အခန်း ၁၁၆
Vol. 12 Ch. 116
အခန်း (၁၁၆) သွေးပင်လယ် ဓားစိတ်ဆန္ဒ လူတိုင်းကို မှင်တက်သွားစေခြင်း
"မိန်းမ တစ်ယောက်ကို အသုံးချပြီး ခြိမ်းခြောက်တာက မင်း တပ်မှူးကြီးကျန်း ရဲ့ အလုပ်လုပ်တဲ့ နည်းလမ်းလား"
လုရှင်းယွင်က သားဖြစ်သူအပေါ် ဒေါသများကို ဖိနှိပ်ထားပြီး ကျန်းချဲ့ကို အာရုံစိုက်လိုက်သည်။
ဤတစ်ကြိမ်တွင်မူ သူ အမှန်တကယ်ပင် ဒေါသထွက်သွားခဲ့ပြီ ဖြစ်ပေသည်။
ကျန်းချဲ့၏ လုပ်ရပ်များက လုမိသားစု၏ နှစ်တစ်ရာ နာမည်ဂုဏ်သတင်းကို တစ်ခဏချင်း အတွင်း ပျက်စီးသွားစေရန် ရည်ရွယ်နေပေသည်။
'စောစောက ငါ ရောက်လာတုန်းက ဘေးက အဖွဲ့အစည်းတွေ ဘာလို့ ဝင်မကူကြတာလဲ ဆိုတဲ့ အကြောင်းရင်းကို အခုမှပဲ သဘောပေါက်တော့တယ် ပိုပြီး ဒေါသထွက်စရာ ကောင်းတာက ဒီနေ့ ကိစ္စတွေက ဒီက လူတိုင်းကို သတ်မပစ်နိုင်သရွေ့ အပြင်ကို သေချာပေါက် ပျံ့သွားမှာပဲ ကြီးမားတဲ့ ဂယက်တစ်ခု ထလာတော့မှာ လုမိသားစုရဲ့ နာမည် ပျက်သွားရုံတင် မကဘူး လုမိသားစုရဲ့ အနာဂတ် ဆက်ခံသူက ဒီလောက်လေးပဲ စိတ်ဓာတ် ခိုင်မာတယ်လို့ လူတွေက ထင်ကုန်တော့မှာပေါ့ မိန်းမ တစ်ယောက် အတွက်နဲ့ သူများရဲ့ အလွယ်တကူ ထိန်းချုပ်တာကို ခံလိုက်ရတယ်လေ ကျန်းချဲ့က ဒီလို လုပ်နိုင်မှတော့ နောက်ဆို တခြားလူတွေ ကလည်း ဒီကိစ္စကို သုံးပြီး လုဖျင်ကျိုးကို လာခြိမ်းခြောက်ကြမှာပဲ'
ထို့ကြောင့် သူက ဆုံးဖြတ်ချက် ချလိုက်သည်။
ဟွမ်ရှန်းရှန်း အဆင့်တက်လှမ်းနိုင်ရန် ချက်ချင်း နည်းလမ်းရှာ ကူညီပေးမည် ဖြစ်ပြီး ဖျင်ကျိုးက သူမ၏ ကိုယ်ပေါ်ရှိ ဝိညာဉ်စွမ်းအင်များကို ယူဆောင်ပြီးနောက် အကယ်၍ ဤကဲ့သို့သော ကိစ္စမျိုး ထပ်မံ ဖြစ်ပေါ်လာပါက သူ ကိုယ်တိုင် လှုပ်ရှားပြီး ဤ အားနည်းချက်ကို အပြီးတိုင် ဖျောက်ဖျက်ပစ်မည် ဖြစ်သည်။
"ဒါက ခင်ဗျား ရဲ့ သား အချစ်တော် အရမ်း တုံးအလွန်းလို့ပဲ ကျန်းချဲ့ ဆိုတာ ပွင့်လင်း ရိုးသားတဲ့ သူ တစ်ယောက်ပါ မိန်းမ တစ်ယောက်ကို အသုံးချပြီး ဘယ်လိုလုပ် တကယ် ခြိမ်းခြောက်မှာလဲ စမ်းသပ်ကြည့်ရုံ သက်သက်ပါပဲ တကယ်ပဲ အံ့ဩစရာ တွေ ဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
ကျန်းချဲ့က ခပ်ဟဟ ရယ်မောလိုက်သည်။
"ကောင်းပြီ ကောင်းပြီ ကောင်းပြီ ဒါဆိုရင်လည်း ဒီလူအိုကြီး က မင်း တပ်မှူးကြီးကျန်း ရဲ့ အစွမ်း တွေကို တစ်ခေါက်လောက် စမ်းကြည့်ရသေးတာပေါ့ ချီဆန်းကျား မရှိတော့ ဒီလူအိုကြီး က သူ့ကိုယ်စား မင်းကို သေချာ ဆုံးမပေးမယ် ဒီ ထိုက်ဆန်းမြို့ က ဘယ်သူ့ အမိန့် အောက်မှာ ရှိလဲ ဆိုတာ မင်းကို သိစေရမယ်"
အေးစက်စက် နှာမှုတ်လိုက်ပြီး လုရှင်းယွင်က ကျန်းချဲ့နှင့် ဆက်လက် စကားများ အချေအတင် မဖြစ်လိုတော့ပေ။ နိုင်သည် ဖြစ်စေ ရှုံးသည် ဖြစ်စေ သူ၏ မျက်နှာကိုသာ ပျက်စေမည် ဖြစ်ရာ တစ်ဖက်လူကို ဤနေရာတွင် ဖိနှိပ်ထားရမည် ဖြစ်သည်။
လုရှင်းယွင်က လေဟာနယ်ပေါ်သို့ တစ်လှမ်းချင်း တက်လှမ်းသွားပြီး ကိုယ်ပတ်လည်တွင် အစိမ်းရောင် မွေးရာပါ စွမ်းအင် အကာအကွယ်များ ရစ်ပတ်နေကာ မီးခိုးရောင် မုတ်ဆိတ်မွေးရှည်များ လွင့်ခါနေပြီး အရှိန်အဝါများက အလွန် ကြောက်မက်ဖွယ် ကောင်းလှကာ မျက်လုံးများ ပြူးကျယ်လာပြီး အရှိန်အဝါများ လျင်မြန်စွာ မြင့်တက်လာခဲ့သည်။
