← Chapters

အခန်း ၁၄၉

Vol. 15 Ch. 149

အခန်း ၁၄၉

Vol. 15 Ch. 149

အခန်း (၁၄၉) အဆင့်တက်ခြင်း... ယွမ်ဟိုင် အထွတ်အထိပ်...

ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြီး တစ်ခုက မျက်စိတစ်မှိတ် အတွင်း ပေါက်ကွဲထွက်လာပြီး ၎င်း၏ အရှိန်အဝါက အလွန် ကြီးမားလှသဖြင့် ပေပေါင်းများစွာ အတွင်းရှိ သိုင်းသမားများ အားလုံးမှာ ကိုယ်ပေါ်တွင် တောင်ကြီး တစ်လုံးကို ထမ်းထားရသကဲ့သို့ ခံစားလိုက်ရပြီး ကြီးမားသော ဖိအားကြောင့် အသက်ရှူပင် ကျပ်လာခဲ့သည်။

သိုင်းသမား အများအပြားမှာ နေရာတွင်ပင် မြေကြီးပေါ်သို့ မှောက်ခုံ လဲကျသွားခဲ့ရသည်။

အရှေ့ရှိ ဆံပင်ဖြူ အဘိုးအိုကို ကြောက်ရွံ့ တုန်လှုပ်စွာဖြင့် ကြည့်နေကြပြီး မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်နေပေသည်။

"စီနီယာကြီး... စီနီယာကြီး သနားပါဦး..."

အပြာရောင် ဝတ်စုံနှင့် အဘိုးအိုကို လမ်းဖယ်ပေးရန် စောစောက အော်ဟစ်ခဲ့သော သိုင်းသမား တစ်ယောက်မှာ အကြောက်လွန်ပြီး စကားပင် ထစ်နေခဲ့သည်။

"ငါ က လုကျန်းဟယ်... လုမိသားစု မှာ ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာ အကုန်လုံး ပြောပြစမ်း..."

အဘိုးအိုက လေးနက်သော အသံဖြင့် မေးလိုက်သည်။

"လု... လုကျန်းဟယ်..."

ပတ်ဝန်းကျင်ရှိ လူများ အားလုံး ပါးစပ် အဟောင်းသား ဖြစ်သွားပြီး မျက်နှာပေါ်တွင် ထိတ်လန့်မှုများ ပြည့်နှက်သွားခဲ့သည်။

သူတို့က လုမိသားစု ခြံဝင်းသို့ ပစ္စည်းများ လာရောက် ရှာဖွေသူများ ဖြစ်ရာ အချင်းချင်း စကားပြောဆိုရင်း လုမိသားစု ခြံဝင်း တိုက်ပွဲ အကြောင်းကို သေချာပေါက် ဆွေးနွေး ပြောဆိုခဲ့ကြပြီး လုကျန်းဟယ် ဆိုသည့် နာမည်ကိုလည်း ထည့်သွင်း ပြောဆိုခဲ့ကြဖူးသည်။ ထို့ကြောင့် လူတိုင်းက ဤနာမည်ကို မစိမ်းကြပေ။

လုမိသားစု၏ စတုတ္ထမြောက် မျိုးဆက် ဘိုးဘေး ဖြစ်ပြီး လုမိသားစုကို ထိပ်တန်း အင်အားစု ခြောက်ခု စာရင်းဝင် ဖြစ်အောင် တကယ်တမ်း ဦးဆောင်ခဲ့သူ ဖြစ်ကာ သူ ကိုယ်တိုင် ကလည်း ရှန်ကွမ်းအဆင့် အင်အားကြီးသူ တစ်ဦး ပင် ဖြစ်သည်။ လွန်ခဲ့သော ဆယ်စုနှစ်များစွာက ထိုက်အန်းဒေသ တစ်ခုလုံးကို တုန်လှုပ်စေခဲ့သူ ဖြစ်သည်။

သို့သော် မကြာသေးမီ နှစ်များ အတွင်းတွင် သတင်း အစအန ပျောက်ကွယ်သွားခဲ့သည်။

လူအများစုက သူ သေဆုံးသွားပြီဟု ထင်မှတ်ထားခဲ့ကြသဖြင့် ကျန်းချဲ့က လုမိသားစု အပေါ် ဤမျှလောက် ရက်စက်စွာ ပြုမူရဲခြင်း ဖြစ်သည်ဟု ထင်ခဲ့ကြသည်။ ဤလူက လုံးဝ သေဆုံးမသွားဘဲ ဤအချိန်တွင် ထိုက်အန်းဒေသသို့ ပြန်ရောက်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြပေ။

"ပြောစမ်း..."

လုကျန်းဟယ်က အရှေ့ရှိ လူကို စူးစိုက်ကြည့်ကာ မိုးကြိုးသံ ကဲ့သို့ ကျယ်လောင်စွာ ဟစ်အော်လိုက်သည်။

"ဟုတ်ကဲ့... ဟုတ်ကဲ့... ဟုတ်ကဲ့ပါ..."

ထိုလူက အဆက်မပြတ် ခေါင်းညိတ်လိုက်ပြီး ဤကဲ့သို့သော အင်အားကြီးသူ၏ အမိန့်ကို လုံးဝ မငြင်းဆန်ရဲဘဲ လုမိသားစု ခြံဝင်း တိုက်ပွဲ၏ အဖြစ်အပျက် အားလုံးကို အသေးစိတ် ပြန်လည် ပြောပြလိုက်သည်။

လုမိသားစု ပျက်သုဉ်းသွားပြီး ကတည်းက လွန်ခဲ့သော ရက်အနည်းငယ် အတွင်း သိုင်းလောကတွင် သတင်း မျိုးစုံ ပျံ့နှံ့နေခဲ့သဖြင့် သူက ဤကိစ္စနှင့် ပတ်သက်၍ အလွန် ရင်းနှီး ကျွမ်းဝင်နေပေသည်။

