← Chapters

အခန်း ၁၈၆

Vol. 19 Ch. 186

အခန်း ၁၈၆

Vol. 19 Ch. 186

အခန်း (၁၈၆) မင်း ရွှမ်တန်အဆင့်ကို ရောက်သွားပြီလား

"တပ်မှူး ကျန်း ရဲ့ နာမည်ကျော်ကြားမှု ကို အရင်ကတည်းက ကြားသိခဲ့ဖူးပါတယ်... ကျင်းယွမ် ကို အရင် ဖျက်ဆီးပြီး ဖူလုံ ကို နောက်ထပ် အမြစ်ပြတ် သတ်ဖြတ်နိုင်ခဲ့တယ်... ထိုက်အန်းဒေသ တစ်ခုလုံးမှာ နာမည်ကျော်ကြား နေပြီး အရှိန်အဝါ ကြီးမားလွန်းပါတယ်... လူအိုကြီး ကလည်း တပ်မှူး ကျန်း နဲ့ မိတ်ဆွေဖွဲ့ချင်တဲ့ ဆန္ဒ ရှိတာကြောင့် ရွှမ်ဟယ်တာအိုဆရာ ရဲ့ သားဖြစ်တဲ့ ကျောက်ပေယန် ကို တွေ့ဆုံလက်ဆောင် အဖြစ် ပေးအပ်ချင်ပါတယ်...

တပ်မှူး ကျန်း နဲ့ မိတ်ဆွေဖွဲ့ပြီး မျက်နှာချင်းဆိုင် စကားပြောချင်ရုံ သက်သက်ပါ... ဒါ့အပြင် တပ်မှူး ကျန်း အနေနဲ့ ကျွန်တော်တို့ ဂိုဏ်း ကို ထိုက်အန်းဒေသ မှာ အခြေချခွင့် ပြုပြီး ဖူလုံကျောင်းတော် ရဲ့ နေရာကို အစားထိုးခွင့် ပြုမယ် ဆိုရင်... လီတောက်ဖျင် နဲ့ ဖူလုံကျောင်းတော် က အကြွင်းအကျန် တွေကိုပါ ဖမ်းဆီးပြီး သစ္စာရှိကြောင်း ပြသပါ့မယ်... နောင်တစ်ချိန်မှာလည်း တပ်မှူး ကျန်း ရဲ့ အမိန့်ကို လိုက်နာဆောင်ရွက်ပါ့မယ်..."

လင်းအစောင့်အရှောက် က အပြန်ပြန်အလှန်လှန် စဉ်းစားပြီးနောက် ချီဆန်းကျား ကို ကြောက်ရွံ့နေသေးသဖြင့် ထိုက်ရှန်းမြို့ သို့ မဝင်ရောက်ရဲပေ။ ထို့ကြောင့် အခြား ပြည်နယ် တစ်ခုမှ ဂိုဏ်းတစ်ခု ၏ အမည်ကို အသုံးပြုပြီး ကျန်းချဲ့ ကို မြို့ပြင်တွင် တွေ့ဆုံရန် ဖိတ်ခေါ်လိုက်ခြင်း ပင် ဖြစ်သည်။

စာနှင့်အတူ အဆင့်မြင့် ဝိညာဉ်ဆေး တစ်လုံးကိုလည်း လက်ဆောင် အဖြစ် ထည့်ပေးလိုက်သေးသည်။

ကျန်းချဲ့ နှင့် တစ်ကြိမ်လောက် တွေ့ဆုံချင်ရုံ သက်သက်သာ ဖြစ်သည်။

ကျန်းချဲ့ ကဲ့သို့သော လောကတွင် ရှားပါးလှသည့် ထိပ်တန်း ပါရမီရှင် မျိုးကို အစိုးရ ကသာ လိုချင်နေသည် မဟုတ်ဘဲ မြင့်မြတ်သော ဂိုဏ်းတော် ကလည်း အလွန် လိုအပ်နေပေသည်။ ထို့ကြောင့် သူ က အလွန် ကောင်းမွန်သော ကမ်းလှမ်းချက် များကို အရင်ဆုံး ပေးအပ်နိုင်ခဲ့ခြင်း ပင် ဖြစ်သည်။

သူ ဤကဲ့သို့ ဆွဲဆောင်ရန် စိတ်ကူးရခြင်းမှာ ကျန်းချဲ့ ၏ သတင်းအချက်အလက် များကို စုံစမ်းပြီးနောက် ကျန်းချဲ့ မှာ အကျိုးအမြတ် မရှိဘဲ ဘာမှ မလုပ်တတ်သော စရိုက်မျိုး ရှိကြောင်း တွက်ဆမိသောကြောင့် ပင် ဖြစ်သည်။ အကျိုးအမြတ် နှင့် မြူဆွယ်မှသာ သူ့ကို ဆွဲဆောင်နိုင်မည် ဖြစ်သည်။

သေချာသည်မှာ ဆွဲဆောင်၍ မရပါကလည်း ပြင်ဆင်ထားပြီး ဖြစ်သည်။ သို့သော် ဤကိစ္စ က သူ့အတွက် ကြီးမားလှသော ဆုံးရှုံးမှု မရှိသဖြင့် တစ်ကြိမ်လောက် စမ်းသပ်ကြည့်လိုက်ခြင်းသာ ဖြစ်သည်။ အကယ်၍ အောင်မြင်သွားမည် ဆိုပါက သူ ရရှိမည့် အကျိုးအမြတ် က အလွန် ကြီးမားသွားမည် ဖြစ်သည်။

စာပေါ်ရှိ အကြောင်းအရာ များကို ဖတ်ရှုပြီးနောက် ကျန်းချဲ့ က မျက်လုံးများကို အနည်းငယ် မှေးကျဉ်းလိုက်သည်။

"ရွှမ်ကျန့်ဂိုဏ်း..."

စာထဲတွင် တစ်ဖက်လူ က ရွှမ်ကျန့်ဂိုဏ်း ၏ ဂိုဏ်းချုပ် ဖြစ်ကြောင်း ရေးသားထားသော်လည်း ကျန်းချဲ့ က အနည်းငယ် စဉ်းစားကြည့်လိုက်သည် နှင့် တစ်ခုခု မှားယွင်းနေကြောင်းကို ခံစားသိရှိလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် သူ နှင့် ရွှမ်ကျန့်ဂိုဏ်း တို့ကြားတွင် မည်သည့် ရန်ညိုး မှ မရှိသလို မည်သည့် ပတ်သက်မှု မှလည်း မရှိပေ။

တစ်ဖက်လူ က ဘာကြောင့်များ ထိုက်ရှန်းမြို့ ထဲကို ဝင်ပြီး မတွေ့ရဲတာလဲ။ သိသာပါတယ်...

