← Chapters

အခန်း ၅၂၅

Vol. 53 Ch. 525

အခန်း ၅၂၅

Vol. 53 Ch. 525

အခန်း (၅၂၅)

“ဒါက ဖြစ်သင့်တဲ့ကိစ္စပါ။ နိမ့်ကျတဲ့ ကျွန်တော်မျိုး အခုချက်ချင်း အရသာရှိတဲ့ ရွှေနဂါးငါး နှစ်ကောင် သွားယူပေးပါ့မယ်”

ရေဘဝဲက ကျိုးကြောင်းသင့်သည့် နတ်ဆိုးတစ်ကောင်ဖြစ်ပြီး သူ့သဘောထားကို ချက်ချင်း ဖော်ပြလိုက်သည်။

ချူဖုန်း ပြုံးကာ ပြောလိုက်သည်။ “ကောင်းပြီ။ ဒီည သင်္ဘောပေါ်မှာ ငါနဲ့ စကားပြောကြတာပေါ့”

“ကျေးဇူးအများကြီးတင်ပါတယ် မဟာပဏ္ဍိတ”

ရေဘဝဲ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားသည်။

‘မဟာပဏ္ဍိတမိုးမြေကို တွေ့ချင်ပေမဲ့ တွေ့ခွင့်မရတဲ့သူတွေ ဘယ်လောက်တောင် များလိုက်သလဲ’

သူ့အတွက် မဟာပဏ္ဍိတမိုးမြေနှင့်အတူ သောက်ခွင့်ရဖို့ ကြုံရသည်က ကံကောင်းမှုကြီးတစ်ခုပင်။

ချူဖုန်း ပြောလိုက်သည်။

“သွားတော့ ငါးတွေက လတ်ဆတ်ပြီး အရသာရှိရမယ်ဆိုတာ မှတ်ထား။ လုံလောက်အောင် မလတ်ဆတ်ဘူးဆိုရင် မင်းရဲ့ ရေဘဝဲလက်တံတွေနဲ့ အစားထိုးရလိမ့်မယ်”

“ဟုတ်ကဲ့ပါ”

ရေဘဝဲ ပြန်လည်ဖြေကြားပြီး ပင်လယ်ထဲသို့ ခုန်ချသွား၏။

ခဏအကြာတွင် ပန်းရောင်ကြေးခွံသံချပ်ကာကို ဝတ်ဆင်ထားပြီး ရေဘဝဲခေါင်းနှင့် လူ့ခန္ဓာကိုယ်ရှိသော ပင်လယ်နတ်ဆိုးတစ်ကောင် ငါးပေရှည်လျားသည့် ရွှေနဂါးငါး နှစ်ကောင်ကို သယ်ဆောင်ကာ သင်္ဘောပေါ်သို့ တက်လာသည်။

“ရှောင်ပါး မဟာပဏ္ဍိတမိုးမြေကို ဂါရဝပြုပါတယ်”

“မင်း ရောက်လာပြီပဲ”

ချူဖုန်း တောက်ပသော အပြုံးဖြင့် သူ့လက်ထဲရှိ ငါးမျှားတံကို သိမ်းဆည်းလိုက်၏။

“ရှောင်ပါး မဟာပဏ္ဍိတကို အရှက်မရစေပါဘူး။ ဒီပင်လယ်ပြင်မှာ အလတ်ဆတ်ဆုံး ရွှေနဂါးငါးတွေကို ယူဆောင်လာခဲ့ပါတယ်”

ရှောင်ပါး မျက်နှာချိုသွေးဟန်ဖြင့် ပြောလိုက်သည်။

ချူဖုန်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ် မြင့်တက်သွား၏။ “ကျင်းကျင်း ဒီရွှေနဂါးငါး နှစ်ကောင်ကို နောက်ဘက်မီးဖိုချောင်ကို ယူသွားလိုက်။ ဒီည ငါတို့ ငါးစားကြမယ်”

“ကောင်းပါပြီ”

ပိုင်ကျင်း ငါးနှစ်ကောင်ကို ယူကာ ခုန်ပေါက်လျက် အခန်းငယ်ဆီသို့ လျှောက်သွား၏။

ညနေပိုင်းသို့ ရောက်သောအခါ စားသောက်ပွဲ စတင်သည်။

ချူဖုန်း အဓိကနေရာတွင် ထိုင်ကာ ရှောင်ပါး ပို့ဆောင်ပေးသော ရွှေနဂါးငါးကို မြည်းစမ်း၏။ ခဏအကြာတွင် သူ ခေါင်းအသာညိတ်ပြီး ပြောသည်။ “မဆိုးဘူး။ ဒီငါးက တကယ်ကို လတ်ဆတ်ပြီး အရသာရှိတာပဲ”

