← Chapters

အခန်း ၁၃၆

Vol. 14 Ch. 136

အခန်း ၁၃၆

Vol. 14 Ch. 136

အခန်း (၁၃၆) သတို့သမီးလေး... ဒီည ကိုယ်နဲ့ အတူ အိပ်ယာဝင်ဖို့ ဆန္ဒရှိရဲ့လား...

တာကျိုး မင်းဆက် ယွမ်ခန်း ဆယ့်နှစ်နှစ် အစပိုင်း၊ တတိယလ ၈ ရက်နေ့။

ဤနေ့သည် လုဖျင်ကျိုး မင်္ဂလာဆောင်မည့် နေ့ပင် ဖြစ်သည်။ ဟွမ်ရှန်းရှန်း၏ ဆန္ဒကို ဖြည့်ဆည်းပေးရန် သတင်းကို ဟွမ်မိသားစုဆီ ပို့လိုက်ပြီးနောက် ဤသတင်းမှာ လျှို့ဝှက်ချက် မဟုတ်တော့ချေ။ လုရှင်းယွင်ကလည်း ဘာမှ မထူးတော့ဘူးဟု ဆိုကာ အကြီးအကျယ် ကျင်းပရန် ဆုံးဖြတ်လိုက်လေသည်။

ဖိတ်ကြားထားသော အင်အားကြီးသူများလည်း ရှိနေသောကြောင့် ကျန်းချဲ့ လာရောက် အနှောင့်အယှက် ပေးချင်လျှင်တောင် သေချာ စဉ်းစားရပေလိမ့်မည်။ အချိန်ကပ်နေသော်လည်း လုမိသားစုသည် ထိုက်အန်းဒေသ၏ အင်အားစု ခြောက်ခုထဲမှ တစ်ခုဖြစ်ရာ အခြေခံအုတ်မြစ်က ရှိနေဆဲပင် ဖြစ်သည်။ လက်ဖက်ရည်၊ အရက်၊ ဧည့်ခံပွဲများကို သေသေချာချာ စီစဉ်ထားပေသည်။

ယခုရက်ပိုင်း လုမိသားစုက အကြီးအကျယ် မျက်နှာပျက်ခဲ့ရပြီး လူထုထောက်ခံမှု မရှိတော့သော်လည်း နှစ်ရာချီ ရပ်တည်လာခဲ့သော နာမည်ဂုဏ်သတင်းက ရှိနေဆဲဖြစ်သဖြင့် မျက်နှာမပေးသော အင်အားစု ဆိုသည်မှာ သိပ်မရှိလှပေ။ မည်သို့ပင်ဆိုစေ လုဖျင်ကျိုးမှာ လုမိသားစု၏ နောင်အနာဂတ် ခေါင်းဆောင် ဖြစ်လာမည့်သူ၊ ထိုက်အန်းဒေသ၌ လွှမ်းမိုးမည့်သူ ဖြစ်လာမည်ဖြစ်ရာ လုပ်သင့်လုပ်ထိုက်သော ယဉ်ကျေးမှုများကိုတော့ ဖျက်၍ မရနိုင်ပေ။

ထို့ကြောင့် မိုးမလင်းခင်ကတည်းက လုမိသားစုဝင်များ အကုန်လုံး အလုပ်များနေကြပြီ ဖြစ်သည်။ ခွဲထွက် မျိုးနွယ်စုများရော၊ ပင်မ မျိုးနွယ်စုဝင်များပါ အားလုံး စုရုံးနေကြပေသည်။

အချိန်များ ဖြည်းဖြည်းချင်း ကုန်ဆုံးသွားသည်။

ဧည့်သည်များ ရောက်လာကြပြီ ဖြစ်သည်။

အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားသော လုမိသားစုခေါင်းဆောင် လုရှင်းယွင်က အိမ်တံခါးဝ၌ ရပ်ကာ ရောက်လာသော သိုင်းလောကသားများကို နှုတ်ဆက်နေသည်။ သူ ကိုယ်တိုင် လက်ယှက် နှုတ်ဆက်ရသူများ အားလုံးမှာ မွေးရာပါအဆင့် သိုင်းသမားများသာ ဖြစ်ကြပေသည်။ လုမိသားစုကို လက်ဆောင်ပေးပြီး မျက်နှာလာယူချင်သော သာမန်လူများကိုမူ အိမ်တော်ထိန်းက နေရာချထားပေးသည်။

"ဆေးဘုရင်တောင်ကြား က နှစ်တစ်ရာ သက်တမ်းရှိတဲ့ ဂျင်ဆင်း တစ်ပင် နဲ့ ညကြည်လင် ဖန်ခွက် တစ်စုံ လက်ဆောင်ပေးပါတယ်... သခင်လေးလု မင်္ဂလာကျက်သရေ ရှိပါစေ၊ သက်ဆုံးတိုင် ပေါင်းဖက်နိုင်ပါစေ လို့ ဆုတောင်းပေးပါတယ်..."

"ဖူလုံကျောင်းတော် က ကျောက်စိမ်း ဝိညာဉ် ဆေးလုံး ဆယ်လုံး နဲ့ မက်မွန် ကျောက်စိမ်း အရက် တစ်အိုး လက်ဆောင်ပေးပါတယ်... သခင်လေးလု မင်္ဂလာကျက်သရေ ရှိပါစေ၊ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိပါစေ လို့ ဆုတောင်းပေးပါတယ်..."

"တောက်ဖျင် ဆရာတော်... ကျေးဇူးတင်ပါတယ်..."

