အခန်း ၁၁၅
Vol. 12 Ch. 115
အခန်း (၁၁၅) ဟွမ်ရှန်းရှန်း ရဲ့ ဆန့်ကျင်ဘက် အပြုအမူ
ဟွမ်ရှန်းရှန်းက ကျန်းချဲ့၏ သွေးပင်လယ် ဓားစိတ်ဆန္ဒ လွှမ်းမိုးမှုကို ခံရပြီးနောက်ပိုင်းတွင် သူမ၏ ရင်ထဲ၌ အလွန် ကြောက်ရွံ့ ထိတ်လန့်သွားခဲ့ပြီး ကျန်းချဲ့၏ အမိန့်ကို လုံးဝ မလွန်ဆန်ရဲတော့ပေ။
မျိုချရ ခက်ခဲနေလျှင်တောင်မှ သူမက အလွန် နူးညံ့သိမ်မွေ့သော ပုံစံဖြင့်သာ ဆက်လက် ရှိနေပေသည်။
လုဖျင်ကျိုး၏ အနားတွင် ရှိစဉ်က အလွန် မာနကြီးသော ပုံစံနှင့် လုံးဝ ဆန့်ကျင်ဘက်ပင် ဖြစ်နေပေသည်။
"မင်း က အခြေအနေကို နားလည်တဲ့ မိန်းမ တစ်ယောက်ပဲ ငါ က အဲဒီလို လူမျိုး တွေနဲ့ အလုပ်လုပ်ရတာ သဘောကျတယ်"
ကျန်းချဲ့က ဟွမ်ရှန်းရှန်း၏ အပြုအမူကို အလွန် သဘောကျနေပေသည်။
တစ်ဖက်လူက ဟန်ဆောင်နေတာပဲ ဖြစ်ဖြစ် တကယ်ပဲ ဖြစ်ဖြစ် အခု ပြသနေသည့် ပုံစံက တကယ်ကို အခြေအနေကို နားလည်သည့် ပုံစံပင် ဖြစ်ပေသည်။
"အရာရှိမင်း ရဲ့ ချီးမွမ်းမှု ကို ကျေးဇူးတင်ပါတယ်"
ဟွမ်ရှန်းရှန်းက ခေါင်းမော့ကာ အတင်းအကျပ် အပြုံးတစ်ခု ဖန်တီးလိုက်သည်။
ကျန်းချဲ့က သူမကို ထူမလိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။
"နောင်ကျရင်လည်း မင်း ဒီလိုပဲ ဉာဏ်ကောင်းနေသေးဖို့ မျှော်လင့်ပါတယ် မင်းရဲ့ ရေခဲဖီးနစ် ဝိညာဉ်စွမ်းအင် ကို သေချာ ထိန်းသိမ်းထားနော် မင်း မွေးရာပါအဆင့် ကို ရောက်ရင် ငါ ကိုယ်တိုင် လာယူမယ်"
"ကျွန်မ က အချိန်မရွေး စောင့်နေပါ့မယ်"
ဟွမ်ရှန်းရှန်းက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး သွားများကို တင်းကျပ်စွာ ကိုက်ထားလိုက်သည်။
"ထွက်သွားတော့ မင်းရဲ့ စေ့စပ်ထားသူ က အပြင်မှာ အရမ်း စောင့်နေရလို့ ဒေါသထွက်နေလောက်ပြီ"
"ဟုတ်ကဲ့ပါ"
"ဖယ်စမ်း"
လုဖျင်ကျိုးက ဝမ်ဖန်ယွင်ကို မှုန်ကုပ်ကုပ် အကြည့်များဖြင့် ကြည့်ကာ မျက်လုံးများထဲတွင် ပြင်းထန်သော လူသတ်ချင်စိတ်များ ပြည့်နှက်နေပေသည်။
"မင်းရဲ့ စေ့စပ်ထားသူ က တခြား လူ တစ်ယောက် နဲ့ အခန်းထဲကို ရောက်သွားတာတောင် မင်း က ဒေါသမထွက်ရဲဘူး အခုတော့ ငါ့ကို လာပြီး အော်နေတယ် လုဖျင်ကျိုး မင်း က တကယ့် ယောက်ျား မပီသတဲ့ ကောင်ပဲ"
ဝမ်ဖန်ယွင်က အေးစက်စက် နှာမှုတ်လိုက်သည်။
"မင်း က သေချင်နေတာလား"
"မင်း ကြိုးစားကြည့်လို့ ရတယ်လေ"
ဝမ်ဖန်ယွင်က လုံးဝ မကြောက်ရွံ့ပေ။
သူတို့ နှစ်ယောက် ကြားရှိ အခြေအနေက ချက်ချင်း တင်းကျပ်သွားခဲ့ပြီး ကျန်းချဲ့က တံခါးကို ဖွင့်လိုက်မှသာ ထို အခြေအနေကို ဖြိုခွဲလိုက်နိုင်ပေသည်။
လုဖျင်ကျိုး၏ အကြည့်များက ချက်ချင်း လှည့်သွားပြီး သေချာ ကြည့်လိုက်သောအခါ သူ၏ ရင်ထဲတွင် အနည်းငယ် သက်သာရာ ရသွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ဟွမ်ရှန်းရှန်းက အဝတ်အစားများ သေသပ်စွာ ဝတ်ဆင်ထားပြီး အမြဲတမ်း တည်ငြိမ်သော ပုံစံဖြင့် ရှိနေသောကြောင့် ပင် ဖြစ်သည်။
