← Chapters

အခန်း ၁၃၃

Vol. 14 Ch. 133

အခန်း ၁၃၃

Vol. 14 Ch. 133

အခန်း (၁၃၃) မင်္ဂလာဆောင်မည့်ရက်... မျိုးနွယ်စုကို ဖျက်ဆီးမည့် အခွင့်အရေး...

"လုဖျင်ကျိုး... ရှင် က တကယ့် ငကြောက် ပဲ... ကြီးမြတ်တဲ့ လုမိသားစု က ကျန်းချဲ့ တစ်ယောက်တည်း ကိုတောင် ကြောက်နေရတာလား..."

ဟွမ်ရှန်းရှန်းက လုဖျင်ကျိုးကို အေးစက်စွာ မေးခွန်းထုတ်လိုက်သည်။ သတင်းကို အပြင်သို့ မဖြန့်ဘဲ ကျန်းချဲ့က အချိန်အတိအကျကို မည်သို့ သိနိုင်မည်နည်း။

"ရှန်းရှန်း... မင်း..."

လုဖျင်ကျိုး၏ မျက်နှာမှာ တစ်ချက် နီရဲသွားပြီး တစ်ချက် ဖြူရော်သွားကာ အလွန်ကြည့်ရဆိုးနေပေသည်။ သာမန်အချိန်များတွင် ဟွမ်ရှန်းရှန်းက သူ့အပေါ် အေးစက်စက် ဆက်ဆံလေ့ရှိသော်လည်း ယနေ့ကဲ့သို့ ဤမျှလောက် ဒေါသကြီးသည်ကို တစ်ခါမျှ မကြုံဖူးခဲ့သဖြင့် ချက်ချင်းပင် ရင်ထဲ၌ လက်ခံနိုင်ရန် အနည်းငယ် ခက်ခဲနေခဲ့သည်။

သူ၏ စိတ်ကူးထဲမှ ဟွမ်ရှန်းရှန်းမှာ ရေခဲကဲ့သို့ သန့်ရှင်းစင်ကြယ်သော နတ်သမီးလေး တစ်ပါးသာ ဖြစ်ပြီး ဤကဲ့သို့သော မိန်းမမျိုး မဟုတ်ပေ။

သို့သော် သူ ဒေါသထွက်သည်ဟုတော့ မဆိုနိုင်ပေ။ ဤအရာများ အားလုံးက မိမိဖခင်၏ သဘောထားကြောင့် ဟွမ်ရှန်းရှန်း ရင်ထဲတွင် မကျေမနပ် ဖြစ်ရခြင်းသာ ဖြစ်မည်ဟု ကိုယ့်ကိုယ်ကိုယ် အဆက်မပြတ် ဖြေတွေးနေမိသည်။ နားလည်ပေးနိုင်ပါသည်... နားလည်ပေးနိုင်ပါသည်။

"ရှင်က ကျွန်မကို ချစ်တယ် လို့ ပါးစပ်ကနေ အမြဲ ပြောနေပြီး... သူတစ်ပါးကို ကြောက်ရွံ့တာနဲ့တင် မင်္ဂလာပွဲကိုတောင် ဂရုမစိုက်နိုင်ဘူးလား... ဒါက နောက်ပိုင်း ကျွန်မကို လူတောထဲ ဘယ်လို မျက်နှာပြရဲအောင် လုပ်နေတာလဲ... ဒါမှမဟုတ် ရှင့် ရင်ထဲမှာ ကျွန်မကို တစ်ခါမှ မချစ်ခဲ့ဖူးဘဲ ရေခဲဖီးနစ် ဝိညာဉ်စွမ်းအင် ပေးရမယ့် ရုပ်သေးရုပ် ကိရိယာ တစ်ခု လို့ပဲ သတ်မှတ်ထားတာလား..."

လုဖျင်ကျိုး၏ မျက်နှာထား မကောင်းသည်ကို မြင်သောအခါ ဟွမ်ရှန်းရှန်းက သူမ၏ စကားများ အနည်းငယ် လွန်ကဲသွားကြောင်း သတိပြုမိသွားသည်။ ဤကဲ့သို့သော သိမ်ငယ်တတ်သည့် ယောကျာ်းမျိုးကို ရင်ဆိုင်ရာတွင် တစ်ခါတစ်ရံ သူ၏ ဂုဏ်သိက္ခာကိုလည်း ငဲ့ညှာပေးရမည် ဖြစ်သဖြင့် ချက်ချင်းပင် စကားပြောဆိုပုံ ပြောင်းလိုက်သည်။

"မဟုတ်ပါဘူး... ကိုယ် မဟုတ်ရပါဘူး... ရှန်းရှန်း... မင်း ကိုယ့်ကို ယုံကြည်ရမယ်..."

လုဖျင်ကျိုးက အလျင်အမြန် ရှင်းပြပြီး သူမ၏ လက်မောင်းကိုပင် လှမ်းကိုင်ရန် ကြိုးစားလိုက်သည်။

သို့သော် ဟွမ်ရှန်းရှန်းက ရှောင်တိမ်းသွားခဲ့သည်။ သူမက ကျန်းချဲ့ တစ်ယောက်တည်း အပိုင်သာ ဖြစ်သည်။ လုဖျင်ကျိုး ကများ သူမကို လာထိချင်နေတာလား။

"ကျွန်မကို မထိနဲ့..."

"ရှန်းရှန်း... ကိုယ် က..."

လုဖျင်ကျိုးက ခေါင်းငုံ့ထားပြီး စကားပြောရန် အခက်တွေ့နေပေသည်။

"ကျွန်မ ရှင့်ကို တစ်ခွန်းပဲ မေးမယ်... ကျွန်မအတွက် ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲ တစ်ခု ကျင်းပပေးဖို့ ဆန္ဒ ရှိလား..."

ဟွမ်ရှန်းရှန်းက သူ့ကို စူးရဲစွာ စိုက်ကြည့်နေပေသည်။

"ဒါပေမဲ့ အဖေ့ ဘက်က..."