သူ ကြောက်နေလို့ပေါ့... ဘာကို ကြောက်နေတာလဲ။

သေချာပေါက် ရွှမ်တန်အဆင့် သိုင်းသခင် ချီဆန်းကျား ကို ကြောက်နေတာပေါ့...

"စာလာပို့တဲ့ လူ ဘယ်မှာလဲ..."

ကျန်းချဲ့ က ဘေးဘက်ရှိ ကန်းတာပြောင် ကို လှမ်းကြည့်ပြီး မေးလိုက်သည်။

"အစီရင်ခံပါတယ် တပ်မှူး... စာလာပို့တဲ့ လူကို ဖမ်းထားပြီးပါပြီ... ဒါပေမဲ့ ငယ်သား လူလွှတ်ပြီး စစ်ဆေးပြီးပါပြီ... အဲ့ဒီလူ က သာမန် သိုင်းသမား တစ်ယောက်ပါပဲ... တစ်ဖက်လူ က ဘယ်သူလဲ ဆိုတာကို သူ လုံးဝ မသိပါဘူး..."

"တော်တော်လေး သတိထားတတ်တာပဲ..."

ကျန်းချဲ့ က ခပ်ဖွဖွ ရယ်မောလိုက်သည်။

သို့သော် သူ က တစ်ဖက်လူကို သွားရောက် တွေ့ဆုံရန် ဆုံးဖြတ်လိုက်သည်။ သူ နောက်ဆက်တွဲ ပြဿနာ များကို မကြောက်ရွံ့သလို မိမိ ကိုယ်ပိုင် စွမ်းအား ကိုလည်း ယုံကြည်မှု ရှိပေသည်။ နောင်တစ်ချိန် လီတောက်ဖျင် အနေဖြင့် သူ့ကို လိုက်မီအောင် ကြိုးစားမည် ဆိုလျှင်တောင် လုံးဝ လိုက်မီနိုင်မည် မဟုတ်ကြောင်း ကို ယုံကြည်ထားပေသည်။

သို့သော် အခွင့်အရေး တစ်ခု ရှိနေပါလျက် နှင့် မမြင်ချင်ယောင် ဆောင်နေမည် ဆိုပါက အနည်းငယ် မာနကြီးရာ ကျလွန်းလှပေသည်။

သေချာသည်မှာ တွေ့ဆုံလိုက်သည် နှင့် ပြဿနာ တစ်ခုခု ရှိနေကြောင်း သိရှိသွားပါကလည်း ကျန်းချဲ့ အနေဖြင့် စွန့်စားမည် မဟုတ်ပေ။ ထို့ကြောင့် ချက်ချင်း အမိန့်ပေးလိုက်သည်။

"တာပြောင်... တပ်မှူးချုပ် ချီ ဆီကို သွားပြီး... ငါ့စကားကို ပြောလိုက်..."

ယွီရှန်း... လုမိသားစု အိမ်တော် အပျက်အစီး။

ယခင်က လူစည်ကားခဲ့သော နေရာလေး မှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပြီး အထီးကျန် ဆန်မှု များသာ အစားထိုး ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။ အချိန်များ ကုန်လွန်လာသည် နှင့်အမျှ ယွီရှန်း ရှိ လုမိသားစု ခြံဝင်း ကို ထိုက်အန်းဒေသ မှ သာမန် သိုင်းသမား များ က အထက်အောက် ပြောင်းပြန်လှန်ပြီး ရှာဖွေခဲ့ကြပြီ ဖြစ်သည်။

တန်ဖိုးရှိသော ပစ္စည်းများ လုံးဝ မတွေ့ရှိရတော့သော အခါမှသာ ဤနေရာသို့ မည်သူကမျှ လာရောက်ခြင်း မရှိတော့ပေ။

လင်းအစောင့်အရှောက် ရွေးချယ်လိုက်သော နေရာမှာ ဤနေရာ ပင် ဖြစ်သည်။ သူ က အတော်လေး သတိထားတတ်သူ တစ်ယောက် ဖြစ်ပြီး ကျန်းချဲ့ ၏ ရုတ်တရက် တိုက်ခိုက်မှုကို ကာကွယ်ရန် အတွက် အချိန်ကို နေ့လယ်ပိုင်း အဖြစ် သတ်မှတ်ထားသည့် အပြင် နေရာကိုလည်း မြေပြန့်လွင်ပြင် တွင် ရှိသော လုမိသားစု ခြံဝင်း ကို ရွေးချယ်ခဲ့ခြင်း ပင် ဖြစ်သည်။

အကယ်၍ ကျန်းချဲ့ က တကယ်ပဲ သစ္စာဖောက်မည် ဆိုပါက သူ ထွက်ပြေးရန် အတွက် အတွေး တစ်ချက်သာ လိုအပ်ပေသည်။ သူ၏ ကျင့်ကြံမှု က ရွှမ်တန်အဆင့် သို့ မရောက်သေးသော်လည်း ရှန်ကွမ်းအဆင့် အထွတ်အထိပ် သို့ ရောက်ရှိနေပြီ ဖြစ်ပြီး သူ အကျွမ်းကျင်ဆုံး နတ်စွမ်းရည် မှာ ခန္ဓာကိုယ် လှုပ်ရှားမှု အမြန်နှုန်း ပင် ဖြစ်သည်။

နတ်ခြေလှမ်း အစောင့်အရှောက် လင်းကျင်းကွမ်း...