သိသာထင်ရှားသည်မှာ သူမက မည်သည့် ထိခိုက်နစ်နာမှုမျှ မရှိခဲ့ကြောင်း ပင် ဖြစ်သည်။
"သခင်လေးလု လက်ဆောင် တွေ ကြေညာလို့ ပြီးပြီလား"
ကျန်းချဲ့က လက်နောက်ပစ်ကာ ဟွမ်ရှန်းရှန်း၏ ဘေးတွင် ရပ်လျက် လုဖျင်ကျိုးကို ပြုံးလျက် မေးလိုက်သည်။
"မင်း လုပ်ခိုင်းတာ တွေ အကုန်လုံး ကို ငါ လုပ်ပေးခဲ့ပြီ ရှန်းရှန်း ကို လွှတ်ပေးတော့"
လုဖျင်ကျိုးက လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"ဒါပေါ့ ကျန်း က အမြဲတမ်း ကတိတည်တဲ့ သူ တစ်ယောက်ပါ သခင်မလေးဟွမ် မင်းရဲ့ စေ့စပ်ထားသူ ဆီ ကို ပြန်သွားတော့လေ"
ကျန်းချဲ့က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ဟွမ်ရှန်းရှန်းကမူ အေးစက်စက် နှာမှုတ်လိုက်ပြီး စကား တစ်ခွန်းမှ မပြောဘဲ လုဖျင်ကျိုး၏ အရှေ့သို့ လျှောက်သွားခဲ့သည်။
"ရှန်းရှန်း မင်း မင်း ဘာမှ မဖြစ်ဘူး မဟုတ်လား"
ဟွမ်ရှန်းရှန်း၏ စရိုက်ကို ယုံကြည်သော်လည်း လုဖျင်ကျိုး၏ ရင်ထဲတွင်မူ မနေနိုင်ဘဲ မေးလိုက်မိသည်။
"ဘာမှ မဖြစ်ပါဘူး"
ဟွမ်ရှန်းရှန်းက ခေါင်းယမ်းလိုက်သည်။
"ဘာမှ မဖြစ်ရင် တော်သေးတာပေါ့ ဘာမှ မဖြစ်ရင် တော်သေးတာပေါ့"
လုဖျင်ကျိုးက အဆက်မပြတ် ခေါင်းညိတ်လိုက်ပြီး ဟွမ်ရှန်းရှန်း၏ လက်မောင်းကို ဖမ်းဆွဲရန် ပြင်လိုက်သည်။
သို့သော် သူမက မသိမသာ ရှောင်ဖယ်သွားပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"လုဖျင်ကျိုး ရှင် ကျွန်မ ကို ဘယ်လို မိန်းမမျိုး လို့ ထင်နေတာလဲ အရင်က ပြောထားတယ်လေ လက်မထပ်ရသေးခင် ရှင် ကျွန်မ ကို ထိလို့ မရဘူး လို့ ရှင် မေ့သွားပြီလား ဒါမှမဟုတ် ကျွန်မ ရှင့်ကို သစ္စာဖောက်တယ် လို့ သံသယ ဝင်နေတာလား"
"မဟုတ်ဘူး မဟုတ်ဘူး ကျွန်တော် က အဲဒီလို သဘောမျိုး မဟုတ်ပါဘူး ကျွန်တော် က မင်းကို နည်းနည်း စိတ်ပူလို့ပါ"
လုဖျင်ကျိုးက ရှက်ရွံ့စွာဖြင့် ပြုံးလိုက်ပြီး လက်ကို ပြန်ရုပ်လိုက်သည်။
ဝမ်ဖန်ယွင်ကမူ အထင်သေးစွာဖြင့် ပြုံးလိုက်သည်။
လုဖျင်ကျိုးက တကယ်ကို အရူး တစ်ယောက်ဟု သူ ခံစားလိုက်ရသည်။ လုမိသားစု၏ ထိုက်အန်းဒေသရှိ ဩဇာအာဏာနှင့် အဆင့်အတန်း အရ မည်သို့သော မိန်းမမျိုးကိုမဆို ရှာ၍ ရနိုင်ပေသည်။ မိန်းမ တစ်ယောက် အတွက် ဤမျှလောက် အောက်ကျို့ခံရန် လိုအပ်ပါသလား။
မိန်းမ မမြင်ဖူးသည့်သူ ကျနေတာပဲ။
ကျန်းချဲ့က ဤမြင်ကွင်းကို ကြည့်ရင်း အနည်းငယ် ရယ်ချင်စိတ် ပေါ်လာခဲ့သည်။
သူ့ အရှေ့မှာတော့ ဟွမ်ရှန်းရှန်းက ခွေးလေး တစ်ကောင်လို လိမ္မာနေတာ။
ဒါပေမဲ့ လုဖျင်ကျိုးရဲ့ အရှေ့မှာတော့ သူမက ဘယ်သူမှ ထိပါးလို့ မရတဲ့ နတ်သမီးလေး တစ်ပါး ဖြစ်သွားပြန်ပြီ။
တကယ်ကို ရယ်စရာ ကောင်းတာပဲ။
"တပ်မှူးကြီး ချန်မိသားစု ရဲ့ ပိုင်ဆိုင်မှု တွေကို အများစု ရေတွက်ပြီးပါပြီ ရွှေ သုံးထောင် ငွေ ခုနစ်သောင်းကျော် ယွမ်ပုံဆောင်ခဲ ဆယ့်ခုနစ်ခု ပြီးတော့ တခြား ကျင့်ကြံရေး အရင်းအမြစ် တွေ အများကြီး ပါပဲ"
