အခန်း ၁၁၈
Vol. 12 Ch. 118
အခန်း (၁၁၈) မွေးရာပါ တာအိုကျင့်စဉ်... နဂါး ကျိန်းဟိုင်...
ကျန်းချဲ့က သူ၏ လက်ရှိ အခြေအနေကို ကောင်းစွာ နားလည်ထားပေသည်။
ယခုတစ်ကြိမ် လုမိသားစုနှင့် ရင်ဆိုင်ရာတွင် သူက အဘက်ဘက်မှ အသာစီး ရခဲ့ပြီး လုမိသားစု၏ မျက်နှာကို လုံးဝ ပျက်စီးသွားစေရုံသာမက ထိုက်ဆန်းမြို့တွင် သူ၏ နာမည်ဂုဏ်သတင်းကိုလည်း တည်ဆောက်နိုင်ခဲ့ရာ ယခင် ထိုက်ဆန်း စောင့်ကြပ်ရေး တပ်မှူးကြီးများ လုပ်ချင်သော်လည်း မလုပ်နိုင်ခဲ့သော ကိစ္စများကို သူ လုပ်ဆောင်နိုင်ခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။
သို့သော် ဤသည်မှာ သူ လုံခြုံသွားပြီဟု
ဆန့်ကျင်ဘက် အနေဖြင့် ယခု သူ၏ အခြေအနေက ယခင် ယန်ယွမ်ချယ် တာဝန် ထမ်းဆောင်စဉ်ကထက် ပို၍ပင် အန္တရာယ် များနေပေသည်။
အဘယ်ကြောင့်ဆိုသော် သူက မျက်နှာချင်းဆိုင် စစ်ကြေညာခဲ့ပြီး ဖြစ်သောကြောင့် ပင် ဖြစ်သည်။
ထို သိုင်းလောက အဖွဲ့အစည်းများက နောင်တွင် သူ့အပေါ် ဆက်ဆံမည့် သဘောထားက ယန်ယွမ်ချယ် အပေါ် ဆက်ဆံသကဲ့သို့ လျစ်လျူရှုထားမည် မဟုတ်ဘဲ သေချာပေါက် ပစ်မှတ်ထား လာမည် ဖြစ်သည်။
မည်သို့ပင်ဆိုစေ သိုင်းလောက အဖွဲ့အစည်းများနှင့် အစိုးရ ဆိုသည်မှာ ဆန့်ကျင်ဘက် အမြဲတမ်း ဖြစ်နေသောကြောင့် ပင် ဖြစ်သည်။
ယခု လက်ရှိ သူ၏ စွမ်းအားဖြင့် ထိုက်အန်းဒေသ တစ်ခုလုံးကို အမြစ်ပြတ် ရှင်းလင်းနိုင်ရန် ဆိုသည်မှာ လုံးဝ မလုံလောက်သေးပေ။
အနည်းဆုံးတော့ မွေးရာပါ နောက်ဆုံးအဆင့် ရှန်ကွမ်အဆင့်သို့ ရောက်ရှိမှသာ မျှော်လင့်ချက် ရှိမည် ဖြစ်သည်။
မွေးရာပါ ထိပ်တန်း အဖွဲ့အစည်းဟု ခေါ်ဆိုနိုင်ခြင်းမှာ မွေးရာပါ ထိပ်တန်း တိုက်ခိုက်နိုင်စွမ်း ရှိနေသောကြောင့် ပင် ဖြစ်ပေသည်။
ချီဆန်းကျား ကိုယ်တိုင်လည်း ရှန်ကွမ်အဆင့် တွင် ရှိနေပါလျက်နှင့် အဘယ်ကြောင့် သိုင်းလောက အဖွဲ့အစည်းများ ရမ်းကားနေသည်ကို လျစ်လျူရှုထားရသနည်း။
အခြား အကြောင်းရင်း မရှိဘဲ လုမိသားစု၊ ယောင်ဝမ်တောင်ကြား၊ ကျန်းဟိုင်ဂိုဏ်း နှင့် အခြား အဖွဲ့အစည်းများ အားလုံးတွင် ရှန်ကွမ်အဆင့် အတွေ့အကြုံရှိ အင်အားကြီးသူများ ရှိနေသောကြောင့် ပင် ဖြစ်သည်။
အကယ်၍ တစ်ယောက်ချင်းစီ တိုက်ခိုက်ရမည် ဆိုပါက ချီဆန်းကျား အနေဖြင့် အဆင့်တူ သိုင်းသမားများကို မကြောက်ရွံ့သော်လည်း သူတို့ ပူးပေါင်း တိုက်ခိုက်လာပါက တောင့်ခံနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် ကျန်းချဲ့ အနေဖြင့် အင်အားကြီး အဖွဲ့အစည်းများ၏ ပစ်မှတ်ထား တိုက်ခိုက်ခြင်းကို အချိန်မရွေး ရင်ဆိုင်ရရန် ပြင်ဆင်ထားရမည် ဖြစ်သည်။
ရှန်ကွမ်အဆင့် အတွေ့အကြုံရှိ အင်အားကြီးသူ တစ်ဦး ကသာ သူ၏ အားကိုးရာ ပင် ဖြစ်ပေသည်။
ထို့ကြောင့်ပင် ကျန်းချဲ့က ချန်မိသားစု ကိစ္စတွင် သူ၏ အစွမ်းအစများ နှင့် သူ၏ အံ့ဩဖွယ် ကောင်းသော ပါရမီကို ပြသခဲ့ခြင်း ဖြစ်သည်။
ငယ်ငယ်ရွယ်ရွယ်နှင့် ဓားစိတ်ဆန္ဒကို နားလည် သဘောပေါက်ကြောင်း ပြသခြင်းမှာ ချီဆန်းကျား အနေဖြင့် သူ့အပေါ် ဆက်လက် ရင်းနှီးမြှုပ်နှံလာစေရန် ပင် ဖြစ်သည်။