ရွှမ်တန်အဆင့် အောက်တွင် မည်သူကမျှ သူ၏ အမြန်နှုန်း ကို လိုက်မီနိုင်မည် မဟုတ်ကြောင်း ကို သူ ယုံကြည်မှု ရှိပေသည်။ ဤအကြောင်းကြောင့်ပင် ကောင်းကင်လင်းယုန် တရားမင်း က သူ့ကို အစောင့်အရှောက် အဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်ပြီး အရပ်လေးမျက်နှာ သို့ သွားရောက် ဆက်သွယ်ရန် အတွက် ပင် ဖြစ်သည်။

ကျောက်ပေယန် က မျက်လုံးများ တွေဝေစွာ ဖြင့် ကျောက်တုံး တစ်တုံးကို မှီထားပြီး သူ၏ မျက်လုံးများထဲတွင် ယခင်ကလို အလင်းရောင်များ လုံးဝ မရှိတော့ပေ။ လင်းအစောင့်အရှောက် က သူ့ကို ဖမ်းဆီးလာပြီးနောက် သူ တောင်းပန်ခဲ့သလို ဒေါသလည်း ထွက်ခဲ့ဖူးပေသည်။

သို့သော် သူ ရရှိခဲ့သော ရလဒ် မှာ ကျင့်ကြံမှု များ လုံးဝ ဖျက်ဆီးခံလိုက်ရပြီး ဒန်ထျန် လည်း ပျက်စီးသွားခဲ့ရခြင်း ပင် ဖြစ်သည်။

ယခုအခါ သူ က အသုံးမကျသော လူတစ်ယောက် နှင့် ဘာမှ မကွာခြားတော့ဘဲ သေဆုံးမည့် အချိန်ကို စောင့်ဆိုင်းနေရုံသာ ရှိတော့သည်။ သူ၏ ရင်ထဲတွင် နောင်တများ ပြည့်နှက်နေပေသည်။ ယခင်က လီတောက်ဖျင် နှင့် လမ်းခွဲခဲ့ခြင်း မှာ သူ၏ အမှား ပင် ဖြစ်သည်။

ခိုင်မာသော ကျောထောက်နောက်ခံ တစ်ခုကို ရှာတွေ့ပြီ ဟု သူ ထင်မှတ်ထားခဲ့သော်လည်း ဤသူပုန် များ က လုံးဝ အားကိုး၍ မရကြောင်း ကို ယခုမှသာ သိရှိလိုက်ရသည်။ သူ၏ အသုံးချစရာ တန်ဖိုး မရှိတော့သည် နှင့် ကုန်ပစ္စည်း တစ်ခု အလား ကျန်းချဲ့ ထံသို့ တွေ့ဆုံလက်ဆောင် အဖြစ် ပေးအပ်ရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။

အကယ်၍ လီတောက်ဖျင် နှင့်အတူ ထွက်ခွာသွားခဲ့မည် ဆိုပါက အသက်ရှင်မည့် လမ်းကြောင်း တစ်ခု ရှိနေနိုင်သေးပေသည်။

လင်းကျင်းကွမ်း ကတော့ ကျောက်တုံး အပေါ်တွင် တင်ပျဉ်ခွေ ထိုင်ကာ အသက်ရှူသွင်း ရှူထုတ် လုပ်နေပေသည်။ ရုတ်တရက် သူ၏ မျက်လုံးများ လှုပ်ရှားသွားပြီး တဖြည်းဖြည်း ဖွင့်ကာ အဝေးသို့ လှမ်းကြည့်လိုက်ရာ မျက်နှာထား က အနည်းငယ် လေးနက်သွားခဲ့သည်။

'ရောက်လာပြီ…’

'ဒီကျန်းချဲ့... ကောလာဟလ တွေထဲကလို တကယ်ကို ရိုင်းစိုင်း မောက်မာပြီး ဒီလောက် ကြီးမားတဲ့ လှုပ်ရှားမှု တွေကိုတောင် လုပ်ရဲတာပဲ…’

မနီးမဝေးတွင် နဂါးဟိန်းသံ များ အဆက်မပြတ် ထွက်ပေါ်လာပြီး ကျန်းချဲ့ က လေဟာနယ် ကို နင်းဖြတ်ကာ အလွန် လျင်မြန်သော အမြန်နှုန်း ဖြင့် ရောက်ရှိလာခဲ့သည်။ သူ၏ ကိုယ်ပတ်လည် တွင် နဂါးပုံသဏ္ဍာန် အတွင်းအား များ စုစည်းနေပြီး အဝေးမှ လှမ်းကြည့်လိုက်မည် ဆိုပါက လေဟာနယ် ထဲတွင် လှည့်လည် သွားလာနေသော ရွှေရောင် ရင့်ရင့် နဂါးစစ်စစ် ကြီး တစ်ကောင် အလား ဖြစ်နေပေသည်။

နဂါးပုံသဏ္ဍာန် အတွင်းအား က လေဟာနယ် ထဲတွင် လှည့်ပတ်နေပြီး ကျန်းချဲ့ က အောက်ဘက်ရှိ လူနှစ်ယောက် ၏ ပုံရိပ်ကို ငုံ့ကြည့်လိုက်သည်။ သူ၏ ခံစားသိရှိမှု အရ ပေသုံးရာ ပတ်လည် အတွင်း၌ အခြား မည်သူကမျှ ချုံခို ပုန်းအောင်းနေခြင်း မရှိကြောင်းကို သေချာအောင် စစ်ဆေးပြီးနောက် လေဟာနယ် ထဲမှ ဖြည်းညင်းစွာ ဆင်းသက်လာခဲ့သည်။

"တပ်မှူး ကျန်း ရဲ့ နာမည်ကို ကြားဖူးနေတာ ကြာပါပြီ... ဖူလုံကျောင်းတော် တိုက်ပွဲ ကြောင့် အခုဆိုရင် ယွဲ့ပြည်နယ် တစ်ခုလုံးမှာ နာမည်ကျော်ကြား နေပါပြီ... အခြား ပြည်နယ် တွေ ကလည်း တပ်မှူး ကျန်း ရဲ့ နာမည်ကို ကြားဖူးကြလောက်ပြီ ထင်တယ်...

အသက် နှစ်ဆယ်တောင် မပြည့်သေးဘဲ တကယ့်ကို ရှားပါးလှတဲ့ လူငယ် ပါရမီရှင် တစ်ယောက်ပါပဲ..."

လင်းကျင်းကွမ်း က လက်အုပ်ချီကာ အလေးပြုလိုက်သည်။

"ဒီလူ က ရွှမ်ဟယ်တာအိုဆရာ ရဲ့ သားလား..."