လုဖျင်ကျိုးမှာ အလွန် အခက်တွေ့နေပေသည်။ တစ်ဖက်တွင်က စေ့စပ်ထားသူ၏ တောင်းဆိုချက် ဖြစ်ပြီး တစ်ဖက်တွင်က ဖခင်ဖြစ်သူ၏ သတိပေးချက် ဖြစ်နေသည်။ အကယ်၍ ပွဲကို အကြီးအကျယ် ကျင်းပလိုက်မည် ဆိုပါက ကျန်းချဲ့ တစ်ယောက် သေချာပေါက် ငြိမ်နေမည် မဟုတ်ပေ။

"ကောင်းပြီ... ဒါဆိုရင် ကျွန်မ တစ်လှမ်း ဆုတ်ပေးမယ်... ဒါပေမဲ့ ဟွမ်မိသားစု ကတော့ အချိန်အတိအကျ ကို သိဖို့ လိုအပ်တယ် မဟုတ်ဘူးလား... ရှင် က တကယ်ပဲ ကျွန်မကို နာမည် မရှိဘဲ ဝင်လာစေချင်တာလား..." ဟွမ်ရှန်းရှန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"ဟွမ်မိသားစုကို အကြောင်းကြားလိုက်ရင် သတင်းက သေချာပေါက် ပေါက်ကြားသွားလိမ့်မယ်..."

ဤကမ္ဘာပေါ်တွင် လေမတိုက်ဘဲ သစ်ရွက်မလှုပ်နိုင်ကြောင်း လုဖျင်ကျိုး ကောင်းစွာ သိရှိထားသည်။ သတင်းသာ ပေါက်ကြားသွားပါက သေချာပေါက် ပျံ့နှံ့သွားမည်သာ ဖြစ်ပြီး တင်းကြပ်စွာ တားမြစ်ထားလျှင်ပင် အသုံးဝင်မည် မဟုတ်ပေ။

"လုဖျင်ကျိုး... ကျွန်မ ရှင့်ကို တကယ် အထင်မှားခဲ့တာပဲ..."

ဟွမ်ရှန်းရှန်း၏ မျက်လုံးများထဲတွင် စိတ်ပျက်မှုများကို ဖုံးကွယ်၍ မရနိုင်တော့ဘဲ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။

"ဒီကိစ္စကို တကယ်ပဲ ဖုံးကွယ်ထားလို့ ရမယ်လို့ ရှင် ထင်နေတာလား... လုမိသားစုမှာ တခြား အင်အားစုတွေက ထည့်ထားတဲ့ သူလျှိုတွေ မရှိဘူးလို့ ထင်နေတာလား... ဟက်... ကျွန်မ ပင်ပန်းနေပြီ... ရှင် ဘာသာ ဒီမှာပဲ နေခဲ့တော့..."

"ရှန်းရှန်း... ကိုယ် မင်း စကားကို နားထောင်ပါ့မယ်..."

နောက်ဆုံးတွင် လုဖျင်ကျိုးက သူ ချစ်ရသူ၏ စိတ်ပျက်သွားမှုကို ကိုယ်တိုင် မျက်မြင် မခံစားရက်နိုင်တော့ဘဲ ဤကိစ္စကို သဘောတူလိုက်ရတော့သည်။

"တကယ်လား..."

"တစ်ခွန်း ပြောပြီးရင် ပြန်မပြင်ဘူး..."

လုဖျင်ကျိုးက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

"ဒါပေမဲ့ ရှင့် အဖေ ဘက်က ဘယ်လို လုပ်မလဲ..."

ဟွမ်ရှန်းရှန်းက မင်္ဂလာရက် သတင်းကို အပြင်သို့ ပျံ့နှံ့သွားစေချင်သကဲ့သို့ လုရှင်းယွင်၏ အပြစ်တင်မှုကိုလည်း သူမ အပေါ် ကျရောက်မလာစေချင်ပေ။

"ဒါတွေ အားလုံးက... ကိုယ် တစ်ယောက်တည်း လုပ်တာပါ... မင်းကို မတရား မခံစားစေချင်ဘူး..."

လုဖျင်ကျိုးက အတင်း ပြုံးပြလိုက်သည်။

"ဖျင်ကျိုး... ကျေးဇူးတင်ပါတယ်..."

ဟွမ်ရှန်းရှန်းက ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ပြုံးလိုက်သည်။

ဤမြင်ကွင်းကို ကြည့်ရင်း လုဖျင်ကျိုး၏ မျက်လုံးများလည်း ကြောင်အမ်းသွားပြီး သူမ၏ အလှတရားနှင့် အပြုံးများတွင် နစ်မျောသွားခဲ့ရသည်။

ရှန်းရှန်း အတွက်ဆိုရင် ဖခင်၏ အမိန့်ကို ဖီဆန်ရလျှင်ပင် တန်ပါသည်...

---

ဖူလုံကျောင်းတော်၊ မက်မွန်ပန်းတောင်ထွတ်။

ဖူလုံကျောင်းတော်၏ အတော်ဆုံး တပည့် တစ်ယောက် အနေဖြင့် လီတောက်ဖျင် ရရှိထားသော အလေးပေးခံရမှုက ကျင်းယွမ် ဘုန်းကြီးကျောင်းမှ ရိခုန်း ဘုန်းကြီးထက် လုံးဝ မလျော့နည်းဘဲ တောင်ထွတ် အသစ်တစ်ခုကိုပင် သူ၏ ကိုယ်ပိုင် နေရာအဖြစ် ဖွင့်လှစ်ခွင့် ရရှိထားပေသည်။

ဤနေ့တွင် တံခါးပိတ် ကျင့်ကြံရာမှ ယခုမှ ထွက်ပေါ်လာသော လီတောက်ဖျင်သည်လည်း ကျောင်းတော်မှ အကြီးအကဲများ၏ ပါးစပ်မှတစ်ဆင့် ရိခုန်း ဘုန်းကြီး ကျန်းချဲ့ လက်အောက်တွင် ရှုံးနိမ့်သွားကြောင်း သတင်းကို ကြားသိလိုက်ရသဖြင့် အလွန် အံ့ဩသွားခဲ့ရသည်။

