← Chapters

အခန်း ၁၂၉

Vol. 13 Ch. 129

အခန်း ၁၂၉

Vol. 13 Ch. 129

အခန်း (၁၂၉) ဇာတ်သိမ်းသွားပြီ... ကျန်းချဲ့က ဘုရား ဖြစ်သွားတာလား...

"ဘန်း..."

ပြုတ်ကျလာသော ရိခုန်းမှာ ကြိုးပြတ်သွားသည့် စွန်တစ်ကောင် ကဲ့သို့ ပေသုံးဆယ်ကျော် အမြင့်မှ မြေကြီးပေါ်သို့ ပြင်းထန်စွာ ကျဆင်းလာပြီး ဖုန်လုံးကြီးများ ထောင်းထောင်းထ သွားစေခဲ့သည်။

တိတ်ဆိတ်သွားသည်...

ငြိမ်သက်သွားသည်...

သေလုမတတ် တိတ်ဆိတ် ငြိမ်သက်သွားပေသည်။

ဤတိုက်ပွဲကို လာရောက် ကြည့်ရှုနေသူများ အားလုံးက မျက်လုံးပြူး ပါးစပ်ဟ ဖြစ်သွားကြသည်။

ယခင်က အင်အားချင်း မျှတနေပြီး လွန်ဆွဲနေခဲ့သော ရိခုန်းက ဘာကြောင့် ရုတ်တရက် သွေးများ အန်ကျလာပြီး မြေကြီးပေါ်သို့ ပြုတ်ကျသွားရသနည်း ဆိုသည်ကို မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။

ဤကဲ့သို့သော မြင်ကွင်းက လူတိုင်း၏ ရင်ထဲတွင် ကြီးမားသော လှိုင်းလုံးကြီးများ ရိုက်ခတ်သွားသကဲ့သို့ ပင် ဖြစ်ပေသည်။

ရိခုန်း... ရှုံးနိမ့်သွားပြီ...

ဖူလုံကျောင်းတော်မှ လီတောက်ဖျင်နှင့် အတူ နံပါတ်တစ် နေရာတွင် ရပ်တည်နေပြီး ကျင်းယွမ် ဘုန်းကြီးကျောင်း၏ နှစ်တစ်ရာ အတွင်း အတော်ဆုံး ဗုဒ္ဓဘာသာ တပည့် ဖြစ်ကာ ဆရာတော်ကြီးများ၏ အထင်ကြီးမှုကိုပင် ခံခဲ့ရသူက ဤမျှ လွယ်ကူစွာ ရှုံးနိမ့်သွားလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။

ကျန်းချဲ့ကို ကြည့်လိုက်သောအခါ လူတိုင်း၏ အကြည့်များက မျက်စိတစ်မှိတ် အတွင်း ပြောင်းလဲသွားခဲ့သည်။

ကျဲထန် ဘုန်းကြီးက ဒေါသတကြီး စိုက်ကြည့်နေပြီး ရင်ထဲတွင် မီးလောင်နေသကဲ့သို့ ပူလောင်နေကာ ရိခုန်း ပြုတ်ကျသွားသည့် အခိုက်အတန့်မှာပင် လေထဲသို့ ခုန်တက်ပြီး အလျင်အမြန် သွားရောက်ကာ ရိခုန်းကို တွဲထူရန် ပြင်လိုက်သည်။

သူ၏ ရင်ထဲတွင် အလွန်အမင်း တုန်ယင်နေပေသည်။

ရိခုန်းကို သူက ယခင်က သံယောဇဉ်နှင့် ကျေးဇူးတရားများကို အသုံးချပြီး အတင်းအကျပ် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်ကာ လုမိသားစုထံမှ ရတနာများကိုလည်း ယူထားခဲ့သည်။ ရိခုန်း နိုင်လျှင်တော့ ကိစ္စမရှိပေ။ သူက လူကဲခတ် တော်ပြီး ပြည်သူတွေ အတွက် အန္တရာယ်ကို ရှင်းလင်းပေးသည်ဟု ပြော၍ ရနိုင်သော်လည်း အကယ်၍ ရှုံးနိမ့်သွားပါက ကျဆင်းသွားမည်မှာ ကျင်းယွမ် ဘုန်းကြီးကျောင်း၏ နာမည်ဂုဏ်သတင်း ပင် ဖြစ်ပေသည်။

ဒီနှစ်တွေ အတွင်း ကျင်းယွမ် ဘုန်းကြီးကျောင်းက ရိခုန်းကို နာမည်ကြီးအောင် အဆက်မပြတ် လုပ်ပေးနေခြင်းမှာ ဘာအတွက်လဲ... ဖူလုံကျောင်းတော်ကို အပြီးတိုင် ဖိနှိပ်ရန် မဟုတ်ပါလား။

သို့သော် ယခုအခါ မျှော်လင့်ချက်များ အားလုံး ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ကျောင်းတိုက်သို့ ပြန်ရောက်ပါက သူ၏ အဆုံးသတ် မည်သို့ ဖြစ်မည်ကို သူ ကြိုတင် မြင်ယောင်နေမိသည်။ သေချာပေါက် ပြင်းထန်သော ပြစ်ဒဏ်များကို ခံရမည် ဖြစ်သည်။

ဤအရာများကို ဘေးဖယ်ထားလိုက်လျှင်ပင် လူကြီး တစ်ယောက်၊ ဆရာဦးလေး တစ်ယောက်၏ ရှုထောင့်မှ ကြည့်မည် ဆိုပါကလည်း သူ၏ ရင်ထဲတွင် နာကျင်လွန်း၍ ရုန်းထွက်၍ မရနိုင်အောင် ဖြစ်နေပေသည်။

ရိခုန်းကို သူ ကိုယ်တိုင် ဗုဒ္ဓဘာသာ အတွင်းသို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