ကြီးမားသော ဖိအားများက ကျန်းချဲ့ဆီသို့ တိုက်ရိုက် ဖိကျလာခဲ့သည်။
"ဒီနေ့ ငါ မင်းကို ပြောပြမယ် ထိုက်ဆန်းမြို့ က ငါ့အမိန့် အောက်မှာပဲ ရှိတယ်"
ကျန်းချဲ့က လေးနက်သော အသံဖြင့် ပြောလိုက်ပြီး ခြေတစ်လှမ်း လှမ်းကာ လုရှင်းယွင်နှင့် မျက်နှာချင်းဆိုင် ရပ်လိုက်သည်။
မူလက ယန်ယွမ်ချယ်က အတူတကွ ကူညီ တိုက်ခိုက်ပေးရန် ရည်ရွယ်ထားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ အမြင်တွင် ယခုမှ မွေးရာပါအဆင့်သို့ ရောက်ခါစ ကျန်းချဲ့က ဤ ခွေးအိုကြီး လုရှင်းယွင်ကို ရင်ဆိုင်ရန် အခွင့်အရေး လုံးဝ မရှိကြောင်း ထင်မြင်မိသောကြောင့် ပင် ဖြစ်သည်။
သို့သော် ကျန်းချဲ့က သူ့ကို အသံလွှင့်ကာ ယာယီ မလှုပ်ရှားရန် ပြောလိုက်သည်။
အခွင့်အရေးကို စောင့်ပြီးမှ ခိုးတိုက်ရန် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် အခြားသူများ ခိုးတိုက်မည်ကိုလည်း လျှို့ဝှက်စွာ သတိထားနေရန် မှာကြားခဲ့ပြီး သူက လုရှင်းယွင်၏ အစွမ်းကို စမ်းသပ်ကြည့်မည် ဖြစ်သည်။
အကယ်၍ တကယ် မယှဉ်နိုင်မှသာ လှုပ်ရှားရန် ပြောခဲ့သည်။
ဤသည်မှာ ကျန်းချဲ့က မာနကြီးနေခြင်း မဟုတ်ဘဲ အောက်ဘက်ရှိ လုဖျင်ကျိုးနှင့် အခြားသော အဖွဲ့အစည်းများမှ မွေးရာပါအဆင့် သိုင်းသမားများကို သူ တကယ် သတိထားနေရသောကြောင့် ပင် ဖြစ်သည်။ မဟုတ်ပါက တိုက်ခိုက်နေစဉ် အတွင်း ခိုးတိုက်ခံရပါက တုံ့ပြန်ရန် အချိန်မီမည် မဟုတ်ပေ။
"မင်း တစ်ယောက်တည်း နဲ့လား"
လုရှင်းယွင်၏ စကားများတွင် အထင်သေးသည့် အရိပ်အယောင် အချို့ ပါဝင်နေပေသည်။
ယန်ယွမ်ချယ်ပါ အတူတကွ တိုက်ခိုက်လျှင်တောင်မှ သူက လုံးဝ မကြောက်ရွံ့ပေ။
"ခင်ဗျား ကို ရင်ဆိုင်ဖို့ ဒီလောက်ဆို လုံလောက်ပါပြီ"
ကျန်းချဲ့က အေးစက်စက် နှာမှုတ်လိုက်ပြီး အခြား စကားပိုများကို ဆက်မပြောတော့ပေ။
'ကြမ္မာသုံးပါး ထိတ်လန့်ဖွယ်သိုင်း လူသတ်ခြင်း ဖွင့်'
မျက်လုံးများက ချက်ချင်း နီရဲသွားပြီး ကိုယ်ပိုင် ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်းက အမြင့်ဆုံးသို့ ရောက်ရှိသွားခဲ့သည်။
"ဒီနေ့ ဒီလူအိုကြီး က မင်းကို ဒုက္ခိတ ဖြစ်အောင် လုပ်ပြီး မင်းရဲ့ အခြေခံ တွေကို ဖျက်ဆီးပစ်မယ်"
လုရှင်းယွင်က လက်တစ်ဖက်ဖြင့် ဖိချလိုက်ရာ ခန္ဓာကိုယ် အတွင်းရှိ ပြည့်ဝသော မွေးရာပါ ယွမ်စွမ်းအင်များက ထွက်ပေါ်လာပြီး ကြီးမားသော အစိမ်းရောင် လက်ဝါးကြီး တစ်ခု အဖြစ် စုစည်းသွားကာ ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်များ ကလည်း လျင်မြန်စွာ စုဝေးလာခဲ့သည်။
သူက ကြီးမားသော အရှိန်အဝါများဖြင့် ဖုံးလွှမ်း ဖိကျလာခဲ့သည်။
တစ်ချက် လှုပ်ရှားလိုက်သည်နှင့် သူက သနားညှာတာမည့် အရိပ်အယောင် လုံးဝ မရှိပေ။
ကျန်းချဲ့ကို မသတ်နိုင်သော်လည်း တစ်ဖက်လူ၏ အခြေခံများကို ဖျက်ဆီးပစ်ခြင်းက သတ်ပစ်သည်ထက် ပို၍ နာကျင်စေမည် ဖြစ်သည်။
ဤအတွက်ကြောင့် ကျန်းချဲ့၏ တုံ့ပြန်မှုက သေချာပေါက် သွေးပင်လယ် ဓားစိတ်ဆန္ဒကို ဖွင့်လှစ်ရန် ပင် ဖြစ်သည်။