တန်ယန်က ကျန်းချဲ့၏ ဘေးသို့ အလျင်အမြန် လျှောက်လာပြီး ရေတွက်ထားသော အခြေအနေများကို တစ်ခုချင်းစီ သတင်းပို့လိုက်သည်။
ကျန်းချဲ့က အနည်းငယ် ခေါင်းညိတ်လိုက်သည်။
အများကြီး ရတာပဲ။
မွေးရာပါအဆင့် မိသားစု တစ်ခု ဖြစ်ရကျိုး နပ်တာပဲ။
တစ်ခါ မျိုးတုံး သတ်ပစ်တာက ဝေါ့ဟူတောင်နှင့် ရေကြောင်း ကုန်သွယ်ရေး အဖွဲ့ တို့ထက် အဆပေါင်းများစွာ ပိုများပေသည်။ ယန်ယွမ်ချယ်ကို တစ်ဝက် ပေးရမည် ဆိုလျှင်တောင်မှ ဒီတစ်ခေါက် ကျန်းချဲ့က အများကြီး အမြတ် ထွက်ဦးမည် ဖြစ်သည်။
မည်သို့ပင်ဆိုစေ ထို ငွေသားများ အပြင် အခြား ကျင့်ကြံရေး အရင်းအမြစ်များ အမြောက်အမြား လည်း ရှိသေးသည်။
ဤ ပစ္စည်း အများစု၏ တန်ဖိုးက အလွန် မြင့်မားလှပေသည်။
သေချာသည်မှာ ကျန်းချဲ့ ကလည်း ကြီးမားသော အန္တရာယ်ကို ရင်ဆိုင်ခဲ့ရခြင်း ပင် ဖြစ်သည်။
ယခုတစ်ကြိမ်တွင် လုမိသားစုနှင့် လုံးဝ သေရေးရှင်ရေး ရန်သူ ဖြစ်သွားခဲ့ပြီ ဖြစ်ရာ အကယ်၍ ကျန်းချဲ့တွင် ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင် ကဲ့သို့သော အားကိုးစရာ နောက်ခံသာ မရှိပါက ဤကဲ့သို့ လုံးဝ လုပ်ရဲမည် မဟုတ်ပေ။
"ဒီတစ်ခေါက်တော့"
ယန်ယွမ်ချယ် ကလည်း ကျန်းချဲ့၏ ဘေးသို့ ရောက်လာပြီး အံ့ဩစွာ ပြောရန် ပြင်လိုက်သော်လည်း ကျန်းချဲ့၏ မျက်နှာက ချက်ချင်း အလွန် လေးနက်သွားပြီး တောင်ဘက်သို့ ကြည့်နေသည်ကို မြင်သောအခါ သူလည်း ထိုဘက်သို့ ကြည့်လိုက်သည်။
ထင်သည့်အတိုင်းပင် အစိမ်းရောင် အလင်းတန်း တစ်ခုက ကြယ်ပျံ တစ်ခုကဲ့သို့ ကောင်းကင်မှ ကျဆင်းလာပြီး ချန်မိသားစု ခြံဝင်းဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာသည်ကို မြင်တွေ့လိုက်ရသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ပေပေါင်းများစွာ အကွာအဝေးကို ကျော်ဖြတ်လာခဲ့သည်။
မွေးရာပါအဆင့် သိုင်းသမား။
သေချာပေါက် မွေးရာပါအဆင့် သိုင်းသမားပဲ။
ထို့အပြင် တစ်ဖက်လူ၏ အရှိန်အဝါကို ကြည့်မည် ဆိုပါက သာမန် မွေးရာပါအဆင့် သိုင်းသမား တစ်ယောက် မဟုတ်ကြောင်း သိသာထင်ရှားလှပေသည်။
ဤကဲ့သို့သော အပြောင်းအလဲက နေရာရှိ လူအများစု၏ အာရုံစိုက်မှုကို ရရှိသွားခဲ့ပြီး အားလုံးက အစိမ်းရောင် အလင်းတန်း လာရာဘက်သို့ မော့ကြည့်လိုက်ကြသည်။
လုဖျင်ကျိုးက လာမည့်သူကို အရင်ဆုံး သတိထားမိလိုက်ပြီး မျက်လုံးများ အနည်းငယ် မှေးကျသွားခဲ့သည်။
အကယ်၍ သူ၏ ဖခင်သာ စောစော လာနိုင်ခဲ့မည် ဆိုပါက သူလည်း ကျန်းချဲ့၏ ဖိအားပေးမှု ကြောင့် ချန်မိသားစုဝင်များကို သတ်ဖြတ်စရာ အကြောင်း မရှိတော့ပေ။
"ဘယ်သူ က တပ်မှူးကြီးကျန်းချဲ့ လဲ ဆိုတာ မသိဘူး ကျုပ် ကတော့ ခင်ဗျား ရဲ့ နာမည် ကို ကြားနေရတာ ကြာပါပြီ"
လူ မရောက်လာခင် အသံက အရင် ရောက်လာခဲ့သည်။