ကျန်းချဲ့ က အပြန်အလှန် နှုတ်ဆက်ခြင်း မပြုဘဲ ကျောက်ပေယန် ၏ ကိုယ်ပေါ်သို့သာ အကြည့် ရောက်သွားခဲ့သည်။ ရွှမ်ဟယ်တာအိုဆရာ နှင့် အနည်းငယ် ဆင်တူကြောင်း ကို တွေ့ရှိလိုက်ရပေသည်။

"မှန်ပါတယ်... သူ နာမည် က ကျောက်ပေယန် လို့ ခေါ်တယ်... ရွှမ်ဟယ် ရဲ့ လူဝတ်ကြောင် နာမည်ကို ယူထားတာပါ... ဖူလုံကျောင်းတော် မှာ အမြဲတမ်း ကျင့်ကြံနေခဲ့တာပါ... တိုက်ပွဲ မစခင်လေးတင်... ကျွန်တော် နဲ့ အနည်းငယ် ခင်မင်မှု ရှိတာကြောင့် ကျွန်တော့်ဆီကို အပ်နှံထားခဲ့တာပါ..."

လင်းကျင်းကွမ်း က ရှင်းပြလိုက်သည်။

"ခင်ဗျား က သူငယ်ချင်း တစ်ယောက် အနေနဲ့ တကယ်ကို တာဝန်ကျေပွန်လွန်းလှပါတယ်... ဖူလုံကျောင်းတော် ပျက်သုဉ်းသွားတာနဲ့ ခင်ဗျား က သူ့သားကို အစိုးရ လက်ထဲ အမြန်ဆုံး အပ်နှံဖို့ ကြိုးစားနေတာကိုး... ဟားဟားဟား..."

"လူ့လောက မှာ ရှင်သန်ရတာ အကျိုးအမြတ် ကို အဓိက ထားရတာပဲလေ...ကျွန်တော် လည်း ဘာမှ မတတ်နိုင်လို့ပါ..."

"လီတောက်ဖျင် ဘယ်မှာလဲ..."

ကျန်းချဲ့ က စကားဝှက် မပြောတော့ဘဲ တိုက်ရိုက် မေးလိုက်သည်။

"တပ်မှူး ကျန်း က ကျွန်တော် နဲ့ မိတ်ဆွေဖွဲ့ဖို့ သဘောတူမယ် ဆိုရင် လီတောက်ဖျင် ဆိုတာက ဘာများ အရေးပါလို့လဲ... သူ့ကို ရှင်းလင်းပေးဖို့ ဆိုတာ ကလည်း ကိစ္စ သေးသေးလေး တစ်ခုပါပဲ..."

လင်းကျင်းကွမ်း က ကျန်းချဲ့ ကို ကြည့်ရင်း ပြုံးလိုက်သည်။

"ခင်ဗျား က ရွှမ်ကျန့်ဂိုဏ်း က လူ မဟုတ်ဘူး မလား..."

လင်းကျင်းကွမ်း ၏ မျက်နှာထား က လေးနက်သွားပြီး...

"အဝါရောင် ကောင်းကင်ယံ က သေဆုံးသွားပြီ... အစိမ်းရောင် ကောင်းကင်ယံ က ပေါ်ထွန်းလာရမယ်... နှစ်ခြောက်ဆယ် ပြည့်တဲ့ နှစ်မှာ... လောကကြီး တစ်ခုလုံး သာယာဝပြောရမယ်... တပ်မှူး ကျန်း လည်း ကျွန်တော် က ဘယ်သူလဲ ဆိုတာကို သိလောက်ပြီ ထင်ပါတယ်..."

ကျန်းချဲ့ တစ်ယောက်တည်း သာ ရောက်လာခြင်း ဖြစ်သဖြင့် လင်းကျင်းကွမ်း က ဆက်လက် ဖုံးကွယ်ထားရန် စိတ်မဝင်စားတော့ဘဲ မိမိ၏ အမည်မှန် ကို တိုက်ရိုက် ထုတ်ဖော် ပြောဆိုလိုက်ခြင်း ပင် ဖြစ်သည်။

ကျန်းချဲ့ ၏ မျက်နှာထား က အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ ဤကြွေးကြော်သံ များကို သူ ကောင်းကောင်းကြီး ရင်းနှီးနေပေသည်။

မြင့်မြတ်သော ဂိုဏ်းတော် (သိုမဟုတ်) သိုင်းလောက အခေါ်အရ - အစိမ်းရောင်ကောင်းကင်ယံ မိစ္ဆာဂိုဏ်း

သူ ယခင်က ပြောခဲ့သော စကားများ က တကယ်ပဲ အမှန် ဖြစ်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ ဖူလုံကျောင်းတော် က မြင့်မြတ်သော ဂိုဏ်းတော် နှင့် တကယ်ပဲ ပတ်သက်နေခဲ့သည်။

"ကြည့်ရတာ... ထိုက်အန်းဒေသ ရဲ့ သူပုန်ထမှု တွေက ခင်ဗျားတို့ မြင့်မြတ်သော ဂိုဏ်းတော် က နောက်ကွယ်ကနေ ကြိုးကိုင်နေတာပဲ..."

"တပ်မှူး ကျန်း နောက်နေတာလား... ထိုက်အန်းဒေသ ရဲ့ လှုပ်ရှားမှု တွေက ခင်ဗျား ရဲ့ လက်ချက် ကြောင့် ဖြစ်လာတာလေ... မြင့်မြတ်သော ဂိုဏ်းတော် က အခြေအနေ ကို အခွင့်ကောင်းယူပြီး ဝင်ပါလိုက်ရုံ သက်သက်ပါ... ဒါပေမဲ့ နောက်ဆုံးမှာတော့ မအောင်မြင်ခဲ့ဘူးလေ... ခင်ဗျား ရဲ့ အလွယ်တကူ နှိမ်နင်းမှုကို ခံလိုက်ရတယ်..."

ဤကိစ္စကို ပြောရမည် ဆိုပါက လင်းကျင်းကွမ်း ကိုယ်တိုင် ပင်လျှင် အလွန် ခေါင်းကိုက်ရပေသည်။

မူလက သူ က ကောင်းကင်လင်းယုန် တရားမင်း ၏ အမိန့် အရ ထိုက်အန်းဒေသ ကို ကမောက်ကမ ဖြစ်အောင် လုပ်ဆောင်ရန် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ အခြား ပြည်နယ် များတွင် သူပုန်ထမှု အမျိုးမျိုး ဖြစ်ပေါ်နေသော်လည်း ထိုက်အန်းဒေသ တွင်သာ လှုပ်ရှားမှု အနည်းဆုံး ဖြစ်နေခဲ့သဖြင့် တရားမင်း ၏ ဆူပူ ကြိမ်းမောင်းမှုကို ပင် ခံခဲ့ရသေးသည်။

