← Chapters

အခန်း ၁၀၁

Vol. 11 Ch. 101

အခန်း ၁၀၁

Vol. 11 Ch. 101

အခန်း (၁၀၁) ခေါင်းတလားပေါ် လက်တင်ထားလိုက်စမ်း

ထိုက်အန်းဒေသ၊ စစ်တပ်စခန်း။

ညအချိန် စစ်တပ်စခန်းက တိတ်ဆိတ်မနေဘဲ မီးရောင်များ တောက်ပနေကာ လူရိပ်များ လှုပ်ရှားနေပြီး အဝေးမှ ကြည့်မည်ဆိုပါက လူကို မျိုချနိုင်သော သားရဲကြီး တစ်ကောင် ပါးစပ် ဟထားသကဲ့သို့ ဖြစ်နေပေသည်။

ဗဟိုစစ်တဲကြီး အတွင်း၌ သံချပ်ကာ အပြည့်အစုံ ဝတ်ဆင်ထားသော ချီဟွမ်က အဓိက နေရာတွင် ထိုင်နေသူကို ခါးညွှတ် အရိုအသေပေးကာ လေးနက်သော အသံဖြင့် ခေါ်လိုက်သည်။

"အဖေ"

အဓိက နေရာတွင် ထိုင်နေသူမှာ ရုပ်ရည် သန့်ပြန့်သော လူလတ်ပိုင်း အရွယ် အမျိုးသား တစ်ဦး ဖြစ်ပြီး ချောင်ချောင်ချိချိ သိုင်းဝတ်စုံကို ဝတ်ဆင်ထားကာ ခါးတွင် ငွေရောင် အဆင်တန်ဆာများ ပါဝင်သော ခါးပတ်ကို ပတ်ထားပြီး ဆံပင်များကို စည်းနှောင်ထားကာ မျက်လုံးများက မီးရှူးတိုင် ကဲ့သို့ တောက်ပနေပေသည်။

တစ်ကိုယ်လုံးတွင် ကြီးမားလှသော အထက်လူကြီး တစ်ယောက်၏ အရှိန်အဝါများ ပြည့်နှက်နေပေသည်။

ချီဟွမ်၏ စကား အဆုံးတွင် သူ၏ မည်သူမည်ဝါ ဖြစ်ကြောင်းကို ပြောစရာပင် မလိုတော့ပေ။

သူက ထိုက်အန်းဒေသ လက်နက်ကိုင်တပ်ဖွဲ့၏ အဆင့်ငါး တပ်မှူးချုပ် ဖြစ်ပြီး ထိုက်အန်းဒေသ နေရာအနှံ့အပြားရှိ စစ်တပ်စခန်း ဆယ်ခုကျော်၏ အမြင့်ဆုံး သိုင်းအရာရှိ ဖြစ်ကာ စစ်သည် အင်အား တစ်သောင်းခန့်ကို အုပ်ချုပ်နေသော ခေါင်းဆောင် နှစ်ယောက်ထဲမှ တစ်ယောက် ဖြစ်သည့် ချီဆန်းကျား ပင် ဖြစ်ပေသည်။

ကျန်းချဲ့ အလွန် ကြိုးစားပမ်းစား ချဉ်းကပ်ချင်နေသော ကျောထောက်နောက်ခံကြီးလည်း ဖြစ်ပေသည်။

"ရောက်လာပြီလား ထိုင်လေ"

ချီဆန်းကျားက ခေါင်းပင် မမော့ဘဲ စစ်တပ်အတွင်းရှိ စာရွက်စာတမ်းများကိုသာ ဆက်လက် ဖတ်ရှုနေရင်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ချီဟွမ်က ခေါင်းညိတ်လိုက်ပြီး ဘေးတွင် ရိုးရိုးကုပ်ကုပ် ဝင်ထိုင်လိုက်ကာ ဖခင်ဖြစ်သူ အလုပ်လုပ်နေသည်ကို အနှောင့်အယှက် မပေးရဲဘဲ သူ့ကို ညတွင်းချင်း ခေါ်ယူရသည့် အကြောင်းရင်းကို ခေါင်းထဲတွင် စဉ်းစားနေမိသည်။

သူနှင့် ဖခင်ဖြစ်သူ ချီဆန်းကျားတို့၏ ဆက်ဆံရေးက အနည်းငယ် ထူးဆန်းပြီး သာမန် သားအဖများ ကဲ့သို့ ရင်းနှီးမှု မရှိသော်လည်း ပေးသင့်ပေးထိုက်သော အကူအညီများကိုတော့ အမြဲတမ်း ပေးခဲ့ပေသည်။ သို့သော် ပုံမှန် အချိန်များတွင် သူက နောက်ခံ အင်အားကို အသုံးပြုပြီး အခြားသူများကို အနိုင်ကျင့်လေ့ မရှိပေ။

အဘယ်ကြောင့်ဆိုသော် ချီဆန်းကျားက အလွန် လိုအပ်သည့် အခြေအနေမျိုး မဟုတ်ပါက အာဏာကို အသုံးပြုပြီး အခြားသူများကို အနိုင်မကျင့်ရန် တင်းကျပ်စွာ အမိန့်ပေးထားသောကြောင့်ပင်။