လုဖျင်ကျိုး မင်္ဂလာဆောင်သည့် နေ့မှ စတင်ကာ ကျန်းချဲ့က လူလွှတ်ပြီး ငန်းမွေး တစ်သေတ္တာ ပို့ဆောင်ခဲ့ပုံ၊ ထို့နောက် လုမိသားစု အတွင်းသို့ တိတ်တဆိတ် ဝင်ရောက်ကာ လုဖျင်ကျိုး ကိုယ်စား သတို့သမီး အခန်းထဲ ဝင်ရောက်ပြီး ရေခဲဖီးနစ် ဝိညာဉ်စွမ်းအင်ကို ရယူကာ အဆင့်တက်သွားခဲ့ပုံ။

ထို့နောက် လုဖျင်ကျိုးကို ရက်စက်စွာ သတ်ဖြတ်ခဲ့ပြီး ကျင်းယွမ် ဘုန်းကြီးကျောင်းမှ ကျဲအဲ့ ဘုန်းကြီး၊ ဆေးဘုရင်တောင်ကြားမှ တောင်ကြားသခင် အိုကြီး ဝမ်ဖျင်ကျီး နှင့် လုမိသားစု၏ လက်ရှိ ခေါင်းဆောင် လုရှင်းယွင် တို့ သုံးယောက်ကို အကြိတ်အနယ် တိုက်ခိုက်ခဲ့ပုံ...

ဝမ်ဖျင်ကျီး ရှုံးနိမ့်သွားပုံ၊ ကျဲအဲ့ ဘုန်းကြီး အရှင်လတ်လတ် နှစ်ပိုင်း ဆွဲဖြဲခံရပုံ၊ လုရှင်းယွင် အရိုးပြာပင် မကျန်တော့ပုံ၊ ထို့နောက် လုမိသားစု တစ်ခုလုံးကို ကျန်းချဲ့ အမိန့်ဖြင့် သတ်ဖြတ်ကာ နောက်ဆုံးတွင် ပြာပုံ အဖြစ် မီးရှို့ ဖျက်ဆီးပစ်ခဲ့ပုံ များကို...

"ကျွန်တော်မျိုး... ကျွန်တော်မျိုး သိတာကတော့... ဒါပါပဲ..."

"ရှင်းယွင်... ဖျင်ကျိုး..."

လုကျန်းဟယ်က လုမိသားစု အပျက်အစီးများကို မျက်နှာမူလျက် မျက်လုံး အိမ်များ မျက်ရည် ပြည့်လာပြီး အင်္ကျီလက် အောက်ရှိ လက်သီးများကို တင်းကျပ်စွာ ဆုပ်ထားလိုက်သည်။

'သူ... သူ နောက်ဆုံးတော့ အနည်းငယ် နောက်ကျသွားခဲ့ပြီပဲ...'

လွန်ခဲ့သော အချိန်များက သူက လုရှင်းယွင် ထံမှ စာတစ်စောင် ရရှိခဲ့ပြီး ထိုစာထဲတွင် ထိုက်ဆန်းမြို့စောင့် တပ်မှူးကြီး အသစ် ကျန်းချဲ့ အကြောင်းကို ထည့်သွင်း ရေးသားထားကာ လုမိသားစုနှင့် ရန်ငြိုး ဖွဲ့မိကြောင်း ရှင်းပြထားခဲ့သည်။

ထိုစဉ်က သူ ထင်မှတ်ခဲ့သည်မှာ ကျန်းချဲ့ မည်မျှပင် မောက်မာစေကာမူ မွေးရာပါ အစပိုင်းအဆင့် သာ ရှိသေးသော လူငယ် တစ်ယောက် သက်သက်သာ ဖြစ်သဖြင့် လုမိသားစု၏ နေရာနှင့် လုံခြုံရေးကို လုံးဝ ခြိမ်းခြောက်နိုင်မည် မဟုတ်ဘူးဟု ထင်ခဲ့သည်။

ထို့အပြင် ထိုစဉ်က သူ၏ လက်ထဲတွင် ချက်ချင်း ဖြေရှင်း၍ မရနိုင်သော ကိစ္စ အချို့ ရှိနေခဲ့သဖြင့် ထွက်မလာနိုင်ခဲ့ပေ။

သူ၏ ကိစ္စများ ပြီးဆုံးသွားပြီး ပြန်လာသည့် အချိန်တွင်တော့...

မြင်လိုက်ရသည်မှာ ပြိုကျ ပျက်စီးနေသော အဆောက်အအုံများနှင့် အပျက်အစီးများ သက်သက်သာ ဖြစ်နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

ယခုအခါ ရင်ထဲရှိ ဒေါသမီးများကို လုံးဝ ဖိနှိပ်၍ မရနိုင်တော့ပေ။

နှစ်ပေါင်း နှစ်ရာ သက်တမ်း ရှိသော လုမိသားစု က ဤနေရာတွင် ပျက်သုဉ်းသွားခဲ့ရပြီ။

တစ်မျိုးနွယ်လုံးရှိ လူကြီး လူငယ် အားလုံး အသတ်ခံလိုက်ရရာ သူ့ကို ဘယ်လို လုပ် ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။

ခေါင်းကို လှည့်ကာ စောစောက လူကို စူးစိုက်ကြည့်ပြီး လေးနက်သော အသံဖြင့် မေးလိုက်သည်။

"ကျန်းချဲ့... ဘယ်မှာလဲ..."

ကျန်းချဲ့က ယခုအခါ မည်သည့် နေရာတွင်မှ မရှိဘဲ လူသူကင်းမဲ့သော တောင်တန်းများ ကြားတွင် ရောက်ရှိနေပေသည်။

ဆေးဘုရင်တောင်ကြား မှ ထွက်လာပြီးနောက် ကျန်းချဲ့၏ လက်ထဲရှိ ယဇ်ပူဇော်စရာ ပစ္စည်းများ အားလုံး စုဆောင်း မိသွားပြီ ဖြစ်ရာ အချိန်ဆွဲနေရန် မလိုအပ်တော့ဘဲ အမြန်ဆုံး အဆင့်တက်ရန်သာ လိုအပ်ပေသည်။ မည်သို့ပင်ဆိုစေ သူ၏ ယဇ်ပူဇော်မှု အမြန်နှုန်းက အလွန် မြန်ဆန်ပေသည်။

ဘယ်သူမှ လုံခြုံရေး စောင့်ရှောက်ပေးစရာ မလိုသလို ကျင့်ကြံမှုကို တည်ငြိမ်အောင် လုပ်ရန်လည်း မလိုအပ်ပေ။

မတ်စောက်သော တောင်ထွတ် တစ်ခု အပေါ်တွင်...

