အခန်း ၁၇၆
Vol. 18 Ch. 176
အခန်း (၁၇၆) အလွန်အမင်း ထိတ်လန့်သွားကြသော ဖူလုံကျောင်းတော်မှ လူများ
"ဒါဆို... ဒီကောင်လေးက ဖူလုံကျောင်းတော်နဲ့ ကျင်းယွမ်ဘုန်းကြီးကျောင်းကို အမြစ်ပြတ်ချေမှုန်းပြီး ထိုက်ရှန်း သိုင်းလောက တစ်ခုလုံးကို တစ်ယောက်တည်း ကြီးစိုးချင်နေတာများလား..."
အချိန်ခဏမျှ စဉ်းစားနေသော မင်ဟယ်တာအိုဆရာ၏ ခေါင်းထဲတွင် အတွေးတစ်ခု ရုတ်တရက် လင်းလက်သွားပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။
ကျန်းချဲ့၏ ပစ်မှတ်မှာ သူတို့ ဖူလုံကျောင်းတော်၏ မြေနဂါးစွမ်းအင်နှင့် ကျင်းယွမ်ဘုန်းကြီးကျောင်း၏ ဗောဓိဝိညာဉ်အနှစ်သာရ ဖြစ်သည်ကို သူတို့ကတော့ သေချာပေါက် မသိနိုင်ဘဲ ဤလမ်းကြောင်းအတိုင်းသာ မှန်းဆနိုင်ပေသည်။
"ဒီဖြစ်နိုင်ချေ မရှိဘူးလို့တော့ မဆိုနိုင်ဘူး... ဒီကောင်လေးရဲ့ ကြီးထွားလာတဲ့ လမ်းကြောင်းကို ခြုံကြည့်မယ်ဆိုရင် တကယ်ကို ရည်မှန်းချက် ကြီးမားတဲ့သူ တစ်ယောက်ပဲ... ဒါပေမဲ့... ဖူလုံကျောင်းတော်ကို ဖျက်ဆီးပြီး ထိုက်ရှန်းဒေသကို ကြီးစိုးချင်တယ်ဆိုတာကတော့... ဟွန့်... သူ့မှာ အဲဒီ အရည်အချင်း မရှိသေးပါဘူး... အကြီးအကဲချုပ် ရဲ့ အလိုကတော့ စစ်ပြေငြိမ်းနိုင်ရင် ငြိမ်းမယ်ဆိုပေမယ့် ငါ့ရဲ့ ဆန္ဒကတော့ သေသည်အထိ တိုက်ခိုက်သွားဖို့ပဲ... စာမပို့ခင် ကတည်းက ငါက လုံဟူတာအိုဂိုဏ်းဆီကို စစ်ကူတောင်းဖို့ လူလွှတ်ထားပြီးပြီ..."
"လုံဟူတာအိုဂိုဏ်း က ဝင်စွက်ဖက်ပါ့မလား..."
မင်ဟယ်တာအိုဆရာက မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။ ဖူလုံကျောင်းတော်ကို ယခင်က ဦးဆောင်ခဲ့သူ တစ်ယောက် အနေဖြင့် တချို့သော လျှို့ဝှက် စည်းမျဉ်းများကို သူ ကောင်းစွာ သိရှိထားပေသည်။ လုံဟူတာအိုဂိုဏ်း၏ အကျိုးစီးပွားနှင့် တိုက်ရိုက် မပတ်သက်လျှင် သူတို့က အင်ပါယာအစိုးရကို ဗြောင်ကျကျ ဆန့်ကျင်မည် မဟုတ်ပေ။
မည်သို့ပင်ဆိုစေ သူတို့ လိုချင်သည်မှာ တာအိုလမ်းစဉ်ကို ဆက်ခံရန်သာ ဖြစ်ပြီး ပုန်ကန်ရန် မဟုတ်ပေ။
အစိုးရ ဆိုသည်မှာလည်း ရွှံ့ဖြင့် လုပ်ထားသည် မဟုတ်ဘဲ အင်အားကြီးသူ အများအပြား ရှိနေသေးသည်။ နယ်စပ် ဒေသများမှ ဖိအားများ ကြီးမားလွန်းခြင်းနှင့် ချင်းထျန်းဂိုဏ်း ကဲ့သို့သော ပုန်ကန်သူများ အဆက်မပြတ် အုံကြွနေခြင်းတို့ကြောင့်သာ အစိုးရ အနေဖြင့် အလုပ်များနေရခြင်း ဖြစ်သည်။
ယွဲ့ပြည်နယ်နှင့် တောင်တန်းကြီး တစ်သောင်း နယ်စပ်တွင်ပင် အစိုးရ၏ သိုင်းစစ်သူကြီး တစ်ပါး ကိုယ်တိုင် အခြေစိုက်နေပြီး သူ၏ လက်အောက်တွင် လက်ရွေးစင် ရွှမ်ကျား စစ်သည် တစ်သိန်း ရှိကာ နယ်မြေတစ်ခုကို စောင့်ကြပ်နေပေသည်။ တောင်တန်းကြီး တစ်သောင်းရှိ ပိုင်ယွဲ့ လူမျိုးများသာ ပြဿနာ မရှာလျှင် အချိန်မရွေး စစ်တပ်ကို ရွှေ့ပြောင်းနိုင်စွမ်း ရှိသည်။
ဤသည်မှာ အစိုးရနှင့် အင်အားကြီးမားသော သိုင်းလောက အင်အားစုများ အကြားရှိ လျှို့ဝှက် စည်းမျဉ်း တစ်ခုပင် ဖြစ်သည်။
အငြင်းပွားမှုများ ရှိနိုင်သော်လည်း လွန်ကျွံ၍ မရပေ။
"လုံဟူတာအိုဂိုဏ်း ကို ငါတို့ဘက်က ရပ်တည်ပေးဖို့နဲ့ ချီဆန်းကျားတို့ကို စစ်ကြေညာပေးဖို့ ဆိုတာကတော့ သေချာပေါက် မဖြစ်နိုင်ပါဘူး... ဒါပေမဲ့ ရွှမ်တန်အဆင့် သိုင်းသခင် တစ်ပါးကို လာရောက် စောင့်ကြပ်ပေးဖို့ ဖိတ်ခေါ်နိုင်မယ် ဆိုရင်ပဲ သဘောထားကို ပြသရာ ရောက်နေပါပြီ... အစိုးရ ဘက်ကလည်း ဒီအထဲက အကျိုးအပြစ်တွေကို ထည့်မစဉ်းစားဘဲ နေမှာ မဟုတ်ဘူး... ဒီလိုဆိုရင် အခွင့်အရေးယူပြီး ကျန်းချဲ့ကို သတ်ပစ်လိုက်မယ်ဆိုရင်... ဘာပူစရာမှ မရှိတော့ဘူး..."
