အခန်း ၁၇၈
Vol. 18 Ch. 178
အခန်း (၁၇၈) မျှော်လင့်ချက်မဲ့သွားသော လူအများ
"သတ်..."
ဖူလုံကျောင်းတော်၏ ဂိုဏ်းစောင့် အစီအရင်ကြီး လုံးဝ ဖိနှိပ်ခံလိုက်ရသည်နှင့် အတူ အစစ်အမှန် နောက်ဆုံး တိုက်ပွဲကြီး က အပြည့်အဝ စတင်လာခဲ့ပြီ ဖြစ်သည်။ မရေမတွက်နိုင်သော သတ်ဖြတ်သံများ က ချက်ချင်း ပဲ့တင်ထပ်သွားပြီး စစ်သည် အများအပြား က ဖူလုံကျောင်းတော် ၏ တောင်တံခါး ဆီသို့ တဟုန်ထိုး ပြေးဝင်သွားကြသည်။
တစ်ချိန်တည်းမှာပင် လေဟာနယ်တွင် ပျံသန်းနိုင်စွမ်း ရှိသော မွေးရာပါအဆင့် သိုင်းသမား များ အားလုံးကလည်း ချက်ချင်း လှုပ်ရှားလိုက်ကြပြီး အလင်းတန်းများ အဖြစ် ပြောင်းလဲကာ ဖူလုံကျောင်းတော် မှ မွေးရာပါအဆင့် အင်အားကြီးသူများ ဆီသို့ ပြေးဝင် တိုက်ခိုက်သွားကြသည်။
စစ်သည် အချင်းချင်း တိုက်ခိုက်ကြပြီး သိုင်းသမား အချင်းချင်း တိုက်ခိုက်ကြသည်။
စစ်တပ် အတွင်း ကျန်ရစ်ခဲ့သော လူအနည်းငယ်မှလွဲ၍ ကျန်ရှိနေသော သူများ အားလုံးက ရှေ့သို့ ပြေးဝင် တိုက်ခိုက်သွားကြသည်။ ယခင်က ကျင်းယွမ်ဘုန်းကြီးကျောင်း ကို အမြစ်ပြတ် ချေမှုန်းစဉ်က ရရှိခဲ့သော အကျိုးအမြတ် များက သူတို့ကို အလွန် ကြွယ်ဝ ချမ်းသာသွားစေခဲ့သည်။
သို့သော် နောက်ဆုံးတွင်တော့ စစ်မှုထမ်းများ အနေဖြင့် စစ်ပွဲတွင် စွမ်းဆောင်ရည် အပေါ် မူတည်၍သာ အနည်းအများ ရရှိမည် ဖြစ်သည်။
ယခုအခါ စစ်ပွဲကြီး နောက်တစ်ကြိမ် စတင်လာခဲ့ပြီ ဖြစ်ပြီး ဖူလုံကျောင်းတော် ကလည်း ကျင်းယွမ်ဘုန်းကြီးကျောင်း နှင့် အဆင့်အတန်း တူညီသော ထိပ်တန်း အင်အားစု တစ်ခု ဖြစ်ရာ သေချာပေါက် ကြွယ်ဝ ချမ်းသာနေမည် ပင် ဖြစ်သည်။ သူတို့ အားလုံးက ဤတစ်ကြိမ်တွင်လည်း နောက်တစ်ကြိမ် အားရပါးရ စားသုံးချင်နေကြသည်။
အရင်းအမြစ် များ လုံလောက်စွာ ရှိနေသရွေ့ သူတို့၏ ကျင့်ကြံမှု ကလည်း ပြဿနာ တစ်ခု မဟုတ်တော့ပေ။
များများ ရထားသူ က ထပ်လိုချင်ပြီး နည်းနည်း ရထားသူ ကလည်း သေချာပေါက် ထပ်ဖြည့်ချင်ကြမည် ဖြစ်သည်။
ယခုအချိန်တွင် သူတို့၏ အမြင်၌ ဖူလုံကျောင်းတော် က ရန်သူ မဟုတ်တော့ဘဲ အဆီတဝင်းဝင်း ဖြစ်နေသော အသားတုံး ကြီး ဖြစ်နေပေသည်။ လူတစ်ယောက် ပိုသတ်နိုင်လျှင် ဓနဥစ္စာ တစ်ခု ပိုရမည် ဖြစ်ပြီး စစ်မှုထမ်း မှတ်တမ်း တစ်ခု ပိုရမည် ဖြစ်ရာ မျက်စိတစ်မှိတ် အတွင်းမှာပင် လူတိုင်း မျက်လုံးများ နီရဲသွားကြတော့သည်။
ဖူလုံကျောင်းတော် မှ အင်အားကြီးသူ အများအပြား ၏ မျက်နှာထား ကတော့ မှောင်မိုက်သွားပြီး ဖိအား များကို ချက်ချင်း ခံစားလိုက်ရသည်။
ဂိုဏ်းစောင့် အစီအရင် ကို အားကိုးပြီး ရင်ဆိုင်ရလျှင်တောင် သူတို့ တွင် အပြည့်အဝ ယုံကြည်ချက် မရှိခဲ့ရာ ယခု အချိန်တွင် ပို၍ပင် ယုံကြည်ချက် မရှိတော့ပေ။
သို့သော် ယုံကြည်ချက် မရှိလည်း ဘာမှ မတတ်နိုင်တော့ပေ။ ကိစ္စများ က ဤအခြေအနေ အထိ ရောက်နေပြီ ဖြစ်ပြီး တစ်ဖက်လူ က မျက်စိရှေ့သို့ ရောက်လာပြီ ဖြစ်ရာ လက်နက်ချ အညံ့ခံရန် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပေ။ သူသေကိုယ်သေ တိုက်ခိုက်ခြင်း ကသာ သူတို့ အတွက် ယခု လက်ရှိ တစ်ခုတည်းသော ရွေးချယ်စရာ ပင် ဖြစ်သည်။
ရွှီယွမ်တာအိုဆရာ ၏ မျက်နှာထား က အနည်းငယ် ရုပ်ဆိုးနေပြီး နောက်သို့ တစ်ချက် လှည့်ကြည့်ကာ ရွှမ်ဟယ်တာအိုဆရာ ကို လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"ချီဆန်းကျား က ရွှမ်တန်အဆင့် ကို အခုလေးတင် ရောက်ထားတာ... ပြီးတော့ တုနန်မိတ်ဆွေ နဲ့လည်း တိုက်ခိုက်ထားသေးတော့... သေချာပေါက် အားနည်းချက် ရှိနေမှာပဲ... ကျုပ် က သူ့ကို အမြန်ဆုံး အမြန်နှုန်း နဲ့ ဖြေရှင်းလိုက်မယ်... ကျန်တဲ့ သူတွေ အထူးသဖြင့် ကျန်းချဲ့ ကို မင်းတို့ တာဝန်ယူလိုက်..."