ကျန်းချဲ့က လပြည့်ဝန်းကို မျက်နှာမူလျက် တင်ပျဉ်ခွေ ထိုင်ကာ မျက်လုံးများကို မှိတ်ပြီး အသက်ရှူ လေ့ကျင့်နေပေသည်။

ဤသည်မှာ သူ လောက ကူးပြောင်းလာပြီး ကတည်းက အမြန်ဆန်ဆုံးသော ယဇ်ပူဇော်မှု တစ်ခု ဖြစ်နိုင်ပြီး ဘာအနှောင့်အယှက် မှ မကြုံတွေ့ခဲ့ရသလောက် ပင် ဖြစ်ကာ လက်ထဲရှိ အရင်းအမြစ်များက ယဇ်ပူဇော်စရာ ပစ္စည်း အများစုကို ဖြည့်ဆည်းပေးနိုင်ခဲ့သည်။

ဝမ်ရှိုခြံဝင်း နှင့် ဆေးဘုရင်တောင်ကြား၊ တစ်ခုကို စည်းရုံးနိုင်ခဲ့ပြီး တစ်ခုကို အပြင်ပန်းတွင် ဖိအားပေး ခြိမ်းခြောက်နိုင်ခဲ့သဖြင့် အရွက်ခုနစ်ရွက် ဝိညာဉ်မှို နှင့် အရွက်လေးရွက် ဝိညာဉ်ဂျင်ဆင်း နှစ်မျိုးစလုံး ကလည်း လုံးဝ ပြဿနာ မဟုတ်တော့ပေ။

စိတ်အာရုံကို ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင် နေရာ အတွင်းသို့ နစ်ဝင်သွားစေခဲ့သည်။

[ယဇ်ပူဇော်မည့် ပစ်မှတ် - ယွမ်ဟိုင် အထွတ်အထိပ် အဆင့်၊ နဂါးစိမ်း ကျန်းဟိုင် ကျင့်စဉ် အောင်မြင်ခြင်း။]

[ယဇ်ပူဇော်ရန် လိုအပ်ချက် - ယွမ်ချီကျောက်တုံး လေးဆယ်၊ အရွက်ခုနစ်ရွက် ဝိညာဉ်မှို တစ်ပင်၊ အဆင့်လေး ဝိညာဉ်ဂျင်ဆင်း တစ်ပင်၊ သွေးနီကျောက်စိမ်း နဂါးမြစ် တစ်ခု... သက်တမ်း ငါးနှစ် လျှော့ချမည်၊ လက်ကျန် သက်တမ်း တစ်ရာ့လေးဆယ့်ငါးနှစ်... ပူဇော်မည်လား]

စိတ်ဆန္ဒ တစ်ချက် ပေါ်လာသည်နှင့် နက်နဲသော ခံစားမှု တစ်ခု ချက်ချင်း ဖြစ်ပေါ်လာခဲ့သည်။

[ပူဇော်မည်]

ကျန်းချဲ့၏ စိတ်ဆန္ဒ ပေါ်လာသည့် အခိုက်အတန့်တွင် ယဇ်ပလ္လင်ကျောက်တိုင် အပေါ်ရှိ နက်နဲသော အက္ခရာ လိုင်းများက အဆက်မပြတ် လင်းလက်လာပြီး မျက်စိတစ်မှိတ် အတွင်းမှာပင်...

ယခင်က တိတ်ဆိတ် ငြိမ်သက်နေသော ယဇ်ပလ္လင်ကျောက်တိုင် က နိုးထလာခဲ့သည်။

ထို့နောက်...

မီးခိုးရောင် အလင်းတန်း တစ်ခုက ယဇ်ပလ္လင်ကျောက်တိုင် အတွင်းမှ ထွက်ပေါ်လာပြီး အရွက်ခုနစ်ရွက် ဝိညာဉ်မှို နှင့် သွေးနီကျောက်စိမ်း နဂါးမြစ် တို့ အပေါ်တွင် အဆက်မပြတ် လှည့်ပတ်နေပေသည်။

ယဇ်ပူဇော်စရာ ပစ္စည်း လေးမျိုး ကို သပ်ရပ်စွာ စီရီထားသည်။

ထို့နောက် မီးခိုးရောင် အလင်းတန်း လင်းလက်သွားချိန်တွင် ယဇ်ပလ္လင်ကျောက်တိုင် အရှေ့တွင် စီစဉ်ထားသော ယဇ်ပူဇော်စရာ ပစ္စည်း အားလုံးကို အလျင်အမြန် ဝါးမြို စုပ်ယူသွားပြီး ယဇ်ပလ္လင်ကျောက်တိုင် အတွင်းသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားခဲ့သည်။

နောက်တစ်ခဏတွင် ကြီးမားလှသော စွမ်းအား တစ်ခုက သက်တမ်း တစ်ခုကို အတင်းအဓမ္မ ဆွဲယူသွားခဲ့သည်။

သက်တမ်း ငါးနှစ် လျှော့ချခြင်း...

ဆိုလိုသည်မှာ ယခုအခါ ကျန်းချဲ့၏ သက်တမ်းမှာ တစ်ရာ့လေးဆယ်နှစ် သာ ကျန်ရှိတော့သည်ဟု အဓိပ္ပာယ် သက်ရောက်ပေသည်။

အများကြီး မဟုတ်သော်လည်း လုံလောက်ပေသည်။

ယဇ်ပူဇော်စရာ ပစ္စည်းများ အားလုံး စုပ်ယူ ဝါးမြို ခံလိုက်ရပြီးနောက် ရင်းနှီးနေသော အစိမ်းနှင့် အနီရောင် အလင်းတန်း နှစ်ခု ကလည်း တဖြည်းဖြည်း ထွက်ပေါ်လာပြီး ကျောက်တိုင် အတွင်းတွင် လှည့်ပတ်နေပေသည်။

အစိမ်းရောင် အလင်းတန်းက အရင်ဆုံး တုံ့ပြန်မှု ပြသလာပြီး လင်းလက်သွားသည်နှင့် ကျန်းချဲ့၏ ခန္ဓာကိုယ် အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