ဤတစ်ကြိမ် လာရောက်သော ဧည့်သည်မှာ ဖူလုံကျောင်းတော်၏ လူငယ် မျိုးဆက်များထဲတွင် နံပါတ်တစ် ဖြစ်သော လီတောက်ဖျင် ဖြစ်နေသည်ကို မြင်သောအခါ လုရှင်းယွင်၏ မျက်နှာပေါ်တွင် အပြုံးများ ပေါ်လာပြီး အလျင်အမြန် ရှေ့တိုးကာ လက်ယှက် နှုတ်ဆက်လိုက်သည်။

"စီနီယာကြီးလု ယဉ်ကျေးလွန်းနေပါပြီ..."

လီတောက်ဖျင်က ရယ်မောလိုက်ပြီး လူအုပ်ကြီးနှင့် အတူ ခြံဝင်းထဲသို့ ဝင်သွားသည်။

"ကျန်းဟိုင်ဂိုဏ်း က ကျောက်စိမ်း ရူးယီ တစ်ချောင်း နဲ့ ယွမ်ချီကျောက်တုံး သုံးတုံး လက်ဆောင်ပေးပါတယ်... သခင်လေးလု မင်္ဂလာကျက်သရေ ရှိပါစေ၊ လိုအင်ဆန္ဒ ပြည့်ဝပါစေ လို့ ဆုတောင်းပေးပါတယ်..."

ကျန်းချဲ့နှင့် ပတ်သက်နေသဖြင့် ကျူရှုကို ချန်ရှန်တုန်းက မျက်စိကျသွားပြီး ဤတစ်ကြိမ် မျက်စိပွင့် နားပွင့် ဖြစ်စေရန် အထူး ခေါ်လာခဲ့ခြင်း ဖြစ်သည်။ လုရှင်းယွင်ကလည်း အလျင်အမြန် ရှေ့တိုးသွားပြီး ချန်ရှန်တုန်း လာရောက်သည့် အတွက် ကျေးဇူးတင်စကား ပြောကြားလိုက်သည်။ ထို့နောက်တွင်မူ တစ်ဖွဲ့ပြီး တစ်ဖွဲ့ ကျင်းယွမ် ဘုန်းကြီးကျောင်း၊ ဝမ်ရှိုခြံဝင်း စသည့် အင်အားစုများ အားလုံး ရောက်လာကြပြီး လုမိသားစုကို မျက်နှာ ပေးခဲ့ကြသည်။

ဝမ်ဖန်ယွင် ကတော့ ဘေးဘီဝဲယာကို ကြည့်နေပြီး ဘာကို မျှော်လင့်နေမှန်း မသိချေ။

အမှန်တကယ်တော့ သူ တစ်ယောက်တည်း မဟုတ်ပေ။ ဤတစ်ကြိမ် လာရောက်ကြသော သိုင်းလောက အင်အားစုများက လုမိသားစုကို မျက်နှာ လာပေးခြင်း အပြင် နောက်ထပ် အကြောင်းရင်း တစ်ခုမှာ ပွဲကောင်း တစ်ပွဲကို ကြည့်ချင်သောကြောင့် ပင် ဖြစ်သည်။ ကျန်းချဲ့နှင့် လုမိသားစုတို့မှာ လုံးဝ မျက်နှာပျက်သွားကြပြီ ဖြစ်သည်။ ယခင်က ချန်မိသားစု ခြံဝင်း တိုက်ပွဲရော၊ နောက်ပိုင်း ထိုက်ဆန်းမြို့ တိုက်ပွဲမှာပါ ကျန်းချဲ့ကသာ အသာစီး ရပြီး အနိုင်ရခဲ့သော်လည်း သူလည်း ပစ်မှတ်ထား ခံခဲ့ရပေသည်။

ဤတစ်ကြိမ် လုမိသားစု မင်္ဂလာဆောင်တွင် ယနေ့ သေချာပေါက် ငြိမ်းချမ်းနေမည် မဟုတ်ကြောင်း လူအများစုက ခန့်မှန်းထားကြသည်။

ကျန်းချဲ့ကဲ့သို့ မောက်မာ ရိုင်းစိုင်းသော စရိုက်မျိုးဖြင့် ဤသို့ အလွယ်တကူ ကျော်လွှတ်ပေးပါမည်လော။

လူအများစုက အလွန်တရာ မျှော်လင့်နေကြပေသည်။ သို့သော် ထင်မှတ်မထားသည်မှာ လက်ဆောင်ပေးသည့် အစီအစဉ် ပြီးဆုံးသွားသည် အထိ ကျန်းချဲ့က ထွက်ပေါ်လာခြင်း မရှိသေးသဖြင့် လူအများစု၏ ရင်ထဲတွင် နှမြောတသ ဖြစ်သွားကြရသည်။

လုရှင်းယွင် ကတော့ ရင်ထဲတွင် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။

ပြင်ဆင်မှုများ အများကြီး လုပ်ထားသော်လည်း မင်္ဂလာဆောင်နေ့လည်း ဖြစ်၊ ရင်ဆိုင်ရမည့် သူကလည်း ဖြေရှင်းရ ခက်သည့် ကျန်းချဲ့ ဖြစ်နေသဖြင့် ရာနှုန်းပြည့် ယုံကြည်ချက်တော့ မရှိချေ။

မတိုက်ခိုက်ရလျှင် အကောင်းဆုံးပင် ဖြစ်သည်။

အချိန်များ ဖြည်းဖြည်းချင်း ကုန်ဆုံးသွားသည်။

မွန်းတည့်ချိန် ရောက်လာပြီ ဖြစ်သည်။

သတို့သား ဝတ်စုံ အနီရောင် ဝတ်ဆင်ထားသော လုဖျင်ကျိုးက ပိုးကြိုးနီလေးကို ဆွဲထားပြီး မျက်နှာပေါ်တွင် အပြုံးများ ပြည့်နှက်နေသည်။ ယနေ့က သူ၏ အသက် နှစ်ဆယ် အရွယ်တွင် အပျော်ဆုံး နေ့ပင် ဖြစ်သည်။ ကျန်းချဲ့ ဆိုသော ခွေးကောင် လာပြီး မနှောင့်ယှက်ရုံတင် မကဘဲ၊ သူ အမြဲတမ်း စိတ်ကူးယဉ်နေရသော ဟွမ်ရှန်းရှန်းကိုလည်း ဆန္ဒ ပြည့်ဝစွာ လက်ထပ်နိုင်ခဲ့ပြီ မဟုတ်ပါလား။