ဤသည်မှာ ထိုက်အန်းဒေသ အစိုးရ အသိုင်းအဝိုင်းတွင် လူတိုင်း သိထားသော လျှို့ဝှက်ချက် တစ်ခု ဖြစ်သော်လည်း သူက အပြင်ပန်းတွင် ပို၍ပင် ရှောင်ကြဉ်ရပေသည်။

“ဖြန်း”

ချီဆန်းကျားက နောက်ဆုံး စာကြောင်းကို ရေးသားပြီးနောက် တန်ဖိုးကြီး စုတ်တံကို မှင်အိုးပေါ် တင်လိုက်ပြီး လေတစ်ချက် မှုတ်ထုတ်ကာ စာရွက်ကို ခေါက်၍ ဘေးရှိ စာအိတ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် ခေါင်းမော့ကာ ချီဟွမ်ကို တစ်ချက် ကြည့်လိုက်သည်။

ပြီးနောက် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"အဆက်အသွယ်တွေ အကုန်လုပ်ပြီးပြီ သုံးရက်အတွင်း မင်း ပင်မမိသားစုဆီ သွားပြီး မွေးရာပါအဆင့်ကို တက်လှမ်းဖို့ ပြင်တော့ အဲဒီနောက် မင်းလေ့ကျင့်ထားတဲ့ အကောင်းစား မြင်းစီးတပ်သားတွေကို နယ်စပ်ကို စေလွှတ်မယ်"

"ကျေးဇူးတင်ပါတယ် အဖေ"

ချီဟွမ်က လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး ရင်ထဲမှ စိတ်လှုပ်ရှားမှုများကို ဖိနှိပ်ထားလိုက်သည်။

နယ်စပ်သို့ တာဝန် ထမ်းဆောင်ရန် သွားရခြင်းက ကောင်းမွန်သော အလုပ် တစ်ခု မဟုတ်သော်လည်း ထိုသို့ သွားရောက်ရန်မှာလည်း မလွယ်ကူလှပေ။ အထက်မှ အောက်အထိ အနည်းဆုံး နေရာ ဆယ်ခုခန့်တွင် ပိတ်ဆို့နေနိုင်ပေသည်။

အကယ်၍ ခိုင်မာသော နောက်ခံ မရှိပါက တိုင်းပြည်အတွက် အလုပ်အကျွေး ပြုချင်လျှင်တောင်မှ လုပ်ခွင့် ရမည် မဟုတ်ပေ။

"လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ငါ နယ်စပ်မှာ တာဝန်ထမ်းဆောင်တုန်းက စစ်သူကြီး တစ်ယောက်ရဲ့ လက်အောက်မှာ အလုပ်လုပ်ခဲ့ဖူးတယ် ဆက်ဆံရေးက မဆိုးပါဘူး မင်း မြောက်ပိုင်းကို ရောက်ရင် သူ့ဆီ အရင် သွားနှုတ်ဆက်ပြီး အားကိုးလို့ ရတယ်"

"ဟုတ်ကဲ့ပါ"

ချီဟွမ် ပြန်ဖြေပြီးနောက် လေထုက အနည်းငယ် တိတ်ဆိတ်သွားခဲ့သည်။

သူက စကားစချင်သော်လည်း ယခုအချိန်တွင် ဘာပြောရမည်မှန်း မသိအောင် ဖြစ်နေပေသည်။

"နယ်စပ်ဆိုတာ အသားကြိတ်စက်ကြီးလိုပဲ မွေးရာပါအဆင့်ဆိုတာတောင် သာမန်လူ တစ်ယောက်လောက်ပဲ ရှိတာ စွမ်းအားကြီးတဲ့ သိုင်းသမားတွေ ဘယ်လောက်တောင် များလဲဆိုတာ မသိနိုင်ဘူး ချီမိသားစုရဲ့ အဆက်အသွယ်တွေကလည်း အရှေ့တောင်ဘက်မှာပဲ များတယ် မင်းက အတင်း သွားချင်နေတော့လည်း အဖေ မတားတော့ပါဘူး ဒါပေမဲ့ အရမ်း သတိထားဖို့တော့ မှတ်ထားပါ အသက်က အရေးအကြီးဆုံးပဲ အသေးအဖွဲ စွမ်းဆောင်ရည်လေးတွေ အတွက်နဲ့ အသက်စွန့်ပြီး အန္တရာယ် မခံနဲ့"

အချိန်အတော်ကြာပြီးနောက် တပ်မှူးချုပ်ချီက သေချာ မှာကြားလိုက်သည်။

"သား နားလည်ပါတယ်"

ချီဟွမ်က ခေါင်းညိတ်လိုက်သည်။

"ဟို ကျန်းချဲ့ က မင်းနဲ့ အရမ်း ရင်းနှီးလား"

တိတ်ဆိတ်သွားပြီးနောက် တပ်မှူးချုပ်ချီက ရုတ်တရက် မေးလိုက်သည်။ အရေးကြီးသော ကိစ္စများ ပြောဆိုပြီးနောက် သာမန် ကိစ္စများကို ပြောင်းလဲ ပြောဆိုနေသည့်ဟန် ပေါ်နေပေသည်။