ရွှမ်ဟယ်တာအိုဆရာ က သူ၏ အစစ်အမှန် ရည်ရွယ်ချက်ကို ပြောပြလိုက်သည်။
သူ စဉ်းစားထားသော နည်းလမ်းမှာ အဖိုးအခ အချို့ ပေးဆပ်ကာ ချင်းထျန်းဂိုဏ်းမှ လူများကို အသုံးပြု၍ ကျန်းချဲ့ကို သတ်ဖြတ်ရန် ဖြစ်သည်။
ဤသို့ဆိုလျှင် အစိုးရ အနေဖြင့် ဒေါသထွက်လျှင်တောင် ချင်းထျန်းဂိုဏ်း အပေါ်သို့သာ ဒေါသပုံချနိုင်မည် ဖြစ်သည်။
ဖူလုံကျောင်းတော် အတွက်မူ လုံဟူတာအိုဂိုဏ်းမှ အင်အားကြီးသူ တစ်ပါး ရှိနေသဖြင့် သူတို့ လှုပ်ရှားချင်လျှင်တောင် လှုပ်ရှားနိုင်မည် မဟုတ်ပေ။ သူတို့သာ အရင် လှုပ်ရှားမည် ဆိုပါက အကြောင်းပြချက်နှင့် အားနည်းချက်များက မိမိတို့ လက်ထဲသို့ ရောက်ရှိလာမည် ဖြစ်သည်။
"ကျောင်းထိုင် ဆရာတော် ရဲ့ အမြင်က ကျယ်ပြန့်လှပါတယ်..."
မင်ဟယ်တာအိုဆရာ က ခေါင်းကို အနည်းငယ် ညိတ်လိုက်ပြီး ရွှမ်ဟယ်တာအိုဆရာ ၏ အသိစိတ် ကပ်မှုနှင့် ပြင်ဆင်ထားမှု အပေါ် သဘောတူကြောင်း ပြသလိုက်သည်။
သို့သော် ထိုအချိန်မှာပင် သူ အနည်းငယ် ကြောင်အမ်းသွားပြီး ရွှမ်ဟယ်တာအိုဆရာ ၏ မျက်နှာထား ရုတ်တရက် ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည်။ တစ်ခုခုကို မြင်တွေ့လိုက်ရသကဲ့သို့ ဖြစ်နေပြီး သူလည်း အများကြီး မစဉ်းစားနိုင်တော့ဘဲ ရွှမ်ဟယ်တာအိုဆရာ ၏ အကြည့်များနောက်သို့ ချက်ချင်း လှည့်ကြည့်လိုက်သည်။
ထို့နောက် သူ၏ မျက်လုံးများ ချက်ချင်း ကျုံ့ဝင်သွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် အဝေးရှိ ကောင်းကင်ယံတွင် အနက်ရောင် တိမ်တိုက်များက ဖြည်းညင်းစွာ ဖုံးလွှမ်းလာပြီး အလွန် အစွမ်းထက်သော အရှိန်အဝါ များနှင့် သတ်ဖြတ်လိုစိတ် များ ပြည့်နှက်နေပေသည်။ အရူး မဟုတ်လျှင် ဖူလုံကျောင်းတော် ဆီသို့ ဦးတည်လာကြောင်းကို မြင်တွေ့နိုင်ပေသည်။
ချက်ချင်းပင် တဂျုန်းဂျုန်း မြည်ဟည်းသံများ ထွက်ပေါ်လာပြီး မြေငလျင် လှုပ်ခတ်နေသကဲ့သို့ ပင် ဖြစ်သည်။
သို့သော် သေချာ နားထောင်ကြည့်မည် ဆိုပါက ဤသည်မှာ မြေငလျင် မဟုတ်ဘဲ မြင်းခွာသံများ ဖြစ်ကြောင်း ခံစားသိရှိနိုင်ပေသည်။ စစ်သည် ထောင်ချီ အတူတကွ လှုပ်ရှားလာသော မြင်းခွာသံများ ဖြစ်ပြီး ကြီးမားလှသော အရှိန်အဝါများ ပါဝင်နေပေသည်။
"ဒုက္ခပဲ... ကျန်းချဲ့ က အချိန်ဆွဲတာကို မခံရဘဲ တကယ် စတင် လှုပ်ရှားလာပြီ..."
ရွှမ်ဟယ်တာအိုဆရာ ၏ မျက်နှာထား လေးနက်သွားပြီး အလျင်အမြန် မတ်တပ် ရပ်လိုက်သည်။
"ကျန်းချဲ့ ဝင်တိုက်ပြီ..."
"တောင်တုန် ခေါင်းလောင်း ကို ထုလိုက်..."
