← Chapters

အခန်း ၁၂၇

Vol. 13 Ch. 127

အခန်း ၁၂၇

Vol. 13 Ch. 127

အခန်း (၁၂၇) နဂါးဟိန်းဟောက်သံ

တိတ်ဆိတ်သွားသည်...

ငြိမ်သက်သွားသည်...

တုန်လှုပ်သွားသည်...

ထိုအခိုက်အတန့်တွင် ကောင်းကင်နှင့် မြေကြီးကြားရှိ အဓိက ဇာတ်ဆောင်မှာ ကျန်းချဲ့ ဖြစ်သွားပြီး လူတိုင်း၏ အကြည့်များက သူ့ထံသို့ စုဝေးသွားခဲ့သည်။

စူးစမ်းချင်စိတ်များ၊ အံ့ဩမှုများ၊ ကြောက်ရွံ့တုန်လှုပ်မှုများ... ခံစားချက် မျိုးစုံ ရောယှက်နေခဲ့ပေသည်။

ကျန်းချဲ့၏ ထွက်ပေါ်လာပုံက ဤမျှလောက် ကြီးကျယ်ခမ်းနားလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။ ယခုမှ အဆင့်တက်ထားပြီး အရှိန်အဝါများကို အပြည့်အဝ မထိန်းချုပ်နိုင်သေးသည့် အခြေအနေတွင် ယခု ကျန်းချဲ့မှာ ကောင်းကင်ကို ထိုးဖောက်သွားမည့် ချွန်ထက်သော ဓားတစ်လက်နှင့် တူနေပေသည်။

သာမန်လူများ အနေဖြင့် မှီနိုင်ရန် ခက်ခဲရုံသာမက သူ့ကို တိုက်ရိုက်ပင် မကြည့်ရဲကြချေ။ အကြည့်တစ်ချက် ဝေ့ကြည့်လိုက်သည်နှင့် အားလုံးက ခေါင်းငုံ့သွားကြရသည်။

ချီဆန်းကျား၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

'တကယ်ပဲ လူငယ် ပီသတယ်... လုပ်ရပ်တွေက မောက်မာပြီး ရိုင်းစိုင်းတယ်... ငါ ငယ်ငယ်တုန်းက ပုံစံမျိုးပဲ...'

မဟုတ်ပေ... ယခင်က တွေးဖူးသကဲ့သို့ပင် ကျန်းချဲ့က သူ ငယ်ငယ်တုန်းကထက် အဆပေါင်းများစွာ ပို၍ မောက်မာ ရိုင်းစိုင်းသည့် စရိုက်ရှိပေသည်။ အကြောင်းရင်းမှာမူ သူ၏ စွမ်းဆောင်ရည်ကလည်း သူ ငယ်ငယ်တုန်းကထက် အများကြီး သာလွန်နေသောကြောင့် ဖြစ်ပေသည်။

ဤသို့သော လူမျိုးကသာ နောက်ခံ အားကိုးစရာ ရှိပြီး လမ်းခုလတ်တွင် မသေဆုံးသွားဘူး ဆိုပါက နောက်ပိုင်း အဆိုးဆုံး အခြေအနေတွင်ပင် ဒေသတစ်ခုကို အုပ်ချုပ်နိုင်မည့် အဆင့်သို့ ရောက်ရှိနိုင်ပေသည်။

သူက အစကတည်းက သူ့၏ ရည်မှန်းချက်များကို လုံးဝ ဖုံးကွယ်မထားသော လူငယ် တစ်ယောက် ဖြစ်ပေသည်။ ချီဆန်းကျားက ဤသို့သော လူမျိုးကို အလွန် သဘောကျပေသည်။ အဘယ်ကြောင့်ဆိုသော် သူ့၏ ရည်မှန်းချက်နှင့် စွမ်းဆောင်ရည်က အချိုးညီနေသောကြောင့်ပင် ဖြစ်သည်။

လုဖျင်ကျိုးက အလိုအလျောက် ခေါင်းလှည့်ကြည့်လိုက်ရာ သူ၏ စေ့စပ်ထားသူက ကျန်းချဲ့ကို စိုက်ကြည့်နေသည့် အကြည့်များကို မြင်လိုက်ရသည်။ သူမ၏ မျက်လုံးများထဲတွင် အလင်းရောင်များ တောက်ပနေပြီး ဒါကမှ သူမ အမြဲတမ်း အိပ်မက်မက်နေသည့် ယောက်ျား မျိုးဟု ထင်နေပုံရပေသည်။

ဤအခိုက်အတန့်တွင် သူ၏ ရင်ထဲ၌ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်သည့် ခံစားချက် တစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။

လူငယ် အချင်းချင်း၊ လူငယ် မျိုးဆက် အချင်းချင်း ဖြစ်သော်လည်း သူ၏ နောက်ခံက ကျန်းချဲ့ထက် အများကြီး သာလွန်ပေသည်။ ငယ်ငယ်ကတည်းက အထောက်အကူပြု ရတနာများ အများအပြားဖြင့် ကျင့်ကြံခဲ့ရသော်လည်း အောင်မြင်မှု အပိုင်းတွင်မူ ကျန်းချဲ့ကို လုံးဝ မယှဉ်နိုင်ချေ။

လုရှင်းယွင်က သူ့သား၏ စိတ်ခံစားချက်ကို ရိပ်မိသွားသကဲ့သို့ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။

"လုပ်ရပ်တွေ မောက်မာရင် သေချာပေါက် ဘေးဒုက္ခ ရောက်လိမ့်မယ်... ဖျင်ကျိုး... စိတ်ကို တည်ငြိမ်အောင်ထား... ဒါလေးနဲ့တော့ မင်း စိတ်အနှောင့်အယှက် မဖြစ်စေနဲ့..."

"အဖေ့ရဲ့ သွန်သင်မှု အတွက် ကျေးဇူးတင်ပါတယ်..."