သူ၏ နှစ်ပေါင်းများစွာ ကြိုးပမ်းအားထုတ်မှု များ က လုံးဝ အသုံးမဝင်ဘူး ဟု ထင်မြင်ခံခဲ့ရသည်။

သို့သော် သူလည်း ဘာမှ မတတ်နိုင်ခဲ့ပေ။ သူ၏ အမြင်တွင် ထိုက်အန်းဒေသ ၏ သိုင်းလောက ကို ကြီးစိုးထားသော ကျင်းယွမ်ဘုန်းကြီးကျောင်း နှင့် ဖူလုံကျောင်းတော် တို့သာ ပုန်ကန်မည် ဆိုပါက ပုံမှန် အခြေအနေ အရ လှုပ်ရှားမှု အကြီးမားဆုံး ဖြစ်သင့်ပေသည်။

သို့သော် မထင်မှတ်ဘဲ ထိုဘုန်းကြီးများ နှင့် တာအိုဆရာများ က တွန့်ဆုတ်နေကြပြီး ရှေ့တိုးနောက်ဆုတ် လုပ်နေကာ အစိုးရ ကိုလည်း ကြောက်ရွံ့နေကြသဖြင့် အခွင့်အရေး ကောင်း များကို အချည်းနှီး လက်လွတ် ဆုံးရှုံးသွားခဲ့ရပြီး နောက်ဆုံးတွင် ကျန်းချဲ့ ၏ တစ်ခုချင်းစီ အမြစ်ပြတ် ချေမှုန်းခြင်းကို ခံလိုက်ရခြင်း ပင် ဖြစ်သည်။

"သူပုန် တစ်ယောက် က အစိုးရ အရာရှိ တစ်ယောက် ရဲ့ ရှေ့မှာ မျက်နှာပြောင်တိုက်ပြီး အမည်မှန် ကို ထုတ်ဖော် ပြောရဲတယ် ဆိုတော့... ငါကိုယ်တော် က မင်းကို မဖမ်းနိုင်ဘူးလို့များ ထင်နေတာလား..."

ကျန်းချဲ့ က တစ်ဖက်လူကို စူးစိုက်ကြည့်လိုက်သည်။

"တပ်မှူး ကျန်း ရဲ့ စွမ်းအား ကို ကျွန်တော် ကောင်းကောင်း သိပါတယ်... ဒါပေမဲ့ ကျွန်တော့်ရဲ့ အမြန်နှုန်း ကလည်း မဆိုးပါဘူး... ထွက်ပြေးနိုင်မယ် လို့တော့ ယုံကြည်ချက် ရှိပါတယ်... အမည်မှန် ကို ထုတ်ဖော် ပြောတယ် ဆိုတာကလည်း... ဟားဟား... ပွင့်ပွင့်လင်းလင်း ပြောရုံ သက်သက်ပါ...

ကျွန်တော် ဒီတစ်ကြိမ် တပ်မှူး ကျန်း ကို ဖိတ်ခေါ်ရတဲ့ အကြောင်းအရင်း က တခြား မဟုတ်ပါဘူး... တပ်မှူး ကျန်း ကို လမ်းမှား ကနေ စောစောစီးစီး ရုန်းထွက်ပြီး မြင့်မြတ်သော ဂိုဏ်းတော် ကို ဝင်ရောက်လာဖို့ တိုက်တွန်းချင်လို့ပါ..."

လင်းကျင်းကွမ်း က လေးနက်သော အသံဖြင့် ပြောလိုက်သည်။

ကျန်းချဲ့ က လက်နောက်ပစ်ကာ တစ်ဖက်လူကို စူးစိုက်ကြည့်ရင်း မျက်နှာပေါ်တွင် အလိုအလျောက် အပြုံးတစ်ခု ပေါ်ထွက်လာခဲ့ပြီး...

"သူပုန် တစ်ယောက် က ငါလို အစိုးရ အရာရှိ ကို လမ်းမှား ကနေ ရုန်းထွက်ဖို့ လာပြောနေတယ် ဆိုတော့... ခင်ဗျား တကယ်ပဲ ဦးနှောက် မကောင်းတာလား..."

"မဟုတ်ပါဘူး မဟုတ်ပါဘူး... တပ်မှူး ကျန်း ကျွန်တော် ပြောတာကို သေချာ နားထောင်ကြည့်ပါဦး..."

"ပြော..."

"တပ်မှူး ကျန်း ရဲ့ ပါရမီ နဲ့ ဆိုရင် ထိုက်အန်းဒေသ မှာ အဆင့်ခြောက် တပ်မှူး ရာထူးလေး နဲ့ ပိတ်လှောင်ခံနေရတာ က တကယ်ကို နှမြောစရာ ကောင်းလွန်းပါတယ်... ဒါ့အပြင် တာ့ကျိုး အစိုးရ ကလည်း အရမ်းကို ခြစားနေပါပြီ... နောက်ခံ အင်အား မရှိဘူး ဆိုရင် နေရာကောင်း ရဖို့ အရမ်း ခက်ခဲပါတယ်...

ဒီလို ဆိုတော့... အချိန်တွေကို အလကား ဖြုန်းတီးပစ်ရာ မကျဘူးလား...

မြင့်မြတ်သော ဂိုဏ်းတော် ကတော့ မတူပါဘူး... လူငယ် သိုင်းသမား တွေကို အရမ်း အလေးထားပါတယ်... အထူးသဖြင့် ပါရမီရှင် လူငယ် တွေကို ပိုပြီး အလေးထားပါတယ်... နောက်ခံ အင်အား ကို ခွဲခြားဆက်ဆံတာမျိုး မရှိပါဘူး... ပါရမီ ကောင်းရင် ကောင်းသလို အများကြီး ထောက်ပံ့ပေးပါတယ်...

တပ်မှူး ကျန်း ရဲ့ ပါရမီ နဲ့ ဆိုရင် တရားမင်း ရဲ့ လက်အောက်မှာ တိုက်ရိုက်တပည့် အဖြစ် ဝင်ရောက်နိုင်ရုံသာမက နောင်တစ်ချိန်ကျရင် မြင့်မြတ်သော ဂိုဏ်းတော် ရဲ့ မြင့်မြတ်သော သားတော် ဖြစ်လာနိုင်တဲ့ အခွင့်အရေး တွေတောင် ရှိနေပါသေးတယ်... ဒါကို သိုင်းလောက ရဲ့ အမြင့်ဆုံး နေရာလို့ ခေါ်နိုင်ပါတယ်...

