← Chapters

အခန်း ၁၉၀

Vol. 19 Ch. 190

အခန်း ၁၉၀

Vol. 19 Ch. 190

အခန်း (၁၉၀) ညီအစ်မ နှစ်ယောက် လင်လုခြင်း

ချီဝမ်ကျင်း က ငယ်စဉ် ကတည်းက အလွန် ပြတ်သားသော စိတ်နေသဘောထား ရှိပြီး ယောကျ်ားလေး များ နှင့် တန်းတူ ယှဉ်ပြိုင်နိုင်စွမ်း ရှိသူ ပင် ဖြစ်သည်။ ပေလင် ချီမိသားစု ၏ မျိုးဆက်သစ် လူငယ်များ အားလုံး နှင့် ယှဉ်မည် ဆိုလျှင်တောင် သူမ နှင့် ယှဉ်ပြိုင်နိုင်သူ အနည်းငယ်သာ ရှိပေသည်။

သို့သော် သူမ က မိန်းကလေး တစ်ယောက် ဖြစ်နေခြင်း ကြောင့် အပြင်ဘက် တွင် နာမည်ကျော်ကြား နေသည်မှာ သူမ နှင့် ညီမလေး တို့ ၏ အလှပန်း နှစ်ပွင့် ဆိုသည့် ဂုဏ်ပုဒ် သာ ဖြစ်နေသဖြင့် သူမ ကို အလွန် မွန်းကျပ်သွားစေခဲ့သည်။ ယခုအခါ တွင်တော့ အကြီးအကဲ များ အားလုံး က ဤကိစ္စကို ဆုံးဖြတ်လိုက်ကြပြီ ဖြစ်သည်။

သူမ အနေဖြင့် ဆန့်ကျင်ချင်စိတ် ရှိလျှင်တောင် လုံးဝ ပြန်လည် မချေပနိုင်တော့ပေ။

ချီမိသားစု ၏ မိန်းကလေး တစ်ယောက် အနေဖြင့် မိသားစု ၏ အရင်းအမြစ် များကို အသုံးပြုပြီး ကြီးပြင်းလာခဲ့ရသဖြင့် မိသားစု ၏ အကျိုးစီးပွား ကို အဓိကထား စဉ်းစားရမည် ပင် ဖြစ်သည်။

ယခင်က သူမ ဖခင် ကို ပြောခဲ့ဖူးသည်မှာ အခြားသော အင်အားကြီး မိသားစု များ နှင့် သွားရောက် မင်္ဂလာ မဆောင်ချင်ဘူး ဟု ဖြစ်သည်။ ဤသို့ ဆိုလျှင် မင်္ဂလာ ကိစ္စ များကို ရှောင်လွှဲနိုင်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း မထင်မှတ်ဘဲ နောက်ခံ အင်အား မရှိသော ပါရမီရှင် ကျန်းချဲ့ ဆိုသည့် သူ တစ်ယောက် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

သို့သော် မင်္ဂလာ ဆောင်ရမည် ဆိုလျှင်တောင် သူမ က ကျန်းချဲ့ ကို သဘောကျမှသာ ဖြစ်မည်။

အကယ်၍ တစ်ဖက်လူ က သူမ နှင့် မထိုက်တန်ဘူး ဆိုပါက ဖခင် က အတင်းအကျပ် ဖိအားပေးမည်၊ အကြီးအကဲ များ က ဖိအားပေးမည် ဆိုလျှင်တောင် သူမ အနေဖြင့် မင်္ဂလာ ကိစ္စ ကို လုံးဝ သဘောတူမည် မဟုတ်ပေ။

"ဒါပေါ့... သမီး မပြောရင်တောင် အဖေ က အဲ့ဒီ ကောင်လေး ကို အရင် စမ်းသပ်ကြည့်ရဦးမှာပေါ့... အဲ့ဒီ ကောင်လေး က အဖေ့ ရဲ့ အဖိုးတန် သမီးလေး နဲ့ တကယ် ထိုက်တန်ရဲ့လား ဆိုတာကို ကြည့်ရဦးမှာလေ..."

ချီဝမ်ကျင်း သဘောတူလိုက်သည် ကို မြင်သောအခါ ချီကျန်းနန် လည်း သက်ပြင်းချလိုက်ပြီး သူ၏ သဘောထား ကို ချက်ချင်း ပြသလိုက်သည်။

ချီဝမ်ကျင်း က အေးစက်စက် 'အင်း' ဟုသာ ပြန်ဖြေလိုက်ပြီး ရုတ်တရက် တစ်ခုခု ကို သတိရသွားသကဲ့သို့...

"အဖေ... ဘာလို့ နင်ပင်း ကို လက်ထပ် မပေးတာလဲ..."