ဘဝ၏ အထွတ်အထိပ်သို့ ရောက်နေပြီဟု ဆိုနိုင်ပေသည်။

သို့သော် ပိုးကြိုးနီ၏ အခြား တစ်ဖက်တွင် ခေါင်းဆောင်းနီ လွှမ်းထားသော ဟွမ်ရှန်းရှန်း၏ မျက်နှာကတော့ အေးစက်နေပေသည်။ လုဖျင်ကျိုးကို လက်ထပ်ရခြင်းကို သူမက ရင်ထဲမှနေ၍ ဆန့်ကျင်နေသည်။ ထို့အပြင် ယခင်က ကျန်းချဲ့၏ လွှမ်းမိုးမှုများကြောင့် ယခုအခါ သူမ၏ နှလုံးသား တစ်ခုလုံးက ကျန်းချဲ့ထံတွင်သာ ရှိနေပြီ ဖြစ်သည်။

'ဒါပေမဲ့ ပြဿနာက ကျန်းချဲ့က ရောင်စုံ တိမ်တိုက်ကြီး စီးပြီး လာကယ်မယ်လို့ ကတိပေးထားခဲ့တာလေ... လူကကော ဘယ်မှာလဲ... ဘယ်ရောက်နေတာလဲ...'

ဟွမ်ရှန်းရှန်း၏ တွေးတောမှုများက ရှုပ်ထွေးနေပြီး တိတ်တဆိတ် ဆုတောင်းနေမိသည်။

သို့သော် အသုံးမဝင်ပေ။

ကန်တော့မည့် အချိန် ရောက်သည့် အထိ ကျန်းချဲ့ထံမှ မည်သည့် လှုပ်ရှားမှုမျှ မရှိသေးချေ။

မင်္ဂလာပွဲ ကြီးမှူးသူမှာ ဆေးဘုရင်တောင်ကြားမှ တောင်ကြားသခင် အိုကြီး ဖြစ်ပြီး ဆံပင် မုတ်ဆိတ်များ ဖြူစွတ်နေကာ ကြင်နာတတ်သော မျက်နှာထား ရှိသည်။ အချိန်ကျပြီ ဖြစ်ကြောင်း မြင်သောအခါ မင်္ဂလာ ကတိကဝတ် စာရွက်ကို ချက်ချင်း ထုတ်ယူလိုက်သည်။

"မင်္ဂလာ အချိန် ကျရောက်ပြီ... သတို့သား သတို့သမီး ကန်တော့..."

"မျိုးနွယ်စု နှစ်ခု စုပေါင်းပြီး တစ်နေရာတည်းမှာ ကတိကဝတ် ပြုကြတယ်... ကောင်းမွန်တဲ့ ရေစက် တွေ ထာဝရ တည်မြဲပါစေ... ထိုက်တန် လိုက်ဖက်တဲ့ စုံတွဲ..."

အမွှန်းတင် စကားများကို အမွှေးတိုင် တစ်တိုင်စာခန့် အချိန်ယူပြီး ရွတ်ဆိုနေခဲ့သည်။

ဟွမ်ရှန်းရှန်းကတော့ ခေါင်းဆောင်း အောက်တွင် စိတ်မရှည်နိုင်တော့ဘဲ လက်နှစ်ဖက်ကို တင်းကျပ်စွာ ဆုပ်ထားပြီး အလွန်အမင်း စိုးရိမ်နေပေသည်။

လုဖျင်ကျိုးကတော့ မျက်နှာ အပြည့် အပြုံးများဖြင့် ဝမ်းသာ ဂုဏ်ယူနေသည်။

"အစ်ကိုလု... ဒီတစ်ခေါက်တော့ စိတ်အေးရပြီ မဟုတ်လား..."

ဘေးတွင် ထိုင်နေသော လူလတ်ပိုင်း အမျိုးသား တစ်ယောက်က ပြုံးပြီး မေးလိုက်သည်။

သူကလည်း မွေးရာပါအဆင့် သိုင်းသမား တစ်ယောက် ဖြစ်ပြီး လုမိသားစု၏ လက်အောက်ခံ မျိုးနွယ်စုမှ ဖြစ်သည်။ ဤတစ်ကြိမ် ပင်မ မျိုးနွယ်စု၏ အမိန့်ကြောင့် မဖြစ်မနေ လာခဲ့ရခြင်း ဖြစ်ပြီး သူ ကိုယ်တိုင်လည်း အလွန် စိုးရိမ်နေခဲ့ရသည်။ သို့သော် ကန်တော့မည့် အချိန် အထိ ကျန်းချဲ့ ပေါ်မလာသေးသည်ကို မြင်သောအခါ သူ့ မျက်နှာပေါ်တွင်လည်း စိတ်သက်သာရာ ရသွားသည့် အမူအရာ ပေါ်လာခဲ့သည်။

"မိတ်ဆွေတို့ ရှိနေမှတော့ အဲဒီ ကျန်းချဲ့ လာရဲရင်တောင် ကျုပ် က နည်းနည်းလေးတောင် မကြောက်ပါဘူး..."