လုဖျင်ကျိုးက ခေါင်းညိတ်လိုက်သည်။

လူအုပ်ကြီးထဲတွင် ရောနှောနေသော ကျူးချင်ချင် အတွက်ကတော့ ဤအခိုက်အတန့်တွင် ရင်ထဲ၌ နာကျင်သွားခဲ့ရသည်။

တောက်ပလွန်းလှသည်...

တုန်လှုပ်စရာ ကောင်းလွန်းလှသည်...

မရေမတွက်နိုင်သော သူရဲကောင်း များ၏ အာရုံစိုက်မှုကို ရရှိနေပေသည်။ ဒါက သူမ အရင်က လိုချင်ခဲ့သည့် ယောက်ျား မဟုတ်ပါလား။

အဘယ်ကြောင့်နည်း...

အဘယ်ကြောင့် ဤသို့သော ယောက်ျားမျိုး သဲများကြားတွင် နစ်မြုပ်နေစဉ်က သူ့ထံမှ ထွက်ပေါ်နေသော မှေးမှိန်သည့် အလင်းရောင်ကို သူမ မမြင်နိုင်ခဲ့ရသနည်း။ ကိုယ်တိုင် နောင်တရနေသည့် အချိန်ကျမှသာ သူ၏ တောက်ပသည့် အချက်များကို ပိုပိုပြီး မြင်လာရသနည်း။

ကျန်းချဲ့ အောင်မြင်လေလေ၊ တောက်ပလေလေ သူမ ရင်ထဲတွင် ပိုပြီး ခံစားရလေလေပင် ဖြစ်သည်။ သူမသာ ခေါင်းမာပြီး ဆိုးသွမ်းမနေခဲ့ဘူး ဆိုပါက သူတို့ နှစ်ယောက်မှာ နတ်ဖက်သည့် စုံတွဲများ ဖြစ်နေလောက်ပြီ မဟုတ်ပါလား။

သူမ၏ ခေါင်းထဲတွင် အရင်က အဖြစ်အပျက်များကို အဆက်မပြတ် ပြန်လည် တွေးတောနေမိပြီး အရင်ကထက် ပို၍ နာကျင်ခံစားနေရပေသည်။

သခင်မကြီးကျူးက ကျူးချင်ချင်၏ လက်ကို ကိုင်ကာ မျက်နှာ အနည်းငယ် ပျက်ယွင်းနေသည်ကို ကြည့်ရင်း မနေနိုင်ဘဲ မေးလိုက်သည်။

"ချင်ချင်... သမီး ဘာဖြစ်လို့လဲ..."

"ဘာ... ဘာမှမဖြစ်ပါဘူး... သမီး ကြည့်ရတာ တပ်မှူးကြီးကျန်း က ပိုပိုပြီး အစွမ်းထက်လာသလိုပဲနော် လို့ တွေးမိလို့ပါ..."

ကျူးချင်ချင်က စကားကို ထစ်အထစ်အ ဖြင့် ပြောလိုက်ပြီး မျက်နှာပေါ်တွင် အတင်း ပြုံးပြလိုက်သည်။

"ဟုတ်တယ်... သူက ပိုပိုပြီး တောက်ပလာတာပဲ..."

သခင်မကြီးကျူးက ခေါင်းမော့ကာ ရွှေရောင် အလင်းတန်းများ ဝန်းရံနေသည့် ယောက်ျားကို ကြည့်ရင်း သူမ၏ ကိုယ်တွင်း၌ပင် အလိုလို စိုစွတ်လာသလို ခံစားလိုက်ရသည်။

အချိန်က မွန်းတည့်ချိန် ဖြစ်ပြီး နေမင်းကြီးက ကောင်းကင်ယံတွင် ပူပြင်းစွာ တောက်ပနေပေသည်။

ကျန်းချဲ့က လက်နှစ်ဖက်ကို နောက်ပစ်ကာ မတ်မတ် ရပ်နေပြီး သူ၏ အနက်ရောင် သိုင်းဝတ်စုံက လေပြေထဲတွင် တလွင့်လွင့် ဖြစ်နေကာ ခန္ဓာကိုယ် ပေါ်တွင် ရွှေရောင် အလင်းတန်း တစ်ခု ဖုံးလွှမ်းထားသကဲ့သို့ ဖြစ်နေသည်။ အထူးသဖြင့် သူ၏ ကိုယ်ပိုင် အတွင်းအားများ နှင့် ပေါင်းစပ်သွားသောအခါ ပို၍ပင် လျှို့ဝှက်ဆန်းကြယ်သည့် အသွင်ကို ဆောင်နေပေသည်။

သူ၏ အကြည့်များက အောက်ဘက်တွင် တင်ပျဉ်ခွေ ထိုင်နေသော အလင်းပြန်နေသည့် ကတုံးခေါင်းပိုင်ရှင် နှင့် လူတစ်ယောက် အပေါ်သို့ တိုက်ရိုက် ကျရောက်နေပေသည်။

ရိခုန်း ဘုန်းကြီးက ကျန်းချဲ့ ထွက်ပေါ်လာချိန် ကတည်းက မျက်လုံးများကို ဖွင့်လိုက်ပြီး တရားရွတ်ဆိုခြင်းကို ရပ်တန့်ကာ ကျန်းချဲ့ဆီသို့ အကြည့်လွှဲလိုက်ရာ သူတို့ နှစ်ယောက်၏ အကြည့်များက လေထဲတွင် ဆုံဆည်းသွားခဲ့သည်။

ရိခုန်း ဘုန်းကြီးက ပြုံးလိုက်ပြီး ဖြည်းညင်းစွာ မတ်တပ်ရပ်ကာ လေဟာနယ် ပေါ်သို့ တစ်လှမ်းချင်း တက်လှမ်းသွားခဲ့သည်။ သူ၏ ပတ်ဝန်းကျင်မှ အရှိန်အဝါ က လုံးဝ ဖုံးကွယ်ထားပြီး ကျန်းချဲ့၏ မောက်မာ ရိုင်းစိုင်းသော အရှိန်အဝါ နှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေပေသည်။

"အမိတာဘာ... ဘုန်းဘုန်း ရိခုန်း ပါ... ဒကာကြီးကျန်း ကို နှုတ်ခွန်းဆက်ပါတယ်..."