“မဟာပဏ္ဍိတ သဘောကျလို့ တော်သေးတာပေါ့။ မဟာပဏ္ဍိတ သဘောကျတယ်ဆိုရင် ဒီရက်ပိုင်းအတွင်း နေ့တိုင်း နှစ်ကောင် ဖမ်းပေးနိုင်ပါတယ်” ရှောင်ပါး ဖားယားသော မျက်နှာထားဖြင့် ပြောလိုက်သည်။

“မလိုပါဘူး။ အရသာရှိတဲ့အရာတွေတောင် နေ့တိုင်းစားရင် ရိုးအီသွားတတ်တယ်” ချူဖုန်း အရက်သောက်ရင်း ပြောလိုက်၏။

ဝိုင်သုံးခွက် သောက်ပြီးနောက် ချူဖုန်း စကားစလိုက်သည်။ “ဒီတစ်ကြိမ် နဂါးနန်းတော်က မင်းတို့ကို ပင်လယ်ပြင်ပိတ်ဆို့ဖို့ အမိန့်ပေးတာ။ မင်းတို့မှာ တခြားအတွေး လုံးဝ မရှိဘူးလား”

ဤအချိန်တွင် ရှောင်ပါး အနည်းငယ် မူးယစ်နေပြီဖြစ်သည်။ သူ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပြီး အသံကို နှိမ့်ကာ ပြောလိုက်၏။ “မဟာပဏ္ဍိတကို အမှန်အတိုင်း ပြောရရင် နဂါးနန်းတော်မှာလည်း ဒေါင်းမင်းသမီးကို လက်ထပ်ချင်တဲ့ နဂါးမင်းသား တစ်ပါး ရှိနေလို့ နဂါးနန်းတော်က ဒီအမိန့်ကို ထုတ်ပြန်တာပါ”

ချူဖုန်း ပြုံးလိုက်သည်။ “နဂါးနန်းတော်က မြင့်မြတ်တဲ့ သူတော်စင်တစ်ပိုင်းအဆင့် နယ်မြေတစ်ခု ဖြစ်ပေမဲ့ သူရဲကောင်းတွေ ယွင်လော်ကျွန်းကို သွားမှာကို တားဆီးချင်တာကတော့ လက်တွေ့မကျဘူးလို့ ထင်တယ်”

“ဟုတ်ပါတယ်”

ရှောင်ပါး ခေါင်းညိတ်ပြီး ဆက်ပြော၏။ “ဒီတစ်ကြိမ် ကျွန်ဝောာ်တို့လို ဇာတ်ကောင်ငယ်လေးတွေက မကြီးပြင်းသေးတဲ့ ကံကြမ္မာရွေးချယ်ခံ ကလေးတွေကို ပစ်မှတ်ထားတာပါ။ နောက်ခံတောင့်တင်းတဲ့ ကျင့်ကြံသူတွေကတော့ ပင်လယ်ကို ဖြတ်သွားကြမှာ မဟုတ်ဘူးလေ”

“မင်း ကိစ္စတွေကို တော်တော်လေး ရှင်းရှင်းလင်းလင်း မြင်တာပဲ”

၎င်းစကားများကိုကြားတော့ ယွင်လော်ကျွန်း ခရီးစဉ်က ပို၍ စိတ်ဝင်စားစရာ ကောင်းလာမည်ဟု ချူဖုန်း ခံစားလိုက်ရသည်။

‘ဒီကောင်တွေ ငါ့အတွက် ဘယ်လို အံ့သြစရာမျိုးတွေ ယူဆောင်လာပေးနိုင်မလဲ’

ရက်အနည်းငယ် အကြာတွင်

သင်္ဘောက ယွင်လော်ကျွန်းသို့ ရောက်ရှိလာသည်။

ချူဖုန်းတို့အဖွဲ့ သင်္ဘောပေါ်မှ မဆင်းမီ ဆိပ်ခံတံတားထံမှ အော်ဟစ်သံတစ်ခုကို သူတို့ ကြားလိုက်ရသည်။

