အခန်း ၅၂၉
Vol. 53 Ch. 529
အခန်း (၅၂၉)
စင်မြင့်အောက်တွင် ရွှီရှစ်အန်း သူ့လက်ထဲက ငှက်မွေးယပ်တောင်ကို ခပ်ကာ မဟာပဏ္ဍိတရွှေတောင်ပံကို ပြုံးစစဖြင့် ကြည့်နေသည်။ သူ စကားမပြောသော်လည်း သူ့မျက်နှာပေါ်ရှိ အမူအရာက သိသာနေ၏။
‘ကောင်လေး အစက မင်းပွဲကြည့်နေတာ။ အခု ပွဲက မင်းလက်ထဲရောက်လာပြီ။ ဘယ်လိုထင်လဲ’
“ကောင်မလေး ငါ မင်းကို မတိုက်ခိုက်ချင်ပေမဲ့ မင်း ငါ့စွမ်းအားကို မြင်ချင်နေမှတော့ မင်းဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့”
မဟာပဏ္ဍိတရွှေတောင်ပံ ရှေ့သို့ တစ်လှမ်းတိုးကာ စင်မြင့်ပေါ်သို့ တက်လာ၏။
စင်မြင့်ကို ဝိုင်းထားသော ပရိသတ်လူအုပ်ကြီး ထိုမြင်ကွင်းကို မြင်တော့ ချက်ချင်း စိတ်ဝင်စားသွားကြသည်။
အဖြူဝတ်အမျိုးသမီး ထိုသူကို အလွယ်တကူ ရန်စ၍ ရမည်ဟု မထင်ထားပေ။ သူမ ပြုံးကာ ပြောလိုက်၏။ “အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့။ ကျွန်မကို ရှင့်ခွန်အားတွေ ပြစမ်းပါ”
မဟာပဏ္ဍိတရွှေတောင်ပံ ပြောလိုက်သည်။
“ငါ ဒီနေရာမှာ မလှုပ်မယှက် ရပ်နေမယ်။ မင်း ငါ့ကို တစ်လက်မလေး လှုပ်ရှားသွားအောင် လုပ်နိုင်ရင် ငါရှုံးတယ်လို့ သတ်မှတ်လိုက်”
ထိုစကားများကို ကြားတော့ လူတိုင်း လေအေးတစ်ဆုတ် အလိုအလျောက် ရှူသွင်းလိုက်မိကြသည်။
သူတို့ အဖြူဝတ်အမျိုးသမီး ခွန်အားကို မြင်ထားသဖြင့် ရွှေရောင်ဆံပင် ကောင်လေး ပြင်းပြင်းထန်ထန် အရိုက်ခံရမည်ဟု ထင်မှတ်ထားကြ၏။
သို့သော် ထိုကောင်လေး ဤမျှ မောက်မာလိမ့်မည်ဟု သူတို့ မထင်ထားပေ။ ယခုလို အချိန်မျိုးတွင် ရူးမိုက်သည့် စကားမျိုး ပြောရဲမည်ဟု မထင်ထားချေ။
“စိတ်ဝင်စားစရာပဲ”
အဖြူဝတ်အမျိုးသမီး သူ့ကြောင့် ဒေါသမထွက်သွားသည့်အပြင် သူမ မျက်နှာပေါ်မှ အပြုံးက ပို၍ပင် ကျယ်ပြန့်လာသည်။
“ရှင် ဒီလောက် ယုံကြည်မှု ရှိနေမှတော့ ဘယ်လောက်တောင် အရည်အချင်းရှိလဲဆိုတာကို ကျွန်မ ကြည့်ချင်မိတယ်”
သူမ ပြောနေရင်း သူမကိုယ်ပေါ်မှ အစွမ်းထက်သော အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး သူမနောက်ကျောတွင် ငှက်မွေးဖြူနှင့် ဒေါင်းတစ်ကောင် ပေါ်လာ၏။
စင်မြင့်အောက်တွင်