ရိခုန်း ဘုန်းကြီးက ကျန်းချဲ့ နှင့် ပေသုံးဆယ် ခန့် အကွာအဝေး တွင် မျက်နှာချင်းဆိုင် ရပ်နေပြီး လက်တစ်ဖက်တည်းဖြင့် ယှက်ကာ ကျန်းချဲ့ကို ခေါင်းညိတ် ပြလိုက်သည်။ သူ၏ မျက်နှာပေါ်တွင် ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်း လုံးဝ မရှိဘဲ ပတ်ဝန်းကျင် ရှိ အရာအားလုံးကို လုံးဝ ဂရုမစိုက်သကဲ့သို့ ဖြစ်နေပေသည်။

"မင်းက ငါ့ကို စိန်ခေါ်ချင်တာလား..."

"တခြားလူ အကူအညီ တောင်းထားလို့ ငြင်းဖို့ ခက်နေလို့ပါ..."

"ဟား ဟား ဟား..."

ကျန်းချဲ့က ရယ်မောလိုက်ပြီး အရှေ့ရှိ လူငယ် ဘုန်းကြီးကို စိုက်ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"ဒါတွေ အကုန်လုံးက အရေးမကြီးပါဘူး... မင်း သေဖို့ ပြင်ဆင်ထားရင် ရပါပြီ..."

"ဒကာကြီးကျန်း ရဲ့ စွမ်းအား က တကယ်ပဲ ကောင်းကင် အထိ ရောက်နေတယ် ဆိုရင်လည်း ဘုန်းဘုန်း ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတယ် လို့ပဲ မှတ်ယူရမှာပေါ့..."

"အရမ်း ကောင်းတယ်..."

"မတိုက်ခိုက်ခင် ဘုန်းဘုန်း ပြောစရာ စကား တစ်ခွန်း ရှိပါသေးတယ်..."

"ပြောလေ..."

ရိခုန်း ဘုန်းကြီးက ခေါင်းမော့ကာ ကျန်းချဲ့ကို စိုက်ကြည့်လိုက်ပြီး မျက်လုံးများထဲတွင် ရွှေရောင် အလင်းများ တောက်ပလာခဲ့သည်။

"တကယ်လို့ ဘုန်းဘုန်း က ကံကောင်းထောက်မစွာ နဲ့ ဒကာကြီးကျန်း ကို နိုင်သွားခဲ့ရင် နောက်ပိုင်း ဒကာကြီးကျန်း အနေနဲ့ ဒီကိစ္စကို အငြိုးထားပြီး ထိုက်ဆန်းမြို့ နဲ့ ပတ်ဝန်းကျင် က ပြည်သူတွေကို ဒေါသပုံ မချဖို့ မျှော်လင့်ပါတယ်..."

"မင်းက ငါ့ကို ဆရာ လာလုပ်နေတာလား..."

ကျန်းချဲ့က အေးစက်စက် ရယ်မောလိုက်သည်။

"ဘုန်းဘုန်း က ပြည်သူတွေ ရဲ့ အသက်အန္တရာယ် အတွက် စဉ်းစားပေးတာပါ..."

"စကားလုံး လှလှလေးတွေ သုံးပြီး အဓိပ္ပာယ် မရှိတာတွေ ပြောနေတာပဲ... ရိခုန်း... မင်း ကိုယ်မင်း တရားမျှတမှု ဘက်က ရပ်တည်ပြီး ငါ့ကို ဝေဖန်နေတယ်လို့ တကယ်ပဲ ထင်နေတာလား... အမှားအမှန် ကို မခွဲခြားနိုင်ဘူး... အကောင်းအဆိုး ကို မခွဲခြားနိုင်ဘူး..."

ကျန်းချဲ့က ရိခုန်း ဘုန်းကြီးကို စိုက်ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။

"အမိတာဘာ... ဒကာကြီးကျန်း... ဒေါသမထွက်ပါနဲ့..."

"မင်းက ငါနဲ့ အချေအတင် ပြောချင်တာ မဟုတ်လား... ဒါဆိုရင် ငါတို့ မတိုက်ခိုက်ခင် အချေအတင် ပြောကြတာပေါ့... ငါ မင်းကို မေးမယ်... ငါ ရာထူး စယူတဲ့ အချိန်ကစပြီး အခုချိန်ထိ အပြစ်မဲ့တဲ့ သူတွေကို သတ်ဖြတ်တာ၊ ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်တာ မျိုး ရှိဖူးလို့လား..."

ကျန်းချဲ့၏ အသံက မွေးရာပါ အတွင်းအားများ ပါဝင်နေသဖြင့် အရပ်လေးမျက်နှာ သို့ ကျယ်လောင်စွာ ပဲ့တင်ထပ်သွားခဲ့သည်။

"ဒကာကြီးကျန်း က ချန်မိသားစု ခြံဝင်း က သွေးကြွေး တွေကို မေ့သွားတာလား..."

ရိခုန်း က လေးနက်သော အသံဖြင့် မေးလိုက်သည်။

"ချန်မိသားစု ခြံဝင်း က မွေးရာပါအဆင့် သိုင်းသမား ရှိတာကို အားကိုးပြီး ပြည်သူတွေကို အနိုင်ကျင့်တယ်၊ ဥပဒေကို ချိုးဖောက်တယ်... ငါက အစိုးရ ရုံးတော်ထဲကနေ သူတို့ရဲ့ ပြစ်မှု မှတ်တမ်း ဒါဇင်ပေါင်းများစွာကို အလွယ်တကူ ထုတ်ပြနိုင်တယ်... အဲဒီလို လူမျိုးကို ဖျက်ဆီးပစ်တာက မှားနေလို့လား... ဒါမှမဟုတ် မင်းရဲ့ မျက်လုံးထဲမှာ ချန်မိသားစု က လူတွေကိုပဲ လူလို့ သတ်မှတ်ပြီး အနိုင်ကျင့် ခံနေရတဲ့ သာမန် ပြည်သူတွေ၊ အာဏာ မရှိတဲ့ သူတွေ က ပုရွက်ဆိတ် လိုပဲ သတ်မှတ်ထားတာလား... ပြီးတော့... ချန်မိသားစု ခြံဝင်းကို ဖျက်ဆီးခဲ့တာ က လုမိသားစု သခင်လေး လုဖျင်ကျိုး လေ... ငါနဲ့ ဘာဆိုင်လို့လဲ... ဒီပြစ်မှုတွေကို မင်း တစ်ခွန်းတည်း ပြောရုံနဲ့ အမှားအမှန် ကို ပြောင်းပြန် လှန်ပစ်ချင်နေတာလား..."

