အခန်း ၁၃၇
Vol. 14 Ch. 137
အခန်း (၁၃၇) အဆင့်တက်ခြင်း... ယွမ်ဟိုင်အဆင့်...
ဟွမ်ရှန်းရှန်းက ကျန်းချဲ့ သူမကို စွန့်ပစ်သွားပြီဟု ထင်မှတ်ကာ စိတ်ပျက်အားငယ်နေခဲ့သော်လည်း မျှော်လင့်မထားဘဲ ကျန်းချဲ့က ဤနေရာတွင် စောစောကတည်းက စောင့်နေခဲ့မည်ဟု ထင်မထားခဲ့ပေ။
တစ်ခဏတာမျှ သူမ၏ ခံစားချက်များကို မထိန်းချုပ်နိုင်တော့ချေ။ ယခုအခါ သူမ၏ ကိုယ်ထဲတွင် ရေခဲဖီးနစ် ဝိညာဉ်စွမ်းအင် ရှိနေပြီး တကယ်တမ်းတွင် ကြီးမားသော တန်ဖိုးပေးဆပ်ရမည် ဆိုသည်ကိုပင် လုံးဝ မေ့လျော့သွားခဲ့သည်။
ဟွမ်ရှန်းရှန်းက ကျန်းချဲ့၏ ခါးကို ဖက်လိုက်ပြီး ချက်ချင်းပင် ဒူးထောက်ကာ ကျန်းချဲ့နှင့်အတူ တိုက်ပွဲကြီး မတိုင်မီ နှုတ်ခမ်းချင်း တိုက်ပွဲဝင်ရန် ပြင်လိုက်သည်။ သူမ၏ ရင်ထဲမှ လှုပ်ရှားနေသော ဆန္ဒများကို လုံးဝ မထိန်းချုပ်နိုင်တော့ပေ။
သို့သော် ကျန်းချဲ့က သူမ၏ ခေါင်းကို ကိုင်ကာ မေးစေ့ကို ပင့်မလိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။
"အဓိက အလုပ်ကို အရင် လုပ်ကြတာပေါ့..."
ဤနေရာက လုမိသားစု အိမ်တော် ဖြစ်နေသေးပြီး ပတ်ဝန်းကျင်တွင်လည်း လုမိသားစု၏ သူလျှိုများ ပြည့်နှက်နေသည်။ လုဖျင်ကျိုး ဘယ်အချိန် ရောက်လာမည်ကိုလည်း မသိနိုင်ပေ။ သေချာပေါက် ဤကဲ့သို့သော ကိစ္စများတွင် အချိန်ဆွဲနေ၍ မဖြစ်ပေ။
ရေခဲဖီးနစ် ဝိညာဉ်စွမ်းအင်ကို အမြန်ဆုံး ယူဆောင်ခြင်းကသာ အဓိက ကိစ္စ ဖြစ်သည်။
မွေးရာပါ အလယ်ပိုင်းအဆင့် ယွမ်ဟိုင်အဆင့်သို့ အဆင့်တက်နိုင်သွားပါက ဤလုမိသားစု အိမ်တော်တွင် သူ မည်သည့်အရာကိုမျှ ဂရုစိုက်စရာ မလိုတော့ပေ။
"အင်း..."
ဟွမ်ရှန်းရှန်းက ခေါင်းညိတ်လိုက်ပြီး ကုတင်ပေါ်တွင် အလွန် လိမ္မာရေးခြားရှိစွာ လှဲလျောင်းကာ ကျန်းချဲ့၏ အလိုကို စောင့်ဆိုင်းနေပေသည်။
ဤနေ့အတွက် သူမ ကိုယ်တိုင်လည်း အချိန်အကြာကြီး မျှော်လင့်နေခဲ့ခြင်း ဖြစ်သည်။
ကျန်းချဲ့ကဲ့သို့ အရှိန်အဝါ ကြီးမားသော ယောက်ျားမျိုးက သူမ အိပ်မက်မက်နေသော သူမျိုးပင် ဖြစ်သည်။ တစ်နည်းအားဖြင့် အင်အားကြီးသူကို မြတ်နိုးခြင်း ပင် ဖြစ်သည်။
ယခုအခါ ဟွမ်ရှန်းရှန်းမှာ လုဖျင်ကျိုး၏ အရှေ့တွင် ရှိနေစဉ်ကနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေပေသည်။
လုဖျင်ကျိုးက သူမ၏ လက်ကို ကိုင်ရန် ကြိုးစားသည်ကိုပင် သူမက အကြိမ်ကြိမ် ရှောင်တိမ်းကာ စကားလုံးများဖြင့် လှောင်ပြောင်ခဲ့သော်လည်း ယခုအခါ ကျန်းချဲ့၏ စကားတစ်ခွန်းက သူမကို ရင်ထဲမှနေ၍ နာခံသွားစေပြီး တိတ်တဆိတ် မျှော်လင့်နေမိစေသည်။
သူမ၏ ပြောင်းလဲနေသော ပုံစံလေးက ကျန်းချဲ့၏ စိတ်ဝင်စားမှုကို အကြီးအကျယ် ဖြစ်ပေါ်စေခဲ့သည်။
ချက်ချင်းပင် အဝတ်အစားများကို ချွတ်ချလိုက်ရာ အထက်မှ အောက်အထိ ခွန်အားများ ပြည့်နှက်နေသော ကြွက်သားများကို မြင်တွေ့လိုက်ရသည်။
ထို့နောက် သူက စစ်သည်သန်းပေါင်းများစွာကို ဦးဆောင်ကာ ဟွမ်ရှန်းရှန်း၏ ခံတပ်အတွင်းသို့ ဝင်ရောက်ပြီး အကြီးအကျယ် တိုက်ပွဲဝင်တော့သည်။
သူ၏ တိုက်ပွဲဝင်နေစဉ် အတွင်း အေးစက်သော ဝိညာဉ်စွမ်းအင် တစ်မျှင်လည်း တဖြည်းဖြည်း ထွက်ပေါ်လာခဲ့သည်။
"ကောင်းတယ်... သောက်စမ်း..."