မျက်စိတစ်မှိတ် အတွင်း ကောင်းကင်နှင့် မြေကြီး ပြောင်းလဲသွားခဲ့သည်။

ယခင်ကလိုပင် ကျန်းချဲ့က ထူးဆန်းသော စိတ်ကူးယဉ် ကမ္ဘာ တစ်ခု အတွင်းသို့ ထပ်မံ ကျရောက်သွားခဲ့သည်။

မြင်ကွင်းများ ကလည်း လုံးဝ တစ်ပုံစံတည်း ပင် ဖြစ်သည်။

သူက လေဟာနယ်ထဲတွင် ခြေချ ရပ်နေပြီး မျက်စိဖြင့် မြင်ရသမျှမှာ အဆုံးအစ မရှိသော အနက်ရောင် ပင်လယ်ပြင်ကြီး သာ ဖြစ်ပြီး ပတ်ဝန်းကျင် တစ်ခုလုံးက သေမင်းတမန်ကဲ့သို့ တိတ်ဆိတ်နေကာ မည်သည့် သက်ရှိ သတ္တဝါ မှ ရှိသည့် အရိပ်အယောင် မတွေ့ရပေ။

သူ၏ ခေါင်းပေါ်တွင်မူ အနက်ရောင် တိမ်တိုက်များ စုစည်းနေပြီး မိုးကြိုးများ ဟိန်းဟောက်နေပေသည်။

အောက်ဘက်ရှိ အနက်ရောင် ပင်လယ်ပြင်ကြီး နှင့် အပြန်အလှန် ပေါင်းစပ်ကာ ထူးဆန်းသော မြင်ကွင်း တစ်ခုကို ဖန်တီးနေပေသည်။

ကျန်းချဲ့က တည်ငြိမ်သော မျက်နှာထားဖြင့် ကောင်းကင်နှင့် မြေကြီး အကြား လေပြင်း မုန်တိုင်းများ ထန်လာမည့် အချိန်ကို တိတ်တဆိတ် စောင့်ဆိုင်းနေပေသည်။

"ဝုန်း..."

မိုးကြိုးသံများနှင့် အတူ အနက်ရောင် မိုးပေါက်များ ကျဆင်းလာသော်လည်း သူ၏ ကိုယ်ပေါ်သို့ ကျရောက်လာချိန်တွင် ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့ပြီး တစ်ချိန်တည်းမှာပင် နက်နဲပြီး ကြီးမားသော အငွေ့အသက် တစ်ခု လည်း ထွက်ပေါ်လာခဲ့သည်။

ခေါင်းမော့ကြည့်လိုက်ရာ ကျန်းချဲ့၏ အကြည့်များက...

အနက်ရောင် တိမ်တိုက်များ အတွင်း ပုန်းကွယ်နေသော ဧရာမ သတ္တဝါကြီး ကို မြင်တွေ့လိုက်ရသည်။

အနက်ရောင် တိမ်တိုက်များ ဖုံးကွယ်ထားပြီး မိုးကြိုးများက ကာကွယ်ပေးထားသည်။

ယခု မြင်ကွင်းက အလွန် ဖိအား ကြီးမားလှပေသည်။

ကောင်းကင်နှင့် မြေကြီး အကြားတွင် သူနှင့် ထိုပုန်းကွယ်နေသော သတ္တဝါကြီး သာ ရှိနေသကဲ့သို့ ပင် ဖြစ်သည်။

ကျန်းချဲ့က စိတ်အာရုံ တည်ငြိမ်နေပြီး အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိပေ။

အချိန်များ ကုန်ဆုံးသွားသည်နှင့် အမျှ ယခင်က ဖြည်းညင်းစွာ ရွာသွန်းနေသော မိုးပေါက်များက နောက်ဆုံးတွင် သည်းထန်သော မိုးကြီး အဖြစ် ပြောင်းလဲသွားပြီး အနက်ရောင် တိမ်တိုက်များ အတွင်း ပုန်းကွယ်နေသော သတ္တဝါကြီး ကလည်း သူ၏ ပုံစံ အစစ်အမှန်ကို ထုတ်ဖော် ပြသလာခဲ့သည်။

စစ်မှန်သော နဂါးကြီး တစ်ကောင် ပင် ဖြစ်သည်။

နဂါး ကိုယ်ထည်က အနက်ရောင် ဖြစ်သော်လည်း ရွှေရောင် အက္ခရာ လိုင်းများ ရောယှက်နေပြီး နဂါးခေါင်းက ပေပေါင်းများစွာ အရွယ်အစား ရှိကာ မျက်လုံး နှစ်လုံးက နီရဲနေပြီး မှောင်မိုက်နေသော ကမ္ဘာကြီး ထဲတွင် အနီရောင် မီးအိမ် နှစ်လုံး ကဲ့သို့ ဖြစ်နေပေသည်။

အနက်ရောင် တိမ်တိုက်များ အတွင်းမှ ထွက်ပေါ်လာပြီး နဂါး ဟိန်းဟောက်သံများ ဆက်တိုက် ထွက်ပေါ်နေပေသည်။

ခန္ဓာကိုယ် ပတ်လည်တွင် မိုးကြိုးများ လှည့်ပတ်နေပြီး အရှိန်အဝါက အလွန် ကြောက်မက်ဖွယ် ကောင်းလှပေသည်။

နှိုင်းယှဉ်ကြည့်မည် ဆိုလျှင် ယခုအခါ ကျန်းချဲ့က ပုရွက်ဆိတ် တစ်ကောင် ကဲ့သို့ သေးငယ်နေပေသည်။

သို့သော် ယခင် အတွေ့အကြုံ ရှိခဲ့ဖူးသဖြင့် ယခုအခါ ကျန်းချဲ့က လုံးဝ ကြောက်ရွံ့ခြင်း မရှိဘဲ လက်နှစ်ဖက်ကိုပင် ဖြန့်ကားကာ နဂါးပုံသဏ္ဍာန် သတ္တဝါကြီး က သူ့ကို လာရောက် ဝါးမြိုမည့် အချိန်ကို စောင့်ဆိုင်းနေပြီး နဂါး ဟိန်းဟောက်သံ တစ်ခုနှင့် အတူ...

