← Chapters

အခန်း ၁၁၇

Vol. 12 Ch. 117

အခန်း ၁၁၇

Vol. 12 Ch. 117

အခန်း (၁၁၇) ခရိုင်မြို့တော် တစ်ခုလုံး တုန်လှုပ်သွားခြင်း

ကျန်းချဲ့က အမှန်တရား တစ်ခုကို နားလည်ထားပေသည်။

ဤလောကကြီးတွင် ထာဝရ မဟာမိတ် ဆိုသည်မှာ မရှိဘဲ ထာဝရ အကျိုးအမြတ်သာ ရှိသည် ဆိုသည့် အချက်ပင် ဖြစ်သည်။

ထိုက်အန်းဒေသရှိ သိုင်းလောက အဖွဲ့အစည်းများ အုပ်စုဖွဲ့နေကြခြင်းမှာ အစိုးရ၏ ဖိနှိပ်မှုကို ဆန့်ကျင်ရန်နှင့် ၎င်းတို့၏ ပြောရေးဆိုခွင့်နှင့် အကျိုးအမြတ်များကို ရယူရန် အတွက်သာ ဖြစ်ပေသည်။

သို့သော် ဤသည်မှာ သူတို့ အဖွဲ့အစည်းများ ကြားတွင် ပွတ်တိုက်မှုများ မရှိဟု ဆိုလိုခြင်း မဟုတ်ပေ။

အုပ်စုကွဲ ပြဿနာများ၊ ကျင့်စဉ် လမ်းကြောင်း ပြဿနာများ၊ အကျိုးအမြတ် ပြဿနာများ။

ဤအရာများက အရာအားလုံးကို အမြဲတမ်း လွှမ်းမိုးထားပေသည်။

အပြင်ပန်းတွင် သူတို့က အတူတကွ ပူးပေါင်း ဆောင်ရွက်နေကြသည်ဟု ထင်ရသော်လည်း အမှန်တကယ်တော့ လျှို့ဝှက်စွာ အချင်းချင်း တိုက်ခိုက်နေကြခြင်း ပင် ဖြစ်သည်။

တစ်ခုချင်းစီကို ဖြိုခွဲပြီး အချင်းချင်း ပူးပေါင်း တိုက်ခိုက်စေမည် ဆိုပါက သူတို့၏ မဟာမိတ် အဖွဲ့ကို တဖြည်းဖြည်း ဖြိုခွဲနိုင်မည် ဖြစ်သည်။

သေချာသည်မှာ ဤကိစ္စကို နားလည်သူ များပြားသော်လည်း တကယ် လက်တွေ့ လုပ်ဆောင်နိုင်သူနှင့် လုပ်ဆောင်လိုသူ ကတော့ အလွန် နည်းပါးလှပေသည်။

ယန်ယွမ်ချယ် စိုးရိမ်ခဲ့သကဲ့သို့ပင် သူက ပြဿနာ အကြီးကြီး ဖြစ်လာမည်ကို ကြောက်ရွံ့သဖြင့် အကြီးအကျယ် ဖြိုခွဲရန် မဝံ့မရဲ ဖြစ်နေခဲ့သော်လည်း ကျန်းချဲ့ကတော့ ဤအရာများကို လုံးဝ ဂရုမစိုက်ဘဲ အကျိုးအမြတ်ကိုသာ လိုချင်ပေသည်။

အကယ်၍ လုမိသားစုသာ ကျဆင်းသွားပါက သူတို့ ထိန်းချုပ်ထားသော အကျိုးအမြတ်များက အခြား အဖွဲ့အစည်းများထံသို့ ရောက်ရှိသွားမည် ဖြစ်သည်။

အကယ်၍ အစိုးရသာ အင်အားသုံး ဝင်ရောက် စွက်ဖက်ပြီး အခြား အကြောင်းရင်းများ ကလည်း တွန်းအားပေးမည် ဆိုပါက အခြား အဖွဲ့အစည်းများက တကယ်ပဲ လက်ပိုက်ကြည့်နေနိုင်ချေ ရှိပေသည်။

ဤအမှန်တရားကို ကျန်းချဲ့ ကောင်းစွာ နားလည်သလို လုရှင်းယွင် လည်း နားလည်မည်ဟု သူ ယုံကြည်ပေသည်။

အရေးအကြီးဆုံး အချက်မှာ ယခုအခါ လုမိသားစု၏ တကယ့် အာဏာရှင် ဖြစ်သော ရှန်ကွမ်အဆင့် ဘိုးဘေးက ထိုက်အန်းဒေသတွင် မရှိကြောင်း သူ ကောင်းစွာ သိရှိထားသဖြင့် လုရှင်းယွင်က အစိုးရနှင့် တကယ်တမ်း သေရေးရှင်ရေး တိုက်ခိုက်ရဲမည် မဟုတ်ကြောင်း သေချာနေပေသည်။

သူ့တွင် အခြား အဖွဲ့အစည်းများကို ပူးပေါင်းရန် ဆွဲဆောင်နိုင်စွမ်း လည်း မရှိပေ။

ဤအကြောင်းရင်းများကို ကောင်းစွာ နားလည်ထားသောကြောင့်သာ ကျန်းချဲ့က ကိုယ်တိုင် အားနည်းနေချိန်တွင်ပင် ဆက်လက် တောင့်ခံထားပြီး တစ်ဖက်လူကို အကျိုးအမြတ် အချို့ ချန်ထားခဲ့ရန် တောင်းဆိုရဲခြင်း ပင် ဖြစ်သည်။

