← Chapters

အခန်း ၁၄၂

Vol. 15 Ch. 142

အခန်း ၁၄၂

Vol. 15 Ch. 142

အခန်း (၁၄၂) ဇာတ်သိမ်းသွားခြင်း... ထိုက်အန်းဒေသ ကောင်းကင် ပြောင်းလဲသွားပြီ...

ဆေးဘုရင်တောင်ကြား၏ တောင်ကြားသခင် အိုကြီး နောက်ဆုတ်သွားခြင်းက လုမိသားစု ဤတိုက်ပွဲတွင် သေချာပေါက် ရှုံးနိမ့်မည်ဟု အဓိပ္ပာယ် ရသည် ဆိုလျှင်... ကျဲအဲ့ ဘုန်းကြီး သေဆုံးသွားခြင်းကတော့ ယခုအခိုက်အတန့်တွင် လုမိသားစု လုံးဝ ပျက်သုဉ်းသွားတော့မည်ဟု အဓိပ္ပာယ် သက်ရောက်နေပေသည်။

တိုက်ပွဲ မစတင်မီက မွေးရာပါအဆင့် သိုင်းသမား လေးယောက်က ကျန်းချဲ့ကို ဝိုင်းဝန်း သတ်ဖြတ်ရန် ရည်ရွယ်ခဲ့သော်လည်း ရလဒ် အနေဖြင့် ကျန်းချဲ့၏ တစ်ယောက်ချင်းစီကို ခွဲခြား ဖြိုခွဲခြင်းကို ခံလိုက်ရပြီး ယွမ်ဟိုင်အဆင့် သိုင်းသမား သုံးယောက်၏ ဝိုင်းဝန်း တိုက်ခိုက်မှုကို ၁၅ မိနစ်ခန့် အကြိတ်အနယ် ရင်ဆိုင်ရချိန်တွင်ပင် အရေးနိမ့်မှု လုံးဝ မရှိခဲ့ပေ။ ထို့နောက် တစ်ယောက်က စတင် ရှုံးနိမ့် ဆုတ်ခွာသွားချိန်မှ စ၍ ဤတိုက်ပွဲက ပြီးဆုံးသွားပြီ ဖြစ်ကြောင်း ပြသနေပြီ ဖြစ်သည်။

ယခုအခါ ကျဲအဲ့ ဘုန်းကြီးကို အရှင်လတ်လတ် ဆွဲဖြဲသတ်ဖြတ်ခဲ့ပြီး လေဟာနယ်ထက်တွင် ရပ်နေသော ကျန်းချဲ့၏ အရှိန်အဝါက လူအများ၏ မျက်လုံးထဲတွင် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ အချို့က ကြောက်ရွံ့နေကြပြီး အချို့က လေးစားနေကြကာ အချို့ဆိုလျှင် ကျန်းချဲ့၏ ပုံရိပ်ကိုပင် မကြည့်ရဲအောင် ဖြစ်နေကြပေသည်။

သို့သော် လူတစ်ယောက်ကတော့ ကျန်းချဲ့ကို စူးစိုက်ကြည့်နေဆဲ ပင် ဖြစ်သည်။

ထိုသူမှာ လုရှင်းယွင် ပင် ဖြစ်သည်။

ယခုအခါ သူက အားအင် ကုန်ခန်းနေပြီး စစ်မှန်သော ယွမ် စွမ်းအင်များလည်း ခန်းခြောက်နေကာ မိသားစု၏ ဝိညာဉ် လက်နက် ပင်လျှင် ၎င်း၏ ဝိညာဉ်ရေးရာ စွမ်းအင်များ ပျောက်ဆုံးသွားပြီ ဖြစ်သည်။ ကျန်းချဲ့နှင့် ဆက်လက် တိုက်ခိုက်ရန် အင်အား မရှိတော့သော်လည်း ဤသည်က သူ ကြောက်ရွံ့နေသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။

ဆန့်ကျင်ဘက် အနေဖြင့် ယခုအခါ သူ၏ အမုန်းတရားများက ကောင်းကင် အထိ ထိုးတက်နေပေသည်။ မျက်စိဖြင့် မြင်ရသမျှ လုမိသားစု အိမ်တံခါးဝတွင် လုမိသားစု သိုင်းသမားများ၏ အလောင်းများဖြင့် ပြည့်နှက်နေပြီး သွေးများက မြစ်တစ်စင်းလို စီးဆင်းနေကာ ညည်းတွားသံများ အဆက်မပြတ် ထွက်ပေါ်နေသည်။

နှစ်ပေါင်း နှစ်ရာတိုင် ထွန်းတောက်ခဲ့သော လုမိသားစု က သူ၏ လက်ထက်တွင် ပျက်စီးသွားခဲ့ရပြီ...

သေဆုံးသွားလျှင်ပင် လုမိသားစု၏ ဘိုးဘေးကို သွားတွေ့ရန် မျက်နှာ မရှိတော့ပေ။

ကုန်သည် တစ်ဦး အဖြစ်မှ စတင် ကြီးပွားလာခဲ့ပြီး နောက်ဆုံးတွင် တစ်မိသားစုလုံး အပြီးတိုင် ဖျက်ဆီးခံလိုက်ရသည်။ လုရှင်းယွင်က ကြည့်ရင်း ကြည့်ရင်း ရုတ်တရက် ရယ်မောလိုက်သည်။

ဤသည်မှာ ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင် ရယ်မောခြင်း ပင် ဖြစ်သည်။

ယနေ့ မတိုင်မီက ကျန်းချဲ့မှာ နောင်တစ်ချိန်တွင် လုမိသားစု၏ ရန်သူကြီး ဖြစ်လာမည်ကို သူ သတိပြုမိခဲ့သော်လည်း ဤရန်သူကြီး၏ လက်ထဲတွင် လုမိသားစု ဤမျှ မြန်မြန်ဆန်ဆန် ပျက်စီးသွားလိမ့်မည်ဟုတော့ မထင်မှတ်ထားခဲ့ပေ။ နောက်ဆုံးတွင်တော့ သူ ရန်သူကို အထင်သေးခဲ့မိသည်။ ထို့ကြောင့် လုမိသားစု ယနေ့လို အခြေအနေမျိုး ရောက်သွားခဲ့ရခြင်း ပင် ဖြစ်သည်။

"မင်း ဘာသာ သိက္ခာရှိရှိ သေမလား... ဒါမှမဟုတ် ဒီအရာရှိ က သိက္ခာရှိရှိ သတ်ပေးရမလား..."