ဖူလုံတောင် အောက်တွင်... စစ်သည် ထောင်ချီက အဆင်သင့် ဖြစ်နေကြပြီ ဖြစ်သည်။ ကျန်းဟိုင်နန်းတော်၊ ဝမ်ရှိုခြံဝင်း၊ ထိုက်ရှန်းမြို့စောင့် တပ်ဖွဲ့များ အားလုံး ထွက်ပေါ်လာကြပြီး တောင်ခြေတွင် စုစည်းကာ တိုက်ခိုက်ရန် ပြင်ဆင်နေကြသည်။
ဤတစ်ကြိမ်တွင် ကျန်းချဲ့ က မည်သည့် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုကိုမျှ ပြုလုပ်ရန် မပြင်ဆင်ထားပေ။
ဖူလုံကျောင်းတော် က ကျင်းယွမ်ဘုန်းကြီးကျောင်း နှင့် မတူပေ။ ကျင်းယွမ်ဘုန်းကြီးကျောင်း က ကြိုတင် ကာကွယ်ထားခြင်း မရှိသဖြင့် တောင်ပေါ်မှ ကျားကို မျှားထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ကျင်းယွမ်ဘုန်းကြီးကျောင်း ပျက်သုဉ်းသွားပြီ ဖြစ်ရာ သူတို့ ထုတ်ဖော် ပြသထားသော စွမ်းအားများ က ရွှမ်တန်အဆင့် သိုင်းသခင်ကို သတ်ဖြတ်နိုင်ရန် လုံလောက်နေပြီ ဖြစ်သည်။
ဤမျှအထိ ဖူလုံကျောင်းတော် ကို သတိမထားမိစေရန် လုပ်နိုင်မည် ဆိုပါက တစ်ဖက်လူကို အရမ်း တုံးအလွန်းသည်ဟု သတ်မှတ်ရာ ရောက်ပေလိမ့်မည်။
ဆက်တိုက် နှစ်ရက် တိုင်တိုင် ကလဲ့စားချေမည့် လှုပ်ရှားမှု မရှိခြင်းကို ကြည့်ရုံဖြင့် ဖူလုံကျောင်းတော် ဘက်က သူတို့၏ စွမ်းအားကို နားလည်သွားပြီ ဖြစ်ကြောင်း လုံလောက်စွာ သိသာ ထင်ရှားနေပေသည်။ နောက်ထပ် ကလဲ့စားမချေတော့ဘဲ ခံစစ် အတွက်ပင် ပြင်ဆင်နေလောက်ပြီ ဖြစ်သည်။
ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ရန် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်တော့ပေ။
ထို့အပြင် ဖူလုံကျောင်းတော် အတွင်း၌ ရိခုန်း ကဲ့သို့သော အတွင်းလူ မရှိရာ သူတို့၏ ဂိုဏ်းစောင့် အစီအရင် ကို ဖျက်ဆီးရန် မဖြစ်နိုင်ပေ။
ထို့ကြောင့် ထိပ်တိုက် ရင်ဆိုင်ရန်သာ ရှိတော့သည်။
သေချာသည်မှာ အရေးအကြီးဆုံး အချက်မှာ ယခုအခါ အတိတ်နှင့် မတူတော့ခြင်းပင် ဖြစ်သည်။
ယခင်က စွမ်းအား မလုံလောက်သဖြင့် ကျင်းယွမ်ဘုန်းကြီးကျောင်းမှ တုနန်ဆရာတော် နှင့် ဖူလုံကျောင်းတော်မှ ရွှီယွမ်တာအိုဆရာ တို့ ပူးပေါင်းမည်ကို စိုးရိမ်ခဲ့ရသည်။ ဤသို့ဆိုလျှင် ချီဆန်းကျား တွင် ခေါင်းသုံးလုံး လက်ခြောက်ဖက် ရှိနေလျှင်တောင် အနိုင်ရမည် မဟုတ်ပေ။
ယခုအခါ သိုင်းသခင် နှစ်ပါး အနက် တစ်ပါး သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
ကျန်းချဲ့ ကိုယ်တိုင် ကလည်း ရွှမ်တန်အဆင့် အောက်တွင် ပြိုင်ဘက်ကင်းသူ တစ်ယောက် ဖြစ်နေပြီ ဖြစ်ရာ သာမန် ရှန်ကွမ်းအဆင့် သိုင်းသမား နှစ်ယောက် သုံးယောက် လောက်က သူ့ကို လုံးဝ ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။
ယခုအခါ အားသာချက် က သူတို့ ဘက်တွင် ရှိနေပေသည်။
ကျန်းချဲ့တို့ လူစု ဖန်တီးလိုက်သော ဆူညံသံများ က ဖူလုံကျောင်းတော် အတွင်းရှိ လူတိုင်းကို လျင်မြန်စွာ နိုးကြားသွားစေခဲ့ပြီး တောင်တုန် ခေါင်းလောင်းသံ များ ထွက်ပေါ်လာသည်နှင့် အမျှ ဖူလုံကျောင်းတော်မှ လူတိုင်း လျင်မြန်စွာ စုစည်းလာကြသည်။
ထို့အပြင် ဘုန်းကြီး ဝတ်ရုံများကို ဝတ်ဆင်ထားသော ခေါင်းတုံး ဘုန်းကြီး တစ်စုလည်း ရှိနေပြီး သူတို့၏ မျက်လုံးများ ထဲတွင် အမုန်းတရား များနှင့် သတ်ဖြတ်လိုစိတ် များ ပြည့်နှက်နေပေသည်။
သူတို့ ကိုယ်တိုင် သီးသန့် ဆိုပါက ကလဲ့စားချေရန် လုံးဝ မဖြစ်နိုင်ဘဲ သေလမ်းရှာခြင်း သက်သက်သာ ဖြစ်မည်။ ဖူလုံကျောင်းတော် ၏ တုံ့ပြန်မှု ကလည်း သူတို့ကို အလွန် ဒေါသထွက်စေခဲ့သည်။ အတူတကွ တိုက်ခိုက်မည်ဟု သဘောတူထားသော်လည်း ကျင်းယွမ်ဘုန်းကြီးကျောင်း ပျက်သုဉ်းသွားပြီးနောက် သူတို့ က ငြိမ်သက်သွားခဲ့ကြသည်။
ကျန်းချဲ့ လာရောက် တိုက်ခိုက်မည့် အချိန်ကို စောင့်ဆိုင်းပြီး ပထဝီ အနေအထား အားသာချက်ကို အသုံးပြုကာ တိုက်ခိုက်မည် ဟုသာ ပြောဆိုနေကြသည်။