သူ ကိုယ်တိုင် ကြီးပြင်းလာသည်ကို စောင့်ကြည့်ခဲ့ရသော တပည့် တစ်ယောက် ဖြစ်သည်။

တူတော်မောင် ဖြစ်သော်လည်း ဆရာ တပည့် နှင့် ဘာမှ မကွာခြားပေ။

ဤတိုက်ပွဲကြောင့် ရိခုန်းက စိတ်ဓာတ်ကျသွားပြီး ထိခိုက်ဒဏ်ရာ ရသွားမည် ဆိုပါက... ထို့ထက်ပို၍ သူ၏ တိုးတက်မှု အရှိန်အဟုန် ရပ်တန့်သွားမည် ဆိုပါက ကျင်းယွမ် ဘုန်းကြီးကျောင်း အတွက် မည်မျှ ကြီးမားသော ထိုးနှက်ချက် ဖြစ်လာမည်ကို သူ တွေးပင် မတွေးရဲပေ။ သူ ကိုယ်တိုင်လည်း ဤအရာကို ခွင့်လွှတ်နိုင်မည် မဟုတ်ပေ။

လုမိသားစု ဘက်တွင်လည်း ညည်းတွားသံများ ထွက်ပေါ်နေပေသည်။

ရိခုန်းက ကျန်းချဲ့ကို စိန်ခေါ်ခြင်းမှာ နောက်ကွယ်တွင် လုမိသားစုက ကြိုးကိုင်နေခြင်း ဖြစ်ကြောင်း လူတိုင်း သိကြသည်။ မူလ ရည်ရွယ်ချက်မှာ ကျန်းချဲ့၏ အခြေခံ အုတ်မြစ်ကို ဖျက်ဆီးပြီး လုမိသားစု၏ ယခင်က ဂုဏ်ကျက်သရေကို ပြန်လည် တည်ဆောက်ရန် ဖြစ်သော်လည်း ယခုအခါ ကျန်းချဲ့ကိုသာ နာမည်ကြီးအောင် လုပ်ပေးသကဲ့သို့ ဖြစ်သွားခဲ့သည်။

တရားဝင် နှင့် လူပေါင်းများစွာ၏ အာရုံစိုက်မှု အောက်တွင် ကျန်းချဲ့က ကျင်းယွမ် ဘုန်းကြီးကျောင်းမှ ရိခုန်းကို အနိုင်ယူလိုက်ခြင်းက ဤလူ၏ မောက်မာ ရိုင်းစိုင်းသော အရှိန်အဝါကို ပိုမို ကြီးထွားလာစေခဲ့သည်။

နောင်တွင် ဤ ထိုက်အန်းဒေသ၌ ရှန်ကွမ်းအဆင့် အင်အားကြီးသူများ မထွက်ပေါ်လာသရွေ့ ဤလူကို မည်သူက နှိမ်နင်းနိုင်မည်နည်း။

လုမိသားစုက ဒီနေ့ကစပြီး ကျဆင်းသွားတော့မည်လား။

ဤသည်မှာ လုမိသားစု၏ ခေါင်းပေါ်တွင် ဝဲပျံနေသော ကြီးမားသည့် မေးခွန်းကြီး တစ်ခု ပင် ဖြစ်ပေသည်။

လုရှင်းယွင်က ဤမြင်ကွင်းကို မြင်သောအခါ သွေးများ ဆူပွက်လာပြီး ခြေလှမ်းများပင် မတည်မငြိမ် ဖြစ်ကာ နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်သွားခဲ့သည်။ မျက်နှာက အလွန် ကြည့်ရဆိုးနေပြီး ဝတ်ရုံ အောက်ရှိ လက်နှစ်ဖက် ကလည်း အဆက်မပြတ် တုန်ယင်နေပေသည်။

'တွက်ကိန်းလွဲသွားပြီ... ကျင်းယွမ် ဘုန်းကြီးကျောင်း က ရိခုန်း တောင် ကျန်းချဲ့ကို ဘာမှ မလုပ်နိုင်ဘူး လို့ ငါ မထင်ထားခဲ့ဘူး... ဘိုးဘေး ကလည်း မရှိဘူး ဆိုတော့ လုမိသားစု အတွက် အန္တရာယ် များနေပြီ... ပြီးတော့ ရိခုန်း ဘုန်းကြီး သာ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားရင် ကျင်းယွမ် ဘုန်းကြီးကျောင်း က ဒီကိစ္စကို လုမိသားစု အပေါ် အပြစ်ပုံချလိမ့်မယ်...'

ဤအရာကို တွေးမိတိုင်း သူက ခေါင်းမူး မျက်စိပြာ လာပြီး မျက်စိရှေ့တွင် အမှောင်ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။

"အဖေ..."

လုဖျင်ကျိုးက လုရှင်းယွင်၏ လက်မောင်းကို အလျင်အမြန် တွဲဖက်ထားလိုက်ပြီး မျက်မှောင်များကိုလည်း တင်းကျပ်စွာ ကြုတ်ထားကာ ကျန်းချဲ့၏ ပုံရိပ်ကိုပင် ခေါင်းမော့ မကြည့်ရဲပေ။ ရိခုန်း ရှုံးနိမ့်သွားခြင်း မရှိလျှင်တောင်မှ သူတို့ နှစ်ယောက်၏ ယခင်က တိုက်ခိုက်မှုများကို ကြည့်ရုံဖြင့်ပင်...

ကျန်းချဲ့နှင့် ရင်ဆိုင်ရချိန်တွင် သူ၏ ရင်ထဲ၌ အလွန်အမင်း ကြောက်ရွံ့မှု တစ်ခု ဖြစ်ပေါ်လာစေခဲ့သည်။ သူ ကိုယ်တိုင်လည်း ဘာကြောင့် မှန်း မသိသော်လည်း အလိုလို ကြောက်ရွံ့နေမိသည်။

ယခင်က အမုန်းတရားများကို ရင်ဘတ် အောက်ခြေ အထိ ဖိနှိပ်ထားလိုက်ပြီး အပြင်သို့ လုံးဝ မပြသရဲတော့ပေ။ ဤသို့ လုပ်ဆောင်ခြင်းက အလွန် ရှက်စရာ ကောင်းပြီး အပြင်သို့ သတင်း ပျံ့သွားပါက လုမိသားစုကို မျက်နှာပြစရာ မရှိအောင် ဖြစ်သွားစေမည်ကို သူ သိသော်လည်း သူ၏ ရင်ထဲမှနေ၍ အလိုအလျောက် ကြောက်ရွံ့နေမိကာ ဤလူက သူ၏ မွေးရာပါ ရန်သူ ဖြစ်သည်ဟု ထင်မှတ်နေမိသည်။