တစ်ဖက်လူကို ရင်ဆိုင်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ ဤအရာသာ ရှိပေသည်။
စိတ်ထဲတွင် အတွေး တစ်ချက် ဝင်လိုက်သည်နှင့် ကျန်းချဲ့၏ ကိုယ်ပေါ်ရှိ လူသတ်ချင်စိတ်များက အစစ်အမှန် အရာဝတ္ထု တစ်ခု ကဲ့သို့ ဖြစ်လာပြီး လက်ထဲရှိ အကောင်းစား ဓားက တုန်ခါ အသံများ ထွက်ပေါ်လာကာ ခြေတစ်လှမ်း လှမ်းလိုက်ပြီး ကျန်းချဲ့က ဓားရိုးကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ ခုတ်ချလိုက်သည်။
မျက်စိတစ်မှိတ် အတွင်း လူသတ်ချင်စိတ်များ စုစည်းသွားပြီး ပေဆယ်ကျော် ရှည်လျားသော ဓားအလင်းတန်း တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ပေါက်ကွဲသံ တစ်သံ ထွက်ပေါ်လာပြီး ဓားအလင်းတန်းက အစိမ်းရောင် လက်ဝါးကြီး အပေါ်သို့ ကျရောက်သွားကာ အစိမ်းရောင် လက်ဝါး က ချက်ချင်း ပျက်စီးသွားခဲ့သည်။
ကြီးမားသော ဓားအလင်းတန်း က အရှိန်မပျက်ဘဲ လုရှင်းယွင် ဆီသို့ ဆက်လက် ခုတ်ချလာခဲ့သည်။
'ဒုက္ခပဲ'
ကျန်းချဲ့ ဓားကို ထုတ်လိုက်သည်နှင့် လုရှင်းယွင်က အခြေအနေ မကောင်းကြောင်း ခံစားလိုက်ရပြီး ကြီးမားသော လူသတ်ချင်စိတ်များ သူ့ဆီသို့ ဝင်ရောက်လာသည်ကို မသိမသာ ခံစားလိုက်ရကာ သူ ဖန်တီးထားသော စွမ်းအင် လက်ဝါးကြီး ကလည်း အလွယ်တကူ ဖျက်ဆီးခံလိုက်ရသည်။
ဤသည်က မွေးရာပါ အစပိုင်း အဆင့် သိုင်းသမား တစ်ယောက် တွင် ရှိသင့်သော စွမ်းအား လုံးဝ မဟုတ်ပေ။
ဤကဲ့သို့ အန္တရာယ်ကို ရင်ဆိုင်ရချိန်တွင် လုရှင်းယွင်က အတင်းအကျပ် မခုခံတော့ဘဲ ခန္ဓာကိုယ်ကို ရွှေ့လျားလိုက်ရာ ပေပေါင်းများစွာ အနောက်သို့ ဆုတ်ခွာသွားခဲ့သည်။
ဓားအလင်းတန်း ၏ အရှိန်အဝါ ကျရောက်သွားသောအခါ ချန်မိသားစု ၏ အိမ်ခေါင်မိုးများ ချက်ချင်း ပြိုကျ ပျက်စီးသွားခဲ့သည်။
တစ်ချက် တိုက်ခိုက်လိုက်ရုံဖြင့် နေရာရှိ လူတိုင်းကို မှင်တက်သွားစေခဲ့သည်။
မည်သူကမျှ ကျန်းချဲ့ ဓားတစ်ချက် ခုတ်လိုက်သည်နှင့် မွေးရာပါ အလယ်အဆင့် လုရှင်းယွင်ကို အနောက်သို့ ဆုတ်ခွာသွားအောင် လုပ်နိုင်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။
တကယ်ကို မယုံနိုင်စရာ ပင် ဖြစ်သည်။
လုဖျင်ကျိုး၏ မျက်လုံးများ ပြူးကျယ်သွားပြီး ဤမြင်ကွင်းကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေပေသည်။
'မဖြစ်နိုင်ဘူး ကျန်းချဲ့ဆီမှာသာ ဒီလို စွမ်းအားမျိုး ရှိနေရင် စောစောက ငါ့ကို ဒီလောက် အကြာကြီး အချိန်ဆွဲပြီး တိုက်နေမှာ မဟုတ်ဘူး ဒီကောင်က အမြဲတမ်း စွမ်းအားတွေကို ဖုံးကွယ်ထားခဲ့တာများလား ဖြစ်နိုင်တာဆိုလို့ ဒါပဲ ရှိတော့တယ်'
သူ၏ ဘေးတွင် ရပ်နေသော ဟွမ်ရှန်းရှန်း ၏ မျက်လုံးများ လှုပ်ရှားနေပြီး ထူးဆန်းသော အလင်းတန်းများ အဆက်မပြတ် ထွက်ပေါ်နေပေသည်။
ကျန်းချဲ့ မည်မျှပင် အစွမ်းထက်ပါစေ လုရှင်းယွင် ၏ ပြိုင်ဘက် မဖြစ်နိုင်ဟု မူလက သူမ ထင်မှတ်ထားခဲ့သည်။ မည်သို့ပင်ဆိုစေ ဤကဲ့သို့သော အတွေ့အကြုံရှိ အင်အားကြီးသူများက ထိုက်အန်းဒေသ တွင် နာမည်ဂုဏ်သတင်း အလွန် ကြီးမားလှပေသည်။ သို့သော် ရလဒ် ကမူ သူမ ထင်ထားသကဲ့သို့ လုံးဝ မဟုတ်ပေ။
'ဒီလိုဆိုမှတော့ ငါ ကျန်းချဲ့ ဘက်ကို ပါသွားတာကလည်း ထွက်ပေါက် တစ်ခုပဲလေ'