ယခုအချိန် အထိ ဖခင် က ယွဲ့ပြည်နယ် ရှိ ဝေ့မိသားစု ခေါင်းဆောင် နှင့် နှုတ်ကတိ ပေးထားခဲ့ကြောင်း ကို သူမ မသိရှိသေးပေ။ ထို့ကြောင့် အနည်းငယ် သံသယ ဝင်နေခြင်း ပင် ဖြစ်သည်။ ညီမလေး ၏ စိတ်နေသဘောထား အရ ဆိုလျှင် မင်္ဂလာ ကိစ္စ မျိုးကို အများကြီး ဆန့်ကျင်မည် မဟုတ်ဘူး ဟု ထင်မြင်မိပေသည်။

"နင်ပင်း က..."

ချီကျန်းနန် က ခေတ္တမျှ တွန့်ဆုတ်နေပြီးနောက် ဝေ့မိသားစု ခေါင်းဆောင် နှင့် နှုတ်ကတိ ပေးထားခဲ့သော ကိစ္စ ကို ချီဝမ်ကျင်း အား ရှင်းပြလိုက်ပြီး ချီနင်ပင်း ကို နားချပေးရန် အကူအညီ တောင်းလိုက်သည်။

"ဝေ့မိသားစု ရဲ့ သခင်လေး ဝေ့ကျွင်းကျဲ..."

ချီဝမ်ကျင်း ၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားခဲ့သည်။ သူမ က ယွင်ပြည်နယ် တွင် နေထိုင်သော်လည်း ဤလူ၏ အကြောင်းကို ကြားဖူးပေသည်။ ဤကဲ့သို့သော မိသားစု မှ သခင်လေး များကို သူမ လုံးဝ သဘောမကျပေ။ နောက်ကွယ် တွင် နာမည် အရမ်း ဆိုးရွားပြီး လူယုတ်မာ တစ်ယောက် ဖြစ်ကြောင်း ကြားဖူးထားသဖြင့် လုံးဝ မနှစ်သက်ပေ။

"နင်ပင်း သေချာပေါက် သဘောတူမှာ မဟုတ်ဘူး..."

"အဖေ က ကတိပေးပြီးသား ဖြစ်နေလို့ပါ... သမီး သေချာ ဖြောင်းဖျပေးပါဦး..."

"သမီး..."

"အစ်မကြီး... အစ်မကြီး အိမ်ထောင်ပြုရတော့မယ် ဆို..."

ဤကိစ္စကို အခုလေးတင် မှ ကြားသိခဲ့ရသော ချီနင်ပင်း က ချီဝမ်ကျင်း ၏ ခြံဝင်း ထဲသို့ အလျင်စလို ပြေးဝင်လာပြီး ရယ်စရာ အနေဖြင့် မေးလိုက်သည်။ အစ်မကြီး ၏ စိတ်နေသဘောထား ကို သူမ ကောင်းကောင်း သိရှိထားပေသည်။

အရင်တုန်းက လုံးဝ အိမ်ထောင် မပြုဘူး လို့ ပြောထားခဲ့တာ မဟုတ်လား။

အခုတော့ ရှက်စရာ ဖြစ်သွားပြီ မဟုတ်လား...

"နင် ဘယ်လို သိတာလဲ..."

ချီဝမ်ကျင်း က မျက်မှောင်ကြုတ်ကာ အရှေ့တွင် ရပ်နေသော အလွန် လှပလွန်းသည့် ညီမလေး ကို ကြည့်ရင်း မျက်နှာ အနည်းငယ် ပျက်သွားခဲ့သည်။

"အစ်မကြီး ကလည်း... အခုချိန်မှာ မသိတဲ့ လူ ဘယ်သူ ရှိတော့လို့လဲ... မင်္ဂလာ ကိစ္စ ဆိုတာ လျှို့ဝှက်ချက် မှ မဟုတ်တာ... အကြီးအကဲ တွေ ဆုံးဖြတ်ပြီးရင် တမင် ဖုံးကွယ်ထားမှာ မဟုတ်ဘူးလေ... ပြီးတော့ အစ်မကြီး က ချီမိသားစု ရဲ့ အလှပန်း လေး ဆိုတော့... မင်္ဂလာ ကိစ္စ က ဘယ်လိုလုပ် တိတ်တဆိတ် ဖြစ်နေမှာလဲ..."

ချီနင်ပင်း က နှုတ်ခမ်းလေး စူကာ အချစ်ရဆုံး အစ်မကြီး ကို ကြည့်ရင်း ပြောလိုက်သည်။

ချီမိသားစု ၏ အလှပန်း နှစ်ပွင့် ထဲမှ တစ်ပွင့် အဖြစ် ချီဝမ်ကျင်း က ယောကျ်ားလေး များ နှင့် တန်းတူ ယှဉ်ပြိုင်နိုင်စွမ်း ရှိသော်လည်း သူမ ၏ ရုပ်ရည် က တကယ်ကို အလွန် လှပလွန်းလှပေသည်။ ဘဲဥပုံ မျက်နှာလေး နှင့် အသားအရေ က နှင်းပွင့် အလား ဖြူဖွေးနေကာ မျက်လုံးများ က ကြယ်ပွင့်လေးများ အလား တောက်ပနေပေသည်။ ထို့အပြင် အရပ် ကလည်း အလွန် မြင့်မားပြီး သံချပ်ကာ ပါးပါးလေး ဝတ်ဆင်ကာ ငွေရောင် လှံရှည် ကို ကိုင်ဆောင်ထားချိန် တွင် အလွန် ခန့်ညားလွန်းလှပေသည်။