သူ၏ ရင်ထဲတွင် စိတ်ပိုင်းဆိုင်ရာ ကြောက်ရွံ့မှု တစ်ခု အမြစ်တွယ်နေပြီ ဖြစ်ပေသည်။

လုမိသားစုဝင်များ ရှိနေသော နေရာတွင် လူတစ်ယောက်တည်း သာ ကြောက်ရွံ့ခြင်း၊ ဒေါသထွက်ခြင်း မရှိသည့် အပြင် အလွန် ဝမ်းသာနေပေသည်။

ထိုသူမှာ ဟွမ်ရှန်းရှန်း ပင် ဖြစ်သည်။

အခြားသူများ အားလုံးက ခေါင်းငုံ့ထားပြီး ကျန်းချဲ့ကို တိုက်ရိုက် မကြည့်ရဲကြသော်လည်း သူမ တစ်ယောက်တည်း သာ အစကတည်းက အကြည့်များကို လုံးဝ မရုပ်သိမ်းဘဲ မျက်လုံးများထဲတွင် ဤလူ တစ်ယောက်တည်း သာ ရှိနေပေသည်။

'တောက်ပလွန်းတယ်... အလင်းရောင်တွေ အဖြာဖြာ ထွက်နေတာပဲ...'

ဤအခိုက်အတန့်တွင် ယခင်က ကျန်းချဲ့ ကတိပေးခဲ့သော စကားများကို သူမ ယုံကြည်သွားသကဲ့သို့ ဖြစ်နေပေသည်။

သူမ၏ မင်္ဂလာဆောင်မည့် နေ့တွင် ရောင်စုံ တိမ်တိုက်ကြီးကို စီးနင်းကာ သူမကို လာရောက် ကယ်တင်မည် ဆိုသည့် စကား ပင် ဖြစ်သည်။

ဘာကြောင့် မှန်း မသိ၊ ယခင်က မြို့တော်ဝန်ရုံး အဓိက ခန်းမ အတွင်း၌ ကျန်းချဲ့ကို သူမ၏ အိမ်လေး အပြင်အဆင်ကို ပြသခဲ့သော မြင်ကွင်းကို ပြန်လည် သတိရသွားမိသည်။

မျက်နှာလေး နီရဲသွားပြီး စိတ်လှုပ်ရှားမှု တစ်ခုလည်း ဖြစ်ပေါ်လာခဲ့သည်။

'ငါ့ရဲ့ အကောင်းဆုံး ပုံစံကို ကျန်းချဲ့ မြင်အောင် ပြသရမယ်... အရင်တစ်ခေါက်က အိမ်လေး ရဲ့ အပြင်အဆင်ကိုပဲ ပြသခဲ့ရတာ... နောက်တစ်ခါကျရင်တော့ အခန်းထဲ အထိ ကျန်းချဲ့ကို အပြည့်အဝ ဖွင့်ပြချင်တယ်... ကျန်းချဲ့ ကြိုက်သလို ဝင်ထွက်ပြီး လေ့လာကြည့်ရှုခွင့် ပေးမယ်...'

"ဖျင်ကျိုး..."

လုရှင်းယွင်က တိုးတိုးလေး ခေါ်လိုက်သည်။

"အဖေ... ဘာများ ခိုင်းစရာ ရှိလို့လဲ..."

"နောက်ရက်အနည်းငယ် နေရင် မင်း နဲ့ ဟွမ်ရှန်းရှန်း တို့ မင်္ဂလာဆောင်လိုက်တော့... နောင်ကျရင်... ဒီ လုမိသားစု ကိုလည်း မင်း လက်ထဲ အပ်ရတော့မယ်... ငါ့ကို စိတ်ပျက်အောင် မလုပ်နဲ့..."

"ဟုတ်ကဲ့... သား သေချာ မှတ်ထားပါ့မယ်..."

လုဖျင်ကျိုးက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

"အမေ... တပ်မှူးကြီးကျန်း က အရင်တုန်းက ကျူးမိသားစု ခြံဝင်းမှာ ရှိတုန်းကနဲ့ လုံးဝကို တစ်ခြားစီ ဖြစ်နေပြီနော်..."

ကျူးချင်ချင်က ခေါင်းမော့ကာ အလင်းရောင်များ ဖြာထွက်နေသော ထိုယောက်ျားကို ကြည့်ရင်း ပါးစပ်မှ ချီးကျူးနေသော်လည်း ရင်ထဲတွင်မူ တစ်နေရာရာက တိတ်တဆိတ် နာကျင်နေပေသည်။

နှမြောစရာ ကောင်းသည်မှာ ဤကဲ့သို့သော ယောက်ျားက သူမနှင့် တဖြည်းဖြည်း ဝေးကွာသွားခဲ့ပြီ ဖြစ်သည်။

သူမက ယခင်က မြို့နယ် တပ်မှူး တစ်ဦး၏ သမီး သက်သက်သာ ဖြစ်ရာ ဤကဲ့သို့သော ထူးချွန် ထက်မြက်သည့် ယောက်ျားနှင့် မထိုက်တန်ပေ။

သူမ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်နေမိသည်။

'နောင်တရတာ ကလွဲပြီး အခု ငါ့ရင်ထဲမှာ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်တဲ့ စိတ်ပဲ ကျန်တော့တယ်... အကယ်လို့ ကျန်းချဲ့သာ ငါနဲ့ တကယ် မင်္ဂလာဆောင်ခဲ့ရင်... သူ့ရဲ့ အခုလို ပုံစံမျိုးကို မြင်ရတဲ့ အခါ ငါ က ဝမ်းသာရမှာလား... ဒါမှမဟုတ် ဝမ်းနည်းရမှာလား...'

"ဟုတ်တယ်... သမီး အဖေ ရဲ့ အမြင် က... တကယ်ကို ကောင်းတာပဲ..."