ထိုအနက်ရောင် နဂါးကြီး က သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာခဲ့သည်။

သို့သော် ယခင်က တစ်လုပ်တည်း ဝါးမြိုလိုက်သည်နှင့် မတူညီဘဲ ဤတစ်ကြိမ် နဂါးပုံသဏ္ဍာန် သတ္တဝါကြီး အနီးသို့ ရောက်လာချိန်တွင် သူ၏ ခန္ဓာကိုယ်က လျင်မြန်စွာ သေးငယ်သွားပြီး သူ ကတော့ ဧရာမလူသားကြီး တစ်ယောက် ကဲ့သို့ တစ်စစီ ကြီးမားလာခဲ့သည်။

နောက်ဆုံးတွင် ခန္ဓာကိုယ် အရွယ်အစား က အနက်ရောင် နဂါးကြီး ကိုပင် ကျော်လွန်သွားခဲ့သည်။

အနက်ရောင် နဂါးကြီး က သူ့ဆီသို့ ဆက်လက် ဝင်ရောက်လာပြီး အဆုံးအစ မရှိသော အနက်ရောင် တိမ်တိုက်များ နှင့် မိုးကြိုး အလင်းရောင်များ တောက်ပကာ မျက်စိတစ်မှိတ် အတွင်း သူ၏ ကိုယ်ပေါ်သို့ ဝင်တိုက်သွားခဲ့သည်။ ဤအခိုက်အတန့်တွင် သူက အဆုံးအစ မရှိသော တွင်းနက်ကြီး တစ်ခု ကဲ့သို့...

ထိုစစ်မှန်သော နဂါးကြီး ကို လုံးဝ ဝါးမြို စုပ်ယူလိုက်သည်။

သူ၏ ကိုယ်ပေါ်တွင်လည်း ထူးဆန်းသော ခံစားချက် တစ်ခု ဖြစ်ပေါ်လာပြီး ရင်ဘတ်ရှိ အဝတ်အစားများကို ဖယ်ရှား ကြည့်လိုက်ရာ ရင်ဘတ် ပေါ်တွင် နဂါးပုံသဏ္ဍာန် တက်တူး တစ်ခု ထင်ရှားစွာ ပေါ်လာပြီးနောက် ဖြည်းညင်းစွာ ခန္ဓာကိုယ် အတွင်းသို့ ဝင်ရောက် ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။

မျက်စိတစ်မှိတ် အတွင်း ကမ္ဘာကြီး တစ်ခုလုံး လေပြင်းများ တိုက်ခတ်ပြီး မိုးကြိုးများ ပစ်ကာ ပင်လယ် လှိုင်းတံပိုးများ လှိမ့်တက်လာခဲ့သည်။

"ဘုန်း..."

နောက်တစ်ခဏတွင် ကောင်းကင်နှင့် မြေကြီး ပြိုကွဲသွားခဲ့သည်။

ပြိုကွဲသွားသည့် အခိုက်အတန့် တွင် ပိုမို နက်ရှိုင်းသော နားလည် သဘောပေါက်မှု အများအပြားက သူ၏ စိတ်ထဲသို့ ဝင်ရောက်လာခဲ့ပြီး သူ လည်း စိတ်အာရုံ ကြည်လင်သွားကာ တဖြည်းဖြည်း သတိပြန်ရလာခဲ့သည်။

မျက်လုံးများ ဖွင့်လိုက်ရာ ကျန်းချဲ့၏ အကြည့်များ ထဲတွင် အလင်းရောင်များ တောက်ပနေပေသည်။

နဂါးစိမ်း ကျန်းဟိုင် ကျင့်စဉ် ၏ ထူးကဲစွမ်းရည် မျိုးစုံကို နားလည် သဘောပေါက်မှုက နောက်တစ်ဆင့် ထပ်မံ မြင့်တက်သွားခဲ့သည်။

ထို့နောက် ကျန်းချဲ့ အများကြီး ခံစား နားလည်ရန် အချိန် မပေးဘဲ ကျောက်တိုင် အတွင်းရှိ ကျန်ရှိနေသော အနီရောင် အလင်းတန်း က ခန္ဓာကိုယ် အတွင်းသို့ ဝင်ရောက်လာခဲ့သည်။

အနီရောင် အလင်းတန်း ပျောက်ကွယ်သွားသည့် အခိုက်အတန့် တွင် လေဟာနယ်ထက်၌...

ယွမ်ချီ စွမ်းအင် အများအပြား ထွက်ပေါ်လာပြီး သူ့ကို ဗဟိုပြုကာ ဝဲကတော့ တစ်ခု အဖြစ် ပြောင်းလဲသွားခဲ့သည်။

ဒန်တျန် အတွင်းတွင်...

ရွှေရောင် မွေးရာပါ တာအိုမျိုးစေ့ က လျင်မြန်စွာ လင်းလက်လာပြီး စစ်မှန်သော ယွမ် စွမ်းအင် ဆယ်စက်ခန့် က ဆူပွက်နေသကဲ့သို့ အဆက်မပြတ် တုန်ခါနေပေသည်။

အပြင်ဘက်တွင် သဘာဝ ယွမ်ချီ ဝဲကတော့ကြီး က ပို၍ ပို၍ ကြီးမားလာပြီး ကျန်းချဲ့၏ ခန္ဓာကိုယ် ဆီသို့ အဆုံးအစ မရှိ ဝင်ရောက်လာခဲ့သည်။

ခန္ဓာကိုယ်၏ အကြောပေါက် ကိုးပေါက် စလုံး ပွင့်လာပြီး ယွမ်ချီ စွမ်းအင်များကို အပြည့်အဝ စုပ်ယူနေကြသည်။

လှိမ့်တက်နေသော ယွမ်ချီ စွမ်းအင်များက အကြောပေါက်များနှင့် သွေးကြောများ အတိုင်း ဒန်တျန် အတွင်းသို့ ဝင်ရောက်လာပြီးနောက် ဒန်တျန် အတွင်းတွင် ထူးဆန်းသော ရွှေရောင် မြူခိုး တစ်ခု အဖြစ် ပြောင်းလဲကာ လျင်မြန်စွာ စုစည်းလာခဲ့သည်။

မြူခိုးများ အမြင့်ဆုံး အတိုင်းအတာ သို့ ရောက်ရှိသွားသောအခါ...