"ဆရာဦးလေး စိတ်ချပါ... တပည့် သေချာပေါက် တာဝန် ကျေပွန်အောင် ထမ်းဆောင်ပါ့မယ်..."
ရွှမ်ဟယ်တာအိုဆရာ က လေးနက်သော မျက်နှာထား ဖြင့် ခေါင်းညိတ်လိုက်သည်။
ဤစစ်ပွဲ စတင်ခြင်း က သူတို့ နှစ်ဖက်စလုံး မျက်နှာချင်းဆိုင် ရင်ဆိုင်ရပြီ ဆိုသည်ကို ကိုယ်စားပြုနေပြီး အကယ်၍ အနိုင်ရလျှင်တောင် ဖူလုံကျောင်းတော် အနေဖြင့် နောက်ပိုင်းတွင် ထိုက်ရှန်းဒေသ ၌ ယခင်ကလို မောက်မာစွာ နေထိုင်နိုင်တော့မည် မဟုတ်ပေ။ သို့သော် ယခုအခါ အခြား ရွေးချယ်စရာ မရှိတော့ပေ။
ထို့အပြင် အနိုင်ရနိုင်မလား ဆိုသည်ကပင် ပြဿနာ တစ်ခု ဖြစ်နေပေသည်။
သို့သော် အစက ပြောခဲ့သလိုပင် သူတို့တွင် ရွေးချယ်စရာ မရှိပေ။
ရွှီယွမ် က အနည်းငယ် ခေါင်းညိတ်လိုက်ပြီး စကား တစ်ခွန်းမျှ ထပ်မပြောတော့ဘဲ လက်ထဲရှိ ယင်ကောင် ကို တစ်ချက် ဝှေ့ယမ်းလိုက်ကာ မျက်စိတစ်မှိတ် အတွင်း လှုပ်ရှားလိုက်ပြီး ချီဆန်းကျား ဆီသို့ တိုက်ရိုက် ပြေးဝင်သွားကာ လက်ဝါး တစ်ချက် ရိုက်ထုတ်လိုက်ရာ အလွန် အစွမ်းထက်သော နတ်စွမ်းရည် တစ်ခု ထွက်ပေါ်လာခဲ့သည်။
ပုံရိပ်ယောင် အစိမ်းရောင် အလင်းတန်း တစ်ခု က မြှား တစ်စင်း ကဲ့သို့ ချီဆန်းကျား ဆီသို့ ချက်ချင်း ပြေးဝင်သွားခဲ့သည်။
"ဟားဟား... ကောင်းတယ်..."
ချီဆန်းကျား က ရိုင်းစိုင်းစွာ ရယ်မောလိုက်ပြီး တစ်ကိုယ်လုံး ရှိ အရှိန်အဝါ များကို အပြည့်အဝ ပေါက်ကွဲ ထုတ်လွှတ်လိုက်ကာ သွေးချို ဧရာမသားရဲ ၏ ကျောပေါ်မှနေ၍ လေဟာနယ် ထဲသို့ ခုန်တက်သွားပြီး လက်နှစ်ဖက်ဖြင့် ငွေရောင် လှံရှည် ကို ကိုင်ကာ အားကုန် လွှဲရိုက်လိုက်ရာ ငွေရောင် အလင်းတန်း တစ်ခု က အစိမ်းရောင် အလင်းတန်း အပေါ်သို့ ကျရောက်သွားပြီး မျက်စိတစ်မှိတ် အတွင်း ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ်လာခဲ့သည်။
သူ ကိုယ်တိုင် လည်း လေဟာနယ် ထဲသို့ ခုန်တက်သွားပြီး ရွှီယွမ်တာအိုဆရာ ဆီသို့ ပြေးဝင် တိုက်ခိုက်သွားခဲ့သည်။
ကျန်ရှိနေသော မြင်ကွင်းများ အားလုံးကို သူ က ကျန်းချဲ့ ထံသို့ အပြည့်အဝ လွှဲအပ်ထားလိုက်သည်။
ဤသည်မှာ တိုက်ပွဲ မစတင်မီ ကတည်းက ကြိုတင် ဆုံးဖြတ်ထားပြီး ဖြစ်သော ကိစ္စ ပင် ဖြစ်သည်။
မည်သို့ပင်ဆိုစေ ရွှီယွမ်တာအိုဆရာ က ဝါရင့် ရွှမ်တန်အဆင့် သိုင်းသခင် တစ်ပါး ဖြစ်ရာ အနည်းငယ်မျှ ပေါ့ဆ၍ မရနိုင်ပေ။ သူ ကိုယ်တိုင် ကလည်း အစွမ်းကုန် တိုက်ခိုက်ရန် လိုအပ်နေပြီး စစ်မြေပြင် တစ်ခုလုံး၏ အခြေအနေ ကို ဂရုစိုက်ရန် လုံးဝ အချိန် မရှိပေ။
ထို့အပြင် ရွှီယွမ် ကို အနိုင်ယူနိုင်မည်လား ဆိုသည်ကိုပင် သူ သေချာ မသိနိုင်ရာ ကျန်းချဲ့ အနေဖြင့် ယခင်က ပြသခဲ့သော စွမ်းအား များကို အသုံးပြုပြီး ရွှမ်ဟယ် နှင့် အခြား သူများကို အမြန်ဆုံး ဖြေရှင်းကာ ယခင်က တုနန် ကို တိုက်ခိုက်စဉ်က ကဲ့သို့ သူ့ကို လာရောက် ကူညီနိုင်ရန် သာ မျှော်လင့်နေပေသည်။
ဤသို့ဆိုလျှင် သာ အနိုင်ရရှိမှုကို အသေအချာ သတ်မှတ်နိုင်မည် ဖြစ်သည်။