သခင်မကြီးကျူးက နောက်သို့ လှည့်မကြည့်ဘဲ သမီးဖြစ်သူ၏ လက်ကောက်ဝတ်ကိုသာ ကိုင်ထားလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ယခုအခါ သူမ ကိုယ်တိုင်လည်း ကျန်းချဲ့၏ ပုံရိပ်ကို စွဲလမ်းနေပြီး နေရောင်ခြည်၏ အလင်းပြန်မှု အောက်တွင် နတ်မင်း တစ်ပါး ဆင်းသက်လာသကဲ့သို့ ဖြစ်နေသောကြောင့်ပင်။

'ကျန်းချဲ့ ပြောတာ မမှားဘူး... အများကြီး တွေးနေပြီး ဘာလုပ်ရမှာလဲ... လက်ရှိ အချိန်လေး ပျော်ရွှင်နေရင် ရပြီ... ဒီလို ယောက်ျား မျိုးကို ငါ တစ်သက်လုံး မပိုင်ဆိုင်နိုင်ရင်တောင်မှ... ခဏတာ ပိုင်ဆိုင်ခွင့် ရတာကတင် ကောင်းကင်ဘုံ က ပေးတဲ့ ကံကောင်းမှု ပဲ...'

'ငါ အခု အရမ်း လိုချင်နေပြီ... ကျန်းချဲ့ ငါ့အခန်းထဲ ဝင်လာပြီး အကြိမ်ကြိမ် အခါခါ အဆက်မပြတ် လှုပ်ရှားနေတာကို လိုချင်တယ်... အကောင်းဆုံးကတော့ မထွက်ခွာခင် အထဲမှာ တစ်ခုခု ချန်ထားခဲ့ရင် ပိုကောင်းမယ်...'

ကျူရှု၏ အကြည့်များက ဤတစ်ကြိမ် လာရောက် ကြည့်ရှုနေသော ကျန်းဟိုင်ဂိုဏ်း မှ မွေးရာပါအဆင့် သိုင်းသမား ကို အလိုအလျောက် အကဲခတ်နေမိပြီး တစ်ဖက်လူက ကျန်းချဲ့ အသုံးပြုလိုက်သော နည်းလမ်းများမှာ နဂါးစိမ်း ကျန်းဟိုင် ကျင့်စဉ် ဖြစ်ကြောင်း ရိပ်မိသွားမည်ကို အလွန် ကြောက်ရွံ့နေပေသည်။

မပြည့်စုံသော ကျင့်စဉ် ဖြစ်လျှင်တောင်မှ ၎င်းမှာ ယခင်က ကျန်းဟိုင်ဂိုဏ်း ၏ ဂိုဏ်းစောင့် ကျင့်စဉ် ပင် ဖြစ်သည်။

အကယ်၍ သူ ပေါက်ကြားခဲ့ကြောင်း သက်သေပြနိုင်ပါက နောက်ဆက်တွဲ ဆိုးကျိုးများကို ခန့်မှန်း၍ပင် မရနိုင်ပေ။

ဝမ်ဖန်ယွင်၏ အတွေးများကမူ ပို၍ ရိုးရှင်းလှပေသည်။

ရိခုန်း လေဟာနယ် ထဲမှ ပြုတ်ကျသွားသည့် အခိုက်အတန့်တွင် သူ၏ ရင်ထဲ၌ စကားလုံး နှစ်လုံးတည်းသာ ရှိပေသည်။

'သေချာသွားပြီ... နောက်ဆုံးတော့ သေချာသွားပြီ... ရိခုန်း ရှုံးသွားပြီ ဆိုတော့ ဒီတစ်ခါ ငါ နဲ့ ကျန်းချဲ့ တို့က အများကြီး အမြတ် ထွက်ပြီပေါ့...'

ဤသည်မှာ ရင်ထဲမှ အမှန်တကယ် ပျော်ရွှင်မှု ပင် ဖြစ်သည်။

ဝမ်ရှိုခြံဝင်း နှင့် ကျင်းယွမ် ဘုန်းကြီးကျောင်း တို့က ရင်းနှီးသော ဆက်ဆံရေး ရှိလျှင်ရော ဘာဖြစ်သနည်း။

ယွမ်ချီ ကျောက်တုံး အမြောက်အမြား ကိုသာ ရရှိနိုင်မည် ဆိုပါက အရာအားလုံးက တန်ဖိုးရှိပေသည်။

အရွက်လေးရွက် လင်ကျီး ပေးလိုက်ရခြင်း ကလည်း တန်ဖိုးရှိသွားပြီ ဖြစ်သည်။

ကျန်းချဲ့၏ အကြည့်များက မီးတောက် တစ်ခု ကဲ့သို့ တောက်ပနေပြီး အောက်ဘက်ရှိ လူများ၏ တုံ့ပြန်မှုများကို တစ်ချက် ဝေ့ကြည့်လိုက်ကာ နောက်ဆုံးတွင် ရိခုန်း ဘုန်းကြီး အပေါ်၌ ရပ်တန့်သွားပြီး နှုတ်ခမ်းထောင့်တွင် မသိမသာ အပြုံးတစ်ခု အလိုအလျောက် ပေါ်လာခဲ့သည်။

'အကယ်လို့ ခွန်အား အချင်းချင်း ယှဉ်ပြိုင် တိုက်ခိုက်ရုံ သက်သက် ဆိုရင် ငါ တစ်ဖက်လူကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး လို့ သေချာပေါက် ပြောရဲတယ်... ဘာလို့လဲဆိုတော့ တစ်ဖက်လူရဲ့ ခန္ဓာကိုယ် က တကယ်ကို အရမ်း မာကျောလွန်းလို့ပဲ... သူ့ရဲ့ ခန္ဓာကိုယ် ကာကွယ်မှု က ငါ ပထမဆုံး အကြိမ် ကြုံဖူးတဲ့ အရမ်း ဖြေရှင်းရ ခက်တဲ့ ပြိုင်ဘက် ပဲ'

'အရင်က ခန္ဓာကိုယ် အချင်းချင်း တိုက်ခိုက်ခဲ့တဲ့ အချိန်တုန်းကလည်း ငါ က မရှုံးအောင်ပဲ ထိန်းထားနိုင်ခဲ့တာ... တကယ်တမ်း ကတော့ အသာစီး အယူခံနေရတာ ကြာပြီ... အကယ်လို့ ဆက်ပြီး အချိန်ဆွဲနေမယ် ဆိုရင် အနိုင်အရှုံး ကို ခန့်မှန်းဖို့ အရမ်း ခက်ခဲသွားလိမ့်မယ်... ကံကောင်းတာက ငါ့မှာ သွေးပင်လယ် စိတ်ဆန္ဒ ရှိနေလို့ပဲ'