လုဖျင်ကျိုးက ပန်းကန်လုံးထဲရှိ အရက်ကို တစ်ကျိုက်တည်း မော့သောက်လိုက်ပြီး အားလုံးကို ပြသလိုက်သောအခါ ပတ်ဝန်းကျင်မှ အားပေးသံများ ထွက်ပေါ်လာသည်။
ပုံမှန်အားဖြင့် လုဖျင်ကျိုးက လူကြီးလူကောင်း ပုံစံမျိုးသာ နေလေ့ရှိပြီး ဤကဲ့သို့ ပွင့်လင်း ရိုးသားစွာ တစ်ခါမျှ မနေခဲ့ဖူးသဖြင့် ယနေ့ ရုတ်တရက် ဤသို့ ဖြစ်နေခြင်းက လူတိုင်း၏ အမြင်ကို ဆန်းသစ်သွားစေသည်။
"ဒီနေ့က ငါ့ရဲ့ မင်္ဂလာဆောင် နေ့ပဲ... သေချာပေါက်... သေချာပေါက် မမူးမချင်း သောက်ရမှာပေါ့..."
လုဖျင်ကျိုးက အရက်ချဉ်တက်ရင်း အသံကျယ်ကြီးဖြင့် ရယ်မောလိုက်သည်။
"လုအိုကြီး... မင်း ဒီလို မူးနေရင် ညကျရင် သတို့သမီး အခန်းထဲ ဘယ်လို ဝင်တော့မလဲ... သတို့သမီးလေး ကို အခန်းထဲမှာ တစ်ယောက်တည်း အထီးကျန်အောင် ထားခဲ့မလို့လား..."
ကျန်းချဲ့က လုမိသားစုကို လာရောက် မနှောင့်ယှက်သဖြင့် ဝမ်ဖန်ယွင် တစ်ယောက် အနည်းငယ် စိတ်ပျက်နေခဲ့ပြီး လုဖျင်ကျိုး ဤမျှ ဝမ်းသာနေသည်ကို မြင်သောအခါ ရှေ့ထွက်၍ မနေနိုင်ဘဲ ခနဲ့တဲ့တဲ့ ပြောလိုက်သည်။
ယခင်က ရန်ငြိုးများ ရှိခဲ့ကတည်းက ဤဟန်ဆောင် လူကြီးလူကောင်းကို သူ အမြဲတမ်း မျက်မုန်းကျိုးနေခဲ့ခြင်း ဖြစ်သည်။
အပြင်ပန်းတွင် သိမ်မွေ့ ယဉ်ကျေးပြီး အထက်တန်းကျသော်လည်း အမှန်တကယ်တွင်မူ သူ၏ ခြေထောက်ကို တက်နင်းခဲ့စဉ်က လုဖျင်ကျိုး၏ မောက်မာသော ပုံစံကို သူ တစ်ယောက်တည်းသာ မှတ်မိနေပြီး တစ်သက်လုံး မှတ်သားထားခဲ့ခြင်း ဖြစ်သည်။
လုဖျင်ကျိုးက ဝမ်ဖန်ယွင်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး လှောင်ပြောင် ရယ်မောလိုက်သည်။
"ငါ့ ဇနီး နဲ့ အတူ သတို့သမီး အခန်းထဲ ဝင်မယ့်သူ ရှိပါတယ်... မင်း ဝင်ပါစရာ မလိုပါဘူး..."
ပြောရင်းဆိုရင်း သူက ရင်ဘတ်ကို ပုတ်ပြလိုက်ပြီး သူ တိုက်ခိုက်နိုင်စွမ်း ရှိသေးကြောင်း ပြသလိုက်သည်။
သူ၏ စကားက တကယ်ဖြစ်လာလိမ့်မည်ဟု သူမသိခဲ့ပေ။ ယခုအခါ တစ်ယောက်ယောက်က သူ့ကိုယ်စား သတို့သမီး အခန်းထဲ ဝင်နေပြီ ဖြစ်သည်။
သူ မသွင်းရက်သော ဘိလိယက် ကျင်းထဲသို့ တပ်မှူးကြီးကျန်းက အဆက်မပြတ် သွင်းနေလေသည်။
"ဟက်... ဒီနေ့ တပ်မှူးကြီးကျန်း က အရေးကြီး ကိစ္စ ရှိနေလို့သာ... မဟုတ်ရင် မင်း ဒီနေ့ မင်္ဂလာပွဲ ကို အေးအေးချမ်းချမ်း ကျင်းပနိုင်မယ် ထင်နေတာလား..." ဝမ်ဖန်ယွင်က အေးစက်စွာ ရယ်မောလိုက်ပြီး ဆက်လက် လှောင်ပြောင်လိုက်သည်။
"ဝမ်ဖန်ယွင်... မင်း စကားက ဘာအဓိပ္ပာယ်လဲ... ငါတို့ ကြီးမြတ်တဲ့ လုမိသားစု က သူ ကျန်းချဲ့ တစ်ယောက်တည်း ကို ကြောက်နေရမယ် လို့ ထင်နေတာလား... အမှန်က သူက ငါတို့ လုမိသားစု ရဲ့ အရှိန်အဝါ ကို ကြောက်လို့ မလာရဲတာ... အောက်တန်းကျတဲ့ နည်းလမ်း တွေလောက်ပဲ သုံးရဲတာ..."