အဘယ်ကြောင့်ဆိုသော် သူက နေရာတိုင်းတွင် ရိခုန်းထက် သာလွန်သော်လည်း တစ်ဖက်လူ၏ ခိုင်မာသော ခန္ဓာကိုယ်ကို မဖျက်ဆီးနိုင်ခဲ့သဖြင့် အကြိမ်ကြိမ် တိုက်ခိုက်ရာတွင် သရေကျအောင်သာ ဖိအားပေးနိုင်ခဲ့သော်လည်း ယခုအခါ ပထမဆုံး အကြိမ် ကြားဖူးသော ကျန်းချဲ့ ဆိုသူ၏ လက်ထဲတွင် ရှုံးနိမ့်သွားခဲ့ခြင်းကြောင့် ပင် ဖြစ်သည်။

"ထိုက်အန်းဒေသ ရဲ့ နံပါတ်တစ်... ဒီတပ်မှူးကြီးကျန်း က ရိခုန်း ကို အနိုင်ယူလိုက်တယ် ဆိုတော့လည်း တကယ်ကို ထိုက်တန်သွားတာပေါ့လေ..." လီတောက်ဖျင်က အပြုံးလေးဖြင့် ပြောလိုက်ပြီး အနိုင်အရှုံးကို လုံးဝ ဂရုမစိုက်သည့် ဟန်ဖြင့် ရှိနေပေသည်။

"ကျန်းချဲ့ က ထိုက်အန်းဒေသ ရဲ့ နံပါတ်တစ် ဆိုရင် မင်း က ဘာလဲ... ဖူလုံကျောင်းတော် ကကော ဘာဖြစ်သွားမလဲ..."

အပြာရောင် ဝတ်စုံ ဝတ်ဆင်ထားသော လူလတ်ပိုင်း အရွယ် တာအိုဘုန်းကြီးက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"ကျောင်းထိုင်ဆရာတော် ရဲ့ သဘောက... ကျွန်တော့်ကို ကျန်းချဲ့ နဲ့ သွားပြီး တိုက်ခိုက်စေချင်တာလား..."

လီတောက်ဖျင်က မက်မွန်ပင်ပေါ်တွင် ပျင်းရိစွာ လှဲလျောင်းနေပြီး လက်ထဲတွင် သစ်ကိုင်း တစ်ကိုင်းကို ကိုင်ထားပေသည်။

"ငါတို့ ဖူလုံကျောင်းတော် က ကျန်းချဲ့ နဲ့ ဘာရန်ငြိုးမှ မရှိပါဘူး... ဒါပေမဲ့ ကျင်းယွမ် ဘုန်းကြီးကျောင်း နဲ့ ဒီနှစ်တွေ ထဲမှာ ပြိုင်ဆိုင်မှု တွေက ပိုပြီး ပြင်းထန်လာတယ်... အကယ်လို့ ဒီနံပါတ်တစ် ဆိုတဲ့ နာမည် ကိုသာ ရယူနိုင်မယ် ဆိုရင် ဖူလုံကျောင်းတော် အတွက် အများကြီး အကျိုးရှိလိမ့်မယ်..."

"ဆရာဦးလေး... ရိခုန်း တောင် ဒီလူကို မနိုင်ဘူး ဆိုတော့ ကျွန်တော်လည်း အဲဒီလောက် အရည်အချင်း မရှိပါဘူး... အနားယူတာပဲ ကောင်းပါတယ်..."

"ကျန်းချဲ့ က ရိခုန်း ကို အနိုင်ယူတာက တစ်ဖက်လူ ရဲ့ ခန္ဓာကိုယ် ကို ဖျက်ဆီးလိုက်တာ မဟုတ်ဘူး... သိုင်းစိတ်ဆန္ဒ ကနေ တစ်ဆင့် သူ့ရဲ့ အားနည်းချက် ကို ရှာတွေ့သွားလို့ပဲ... တကယ်လို့ အင်အားချင်း ယှဉ်ပြီး တိုက်ခိုက်ရမယ် ဆိုရင် မင်း က ကျန်းချဲ့ ထက် အားနည်းမှာ မဟုတ်ဘူး..."

"ကျွန်တော် က နည်းနည်း ထူးဆန်းနေလို့ပါ... ဘာဖြစ်လို့ ဒီလို အမည်ခံ သက်သက် အတွက် လုယက်နေရတာလဲ..."

လီတောက်ဖျင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ ယခင်က သူနှင့် ရိခုန်း တိုက်ခိုက်ခဲ့ခြင်းမှာလည်း အင်အားစု နှစ်ခု၏ တွန်းအားပေးမှုကြောင့်သာ ဖြစ်ပြီး တကယ်တမ်းတွင်မူ သူ ကိုယ်တိုင်က ဤကဲ့သို့သော ကိစ္စများကို သိပ်စိတ်မဝင်စားပေ။ ယခုလည်း အတူတူပင် ဖြစ်သည်။

"မင်း က အာဏာ မကိုင်ထားတော့ နာမည်ဂုဏ်သတင်း ဆိုတာ လည်း အရင်းအမြစ် တစ်ခု ပဲ ဆိုတာ မင်း မသိဘူးလေ... ဖူလုံကျောင်းတော် နဲ့ ကျင်းယွမ် ဘုန်းကြီးကျောင်း တို့ ယှဉ်ပြိုင်နေတာ က ထိုက်အန်းဒေသ ရဲ့ နံပါတ်တစ် အင်အားစု ဆိုတဲ့ နာမည် ကို ယှဉ်ပြိုင်နေတာ... ထိုက်အန်းဒေသ ထဲက အရင်းအမြစ် တွေကို ယှဉ်ပြိုင် လုယူနေတာပဲ..."