'ရိခုန်း ရဲ့ စိတ်ထဲမှာ သိသာထင်ရှားတဲ့ အားနည်းချက် တွေ ရှိနေတယ်... ဒီအချက်ကို တိုက်ပွဲ မစခင် ကတည်းက စကား အချေအတင် ပြောခဲ့တဲ့ အချိန်ကစပြီး နည်းနည်းလောက် သိသာနေခဲ့တာ... သူ က ဗုဒ္ဓဘာသာ ယုံကြည်မှု အပေါ်မှာ ရင်ထဲကနေ အနည်းငယ် မတည်မငြိမ် ဖြစ်နေပုံရတယ်... ငါ က ဒီအချက်ကို အတိအကျ ဖမ်းဆုပ်ပြီး စိတ်ဆန္ဒ နယ်ပယ် အချင်းချင်း ယှဉ်ပြိုင်မှု အပေါ်မှာ အဆက်မပြတ် ဖိအားပေးခဲ့လို့သာ ဒီလို လျင်လျင်မြန်မြန် တိုက်ပွဲ ကို အဆုံးသတ်နိုင်ခဲ့တာ'

'အကယ်လို့ ရိခုန်း သာ ဗုဒ္ဓဘာသာ ရဲ့ အဆုံးအမ တွေကို တကယ် ယုံကြည်ခဲ့မယ် ဆိုရင် စကား အနည်းငယ် ပြောရုံနဲ့ တစ်ဖက်လူရဲ့ ကျင့်ကြံရေး စိတ်ထား ကို လုံးဝ ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး... ရိခုန်း ရဲ့ နောက်ဆုံး စကား နှစ်ခွန်း အရ ရိခုန်း ပျက်စီးသွားတာက ကျင့်ကြံရေး စိတ်ထား တင် မကဘူး ယုံကြည်မှု ပါ ပျက်စီးသွားခဲ့ပြီး သူ ကိုယ်တိုင်လည်း မသိမသာ မိစ္ဆာစိတ် ရဲ့ လွှမ်းမိုးမှု ကို ခံလိုက်ရပြီ ဆိုတာ သေချာတယ်'

'ဒါက သူ့ကို အခြေခံအုတ်မြစ် ဖျက်ဆီးပစ်တာထက် ကျင်းယွမ် ဘုန်းကြီးကျောင်း ကို ပိုပြီး နာကျင်စေမှာပဲ... ဗုဒ္ဓဘာသာ ကနေ မိစ္ဆာ ဖြစ်သွားတယ်... ထာဝရ ငရဲပြည် ကို ကျသွားတာပေါ့... ဒီတိုက်ပွဲ ရဲ့ အကျိုးအမြတ် က ရည်မှန်းချက် ကို အပြည့်အဝ အောင်မြင်သွားစေခဲ့တယ်'

'လိုချင်တဲ့ ယဇ်ပူဇော်စရာ ပစ္စည်း တွေကို ရခဲ့တယ်... ခန္ဓာကိုယ် ပေါ်က ရွှမ်ချောင် ကိုးပေါက် လုံးကို အောင်မြင်အောင် ဖွင့်နိုင်ခဲ့ပြီး အထွတ်အထိပ် အဆင့် ကို ရောက်သွားတယ်... လုမိသားစု ရဲ့ အကြံအစည် တွေကိုလည်း ဖျက်ဆီးပစ်နိုင်ခဲ့ပြီး ထိုက်ဆန်းမြို့ မှာ ကိုယ့်ရဲ့ ဂုဏ်သိက္ခာ ကိုလည်း မြှင့်တင်နိုင်ခဲ့တယ်... ပြီးတော့ လုမိသားစု နဲ့ ကျင်းယွမ် ဘုန်းကြီးကျောင်း ကိုလည်း ကြီးမားတဲ့ ထိုးနှက်ချက် တစ်ခု ပေးလိုက်နိုင်တယ်'

"ရိခုန်း... ရိခုန်း..."

ကျဲထန် ဘုန်းကြီးက ရိခုန်း ဘုန်းကြီးကို တွဲထူကာ အဆက်မပြတ် ခေါ်နေပြီး မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ အပြည့် ရှိနေသည်။ သူ၏ ခန္ဓာကိုယ် အတွင်းသို့ မွေးရာပါ စွမ်းအင် များကိုပင် ထည့်သွင်းပေးလိုက်သော်လည်း စွမ်းအင်များက သွေးကြောများ အတွင်း လှည့်ပတ်သွားသောအခါ သူ၏ မျက်နှာက လေးနက်သွားပြီး အလွန် နားမလည်နိုင်အောင် ဖြစ်သွားခဲ့သည်။

သေချာပေါက် ခန္ဓာကိုယ် ဒဏ်ရာက သိပ်မပြင်းထန်ဘဲ ဘာကြောင့် အခုထိ သတိမလည်လာသေးတာလဲ။

သူက ရိခုန်း ဘုန်းကြီးကို တကယ်ပဲ နှိုး၍ မရနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ယခုအခါ ရိခုန်းက အပြင်ဘက်မှ မည်သည့် အသံကိုမျှ မကြားနိုင်ဘဲ သွေးပင်လယ် စိတ်ဆန္ဒ အတွင်း၌သာ ဆက်လက် ရှိနေသောကြောင့် ပင် ဖြစ်သည်။

တစ်ခုတည်းသော ကွာခြားချက်မှာ ဤ သွေးပင်လယ် စိတ်ဆန္ဒ နယ်ပယ် က ကျန်းချဲ့ ဖန်တီးထားခြင်း မဟုတ်ဘဲ သူ ကိုယ်တိုင် ပြောင်းလဲ ဖန်တီးထားခြင်း ပင် ဖြစ်သည်။

