← Chapters

အခန်း ၅၂၃

Vol. 53 Ch. 523

အခန်း ၅၂၃

Vol. 53 Ch. 523

အခန်း (၅၂၃)

“သူတော်စင်တစ်ပိုင်းအဆင့်နတ်ဆိုးအမြူတေ၊ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

“ဆန်းကြယ်ကောင်းကင်ဒေသက တောသားတွေ သူတော်စင်တစ်ပိုင်းအဆင့်ကို သတ်လိုက်နိုင်တာလား”

“….”

အခြားသော လက်အောက်ခံ အင်အားစုဆယ့်ခုနစ်ခုမှ ခေါင်းဆောင်များ တက်ကြွစွာ ဆွေးနွေးနေကြသည်။ လူတိုင်း ပြောနေသည့် စကားများ မတူညီသော်လည်း အဓိပ္ပာယ်ကတော့ အတူတူပေ။ သူတို့ ယဲ့ပေရွှမ်တို့အဖွဲ့ သူတော်စင်တစ်ပိုင်းအဆင့်ကို သတ်နိုင်မည်မှန်း မယုံကြည်ကြပေ။

ဘိုးဘေးဖီးနစ် ယဲ့ပေရွှမ်ကို တိတ်ဆိတ်စွာ ကြည့်နေ၏။

“ဘိုးဘေး ကျွန်တော်သတ်ခဲ့တဲ့ သူတော်စင်တစ်ပိုင်းနတ်ဆိုးက ဗုဒ္ဓနတ်ဆိုးပါ”

ယဲ့ပေရွှမ် နှိမ့်ချခြင်းလည်း မရှိ မောက်မာခြင်းလည်း ကင်းမဲ့စွာ ပြောသည်။

၎င်းစကားနှစ်ခွန်းကို ကြားတော့ ဘိုးဘေးအဖွဲ့သည် လေအေးတစ်သုတ် ရှူသွင်းလိုက်မိ၏။

သူတို့ထဲမှ အများစုသည် ဗုဒ္ဓနတ်ဆိုး၏ မကောင်းသတင်းကို ကြားဖူးသည်။ သူတို့ကိုယ်တိုင်တောင် ဗုဒ္ဓနတ်ဆိုးနှင့် ကြုံရလျှင် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ဖို့ မသေချာပေ။

“မင်း သတ်လိုက်တာ ဗုဒ္ဓနတ်ဆိုးဆိုတာ ဘယ်လိုသက်သေပြမလဲ”

ဘိုးဘေးဖီးနစ် ဆက်ပြောသည်။

“ဘိုးဘေး ကျေးဇူးပြုပြီး ဒီပစ္စည်းကို ကြည့်ပေးပါ”

ယဲ့ပေရွှမ် ပြောနေရင်း သိုလှောင်လက်စွပ်ထဲမှ ဓာတ်တော်တစ်ခု ထုတ်ယူလိုက်၏။

“ဗုဒ္ဓနတ်ဆိုးက မင်းတို့သတ်တာ တကယ်ခံလိုက်ရလား”

ဖီးနစ်မျိုးနွယ်ဘိုးဘေး ထိုအချက်ကို ယုံကြည်ရန် မဝံ့ရဲပေ။

“ဟုတ်ပါတယ်”

ယဲ့ပေရွှမ် မျက်နှာပေါ်တွင် ယုံကြည်မှုများ ရှိနေသည်။

“မဖြစ်နိုင်ဘူး။ လုံးဝမဖြစ်နိုင်ဘူး”

မိုးကြိုးငှက်မျိုးနွယ်မှ မဟာပဏ္ဍိတ ယဲ့ပေရွှမ်နှင့် ဖီးနစ်ဘိုးဘေးတို့ကြားမှ စကားဝိုင်းကို ရုတ်တရက် ဖြတ်တောက်၏။

သူ့မိသားစုမှ ကောင်းကင်ရွေးချယ်ခံက ထိုကောင်လေး၏ သတ်ဖြတ်မှုကို ခံရပြီးနောက် နီဗားနားနှင့် ကြုံတွေ့ရမည်ကို သိထားသဖြင့် သူ့နှလုံးသားထဲတွင် မပျော်မရွှင် ခံစားလိုက်ရပြီး တစ်ဖက်လူကို ပြဿနာ ရှာချင်လာ၏။

တစ်ဖက်လူ ဗုဒ္ဓနတ်ဆိုးကို သတ်ဖြတ်နိုင်ခဲ့သည်က အရေးမကြီးပေ။ မည်သို့ပင်ဆိုစေ မိုးကြိုးငှက်မျိုးနွယ်တွင် သူတော်စင်အဆင့် အတော်များများ ရှိပေသည်။