"မိတ်ဆွေဝမ်ချန်... ငါတို့ နှစ်ယောက် ပူးပေါင်းပြီး ကျန်းချဲ့ကို ရင်ဆိုင်ရအောင်... သူ့ကို သတ်နိုင်ဖို့ မမျှော်လင့်ပါဘူး... တခြား သူတွေ က အသာစီး ရနိုင်ဖို့ အချိန်ဆွဲထားနိုင်ရင် ရပါပြီ... နောက်ဆုံးကျမှ ကျန်းချဲ့ကို ဝိုင်းသတ်ကြတာပေါ့..." ရွှမ်ဟယ်တာအိုဆရာ က ဝမ်ချန်ဆရာတော် ကို ချက်ချင်း လှည့်ကြည့်လိုက်သည်။
ကျန်းချဲ့ က ချန်ဖုန်းဘုန်းကြီး ကို ဓားတစ်ချက်တည်း ဖြင့် သတ်ဖြတ်လိုက်ပြီး နောက်ပိုင်း တွင် ရွှမ်ဟယ်တာအိုဆရာ က သူ ကိုယ်တိုင် ကျန်းချဲ့ ၏ ပြိုင်ဘက် မဟုတ်မှန်း သိရှိသွားပြီး ကျင်းယွမ်ဘုန်းကြီးကျောင်း ၏ ကျောင်းထိုင် ဖြစ်သော ဝမ်ချန်ဆရာတော် ကို သေချာပေါက် ဆွဲခေါ်ရန် လိုအပ်ကြောင်း နားလည်သွားခဲ့သည်။
သူတို့ နှစ်ယောက် ပူးပေါင်းပြီး တိုက်ခိုက်မည် ဆိုလျှင်တောင် သူ က အချိန်ဆွဲထားရန် အတွက်သာ ပြင်ဆင်ထားပြီး မျှော်လင့်ချက် များကို မင်ဟယ် နှင့် မင်ထူ ဆရာဦးလေး နှစ်ပါး အပေါ် တွင်သာ ထားရှိပေသည်။ သူတို့ နှစ်ယောက် က ချန်ရှန်တုန်း နှင့် ဝမ်ရှိုခြံဝင်း မှ ဝမ်မိသားစု ဘိုးဘေး တို့ကို ဖြေရှင်းနိုင်ပြီး နောက်ဆုံးတွင် သူတို့ လေးယောက် ပူးပေါင်း၍ ကျန်းချဲ့ ကို ရင်ဆိုင်နိုင်မည်ဟု မျှော်လင့်ထားပေသည်။
ရွေးချယ်စရာ မရှိပေ။ ချန်ဖုန်းဘုန်းကြီး ကို ဓားတစ်ချက်တည်း ဖြင့် သတ်ဖြတ်ခဲ့သော ကျန်းချဲ့ ကို သူတို့ အလွန် သတိထား ရမည် ဖြစ်သည်။
အခြားသော တိုက်ပွဲများကိုမူ သူ ဂရုမစိုက်နိုင်တော့ပေ။ တိုက်ပွဲများကို အမြန်ဆုံး အဆုံးသတ်ပြီး သေကြေ ဒဏ်ရာရမှုများကို လျှော့ချနိုင်ရန် သာ မျှော်လင့်နေပေသည်။
"ကောင်းပြီ..."
ဝမ်ချန်ဆရာတော် က လေးနက်သော မျက်နှာထား ဖြင့် ခေါင်းညိတ်လိုက်ပြီး စကား အပို မပြောတော့ဘဲ ချက်ချင်း စတင် လှုပ်ရှားလိုက်သည်။ လက်ထဲရှိ ခြောက်ကွင်းတပ် သံတောင်ဝှေး ကို ကိုင်ဆောင်ကာ အားကုန် ရိုက်ချလိုက်ရာ ရွှေရောင် အလင်းတန်း တစ်ခု ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။
စစ်မြေပြင် အခြေအနေ မှာ မျက်စိတစ်မှိတ် အတွင်း ပြောင်းလဲသွားပြီး သူတို့ စကားပြောနေစဉ် အတွင်းမှာပင် ကျန်းချဲ့ က ရောက်ရှိလာပြီး သူတို့ ဆီသို့ ကြောက်မက်ဖွယ်ကောင်းသော နဂါးပုံသဏ္ဍာန် အတွင်းအား ကြီး တစ်ခုကို ချက်ချင်း ရိုက်ထုတ်လိုက်သည်။
သို့သော် ထိုတိုက်ခိုက်မှုကို ဝမ်ချန်ဆရာတော် က ကာကွယ်လိုက်နိုင်ခဲ့သည်။
သူ၏ စွမ်းအား ကလည်း အလွန် အစွမ်းထက်လှပေသည်။ မဟုတ်လျှင် ကျင်းယွမ်ဘုန်းကြီးကျောင်း ၏ ကျောင်းထိုင် ဖြစ်လာမည် မဟုတ်ပေ။ ထို့အပြင် လက်ထဲရှိ အကောင်းဆုံး ဝိညာဉ် လက်နက် ဖြစ်သော ခြောက်ကွင်းတပ် သံတောင်ဝှေး ၏ ပံ့ပိုးမှု ကြောင့် သူ၏ စွမ်းအား က အများကြီး ပိုမို တိုးတက်လာခဲ့သည်။
ကျန်းချဲ့ စတင် လှုပ်ရှားပြီ ဖြစ်ကြောင်း မြင်သောအခါ ရွှမ်ဟယ်တာအိုဆရာ ကလည်း အနည်းငယ်မျှ တွန့်ဆုတ်မနေတော့ဘဲ ဖူလုံကျောင်းတော် ၏ အကောင်းဆုံး ဝိညာဉ် လက်နက် ဖြစ်သော ချင်းရွှမ် ဓားရှည် ကို ချက်ချင်း ထုတ်ယူလိုက်သည်။ ဤသည်မှာ ဖူလုံကျောင်းတော် ၏ ကျောင်းထိုင် များ ဆက်ခံလာခဲ့သော ပစ္စည်း လည်း ဖြစ်သည်။