လုဖျင်ကျိုး၏ မျက်နှာက ချက်ချင်း တင်းမာသွားသည်။
ယခုအချိန်တွင် သူ အမုန်းဆုံး နာမည်မှာ ကျန်းချဲ့ ပင် ဖြစ်သည်။
"ဖျင်ကျိုး... မင်း မူးနေပြီ..."
မည်သည့်အချိန်က ရောက်လာမှန်း မသိသော လုရှင်းယွင်က လုဖျင်ကျိုး၏ ဘေးသို့ ရောက်လာပြီး ပခုံးကို ပုတ်ကာ မျက်နှာထား မကောင်းစွာဖြင့် ပြောလိုက်သည်။
ကျန်းချဲ့ ရှိနေစဉ်က ကြောက်ရွံ့နေခဲ့ပြီး ဟွမ်ရှန်းရှန်း ရှိနေစဉ်က အလွန် အောက်ကျို့ ခံခဲ့ရသော်လည်း ဝိညာဉ်အရက် အနည်းငယ် သောက်လိုက်ရုံဖြင့် စကားကို မဆင်မခြင် ပြောဆိုကာ ကြွားလုံးထုတ်နေသည်။
လုမိသားစု သခင်လေး၏ ဂုဏ်သိက္ခာကို လုံးဝ ကျဆင်းစေသည်။
"အဖေ... သား မမူးပါဘူး..."
လုဖျင်ကျိုးက အတင်း ငြင်းဆန်နေသည်။
"လာ... အဖေ နဲ့ အတူ ဧည့်သည်တော် တွေ ဆီ သွားပြီး နှုတ်ဆက်ရအောင်... မိတ်ဆွေလေး တို့ အရင် သောက်နှင့်ကြပါ... ဖျင်ကျိုး ကို ခဏနေရင် ပြန်လွှတ်လိုက်ပါ့မယ်..." လုရှင်းယွင်က ဝမ်ဖန်ယွင် အပါအဝင် ထိုက်အန်းဒေသရှိ လူငယ် မျိုးဆက်များကို ပြုံးပြလိုက်သည်။
ထို့နောက် လုဖျင်ကျိုးကို ဆွဲကာ အဓိက စားပွဲဝိုင်းဆီသို့ ခေါ်သွားခဲ့သည်။
ထိုစားပွဲဝိုင်းတွင် ထိုင်ခွင့်ရသူများမှာ အင်အားစု အသီးသီး၏ ခေါင်းဆောင်များ ဖြစ်ကြသော ဆေးဘုရင်တောင်ကြား သခင်၊ ကျန်းဟိုင်ဂိုဏ်းချုပ်၊ ကျင်းယွမ် ဘုန်းကြီးကျောင်းမှ အကြီးအကဲ ကျဲအဲ့ ဘုန်းကြီး နှင့် ဖူလုံကျောင်းတော်မှ လီတောက်ဖျင် တို့ပင် ဖြစ်သည်။
သူတို့ကမှ လုမိသားစု၏ အရေးကြီး ဧည့်သည်တော်များ ဖြစ်ကြသည်။
"မင်္ဂလာဆောင်တဲ့ နေ့မှာ ဒီလောက်တောင် မူးနေတာ ဘယ်လို လုပ်မလဲ... အရက် တိုက်ပြီးတာနဲ့ သတို့သမီး အခန်းထဲ သွားပြီး နားတော့... ငါ့ရဲ့ ချွေးမ ကို အကြာကြီး စောင့်ရအောင် မလုပ်နဲ့..." လုရှင်းယွင်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"သိပါပြီ..."
လုဖျင်ကျိုးက ခေါင်းမူးနေလျက် ခေါင်းညိတ်လိုက်သည်။
အရက်ရှိန် တက်လာပြီး ဝိညာဉ်အရက်၏ စွမ်းအားကို ယွမ်ချီ စွမ်းအင်က အချိန်တိုအတွင်း မဖျောက်ဖျက်နိုင်ပေ။
အရက်ဝိုင်း သုံးပတ်ခန့် လည်ပြီးနောက်တွင် လုဖျင်ကျိုးမှာ လုရှင်းယွင်၏ စီစဉ်မှုဖြင့် အဓိက စားပွဲဝိုင်းမှ ဧည့်သည်များကို အရက် ခွက်အနည်းငယ် အပြည့်အဝ တိုက်လိုက်ပြီးနောက် ကုလားထိုင်ပေါ်တွင် ထိုင်လျက် ခေါင်းကို ခါယမ်းကာ အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး မတ်တပ် ထရပ်လိုက်သည်။
ထို့နောက် ယိုင်တိယိုင်တိုင်ဖြင့် လူတစ်ယောက် ဆွဲခေါ်သွားခြင်းကို ခံလိုက်ရသည်။
"ဒီတစ်ခေါက် မိတ်ဆွေတို့ ကိုယ်တိုင် လာရောက်ပေးကြတဲ့ အတွက်သာ ကျန်းချဲ့ က ကြောက်ရွံ့ပြီး မင်္ဂလာပွဲကို လာမနှောင့်ယှက်ရဲတာပါ... ဒီအရက်နဲ့ပဲ ကျေးဇူးတင်ကြောင်း ပြောပါရစေ..."