သူ၏ ရည်ရွယ်ချက်မှာ ပထမ အချက် အနေဖြင့် လုရှင်းယွင်ကို သူ၏ အခြေအနေ အမှန်ကို မသိစေရန် ဖြစ်ပြီး ဒုတိယ အချက် အနေဖြင့် လုရှင်းယွင်သာ အလျှော့ပေးလိုက်ပါက သူ၏ ထိုက်ဆန်းမြို့တွင် ပထမဆုံး အကြိမ် အစွမ်းပြမှုက အလွန် အောင်မြင်သွားမည် ဖြစ်သည်။

ထိုက်အန်းဒေသ တစ်ခုလုံး တုန်လှုပ်သွားမည်မှာ သေချာလှပေသည်။

ယွမ်ပုံဆောင်ခဲ ငါးခုက ယခု လက်ရှိ သူ့အတွက် ကြီးမားသော အရင်းအမြစ် မဟုတ်သလို ကြီးမားသော လုမိသားစု အတွက်လည်း မပြောပလောက်သော ပမာဏ သာ ဖြစ်သော်လည်း သူ လိုချင်သည်မှာ နာမည်ဂုဏ်သတင်းသာ ဖြစ်ပေသည်။

ကျန်းချဲ့၏ စကားများက လုရှင်းယွင်၏ နားထဲသို့ ရောက်ရှိသွားသောအခါ သူ၏ မျက်နှာက အနည်းငယ် မည်းမှောင်သွားခဲ့သည်။

သူက ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်ပြီး ရင်ထဲတွင် အနည်းငယ် တွန့်ဆုတ်နေပေသည်။

အဘယ်ကြောင့်ဆိုသော် ကျန်းချဲ့၏ စကားတိုင်းက အမှန်တရား ပင် ဖြစ်နေသောကြောင့် ပင် ဖြစ်သည်။

လုမိသားစု၏ ဘိုးဘေးက အခြား ဒေသများသို့ ခရီးထွက်သွားသည်မှာ နှစ်အတော်ကြာပြီ ဖြစ်ပြီး မကြာခဏ သတင်းများ ပြန်လည် ပေးပို့လေ့ ရှိသဖြင့် အသက်ရှင်လျက် ရှိနေသေးကြောင်း သေချာသော်လည်း အနည်းဆုံး ယခု လောလောဆယ်တွင် ပြန်လာရန် မဖြစ်နိုင်သေးပေ။

အကယ်၍ ကျန်းချဲ့တွင် အခြား ထောင်ချောက်များ ရှိနေပြီး အစိုးရက လုမိသားစုကို တကယ် အမြစ်ပြတ် ရှင်းလင်းမည် ဆိုပါက အလွန် အန္တရာယ် များလှပေသည်။

သူက မလောင်းရဲသလို လောင်းဖို့လည်း သတ္တိ မရှိပေ။

"မင်း တကယ် ရက်စက်တာပဲ"

လုရှင်းယွင်က လေကို ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး နောက်ဆုံးတွင်တော့ အလျှော့ပေးရန် ဆုံးဖြတ်လိုက်ကာ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ယွမ်ပုံဆောင်ခဲ ငါးခုက ကြယ်ပျံ တစ်ခုကဲ့သို့ ကျန်းချဲ့၏ လက်ထဲသို့ ကျရောက်သွားပြီးနောက် အေးစက်စက် နှာမှုတ်ကာ လေဟာနယ် ထဲမှ အောက်သို့ ဆင်းသက်သွားခဲ့သည်။

ဤမြင်ကွင်းကို အောက်ဘက်ရှိ လူများလည်း အလွန် ရှင်းလင်းစွာ မြင်တွေ့လိုက်ကြသည်။

အနိုင်ရလိုက်ခြင်းလော။

မနိုင်ခဲ့ဟု ထင်ရသော်လည်း။

ရလဒ်ကမူ လုရှင်းယွင်ကို အလျှော့ပေးသွားအောင် လုပ်နိုင်ခဲ့သဖြင့် ဤမျှနှင့်ပင် လုံလောက်နေပြီ ဖြစ်ပေသည်။

ယခုအချိန်တွင် ယန်ယွမ်ချယ်က ကျန်းချဲ့အပေါ် အလွန် လေးစားသွားခဲ့ပြီ ဖြစ်သည်။

ကျန်းချဲ့က ငယ်ငယ်ရွယ်ရွယ်နှင့် ဓားစိတ်ဆန္ဒကို နားလည် သဘောပေါက်ပြီး စွမ်းအားက သူ့ထက် အများကြီး သာလွန်ရုံသာမက ထိပ်တန်း အဖွဲ့အစည်း ခြောက်ခု ထဲမှ တစ်ခု ဖြစ်သော ယွီတောင် လုမိသားစုကိုပါ အလျှော့ပေးသွားအောင် လုပ်နိုင်ခဲ့သောကြောင့် ပင် ဖြစ်သည်။

ဤသည်မှာ ယခင် ထိုက်ဆန်း စောင့်ကြပ်ရေး တပ်မှူးကြီး အဆက်ဆက် မလုပ်နိုင်ခဲ့သော ကိစ္စများ ပင် ဖြစ်သည်။

ရလဒ်မှာမူ ကျန်းချဲ့လို လူငယ် တစ်ယောက်က လုပ်ပြနိုင်ခဲ့ခြင်းပင် ဖြစ်သည်။

လေးစားမှုမှလွဲ၍ ယန်ယွမ်ချယ်၏ ရင်ထဲတွင် အခြား မည်သည့် အတွေးမျှ မရှိတော့ပေ။

"အဖေ"

ယခုအချိန်တွင် လုဖျင်ကျိုးက အလွန် ရှက်ရွံ့နေပြီး ဖခင် ဖြစ်သူ၏ ဒေါသထွက်နေသော မျက်နှာကိုပင် ခေါင်းမော့ မကြည့်ရဲပေ။