"ညီလေးကျန်း စိတ်ချပါ ငါ ဘယ်လို လုပ်ရမလဲ ဆိုတာကို သိပါတယ်"
ယန်ယွမ်ချယ် ပြန်သွားပြီးနောက် ကျန်းချဲ့က မူလက လက်အောက်ရှိ စစ်တပ်စခန်းသို့ သွားရောက် စစ်ဆေးရန် ရည်ရွယ်ထားခဲ့သည်။ သူ ယန်ဂူခရိုင် မှ ခေါ်လာသော လူအင်အားက အလွန် နည်းပါးလှပြီး မူလ ထိုက်ဆန်းမြို့ စစ်တပ်စခန်း တွင် စစ်သည် နှစ်ထောင်ကျော် ရှိနေပေသည်။
ယန်ယွမ်ချယ် ၏ အကူအညီဖြင့် မည်သူကမျှ ပြဿနာ မရှာရဲသော်လည်း ထိုလူများကို ထိန်းချုပ်နိုင်ရန် ဆိုသည်မှာ လုံးဝ မလွယ်ကူပေ။
ထိုလူများထဲတွင် အဖွဲ့အစည်း အသီးသီးမှ သတင်းပေးများ သေချာပေါက် ပါဝင်နေမည် ဖြစ်ရာ သူက ယခင်ကကဲ့သို့ပင် အိုမင်းမစွမ်း သူများကို ဖယ်ရှားခြင်း၊ အရေအတွက် လျှော့ချခြင်း၊ သံချပ်ကာ များနှင့် ကျင့်ကြံရေး အရင်းအမြစ်များကို လုံလောက်စွာ ထောက်ပံ့ပေးခြင်း စသည်တို့ကို လုပ်ဆောင်ရမည် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် စစ်သည်များ ကြားရှိ အဆက်အသွယ် များကိုလည်း လျှို့ဝှက်စွာ စုံစမ်းရမည် ဖြစ်သည်။
ထိုက်ဆန်းမြို့ က သူ့အတွက် အစပျိုးရာ နေရာ တစ်ခု ပင် ဖြစ်သည်။
သူ၏ လက်အောက်ရှိ စစ်သည်များ ကလည်း အလှပြထားခြင်း သက်သက် မဟုတ်ဘဲ အကယ်၍ သေမှာကို မကြောက်ဘဲ ပေးဆပ်ရန် ဝန်မလေးကာ စွမ်းအင်ဖျက် မြားများ သာ ရှိမည် ဆိုပါက စစ်သည် နှစ်ထောင်ကျော် ဖြင့် မွေးရာပါအဆင့် သိုင်းသမား အချို့ကို အသေ သတ်ပစ်နိုင်ချေ လည်း ရှိပေသည်။
ဤသည်ကလည်း အရေးကြီးသော တိုက်ခိုက်နိုင်စွမ်း တစ်ခု ပင် ဖြစ်သည်။
သို့သော် သူ အမိန့် မပေးရသေးမီမှာပင် ကျူရှု က လူလွှတ်ကာ ယခင်က အကူအညီ တောင်းထားသော ကိစ္စများ ပြီးစီးပြီ ဖြစ်ကြောင်း နှင့် ကျူအိမ်တော် သို့ တစ်ခေါက် လာရောက်ရန် ဖိတ်ကြားစာ ပေးပို့လာခဲ့သည်။
သူက ကျန်းဟိုင်ဂိုဏ်း ၏ အဖွဲ့ဝင် ဖြစ်သဖြင့် အပြင်ပန်းတွင် ကျန်းချဲ့ နှင့် တိုက်ရိုက် ဆက်သွယ်ရန် အဆင်မပြေပေ။
ဤသည်က ကျန်းချဲ့ ၏ ရင်ထဲတွင် မျှော်လင့်ချက် တစ်ခုကို ဖြစ်ပေါ်လာစေခဲ့သည်။
'မွေးရာပါ တာအိုကျင့်စဉ် နောက်ဆုံးတော့ ရောက်လာပြီပဲ'
အမှန်တကယ်တော့ သူက မွေးရာပါ တာအိုကျင့်စဉ် လိုအပ်နေခြင်း မဟုတ်ပေ။ ချီဆန်းကျား က အတော်လေး ကောင်းမွန်သော ကျင့်စဉ် သုံးခု ကို သူ့ကို ပေးထားပြီး ဖြစ်သော်လည်း သူ၏ အမြင်တွင် ထိုကျင့်စဉ်များ က အလွန် သာမန် ဆန်လွန်းနေသည်ဟု ခံစားရပေသည်။
ကျင့်စဉ် ဆိုသည်မှာ သိုင်းသမား တစ်ယောက် အတွက် စွမ်းအား ပြောင်းလဲမှု ကို ဆိုလိုရုံသာမက သိုင်းသမား ၏ ကျင့်ကြံမှု နှင့်လည်း သက်ဆိုင်နေပေသည်။
သာမန် ကျင့်စဉ် များကို လေ့ကျင့်လေလေ နောင်တွင် ဆက်လက် တိုးတက်ရန် ခက်ခဲလေလေ ပင် ဖြစ်သည်။
အဆင့်မြင့်ပြီး အစွမ်းထက်သော ကျင့်စဉ် များ ကသာ သိုင်းသမား ကို ပိုမို ကြီးမားသော အလားအလာ များကို ပေးစွမ်းနိုင်မည် ဖြစ်သည်။