လုရှင်းယွင်က ခွက်ကို မြှောက်ကာ တစ်မော့တည်း သောက်လိုက်သည်။
ကျန်းချဲ့က ငန်းမွေးများ ပို့ပေးခဲ့သော်လည်း ကိုယ်တိုင် ထွက်ပေါ်လာခြင်း မရှိသည်မှာ မင်္ဂလာပွဲနေ့တွင် အခြေအနေ အလွန် ဆိုးရွားသွားမည်ကို မလိုလားသောကြောင့် ဖြစ်နိုင်သော်လည်း... အဓိက အကြောင်းရင်းမှာ ယနေ့ ဤနေရာတွင် သူရဲကောင်းများ စုရုံးနေသောကြောင့်ဟု သူ ယူဆထားသည်။
ကျန်းချဲ့ သာ လာရဲလျှင် သေချာပေါက် ရှုံးနိမ့်မည် ပင် ဖြစ်သည်။
ဤသည်မှာ သူ၏ တွေးတောမှု ပင် ဖြစ်သည်။
"လုအစ်ကို က ယဉ်ကျေးလွန်းနေပါပြီ... ဒါက ငါတို့ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စပါပဲ..."
"မှန်ပါတယ်... ငါတို့ သိုင်းလောကသား တွေက အချင်းချင်း ရိုင်းပင်း ကူညီကြရမှာပေါ့... ကျန်းချဲ့ လို ကောင်လေး တစ်ယောက် က လာပြီး မောက်မာနေတာကို ခွင့်ပြုလို့ ရမလား... ငါတို့ ထိုက်အန်း သိုင်းလောက မှာ လူမရှိတော့ဘူးလို့ သူက ထင်နေတာလား..." မွေးရာပါအဆင့် မိသားစု ခေါင်းဆောင် တစ်ယောက်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"ဘုန်းဘုန်း ကတော့ အဲဒီ မိစ္ဆာ လာတိုက်တာကိုတောင် မျှော်လင့်နေတာ... သူ့ရဲ့ နည်းလမ်း တွေကို ကြည့်ပြီး ဘုန်းဘုန်း ရဲ့ မိစ္ဆာနှိမ် တူ ရဲ့ ဒဏ်ကို ခံနိုင်မလား ဆိုတာ ကြည့်ချင်သေးတယ်..." ကျဲအဲ့ ဘုန်းကြီးက အေးစက်သော အသံဖြင့် ပြောလိုက်သည်။
သူ၏ ကိုယ်ပိုင် စွမ်းအား အပေါ်တွင် အလွန် ယုံကြည်ချက် ရှိနေသည်။
ကျန်းချဲ့ မည်မျှပင် ရဲရင့်စေကာမူ လူငယ် မျိုးဆက် တစ်ယောက်သာ ဖြစ်သည်။
သူက ဘာကို ကြောက်ရမည်နည်း။
ချန်ရှန်တုန်းက ပြုံးပြီး ဘာမှ မပြောဘဲ တိတ်တဆိတ်သာ အရက်ကို သောက်နေသည်။
အခြား လူများ မည်သို့ ရှိသည်ကို သူ မသိသော်လည်း ယနေ့ သူ ရောက်လာခြင်းမှာ မင်္ဂလာ အရက် လာသောက်ရန် သက်သက်သာ ဖြစ်သည်။ လုမိသားစု၏ ကိစ္စများမှာ သူနှင့် ဘာမှ မသက်ဆိုင်ပေ။
လီတောက်ဖျင်ကတော့ ခေါင်းကို ခါယမ်းကာ ပတ်ဝန်းကျင်ရှိ ဆူညံသံများကို လုံးဝ ဂရုမစိုက်ပေ။
အဓိက စားပွဲဝိုင်းမှ ထွက်လာသော လုဖျင်ကျိုးမှာ အရက် နောက်ထပ် ခွက်အနည်းငယ် ထပ်သောက်လိုက်ပြီးနောက် အနည်းငယ် သတိဝင်လာကာ ဟွမ်ရှန်းရှန်းကို ဤအတိုင်း အထီးကျန်စွာ ထားခဲ့ခြင်းက သိပ်မကောင်းဟု ယူဆသဖြင့် အလျင်အမြန် နှုတ်ဆက် ထွက်ခွာလာခဲ့သည်။
ယိုင်တိယိုင်တိုင်ဖြင့် သတို့သမီး အခန်းဆီသို့ လျှောက်သွားနေပေသည်။
အခြား တစ်ဖက်တွင်မူ ပြင်းထန်စွာ တိုက်ပွဲဝင်နေသော ကျန်းချဲ့မှာ ရုတ်တရက် တစ်ကိုယ်လုံး တုန်ခါသွားပြီးနောက် ချက်ချင်း လက်နက်ချကာ နောက်ဆုတ်သွားခဲ့သည်။
ထို့အပြင် "ဖောက်" ဆိုသော အသံလေး တစ်ချက်လည်း ထွက်ပေါ်လာသည်။
ဟွမ်ရှန်းရှန်းမှာ ကျန်းချဲ့၏ အဆက်မပြတ် တိုက်ခိုက်မှုကြောင့် အပြည့်အဝ နစ်မျောနေခဲ့ပြီး ကျန်းချဲ့ ထွက်ခွာသွားသည်ကို ခံစားလိုက်ရသောအခါ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်ပြီး မခွဲခွာချင်သော မျက်နှာထားဖြင့် တိုးတိုးလေး ညည်းတွားလိုက်သည်။
"တပ်မှူးကြီးကျန်း..."
"ကိုယ် နည်းနည်း သဘောပေါက်သွားလို့... ဒီမှာပဲ အဆင့်တက်တော့မယ်... ကိုယ့်အတွက် လုံခြုံရေး ကြည့်ပေးထားပါ..."