ကျန်းချဲ့က လက်နှစ်ဖက်ကို နောက်ပစ်လျက် ရပ်နေပြီး အရှေ့ရှိ အသက်ရှူသံ အားနည်းနေသော လုရှင်းယွင်ကို စိုက်ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။

"သိက္ခာရှိရှိ... ဒီလု က လိုအပ်လို့လား..."

လုရှင်းယွင်က အေးစက်စက် နှာမှုတ် ရယ်မောလိုက်သည်။

"ကြည့်ရတာ... မင်း က ကိုယ့်ဘာသာ သေလမ်း ရှာချင်နေတာပဲ..."

"ကျန်းချဲ့... အရမ်း ဝမ်းသာ မနေနဲ့... ဒီနေ့ မင်း နိုင်သွားပေမဲ့ နောက်နေ့တွေ မှာတော့ မသေချာဘူး... ငါတို့ လုမိသားစု ဘိုးဘေး ရှိနေသေးတယ်၊ ကျင်းယွမ် ဘုန်းကြီးကျောင်း က ရဟန်းတော် ကြီးတွေ လည်း ရှိနေသေးတယ်... မင်း ဒီနေ့ လုပ်ရပ် တွေကြောင့် သိုင်းလောကသား တွေ အားလုံး ရဲ့ ဝိုင်းဝန်း တိုက်ခိုက်မှု ကို သေချာပေါက် ခံရလိမ့်မယ်... ငါတို့ ဘိုးဘေး ရဲ့ သတ်ဖြတ်တာကို သေချာပေါက် ခံရလိမ့်မယ်..."

လုရှင်းယွင်က တိုးတိုးလေး ပြောလိုက်ပြီး ကျန်းချဲ့ကို တိုက်ရိုက် စိုက်ကြည့်နေကာ မျက်လုံးထဲတွင် အနည်းငယ်မျှ ကြောက်ရွံ့မှု မရှိပေ။

"မင်း ကတော့ အဲဒီနေ့ကို မြင်ရမှာ မဟုတ်တော့ဘူး..."

လုရှင်းယွင် မသေဆုံးမီ ပြောဆိုသော ခြိမ်းခြောက် စကားများကို ကျန်းချဲ့ လုံးဝ ဂရုမစိုက်ပေ။

"လုမိသားစု ဒီနေ့လို အခြေအနေ မျိုး ရောက်သွားရတာက ငါ လုရှင်းယွင် လူကဲခတ် မှားပြီး ရန်သူ ကို အထင်သေးခဲ့လို့ပဲ... မင်းတို့ အားလုံးက ငါတို့ လုမိသားစု ရဲ့ သားကောင်း တွေပါ... မျိုးနွယ်စု ခေါင်းဆောင် တစ်ယောက် အနေနဲ့ ငါ မင်းတို့ အပေါ် မျက်နှာပူမိပါတယ်... ဒါပေမဲ့ လုမိသားစုဝင် တစ်ယောက် အနေနဲ့ ရှေ့တန်း တိုက်ပွဲမှာပဲ သေဆုံးသင့်တယ်... ဦးလေး၊ ညီအစ်ကိုတွေ၊ သားမြေး မျိုးဆက်တွေ... ဒီနေ့ လုရှင်းယွင် လည်း မင်းတို့ နဲ့ အတူ လိုက်ခဲ့ပြီ..."

လုရှင်းယွင်က အောက်ဘက်ရှိ အလောင်း အများအပြားကို ကြည့်ကာ ကျယ်လောင်စွာ ရေရွတ်လိုက်ပြီးနောက် အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်ကာ လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ တောက်ပသော အလင်းရောင် တစ်ခုက သူ၏ ဒန်တျန်မှ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင် ပေအနည်းငယ်ခန့် အထိ လင်းထိန်သွားခဲ့သည်။

အောက်ဘက်ရှိ ကြည့်ရှုနေသူများ အားလုံး၏ ရင်ထဲတွင် တုန်လှုပ်သွားကြသည်။

ဤအခိုက်အတန့် လုရှင်းယွင်၏ ပြတ်သားသော ဆုံးဖြတ်ချက်ကို သူတို့ အားလုံး နားလည်သွားကြသည်။ သူ က အသက်လု တိုက်ခိုက်မှု တစ်ခု လုပ်ရန် ပြင်ဆင်နေခြင်း ဖြစ်ပြီး နောက်ဆုံး စွမ်းအား တစ်ခု ရရှိရန် အတွက် သူ၏ မွေးရာပါ တာအိုမျိုးစေ့ကို လောင်ကျွမ်းစေခြင်း ပင် ဖြစ်သည်။

ထင်သည့်အတိုင်းပင် လုရှင်းယွင်၏ ခန္ဓာကိုယ် ပတ်လည်တွင် အစိမ်းရောင် အလင်းတန်းများ လင်းလက်လာသည့် အချိန်မှာပင် သူ၏ ယခင်က အားနည်းနေသော အသက်ရှူသံများက ချက်ချင်း ပြောင်းလဲသွားပြီး အဆင့်ဆင့် မြင့်တက်လာကာ အရင်အချိန်များထက်ပင် ကျော်လွန်သွားခဲ့သည်။

ကျန်းချဲ့ကို စူးစိုက်ကြည့်ကာ တစ်လုံးချင်း ပြောလိုက်သည်။

"မင်း ကို မသတ်နိုင်ရင်တောင်... မင်း ကို အဖိုးအခ တစ်ခုခု ပေးဆပ်ရအောင် လုပ်မယ်..."