သူ့ကြောင့် လုမိသားစု၏ မျက်နှာက လုံးဝ ပျက်စီးသွားခဲ့ရသည်။

သူ့ကြောင့် ဖခင် ဖြစ်သူပင် ကျန်းချဲ့၏ လက်ထဲတွင် အလျှော့ပေးလိုက်ရသည်။

ထိပ်တန်း မွေးရာပါအဆင့် အဖွဲ့အစည်း ခြောက်ခု ထဲမှ တစ်ခု ဆိုသည့် နာမည်က နောင်တွင် လူများ ရယ်စရာ ဖြစ်သွားတော့မည် ဖြစ်သည်။

သူ မည်သို့ မျက်နှာပြရမည်နည်း။

လုရှင်းယွင်က မြေကြီးပေါ်သို့ ဆင်းသက်လာပြီး မျက်နှာက လေးနက်နေကာ ဟွမ်ရှန်းရှန်းကို ကြည့်ပြီး ပြောလိုက်သည်။

"အသင့်တော်ဆုံး မွေးရာပါ ဝိညာဉ်စွမ်းအင်ကို ရှာတွေ့ထားပြီ မင်း အဆင့်တက်ပြီးတာနဲ့ ဖျင်ကျိုးနဲ့ မင်္ဂလာဆောင်တော့"

"ဟုတ်ကဲ့"

ဟွမ်ရှန်းရှန်းက ခေါင်းငုံ့ကာ ပြန်ဖြေလိုက်သည်။

လုရှင်းယွင်က အပြစ်မတင်သော်လည်း လုဖျင်ကျိုး၏ ရင်ထဲတွင် ပို၍ပင် ခံစားရ ခက်နေပေသည်။

"အဖေ သား"

"တချို့ စကားတွေက ဒီနေရာမှာ ပြောဖို့ မသင့်တော်ဘူး အိမ်ပြန်ကြမယ်"

ဤမျှ များပြားသော လူများ၏ အရှေ့တွင် လုဖျင်ကျိုးကို ဆူပူ ကြိမ်းမောင်းနေပါက လုမိသားစု၏ မျက်နှာကို ပို၍ပင် ပျက်စီးသွားစေမည် ဖြစ်ပြီး နောက်ဆုံး ကျန်ရှိနေသော သိက္ခာလေးပင် ပျောက်ကွယ်သွားမည် ဖြစ်ရာ စကားပြောပြီးနောက် သူက ကျန်းချဲ့ကို လှည့်ကြည့်ကာ လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"ချန်မိသားစုက မကောင်းမှုတွေ အများကြီး လုပ်ခဲ့လို့ သေသင့်ပါတယ် တပ်မှူးကြီးကျန်းရဲ့ စွမ်းအားတွေကိုလည်း ဒီလူအိုကြီး လေးစားပါတယ် ဒီနေ့တော့ ဒီလောက်နဲ့ပဲ ထားလိုက်ကြတာပေါ့ နောက်အခွင့်အရေး ရရင် တပ်မှူးကြီးကျန်းရဲ့ အစွမ်းတွေကို ထပ်ပြီး စမ်းကြည့်ရသေးတာပေါ့"

"ကောင်းပြီလေ ကျုပ်က အချိန်မရွေး စောင့်နေပါ့မယ်"

တိုတိုတုတ်တုတ် ပြောပြီးနောက်။

လုရှင်းယွင်က လှည့်ထွက်သွားပြီး လုံးဝ တွန့်ဆုတ်မနေပေ။

"ရှန်းရှန်း ငါ ရှိတယ်နော် မကြောက်ပါနဲ့"

လုဖျင်ကျိုးက ယခု အချိန်တွင် သူ၏ အခြေအနေ မကောင်းသည်ကို ဟွမ်ရှန်းရှန်း မသိစေရန် အတင်းအကျပ် အပြုံးတစ်ခု ဖန်တီးလိုက်သည်။

ဟွမ်ရှန်းရှန်းကမူ သူ့ကို လုံးဝ မကြည့်ပေ။

သာမန် အတိုင်းသာ ပြန်ဖြေလိုက်ပြီး မျက်လုံးများကမူ ကျန်းချဲ့ထံတွင်သာ ရောက်ရှိနေပေသည်။

သွေးပင်လယ်၏ အရိပ်မည်း၊ လုရှင်းယွင်ကို အလျှော့ပေးသွားအောင် လုပ်နိုင်ခြင်း၊ တိုက်ပွဲ တစ်ပွဲတည်းနှင့် ထိုက်အန်းဒေသကို တုန်လှုပ်သွားစေခြင်း။

အကြောင်းရင်း အမျိုးမျိုး ပေါင်းစပ်သွားပြီးနောက် မည်သို့ ဖြစ်သွားမှန်း မသိဘဲ သူမ၏ ခေါင်းထဲတွင် ယခင်က ကျန်းချဲ့နှင့် အပြန်အလှန် စကားများခဲ့သော မြင်ကွင်းများက ရုတ်တရက် ပေါ်လာခဲ့သည်။

စွမ်းအား ကြီးမားသည်။

အေးစက်သည်။

တည်ငြိမ်သည်။

ကျန်းချဲ့၏ မျက်နှာက သူမ၏ ခေါင်းထဲတွင် အလွန် နက်ရှိုင်းစွာ စွဲထင်သွားခဲ့ပြီ ဖြစ်သည်။

"သွားကြစို့ ဦးလေးလုကို အကြာကြီး စောင့်နေရအောင် မလုပ်နဲ့"

"ကောင်းပြီ"

လုရှင်းယွင်၏ အလျှော့ပေးမှုနှင့် လုမိသားစုဝင်များ ထွက်ခွာသွားမှုနှင့်အတူ ချန်မိသားစုကို အမြစ်ပြတ် ရှင်းလင်းသည့် တိုက်ပွဲ လည်း ပြီးဆုံးသွားခဲ့သည်။