ကျန်းချဲ့က လေးနက်သော အသံဖြင့် ပြောလိုက်သည်။
ယခုအခါ သူ၏ အခြေအနေက ယခင်ကထက် ပို၍ ကောင်းမွန်နေပြီး စိတ်နှလုံးများ လုံးဝ လွတ်လပ်ကာ တစ်ကိုယ်လုံး ပေါ့ပါးနေပြီး အပြီးပြည့်စုံဆုံး အခြေအနေသို့ ရောက်ရှိနေသည်။ အလိုဆန္ဒများ ကင်းစင်ကာ သူတော်စင် တစ်ဦး၏ အခြေအနေသို့ ရောက်ရှိနေသကဲ့သို့ ဖြစ်နေသည်။
ယဇ်ပူဇော်ရန် အကောင်းဆုံး အချိန်ပင် ဖြစ်သည်။
"အင်း..."
ဟွမ်ရှန်းရှန်းက ကိုယ့်ကိုယ်ကိုယ် အတင်း သတိဝင်အောင် လုပ်လိုက်ပြီး အလျင်အမြန် ထကာ အဝတ်အစားများကို ဝတ်ဆင်လိုက်ပြီး ကျန်းချဲ့ အတွက် နေရာဖယ်ပေးလိုက်သည်။
ကျန်းချဲ့က အိပ်ယာခင်းများကို တစ်ချက်တည်း ဆွဲချပစ်လိုက်သည်။
ဟွမ်ရှန်းရှန်းက အပြင်ပန်းတွင် အေးစက်စက် ရှိသော်လည်း တကယ်တမ်း စမ်းသပ်ကြည့်သောအခါမှသာ ရေခဲဖီးနစ် လျှို့ဝှက် ခန္ဓာကိုယ် အပြင် မွေးရာပါ စိမ့်စမ်းရေ သန့်စင်သော ခန္ဓာကိုယ် လည်း ရှိနေသေးကြောင်း သိလိုက်ရပြီး အိပ်ယာခင်းများကိုပင် မသိမသာ စိုရွှဲသွားစေခဲ့သည်။
ထို့နောက် ကျန်းချဲ့က တင်ပျဉ်ခွေ ထိုင်လိုက်ပြီး သူ၏ စိတ်နှလုံးကို ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင် နေရာ အတွင်းသို့ နစ်ဝင်သွားစေခဲ့သည်။
[ယဇ်ပူဇော်မည့် ပစ်မှတ် - မွေးရာပါ အလယ်ပိုင်းအဆင့် ယွမ်ဟိုင်အဆင့်သို့ ချိုးဖောက် ဝင်ရောက်ရန်]
[ယဇ်ပူဇော်ရန် လိုအပ်ချက် - ယွမ်ချီကျောက်တုံး ဆယ်တုံး၊ ရွှမ်ယွမ် ရေလေး တစ်စက်၊ ယန်သုံးပါး မြက် တစ်ပင်၊ ရေခဲဖီးနစ် ဝိညာဉ်စွမ်းအင် တစ်ခု... ပူဇော်မည်လား]
စိတ်ဆန္ဒ တစ်ချက်ဖြင့်...
[ပူဇော်မည်...]
နောက်တစ်ခဏတွင် ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင်က ရုတ်တရက် စတင် ပြောင်းလဲသွားသည်။
နက်နဲသော အက္ခရာ လိုင်းများက တဖြည်းဖြည်း လင်းလက်လာသည်။
သွေးရောင် အလင်းတန်းများ အဆက်မပြတ် တောက်ပနေပြီး ပိုမို စူးရှလာသည်။
ထို့နောက် ကျောက်တိုင် အတွင်းမှ အလင်းရောင် တစ်တန်း ထွက်ပေါ်လာပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် ကျောက်တိုင် နေရာ အတွင်းရှိ ယွမ်ချီကျောက်တုံး၊ ယန်သုံးပါး မြက်၊ ရွှမ်ယွမ် ရေလေး အစရှိသည်တို့ကို အားလုံး စုပ်ယူ ဝါးမြိုသွားခဲ့သည်။
သို့သော် ဤသည်မှာ အစသာ ရှိသေးသည်။
ယဇ်ပလ္လင်ကျောက်တိုင် နေရာ အတွင်း လွင့်မျောနေသော အပြာရောင် လေစီးကြောင်းလေး တစ်ခုလည်း လှည့်ပတ်လာခဲ့သည်။
၎င်းမှာ ကျန်းချဲ့က ဟွမ်ရှန်းရှန်း၏ ခန္ဓာကိုယ် ဟာကွက်မှ တစ်ဆင့် ဆွဲယူလာခဲ့သော ရေခဲဖီးနစ် ဝိညာဉ်စွမ်းအင် ပင် ဖြစ်သည်။
တစ်ကိုယ်လုံး အပြာရောင် သန်းနေပြီး အလွန် အေးစက်လှသည်။
လက်ဖဝါး အရွယ်အစားရှိသော ဖီးနစ်ငှက်လေး တစ်ကောင်၏ ပုံသဏ္ဍာန် ဖြစ်သည်။
လှည့်ပတ်နေစဉ် အတွင်း အလင်းရောင် ထဲမှ ကြီးမားလှသော စုပ်ယူသည့် စွမ်းအား တစ်ခု ထွက်ပေါ်လာပြီး ရေခဲဖီးနစ် ဝိညာဉ်စွမ်းအင်ကိုလည်း စုပ်ယူသွားခဲ့သည်။
ယဇ်ပူဇော်စရာ ပစ္စည်းများ ပြည့်စုံသွားပြီ...