"အတော်အသင့် ပါပဲ"

"မင်း သူ့ကို အဖေ့ရဲ့ ခါးပတ်ပြား ပေးပြီး စစ်သည်တွေ ငှားပေးလိုက်တာ သူ ဘာလုပ်ခဲ့လဲ မင်း သိလား"

"သူ ကျွန်တော့်ကို ပြောတာတော့ ဓားပြနှိမ်နင်းမယ် တဲ့"

"ဓားပြနှိမ်နင်းတာ"

ချီဆန်းကျားက ခပ်ဟဟ ရယ်မောလိုက်ပြီး

"သူက ဓားပြနှိမ်နင်းရုံတင် မဟုတ်ဘူး ခရိုင်ရုံးတော်ကနေ သတင်း ရောက်လာတာတော့ အဲဒီ ကျန်းချဲ့ က စစ်သည်တွေ ခေါ်သွားပြီး ခရိုင်ရုံးတော်ကို တိုက်ရိုက် ဝင်စီးခဲ့တယ် တဲ့ ယန်ဂူခရိုင်ဝန်ကိုလည်း ဒေါသထွက်ပြီး မေ့လဲသွားအောင် လုပ်ခဲ့တယ် တဲ့ တကယ်ကို ရမ်းကားလွန်းတယ် အဲဒါတွေ မင်း သိလား"

ချီဆန်းကျားက ချီဟွမ်ကို စိုက်ကြည့်နေပေသည်။

"ခန့်မှန်းမိပါတယ်"

ချီဟွမ်က မငြင်းရဲပေ။ မဟုတ်ပါက ဖခင်ဖြစ်သူက သူ့ကို လူကဲခတ် ညံ့သည်ဟု ထင်မှတ်သွားမည် ဖြစ်သည်။

"သူ မင်းကို ဘာအကျိုးအမြတ် ပေးလိုက်လို့လဲ"

"ငွေကျပ် သုံးသောင်းပါ"

"ငွေကျပ် သုံးသောင်း"

ချီဆန်းကျားက စားပွဲကို လက်ချောင်းဖြင့် ခေါက်ကာ စဉ်းစားခန်း ဝင်သွားခဲ့သည်။

"ဒီ ကျန်းမျိုးရိုး က တော်တော် ရက်ရောတာပဲ သူ အဲဒီလောက် ထုတ်ပေးနိုင်လို့လား"

ငွေကျပ် သုံးသောင်းက သူ့အတွက် သိပ်ပြီး မများသော်လည်း သာမန် လူများအတွက်မူ အလွန် ကြီးမားသော ပမာဏ ဖြစ်ပြီး စစ်သည် တစ်ထောင်ခန့် ပါဝင်သော တပ်စခန်း တစ်ခုကိုပင် တည်ထောင်နိုင်လောက်ပေသည်။

"ဒီလူကို ကျွန်တော် အကြိမ်အနည်းငယ်ပဲ မြင်ဖူးပေမဲ့ အကဲဖြတ်ချက်ကတော့ တော်တော်မြင့်တယ် သာမန်လူ မဟုတ်ဘူး"

ချီဟွမ်က သေချာ စဉ်းစားပြီး ပြောလိုက်သည်။

"ဘယ်လိုမျိုး မသာမန်တာလဲ"

"ကျွန်တော် သူ့အကြောင်း စုံစမ်းကြည့်တော့ လွန်ခဲ့တဲ့ လအနည်းငယ်ကမှ တံငါသည်ကနေ စစ်မှုထမ်းလာတာ နယ်စပ်ကို အလုပ်သမား အဖြစ် အပို့ခံရမလို့ ဖြစ်နေပေမဲ့ ခဏလေး အတွင်းမှာပဲ သူက အခြေအနေကို ပြောင်းလဲပစ်နိုင်ခဲ့တယ် အရင်ဆုံး တပ်မှူး တစ်ယောက်ရဲ့ မျက်စိကျတာကို ခံရပြီး နောက်တော့ ကျူးရှန်း ရဲ့ အထင်ကြီးမှုကို ခံရကာ ယန်ဂူခရိုင်ကို အတူတူ ခေါ်သွားခံရတယ် လဝက်လောက် အတွင်းမှာပဲ ယန်ဂူခရိုင် တစ်ခုလုံးကို ပြောင်းလဲသွားစေခဲ့တယ် ယန်ဂူခရိုင်ရဲ့ အခြေအနေကို လုံးဝ ချိုးဖျက်ပစ်နိုင်ခဲ့ပြီး ခရိုင်ဝန် ကျောက်မင်ချန်ကို ခေါင်းကိုက်သွားစေခဲ့တယ် ဒါပေမဲ့ ကျွန်တော် အထင်ကြီးဆုံးက သူ့ရဲ့ အလုပ်လုပ်နိုင်စွမ်း မဟုတ်ဘဲ ကျင့်ကြံမှု အမြန်နှုန်းပဲ လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူ့ကို တွေ့တုန်းက သူက ကျွန်တော်နဲ့ တန်းတူ ဖြစ်နေပြီ သွေးကြောပွင့် အဆင့်ကို ရောက်နေပြီ ပြီးတော့ သူ့ရဲ့ စွမ်းအားတွေက လုံးဝ အားနည်းနေတဲ့ ပုံမပေါ်ဘူး"