လက်ဆောင် ပေးပြီးနောက် ပတ်ဝန်းကျင်ရှိ သိုင်းလောက သမားများ ကလည်း ထွက်ခွာသွားကြပြီး ယနေ့ ဖြစ်ပျက်ခဲ့သော ကိစ္စများကို အဆက်မပြတ် ဆွေးနွေးနေကြပေသည်။

ယနေ့ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက ထိုက်အန်းဒေသ တစ်ခုလုံးကို လျှင်မြန်စွာ ပျံ့နှံ့သွားမည်မှာ သေချာလှပေသည်။

ထိုက်ဆန်းမြို့တွင် တကယ့်ကို အင်အားကြီးမားသော ပုဂ္ဂိုလ် တစ်ယောက် ရောက်ရှိလာပြီ ဖြစ်ပုံ ရပေသည်။

ကျန်းဟိုင်ဂိုဏ်းနှင့် ယောင်ဝမ်တောင်ကြားမှ မွေးရာပါအဆင့် သိုင်းသမားများ ကလည်း ကျန်းချဲ့ကို လက်ဝါးချင်းယှက် အရိုအသေပေးပြီးနောက် လျင်မြန်စွာ ထွက်ခွာသွားကြသည်။

ဝမ်ဖန်ယွင် တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့ပြီး ကျန်းချဲ့ကို ပြုံးလျက် လက်ဝါးချင်းယှက်ကာ ပြောလိုက်သည်။

"တပ်မှူးကြီးကျန်း ဒီနေ့ တိုက်ပွဲကို ဖန်ယွင် တကယ် လေးစားမိပါတယ်"

"ခြံဝင်း သခင်လေးက ယဉ်ကျေးနေပါပြီ"

ကျန်းချဲ့က ပြုံးလိုက်သည်။

"တပ်မှူးကြီးက အခုမှ အသက် နှစ်ဆယ် ပြည့်ခါစပဲ ရှိသေးတယ်လို့ ကြားတယ်"

"အသက် နှစ်ဆယ် ကျော်ပါပြီ ကောလာဟလတွေကို အကုန် ယုံလို့ မရပါဘူး"

ကျန်းချဲ့က တစ်ခြားသူများ အလွန်အမင်း သတိထားမိလာမည်ကို ကာကွယ်ရန် အတွက် သူ၏ ထူးခြားသော ပါရမီကို တမင်တကာ ထုတ်ဖော်ပြသမည် မဟုတ်ပေ။

'အသက် နှစ်ဆယ် ကျော်တယ် ဆိုတာ ဘယ်လောက် ကျော်လဲ ဆိုတာကတော့ ကိုယ်ထင်သလိုပဲပေါ့'

"အဲဒါကလည်း အံ့ဩစရာ ကောင်းနေပါပြီ ထိုက်အန်းဒေသ မျိုးဆက်သစ် လူငယ်တွေထဲမှာ ဆိုရင် တပ်မှူးကြီးကျန်းက ထိပ်ဆုံးကလို့ ပြောလို့ ရပါတယ်"

ဝမ်ဖန်ယွင်၏ မျက်နှာပေါ်တွင် လေးစားသည့် အမူအရာများ ပေါ်ထွက်လာပြီး ကျန်းချဲ့အပေါ် ဆက်ဆံပုံ ကလည်း အလွန် ယဉ်ကျေးလှပေသည်။

ဓားစိတ်ဆန္ဒ။

လုရှင်းယွင်နှင့် သရေကျအောင် တိုက်ခိုက်နိုင်ခြင်း။

ဤအချက် နှစ်ချက်ထဲမှ မည်သည့် တစ်ခုကိုမျှ သူ မယှဉ်နိုင်ပေ။ ထို့အပြင် ကျန်းချဲ့နှင့် လုဖျင်ကျိုးတို့က သေရေးရှင်ရေး ရန်သူ ဖြစ်သွားပြီ ဖြစ်ရာ သူက ကျန်းချဲ့နှင့် မိတ်ဆွေ ဖွဲ့လိုပေသည်။

ကျန်းချဲ့ ကလည်း ဤကဲ့သို့သော အတွေးမျိုး ရှိနေပေသည်။

ခွဲထုတ်မည်။

သေချာပေါက် သူတို့၏ အတွင်းပိုင်း ကနေ စတင် လှုပ်ရှားရမည် ဖြစ်သည်။

ထို့ကြောင့် ကျန်းချဲ့နှင့် ဝမ်ဖန်ယွင်တို့၏ စကားပြောဆိုမှုက အလွန် အဆင်ပြေ ချောမွေ့ခဲ့ပြီး မထွက်ခွာမီ ဝမ်ဖန်ယွင်က ကျန်းချဲ့ထံသို့ အလည်လာပြီး ဓားစိတ်ဆန္ဒကို နားလည် သဘောပေါက်သည့် နည်းလမ်းများကို လာရောက် တောင်းခံမည် ဟုပင် ပြောသွားခဲ့သေးသည်။

ကျန်းချဲ့ ကလည်း ဝမ်းသာအားရ သဘောတူလိုက်သည်။

"တပ်မှူးကြီးကျန်း"

ယန်ယွမ်ချယ်၏ ကျန်းချဲ့အပေါ် ထားရှိသော သဘောထားက ယခင်ကကဲ့သို့ သာမန် မဟုတ်တော့ဘဲ ကျန်းချဲ့ အနီးသို့ ရောက်လာသောအခါ အမှတ်မထင် လက်ဝါးချင်းယှက် အရိုအသေပင် ပေးလိုက်မိသည်။

"အစ်ကိုယန် ဘယ်အချိန်ကစပြီး ဒီလောက် ယဉ်ကျေးသွားရတာလဲ"