ကျန်းချဲ့၏ ခွန်အား ပြည့်ဝသော ခန္ဓာကိုယ် သွေးသားများက လျင်မြန်စွာ ဆူပွက်လာပြီး တစ်ကိုယ်လုံး အပူပေး ခံထားရသကဲ့သို့ ဖြစ်လာကာ ယခင်ကထက် ပို၍ မီးဓာတ်များ ပြင်းထန်လာပြီး မီးဖုတ်ထားသော သံပူ တစ်ချောင်း ကဲ့သို့ ဖြစ်နေသည်။
သို့သော် သူ တစ်ကိုယ်လုံး မီးဖိုထဲ ကျသွားသကဲ့သို့ ဖြစ်နေချိန်တွင် အေးစက်သော ဝိညာဉ်စွမ်းအင် တစ်ခုကလည်း ထွက်ပေါ်လာခဲ့သည်။
ကျန်းချဲ့ တစ်ကိုယ်လုံးက ချက်ချင်း နှစ်ပိုင်း ကွဲသွားသလို ဖြစ်သွားသည်။
တစ်ဖက်တွင်က မီးနဂါးကြီး ဟိန်းဟောက်နေသကဲ့သို့ ပူလောင်နေပြီး အခြား တစ်ဖက်တွင်က ရေခဲဖီးနစ် ပျံသန်းနေသကဲ့သို့ အေးစက်နေပေသည်။
ဤထူးဆန်းသော မြင်ကွင်းကို မြင်လိုက်ရသဖြင့် ဟွမ်ရှန်းရှန်းပင် ပါးစပ် အဟောင်းသား ဖြစ်သွားပြီး အံ့ဩ တုန်လှုပ်နေခဲ့သည်။
သူမက ၎င်းမှာ ရေခဲဖီးနစ် ဝိညာဉ်စွမ်းအင်ကြောင့်ဟု မထင်မှတ်ဘဲ ကျန်းချဲ့က သူမ လုံးဝ မှန်းဆ၍ မရနိုင်သော ထိပ်တန်း ကျင့်စဉ် တစ်ခုကို ကျင့်ကြံနေခြင်း ဖြစ်မည်ဟုသာ ထင်မှတ်နေမိသည်။
ရေနှင့် မီး အပြန်အလှန် ပေါင်းစပ်သွားကြသည်။
ထူးဆန်းသော စွမ်းအင် တစ်ခုက ကျန်းချဲ့၏ အရိုးနှင့် အကြောများကို ဆေးကြော သန့်စင်ပေးနေသကဲ့သို့ ရှိနေသည်။
တစ်ကြိမ် ပြီး တစ်ကြိမ်...
သွေးသားများ ဆူပွက်နေပြီး ဒန်တျန်က တုန်ခါနေသည်။
ခန္ဓာကိုယ် ပေါ်ရှိ သွေးကြောများ အားလုံး ထောင်ထနေပြီး ခွန်အားများ၏ လှပမှုကို ပြသနေပေသည်။
ရေခဲနှင့် မီး ပေါင်းစပ်ထားသော စွမ်းအင် တစ်ခုက ခေါင်းပေါ်မှ စတင်ကာ ကျန်းချဲ့၏ သွေးကြောများ၊ အရိုးများ နေရာအနှံ့သို့ လှည့်လည်သွားလာနေပြီး ရောက်သွားသည့် နေရာတိုင်းတွင် နှလုံးသားကို ထိုးဖောက်မတတ် နာကျင်မှုကို ခံစားရပြီးနောက် ချက်ချင်းပင် အေးစက်သော ခံစားမှုကို ရရှိစေသည်။
ကျန်းချဲ့က စိတ်ကို ကြည်လင်အောင် ထားပြီး အာရုံ စူးစိုက်ထားသည်။
ဤဖြစ်စဉ်က အလွန် လျင်မြန်စွာ ပြီးဆုံးသွားမည်ကို သူ သိထားသည်။
ခဏလောက် သည်းခံလိုက်ရုံဖြင့် မျက်စိတစ်မှိတ် အတွင်း ပြီးဆုံးသွားမည် ဖြစ်သည်။
လက်တွေ့တွင်လည်း ထိုသို့ပင် ဖြစ်သည်။
ဆေးကြော သန့်စင်သည့် စွမ်းအင်က ဆယ်စက္ကန့်ကျော်ခန့်သာ ကြာမြင့်ပြီး လုံးဝ ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် ချက်ချင်းပင် ပတ်ဝန်းကျင်ရှိ သဘာဝ ယွမ်ချီ စွမ်းအင်များက လှုပ်ရှားလာပြီး သူ၏ ခေါင်းပေါ်တွင် လက်ဖဝါး အရွယ်အစားခန့်ရှိသော ယွမ်ချီ ဝဲကတော့ တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ဝဲကတော့က သေးငယ်သော်လည်း ယွမ်ချီ စွမ်းအင်များက အလွန် သိပ်သည်းလှသည်။
၎င်းမှာ ယွမ်ချီကျောက်တုံး နှစ်ဆယ် တိတိ ကွဲကြေသွားပြီး ထွက်ပေါ်လာသော သန့်စင်သည့် ယွမ်ချီ စွမ်းအင်များ ဖြစ်ပြီး ဝဲကတော့မှ တစ်ဆင့် သူ၏ ခန္ဓာကိုယ် နေရာအနှံ့သို့ အလျင်အမြန် စီးဝင်သွားခဲ့သည်။
အကြောအပေါက် ကိုးပေါက်စလုံးက ပွင့်နေပြီး သန့်စင်သော ယွမ်ချီ စွမ်းအင်များကို စုပ်ယူနေကြသည်။
သူ၏ ခန္ဓာကိုယ်ရှိ အကြောအပေါက်များနှင့် သွေးကြောများမှ တစ်ဆင့် ဒန်တျန်ဆီသို့ အလျင်အမြန် စုစည်းသွားကြသည်။