သေချာသည်မှာ အရာအားလုံး က အချိုးကျ ဖြစ်ပြီး အစွမ်းထက်သော ကျင့်စဉ် များ ကလည်း လေ့ကျင့်ရန် အလွန် ခက်ခဲပေသည်။
'ဒါပေမဲ့ ငါ လေ့ကျင့်ဖို့ လိုလို့လား'
ယခင် အတွေ့အကြုံများ အရ ကျန်းချဲ့ အနေဖြင့် အလိုအပ်ဆုံးမှာ ထိပ်တန်း ကျင့်စဉ် တစ်ခု ပင် ဖြစ်သည်။
သူက အခြေခံ တည်ဆောက်ခြင်း အဆင့်တွင် ခိုယွမ်ရှန်း နှင့် အခြားသူများကို အသာစီး ရအောင် တိုက်ခိုက်နိုင်ခဲ့ခြင်း ၏ အဓိက အကြောင်းရင်း မှာ ကြမ္မာသုံးပါး ထိတ်လန့်ဖွယ်သိုင်း နှင့် အစိမ်းရောင်မိစ္ဆာ ကျင့်စဉ် တို့ကြောင့် ပင် ဖြစ်ပြီး ယခင်က လုရှင်းယွင် နှင့် မရှုံးနိမ့်အောင် တိုက်ခိုက်နိုင်ခဲ့ခြင်း မှာလည်း ကြမ္မာသုံးပါး ထိတ်လန့်ဖွယ်သိုင်း ကြောင့် ပင် ဖြစ်သည်။
ထိပ်တန်း ကျင့်စဉ် များ အားလုံးတွင် ထူးခြားသော ဆန်းကြယ်မှု များ ရှိနေပေသည်။
ဤအချက်ကို သူ ကောင်းစွာ သဘောပေါက်ထားပြီး ဖြစ်သည်။
ထို့ကြောင့် သူ က ဤညတွင် ကျူအိမ်တော် သို့ လျှို့ဝှက် သွားရောက်ကာ ကျူရှု က သူ့အတွက် မည်ကဲ့သို့သော အံ့ဩစရာ ကို ယူဆောင်လာပေးမည်နည်း ဆိုသည်ကို ကြည့်ရှုရန် ချက်ချင်း ဆုံးဖြတ်လိုက်သည်။
ယွီတောင် လုမိသားစု။
ဘိုးဘေး ခန်းမ အတွင်း၌။
လုမိသားစု ၏ သခင်လေး လုဖျင်ကျိုး က ဘိုးဘေး ခန်းမ အတွင်းတွင် ဒူးထောက်နေသည်မှာ နေ့တစ်ဝက် နှင့် ညတစ်ဝက် ရှိနေပြီ ဖြစ်သည်။
ဤသည်မှာ အပြစ်ပေးခြင်း ပင် ဖြစ်သည်။
လုရှင်းယွင် က သူ့ကို လူသိရှင်ကြား မဆူပူခဲ့ခြင်း မှာ လုမိသားစု ၏ မျက်နှာ ကြောင့်သာ ဖြစ်ပြီး အလွယ်တကူ ခွင့်လွှတ်လိုက်မည် ဟု ဆိုလိုခြင်း မဟုတ်ပေ။ မနေ့က အိမ်ပြန်ရောက်သည် နှင့် တပြိုင်နက် သူ၏ ပထမဆုံး စကား မှာ လုဖျင်ကျိုး ကို ဒူးသွားထောက်ခိုင်းပြီး သူ၏ ခွင့်ပြုချက် မရဘဲ ထရန် ခွင့်မပြုခဲ့ပေ။
လုဖျင်ကျိုး က ဖခင် ဖြစ်သူ၏ အမိန့် အပေါ် မည်သည့် မကျေနပ်ချက် မျှ မရှိပေ။ ချန်မိသားစု ခြံဝင်း တွင် ဖြစ်ပျက်ခဲ့သော ကိစ္စများ က သူ တကယ် မှားယွင်းခဲ့ပြီး လုမိသားစု ၏ မျက်နှာ ကို ပျက်စီးစေခဲ့ရာ ဤသည်မှာ သူ ပေးဆပ်ရမည့် ပြစ်ဒဏ် ပင် ဖြစ်သည်။
"ရှပ် ရှပ်"
အနောက်ဘက် မှ ခြေသံတိုးတိုးလေး တစ်ခု က ဒူးထောက်နေပြီး စိတ်ငြိမ်နေသော လုဖျင်ကျိုး ၏ နားထဲသို့ ဝင်ရောက်လာရာ သူ က မျက်လုံးများကို အနည်းငယ် လှုပ်ရှားလိုက်ပြီး ခေါင်းငုံ့ကာ ပြောလိုက်သည်။
"အဖေ ရောက်လာပြီလား"
လုရှင်းယွင် က သူ့ကို ဂရုမစိုက်ဘဲ ဘိုးဘေး အမည်စာရင်း များ အရှေ့သို့ သွားကာ လုမိသားစု ဘိုးဘေးများကို ရိုသေစွာ အမွှေးတိုင် အနည်းငယ် ထွန်းညှိ ပူဇော်လိုက်သည်။
"မင်းကို ဘာလို့ ဒီမှာ ဒူးထောက်ခိုင်းလဲ ဆိုတာ သိလား"
"သိပါတယ် ချန်မိသားစု ကိစ္စ မှာ သား မှားခဲ့ပါတယ် မိသားစု ရဲ့ မျက်နှာ ကို ပျက်စီးစေခဲ့ပါတယ်"
"ဒါက အချက် တစ်ချက်တည်းပဲ ဒီ သိုင်းလောက ထဲမှာ လျှောက်သွားနေရင် မျက်နှာ ပျက်တာက ဘာမှ မဟုတ်ဘူး နာမည် ဘယ်လောက် ဆိုးဆိုး မျက်နှာချင်းဆိုင် လှောင်ပြောင်ရဲတဲ့ သူ သိပ်မရှိပါဘူး မင်း သိလား အဖေ အဒေါသထွက်ဆုံး က ဘာလဲ ဆိုတာကို"