ထို့အပြင် ယခုအချိန်အထိ လုမိသားစု၏ လက်ရှိ ခေါင်းဆောင် လုရှင်းယွင်က စောစောက ဖြစ်ပျက်ခဲ့သော ကိစ္စများကို မသိရှိသေးကြောင်း သေချာနေပြီး ကျန်းချဲ့ အပေါ် သူ၏ သဘောထားကလည်း အလွန် ရန်လိုသည့်ဟန် လုံးဝ မပြသသေးပေ။
အချိန်အနည်းငယ် အကြာတွင် အစိမ်းရောင် အလင်းတန်းက ချန်မိသားစု ခြံဝင်း အထက်တွင် ရပ်တန့်သွားခဲ့သည်။
လုရှင်းယွင်က လေဟာနယ် ထဲမှ နေ၍ တစ်လှမ်းချင်းစီ အောက်သို့ ဆင်းသက်လာရာ ကြီးမားသော မွေးရာပါ စွမ်းအင် အကာအကွယ်များက သူ၏ ကိုယ်ပေါ်တွင် ရစ်ပတ်နေပြီး အရှိန်အဝါက အလွန် ကြီးမားလှပေသည်။
ပတ်ဝန်းကျင်ရှိ လူအများအပြားကို အံ့ဩသွားစေခဲ့သည်။
ဤသည်မှာ ထိုက်အန်းဒေသ၏ ထိပ်တန်း မွေးရာပါအဆင့် အဖွဲ့အစည်း ခြောက်ခု ထဲမှ အာဏာရှင် တစ်ဦး၏ ဖိအားပေးမှု ပင် ဖြစ်သည်။
သူက လုမိသားစု၏ ဘိုးဘေး မဟုတ်သော်လည်း မိသားစု ခေါင်းဆောင် တစ်ယောက် အနေဖြင့် လုမိသားစု၏ ကိစ္စ အများစုကို ဆုံးဖြတ်ပိုင်ခွင့် ရှိသူ ဖြစ်ပေသည်။
"အဖေ"
လုဖျင်ကျိုးက ခေါင်းငုံ့ကာ ရိုသေစွာ အရိုအသေပေးလိုက်သည်။
လုရှင်းယွင်၏ အကြည့်က လုဖျင်ကျိုး၏ ဝတ်ရုံပေါ်သို့ ရောက်ရှိသွားသောအခါ မျက်လုံးများ အနည်းငယ် မှေးကျဉ်းသွားခဲ့သည်။
ခြောက်သွေ့နေသော သွေးစက်များ ကြောင့် ဝတ်ရုံက အနီရောင် ပြောင်းနေပေသည်။
'ဘာတွေ ဖြစ်ခဲ့တာလဲ'
သူက ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်ပြီး လေးနက်သော အသံဖြင့် မေးလိုက်သည်။
"ချန်ခိုင်ယန် ကရော"
"ဒီလူ က ဘယ်အဆင့် မှာ ရှိလဲ"
လုရှင်းယွင်က လုဖျင်ကျိုးကို မေးနေချိန်တွင် ကျန်းချဲ့ ကလည်း ယန်ယွမ်ချယ်ကို အသံလွှင့်ပြီး မေးမြန်းနေပေသည်။
"ကျုပ် သူနဲ့ အရင်က မတိုက်ခိုက်ဖူးဘူး ဒါကြောင့် တိကျတဲ့ စွမ်းအားကိုတော့ မသိဘူး ဒါပေမဲ့ ကျုပ် စုံစမ်းထားတဲ့ သတင်း တွေ အရ လုရှင်းယွင် က လွန်ခဲ့တဲ့ နှစ်အတော်ကြာ ကတည်းက မွေးရာပါ ယွမ်ဟိုင်အဆင့် ကို ရောက်နေပြီ တဲ့ ထိုက်အန်းဒေသ တစ်ခုလုံး မှာဆိုရင်တောင် သူက လက်ချိုး ရေတွက်လို့ ရတဲ့ လူတွေ ထဲမှာ ပါတယ်"
ယန်ယွမ်ချယ်က သူ သိထားသော သတင်းများကို ကျန်းချဲ့ထံသို့ ချက်ချင်း ပြောပြလိုက်သည်။
တစ်ချိန်တည်းမှာပင် သူ၏ ရင်ထဲရှိ သတိထားမှုကိုလည်း အမြင့်ဆုံး အထိ မြှင့်တင်လိုက်သည်။
မွေးရာပါ ယွမ်ဟိုင်အဆင့် ဆိုသည်မှာ မွေးရာပါ အလယ်အဆင့် ဖြစ်ပြီး၊ သူနှင့် ကျန်းချဲ့ထက် အများကြီး သာလွန်ပေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ နှစ်ယောက်က မွေးရာပါ အစပိုင်း ရွှမ်ချောင်အဆင့် သာ ရှိသေးသောကြောင့် ပင် ဖြစ်သည်။
အဆင့် တစ်ခုလေးသာ ကွာခြားသည်ဟု ထင်ရသော်လည်း သူတို့ နှစ်ယောက်၏ ကွာဟချက်က မနည်းလှပေ။
မွေးရာပါ အလယ်အဆင့်။
ကျန်းချဲ့၏ မျက်လုံးများ အနည်းငယ် မှေးကျဉ်းသွားခဲ့သည်။
'ငါ ရင်ဆိုင်နိုင်မလား ဆိုတာတော့ မသိဘူး'
ဒါပေမဲ့ ဓားစိတ်ဆန္ဒကို လေ့ကျင့်ထားပြီးပြီ ဆိုတော့ သူ့မှာ အားကိုးစရာလေး နည်းနည်းတော့ ရှိနေပါပြီ။