သွေးပင်လယ် ကောင်းကင်နှင့် မြေကြီး ကြားတွင် တင်ပျဉ်ခွေ ထိုင်နေပြီး ပတ်ဝန်းကျင်ရှိ သွေးရောင်များက တဖြည်းဖြည်း မှေးမှိန်သွားကာ သွေးရောင် နှင့် ရွှေရောင် ရောယှက်နေသော အနီရောင်ရင့်ရင့် စိတ်ဆန္ဒ နယ်ပယ် တစ်ခု အဖြစ် ပြောင်းလဲသွားပြီး သူ၏ မျက်လုံးများက ပို၍ နီရဲလာခဲ့သည်။

သာမန် လူတစ်ယောက်၏ အကြည့် လုံးဝ မဟုတ်တော့ပေ။

နားထဲတွင် ကြားနေရသည်မှာ ယခင်က ကျန်းချဲ့ ပြောခဲ့သော စကားများ ပင် ဖြစ်သည်။ စကားလုံး တစ်လုံးချင်းစီတိုင်းက သူ၏ ရင်ထဲတွင် စွဲထင်နေပေသည်။

'ဘုရားတရား က မမှားဘူး... သူ မှားသွားတာ... လောကကြီး က ဗုဒ္ဓဘာသာ တပည့် တွေ အားလုံး မှားယွင်းစွာ ကျင့်ကြံနေကြတာ... သူတို့က ဗုဒ္ဓ ရဲ့ အစစ်အမှန် တရား တွေကို လွဲမှားစွာ နားလည်ထားလို့ ပြည်သူတွေ ဒုက္ခ ရောက်နေရတာ...'

'ဗုဒ္ဓဘာသာ ကို ရှင်းလင်းပြီး ဘုရားစစ် ကို ပြန်လည် တည်ဆောက်ရမယ်... ဗုဒ္ဓဘာသာ ကို ရှင်းလင်းနိုင်တဲ့ နေ့ က ငါ ဗုဒ္ဓ စိတ်ထား ကို အောင်မြင်စွာ တည်ဆောက်နိုင်မယ့် နေ့ ပဲ'

ရွှပ်...

ရိခုန်း ဘုန်းကြီးက မျက်လုံးများကို ဖွင့်လိုက်ရာ နီရဲနေသော သွေးမျက်လုံးများက ကျဲထန် ဘုန်းကြီး၏ ရင်ထဲတွင် ချက်ချင်း အေးစက်သွားစေပြီး အလျင်အမြန် မေးလိုက်သည်။

"ရိခုန်း... မင်း ဒါ... ဒါ ဘယ်လို ဖြစ်တာလဲ..."

"ဆရာဦးလေး... အခု ဗုဒ္ဓဘာသာ က လမ်းမှား ကို ရောက်နေပြီ ဗုဒ္ဓ ရဲ့ အစစ်အမှန် တရား တွေကို လွဲမှားစွာ နားလည်ထားကြတယ်... ဆရာဦးလေး က ကျွန်တော် နဲ့ အတူ ဗုဒ္ဓဘာသာ ကို ပြန်လည် တည်ဆောက်ဖို့ ဆန္ဒ ရှိလား..."

စကား စပြောလိုက်သည် နှင့် တပြိုင်နက် ဘာသာတရား ကို သစ္စာဖောက်သည့် စကား ပင် ဖြစ်နေပေသည်။

ဤစကားက ကျဲထန် ဘုန်းကြီးကို အလွန် ဒေါသထွက်သွားစေပြီး ဘုရားစာ ရွတ်ဆိုသံ ဖြင့် အော်ဟစ်လိုက်သည်။

"ရိခုန်း... မင်း မိစ္ဆာ ဝင်သွားပြီ..."

သို့သော် သူ၏ ဘုရားစာ ရွတ်ဆိုသံ က ရိခုန်း ကိုယ်တိုင် ဖန်တီးထားသော စိတ်ဆန္ဒ ကို လုံးဝ မလှုပ်ခတ်စေနိုင်ဘဲ ခေါင်းခါကာ ပြောလိုက်သည်။

"ဆရာဦးလေး... ခင်ဗျား က အပေါ်ယံ အသွင်သဏ္ဌာန် တွေကိုပဲ စွဲလမ်းနေတာပါ... ကျွန်တော် က ဘုရားစစ် နဲ့ တိုက်ခိုက်တဲ့ အချိန်မှာ သဘောပေါက် နားလည်သွားခဲ့ပြီ..."

"ဘုရားစစ်... ဘုရားစစ် က ဘယ်သူလဲ..."

ကျဲထန် က နေရာတွင် ကြောင်အမ်းအမ်း ရပ်နေပြီး ပါးစပ် အဟောင်းသား ဖြစ်သွားခဲ့သည်။

"ကျန်းချဲ့ က ဘုရားစစ် ပဲ..."

"မင်း..."

ကျဲထန် က ယခုအခါ ဒေါသ မီးတောက်များ ခေါင်းပေါ် အထိ တက်လာသည်ကို ခံစားလိုက်ရသည်။ ဘုရားစစ် က ကျန်းချဲ့ လား... အရူး...

သူက မတ်တပ်ရပ်ကာ ကျန်းချဲ့ကို ဒေါသတကြီး စိုက်ကြည့်ရင်း မေးလိုက်သည်။

"ကျန်းချဲ့... မင်း ရိခုန်း ကို တကယ်တော့ ဘာတွေ လုပ်လိုက်တာလဲ..."

"ကျုပ် က ရိခုန်း ဆရာတော် ကို လမ်းမှန် ပေါ် ပြန်ရောက်အောင်၊ လမ်းမှား ကနေ ရုန်းထွက်နိုင်အောင် လုပ်ပေးလိုက်ရုံ ပါပဲ..."

ကျန်းချဲ့က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

"ဘုန်းဘုန်း က ဒီနေ့ မင်းကို သေချာပေါက် သတ်ပစ်မယ်..."