လုရှင်းယွင်က မုတ်ဆိတ်ကို ပွတ်သပ်ရင်း အဆက်မပြတ် ရယ်မောနေသည်။

ဤတစ်ကြိမ် သူက မွေးရာပါအဆင့် သိုင်းသမား ခြောက်ယောက် တိတိ ဖိတ်ခေါ်ထားသည်။

လက်အောက်ခံ မိသားစုက တစ်ယောက်၊ ဆေးဘုရင်တောင်ကြားက တစ်ယောက်၊ ကျင်းယွမ် ဘုန်းကြီးကျောင်းက အကြီးအကဲ တစ်ယောက်၊ ထို့အပြင် သူ ကိုယ်တိုင်ရယ် လုဖျင်ကျိုးနှင့် ဟွမ်ရှန်းရှန်းရယ် ပေါင်းလိုက်ပါက မွေးရာပါအဆင့် အင်အားကြီးသူ ခြောက်ယောက် တိတိ ရှိနေပြီ ဖြစ်သည်။ ဤမျှလောက်နှင့်ပင် ကျန်းချဲ့ တစ်ယောက်တည်းကို မနိုင်ဘူး ဆိုသည်မှာ ဖြစ်နိုင်မည်လော။

"အဲဒီ မိစ္ဆာ သာ လာရဲတယ် ဆိုရင် ဘုန်းဘုန်း က သူ့ကို အမှုန့် ကြိတ်ပစ်မယ်..."

ခန္ဓာကိုယ် တောင့်တင်းပြီး သံမဏိ မျှော်စင်ကြီးနှင့် တူသော ကျဲအဲ့ ဘုန်းကြီးက လေးနက်သည့် အသံဖြင့် ပြောလိုက်သည်။

ကျင်းယွမ် ဘုန်းကြီးကျောင်း၏ အကြီးအကဲ သုံးယောက်ထဲမှ တစ်ယောက် အနေဖြင့် သူ၏ စွမ်းအားက ကျဲထန် ဘုန်းကြီးထက် ပိုပြီး သာလွန်သည်။ သူ ကိုယ်တိုင်၏ စွမ်းအားကလည်း အဆုံးအစ မသိနိုင်အောင် နက်နဲပြီး ရက်စက်သော နာမည် ရှိကာ ဒေါသ ထွက်လွယ်သည့် စရိုက် ရှိသည်။

ကျဲထန်နှင့် ရိခုန်း ဘုန်းကြီးတို့၏ အဆုံးသတ်ကို သိပြီးနောက်တွင်မူ ဒေါသများကို မထိန်းနိုင်တော့ချေ။ ထို့ကြောင့်ပင် လုရှင်းယွင်၏ ဖိတ်ကြားမှု အောက်တွင် ကျောင်းထိုင် ဆရာတော် ဝမ်ချန်ကို သဘောတူအောင် ပြောပြီး လုမိသားစု၌ လာရောက် ထိုင်စောင့်နေခြင်း ဖြစ်သည်။

"ပထမ တစ်ကြိမ် ကောင်းကင် နဲ့ မြေကြီး ကို ကန်တော့..."

စကားပြောနေစဉ် မှာပင် ဆေးဘုရင်တောင်ကြား သခင်က ဆက်လက်၍ အခမ်းအနားကို ကြေညာနေသည်။

လုရှင်းယွင် လည်း အဓိက နေရာတွင် သွားထိုင်လိုက်သည်။

"ဒုတိယ တစ်ကြိမ် မိဘ တွေကို ကန်တော့..."

ဟွမ်ရှန်းရှန်းတို့ နှစ်ယောက်စလုံး ခါးညွှတ်ပြီး ကန်တော့လိုက်ကြသည်။

"ဇနီးမောင်နှံ..."

"ဒုန်း... ဒုန်း... ဒုန်း..."

'အချင်းချင်း ကန်တော့' ဆိုသော စကားလုံး မထွက်လာခင် မှာပင် လုမိသားစု ခြံဝင်း အပြင်ဘက်မှနေ၍ မြင်းခွာသံများ ထွက်ပေါ်လာပြီး စကားသံကို ဖြတ်တောက်လိုက်သည်။ လုမိသားစု ခြံဝင်းထဲမှ ဧည့်သည်များ အားလုံးလည်း မတ်တပ် ထရပ်လိုက်ကြသည်။

ကျန်းချဲ့ နောက်ဆုံးတော့ ရောက်လာပြီ...

လီတောက်ဖျင်၏ မျက်နှာထားက ပုံမှန် အတိုင်းပင် မက်မွန် ကျောက်စိမ်း အရက်ကို တစ်ငုံ သောက်လိုက်ပြီး ခြံဝင်း အပြင်ဘက်ကို တည်ငြိမ်စွာ ကြည့်နေသည်။ ကျန်းချဲ့ အပေါ် သူ့တွင် မည်သည့် ရန်ငြိုးမျှ မရှိသော်လည်း ဆရာ့ အမိန့်ကိုတော့ လွန်ဆန်၍ မရဘူး မဟုတ်ပါလား။

'အခွင့်အရေး ရရင်တော့ သူနဲ့ တစ်ပွဲလောက် ယှဉ်ပြိုင်ကြည့်ရမယ်...'

ဝမ်ဖန်ယွင်၏ နှုတ်ခမ်းထောင့်တွင် အပြုံး တစ်ခု ပေါ်လာသည်။

'ကျန်းချဲ့ ရဲ့ စရိုက် နဲ့ လုမိသားစု မင်္ဂလာဆောင် ချောချောမွေ့မွေ့ ပြီးသွားတာကို လက်ပိုက် ကြည့်နေမှာ မဟုတ်ဘူး ဆိုတာ ငါ ခန့်မှန်းထားပြီးသားပဲ...'