မူလကတည်းက ပြည့်လျှံနေသော မွေးရာပါ အတွင်းအားများမှာ ယခုအခါ ပြင်းထန်စွာ ဝင်ရောက်လာမှုအောက်တွင် ပိုမို လှုပ်ရှား ဆူပွက်လာပြီး ရွှေရောင် မွေးရာပါ တာအိုမျိုးစေ့ တစ်ခုတည်းသာ မလှုပ်မယှက် ရပ်တည်နေပေသည်။
အချိန်များ ဖြည်းဖြည်းချင်း ကုန်ဆုံးသွားသည်။
ကျန်းချဲ့၏ ဒန်တျန် အတွင်းရှိ မွေးရာပါ အတွင်းအားများက ပို၍ ပြည့်လျှံလာပြီး ပြည့်လျှံလာသည့် လုပ်ငန်းစဉ် အတွင်း မွေးရာပါ အတွင်းအားများက အဆက်မပြတ် ဖိသိပ်ခံရခြင်း၊ ပြန်လည် ပုံဖော်ခံရခြင်း နှင့် စုစည်းခံရခြင်း တို့ကို ခံနေရကာ ဤအခိုက်အတန့်တွင် ကျန်းချဲ့၏ ဒန်တျန်က ကမ္ဘာငယ်လေး တစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ ဖြစ်နေသည်။
ပြည့်လျှံနေသော မွေးရာပါ အတွင်းအားများက အထက်တွင် စုစည်းနေကြသည်။
မိုးကြိုးသံများ ထွက်ပေါ်လာပြီး ရွှေရောင် တိမ်တိုက်များက လှိမ့်တက်နေကြသည်။
ဒန်တျန် အတွင်းရှိ အပြောင်းအလဲများနှင့် အတူ ကျန်းချဲ့၏ ခေါင်းပေါ်တွင် သဘာဝ ယွမ်ချီ စွမ်းအင်များဖြင့် ဖွဲ့စည်းထားသော ယွမ်ချီ ဝဲကတော့ကလည်း အဆက်မပြတ် ကြီးမားလာပြီး ပတ်ဝန်းကျင်ကိုပါ စတင် သက်ရောက်မှု ရှိလာခဲ့သည်။
ပိုမို ပြင်းထန်လာသော လေဆင်နှာမောင်း တစ်ခုကဲ့သို့ ပတ်ဝန်းကျင်ရှိ သဘာဝ ယွမ်ချီ စွမ်းအင်များကို စုပ်ယူကာ သူ၏ ဒန်တျန်ဆီသို့ ပို့ဆောင်ပေးနေသည်။
ဤဖြစ်စဉ်က ပိုမို ကြီးမားလာပြီး လုံးဝ ရပ်တန့်မည့် အရိပ်အယောင် မရှိပေ။ သူ၏ ဒန်တျန်ကို အမြင့်ဆုံး ကန့်သတ်ချက်အထိ ရောက်ရှိအောင် တွန်းပို့ကာ နောက်ဆုံးတွင် စစ်မှန်သော ယွမ် များ အဖြစ်သို့ ဖိသိပ် ပြောင်းလဲသွားသည် အထိ လုပ်ဆောင်မည့်ပုံ ပေါ်နေသည်။
ကျန်းချဲ့က လက်သီးများကို တင်းကျပ်စွာ ဆုပ်ထားပြီး သွားများကို ခဲထားသည်။
'ဒီအဆင့်ကို ကျော်ဖြတ်နိုင်ရင် ဖြောင့်ဖြူးတဲ့ လမ်းကို ရောက်ပြီ... ဓာတ်ငွေ့မှ အရည်အဖြစ် ပြောင်းလဲခြင်းက ငါ့ရဲ့ အဆုံးသတ် မဟုတ်ဘဲ၊ သိုင်းပညာ လမ်းစဉ်ရဲ့ သေးငယ်တဲ့ အစမှတ်လေး တစ်ခုသာ ဖြစ်တယ်...'
"ဝုန်း... ဒိုင်း..."
ကျန်းချဲ့၏ ခေါင်းပေါ်ရှိ ယွမ်ချီ ဝဲကတော့က မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် ကြီးမားလာပြီး ပေပေါင်းများစွာ အရွယ်အစားရှိသော ဝဲကတော့ အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားကာ အဆက်မပြတ် ဆက်လက် ကျယ်ပြန့်နေဆဲ ပင် ဖြစ်သည်။
သူ၏ ဒန်တျန် အတွင်းတွင်မူ...
သဘာဝ ယွမ်ချီ စွမ်းအင်များက အမြင့်ဆုံး ကန့်သတ်ချက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဆတက်ထမ်းပိုး များပြားလာသော ယွမ်ချီ စွမ်းအင်များ စုစည်းမိသွားလျှင် ဘာဖြစ်လာမည်နည်း။
ပေါင်းစပ်သွားမည်...
"ဝုန်း..."
နားထဲတွင် ကျယ်လောင်သော အသံကြီး တစ်ခု ထွက်ပေါ်လာပြီး ကျန်းချဲ့ အတွက်မူ မြေကြီးများ အက်ကွဲပြီး ကောင်းကင်ကြီး ပြိုကျလာသကဲ့သို့ ပင် ဖြစ်သည်။
အမြင့်ဆုံး ကန့်သတ်ချက်သို့ စုစည်းမိသွားသော သဘာဝ ယွမ်ချီ စွမ်းအင်များက နောက်ဆုံးတွင်...
