိုးဘေးကုန်းမြေဖြစ်သည်။ ထိုမျိုးနွယ်သုံးခု၏ ဘိုးဘေးမြေသာ မဟုတ်ပေ။ ဘိုးဘေးများအနေဖြင့် သူ့လက်အောက်က လူများ ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် တိုက်ခိုက်ခွင့် ပြုမည်မဟုတ်ပေ။ တိုက်ခိုက်ခွင့်ပေးလိုက်ပါက ဖီးနစ်မျိုးနွယ်၏ ဂုဏ်သိက္ခာကို ဘယ်နား သွားထာရတော့မည်နည်း။
ထိုအခိုက် ဖီးနစ်ဘိုးဘေး အသံ နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။
“ချင်းလွမ်မျိုးနွယ် အမှတ်တစ်သိန်းနှစ်သောင်း”
ထိုအရေအတွက်ကို ကြေညာလိုက်သည်နှင့် တစ်ပြိုင်နက် လက်အောက်ခံအင်အားဆယ့်ရှစ်ခုသည် ကြောင်အသွား၏။ လူတိုင်း ချင်းလီတို့အဖွဲ့ကို ကြည့်လာကြသည်။
အထူးသဖြင့် ချင်းလွမ်မျိုးနွယ် သူတို့လက်အောက်ခံ အညံ့ခံလာမည့်အချိန်ကို စောင့်ဆိုင်းနေသည့် မီးဖီးနစ်မျိုးနွယ်ပင်။ ဤတစ်ကြိမ်တွင် ချင်းလွမ်မျိုးနွယ်က သူတို့ကို ကျော်တက်သွားလိမ့်မည်ဟု မထင်ထားပေ။
ချင်းလီ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုပေါ်လာသည်။ သူမ ယခုလောက် အဆင့်ကောင်းမည်ဟု မထင်ထားပေ။ နောက်ဆုံးတွင် သူတို့ ဘုရင်ရွှေမီးတောက်နှင့် ဘုရင်မီးတောက်နီတို့ထံတွင် ပြင်းထန်စွာ အရိုက်ခံရပြီးနောက် ပိုမို သတိကြီးလာပြီး သူတို့နည်းလမ်းများ ပို၍ ပြစ်ချက်ကင်းစင်းလာသည်။
မြို့စားအဆင့်နတ်ဆိုးတစ်ကောင်ကို သတ်ဖြတ်ပြီးနောက် သူတို့ မယုံနိုင်ဖွယ်ကောင်းသော သွေးယစ်ပူဇော်မှုနတ်ဆိုးရတနာတစ်ခု ရရှိခဲ့သည်။ ထိုနတ်ဆိုးရတနာကို အားကိုးပြီး သူတို့ မြို့စားအဆင့်နတ်ဆိုးနောက်တစ်ကောင်ကို သတ်ဖြတ်ခဲ့သဖြင့် ယခုလောက် အံ့မခန်း ရလဒ်များ ရလာခြင်းပင်။
ချင်းလွမ်မျိုးနွယ်သည် မီးဖီးနစ်မျိုးနွယ်ကို ကျော်တက်သွားပြီး ဒုတိယနေရာ သွားချိတ်တော့သည်။ ချင်းလီ တွေးမိသည်။
‘ဒီတစ်ကြိမ်တော့ ထိပ်တန်းသုံးနေရာက သေချာသွားပြီ’
“ဆန်းကြယ်ကောင်းကင်ဒေသက ကျင့်ကြံသူတွေ ဘယ်မှာလဲ”
လူအုပ်ထဲတွင် ကျင့်ကြံသူတစ်ဦး ရေရွတ်သည်။ သူ့အသံက မကျယ်လောင်သော်လည်း လျှို့ဝှက်နယ်မြေအပြင်ဘက်က တိတ်ဆိတ်နေသည့်အတွက် လူတိုင်း ကြားရ၏။
ချင်းလွမ်မျိုးနွယ်ကြောင့် အာရုံလွင့်သွားသော မိုးကြိုးနှက်၊ လေပြင်းနှင့် ဖီးနစ်ပြာမျိုးနွယ်တို့သည် သတိပြန်ဝင်လာပြီး လျှို့ဝှက်နယ်မြေကို ကြည့်လာ၏။
အချိန်များ ကုန်လွန်လာသည်။ လျှို့ဝှက်နယ်မြေပိတ်တော့ရန် တစ်ရက်သာ လိုတော့ပြီး လူအုပ်ကြားတွင် ခန့်မှန်းမှုအမျိုးမျိုး ပေါ်လာ၏။
“ဆန်းကြယ်ကောင်းကင်ဒေသက ကျင့်ကြံသူတွေ လျှို့ဝှက်နယ်မြေထဲမှာ အကုန်သတ်ခံလိုက်ရတာလား”