"ဒီနှစ်တွေ ထဲမှာ မင်း နဲ့ ရိခုန်း တို့ တိုက်ခိုက်ပြီး ရလာတဲ့ နာမည်ဂုဏ်သတင်း တွေကြောင့် ဖူလုံကျောင်းတော် ရဲ့ သြဇာအာဏာ တွေ ကြီးမားလာခဲ့သလို နဂါးကျား အထက်ဂိုဏ်း ကလည်း ဖူလုံကျောင်းတော် ကို ပိုပြီး ထောက်ပံ့ပေးလာတယ်... ဒါတွေ ကမှ ကျောင်းထိုင်ဆရာတော် က မင်းကို ရိခုန်း နဲ့ မကြာခဏ တိုက်ခိုက်ခိုင်းနေတဲ့ ရည်ရွယ်ချက် တွေပဲ..."

"ဖူလုံကျောင်းတော် တိုးတက်ဖို့ ဆိုတာ အထက်ဂိုဏ်း ရဲ့ အထောက်အပံ့ မပါဘဲ မရဘူး... အထက်ဂိုဏ်း မှာ လက်အောက်ခံ ဂိုဏ်းတွေ အများကြီး ရှိတဲ့ အထဲက ပိုပြီး ထူးချွန်တဲ့ တပည့် တွေကို ပျိုးထောင်နိုင်မှသာ အထက်ဂိုဏ်း ရဲ့ အလေးထားမှု ကို ခံရမှာ... ကျန်းချဲ့ နဲ့ မပြိုင်ရင်တောင် မင်း က မက်မွန်ပန်းတောင်ထွတ် ပေါ်မှာပဲ တစ်ချိန်လုံး ပုန်းပြီး ကျင့်ကြံနေလို့ မရဘူးလေ..."

လူလတ်ပိုင်း တာအိုဘုန်းကြီးက သေသေချာချာ ရှင်းပြနေပေသည်။

သို့သော် လီတောက်ဖျင်က လှောင်ပြောင် ရယ်မောလိုက်သည်။

"အာဏာနဲ့ အကျိုးအမြတ်ကို လုယက်နေကြတယ်... နာမည်ဂုဏ်သတင်းကို မက်မောနေကြတယ်... ဘုန်းကြီး လည်း ဘုန်းကြီး နဲ့ မတူ... တာအို လည်း တာအို နဲ့ မတူ..."

"တောက်ဖျင်... မင်းရဲ့ ကျင့်ကြံရေး စိတ်ထား တွေ ရှုပ်ထွေးနေပြီ..."

"ထိုက်ဆန်းမြို့ ကို ကျွန်တော် တစ်ခေါက် သွားလိုက်ပါ့မယ်... ဒါပေမဲ့ အကြီးအကျယ် တော့ လုပ်မှာ မဟုတ်ဘူး... တကယ်လို့များ ရှုံးသွားခဲ့ရင် ဖူလုံကျောင်းတော် မျက်နှာပျက်စရာ ဖြစ်မှာစိုးလို့... ဒီတိုက်ပွဲ ပြီးရင်တော့... ကျွန်တော် ထိုက်အန်းဒေသ ကနေ ထွက်သွားပြီး တောင်တန်း မြစ်ချောင်း တွေဆီ လှည့်လည် သွားလာတော့မယ်..."

လီတောက်ဖျင်က လက်ကာပြလိုက်ပြီး မျက်လုံးများကို မှိတ်လိုက်သည်။

"မင်း ဘာသာ သေချာ စဉ်းစားပေါ့... ဒါပေမဲ့ အရမ်းကြီး အချိန် မဆွဲနဲ့..."

"သိပါပြီ..."

---

မြို့တော်ဝန်ရုံး အတွင်း၌။

"တတိယလ ၈ ရက်နေ့... မင်္ဂလာဆောင်မယ့် ရက်ပေါ့..."

ကျန်းချဲ့က အရှေ့ရှိ ကောင်မလေးကို မျက်လုံး မှေးကျဉ်းကာ ကြည့်လိုက်သည်။

တစ်ဖက်လူက သူမကိုယ်သူမ လွီလော် ဟု ခေါ်ဆိုပြီး ဟွမ်ရှန်းရှန်း ငယ်စဉ်ကတည်းက အနီးကပ် ခစားရသော အစေခံမလေး ဖြစ်ကာ ဟွမ်ရှန်းရှန်းနှင့် လုဖျင်ကျိုးတို့၏ မင်္ဂလာရက်ကို အကြောင်းကြားရန် အထူး ရောက်ရှိလာခြင်း ပင် ဖြစ်သည်။

"ဒါက သခင်မလေး အရင်က မှာခဲ့တဲ့ စကားပါ... လုမိသားစု က သတင်းတွေကို ပိတ်ပင်ထားမှာ စိုးလို့ ဟွမ်မိသားစု ဆီ သတင်းပို့မယ့် နည်းလမ်း ကို ရှာပြီး ကျွန်မ ဒီသတင်း ကို သိသိချင်း လူကြီးမင်း ဆီကို ချက်ချင်း လာပြီး အကြောင်းကြားခိုင်းတာပါ..."

လွီလော်က အနည်းငယ် ကြောက်ရွံ့နေသော မျက်လုံးများဖြင့် ကျန်းချဲ့ကို ကြည့်နေပေသည်။

သူမ ကိုယ်တိုင်လည်း မည်သည့်အချိန်က မိမိ၏ သခင်မလေး နှင့် ဤတပ်မှူးကြီးကျန်း တို့ အဆက်အသွယ် ရှိသွားသနည်း ဆိုသည်ကို နားမလည်နိုင်အောင် ဖြစ်နေပေသည်။ သို့သော် သခင်မလေး၏ အမိန့်ကိုလည်း သူမ မဖီဆန်ရဲသဖြင့် လုမိသားစုထံမှ သတင်းများ ရောက်လာသည်နှင့် ချက်ချင်းပင် လာရောက် သတင်းပို့ရခြင်း ဖြစ်သည်။

"မင်း တကူးတက လာပေးရတဲ့ အတွက် ကျေးဇူးတင်ပါတယ်..."

