အခန်း ၈၄
Vol. 9 Ch. 84
အခန်း (၈၄) ဒါနဲ့ ငါ့ကို လာစမ်းသပ်နေတာလား
သူတို့ နှစ်ယောက် အကြည့်ချင်း ဆုံသွားသော အခါ အချိန်များ ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားခဲ့သည်။ သခင်မကြီးကျူး၏ မျက်နှာပေါ်တွင် နီရဲသော အရိပ်အယောင်များ ပေါ်ထွက်လာပြီးနောက် ရှက်ရွံ့ ဒေါသထွက်သည့် အမူအရာဖြင့် မေးလိုက်သည်။
"ကျန်း ကျန်းချဲ့ မင်း ဘာလုပ်ချင်တာလဲ"
"ကျွန်တော် ဘာလုပ်ချင်တာလဲ မဟုတ်ပါဘူး သခင်မကြီး ဘာလုပ်ချင်တာလဲ လို့ မေးရမှာပါ အဲဒီညက သခင်မကြီးက သခင်ကြီး ကို အသုံးချပြီး ကျွန်တော့်ကို ခြိမ်းခြောက်ခဲ့တာလေ ဘယ်လိုလဲ အဝတ်အစားလေး ပြန်ဝတ်လိုက်တာနဲ့ လူကို မမှတ်မိတော့ဘူးလား"
ကျန်းချဲ့က အပြစ်ကင်းစင်သည့် အမူအရာဖြင့် ပြောလိုက်သော်လည်း သူ၏ အကြည့်များကမူ တစ်ဖက်လူကို အဆက်မပြတ် လေ့လာနေဆဲ ဖြစ်သည်။
သခင်မကြီးကျူးက တကယ်ကို လှပ ကျက်သရေ ရှိလှပေသည်။
အမျိုးသမီးများကို အကဲဖြတ်သည့် စကား တစ်ခွန်းကို သူ ကြားဖူးခဲ့သည်။
ပထမတန်းစား အမျိုးသမီး ဆိုသည်မှာ ဖြူဝင်းပြီး အရပ်ရှည်ကာ ဆွဲဆောင်မှု အပြည့် ရှိသူ ဖြစ်သည်။ ဒုတိယတန်းစား အမျိုးသမီး ဆိုသည်မှာ နူးညံ့ပြီး မြှူဆွယ်တတ်သူ ဖြစ်သည်။ တတိယတန်းစား အမျိုးသမီး ဆိုသည်မှာ ရိုင်းစိုင်းပြီး မာနကြီးသူ ဖြစ်သည်။ စတုတ္ထတန်းစား အမျိုးသမီး ဆိုသည်မှာ ရန်တွေ့တတ်ပြီး အကျင့်စရိုက် ဆိုးရွားသူ ဖြစ်သည်။
သခင်မကြီးကျူးကမူ အတိအကျပင် ပထမတန်းစား အမျိုးသမီး အမျိုးအစားတွင် ပါဝင်နေပေသည်။
ကျန်းချဲ့က မည်မျှပင် စိတ်နေစိတ်ထား ခိုင်မာပြီး သမာဓိ အားကောင်းပါစေ အနည်းငယ် ခံနိုင်ရည်မဲ့ ဖြစ်သွားခဲ့ရသည်။
နောက်ဆုံးတွင် ကျားခံတွင်းသို့ ကျဆင်းသွားပြီး ရုန်းထွက်ရန် ခက်ခဲခဲ့ရခြင်း ဖြစ်သည်။
"မင်း မင်း မင်း"
သခင်မကြီးကျူး ၏ မျက်နှာပေါ်ရှိ ရှက်ရွံ့ ဒေါသထွက်သည့် အမူအရာက ပိုမို သိသာလာပြီး အလျင်အမြန် ပြောလိုက်သည်။
"အဲဒီတုန်းက ငါ လူမှားသွားလို့ပါ မင်း မင်း အထင်မလွဲပါနဲ့"
"လူမှားသွားတယ်"
ကျန်းချဲ့၏ နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးတက်သွားခဲ့သည်။
"သခင်မကြီး ရဲ့ ကစားကွက် တွေက တော်တော် ဆန်းကြယ်တာပဲ"
အမှန်တကယ်တော့ ထိုညက သူ အိမ်ပြန်ရောက်ပြီးနောက် ဖြစ်ပျက်ခဲ့သမျှ အားလုံးကို အကြမ်းဖျင်း ခန့်မှန်းမိခဲ့ပြီး ဖြစ်သည်။ မည်သို့ပင် ဖြစ်စေကာမူ သခင်မကြီးကျူး က ခိုးဝင်လာသော သူခိုး တစ်ယောက်ကို ဤမျှလောက်အထိ အလိုလိုက်မည် မဟုတ်ပေ။
"မင်း ထွက်သွား မဟုတ်ရင် အခု ချက်ချင်း လူအော်ခေါ်လိုက်မယ်"
ကျန်းချဲ့ကို ခြောက်လှန့်၍ မရသည်ကို မြင်သောအခါ သခင်မကြီးကျူး က သူမ၏ ဂုဏ်သိက္ခာကို ကျန်းချဲ့က မြေကြီးပေါ်တွင် နင်းချေနေသည်ဟု ခံစားလိုက်ရပြီး ရှက်ရွံ့ ဒေါသထွက်မှုများ ရောနှောကာ လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"ခေါ်လေ"
ကျန်းချဲ့က လက်တစ်ဖက်ကို ဖြန့်ပြကာ သခင်မကြီးကျူး၏ သရုပ်ဆောင်မှုကို စတင်ရန် အချက်ပြလိုက်သည်။
"မင်း မင်း မင်း တကယ် ဘာလုပ်ချင်တာလဲ"