စကားသံ အဆုံးတွင် သူက အမြင့်ဆုံး အတိုင်းအတာ အထိ ရောက်ရှိသွားသကဲ့သို့ အလင်းတန်း တစ်ခု အဖြစ် ပြောင်းလဲကာ ကျန်းချဲ့ ရှိရာသို့ တိုက်ရိုက် ပြေးဝင်သွားခဲ့သည်။

လုရှင်းယွင်၏ အသက်လု တိုက်ခိုက်မှုကို ရင်ဆိုင်ရာတွင် ကျန်းချဲ့က ကြိုတင် မတားဆီးခဲ့ဘဲ သူ၏ စွမ်းဆောင်ရည်ကို အေးဆေးစွာ ရပ်ကြည့်နေခဲ့သည်။ ရည်ရွယ်ချက်ကတော့ ယခုအခါ သူ၏ အစွမ်းထက်ဆုံး တိုက်ခိုက်မှု စွမ်းအားကို စမ်းသပ်ကြည့်ချင်သောကြောင့် ပင် ဖြစ်သည်။

လက်နှစ်ဖက်ကို ဒန်တျန် အရှေ့တွင် ထားကာ လက်သင်္ကေတများကို ဖြည်းညင်းစွာ ပြုလုပ်လိုက်သည်။ သူ၏ ပတ်လည် ဆယ်ပေ ဝန်းကျင်ခန့်တွင် ဧရာမ တွင်းနက်ကြီး တစ်ခု အဖြစ် ပြောင်းလဲသွားသကဲ့သို့ သဘာဝ ယွမ်ချီ စွမ်းအင်များ အားလုံးကို ဝါးမြို စုပ်ယူနေပေသည်။

အတွင်းအားများ စုစည်းသွားပြီး စစ်မှန်သော ယွမ် စွမ်းအင်များက မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် အောက်ခြေ အထိ ခန်းခြောက်သွားခဲ့သည်။ ကျန်းချဲ့က နီရဲနေသော မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ပြီး တစ်ကိုယ်လုံးရှိ အရှိန်အဝါများ ပြင်းထန်စွာ ပေါက်ကွဲထွက်လာခဲ့သည်။

လက်ကို မြှောက်ကာ လက်ဝါး ဖြန့်ပြီး လက်သီးဆုပ်လိုက်သည်။ ထို့နောက် ညာဘက် လက်မောင်းကို အရှေ့သို့ ဖြည်းညင်းစွာ ထိုးထုတ်လိုက်သည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် ယွမ်ချီ စွမ်းအင်များ လှိမ့်တက်လာခဲ့သည်။ ပေခြောက်ဆယ်ခန့် ကြီးမားသော ဧရာမ ပုံသဏ္ဍာန်ကြီး တစ်ခု ဖြည်းညင်းစွာ ပုံပေါ်လာခဲ့ရာ ရွှေရောင် နဂါးပုံသဏ္ဍာန် အတွင်းအား ကြီး တစ်ခု ပင် ဖြစ်သည်။ သို့သော် ယခင်နှင့် မတူသည်မှာ ဤရွှေရောင် နဂါးကြီး အပေါ်ရှိ အကြေးခွံများက သွေးရောင် အဖြစ် ပြောင်းလဲနေခြင်း ပင် ဖြစ်သည်။

သွေးပင်လယ် မိစ္ဆာနဂါး...

ဤသည်မှာ ကျန်းချဲ့က နဂါးစိမ်း ကျန်းဟိုင် ကျင့်စဉ်နှင့် သွေးပင်လယ် သိုင်းစိတ်ဆန္ဒတို့ကို အပြန်အလှန် ပေါင်းစပ်ကာ တိုက်ပွဲ အတွင်း ဖန်တီးထားသော နည်းလမ်း ဖြစ်ပြီး စောစောက အနည်းငယ် စမ်းသပ် အသုံးပြုခဲ့ရာ စွမ်းအား အလွန် ကြီးမားခဲ့သည်။ ယခုအခါတွင်တော့ တဖြည်းဖြည်း ပြီးပြည့်စုံ လာခဲ့ပြီ ဖြစ်သည်။

ထို့အပြင် လုရှင်းယွင်ကို အသက်ရှင်လျက် ပစ်မှတ် အဖြစ် အသုံးပြုလိုက်ခြင်း ပင် ဖြစ်သည်။

"ဝုန်း..."

နဂါး ဟိန်းဟောက်သံ တစ်ခုနှင့် အတူ သွေးပင်လယ် မိစ္ဆာနဂါးကြီးက အော်ဟစ် ပျံတက်သွားပြီး လေဟာနယ်ထဲတွင် အဆက်မပြတ် လူးလွန့်နေကာ အရှိန်အဝါ အလွန် ကြီးမားလှသဖြင့် ဤနေရာရှိ လူများ အားလုံးကို အံ့ဩ တုန်လှုပ်သွားစေခဲ့သည်။ နဂါး ဟိန်းဟောက်သံ ပဲ့တင်ထပ်သွားသည်နှင့် အတူ မိစ္ဆာနဂါးကြီးက လေကို ခွင်း၍ ထွက်ပေါ်လာပြီး လုရှင်းယွင် ပြောင်းလဲထားသော အလင်းတန်းနှင့် ဝင်တိုက်သွားခဲ့သည်။

နဂါးပါးစပ်ကြီး ပွင့်လာပြီး လုရှင်းယွင်ကို တစ်လုပ်တည်း မျိုချလိုက်ကာ အတွင်းအားများ ထဲတွင် ချုပ်နှောင်ထားလျက် မြေကြီးဆီသို့ အရှိန်အဟုန်ဖြင့် ထိုးဆင်းသွားခဲ့သည်။

"ဘုန်း..."

တိုက်ပွဲ စတင်ကတည်းက အပြင်းထန်ဆုံးသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။

တိုက်ခိုက်မှုကို ဗဟိုပြု၍ ပေ ၃၀၀ ပတ်လည် အတွင်းရှိ အဆောက်အအုံများနှင့် ကျောက်တုံးများ အားလုံး အမှုန့်ကြိတ် ခံလိုက်ရပြီး ပြောင်ရှင်းသွားခဲ့သည်။ လွင့်စင်သွားသော ဖုန်လုံးကြီးများမှာ ပေပေါင်းများစွာ အမြင့်သို့ပင် ရောက်ရှိသွားခဲ့သည်။

ဆယ်စက္ကန့်ကျော် အကြာတွင် ဖုန်မှုန့်များ ကွဲလွင့်သွားခဲ့သည်။

လူတိုင်းက တိုက်ခိုက်မှု၏ အလယ်ဗဟိုကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။