ကျန်းချဲ့က သတိဝင်လာပြီးနောက် သူမကို ပြုံးပြလိုက်သည်။

"သခင်မလေး ကို ကယ်ပေးဖို့ လူကြီးမင်း ကို တောင်းဆိုပါတယ်... သခင်မလေး ရဲ့ ကံကြမ္မာ က ဆိုးရွားလွန်းပါတယ်... နာမည်ခံ သာ ဟွမ်မိသားစု ရဲ့ သခင်မလေး ဖြစ်နေပေမဲ့ တကယ်တမ်း ကျတော့ မိသားစု ခေါင်းဆောင် က သခင်မလေး ရဲ့ ခန္ဓာကိုယ် အထူးသတ္တိ ကိုပဲ အလေးထားတာပါ... သခင်မလေး အပေါ် သိပ်မကောင်းပါဘူး... လုမိသားစု ကလည်း အတူတူပဲ လို့ သခင်မလေး ပြောဖူးပါတယ်..."

အစေခံမလေးက ဟွမ်ရှန်းရှန်း၏ အတိတ် အတွေ့အကြုံများကို စကားများများဖြင့် ပြောပြနေပြီး မင်္ဂလာ မဆောင်မီ သခင်မလေးကို ဒုက္ခတွင်းမှ ကယ်တင်ပေးရန် ကျန်းချဲ့ကို အသနားခံနေပေသည်။

ကျန်းချဲ့က နားထောင်ရင်း နားထောင်ရင်း ရယ်မောလာမိသည်။

သူမက အစေခံမလေး တစ်ယောက် ဖြစ်နေပြီး ကိုယ့်ကံကြမ္မာ ကိုယ် ဆိုးသည်ဟု မထင်ဘဲ ဟွမ်မိသားစု သခင်မလေး ၏ ကံကြမ္မာ က ဆိုးသည်ဟု ထင်နေခြင်းမှာ တကယ်ကို စိတ်ဝင်စားစရာ ကောင်းလှပေသည်။

"ကောင်းပြီ... ဒီကိစ္စကို ငါ သိပါပြီ... မင်း ဟွမ်မိသားစု ဆီ လောလောဆယ် ပြန်မသွားနဲ့ဦး... တခြားလူတွေ သိသွားမှာ စိုးလို့... မင်းရဲ့ သခင်မလေး ကို ကယ်တင်ပြီးမှ မင်းတို့ ပြန်ဆုံတွေ့ခိုင်းမယ်..." ကျန်းချဲ့က တည်ငြိမ်စွာ ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် လူကြီးမင်း..."

"ကန်းတာပြောင်..."

"လက်အောက်ငယ်သား ရှိပါတယ်..."

"လွီလော် ကို သွားနားဖို့ ခေါ်သွားလိုက်... သူမ ရဲ့ အကြောင်းကို ဘယ်သူမှ မသိစေနဲ့..."

"ဟုတ်ကဲ့ပါ..."

ထိုနှစ်ယောက်စလုံး ထွက်သွားပြီးနောက် ကျန်းချဲ့က အသက်ကို ပြင်းပြင်း တစ်ချက် ရှူထုတ်လိုက်သည်။

နောက်ဆုံးတော့ ရောက်လာပြီပေါ့...

တတိယလ ၈ ရက်နေ့... ဒီနေ့ကနေ စရေရင် ရှစ်ရက် တောင် လိုသေးတယ်။

သူ လုပ်ရမည့် အလုပ်မှာ ဤရှစ်ရက် အတွင်း ရွှမ်ယွမ် ရေလေး နှင့် ယန်သုံးပါး မြက် ကို ရယူရန် ပင် ဖြစ်သည်။ ထို့နောက် ရေခဲဖီးနစ် ဝိညာဉ်စွမ်းအင် ကို ရယူပြီးနောက် မွေးရာပါ အလယ်ပိုင်းအဆင့်၊ ယွမ်ဟိုင်အဆင့် သို့ အဆင့်တက်မည် ဖြစ်သည်။

အချိန် က ကပ်နေပြီး တာဝန် ကလည်း ကြီးမားလှပေသည်။

သူ နှင့် လုမိသားစု တို့၏ ရန်ကြွေး ကိုလည်း အပြီးတိုင် ရှင်းလင်းရမည့် အချိန် ရောက်လာပြီ ပင် ဖြစ်သည်။

မင်္ဂလာဆောင်မယ့် နေ့...

ဟက်...

မဟုတ်ဘူး...

အဲဒါ က လုမိသားစု မျိုးနွယ်စု တစ်ခုလုံး ကို ဖျက်ဆီးပစ်မယ့် နေ့ ပဲ...

---

ကျူးအိမ်တော် အတွင်း၌။

"အစ်ကိုကျန်း... ခင်ဗျား ကျွန်တော့်ကို အမှန်အတိုင်း ပြောစမ်းပါ... ခင်ဗျား ရိခုန်း နဲ့ တိုက်ခိုက်တုန်းက သုံးခဲ့တဲ့ နည်းလမ်း က တကယ်ပဲ နဂါးစိမ်း ကျန်းဟိုင် ကျင့်စဉ် ဟုတ်ရဲ့လား..."

ကျူးအိမ်တော် ၌ ကျန်းချဲ့ က ကျူရှု ကို ထပ်မံ တွေ့ဆုံလိုက်ရပြီး တစ်ဖက်လူက သူ့ကို မြင်မြင်ချင်း ပထမဆုံး မေးလိုက်သော စကားမှာ ဤကိစ္စပင် ဖြစ်ပြီး ကျန်းချဲ့ကို စူးရဲစွာ စိုက်ကြည့်ကာ ကျန်းချဲ့ ကိုယ်တိုင် ဝန်ခံသည့် အဖြေကို ရယူလိုနေပေသည်။

မပြည့်စုံသော ကျမ်းစာလေး တစ်ခုမျှသာ ဖြစ်ပြီး ကျန်းချဲ့ တကယ်ပင် အောင်မြင်အောင် လေ့ကျင့်နိုင်လိမ့်မည်ဟု သူ မယုံရဲပေ။

ထိုကျင့်စဉ် ၏ စွမ်းအား က သူ့ကို မျက်စိပွင့်သွားစေပြီး ရင်ထဲတွင် အလွန်တရာ အံ့ဩ တုန်လှုပ်သွားစေခဲ့သည်။