ကျန်းချဲ့က ပြုံးလိုက်ပြီး မာနကြီးသည့်ဟန် လုံးဝ မပြသပေ။

'သူ့ကို အသုံးချဖို့ လိုတုန်းကတော့ အစ်ကိုယန် အစ်ကိုယန် နဲ့ ခေါ်ပြီး အလုပ် ပြီးသွားတော့မှ ငယန် လို့ ခေါ်လို့ ဖြစ်ပါ့မလား ငါက အောက်ခြေစည်း ရှိတဲ့သူပါ ဒီလို လုပ်ရပ်မျိုးကို လုံးဝ မလုပ်နိုင်ပါဘူး'

"အစ်ကိုယန်က အခုမှပဲ ပါရမီ အထွတ်အထိပ် ဆိုတာ ဘာလဲ ဆိုတာ နားလည်တော့တယ် အသက် နှစ်ဆယ် ကျော်လေးနဲ့ ဓားစိတ်ဆန္ဒကို နားလည်နိုင်တယ် ဒီ အဆင့်မျိုးမှာ အလယ်ပိုင်းဒေသ ပြည်နယ် ဆယ့်နှစ်ခုလုံး မှာတောင် လက်ချိုး ရေတွက်လို့ ရတဲ့ လူတွေပဲ ရှိလိမ့်မယ်"

ယန်ယွမ်ချယ်က သက်ပြင်းချကာ ပြောလိုက်သည်။

"ကံကောင်းသွားလို့ပါ"

ကျန်းချဲ့က လက်ခါပြလိုက်သည်။

"ကံကောင်းတာ"

ယန်ယွမ်ချယ်က သရော်သည့်ဟန်ဖြင့် ပြုံးလိုက်သည်။

"ဘယ်လိုပဲ ဖြစ်ဖြစ် ဒီတစ်ခေါက် အစ်ကိုယန် ကူညီပေးခဲ့လို့ပါ အရင်က သဘောတူထားတဲ့ တစ်ဝက်စီ ဆိုတာ လုံးဝ အပြောင်းအလဲ မရှိပါဘူး"

ကျန်းချဲ့က ယန်ယွမ်ချယ် ဘာကို စိုးရိမ်နေသလဲ ဆိုတာကို သိသဖြင့် ချက်ချင်း ပြောလိုက်သည်။

"မဟုတ်ပါဘူး မဟုတ်ပါဘူး အစ်ကိုယန်က နှစ်ဆယ် ရာခိုင်နှုန်းပဲ ယူပါ့မယ်"

ယန်ယွမ်ချယ်က အဆက်မပြတ် လက်ခါပြလိုက်သည်။

"အစ်ကိုယန်က ကျုပ်ကို ညီအစ်ကိုလို့ သဘောထားရင် ဒီပစ္စည်းတွေကို ယူလိုက်ပါ နောင်ကျရင် ကျုပ်တို့ ပူးပေါင်းရမယ့် အချိန်တွေ အများကြီး ရှိပါသေးတယ်"

"ဒါ ဒါဆိုလည်း ကျေးဇူးတင်ပါတယ်"

ယန်ယွမ်ချယ်က အချိန်အနည်းငယ် တွန့်ဆုတ်နေပြီး ကျန်းချဲ့က ဤမျှ ပြတ်သားနေသည်ကို မြင်သောအခါ သဘောတူလိုက်ရတော့သည်။

"ညီအစ်ကိုတွေကြားမှာ ကျေးဇူးတင်စရာ မလိုပါဘူး"

"ကျုပ်မှာ မေးစရာ တစ်ခု ရှိတယ် ညီလေးကျန်း ဖြေပေးလို့ ရမလား"

"အစ်ကိုယန် လွတ်လွတ်လပ်လပ် မေးပါ"

"ညီလေးကျန်းမှာ ဒီလောက် စွမ်းအားတွေ ရှိနေရက်နဲ့ ဘာလို့ ကျုပ်ကို ချန်ခိုင်ယန်ကို ခိုးတိုက်ခိုင်းပြီး လုဖျင်ကျိုးနဲ့ အဲဒီလောက် အကြာကြီး အချိန်ဆွဲ တိုက်နေရတာလဲ တကယ်ဆိုရင် ခဏလေး အတွင်းမှာ သူတို့ကို အနိုင်ယူလို့ ရနေတာပဲ"

ယန်ယွမ်ချယ်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"အစ်ကိုယန် ဘယ်လို ထင်လဲ"

ကျန်းချဲ့က တိုက်ရိုက် မဖြေဘဲ ပြန်မေးလိုက်သည်။

ယန်ယွမ်ချယ်က မျက်မှောင်ကြုတ်ပြီး အချိန်အနည်းငယ် စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။

"ညီလေးကျန်းက တခြား လူတွေကို သတိပေါ့သွားအောင် လုပ်ပြီး နောက်ထပ် ရောက်လာမယ့် ရန်သူတွေက အရမ်း အစွမ်းထက်တဲ့ သူတွေ မဖြစ်အောင် လို့လား အားလုံးက ဟန်ဆောင်နေတာလား လုရှင်းယွင်ကို အလစ်ဝင်တိုက်ဖို့ အတွက်လား"

"အစ်ကိုယန်က တကယ်ကို အကင်းပါးတာပဲ တစ်ခွန်းတည်းနဲ့ အမှန်ကို သိသွားတာပဲ"

ကျန်းချဲ့က တကယ်ကို မှန်ကန်သည်ဟု ယူဆသည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

အပြင်ပန်းတွင် ယန်ယွမ်ချယ်၏ စကားကို အလွန် သဘောတူသည့်ဟန် ပြနေသော်လည်း အမှန်တကယ်တော့ ထိုအချိန်က ယဇ်မပူဇော်ရသေးသော သူ၏ စွမ်းအားက ချန်ခိုင်ယန်ကို အနိုင်ယူနိုင်မည်ဟု သေချာ မပြောနိုင်ပေ။ လုဖျင်ကျိုးနှင့် တိုက်ခိုက်ရာတွင်ပင် အသာစီး ရရန် အတော်လေး ခက်ခဲခဲ့သည်။