"ဘာများလဲ"
လုရှင်းယွင် က ဖြည်းညင်းစွာ လှည့်လာပြီး လုဖျင်ကျိုး ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
"မင်းက လုမိသားစု ရဲ့ သခင်လေး အနာဂတ် မှာ မိသားစု ကို ဦးဆောင်ရမယ့် သူ ဖြစ်နေရက်နဲ့ မိန်းမ တစ်ယောက် အတွက်နဲ့ အသိဉာဏ် တွေ ပျောက်ဆုံးသွားခဲ့တာ ဟွမ်ရှန်းရှန်း ဆီမှာ ရေခဲဖီးနစ် ခန္ဓာကိုယ် ရှိလို့ နောင်ကျရင် အထောက်အကူ ဖြစ်လာနိုင်တာ မှန်ပါတယ် ဒါပေမဲ့ ငါတို့ လုမိသားစု က သူ့ တစ်ယောက်တည်း ကိုပဲ အားကိုးနေလို့ ရမလား မင်း က သူ့ကို မရရင် ကျင့်ကြံမှု တွေ တိုးတက်လို့ မရတော့ဘူးလား အကြီးအကဲ ဆိုတာ အသေးအဖွဲ ကိစ္စ တွေကို ဂရုမစိုက်တတ်ဘူး အဲဒီနေ့က ဖြစ်ခဲ့တဲ့ အကြောင်းအရင်း တွေကို ငါ အကုန် သိပြီးပြီ အကယ်လို့ နောင်ကျရင် ငါက လုမိသားစု ကို မင်းလက်ထဲ အပ်လိုက်လို့ တခြား လူတွေ က ဟွမ်ရှန်းရှန်း ကို သုံးပြီး မင်းကို လာခြိမ်းခြောက်ရင် မင်း က လုမိသားစု တစ်ခုလုံး ကို မျိုးတုံး သတ်ပစ်ဦးမှာလား"
"ကျွန်တော်"
လုဖျင်ကျိုး က စကား တစ်ခွန်းမှ ပြန်မပြောနိုင်အောင် ဆွံ့အသွားခဲ့သည်။
"ရုပ်ရည်လေး နည်းနည်း ရှိတဲ့ မိန်းမ တစ်ယောက် အတွက်နဲ့ မင်းက ဒီလောက် အသက်စွန့်ဖို့ တန်လို့လား ဟွမ်မိသားစု က ဘာလို့ ရေခဲဖီးနစ် ခန္ဓာကိုယ် ရှိတဲ့ ဟွမ်ရှန်းရှန်း ကို လုမိသားစု ဆီ ပေးစားတာလဲ ဆိုတဲ့ အကြောင်းရင်း ကို မင်း သိလား"
"ကျွန်တော်"
"အဲဒါက လုမိသားစု ရဲ့ အင်အား ကြီးမားလို့ပဲ ငါ က ဟွမ်မိသားစု ခေါင်းဆောင် ကို သတိပေးထားလို့ပဲ အကယ်လို့ သဘောမတူရင် အကျိုးဆက် တွေကို သူတို့ပဲ တာဝန်ယူရမယ် လို့ ပြောထားလို့ သူက လုမိသားစု ရဲ့ ဩဇာအာဏာ ကို ကြောက်လို့ သဘောတူလိုက်ရတာ"
"အဖေ အဖေ"
ဤကိစ္စကို လုဖျင်ကျိုး က ယခုမှ ပထမဆုံး အကြိမ် သိရှိခြင်း ဖြစ်ရာ မျက်လုံးများ ပြူးကျယ်ကာ ဖခင် ဖြစ်သူကို ကြည့်နေပေသည်။
"အာဏာ ရှိမယ် စွမ်းအား ရှိမယ် ဆိုရင် မင်း ဘယ်လို မိန်းမမျိုး ကိုမဆို ရနိုင်တယ် ဒီ လောကကြီး မှာ ဟွမ်ရှန်းရှန်း ထက် မိသားစု နောက်ခံ ကောင်းတဲ့ ရုပ်ရည် ချောမောတဲ့ ပါရမီ ကောင်းတဲ့ မိန်းမ တွေ အများကြီး ရှိတယ် မင်းရဲ့ အမြင် က ဒီလောက်လေးပဲ ရှိတာလား"
"အဖေ သား သား က သူ့ကို တကယ် ချစ်တာပါ"
"ချစ်တယ် ဆိုတာက အကြောင်းပြချက် တစ်ခုလား ချစ်တယ် ဆိုတဲ့ စကား တစ်ခွန်းတည်း နဲ့ ငါတို့ လုမိသားစု ကြီး ကို ကြီးပွားအောင် လုပ်လို့ ရသလား"
လုရှင်းယွင် က အေးစက်စက် နှာမှုတ်လိုက်ပြီး အရှေ့ရှိ ဘိုးဘေး အမည်စာရင်း များကို လက်ညှိုးထိုးကာ လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"ငါတို့ လုမိသားစု က ကုန်သည် ဘဝ ကနေ စတင်ခဲ့တာ ပထမဆုံး ဘိုးဘေး က သာမန် ပြည်သူ တစ်ယောက် ပဲ မပြည့်စုံတဲ့ ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ် တစ်ခု နဲ့ သိုင်းလောက ထဲကို ဝင်ရောက်လာခဲ့တာ မျိုးဆက် အဆက်ဆက် ကြိုးစား ရုန်းကန်လာခဲ့ရတာ အနှစ် နှစ်ရာ လောက် ကြာမှ အခုလို လုမိသားစု ဆိုတာ ဖြစ်လာတာ ဒါမှ ငါတို့ လုမိသားစု က ထိုက်အန်းဒေသ ရဲ့ နံပါတ်တစ် မိသားစု ဖြစ်လာတာ တခြား ထိပ်တန်း အဖွဲ့အစည်း တွေ အကုန်လုံး က ဂိုဏ်း တွေချည်းပဲ အကယ်လို့ ဘိုးဘေး တစ်ယောက်ယောက် သာ မိန်းမ တွေ နောက်ကို လိုက်ပြီး အချိန်ဖြုန်းနေခဲ့မယ် ဆိုရင် မင်း အခုလို မာနကြီးခွင့် ရဦးမလား"