သေချာသည်မှာ သူမ ကိုယ်တိုင် လည်း မဆိုးလှပေ။ အရပ်အမောင်း တွင် အစ်မကြီး ကို မမီသော်လည်း ရုပ်ရည် အရ ဆိုလျှင် အနည်းငယ် ပိုမို သာလွန်နေသေးပေသည်။ ပန်းချီကား ထဲမှ ထွက်လာသည့် အလား လှပလွန်းသဖြင့် အလှပန်း နှစ်ပွင့် ဟု တင်စားခေါ်ဝေါ်ခြင်း ခံရခြင်း ပင် ဖြစ်သည်။

ညီမလေး ၏ မျက်လုံးများထဲတွင် ရယ်ချင်နေသည့် အမူအရာ များကို မြင်သောအခါ ချီဝမ်ကျင်း က နှာမှုတ်လိုက်ပြီး...

"ပြောစရာ ရှိသေးလို့လား..."

"တကယ် ပျင်းစရာ ကောင်းတာပဲ... ညီမလေး က စေတနာ နဲ့ လာပြောပြတာကို အစ်မကြီး က ဒီလောက်တောင် အေးစက်စက် နိုင်ရလား... ညီမလေး တကယ် ဝမ်းနည်းသွားပြီ... အစ်မကြီး ရဲ့ ဒီလို အေးစက်စက် ပုံစံ ကြီးကို ညီမလေး ရဲ့ ယောက်ဖ လောင်း က သည်းခံနိုင်ပါ့မလား မသိဘူး..."

ချီနင်ပင်း က ဟန်ဆောင် ဒေါသထွက် နေသည့် ပုံစံ ဖြင့် လက်ချောင်းလေး ဖြင့် နှုတ်ခမ်း ကို ဖုံးကာ ချီဝမ်ကျင်း ကို စွေကြည့်ရင်း ပြောလိုက်သည်။

"လက်တောင် မထပ်ရသေးတာ... ဘာ ယောက်ဖ လဲ... အဲ့ဒီ လူ က စမ်းသပ်မှု ကို အောင်မြင်နိုင်မလား ဆိုတာတောင် သေချာ မသိရသေးဘူး..."

ချီဝမ်ကျင်း က ခေါင်းကို လွှဲကာ ချီနင်ပင်း ၏ အကြည့် များကို ရှောင်လွှဲလိုက်သည်။

"အကြီးအကဲ တွေ အားလုံး က ဆုံးဖြတ်ပြီးပြီ ဆိုတော့... အစ်မကြီး က ဆန့်ကျင်ဖို့ စဉ်းစားနေတာလား..."

"ငါ့ရဲ့ ခင်ပွန်း ဖြစ်ချင်ရင်... အနည်းဆုံးတော့ ငါ့ကို နိုင်အောင် အရင် တိုက်ရမှာပေါ့..."

"ဒါဆို အစ်မကြီး အနေနဲ့... အဲ့ဒီ လူ ရဲ့ သတင်း တွေကို နားထောင်ချင်လား... ညီမလေး ပြောပြမယ်... ညီမလေး ဦးလေး ခုနစ် ဆီကနေ မနည်း မေးမြန်းထားရတာ... အဖေ က သေချာ စုံစမ်းခိုင်းထားတဲ့ သတင်း တွေပဲ..."

"နားမထောင်ချင်ဘူး..."

ချီဝမ်ကျင်း က တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

"နားမထောင်ချင်ရင်လည်း ထားလိုက်ပါတော့... အစ်မကြီး ဘာသာ တစ်ယောက်တည်း နေခဲ့တော့... ညီမလေး သွားပြီ..."

ချီနင်ပင်း က နှာမှုတ်လိုက်ပြီး ထွက်သွားရန် ပြင်လိုက်သည်။

"နေဦး..."

ချီဝမ်ကျင်း က ရုတ်တရက် ညီမလေး ကို တားလိုက်ပြီး တစ်ချက် စွေကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"ပြောပြရင်လည်း နားထောင်ကြည့်တာပေါ့..."

"အစ်မကြီး က တကယ်ကို ပါးစပ် က တစ်ခြား စိတ်က တစ်ခြားပဲ... သိချင်နေလျက် နဲ့ မသိချင်ယောင် ဆောင်နေတယ်... ညီမလေး ကများ အပိုတွေ လုပ်နေသလိုပဲ..."

ချီနင်ပင်း က နှုတ်ခမ်းလေး စူလိုက်သည်။

"နင် ပြောမှာလား မပြောဘူးလား..."