ပထမဆုံး ဖူလုံကျောင်းတော် တည်ထောင်သူ ဆရာသခင် ချန်ထားခဲ့သော ဝိညာဉ် လက်နက် ဖြစ်ပြီး နှစ်ပေါင်း ရာချီ ပြုစု ပျိုးထောင်ထားခဲ့သဖြင့် အလွန် ထက်မြက်လှပေသည်။
ပေါက်ကွဲ ထွက်လာနိုင်သော စွမ်းအား မှာလည်း သေချာပေါက် အလွန် အစွမ်းထက်လှပေသည်။
အမှန်တကယ် ပြောရမည် ဆိုလျှင် ဖူလုံကျောင်းတော် နှင့် ကျင်းယွမ်ဘုန်းကြီးကျောင်း တို့မှာ သာမန် မွေးရာပါအဆင့် ထိပ်တန်း အင်အားစု များ မဟုတ်ကြပေ။ ရွှမ်တန်အဆင့် သိုင်းသခင် များ စောင့်ကြပ်နေသဖြင့် ရွှမ်တန်အဆင့် အင်အားစု များ ဟုပင် ခေါ်ဆိုနိုင်ပေသည်။
မဟုတ်လျှင် အကောင်းဆုံး ဝိညာဉ် လက်နက် များကို ပိုင်ဆိုင်ရန် လုံးဝ မဖြစ်နိုင်ပေ။
ရွှမ်တန်အဆင့် သိုင်းသခင် များ ပင်လျှင် လူတိုင်း အကောင်းဆုံး ဝိညာဉ် လက်နက် တစ်လက် ကို ပိုင်ဆိုင်နိုင်မည် မဟုတ်ဘဲ အများစု မှာ အဆင့်မြင့် ဝိညာဉ် လက်နက် များကို သာ ကိုင်ဆောင်ကြပြီး အရည်အသွေး အရ ဆေးဘုရင်တောင်ကြား မှ ဝိညာဉ်ဖြတ် အပ် တစ်စုံ လောက်ပင် မကောင်းမွန်ပေ။
ဤအရာများ က ဂိုဏ်း၏ အခြေခံ အုတ်မြစ် များပင် ဖြစ်သည်။
အခြား တစ်ဖက်တွင် ချန်ရှန်တုန်း နှင့် ဝမ်မိသားစု ဘိုးဘေး တို့ကလည်း ဖူလုံကျောင်းတော် မှ အခြား ရှန်ကွမ်းအဆင့် သိုင်းသမား နှစ်ယောက် ကို ပစ်မှတ်ထား လိုက်ကြသည်။ ကျန်းဟိုင်နန်းတော် ၏ နန်းတော်သခင် ဖြစ်သော ချန်ရှန်တုန်း အနေဖြင့် အဆင့်တူ သိုင်းသမား တစ်ယောက် ကို ရင်ဆိုင်ရန် လုံးဝ မကြောက်ရွံ့ပေ။
ဝိညာဉ် ဓားတစ်လက် ကို ကိုင်ဆောင်ကာ ပြေးဝင် တိုက်ခိုက်သွားပြီး မင်ဟယ်တာအိုဆရာ နှင့် အကြိတ်အနယ် တိုက်ခိုက်နေပေသည်။
ဝမ်မိသားစု ဘိုးဘေး ကတော့ သူ၏ အခြေအနေ ကို သူ သေချာ သိရှိထားပေသည်။ သက်တမ်း ကုန်ဆုံးလုနီးပါး ဖြစ်နေသော သူ၏ စွမ်းအား က အလွန် ကျဆင်းနေပြီး ဖူလုံကျောင်းတော် ၏ အကြီးအကဲချုပ် မင်ထူတာအိုဆရာ ၏ ပြိုင်ဘက် လုံးဝ မဖြစ်နိုင်ပေ။
သို့သော် သူ၏ အစပိုင်း ရည်ရွယ်ချက် က တစ်ဖက်လူကို အချိန်ဆွဲထားရန် သာ ဖြစ်ပြီး အသက်ကို ပင် စတေးရန် ပြင်ဆင်ထားပေသည်။
ဤသည်မှာလည်း သူ၏ တစ်ခုတည်းသော အသုံးဝင်မှု ပင် ဖြစ်သည်။
အောက်ဘက်ရှိ တိုက်ပွဲ ကတော့ ပိုမို ပြင်းထန်လှပေသည်။ ဝိညာဉ် အလင်းတန်း များ လေဟာနယ် တွင် အဆက်မပြတ် လင်းလက်နေပြီး အသီးသီး ပြိုင်ဘက် များကို ရှာဖွေကာ အသေအလဲ တိုက်ခိုက်နေကြသည်။ ရိခုန်း ကတော့ ကျဲထန်ဘုန်းကြီး ၏ ပစ်မှတ်ထားခြင်း ကို ခံလိုက်ရသည်။
ချစ်ခြင်းမေတ္တာ နက်ရှိုင်းလေ အမုန်းတရား ကြီးမားလေ ဟု ဆိုကြသည် မဟုတ်ပါလော။
ချန်ဖုန်းဆရာဘိုးဘိုးကြီး ကျန်းချဲ့ ၏ လက်ထဲတွင် သေဆုံးသွားသည်ကို ကိုယ်တိုင် မြင်တွေ့လိုက်ရသော အခါ သူ က တကယ် ဒေါသထွက်သွားခဲ့ပြီး သစ္စာဖောက် ရိခုန်း ကို ကိုယ်တိုင် သတ်ဖြတ်ရန် စိတ်ထဲတွင် ကျိန်ဆိုလိုက်ပေသည်။
ထိုနှစ်က ရိခုန်း ကို ကျင်းယွမ် ဗုဒ္ဓဘာသာ အတွင်းသို့ သူ ကိုယ်တိုင် ခေါ်ဆောင်လာခဲ့ခြင်း က အမှား တစ်ခု ဖြစ်ခဲ့ပြီး ယခုအခါ ဂိုဏ်းကို ရှင်းလင်းပြီး ထိုအမှားကို ပြင်ဆင်ရမည့် အချိန် ရောက်လာခဲ့ပြီ ဖြစ်သည်။
"ရိခုန်း... ဒီနေ့ ဘုန်းဘုန်း က မင်းကို သေချာပေါက် အဖိုးအခ ပေးဆပ်ခိုင်းမယ်..."