"ယောက်ျားကောင်း တစ်ယောက် ဆိုတာ အချစ်ရေး မှာ နစ်မွန်းနေဖို့ မဟုတ်ဘူး အကယ်လို့ မင်းသာ ငါ့ရဲ့ သား အရင်း မဟုတ်ဘူး ဆိုရင် ပြီးတော့ မွေးရာပါအဆင့် ကို မရောက်သေးဘူး ဆိုရင် မင်းကို ယွီတောင် ကနေ ချက်ချင်း နှင်ထုတ်ပြီး လုမိသားစု ရဲ့ သခင်လေး နေရာ ကနေ ဖယ်ရှားပစ်ပြီးပြီ"
လုရှင်းယွင် ၏ စကားများ က စကားလုံး တိုင်း ထိမိနေပြီး လုဖျင်ကျိုး ကို အလွန် တုန်လှုပ်သွားစေခဲ့သည်။
ဤသည်မှာ သူ မှတ်မိသလောက် ဖခင် ဖြစ်သူ က ဤမျှ လေးနက်စွာ ဆူပူကြိမ်းမောင်းခြင်း ပင် ဖြစ်သည်။
"သား မှားမှန်း သိပါပြီ"
"မင်း တကယ် မှားမှန်း သိဖို့ မျှော်လင့်ပါတယ် ငါတို့ လုမိသားစု က အခု မီးတောက် လိုပဲ အပြင်ပန်း မှာ အရမ်း ကြီးကျယ် ခမ်းနားနေတယ် လို့ ထင်ရပေမဲ့ ဘယ်ကနေ စပြီး ကျဆင်းသွားမလဲ ဆိုတာ ဘယ်သူ သိမှာလဲ မင်း က လုမိသားစု ကို ကုန်သည် ဘဝ ကို ပြန်ရောက်သွားစေချင်လို့လား တခြား အဖွဲ့အစည်း တွေ ကလည်း မျက်စိကျနေကြတယ် ကျန်းချဲ့ ကလည်း ရည်ရွယ်ချက် မကောင်းဘူး လုမိသားစု တိုးတက်ဖို့ ကြီးပွားဖို့ တာဝန် တွေ အကုန်လုံး က မင်း ပခုံးပေါ်မှာ ရှိတယ်"
"ဟုတ်ကဲ့"
"လုမိသားစု ရဲ့ ဘိုးဘေး တွေ အရှေ့မှာ မင်း ဆက်ပြီး ဒူးထောက်နေ နှစ်ဆယ့်လေး နာရီ ပြည့်မှ ထ ဒီ အချိန် အတွင်းမှာ အဖေ ပြောတဲ့ စကား တွေကို သေချာ စဉ်းစား"
"သား နားလည်ပါပြီ"
ညအချိန်။
ကျူအိမ်တော် တံခါးရှေ့။
ကျန်းချဲ့ က ရုပ်ဖျက်ထားပြီး ကျူအိမ်တော် အတွင်းသို့ တိတ်တဆိတ် ဝင်ရောက်သွားခဲ့သည်။
အတွင်းခန်းမ ၌။
သခင်မကြီးကျူ နှင့် ကျူရှု တို့ စကားပြောနေကြပြီး ကျူရှု က မနေ့က ကျန်းချဲ့ က ချန်မိသားစု ခြံဝင်း တွင် ကြီးမားသော ပြဿနာ များကို ဖန်တီးခဲ့သည့် အကြောင်းကို ပြောပြနေကာ သူ၏ စကားများ တွင် လေးစားမှု များ အပြည့်အဝ ပါဝင်နေပေသည်။
ကျန်းချဲ့ မွေးရာပါအဆင့် သို့ တက်လှမ်းသွားကြောင်း သိရှိရပြီးနောက် သူ က ကျန်းချဲ့ ၏ ပါရမီ ကို အလွန် အံ့ဩနေခဲ့သော်လည်း ယခုအခါ ကျန်းချဲ့ ၏ ပါရမီ က သူ ထင်ထားသည်ထက် ပိုမို ကြောက်စရာ ကောင်းနေကြောင်း သူ နားလည်သွားခဲ့ပြီ ဖြစ်သည်။
အသက် နှစ်ဆယ် ကျော် နှင့် ဓားစိတ်ဆန္ဒ ကို နားလည် သဘောပေါက်ခြင်း ဆိုသည်မှာ ဘယ်လို အဓိပ္ပာယ် မျိုးလဲ။
ကျန်းဟိုင်ဂိုဏ်း ၏ ဂိုဏ်းချုပ် အဆက်ဆက် ကို ပြန်ကြည့်မည် ဆိုပါက ဤကဲ့သို့သော ပါရမီရှင် မျိုး နှစ်ယောက် သာ ရှိခဲ့ဖူးပြီး ထို နှစ်ယောက် ထဲမှ တစ်ယောက် က ကံမကောင်းစွာဖြင့် သေဆုံးသွားခဲ့ကာ အခြား တစ်ယောက် ကတော့ ကျန်းဟိုင်ဂိုဏ်း ကို ပြန်လည် မြှင့်တင်ပေးခဲ့သူ ပင် ဖြစ်သည်။