သို့သော် ထိုစကားများ နောက်ကွယ်ရှိ အကြောင်းပြချက်ကို လူတိုင်း သိရှိထားကြပေသည်။
အဓိက အချက်မှာ ကျန်းချဲ့ သာ လာမတိုက်ရင်ကော။
သူတို့ က ဒီအတိုင်းကြီး ဆက်စောင့်နေရမှာလား။
သူတို့၏ ရင်ထဲတွင် ဒေါသမီးတောက်များ လောင်ကျွမ်းနေသည်မှာ ကြာပြီ ဖြစ်ပြီး လုံးဝ မထိန်းချုပ် နိုင်တော့ပေ။ ယခုအခါ ကျန်းချဲ့ လာရောက် တိုက်ခိုက်မည့် သတင်းကို ကြားလိုက်ရသောအခါ လူတိုင်း က ရူးသွပ်စွာ လှုပ်ရှားလာကြပြီး ဖူလုံကျောင်းတော် ၏ တောင်တံခါး ဆီသို့ ပြေးသွားကြသည်။
တစ်ချိန်တည်းမှာပင် ဖူလုံကျောင်းတော် အတွင်းရှိ ဂိုဏ်းစောင့် အစီအရင် ကလည်း ပွင့်လာခဲ့သည်။
မြေကြီး ပေါ်မှ အလင်းတန်း များ ထွက်ပေါ်လာပြီး ပေရာချီ ကြီးမားသော အစိမ်းရောင် ကွန်ယက် ကြီး တစ်ခု အဖြစ် ဖန်တီးသွားကာ ဖူလုံကျောင်းတော် ၏ တောင်တံခါး ကို လွှမ်းခြုံထားလိုက်သည်။ ဝေဝါးဝါး ဖြင့် အလွန် အစွမ်းထက်သော သတ်ဖြတ်လိုသည့် အငွေ့အသက် များကိုပါ ထုတ်လွှတ်နေပေသည်။
ဖူလုံကျောင်းတော် အတွင်း၌ ပုံရိပ် အများအပြား က လေဟာနယ်ကို ခွင်း၍ ထွက်ပေါ်လာကြပြီး ရန်သူကို ရင်ဆိုင်ရန် ပြင်ဆင်နေကြသည်။
မြေကြီး ပေါ်တွင်မူ ဖူလုံကျောင်းတော် နှင့် ကျင်းယွမ်ဘုန်းကြီးကျောင်း မှ မွေးရာပါအဆင့် အောက် သိုင်းသမားများ ကလည်း ရန်သူကြီး နှင့် ရင်ဆိုင်ရသကဲ့သို့ လက်နက်များကို ကိုင်ဆောင်ကာ အရှေ့ရှိ လူအုပ်ကြီးကို ဒေါသတကြီး စိုက်ကြည့်နေကြသည်။
ကျန်းချဲ့ က သူ၏ အပေါ်သို့ ကျရောက်လာသော ရန်လိုသည့် အကြည့် အများအပြားကို လစ်လျူရှုထားလိုက်ပြီး ဖူလုံကျောင်းတော် ၏ ဂိုဏ်းစောင့် အစီအရင် ကိုသာ အဓိကထား စိုက်ကြည့်နေကာ မျက်နှာထား က လေးနက်နေပေသည်။ တစ်ချိန်တည်းမှာပင် ချီဆန်းကျား ထံသို့လည်း လှမ်းကြည့်လိုက်သည်။
ချီဆန်းကျား က သူ့ကို စိတ်အေးစေမည့် အကြည့် တစ်ချက် ပေးလိုက်သည်။
"ကျန်းချဲ့... ခွေးသူခိုး..."
"မိစ္ဆာကောင်..."
"ဒီနေ့... မင်း လို မိစ္ဆာကောင် ကို ဒီနေရာမှာ သွေးမြေကျခိုင်းပြီး ကျင်းယွမ်ဘုန်းကြီးကျောင်း ရဲ့ သွေးကြွေးကို ပြန်ဆပ်ရမယ်..."
ယခင်က အကြိမ်အနည်းငယ် ဆုံတွေ့ဖူးသော ကျဲထန်ဘုန်းကြီး နှင့် ကျင်းယွမ်ဘုန်းကြီးကျောင်း မှ ရဟန်းတော် အများအပြား က ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။
တစ်ဖက်တွင် ဖူလုံကျောင်းတော် မှ လူများ ကတော့ အတော်လေး တည်ငြိမ်နေကြပေသည်။
ကျောင်းထိုင် ရွှမ်ဟယ်တာအိုဆရာ နှင့် အလွန် အစွမ်းထက်သော ဖိအား များကို ထုတ်လွှတ်နေသည့် အဘိုးအို တစ်ဦး ထွက်ပေါ်လာသော အခါမှသာ တကယ့် တိတ်ဆိတ်မှုကြီး ကို ချိုးဖျက်လိုက်နိုင်တော့သည်။
"တပ်မှူးချုပ်ချီ က ရွှမ်တန်အဆင့် ကို ချိုးဖောက် ဝင်ရောက်သွားလိမ့်မယ် လို့ မထင်ထားခဲ့ဘူး... တကယ်ကို အံ့ဩစရာပဲ..."
ရွှီယွမ်တာအိုဆရာ က လူအုပ်ကြီး ၏ အရှေ့ဆုံး တွင် သွေးချို ဧရာမသားရဲ ကြီးကို စီးနှင်ထားသော ချီဆန်းကျား ကို တစ်ချက်တည်း ဖြင့် မြင်တွေ့သွားခဲ့သည်။
သူ၏ ကိုယ်ပေါ်ရှိ အရှိန်အဝါကို ခံစားသိရှိလိုက်ရပြီး ၎င်းမှာ အစိုးရ ဘက်မှ အခြား ပြည်နယ်များမှ ခေါ်ဆောင်လာသော အင်အားကြီးသူ မဟုတ်ဘဲ ချီဆန်းကျား ကိုယ်တိုင် အဆင့်တက်သွားပြီး ကျင်းယွမ်ဘုန်းကြီးကျောင်း ကို ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်ကြောင်း သူ နားလည်သွားခဲ့သည်။
သူ က ချီဆန်းကျား ကို မမြင်ဖူးသော်လည်း ဝတ်ဆင်ထားသော သံချပ်ကာ ဝတ်စုံ နှင့် စီးနှင်ထားသော ဧရာမ သားရဲ တို့ကို ကြည့်ခြင်းအားဖြင့် သူ၏ မည်သူမည်ဝါ ဖြစ်ကြောင်းကို သက်သေပြရန် လုံလောက်နေပေသည်။
"ရွှမ်တန်အဆင့် လောက်ကတော့... ငါကိုယ်တော် သာမန်ကာလျှံကာ ပဲ ဝင်ရောက်လို့ ရပါတယ်..."