တစ်ချိန်တည်းမှာပင် သူ၏ ရင်ထဲ၌ အနည်းငယ် ကြောက်ရွံ့မှုများလည်း ရှိနေပေသည်။

အကြီးအကဲလွီ က ထိုနေ့က ဂိုဏ်းသို့ ပြန်ရောက်ပြီးနောက် ဤကိစ္စကို သေချာစေရန် သိုင်းစာကြည့်တိုက် ထဲသို့ ချက်ချင်း ဝင်ရောက်သွားခဲ့ပြီး မထွက်ခွာမီ သူ့ကို နက်နဲစွာ တစ်ချက် ကြည့်သွားခဲ့သည်ကို သူ မှတ်မိနေသေးသည်။

တစ်ဖက်လူက ဘာစကားမှ မပြောခဲ့သော်လည်း သူ၏ ရင်ထဲတွင် ကြိုတင် ခံစားမှုများ အများအပြား ရှိနေပြီ ဖြစ်သည်။

အကယ်၍ ဤကိစ္စကိုသာ စုံစမ်း ဖော်ထုတ်ခံရပါက သူ က ဆိုးရွားသော နိဂုံး တစ်ခု နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

"ဟုတ်တယ် မဟုတ်ဘူး ဆိုတာ အရေးကြီးလို့လား..."

ကျန်းချဲ့က တည်ငြိမ်စွာ ပြုံးလိုက်သည်။

"သေချာပေါက် အရေးကြီးတာပေါ့... အစ်ကိုကျန်း... တကယ်လို့ ခင်ဗျား သာ နဂါးစိမ်း ကျန်းဟိုင် ကျင့်စဉ် ကို တကယ် အောင်မြင်အောင် ကျင့်ကြံနိုင်ခဲ့တယ် ဆိုရင် ကျွန်တော် က ဂိုဏ်း ရဲ့ လျှို့ဝှက်ချက် ကို ပေါက်ကြားအောင် လုပ်တဲ့ သစ္စာဖောက် ဖြစ်သွားပြီ... အပိုင်းပိုင်း အတစ်တစ် ခုတ်ထစ် ခံရလိမ့်မယ်..." ကျူရှုက ခေါင်းငုံ့ကာ ပြောလိုက်သည်။

"မင်း နောင်တရနေပြီလား..."

ကျန်းချဲ့က သူ့ကို စိုက်ကြည့်ကာ မေးလိုက်သည်။

"နောင်တရတာ မဟုတ်ဘူး... ကျွန်တော် ကြောက်နေတာ..."

ကျူရှုက ခေါင်းခါလိုက်သည်။

"မင်း ကံကောင်းတယ် လို့ မှတ်လိုက်..."

"ဘာအဓိပ္ပာယ်လဲ..."

ကျူရှုက နားမလည်နိုင်စွာဖြင့် ခေါင်းမော့ကြည့်လိုက်သည်။

"နဂါးစိမ်း ကျန်းဟိုင် ကျင့်စဉ် က ကျန်းဟိုင်ဂိုဏ်း ရဲ့ ဂိုဏ်းစောင့် ကျင့်စဉ် အနေနဲ့ တကယ်ကို အလွန် တန်ဖိုး ကြီးမားပါတယ်... ဒါပေမဲ့ အဲဒါ က အရင်တုန်းက လေ... အခု ဆိုရင် သိုင်းစာကြည့်တိုက် ထဲမှာ သိမ်းထားတဲ့ မပြည့်စုံတဲ့ ကျမ်းစာ လေး တစ်ခု သက်သက်ပဲ..."

"ဘယ်လောက်တောင် တန်ဖိုး ရှိနိုင်ဦးမှာလဲ..."

"တကယ်လို့ တစ်ယောက်ယောက် ကသာ ဒီကျင့်စဉ် ကို ပြန်လည် ပြင်ဆင်နိုင်ခဲ့မယ် ဆိုရင် ကျန်းဟိုင်ဂိုဏ်း ရဲ့ အာဏာပိုင် တွေ က ပျော်ရွှင်မလား ဒါမှမဟုတ် ဒေါသထွက်မလား ဆိုတာ မင်း စဉ်းစားကြည့်ပါ..."

ကျန်းချဲ့က စားပွဲကို လက်ချောင်းဖြင့် ခေါက်ကာ တစ်ဖက်လူ နှင့် အကြည့်ချင်း ဆုံလိုက်သည်။

"အစ်ကိုကျန်း ရဲ့ အဓိပ္ပာယ် က အထက် က လူတွေ က ကျွန်တော့်ကို အပြစ်မတင်ဘူး ပေါ့..."

ကျူရှု နေရာတွင် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။

"အပြစ် မတင်ရုံတင် မကဘူး... ချီးကျူးတောင် ချီးကျူးဦးမှာ... သေချာတာပေါ့... ဒီအတွက် ကြိုတင် သတ်မှတ်ချက် တစ်ခု ရှိတယ်... အဲဒါ က ကျန်းဟိုင်ဂိုဏ်း ရဲ့ အာဏာပိုင် က အမြော်အမြင် မရှိတဲ့ လူမိုက် တစ်ယောက် မဟုတ်ဘဲ ဉာဏ်ကောင်းတဲ့ လူ တစ်ယောက် ဖြစ်ရမယ်..."

ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်ကြည့်မည် ဆိုလျှင် ယခုအခါ ကျန်းချဲ့သာ ကျန်းဟိုင်ဂိုဏ်းချုပ် ဖြစ်မည် ဆိုပါက သူ၏ တုံ့ပြန်မှု က ဒေါသထွက်ခြင်း အပြင် ဝမ်းသာမှု လည်း ရှိနေမည် ဖြစ်သည်။ နဂါးစိမ်း ကျန်းဟိုင် ကျင့်စဉ် ပြန်လည် ပြည့်စုံလာမည့် နေ့ ရှိလာသည့် အတွက် ဝမ်းသာနေမည် ဖြစ်သည်။

ဤအတွက်ကြောင့် အဖိုးအခ အနည်းငယ် ပေးဆပ်ရမည် ဆိုလျှင်ပင် တန်ပါသည် ဟု ယူဆမည် ဖြစ်သည်။

"ဒါ... ဒါကို ဘယ်လို ဆုံးဖြတ်မလဲ..."