“ဒီနေ့ ယွင်လော်ကျွန်းမှာ လက်ထပ်ပွဲတစ်ခု ရှိတယ်။ သူတော်စင်တစ်ပိုင်း အင်အားစုက မဟုတ်တဲ့ တပည့်တွေကို ကုန်းပေါ်တက်ခွင့် မပြုဘူး။ လူတိုင်း ကျေးဇူးပြုပြီး ပြန်သွားကြပါ”

ထိုစကားများ ထွက်ပေါ်လာသည်နှင့် မဟာပဏ္ဍိတရွှေတောင်ပံ သူ့ကိုယ်ပိုင် ဖိအားကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။

“ဒီမဟာပဏ္ဍိတ ကျွန်းပေါ်သွားဖို့ အရည်အချင်း ပြည့်မီရဲ့လား”

ဆိပ်ခံတံတားပေါ်ရှိ ကျင့်ကြံသူများ ကြောက်မက်ဖွယ် မဟာပဏ္ဍိတ ဖိအားကို ခံစားလိုက်ရပြီး တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်ကျသွားကြ၏။

“ကျွန်တော်တို့ မျက်စိကန်းပြီး မဟာပဏ္ဍိတကို စော်ကားမိတာပါ။ မဟာပဏ္ဍိတ ခွင့်လွှတ်ပေးပါ”

သူတို့ ပါးစပ်မှ ထိုသို့ပြောကြသော်လည်း သူတို့နှလုံးသားထဲတွင် စိတ်ဓာတ်ကျမှုကိုသာ ခံစားနေကြရသည်။

‘သင်္ဘောစီးပြီး ယွင်လော်ကျွန်းကို လာတဲ့ မဟာပဏ္ဍိတမျိုး ဘယ်မှာရှိလို့လဲ။ သူတို့အားလုံး တိမ်တွေကို စီးနင်းပြီး ဒါမှမဟုတ် သားရဲတွေကို စီးပြီး လာသင့်တာ မဟုတ်ဘူးလား’

“ထားလိုက်ပါတော့။ မင်းတို့လို လူတွေနဲ့ အငြင်းပွားရတာကို မကြိုက်ဘူး”

ထိုသို့ပြောပြီးနောက် မဟာပဏ္ဍိတရွှေတောင်ပံ သူ့ခန္ဓာကိုယ်မှ ဖိအားကို ပြန်လည်ရုပ်သိမ်းလိုက်သည်။

ထိုစကားများကို ကြားသောအခါ ကျင့်ကြံသူ လူအုပ်ကြီး သူတို့နှလုံးသားထဲတွင် သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်နိုင်၏။

တစ်ချိန်တည်းမှာပင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးသုံးဦး သင်္ဘောပေါ်မှ ဆင်းလာသည်ကိုလည်း သူတို့ မြင်တွေ့လိုက်ရသည်။

အမျိုးသားနှစ်ဦးစလုံး သူရဲကောင်းဆန်စွာ ထူးခြားနေပြီး အထူးသဖြင့် အဖြူပြာရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော လူသားကျင့်ကြံသူဖြစ်ကာ နန်းကျအင်မော်တယ်တစ်ပါးအလားပင်။

ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော လင်းယုန်ကျင့်ကြံသူ ထိုသူထက် အနည်းငယ်ညံ့ဖျင်းသော်လည်း ပထမအဆင့် ချောမောသူတစ်ဦးပင်။

အလှလေး သုံးဦးနှင့် ပတ်သက်၍မူ သူတို့က နွေဦးသစ်ခွများနှင့် ဆောင်းဦးဂန္ဓမာပန်းများအလား တစ်ဦးစီတွင် ကိုယ်ပိုင် အားသာချက်များ ရှိကြသည်။

လူစာရင်းက အနည်းငယ် ထူးဆန်းနေပုံရသည်။ ‘မဟာပဏ္ဍိတတစ်ပါးမှာ လူဒီလောက်လေးပဲ ရှိတာလား’

မဟာပဏ္ဍိတ ဖိအားကြောင့်သာ မဟုတ်လျှင် သူတို့ရှေ့ရှိက လူအုပ်သည် လူလိမ်များဖြစ်မည်ဟု သံသယဝင်မိပေလိမ့်မည်။

“စီနီယာကို ဘယ်လိုခေါ်ရမလဲ”

ခေါင်းတွင် ဒေါင်းမြီးတစ်ချောင်း ထိုးစိုက်ထားသော အမျိုးသားကျင့်ကြံသူတစ်ဦး ရှေ့သို့ လျှောက်လာပြီး လေးစားစွာ မေးလိုက်သည်။