နေရာတွင် ပေအတော်အတန် ကြီးမားသော ဧရာမ တွင်းပေါက်ကြီး တစ်ခု ဖြစ်ပေါ်နေပြီး ပတ်ဝန်းကျင်ရှိ မြေကြီးများမှာ ပင့်ကူအိမ် ကဲ့သို့ အက်ကြောင်းများဖြင့် ပြည့်နှက်နေပေသည်။ တိုက်ခိုက်မှု တစ်ချက်တည်း၏ စွမ်းအားက ဤမျှလောက် အထိ ကြီးမားလှပေသည်။

ဤမြင်ကွင်းကို လူတိုင်း မြင်တွေ့လိုက်ရပြီးနောက် ချက်ချင်း သေမင်းတမန်ကဲ့သို့ တိတ်ဆိတ်သွားခဲ့ကြသည်။

ယခုအခါ သူတို့ အများအပြား၏ ရင်ထဲတွင် မေးခွန်း တစ်ခု ရှိနေကြသည်။

'ဒီလို အရှိန်အဝါ မျိုး က တကယ်ပဲ ယွမ်ဟိုင်အဆင့် သိုင်းသမား ထုတ်ဖော်နိုင်တဲ့ စွမ်းအား မျိုး ဟုတ်လို့လား...'

အထူးသဖြင့် ကျန်းချဲ့က ယွမ်ဟိုင်အဆင့်သို့ ယခုမှ ဝင်ရောက်ခါစ သိုင်းသမား တစ်ယောက်သာ ဖြစ်သည်။

အထူးသဖြင့် ကျန်းချဲ့က အလွန် ပြင်းထန်သော တိုက်ပွဲကြီး တစ်ခုကို ယခုလေးတင် ဖြတ်သန်းထားခဲ့ခြင်း ပင် ဖြစ်သည်။

ဤတိုက်ခိုက်မှု ပြီးနောက်တွင် ကျန်းချဲ့၏ နည်းလမ်းများနှင့် ပတ်သက်၍ သူတို့ နောက်ဆုံးတွင် အလွန် ရှင်းလင်းသော အသိအမြင် တစ်ခု ရရှိသွားခဲ့ပြီ ဖြစ်သည်။

အံ့ဩခြင်း...

ကြောက်ရွံ့ခြင်း...

ထိတ်လန့်ခြင်း...

အတွေးပေါင်း များစွာက လူတိုင်း၏ ရင်ထဲတွင် လည်ပတ်နေပေသည်။

လေဟာနယ်ထဲတွင် ရပ်တည်နေသော ထိုပုံရိပ်ကို မော့ကြည့်လိုက်သောအခါ လူတိုင်း၏ မျက်လုံးများထဲတွင် ကြောက်ရွံ့ လေးစားမှုများ ပြည့်နှက်နေကြသည်။ တကယ့်ကို ကောင်းကင်ဘုံမှ ဆင်းသက်လာသော မိစ္ဆာနှိမ်နတ်မင်းကြီး ကဲ့သို့၊ လူ့လောကရှိ တိုက်ဆွေ့ နတ်မင်းကြီး ကဲ့သို့ပင် ဖြစ်နေပေသည်။

ယခုအခါ ကျန်းချဲ့မှာ လူအများ၏ အာရုံစိုက်မှုကို ရရှိနေပေသည်။ သို့သော် လေဟာနယ်ထဲတွင် ဆယ်စက္ကန့်ကျော် အကြာ မလှုပ်မယှက် ရပ်နေခြင်းမှာ လူအများ၏ လေးစားမှုကို ခံစားနေခြင်း မဟုတ်ဘဲ ယခုအခါ သူ အစွမ်းပြလွန်းသွားသဖြင့် စစ်မှန်သော ယွမ် စွမ်းအင်များ လုံးဝ ကုန်ခန်းသွားကာ အားနည်းချက်ကို ဖော်ပြမိမည် စိုးသဖြင့် မလှုပ်ရှားရဲခြင်း ဖြစ်ကြောင်း သူ့ဘာသာသူသာ သိရှိပေသည်။

သို့သော် အောက်ဘက်ရှိ မြင်ကွင်းကို ငုံ့ကြည့်လိုက်ပြီး ယခင်က လုမိသားစု၏ တံခါးများ ဖွင့်ထားကာ မျိုးနွယ်စု၏ အိမ်တော်များက မိုင်အနည်းငယ် အထိ ရှည်လျားခဲ့သော်လည်း ယခုအခါ သူ၏ တိုက်ပွဲ ဂယက်များ အောက်တွင် အပျက်အစီးများ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်ကို ပြန်လည် တွေးတောမိလိုက်သည်။

ရင်ထဲတွင် အဆုံးအစ မရှိသော သူရဲကောင်းဆန်သည့် ဂုဏ်ယူမှု တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

'ငါ လုပ်နိုင်ခဲ့ပြီ... ဒီမင်္ဂလာဆောင် နေ့ ကို အပျက်အစီး တွေ အဖြစ် ပြောင်းလဲပစ်မယ် လို့ ပြောခဲ့တဲ့ အတိုင်း သေချာပေါက် လုပ်နိုင်ခဲ့ပြီ...'

"တပ်မှူးကြီး စွမ်းအား ကြီးမားပါစေ..."

"တပ်မှူးကြီး စွမ်းအား ကြီးမားပါစေ..."

"တပ်မှူးကြီး စွမ်းအား ကြီးမားပါစေ..."

လုမိသားစု အနီးတစ်ဝိုက်တွင် ယခုအခါ လုမိသားစု သိုင်းသမားများ အားလုံးကို ရှင်းလင်း သုတ်သင်ပြီး ဖြစ်ရာ ကျန်ရှိနေသော စစ်သည်များ ကလည်း လေဟာနယ်ထဲရှိ ကျန်းချဲ့ကို မော့ကြည့်နေကြပြီး ကန်းတာပြောင် နှင့် တန်ယန် တို့၏ ကျယ်လောင်စွာ အော်ဟစ်မှု အောက်တွင်...

အသံလှိုင်းများက လျင်မြန်စွာ ပဲ့တင်ထပ်သွားသည်။

မရေမတွက်နိုင်သော စစ်သည်များ အားလုံးက ကျန်းချဲ့ အတွက် အားပေး သြဘာပေးနေကြသည်။

"လုမိသားစုတော့... ပြီးသွားပြီ..."