ဝမ်ဖန်ယွင်၏ မျက်မှောင်များ တင်းကျပ်စွာ ကြုတ်သွားပြီး မျက်နှာက လေးနက်နေပေသည်။
'ဒီလောက် အစွမ်းထက်တာလား ဒီလောက်လည်း ငယ်သေးတယ် ကျန်းချဲ့ က ဘာတွေများ စားပြီး ကြီးလာတာလဲ'
အံ့ဩဆုံး သူကတော့ ယန်ယွမ်ချယ် ပင် ဖြစ်သည်။
သူက ဤမြင်ကွင်းကို မယုံကြည်နိုင်သလောက် ပင် ကြည့်နေပေသည်။
ဓားတစ်ချက်တည်းဖြင့် လုရှင်းယွင်ကို အနောက်သို့ ဆုတ်ခွာသွားစေပြီး ဓားသွားကို တိုက်ရိုက် မရင်ဆိုင်ရဲအောင် လုပ်နိုင်ခဲ့သည်။
ဤကဲ့သို့သော မြင်ကွင်းမျိုးကို သူ တွေးပင် မတွေးရဲခဲ့ပေ။
'ဒီလောက် အစွမ်းထက်တဲ့ စွမ်းအား မျိုး ရှိနေမှတော့ ငါ့ကို အတူတူ တိုက်ခိုက်ဖို့ ဆွဲသွင်းနေစရာ လိုသေးလို့လား'
သူ တကယ် နားမလည်နိုင်အောင် ဖြစ်နေပေသည်။
ကျန်းချဲ့၏ ဓားသွားကို ကိုယ်တိုင် ခံစားခဲ့ရသော လုရှင်းယွင် ကမူ မျက်မှောင်များကို တင်းကျပ်စွာ ကြုတ်ထားပြီး ရင်ထဲတွင် ကျန်းချဲ့၏ အခြေအနေ အမှန်ကို မသိမသာ ခန့်မှန်းမိသွားခဲ့သည်။
'ဓားစိတ်ဆန္ဒ သေချာတယ် ဒါ ဓားစိတ်ဆန္ဒ ပဲ ဒါပေမဲ့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ မွေးရာပါ နောက်ဆုံးအဆင့် ရှန်ကွမ်အဆင့် ရောက်နေတဲ့ သူတွေတောင် ဓားစိတ်ဆန္ဒ ကို နားလည်နိုင်မယ်လို့ သေချာ မပြောရဲကြဘူးလေ ကျန်းချဲ့ လို မွေးရာပါ အစပိုင်း အဆင့် ကောင်လေး က နားလည်နေပြီတဲ့လား'
အကယ်၍ သတင်းထွက်သွားပါက ထိုက်အန်းဒေသ တွင် သေချာပေါက် ကြီးမားသော ဂယက် တစ်ခုကို ဖြစ်ပေါ်စေမည် ဖြစ်သည်။
အနည်းဆုံးတော့ သူ၏ မှတ်ဉာဏ်ထဲတွင် ထိုက်အန်းဒေသ ရှိ မျိုးဆက်သစ် လူငယ်များ အနေဖြင့် ကျင်းယွမ်ကျောင်းတော် နှင့် ဖူလုံကျောင်းတော် တို့၏ မျိုးဆက်သစ် ခေါင်းဆောင်များ အပါအဝင် မည်သူကမျှ ဓားစိတ်ဆန္ဒ ကို နားလည်နိုင်ကြောင်း သတင်း မထွက်ပေါ်ခဲ့ဖူးပေ။
'ဒီကောင်လေးရဲ့ ပါရမီ က တကယ်ကို ကြောက်စရာ ကောင်းတာပဲ အကယ်လို့ သူ့ကိုသာ အသက်ရှင်ခွင့် ပေးလိုက်ရင် နောင်ကျရင် လုမိသားစု ရဲ့ အကြီးမားဆုံး ရန်သူ တစ်ယောက် ဖြစ်လာမှာ သေချာတယ်'
လုရှင်းယွင် အနောက်သို့ ဆုတ်ခွာသွားချိန်တွင် ကျန်းချဲ့က တစ်ခဏမျှသာ ရပ်တန့်သွားပြီး ချက်ချင်းပင် မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ ထပ်မံ ရွှေ့လျားကာ သူ့ဆီသို့ တိုက်ခိုက်သွားတော့သည်။
နှေးကွေးသည်ဟု ထင်ရသော်လည်း အမှန်တကယ်တော့ သူတို့ နှစ်ယောက်၏ တိုက်ပွဲ က မျက်စိတစ်မှိတ် အတွင်းမှာပင် ဖြစ်ပွားနေခြင်း ဖြစ်သည်။
"ဟား"
ဓားစိတ်ဆန္ဒ ၏ ထက်မြက်မှု က ကျန်းချဲ့ ကို အလွန် ကျေနပ်စေခဲ့သည်။
'ကြမ္မာသုံးပါး ထိတ်လန့်ဖွယ်သိုင်း က တကယ်ကို ကြောက်စရာ ကောင်းတာပဲ'
သူလည်း ထိုက်ဆန်းမြို့တွင် ခြေကုပ် ယူနိုင်ရန် ယုံကြည်ချက် ရှိသွားခဲ့ပေသည်။
တခြား လူများကို အားမကိုးဘဲ ကိုယ်ပိုင် စွမ်းအားဖြင့် ယုံကြည်ချက် ရှိသွားခြင်း ပင် ဖြစ်သည်။
"ဓားစိတ်ဆန္ဒ ရှိရင်ရော ဘာဖြစ်လဲ ဒီနေ့ ဒီလူအိုကြီး က မင်းကို စွမ်းအား ကွာဟချက် ဆိုတာ ဘာနဲ့မှ အစားထိုးလို့ မရဘူး ဆိုတာ သိစေရမယ်"
လုရှင်းယွင် က ဒေါသတကြီး အော်ဟစ်လိုက်ပြီး လက်နှစ်ဖက် ဖြင့် လက်သင်္ကေတ များ ပြုလုပ်ကာ ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်များ ကို ထပ်မံ ဆွဲငင်လိုက်သည်။