"ဒီနေ့ ကိစ္စကို ညီလေး လုပ်သွားတာ တကယ်ကို လှပလွန်းတယ် လုဖျင်ကျိုးက ချန်မိသားစု ဝင်တွေကို သတ်လိုက်လို့ နောက်ဆိုရင် နာမည် ပျက်သွားပြီး လုမိသားစုရဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေ ကလည်း သစ္စာရှိကြတော့မှာ မဟုတ်ဘူး

အဖွဲ့အစည်း ကြီးတွေ ကြားက လျှို့ဝှက် မဟာမိတ် အဖွဲ့ ကလည်း ပျက်စီးသွားလောက်ပြီ ပြီးတော့ မင်းက လုရှင်းယွင်ကို အနိုင်ယူလိုက်တော့ ထိုက်ဆန်းမြို့ကို ချက်ချင်း နာမည်ကြီးသွားစေပြီး လုမိသားစုကို ကြီးမားတဲ့ ထိုးနှက်ချက် တစ်ခု ပေးလိုက်တာပဲ

ငါ့နေရာမှာသာ ဆိုရင် ဒါတွေကို လုံးဝ စဉ်းစားမိမှာ မဟုတ်ဘူး တကယ်ကို ငယ်ငယ်ရွယ်ရွယ်နဲ့ အစွမ်းထက်တာပဲ"

ယန်ယွမ်ချယ်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။

သို့သော် ချက်ချင်းပင် ကျန်းချဲ့ကို သတိပေးလိုက်သည်။

"ဒါပေမဲ့ ညီလေးက သတိတော့ ထားရမယ် လုမိသားစုက မင်းနဲ့ သေရေးရှင်ရေး ရန်သူ ဖြစ်သွားပြီ ဆိုတော့ ဒီကိစ္စကို ဒီလောက်နဲ့ ပြီးသွားမှာ မဟုတ်ဘူး ပြီးတော့ ထိုက်အန်းဒေသက သိုင်းလောက အဖွဲ့အစည်းတွေ ကလည်း မင်းကို ပိုပြီး သတိထားလာကြလိမ့်မယ်"

"အစ်ကိုယန်ရဲ့ စကားကို ကျုပ် မှတ်ထားပါ့မယ်"

ကျန်းချဲ့က ခေါင်းညိတ်လိုက်သည်။

ယန်ယွမ်ချယ်၏ စိုးရိမ်မှုများကို သူ သဘာဝကျကျပင် ကောင်းစွာ သိရှိထားပေသည်။

သို့သော် သူက သာမန် လူမှ မဟုတ်ပေ။

ယဇ်ပူဇော်စရာ ပစ္စည်းများသာ အလုံအလောက် ရှိမည် ဆိုပါက ကျန်းချဲ့၏ ကျင့်ကြံမှု စွမ်းအား တိုးတက်မှုက အကန့်အသတ် မရှိပေ။

တစ်ဖက်လူက တုံ့ပြန်ရန် အချိန်မရမီ အချိန် အနည်းငယ် ပေးမည် ဆိုပါက သူ့တွင် ယုံကြည်ချက် အပြည့် ရှိပေသည်။

အဓိက သွေးကြောပေါက် ကိုးခု လုံးကို အမြန်ဆုံး ဖွင့်လှစ်နိုင်မည် ဆိုပါက ကျန်းချဲ့က လုရှင်းယွင် အပါအဝင် မွေးရာပါ ယွမ်ဟိုင်အဆင့် သိုင်းသမား အများစုကို ရင်ဆိုင်ရန် မကြောက်တော့ပေ။

အကယ်၍ သူသာ မွေးရာပါ ယွမ်ဟိုင်အဆင့်သို့ တက်လှမ်းနိုင်ပြီး သွေးပင်လယ် ဓားစိတ်ဆန္ဒ၏ အကူအညီကို ရရှိမည် ဆိုပါက။

ရှန်ကွမ်အဆင့် အောက်တွင် သူ့ကို ယှဉ်နိုင်သော သိုင်းသမား လုံးဝ ရှိမည် မဟုတ်ဟု သူ ထင်မြင်မိပေသည်။

'System (ယဇ်ပလ္လင်ကျောက်တိုင်) ရှိနေမှတော့ ဘာမှ မကြောက်ဘူး'

သူတို့ နှစ်ယောက် စကားပြောနေစဉ် အတွင်း ကျန်းချဲ့၏ လက်အောက်ငယ်သားများ ကလည်း ချန်မိသားစု၏ နှစ်တစ်ရာ စုဆောင်းမှုများကို အကုန်လုံး ရှင်းလင်းစွာ ယူဆောင်သွားခဲ့ပြီး အမြတ်အစွန်းက အလွန် ကြီးမားကာ ဖြည်းဖြည်းချင်း စုဆောင်းရသည်ထက် အဆပေါင်းများစွာ ပိုမို မြန်ဆန်လှပေသည်။

အန္တရာယ်နှင့် အကျိုးအမြတ်က အမြဲတမ်း ဒွန်တွဲနေခြင်း ပင် ဖြစ်သည်။

မြင်းလှည်းများက စနစ်တကျဖြင့် ထိုက်ဆန်းမြို့သို့ ဦးတည် ထွက်ခွာသွားကြပြီး လူအများအပြား၏ အာရုံစိုက်မှုကို ရရှိခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် ချန်မိသားစု ခြံဝင်းတွင် ဖြစ်ပျက်ခဲ့သော ကိစ္စများ ကလည်း ထိုက်ဆန်းမြို့နှင့် ပတ်ဝန်းကျင် ဒေသများသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