ရွှေရောင် မိုးရေပေါက်လေး တစ်ပေါက် က အောက်ဘက်ရှိ စစ်မှန်သော ယွမ် စွမ်းအင်များ ထဲသို့ ကျဆင်းသွားပြီး ပေါင်းစပ်သွားခဲ့သည်။

ခလုတ် တစ်ခုကို ဖွင့်လိုက်သကဲ့သို့ ယခုအခါ မိုးရေပေါက်လေးများ တစ်ပေါက်ပြီး တစ်ပေါက် ကျဆင်းလာပြီး စစ်မှန်သော ယွမ် စွမ်းအင် အဖြစ် ပြောင်းလဲသွားကာ သူ၏ ဒန်တျန် အတွင်းရှိ ပါးလွှာသော စစ်မှန်သော ယွမ် စွမ်းအင်များ ကလည်း မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် တိုးပွားလာခဲ့သည်။

တဟုန်ထိုး တိုးတက်ခြင်း...

တဟုန်ထိုး တိုးတက်ခြင်း...

စစ်မှန်သော ယွမ် စွမ်းအင်များ ကျယ်ပြန့်လာပြီး သူ၏ ကိုယ်ပေါ်ရှိ အရှိန်အဝါ များကလည်း အဆင့်ဆင့် မြင့်တက်လာခဲ့သည်။

ကျန်းချဲ့၏ ကျင့်ကြံမှု တိုးတက်လာသည်နှင့် အမျှ ယခုအခါ အဆင့်တက်ခြင်းကြောင့် ဖြစ်ပေါ်လာသော ယွမ်ချီ ဝဲကတော့ကြီး ကလည်း ပို၍ ပို၍ ကြီးမားလာပြီး တစ်ချက် ကြည့်လိုက်လျှင် ပေတစ်ရာခန့် အရွယ်အစား ရှိနေကာ မိုးကြိုးသံ ကဲ့သို့ ကျယ်လောင်သော အသံများ အဆက်မပြတ် ထွက်ပေါ်နေပေသည်။

အချိန်များ ဖြည်းဖြည်းချင်း ကုန်ဆုံးသွားသည်။

သူ၏ ကျင့်ကြံမှု ကတော့ အလွန် လျင်မြန်စွာ တိုးတက်နေပေသည်။

ကျဆင်းလာသော မိုးရေပေါက်များ ပိုမို များပြားလာသည်နှင့် အမျှ ယခုအခါ ကျန်းချဲ့၏ ဒန်တျန် အတွင်း စုဆောင်းထားသော စစ်မှန်သော ယွမ် စွမ်းအင်များ ကလည်း တစ်ဝက်ကျော် သွားခဲ့ပြီ ဖြစ်သည်။

စစ်မှန်သော ယွမ် စွမ်းအင်များ အပြည့်အဝ ပြည့်လျှံသွားသည့် အချိန်တွင် ယွမ်ဟိုင် အထွတ်အထိပ် အဆင့်သို့ လုံးဝ ရောက်ရှိသွားမည် ပင် ဖြစ်သည်။

ဆက်လက်၍...

လျင်မြန်စွာ...

တဟုန်ထိုး တိုးတက်ခြင်း...

ကြီးမားလှသော ယွမ်ချီ စွမ်းအင်များ ဝင်ရောက်လာမှုနှင့် ကျင့်ကြံမှု တဟုန်ထိုး တိုးတက်လာမှု အောက်တွင် ကျန်းချဲ့၏ တစ်ကိုယ်လုံးရှိ သွေးသားများ က ပုံမှန် မဟုတ်ဘဲ ဆူပွက်နေကာ သွေးကြောများ အားလုံး ထောင်ထနေပြီး အရေပြားများ ကလည်း နီရဲနေပေသည်။

နောက်ဆုံးတွင် ဒန်တျန် အတွင်းမှ ကြီးမားသော ပေါက်ကွဲသံ တစ်ခုနှင့် အတူ...

လေဟာနယ်ထဲရှိ ဧရာမ ယွမ်ချီ ဝဲကတော့ ကြီး က ဖြည်းညင်းစွာ ပျောက်ကွယ်သွားပြီး ကောင်းကင်နှင့် မြေကြီး အကြား ပြန်လည် နစ်မြုပ် ပျောက်ကွယ်သွားခဲ့သည်။

ခန္ဓာကိုယ်၏ အကြောပေါက် ကိုးပေါက် စလုံး ပိတ်သွားခဲ့သည်။

ရွှေရောင် မြူခိုးများ က စစ်မှန်သော ယွမ် စွမ်းအင်များ ထဲသို့ ပေါင်းစပ်သွားပြီး တစ်ချက် ကြည့်လိုက်လျှင် စစ်မှန်သော ယွမ် စွမ်းအင်များ က အပြည့်အဝ ပြည့်လျှံနေပြီ ဖြစ်သည်။

ထူထဲသော အရှိန်အဝါ ကလည်း နောက်ဆုံးတွင် အထွတ်အထိပ် တစ်ခုသို့ ရောက်ရှိသွားပြီးနောက် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

ယွမ်ဟိုင်အဆင့်... အထွတ်အထိပ်...

ယဇ်ပူဇော်ခြင်း ပြီးဆုံးပြီ...

ကျန်းချဲ့က လေဟာနယ်ထဲတွင် ချိတ်ဆွဲထားသော လပြည့်ဝန်းကို ကြည့်ပြီး ချက်ချင်း ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ရာ တောင်တန်းများ တုန်ခါသွားပြီး ယွမ်ချီ စွမ်းအင်များ လှိမ့်တက်လာကာ ငလျင် လှုပ်သကဲ့သို့ ဖြစ်သွားပြီး တောင်တန်း အနက်ပိုင်းတွင် ပုန်းကွယ်နေသော သက်ရှိ သတ္တဝါ ဘယ်လောက် များများကို လန့်နိုးသွားစေခဲ့သလဲ ဆိုတာ မသိနိုင်ပေ။

နောက်တစ်ခဏတွင်...