ခြေတစ်လှမ်း လှမ်းလိုက်ရာ စွမ်းအင်များ တုန်ခါသွားခဲ့သည်။
လက်ကို မြှောက်လိုက်သည် နှင့် ကြီးမားသော မွေးရာပါ စွမ်းအင် အကာအကွယ် များ က ကျန်းချဲ့ ဆီသို့ တိုက်ခိုက်သွားတော့သည်။
အင်အားဖြင့် ဖိနှိပ်ခြင်း ပင် ဖြစ်သည်။
လုရှင်းယွင် က သူ၏ နှစ်ပေါင်းများစွာ ကျင့်ကြံလာမှု က ကျန်းချဲ့ ၏ ဓားစိတ်ဆန္ဒ တစ်ခုကို မယှဉ်နိုင်ဘူး ဆိုတာ လုံးဝ မယုံကြည်ပေ။
ကျန်းချဲ့ က သူ ကိုယ်တိုင် အလွန် ထူးဆန်းသော အခြေအနေ တစ်ခု တွင် ရှိနေသည်ဟု ခံစားရပြီး အပြင်ပန်းတွင် ရူးသွပ်နေသကဲ့သို့ ထင်ရသော်လည်း အတွင်းစိတ် က အလွန် ကြည်လင်နေကာ ဓားစွမ်းအင် များ စုစည်းလာသည် နှင့်အမျှ ကိုယ်ပတ်လည်ရှိ အရှိန်အဝါ များ က လျင်မြန်စွာ တက်လာခဲ့သည်။
ဓားတစ်ချက် ခုတ်လိုက်ရာ သွေးပင်လယ် က ဆူပွက်လာခဲ့သည်။
သွေးပင်လယ် တစ်ခု ကဲ့သို့ ကိုယ်ပတ်လည် တွင် လှည့်ပတ်နေပြီး ကျန်းချဲ့ ကို အလွန် ကြီးမားသော စွမ်းအား များကို ပေးစွမ်းနေပေသည်။
ဓားသွား ဦးတည်ရာ အရှေ့ရှိ အရာအားလုံး ပျက်စီးသွားပြီး အားလုံး က သွေးပင်လယ် ဓားစိတ်ဆန္ဒ ၏ ဖိနှိပ်ခြင်း ကို ခံလိုက်ရသည်။
လုရှင်းယွင် ၏ ကြီးမားသည်ဟု ထင်ရသော မွေးရာပါ စွမ်းအင် အကာအကွယ် များ က ကျန်းချဲ့ ၏ ဓားစိတ်ဆန္ဒ ကို လုံးဝ မတားဆီးနိုင်ဘဲ မျက်နှာ က အလွန် ကြည့်ရဆိုးနေကာ စောစောက သူ ကိုယ်တိုင် သွေးပင်လယ် ထဲသို့ ရောက်နေသကဲ့သို့ ပင် ခံစားလိုက်ရသည်။
'ဒါက ဓားစိတ်ဆန္ဒ ရဲ့ ကြောက်စရာ ကောင်းတဲ့ အချက်ပဲလား'
သူ ခံစားမိသွားသော်လည်း လုံးဝ အရှုံးမပေးသေးပေ။
အဘယ်ကြောင့်ဆိုသော် ကျန်းချဲ့၏ ဓားစိတ်ဆန္ဒ က သူ၏ တိုက်ခိုက်မှုများကို ဖျက်ဆီးနိုင်သော်လည်း သူ့ကို အနိုင်ယူနိုင်စွမ်း လုံးဝ မရှိသောကြောင့် ပင် ဖြစ်သည်။
ထို့အပြင် ဓားစိတ်ဆန္ဒ ကို အသုံးပြုခြင်း ကလည်း စိတ်စွမ်းအင် ကို အလွန် အကုန်အကျ များစေမည်မှာ သေချာလှပေသည်။
သူ က သူ၏ မွေးရာပါ အလယ်အဆင့် ကျင့်ကြံမှု ဖြင့် ကျန်းချဲ့ ထက် အချိန် ပိုဆွဲနိုင်မည် မဟုတ်ဘူး ဆိုတာ လုံးဝ မယုံကြည်ပေ။
ချက်ချင်းပင် လက်စွပ် ကို တစ်ချက် ပုတ်လိုက်ရာ အစိမ်းရောင် အလင်းတန်း တစ်ခု ထွက်ပေါ်လာပြီး သုံးလက်မ ခန့် ရှည်လျားသော အစိမ်းရောင် ဝိညာဉ်ဓား တစ်လက် ဖြစ်နေကာ လက်တစ်ဖက် ဖြင့် ကိုင်ပြီး လှုပ်ရှားလိုက်ရာ ထက်မြက်သော အရှိန်အဝါ များ ထွက်ပေါ်လာခဲ့သည်။
သူ က အားကိုးစရာ အချို့ ကို အသုံးပြုရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။
ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။
ဝိညာဉ်ဓား ကို ကိုင်ဆောင်ထားသော လုရှင်းယွင် က နောက်ဆုံးတော့ ကျန်းချဲ့ ၏ ဓားစိတ်ဆန္ဒ ၏ ထက်မြက်မှုကို တားဆီးနိုင်သွားပြီး လှုပ်ရှားမှု အမြန်နှုန်း ကလည်း ကျန်းချဲ့ ထက် အများကြီး သာလွန်ကာ တိုက်ခိုက်မှု များ နှင့်အတူ အသာစီး ကို တည်ငြိမ်စွာ ရယူနိုင်ခဲ့သည်။
သို့သော် အသာစီး ရနေသော်လည်း တစ်ဖက်လူ၏ ဓားစိတ်ဆန္ဒ ကို မဖျက်ဆီးနိုင်သရွေ့ ကျန်းချဲ့ ကို အနိုင်ယူရန် ခက်ခဲနေမည် ဖြစ်သည်။