“ဖြစ်နိုင်တယ်။ ငါတို့ အဲ့ဖြစ်နိုင်ချေကို ဖယ်ထုတ်ထားလို့မရဘူး။ ဘာပဲဖြစ်ဖြစ် အဲ့ဆန်းကြယ်ကောင်းကင်ဒေသက ကျင့်ကြံသူတွေက အင်အားကြီးမဲ့ ပုံလည်း မပေါ်ဘူး”
“ဒါပေမဲ့ သူတို့က ဖီးနစ်ပြာ၊ လေပြင်းနဲ့ မိုးကြိုးငှက်မျိုးနွယ်တို့က ပါရမီရှင်တွေကို သတ်လိုက်နိုင်တယ်လေ”
“သူတို့ ရတနာတစ်ခုခု သုံးလိုက်တာနေမှာပေါ့”
“မဟုတ်ရင် ဆန်းကြယ်ကောင်းကင်ဒေသက သူတွေ ငါတို့ အပျက်အစီးဒေသခံတွေကို နိုင်မယ်ထင်လား”
လူတိုင်း အချင်းချင်းဆွေးနွေးနေကြစဉ် လူရိပ်တစ်ဖွဲ့ လျှို့ဝှက်နယ်မြေထဲမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။ အခြားသော အင်အားစုဆယ့်ခုနစ်ခုနှင့် ယှဉ်လျှင် ထိုအဖွဲ့သည် တက်ကြွဂုဏ်ယူနေကြေသောကြောင့် အောင်ပွဲခံနေသည့်အလားနှယ်။
အထူးသဖြင့် ရှေ့ဆုံးတွင် ရှိနေသော လူငယ်လေးပင်။ အပြုအမူ လှုပ်ရှားမှုတိုင်းသည် ထူးခြားသော အသွင်အပြင်ကို ထုတ်လွှတ်နေ၏။ ဖီးနစ်မျိုးနွယ်ဘိုးဘေးပင် လူငယ်လေးကို တစ်ချက် ပိုကြည့်မိသည်။
သူ တီးတိုးရေရွတ်သည်။
“ဘာလို့ အဲ့ကောင်လေးမှာ တာအိုအနှစ်သာရရဲ့ အရှိန်အဝါ ရှိနေရတာလဲ “
သူ ထိုအတွေးကို အလျင်အမြန် ဖယ်ရှားလိုက်သည်။
“ငါ အထင်မှားနေတာဖြစ်မယ်။ သူက တာအိုပေါင်းစည်းခြင်းအဆင့်ပဲ ရှိသေးတယ်။ ဘယ်လိုလုပ် တာအိုအနှစ်သာရကို နားလည်ဦးမှာလဲ”
“ယဲ့ပေရွှမ် ဘိုးဘေးကို ဂါဝရပြုပါတယ်”
ဖီးနစ်ဘိုးဘေး၏ စကားများကို ကြားသော်လည်း သူ ထိုဘိုးဘေးကို လေးစားစွာ ဦးညွှတ်၏။
“အင်း”
ဖီးနစ်ဘိုးဘေးသည် ထိုလူငယ်လေးအပေါ် အမြင်ကောင်းရှိသဖြင့် ဖြည်းညှင်းစွာ ပြောလိုက်သည်။
“ဒီတစ်ကြိမ် မင်းတို့ရလာတဲ့ နတ်ဆိုးအမြူတွေတွေ ထုတ်လိုက်ကြ”
“ဟုတ်ကဲ့ပါ”
ယဲ့ပေရွှမ်၏ သိုလှောင်လက်စွပ်လေး လင်းလက်သွားသည်။ သိပ်မကြာခင် လူတိုင်း၏ရှေ့တွင် တောင်ပူငယ်စာငယ် အပုံလေး ပေါ်လာတော့သည်။
လူတိုင်းသည် နတ်ဆိုးအမြူတေအပုံလိုက်ကြီးကို ကြည့်ပြီး မအံ့ဩသေးပေ။ အပေါ်က နတ်ဆိုးအမြူတေကို တွေ့ပြီးသွားမှ သူတို့အားလုံး တိတ်ဆိတ်မှင်တက်သွားတော့၏။
နတ်ဆိုးအမြူတေများကို ရေတွက်ရန်ပြင်နေသော ဖီးနစ်ဘိုးဘေးပင် ခဏတာ ကြောင်အသွားသည်။ သူ့မျက်လုံးများကိုပင် သံသယဝင်သွားသည့်အတွက် အကြိမ်အနည်းငယ် ပွတ်သပ်လိုက်မိ၏။ ထိုနတ်ဆိုးအမြူတေပေါ်မှ ထွက်ပေါ်နေသော အရှိန်အဝါသည် ဗုဒ္ဓနတ်ဆိုးဖြစ်ကြောင်း သူ့မသိစိတ်မှ ပြောနေသည်။
“ဒီ သူတော်စင်တစ်ပိုင်းအဆင့်နတ်ဆိုးအမြူတေကို မင်း ဘယ်ကနေ ရလာတာလဲ”
ထိုစကားများ ထွက်လာသည်နှင့် လူတိုင်း ပွက်လောရိုက်သွားတော့၏။