"ဟီးဟီး... ဒီတစ်ခေါက် လာရတာ တကယ်ကို အချည်းနှီး မဖြစ်ဘူး... အတက်အကျ များလှတဲ့ တိုက်ပွဲကြီး တစ်ခု ကို မြင်တွေ့ခဲ့ရပြီး နောက်ဆုံးမှာ ကျန်းချဲ့ က ဇာတ်သိမ်းပေးသွားတယ်..." တစ်ယောက်က ခေါင်းခါယမ်းကာ တိုးတိုးလေး ရယ်မောလိုက်သည်။

"နှစ်ပေါင်း နှစ်ရာ သက်တမ်း ရှိတဲ့ လုမိသားစု က ဒီနေ့ ပျက်သုဉ်းသွားပြီ... ဒါက ထိုက်အန်းဒေသ ရဲ့ ဆယ်စုနှစ်များစွာ အတွင်း ပထမဆုံး အကြိမ် ပဲ ထင်တယ်..."

"မှန်တယ်... လွန်ခဲ့တဲ့ နှစ်သုံးဆယ် က ထိုက်အန်းဒေသ သိုင်းလောက အင်အားစု အခြေအနေ တွေ တည်ငြိမ်သွားကတည်းက ဒီလောက် အလေးချိန် ရှိတဲ့ အင်အားစု မျိုး ပျက်သုဉ်းသွားတာ မရှိတော့ဘူး... ဒီကျန်းချဲ့ က တကယ်ပဲ စံချိန် သစ် တစ်ခု ကို ဖန်တီးလိုက်တာပဲ..." တစ်ယောက်က သက်ပြင်းချကာ ပြောလိုက်သည်။

လုမိသားစု ပျက်သုဉ်းသွားခြင်းက မွေးရာပါအဆင့် အင်အားစု တစ်ခု ပျက်သုဉ်းသွားခြင်း သက်သက် မဟုတ်ပေ။

သိုင်းလောက အင်အားစု ခြောက်ခု၏ ကျဆင်းမှုကို ပြသနေခြင်း ပင် ဖြစ်သည်။ ဆယ်စုနှစ်များစွာ အတွင်း အင်အားစု ခြောက်ခုက အတွင်းရေး ပြဿနာများ အဆက်မပြတ် ရှိခဲ့သော်လည်း မွေးရာပါအဆင့် အင်အားစုများ ပျက်သုဉ်းသွားခြင်းမျိုးက အလွန် ရှားပါးလှပေသည်။ အကယ်၍ ပျက်သုဉ်းသွားခဲ့လျှင်လည်း ကြီးမားသော ရန်သူကို သွားရောက် ရန်စမိသည့် အင်အား မရှိသော မွေးရာပါအဆင့် မိသားစုမျိုး သာ ဖြစ်သည်။

အစိုးရ ကတော့ လုံးဝ ဝင်ရောက် စွက်ဖက်ခဲ့ခြင်း မရှိပေ။

"ဒီထိုက်အန်းဒေသ ကတော့ သေချာပေါက် ကောင်းကင် ပြောင်းလဲသွားတော့မှာပဲ..."

"ကျန်းချဲ့ က လုမိသားစု ကို ဖျက်ဆီးတယ်၊ ကျဲအဲ့ ဘုန်းကြီး ကို သတ်ဖြတ်တယ် ဆိုတော့ နောက်ပိုင်း ကိစ္စတွေ က သေချာပေါက် အလွယ်တကူ ပြီးဆုံးသွားမှာ မဟုတ်ဘူး... မဟုတ်ရင် ကျင်းယွမ် ဘုန်းကြီးကျောင်း က နောက်ပိုင်း ဆက်ရပ်တည်လို့ ရမှာ မဟုတ်တော့ဘူး... ဇာတ်လမ်းကြီး က အခုမှ စတင် အသက်ဝင်လာတာ..."

"ဒီလောကကြီး က... တကယ်ကို ဖြတ်သန်းရ ခက်ခဲတာပဲ..."

လူအများက အဆက်မပြတ် ဆွေးနွေး ပြောဆိုနေချိန်တွင် တိုက်ပွဲ အခြေအနေကို တိတ်တဆိတ် စောင့်ကြည့်နေသော ဆေးဘုရင်တောင်ကြား၏ တောင်ကြားသခင် အိုကြီးမှာလည်း ယခုအခါ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်ပြီး မျက်လုံးများထဲတွင် ကြောက်ရွံ့ ထိတ်လန့်မှုများ ပုန်းကွယ်နေပေသည်။

'ငါ သာ အချိန်မီ နောက်မဆုတ်ခဲ့ဘူး ဆိုရင်... သေတဲ့ အထဲမှာ ငါ လည်း တစ်ယောက် အပါအဝင် ဖြစ်သွားမှာပဲ...'

ယခုအခါ သူ၏ ယခင်က ပညာရှိသော ဆုံးဖြတ်ချက်ကို သူ အလွန် လေးစားနေမိသည်။

"တောင်ကြားသခင် အိုကြီး... နောက်ပိုင်း ကျင်းယွမ် ဘုန်းကြီးကျောင်း က ဘယ်လို တုံ့ပြန်မယ် လို့ ထင်လဲ..." လီတောက်ဖျင်က လေးနက်သော အသံဖြင့် မေးလိုက်သည်။

"ဒါက ကျုပ် စိတ်ပူရမယ့် ကိစ္စ မဟုတ်ပါဘူး... ဒါပေမဲ့ ကျန်းချဲ့ ရဲ့ အရှိန်အဟုန် နဲ့ ထွက်ပေါ်လာမှု က ထိုက်အန်းဒေသ သိုင်းလောက အင်အားစု အခြေအနေ ကို သေချာပေါက် သက်ရောက်မှု ရှိလိမ့်မယ်... ဖူလုံကျောင်းတော် ကလည်း စောစောစီးစီး ပြင်ဆင်ထားသင့်တယ်... မင်းတို့ ဘက်က အကျိုးအမြတ် တွေကို အလျှော့ပေးပြီး ကျန်းချဲ့ နဲ့ စကားပြော ညှိနှိုင်းဖို့ ဆန္ဒ မရှိဘူး ဆိုရင်တော့ ဒီလူ ရဲ့ မောက်မာတဲ့ စရိုက် နဲ့ ဆိုရင် အစောပိုင်း ဖြစ်စေ၊ နောက်ပိုင်း ဖြစ်စေ သေချာပေါက် တိုက်ပွဲ တစ်ပွဲ ဖြစ်လာဦးမှာပဲ..." တောင်ကြားသခင် အိုကြီးက ပြုံးကာ ပြောလိုက်သည်။