ချီဆန်းကျား က အလွန် တည်ငြိမ်စွာ ပြန်လည် တုံ့ပြန်လိုက်သည်။
မသိသော သူများ ဆိုလျှင် သူ က တကယ်ပဲ ရွှမ်တန်အဆင့် ကို လွယ်လွယ်ကူကူ ချိုးဖောက် ဝင်ရောက်သွားသည် ဟု ထင်မှတ်ကြမည် ဖြစ်သော်လည်း တကယ်တမ်း တွင်တော့ ရွှမ်တန်အဆင့် ကို ချိုးဖောက် ဝင်ရောက်နိုင်ရန် အတွက် သူ နှစ်ပေါင်း မည်မျှ ကြာအောင် ပြင်ဆင်ခဲ့ရသနည်း ဆိုသည်ကို သူ ကိုယ်တိုင်သာ သိရှိပေသည်။
"ဟက်ဟက်... ထင်တဲ့အတိုင်းပဲ နောက်လှိုင်းက ရှေ့လှိုင်းကို ဖုံးသွားတာပဲ... ဒါပေမဲ့ ဒီနေ့ တပ်မှူးချုပ်ချီ ဒီကို လာတာ... ငါတို့ ဖူလုံကျောင်းတော် နဲ့ စစ်ပြေမငြိမ်းချင်ဘဲ အတင်းအဓမ္မ တိုက်ခိုက်ဖို့ ဆုံးဖြတ်ထားလို့များလား..."
ရွှီယွမ်တာအိုဆရာ က ဆက်ပြောလိုက်သည်။
သူ၏ စကားများ က လူအများအပြားကို အံ့အားသင့်သွားစေခဲ့သည်။ အထူးသဖြင့် ကျင်းယွမ်ဘုန်းကြီးကျောင်း မှ ခေါင်းတုံး ဘုန်းကြီးများ မှာ သစ္စာဖောက် ခံလိုက်ရသည် ဟု ခံစားလိုက်ရပြီး ဤလူများ က သစ္စာမရှိဟု ရင်ထဲတွင် ကြိမ်းမောင်း နေကြပေသည်။
ကျင်းယွမ်ဘုန်းကြီးကျောင်း တောင် ပျက်သုဉ်းသွားပြီကို ဘယ်လိုလုပ် စစ်ပြေငြိမ်းလို့ ရမှာလဲ။
သို့သော် သူတို့၏ ရင်ထဲတွင် မည်မျှပင် သဘောထား ကွဲလွဲနေပါစေ ယခုအချိန်တွင်တော့ ထုတ်ဖော် မပြသရဲကြပေ။
အဘယ်ကြောင့်ဆိုသော် စကားပြောနေသူမှာ တကယ့် အစစ်အမှန် ရွှမ်တန်အဆင့် သိုင်းသခင် တစ်ပါး ဖြစ်နေသောကြောင့်ပင်။
"ဖူလုံကျောင်းတော် က ချင်းထျန်းဂိုဏ်း၊ ကျင်းယွမ်ဘုန်းကြီးကျောင်း တို့နဲ့ ပူးပေါင်းပြီး ပုန်ကန်ဖို့ ကြိုးစားခဲ့တာ သက်သေ အထောက်အထား အခိုင်အမာ ရှိတယ်... အစိုးရ အနေနဲ့ မင်းတို့ရဲ့ ခြိမ်းခြောက်မှု ကို ခံပြီး ဘယ်လိုလုပ် စစ်ပြေငြိမ်းပေးလို့ ရမှာလဲ... ဟက်ဟက်... လိမ္မာမယ် ဆိုရင်တော့ စောစောစီးစီး လက်နက်ချလိုက်တာ ပိုကောင်းမယ်... ဒါမှ ဒီနေ့ ဖူလုံတောင် သွေးချောင်း မစီးဘဲ ကျင်းယွမ်ဘုန်းကြီးကျောင်း ရဲ့ လမ်းစဉ်ကို မလိုက်ရမှာ..."
ချီဆန်းကျား က စကား မပြောသော်လည်း ကျန်းချဲ့ က ရှေ့သို့ ဖြည်းညင်းစွာ ထွက်လာပြီး သူ၏ အသံတွင် ယွမ်ချီ စွမ်းအင် များကို ထည့်သွင်းထားသဖြင့် အလွန် ကျယ်လောင်စွာ ပျံ့နှံ့သွားခဲ့သည်။
သူ၏ ဤစကားများ က ကျင်းယွမ်ဘုန်းကြီးကျောင်း မှ လူများကို ပိုမို ဒေါသထွက်သွားစေခဲ့သည်။
"ကျန်းချဲ့ ခွေးသူခိုး... ဘုန်းဘုန်း နဲ့ တစ်ယောက်ချင်း တိုက်ရဲလား..."
"မောက်မာလိုက်တာ... မင်း လို မိစ္ဆာကောင် က ဘာမို့လို့ ဒီမှာ လာပြီး ရိုင်းရိုင်းစိုင်းစိုင်း ပြောရဲရတာလဲ..."
"ရိုင်းစိုင်းလိုက်တာ..."
"သေချင်နေတာလား..."
ဒေါသတကြီး အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။
ကျန်းချဲ့ ကတော့ သူတို့ကို ခွေးဟောင်နေသည် ဟုသာ သတ်မှတ်ထားပြီး လုံးဝ ဂရုမစိုက်ပေ။
စွမ်းရည် မရှိဘဲ ဒေါသ ထွက်နေရုံ သက်သက်သာ ဖြစ်သည်။ အကယ်၍ တကယ် တိုက်ခိုက်ရဲမည် ဆိုပါက ပါးစပ်ဖြင့်သာ ပြောမနေဘဲ အစီအရင် အပြင်ဘက်သို့ ထွက်လာမည် မဟုတ်ပါလော။
"ကြည့်ရတာ... တပ်မှူးကြီးကျန်း က ငါတို့ ဖူလုံကျောင်းတော် ကို တကယ်ပဲ မျက်စိထဲ မထားတာပဲ..."