ရွှေရောင် နှင့် အစိမ်းရောင် အလင်းတန်း နှစ်ခု က ချန်မိသားစု ခြံဝင်း အထက်တွင် တောက်ပနေပြီး ထွက်ပေါ်လာသော ဓားအလင်းတန်း နှင့် ဓားစွမ်းအင် များ က မြေကြီး ပေါ်သို့ ကျရောက်သွားပါက ကြီးမားသော အမာရွတ် များကို ဖြစ်ပေါ်စေပြီး ရှောင်တိမ်းရန် အချိန် မမီသော ကံဆိုးသူ အချို့ လည်း အကြွင်းအကျန် စွမ်းအင် များ ကြောင့် သေဆုံးသွားခဲ့ရသည်။
ကျန်းချဲ့ နှင့် လုရှင်းယွင် တို့ က တကယ်ကို အသေအလဲ တိုက်ခိုက်နေကြပြီ ဖြစ်သည်။
နှစ်ဖက်စလုံး က ရပ်တန့်မည့် အရိပ်အယောင် လုံးဝ မရှိကြပေ။
အောက်ဘက်တွင် ကြည့်ရှုနေသော လူများ က တအံ့တဩ ဖြစ်နေကြသည်။
ဤသည်မှာ တကယ့်ကို မွေးရာပါ ယွမ်ဟိုင်အဆင့် သိုင်းသမား များ၏ တိုက်ပွဲ ပင် ဖြစ်ပြီး ကျန်းချဲ့ က သူ ဖန်တီးထားသော ဓားစိတ်ဆန္ဒ ကို အားကိုးကာ အဆင့်ကျော် တိုက်ခိုက်နေသော်လည်း အရေးနိမ့်မည့် အရိပ်အယောင် များ လုံးဝ မပေါ်လာပေ။
"ဒီ ကျန်းချဲ့ က ဒီလောက်တောင် အစွမ်းထက်တာ လုရှင်းယွင် နဲ့ ရင်ဆိုင်ရတာတောင် မရှုံးဘူး"
ကျန်းဟိုင်ဂိုဏ်း၊ ဝမ်ရှိုးခြံဝင်း နှင့် ယောင်ဝမ်တောင်ကြား မှ မွေးရာပါအဆင့် သိုင်းသမား အချို့ က စုပေါင်းပြီး ဆွေးနွေးနေကြပေသည်။
"ရှန်ကွမ်အဆင့် သိုင်းသမား က ဝင်မပါဘူး ဆိုရင် သာမန် လူတွေ က ဒီလူကို အလွယ်တကူ အနိုင်ယူနိုင်မှာ မဟုတ်ဘူး လို့ ထင်တယ်"
"ဒီ ကျန်းချဲ့ က မွေးရာပါ အစပိုင်း အဆင့် ပဲ ရှိသေးတယ် လို့ ကြားတယ် ဘယ်လိုလုပ်ပြီး စွမ်းအား တွေ က ဒီလောက်တောင် အစွမ်းထက်နေတာလဲ လုရှင်းယွင် တောင် သူ့ရဲ့ ဓားအရှိန် ကို တိုက်ရိုက် မရင်ဆိုင်ရဲဘူး ဆိုတော့"
"ဒီလူ က ဓားစိတ်ဆန္ဒ ကို နားလည် သဘောပေါက်သွားပြီ လို့ ကျုပ် ထင်တယ်"
ကျန်းဟိုင်ဂိုဏ်း မှ မွေးရာပါအဆင့် သိုင်းသမား က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"ဓားစိတ်ဆန္ဒ"
ပတ်ဝန်းကျင်ရှိ လူများ အားလုံး က အံ့ဩ သံသယ ဖြစ်သွားကြပြီး အချင်းချင်း ကြည့်လိုက်ကြသည်။
"အစ်ကိုယွဲ့ ခင်ဗျား အမြင် မမှားဘူး မဟုတ်လား"
လူအချို့ က မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။
"ဒီလို ဖြစ်နိုင်ခြေ ပဲ ရှိတော့တယ် မဟုတ်ရင် ကျန်းချဲ့ က ဘာကို အားကိုးပြီး လုရှင်းယွင် နဲ့ မရှုံးအောင် တိုက်ခိုက်နေနိုင်မှာလဲ"
"သူ က အသက် နှစ်ဆယ် ကျော်လေး ပဲ ရှိသေးတာ မဟုတ်လား"
"သိရသလောက်တော့ အခုမှ အသက် နှစ်ဆယ် ပြည့်ခါစ ပဲ"
"အသက် နှစ်ဆယ် နဲ့ ဓားစိတ်ဆန္ဒ ကို နားလည်နိုင်တယ် ဆိုတော့ ဒီလောက် ပါရမီ မျိုး က အစိုးရ အဖွဲ့ထဲမှာ နေတာ တကယ်ကို နှမြောစရာ ကောင်းတယ်"
"ဟုတ်တယ် အကယ်လို့ အဖွဲ့အစည်း တစ်ခုခု ကသာ ထောက်ပံ့ပေးမယ် ဆိုရင် နောင်ကျရင် မွေးရာပါအဆင့် အထက် ကို ရောက်ဖို့ ဆိုတာ မျှော်လင့်ချက် မရှိတာ မဟုတ်ဘူး"
"မပြောပါနဲ့တော့ သူတို့ နှစ်ယောက် တိုက်ခိုက်နေတဲ့ အခြေအနေ ကို အရင် ကြည့်ကြတာပေါ့"
"မင်းတို့ ရဲ့ တပ်မှူးကြီးကျန်း က ဘယ်တုန်းက ဓားစိတ်ဆန္ဒ ကို နားလည်သွားတာလဲ"
ယန်ယွမ်ချယ် က ကန်းတာပြောင် ကို ကြည့်ကာ မေးလိုက်သည်။
'အကယ်လို့ မွေးရာပါအဆင့် ကို မရောက်ခင် ကတည်းက နားလည်ခဲ့တာ ဆိုရင်တော့ ဒါက အရမ်းကို ကြောက်စရာ ကောင်းလွန်းနေပြီ'