"ပြောမယ်... ပြောမယ်... အဲ့ဒီ ကျန်းချဲ့ ကလေ... ဒီနှစ် မှ အသက် နှစ်ဆယ် ပြည့်ခါစ ရှိသေးတာ... စစ်တပ်ထဲ မဝင်ခင် တုန်းက ခရိုင်လေး တစ်ခုမှာ တံငါသည် အဖြစ် အသက်မွေးဝမ်းကျောင်း ပြုခဲ့တာတဲ့... နောက်တော့ လူတစ်ယောက် ရဲ့ ချောက်ချမှု ကြောင့် အရန် စစ်သည် ဖြစ်သွားတယ်...

အဲ့ဒီ နောက်ပိုင်း မှာတော့ လုံးဝ ကို တားမရ ဆီးမရ ဖြစ်သွားတော့တာပဲ... အရင်ဆုံး အထက်အရာရှိ ရဲ့ မျက်နှာသာ ပေးမှုကို ရခဲ့တယ်... အဲ့ဒီနောက် မှာတော့ သူ့ရဲ့ ထူးချွန်တဲ့ ပါရမီ တွေ ကြောင့် တစ်နှစ် အတွင်းမှာတင် သွေးကြောပွင့် အဆင့် ကို ရောက်သွားခဲ့တယ်...

နောက်တော့ ထိုက်အန်းဒေသ ထိုက်ရှန်းမြို့ ကို အဆင့်ခြောက် မြို့စောင့်တပ်မှူး အဖြစ် ပြောင်းရွှေ့ခံခဲ့ရတယ်..."

ချီနင်ပင်း က ကျန်းချဲ့ ၏ သတင်းအချက်အလက် များကို တစ်ခုမကျန် ချီဝမ်ကျင်း အား ရှင်းပြလိုက်သည်။ သူမ က အစ်မကြီး နှင့် အမြဲတမ်း ရန်ဖြစ် နောက်ပြောင် နေတတ်သော်လည်း သွေးသားရင်းချာ ညီအစ်မ များ ဖြစ်ကြသည်။

မင်္ဂလာ ကိစ္စ နှင့် ပတ်သက်လာလျှင် အလွန် ဂရုစိုက်ပေသည်။

အစ်မကြီး အနေဖြင့် လူစားမှားမည် ကို သူမ လုံးဝ မလိုလားပေ။

"အကြမ်းဖျင်း ပြောရရင်... ဒီကျန်းချဲ့ က ရုပ်ရည် သာမန် လေး နဲ့ နောက်ခံ အင်အား မရှိတာကလွဲရင်... တကယ်ကို စွမ်းဆောင်နိုင်တဲ့ လူ တစ်ယောက်ပါပဲ... စိတ်နေသဘောထား အရမ်း ပြတ်သားတယ်... ရက်ရက်စက်စက် လုပ်တတ်တယ်... ကျေးဇူးသိတတ်တယ်... ရန်ငြိုး ဆိုရင် ပိုဆိုးသေးတယ်...

သူ့ကို စော်ကားဖူးတဲ့ လူတိုင်း က ရာထူးကျရင်ကျ... မကျရင် ဂိုဏ်းတစ်ခုလုံး အမြစ်ပြတ် သတ်ဖြတ်ခံရတာချည်းပဲ... တကယ့် လူကြမ်း ကြီး တစ်ယောက်ပဲ... တခြား ဂိုဏ်းကြီး တွေက တပည့် တွေ နဲ့ လုံးဝ မတူဘူး..."

ချီနင်ပင်း က ဆက်ပြောလိုက်သည်။

"နောက်ခံ ကို ငါ ဂရုမစိုက်ဘူး... ရုပ်ရည် ကလည်း အရမ်း ရုပ်ဆိုး မနေရင် ရပြီ... လူ ကောင်း တစ်ယောက် ဖြစ်ပြီး ငါ သဘောကျရင် ရပြီပဲ..."

ချီဝမ်ကျင်း က ခေါင်းညိတ်လိုက်ပြီး ကျန်းချဲ့ အပေါ် ပထမဆုံး အမြင် က သိပ်မကောင်းလှသော်လည်း အရမ်းကြီး ဆိုးရွား မနေပေ။

လူကို မမြင်ဖူးဘဲ နဲ့ သတင်း အချက်အလက် တွေကိုပဲ အပြည့်အဝ ယုံကြည်လို့ မရဘူးလေ။

"ဒါပေမဲ့... အစ်မကြီး သဘောမကျမယ့် အချက် တစ်ခု ရှိတယ်..."

ချီနင်ပင်း က ခေတ္တမျှ တွန့်ဆုတ်နေပြီးနောက် စကား ရွေးချယ်ကာ ပြောလိုက်သည်။

"ဘာလဲ..."

"သူ့မှာ တခြား မိန်းမ တစ်ယောက် ရှိနေပြီ... ပြီးတော့ တခြား လူ ရဲ့ မင်္ဂလာဆောင် နေ့မှာ အတင်း ဝင်လုလာတာတဲ့... အခု ထိုက်အန်းဒေသ မှာတော့ အဲ့ဒါက နာမည်ကျော်နေတဲ့ ဇာတ်လမ်းလေး တစ်ပုဒ် ဖြစ်နေပြီ..."