ချီဟွမ်က ဖခင်ဖြစ်သူထံသို့ အရာအားလုံးကို ရှင်းပြလိုက်ပြီး ကျန်းချဲ့၏ အကြောင်းများကို ပြောပြကာ အလွန် ချီးကျူး ပြောဆိုနေပေသည်။

အဘယ်ကြောင့်ဆိုသော် မိမိကိုယ်ကိုယ် နှိုင်းယှဉ်ကြည့်မည် ဆိုပါက သူသာဆိုလျှင် ယခု ကျန်းချဲ့ ရရှိထားသော အောင်မြင်မှုမျိုးကို လုံးဝ လုပ်နိုင်မည် မဟုတ်သောကြောင့်ပင်။

ချီဆန်းကျား၏ မျက်ခုံးများ အနည်းငယ် မြင့်တက်သွားခဲ့သည်။

"ကြည့်ရတာ ဒီကောင်လေးဆီမှာ အခွင့်အရေး တစ်ခုခု ရှိနေပုံပဲ မဟုတ်ရင် ပါရမီ အရမ်း ကောင်းနေရင်တောင် ဒီအဆင့်အထိ ရောက်လာမှာ မဟုတ်ဘူး"

"အဖေ သူက"

ချီဟွမ်က စကားပြောရန် တွန့်ဆုတ်နေပြီး ဖခင်ဖြစ်သူက တစ်ခုခု လိုချင်တပ်မက်သွားမည်ကို ကြောက်ရွံ့နေပေသည်။

"အဖေက ကလေး တစ်ယောက်ရဲ့ အခွင့်အရေးကို လုယူမယ့်သူ မဟုတ်ပါဘူး ပြီးတော့ အဖေ့အတွက်က သာမန် အခွင့်အရေးတွေက ဘာမှ အသုံးမဝင်တော့ဘူး"

ချီဆန်းကျားက လက်ဝှေ့ယမ်းကာ ဂရုမစိုက်သည့်ဟန်ဖြင့် ပြောလိုက်သည်။

"မနက်ဖြန် သူ့ကို ခေါ်လိုက် အဖေ ကိုယ်တိုင် တွေ့ကြည့်မယ် သူ့ရဲ့ အရည်အချင်းက မင်းပြောသလို တကယ် ဟုတ်မဟုတ် စမ်းသပ်ကြည့်ရမယ် အကယ်လို့ တကယ် ဟုတ်တယ် ဆိုရင်တော့ ထောက်ပံ့ပေးလို့ ရပါတယ်"

အကယ်၍ ချီဟွမ်၏ ချီးကျူးမှုများနှင့် ငွေကျပ် သောင်းဂဏန်း မပါဝင်ဘဲ ကျန်းချဲ့က ချီဟွမ်ကို လှည့်စားကာ ချီမိသားစု၏ နာမည်ကို အသုံးပြုပြီး ရမ်းကားနေခြင်းသာ ဆိုပါက သူက ဤလူကို လွယ်လွယ် လွှတ်ပေးမည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ခရိုင်ဝန်ကြီးက ချီမိသားစုက ကျန်းချဲ့၏ နောက်ခံ ဖြစ်နေသည်ကို ထောက်ထား၍သာ ကျန်းချဲ့ကို ချက်ချင်း ရာထူးမှ ဖြုတ်ချရန် အမိန့် မပေးခဲ့ခြင်း ဖြစ်သည်။ မဟုတ်ပါက သူ လုပ်ခဲ့သော ကိစ္စများက ကြီးမားသော အပြစ်များပင် ဖြစ်ပေသည်။

"ဟုတ်ကဲ့ ကျွန်တော် နားလည်ပါပြီ"

ချီဟွမ်၏ မျက်နှာပေါ်တွင် ဝမ်းသာသွားသည့် အမူအရာများ ပေါ်ထွက်လာခဲ့သည်။

သူက မထွက်ခွာမီ ကျန်းချဲ့ကို ဖခင်ဖြစ်သူနှင့် မိတ်ဆက်ပေးရန် ရည်ရွယ်ထားပြီး ပထမ အချက်မှာ ကျန်းချဲ့ အတွက် နောက်ခံ တစ်ခု ရှာပေးရန် ဖြစ်ပြီး ဒုတိယ အချက်မှာ ကျန်းချဲ့ သာ နောင်တွင် အောင်မြင်လာပါက ချီမိသားစု၏ ရင်းနှီးမြှုပ်နှံမှုက လုံးဝ အရှုံးပေါ်မည် မဟုတ်သောကြောင့်ပင်။

အချုပ်ပြောရလျှင် သူ ကျန်းချဲ့ အကြောင်းကို ပိုသိလေ ဤလူက ရှားပါးသော လူစွမ်းကောင်း တစ်ယောက် ဖြစ်ကြောင်း ပိုမို ခံစားရလေပင်။