တုန်လှုပ်သွားကြသည်။

အံ့ဩသွားကြသည်။

ချန်မိသားစု ခြံဝင်းတွင် မွေးနေ့ပွဲ လာမတက်သော သိုင်းသမားများက သူတို့သည် ကြီးမားသော ပြဇာတ်ကြီး တစ်ခုကို လွဲချော်သွားခဲ့သည်ဟု လုံးဝ မထင်မှတ်ထားခဲ့ကြပေ။

မွေးရာပါအဆင့် တိုက်ပွဲ၊ ချန်ခိုင်ယန်က တစ်ချက် တိုက်ခိုက်ရုံဖြင့် ရှုံးနိမ့်သွားပြီး ချက်ချင်း သေဆုံးသွားခဲ့သည်။

လုမိသားစု၏ သခင်လေး လုဖျင်ကျိုးက ကျန်းချဲ့၏ အနိုင်ယူခြင်းကို ခံလိုက်ရပြီး မျက်နှာ အကြီးအကျယ် ပျက်သွားကာ မိန်းမ တစ်ယောက် အတွက်နှင့် လုမိသားစု၏ လက်အောက်ခံ ဖြစ်သော ချန်မိသားစု တစ်ခုလုံးကို မျိုးတုံး သတ်ပစ်ခဲ့ရာ မိစ္ဆာ တစ်ကောင်ထက်ပင် ရက်စက်လှပေသည်။

ပို၍ မထင်မှတ်ထားသည်မှာ အသစ် တက်လာသော ထိုက်ဆန်းမြို့၏ တပ်မှူးကြီးသစ်က ယခင် တပ်မှူးကြီးများနှင့် မတူညီဘဲ ရာထူး ရယူပြီးသည်နှင့် တပြိုင်နက် ကြီးမားသော လုပ်ရပ် တစ်ခုကို လုပ်ဆောင်ကာ လုမိသားစုကို တိုက်ရိုက် စစ်ကြေညာလိုက်ခြင်း ပင် ဖြစ်သည်။

အရေးအကြီးဆုံး အချက်မှာ ကျန်းချဲ့က လုရှင်းယွင်နှင့် တိုက်ခိုက်ရာတွင် မရှုံးနိမ့်ခဲ့ခြင်း ပင် ဖြစ်သည်။

လုရှင်းယွင် ဆိုတာ ဘယ်သူနည်း။

လုမိသားစု၏ လက်ရှိ ခေါင်းဆောင်၊ မွေးရာပါ ယွမ်ဟိုင်အဆင့် အတွေ့အကြုံရှိ အင်အားကြီးသူ တစ်ဦး ဖြစ်သည်။

ထိပ်တန်း အဖွဲ့အစည်း ခြောက်ခုတွင် ပါဝင်ပြီး သူ့ကို ယှဉ်နိုင်သူက ထိုက်အန်းဒေသတွင် လက်ချိုး ရေတွက်၍ ရလောက်အောင် နည်းပါးလှပေသည်။

သို့သော် သူ ကိုယ်တိုင် လှုပ်ရှားပါလျက်နှင့် အသစ် တက်လာသော ထိုက်ဆန်း စောင့်ကြပ်ရေး တပ်မှူးကြီး ကျန်းချဲ့ကို အနိုင်မယူနိုင်ခဲ့ပေ။

သူတို့ နှစ်ယောက် အကြိမ် ရာပေါင်းများစွာ တိုက်ခိုက်ခဲ့ကြပြီး သရေကျခဲ့သည်။

နောက်ဆုံးတွင် လုမိသားစုက အလျှော့ပေးလိုက်ခြင်းဖြင့် ပြီးဆုံးသွားခဲ့သည်။

ကျန်းချဲ့ ဤမျှ အစွမ်းထက်ရခြင်း၏ အကြောင်းရင်း ကလည်း ထိုက်အန်းဒေသ တစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

သူ... ဓားစိတ်ဆန္ဒကို နားလည် သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။

မွေးရာပါ အစပိုင်း အဆင့်၊ အသက် နှစ်ဆယ် ကျော်၊ ဤစကားလုံး နှစ်ခွန်း ပေါင်းစပ်လိုက်လျှင်ပင် အလွန် အံ့ဩစရာ ကောင်းနေပြီ ဖြစ်သော်လည်း 'ဓားစိတ်ဆန္ဒကို နားလည် သဘောပေါက်ခြင်း' ကိုပါ ထည့်ပေါင်းလိုက်မည် ဆိုပါက အံ့ဩစရာမှ ထိတ်လန့်စရာ အဖြစ် ပြောင်းလဲသွားမည် ဖြစ်သည်။

ဓားသွား ဦးတည်ရာ အရှေ့ရှိ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိပေသည်။

ဤကဲ့သို့သော ပါရမီမျိုးက ထိပ်တန်း အဖွဲ့အစည်း ခြောက်ခုတွင် ထိုက်အန်းဒေသ၏ မျိုးဆက်သစ် လူငယ် နှစ်ယောက်ဟု နာမည်ကြီးသော ကျင်းယွမ်ကျောင်းတော်နှင့် ဖူလုံကျောင်းတော်မှ လူငယ် နှစ်ယောက်သာ ယှဉ်နိုင်မည် ဖြစ်သည်။

သို့သော် ၎င်းတို့ ဆိုလျှင်တောင်မှ...