ကျန်းချဲ့က မြေကြီးပေါ်မှ ခုန်တက်ကာ ကောင်းကင်သို့ ထိုးတက်သွားပြီး လေဟာနယ်ကို ခွင်း၍ ပျံသန်းသွားရာ စစ်မှန်သော နဂါး တစ်ကောင် အဖြစ် ပြောင်းလဲသွားသကဲ့သို့ ထိုက်ဆန်းမြို့ ရှိရာ ဘက်သို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားခဲ့ရာ ရုတ်တရက် ကြည့်လိုက်ပါက ရွှေရောင် နဂါးအမြီး တစ်ခုကို ဆွဲထားသကဲ့သို့ ပင် ဖြစ်နေပေသည်။

---

ယခုအခါ ထိုက်ဆန်းမြို့ အထက် ကောင်းကင်ယံတွင်...

လုကျန်းဟယ်က လက်နှစ်ဖက်ကို နောက်ပစ်လျက် ရပ်နေပြီး အရှိန်အဝါများ လှိမ့်တက်နေမှု အောက်တွင် အင်္ကျီများ တဖျပ်ဖျပ် လွင့်နေကာ မျက်နှာထားက လေးနက်နေပြီး တစ်ကိုယ်လုံးတွင် ကြီးမားပြီး လုံးဝ ဖုံးကွယ်မထားသော ကြီးမားသည့် သတ်ဖြတ်လိုစိတ်များ လွှမ်းခြုံနေပေသည်။

လုမိသားစု ပျက်သုဉ်းသွားရသည့် အမှန်တရားကို သိရှိပြီးနောက် သူက ဘာမှ အချိန်မဆွဲတော့ဘဲ ကလဲ့စားချေရန် ချက်ချင်း လေဟာနယ်ကို ခွင်း၍ ရောက်လာခဲ့ခြင်း ပင် ဖြစ်သည်။

လုမိသားစုဝင် လူတစ်ထောင်ကျော်၏ သွေးကြွေး များကို ကျန်းချဲ့က တစ်ခုချင်းစီ ပြန်လည် ပေးဆပ်ရမည် ဖြစ်သည်။

ဤသို့ဖြင့်သာ သူ၏ ရင်ထဲရှိ အမုန်းတရားများကို ချေဖျက်နိုင်မည် ပင် ဖြစ်သည်။

"ကျန်းချဲ့... သေနာကောင်လေး... အခု ချက်ချင်း ထွက်ခဲ့စမ်း..."

ပါးစပ်မှ ပြောလိုက်သည့် အသံက အရှိန်အဝါ ကြီးမားလှပြီး အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားကာ ကြီးမားလှသော အသံလှိုင်းများက မရေမတွက်နိုင်သော ပြည်သူများနှင့် သိုင်းသမားများကို လန့်နိုးသွားစေခဲ့ပြီး အိမ်ထဲမှ အသီးသီး ထွက်လာကာ လေဟာနယ်ထဲသို့ မော့ကြည့်လိုက်ကြပြီးနောက် ရင်ထဲတွင် ချက်ချင်း အလွန်အမင်း အံ့အားသင့်သွားကြသည်။

လရောင် အောက်တွင် ပုံရိပ် တစ်ခုတည်း ရပ်နေပြီး ပြိုင်ဘက်ကင်း အစွမ်းထက်နေပေသည်။

မြို့တော်ဝန်ရုံး အတွင်းတွင် အနားယူနေသော ဟွမ်ရှန်းရှန်းက ဤအသံကြောင့် လန့်နိုးသွားပြီး အဝတ်အစားများကို လျင်မြန်စွာ ဝတ်ဆင်ကာ အခန်းထဲမှ ထွက်လာခဲ့သည်။

"သခင်မ... တစ်ယောက်ယောက် က ရန် လာရှာနေပါတယ်... အခုချိန်မှာ တပ်မှူးကြီး က မြို့ထဲမှာ မရှိလို့ သခင်မ အနေနဲ့ ခဏလောက် ရှောင်နေတာ ပိုကောင်းပါလိမ့်မယ်..."

စောင့်ဆိုင်းနေသော ရွှီချန်ဟူ က အလျင်အမြန် အရိုအသေပေးကာ ပြောလိုက်သည်။

"ဘယ်သူ ထွက်ပြီး ရင်ဆိုင်နေလဲ..."

"ကန်း တပ်မှူး၊ တန် တပ်မှူး နဲ့ ဆု တပ်မှူး တို့ က အခုချိန်မှာ တပ်စခန်း ထဲက စစ်သည် တွေကို စတင် စုစည်းနေပါပြီ..."

ရွှီချန်ဟူ က ဆက်ပြောလိုက်သည်။

ဟွမ်ရှန်းရှန်း ကတော့ လက်ကို မြှောက်ကာ မျက်မှောင် တင်းကျပ်စွာ ကြုတ်လိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"အသံ ရဲ့ အရှိန်အဝါ တစ်ခုတည်း နဲ့တင် အဲဒီလူ ရဲ့ စွမ်းအား က သာမန် မဟုတ်ဘူး ဆိုတာ ငါ ခန့်မှန်းလို့ ရတယ်... ပြီးတော့ တပ်မှူးကြီး ရဲ့ လက်ရှိ အရှိန်အဝါ နဲ့ ဆိုရင် သာမန် မွေးရာပါအဆင့် တွေက လာပြီး ရန်ရှာဖို့ မရဲဘူး... အနည်းဆုံးတော့ ယွမ်ဟိုင်အဆင့် အင်အားကြီးသူ တစ်ယောက် ဖြစ်ရမယ်...

မင်းတို့ ထဲမှာ ဘယ်သူ မှ မွေးရာပါအဆင့် ကျင့်ကြံမှု မရှိလို့ တက်သွားရင်လည်း သေဖို့ သက်သက်ပဲ... ချက်ချင်း မြို့ထဲက နေရာ အနှံ့အပြား ကို လူစုခွဲလိုက်... အဲဒီလူ ဘယ်လိုပဲ အော်အော် လုံးဝ ထွက်ပြီး သွားမရင်ဆိုင် နဲ့..."