ယခုအချိန်တွင် ချီမိသားစု သားအဖ၏ ထောက်ပံ့ပေးရန် ဆွေးနွေးခြင်းကို ခံနေရသော ကျန်းချဲ့ကမူ သခင်မကြီးကျူး နှင့် အသုဘခန်းမ အတွင်း၌ အပြန်အလှန် စိုက်ကြည့်နေကြပြီး လေထုက တဖြည်းဖြည်း ထူးဆန်းလာခဲ့သည်။

သခင်မကြီးကျူးက ခေါင်းမော့လိုက်ရာ မျက်လုံးများထဲတွင် မျက်ရည်များ လည်နေပြီး အတင်း ပြုံးကာ ပြောလိုက်သည်။

"အစက ငါ တကယ်ပဲ မင်း တစ်ခုခု ဖြစ်သွားပြီလို့ ထင်နေတာ"

"ဘာလဲ ငါ့အပေါ် သံယောဇဉ် တွယ်သွားပြီလား"

ကျန်းချဲ့၏ မျက်ခုံးများ အနည်းငယ် မြင့်တက်သွားပြီး အံ့ဩသွားခဲ့သည်။

"ငါက မင်း တစ်ခုခု ဖြစ်သွားရင် ကျူးမိသားစု ပါ ဒုက္ခရောက်မှာ စိုးလို့ပါ"

သခင်မကြီးကျူးက ခေါင်းကို လွှဲလိုက်ပြီး ကျန်းချဲ့ကို မကြည့်တော့သော်လည်း အသုဘခန်းမ အလယ်တွင် ထားရှိသော ခေါင်းတလားပေါ်သို့ တိုက်တိုက်ဆိုင်ဆိုင် အကြည့် ရောက်သွားခဲ့သည်။

ကျူးရှန်းက ထိုအထဲတွင် လဲလျောင်းနေပေသည်။

"ဒါဆိုရင်လည်း ကျွန်တော်က ကိုယ့်ဘာသာ အထင်ကြီးနေတာပေါ့"

ကျန်းချဲ့က ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။

"သခင်ကြီးရဲ့ ကိစ္စအတွက် ကျေးဇူးတင်ပါတယ်"

သခင်မကြီးကျူး၏ မျက်နှာပေါ်တွင် ကျေးဇူးတင်သည့် အမူအရာများ ပေါ်ထွက်လာခဲ့သည်။

အကယ်၍ ကျန်းချဲ့သာ စစ်သည်များကို ခေါ်ဆောင်ကာ ဓားပြ နှိမ်နင်းရန် မသွားခဲ့ပါက ကျူးရှန်း၏ သွေးကြွေးကို ဘယ်နှစ် ဘယ်လ မှ ဆပ်နိုင်မည်နည်း ဆိုသည်ကို မသိနိုင်ပေ။ ယခုအခါ ဤမျှ မြန်မြန် မြေမြှုပ်နိုင်ခြင်းက ကျန်းချဲ့၏ အကူအညီကြောင့်ပင် ဖြစ်သည်။

"သခင်မကြီးက အားနာစရာတွေ ပြောနေပြန်ပါပြီ"

"အရင်က ကတိပေးထားတဲ့ ငွေတွေ ပြင်ဆင်ပြီးပါပြီ"

"ကောင်းပြီ မနက်ဖြန် လူလွှတ်ပြီး လာယူခိုင်းလိုက်မယ်"

ကျူးမိသားစု၏ ငွေများ ပါဝင်လာသဖြင့် ကျန်းချဲ့က ချီမိသားစုကို ငွေကျပ် သောင်းဂဏန်း ပေးလိုက်ရသော်လည်း လုံးဝ မရှုံးသည့်အပြင် အမြတ်ပင် ထွက်လိုက်သေးသည်။

"အင်း"

သခင်မကြီးကျူးက ပြန်ဖြေလိုက်ပြီးနောက် ရုတ်တရက် တိတ်ဆိတ်သွားပြန်သည်။

ကျန်းချဲ့က ကျူးရှန်း၏ ခေါင်းတလားကို ပတ်ကာ လမ်းလျှောက်လိုက်ပြီး အချိန်အနည်းငယ် တိတ်ဆိတ်နေပြီးနောက် ပြောလိုက်သည်။

"မိုးချုပ်နေပြီ သခင်မကြီးလည်း စောစော နားတော့လေ ကျွန်တော် ပြန်တော့မယ်"

"နေ နေဦး"

သခင်မကြီးကျူးက ကျန်းချဲ့ကို လှမ်းခေါ်လိုက်သည်။

"ဟင်"

ကျန်းချဲ့က နောက်သို့ လှည့်ကာ အရှေ့ရှိ လင်သေမယားကို ကြည့်လိုက်သည်။

"အိပ်ခန်း ထဲ သွားရအောင် ကျွန်မ ပြောစရာ ကိစ္စလေးတွေ ရှိသေးလို့ပါ"