"ဘာ... သူ့မှာ ဇနီး ရှိနေပြီလား..."

ချီဝမ်ကျင်း ၏ မျက်နှာထား က ချက်ချင်း ပြောင်းလဲသွားခဲ့သည်။ ဤသည်မှာ သူမ လုံးဝ သည်းမခံနိုင်သော ကိစ္စ တစ်ခု ပင် ဖြစ်သည်။ သူမ က အပျိုစင် တစ်ယောက် ဖြစ်ပြီး အခြား ယောကျ်ားလေး များကို တစ်ခါမှ မျက်နှာသာ မပေးခဲ့ဖူးပေ။ အခြား လူ ကို ကွာရှင်းပြီး မှ သူမ ကို ပြန်ယူမည့် လူမျိုး ကို လုံးဝ လက်ထပ်မည် မဟုတ်ပေ။

"ဇနီး တော့ မဟုတ်ပါဘူး... ကိုယ်လုပ်တော် တစ်ယောက် လောက်ပဲ ဖြစ်မှာပါ... ပြီးတော့... တစ်ယောက်တည်း ရှိတာပါ... မိန်းမ ကိစ္စ မှာလည်း အရမ်း သောင်းကျန်းတဲ့ လူမျိုး မဟုတ်ပါဘူး... အစ်မကြီး ရယ်... အရမ်းကြီးလည်း တင်းကျပ်မနေပါနဲ့..."

ချီနင်ပင်း က အလျင်စလို ဖြောင်းဖျလိုက်သည်။

ယောကျ်ားလေး တွေ နဲ့ မိန်းကလေး တွေ က မတူဘူးလေ။ ရှေးခေတ် ကတည်းက ယောကျ်ားလေး တွေ က မယား အများကြီး ယူကြတာပဲ... မိန်းကလေး တွေ ကသာ တစ်လင်တစ်မယား စနစ် ကို ကျင့်သုံးကြတာ... သူမ အနေနဲ့ အဲ့ဒီလို မိန်းမ ကိစ္စ သောင်းကျန်းတဲ့ လူမျိုး ကို မကြိုက်ဘူး ဆိုပေမယ့်... နှိုင်းယှဉ်ကြည့်လိုက်ရင်... ဒီကျန်းချဲ့ က တော်တော်လေး ကောင်းမွန်နေပါသေးတယ်။

အာဏာ ရလာတာနဲ့ မိန်းမ တွေ အများကြီး ယူပြီး သောင်းကျန်းနေတဲ့ လူမျိုး မဟုတ်ဘူးလေ။

"ငါ့ရဲ့ ခင်ပွန်း က ဇနီး တစ်ယောက်တည်း ပဲ ရှိရမယ်... ဘယ်လိုပဲဖြစ်ဖြစ်... ငါ က တခြား မိန်းမ တစ်ယောက် နဲ့ တစ်လင်တည်း အတူတူ မနေနိုင်ဘူး..."

ဤသည်မှာ ချီဝမ်ကျင်း ၏ သဘောထား ပင် ဖြစ်သည်။ လုံးဝ အလျှော့မပေးနိုင်ပေ။

"ဒါဆို အစ်မကြီး က သဘောမတူဘူးပေါ့..."

"တွေ့ကြည့်ပြီးမှပဲ ဆုံးဖြတ်တော့မယ်..."

"အစ်မကြီး ရယ်... အရမ်း တင်းကျပ်မနေပါနဲ့... တခြား လူတွေ နဲ့ နှိုင်းယှဉ်ကြည့်ရင်... ဒီကျန်းချဲ့ က တော်တော်လေး စည်းကမ်း ရှိတဲ့ လူ တစ်ယောက်ပါ... တခြား မိသားစု က သခင်လေး တွေကို အစ်မကြီး မမြင်ဖူးလို့ပါ... အသက် နှစ်ဆယ်တောင် မပြည့်သေးဘူး... မယားငယ် တွေ အများကြီး ယူနေကြတာ...

အစ်ကိုကြီး ကိုပဲ ကြည့်လေ... သူလည်း မယားငယ် တွေ အများကြီး ယူထားတာပဲ မလား..."

"သူများ က သူများပဲ... ငါ့ရဲ့ ခင်ပွန်း က အဲ့ဒီလို ဖြစ်လို့ မရဘူး..."

"အစ်မကြီး..."

ချီဝမ်ကျင်း ၏ သဘောထား ကို မြင်သောအခါ ချီနင်ပင်း လည်း ဘာမှ မတတ်နိုင်တော့ပေ။ တကယ်ကို ခေါင်းမာလွန်းလှပေသည်။

"နင် က ဘာလို့ သူ့ဘက် ကနေချည်းပဲ လိုက်ပြောနေရတာလဲ..."