ချီဆန်းကျား ပေးခဲ့သော ကျင့်ကြံရေး မှတ်စုများ အရ မွေးရာပါ အစပိုင်းနှင့် အလယ်အဆင့်တွင် ဓားစိတ်ဆန္ဒကို လေ့ကျင့်ရန်မှာ အလွန် ခက်ခဲပြီး ပါရမီ အရမ်း ကောင်းသော သူများသာ လေ့ကျင့်နိုင်ကြောင်း သိရှိခဲ့ရသည်။
မွေးရာပါ နောက်ဆုံးအဆင့် မင်ရှန်းအဆင့်သို့ ရောက်မှသာ အနည်းငယ် လွယ်ကူသွားမည် ဖြစ်သည်။
"သူ"
လုဖျင်ကျိုး၏ နှုတ်ခမ်းများ လှုပ်ရှားနေသော်လည်း ဖခင် ဖြစ်သူကို ချန်မိသားစု၏ ကိစ္စများ အကြောင်း ဘယ်လို ရှင်းပြရမည်မှန်း မသိအောင် ဖြစ်နေပေသည်။
"ယောက်ျားကောင်း တစ်ယောက် ဆိုတာ ကောင်းကင် နဲ့ မြေကြီး ကြားမှာ မတ်မတ် ရပ်တည်နိုင်ရမယ် မိန်းမ တစ်ယောက် လို ဘာလို့ တွန့်ဆုတ်နေရတာလဲ နောက်ဆိုရင် လုမိသားစု ကို ကိုယ်စားပြုပြီး ဘယ်လို လုပ် အပြင် ထွက်တော့မလဲ"
လုရှင်းယွင်၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားပြီး သားဖြစ်သူ၏ ဤကဲ့သို့သော ပုံစံကို အမုန်းဆုံး ပင် ဖြစ်သည်။
"အရှင်သခင်ကြီးချန် က ကျန်းချဲ့ ရဲ့ အဆိပ် လက်ဝါး အောက်မှာ သေဆုံးသွားခဲ့ပြီ"
လုဖျင်ကျိုးက အချိန်အနည်းငယ် တိတ်ဆိတ်နေပြီးနောက် ပြန်ဖြေလိုက်သည်။
"ကျန်းချဲ့ က မွေးရာပါအဆင့် ကို ရောက်တာ သိပ်မကြာသေးဘူး မဟုတ်လား ချန်ခိုင်ယန် ကို သတ်နိုင်တယ် လို့လား ဒါမှမဟုတ် ယန်ယွမ်ချယ် က ကူညီပေးလို့လား"
လုရှင်းယွင်၏ မျက်လုံးများ အနည်းငယ် အေးစက်သွားခဲ့သည်။
"ယန်ယွမ်ချယ် က ကွယ်ရာကနေ ခိုးတိုက်လို့ သား က အချိန်မီ တုံ့ပြန်ဖို့ မရလိုက်တာကြောင့် အရှင်သခင်ကြီးချန် ဒဏ်ရာ အပြင်းအထန် ရသွားတာ အဲဒီနောက်တော့"
"ဟွန့်"
လုရှင်းယွင်က အေးစက်စက် နှာမှုတ်လိုက်ပြီး ယန်ယွမ်ချယ်နှင့် ကျန်းချဲ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
"တပ်မှူးကြီးယန် ဒီနှစ်တွေ အတွင်းမှာ လုမိသားစု က ခင်ဗျား နဲ့ ဘာရန်ငြိုး ကြီးကြီးမားမား မှ မရှိခဲ့ပါဘူးနော် ခင်ဗျား ပြောင်းရွှေ့တော့မယ် ဆိုတဲ့ သတင်း ကို ကြားပြီးတဲ့ နောက်မှာတောင် ကျုပ် က လုမိသားစုဝင် တွေကို ထိုက်ဆန်းမြို့ ထဲမှာ ပြဿနာ မရှာဖို့ အမိန့်ပေးထားသေးတယ် ရလဒ် ကတော့ ခင်ဗျား က ကျုပ် ရဲ့ စေတနာ ကို ဒီလို ပြန်ဆပ်တာလား ဘာလုပ်ချင်တာလဲ လုမိသားစု နဲ့ စစ်ခင်းချင်တာလား"
သူက စက္ကူကျား တပ်မှူးကြီး ယန်ယွမ်ချယ်ကို လုံးဝ မကြောက်ရွံ့ဘဲ ချက်ချင်းပင် အော်ငေါက်လိုက်သည်။
အသက်အရွယ် အရ ဖြစ်စေ ကျင့်ကြံမှု စွမ်းအား အရ ဖြစ်စေ သူက ယန်ယွမ်ချယ်ထက် အများကြီး သာလွန်ပြီး ရင်ထဲတွင် လည်း တစ်ဖက်လူကို မျိုးဆက်သစ် လူငယ် တစ်ယောက် အဖြစ်သာ သတ်မှတ်ထားပေသည်။
ယန်ယွမ်ချယ်က ပါးစပ်ဟလိုက်ပြီး ပြန်လည် တိုက်ခိုက်ရန် ပြင်လိုက်သည်။