ကျန်းချဲ့ လုံးဝ မကြောက်သည်ကို မြင်သောအခါ သခင်မကြီးကျူး ၏ ရင်ထဲတွင် အလွန် စိတ်ပျက်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူမက တကယ် လူခေါ်ရန် မဝံ့ရဲသောကြောင့်ပင်။ အကယ်၍ လူခေါ်လိုက်ပါက သူမ၏ ဂုဏ်သိက္ခာများ အားလုံး ပျက်စီးသွားမည် ဖြစ်ပြီး သူမ၏ အဆုံးသတ်ကလည်း ပိုမို ဆိုးရွားသွားမည် ဖြစ်သည်။
"အဲဒီညက အိမ်ပြန်ရောက်ပြီး ကတည်းက ကျွန်တော် သခင်မကြီး ကိုပဲ နေ့ရော ညပါ သတိရနေမိတယ် စိတ်ကို ထိန်းလို့ မရတော့လို့ ဒီကို စွန့်စားပြီး လာခဲ့တာပါ ဒါပေမဲ့ သခင်မကြီး က ဒီလောက်တောင် ရက်စက်နေမှတော့ ကျွန်တော်လည်း အတင်း မတောင်းဆိုတော့ပါဘူး ဒါပေမဲ့ သခင်မကြီး ရဲ့ လည်ပင်းမှာ ဆွဲထားတဲ့ ကျောက်စိမ်းလေးကိုတော့ အမှတ်တရ အနေနဲ့ လိုချင်ပါတယ် ရမလား"
ကျန်းချဲ့က လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
ယခုအခါ အတင်းအကျပ် လုယူရန်မှာ သိပ်မသင့်တော်တော့ပေ။ အကယ်၍ သခင်မကြီးကျူး သေဆုံးသွားပါက တပ်မှူးချုပ်ကျူး ကို လုပ်ကြံမည့် အစီအစဉ်များ အားလုံး ပျက်စီးသွားနိုင်ပေသည်။ ထို့အပြင် သူ၏ တကယ့် ရည်ရွယ်ချက်ကို တိုက်ရိုက် ထုတ်ပြောရန်လည်း မဖြစ်နိုင်ပေ။
မည်သို့ပင် ဖြစ်စေ သခင်မကြီးကျူး က အခြားသူ တစ်ယောက်၏ ဇနီး ဖြစ်နေဆဲ ဖြစ်သည်။
သူမ၏ နှလုံးသားက တပ်မှူးချုပ်ကျူး ဘက်သို့သာ ယိမ်းယိုင်နေမည်မှာ သေချာလှပေသည်။ အကယ်၍ ဤကိစ္စကို တပ်မှူးချုပ်ကျူး ထံသို့ ပြောပြလိုက်ပါက အန္တရာယ် ရှိလာနိုင်သဖြင့် အကြောင်းပြချက် တစ်ခုကို တီထွင်လိုက်ခြင်း ဖြစ်သည်။
"ဒါက ဒါက ငါတို့ မိသားစု အမွေအနှစ် ကျောက်စိမ်းလေးပါ နောက်ကျရင် ချင်ချင် ကို ပေးရမှာလေ အကယ်လို့ မင်း သူနဲ့ လက်ထပ်ဖြစ်ရင် ဒီပစ္စည်းက မင်းလက်ထဲကို အလိုလို ရောက်လာမှာပါ"
သခင်မကြီးကျူး ၏ ရင်ထဲတွင် အလွန် ထိတ်လန့်သွားပြီး စကားလမ်းကြောင်းကို အလျင်အမြန် လွှဲလိုက်သည်။
ယခုအချိန်အထိ သူမက ကျန်းချဲ့ နှင့် တပ်မှူးချုပ်ကျူး တို့ အချင်းချင်း ပြဿနာ ဖြစ်နေပြီ ဆိုသည်ကို မသိရှိသေးပေ။ ကျန်းချဲ့က တပ်မှူးချုပ်ကျူး ၏ လူယုံ တစ်ယောက် ဖြစ်နေဆဲ ဖြစ်ပြီး တပ်မှူးချုပ်ကျူး က ချင်ချင် ကို ကျန်းချဲ့နှင့် လက်ဆက်ပေးမည်ဟုပင် ထင်မှတ်နေဆဲ ဖြစ်သည်။
"ကျွန်တော် က ကျူးချင်ချင် နဲ့ လက်ထပ်လိုက်ရင် တကယ်ပဲ ကောင်းသွားမယ်လို့ သခင်မကြီး က ထင်နေတာလား"
ကျန်းချဲ့၏ မျက်နှာပေါ်တွင် နောက်ပြောင်လိုသည့် အမူအရာ တစ်ခု ပေါ်ထွက်လာခဲ့သည်။
အကယ်၍ ထိုသို့သာ ဖြစ်သွားပါက တကယ်ကို ရုပ်ပျက်ဆင်းပျက် ဖြစ်သွားမည်သာ...
"ငါ"
"ပစ္စည်း ကို ပေးပါ နောက်ဆိုရင် သခင်မကြီး ကို ထပ်ပြီး လာမနှောင့်ယှက်တော့ပါဘူး လို့ ကျွန်တော် ကတိပေးပါတယ် ကျန်းချဲ့ က ပြောရင် ပြောတဲ့ အတိုင်း လုပ်တဲ့ သူပါ"
ကျန်းချဲ့က ဆက်ပြီး အချိန်မဆွဲတော့ဘဲ လေသံကိုပင် အနည်းငယ် မာထန်လာစေခဲ့သည်။
ကျန်းချဲ့ကို တစ်လှည့် လက်ထဲရှိ ကျောက်စိမ်းကို တစ်လှည့် ကြည့်ရင်း သခင်မကြီးကျူး က တိတ်ဆိတ်သွားခဲ့သည်။
ဤမိသားစု အမွေအနှစ် ဖြစ်သော အသိအာရုံ ကြည်လင်စေသည့် ကျောက်စိမ်း က သူမ အလွန် တန်ဖိုးထားသော အရာ ဖြစ်ပြီး ကိုယ်ပေါ်မှ လုံးဝ အကွာမခံခဲ့ပေ။ သို့သော် ကျန်းချဲ့၏ တောင်းဆိုမှု နှင့် ခြိမ်းခြောက်မှု များက ကြီးမားသော ပြဿနာ တစ်ခု ဖြစ်နေပေသည်။
အကယ်၍ တစ်ဖက်လူက ရှက်ရမ်း ရမ်းပြီး အကြမ်းဖက်လာရင် ဘယ်လို လုပ်မလဲ...