အထက် နေရာတွင် ထိုင်နေသော လုရှင်းယွင်၏ မျက်နှာကတော့ ချက်ချင်း မှောင်မိုက်သွားခဲ့သည်။

နောက်ဆုံးတော့ ရောက်လာပြီပဲ။

ထို့အပြင် အချိန်ကိုက်ပြီး ရောက်လာခြင်း ဖြစ်ရာ ဤတိုက်ပွဲက ရှောင်လွှဲ၍ မရနိုင်တော့ပေ။

လုမိသားစု သိုင်းသမားများ အားလုံး စုရုံးလာပြီး လုမိသားစု တံခါးဝ၌ စုဝေးလိုက်ကြသည်။

ကျဲအဲ့ ဘုန်းကြီးတို့ ကလည်း ချက်ချင်း ထရပ်ပြီး တံခါး အပြင်ဘက်ကို လေးနက်သည့် မျက်နှာထားဖြင့် ကြည့်နေကြသည်။

လုဖျင်ကျိုး မျက်မှောင် အနည်းငယ် ကြုတ်သွားပြီး ရင်ထဲတွင် စိုးရိမ်သွားသော်လည်း သူ၏ စေ့စပ်ထားသူကို နှစ်သိမ့်ရန် မမေ့ပေ။ တိုးတိုးလေး ပြောလိုက်သည်။

"ရှန်းရှန်း... မကြောက်နဲ့... ကျန်းချဲ့ ဆိုတဲ့ ခွေးကောင် လာရဲရင် ဒီနေ့ သေချာပေါက် သွေးတွေ ဒီနေရာမှာ ကျန်ရစ်ခဲ့စေရမယ်..."

ဟွမ်ရှန်းရှန်းက သူ့ကို ဂရုမစိုက်ပေ။ ခေါင်းဆောင်းနီ အောက်မှ မျက်လုံးများက တံခါးဝကို စူးရဲစွာ ကြည့်နေပြီး မျက်လုံးထဲတွင် မျှော်လင့်ချက်များနှင့် ဝမ်းသာမှုများ ပါဝင်နေသည်။

'သူ ငါ့ကို မလိမ်ခဲ့ဘူး... ရောင်စုံ တိမ်တိုက်ကြီး စီးပြီး ငါ့ကို တကယ် လာကယ်ပြီပဲ...'

ဤအခိုက်အတန့်တွင် ဟွမ်ရှန်းရှန်း တစ်ယောက် စိတ်လှုပ်ရှားလွန်းသဖြင့် သူမ၏ ခန္ဓာကိုယ်လေးပင် အလိုလို နွေးထွေးစိုစွတ်လာသလို ခံစားလိုက်ရသည်။

"ဟီဟီး..."

အခြား လူများ ထင်မှတ်မထားသည်မှာ အပြင်ဘက်တွင် ပေါ်လာသူက ကျန်းချဲ့ မဟုတ်ဘဲ အနက်ရောင် သံချပ်ကာ ဝတ်ဆင်ထားသော တပ်မှူး ကန်းတာပြောင်နှင့် တန်ယန်တို့ နှစ်ယောက် ဖြစ်နေခြင်း ပင် ဖြစ်သည်။ သူတို့ နောက်တွင် စစ်သည် အယောက် တစ်ရာခန့် ပါလာပြီး အရှိန်အဝါ ကြီးမားလှပေသည်။

"ကျန်းချဲ့ ကော..."

လုရှင်းယွင်က မျက်နှာ အနည်းငယ် မှောင်မိုက်စွာဖြင့် တံခါးဝသို့ လျှောက်သွားပြီး အရှေ့ရှိ ကန်းတာပြောင်ကို စိုက်ကြည့်ကာ မေးလိုက်သည်။

"တပ်မှူးကြီးကျန်း က အလုပ်တွေ အရမ်း များနေတာ... ဘယ်မင်္ဂလာဆောင် ကို လာတက်ဖို့ အချိန် အားနေမှာလဲ... ဒါပေမဲ့ တပ်မှူးကြီးကျန်း က မှာလိုက်တယ်... ဒီနေ့ က လုမိသားစု ရဲ့ မင်္ဂလာပွဲ နေ့ ဆိုတော့ ခင်ဗျား တို့ အတွက် လက်ဆောင် တစ်ခု လာပို့ပေးဖို့ အထူး စေလွှတ်လိုက်တာ... လာ... ဒီကို သယ်လာခဲ့..."

ကန်းတာပြောင်က လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ အနောက်မှ စစ်သည် အချို့က သေတ္တာကြီး တစ်လုံးကို သယ်လာပြီး လုမိသားစု တံခါးဝတွင် ချထားလိုက်သည်။

သေတ္တာကို ဖွင့်လိုက်သောအခါ အထဲရှိ ပစ္စည်းများကို မြင်လိုက်ရသည်။

အဖြူရောင် အပြည့်နှင့် ငန်းမွေးများ အများကြီး ပင် ဖြစ်သည်။

"တပ်မှူးကြီးကျန်း က ပြောလိုက်တယ်... ခရီးဝေး ကနေ ငန်းမွေး လာပို့တာ... လက်ဆောင် က ပေါ့ပါးပေမဲ့ သံယောဇဉ် ကတော့ ကြီးမားပါတယ် တဲ့... လုအိမ်တော်သခင်... ယူထားလိုက်ပါဦး..."

ပတ်ဝန်းကျင်ရှိ လူများ အားလုံး ချက်ချင်း တိတ်ဆိတ် ငြိမ်သက်သွားကြသည်။

မင်္ဂလာဆောင် နေ့တွင် ငန်းမွေး လာပို့သည်...

ဒါ ဘာအဓိပ္ပာယ်လဲ။

လာပြီး နောက်ပြောင် တာ သက်သက်ပဲလား။

'ကျန်းချဲ့ ရဲ့ စရိုက် နဲ့ တကယ် ကို မကိုက်ညီဘူး...'