ကျဲထန်ဘုန်းကြီး က လက်ဝါး တစ်ချက် ရိုက်ထုတ်လိုက်ရာ ပြင်းထန်သော အတွင်းအား များ ချက်ချင်း ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။
ကျဲထန် ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရသော်လည်း ရိခုန်း က အမြဲတမ်း တည်ငြိမ်နေခဲ့ပြီး လက်အုပ်ချီကာ ဗုဒ္ဓဘာသာ ၏ ရွှေရောင် ခေါင်းလောင်း ဖြင့် တစ်ဖက်လူ၏ တိုက်ခိုက်မှုကို ကာကွယ်လိုက်သည်။
"ဝုန်း"
"ဝုန်း"
"ဝုန်း"
အချိန်တိုလေး အတွင်းမှာပင် နှစ်ဖက်စလုံး က အကြိမ် ဆယ်ဂဏန်းခန့် တိုက်ခိုက်ခဲ့ကြပြီး ဗုဒ္ဓဘာသာ ၏ သိုင်းပညာ အမျိုးမျိုး ကို အသုံးပြုကာ ပတ်ဝန်းကျင် ပေဆယ်ဂဏန်း အတွင်းကို အပျက်အစီးများ အဖြစ်သို့ ပြောင်းလဲသွားစေခဲ့ပြီး နေရာ အဆက်မပြတ် ပြောင်းရွှေ့ တိုက်ခိုက်နေကြသည်။
တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေသည် နှင့် အမျှ ကျဲထန်ဘုန်းကြီး ၏ မျက်နှာထား က ပိုမို ရုပ်ဆိုးလာခဲ့သည်။
သူ၏ ကျင့်ကြံမှု က ရိခုန်း ထက် အနည်းငယ် ပိုမြင့်သော်လည်း ရိခုန်း ၏ နည်းလမ်းများ က ထိုကွာဟချက်ကို ဖြည့်ဆည်းပေးခဲ့ပြီး တိုက်ပွဲ တွင် ရိခုန်း က အနည်းငယ် အသာစီး ရနေခဲ့သည်။
အရေးအကြီးဆုံး အချက်မှာ ရိခုန်း အသုံးပြုသော နတ်စွမ်းရည် နည်းလမ်းများ အားလုံးမှာ ကျင်းယွမ်ဘုန်းကြီးကျောင်း မှ သင်ကြားပေးထားခြင်း ပင် ဖြစ်သည်။
ရိုးရိုးရှင်းရှင်း ပြောရလျှင် ချေဖျက်ရန် အလွန် ခက်ခဲလှပေသည်။
တစ်ဖက်လူ က နည်းလမ်း တစ်ခုခုကို အသုံးပြုလိုက်သည် နှင့် အခြား တစ်ဖက် က ချက်ချင်း ဖြေရှင်းမည့် နည်းလမ်းကို စဉ်းစားမိသွားတတ်ပေသည်။
ဤသည်ကပင် ကျဲထန်ဘုန်းကြီး ကို အလွန် ခံရခက်စေသော အချက် ပင် ဖြစ်သည်။
"ဘန်း..."
နောက်ထပ် ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ်လာပြီးနောက် ဤတစ်ကြိမ် တွင်တော့ ရိခုန်း က ကျဲထန်ဘုန်းကြီး ကို ပေအတော်အတန် အထိ နောက်ဆုတ်သွားစေခဲ့သည်။ ယခုအခါ သူ၏ မျက်လုံးများ က လုံးဝ သွေးရောင် လွှမ်းနေပြီ ဖြစ်သည်။
သွေးကြောများ ဆူပွက်လာပြီး ပတ်ဝန်းကျင်ရှိ သတ်ဖြတ်မှုများ နှင့် သွေးများကို မြင်တွေ့လိုက်ရသောအခါ ရိခုန်း ၏ မိစ္ဆာစိတ် က နောက်တစ်ကြိမ် လှုံ့ဆော်ခြင်း ခံလိုက်ရပြီး ကျဲထန်ဘုန်းကြီး ကို စူးစိုက်ကြည့်ကာ ထူးဆန်းသော အပြုံး တစ်ခု ကို ဖန်တီးလိုက်သည်။
"ဆရာဦးလေး... ဆရာဦးလေး က လောဘ အရမ်း ကြီးလွန်းတော့ အခု ဗုဒ္ဓဘာသာ နဲ့ လုံးဝ မကိုက်ညီဘူး... စစ်မှန်တဲ့ ဘုရားရှင် ရဲ့ လက်အောက်ကို ဝင်လာမလား... ဆရာဦးလေး ကို အစောင့်အရှောက် ရာထူး တစ်ခု ပေးလို့ ရတယ်..."
"မိစ္ဆာကောင်..."
ကျဲထန်ဘုန်းကြီး က မျက်လုံးများ နီရဲသွားပြီး အော်ဟစ်လျက် ရိခုန်းဘုန်းကြီး ဆီသို့ နောက်တစ်ကြိမ် ပြေးဝင် တိုက်ခိုက်သွားခဲ့သည်။
"ခေါင်းမာ လွန်းတယ်... ဒီလို ဆိုမှတော့... ဆရာဦးလေး ကို နိဗ္ဗာန် ဘုံကို ပို့ဆောင်ပေးရတာပေါ့..."
ရိခုန်း က အေးစက်စက် နှာမှုတ်လိုက်ပြီး တစ်ကိုယ်လုံး မှောင်မိုက်သော ရွှေရောင် အလင်းတန်း တစ်ခု အဖြစ် ပြောင်းလဲကာ တည့်တည့် ပြေးဝင် တိုက်ခိုက်သွားခဲ့သည်။ တိုက်ခိုက်သည့် အခါတွင်လည်း နည်းလမ်းများ က ပိုမို ရက်စက် ကြမ်းကြုတ်လာပြီး အထူးသဖြင့် အစွမ်းထက်သော ခန္ဓာကိုယ် ကို အသုံးပြုကာ အနီးကပ် တိုက်ခိုက်ရန် အခွင့်အရေး များကို အဆက်မပြတ် ရှာဖွေနေခဲ့သည်။
အချိန်တိုလေး အတွင်းမှာပင် ကျဲထန်ဘုန်းကြီး ကို သွေးများ အဆက်မပြတ် အန်ထုတ်စေခဲ့သည်။
"သေစမ်း..."