"သခင်မကြီး ကျောက်စိမ်းကို ပေးပါ ဒီကိစ္စကို ဘယ်သူမှ မသိစေရဘူးလို့ ကျွန်တော် အာမခံတယ် မဟုတ်ရင်တော့"
ကျန်းချဲ့က ဖြည်းညင်းစွာ ချဉ်းကပ်လာပြီး မျက်လုံးများကို မှေးကျဉ်းကာ လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"မင်း တကယ် ကတိတည်နိုင်မလား"
သခင်မကြီးကျူး က ခေါင်းမော့ကာ ကျန်းချဲ့ကို စိုက်ကြည့်လိုက်သည်။
"ရတယ်"
သခင်မကြီးကျူး က ကျောက်စိမ်းကို ဖြုတ်ယူလိုက်ပြီး လက်ထဲတွင် ကိုင်ထားကာ တွန့်ဆုတ်စွာဖြင့် မေးလိုက်သည်။
"စောစောက မင်း ပြောခဲ့တဲ့ စကားက တကယ် အချစ်စစ်နဲ့ ပြောတာလား"
ကျန်းချဲ့၏ ရင်ထဲတွင် မေးခွန်းများစွာ ဖြစ်ပေါ်သွားခဲ့သည်။ ဘယ်စကားကို ပြောတာလဲ...
သို့သော် သူ၏ တည်ငြိမ်သော စိတ်ထားကြောင့် မည်သည့် အမူအရာ အပြောင်းအလဲမျှ မပြသဘဲ ခေါင်း အနည်းငယ် ညိတ်ကာ ပြန်ဖြေလိုက်သည်။
"ဒါပေါ့"
"ဒါက နောက်ဆုံး အကြိမ်ပဲ နောက်ဆိုရင် မင်းနဲ့ ငါ ထပ်မတွေ့ကြရအောင် ငါက အိမ်ထောင်သည် တစ်ယောက် ဖြစ်နေပြီလေ"
သခင်မကြီးကျူး က သက်ပြင်း တစ်ချက် ချလိုက်ပြီး ကျောက်စိမ်းကို ဖြုတ်ကာ ဘေးတွင် ချိတ်ဆွဲလိုက်သည်။
ထို့နောက် မတ်တတ်ရပ်လိုက်ရာ ရေပေါက်လေးများက သူမ၏ ခန္ဓာကိုယ်ပေါ်မှ လျှောကျသွားခဲ့သည်။
ကျန်းချဲ့၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
'ဒါနဲ့ ငါ့ကို လာစမ်းသပ်နေတာလား…’
'ငါ ကျန်းချဲ့ က စမ်းသပ်မှု တွေကို လုံးဝ လက်မခံနိုင်ဘူး ဆိုတာ မသိဘူးလား…’
"ယွီဟယ်မြစ်ဝ"
အချုပ်ခန်း အတွင်းတွင် တပ်မှူးချုပ်ကျူး နှင့် ခိုယွမ်ရှန်း နှစ်ယောက်တည်းသာ ကျန်ရစ်ခဲ့ပြီး တပ်မှူးချုပ်ကျူး ၏ ခြိမ်းခြောက်မှု အောက်တွင် ခိုယွမ်ရှန်း က သူ၏ သား ခိုချင်း အသက်အန္တရာယ် ကင်းဝေးစေရန် ဤလျှို့ဝှက်ချက်ကို ထုတ်ဖော် ပြောပြလိုက်ရခြင်း ဖြစ်သည်။
"ကိစ္စ ပြီးသွားပြီ ဆိုတော့ ချင်းလေး ကို လွှတ်ပေးပါတော့ မဟုတ်ရင် ဒီသတင်းကို ဝေါ့ဟူတောင်က လူတွေကို သွားပြောမယ့် သူတွေ ရှိလာလိမ့်မယ်"
ခိုယွမ်ရှန်း က ခေါင်းမော့ကာ ပြန်လည် တုံ့ပြန်လိုက်သည်။
ကျန်းချဲ့ နှင့် တပ်မှူးချုပ်ကျူး တို့က လုံးဝ မတူညီပေ။ သူ၏ အမြင်တွင် ကျန်းချဲ့၏ စွမ်းအားက အလွန် နိမ့်ကျပြီး သွေးကြောပွင့် အဆင့်သို့ ရောက်ရှိရန် အများကြီး လိုအပ်နေသေးသည်။ ထို့ကြောင့် မွေးရာပါ ဝိညာဉ်စွမ်းအင် လျှို့ဝှက်ချက်ကို သိရှိသွားလျှင်တောင်မှ ဘာမှ လုပ်၍ ရမည် မဟုတ်ဘဲ ယူဆောင်သွားနိုင်မည် မဟုတ်ပေ။
သို့သော် တပ်မှူးချုပ်ကျူး ကမူ တရားဝင် အဆင့်ခုနစ် ရှိသော ခရိုင် တပ်မှူးချုပ် တစ်ယောက် ဖြစ်ပြီး သူ၏ ရာထူး အဆင့်အတန်း အရ ဆိုလျှင် ထိုက်အန်း ဒေသ တစ်ခုလုံးတွင်ပင် နာမည် တစ်လုံး ရှိသူ ဖြစ်ရာ မွေးရာပါ အဆင့် သိုင်းပညာရှင် များနှင့် သေချာပေါက် သိကျွမ်းလောက်ပေသည်။
မွေးရာပါ ကျောက်စိမ်းတုံး ကို ရရှိရန် အခွင့်အရေး အများအပြား ရှိနေပေသည်။
ထို့အပြင် သူ၏ စွမ်းအား ကလည်း အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ရာ မွေးရာပါ ဝိညာဉ်စွမ်းအင်ကို ရရှိပြီးနောက် မွေးရာပါ အဆင့်သို့ အတင်းအကျပ် တက်လှမ်းရန် ကြိုးစားလာနိုင်ပေသည်။ ထို့ကြောင့် သူက ဤအချိန် မတိုင်မီ ခိုချင်း ၏ လုံခြုံရေးကို သေချာပေါက် အာမခံချက် ရယူထားရမည် ဖြစ်သည်။
"မင်းက ငါ့ကို ခြိမ်းခြောက်နေတာလား"
တပ်မှူးချုပ်ကျူး ၏ မျက်လုံးများထဲတွင် လူသတ်လိုစိတ်များ ထွက်ပေါ်လာခဲ့သည်။
အကျဉ်းသား တစ်ယောက် လက်ဝါး တစ်ချက်တည်းဖြင့် သေနိုင်သည့် သူ တစ်ယောက်က သူ့ကို လာခြိမ်းခြောက်ရဲတယ်ပေါ့...