ထိုသူ ရှိနေသော အချိန် က ကျန်းဟိုင်ဂိုဏ်း ၏ အထွတ်အထိပ် အချိန် ပင် ဖြစ်သည်။
ဆိုလိုသည်မှာ နောင်တွင် အကယ်၍ ကျန်းချဲ့ သာ မသေဆုံးပါက မွေးရာပါအဆင့် အထက်သို့ တက်လှမ်းနိုင်မည့် အလားအလာ အပြည့်အဝ ရှိနေကြောင်း ပင် ဖြစ်သည်။
ကျန်းချဲ့ နှင့် နှိုင်းယှဉ်ပါက သူ၏ ပါရမီ က အလွန် သာမန် သာ ဖြစ်ပေသည်။
ထို့ကြောင့် သူ က ကျန်းချဲ့ ကို အလွန် လေးစားနေပြီး ကျန်းချဲ့ နှင့် ပိုမို ရင်းနှီးသော ဆက်ဆံရေး တည်ဆောက်လိုပေသည်။
သူ က ယခုအခါ အတွင်းစည်း တပည့် တစ်ယောက် သာ ဖြစ်ပြီး သူ့ထက် အစွမ်းထက်သော သူများ အများအပြား ရှိနေသေးရာ သူ၏ အနောက်ရှိ ဆရာ မှလွဲ၍ မွေးရာပါအဆင့် သို့ တက်လှမ်းရန် အရင်းအမြစ် များကို ရှာဖွေရန် အားကိုးစရာ မရှိပေ။
သို့သော် အကယ်၍ ကျန်းချဲ့ သာ သူ့ကို ကူညီမည် ဆိုပါက ထိုမျှလောက် ခက်ခဲမည် မဟုတ်တော့ပေ။
ဤအတွက်ကြောင့် ကျန်းချဲ့ ယခင်က မှာကြားထားသော ကိစ္စများ ကို သူ အလွန် အာရုံစိုက်ပြီး လုပ်ဆောင်ခဲ့ကာ စာကြည့်တိုက် အတွင်းရှိ ကျင့်စဉ် များကို ရှာဖွေရုံသာမက အပြည့်အစုံ ပါဝင်သော ကျင့်စဉ် တစ်ခု ကိုပါ ယူဆောင်လာခဲ့သည်။
အကယ်၍ လူမိသွားပါက သူ၏ အဆုံးသတ် က ဂိုဏ်း မှ နှင်ထုတ်ခံရမည်မှာ သေချာလှပေသည်။
အဘယ်ကြောင့်ဆိုသော် ကျန်းဟိုင်ဂိုဏ်း နှင့် အစိုးရ တို့က ဆန့်ကျင်ဘက် ဖြစ်နေပြီး သူ က သစ္စာဖောက် လုပ်ရပ် ကို လုပ်ဆောင်နေသောကြောင့် ပင် ဖြစ်သည်။
"အမေ သား က ဒီည ကျန်းချဲ့ သေချာပေါက် ရောက်လာမယ် လို့ ထင်တယ် သူ ရောက်လာရင် သူ့အရှေ့မှာ သား အတွက် စကားကောင်းလေး တွေ နည်းနည်းလောက် ပြောပေးပါ သား သူ့ရဲ့ အကူအညီ ကို လိုအပ်နေတယ်"
ကျူရှု က လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"အမေ ကလား"
သခင်မကြီးကျူ ၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားပြီး ရင်ထဲတွင် အနည်းငယ် ထိတ်လန့်သွားကာ ကျူရှု က တစ်ခုခု ကို ရိပ်မိသွားပြီလား ဟု ထင်မှတ်လိုက်မိသည်။
"ဟုတ်တယ် သား ကြည့်ရသလောက်တော့ အမေ နဲ့ တပ်မှူးကြီးကျန်း တို့ရဲ့ ဆက်ဆံရေး က သိပ်မဆိုးဘူး လို့ ထင်တယ် ပြီးတော့ အဖေ ရဲ့ အရင်က ကူညီခဲ့ဖူးတဲ့ ကျေးဇူး တွေလည်း ရှိသေးတယ် ဆိုတော့ သား ယုံတယ် အမေ က သူ့ကို ဖျောင်းဖျ နိုင်မှာပါ"
သခင်မကြီးကျူ က တိတ်ဆိတ်သွားခဲ့သည်။
သူမ နှင့် ကျန်းချဲ့ ၏ ဆက်ဆံရေး က တကယ်ကို မဆိုးလှပေ။
ကွယ်လွန်သွားသော ခင်ပွန်း ဖြစ်သူ ပင်လျှင် ကျန်းချဲ့ နှင့် လုပ်ဖော်ကိုင်ဖက် များ ဖြစ်ခဲ့ကြသည်။
ဒါပေမဲ့ သူမ က ပြောရမှာ အနည်းငယ် ရှက်ရွံ့နေပေသည်။
"အမေ က မင်း အတွက် စကားကောင်းလေး တွေ နည်းနည်း ပြောပေးပါ့မယ် ဒါပေမဲ့ ရှုအာ မင်း က နောင်ကျရင် လူတစ်ယောက်တည်း ကိုပဲ အမြဲတမ်း အားကိုးနေလို့ မရဘူး ကိုယ့်ကိုယ်ကိုယ် အားကိုးရမယ်"
"သား နားလည်ပါတယ် သား က"
ကျူရှု ၏ စကား မဆုံးမီမှာပင် ပြတင်းပေါက် အပြင်ဘက် မှ "ဝှီး ဝှီး" ဟူသော လေတိုက်သံ များ ထွက်ပေါ်လာခဲ့သည်။