သို့သော် ပစ္စည်းများက ဤနေရာသို့ ရောက်နေပြီ ဖြစ်သဖြင့် သူတို့ မယုံချင်လည်း ယုံရတော့မည် ဖြစ်သည်။

လုရှင်းယွင်၏ စိုးရိမ်နေသော စိတ်များကတော့ လုံးဝ သက်သာရာ ရသွားခဲ့သည်။

အကယ်၍ ဖြစ်နိုင်မည် ဆိုပါက ဤနေ့လေးကို ငြိမ်းငြိမ်းချမ်းချမ်း ဖြတ်ကျော်ချင်သည် မဟုတ်ပါလား။

ကျန်းချဲ့က ငန်းမွေး ပို့ပြီး လာနောက်ပြောင် သည် ဆိုသော်လည်း ကိုယ်တိုင် လာပြီး တိုက်ခိုက်ခြင်း မှ မဟုတ်သည်မို့...

လက်မခံနိုင်စရာ လည်း မရှိပါချေ။

ချက်ချင်းပင် ရင်ထဲရှိ ခံစားချက် မျိုးစုံကို ဖိနှိပ်လိုက်ပြီး လက်အောက်ငယ်သားများကို ငန်းမွေးများကို လုအိမ်တော်ထဲ သယ်သွားခိုင်းလိုက်သည်။ ထို့နောက် လက်ယှက် နှုတ်ဆက်လိုက်သည်။

"တပ်မှူးကြီးကျန်း ပို့လိုက်တဲ့ ပစ္စည်း ကို လုမိသားစု က လက်ခံရရှိကြောင်း ပါ... တပ်မှူးကြီးကျန်း ကို ကျေးဇူးတင်ကြောင်း ကိုယ်စား ပြောပေးပါ..."

'ကျန်းချဲ့ ဆိုတဲ့ လူက လူမှုဆက်ဆံရေး ကို တတ်ကျွမ်းတယ် ဆိုတာပဲ... မင်္ဂလာဆောင် နေ့ ရဲ့ အရေးကြီးပုံ ကို သိလို့ လုမိသားစု ကို မျက်နှာ ပေးခဲ့တာ... အခု မင်္ဂလာပွဲ ပြီးရင် ကျန်းချဲ့ နဲ့ ပြဿနာ တွေကို ပြေလည်အောင် ဖြေရှင်းဖို့ နည်းလမ်း ရှာရမလား...'

လုရှင်းယွင်က ယခု ရုတ်တရက် တွေးမိလိုက်သည်။

ဘာပဲဖြစ်ဖြစ် တစ်ဖက်လူက ဆင်းရန် လှေကား ပေးလိုက်ပြီ မဟုတ်ပါလား။

ဤလှေကားက ဆင်းရခက်သော်လည်း လှေကားကတော့ လှေကားပင် ဖြစ်သည်။

"သိပါပြီ... လူကြီးမင်းတို့ ဆက်လုပ်ကြပါ..."

ကန်းတာပြောင်က သွားဖြဲပြုံးပြလိုက်ပြီး မြင်းကို ချက်ချင်း လှည့်ကာ စစ်သည်များ အားလုံးကို ခေါ်၍ ထွက်သွားတော့သည်။

ဖုန်လုံးကြီးများ ထသွားပြီး မြင်းခွာသံများ ဆက်တိုက် ထွက်ပေါ်လာသည်။

လုမိသားစု တံခါးဝရှိ လူအုပ်ကြီးက ကန်းတာပြောင်တို့၏ ကျောပြင်များ ဝေးကွာသွားသည်ကို ဒီအတိုင်း ရပ်ကြည့်နေကြသည်။

လူတိုင်း၏ ရင်ထဲတွင် မေးခွန်း တစ်ခုစီ ရှိနေသည်။

'ဒါလေးပဲလား...'

'ဒါလေးပဲလား...'

'မင်္ဂလာပွဲ ကို အကြီးအကျယ် လာနှောင့်ယှက်ပြီး မောက်မာ ရိုင်းစိုင်း ပြရမှာ မဟုတ်ဘူးလား...'

'ဘယ်လို လုပ်ပြီး ငန်းမွေး သေတ္တာ တစ်လုံး လာပို့ပြီး ထွက်သွားရတာလဲ...'

လူတိုင်းက နားမလည်နိုင်အောင် ဖြစ်နေကြသည်။

ဝမ်ဖန်ယွင်က မျက်မှောင် ကြုတ်သွားပြီး တစ်ခုခု မှားနေသည်ဟု ခံစားလိုက်ရသည်။

'ဒါ က တကယ်ပဲ အစ်ကိုကြီး ရဲ့ ပုံစံ လား...'

လီတောက်ဖျင် ကတော့ တိုးတိုးလေး ရယ်မောလိုက်ပြီး အရက်ကို နောက်တစ်ငုံ ထပ်သောက်လိုက်သည်။

'ဒီကျန်းချဲ့ က သိုင်းလောက စည်းမျဉ်း တွေကို တော်တော် နားလည်တာပဲ...'

ဟွမ်ရှန်းရှန်း၏ မျက်လုံးများကတော့ မှေးမှိန်သွားပြီး ခန္ဓာကိုယ်ကို ထောက်ပံ့ထားသော ခွန်အားများ အကုန်လုံး ပျောက်ကွယ်သွားသလို ခံစားလိုက်ရသည်။

'ဒါဆိုရင် တပ်မှူးကြီးကျန်း က ငါ့ကို လိမ်သွားတာပေါ့...'

'ငါ့ကို လုမိသားစု ဆီ တကယ် လက်ထပ်ခိုင်းလိုက်တာလား...'

သူမ၏ ရင်ထဲတွင် အနည်းငယ် ဝမ်းနည်းသွားသည်။

'ဒါက ငါ့ရဲ့ ကံကြမ္မာ ပဲ ဖြစ်မှာပါ... ဘယ်သူကမှ ငါ့ကို တန်ဖိုး မထားကြဘူး...'

"ဧည့်သည်တော် တွေ ဆက်ပြီး နေရာယူကြပါ... မင်္ဂလာပွဲ ဆက်လုပ်ပါမယ်..."