"ငါ ခိုယွမ်ရှန်း က ဒီနှစ်တွေ တစ်လျှောက်လုံး အသက်ရှင် လာခဲ့တာ နောက်ကွယ်က အစီအစဉ်လေး တစ်ခုမှ မရှိဘူးလို့ မင်း ထင်နေလား မင်း မယုံရင် စမ်းကြည့်လို့ ရတယ် မွေးရာပါ ဝိညာဉ်စွမ်းအင် သတင်း အပြင်ကို ပေါက်ကြားသွားမလား မသွားဘူးလား ဆိုတာကို"
ခိုယွမ်ရှန်း က လေးနက်သော အသံဖြင့် ပြောလိုက်သည်။
တပ်မှူးချုပ်ကျူး က ခိုယွမ်ရှန်း ကို အချိန်အနည်းငယ် ကြာအောင် စိုက်ကြည့်နေပြီးနောက် နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးတက်သွားခဲ့သည်။
"မင်းကို ကတိပေးထားတဲ့ အတိုင်း ငါ သေချာပေါက် လုပ်ပေးမှာပါ ဒီကိစ္စ သေချာသွားတာနဲ့ မင်းရဲ့ သားကို ငါ လွှတ်ပေးမယ် ဒါပေမဲ့ မင်းက ငါ့ကို လိမ်ခဲ့မယ် ဆိုရင် ဟက် ဟက် ဟက် မင်း လုံးဝ မြင်ချင်မှာ မဟုတ်တဲ့ အကျိုးဆက် တွေကို ခံစားရလိမ့်မယ်"
ခိုယွမ်ရှန်း က အေးစက်စက် နှာမှုတ်လိုက်ပြီး ဘာမှ ပြန်မပြောတော့ပေ။ တပ်မှူးချုပ်ကျူး နှင့် ကျန်းချဲ့ တို့က တစ်အုပ်စုတည်း ဖြစ်သည်ဟု သူ ထင်နေပေသည်။ မဟုတ်ပေ... သူတို့ နှစ်ယောက် ကြားတွင် အနည်းငယ် ကွာခြားချက်လေး ရှိနေသေးသည်။
တပ်မှူးချုပ်ကျူး က ပိုပြီး ဟန်ဆောင်ကောင်းပြီး ကျန်းချဲ့ကမူ ပိုပြီး ရက်စက်ကြမ်းကြုတ်ပေသည်။
"သခင်ကြီး"
"သခင်ကြီး"
အချုပ်ခန်း အပြင်ဘက်တွင် လျိုကျစ် နှင့် ရွှီဆန်းအာ တို့က တပ်မှူးချုပ်ကျူး ထွက်လာသည်ကို မြင်သောအခါ မျက်လုံးချင်း လုံးဝ မဆုံဘဲ အလျင်အမြန် ခေါင်းငုံ့ အရိုအသေပေးလိုက်ကြသည်။
တပ်မှူးချုပ်ကျူး က လျိုကျစ် ၏ ပခုံးကို ပုတ်ကာ ပြုံးပြီး ပြောလိုက်သည်။
"ဒီတစ်ခါ မင်း အရမ်း ကောင်းကောင်း လုပ်နိုင်ခဲ့တယ် မင်းရဲ့ ကျေးဇူးကို ငါ မှတ်ထားပါ့မယ်"
"ဒါက ကျွန်တော့်ရဲ့ တာဝန်ပါ"
လျိုကျစ်က အလျင်အမြန် ခါးကို အနည်းငယ် ထပ်ကိုင်းလိုက်သည်။
"မင်းလည်း မဆိုးပါဘူး ကျန်းချဲ့ရဲ့ သဲလွန်စကို ငါ အစွမ်းကုန် ရှာဖွေသွားမှာပါ ဒီအချိန် အတောအတွင်း ဒီလူကို သေချာ စောင့်ကြည့်ပေးထားပါ ငါ ကိစ္စတွေ အားလုံး ရှင်းလင်းပြီးတာနဲ့ မင်းကို ဆုချပေးပါ့မယ်"
တပ်မှူးချုပ်ကျူး က ကျန်းချဲ့ကို ဒီအတိုင်း လွယ်လွယ် လက်လျှော့မည် မဟုတ်ပေ။ သူ၏ ကိုယ်ပေါ်တွင် ထူးဆန်းသော ရတနာများ ရှိနေသေးသည် မဟုတ်ပါလော။ မွေးရာပါ ဝိညာဉ်စွမ်းအင် လည်း သူ လိုချင်သလို သိုင်းပညာ တိုးတက်မှုကို မြန်ဆန်စေသော ထူးဆန်းသည့် ရတနာကိုလည်း သူ လိုချင်ပေသည်။
"ကျေး ကျေးဇူးတင်ပါတယ် သခင်ကြီး"
"ဟက် ဟက် ဟက်"
ယန်ဂူခရိုင် အတွင်းရှိ ဝေါ့ဟူတောင် ၏ လျှို့ဝှက် စခန်း တစ်ခု။
ဆရာလျန် နှင့် ဝူရှောက်လင် တို့က တိတ်ဆိတ်စွာ ထိုင်နေကြပြီး လေထုက အလွန် လေးလံနေပေသည်။
ကျန်းချဲ့ ပျောက်ဆုံးသွားခဲ့ပြီ...