သခင်မကြီးကျူးက ခေါင်းငုံ့ထားပြီး ကျန်းချဲ့ကို မကြည့်ရဲပေ။

ဤနေရာတွင် ဤစကားမျိုး ပြောရသည်မှာ သူမ၏ ရင်ထဲတွင် အပြစ်ရှိသလို အလွန် ခံစားနေရပေသည်။

သို့သော် အပြစ်ရှိသလို ခံစားရခြင်း အပြင် သူမ၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှုများကိုလည်း ခံစားနေရသည်။

ခန္ဓာကိုယ် ပေါ်တွင် မီးတောက်များ လောင်ကျွမ်းနေသကဲ့သို့ ခံစားနေရပြီး မီးငြိမ်းသတ်ရန် ရေအေးအေး လိုအပ်နေပေသည်။

"သခင်မကြီး ပြောစရာ ရှိရင်လည်း ဒီမှာပဲ ပြောပါ အိပ်ခန်းကိုတော့ မသွားတော့ပါဘူး"

ကျန်းချဲ့၏ နှုတ်ခမ်းထောင့်များ ကွေးတက်သွားခဲ့သည်။

"ဒီ ဒီနေရာမှာ သိပ်မကောင်းဘူး ထင်တယ်"

"စကားနားထောင်စမ်း ခေါင်းတလားပေါ် လက်တင်ထားလိုက်စမ်း"

ကျူးအိမ်တော် အပြင်ဘက်။

မြင်းတစ်ကောင်က ကျူးအိမ်တော် တံခါးဝတွင် ရပ်တန့်သွားပြီး လူရိပ်တစ်ခုက မြင်းပေါ်မှ ခုန်ဆင်းလာကာ လရောင်နှင့် မီးရောင် အောက်တွင် အလွန် ရုပ်ရည် သန့်ပြန့်နေပြီး သေချာ ကြည့်မည် ဆိုပါက ကျူးရှန်း နှင့် အနည်းငယ် ဆင်တူနေပေသည်။ ထိုလူငယ်က ခေါင်းမော့ကြည့်လိုက်ရာ တံခါးဝတွင် ချိတ်ဆွဲထားသော အဖြူရောင် ပိတ်စများကို မြင်လိုက်ရသောအခါ လက်သီးနှစ်ဖက်ကို တင်းကျပ်စွာ ဆုပ်ထားလိုက်မိသည်။

မျက်လုံးများ နီရဲလာပြီး မျက်ရည်များ လည်လာခဲ့သည်။

နောက်ကျသွားပြီပဲ။

"အစ်ကိုကြီး"

ကျူးအိမ်တော်မှ အစေခံက အထဲသို့ ခေါ်ဆောင်လာပြီးနောက် ကျူးချင်ချင်လည်း သူမနှင့် အလွန် ရင်းနှီးသော အစ်ကိုကြီးကို မြင်လိုက်ရပြီး ရင်းနှီးသလို စိမ်းသက်နေသော မျက်နှာကို ကြည့်ရင်း သူမ မနေနိုင်တော့ဘဲ မျက်ရည်များ စီးကျလာခဲ့သည်။

ကျူးမိသားစုတွင် ယောက်ျားလေး ရှိနေသေးသည်။

သူမတို့ သားအမိ အတွက် အားကိုးစရာ ရှိလာပြီ ဖြစ်သည်။

ယခင်က ကျူးရှန်း သေဆုံးသွားချိန်တွင် သူမ အလွန် ပင်ပန်း ဆင်းရဲခဲ့ရပြီး အစ်ကိုကြီး ကျူးရွှိ မြန်မြန် ရောက်လာမည့် အချိန်ကို အမြဲတမ်း မျှော်လင့်နေခဲ့သည်။

"ချင်ချင်"

ကျူးရွှိက ခြေလှမ်း တစ်လှမ်း လှမ်းလိုက်ရာ မျက်စိတစ်မှိတ်အတွင်း ကျူးချင်ချင်၏ ဘေးသို့ ရောက်ရှိသွားပြီး လက်တစ်ဖက်ဖြင့် ထူမလိုက်ကာ လေးနက်သော မျက်နှာထားဖြင့် မေးလိုက်သည်။

"အဖေ ဘယ်လို ဖြစ်တာလဲ ဘယ်သူ သတ်သွားတာလဲ"

"ဝေါ့ ဝေါ့ဟူတောင်က ဝူရှောက်လင် ပါ လွန်ခဲ့တဲ့ ရက်အနည်းငယ်က အဖေ"

ကျူးချင်ချင်က သူမ သိထားသော အချက်အလက်များ အားလုံးကို အစ်ကိုကြီး ကျူးရွှိထံသို့ တစ်ခုမကျန် ပြောပြလိုက်ပြီး သူမ ရင်ထဲရှိ အခဲမကျေမှုများ အားလုံးကိုလည်း ရင်ဖွင့် ပြောဆိုလိုက်သည်။

"ဝေါ့ဟူတောင်"

"ဒီသွေးကြွေးကို မဆပ်ရရင် ငါ လူမလုပ်ဘူး"

ကျူးရွှိက အေးစက်စက် နှာမှုတ်လိုက်ပြီး မြေကြီးကို ခြေထောက်ဖြင့် ပြင်းထန်စွာ နင်းလိုက်ရာ ကျောက်ပြားများ ချက်ချင်း ကွဲအက်သွားခဲ့သည်။