ရွှမ်ဟယ်တာအိုဆရာ က အေးစက်စက် နှာမှုတ်လိုက်သည်။
"ဒါကတော့ သဘာဝပါပဲ... မဟုတ်ရင် အခုလို စစ်တပ်ကြီး ချီတက်လာစရာ အကြောင်း မရှိဘူးလေ..."
ကျန်းချဲ့ က နှုတ်ခမ်းထောင့် ကို တွန့်ကွေးကာ အပြုံးတစ်ခု ဖန်တီးလိုက်သည်။
"ဟွန့်..."
"ဒါဆို တာအိုမိတ်ဆွေ ချန် နဲ့ တာအိုမိတ်ဆွေ ဝမ် တို့ကလည်း သိုင်းလောက ကို သစ္စာဖောက်ပြီး အစိုးရ နဲ့ ပူးပေါင်းကာ ငါတို့ ဖူလုံကျောင်းတော် ကို တိုက်ခိုက်ဖို့ ဆုံးဖြတ်ထားတာပေါ့လေ..." ရွှမ်ဟယ်တာအိုဆရာ ၏ ဒေါသ ထိန်းနိုင်စွမ်း က ရှိနေဆဲပင် ဖြစ်ပြီး ကျန်းချဲ့၏ စကားများကို လစ်လျူရှုကာ ချန်ရှန်တုန်း နှင့် ဝမ်နျန်ကွေ့ တို့ဘက်သို့ လှည့်ကြည့်လိုက်သည်။
မျက်လုံးများ ထဲတွင် အန္တရာယ် ရှိသည့် အရိပ်အယောင် များလည်း ပါဝင်နေပေသည်။
ဝမ်နျန်ကွေ့ က ရင်ထဲတွင် လန့်ဖျပ်သွားပြီး မျက်လုံးများ မှေးကျဉ်းကာ ဘာမှ ပြန်မဖြေခဲ့ပေ။
ချန်ရှန်တုန်း ကတော့ ကျန်းချဲ့ အပေါ် အပြည့်အဝ လောင်းကြေး ထပ်ထားရန် ဆုံးဖြတ်ထားပြီး ဖြစ်ရာ ချက်ချင်းပင် ပြောလိုက်သည်။
"တာအိုမိတ်ဆွေ ရွှမ်ဟယ် က ကိုယ်ကျိုး အတွက် သိုင်းလောက ကို ကမောက်ကမ ဖြစ်အောင် လုပ်ဖို့ ကြိုးစားနေတာကို... ချန် တစ်ယောက် အနေနဲ့ လုံးဝ သဘောမတူနိုင်ပါဘူး... ဒီတစ်ခေါက် ဝင်ပါရတာက တခြား အကြောင်းကြောင့် မဟုတ်ဘဲ ထိုက်ရှန်း သိုင်းလောက ကို ကြည်လင် တောက်ပတဲ့ ကောင်းကင်ယံ တစ်ခု ပြန်ပေးဖို့ အတွက် သက်သက်ပါပဲ..."
"မှန်တယ်... မင်းတို့ ဖူလုံကျောင်းတော် နဲ့ ကျင်းယွမ်ဘုန်းကြီးကျောင်း က သိုင်းလောက ကို အနိုင်ကျင့်လာတာ နှစ်ပေါင်းများစွာ ကြာပြီ... ကိုယ့်ကိုယ်ကိုယ် အရှင်သခင် နေရာမှာ ထားပြီး မောက်မာနေတာကို... ငါ က ကြည့်မရတာ ကြာပြီ... ဒီနေ့ လာတာ မင်းတို့ကို ဖျက်ဆီးပစ်ဖို့ပဲ... သတ္တိရှိရင် အစီအရင် အပြင်ဘက်ကို ထွက်ခဲ့စမ်း..."
ဝမ်ဖုန်ယွင် ကလည်း ချက်ချင်း အသံကျယ်ကြီးဖြင့် ထောက်ခံလိုက်သည်။
"ရိုင်းစိုင်းလိုက်တာ... နို့နံ့ မစင်သေးတဲ့ ကောင်လေး..."
"ကောင်းပြီ ကောင်းပြီ ကောင်းပြီ... ဝမ်နျန်ကွေ့၊ ဝမ်ချင်းဟိုင်... မင်းတို့က တကယ်ပဲ သားကောင်း တစ်ယောက်ကို သင်ကြားပေးထားနိုင်တာပဲ... ဒီနေ့ မင်းတို့ ဝမ်ရှိုခြံဝင်း ကို သေချာပေါက် အမြစ်ပြတ် ချေမှုန်းပြီး သက်တမ်း ကုန်ဆုံး ခြံဝင်း အဖြစ် ပြောင်းပစ်မယ်..."
"အမိတာဘာ... ဒါယကာကျန်း... ဘုန်းဘုန်း မှာ မေးခွန်း တစ်ခုတည်း ရှိပါတယ်... ဒါယကာ ဖြေပေးနိုင်မလား..."
အမြဲတမ်း တိတ်ဆိတ်နေသော ဝမ်ချန်ဆရာတော် က ဗုဒ္ဓဘာသာ စကား ကို ရွတ်ဆိုလိုက်ပြီး ဆူညံသံများကို ဖိနှိပ်လိုက်ကာ လေဟာနယ် ထဲတွင် ကျန်းချဲ့ ကို စူးစိုက်ကြည့်နေပေသည်။
"ပြောလေ..."
"မင်းတို့ က ငါတို့ ကျင်းယွမ်ဘုန်းကြီးကျောင်း ရဲ့ ဂိုဏ်းစောင့် အစီအရင် ကို ဘယ်လို ဖျက်ဆီးပစ်ခဲ့တာလဲ... ငါတို့ လှုပ်ရှားမယ့် အသေးစိတ် အခြေအနေ တွေကို ဘယ်လို သိခဲ့တာလဲ... ကိစ္စတွေ က ဒီအခြေအနေ အထိ ရောက်နေပြီ ဆိုမှတော့ တပ်မှူးကြီးကျန်း လည်း ဆက်ပြီး ဖုံးကွယ်ထားစရာ မလိုတော့ဘူး မဟုတ်လား..."