တစ်ဆက်တည်းမှာပင် ယွီရှောက်ဖုန်း ပါ ပျောက်ဆုံးသွားခဲ့သည်။
အမှန်တကယ်တော့ ကျန်းချဲ့ ၏ သဲလွန်စကို လိုက်လံ ရှာဖွေနေသူမှာ တပ်မှူးချုပ်ကျူး တစ်ယောက်တည်း မဟုတ်ဘဲ ဝေါ့ဟူတောင်မှ လူများကလည်း ဤကိစ္စကို အနီးကပ် စောင့်ကြည့်နေခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းက ဒုတိယ ခေါင်းဆောင် ယွီရှောက်ဖုန်း နှင့်လည်း ပတ်သက်နေသောကြောင့်ပင်။
"ငါ ပေါ့ဆသွားတယ်"
ဝူရှောက်လင် က ခေါင်းမော့လာပြီး သူ၏ မျက်လုံးများက အနည်းငယ် နီရဲနေပေသည်။
ဒုတိယ ညီလေး ယွီရှောက်ဖုန်း ၏ စွမ်းအားဖြင့် ဒဏ်ရာ ရရှိထားသော သွေးကြောပွင့် အဆင့် သိုင်းသမား တစ်ယောက်ကို လိုက်လံ ဖမ်းဆီးရန်မှာ လုံးဝ ပြဿနာ မရှိဟု သူ ထင်မှတ်ထားခဲ့သဖြင့် ဤကိစ္စကို သိပ်ပြီး ဂရုမစိုက်ခဲ့ပေ။ သို့သော် ညနက်သည် အထိ ယွီရှောက်ဖုန်း ပြန်မလာသော အခါမှသာ တစ်ခုခု မှားယွင်းနေပြီဟု သူ စတင် ခံစားလိုက်ရသည်။
ယခုအခါ ဤအရာ အားလုံးကို အကြမ်းဖျင်း အတည်ပြုနိုင်ပြီ ဖြစ်သည်။
ဒုတိယ ညီလေး က မကောင်းဆိုးဝါး တစ်ခုခု နှင့် ကြုံတွေ့သွားခြင်း ဖြစ်ရမည်။ သေချာသည်မှာ ကျန်းချဲ့ လည်း အလားတူပင် ဖြစ်နိုင်သည်။
ရက်အနည်းငယ် အတွင်း သူ၏ ညီအစ်ကို နှစ်ယောက်စလုံး သေဆုံးသွားခဲ့ရသဖြင့် ဤအရာက ဝူရှောက်လင် ကို အလွန် ကြီးမားသော ထိုးနှက်ချက်ကြီး တစ်ခု ဖြစ်စေခဲ့သည်။ လွန်ခဲ့သော နှစ်များစွာက သူတို့ သုံးယောက် တောင်စောင့်နတ်ကို ရှိခိုးပြီး ညီအစ်ကို အဖြစ် သစ္စာဆိုကာ နာမည်များ ပြောင်းလဲပြီး အတူတကွ သေဆုံးရန် ကတိပြုခဲ့ကြသည်။
ဒါပေမဲ့ အခုတော့...
သူ တစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။
သို့သော် တပ်မှူးချုပ်ကျူး ပြသခဲ့သော စွမ်းအား အရ ဆိုလျှင် ယန်ဂူခရိုင် အတွင်း၌ သူက တပ်မှူးချုပ်ကျူး ကို အသေအချာ သတ်ဖြတ်နိုင်မည်ဟု လုံးဝ အာမခံချက် မရှိပေ။ ယခုအခါ... အခြေအနေများက အကျပ်အတည်း တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သည်။
"ကျွန်တော် ဆီမှာ ခန့်မှန်းချက် တစ်ခု ရှိတယ်"
ရုတ်တရက် အမြဲတမ်း တိတ်ဆိတ်နေသော ဆရာလျန် က ခေါင်းမော့လာပြီး သွေးကြောများ နီရဲနေသော မျက်လုံးများဖြင့် ပြောလိုက်သည်။
"ဘာ ခန့်မှန်းချက်လဲ"
"တပ်မှူးချုပ်ကျူး က ခိုယွမ်ရှန်း ဘယ်မှာလဲ ဆိုတာကို လုံးဝ မသိသလို မွေးရာပါ ဝိညာဉ်စွမ်းအင် လျှို့ဝှက်ချက် ကိုလည်း မသိတာ ဖြစ်နိုင်တယ် ဒီအရာ အားလုံးကို ကျန်းချဲ့ တစ်ယောက်တည်းကသာ သိနေတာ ဖြစ်နိုင်တယ်"
၎င်းမှာ လွန်ခဲ့သော နှစ်ရက် အတွင်း ဖြစ်ပျက်ခဲ့သမျှ အရာ အားလုံးကို အခြေခံပြီး သူ တွက်ဆထားသော ရလဒ်ပင် ဖြစ်သည်။
"ဘာသက်သေ ရှိလို့လဲ"
ဆရာလျန် ၏ စိတ်ဓာတ်များ အနည်းငယ် တက်ကြွလာခဲ့သည်။
"ကျန်းချဲ့က အရင်တုန်းက သူ့ရဲ့ စွမ်းအားတွေကို အမြဲတမ်း ဖုံးကွယ်ထားခဲ့တယ် ကျွန်တော် ထင်တာကတော့ သူက တပ်မှူးချုပ်ကျူး ကို ကြိုတင် ကာကွယ်နေတာ ဖြစ်ရမယ် တစ်နည်းအားဖြင့် ပြောရရင် ဂိုဏ်းချုပ်ကြီး က ဝင်တိုက်လိုက်လို့သာ ကျန်းချဲ့ ရဲ့ အစစ်အမှန် စွမ်းအားတွေ ပေါ်ထွက်လာတာပါ"
"ဒါက မင်းရဲ့ ထင်မြင်ချက် သက်သက်ပဲလေ"
"အကယ်လို့ ဂိုဏ်းချုပ်ကြီး သာ တပ်မှူးချုပ်ကျူး နေရာမှာ ဆိုရင် ကိုယ့်လက်အောက်က သွေးကြောပွင့် အဆင့် သိုင်းသမား တစ်ယောက်ကို မွေးရာပါ ဝိညာဉ်စွမ်းအင် သတင်း လိုက်ရှာခိုင်းမှာလား သူ ကိုယ်တိုင် ယူသွားမှာကို မကြောက်ဘူးလား ပြီးတော့ ခိုယွမ်ရှန်း ကိုလည်း ကျန်းချဲ့က လျှို့ဝှက်စွာ ဖမ်းထားတာလေ"
"အဲဒါကြောင့်မလို့ တပ်မှူးချုပ်ကျူး က ကျန်းချဲ့ရဲ့ သဲလွန်စကို ဒီလောက် အသည်းအသန် လိုက်ရှာနေတာပေါ့ ဒီအချက်တွေ အားလုံးက ကျန်းချဲ့ ကသာ အဓိက သော့ချက် ဖြစ်တယ် ဆိုတာကို သက်သေပြနေတယ်"
"ငါတို့ လောင်းကြေး ထပ်ဖို့ မဖြစ်နိုင်ဘူး ဆိုတာကို မင်း သိရမယ်"
မွေးရာပါ ဝိညာဉ်စွမ်းအင်ကို လုံးဝ လက်လွတ်ခံ၍ မဖြစ်ပေ။
ယခုအချိန်တွင် သူ မျှော်လင့်နိုင်သော တစ်ခုတည်းသော အရာမှာ မွေးရာပါ ဝိညာဉ်စွမ်းအင် သာ ဖြစ်သည်။
ဆရာလျန် က သက်ပြင်း တစ်ချက် ချလိုက်ပြီး ခေါင်းညိတ်လိုက်သည်။
ဟုတ်တာပေါ့ သူရဲ့ ခန့်မှန်းချက်က တကယ်ပဲ မှန်ကန်နေရင်တောင်မှ ဘာအသုံးကျမှာလဲ...