ကျန်းချဲ့က ရိခုန်း ဘုန်းကြီးကို မေးခွန်း ထုတ်လိုက်သည်။

'ငါ့ရဲ့ ကျင့်ကြံရေး စိတ်ထားကို ဖျက်ဆီးချင်နေတာလား... ငါက အရင်ဆုံး မင်းရဲ့ စိတ်ကို ဖျက်ဆီးပစ်မယ်... အချေအတင် ပြောရမယ် ဆိုရင် ငါ ဘယ်သူ့ကိုမှ ကြောက်ဖူးတာ မဟုတ်ဘူး...'

ရိခုန်း ဘုန်းကြီး ၏ နှုတ်ခမ်းများ တွန့်လှုပ်သွားပြီး ပါးစပ် ဟကာ တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း ကျန်းချဲ့ က ဖြတ်ပြောလိုက်သည်။

"ဒီထိုက်အန်းဒေသ က အင်အားစု ခြောက်ခု ထဲမှာ ဘယ်အင်အားစု က သွေးကြွေး တွေ မရှိဘူးလဲ... ဘယ်အင်အားစု က ပြည်သူတွေကို အနိုင်ကျင့်ပြီး ရတနာတွေကို အတင်းအဓမ္မ လုယူတာ မလုပ်ဖူးဘူးလဲ... ဥပမာ... မင်းတို့ ကျင်းယွမ် ဘုန်းကြီးကျောင်း က ဒကာ ဒကာမတွေကို အလှူငွေ ထည့်ဖို့ အတင်း ဖိအားပေး သလိုမျိုးပေါ့... လယ်ယာမြေ တွေကို သိမ်းပိုက်တယ်၊ အခွန် မဆောင်ဘူး၊ အစိုးရ ကို ဆန့်ကျင်တယ်... အစိုးရ ကသာ သိုင်းလောက ကို မထိန်းချုပ်ထားရင် ဒီကမ္ဘာကြီး က စောစောကတည်းက ပရမ်းပတာ ဖြစ်နေလောက်ပြီ... ပြည်သူတွေ ကလည်း ဝမ်းဝအောင် မစားရဘဲ အိမ်ယာမဲ့ တွေ ဖြစ်နေလောက်ပြီ... မင်းက ဘယ်လို သတ္တိမျိုးနဲ့ ငါ့ကို လာပြီး မေးခွန်း ထုတ်ရဲတာလဲ... အစိုးရ သာ မရှိရင် မင်းတို့ သိုင်းလောက အင်အားစု တွေက ဒီပြည်သူတွေကို စားဝတ်နေရေး ပြည့်စုံအောင် ထားနိုင်မှာလား... မင်းတို့ တရားစာ အနည်းငယ် ရွတ်လိုက်ရုံနဲ့ ဒီကမ္ဘာပေါ်က လူတွေ ဒုက္ခ မရောက်အောင် လုပ်ပေးနိုင်မှာလား..."

ကျန်းချဲ့က အဆက်မပြတ် မေးခွန်း ထုတ်လိုက်ရာ စကားလုံး တိုင်းက နှလုံးသားကို ထိုးဖောက်သွားစေသည်။

ဤအခိုက်အတန့်တွင် ကိုယ်ကျင့်တရား အမြင့်ဆုံး နေရာ၌ ရပ်တည်နေသူမှာ... သူ ဖြစ်နေပေသည်။

ရိခုန်း ဘုန်းကြီး မှာ စကားပြန်မပြောနိုင်အောင် ဖြစ်သွားခဲ့ပြီး ကျန်းချဲ့ကို ကြည့်လိုက်ရာ ရွှေရောင် အလင်းတန်းများ က သူ၏ ခန္ဓာကိုယ်ကို ဖုံးကွယ်ထားသကဲ့သို့ ဖြစ်နေပြီး သူ၏ တကယ့် ပုံစံကို လုံးဝ မမြင်ရတော့ပေ။

"ရိခုန်း... ဒီကောင်လေးနဲ့ စကား အများကြီး မပြောနဲ့တော့... မြန်မြန် တိုက်ခိုက်ပြီး သူ့ကို ဖိနှိပ်ပစ်လိုက်..."

အောက်ဘက်တွင် ကျဲထန် ဘုန်းကြီး က ဤစကားများကို ကြားပြီးနောက် မျက်နှာ အကြီးအကျယ် ပျက်ယွင်းသွားခဲ့သည်။ ရိခုန်း ဘုန်းကြီး ၏ စိတ်ထား မတည်မငြိမ် ဖြစ်နေပြီး လွှမ်းမိုးခံရနိုင်ကြောင်း သိရှိသွားသဖြင့် သူ၏ စိတ်ကို တည်ငြိမ်စေရန် အလျင်အမြန် ဝင်ပြောလိုက်သည်။

"ဆူညံလိုက်တာ... ဒီမှာ မင်း ဝင်ပြောစရာ အကြောင်း ရှိလို့လား..."

ချီဆန်းကျား က မူလက ကျန်းချဲ့ ရိခုန်း ကို ပြန်လည် ချေပနေပြီး စကားမပြောနိုင်အောင် ပြုလုပ်နိုင်ခဲ့သဖြင့် ရင်ထဲတွင် အလွန် ကျေနပ်နေခဲ့သည်။ ကျဲထန် ဘုန်းကြီး ဝင်ပြောသည်ကို မြင်သောအခါ မျက်မှောင်ကြုတ်သွားပြီး အကြည့်များက တစ်ဖက်လူ ဆီသို့ ရောက်သွားခဲ့သည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် အလင်းရောင် တစ်ချက် တောက်ပသွားခဲ့သည်။

"ဖူး..."