နောက်ဆုံး ပြဿနာ တက်ရင်တောင် သူတို့ မိုးကြိုးငှက်မျိုးနွယ်က အားသာပေသည်။ အမှန်တရားကိုတော့ ခွန်အားကြီးသူများ ဆုံးဖြတ်ကြသည် မဟုတ်လော။

ဖီးနစ်ဘိုးဘေး စကားဖြတ်ပြောခံလိုက်ရသဖြင့် သူ့အမူအရာက အနည်းငယ် မကျေမနပ်ဖြစ်သွား၏။

သူ မျက်နှာကို တည်တင်းလိုက်ပြီး မဟာပဏ္ဍိမိုးကြိုးငှက်ကို ကြည့်ကာ မေးလိုက်သည်။

“ကျင်းလဲ့ မင်း ဘာလို့ ဆန်းကြယ်ကောင်းကင်ဒေသက မျိုးဆက်တွေ ဗုဒ္ဓနတ်ဆိုးကို မသတ်နိုင်ဘူးထင်ရတာလဲ”

မဟာပဏ္ဍိတကျင်းလဲ့ မုန်းတီးစွာ ပြောသည်။

“ဘာလို့ဆို ကျွန်တော့် မိုးကြိုးငှက်မျိုးနွယ်နဲ့ လေပြင်းတို့ ဖီးနစ်ပြာမျိုးနွယ်တို့က ကောင်းကင်ရွေးချယ်ခံတွေ သူ့ကြောင့် ထိခိုက်သွားလို့ပဲ။ ကျွန်တော့်မိသားစုသုံးခုက ကောင်းကင်ရွေးချယ်ခံတွေ ပူးပေါင်းအစီအရင်ကို သုံးပြီး နှစ်ဖက်တိုက်ခိုက်နေတုန်း သူ ကြားကနေ အမြတ်ထုတ်သွားတာဖြစ်နိုင်တယ်”

“အဲ့လိုလား”

ဖီးနစ်မျိုးနွယ်ဘိုးဘေး ယဲ့ပေရွှမ်ကို ကြည့်ပြီး ပြုံးကာ မေးသည်။

“ဂျူနီယာ မင်းရောဘယ်လိုထင်လဲ”

ယဲ့ပေရွှမ် အလျင်မလိုစွာ ပြောသည်။

“ကျွန်တော်တို့မျိုးဆက်က ခွန်အားနဲ့ စကားပြောရတာကြိုက်တယ်။ မိုးကြိုးငှက်မျိုးနွယ်က စီနီယာ မယုံရင် ကျွန်တော်နဲ့ တိုက်ခိုက်နိုင်ပါတယ်”

ထိုစကားကြောင့် လူအုပ်ကြီး မှင်တက်သွား၏။

“ရိုင်းစိုင်းလိုက်တဲ့ ကောင်စုတ်”

မဟာပဏ္ဍိတကျင်းလဲ့ ဆန်းကြယ်ကောင်းကင်ဒေသမှ လူငယ်လေး သူ့ကို စော်ကားရဲမည်ဟု မထင်ထားပေ။ သူ အပျက်အစီးဒေသ၏ မဟာပဏ္ဍိတတစ်ပါးဖြစ်သည့် သူ့ပုံရိပ်ကိုပင် လျစ်လျူရှူကာ ဆဲရေးလိုက်၏။

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ အသံတိုးတိုးဖြင့် ဆွေးနွေးသည်။

“ဒီကောင်လေး တော်တော်သတ္တိကောင်းတာပဲ။ မဟာပဏ္ဍိတတစ်ပါးကိုတောင် စော်ကားရဲတယ်။ ဆန်းကြယ်ကောင်းကင်ဒေသက ဘိုးဘေးတောင် သူ့ကို မကာကွယ်နိုင်လောက်ဘူး”

“အခု ပြဇာတ်ကောင်းလေး ကြည့်ရတော့မယ်။ ဒီကောင်လေး အရိုးက ဘာသားနဲ့ ထုထားလဲ ကြည့်ကြတာပေါ့။ သူ မဟာပဏ္ဍိတကျင်းလဲ့ရဲ့ ရိုက်ချက် ဘယ်နှချက် ခံနိုင်မယ်ထင်လဲ”

“…”

ယဲ့ပေရွှမ် လူတိုင်း၏ ဆွေးနွေးမှုများကို လျစ်လျူရှုပြီး မဟာပဏ္ဍိတကျင်းလဲ့ကို ကစားလိုဟန်ဖြင့် ကြည့်လိုက်၏။

“စီနီယာ ကြောက်နေတာများလား”

“ဟမ့်”

မဟာပဏ္ဍိတကျင်းလဲ့ အေးစက်စွာ နှာမှုတ်သည်။

“ငါ့လို လူအိုကြီးက မင်းလို့ နို့နံ့မစင်သေးတဲ့သူကို ကြောက်မယ်ထင်လား”