အကယ်လို့ တပ်မှူး ကျန်း က သူပုန် ဆိုတဲ့ နာမည် ကို မလိုချင်ဘူး ဆိုရင်တောင် အစိုးရ အသိုင်းအဝိုင်း မှာ ဆက်ပြီး အရာရှိ လုပ်နေလို့ ရပါတယ်... ခင်ဗျားကို နေရာကောင်း ရအောင် ကူညီပေးမယ့် အင်အားကြီးသူ တွေ ရှိပါတယ်... ဒါက မြင့်မြတ်သော ဂိုဏ်းတော် က ပေးနိုင်တဲ့ သစ္စာရှိမှု ပါပဲ..."

လင်းကျင်းကွမ်း က ယုံကြည်မှု ရှိစွာ ပြောလိုက်သည်။

"ဒါပဲလား..."

ကျန်းချဲ့ ၏ မျက်နှာပေါ်တွင် မထီမဲ့မြင် ပြုသည့် အမူအရာများ ပေါ်ထွက်လာခဲ့သည်။

"ဒါတွေက မလုံလောက်သေးဘူးလား..."

"မြင့်မြတ်သော ဂိုဏ်းတော် ရဲ့ တရားမင်း တွေ က ရှန်ရှန်းအဆင့် သိုင်းသခင် တွေ မဟုတ်လား..."

"မှန်ပါတယ်..."

လင်းကျင်းကွမ်း က မျက်မှောင်ကြုတ်ကာ ခေါင်းညိတ်လိုက်သည်။

"ဒါဆို ခင်ဗျား သိလား... ငါက အခု ပေလင် ချီမိသားစု ရဲ့ သမက် ဖြစ်နေပြီ ဆိုတာကို... တရားမင်း ရဲ့ တပည့် ဆိုတဲ့ ဂုဏ်ပုဒ် လေး တစ်ခု နဲ့များ ငါ့ကို အစိုးရ ကို သစ္စာဖောက်ခိုင်းဖို့... ငါ့အပေါ် အမြဲတမ်း ကျေးဇူးရှိခဲ့တဲ့ တပ်မှူးချုပ် ချီ ကို သစ္စာဖောက်ခိုင်းဖို့ လာပြောနေတာလား..."

ကျန်းချဲ့ က တရားမျှတသည့် အသံဖြင့် ပြောလိုက်ပြီး အကြည့်များ က မနီးမဝေး နေရာ တစ်ခု သို့ အမှတ်တမဲ့ ရောက်ရှိသွားခဲ့သည်။

မမျှော်လင့်ထားသော အခြေအနေများ မဖြစ်ပေါ်စေရန် အတွက် ကျန်းချဲ့ ဤတစ်ကြိမ် ထွက်လာခြင်းမှာ တစ်ယောက်တည်း မဟုတ်ဘဲ ချီဆန်းကျား ကိုပါ လျှို့ဝှက် ဖဲချပ် အဖြစ် ခေါ်ဆောင်လာခဲ့ခြင်း ပင် ဖြစ်သည်။ ယခုအခါ ချီဆန်းကျား က မနီးမဝေးတွင် ရှိနေကြောင်းကို သူ ခံစားသိရှိနေပေသည်။

လင်းကျင်းကွမ်း ၏ မျက်လုံးများ မှေးကျဉ်းသွားပြီး ဆက်ပြောလိုက်သည်။

"မြင့်မြတ်သော ဂိုဏ်းတော် ရဲ့ သူတော်စင်မလေး က ဂိုဏ်းချုပ် ရဲ့ သမီး ဖြစ်ပါတယ်... မွေးရာပါ အဆင့်အတန်း မြင့်မားသလို ရုပ်ရည် ကလည်း လှပလွန်းပါတယ်... အကယ်လို့ တပ်မှူး ကျန်း သာ မြင့်မြတ်သော ဂိုဏ်းတော် ကို ဝင်ရောက်လာမယ် ဆိုရင် မျက်နှာကို မြင်တွေ့ခွင့် ရနိုင်တဲ့ အခွင့်အရေး ရှိပါတယ်... အကယ်လို့ သူတော်စင်မလေး ရဲ့ မျက်နှာသာ ပေးမှုကိုသာ ရရှိခဲ့မယ် ဆိုရင်...

ဟားဟား... ပေလင် ချီမိသားစု ဆိုတာက ဘာများ အရေးပါလို့လဲ...

တပ်မှူး ကျန်း အနေနဲ့ သူတို့ နဲ့ လက်ထပ်မယ် ဆိုရင်တောင် ထိန်းချုပ်ခံရမှု တွေ ရှိလာနိုင်သလို မိန်းမ အရှိန်အဝါ နဲ့ နေရာရလာတယ် ဆိုတဲ့ နာမည်ဆိုး တွေလည်း ထွက်လာနိုင်တယ်... ဒါ့အပြင် ချီမိသားစု အတွင်းမှာလည်း အုပ်စုကွဲ တွေ အများကြီး ရှိပြီး တိုက်ရိုက်မျိုးဆက် တွေကြားမှာလည်း အဆက်မပြတ် တိုက်ခိုက်နေကြတယ်...

သမက် တစ်ယောက် အနေနဲ့ ပေလင် ချီမိသားစု ရဲ့ အစွမ်းကုန် ပံ့ပိုးပေးမှုကို ရရှိနိုင်မယ်လို့ ထင်နေတာလား...

ဒါပေမဲ့ မြင့်မြတ်သော ဂိုဏ်းတော် မှာကျတော့ မတူဘူးလေ... အရင်းအမြစ် မျိုးစုံ ကို စိတ်ကြိုက် အသုံးပြုခွင့် ရမယ့် အပြင် ခင်ဗျား ရဲ့ ကျင့်ကြံမှု အတွက် အစောင့်အရှောက် လုပ်ပေးမယ့် အင်အားကြီးသူ တွေတောင် ရှိသေးတယ်... ကျွန်တော် ရဲ့ အမြင်မှာတော့ ဒီနှစ်ခု က လုံးဝ နှိုင်းယှဉ်လို့ မရပါဘူး..."

လင်းကျင်းကွမ်း ၏ မျက်နှာပေါ်တွင် မာနကြီးသည့် အမူအရာများ ပေါ်ထွက်လာခဲ့သည်။ မိသားစု တစ်ခု က မြင့်မြတ်သော ဂိုဏ်းတော် နဲ့ ယှဉ်ဖို့ ဘယ်လိုလုပ် ထိုက်တန်မှာလဲ။

"ဒါဆို စည်းကမ်းချက် တွေကရော ဘာတွေလဲ..."