လုရှင်းယွင်က မျက်နှာ အပြည့် အပြုံးများဖြင့် လက်ယှက်ပြီး ပြောလိုက်သည်။

လုဖျင်ကျိုး ကလည်း ဟွမ်ရှန်းရှန်းကို ပြုံးပြီး ပြောလိုက်သည်။

"အစတုန်းကတော့ အဲဒီ ကျန်းချဲ့ က သတ္တိ နည်းနည်း ရှိမယ် ထင်ခဲ့တာ... ဒါပေမဲ့ အခု ကြည့်ရတာ ဒီလောက်ပါပဲ... လုမိသားစု ရဲ့ မင်္ဂလာပွဲ ကို မျက်နှာလေး တောင် လာမပြရဲဘူး... ကိုယ် ယွမ်ဟိုင်အဆင့် ကို တက်သွားရင် သူနဲ့ တစ်ပွဲ သေချာပေါက် တိုက်ပြီး အရှက်ပြန်ဆယ်မယ်..."

"ကျွန်မ ပင်ပန်းနေပြီ... ပြန်နားချင်တယ်..."

ဟွမ်ရှန်းရှန်းက နဖူးကို ကိုင်ပြီး ဘာစကားမျှ ဆက်မပြောချင်တော့ပေ။

"ကောင်းပါပြီ... ကောင်းပါပြီ... ရှန်းရှန်း မင်း အရင် သွားနားနှင့်ပါ... ဧည့်သည် တွေကို ဧည့်ခံပြီးတာနဲ့ ကိုယ် ချက်ချင်း လာခဲ့မယ်..."

လုဖျင်ကျိုးက ပြုံးပြီး ပြောလိုက်သည်။

ဟွမ်ရှန်းရှန်းက စကား တစ်ခွန်းမျှ မပြောတော့ဘဲ လှည့်ထွက်သွားပြီး အစေခံမလေးများကို ခေါ်ကာ သတို့သမီး အခန်းဆီသို့ လျှောက်သွားတော့သည်။

သူမ၏ ခေါင်းထဲတွင် အတွေး တစ်ခုတည်းသာ ရှိတော့သည်။

'တပ်မှူးကြီးကျန်း က တကယ်ပဲ ငါ့ကို မလိုချင်တော့ဘူးလား...'

'သူ ဘယ်ရောက်နေတာလဲ...'

ကျန်းချဲ့ ဘယ်ရောက်နေလဲ...

သေချာပေါက် လုမိသားစု အိမ်တော် ထဲတွင် ရောက်နေတာပေါ့...

လုမိသားစုဆီသို့ အကြီးအကျယ် သွားတိုက်ခိုက်ခြင်းက အရှိန်အဝါ ကြီးပြီး မိုက်သည် ဆိုသော်လည်း ဘာအကျိုးအမြတ် ရမှာမို့လို့လဲ။ လုမိသားစုက ကြီးကျယ်ခမ်းနားသော ဧည့်ခံပွဲများ လုပ်ထားခြင်းက ဧည့်သည်များကို ဧည့်ခံရန် သက်သက် မဟုတ်ဘဲ သေချာပေါက် ပြင်ဆင်မှုများ လုပ်ထားမည်ပင် ဖြစ်သည်။

ထို့ကြောင့် ဤအချက်ကို စုံစမ်း သိရှိပြီးနောက်တွင် ကျန်းချဲ့က ရောင်စုံ တိမ်တိုက်ကြီး စီးပြီး လာမည့် အကြံအစည်ကို ဖျက်သိမ်းလိုက်ပြီး ကန်းတာပြောင်တို့ အုပ်စုကို လုမိသားစု၏ အာရုံစိုက်မှုနှင့် ကာကွယ်ရေးများကို ဆွဲဆောင်ရန် အမိန့်ပေးလိုက်ခြင်း ဖြစ်သည်။

သူ ကိုယ်တိုင် ကတော့ အခွင့်အရေး ယူပြီး လုဖျင်ကျိုး၏ သတို့သမီး အခန်းထဲသို့ ခိုးဝင်သွားခဲ့သည်။

စိတ်ချရစေရန် အတွက် ကျန်းချဲ့၏ အစီအစဉ်က အရင်ဆုံး ယဇ်ပူဇော် အဆင့်တက်ပြီးမှ လုမိသားစုကို တိုက်ခိုက်ရန် ပင် ဖြစ်သည်။

သူသာ မွေးရာပါ အလယ်ပိုင်းအဆင့် ယွမ်ဟိုင်အဆင့်သို့ တက်သွားပါက...

ရှန်ကွမ်းအဆင့် သိုင်းသမား မထွက်လာသရွေ့ မည်သူမျှ သူ့ကို ဘာမှ လုပ်နိုင်မည် မဟုတ်ပေ။

ဘာပဲဖြစ်ဖြစ် ရည်ရွယ်ချက်က အတူတူပဲ ဖြစ်ရာ ဖြစ်စဉ်က အရေးမကြီးပါချေ။

ဟွမ်ရှန်းရှန်းက ဝမ်းနည်း ပူဆွေးစွာဖြင့် သတို့သမီး အခန်းထဲ ဝင်လာပြီး အခန်းထဲရှိ အနီရောင် ပိုးကြိုးများနှင့် မင်္ဂလာ စာတန်းများကို ကြည့်ရင်း ရုတ်တရက် အလွန် စိတ်ပျက် ငြီးငွေ့ လာသည်။ အရင်က မျှော်လင့်ထားသည်များ လုံးဝ ပျောက်ကွယ်သွားသဖြင့် သူမကို ချက်ချင်း မျှော်လင့်ချက်မဲ့ သွားစေသည်။

"အားလုံး အပြင်ထွက် စောင့်နေကြ... ငါ နားချင်တယ်..."

ဟွမ်ရှန်းရှန်းက အစေခံများကို အေးစက်စက် အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့ပါ..."

"ဟုတ်ကဲ့ပါ..."