ကျဲထန် ဘုန်းကြီး က မျက်လုံးများ ပြူးကျယ်သွားပြီး ဝိညာဉ်ရေးရာ အပြင်းအထန် ထိခိုက်သွားသကဲ့သို့ ခံစားလိုက်ရကာ နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်သွားခဲ့သည်။ နှုတ်ခမ်းထောင့်မှ သွေးတစ်ပွက် ပန်းထွက်လာပြီး မျက်နှာက အလွန် ပျက်ယွင်းသွားသော်လည်း ပြန်လည် မတိုက်ခိုက်ရဲပေ။

'ရှန်ကွမ်းအဆင့် အင်အားကြီး သူ... ဒီလောက်တောင် ကြောက်စရာ ကောင်းတာလား...'

ရိခုန်း က ခေါင်းကို ခါရမ်းလိုက်ပြီး စောစောက လွှမ်းမိုးခံရမှု များကို မျက်စိတစ်မှိတ် အတွင်း ဖယ်ရှားပစ်လိုက်သည်။ ကျန်းချဲ့ကို ကြည့်သော အကြည့်များက အလွန် လေးနက်လာခဲ့ပြီး လက်နှစ်ဖက်ကို ယှက်ကာ တစ်ကိုယ်လုံး တွင် ရွှေရောင်မှိုင်းမှိုင်း အတွင်းအား များ တုန်ခါလာခဲ့သည်။

"အမိတာဘာ... စကားတွေ အများကြီး ပြောနေလည်း အလကားပါပဲ... ဒကာကြီးကျန်း... စတင် တိုက်ခိုက်ပါတော့..."

စကား အဆုံးတွင် သူ၏ ပတ်ဝန်းကျင် မှ ကိုယ်ခံ အတွင်းအား များ တုန်ခါသွားပြီး ပေသုံးဆယ် ခန့် ကြီးမားသော ရွှေခေါင်းလောင်းကြီး တစ်လုံး အဖြစ် ပြောင်းလဲသွားကာ သူ၏ ခန္ဓာကိုယ် ပေါ်တွင် အုပ်ဆောင်းထားပြီး မိမိကိုယ်ကို အရှုံးမရှိသော နေရာတွင် ရပ်တည်စေလိုက်ရာ အရှိန်အဝါ များ မြင့်တက်လာခဲ့သည်။

ဗုဒ္ဓဘာသာ ၏ ခန္ဓာကိုယ် သန့်စင်သည့် နတ်ဘုရား သိုင်းပညာ... ကြည်လင်သော ရွှေခေါင်းလောင်း အကာအကွယ်...

"ဒီလို ဖြစ်မယ်မှန်း ကြိုသိနေရင် မင်း ဘာဖြစ်လို့ စကားတွေ အများကြီး ပြောနေဦးမှာလဲ..."

ကျန်းချဲ့က အေးစက်စက် နှာမှုတ်လိုက်ပြီး လက်နှစ်ဖက် ဖြင့် မန္တန် လက်ဟန် တစ်ခုကို ဖန်တီးလိုက်သည်။

စိတ်ဆန္ဒ တစ်ချက် လှုပ်ရှားလိုက်သည် နှင့် တပြိုင်နက် အတွင်းအားများ၏ ဆွဲငင်မှုကြောင့် ပေပေါင်းများစွာ ကြီးမားသော ရွှေရောင်မှိုင်းမှိုင်း နဂါးပုံသဏ္ဌာန် အတွင်းအား တစ်ခု စုဝေးလာပြီး သူ၏ ပတ်ဝန်းကျင် တွင် လှည့်ပတ် နေပေသည်။

လက်ဝါး တစ်ချက် ရိုက်ထုတ်လိုက်ရာ တောင်များကို တွန်းလှဲပြီး ပင်လယ်ကို မှောက်လှန်လိုက်သကဲ့သို့ ဖြစ်နေပေသည်။

နဂါး ပုံသဏ္ဌာန် အတွင်းအား က မျက်စိတစ်မှိတ် အတွင်း ပျံသန်းထွက်သွားပြီး ရွှေခေါင်းလောင်း အပေါ်သို့ ပြင်းထန်စွာ ဝင်တိုက်သွားခဲ့သည်။

"ဝုန်း..."

တိုက်ခိုက်မှု အဆုံးတွင် ခေါင်းလောင်းသံ များ ထွက်ပေါ်လာပြီး အရပ်လေးမျက်နှာ သို့ လွင့်စင်သွားခဲ့သည်။

ပတ်ဝန်းကျင် တွင် ကြည့်ရှုနေသော လူများ အားလုံး အလွန် အံ့ဩ တုန်လှုပ်သွားကြသည်။ စတင် တိုက်ခိုက်သည် နှင့် တပြိုင်နက် ကျန်းချဲ့ နှင့် ရိခုန်း ဘုန်းကြီး တို့က ဤမျှ ကြီးမားသော စွမ်းအား များကို ပြသနိုင်ခဲ့သဖြင့် တကယ်ပင် လာရကျိုး နပ်သွားခဲ့သည်။

အောက်ဘက်တွင် ရှိနေသော ကျူရှု တစ်ယောက်တည်းသာ သံသယ ဖြစ်နေသည့် အမူအရာ ရှိနေပေသည်။

'ဒီနဂါး ပုံသဏ္ဌာန် အတွင်းအား က နဂါးစိမ်း ကျန်းဟိုင် ကျင့်စဉ် ထဲက လက်ဝါးသိုင်း နဲ့ တူနေတယ်... ဒါပေမဲ့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... အဲဒါက မပြည့်စုံတဲ့ ကျင့်စဉ်လေ...'