"ညီမလေး က ဒါ သဘာဝ ကျတယ် လို့ ထင်လို့ပါ... တခြား လူ တစ်ယောက် နဲ့ လက်ထပ်မယ် ဆိုရင်လည်း... တစ်သက်လုံး မိန်းမ တစ်ယောက်တည်း ကိုပဲ ချစ်သွားမယ့် လူ ရှားပါတယ်... ညီမလေး အမြင်မှာတော့ ဒီလူ က မဆိုးပါဘူး... အကယ်လို့ အကြီးအကဲ တွေ ရဲ့ စမ်းသပ်မှု ကိုသာ အောင်မြင်မယ် ဆိုရင် လက်ထပ်လို့ ရပါတယ်..."

"နင် ဒီလောက်တောင် သဘောကျနေရင်... နင်ပဲ လက်ထပ်လိုက်လေ..."

ချီဝမ်ကျင်း က လေးနက်စွာ ပြောလိုက်သည်။

ချီနင်ပင်း က နှာမှုတ်လိုက်ပြီး အကြည့် များကို ရှောင်လွှဲကာ...

"ညီမလေး လည်း လက်ထပ်ချင်တာပေါ့... ဒါပေမဲ့ အဖေ က အစ်မကြီး ကို စီစဉ်ပေးထားတာလေ... ညီမ က အစ်မ ထက် အရင် အိမ်ထောင်ပြုလို့ ဘယ်ဖြစ်ပါ့မလဲ..."

"ငါ..."

ချီဝမ်ကျင်း က စကားပြောရန် ပြင်လိုက်သော်လည်း ညီမလေး လက်ထပ်ရမည့် လူ ကို ရုတ်တရက် သတိရသွားပြီး နှိုင်းယှဉ်ကြည့်လိုက်ရာ... ကျန်းချဲ့ က အများကြီး ပိုကောင်းနေသေးကြောင်း တွေ့ရှိလိုက်ရသဖြင့် တိတ်ဆိတ်သွားခဲ့သည်။

ဖခင် က သူမ ကို ညီမလေး အား နားချပေးရန် အကူအညီ တောင်းထားသော်လည်း သူမ ဘယ်ကနေ စပြောရမည်မှန်း မသိတော့ပေ။

ညီမလေး က ဝေ့မိသားစု ၏ သခင်လေး ကို သိရှိထားပြီး ထိုကဲ့သို့သော လူမျိုး ကို လုံးဝ သဘောမကျကြောင်း ကို သူမ သိရှိထားပေသည်။

"ဟားဟား... မစွန့်လွှတ်နိုင်ဘူး မလား... ကောင်းပြီလေ... ညီမလေး ပြောတာ မှားသွားပါတယ်... အစ်မကြီး ပဲ လက်ထပ်လိုက်ပါ... အစ်မကြီး ပဲ လက်ထပ်လိုက်ပါ..."

ချီနင်ပင်း က ပါးစပ်ကို အုပ်ကာ ရယ်မောလိုက်သည်။

"နင်ပင်း... နင် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသင့်တဲ့ ကိစ္စ တစ်ခု ရှိတယ်..."

"ဘာကိစ္စ လဲ..."

ချီနင်ပင်း က လုံးဝ ဂရုမစိုက်ဘဲ ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

"အဖေ လည်း... နင့် အတွက် မင်္ဂလာ ကိစ္စ တစ်ခု စီစဉ်ထားတယ်..."

"ဘယ်သူလဲ..."

ချီနင်ပင်း က ခေတ္တမျှ ရပ်တန့်သွားပြီး မျက်နှာထား အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ အစ်မကြီး ကို နောက်ပြောင်နေတာ က အမှန်တကယ် ပင် ဖြစ်သော်လည်း သူမ ကိုယ်တိုင် လည်း မင်္ဂလာ မဆောင်ချင်ပေ။ မထင်မှတ်ဘဲ အခုလောက် မြန်မြန် ရောက်လာလိမ့်မည် ဟု မထင်ထားခဲ့ပေ။

"ဝေ့မိသားစု ရဲ့ သခင်လေး... ဝေ့ကျွင်းကျဲ..."

ချီဝမ်ကျင်း က သွားများကို တင်းကျပ်စွာ ကိုက်ကာ အမည် ကို ပြောလိုက်သည်။

"ဘာ... ညီမလေး လုံးဝ လက်မထပ်ဘူး..."