ဆေးဘုရင်တောင်ကြား၏ စွမ်းအားက မူလကတည်းက အင်အားစု ခြောက်ခု ထဲတွင် အနိမ့်ဆုံး ဖြစ်ပြီး ၎င်း ကိုယ်တိုင်ကလည်း ထိုက်အန်းဒေသ၏ အကျိုးအမြတ်များကို အများကြီး မရရှိထားပေ။ ကျန်းချဲ့က ဆေးဘုရင်တောင်ကြား၏ နှစ်ပေါင်းများစွာ စုဆောင်းထားမှုများကို မျက်စိကျနေခြင်း မဟုတ်ပါက သေချာပေါက် ပစ်မှတ်ထား လာမည် မဟုတ်ပေ။

လီတောက်ဖျင်က ခေါင်းကို ဖြည်းညင်းစွာ ညိတ်လိုက်ပြီး သက်ပြင်း တစ်ချက် ချလိုက်သည်။

'ဒီနေ့ မြင်တွေ့လိုက်ရတာတွေ အရ ဆိုရင်... ကျန်းချဲ့ က တကယ်ကို ဆက်ဆံရ လွယ်ကူတဲ့ သူ မျိုး မဟုတ်ဘူး... စောစောစီးစီး မပြင်ဆင်ထားရင် နောက်ပိုင်း ဖူလုံကျောင်းတော် ကလည်း လုမိသားစု လိုမျိုး ဖြစ်မလာဘူး လို့ မပြောနိုင်ဘူး...'

သူက တိုက်ခိုက်ခြင်းကို မကြိုက်သော်လည်း ဖူလုံကျောင်းတော် ပျက်သုဉ်းသွားသည်ကိုတော့ လုံးဝ ကြည့်မနေနိုင်ပေ။

အချိန်အနည်းငယ် ကြာပြီးနောက် ကျန်းချဲ့က ခွန်အား အနည်းငယ် ပြန်လည် ရရှိလာပြီး လက်ထဲမှ ယွမ်ချီကျောက်တုံး နှစ်တုံးကို မြေကြီးပေါ်သို့ ပစ်ချလိုက်သည်။ ယွမ်ချီ စွမ်းအင်များ လုံးဝ ကုန်ခန်းသွားသော ယွမ်ချီကျောက်တုံးများက ယခင်ကလို မာကျောမှု မရှိတော့ဘဲ မြေဖြူမှုန့်များ ကဲ့သို့ နေရာတွင်ပင် အမှုန့် ဖြစ်သွားခဲ့သည်။

သူက ဆေးဘုရင်တောင်ကြား၏ တောင်ကြားသခင် အိုကြီး ရှိရာ ဘက်သို့ တစ်လှမ်းချင်း လျှောက်သွားလိုက်သည်။

လူအများအပြား၏ အာရုံစိုက်မှုကိုလည်း ရရှိသွားခဲ့သည်။

ထိုအခါမှ လူတိုင်းက သတိပြန်ဝင်လာကြသည်။

'ဒီတိုက်ပွဲ က လုံးဝ ပြီးဆုံးသွားတာ မဟုတ်သေးဘူးပဲ... ဘာဖြစ်လို့လဲ ဆိုတော့ ဆေးဘုရင်တောင်ကြား က အဲဒီ အဘိုးကြီး အသက်ရှင်နေသေးတယ် လေ...'

ကျန်းချဲ့က အရှိန်အဝါများကို ပြန်လည် ရုပ်သိမ်းထားသော်လည်း ဆေးဘုရင်တောင်ကြား၏ တောင်ကြားသခင် အိုကြီး၏ မျက်လုံးထဲတွင်တော့ အလွန် ထက်မြက်နေဆဲ ပင် ဖြစ်သဖြင့် ရင်ထဲတွင် မနေနိုင်ဘဲ တုန်လှုပ်သွားခဲ့ရသည်။

'ကျန်းချဲ့ က အရင်က ကတိကို ဖျက်ပြီး ငါ့ကို သတ်ချင်နေတာများလား...'

တကယ်ကို ဖြစ်နိုင်ချေ ရှိပေသည်။ မည်သို့ပင်ဆိုစေ သူနှင့် ကျန်းချဲ့ အကြား ကတိကဝတ်က အသံလှိုင်းဖြင့် ဆက်သွယ် ပြောဆိုခဲ့ခြင်း ဖြစ်ပြီး သူတို့ နှစ်ယောက်မှလွဲ၍ ဘယ်သူမှ မသိပေ။ ကျန်းချဲ့က အသိအမှတ် မပြုဘူး ဆိုလျှင်လည်း သူ ဘာမှ တတ်နိုင်မည် မဟုတ်ပေ။ လီတောက်ဖျင်က ဤမြင်ကွင်းကို မြင်သောအခါ သူနှင့် အတူ သွားရပ်လိုက်ပြီး စကားစ ပြောလိုက်သည်။

"တပ်မှူးကြီးကျန်း... တောင်ကြားသခင် အိုကြီး က ဖိတ်ကြားချက် အရ လာရုံ သက်သက် ပါ... ပြီးတော့ တိုက်ခိုက်တဲ့ အချိန်မှာလည်း နေရာတိုင်းမှာ ရှောင်လွှဲခဲ့ပြီး မင်း နဲ့ ရန်သူ မဖြစ်ချင်ခဲ့ပါဘူး... ဘာဖြစ်လို့ ဒီလောက် အတင်းအကျပ် ဖိအားပေးနေရတာလဲ... ငါတို့ ဖူလုံကျောင်းတော် ရဲ့ မျက်နှာ ကို ထောက်ထားပြီး ဒီကိစ္စ ကို မျက်ကွယ်ပြုပေးလို့ ရမလား..."