ရွှေရောင် တိမ်တိုက်များ ထဲမှ အလွန် လေးလံသော အရည်တစ်စက် ကျဆင်းလာခဲ့သည်။
မွေးရာပါ စစ်မှန်သော ယွမ်
ဤသည်မှာ ကျန်းချဲ့က ယွမ်ဟိုင်အဆင့် သို့ ခြေတစ်ဖက် လှမ်းဝင်သွားပြီ ဖြစ်ကြောင်း ပြသနေခြင်း ပင် ဖြစ်သည်။
မဟုတ်ဘူး...
စစ်မှန်သော ယွမ် ကို ဖန်တီးနိုင်သွားပြီ ဖြစ်သောကြောင့် ယခုအခါ ကျန်းချဲ့က မွေးရာပါ အလယ်ပိုင်းအဆင့် ယွမ်ဟိုင်အဆင့် သို့ တရားဝင် ခြေချသွားပြီ ပင် ဖြစ်သည်။
ကျန်ရှိနေသည်မှာ အချိန် ပြဿနာသာ ဖြစ်သည်။
သူ၏ ခန္ဓာကိုယ် ပေါ်ရှိ အရှိန်အဝါများကလည်း အဆက်မပြတ် မြင့်တက်လာခဲ့သည်။
ကြီးမားလှသော အရှိန်အဝါကြောင့် ဟွမ်ရှန်းရှန်းပင် အံ့ဩ တုန်လှုပ်သွားခဲ့သော်လည်း တုန်လှုပ်မှုနှင့် အတူ မျက်နှာပေါ်တွင် ဝမ်းသာမှုများလည်း အပြည့်အဝ ရှိနေပေသည်။
သူမ ရွေးချယ်ထားသော ယောက်ျား ပီသပါပေသည်။
တကယ်ကို ပြိုင်ဘက်ကင်း အစွမ်းထက်တာပဲ...
သူမ၏ မျက်လုံးများထဲတွင် ကျန်းချဲ့ တစ်ယောက်တည်းသာ ရှိနေတော့သည်။
အခန်းတွင်းရှိ ယွမ်ချီ ဝဲကတော့က ပိုမို ကြီးမားလာသည်နှင့် အမျှ အပြင်ဘက်ရှိ လှုပ်ရှားမှုများကလည်း ပိုမို ပြင်းထန်လာသဖြင့် အရှေ့ဘက် ခြံဝင်း အတွင်းရှိ သိုင်းသမား အများအပြားက ဤထူးခြားသော မြင်ကွင်းကို သတိပြုမိသွားကြသည်။
"အစ်ကိုလု... အဲဒါ တစ်ယောက်ယောက် အဆင့်တက်နေတာများလား..."
တစ်ယောက်က အံ့ဩတကြီး မေးလိုက်သည်။
"ဒီလှုပ်ရှားမှု တွေကို ကြည့်ရတာ သာမန် မွေးရာပါအဆင့် ကို တက်တာထက် ပိုလိမ့်မယ်... လုမိသားစု က နောက်ထပ် ယွမ်ဟိုင်အဆင့် အင်အားကြီး သူ တစ်ယောက် ထပ်ထွက်လာတော့မှာလား..." အချို့က အကဲခတ်မိသွားပြီး အံ့ဩ သံသယ ဖြင့် မေးလိုက်ကြသည်။
"ယွမ်ချီ တွေ စုစည်းနေပြီး ဝဲကတော့ ဖြစ်နေပြီ... ဒီလူ က အဆင့်တက်သွားပြီ ထင်တယ်..."
ပတ်ဝန်းကျင်ရှိ လူများ၏ အကြည့်များက လုရှင်းယွင်၏ အပေါ်သို့ ကျရောက်သွားခဲ့သည်။
သူက မျက်နှာပေါ်တွင် အပြုံးများဖြင့် မေးစေ့အောက်ရှိ မုတ်ဆိတ်များကို ပွတ်သပ်ရင်း ခေါင်းညိတ်ပြလိုက်သည်။
"မိတ်ဆွေတို့ က တကယ်ကို အမြင်ကောင်းတာပဲ... ဟား ဟား ဟား..."
သူက မိမိ၏ သား ဖြစ်သူ ရေခဲဖီးနစ် ဝိညာဉ်စွမ်းအင်ကို စုပ်ယူပြီးနောက် ဖြစ်ပေါ်လာသော လှုပ်ရှားမှုများ ဖြစ်မည်ဟု အလိုအလျောက် ထင်မှတ်သွားပြီး ရင်ထဲတွင် အနည်းငယ် အံ့ဩနေမိသည်။
စာအုပ်များထဲတွင် မှတ်တမ်း တင်ထားချက်များ အရ ရေခဲဖီးနစ် ဝိညာဉ်စွမ်းအင်၏ စွမ်းအားက ဤမျှလောက် မကြီးမားသင့်ပေ။
သို့သော် ဤအတွေးက မျက်စိတစ်မှိတ် အတွင်းမှာပင် ပျောက်ကွယ်သွားပြီး ဝမ်းသာမှုများဖြင့် ချက်ချင်း အစားထိုးသွားခဲ့သည်။
ဤအခိုက်အတန့်တွင် ယိုင်တိယိုင်တိုင် ဖြစ်နေသော လုဖျင်ကျိုးက ယွမ်ချီ ဝဲကတော့၏ လှုပ်ရှားမှုများ ပိုမို ကြီးမားလာသည်ကို မြင်သောအခါ အနည်းငယ် သတိဝင်လာပြီး မျက်နှာထား လေးနက်စွာဖြင့် သတို့သမီး အခန်းဆီသို့ လျင်မြန်စွာ လျှောက်သွားနေပေသည်။