ဟွမ်ရှန်းရှန်း၏ အတွေးများ လျင်မြန်စွာ လည်ပတ်သွားပြီး အကြည်လင်ဆုံး ဆုံးဖြတ်ချက် ကို ချမှတ်လိုက်သည်။

ကျန်းချဲ့ မရှိဘဲ တစ်ယောက်ယောက်က ရန်လာရှာနေသည်၊ သူတို့ သာ တက်သွားပါက သေဖို့ သက်သက် ဖြစ်ရုံသာမက ကျန်းချဲ့ကို ပြန်လည် ခြိမ်းခြောက်မည့် အားနည်းချက် တစ်ခု ပင် ဖြစ်လာနိုင်ပေသည်။ သစ္စာတရား တစ်ခုတည်းကိုသာ အားကိုးပြီး လုပ်ဆောင်ခြင်းက လုံးဝ အနှောင့်အယှက် ပေးခြင်း သက်သက်သာ ဖြစ်သည်။

"ဒါပေမဲ့ အဲဒီလူ က အရမ်း မောက်မာလွန်းတယ်... အကယ်လို့ ကျုပ်တို့ မထွက်သွားရင် အဲဒီလူ ရဲ့ အရှိန်အဝါ ကို အားပေးအားမြှောက် လုပ်ပေးသလို ဖြစ်မနေဘူးလား... ပြီးတော့ မြို့ထဲမှာ အတွင်းအား ဖျက်ဆီးရေး မြား တွေ အများကြီး ရှိသေးတယ်... တိုက်လို့ မရဘူး လို့ မဆိုနိုင်ပါဘူး..."

ရွှီချန်ဟူ က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"အကယ်လို့ တစ်ယောက်ယောက် က အာရုံလွှဲပေးထားနိုင်မယ် ဆိုရင်တော့ အတွင်းအား ဖျက်ဆီးရေး မြား က သေချာပေါက် ကြီးမားတဲ့ လက်နက်ကြီး တစ်ခုပဲ... ဒါပေမဲ့ အခု မြို့ထဲမှာ ဘယ်သူ က လာတဲ့သူ ကို အာရုံလွှဲထားနိုင်လို့လဲ... အင်အားကြီးတဲ့ သူ တွေ အတွက် ကတော့ မင်းတို့ အားလုံး တက်သွားလည်း သေဖို့ သက်သက်ပဲ...

တပ်မှူးကြီး ထွက်မသွားခင် က ငါ့ကို အခြေအနေ အားလုံး ကို တာဝန်ယူ ဖြေရှင်းဖို့ မှာထားခဲ့တယ်... ဘာလဲ... မင်း က အမိန့် ဖီဆန်ချင်လို့လား..."

ဟွမ်ရှန်းရှန်းက အေးစက်စက် နှာမှုတ်လိုက်သည်။

သူမ ယခုအခါတွင် ကျန်းချဲ့၏ အမိန့်ကို အတုအယောင် လုပ်ပြီး ပြောဆိုနေခြင်း ဖြစ်သော်လည်း ဤသို့ မလုပ်ပါက ကန်းတာပြောင် တို့ အုပ်စုကို အမိန့် နာခံအောင် ဘယ်လို လုပ်နိုင်မည်နည်း။

ကျန်းချဲ့ ပြန်လာသည့် အခါတွင် သူ၏ ယုံကြည်ရသော လက်အောက်ငယ်သားများ အားလုံး သေဆုံးသွားသည်ကို သူမ မြင်တွေ့စေချင်ပေ။

"ဟုတ်ကဲ့... လက်အောက်ငယ်သား နာခံပါ့မယ်... အခုပဲ သွားလုပ်လိုက်ပါ့မယ်..."

အကယ်၍ ဟွမ်ရှန်းရှန်း၏ အမိန့် သက်သက်သာ ဆိုလျှင် သူတို့ အနေဖြင့် သေချာပေါက် တွန့်ဆုတ်နေကြမည် ပင် ဖြစ်သည်။ မည်သို့ပင်ဆိုစေ ဟွမ်ရှန်းရှန်းက အလွန်ဆုံး သခင်မလေး သက်သက်သာ ဖြစ်ပြီး သူတို့၏ အထက်အရာရှိ မဟုတ်ပေ။ နာခံသည် ဖြစ်စေ၊ မနာခံသည် ဖြစ်စေ ရပေသည်။

သို့သော် ကျန်းချဲ့၏ အမိန့်ကို အကြောင်းပြလာပါက မည်သူမျှ မလွန်ဆန်ရဲတော့ပေ။

ရွှီချန်ဟူ ၏ ပုံရိပ် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ဟွမ်ရှန်းရှန်းက ချက်ချင်း သူမ၏ အရှိန်အဝါများကို ဖိနှိပ်လိုက်ပြီး မြို့တော်ဝန်ရုံး အတွင်းရှိ လျှို့ဝှက် ဥမင်လှိုဏ်ခေါင်း တစ်ခုဆီသို့ ချက်ချင်း ပြေးသွားလိုက်သည်။ သူမက ကြောက်တတ်လို့ မဟုတ်ပေ။

ယခု လက်ရှိ စွမ်းအားလေးဖြင့် သွားပြီး အသေခံမည် မဟုတ်သလို ကျန်းချဲ့၏ ဝန်ထုပ်ဝန်ပိုး လည်း မဖြစ်ချင်သောကြောင့် ပင် ဖြစ်သည်။

"ဟင်..."

ထိုက်ဆန်းမြို့ အထက် ကောင်းကင်ယံတွင် ကျန်းချဲ့က စက္ကန့် တစ်ရာ နီးပါး အချိန် ကြာသည့်တိုင်အောင် ထွက်မလာသည်ကို မြင်သောအခါ လုကျန်းဟယ်က အေးစက်စက် နှာမှုတ်လိုက်ပြီး ကျန်းချဲ့က သူ၏ စွမ်းအားကို ကြောက်ရွံ့သဖြင့် မထွက်ရဲခြင်း ဖြစ်ကြောင်း နားလည်လိုက်သည်။

"ဘာ မောက်မာတာလဲ... အနိုင်ကျင့်တာလဲ... ကြောက်တတ်တဲ့ သူရဲဘောကြောင် ကြွက် တစ်ကောင် ပါပဲ..."

"မင်း မထွက်လာဘူး ဆိုမှတော့... ဒီအဘိုးကြီး က မင်း ရဲ့ မြို့တော်ဝန်ရုံး ကို ဖျက်ဆီးပစ်မယ်…”

All Chapters