မင်္ဂလာ ဆောင်ရမည့် လူ ၏ အမည်ကို ကြားလိုက်ရသောအခါ ချီနင်ပင်း ၏ မျက်နှာထား က ချက်ချင်း ပြောင်းလဲသွားပြီး 'ဝုန်း' ဆိုသည့် အသံ နှင့်အတူ မတ်တပ် ရပ်လိုက်ကာ မျက်နှာ ပေါ်တွင် အေးစက်သော အမူအရာများ ပေါ်ထွက်လာခဲ့သည်။

သူမ ဝေ့ကျွင်းကျဲ ကို သိပေသည်။ ထိုလူ ၏ စိတ်နေသဘောထား က အလွန် ဆိုးရွားပြီး ငယ်စဉ် ကတည်းက မိန်းမ ကိစ္စ ကြောင့် နာမည်ပျက် အကြီးအကျယ် ထွက်ခဲ့ဖူးပေသည်။ စာပေ လည်း မတတ်၊ ကိုယ်ခံပညာ လည်း မကျွမ်းကျင်ဘဲ... ဝေ့မိသားစု ခေါင်းဆောင် ၏ အစွမ်းကုန် ပံ့ပိုးမှုသာ မရှိခဲ့လျှင် ဝေ့မိသားစု ၏ သခင်လေး နေရာ ကို ပင် ရရှိမည် မဟုတ်ပေ။

ဒီလို ယောကျ်ား မျိုး က ဘယ်လိုလုပ် သူမ နဲ့ ထိုက်တန်မှာလဲ။

ကျန်းချဲ့ လောက် မကောင်းရင် နေပါစေ... အဖေ က ဒီလို လူယုတ်မာ မျိုး နဲ့ လက်ထပ်ပေးဖို့ စီစဉ်ထားတယ် ဆိုတာကတော့ လုံးဝ မဖြစ်သင့်ဘူး။

"နင်ပင်း... အဖေ က... မင်္ဂလာ ကိစ္စ ကို ကတိပေးပြီးသွားပြီ... ဖြစ်နိုင်ရင်..."

"ညီမ လုံးဝ လက်မထပ်ဘူး..."

ချီနင်ပင်း က ချီဝမ်ကျင်း ကို စူးစိုက်ကြည့်ပြီး အေးစက်စက် နှာမှုတ်လိုက်ကာ အဖေ့ ထံသို့ သွားရောက်ပြီး ဤမင်္ဂလာ ကိစ္စ ကို ဖျက်သိမ်းရန် ပြောဆိုရန် အတွက် ချက်ချင်း လှည့်ထွက်သွားခဲ့သည်။ အရင်တုန်းက အမေ့ ကို ပေးခဲ့တဲ့ ကတိ တွေကို မေ့ကုန်ပြီလား။

"နင်ပင်း... နင်..."

ချီဝမ်ကျင်း ၏ မျက်နှာပေါ်တွင် စိုးရိမ် ပူပန်သည့် အမူအရာများ ပေါ်ထွက်လာခဲ့သည်။

"ချီမိသားစု ရဲ့ အလှပန်း နှစ်ပွင့်... အစ်မကြီး ရဲ့ နာမည် က ချီဝမ်ကျင်း... စိတ်နေသဘောထား က အရမ်း ပြတ်သားပြီး ယောကျ်ားလေး တွေ နဲ့ တန်းတူ ယှဉ်နိုင်တယ်... အရင်က နယ်စပ် ကို သွားပြီး ရန်သူ တွေကို သတ်ဖူးတယ် လို့တောင် ကြားဖူးတယ်... တိုက်ခိုက်ရေး စွမ်းရည် က အရမ်း အစွမ်းထက်တယ်... ညီမလေး ရဲ့ နာမည် က ချီနင်ပင်း... အစ်မကြီး နဲ့ စိတ်နေသဘောထား လုံးဝ ပြောင်းပြန်ပဲ..."

ပေလင်ဒေသ သို့ သွားရောက်မည့် လမ်းခရီး တွင် ချီဆန်းကျား က သူ သိရှိထားသမျှ အကြောင်းအရာ များကို ကျန်းချဲ့ အား တစ်ခုမကျန် ရှင်းပြနေခဲ့သည်။ ဤတစ်ကြိမ် သူတို့၏ ပစ်မှတ် မှာ အလှပန်း နှစ်ပွင့် ထဲမှ တစ်ယောက် ပင် ဖြစ်သည်။

သာမန် တိုက်ရိုက်မျိုးဆက် မိန်းကလေး များ က ကျန်းချဲ့ နှင့် မထိုက်တန်တော့ပေ။

"ဘယ်သူက ပိုလှလဲ..."

ကျန်းချဲ့ ၏ မျက်နှာပေါ်တွင် ပြုံးရွှင်သည့် အမူအရာများ ပေါ်ထွက်လာပြီး အနည်းငယ် စိတ်ကူးယဉ် မိသွားခဲ့သည်။

သူ မိန်းမ လှလှလေး တွေကို သဘောကျတာ ကတော့ လုံးဝ ငြင်းလို့ မရပါဘူး။

ချီမိသားစု ၏ အင်အား ကို အသုံးပြုပြီး ကျောထောက်နောက်ခံ အဖြစ် ထားရှိရန် ဖြစ်သော်လည်း ဇနီးသည် က လှပနေမည် ဆိုလျှင်တော့ ပိုကောင်းတာပေါ့။

"လွန်ခဲ့တဲ့ ဆယ်နှစ် ကျော် တုန်းကတော့ တစ်ခါ မြင်ဖူးတယ်... အဲ့ဒီတုန်းက သူတို့ က အရမ်း ငယ်သေးတယ်... အခုတော့ ဘယ်လို နေလဲ မသိဘူး... ဒါပေမဲ့ ချီမိသားစု ရဲ့ အလှပန်း နှစ်ပွင့် လို့ နာမည်ကျော်ကြား နေပြီး ချီမိသားစု ရဲ့ မျက်နှာစာ အဖြစ် တာဝန်ယူထားရတာ ဆိုတော့ ရုပ်ရည် ကတော့ သေချာပေါက် မဆိုးလောက်ဘူး..."