ကျန်းချဲ့က လီတောက်ဖျင်ကို လျစ်လျူရှုလိုက်သည်။ ယခင်က ကျင်းယွမ် ဘုန်းကြီးကျောင်းမှ ရိခုန်း ဘုန်းကြီးနှင့် နံပါတ်တစ် နေရာကို မျှဝေ ယူထားပြီး နာမည်ဂုဏ်သတင်း အရ ရိခုန်းထက် အနည်းငယ် သာလွန်သော ဤထိပ်တန်း ပါရမီရှင် မှာ ယခုအခါ သူနှင့် ပခုံးချင်း ယှဉ်နိုင်စွမ်း မရှိတော့ပေ။

ယွမ်ဟိုင်အဆင့် သိုင်းသမား သုံးယောက်ကို အကြိတ်အနယ် တိုက်ခိုက်ပြီး မရှုံးနိမ့်ခဲ့သော သူက ယခုအခါ ရှန်ကွမ်းအဆင့် သိုင်းသမား မထွက်ပေါ်လာသရွေ့ ထိုက်အန်းဒေသ အတွင်း မည်သူက သူ့ကို ဘာလုပ်နိုင်မည်နည်း။

"တောင်ကြားသခင် အိုကြီး... အရင်တုန်းက အတွက် ကျေးဇူးတင်ပါတယ်... အကယ်လို့ ခင်ဗျား က အချိန်မီ အမှောင် ထဲကနေ အလင်း ဘက်ကို ကူးပြောင်းပြီး တိုက်ပွဲ ကနေ မထွက်သွားခဲ့ဘူး ဆိုရင် ကျုပ် အနေနဲ့ လုရှင်းယွင် နဲ့ အဲဒီ ထိပ်ပြောင် ကို အနိုင်ယူဖို့ ဆိုတာ ဒီလောက် လွယ်ကူမှာ မဟုတ်ဘူး..."

ကျန်းချဲ့က ဆေးဘုရင်တောင်ကြား သခင်ကို ပြုံးစိစိဖြင့် ကြည့်ကာ အရာအားလုံးကို တိုက်ရိုက် ထုတ်ဖော် ပြောဆိုလိုက်သည်။

ကျန်းချဲ့၏ ဤစကားက ပတ်ဝန်းကျင်ရှိ လူများကို အုတ်အော်သောင်းနင်း ဖြစ်သွားစေခဲ့သည်။

'ဘာ အခြေအနေ လဲ... ဆေးဘုရင်တောင်ကြား သခင် က တကယ် ရှုံးသွားတာ မဟုတ်ဘဲ ကျန်းချဲ့ နဲ့ သဘောတူညီမှု ရသွားတာလား... လုမိသားစု က အိမ်ထဲကို ဝံပုလွေ ခေါ်သွင်းလိုက်တာပေါ့...'

အကြည့်ပေါင်း များစွာက သူ၏ အပေါ်သို့ ချက်ချင်း ရောက်ရှိလာသဖြင့် ဝမ်ဖျင်ကျီး၏ မျက်နှာက ချက်ချင်း တောင့်တင်းသွားခဲ့သည်။

ကျန်းချဲ့က ဤကဲ့သို့ ရုတ်တရက် လုပ်လိမ့်မည်ဟု သူ တကယ် မထင်မှတ်ထားခဲ့ပေ။ ဤကိစ္စသာ အပြင်ကို ပျံ့နှံ့သွားပါက သူ တစ်သက်လုံး တည်ဆောက်ထားသော နာမည်ကောင်းက မျက်စိတစ်မှိတ် အတွင်း ပျက်စီးသွားပြီ ပင် ဖြစ်သည်။ လူအများ၏ အခေါ်အဝေါ် တွင်ပင် တောင်ကြားသခင် အိုကြီး အဖြစ်မှ လိပ်အိုကြီး အဖြစ် ပြောင်းလဲသွားနိုင်ပေသည်။

မည်သို့ပင်ဆိုစေ အစိုးရ အသိုင်းအဝိုင်းမှ လူများနှင့် တန်းတူ ဆက်ဆံခြင်းက ကိစ္စ တစ်ခု ဖြစ်ပြီး အစိုးရ သိုင်းသမားများနှင့် ပူးပေါင်းကာ သိုင်းလောက အင်အားစုများကို နောက်ကျော ဓားနှင့်ထိုးခြင်းက အခြား ကိစ္စ တစ်ခု ပင် ဖြစ်သည်။

သို့သော် ကျန်းချဲ့က သူ့ကို ဤနေရာတွင် ရပ်ထားစေခဲ့သည်။

အကယ်၍ အသိအမှတ် မပြုပါက ကျန်းချဲ့က ဤကဲ့သို့ ပြုံးရွှင်နေသော မျက်နှာထားမျိုး ဆက်ရှိနေမည် မဟုတ်တော့ပေ။ မည်မျှပင် ခါးသီးစေကာမူ သွားကျိုးကို မျိုချရုံသာ ရှိတော့သည်။ ကျန်းချဲ့၏ စွမ်းအားကို သူ ကိုယ်တိုင် ခံစားသိရှိခဲ့ပြီးပြီ ဖြစ်ရာ ယခင်က ပူးပေါင်း တိုက်ခိုက်တာတောင် မနိုင်ခဲ့ဘဲ ယခုအခါ သူ တစ်ယောက်တည်းဖြင့် လီတောက်ဖျင် ထပ်ပေါင်းပါကလည်း ရှုံးနိမ့်သေဆုံးရန် လမ်း တစ်လမ်းသာ ရှိတော့ပေသည်။

ချက်ချင်းပင် လက်ယှက်ကာ အတင်းအဓမ္မ အပြုံး တစ်ခုကို ဖန်တီးပြီး ရယ်မောလျက် ပြောလိုက်သည်။

"တပ်မှူးကြီးကျန်း က အထင်ကြီးလွန်းနေပါပြီ... ကျုပ် က အခြေအနေ ကို နားလည်ရုံ သက်သက်ပါ... တကယ် လည်း ဆက်ပြီး တိုက်ခိုက်နိုင်စွမ်း မရှိတော့ပါဘူး..."

"ဘာပဲဖြစ်ဖြစ် ဒီနေ့ တိုက်ပွဲ ကြောင့် ကျုပ် နဲ့ တောင်ကြားသခင် အိုကြီး က မိတ်ဆွေ တွေ ဖြစ်သွားပြီ လို့ ပြောလို့ ရပါတယ်... နောက်ပိုင်း အလည်အပတ် လာရောက်ကောင်း လာရောက်ပါလိမ့်မယ်... အဲဒီအခါကျရင် တောင်ကြားသခင် အိုကြီး က တံခါး ပိတ်ပြီး အဝင်မခံတာမျိုး တော့ မလုပ်နဲ့ပေါ့..."