မျက်လုံးထဲတွင် လူသတ်ငွေ့များ ပေါ်ထွက်လာခဲ့သည်။

ဖခင်အတွက် ကလဲ့စားချေရမည်။

ဓားပြ တစ်စုက ဤမျှ ရဲတင်းနေသည်လား။

သေချာပေါက် ပြန်လည် ပေးဆပ်ခိုင်းရမည်။

"အစ်ကိုကြီး ဝေါ့ဟူတောင်ကို တခြားလူက နှိမ်နင်းပေးလိုက်ပြီ အခု ခေါင်းတွေကို လှည်းနှစ်စီးစာလောက် အနောက်မြို့နယ် တံခါးဝမှာ ပုံထားတယ်"

ကျူးချင်ချင်က မျက်ရည်များကို သုတ်ကာ ကျူးရွှိကို ရှင်းပြလိုက်သည်။

"ဘယ်သူ နှိမ်နင်းပေးလိုက်တာလဲ"

"ကျန်းချဲ့"

"သူက ဘယ်သူလဲ"

"အရင်က အဖေ့ရဲ့ လက်အောက်ငယ်သား လူယုံ တစ်ယောက်ပါ အခုတော့ အနောက်မြို့နယ် တပ်စခန်းရဲ့ တပ်မှူး ဖြစ်နေပြီ ဒါပေမဲ့ သာမန် တပ်မှူးတွေနဲ့ မတူဘူး ခရိုင်ဝန် တောင်မှ သူ့ကို မျက်နှာသာ ပေးနေရတာ"

ကျူးချင်ချင်က ပြောလေ ဝမ်းနည်းလေပင်။

ယခင်က သူမသာ ကျန်းချဲ့၏ ဇနီး ဖြစ်လာနိုင်မည့် အခွင့်အရေး ရှိခဲ့သော်လည်း ယခုအခါ လုံးဝ သူစိမ်းများ ဖြစ်နေကြပြီ ဖြစ်ပြီး အကယ်၍ မိခင်ဖြစ်သူနှင့်သာ ပတ်သက်မှု မရှိခဲ့ပါက သူမတို့ တွေ့ခွင့် ရမည်လားပင် မသိနိုင်ပေ။

"အဖေ့ရဲ့ လူယုံ"

ကျူးရွှိက ခေါင်းညိတ်လိုက်သည်။

မတွေ့ဖူးသေးသော်လည်း ယခုအခါ ကျန်းချဲ့ အပေါ်တွင် ကျေးဇူးတင်စိတ်များ ဖြစ်ပေါ်နေပြီ ဖြစ်သည်။

ဖခင်ကို သတ်ခဲ့သည့် ရန်သူ ဆိုသည်မှာ အတူတကွ နေထိုင်၍ မရသော ရန်သူပင် ဖြစ်သည်။

သူက အမြဲတမ်း ရန်သူကို ရန်သူလို ဆက်ဆံပြီး ကျေးဇူးရှင်ကို ကျေးဇူးဆပ်တတ်သူ ဖြစ်သည်။

ဤလူနှင့် တွေ့ဆုံရန် ဆုံးဖြတ်လိုက်ပြီး အကယ်၍ ကူညီပေးနိုင်မည့် အရာ ရှိပါက အစွမ်းကုန် ကူညီပေးမည်ဟု တွေးလိုက်သည်။

"အဖေက လူကဲခတ် တော်သားပဲ ကျန်းချဲ့ကို လူယုံ အဖြစ် သတ်မှတ်ခဲ့တာ အခု ကျန်းချဲ့ကလည်း သူ့အတွက် ကလဲ့စားချေပေးခဲ့တယ် ငါက သားဖြစ်ပြီးတော့ သားသမီး ဝတ္တရား တောင် မကျေပွန်ခဲ့ဘူး"

ကျူးရွှိက သက်ပြင်း တစ်ချက် ချလိုက်သည်။

"ဟုတ်တယ်"

"ဒါနဲ့ အမေရော အမေ ဘာလုပ်နေလဲ"

"ဒါပေါ့ အဖေ ဆုံးသွားတာဆိုတော့ အမေက အသုဘခန်းမထဲမှာ အသုဘစောင့်နေတာပေါ့ အော် ကျန်းချဲ့ လည်း အဲဒီမှာ ရှိတယ် ဆွေးနွေးစရာ ရှိလို့တဲ့"

ကျူးချင်ချင်က အစ်ကိုကြီး နှင့် စကားပြောနေရင်း မိခင်ဖြစ်သူနှင့် အစ်ကိုကြီးကို တွေ့ဆုံခိုင်းရန် မေ့နေခဲ့သည်။

သူမတို့ သားအမိများ မတွေ့ရသည်မှာ ကြာပြီ ဖြစ်ပေသည်။

"ဒီလောက် တိုက်ဆိုင်တာလား ဒါဆို ငါ့ကို အဲဒီ ခေါ်သွား"

"ဒီလို လုပ်လို့ သင့်တော်ပါ့မလား"