မဟာပဏ္ဍိတရွှေတောင်ပံ ပြောလိုက်၏။ “ငါက မဟာပဏ္ဍိတရွှေတောင်ပံ”

“စီနီယာ မဟာပဏ္ဍိတရွှေတောင်ပံ ဖြစ်နေတာကိုး။ ဂုဏ်သရေရှိ ဧည့်သည်တော်တို့ ကျေးဇူးပြုပြီး ယွင်လော်နန်းတော်ကို ကျွန်တော့်နောက်က လိုက်ခဲ့ပါ”

ထိုအမျိုးသား လေးစားစွာ ပြောလိုက်သည်။

“လမ်းပြပါ”

မဟာပဏ္ဍိတရွှေတောင်ပံ ဖြည်းညှင်းစွာ ပြောလိုက်သည်။

ချူဖုန်းတို့အဖွဲ့ ထိုကျင့်ကြံသူနောက်မှ လိုက်ပါသွားကြ၏။ ခဏအကြာတွင် သူတို့ ခမ်းနားထည်ဝါသော နန်းမြို့တော်တစ်ခု အပြင်ဘက်သို့ ရောက်ရှိလာသည်။

လမ်းတစ်လျှောက်တွင် နှစ်ဖက်စလုံး၌ မည်သည့် စကားပြောဆိုမှုမျှ မရှိကြပေ။

လမ်းပြနေသော ကျင့်ကြံသူ သွားရောက်၍ ‌ယွင်လော်နန်းတော်၏ အစောင့်များနှင့် စကားပြောဆိုပြီးနောက် လှည့်ကာ ဖားယား ပြောလိုက်သည်။

“စီနီယာ ကြွပါ”

မဟာပဏ္ဍိတရွှေတောင်ပံ စကားမပြောသော်လည်း ခေါင်းအသာညိတ်လိုက်၏။ မဟာပဏ္ဍိတတစ်ပါးအနေဖြင့် အပြင်ရောက်နေချိန်တွင် ရှိသင့်သော ဂုဏ်သိက္ခာကို သူ ထိန်းသိမ်းထားရန် လိုအပ်သည်။

ယွင်လော်နန်းတော်အတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် ခမ်းနားသော မြင်ကွင်းတစ်ခု အမြင်အာရုံထဲသို့ ဝင်ရောက်လာ၏။

အဖြူရောင် ကျောက်စိမ်းများ ခင်းကျင်းထားသော ကြမ်းပြင်များ၊ အစိမ်းရောင် အုပ်ကြွပ်များနှင့် အနီရောင် နံရံများအပြင် ရှားပါးရတနာများနှင့် ထူးခြားသော ဆေးဖက်ဝင်အပင်များကို နေရာတိုင်းတွင် မြင်တွေ့နိုင်သည်။ လမ်းတစ်လျှောက်ရှိ စီးဆင်းနေသော စိတ်ဝိညာဉ်ချောင်းများထဲတွင် စိတ်ဝိညာဉ်ငါး အများအပြားကို မြင်တွေ့နိုင်သေး၏။

ချူဖုန်းတို့အဖွဲ့ ကမ္ဘာကြီးကို မြင်ဖူးကြသဖြင့် ယွင်လော်နန်းတော်၏ ဆွဲဆောင်မှုကို မခံရပေ။

အဖွဲ့သည် ယွင်လော်နန်းတော်အတွင်း နာရီဝက်ခန့် လမ်းလျှောက်သွားပြီးနောက် နန်းဆောင်ဝင်းတစ်ခုအတွင်းသို့ နောက်ဆုံးတွင် ရောက်ရှိသွားသည်။

“စီနီယာ ဒီခြံဝင်းကို ကျင်းချီခြံဝင်းလို့ နာမည်ပေးထားပါတယ်။ စီနီယာက ကျင်းချီရဲ့ မျိုးဆက်ဖြစ်တော့ ဒီမှာနေတာက လိုက်ဖက်ညီပါတယ်”

ကျင့်ကြံသူ မိတ်ဆက်ပေးလိုက်၏။

“မဆိုးဘူး”

မဟာပဏ္ဍိတရွှေတောင်ပံ မေးလိုက်သည်။

“မင်းနာမည်က ဘယ်လိုခေါ်လဲ”

၎င်းကိုကြားတော့ ကျင့်ကြံသူလူငယ်လေး အလွန် ဝမ်းသာသွားသော်လည်း လေးစားစွာ ပြောလိုက်၏။