ကျဲထန်ဘုန်းကြီး က အဆက်မပြတ် ဆဲရေး တိုင်းထွာနေပြီး မျက်လုံးများ နီရဲနေသော ရိခုန်း က ဘာဖြစ်လို့ ရုတ်တရက် အများကြီး ပိုမို အစွမ်းထက် လာရသနည်း ဆိုသည်ကို နားမလည်နိုင်အောင် ဖြစ်နေပေသည်။ လူတစ်ယောက် လုံးဝ ပြောင်းလဲသွားသကဲ့သို့ ပင် ဖြစ်နေပြီး ရိခုန်း ၏ ကိုယ်ပေါ်တွင် ကျန်းချဲ့ ၏ အရိပ်အယောင် အချို့ကိုပင် သူ မြင်တွေ့လိုက်ရပေသည်။
"ဗုဒ္ဓ အလင်းရောင် လွှမ်းခြုံခြင်း..."
တိုးညှင်းသော အသံ တစ်ခု ထွက်ပေါ်လာပြီး ရိခုန်း က သိုင်းစိတ်ဆန္ဒ ကို အသုံးပြုလိုက်ရာ တစ်ကိုယ်လုံး ၏ စွမ်းအား က နောက်တစ်ကြိမ် မြင့်တက်လာခဲ့ပြီး အလွန် အစွမ်းထက်သော အရှိန်အဝါ ကြီး က ကျဲထန်ဘုန်းကြီး ကိုပင် မျက်နှာထား ပြောင်းလဲသွားစေပြီး ရင်ထဲတွင် ထိတ်လန့်သွားစေခဲ့သည်။
"သတ်..."
"သတ်..."
"သတ်..."
ယခုအခါ ဖူလုံကျောင်းတော် အတွင်း နေရာ အနှံ့အပြား တွင် သတ်ဖြတ်သံများ အဆက်မပြတ် ထွက်ပေါ်နေပြီး နှစ်ဖက်စလုံး မှ စစ်သည်များ နှင့် တပည့်များ အဆက်မပြတ် သွေးအိုင် ထဲတွင် လဲကျ သေဆုံးနေကြပေသည်။
ဤတစ်ကြိမ် က ကျင်းယွမ်ဘုန်းကြီးကျောင်း တိုက်ပွဲ နှင့် မတူပေ။ ယခင်က ကျင်းယွမ်ဘုန်းကြီးကျောင်း မှ လက်ရွေးစင် များ အားလုံး အဝေးသို့ ရောက်ရှိနေသဖြင့် စစ်သည် များ၏ သေကြေ ဒဏ်ရာရမှု က သိပ်မများပြား ခဲ့ပေ။ သို့သော် ယခုတစ်ကြိမ် တွင်တော့ သူတို့ ရင်ဆိုင်နေရသည်မှာ ဖူလုံကျောင်းတော် နှင့် ကျင်းယွမ်ဘုန်းကြီးကျောင်း မှ လက်ရွေးစင် များ ဖြစ်ရာ သေကြေ ဒဏ်ရာရမှု က သေချာပေါက် အများကြီး တိုးလာမည် ဖြစ်သည်။
မည်သို့ပင်ဆိုစေ ကျင်းယွမ်ဘုန်းကြီးကျောင်း နှင့် ဖူလုံကျောင်းတော် မှ တပည့်များ ၏ ယေဘုယျ စွမ်းအား က ချီဆန်းကျား ၏ လက်အောက်ရှိ စစ်သည်များ ထက် အများကြီး သာလွန်နေပြီး ကျန်းဟိုင်နန်းတော် နှင့် ဝမ်ရှိုခြံဝင်း မှ လက်ရွေးစင် တပည့်များ ပင်လျှင် အနည်းငယ် အားနည်းနေပေသည်။
သို့သော် နောက်ဆုံးတွင်တော့ လူနည်းစု က လူအများစု ကို မယှဉ်နိုင်ပေ။
အပေါ်စီး မှ သေချာ ကြည့်မည် ဆိုပါက စစ်သည် များ အဆက်မပြတ် ပြေးဝင် တိုက်ခိုက်နေသည်ကို တွေ့မြင်နိုင်ပြီး တစ်ယောက် လဲကျသွားသည် နှင့် အနောက်မှ စစ်သည် အများအပြား က ချက်ချင်း နေရာ ဝင်ယူကြပေသည်။
လူတိုင်း က ဤအခိုက်အတန့် တွင် မျက်လုံးများ နီရဲနေကြပြီ ဖြစ်သည်။
ထိုအထဲတွင် ကျန်းချဲ့ လည်း သေချာပေါက် ပါဝင်ပေသည်။
ဖူလုံကျောင်းတော် ၏ ဂိုဏ်းစောင့် အစီအရင် ပျက်စီးသွားပြီး ကတည်းက ကျန်းချဲ့ က အနည်းငယ်မျှ တွန့်ဆုတ်မနေဘဲ ချက်ချင်း စတင် လှုပ်ရှားခဲ့ပြီး သူ၏ စွမ်းအား များကို မြှင့်တင်ရန် အတွက် သိုင်းစိတ်ဆန္ဒ နှင့် နတ်စွမ်းရည် များကို ချက်ချင်း အသုံးပြုခဲ့သည်။
သူ က နှစ်ဖက်စလုံး ၏ ယခု လက်ရှိ အခြေအနေ ကို ကောင်းစွာ သိရှိထားပေသည်။
အောက်ဘက်ရှိ တိုက်ပွဲ က နောက်ဆုံးတွင်တော့ မလုံလောက်သေးဘဲ အစစ်အမှန် အနိုင်အရှုံး ကို အဆုံးအဖြတ် ပေးမည်မှာ ရွှီယွမ်တာအိုဆရာ နှင့် ချီဆန်းကျား တို့၏ တိုက်ပွဲ ပင် ဖြစ်သည်။
သူတို့ နှစ်ယောက် အနက် မည်သူ အရင် အနိုင်ရမည် ဆိုသည်မှာ မည်သည့် ဖက်က အနိုင်ရမည် ဆိုသည်ကို ကိုယ်စားပြုနေပေသည်။
ချီဆန်းကျား က ရွှမ်တန်အဆင့် ကို အခုလေးတင် ဝင်ရောက်ထားသူ ဖြစ်ရာ အဘက်ဘက် တွင် ရွှီယွမ်တာအိုဆရာ ထက် အနည်းငယ် အားနည်းနေသေးသဖြင့် ကျန်းချဲ့ က သူ၏ အစစ်အမှန် ရန်သူ က ဘယ်သူ ဖြစ်သည်ကို အလွန် ရှင်းလင်းစွာ သိရှိထားပေသည်။