သေချာနေပြီ ဖြစ်သော လုမိသားစု၏ သခင်မလေး အနေဖြင့် ဟွမ်ရှန်းရှန်း၏ အဆင့်အတန်းက ချက်ချင်း တက်သွားပြီး ဤအစေခံများက လုံးဝ မလွန်ဆန်ရဲဘဲ သတို့သမီး အခန်းထဲမှ အလျင်အမြန် ထွက်သွားကြသည်။

အစေခံများ အားလုံး ထွက်သွားပြီးနောက်တွင် ဟွမ်ရှန်းရှန်းက ခေါင်းဆောင်းကို ဆွဲချွတ်ပြီး မြေကြီးပေါ် ပစ်ချရန် ပြင်လိုက်သည်။

သို့သော် ခွန်အားများ ပြည့်နှက်နေသော လက်တစ်ဖက်က ရုတ်တရက် ဘေးဘက်မှ ထွက်ပေါ်လာပြီး သူမ၏ အေးစက် ဖြူဖွေးသော လက်ကောက်ဝတ်လေးကို ဖမ်းဆုပ်လိုက်သည်။ ထို့နောက်တွင် တိုးတိုးလေး ရယ်မောသံ တစ်ခု ထွက်ပေါ်လာသည်။

"သတို့သမီးလေး... ဘာဖြစ်လို့ ဒေါသထွက်နေရတာလဲ..."

ဟွမ်ရှန်းရှန်း၏ ခန္ဓာကိုယ်လေး တောင့်တင်း သွားပြီး ဤရင်းနှီးသော အသံကို ကြားလိုက်ရသဖြင့် မျက်နှာက ချက်ချင်း ဝမ်းသာသွားသည့် အမူအရာ ပြောင်းသွားသည်။ သူက ကျန်းချဲ့ ဟုတ်မဟုတ် အတည်ပြုရန် ပြင်လိုက်သည့် အချိန်မှာပင် ခေါင်းပေါ်ရှိ ခေါင်းဆောင်းနီလေး အချွတ်ခံလိုက်ရသည်။

အနီရောင် ဝတ်စုံ ဝတ်ဆင်ထားသော ကျန်းချဲ့က ခါးကို ကိုင်းပြီး သူမ၏ အရှေ့တွင် ရပ်နေသည်ကို မြင်လိုက်ရသည်။ မျက်နှာပေါ်တွင် အပြုံးများ ရှိနေပြီး ပြုံးကာ မေးလိုက်သည်။

"သတို့သမီးလေး... ဒီည ကိုယ်နဲ့ အတူ အိပ်ယာဝင်ဖို့ ဆန္ဒရှိရဲ့လား..."

"တပ်မှူးကြီးကျန်း... တကယ်ပဲ ရှင် လား..."

ဟွမ်ရှန်းရှန်းက ကျန်းချဲ့၏ ကျယ်ပြန့်သော ရင်ခွင်ထဲသို့ ရုတ်တရက် ပြေးဝင် ဖက်တွယ်လိုက်ပြီး သူ့ကိုယ်ပေါ်ရှိ ရင်းနှီးသော အနံ့လေးကို အငမ်းမရ ရှူရှိုက်လိုက်သည်။ စိတ်နှလုံးများ အလွန် သက်သောင့်သက်သာ ဖြစ်သွားသလို ခံစားလိုက်ရသည်။

"ဟုတ်တယ် မဟုတ်ဘူး ဆိုတာ... သတို့သမီးလေး စမ်းသပ်ကြည့်လိုက်ရင် မသိနိုင်ဘူးလား..."

"ကျွန်မ... ကျွန်မ က ရှင် လာတော့မှာ မဟုတ်ဘူး လို့ ထင်နေခဲ့တာ..."

"မင်း က ဒီလောက် အရေးကြီးတာ... ကိုယ် က ဘယ်လို လုပ်ပြီး မလာဘဲ နေရက်မှာလဲ..."

ကျန်းချဲ့က တည်ငြိမ်စွာ ပြုံးလိုက်သည်။

ရေခဲဖီးနစ် ဝိညာဉ်စွမ်းအင်က သူ မရှိမဖြစ် လိုအပ်သော ယဇ်ပူဇော်စရာ ပစ္စည်း တစ်ခု ပင် ဖြစ်သည်။ ဤအရာလေးမှ မရှိလျှင် အဆင့်တက်ရန် အတွက် သက်တမ်းများ ဘယ်လောက်တောင် ပေးဆပ်ရမည်ကို မသိနိုင်ပေ။

"တပ်မှူးကြီးကျန်း... ကျွန်မကို ပိုင်ဆိုင်လိုက်ပါတော့..."

ဟွမ်ရှန်းရှန်းက ခေါင်းမော့လိုက်ပြီး ရေလည်နေသော မျက်လုံး အကြီးကြီးများဖြင့် ကျန်းချဲ့ကို ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။ မျက်လုံးများထဲတွင် ဆန္ဒများ ပြည့်နှက်နေသည်။

လုမိသားစု ခြံဝင်းကြီး ထဲတွင်တော့...

ကျန်းချဲ့ ဆိုသော အန္တရာယ် မရှိတော့သည့် နောက်တွင် လုမိသားစုဝင်များ ကလည်း ပျော်ပျော်ရွှင်ရွှင်ဖြင့် အရက်သောက်ပြီး ပျော်ပါး နေကြသည်။ အနီရောင် ဝတ်စုံ ဝတ်ဆင်ထားသော လုဖျင်ကျိုးက အလွန် ဝမ်းသာနေပြီး ဘေးနားရှိ လူများနှင့် ပျော်ရွှင်စွာ စကားများ ပြောဆိုနေသည်။

ပါးစပ်ကလည်း ကျယ်လောင်စွာဖြင့် အော်ဟစ်နေသည်။

"ကဲ... သောက်ကြ... မြန်မြန် သောက်ကြ…”

All Chapters