ကျူရှု က ကျန်းချဲ့ ၏ စကား များကြောင့် စိတ်လှုပ်ရှား လာခဲ့သည်။

"မင်း ကျန်းဟိုင်ဂိုဏ်း ကနေ ထွက်လာနိုင်တာ ကတင် တစ်ဝက် ကျော်ကျော် လောက် သေချာနေပြီ လို့ ပြောလို့ ရတယ်..."

ကျန်းချဲ့ က လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"အစ်ကိုကျန်း ရဲ့ အဓိပ္ပာယ် က... တကယ်လို့ ဂိုဏ်း ကသာ ကျွန်တော့်ကို အပြစ်တင်ဖို့ ပြင်ဆင်ထားရင် အခု အချိန် ဆိုရင် ကျွန်တော့်ကို ဖမ်းထားလောက်ပြီ လို့ ပြောတာလား..." ကျူရှုက ပါးစပ် ဟသွားပြီး ဤကိစ္စကို သဘောပေါက်သွားပြီးနောက် မျက်နှာပေါ်တွင် ဝမ်းသာသည့် အမူအရာ ပေါ်ထွက်လာခဲ့သည်။

မှန်တယ်...

ကျန်းချဲ့ ပြောတာ မှန်တယ်။

အကယ်၍ ကျန်းဟိုင်ဂိုဏ်း ကသာ ဤကိစ္စကြောင့် သူ့ကို အပြစ်တင်မည် ဆိုပါက ယခုအချိန်တွင် သူ တောင်ပေါ်မှ ဆင်းလာနိုင်မည် လုံးဝ မဟုတ်ဘဲ ဖမ်းဆီးခံထားရမည် သာ ဖြစ်သည်။

"အရမ်းကြီး တော့ မအ သေးပါဘူး..."

ကျန်းချဲ့ က ရယ်မောလိုက်သည်။

ကျူရှု က ဝန်ထုပ်ဝန်ပိုး ကြီး ကျသွားသကဲ့သို့ ကုလားထိုင်ပေါ်တွင် ပျော့ခွေကျသွားသည်။ အရင်က သူ တကယ်ကို ကြောက်လွန်း၍ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်အောင် ဖြစ်နေခဲ့ရသည်။

ဂိုဏ်းသို့ အရင်သွားပြီး အပြစ်ကို ဝန်ခံရန်ပင် စဉ်းစားမိလုနီးပါး ဖြစ်ခဲ့သည်။

"ဒီတစ်ခေါက် မင်း အန္တရာယ် ယူခဲ့တဲ့ အတွက် ငါ က မင်းကို မွေးရာပါ ဝိညာဉ်စွမ်းအင် တစ်ခု လက်ဆောင် ပေးဖို့ စီစဉ်ထားတယ်..."

ကျန်းချဲ့ က ကျူရှု ကို ပြုံးစိစိ ဖြင့် ကြည့်ကာ ပြောလိုက်သည်။

"တကယ်လား..."

ကျူရှု က ချက်ချင်း မတ်တပ် ထရပ်လိုက်ပြီး မျက်လုံးများ က အလွန် စိတ်လှုပ်ရှား နေပေသည်။

အကယ်၍ သာမန် လူ တစ်ယောက် က ဤစကားကို ပြောပါက သူ သေချာပေါက် လွယ်လွယ်ကူကူ ယုံကြည်မည် မဟုတ်ပေ။ သို့သော် ကျန်းချဲ့ က မတူညီပေ။ ယခုအခါ ကျန်းချဲ့ က ထိုက်အန်းဒေသ ၏ နံပါတ်တစ် ထိပ်တန်း ပါရမီရှင် ဖြစ်ပြီး လုမိသားစု ကို နောက်ဆုတ်စေခဲ့သလို ကျင်းယွမ် ဘုန်းကြီးကျောင်း ကိုလည်း နောက်ဆုတ်စေခဲ့သူ ပင် ဖြစ်သည်။

ထိုက်အန်းဒေသ အတွင်း၌ နာမည်ကြီးနေသော ပုဂ္ဂိုလ် တစ်ဦး ဖြစ်နေပြီ ဖြစ်သည်။

"ဒါပေမဲ့... အဲဒီ မတိုင်ခင် မင်း ငါ့ကို အကူအညီ သေးသေးလေး တစ်ခု ပေးရမယ်..."

"ပြောပါ..."

"ငါ့အတွက် ကျန်းဟိုင်ဂိုဏ်း ထဲကနေ ရွှမ်ယွမ် ရေလေး တစ်စက် ယူလာပေးပါ..."

ကျူရှုကို အန္တရာယ် ယူခိုင်းရန် အတွက် ကျန်းချဲ့က ငါးမျှားစာ ကို ချပေးလိုက်ခြင်း ပင် ဖြစ်သည်။

"ဒါက..."

ကျူရှု ၏ မျက်နှာပေါ်တွင် တွန့်ဆုတ်နေသည့် အမူအရာ ပေါ်ထွက်လာခဲ့သည်။ ယခုအချိန် တွင် သူ ဂိုဏ်းသို့ သိပ်မပြန်ချင်သေးပေ။

သို့သော် ကျန်းချဲ့က ဆက်ပြောလိုက်သည်။

"မင်းတို့ ကျန်းဟိုင်ဂိုဏ်း ရဲ့ ဂိုဏ်းချုပ် က မင်းကို မဖမ်းဆီးသေးတာ အကြောင်းပြချက် နှစ်ခု ရှိတယ်... ပထမ တစ်ခု က ငါနဲ့ ရန် မဖြစ်ချင်လို့ပဲ... ဘာပဲဖြစ်ဖြစ် ကျုပ် လည်း အခု အချိန် မှာ ရာထူး နဲ့ အာဏာ နည်းနည်း ရှိနေပြီ ဆိုတော့ ရန်သူ ဖွဲ့တာ ဉာဏ်ကောင်းတဲ့ လုပ်ရပ် မဟုတ်ဘူး လေ..."