ရွှမ်ဟယ်တာအိုဆရာ နှင့် ဝမ်ချန်ဆရာတော် တို့ကို အမြန်ဆုံး ဖြေရှင်းပြီး မှသာ သွားရောက် ကူညီနိုင်မည် ဖြစ်သည်။
သူတို့ နှင့် အချိန်ဆွဲ တိုက်ခိုက်နေရန် လုံးဝ မရည်ရွယ်ဘဲ တိုက်ခိုက်သည် နှင့် သတ်ကွက် များကိုသာ အသုံးပြုခဲ့သည်။
တစ်ခဏ အတွင်းမှာပင် နဂါးဟိန်းသံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။
နဂါးပုံသဏ္ဍာန် အတွင်းအား အများအပြား က ကျန်းချဲ့ ၏ ကိုယ်ပတ်လည်တွင် လှည့်ပတ်နေပြီး တစ်ဖက်လူ ဆီသို့ ပြေးဝင် တိုက်ခိုက်သွားကြသည်။
သို့သော် ဝမ်ချန်ဆရာတော် နှင့် ရွှမ်ဟယ်တာအိုဆရာ တို့ ကလည်း အသုံးမကျသူ များ မဟုတ်ကြပေ။ သူတို့၏ ကိုယ်ပိုင် စွမ်းအား က အလွန် အစွမ်းထက် ရုံသာမက အကောင်းဆုံး ဝိညာဉ် လက်နက် များကိုလည်း ကိုင်ဆောင်ထားကြပြီး ကျန်းချဲ့ ၏ စွမ်းအား ကို ကြိုတင် ပြင်ဆင်ထားကြသဖြင့် အချိန်တို အတွင်း တွင်တော့ ကျန်းချဲ့ ၏ တိုက်ခိုက်မှု များကို အနိုင်နိုင် ကာကွယ်ထားနိုင်ကြပေသည်။
သို့သော် ထိုမျှ သာ ဖြစ်သည်။
ကျန်းချဲ့ ၏ အဆက်မပြတ် ထွက်ပေါ်လာသော နည်းလမ်းများ နှင့် အလွန် အစွမ်းထက်သော မိစ္ဆာဓား ၏ ပံ့ပိုးမှု က သူတို့ကို ကြီးမားလှသော ဖိအားများ ခံစားရစေပြီး အသက်လု ကာကွယ်နေရသကဲ့သို့ ပင် ဖြစ်နေပေသည်။ အားသာချက် အနည်းငယ် ရရှိရန် အတွက် ပင်လျှင်...
သူတို့ နှစ်ယောက် စလုံး က စစ်မှန်သော ယွမ်စွမ်းအင် များကို အနည်းငယ်မျှ တွန့်ဆုတ်မနေဘဲ လောင်ကျွမ်းကာ စွမ်းအား များကို မြှင့်တင်နေကြရပေသည်။
"မိစ္ဆာကောင်..."
ဝမ်ချန်ဆရာတော် က အော်ဟစ်လိုက်ပြီး ခြောက်ကွင်းတပ် သံတောင်ဝှေး ကို အားကုန် လွှဲရိုက်ကာ ကျန်းချဲ့ ဆီသို့ တိုက်ခိုက်လိုက်သော်လည်း ကျန်းချဲ့ က ဓားတစ်ချက်တည်း ဖြင့် တွန်းဖယ်လိုက်ပြီး ၎င်းနောက်တွင် နဂါးပုံသဏ္ဍာန် အတွင်းအား အများအပြား က ထပ်မံ လိုက်ပါလာခဲ့သည်။
"ဘန်း ဘန်း ဘန်း"
ဆက်တိုက် ပေါက်ကွဲသံကြီး များကြောင့် ဝမ်ချန်ဆရာတော် မှာ အသက်လု ကာကွယ်နေရပြီး ပေဆယ်ဂဏန်းခန့် အထိ နောက်ဆုတ်သွားရကာ ခန္ဓာကိုယ် အတွင်းရှိ သွေးချီ များ ဆူပွက်နေသည်ကို ခံစားလိုက်ရပြီး တိုးညှင်းစွာ အသက်ရှူကာ အလွန် လေးနက်သော အကြည့်များ ဖြင့် ကြည့်နေပေသည်။
အရမ်း အစွမ်းထက်လွန်းတယ်။
ဝမ်ချန်ဆရာတော် က ခြောက်ကွင်းတပ် သံတောင်ဝှေး ၏ ပံ့ပိုးမှု သာ မရှိခဲ့လျှင် ကျန်းချဲ့ ၏ လက်ထဲတွင် အမွှေးတိုင် တစ်တိုင်စာ အချိန်တောင် တောင့်ခံနိုင်မည် မဟုတ်ဟု ခံစားနေရသည်။ သို့သော် ဤသို့ ဖြစ်နေလျှင်တောင် သူ့ကို ကြီးမားလှသော ဖိအားများ ခံစားနေရစေဆဲ ပင် ဖြစ်သည်။
အကြောင်းရင်း ကိုလည်း သူ ရှင်းလင်းစွာ သိရှိထားပေသည်။
အဲဒါက မိစ္ဆာဓား ပဲ။
မိစ္ဆာဓား ၏ ပံ့ပိုးမှု သာ မရှိခဲ့လျှင် ကျန်းချဲ့ အနိုင်ရရန် လုံးဝ မလွယ်ကူကြောင်း ဝမ်ချန်ဆရာတော် ထင်မြင်နေပြီး ဤသည်က သူ့ကို ပိုမို ခံစားရ ခက်စေပေသည်။ အဘယ်ကြောင့်ဆိုသော် မိစ္ဆာဓား က မူလက သူတို့ ကျင်းယွမ်ဘုန်းကြီးကျောင်း ၏ ပိုင်ဆိုင်မှု ဖြစ်သောကြောင့် ပင် ဖြစ်သည်။
အစောပိုင်း ကတည်းက မျှော်လင့်ချက် ကြီးကြီးမားမား ထားရှိခဲ့ပြီး အညံ့ခံစေပြီးသည် နှင့် နတ်လက်နက် အဆင့်အတန်း ရှိသော ဗုဒ္ဓဘာသာ လက်နက် တစ်ခု အဖြစ် ပြောင်းလဲသွားမည် ဖြစ်သည်။
တိုက်ခိုက်နိုင်စွမ်း ကို သေချာပေါက် အကြီးအကျယ် မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။
နှမြောစရာ ကောင်းတာက...