သို့သော် ကျန်းချဲ့က သူ စကားပြော မကျွမ်းကျင်ကြောင်း သိသဖြင့် သူ၏ အရှေ့တွင် ရပ်ကာ ထိုက်အန်းဒေသတွင် အလွန် အာဏာ ရှိသော ဤအဘိုးအိုကို တည်ငြိမ်စွာ ကြည့်ရင်း လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"ချန်ခိုင်ယန် က မိစ္ဆာ ကျင့်စဉ် ကို လေ့ကျင့်တယ် ပြည်သူတွေကို ဒုက္ခပေးတယ် အခု သက်သေ အထောက်အထား တွေ သေချာနေပြီမို့လို့ ဒီအရာရှိ က ပြည်သူတွေ ကိုယ်စား ချန်ခိုင်ယန် ကို တခြား လူတွေ မလုပ်ရဲအောင် သတ်ပစ်လိုက်တာ ဒါက ငါတို့ တာကျိုးမင်းဆက် ရဲ့ ဥပဒေ အရပဲ လုမိသားစု က အစိုးရ နဲ့ စစ်ခင်းချင်တာလား"
"မင်း က ကျန်းချဲ့ လား"
"ဟုတ်တယ်"
"ကျုပ် က တပ်မှူးကြီးယန် နဲ့ စကားပြောနေတာ မင်း ဝင်ပါစရာ အကြောင်း ရှိလို့လား"
သူက ကျန်းချဲ့၏ သတင်းအချက်အလက်များကို စောစောကတည်းက ရရှိထားပြီး ဖြစ်ရာ ယခုမှ မွေးရာပါအဆင့်သို့ ရောက်ခါစ သိုင်းသမား တစ်ယောက်ကို သူ လုံးဝ အထင်မကြီးဘဲ ယန်ယွမ်ချယ်ကိုပင် ပို၍ အရေးကြီးသည်ဟု ထင်မှတ်ထားပေသည်။
"မင်း က ဘာကောင် မို့လို့လဲ ဒီအရာရှိ က မြေကြီး ပေါ်က ခွေးအိုကြီး နဲ့ စကားပြောနေတာ မင်း ဝင်ပါစရာ အကြောင်း ရှိလို့လား"
ကျန်းချဲ့က အေးစက်စက် နှာမှုတ်လိုက်ပြီး လုံးဝ အလျှော့မပေးပေ။
"ငယ်ငယ်ရွယ်ရွယ် နဲ့ မွေးရာပါအဆင့် ကို ရောက်လာတာ မလွယ်ဘူး ဒီလူအိုကြီး က မင်းကို သတိပေးလိုက်မယ် အရမ်း မရမ်းကားနဲ့ မဟုတ်ရင် ပြဿနာ တွေ တက်လာရင် မင်းရဲ့ အသက် ကိုပါ ပေးလိုက်ရလိမ့်မယ်"
ကျန်းချဲ့၏ ဆဲဆိုမှု ကြောင့် လုရှင်းယွင်က အရမ်းကြီး ဒေါသ မထွက်သော်လည်း မျက်နှာကတော့ မည်းမှောင်သွားခဲ့သည်။
"မင်း ဒီအသက် အရွယ် အထိ အသက်ရှင်လာတာလည်း မလွယ်ဘူး အိမ်ပြန်ပြီး အေးအေးဆေးဆေး နေတာက အကောင်းဆုံးပဲ အရိုးတွေလည်း ဆွေးနေပြီ ဆိုတော့ ဒဏ်ရာ ရရင် ကုရတာ ခက်လိမ့်မယ်"
ကျန်းချဲ့က လုရှင်းယွင်နှင့် စကား အပြန်အလှန် အချေအတင် ဖြစ်နေပေသည်။
ယန်ယွမ်ချယ်က ဤမြင်ကွင်းကို ကြည့်ရင်း အံ့ဩသွားခဲ့သည်။
ကျန်းချဲ့၏ သတ္တိက တကယ်ကို အလွန် ကြီးမားလှပေသည်။
အကယ်၍ သူသာ ဆိုလျှင် အလျှော့ပေးမည် မဟုတ်သော်လည်း ဤကဲ့သို့ တိုက်ရိုက် ဆဲဆို ရဲမည် မဟုတ်ပေ။
"ကောင်းပြီ ကောင်းပြီ ဒီလူအိုကြီး က မင်းကို တကယ်ပဲ အထင်သေးမိသွားတယ် စွမ်းအား က သိပ်မရှိဘဲ ပါးစပ် ကတော့ တော်တော် စွမ်းတာပဲ"
လုရှင်းယွင် လည်း ယခုအခါ ဒေါသထွက်လာခဲ့ပြီ ဖြစ်သည်။
မူလက သူက အခြေအနေကို တတ်နိုင်သမျှ ထိန်းသိမ်းထားရန် ရည်ရွယ်ထားပြီး အကယ်၍ ကျန်းချဲ့က အခြေအနေကို နားလည်ပါက တစ်ဖက်လူကို မျက်နှာ အနည်းငယ် ပေးရန် စဉ်းစားထားခဲ့သည်။ ဤသို့မှသာ သူ၏ အနောက်ရှိ ချီဆန်းကျားကိုလည်း ဒေါသ မထွက်စေမည် ဖြစ်သည်။
သို့သော် ကျန်းချဲ့က သူ့ကို မျက်နှာ လုံးဝ မပေးဘဲ ချန်ခိုင်ယန်ကို တိုက်ရိုက် သတ်ဖြတ်လိုက်သည်။
ထိုက်အန်းဒေသ တစ်ခုလုံးတွင် ချန်မိသားစုက သူ၏ လုမိသားစု လက်အောက်ခံ ဖြစ်ကြောင်း မည်သူ မသိဘဲ ရှိမည်နည်း။
ချန်ခိုင်ယန် သေဆုံးသွားသည်ကို သူက ဝင်ရောက် မဖြေရှင်းပါက နောင်တွင် ထိုက်အန်းဒေသရှိ ထိပ်တန်း အဖွဲ့အစည်း ခြောက်ခုတွင် နံပါတ်တစ် မိသားစု ဆိုသည့် နာမည်ကို ဘယ်လို ဆက်လက် ထိန်းသိမ်းထားနိုင်မည်နည်း။