သူ့စကားအဆုံး သူ့ကိုယ်ပေါ်မှ ကြောက်မက်ဖွယ်ဖိအားတစ်ခု ယဲ့ပေရွှမ် ပေါ်သို့ သက်ရောက်လာ၏။

ဖီးနစ်မျိုးနွယ် ဘိုးဘေးသည် မလှုပ်ရှားဘဲ ယဲ့ပေရွှမ်ကို တိတ်ဆိတ်စွာ ကြည့်နေသည်။ နှစ်သောင်းချီနေလာပြီးနောက် သူ ယခုလောက် မောက်မာသည့် လူငယ်မျိုး မြင်ဖူးခြင်းပေ။ သူ အကြောင်းရင်းကို သိနိုင်ရန် လူငယ်လေးကို ဒုက္ခအနည်းငယ် ခံစားခွင့် ပေးလိုက်မည်။

ယဲ့ပေရွှမ် မဟာပဏ္ဍိတကျင်းလဲ့၏ ဖိအားကို ခံစားမိသော်လည်း အမူအရာကင်းမဲ့နေဆဲ။ သူ ပြုံးကာ ပြောသည်။

“စီနီယာဖိအားက ဘာမှလည်း မဟုတ်ဘူး”

ထိုသို့ ပြောပြီးနောက် သူ့နောက်မှ ကမ္ဘာဦးခရမ်းရောင်အလင်းတို့ တောက်ပလာ၏။ ခရမ်းရောင်အလင်းတန်းတွင် တာအိုအနှစ်သာရများ ပါဝင်နေပြီး မဟာပဏ္ဍိတကျင်းလဲ့၏ ဖိအားကို ပျက်ပြယ်သွားစေသည်။

“တာအိုအနှစ်သာရ”

“ဒီကောင်လေးက တာအိုအနှစ်သာရကို နားလည်ထားတာပဲ”

“…”

ပြပွဲကို ကြည့်နေသော ဘိုးဘေးများသည် ယဲ့ပေရွှမ်၏ အရှိန်အဝါကို အာရုံခံမိပြီးနောက် အံ့အားသင့်စွာ ကြည့်နေတော့၏။

ဘိုးဘေးဖီးနစ်၏ မျက်လုံးထဲတွင်တောင် အံ့ဩသည့် အကြည့်များ ပေါ်လာသည်။ သူ မေးလိုက်မိ၏။

“လူငယ်လေး မင်းဘယ်ကျောင်းတော်ကလဲ”

ယဲ့ပေရွှမ် ပြုံးကာ ပြောသည်။

“ဘိုးဘေး ကျွန်‌တော်က ဝမ်တောက်ကျောင်းတော်ကပါ”

ဖီးနစ်မျိုးနွယ်ဘိုးဘေး ခေါင်းအသာ ညိတ်ပြီး မဟာပဏ္ဍိတကျင်းလဲ့ကို ကြည့်လိုက်၏။

“အခု မင်းကန့်ကွက်ချင်တာ ရှိသေးလား”

မဟာပဏ္ဍိတကျင်းလဲ့၏ အမူအရာသည် အရုပ်ဆိုးနေတော့သည်။ သူ တာအိုပေါင်းစည်းခြင်းအဆင့်လူငယ်လေးကို ဖိနှိပ်ရန် လုပ်ထားသော်လည်း ယခုလို တစ်ဖက်၏ အရှက်ခွဲခြင်းကို ခံရမည်ဟု မထင်ထားပေ။

“ဒါဆို မင်းအခု နောက်ဆုတ်လိုက်တော့”

ဖီးနစ်မျိုးနွယ်ဘိုးဘေး သူ့အတောင်များကို ဝှေ့ယမ်းလိုက်၏။

“ဟုတ်ကဲ့”

မဟာပဏ္ဍိတကျင်းလဲ့ ပြန်ဖြေပြီးနောက်ပြန်ဆုတ်သွားသည်။

ဖီးနစ်မျိုးနွယ်ဘိုးဘေး အသံကျယ်ကြီးဖြင့် ပြော၏။

“အခု ဆန်းကြယ်ကောင်းကင်ဒေသက ဖီးနစ်မျိုးဆက်ကို ဘယ်သူ သံသယဝင်သေးလဲ”

လူတိုင်းသည် ငတုံးမဟုတ်ကြပေ။ ယဲ့ပေရွှမ်၏ ပါရမီကို မြင်ပြီးနောက် သူက သာမန်လူမဟုတ်ကြောင်း သိသွားကြသည်။ သူသည် မြင့်မြတ်နယ်မြေတစ်ခုမှ လာကြောင်း သိထားသဖြင့် သူ့ကို ပြဿနာလာရှာခြင်းဖြစ်ကြောင်း သိထားပြီး အရှက်ကွဲရန် တောင်းဆိုနေသလိုပင်။