"ဖူလုံ ဓားအစီအရင်..."
ဝမ်ချန်ဆရာတော် နောက်ဆုတ်သွားသည့် အချိန်တွင် ရွှမ်ဟယ်တာအိုဆရာ ၏ နည်းလမ်းများ ကလည်း အပြည့်အဝ ပြင်ဆင်ပြီးစီးသွားပြီ ဖြစ်ပြီး အစိမ်းရောင် ဓားစွမ်းအင် ရာချီ က သူ၏ ကိုယ်ပတ်လည်တွင် လှည့်ပတ်နေကာ အချင်းချင်း အဆက်မပြတ် ချိတ်ဆက်နေကြသည်။
အထွတ်အထိပ် သို့ ရောက်ရှိသွားသော အခါ သူ က ဓားရှည် ကို အရှေ့သို့ တစ်ချက် ထိုးနှက်လိုက်သည်။
မျက်စိတစ်မှိတ် အတွင်း မရေမတွက်နိုင်သော ထက်မြက်လှသည့် ဓားစွမ်းအင် များ က မိုးရွာကျလာသကဲ့သို့ ကျဆင်းလာသော်လည်း အားလုံး က ကျန်းချဲ့ ဆီသို့ တိုက်ရိုက် မသွားဘဲ သူ၏ ပတ်လည်တွင် လွှမ်းခြုံသွားကာ ကျန်းချဲ့ ကို ဓားအစီအရင် အတွင်း လုံးဝ ပိတ်လှောင်ထားလိုက်သည်။
ထို့နောက် သူ က ရင်ဘတ်ကို လက်ချောင်းဖြင့် တစ်ချက် ထောက်ကာ သွေး တစ်လုတ် ကို အန်ထုတ်လိုက်ပြီး ဓားရှည် ၏ ဝိညာဉ် စွမ်းအား ကို အတင်းအဓမ္မ လှုံ့ဆော်ကာ ချင်းရွှမ် ဓားရှည် ကို အစီအရင် စုံချက် အဖြစ် အသုံးပြုပြီး ကျန်းချဲ့ ကို အချိန်တို အတွင်း ပိတ်လှောင်ထားကာ အားသာချက် ရယူရန် ပြင်ဆင်လိုက်သည်။
မှန်ပေသည်။ သူ၏ အစွမ်းအထက်ဆုံးသော နည်းလမ်း များကို အသုံးပြုလိုက်သော်လည်း ယခုအချိန်တွင် ကျန်းချဲ့ ကို သတ်ဖြတ်ရန် လုံးဝ မမျှော်လင့်တော့ဘဲ ကျန်းချဲ့ ကို အချိန်တို အတွင်း ပိတ်လှောင်ထားနိုင်ရန် သာ မျှော်လင့်နေတော့သည်။
သို့သော် ဤကဲ့သို့သော မျှော်လင့်ချက် မျိုး ရှိနေလျှင်တောင် သူ က အနည်းငယ်မျှ ပေါ့ဆ မနေခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ကျန်းချဲ့ က သူ့ကို ပေးစွမ်းသော ဖိအားများ က အရမ်း ကြီးမားလွန်းသဖြင့် အကြီးအကဲချုပ် သာ ဝင်မပါလျှင် နေရာတွင် ရှိနေသော သူများထဲမှ မည်သူမျှ ကျန်းချဲ့ ကို သတ်ဖြတ်နိုင်မည့် စွမ်းအား မရှိဟု သူ ခံစားနေရသောကြောင့် ပင် ဖြစ်သည်။
ယခုအခါ ကျန်းချဲ့ ၏ ကျင့်ကြံမှု က ဘာဖြစ်လို့ ဒီလောက် မြန်မြန် တိုးတက်လာရသလဲ ဆိုတာကို စူးစမ်းလိုစိတ် လုံးဝ မရှိတော့ဘဲ တစ်ဖက်လူ၏ တိုက်ခိုက်မှု များကို တားဆီးနိုင်ရန် သာ မျှော်လင့်နေတော့သည်။
သို့သော် ဤသည်မှာလည်း စိတ်ကူးယဉ် အိပ်မက် တစ်ခု သက်သက်သာ ဖြစ်နေဆဲ ပင် ဖြစ်သည်။
တစ်ဖက်လူ ဓားအစီအရင် ကို ဖန်တီးနေစဉ်မှာပင် ကျန်းချဲ့ ၏ နည်းလမ်းများ က ရောက်ရှိလာပြီ ဖြစ်ပြီး မိမိ၏ စစ်မှန်သော ယွမ်စွမ်းအင် များကို ရူးသွပ်စွာ ပေါက်ကွဲ ထုတ်လွှတ်ကာ ဝမ်ကျဲ့ မိစ္ဆာဓား အပေါ်သို့ ထည့်သွင်းလိုက်ပြီး ဓားတစ်ချက် ခုတ်ချလိုက်တိုင်း ဓားစွမ်းအင် အများအပြား ပျက်စီးသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် သူ၏ ကိုယ်ပတ်လည်တွင် စုစည်းနေသော အတွင်းအား များ ကလည်း အလွန် ကြောက်မက်ဖွယ် ကောင်းလှပြီး နဂါးပုံသဏ္ဍာန် အတွင်းအား အနည်းငယ် လွင့်စင်သွားသည် နှင့် ဓားအစီအရင် ကို ပျက်စီးသွားစေခဲ့သည်။
သူ အလွန် ဂုဏ်ယူခဲ့သော နည်းလမ်းများ က ကျန်းချဲ့ ကို စက္ကန့် အနည်းငယ် လောက်သာ အချိန်ဆွဲထားနိုင်ခဲ့သည်။
ဤအခိုက်အတန့်တွင် ရွှမ်ဟယ်တာအိုဆရာ က ရုတ်တရက် အနည်းငယ် မျှော်လင့်ချက် ကင်းမဲ့သွားသည်ဟု ခံစားလိုက်ရသည်။