"ဘာလဲ မင်းက လုမိသားစု ရဲ့ နာမည် နဲ့တင် ဒီတပ်မှူးကြီး ကို ခြောက်လှန့်လို့ ရမယ် ထင်နေတာလား ဟွန့် ဒီ လောကကြီး က အစိုးရ ရဲ့ လောကကြီး ပဲ ဒီ ထိုက်အန်းဒေသ ကလည်း အစိုးရ ရဲ့ ထိုက်အန်းဒေသ ပဲ ဘယ်အချိန် ကတည်းက အစိုးရ အမှုတွဲ ဖြေရှင်းတာကို မင်း လုမိသားစု ရဲ့ အစီအစဉ် ကို နားထောင်ရမှာလဲ"
"အစိုးရ ဆိုတဲ့ နာမည် ကို သုံးပြီး ဒီလူအိုကြီး ကို လာမဖိနှိပ်နဲ့ ချန်ခိုင်ယန် က အပြစ် ရှိရင်တောင်မှ ချန်မိသားစုဝင် တွေ က အပြစ် မရှိဘူး မင်းလို ရက်စက်တဲ့ အရာရှိ က ဒီလောက်တောင် ရက်စက်တဲ့ အလုပ်ကို လုပ်ရဲတာ ဒီနေ့ ဒီလူအိုကြီး က ချန်မိသားစုဝင် တွေ အတွက် တရားမျှတမှု ကို ရှာပေးပြီး မင်းလို ရက်စက်တဲ့ အရာရှိ ကို သေချာ ဆုံးမပေးမယ်"
ကျန်းချဲ့ကို တိုက်ရိုက် သတ်ဖြတ်ရန် ဆိုသည်မှာ မဖြစ်နိုင်ပေ။
မည်သို့ပင်ဆိုစေ တစ်ဖက်လူက ဒေသ တစ်ခု၏ စောင့်ကြပ်ရေး တပ်မှူးကြီး ပင် ဖြစ်သည်။
အကယ်၍ သတ်ဖြတ်လိုက်ပါက ချီဆန်းကျား၏ မျက်နှာကို ရိုက်ချလိုက်သကဲ့သို့ ဖြစ်ရုံသာမက အစိုးရ၏ ဥပဒေကို လုံးဝ ဂရုမစိုက်ရာ လည်း ရောက်ပေသည်။ လုမိသားစုတွင် ယခုအချိန် အထိ ထိုမျှလောက် အင်အား မရှိသေးသော်လည်း သူ့ကို ဆုံးမပေးရန် ကတော့ ပြဿနာ မရှိပေ။
နောင်တွင် အကယ်၍ ကျန်းချဲ့က အခြေအနေကို နားမလည်ပါက ထိုအချိန်ကျမှ လျှို့ဝှက်စွာ သတ်ဖြတ်ရန် အချိန် ရောက်လာမည် ဖြစ်သည်။
"အဖြစ်မှန် ကို မသိတဲ့ ခွေးအိုကြီး မင်းရဲ့ သား အချစ်တော် ကို အရင် မေးကြည့်ပါဦး ချန်မိသားစုဝင် တွေ ဘယ်လို သေသွားတာလဲ ဆိုတာ ကို"
ကျန်းချဲ့၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးတက်သွားပြီး သူ့ကို အပြစ် ပုံချချင်တာလား အိပ်မက် မက်နေလိုက် ဟု တွေးလိုက်သည်။
"ဟင်"
ကျန်းချဲ့၏ စကားကို ကြားလိုက်ရသောအခါ လုရှင်းယွင်၏ မျက်နှာက အနည်းငယ် ပြောင်းလဲသွားပြီး အခြေအနေများက သူ ထင်ထားသည်နှင့် အနည်းငယ် လွဲချော်နေပြီ ဟု ခံစားလိုက်ရကာ ပတ်ဝန်းကျင်ရှိ လူများကို တစ်ချက် ကြည့်လိုက်ရာ မည်သူကမျှ ဝင်ရောက် ကူညီပြောဆိုပေးခြင်း မရှိပေ။
ချက်ချင်းပင် သူ၏ အကြည့်များက လုဖျင်ကျိုး၏ အပေါ်သို့ ရောက်ရှိသွားပြီး လေးနက်သော အသံဖြင့် မေးလိုက်သည်။
"ဖျင်ကျိုး တကယ်တော့ ဘာတွေ ဖြစ်ခဲ့တာလဲ"
ဤအချိန်တွင် မရေမတွက်နိုင်သော အကြည့်များက လုဖျင်ကျိုး၏ အပေါ်သို့ ကျရောက်လာခဲ့ပြီး မျက်မြင်မရသော ဖိအားများက သူ့ကို အသက်ရှူရ ခက်ခဲလာစေကာ ဖခင် ဖြစ်သူ လုရှင်းယွင်၏ မေးခွန်းကိုလည်း ပြန်လည် မဖြေကြားနိုင်အောင် ဖြစ်နေပေသည်။
"ပြောစမ်း"
"ဖျင်ကျိုး"
အမြဲတမ်း မာနကြီးသော ဟွမ်ရှန်းရှန်းက လုရှင်းယွင်က အမှန်တရားကို သိသွားပြီးနောက် သူမ အပေါ် ဒေါသထွက်လာမည်ကို ကြောက်ရွံ့သဖြင့် မနေနိုင်ဘဲ လုဖျင်ကျိုး၏ နာမည်ကို ခေါ်လိုက်မိသည်။