ကျူရှု ၏ မျက်လုံးများ ချက်ချင်း မှေးကျဉ်းသွားပြီး ခါးရှိ ဓား ကို လှမ်းကိုင်ကာ တံခါး အနီးသို့ ဖြည်းညင်းစွာ လျှောက်သွားပြီး တံခါး ကို အနည်းငယ် ဟကြည့်လိုက်ရာ လူရိပ် တစ်ခု က လျင်မြန်စွာ ချဉ်းကပ်လာသည် ကို မြင်တွေ့လိုက်ရသည်။
သူ က အစပိုင်းတွင် အံ့ဩသွားသော်လည်း ချက်ချင်းပင် လာသူ မည်သူမည်ဝါ ဖြစ်ကြောင်း မှတ်မိသွားခဲ့သည်။
'ကျန်းချဲ့ ပဲ'
"တပ်မှူးကြီးကျန်း"
ကျူရှု က တံခါး ကို အလျင်အမြန် ဖွင့်လိုက်ပြီး ယခင်ကထက် ပိုမို ရိုသေစွာ ဆက်ဆံလိုက်သည်။
"အစ်ကိုကျူ ရက်အတော်ကြာ မတွေ့ရတဲ့ အချိန် အတွင်းမှာ ပိုပြီး တက်ကြွလာသလိုပဲ"
"တပ်မှူးကြီးကျန်း က မြှောက်ပြောနေပါပြီ ကျူရှု က တကယ်တော့ သာမန်ပါပဲ အမြန် ဝင်ပါ"
ကျူရှု က ကျန်းချဲ့ ကို အခန်း အတွင်းသို့ အလျင်အမြန် ခေါ်ဆောင်သွားခဲ့သည်။
သခင်မကြီးကျူ ကလည်း ချက်ချင်း မတ်တတ်ရပ်လိုက်သည်။
"သခင်မကြီး"
ကျန်းချဲ့ က အနည်းငယ် လက်ဝါးချင်းယှက် အရိုအသေပေးလိုက်သည်။
"တပ်မှူးကြီးကျန်း"
သခင်မကြီးကျူ က အနည်းငယ် ခေါင်းညိတ်ပြီး ပြန်လည် အရိုအသေပေးလိုက်သည်။
သူတို့ နှစ်ယောက် က ကျူရှု ၏ အရှေ့တွင် စည်းကမ်း များကို အလွန် လိုက်နာကြပေသည်။
"တပ်မှူးကြီးကျန်း ထိုင်ပါဦး"
"မင်းတို့ အလုပ် ကိစ္စ တွေ အရင် ပြောကြပါ ငါ စာကြည့်ခန်း ကို ခဏ သွားလိုက်ဦးမယ် အကယ်လို့ စကားပြောတာ သိပ်မနောက်ကျဘူး ဆိုရင် တပ်မှူးကြီးကျန်း ခဏလောက် နေပါဦး ကျွန်မ က အကူအညီ တောင်းစရာလေး ရှိလို့ပါ"
သခင်မကြီးကျူ က စကားပြောနေရင်း မျက်လုံး များ က ကျူရှု ဆီသို့ ရောက်ရှိသွားခဲ့သည်။
ကျူရှု က ဤစကား ၏ အဓိပ္ပာယ် ကို နားလည်သဖြင့် အနည်းငယ် ခေါင်းညိတ်လိုက်သည်။
"ကောင်းပါပြီ"
ကျန်းချဲ့ က ခေါင်းညိတ်လိုက်သည်။
သခင်မကြီးကျူ ထွက်သွားပြီးနောက် ကျူရှု က ကျန်းချဲ့ အတွက် အကောင်းစား လက်ဖက်ရည် တစ်ခွက် ငှဲ့ပေးလိုက်ပြီး စကားပြောနေရင်း ကျန်းချဲ့ မနေ့က အစွမ်းပြခဲ့သည့် ကိစ္စများကို ပြောပြကာ အလွန် လေးစားကြောင်း ပြောဆိုခဲ့သည်။
"ကျန်းဟိုင်ဂိုဏ်း ကရော ဘယ်လို တုံ့ပြန်လဲ"
"တပည့် တွေ အများစု ကတော့ တပ်မှူးကြီး က ဓားစိတ်ဆန္ဒ ကို နားလည် သဘောပေါက်တယ် ဆိုတဲ့ ကိစ္စ ကို အံ့ဩပြီး လေးစားနေကြတယ် အထက်လူကြီး တွေ ရဲ့ ဆုံးဖြတ်ချက် ကိုတော့ ကျုပ် ရဲ့ လက်ရှိ အဆင့်အတန်း အရ မသိရသေးဘူး"
"နောက်ကျရင် သတင်း တစ်ခုခု ကြားရင် ကျုပ် ကို ကူညီပြီး အကြောင်းကြားပေးပါဦး"
"တပ်မှူးကြီး စိတ်ချပါ ကျုပ်တို့ က တကယ့် ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတာပဲ ကျုပ် နားလည်ပါတယ်"
"ဟဲဟဲဟဲ"
ကျန်းချဲ့ က ရယ်မောလိုက်သည်။
"အော် ဟုတ်တယ် အရင်က တပ်မှူးကြီး မှာထားတဲ့ ကိစ္စ တွေ အားလုံး ပြီးသွားပါပြီ အရင် ကြည့်လိုက်ပါဦး"
ကျူရှု က ခြေရင်းရှိ သေတ္တာ ကို မယူပြီး စားပွဲပေါ် တင်လိုက်ကာ ဖွင့်ပြလိုက်ရာ ကျင့်စဉ် မျိုးစုံ ထွက်ပေါ်လာခဲ့သည်။
စာအုပ်များ၊ ဝါးချပ်များ၊ ကျောက်စိမ်း စာအုပ်များ။