ပြောရင်းနှင့် သူ က အမှန်တရား ကို သိရှိလိုသည့် အလား ကျန်းချဲ့ကို စူးစိုက်ကြည့်နေပေသည်။
ဤသည်မှာ သူ၏ ရင်ထဲရှိ အကြီးမားဆုံးသော သံသယ ဖြစ်ပြီး တစ်ချိန်တည်းမှာပင် အစိုးရိမ်ရဆုံးသော အချက်လည်း ဖြစ်ပေသည်။
"ဒီမေးခွန်းကတော့... ငါ့ အထင် အသင့်တော်ဆုံး လူတစ်ယောက် က မင်းကို အဖြေပေးသင့်တယ် လို့ ထင်တယ်..."
ကျန်းချဲ့ က ခပ်ဖွဖွ ရယ်မောလိုက်သည်။
သူ၏ ဘေးတွင် တစ်ကိုယ်လုံး အနက်ရောင် ဝတ်ရုံ လွှမ်းခြုံထားပြီး မျက်နှာကို မမြင်ရသော လူတစ်ယောက် က ခေါင်းပေါ်ရှိ အနက်ရောင် ဝတ်ရုံကို ဖြည်းညင်းစွာ ချွတ်ချလိုက်သည်။ သူ၏ ပေါ်ထွက်လာမှု က ဖူလုံကျောင်းတော် အတွင်းရှိ လူအများအပြား ကို ချက်ချင်း ပါးစပ် အဟောင်းသား ဖြစ်သွားစေခဲ့သည်။
အထူးသဖြင့် ကျင်းယွမ်ဘုန်းကြီးကျောင်း မှ ရဟန်းတော်များ မှာ မျက်လုံးထဲတွင် မယုံကြည်နိုင်မှု များ အပြည့်အဝ ဖြစ်နေကြပေသည်။
"အမိတာဘာ... တပည့် ရိခုန်း... ဆရာဦးလေး တွေနဲ့ ဆရာဘိုးဘိုး တွေကို ဂါရဝပြုပါတယ်..."
အနက်ရောင် ဝတ်ရုံ အောက်ရှိ လူမှာ အခြား သူ မဟုတ်ဘဲ ရိခုန်းဘုန်းကြီး ပင် ဖြစ်သည်။ ကျင်းယွမ်ဘုန်းကြီးကျောင်း ပျက်သုဉ်းသွားပြီး နောက်ပိုင်းတွင် သူ က ဤကဲ့သို့သော ဝတ်စားဆင်ယင်မှု ဖြင့်သာ ရှိနေခဲ့ပြီး မျက်နှာ အစစ်အမှန် ကို တစ်ခါမှ မပြသခဲ့ပေ။ ထို့အပြင် ဖူလုံကျောင်းတော် က တောင်တံခါးကို ပိတ်ထားသဖြင့် သတင်းများ လည်း မရောက်ရှိလာခဲ့ပေ။
ယခု သူ၏ ပေါ်ထွက်လာမှု က လူတိုင်းကို သံတူရွင်း ကြီးဖြင့် ထုချလိုက်သကဲ့သို့ ပင် ဖြစ်နေပေသည်။
"ရိခုန်း... တကယ်ပဲ မင်း က ဗုဒ္ဓဘာသာ ကို သစ္စာဖောက်ပြီး... ငါတို့ ရဲ့ သတင်းတွေကို ပေါက်ကြားစေခဲ့တာလား..." ဝမ်ချန်ဆရာတော် ၏ မျက်နှာပေါ်တွင် သတ်ဖြတ်လိုစိတ် များ ပေါ်ထွက်လာပြီး နှုတ်ခမ်းထောင့်တွင် အလွန် ခါးသီးသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။ လီတောက်ဖျင် ၏ သတိပေးမှု ကြောင့် သူ သံသယ ဝင်ခဲ့ဖူးသော်လည်း...
မကြာမီမှာပင် ဤအတွေးကို ဖယ်ရှားပစ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ လုံးဝ မဖြစ်နိုင်သော ကိစ္စ ဖြစ်သောကြောင့် ပင် ဖြစ်သည်။
'ရိခုန်း က ကျင်းယွမ်ဘုန်းကြီးကျောင်း တွင် စောစောကတည်းက သေဆုံးသွားခဲ့ပြီ ဖြစ်ပြီး အရိုးပြာ ပင် မကျန်ရစ်ခဲ့ခြင်း ဖြစ်သည်' ဟုသာ သူ ပိုမို ယုံကြည်ထားခဲ့ပေသည်။
"ရိခုန်း က သတင်းတွေ ပေါက်ကြားစေခဲ့ရုံ သာမက... ကျင်းယွမ် ရွှမ်လင် အစီအရင် ကိုလည်း ကိုယ်တိုင် ဖျက်ဆီးပစ်ခဲ့တယ်... အစ်ကိုတော် ရိဖျင် ကိုလည်း သတ်ပစ်ခဲ့ပြီး... ကျင်းယွမ်ဘုန်းကြီးကျောင်း ပျက်သုဉ်းသွားတာကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရတယ်..." ရိခုန်း က အလွန် တည်ငြိမ်စွာ ဖြေကြားလိုက်သည်။
"ဘာဖြစ်လို့လဲ... ကျင်းယွမ်ဘုန်းကြီးကျောင်း က မင်းကို တစ်ခုခု အပြစ်လုပ်ခဲ့ဖူးလို့လား..."
"မရှိခဲ့ပါဘူး..."
"ဆရာဘိုးဘိုးကြီး က မင်းကို ဆူပူ ကြိမ်းမောင်း ဖူးလို့လား..."
"မရှိခဲ့ပါဘူး..."
"ဒါဆို မင်း ငါ့ကို ပြောစမ်း... တကယ် ဘာဖြစ်လို့လဲ ဆိုတာကို..."