ကျဲထန် ဘုန်းကြီးက အလွန် ဒေါသထွက်သွားပြီး လက်ကို မြှောက်လိုက်ရာ ဗုဒ္ဓ အလင်းရောင်များ ဖုံးလွှမ်းသွားကာ ကျန်းချဲ့ကို တိုက်ခိုက်ရန် ပြင်လိုက်သည်။ ယခုအချိန်တွင် ရိခုန်း က မိစ္ဆာစိတ် ၏ လွှမ်းမိုးခြင်း ကို ခံရမည့် အစား ပြင်းထန်စွာ ဒဏ်ရာ ရသွားလျှင် ပိုကောင်းမည်ဟုပင် သူ မျှော်လင့်မိပေသည်။

ဤသည်က အခြေခံ အုတ်မြစ် ဖျက်ဆီးခံရသည်ထက် သူ့ကို ပို၍ ဒေါသထွက်စေသည်။

ကျင်းယွမ် ဘုန်းကြီးကျောင်း၏ ဂုဏ်သိက္ခာရှိသော တပည့် တစ်ယောက်၊ ဗုဒ္ဓဘာသာ ၏ စစ်မှန်သော အမွေဆက်ခံသူ တစ်ယောက် က ဗုဒ္ဓဘာသာ ကို အယူလွဲ အဖြစ် သတ်မှတ်ပြီး ကျန်းချဲ့ ဆိုသော မိစ္ဆာ ကို ဘုရားစစ် အဖြစ် သတ်မှတ်နေခြင်းက တကယ်ကို ဘာသာတရား ကို သစ္စာဖောက်ခြင်း၊ ဗုဒ္ဓဘာသာ ၏ အရှက်ရစရာ ကိစ္စ ပင် ဖြစ်ပေသည်။

စကား ပြောပြီးသည် နှင့် သူက အရှက်ကို ဆေးကြောရန် တိုက်ခိုက်တော့မည် ဖြစ်သည်။

သို့သော် ဤကဲ့သို့ ရှုံးနိမ့်သွားပြီးနောက် ဒေါသထွက်ကာ တိုက်ခိုက်မည့် ကိစ္စ မျိုး အတွက် ကျန်းချဲ့ ကိုယ်တိုင် လှုပ်ရှားရန်ပင် မလိုတော့ပေ။ မလှမ်းမကမ်းတွင် ကြည့်ရှုနေသော ချီဆန်းကျား က အေးစက်စက် နှာမှုတ်လိုက်ပြီး သူ၏ အောက်ရှိ ချီကျောင် သားရဲ က ရှေ့ခြေ နှစ်ဖက်ကို မြှောက်ကာ တစ်ချက် နင်းချလိုက်သည်။

မြေကြီး က ချက်ချင်း တုန်ခါသွားပြီး အက်ကွဲကြောင်း တစ်ခု ဖြစ်ပေါ်လာကာ မိုးကြိုးသံ ကဲ့သို့ ကျယ်လောင်သော အသံ တစ်သံ က ကျဲထန် ၏ ရင်ထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။

"ဟေ့ကောင် ကတုံး... ငါ့ကို အလကား ကောင်လို့ ထင်နေတာလား..."

"ခင်ဗျား..."

ကျဲထန် က သတိလည်လာပြီး ချီဆန်းကျား ကို ကြည့်ကာ အကြည့်များ က အလွန် တုန်လှုပ် သံသယ ဖြစ်နေပေသည်။

ချီဆန်းကျား က ရပ်တန့်ရန် မရည်ရွယ်ဘဲ ဤ ဘုန်းကြီး များကို သင်ခန်းစာ တစ်ခု ပေးရန် ဆုံးဖြတ်လိုက်သည်။ သူ၏ အောက်ရှိ ချီကျောင် သားရဲ က လေဟာနယ် တွင် လမ်းလျှောက်ကာ မျက်စိတစ်မှိတ် အတွင်း ကျဲထန် ၏ အရှေ့သို့ ရောက်ရှိလာပြီး ခွာ နှစ်ဖက် ဖြင့် ပြင်းထန်စွာ ဖိချလိုက်သည်။

"ဘန်း..."

ချီဆန်းကျား ၏ မွေးရာပါ စွမ်းအင် များ ပေါင်းထည့်ထားသော ချီကျောင် သားရဲ က အလွန် ကြောက်မက်ဖွယ် ကောင်းလှပြီး ကျဲထန် ဘုန်းကြီး ၏ မျက်နှာကို အကြီးအကျယ် ပြောင်းလဲသွားစေကာ သူ ဖွင့်လှစ်ထားသော ကြည်လင်သော ရွှေခေါင်းလောင်း အကာအကွယ် ပင် ကွဲအက်လုနီးပါး ဖြစ်သွားပြီး အက်ကွဲကြောင်း များ အဆက်မပြတ် ဖြစ်ပေါ်လာခဲ့သည်။

ကြီးမားသော ဖိအား က သူ၏ ကျောရိုး ကိုပင် မခံနိုင်အောင် ဖိနှိပ်ထားပြီး ခြေထောက် နှစ်ဖက် က ကွေးညွှတ်သွားကာ ချီဆန်းကျား ၏ အရှေ့တွင် ဖြည်းညင်းစွာ ဒူးထောက် ကျသွားတော့မည် ဖြစ်သည်။

ကျဲထန် ဘုန်းကြီး က မျက်လုံးများ ပြူးကျယ်ကာ အတွင်းအား များကို အဆက်မပြတ် ထုတ်ယူနေသော်လည်း လုံးဝ အသုံးမဝင်ဘဲ ခွက်ထဲက ရေလေးနဲ့ မီးလောင်နေတဲ့ လှည်းကို ငြှိမ်းသတ်ဖို့ ကြိုးစားနေသကဲ့သို့ ပင် ဖြစ်ပေသည်။ ရှန်ကွမ်းအဆင့် တွင် ရှိသော ချီဆန်းကျား က သူ လုံးဝ မယှဉ်နိုင်သော သူ တစ်ယောက် ပင် ဖြစ်ပေသည်။

သူ မခံနိုင်တော့မည့် အချိန်တွင် ဘုရားစာ ရွတ်ဆိုသံ တစ်သံ ထွက်ပေါ်လာပြီး သူ၏ ဒူးထောက်တော့မည့် ကိုယ်ဟန်ကို ရပ်တန့်သွားစေခဲ့သည်။

"အမိတာဘာ..."