လူအုပ်ကြီး ထိုမြင်ကွင်းကို မြင်သောအခါ အလန့်တကြား အော်ဟစ်လိုက်ကြသည်။
“ဒီအမျိုးသမီးက ဒေါင်းမျိုးနွယ် ထိပ်တန်းအဆင့် သွေးမျိုးဆက်ကို နိုးထထားတာပဲ”
“သူ...သူက တော်ဝင်မိသားစုဝင် တစ်ယောက်ပဲ”
ထိုမြင်ကွင်းကြောင့် ခုံးယွီ၏ မျက်နှာပေါ်တွင် မှင်တက်သွားသော အမူအရာ ပေါ်လာ၏။
၎င်းကိုကြားတော့ ချူဖုန်း ပြုံးကာ မေးလိုက်သည်။ “ပြိုင်ပွဲက ပိုပိုပြီး စိတ်ဝင်စားစရာ ကောင်းလာပြီ။ ဒီအမျိုးသမီးက မင်းသမီးမြောင်ယွီ ကိုယ်တိုင်များ ဖြစ်နေမလား”
ခုံးယွီ ခေါင်းယမ်းလိုက်၏။
“မဟုတ်ပါဘူး။ မင်းသမီးမြောင်ယွီက အရောင်စုံ ဒေါင်းတစ်ကောင်ပါ။ ငှက်မွေးဖြူ မဟုတ်ပါဘူး။ သူက တခြား မင်းသမီးတစ်ပါးဖြစ်ရမယ်”
ချူဖုန်း စကားမပြောတော့ပေ။ သူ စင်မြင့်ပေါ်ရှိ လူနှစ်ဦးကြားမှ တိုက်ခိုက်မှုကိုသာ တိတ်ဆိတ်စွာ စောင့်ကြည့်နေလိုက်သည်။
“ဗုဒ္ဓမယ်တော် လက်ချိတ်စည်း”
အဖြူဝတ်အမျိုးသမီး ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးနောက် လေထဲသို့ ခုန်တက်သွားကာ မဟာပဏ္ဍိတရွှေတောင်ပံကို လက်ဝါးတစ်ချက် ရိုက်ချလိုက်သည်။
“လှည့်ကွက်လေးတွေ”
မဟာပဏ္ဍိတရွှေတောင်ပံ လက်နောက်ပစ်ထားပြီး ခုခံရန် ရည်ရွယ်ချက် လုံးဝ မရှိပေ။
သူ့အစ်ကိုကြီး ဘာလို့ ခေါက်ယပ်တောင်လေး ဝှေ့ယမ်းရတာ သဘောကျလဲဆိုတာ သူ နောက်ဆုံးတော့ သိသွား၏။ ယခုလို အချိန်မျိုးတွင် ခေါက်ယပ်တောင်လေး ခပ်ပြနေခြင်းက အလွန် စတိုင်ကျပေသည်။
ဗုဒ္ဓမယ်တော်လက်ချိတ်စည်း ကျဆင်းလာသည့်နှုန်းက မမြန်ဆန်သော်လည်း ၎င်းက အထွတ်အထိပ်ဖိအားတစ်ခုကို သယ်ဆောင်လာ၏။
စင်မြင့်အောက်ရှိ ကျင့်ကြံသူများပင် ဗုဒ္ဓလက်ချိတ်စည်းကို မြင်တော့ သူတို့မျက်နှာများပေါ်တွင် အံ့အားသင့်သည့် အမူအရာများကို ဖော်ပြလာကြသည်။
“ဒီလက်ဝါး စွမ်းအားနဲ့ဆိုရင် မဟာပဏ္ဍိတအဆင့်အောက်မှာ ခံနိုင်တဲ့သူ နည်းနည်းပဲ ရှိမယ်”
“ဟုတ်တယ်။ ရွှေရောင်ဆံပင်နဲ့ ကောင်လေး ဒီတစ်ကြိမ် ကံဆိုးတော့မှာပဲ”
“…”
လူတိုင်း၏ ဆွေးနွေးသံများ ရပ်တန့်သွားတော့၏။ လူအများ လည်ပင်းညှစ်ခံထားရသော ဘဲငန်းများပမာ စကားတစ်ခွန်းမျှ မပြောနိုင်တော့ဘဲ နေရာမှာပင် အေးခဲသွားကြသည်။