ဝမ်ချန်ဆရာတော် က ရိခုန်းကို စူးစိုက်ကြည့်နေပြီး အင်္ကျီလက် အောက်ရှိ လက်သီး နှစ်ဖက်လုံး ကို တင်းကျပ်စွာ ဆုပ်ထားမိပေသည်။
"ဗုဒ္ဓ က ဗုဒ္ဓ နဲ့ မတူလို့ပဲ... တပည့် ကျင့်ကြံတဲ့ ဗုဒ္ဓဘာသာ တရား က ကျင်းယွမ်ဘုန်းကြီးကျောင်း က ကျင့်ကြံတဲ့ တရား နဲ့ မတူညီဘူး... တပည့် က ဂိုဏ်းကို သစ္စာဖောက်ခဲ့တာ မဟုတ်ဘူး... ညီတော်၊ ဆရာဦးလေး တို့ကို နိဗ္ဗာန် ဘုံ သို့ ပို့ဆောင်ပေးခဲ့တာ သက်သက်ပါပဲ..."
"ရိခုန်း နောင်တရပါ့မယ်... ဒါပေမဲ့ အခုတော့ မဟုတ်ဘူး... ငါ့ရဲ့ ရင်ထဲက ဗုဒ္ဓဘာသာ ကို ပြန်လည် တည်ဆောက်ပြီးတဲ့ နောက်ပိုင်းမှပါ..."
ရိခုန်း က စကားလုံး တစ်လုံးချင်းစီ တိုင်းကို သေချာစွာ ဖြေကြားလိုက်သည်။
"ဒါဆို မင်း ရင်ထဲက ဗုဒ္ဓ က ဘာလဲ..."
"အဲဒါက..."
"မိစ္ဆာကောင်... မင်း က ဒီနေရာမှာ ဆင်ခြေ ပေးရဲသေးတယ်ပေါ့လေ..." နောက်ဆုံးတွင် ချန်ဖုန်းဘုန်းကြီး က ရင်ထဲရှိ ဒေါသမီးတောက် များကို လုံးဝ မထိန်းချုပ် နိုင်တော့ဘဲ ဆဲရေး တိုင်းထွာလိုက်ပြီး ဝမ်ချန်ဆရာတော် ထံသို့ လှည့်ကြည့်လိုက်သည်။
"ဒီကောင် က ဗုဒ္ဓဘာသာ ကို သစ္စာဖောက်သွားပြီပဲ... ဘာတွေ ထပ်မေးနေစရာ လိုသေးလို့လဲ... ဒီနေ့... ဘုန်းဘုန်း ကိုယ်တိုင် ဂိုဏ်းကို ရှင်းလင်းပြီး... အစ်ကိုတော် တွေ၊ တူတော် တွေ အတွက် ကလဲ့စားချေပေးမယ်..."
ပြောပြီးသည်နှင့် ချန်ဖုန်းဘုန်းကြီး က အစီအရင် အပြင်ဘက်သို့ တစ်လှမ်း တိုးထွက်လာပြီး လက်ဝါးဖြင့် လက်သင်္ကေတ ပြုလုပ်ကာ မျက်စိတစ်မှိတ်အတွင်း ပေဆယ်ဂဏန်းခန့် ကြီးမားသော ဧရာမ လက်ဝါးကြီး တစ်ခု ကို ဖန်တီးပြီး ရိခုန်း ဘုန်းကြီး အပေါ်သို့ ဖိချလိုက်သည်။
အစ်ကိုတော် ချန်ဖုန်း၊ ဦးလေးတော် တုနန် နှင့် ကျင်းယွမ်ဘုန်းကြီးကျောင်း မှ ရဟန်းတော် အများအပြား ၏ သွေးကြွေး များကို ယခုအခါ ရိခုန်း ၏ အပေါ်သို့ ပုံချလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သစ္စာဖောက် ဆိုသည်မှာ အများအားဖြင့် အမုန်းခံရဆုံးသော တည်ရှိမှု ပင် ဖြစ်သောကြောင့် ဖြစ်သည်။
သူ၏ ရုတ်တရက် တိုက်ခိုက်မှု ကလည်း လူတိုင်း၏ မျှော်လင့်ချက် ကို ချက်ချင်း ကျော်လွန်သွားစေခဲ့သည်။
"ဦးလေးတော်... မလုပ်ပါနဲ့..."
"ဦးလေးတော်..."
"တာအိုမိတ်ဆွေ ချန်ဖုန်း... အစီအရင် အပြင်ဘက်ကို လုံးဝ မထွက်ပါနဲ့..."
ချန်ဖုန်း ၏ အလောတကြီး လုပ်ရပ်ကို တားဆီးရန် မျှော်လင့်ချက်ဖြင့် အသံများ ချက်ချင်း ထွက်ပေါ်လာခဲ့သည်။
သို့သော် ယခုအခါ နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ချန်ဖုန်းတာအိုဆရာ အစီအရင် အပြင်ဘက်သို့ ထွက်လာသည့် အခိုက်အတန့် တွင်ပင် ပွဲကြည့်နေသော ကျန်းချဲ့ က စတင် လှုပ်ရှားလိုက်ပြီ ဖြစ်သည်။ လက်တစ်ဖက်ဖြင့် ဓားကို ကိုင်ကာ ဒန်တျန် အတွင်းရှိ စစ်မှန်သော ယွမ်စွမ်းအင်များ ကို လျင်မြန်စွာ အသုံးပြုလိုက်ပြီး တစ်ချိန်တည်းမှာပင် သူ၏ တစ်ကိုယ်လုံးရှိ အရှိန်အဝါများ လည်း အဆင့်ဆင့် မြင့်တက်လာခဲ့သည်။
တစ်ဖက်လူ အစီအရင် အပြင်ဘက်သို့ ထွက်လာသည့် အခိုက်အတန့် တွင် သူ က အနည်းငယ်မျှပင် တွန့်ဆုတ်မနေဘဲ အစွမ်းကုန် ဓားတစ်ချက် ကို ခုတ်ချလိုက်သည်။
သွေးပင်လယ်... သတ်ဖြတ်ခြင်း ကပ်ဆိုး...
မျက်စိတစ်မှိတ် အတွင်း စူးရှ တောက်ပသော ကြောက်မက်ဖွယ်ကောင်းသည့် ဓားအလင်းတန်း တစ်ခု က ပြင်းထန်စွာ ပေါက်ကွဲ ထွက်ပေါ်လာပြီး အတားအဆီး အားလုံးကို ဆုတ်ဖြဲကာ ဧရာမ လက်ဝါးကြီး အပေါ်သို့ ချက်ချင်း ခုတ်ချလိုက်လေသည်။