"ဒုတိယ တစ်ချက် ကတော့ ငါ့ဆီကနေ နဂါးစိမ်း ကျန်းဟိုင် ကျင့်စဉ် ရဲ့ အပြည့်အစုံ ကို ရချင်လို့ပဲ... ဒါကြောင့် မင်း ဒီတစ်ခေါက် ရွှမ်ယွမ် ရေလေး သွားယူရင် အဟန့်အတား ဘာမှ ရှိမှာ မဟုတ်ဘူး... တချို့ဆို... မင်းကို လာပြီး တွေ့ချင်တဲ့ လူတောင် ရှိနိုင်တယ်..."

"ပြီးတော့ ငါ က နဂါးစိမ်း ကျန်းဟိုင် ကျင့်စဉ် အပြည့်အစုံ ကို သုံးပြီး မင်း အတွက် မွေးရာပါ ဝိညာဉ်စွမ်းအင် တစ်ခု နဲ့ လဲလှယ် ပေးနိုင်တယ်... မင်း လောင်းရဲလား မလောင်းရဲဘူးလား ဆိုတာပဲ ကြည့်ရမှာပေါ့..."

ကျန်းချဲ့ က ရွေးချယ်ခွင့် ကို ကျူရှု ထံသို့ ပေးအပ်လိုက်သကဲ့သို့ ရှိသော်လည်း...

လက်တွေ့တွင်မူ သူ့ကို အပြည့်အဝ ဆုပ်ကိုင်ထားပြီး ဖြစ်ပေသည်။

သေချာသည်မှာပင် ယခင်က ကြောက်ရွံ့နေခဲ့သော ကျူရှု က ယခုအခါ တွန့်ဆုတ်နေသည့် အမူအရာ ပေါ်ထွက်လာပြီးနောက် ပြတ်သားသည့် အမူအရာ သို့ ပြောင်းလဲသွားခဲ့သည်။

"ချမ်းသာ ကြွယ်ဝမှု ဆိုတာ အန္တရာယ် ထဲကနေ ရှာရတာပဲ... အစ်ကိုကျန်း... ဒီကိစ္စ ကို ကျွန်တော် လောင်းလိုက်ပြီ..."

"အစ်ကိုကျူ... ခင်ဗျား က တကယ် အနာဂတ် ရှိတဲ့ လူပဲ..."

"ဒါပေမဲ့ ကျွန်တော့်မှာ တောင်းဆိုစရာ တစ်ခု ရှိသေးတယ်... အစ်ကိုကျန်း ခွင့်ပြုပေးနိုင်မလား..."

ကျူရှု က ဆက်ပြောလိုက်သည်။

"ပြောပါ..."

"တကယ်လို့ ကျွန်တော် ကျန်းဟိုင်ဂိုဏ်း ရဲ့ ဖမ်းဆီးတာ ခံရရင် အစ်ကိုကျန်း အနေနဲ့ နည်းလမ်း ရှာပြီး ကျွန်တော့် အသက်ကို ကယ်ပေးနိုင်မလား..."

ကျူရှု က စိတ်လှုပ်ရှား နေသော်လည်း အနည်းငယ် စိုးရိမ်မှု ရှိနေသေးပေသည်။

ကျန်းချဲ့က ကျူရှု၏ ပခုံးကို ပုတ်လိုက်ပြီး...

"မင်း ငါ့အတွက် အလုပ် လုပ်ပေးမှတော့ မင်း လုံခြုံရေး အတွက် ငါ သေချာပေါက် ကာကွယ်ပေးမှာပေါ့..."

ကျူရှု ထွက်သွားပြီးနောက် ကျန်းချဲ့က စာကြည့်ခန်း အတွင်းရှိ စစ်မြေပြင် သို့ ထပ်မံ ရောက်ရှိလာခဲ့ပြီး ကိုယ့်ဘာသာ လက်ဖက်ရည် ပူပူ တစ်ခွက် ငှဲ့ကာ သခင်မကြီးကျူး ရောက်လာမည့် အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေပေသည်။

ဤသည်က ကျူးအိမ်တော် သို့ ရောက်လာပြီးနောက် သူ မဖြစ်မနေ လုပ်ဆောင်ရမည့် လုပ်ရိုးလုပ်စဉ် တစ်ခု ဖြစ်နေပြီ ဖြစ်သည်။

ဤတောင်းဆိုမှုကို စတင် အဆိုပြုခဲ့သူ မှာ ကျူရှု ပင် ဖြစ်ပေသည်။

ကြည့်ရသည်မှာ ကျန်းချဲ့ က သူ၏ အသက်ကို ကယ်တင်မည် ဟု ကတိပေးခဲ့သော်လည်း သိပ်မယုံကြည်သေးသဖြင့် သူ၏ မိခင် ဖြစ်သူကို အားစိုက်ထုတ်ခိုင်းပြီး သူ့အတွက် စကား ကောင်းကောင်း ပြောပေးရန် ဆုံးဖြတ်လိုက်ခြင်း ပင် ဖြစ်မည်။ သံသယ ဝင်မည် ဆိုပါကလည်း...

ဉာဏ်ကောင်းသော ကျူရှု အနေဖြင့် ရှိနေလျှင်ပင် မသိချင်ယောင် ဆောင်နေမည် သာ ဖြစ်ပေသည်။

“ကျွီ…”

သခင်မကြီးကျူး က တံခါးကို တွန်းဖွင့်ကာ ဝင်လာခဲ့သည်။

ကျန်းချဲ့က လက်ဖက်ရည်ခွက်ကို ကိုင်ထားရင်း နေရာတွင် ကြောင်အမ်းအမ်း ဖြစ်သွားပြီး သံသယများဖြင့် တစ်ဖက်လူကို အကဲခတ်ကာ မေးလိုက်သည်။

"သခင်မကြီး... ဘာဖြစ်လို့ သမီးဖြစ်သူရဲ့ အဝတ်အစား တွေကို ဝတ်ဆင်ထားရတာလဲ…”

All Chapters