'ဒီလို အချိန်တို အတွင်းမှာ ကျန်းချဲ့ မှာ ကောင်းကင် က ပေးတဲ့ ပါရမီ ရှိနေရင်တောင် အောင်မြင်အောင် လေ့ကျင့်နိုင်မှာ မဟုတ်ဘူး...'

သူ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်သည်။

'အဲဒါက နဂါးစိမ်း ကျန်းဟိုင် ကျင့်စဉ်... ကျန်းချဲ့ ရိုက်ထုတ်လိုက်တာက ရွှေနဂါး ဖြစ်နေတယ်... ပုံစံပဲ တူတာ... သဘောသဘာဝ မတူဘူး...'

ချီဆန်းကျား က ခေါင်းညိတ်လိုက်သည်။ သူ၏ အမြင်စွမ်းရည် ဖြင့် ကျန်းချဲ့၏ အစစ်အမှန် စွမ်းအား အများစုကို သိမြင်နိုင်သဖြင့် ဤတိုက်ပွဲတွင် ပြဿနာ ကြီးကြီးမားမား မရှိနိုင်ဟု တွေးလိုက်သည်။

သို့သော် ကျန်းချဲ့ ၏ ဤလက်ဝါးက အရှိန်အဝါ ကြီးမားသော်လည်း ရိခုန်း ဘုန်းကြီး ၏ ကြည်လင်သော ရွှေခေါင်းလောင်း အကာအကွယ် ကို မဖောက်ခွဲနိုင်ခဲ့ဘဲ ပေါက်ကွဲသံ များကိုသာ ထွက်ပေါ်စေခဲ့သည်။ သို့သော် ဤမျှလောက်နှင့်ပင် လူများကို ထိတ်လန့်သွားစေရန် လုံလောက်နေပြီ ဖြစ်သည်။

ရိခုန်း က ယခုအချိန်တွင် အထင်သေးမှု များ အားလုံးကို ရုပ်သိမ်းလိုက်ပြီး နှုတ်ခမ်းများ တွန့်လှုပ်သွားကာ ပါးစပ်မှ အသံ အချို့ကို ထုတ်ဖော်လိုက်သည်။

"အန်း..."

"မာ..."

"အွမ်း..."

"နီ..."

ဗုဒ္ဓဘာသာ ၏ စာလုံးခြောက်လုံး မန္တန် နှင့် ရွှေခေါင်းလောင်း ၏ အထောက်အကူ ပေါင်းစပ်လိုက်သောအခါ ပို၍ အစွမ်းထက်သွားပြီး အရှိန်အဝါ က အလွန် ကြီးမားလှပေသည်။ စကား ပြောလိုက်သည် နှင့် တပြိုင်နက် ရွှေခေါင်းလောင်း ပေါ်တွင် အလင်းရောင်များ တောက်ပလာပြီး အသံလှိုင်း များ က ကျန်းချဲ့ ဆီသို့ ပြေးဝင်သွားခဲ့သည်။

အစစ်အမှန် ကဲ့သို့ ဖြစ်နေသော အသံလှိုင်း များ ဝင်ရောက်လာသော်လည်း ကျန်းချဲ့ က လုံးဝ မကြောက်ရွံ့ပေ။

ယခုအခါ သူက ခန္ဓာကိုယ် ပေါ်ရှိ ရွှမ်ချောင် ကိုးပေါက် လုံးကို ဖွင့်ထားပြီး ရွှမ်ချောင် အဆင့်၏ အထွတ်အထိပ် သို့ ရောက်ရှိနေပြီ ဖြစ်ရာ မွေးရာပါ အတွင်းအား များက အလွန် အားကောင်းနေပေသည်။ ထို့အပြင် ယဇ်ပူဇော်ပြီး နဂါးစိမ်း ကျန်းဟိုင် ကျင့်စဉ် ကို အဆင့်ငယ် အထိ လေ့ကျင့်ထားသဖြင့် ဗုဒ္ဓဘာသာ ၏ စာလုံးခြောက်လုံး မန္တန် ကို ပြန်လည် ရင်ဆိုင်ရန် အသံလှိုင်း သိုင်းပညာ ကို အသုံးပြုလိုက်သည်။

"ဂါး... ဂါး..."

ကျန်းချဲ့ က မျက်လုံးများကို ဖွင့်လိုက်ရာ သူ၏ ခေါင်းပေါ်တွင် မျက်စိတစ်မှိတ် အတွင်း ရွှေရောင် နဂါးခေါင်း တစ်ခု ပေါ်ထွက်လာခဲ့သည်။ ဝင်ရောက်လာသော အသံလှိုင်း များကို ရင်ဆိုင်ရန် ပါးစပ်ကို ဟကာ နဂါး ဟိန်းဟောက်သံ တစ်ချက် ထုတ်ဖော်လိုက်ရာ ဖြတ်သန်းသွားသော နေရာတိုင်းတွင် အသံလှိုင်း များ အပိုင်းပိုင်း အစစ ပျက်စီးသွားခဲ့သည်။

နဂါးစိမ်း ကျန်းဟိုင်... နဂါး ဟိန်းဟောက်သံ...

အသံလှိုင်း နှစ်ခု ဝင်တိုက်သွားပြီး ပေါက်ကွဲသံ များ အဆက်မပြတ် ထွက်ပေါ်လာကာ ယွမ်ချီ စွမ်းအင်များ တုန်ခါသွားခဲ့သည်။

အောက်ဘက်ရှိ သာမန် ပြည်သူများ မှာ အလွန် ဝေးကွာသော နေရာတွင် ရှိနေပြီး အရှိန်အဝါ အနည်းငယ် သာ ထိမှန်သော်လည်း ခေါင်းမူး မျက်စိပြာ သွားကြပြီး လက်နှစ်ဖက်ဖြင့် နားကို ပိတ်ထားရပေသည်။ အချို့ ဆိုလျှင် သတိလစ် မေ့မြောသွားပြီး သေဆုံးသွားသူ များပင် ရှိနေပေသည်။

ကျင့်ကြံမှု အနည်းငယ် ရှိသော သိုင်းသမား များသာ အဝေးသို့ ရှောင်ရှားနိုင်ပြီး ဘာမှ မဖြစ်ခဲ့ကြပေ။ သို့သော် မွေးရာပါအဆင့် အောက်ရှိ သိုင်းသမား အများစု မှာ သွေးများ ဆူပွက်သွားခဲ့ရသည်။

'ထိတ်လန့်စရာပဲ... ပေရာပေါင်းများစွာ ကွာဝေးတာတောင် အရှိန်အဝါ အနည်းငယ် က သူတို့ကို အလွန် အံ့ဩ တုန်လှုပ်သွားစေတယ်...'