လေဟာနယ် ထဲတွင် ရွှေရောင် အလင်းတန်း များ ဖြာထွက်နေသော ပိန်လှီ ခြောက်ကပ်နေသည့် ပုံရိပ် တစ်ခု က ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့သည်။ မျက်ခုံးမွေး၊ မုတ်ဆိတ်မွေး လုံးဝ မရှိဘဲ မျက်နှာ ပေါ်တွင် အရေတွန့် များ အပြည့် ရှိနေကာ ခြောက်သွေ့နေသော သစ်ခေါက် တစ်ခု ကဲ့သို့ ဖြစ်နေပြီး လမ်းလျှောက်နေစဉ် ဗုဒ္ဓ အလင်းရောင် များ အဆက်မပြတ် ထွက်ပေါ်နေပေသည်။

ဘုရားကျောင်း ထဲတွင် ပူဇော်ထားသော ဘုရားဆင်းတုတော် တစ်ဆူ ကဲ့သို့ ပင် ဖြစ်ပေသည်။

ကျန်းချဲ့ ၏ မျက်လုံးများ အနည်းငယ် မှေးကျဉ်းသွားပြီး ထို ပိန်လှီသော ပုံရိပ် ထံမှ အလွန် ကြီးမားသော အန္တရာယ် ကို ခံစားလိုက်ရသည်။

'အန္တရာယ် ရှိတယ်...'

'ငါ ကြိုတင် ပြင်ဆင်ထားမှု က တကယ်ကို မမှားယွင်းဘူး... ဒီ ဘုန်းကြီး တွေ က တကယ်ကို သိုင်းလောက စည်းမျဉ်း ကို မလိုက်နာကြဘူး... မနိုင်ရင် လူခေါ်ကြတယ်...'

ဤအချက်ကို သတိပြုမိလိုက်သည် နှင့် တပြိုင်နက် ကျန်းချဲ့ က လေဟာနယ် ထဲမှ ချက်ချင်း အောက်သို့ ဆင်းသက်ကာ ချီဆန်းကျား ၏ ဘေးတွင် ရပ်လိုက်ပြီး ဆက်လက် ဟန်ဆောင်မည့် အတွေး များကို ဖျောက်ဖျက်ပစ်လိုက်သည်။

"ဟွန့်..."

ချီဆန်းကျား က အေးစက်စက် နှာမှုတ်လိုက်ပြီး တောင်တန်းကြီး တစ်ခု ကဲ့သို့ အရှိန်အဝါ ဖြင့် ပြင်းထန်စွာ ဖိချလိုက်ကာ ရောက်လာသော ဘုန်းကြီးအို ကို လုံးဝ မျက်နှာ မပေးပေ။

"ဘန်း..."

ကျဲထန် ဘုန်းကြီး က မြေကြီးပေါ်သို့ ပြင်းထန်စွာ ဒူးထောက် ကျသွားပြီး နှုတ်ခမ်းထောင့် မှ သွေးများ စီးကျလာကာ ဒေါသတကြီး စိုက်ကြည့်နေပေသည်။

"ဒကာကြီးချီ... ခင်ဗျား က ဘာဖြစ်လို့ ဒီလို လုပ်ရတာလဲ..."

ဘုန်းကြီးအို ၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားပြီး ချီဆန်းကျား ၏ လုပ်ရပ် အပေါ် အနည်းငယ် ဒေါသထွက်သွားပုံ ရပေသည်။

"ဒီစကား က ကျုပ် က ခင်ဗျား ကို ပြန်မေးရမှာ မဟုတ်ဘူးလား... ဘာလဲ ရွယ်တူ အချင်းချင်း တိုက်ခိုက်လို့ မနိုင်တော့ အင်အား သုံးပြီး ဖိနှိပ်ချင်တာလား... ကျုပ် ကို အလကား ကောင် လို့ ထင်နေတာလား ဒါမှမဟုတ် အစိုးရ ရဲ့ ဥပဒေ ကို ဂရုမစိုက်တာလား..."

ချီဆန်းကျား က လေးနက်သော အသံဖြင့် မေးခွန်း ထုတ်လိုက်သည်။

"ကျဲထန်... ဘာဖြစ်လို့ ဝင်တိုက်ခိုက်တာလဲ..."

ဘုန်းကြီးအို က လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ကျဲထန် ဘုန်းကြီး အပေါ် ဖိကျနေသော ဖိအား များ က တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သူ က ခေါင်းမော့ကာ တိုးတိုးလေး ပြောလိုက်သည်။

"ကျောင်းထိုင်ဆရာတော်... တပည့်တော် ကို ခွင့်လွှတ်ပေးပါ... တပည့်တော် က ရိခုန်း က ကျန်းချဲ့ ကြောင့် မိစ္ဆာ ဝင်သွားတာကို မြင်လိုက်ရလို့ ရုတ်တရက် ဒေါသ ကို မထိန်းနိုင် ဖြစ်သွားတာပါ..."

"မိစ္ဆာ ဝင်သွားတယ်..."

ဘုန်းကြီးအို က ရိခုန်း ကို စိုက်ကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲရှိ နီရဲနေသော သွေးရောင် များကို မြင်တွေ့လိုက်ရသည်။

သိသာထင်ရှားသော မိစ္ဆာ ဝင်သည့် အရိပ်အယောင် ပင် ဖြစ်ပေသည်။

"ရိခုန်း... သတိထားစမ်း..."

ဘုန်းကြီးအို က လုံးဝ တွန့်ဆုတ်မနေပေ။ ရိခုန်း က ကျင်းယွမ် ဘုန်းကြီးကျောင်း ၏ နောင်အနာဂတ် ကျောထောက်နောက်ခံ ဖြစ်ပြီး သူ အလေးထားဆုံး တပည့် ဖြစ်ရာ ဒီနေရာမှာ ဘယ်လိုလုပ်ပြီး ကျဆုံးခံနိုင်မည်နည်း။

ချက်ချင်း လက်နှစ်ဖက်ကို ယှက်ကာ မိုးကြိုးသံ ကဲ့သို့ အသံ ကို ထုတ်ဖော်လိုက်သည်။

ဗုဒ္ဓဘာသာ စာလုံးခြောက်လုံး မန္တန် က အဆက်မပြတ် ထွက်ပေါ်လာပြီး ရိခုန်း ၏ ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။

ပတ်ဝန်းကျင်ရှိ လူများ ကမူ မည်သည့် သက်ရောက်မှုမျှ လုံးဝ မရှိခဲ့ပေ။

"အွမ်း... မာ... နီ... ပေ... မဲ့... ဟုံး…”

All Chapters