သူတို့မျက်လုံးထဲတွင် ပြိုင်ဘက်ကင်းလက်ဝါးရိုက်ချက်သည် ရွှေရောင်ဆံပင်ကောင်လေးကို မထိခင် သူ့ခန္ဓာကိုယ်ပေါ်က အကာအကွယ် အလင်းတန်းကြောင့် ပျက်ပြယ်သွား၏။
အထိတ်လန့်ဆုံးသူမှာ အဖြူဝတ်အမျိုးသမီးမှလွဲ၍ အခြားသူ မဟုတ်ပေ။ သူမ တိုက်ကွက် လွဲချော်သွားပြီးနောက် သူမ အနောက်သို့ လွင့်ထွက်သွား၏။ မြေပြင်ပေါ်သို့ တည်ငြိမ်စွာ ဆင်းသက်လိုက်ပြီးသော်လည်း သူမမျက်လုံးထဲတွင် မယုံကြည်နိုင်သည့် အမူအရာများ ပါဝင်နေသည်။
“ရှင် ဘယ်သူလဲ”
မဟာပဏ္ဍိတရွှေတောင်ပံ ပြုံးလိုက်သည်။
“ခေါင်းဝှက်ပြီး အမြီးပြတတ်တဲ့ ကိုယ့်နာမည်ရင်းကိုတောင် မပြောရဲတဲ့ သူမျိုးတွေကို ငါ့နာမည် ဘယ်တော့မှ မပြောပြဘူး။ မင်း ဘယ်လိုရုပ်မျိုးလဲဆိုတာကို အရင်ဆုံး ကြည့်ခွင့်ပေးတာက ပိုကောင်းလိမ့်မယ်”
သူ ပြောနေရင်း လက်ကို ဖြည်းညှင်းစွာ မြှောက်ကာ အဖြူဝတ်အမျိုးသမီးကို လက်ညှိုးထိုးလိုက်သည်။
ဗုဒ္ဓအလင်းတန်းတစ်ခု အဖြူဝတ်အမျိုးသမီး နားရွက်ဘေးမှ လျှပ်စီးလက်သည့်အလား ဖြတ်ပြေးသွား၏။
တစ်ချိန်တည်းမှာပင် ဆံစအနည်းငယ် ပြတ်ကျသွားပြီး ၎င်းနှင့်အတူ အဖြူဝတ်အမျိုးသမီး၏ မျက်နှာဇာပုဝါ ပြုတ်ကျလာသည်။ ကြည်လင်ပြီး ချစ်စရာကောင်းသော မျက်နှာလေးတစ်ခု ထွက်ပေါ်လာ၏။
ချူဖုန်းဘေးတွင် ရပ်နေသော ခုံးယွီ ပို၍ပင် အော်ဟစ်လိုက်သည်။
“စီနီယာရွှေတောင်ပံတော့ ရှုပ်ကုန်ပြီ”
ချူဖုန်း မေးရန် ပြင်လိုက်ချိန် စင်မြင့်ပေါ်ရှိ အဖြူဝတ်အမျိုးသမီး သူမ မျက်နှာဇာပုဝါကို အလျင်အမြန် ပြန်တပ်လိုက်ပြီး ဒေါသတကြီး ဆဲဆိုလိုက်သည်။
“နှာဘူးကောင် ရှင် ကျွန်မမျက်နှာကာကို တကယ်ကြီး ခွာရဲတယ်ပေါ့။ ကျွန်မ သေတဲ့အထိ တိုက်မယ်”
မဟာပဏ္ဍိတရွှေတောင်ပံ ထိုကောင်မလေး ဒေါသ အတော်လေးထွက်သွားမည်ဟု မထင်ထားသဖြင့် အလျင်အမြန် ပြောလိုက်၏။
“မိန်းကလေး ဒီလောက်ထိမလိုဘူး မဟုတ်လား”
အဖြူဝတ်အမျိုးသမီး မဟာပဏ္ဍိတရွှေတောင်ပံ၏ ဆင်ခြေကို နားမထောင်ဘဲ တိုက်ခိုက်၏။ တိုက်ကွက်တိုင်းက သေစေနိုင်လောက်သည်။ အပြစ်ကင်းသော ဘေးလူများအန္တရာယ်မဖြစ်စေရန် မဟာပဏ္ဍိတရွှေတောင်ပံ ချက်ချင်း အထက်သို့ ခုန်တက်ကာ ကောင်းကင်ယံသို့ ပျံသန်းသွား၏။
ထိုသို့ဖြင့် သူ ထွက်ပြေးပြီး သူမက လိုက်ဖမ်းသည့် မြင်ကွင်းတစ်ခု ပေါ်ထွက်လာသည်။