ကျန်းချဲ့ က ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

"တပ်မှူး ကျန်း အနေနဲ့ နတ်လက်သင်္ကေတ လေး တစ်ခု အမှတ်အသား အဖြစ် လက်ခံပေးဖို့ပဲ လိုပါတယ်... ကျန်တာ ဘာချုပ်ချယ်မှု မှ မရှိပါဘူး... သေချာတာပေါ့... တပ်မှူး ကျန်း အထင်မလွဲပါနဲ့... ဒီနတ်လက်သင်္ကေတ က ဘာအန္တရာယ် မှ မရှိပါဘူး... မြင့်မြတ်သော ဂိုဏ်းတော် ရဲ့ အမှတ်အသား လေး တစ်ခု သက်သက်ပါပဲ..."

လင်းကျင်းကွမ်း က ရှင်းပြလိုက်သည်။

ကျန်းချဲ့ က ခေါင်းယမ်းလိုက်သည်။ အကယ်၍ ဤတစ်ကြိမ်တွင် ချီဆန်းကျား သာ ပါမလာခဲ့လျှင်... အကယ်၍ မြင့်မြတ်သော ဂိုဏ်းတော် က နတ်လက်သင်္ကေတ ရိုက်နှိပ်မည် မဟုတ်ဘူး ဆိုလျှင်... ပွင့်ပွင့်လင်းလင်း ပြောရပါက သူ တကယ်ပဲ စိတ်ဝင်စားမိပေသည်။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူ က အရင်းအမြစ် အမျိုးမျိုးကို စိတ်ကြိုက် အသုံးပြုခွင့် ပေးမည်ဟု ပြောခဲ့သောကြောင့် ပင် ဖြစ်သည်။

ဤသို့ ဆိုပါက သူ၏ ကျင့်ကြံမှု က တစ်ရက် အတွင်း မိုင်ပေါင်း သန်းချီအောင် မြန်ဆန်သွားမည် မဟုတ်ပါလော။

ကံမကောင်းစွာပင် လောကတွင် အရာအားလုံး က အဖိုးအခ ပေးဆပ်ရမည်သာ ဖြစ်သည်။

"တပ်မှူး ကျန်း... ကျွန်တော်..."

"တော်ပြီ... စကားပြောလို့ ပြီးပြီ မလား..."

"ကျွန်တော်..."

"ပြောလို့ ပြီးပြီ ဆိုရင် သေလမ်းကို သွားလိုက်ပါတော့... တကယ်ကို မိုက်မဲလွန်းတယ်... ငါကိုယ်တော် က တာ့ကျိုး အစိုးရ ရဲ့ အရာရှိ တစ်ယောက် ပါကွ... ဘယ်လိုလုပ်ပြီး အစိုးရ ကို သစ္စာဖောက်ပြီး သူပုန် ဂိုဏ်းထဲကို ဝင်မှာလဲ... မင်း က ငါကိုယ်တော် ကို အရမ်း အထင်သေးလွန်းနေပြီ..."

ကျန်းချဲ့ မှာ လုံးဝ စိတ်မဝင်စားတော့ပေ။ ဤတစ်ကြိမ်တွင် အံ့အားသင့်စရာ တစ်ခုခု ရလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ရလဒ် ကတော့ ဘာမှ မရှိခဲ့ပေ။

လင်းကျင်းကွမ်း က အနည်းငယ် မကျေမနပ် ဖြစ်သွားခဲ့သည်။ ကျန်းချဲ့ ၏ မျက်နှာပေါ်တွင် အနည်းငယ် စိတ်ဝင်စားသည့် အမူအရာ များကို သူ မြင်တွေ့ခဲ့ရသဖြင့် အလျင်စလို ပြောလိုက်သည်။

"တပ်မှူး ကျန်း မလောပါနဲ့... ကျွန်တော်တို့ ထပ်ပြီး ဆွေးနွေးလို့ ရပါသေးတယ်... ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စကို ကောင်းကင် နဲ့ မြေကြီး ပဲ သိတယ်... ခင်ဗျား သိတယ်... ကျွန်တော် သိတယ်... အပြင်ကို လုံးဝ ပေါက်ကြားသွားမှာ မဟုတ်ပါဘူး... ဘာလို့ ဒီလောက်တောင် လောနေရတာလဲ...

အကယ်လို့ မြင့်မြတ်သော ဂိုဏ်းတော် ထဲကို မဝင်ချင်ဘူး ဆိုရင်တောင် ခင်ဗျား နဲ့ ကျွန်တော် သူငယ်ချင်း ဖြစ်လို့ ရပါတယ်..."

"တော်လိုက်တော့... လျှာရှည် မနေနဲ့တော့... ကျန်း က အရင်ကတည်းက ကျိန်ဆိုထားပြီးသား... အပြစ်တရား တွေ နဲ့ လုံးဝ မျက်နှာချင်း မဆိုင်ဘူးလို့... မြင့်မြတ်သော ဂိုဏ်းတော် က သက်ရှိ သတ္တဝါ တွေကို သတ်ဖြတ်ပြီး အကြိမ်ကြိမ် ပုန်ကန်နေလို့ လောကကြီး တစ်ခုလုံး မအေးချမ်းရဘူး...

ဒီနေ့ အခွင့်အရေး ရတုန်း မင်းကို ဘယ်လိုလုပ် အသက်ရှင်ခွင့် ပေးနိုင်မှာလဲ..."

ကျန်းချဲ့ က အေးစက်စက် နှာမှုတ်လိုက်သည်။ ပတ်ဝန်းကျင်မှာ လူမရှိဘူးလို့ ဘယ်သူ ပြောတာလဲ။

ချီဆန်းကျား က လူမဟုတ်ဘူးလား။

"တပ်မှူး ကျန်း..."