အကြမ်းဖျင်း ကြည့်လိုက်လျှင် ဆယ်အုပ်ကျော် ခန့် ရှိသော်လည်း အများစု က မပြည့်စုံသော ကျင့်စဉ် များ ဖြစ်ကြသည်။
"ဒီလောက်တောင် များတာလား"
ကျန်းချဲ့ ၏ မျက်မှောင်များ အနည်းငယ် မြင့်တက်သွားပြီး ကျူရှု က သူ့အတွက် ယူဆောင်လာပေးသော အံ့ဩစရာ က မသေးငယ်လှကြောင်း ခံစားလိုက်ရသည်။
"ကျန်းဟိုင်ဂိုဏ်း က တည်ထောင်ခဲ့တာ အနှစ် လေးရာ နီးပါး ရှိပြီ အတက်အကျ သုံးခါလောက် ရှိခဲ့ပေမဲ့ အခုထိ မပြိုလဲသေးဘူး ဒါတွေ က ဂိုဏ်း ရဲ့ စုဆောင်းမှု တွေပဲ နှမြောစရာ ကောင်းတာက ပြောင်းရွှေ့တဲ့ အချိန် တွေမှာ အများကြီး ပျောက်ဆုံးသွားခဲ့တယ် မဟုတ်ရင် ဒီထဲမှာ ထိပ်တန်း မွေးရာပါ တာအိုကျင့်စဉ် တွေ အများကြီး ရှိဦးမှာ"
"ပြောင်းရွှေ့တာလား"
ကျန်းချဲ့ က စာအုပ် တစ်အုပ် ကို ကောက်ကိုင်လိုက်ပြီး မျက်မှောင်များ အနည်းငယ် မြင့်တက်သွားခဲ့သည်။
ကျူရှု က လျှို့ဝှက်စွာ ပြုံးလိုက်ပြီး ဆက်ပြောသည်။
"ယွဲ့ပြည်နယ် က အရှေ့တောင်ဘက် မှာ ရှိပြီး တောင်တန်း ကြီးတွေ နဲ့ နီးတယ် ပြည်နယ် အတွင်းမှာ ရေကန် တွေ ရွှံ့နွံ တွေပဲ ရှိတယ် ပင်လယ်ပြင် ဆိုတာ မရှိဘူး တပ်မှူးကြီး က ကျန်းဟိုင်ဂိုဏ်း ရဲ့ ကျန်းဟိုင် ဆိုတဲ့ နာမည် ဘယ်က ရလာလဲ ဆိုတာ မသိချင်ဘူးလား"
"ဒါဆို"
"မှန်ပါတယ် ကျန်းဟိုင်ဂိုဏ်း က အရှေ့ပင်လယ် မှာ စတင်ခဲ့တာ ရန်သူ တွေ နဲ့ ပြဿနာ တက်လို့ မတတ်သာဘဲ အရှေ့တောင် ဒေသ ကို ပြောင်းရွှေ့လာခဲ့ရတာ အနှစ် ခြောက်ဆယ် လောက် ကြာမှ ထိုက်အန်းဒေသ မှာ တရားဝင် အခြေချ နိုင်ခဲ့တာ တပ်မှူးကြီး က အလုပ်များနေတော့ မသိတာ မဆန်းပါဘူး"
"ဒါဆိုရင် ကျန်းဟိုင်ဂိုဏ်း က အရင်တုန်းက အရမ်း ကြီးကျယ် ခမ်းနားခဲ့တာပေါ့"
"ဂိုဏ်း ရဲ့ သမိုင်း မှတ်တမ်း တွေ အရ ဆိုရင် လွန်ခဲ့တဲ့ အနှစ် တစ်ရာ လောက်က ကျန်းဟိုင်ဂိုဏ်း မှာ မွေးရာပါအဆင့် အထက် က အင်အားကြီး သူတွေ ရှိခဲ့ဖူးတယ် ပြီးတော့ တစ်ယောက်တည်း မဟုတ်ဘူး ကျုပ် ထင်တာကတော့ အရမ်း ကြီးကျယ် ခမ်းနားခဲ့တယ် လို့ ဆိုရမှာပဲ"
ကျူရှု က သက်ပြင်းချကာ ပြောလိုက်သည်။
ကျန်းချဲ့ ကမူ ရင်ထဲတွင် အနည်းငယ် လှုပ်ရှားသွားပြီး ပို၍ပင် စိတ်ဝင်စားသွားခဲ့သည်။
သူ က ဤကဲ့သို့သော နောက်ခံ သမိုင်းကြောင်း ရှည်လျားပြီး ယခင်က ကြီးကျယ် ခမ်းနားခဲ့ဖူးသော အဖွဲ့အစည်း မျိုး ကို သဘောကျပေသည်။
သူတို့ ၏ စုဆောင်းမှု များ က သာမန် ဂိုဏ်း များ နှင့် လုံးဝ မယှဉ်နိုင်ပေ။
ကျူရှု က တကယ်ကို သူ့အတွက် ကြီးမားသော အံ့ဩစရာ တစ်ခု ကို ယူဆောင်လာပေးခဲ့ခြင်း ပင် ဖြစ်သည်။
ထို့ကြောင့် ကျန်းချဲ့ က ကျူရှု ယူဆောင်လာပေးသော ကျင့်စဉ် များကို အလွန် အာရုံစိုက်ပြီး သေချာ ကြည့်ရှု လေ့လာနေတော့သည်။
ကျန်းချဲ့ က နောက်ဆုံး ကျောက်စိမ်း စာအုပ် တစ်အုပ် ကို ကောက်ကိုင်လိုက်ပြီး ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်ရာ အရှေ့ဆုံး တွင် စာလုံး ငယ်လေး ငါးလုံး ကို မြင်တွေ့လိုက်ရသည်။
နဂါးစိမ်း ကျိန်းဟိုင် ကျင့်စဉ်။