နဂါး ဟိန်းဟောက်သံ က ပျံ့နှံ့သွားပြီး ရိခုန်း ၏ အထောက်အကူ ဖြင့် ကြီးမားလာသော ဗုဒ္ဓဘာသာ စာလုံးခြောက်လုံး မန္တန် ကို လုံးဝ မပျံ့နှံ့နိုင်အောင် ဖိအားပေးလိုက်သဖြင့် အတင်း တောင့်ခံထားရကာ မျက်နှာက အနည်းငယ် ပျက်ယွင်းသွားခဲ့သည်။

'ဒီလောက် အဆင့်မြင့်တဲ့ အသံလှိုင်း သိုင်းပညာ ကို ကျန်းချဲ့ က ဘယ်ကနေ သင်ယူလာတာလဲ... ငါ့ရဲ့ ဗုဒ္ဓဘာသာ မန္တန် ကိုတောင် ဖိနှိပ်ထားနိုင်တယ် ဆိုတာ လုံးဝ မယုံနိုင်စရာပဲ...'

ရင်ထဲတွင် မည်မျှပင် အံ့ဩနေစေကာမူ ကျန်းချဲ့ကို အသံလှိုင်းဖြင့် သတ်ဖြတ်ရန် လုံးဝ မဖြစ်နိုင်တော့ကြောင်း သူ သိရှိသွားပြီး အစစ်အမှန် တိုက်ခိုက်မှု ကိုသာ အသုံးပြုရတော့မည် ဖြစ်သည်။

မှန်ပါသည်။ သူ၏ အမြင်တွင် ယခင်က အသံလှိုင်း မှာ စမ်းသပ်မှု သက်သက်သာ ဖြစ်ပြီး အစွမ်းကုန် တိုက်ခိုက်ခြင်း မဟုတ်ပေ။

"အမိတာဘာ..."

ဘုရားစာ ရွတ်ဆိုသံ က တကယ့် တိုက်ပွဲကို စတင်လိုက်သည့် အချက်ပေးသံ ကဲ့သို့ ဖြစ်သွားပြီး သူက လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ သူ၏ ပတ်ဝန်းကျင် တွင် ရှိနေသော ရွှေခေါင်းလောင်းကြီး က ချက်ချင်း သေးငယ်သွားပြီး နောက်ဆုံးတွင် သူ၏ လက်ဝါး နှစ်ဖက်ဖြင့် ခေါင်းပေါ်တွင် ထမ်းထားလိုက်သည်။

"ဟား..."

တိုးတိုးလေး အော်ဟစ်လိုက်ပြီး ရိခုန်း ၏ စိတ်ဆန္ဒ တစ်ချက် လှုပ်ရှားလိုက်ရာ ရွှေခေါင်းလောင်းကြီး က ချက်ချင်း ပျံသန်းသွားပြီး ကျန်းချဲ့ ဆီသို့ ပြုတ်ကျလာကာ သူ့ကို ရွှေခေါင်းလောင်း အတွင်း တွင် ဖိနှိပ်ထားရန် ကြိုးစားလိုက်သည်။ ဤသည်မှာ သူ အဂုဏ်ယူဆုံး ဖြစ်သော အားကောင်းသည့် တိုက်ခိုက်မှု ဖြစ်ပေသည်။ ရွှေခေါင်းလောင်း ၏ ဖိနှိပ်မှု အောက်တွင် မည်သူမျှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

ရွှေခေါင်းလောင်း က ကြီးမားလှသော အရှိန်အဝါ ဖြင့် ဖုံးအုပ် ကျဆင်းလာပြီး ဖြတ်သန်းသွားသော နေရာတိုင်းတွင် လေကြောင်းများ ပျက်စီးသွားခဲ့သည်။

ကျန်းချဲ့ က လက်နှစ်ဖက်ကို တင်းကြပ်လိုက်ပြီး အေးစက်စက် နှာမှုတ်ကာ ခြေတစ်လှမ်း ရှေ့တိုးလိုက်သည်။ လုံးဝ ရှောင်တိမ်းမည့် အရိပ်အယောင် မရှိဘဲ လက်သီးချက် များ အဆက်မပြတ် ထိုးနှက်လိုက်ရာ နဂါး ပုံသဏ္ဌာန် အတွင်းအား များ စုဝေးလာပြီး ရွှေခေါင်းလောင်း အပေါ်သို့ အဆက်မပြတ် ဝင်တိုက်သွားခဲ့သည်။

"ဝုန်း... ဝုန်း... ဝုန်း..."

အဆက်မပြတ် ဝင်တိုက်နေသော အတွင်းအား များ ကြောင့် ပေါက်ကွဲသံ များ ထွက်ပေါ်လာပြီး အဆက်မပြတ် မြည်ဟည်းကာ တိုက်ခိုက်နေပေသည်။

သူတို့ နှစ်ယောက် က ပေသုံးဆယ် ခန့် အကွာအဝေး တွင် တိုက်ခိုက်နေကြပြီး ရိခုန်း ၏ စိတ်ကူးယဉ် ရွှေခေါင်းလောင်း က ဘယ်လိုနည်းနဲ့မှ ကျန်းချဲ့ကို ဖုံးအုပ်၍ မရနိုင်ဘဲ ယခုအချိန်တွင် သူတို့ နှစ်ယောက် လွန်ဆွဲနေကြပေသည်။

"ဗုဒ္ဓဘာသာ ရဲ့ တရားတွေက အဆုံးအစ မရှိဘူး... ရွှေခေါင်းလောင်း က ကမ္ဘာကို ဖုံးအုပ်ထားတယ်... အန်း..."