'ခွဲခြားပြီး အသုံးချခြင်း...'

ဤသည်မှာ ယခုအခါ ကျန်းချဲ့၏ အတွေး ပင် ဖြစ်သည်။ သူတို့ နှစ်ယောက်လုံးကို အနိုင်ယူရန် မျှော်လင့်ချက် ရှိနိုင်သော်လည်း ၎င်းက ပြင်းထန်သော ဒဏ်ရာ ရရှိသွားနိုင်သည်ဟု အဓိပ္ပာယ် သက်ရောက်နေပေသည်။ မည်သို့ပင်ဆိုစေ ယခုအခါ သူကိုယ်တိုင်လည်း လေးကြိုး လျော့နေပြီ ဖြစ်ရာ အခြေအနေ အတိုင်း လိုက်လျောညီထွေ လုပ်ဆောင်ပြီး ဆေးဘုရင်တောင်ကြားကို နာမည်ဆိုး တစ်စိတ်တစ်ပိုင်း ခံယူခိုင်းလိုက်ခြင်းက ပိုကောင်းပေသည်။

လီတောက်ဖျင် ကတော့ ယခုအခါ အနည်းငယ် အနေရခက်နေပေသည်။ အဘယ်ကြောင့်ဆိုသော် ကျန်းချဲ့က သူ့ကို လုံးဝ လျစ်လျူရှုထားသောကြောင့် ပင် ဖြစ်သည်။

"မလုပ်ရဲပါဘူး... မလုပ်ရဲပါဘူး... ကျုပ် က သေချာပေါက် နေရာ အသင့် ပြင်ထားပြီး တပ်မှူးကြီးကျန်း ကြွလာမယ့် အချိန် ကို စောင့်ကြိုနေပါ့မယ်..."

ခေါင်းငုံ့ပြီးပြီ ဖြစ်ရာ ဝမ်ဖျင်ကျီး၏ တွေးတောမှုကလည်း အလွန် ရိုးရှင်းပေသည်။ အဆင့်အတန်းကို တတ်နိုင်သမျှ ထပ်လျှော့ချလိုက်မည်။ ကျန်းချဲ့ ကဲ့သို့သော သွေးဆူလွယ်သည့် လူငယ်နှင့် ပဋိပက္ခ ဖြစ်ခြင်းက ဉာဏ်မရှိသော လုပ်ရပ် ပင် ဖြစ်သည်။

ကျန်းချဲ့က ခေါင်းကို ဖြည်းညင်းစွာ ညိတ်လိုက်ပြီးနောက် ချန်ရှန်တုန်း ရှိရာ ဘက်သို့ လှည့်ထွက်သွားခဲ့သည်။

"စီနီယာကြီးချန်... ဒီနေ့ အတွက် ကျေးဇူးတင်ပါတယ်..."

"ဟီးဟီး... ကျုပ် ကူညီလိုက်တာ က သေးငယ်တဲ့ ကိစ္စလေး ပါပဲ... ကျေးဇူးတင်စရာ မလိုပါဘူး... တပ်မှူးကြီးကျန်း ရဲ့ စွမ်းအား က ပြိုင်ဘက်ကင်း ပြီး နဂါးပုံသဏ္ဍာန် အတွင်းအား က ကျုပ် ကို မြင်ရတာတောင် ရင်ထဲမှာ ယားကျိကျိ ဖြစ်သွားစေတယ်..."

ချန်ရှန်တုန်းက ချီးကျူးစကား ပြောဆိုရင်း တိတ်တဆိတ် အရိပ်အမြွက် စတင် ပြောဆိုလိုက်သည်။

"အခွင့်အရေး ရရင်တော့ စီနီယာကြီး နဲ့ တစ်ပွဲလောက် ယှဉ်ပြိုင်ကြည့်ရမှာပေါ့... ကျုပ် ရဲ့ ကျင့်စဉ် နည်းလမ်း တွေကို သင်ယူဖို့ အခွင့်အရေး ရသွားမလား ဘယ်သူ ပြောနိုင်မှာလဲ..."

ကျန်းချဲ့က ပြုံးကာ ပြောလိုက်ပြီး လုံးဝ ဝင်ခွင့်မပေးပေ။

ယခုအခါ ဟွမ်ရှန်းရှန်း၏ မျက်လုံးများက သူ့ကိုသာ တိုက်ရိုက် ကြည့်နေပြီး စောစောကတည်းက လုံးဝ ရွှေ့ပြောင်းခြင်း မရှိခဲ့ပေ။ ဤတိုက်ပွဲ အပြီးတွင် ကျန်းချဲ့၏ ပုံရိပ်က သူမ၏ ရင်ထဲတွင် အဆုံးအစ မရှိ မြင့်မားသွားခဲ့ပြီ ဖြစ်သည်။

ကျန်းချဲ့က လက်လှမ်းခေါ်လိုက်ရာ ဟွမ်ရှန်းရှန်းကလည်း ပတ်ဝန်းကျင်ရှိ လူများ၏ ထူးဆန်းသော အကြည့်များကို ဂရုမစိုက်တော့ဘဲ ကျန်းချဲ့၏ ရင်ခွင်ထဲသို့ တိုက်ရိုက် ပြေးဝင်သွားကာ သူ့ကိုယ်ပေါ်ရှိ ယောက်ျားပီသသော အနံ့များကို အငမ်းမရ ရှူရှိုက်ရင်း တိုးတိုးလေး ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်... ကျွန်မ ရဲ့ ဒီဘဝ အတွက် အားကိုးစရာ ရှိသွားအောင် လုပ်ပေးလို့..."

"ဒါက မင်း ရသင့်တဲ့ အရာ ပါ..."

ဟွမ်ရှန်းရှန်းက အင်အားကြီးသူကို အနည်းငယ် မြတ်နိုးသော်လည်း အနည်းဆုံးတော့ သူ့ရှေ့တွင် အလွန် လိမ္မာ နာခံမှု ရှိသည်ကို ပြသနေသဖြင့် ကျန်းချဲ့ အနေဖြင့် သူ၏ အတောင်ပံများကို ဖြန့်ကျက်ကာ သူမ အတွက် မှီခိုရာ နေရာလေး တစ်ခု ပေးရန် ဝန်မလေးပေ။

All Chapters