"ဘာကို ဓားစိတ်ဆန္ဒ လို့ ခေါ်တာလဲ"
ကန်းတာပြောင် က ခေါင်းကို ကုတ်လိုက်ပြီး ယန်ယွမ်ချယ် ၏ စကားကို နားမလည်ပေ။
ယန်ယွမ်ချယ် က သူ့ကို တစ်ချက် ကြည့်လိုက်ပြီး ဘာမှ ထပ်မမေးတော့ဘဲ လေဟာနယ် ထဲမှ တိုက်ပွဲ ကိုသာ ဆက်လက် အာရုံစိုက်နေလိုက်သည်။
ပေါက်ကွဲသံများ ထပ်မံ ထွက်ပေါ်လာခဲ့သည်။
တိုက်ပွဲ က ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပြီး နာရီဝက် ခန့် အချိန်တို အတွင်း နှစ်ဖက်စလုံး က အကြိမ် ရာပေါင်းများစွာ တိုက်ခိုက်ခဲ့ကြပြီး ကျန်းချဲ့ က နှလုံးသား ကွဲထွက်မတတ် ခံစားနေရကာ ခေါင်းများ မူးဝေနေပြီး ဓားစိတ်ဆန္ဒ က အစွမ်းထက်သော်လည်း စွမ်းအင် အကုန်အကျ ကလည်း အလွန် ကြီးမားလှပေသည်။
သူ၏ ဒန်ထျန်း အတွင်းရှိ မွေးရာပါ စွမ်းအင် များ ကလည်း တစ်ဝက်ကျော် ကုန်ခမ်းနေပြီ ဖြစ်သည်။
အတွေးများ လှည့်ပတ်သွားပြီးနောက် ကျန်းချဲ့ က ချက်ချင်း နောက်ဆုတ်လိုက်ပြီး အရင်ကလို အားကုန် မတိုက်ခိုက်တော့ပေ။
ယခင်က တိုက်ခိုက်မှု မှ တဖြည်းဖြည်း ခုခံမှု အဖြစ် ပြောင်းလဲသွားခဲ့သည်။
ကျင့်ကြံမှု စွမ်းအား က တကယ်ကို အများကြီး ကွာဟလွန်းလှပေသည်။
တစ်ခု က မွေးရာပါ စွမ်းအင် ဖြစ်ပြီး နောက်တစ်ခု က မွေးရာပါ ယွမ်စွမ်းအင် ဖြစ်ကာ တစ်ဖက်လူ ၏ စွမ်းအင် က သူ၏ အဆပေါင်းများစွာ ပိုများနေပေသည်။
ဆက်ပြီး အချိန်ဆွဲ တိုက်ခိုက်နေပါက တစ်ဖက်လူ က ဘာမှ ဖြစ်မည် မဟုတ်သော်လည်း သူ က တောင့်ခံနိုင်မည် မဟုတ်ပေ။
ကျန်းချဲ့ ၏ ခုခံမှု ပြောင်းလဲသွားသည် နှင့် တပြိုင်နက် လုရှင်းယွင် က ချက်ချင်း သက်ပြင်းချလိုက်မိသည်။
'ငါ့ ရည်ရွယ်ချက် တွေ သဲထဲရေသွန် ဖြစ်သွားပြီ ကျန်းချဲ့ က အရူး မဟုတ်ဘူး ငါ တမင် အချိန်ဆွဲနေတာကို သူ ရိပ်မိသွားတယ် ဒီလိုသာ ဆိုရင် ငါ က သူ့ကို အချိန်တို အတွင်း အနိုင်ယူနိုင်မှာ မဟုတ်တော့ဘူး ဆက်ပြီး အချိန်ဆွဲ တိုက်နေရင်လည်း ဘယ်လောက် ကြာကြာ အချိန်ဆွဲရဦးမလဲ မသိနိုင်တော့ဘူး'
ပြင်းထန်သော ပေါက်ကွဲသံ တစ်သံ နှင့်အတူ အပူလှိုင်း တစ်ခု က ပတ်ဝန်းကျင် သို့ ပျံ့နှံ့သွားပြီး နှစ်ဖက်စလုံး လည်း ပေနှစ်ဆယ် ကျော် အကွာအဝေး ကို ဆုတ်ခွာသွားကြကာ အခြေအနေ လည်း ဤအချိန်တွင် တင်းကျပ်သွားခဲ့သည်။
အစိမ်းရောင် ဝိညာဉ်ဓား က လုရှင်းယွင် ၏ ဘေးပတ်လည် တွင် လှည့်ပတ်နေပြီး သူ က လက်နောက်ပစ်ကာ လေးနက်သော မျက်နှာထား ဖြင့် ရပ်နေပေသည်။
ကျန်းချဲ့ က လက်တစ်ဖက် ဖြင့် ဓားကို ကိုင်ကာ လုံးဝ မကြောက်ရွံ့ဘဲ လုရှင်းယွင် ကို တည့်တည့် ကြည့်နေပေသည်။
"ဓားစိတ်ဆန္ဒ ကျန်းချဲ့ မင်း က ဒီလူအိုကြီး ကို ကြီးမားတဲ့ အံ့ဩစရာ တစ်ခု ပေးလိုက်တာပဲ"
တင်းကျပ်နေသော အခြေအနေ ကို ဖြိုခွဲလိုက်သူ က လုရှင်းယွင် ပင် ဖြစ်သည်။
"ဒါမှ အံ့ဩစရာ လို့ ခေါ်တာ မဟုတ်ဘူးလား"
ကျန်းချဲ့ က ပြုံးလိုက်သည်။
ယခုအချိန်တွင် သူ က အားကုန်နေပြီ ဆိုသည်ကို လုံးဝ မသိသာပေ။
"ရပ်ကြရအောင် ဒီနေ့ ကိစ္စ ကို ဒီလောက်နဲ့ပဲ ထားလိုက်ကြတာပေါ့ ဘယ်လိုလဲ"
လုရှင်းယွင် က လေးနက်သော အသံဖြင့် ပြောလိုက်သည်။