"အသုဘခန်းမထဲမှာ စကားပြောနေတာပဲ ဘာဖြစ်လို့လဲ"

"စိတ်ချပါ ဘာမှမဖြစ်ပါဘူး"

ကျန်းချဲ့က နှစ်သိမ့်ပေးလိုက်သည်။

စောစောက သူ မတော်တဆ လျှို့ဝှက်ချက် အချို့ ပေါက်ကြားသွားခဲ့သဖြင့် သခင်မကြီးကျူးက အလွန် စိုးရိမ်နေပြီး ပြဿနာ ဖြစ်မည်ကို ကြောက်ရွံ့နေပေသည်။ အကယ်၍ ထိုသို့သာ ဖြစ်ပါက သူမ တကယ် အသက်ရှင်နိုင်တော့မည် မဟုတ်ပေ။

"ရှင် တကယ်ပဲ"

သခင်မကြီးကျူးက ကျန်းချဲ့ကို မျက်စောင်းထိုးကာ အနည်းငယ် ဒေါသထွက်နေပေသည်။

ဤလူက ပိုပိုပြီး စိတ်ရောဂါ ရလာသလိုပဲ။

ဒါပေမဲ့ ကိုယ်တိုင်ကလည်း မမုန်းဘူး ဆိုတာ ဘယ်လို ဖြစ်ရတာလဲ။

"အမေ သမီးတို့ လာပြီ ကြည့်ပါဦး ဘယ်သူ ရောက်နေလဲလို့"

အသုဘခန်းမသို့ မရောက်မီမှာပင် ကျူးချင်ချင်၏ အသံက ထွက်ပေါ်လာရာ ကျန်းချဲ့ နှင့် သခင်မကြီးကျူးတို့က တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး ချက်ချင်း တည်ငြိမ်သွားကာ ရှုပ်ပွနေသော အဝတ်အစားများကို သပ်ရပ်အောင် လုပ်လိုက်ကြသည်။

"အမေ သား နောက်ကျသွားပါတယ်"

ကျူးရွှိက သခင်မကြီးကျူးကို မြင်လိုက်သည်နှင့် တပြိုင်နက် မြေကြီးပေါ်တွင် ဒူးထောက်ကာ အပြစ်ဝန်ခံလိုက်သည်။

"ရွှိအာ ထပါ သား ရောက်လာတာ ကောင်းပါတယ် ရောက်လာတာ ကောင်းပါတယ်"

သခင်မကြီးကျူးက ကျူးရွှိကို အလျင်အမြန် ထူမလိုက်ပြီး ပါးစပ်မှလည်း အဆက်မပြတ် ရေရွတ်နေပေသည်။

"လာ အမေ မိတ်ဆက်ပေးမယ် ဒီလူက တပ်မှူးကျန်း ပဲ သူက သား အဖေ အတွက် သွေးကြွေး ဆပ်ပေးခဲ့တာ တို့ ကျူးမိသားစု ရဲ့ ကျေးဇူးရှင်ကြီး ပဲ"

သခင်မကြီးကျူးက ကျူးရွှိကို ဆွဲထူကာ ကျန်းချဲ့ နှင့် မိတ်ဆက်ပေးလိုက်သည်။

"ကျူးသခင်လေးက တကယ်ပဲ အဖေ့လို မျိုးရိုးဂုဏ်ရှိတာပဲ"

ကျန်းချဲ့က ပြုံးလိုက်သည်။

သူနှင့် အသက်အရွယ် တူလောက်မည့် လူငယ်လေးကို ကြည့်ရင်း ကျူးရွှိက လုံးဝ အထင်သေးခြင်း မရှိဘဲ လက်ဝါးချင်းယှက်ကာ ပြောလိုက်သည်။

"ဒီတစ်ခေါက် ကူညီပေးခဲ့တဲ့ အတွက် တပ်မှူးကျန်း ကို ကျေးဇူးတင်ပါတယ် နောင်တစ်ချိန်မှာ အကူအညီ လိုအပ်တာ ရှိရင် အချိန်မရွေး ပြောပါ ကျွန်တော် တတ်နိုင်သမျှ အကုန် ကူညီပေးပါ့မယ်"

ကျန်းချဲ့က လက်ဝှေ့ယမ်းလိုက်သည်။

"ကျူးသခင်လေးက အားနာစရာတွေ ပြောနေပြန်ပါပြီ သခင်မကြီးလည်း ကျေးဇူးတင်ပြီးပါပြီ တပ်မှူးချုပ်ကျူးက ကျွန်တော့်အပေါ် မဆိုးခဲ့ပါဘူး သူ ဒုက္ခရောက်တာကို ကျွန်တော်က လက်ပိုက်ကြည့်နေလို့ ဘယ်ဖြစ်မလဲ ဒါတွေက လုပ်သင့်လုပ်ထိုက်တာတွေပါ"

"တပ်မှူးကျန်းက တကယ့်ကို သစ္စာရှိတဲ့သူပါပဲ"

ကျူးရွှိက ရင်တွင်းမှ လှိုက်လှိုက်လှဲလှဲ ပြောလိုက်သည်။

"ဟဲဟဲဟဲ"

All Chapters