လူနှစ်ဦး၏ ပုံရိပ်များ မိုးကုတ်စက်ဝိုင်းတွင် ပျောက်ကွယ်သွားသည်ကို မြင်သောအခါ ခုံးယွီ အကူအညီမဲ့စွာ ခေါင်းယမ်းလိုက်၏။
“အခုတော့ စီနီယာရွှေတောင်ပံအတွက် ခင်ပွန်းရွေးချယ်တဲ့ သိုင်းပြိုင်ပွဲမှာ ပါဝင်ဖို့ အခွင့်အရေး မရှိတော့ဘူး”
“အိုး ဘာဖြစ်လို့လဲ ရှင်းပြပါဦး”
ချူဖုန်း ပြုံးကာ မေးလိုက်သည်။
ခုံးယွီ ပြောလိုက်သည်။
“ဒီကိစ္စကို ငှက်မွေးဖြူ မျိုးနွယ်စုရဲ့ စည်းမျဉ်းတွေကနေ စပြောရမယ်။ ငှက်မွေးဖြူ မျိုးနွယ်က အမျိုးသမီးတွေဟာ မွေးကတည်းက မျက်နှာဇာပုဝါတွေကို တပ်ဆင်ထားကြတယ်။ အဲဒီမျက်နှာကာက သူတို့မွေးရာပါ စိတ်ဝိညာဉ်ရတနာပါ။ သူတို့ကျင့်ကြံမှုအခြေခံနဲ့အတူလိုက်ပြီး အစွမ်းထက်လာကြတယ်။ အဆင့်တူတွေထဲမှာ သူတို့မျက်နှာကာကို ဆွဲဖြုတ်နိုင်တဲ့သူ အရမ်းနည်းတယ်”
“သူတို့မျက်နှာကာကို ပထမဆုံး ဖြုတ်နိုင်တဲ့ အမျိုးသားအတွက် ရလဒ်နှစ်ခုပဲ ရှိတယ်။ တစ်ခုက တစ်ဖက်လူကို လက်ထပ်ဖို့၊ ဒုတိယတစ်ခုက တစ်ဖက်လူကို သတ်ပစ်ဖို့ပဲ”
“စိတ်ဝင်စားစရာပဲ။ ယွင်လော်ကျွန်းမှာ ဒီလို ရှေးကျပြီး ထူးခြားတဲ့ ဓလေ့မျိုး တကယ်ရှိနေသေးလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ ရွှေတောင်ပံတော့ ဒီတစ်ခါ ဒေါင်းဖြူတစ်ကောင်ကိုတောင် ပြန်ခေါ်လာနိုင်လောက်တယ်”
ချူဖုန်း အခြားသူ၏ ကံဆိုးမှုကို ဝမ်းသာအားရစွာ ပြောလိုက်သည်။
“ဒါပေမဲ့ စီနီယာရွှေတောင်ပံ မင်းသမီးမြောင်ယွီအတွက် လာခဲ့တာ မဟုတ်ဘူးလား”
ခုံးယွီက ဆက်ပြောသည်။ “အကယ်၍ သူ မင်းသမီးမြောင်ယွီကို လက်မထပ်နိုင်ဘူးဆိုရင် ပြဿနာတော်တော်လေး ရှိလာလိမ့်မယ်”
“ဟားဟား”
ချူဖုန်း ချက်ချင်း သဘောကျသွားပြီး ပြောလိုက်သည်။ “ဒီလောကမှာ ရွှေတောင်ပံကို ဒုက္ခပေးနိုင်တဲ့သူ နည်းနည်းပဲ ရှိတယ်။ သူ့အဖေ... အာ မဟုတ်ဘူး သူ့မွေးစားအဖေက သူတော်စင်တစ်ပါးလေ။ သူရိုက်နှက်ခဲ့တဲ့ မဟာပဏ္ဍိတတွေက မင်းတစ်သက်လုံး မြင်ဖူးခဲ့တာထက်တောင် ပိုများသေးတယ်”
“အာ”
ထိုစကားကို ကြားတော့ ခုံးယွီ ပထမတော့ ထိတ်လန့်သွားပြီး၏။ ထို့နောက် နောင်တရသွားသည်။ ပြင်ပလူများ ဤတစ်ကြိမ် ယွင်လော့ကျွန်း၏ ခင်ပွန်းရွေးချယ်သည့် သိုင်းပြိုင်ပွဲ ရည်ရွယ်ချက်ကို မသိကြသော်လည်း သူ အနည်းငယ် သိထား၏။