ဘိုးဘေးတစ်စုက ပြောကြ၏။

“ကျွန်တော်တို့ ကန့်ကွက်စရာ မရှိပါဘူး”

ဖီးနစ်မျိုးနွယ်ဘိုးဘေး ဆက်ပြောသည်။

“စမ်းသပ်မှုပထမနေရာက ဆန်းကြယ်ကောင်းကင်ဒေသက ဖီးနစ်မျိုးဆက်တွေဖြစ်ကြောင်း ကြေညာလိုက်ပါတယ်”

“ရေး”

ထိုသတင်းကို ကြားသောအခါ မီးဖီးနစ်တောင်ကြားမှ လူများသည် ပျော်ရွှင်စွာ ဂုဏ်ပြုလိုက်ကြသည်။

မီးဖီးနစ်တောင်ကြားမှ ဘိုးဘေးနှစ်ပါး ပြုံးရွှင်နေကြ၏။ သူတို့ ယဲ့ပေရွှမ် မီးဖီးနစ်တောင်ကြားမှ လူများကို ဦးဆောင်းကတည်းက ရလဒ်ကောင်းများ ရမည်ဟု ခန့်မှန်းထားကြသည်။

ပထမနေရာ ရလာမည်ဟုတော့ မထင်ထားကြပေ။ ၎င်းက သူတို့မီးဖီးနစ်တောင်ကြားသည် ခွဲတမ်းသုံးခု ရရှိမည်ဟုပင်။ ဘိုးဘေးနှစ်ဦး အကြည့်ချင်း ဖလှယ်လိုက်သည်။

ဖီးနစ်မျိုးနွယ်ဘိုးဘေး ပြောသည်။

“ယဲ့ပေရွှမ် ဒီလူအိုကြီး မင်းကို မေးချင်တာ ရှိတယ်။ မင်း အချိန်ရလား”

ယဲ့ပေရွှမ် လက်သီးဆုပ်ပြီး ပြောသည်။

“စီနီယာ ကျေးဇူးပြုပြီး ပြောပါ”

“အရင်က ငါ လျှို့ဝှက်နယ်မြေထဲကနေ ဓားချီနှစ်ခုကို ခံစားလိုက်ရတယ်။ မင်းနဲ့များ သက်ဆိုင်လား”

ဖီးနစ်မျိုးနွယ်ဘိုးဘေး ပြောလိုက်သည်နှင့် ကျင့်ကြံသူများ၏ အကြည့်များသည် ယဲ့ပေရွှမ် အပေါ်သို့ ကျရောက်သွားသည်။

ထိုဓားချီနှစ်ခုကြောင့် လျှို့ဝှက်နယ်မြေ အတွင်းအပြင်မှ ကျင့်ကြံသူများအားလုံး ထိတ်လန့်သွားကြ၏။

ယဲ့ပေရွှမ် လေးစားစွာ ပြောသည်။

“ဟုတ်ပါတယ်။ ဓားချီက ကျွန်တော်နဲ့ဆိုင်ပါတယ်။ ကျွန်တော်သုံးဖို့ ကျွန်တော့်ဆရာ ကျောက်စိမ်းထဲ ချိတ်ပိတ်ပေးထားတာပါ။ သူတော်စင်အဆင့်အောက်ကသူကို တစ်ချက်တည်းနဲ့ သတ်နိုင်ပါတယ်။ သူတော်စင်တွေတောင် အတော်လေး အထိနာပါတယ်”

“လူငယ်လေး မင်းဆရာက သူတော်စင်များလား”

ဖီးနစ်မျိုးနွယ် ဘိုးဘေး မေးလိုက်၏။

ယဲ့ပေရွှမ် ခေါင်းခါသည်။

“မဟုတ်ပါဘူး။ ကျွန်တော့်ဆရာက သူတော်စင်မဟုတ်ပါဘူး။ သူက သူတော်စင်တွေကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်တဲ့ မှတ်တမ်းတွေတော့ ရှိပါတယ်”

“အိုး”

ဖီးနစ်ဘိုးဘေး ချက်ချင်း စိတ်ဝင်စားသွားပြီး ဆက်မေးသည်။

“ဒီလိုမဟာပဏ္ဍိတမျိုးက နာမည်မသိလူမသိမဟုတ်လောက်ဘူး။ ဘယ်သူများလဲ”

ယဲ့ပေရွှမ် လေးစားစွာ ပြောသည်။

“ကျွန်တော့်ဆရာမှာ လောကသိနာမည်ရှိပါတယ်။ မဟာပဏ္ဍိတမိုးမြေပါ”

All Chapters