ကျန်းချဲ့ ကို အနိုင်မယူနိုင်ပါက ယနေ့ လုမိသားစု ၏ မျက်နှာ က ပျက်သွားပြီ ဖြစ်ရာ ဆက်လက် အချိန်ဆွဲနေရန် လည်း အဓိပ္ပာယ် မရှိတော့ပေ။
ထို့အပြင် သူ က ဤမျှ များပြားသော လူများ ၏ အရှေ့တွင် ကျန်းချဲ့ ကို သတ်ဖြတ်ရန် လည်း မဖြစ်နိုင်ပေ။ မဟုတ်ပါက လုမိသားစု က လက်နက်ကိုင် စစ်တပ်စခန်း ၏ ဒေါသ ကို ရင်ဆိုင်ရမည် ဖြစ်သည်။
အခြား အဖွဲ့အစည်း များ က အတူတကွ ကူညီခြင်း မရှိပါက လုမိသားစု တစ်ခုတည်း ဖြင့် အစိုးရ ကို လုံးဝ ယှဉ်နိုင်မည် မဟုတ်ပေ။
"တိုက်ချင်တဲ့ အချိန် တိုက်ပြီး ထွက်သွားချင်တဲ့ အချိန် ထွက်သွားဖို့ လုရှင်းယွင် ခင်ဗျား က အရမ်း အကောင်းမြင်လွန်းနေပြီ"
ကျန်းချဲ့သည် ပိုမို အားနည်းလာလေ ပိုမို ဆုတ်ခွာမည့် အရိပ်အယောင် မပြသဘဲ အမြဲတမ်း ရန်လိုနေလေ ပင် ဖြစ်သည်။
"ဒါဆို မင်း ဘယ်လို လုပ်ချင်လဲ မင်း ဆီမှာ ဓားစိတ်ဆန္ဒ ရှိရင်တောင်မှ ငါ့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး"
ဤသည်မှာ လုရှင်းယွင် ၏ ယုံကြည်ချက် ပင် ဖြစ်သည်။
ဆယ်စုနှစ်ပေါင်းများစွာ စုဆောင်းလာခဲ့သော အရာများကို ကျန်းချဲ့ က အလွယ်တကူ မမီနိုင်ပေ။ အကယ်၍ တစ်ဖက်လူ၏ ကျင့်ကြံမှု က အဓိက သွေးကြောပေါက် ကိုးခု လုံး ကို ဖွင့်လှစ်နိုင်မှသာ ထိုအချိန်ကျလျှင် သူ က ရှုံးနိမ့်ရန် လမ်း တစ်လမ်းတည်းသာ ရှိတော့မည် ဖြစ်သည်။
"ယွမ်ပုံဆောင်ခဲ ငါးခု ကို လျော်ကြေး အနေနဲ့ ထားခဲ့"
"မင်း အိပ်မက် မက်နေလိုက် ဒီလူအိုကြီး က မင်းကို မသတ်နိုင်ဘူး လို့ တကယ် ထင်နေတာလား"
လုရှင်းယွင်၏ မျက်လုံးများ မည်းမှောင်သွားပြီး ကျန်းချဲ့က အခြေအနေကို ကောင်းစွာ နားမလည်ဟု သူ ခံစားလိုက်ရပေသည်။
'အခု ငါ က ရှုံးနေတာလား တကယ်တမ်း စွမ်းအား အရ ကြည့်ရင် ကျန်းချဲ့ က ငါ့ကို မယှဉ်နိုင်ပါဘူး အချိန်တို အတွင်း အနိုင်မယူနိုင်လို့သာ ပြေငြိမ်းဖို့ ပြောရတာ'
"ဒါဆို ဒီနေရာမှာ ကျုပ် တစ်ယောက်တည်း ရှိတယ် လို့ ခင်ဗျား ထင်နေတာလား ခင်ဗျားကို ပြောပြမယ် ဒါက ထောင်ချောက် တစ်ခုပဲ တပ်မှူးချုပ်ချီ လည်း လာနေပြီ"
"မင်း ငါ့ကို လှည့်စားချင်နေတာလား"
"ယုံတာ မယုံတာ ခင်ဗျား သဘောပဲ ဒီနှစ်တွေ အတွင်းမှာ ခင်ဗျားတို့ သိုင်းလောက အဖွဲ့အစည်း တွေ အလုပ်လုပ်တာ အရမ်း လွန်ကဲလွန်းတယ် အစိုးရ ရဲ့ အောက်ခြေစည်း ကို ကျော်လွန်နေတာ ကြာပြီ အထက်လူကြီး တွေ က တခြား လူတွေ မလုပ်ရဲအောင် အဖွဲ့အစည်း တစ်ခုကို အမြစ်ပြတ် ရှင်းပစ်ဖို့ ရည်ရွယ်ထားတာ ကြာပြီ ကျုပ် ယုံတယ် တခြား အဖွဲ့အစည်း တွေ ကလည်း အကျိုးအမြတ် ခွဲဝေတဲ့ နေရာမှာ အဖွဲ့အစည်း တစ်ခု လျော့သွားတာကို သဘောကျကြမှာပဲ ပြီးတော့ ခင်ဗျားတို့ မိသားစု ရဲ့ ဘိုးဘေး က အခု ထိုက်အန်းဒေသ မှာ မရှိဘူး မဟုတ်လား"
ကျန်းချဲ့ က အေးစက်စက် ပြုံးလိုက်ပြီး စကားလုံး တိုင်း က ထိမိနေပေသည်။
ဤအရာများ က ယခင်က ချီဆန်းကျား က သူ့ကို ပြောပြခဲ့သော ထိုက်ဆန်းမြို့ ပတ်ဝန်းကျင် ၏ အခြေအနေ များ ပင် ဖြစ်ပြီး မူလ ရည်ရွယ်ချက် မှာ သူ့ကို အခြေအနေ နားလည်စေရန် နှင့် အရေးမကြီးဘဲ အလောတကြီး မလုပ်ဆောင်ရန် ဖြစ်သော်လည်း ယခုအခါ ထိုအရာများ က သူ့အတွက် အားကိုးစရာ ဖြစ်လာခဲ့ပြီ ဖြစ်သည်။