ဤတစ်ကြိမ် ယွင်လော်ကျွန်းပေါ် ခင်ပွန်းရွေးချယ်သည့် သိုင်းပြိုင်ပွဲက အစွမ်းထက်သော ပြင်ပအကူအညီတစ်ခု ရှာဖို့သက်သက်သာ ဖြစ်သည်။
သူတော်စင်တစ်ပါး၏ မွေးစားသားလို ပြင်ပအကူအညီသည် လူအင်္သေချေတွင် တစ်ယောက်သာ ပါနိုင်၏။
ချူဖုန်း ခုံးယွီကို ဂရုမစိုက်ဘဲ ဘေးရှိ တပည့်သုံးယောက်ကို ပြောလိုက်သည်။
“သွားကြမယ် ဒီပြပွဲက ပြီးသွားပြီ။ အပြင်ထွက် လည်ကြရအောင်”
“ရေး”
ပိုင်ကျင်းနှင့် ချန်ကျင်းကျင်းတို့ ထိုစကားများကို ကြားတော့ ချက်ချင်း စိတ်ဝင်စားသွားကြသည်။
လူအုပ်ကြီး သူရဲကောင်းများစင်မြင့်မှ ထွက်ခွာသွားကြ၏။ ခုံးယွီ သူ့နှလုံးသားထဲတွင် စိတ်ဓာတ်ကျနေသော်လည်း အဖွဲ့နောက်သို့သာ လိုက်ပါလာသည်။
“ဆရာ”
အချိန်အတော်ကြာ တိတ်ဆိတ်နေသော ချင်းချင်း ရုတ်တရက် ပါးစပ်ဟလာသဖြင့် လူတိုင်း သူတို့ခြေလှမ်းများကို ရပ်တန့်လိုက်ကြသည်။
ချူဖုန်း ပြုံးကာ မေးလိုက်သည်။ “ချင်းအာ ဘာကိစ္စရှိလို့လဲ”
ချင်းချင်း ပြောလိုက်၏။
“ဆရာ တပည့် ဒီခရီးမှာ ကျွမ်းကျင်သူတွေနဲ့ တိုက်ခိုက်ချင်ပါတယ်။ ဆရာဦးလေး ခင်ပွန်းရွေးချယ်တဲ့ သိုင်းပြိုင်ပွဲမှာ မပါတော့ဘူးဆိုရင် ကျွန်မတို့ ပြန်ကြရမှာလား”
ချူဖုန်း ဂရုမစိုက်စွာ ပြောလိုက်သည်။
“အသေးအဖွဲ ကိစ္စလေးပါ။ အချိန်တန်ရင် မင်း ဝင်တိုက်လိုက်ပါ။ နိုင်ခါနီးမှ ငါတို့ မတိုက်ခိုက်ဘဲ နေလိုက်ရုံပေါ့”
“ဒါပေမဲ့ စီနီယာ၊ တစ်ယောက်ယောက်က ကိုယ်စားဝင်တိုက်ပေးဖို့ဆိုတာ ခင်ပွန်းရွေးချယ်ပွဲမှာ ပါဝင်တဲ့သူ တစ်ယောက်တော့ ရှိရပါမယ်။ စီနီယာရွှေတောင်ပံ မပါဝင်ဘူးဆိုရင် စီနီယာပဲ ဖြစ်ရပါလိမ့်မယ်”
ခုံးယွီ စေတနာဖြင့် သတိပေးလိုက်သည်။
ချူဖုန်း ဘာမျှပင် မစဉ်းစားဘဲ တိုက်ရိုက် ပြောလိုက်မိ၏။ “ကိစ္စမရှိပါဘူး။ အချိန်ကျရင် ချင်းအာ့ကို ငါ့အတွက် ကိုယ်စားတိုက်ပေးတာလို့ပဲ ပြောခိုင်းလိုက်မယ်”
“ကျေးဇူးတင်ပါတယ် ဆရာ”
ချင်းချင်း လေးစားစွာ ပြောလိုက်သည်။
လူတိုင်း မိုးလင်းသည်အထိ လည်ပတ်ခဲ့ကြပြီးနောက် အနားယူရန် ယာယီနန်းတော်သို့ ပြန်လာကြ၏။ ညနေစောင်းအချိန်တွင် မဟာပဏ္ဍိတရွှေတောင်ပံ၏ ရင်းနှီးသော အသံ တံခါးအပြင်ဘက်မှ ထွက်ပေါ်လာသည်။