ပျောက်ဆုံးသွားတာက ခိုယွမ်ရှန်း တစ်ယောက်တည်း မဟုတ်ဘဲ အခု ကျန်းချဲ့ ပါ ပျောက်ဆုံးသွားပြီ မဟုတ်လား။
"ဒါဆို ဂိုဏ်းချုပ်ကြီး က ဘယ်လို လုပ်ဖို့ စဉ်းစားထားလဲ"
"တပ်မှူးချုပ်ကျူး ကို သေချာ စောင့်ကြည့်ထား သူသာ မွေးရာပါ ဝိညာဉ်စွမ်းအင် လျှို့ဝှက်ချက်ကို သိသွားရင် သေချာပေါက် လှုပ်ရှားလာလိမ့်မယ်"
ဝူရှောက်လင် က ခေါင်းမော့ကာ လေးနက်သော အသံဖြင့် ပြောလိုက်သည်။ ၎င်းမှာ လက်ရှိ အချိန်တွင် အလုံခြုံဆုံး နည်းလမ်း တစ်ခု ဖြစ်သည်။
"ဒီလိုပဲ လုပ်ရတော့မှာပေါ့"
အခြား တစ်ဖက်တွင်မူ... ခိုယွမ်ရှန်း ကို စစ်ဆေး မေးမြန်းပြီးနောက် မွေးရာပါ ဝိညာဉ်စွမ်းအင် က ယွီဟယ်မြစ်ဝ တွင် ရှိနေကြောင်းကို သိရှိသွားသော တပ်မှူးချုပ်ကျူး က ချက်ချင်း ခရီးမထွက်သေးဘဲ ဘာမှ မဖြစ်ခဲ့သကဲ့သို့ အိမ်သို့ ပြန်လာခဲ့သည်။
သူက နောက်ယောင်ခံ လိုက်သူ ရှိမရှိကို အမြဲတမ်း သတိထားနေခဲ့သည်။
ဥပမာ ဝူရှောက်လင် လိုမျိုးပေါ့... အကယ်၍ တစ်ယောက်ချင်း ယှဉ်တိုက်ရမည် ဆိုပါက သူက အနိုင်ရနိုင်ခြေ မရှိသလောက်ပင် ဖြစ်သည်။ အကယ်၍ လူအများအပြား ခေါ်သွားမည် ဆိုပါကလည်း ပို၍ပင် အဆင်မပြေနိုင်ပေ။
သူ၏ ရာထူး အဆင့်အတန်း က အမှန်တကယ်ပင် မနိမ့်ကျသော်လည်း မွေးရာပါ ဝိညာဉ်စွမ်းအင်ကို သိမ်းဆည်းနိုင်မည့် ပစ္စည်း ကိရိယာမျိုး သူ့တွင် မရှိပေ။
မွေးရာပါ အဆင့်သို့ တက်လှမ်းရန် လိုအပ်ချက်များ အကြောင်းကို သူ အထူး တကူး စုံစမ်း မေးမြန်းဖူးသည်။ မွေးရာပါ ဝိညာဉ်စွမ်းအင် က အကြီးမားဆုံး အတားအဆီး တစ်ခု ဖြစ်သော်လည်း ၎င်းကို ရရှိသွားရုံဖြင့် အောင်မြင်စွာ တက်လှမ်းနိုင်မည်ဟု မဆိုလိုပေ။
အောင်မြင်နိုင်ခြေ မြင့်မားစေရန် အခြားသော အထောက်အကူပြု ရတနာများစွာ လိုအပ်သေးသည်။
ထို့အပြင် သိုင်းလောကတွင် မွေးရာပါ အဆင့် အောက်၌ ပိတ်မိနေသော သိုင်းပညာရှင် များစွာ ရှိနေပြီး ထိုက်အန်း ဒေသ တစ်ခုတည်းမှာပင် အင်အားကြီးသူ အများအပြား ရှိနေပေသည်။ အကယ်၍ သတင်းသာ ပေါက်ကြားသွားပါက လူအများအပြား ဝင်ရောက် လုယက်ကြမည် ဖြစ်သည်။
သာမန် လူများကို သူ မကြောက်သော်လည်း မွေးရာပါ အဆင့် သိုင်းပညာရှင် ကိုယ်တိုင် ဝင်ရောက် လုယက်မည်ကိုမူ အလွန် ကြောက်ရွံ့ပေသည်။
သိုင်းလောကတွင် အဆင့်တူ အချင်းချင်း ယှဉ်ပြိုင်ရမည် ဟူသော စည်းမျဉ်း မျိုး လုံးဝ မရှိပေ။ အကယ်၍ တရားမျှတစွာ ယှဉ်ပြိုင်လိုပါက ကိုယ်တိုင် တွင်လည်း နောက်ခံ အင်အားစု အခိုင်အမာ ရှိနေမှသာ ရမည် ဖြစ်သည်။ မဟုတ်ပါက... ယှဉ်ပြိုင်ရန် လုံးဝ အရည်အချင်း မရှိပေ။
မွေးရာပါ အဆင့် သိုင်းပညာရှင် များက မွေးရာပါ ဝိညာဉ်စွမ်းအင်ကို မလိုအပ်သော်လည်း သူတို့၏ မျိုးဆက်သစ်များ နှင့် လက်အောက်ငယ်သား များအတွက် လိုအပ်နေဆဲ ဖြစ်သည်။
'ဒီလို ပစ္စည်းမျိုး များများ ရှိတာကို ဘယ်သူကများ ငြင်းဆန်မှာလဲ…’