သူမ၏ အသံက လုဖျင်ကျိုးကို ခွန်အား တစ်ခု ပေးလိုက်သကဲ့သို့ ပင် ဖြစ်သွားပြီး ထို ဖိအားများကို တောင့်ခံနိုင်သွားကာ သွားများကို တင်းကျပ်စွာ ကိုက်ပြီး ပြောလိုက်သည်။
"အဖေ ချန်မိသားစုဝင် တွေ က က ကျွန်တော် သတ်လိုက်တာ"
"မင်း ဘာပြောတယ်"
လုရှင်းယွင်က သူ၏ နားကိုပင် သူ မယုံကြည်နိုင်အောင် ဖြစ်သွားခဲ့သည်။
'သတ်တဲ့သူ က လုဖျင်ကျိုး လား ဒါ'
လုဖျင်ကျိုးက ချန်ခိုင်ယန်ကို မကယ်နိုင်ခဲ့တာကို သူ နားလည်ပါတယ် အဘယ်ကြောင့်ဆိုသော် ဖျင်ကျိုးက အရမ်း ငယ်လွန်းသေးပြီး ပြဿနာများကို ဖြေရှင်းဖို့ အတွေ့အကြုံ မရှိသေးလို့ပင် ဖြစ်သည်။ ဒါပေမဲ့ သူ့ကို သတ်တဲ့သူ လို့ ပြောရင်တော့။
ဒါက အရမ်း တုံးအလွန်းတယ်လေ။
'တစ်ခုခု မှားနေပြီ'
"တကယ်တော့ ဘာတွေ ဖြစ်ခဲ့တာလဲ"
လုရှင်းယွင်က မျက်လုံးထဲရှိ ဒေါသများကို ဖိနှိပ်ထားပြီး မေးလိုက်သည်။
"ကျန်းချဲ့ က ရှန်းရှန်း ကို အသုံးချပြီး ကျွန်တော့်ကို ခြိမ်းခြောက်တယ် အကယ်လို့ ကျွန်တော် လူမသတ်ဘူး ဆိုရင် သူက သူက ရှန်းရှန်း ကို ညစ်ညမ်းအောင် လုပ်မယ် တဲ့ ကျွန်တော် ကျွန်တော် လည်း မတတ်သာဘဲ သူ့ တောင်းဆိုချက် ကို လက်ခံလိုက်ရတာပါ"
လုဖျင်ကျိုးက ထစ်ငေါ့စွာဖြင့် ဖြစ်ပျက်ခဲ့သမျှကို အကျဉ်းချုပ် ရှင်းပြလိုက်သည်။
သို့သော် သူ၏ ရှင်းပြချက်က လုရှင်းယွင်ကို ပို၍ပင် ဒေါသထွက်သွားစေခဲ့သည်။
ဒေါသထွက်နေသော မျက်လုံးများက ဟွမ်ရှန်းရှန်း ဆီသို့ ရောက်ရှိသွားပြီး မကျေနပ်မှုများ ပြည့်နှက်နေပေသည်။
'မိန်းမလှ က ဒုက္ခပေးတာပဲ သူတို့ လုဖျင်ကျိုး ဒီလို လုပ်လိုက်တဲ့ အကျိုးဆက် ကို မသိကြဘူးလား လုမိသားစု က နောင်ကျရင် ထိုက်အန်းဒေသ သိုင်းလောက မှာ ဘယ်လို လုပ် ရပ်တည်တော့မလဲ လုမိသားစု ကို အားကိုးရဲတဲ့ လက်အောက်ခံ အဖွဲ့အစည်း တွေ ဘယ်သူ ရှိတော့မလဲ အရူး တကယ် အရူးပဲ'
"ဦးလေးလု အားလုံးက ရှန်းရှန်း ရဲ့ စွမ်းအား နည်းပါးမှု ကြောင့် ဖျင်ကျိုး ခြိမ်းခြောက်ခံလိုက်ရတာပါ"
ဟွမ်ရှန်းရှန်းက ခေါင်းငုံ့ကာ ရှင်းပြလိုက်သည်။
လုဖျင်ကျိုးကမူ သူမ၏ အရှေ့တွင် ရပ်ကာ လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"ရှန်းရှန်း နဲ့ မဆိုင်ပါဘူး အားလုံးက သား ရဲ့ စွမ်းအား မပြည့်ဝလို့ပါ အဖေ ဒီကိစ္စ ရဲ့ နောက်ဆက်တွဲ ပြဿနာ တွေကို သား ပဲ တာဝန်ယူပါ့မယ်"
'မင်းက လုမိသားစု ရဲ့ နာမည်ဂုဏ်သတင်း ပျက်စီးသွားတဲ့ ဆုံးရှုံးမှုကို ဘာနဲ့ တာဝန်ယူမှာလဲ'
ဤစကားကို လုရှင်းယွင်က ရင်ထဲတွင် ဒေါသတကြီး အော်ဟစ်လိုက်သော်လည်း အပြင်သို့ ထုတ်မပြောဘဲ ဒေါသများကိုသာ ဖိနှိပ်ထားလိုက်ရသည်။
အကယ်၍ လုဖျင်ကျိုးသာ သူ၏ အတော်ဆုံး သား တစ်ယောက် မဟုတ်ဘဲ နောင်တွင် လုမိသားစု၏ ခေါင်းဆောင် ဖြစ်လာမည့်သူ မဟုတ်ပါက ဤကဲ့သို့ အရူးလုပ်ရပ် တစ်ခုတည်းဖြင့်ပင် သူ့ကို ရာထူးမှ ဖယ်ရှားပစ်မည် ဖြစ်သော်လည်း ယခုအခါ သည်းခံနေရပေသည်။