လင်းကျင်းကွမ်း က တစ်ခုခု ဆက်ပြောရန် ပြင်လိုက်သော်လည်း ကျန်းချဲ့ က တစ်ဖက်လူကို အချိန်ဆွဲခွင့် မပေးတော့ပေ။ ချက်ချင်းပင် ခြေတစ်လှမ်း လှမ်းလိုက်ရာ တစ်ကိုယ်လုံးရှိ အရှိန်အဝါ များ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာပြီး လက်တစ်ချက် ဝှေ့ယမ်းလိုက်သည် နှင့် နဂါးပုံသဏ္ဍာန် အတွင်းအား တစ်ခု က လေဟာနယ် ကို ခွင်း၍ ပြေးထွက်သွားခဲ့သည်။

ကျန်းချဲ့ က ပြောပြီးသည် နှင့် ချက်ချင်း ရန်သူ အဖြစ် ပြောင်းလဲသွားသည်ကို မြင်သောအခါ လင်းကျင်းကွမ်း ၏ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားခဲ့သည်။ လက်ကို မြှောက်ကာ နတ်လက်သင်္ကေတ များကို အဆက်မပြတ် ဖန်တီးလိုက်ရာ အစိမ်းရောင် အလင်းတန်း တစ်ခု က ကောင်းကင်ယံ တွင် တောက်ပသွားပြီး ကျန်းချဲ့ ၏ နဂါးပုံသဏ္ဍာန် အတွင်းအား နှင့် ဝင်တိုက်မိသွားခဲ့သည်။

'ဝုန်း...'

ပြင်းထန်သော ပေါက်ကွဲသံကြီး ချက်ချင်း ထွက်ပေါ်လာပြီး လင်းကျင်းကွမ်း ၏ အောက်ဘက်ရှိ ကျောက်တုံးကြီး မှာ ချက်ချင်း ပေါက်ကွဲ ပျက်စီးသွားခဲ့သည်။ ကျောက်တုံး ကို မှီထားသော ကျောက်ပေယန် လည်း ဂယက်လှိုင်း များ ကြောင့် အသက်ထွက်သွားခဲ့ပြီး မျက်စိ၊ နား၊ နှာခေါင်း၊ ပါးစပ် တို့မှ သွေးများ ယိုစီးကာ သေဆုံးသွားခဲ့ရသည်။

လင်းကျင်းကွမ်း ၏ ပုံရိပ် က လျင်မြန်စွာ လှုပ်ရှားသွားပြီး ပေခြောက်ဆယ် အကွာ သို့ ရောက်ရှိသွားခဲ့သည်။ ဆက်လက် စကားပြောရန် ပြင်လိုက်စဉ် သူ၏ အရှေ့ရှိ ကျန်းချဲ့ မှာ ဘယ်အချိန် ကတည်းက ပျောက်ကွယ်သွားသလဲ ဆိုသည်ကို ရုတ်တရက် သတိပြုမိသွားခဲ့သည်။

သူ၏ ရင်ထဲတွင် အန္တရာယ် အငွေ့အသက် တစ်ခု ချက်ချင်း ဖြစ်ပေါ်လာခဲ့သည်။

နောက်တစ်ခဏ တွင် နားထဲ၌ နဂါးဟိန်းသံ တစ်ခု ပေါက်ကွဲ ထွက်ပေါ်လာပြီးနောက် အလွန် ကြမ်းတမ်းသော စွမ်းအား တစ်ခု က သူ၏ ကျောပြင် ကို တိုက်ရိုက် ဝင်တိုက်သွားကာ သူ့ကို တစ်ကိုယ်လုံး လွင့်စင်သွားစေခဲ့သည်။ ထို့နောက် ကိုယ်ပေါ်တွင် ပြင်းထန်သော တိုက်ခိုက်မှု များကို ဆက်တိုက် ခံလိုက်ရပြီး သွေးများ အဆက်မပြတ် အန်ထုတ်သွားခဲ့ရသည်။

နောက်ဆုံးတွင် 'ဘန်း' ဆိုသည့် အသံ နှင့်အတူ မြေကြီးပေါ်သို့ ရိုက်ချခံလိုက်ရသည်။

လင်းကျင်းကွမ်း က ရင်ဘတ်ကို ဖိထားပြီး မျက်နှာပေါ်တွင် အလွန်အမင်း အံ့အားသင့် ထိတ်လန့် နေသည့် အမူအရာများ ပေါ်ထွက်လာခဲ့သည်။ သူ က ရှန်ကွမ်းအဆင့် အထွတ်အထိပ် သိုင်းသမား တစ်ယောက် ဖြစ်ပါလျက် နှင့် လုံးဝ ပြန်လည် ခုခံနိုင်စွမ်း မရှိခဲ့ပေ။ သူ အလွန် ဂုဏ်ယူခဲ့သော ကိုယ်ခံပညာ လှုပ်ရှားမှု အမြန်နှုန်း ကို ပင် အသုံးပြုရန် အချိန်မရလိုက်ပေ။

ကျန်းချဲ့ က ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ကြောက်ဖို့ ကောင်းနေရတာလဲ။

သူ က ရွှမ်တန်အဆင့် သိုင်းသခင် တစ်ယောက် နှင့် ရင်ဆိုင်နေရသည့် အလား ခံစားလိုက်ရပြီး လုံးဝ အားကိုးရာမဲ့ ဖြစ်သွားခဲ့ရသည်။

'ဖတ်...'

ကျန်းချဲ့ ၏ ခြေတစ်ဖက် က လင်းကျင်းကွမ်း ၏ မျက်နှာ အပေါ်သို့ နင်းချလိုက်ပြီး မျက်လုံးများ က အေးစက်စွာဖြင့် အောက်သို့ ငုံ့ကြည့်လိုက်ကာ...

"ဘယ်လို အဆင့်အတန်း မျိုး နဲ့များ ငါကိုယ်တော် နဲ့ သူငယ်ချင်း လာလုပ်ချင်နေတာလဲ..."

"မင်း... အဟွတ်... အဟွတ်..."

လင်းကျင်းကွမ်း ၏ မျက်နှာပေါ်တွင် ရှက်ရွံ့ ဒေါသထွက် နေသည့် အမူအရာ များ ပေါ်ထွက်လာပြီး ပြန်လည် ခုခံရန် ကြိုးစားလိုက်သော်လည်း သူ၏ ကိုယ်ပေါ်တွင် ခွန်အား အနည်းငယ်မျှ ပင် မရှိတော့သဖြင့် ဒေါသတကြီး ဖြင့်သာ စူးစိုက်ကြည့်နေနိုင်တော့သည်။

ချီဆန်းကျား က ဖြည်းညင်းစွာ ထွက်ပေါ်လာပြီး မျက်နှာထား လေးနက်စွာဖြင့် ကျန်းချဲ့ ကို ကြည့်ကာ မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။

"မင်း ရွှမ်တန်အဆင့်ကို ရောက်သွားပြီလား…”

All Chapters