ယခု အချိန် အထိ ဓားစိတ်ဆန္ဒကို နားလည် သဘောပေါက်သည် ဆိုသည့် သတင်းမျိုး မကြားဖူးသေးပေ။

တစ်နည်းဆိုရသော် အသက် လေးဆယ် အထက် မွေးရာပါအဆင့် သိုင်းသမားများကို ထည့်မတွက်လျှင်။

ကျန်းချဲ့က ထိုက်အန်းဒေသ မျိုးဆက်သစ် လူငယ်များထဲတွင် နံပါတ်တစ် ပင် ဖြစ်ပေသည်။

ဤသည်က ထိတ်လန့်စရာ ကောင်းပါသလား။

သေချာပေါက် ကောင်းပေသည်။

ကျန်းချဲ့၏ နာမည် ကလည်း ထိုက်အန်းဒေသ တစ်ခုလုံးတွင် ပထမဆုံး အကြိမ် အပြည့်အဝ ပျံ့နှံ့သွားခဲ့သည်။

လူအများအပြားက ဤ ထိုက်ဆန်း စောင့်ကြပ်ရေး တပ်မှူးကြီး၏ အစွမ်းကို ကြားသိသွားခဲ့ကြပြီ ဖြစ်သည်။

တကယ့်ကို တိုက်ပွဲ တစ်ပွဲတည်းနှင့် မိုးကောင်ကင်ကို ပြောင်းလဲပစ်လိုက်ပြီး ထိုက်ဆန်းမြို့ တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့ခြင်းပင် ဖြစ်သည်။

"ဒီကိစ္စတွေ ပြီးသွားပြီ ဆိုတော့ နှုတ်ဆက်ရမယ့် အချိန် ရောက်ပြီ ညီလေးကျန်း ဂရုစိုက်ပါဦး"

ထိုက်ဆန်းမြို့ စစ်တပ်စခန်း အတွင်း၌ ယန်ယွမ်ချယ်က ကျန်းချဲ့ကို လက်ဝါးချင်းယှက် အရိုအသေပေးလိုက်သည်။

ဒီတစ်ခေါက် သူ မရှုံးခဲ့ပေ။ တကယ်ကို အများကြီး အမြတ် ထွက်ခဲ့သည်ဟု ပြော၍ ရပေသည်။

အကျိုးအမြတ် ပိုင်းမှာတင် မကဘဲ နာမည်ဂုဏ်သတင်း ပိုင်းမှာလည်း အမြတ် ထွက်ခဲ့သည်။

ဒီတိုက်ပွဲ မတိုင်ခင်က လူတော်တော်များများက သူ့အပေါ် ထားရှိသည့် အထင်အမြင်က စက္ကူကျား တပ်မှူးကြီး ဆိုသည်သာ ဖြစ်သည်။

သို့သော် ဒီတစ်ခေါက်တော့ မတူတော့ပေ။

ဒီတိုက်ပွဲ၏ တကယ့် အဓိက ဇာတ်လိုက်က ကျန်းချဲ့ ဆိုတာ လူတိုင်း သိကြသော်လည်း သူ့လို ဇာတ်ပို့ တစ်ယောက် ကလည်း မကြာခဏ အပြောခံရပေသည်။ အထူးသဖြင့် ချန်ခိုင်ယန်ကို တစ်ချက်တည်းနှင့် သတ်လိုက်နိုင်တာက သူ့အပေါ် အထင်အမြင်တွေကို ပြောင်းလဲသွားစေခဲ့သည်။

တချို့ လူတွေက သူ ခိုးတိုက်တယ်၊ သိုင်းလောကရဲ့ စည်းကမ်းတွေကို မလိုက်နာဘူးလို့ လှောင်ပြောင်ကြသော်လည်း။

သူ့ကို စက္ကူကျား တပ်မှူးကြီးလို့ ဘယ်သူမှ မခေါ်ရဲတော့ပေ။

"အစ်ကိုယန် ခဏနေပါဦး ညီလေးမှာ အစ်ကိုယန်ကို အကူအညီ တောင်းစရာ ကိစ္စ တစ်ခု ရှိသေးတယ်"

"ညီလေးကျန်း လွတ်လွတ်လပ်လပ် ပြောပါ"

"ဒီတစ်ခေါက် အစ်ကိုယန် ခရိုင်မြို့တော်ကို ပြန်ပြီး ရာထူး အပြောင်းအရွှေ့ သွားလုပ်တဲ့ အချိန်ကျရင် တပ်မှူးချုပ်ချီနဲ့ သေချာပေါက် တွေ့ရမှာပဲ တပ်မှူးချုပ် မေးတဲ့ အချိန်ကျရင် အစ်ကိုယန်က ကျုပ် အတွက် ကောင်းတဲ့ စကားလေးတွေ နည်းနည်းလောက် ပြောပေးပါ အထူးသဖြင့် ချန်မိသားစု ခြံဝင်းမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲ အကြောင်းကို သေချာ ပြောပြပေးပါ"

အကျိုးအမြတ်တွေရော နာမည်ဂုဏ်သတင်း တွေရော ကျန်းချဲ့ ရရှိခဲ့ပြီ ဖြစ်သည်။

သို့သော် သူက ဒီထက် ပိုလိုချင်သေးသည်။

ယန်ယွမ်ချယ်၏ ပါးစပ်မှ တစ်ဆင့် ချီဆန်းကျားကို သူ့ရဲ့ တန်ဖိုးကို ပြသချင်ခြင်း ဖြစ်သည်။

ဤသို့မှသာ နောင်တွင် သူက အဖွဲ့အစည်းကြီးတွေနဲ့ ပြဿနာ တက်လာသည့် အချိန်ကျလျှင် သူတို့က အသေအလဲ ကူညီပေးဖို့ ဆုံးဖြတ်ချက် ချနိုင်မည် ဖြစ်သည်။

တိုက်ပွဲ မစခင် ကတည်းက သူက ကြိုတင် ပြင်ဆင်မှုတွေ လုပ်ထားရမည် ဖြစ်ပေသည်။

All Chapters