“စီနီယာကို အစီရင်ခံပါတယ် ဒီဂျူနီယာက ခုံးယွီပါ”

“မင်းနာမည်ကို ငါ မှတ်ထားလိုက်ပြီ။ အနာဂတ်မှာ ငါ ဒေါင်းမင်းသမီးကို လက်ထပ်ပြီးတဲ့အခါ မင်းအတွက် အလုပ်ကောင်းကောင်း တစ်ခုကို သေချာပေါက် ရွေးချယ်ပေးမယ်”

မဟာပဏ္ဍိတရွှေတောင်ပံ သဘောကောင်းစွာ ပြောလိုက်သည်။

ခုံးယွီ မှင်တက်သွားသည်။ မဟာပဏ္ဍိတ သူ့ကို ပေါ့ပေါ့ပါးပါး လမ်းညွှန်မှုအချို့ ပေးမည်ဟု ထင်မှတ်ထားသော်လည်း သူ့အတွက် ပိုင်မုန့်အတုကြီးတစ်ခု မျှဝေပေးလာမည်ဟု မထင်ထား‌ပေ။

စောစောသာ ကြိုသိလျှင် သူ ဤတာဝန်ကို လက်ခံခဲ့မည် မဟုတ်ပေ။ မင်းသမီးကို လက်ထပ်ချင်နေသည့် မဟာပဏ္ဍိတ အများအပြား ရှိပေသည်။ သူ့ရှေ့က မဟာပဏ္ဍိတက ငယ်ရွယ်သော်လည်း မင်းသမီးကို လက်ထပ်နိုင်ချင်မှ လက်ထပ်နိုင်မည်။

မည်သို့ပင်ဆိုစေ မင်းသမီးကို လက်ထပ်ချင်ခြင်းက ခွန်အားအပေါ်တွင်သာ မူတည်နေခြင်း မဟုတ်ဘဲ နောက်ခံလည်း လိုအပ်ပေသည်။

သို့သော် သူ ၎င်းကို မထုတ်ဖော်ရဲပေ။

“ကျေးဇူးအများကြီးတင်ပါတယ် စီနီယာ။ အကယ်၍ စီနီယာမှာ ညွှန်ကြားချက် တစ်ခုခုရှိရင် အသံပို့အဆောင်ကနေတစ်ဆင့် ကျွန်တော့်ကို ပြောလို့ရပါတယ်”

“အင်း”

မဟာပဏ္ဍိတရွှေတောင်ပံ အသံပို့အဆောင်ကို လက်ခံလိုက်သည်။

“ဒါဆိုရင် စီနီယာရဲ့ အနားယူချိန်ကို ဂျူနီယာ နှောင့်ယှက်မနေတော့ပါဘူး”

ခုံးယွီ ပြောလို့ပြီးနောက် လှည့်ထွက်သွားသည်။

သူထွက်သွားသည်ကို မြင်သောအခါ မဟာပဏ္ဍိတရွှေတောင်ပံ ချူဖုန်းကို ပြောလိုက်သည်။

“အစ်ကိုကြီး ဒီည ကျွန်တော်တို့ အပြင်ထွက်ပြီး လမ်းလျှောက်ကြမလား”

ထိုစကားများကို ကြားတော့ ကောင်မလေးနှစ်ယောက် ချက်ချင်း တက်ကြွလာပြီး ချူဖုန်းကို ကြည့်လိုက်ကြ၏။

ချူဖုန်း ပြုံးလိုက်သည်။

“ရတာပေါ့။ ယွင်လော်ကျွန်းကို ငါလည်း တစ်ခါမှ မရောက်ဖူးတာနဲ့ အတော်ပဲ။ ဒီကျွန်းပေါ်မှာ ဘယ်လို စိတ်ဝင်စားစရာကောင်းတဲ့ အရာတွေ ရှိလဲဆိုတာ သွားကြည့်ကြရအောင်”

ညဘက်တွင် မဟာပဏ္ဍိတရွှေတောင်ပံ ခုံးယွီထံသို့ သတင်းစကားတစ်ခု ပေးပို့လိုက်၏။ လူတိုင်း ယွင်လော်နန်းတော်မှ ထွက်ခွာကာ ကျွန်းပေါ်ရှိ အကြီးဆုံးမြို့တော်ဖြစ်သော ရွှေငှက်မွေးမြို့တော်ဆီသို့ သွားကြ၏။

All Chapters