ထို့ကြောင့် ဤအရာ အားလုံးကို သူ အလွန် သတိထားပြီး ကိုင်တွယ်ရမည် ဖြစ်သည်။
"သခင်မကြီး ရော"
တပ်မှူးချုပ်ကျူး က အစေခံ မိန်းကလေး တစ်ယောက်ကို ခေါ်ကာ ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
သူ၏ ဇနီးသည် လက်ထဲတွင် အသိအာရုံ ကြည်လင်စေသော ကျောက်စိမ်း ရှိနေကြောင်းကို သူ သိထားပြီး ထိုပစ္စည်းက စိတ်ကို တည်ငြိမ်စေပြီး အာရုံစူးစိုက်မှုကို ကောင်းမွန်စေသဖြင့် မွေးရာပါ ဝိညာဉ်စွမ်းအင်ကို ရရှိပြီး မွေးရာပါ အဆင့်သို့ တက်လှမ်းသည့် အချိန်တွင် ထိုပစ္စည်း၏ အကူအညီ လိုအပ်မည် ဖြစ်သည်။
"သခင်မကြီး က အခန်းထဲမှာ ရေချိုးနေပါတယ်"
အစေခံ မိန်းကလေးက ခေါင်း အနည်းငယ် ငုံ့ကာ ပြန်ဖြေလိုက်သည်။
တပ်မှူးချုပ်ကျူး က ခေါင်းညိတ်လိုက်ပြီး သိပ်ပြီး ဂရုမစိုက်တော့ဘဲ အိပ်ခန်းဆီသို့ ခပ်မြန်မြန် လျှောက်သွားလိုက်သည်။ တံခါးကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ရေချိုးစည်ပိုင်း ထဲမှ လျှံကျလာသော ရေများဖြင့် ပြည့်နှက်နေသော ကြမ်းပြင်ကို တွေ့လိုက်ရသည်။
မသိသူများ အနေဖြင့် ထိုနေရာတွင် တိုက်ပွဲကြီး တစ်ခု ဖြစ်ပွားခဲ့သည်ဟုပင် ထင်မှတ်သွားနိုင်ပေသည်။
သခင်မကြီးကျူး ကမူ အစိမ်းရောင် ဂါဝန်ရှည် တစ်ထည်ကို ခြုံထားပြီး ကြမ်းပြင်ပေါ်ရှိ ရေများကို သုတ်သင် ရှင်းလင်းနေပေသည်။
"ဘာလို့ မတော်တဆ ရေတွေ ဖိတ်ကျကုန်တာလဲ"
တပ်မှူးချုပ်ကျူး က ပြုံးကာ မေးလိုက်သည်။
သခင်မကြီးကျူး ၏ မျက်နှာ အမူအရာက ပုံမှန် အတိုင်းသာ ရှိနေပြီး မည်သည့် ထူးခြားချက်မျှ မပြသဘဲ ခေါင်းယမ်းကာ သက်ပြင်း တစ်ချက် ချလိုက်ပြီး ပြန်ဖြေလိုက်သည်။
"စောစောက ထလိုက်တဲ့ အချိန်မှာ မတော်တဆ ခလုတ်တိုက်မိပြီး ရေချိုးစည်ပိုင်း မှောက်သွားမလို့ ဖြစ်သွားတာ"
"ဒီလို အလုပ်တွေကို အစေခံ တွေကို ခိုင်းလိုက်ပေါ့"
"သခင်ကြီး ဒီနေ့ ဘာလို့ စောစော ပြန်လာတာလဲ"
သခင်မကြီးကျူး က ယဉ်ကျေးစွာ မတ်တတ်ရပ်လိုက်ပြီး တပ်မှူးချုပ်ကျူး အတွက် ရေနွေး တစ်ခွက် ငှဲ့ပေးလိုက်သည်။ သို့သော် သူမ၏ အနည်းငယ် ထူးခြားနေမှုကို တပ်မှူးချုပ်ကျူး က ရိပ်မိသွားခဲ့သည်။
"သခင်မကြီး ထိခိုက်မိသွားသေးလား"
"အင်း စောစောက မတော်တဆ ကြမ်းပြင်ပေါ် ထိုင်ရက် ကျသွားတော့ နည်းနည်း နာသွားတယ်"
သခင်မကြီးကျူး က ရှက်ရွံ့သည့် အမူအရာဖြင့် ပြန်ဖြေလိုက်သည်။ အမှန်တကယ်တော့ ထိုအရာက ကျန်းချဲ့ 'မတော်တဆ' ရိုက်မိသွားသဖြင့် ယခုတိုင် အနီကွက် ထင်နေဆဲ ဖြစ်သည်။
"အဆင်ပြေရဲ့လား"
တပ်မှူးချုပ်ကျူး က စိုးရိမ်တကြီး မေးလိုက်သည်။
"ရပါတယ် ရပါတယ် ရက်အနည်းငယ်လောက် နားလိုက်ရင် ကောင်းသွားမှာပါ"
သခင်မကြီးကျူး က အတင်း ပြုံးပြလိုက်သည်။
သူမ ၏ အားနည်းချက် များကို တတ်နိုင်သမျှ ဖုံးကွယ်ထားရန် အစွမ်းကုန် ကြိုးစားနေပေသည်။