ရိခုန်း ဘုန်းကြီး ၏ သင်္ကန်း က လေထဲတွင် တဖျပ်ဖျပ် မြည်နေပြီး လက်ထဲတွင် လက်မ အရွယ်အစား ရှိသော အနက်ရောင် စိပ်ပုတီး ကို အဆက်မပြတ် စိပ်နေကာ မွေးရာပါ အတွင်းအား များက ရွှေခေါင်းလောင်း အပေါ်သို့ အဆက်မပြတ် ပေါင်းထည့်နေသဖြင့် ပိုမို အစစ်အမှန် ကဲ့သို့ ဖြစ်လာခဲ့သည်။

ကျန်းချဲ့ ဆီသို့ ဖိကျလာသော အမြန်နှုန်း ကလည်း ပိုပိုပြီး မြန်ဆန်လာကာ လွန်ဆွဲနေမှုကို ဖြိုခွဲနိုင်မည့် အနေအထား သို့ ရောက်ရှိလာခဲ့သည်။

'တောရိုင်းထဲက နဂါး တိုက်ပွဲ...'

'တောင်တန်းတွေနဲ့ မြစ်ချောင်းတွေကို အုပ်စိုးတဲ့ ဟိန်းဟောက်သံ...'

ကျန်းချဲ့ ၏ အကြည့်များ က ရုတ်တရက် လေးနက်သွားပြီး မျက်လုံးများထဲတွင် တောက်ပသော ရွှေရောင် အလင်းများ ထွက်ပေါ်လာခဲ့သည်။ နဂါးစိမ်း ကျန်းဟိုင် ကျင့်စဉ် ၏ အနှစ်သာရ အများစုကို သူ နားလည် သဘောပေါက်ထားပြီး ဖြစ်ရာ လက်ကို မြှောက်ကာ မန္တန် လက်ဟန် ကို ဖန်တီးလိုက်သည်။

ပတ်ဝန်းကျင် ရှိ ကောင်းကင်နှင့် မြေကြီး၏ ယွမ်ချီ စွမ်းအင်များ က လျင်မြန်စွာ စုဝေးလာပြီး သူ့ကို ဗဟိုပြုကာ အတွင်းအား များ က ပိုမို ကြမ်းတမ်းလာပြီး နဂါး ပုံသဏ္ဌာန် အစစ်အမှန် ကလည်း ပိုမို ထင်ရှားလာခဲ့သည်။ ခြေတစ်လှမ်း ရှေ့တိုးလိုက်သည် နှင့် တပြိုင်နက် နဂါးကြီး ကလည်း လိုက်ပါ လှုပ်ရှားလာခဲ့သည်။

လက်သီး တစ်ချက် ထိုးချလိုက်ရာ လေဟာနယ် ပင် အရောင် ပြောင်းသွားခဲ့သည်။

သူ၏ ခွန်အား အားလုံးကို စုစည်းထားသော ရွှေရောင်မှိုင်းမှိုင်း နဂါးပုံသဏ္ဌာန် အတွင်းအား က အဆက်မပြတ် ဟိန်းဟောက်နေပြီး ခွန်အားများ စုစည်းကာ ခေါင်းပေါ်တွင် လှည့်ပတ်နေသော ရွှေခေါင်းလောင်း ကြီး နှင့် တိုက်ရိုက် ဝင်တိုက်သွားခဲ့သည်။

"ဝုန်း..."

ဤအခိုက်အတန့်တွင် ကောင်းကင်နှင့် မြေကြီးက ရပ်တန့်သွားသလို ဖြစ်သွားခဲ့ပေသည်။ အရာအားလုံးက ရပ်တန့်သွားသကဲ့သို့ပင်...

လွန်ဆွဲနေပေသည်...

တိတ်ဆိတ်သွားပေသည်...

သို့သော် လွန်ဆွဲမှုနှင့် ရပ်တန့်မှုက မျက်စိတစ်မှိတ် အတွင်းသာ ဖြစ်ပေသည်။ ထို့နောက်တွင် အက်ကွဲသံ တစ်ခုက ကောင်းကင်နှင့် မြေကြီး ကြား၌ ရှင်းလင်းစွာ ထွက်ပေါ်လာခဲ့သည်။

ဒိုင်း...

ရွှေခေါင်းလောင်း အပေါ်တွင် အောက်ခြေမှ ထိပ်ဆုံး အထိ အက်ကွဲကြောင်း တစ်ခု ထွက်ပေါ်လာပြီး နောက်ထပ် အက်ကွဲကြောင်း များ အဆက်မပြတ် ထွက်ပေါ်လာကာ ရွှေခေါင်းလောင်း တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ကွဲအက်တော့မည့် ကြွေပန်းအိုး တစ်လုံး ကဲ့သို့ ဖြစ်သွားခဲ့သည်။

"ဝုန်း..."

နောက်ထပ် ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာပြီး ရွှေခေါင်းလောင်း က ကွဲအက်သွားကာ လေထဲတွင် ပေါက်ကွဲသွားခဲ့သည်။

အလွန် ကြီးမားသော အတွင်းအား များ က ယခင်ကထက် အများကြီး သာလွန်စွာ လွင့်စင်သွားပြီး အရပ်လေးမျက်နှာ သို့ ပျံ့နှံ့သွားကာ ဖြတ်သန်းသွားသော နေရာတိုင်းတွင် ရှိသမျှ အရာအားလုံး ဖျက်ဆီးခံလိုက်ရသည်။

ရိခုန်း ဘုန်းကြီး ၏ မျက်နှာက ပို၍ပင် ထိတ်လန့်သွားပြီး အားကောင်းသော ခွန်အား ၏ တိုက်ခိုက်မှု ကြောင့် နောက်သို့ တစ်လှမ်းချင်း ဆုတ်သွားရတော့သည်။

All Chapters