တပ်မှူးချုပ်ကျူး ကလည်း သိပ်ပြီး သံသယ မဝင်တော့ဘဲ သူ၏ ရည်ရွယ်ချက်ကို တိုက်ရိုက် ပြောပြလိုက်သည်။
"သခင်မကြီး မင်းရဲ့ အသိအာရုံ ကြည်လင်စေတဲ့ ကျောက်စိမ်းလေး ရော နောက်ရက် အနည်းငယ် နေရင် အဲဒါလေး သုံးစရာ ရှိလို့ ခဏလောက် ငှားပါလား"
သခင်မကြီးကျူး ၏ လက်များ အနည်းငယ် တုန်ယင်သွားခဲ့သည်။ ထိုကျောက်စိမ်းကို ကျန်းချဲ့ဆီသို့ ပေးလိုက်ပြီ ဖြစ်ရာ ဘယ်လိုလုပ်ပြီး ပြန်တောင်း၍ ရနိုင်မည်နည်း။ သူမ ၏ မျက်လုံးများ လျင်မြန်စွာ လှုပ်ရှားသွားပြီး မေးလိုက်သည်။
"သခင်ကြီး က အဲဒီ ကျောက်စိမ်းကို ဘာလုပ်မလို့လဲ"
"လေ့ကျင့်ရေး လုပ်တဲ့ နေရာမှာ အသုံးဝင်လို့ပါ"
"ငါ့ ကိုယ်ပေါ်မှာ မရှိဘူး နောက်မှ သေချာ ပြန်ရှာကြည့်လိုက်ဦးမယ်"
သခင်မကြီးကျူး ၏ ရင်ထဲတွင် ဤစကားဝိုင်း အမြန်ဆုံး ပြီးဆုံးသွားပါစေ ဟု အဆက်မပြတ် ဆုတောင်းနေမိသည်။ တပ်မှူးချုပ်ကျူး က ဆက်လက် မေးမြန်းမည်ကို အလွန် ကြောက်ရွံ့နေပြီး ကျန်းချဲ့ဆီသို့ နောက်တစ်ခေါက် သွားရောက် တွေ့ဆုံကာ ကျောက်စိမ်းကို ခဏလောက် ပြန်ငှားရန်ပင် စဉ်းစားမိလာခဲ့သည်။
မည်သို့ပင် ဖြစ်စေကာမူ တပ်မှူးချုပ်ကျူး ကို လုံးဝ သံသယ ဝင်ခွင့် ပေး၍ မဖြစ်ပေ။
"ကောင်းပြီ ဒါက ပြဿနာ မရှိပါဘူး"
စကား အနည်းငယ် ပြောပြီးနောက် တပ်မှူးချုပ်ကျူး က မတ်တတ်ရပ်လိုက်သည်။
"ရုံးတော်မှာ အလုပ်တွေ နည်းနည်း ကျန်သေးလို့ ငါ သွားလုပ်လိုက်ဦးမယ် ဒီရက်ပိုင်း အိမ်မှာ ပြန်အိပ်ဖြစ်မှာ မဟုတ်ဘူး သခင်မကြီး လည်း ညဘက် စောစော အိပ်နော် ငါ့ကို စောင့်မနေနဲ့"
"ကျွန်မ နားလည်ပါတယ်"
သခင်မကြီးကျူး ၏ ရင်ထဲတွင် အလွန် သက်သာရာ ရသွားခဲ့သည်။
တံခါးကို ဆွဲဖွင့်လိုက်ချိန်တွင် တပ်မှူးချုပ်ကျူး က မလှမ်းမကမ်းရှိ အစိမ်းရောင် အပင်လေး တစ်ပင်ကို တွေ့လိုက်ရသဖြင့် အံ့ဩစွာဖြင့် မေးလိုက်သည်။
"သခင်မကြီး ဒီလောက် အေးတဲ့ ရာသီဥတု ကြီးမှာ ဒီအပင်က ဘယ်က ရောက်လာတာလဲ"
"အောက်ခြေက လူတွေက လာပေးသွားတာ ဖန်လုံအိမ် ထဲကနေ ယူလာတာတဲ့ ခြံဝင်း ထဲမှာ အရမ်း ခြောက်ကပ်နေလို့ အလှဆင်ဖို့ ယူလာတာပါ"
"ဖယ်လိုက်ပါတော့ ငါ ကြည့်ရတာ တစ်မျိုးကြီး ဖြစ်နေလို့"
ပေါ့ပေါ့ပါးပါး အမိန့်ပေးပြီးနောက် တပ်မှူးချုပ်ကျူး က လှည့်ထွက်သွားတော့သည်။
သခင်မကြီးကျူး တစ်ယောက်တည်းသာ ရင်ဘတ်ကို ဖိကာ အသက်ပြင်းပြင်း ရှူရင်း တိုင်ကို မှီကာ ကျန်ရစ်ခဲ့ပြီး မျက်နှာပေါ်တွင် ကြောက်ရွံ့ ထိတ်လန့်နေသည့် အမူအရာများ ပေါ်ထွက်နေပေသည်။
'အရမ်းကို အန္တရာယ် များလွန်းတယ်…’
အကယ်၍ တပ်မှူးချုပ်ကျူး သာ နာရီဝက်လောက် စောပြီး ပြန်လာခဲ့မည် ဆိုပါက... ချက်ချင်းပင် လူမိသွားမည်မှာ သေချာလှပေသည်။
သို့သော် ဘာကြောင့်မှန်း မသိ စိုးရိမ်ပူပန်မှုများ အပြီးတွင် သူမ၏ ရင်ထဲ၌ ထူးဆန်းသော ခံစားချက် တစ်ခု ထပ်မံ ဖြစ်ပေါ်လာခဲ့ပြန်သည်။