"အင်း..."

ကျန်းချဲ့ က အနည်းငယ် ခေါင်းညိတ်လိုက်သည်။

အစပိုင်း ကတည်းက ချီဆန်းကျား က ပြောခဲ့ဖူးသော်လည်း အလှပန်း နှစ်ပွင့် ၏ မျက်နှာ ကိုတော့ တစ်ခါမှ မမြင်ဖူးခဲ့ပေ။ နှမြောစရာ ကောင်းတာက သူ၏ စွမ်းအား က အလွန် အားနည်းလွန်း နေသေးပြီး အလှပန်း နှစ်ပွင့် ထဲမှ တစ်ယောက် ကို ရွေးချယ်ခွင့် ရခြင်း ကပင် အလွန် ကံကောင်းနေပြီ ဖြစ်သည်။

မဟုတ်လျှင် ဘယ်သူ က ညီအစ်မ နှစ်ယောက် စလုံး ကို မယူချင်ဘဲ နေမည်နည်း။

"ဒါပေမဲ့ ဒီတစ်ခါ ချီမိသားစု ဆီကို သွားတဲ့ အခါ... မင်း သတိထားပြီး လှုပ်ရှားရမယ်..."

"ဘာလဲ... ချီမိသားစု က ကျွန်တော့်ကို တိုက်ခိုက်မှာ မို့လို့လား..."

"အဲ့ဒါတော့ မဖြစ်နိုင်ပါဘူး... ချီမိသားစု က နှစ်ထောင်ချီ တည်တံ့လာခဲ့တာ ဆိုတော့ စည်းကမ်း တွေ ရှိပါတယ်... မင်း က မင်္ဂလာ ဆောင်ဖို့ လာတာလေ... ရန်လာရှာတာ မှ မဟုတ်တာ... ဘယ်လိုပဲဖြစ်ဖြစ် မင်းကို တိုက်ခိုက်မှာ မဟုတ်ပါဘူး... မဟုတ်ရင် သတင်း ပြန့်သွားရင် ချီမိသားစု ရဲ့ နာမည် ပျက်သွားမှာပေါ့...

ငါ ဆိုလိုတာက ချီမိသားစု က မင်းရဲ့ စိတ်နေသဘောထား နဲ့ ပါရမီ ကို အကဲဖြတ်လိမ့်မယ်... ဒါမှမဟုတ် စွမ်းအား ကိုတောင် အကဲဖြတ်ကောင်း အကဲဖြတ်နိုင်တယ်... ငါ မင်းကို ဘယ်လောက်ပဲ ကောင်းအောင် ပြောထား ပြောထား... ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်ရတာက အကောင်းဆုံးပဲလေ... အကယ်လို့ တကယ်လို့ စမ်းသပ်တဲ့ လူ ရှိလာရင်...

မင်း လုံးဝ အလျှော့မပေးနဲ့... စွမ်းအား ကို အပြည့်အဝ ပြသလိုက်... ပိုအစွမ်းထက်လေ ပိုကောင်းလေပဲ..."

ကျန်းချဲ့ ၏ မင်္ဂလာ ကိစ္စ နှင့် ပတ်သက်၍ ချီဆန်းကျား က အလွန် ဂရုစိုက်ပေသည်။ မဟုတ်လျှင် ပြည်နယ် မြို့တော် မှ အမိန့်ကို ရရှိပြီးနောက် အမိန့်ကို ဖီဆန်ကာ ကျန်းချဲ့ ကို ချက်ချင်း ခေါ်ဆောင်သွားမည် မဟုတ်ပေ။

လမ်းခရီး တစ်လျှောက်လုံး တွင် သူတို့ က အချိန် လုံးဝ မဖြုန်းတီးခဲ့ဘဲ ယွင်ပြည်နယ် နယ်နိမိတ် ထဲသို့ ရောက်ရှိသွားသော အခါမှသာ ဖြည်းဖြည်းချင်း သွားလာခဲ့ကြသည်။

အကယ်၍ ကျန်းချဲ့ သာ အလှပန်း နှစ်ပွင့် ထဲမှ တစ်ယောက် ကို လက်ထပ်နိုင်ခဲ့မည် ဆိုပါက ကျန်းချဲ့ အနေဖြင့် ချီမိသားစု ၏ အင်အားစု ထဲသို့ ဝင်ရောက်လာရန် ဆွဲဆောင်နိုင်မည် ဖြစ်သလို သူ ကိုယ်တိုင် လည်း ထောက်ခံစာ ကြောင့် ကျင့်ကြံရေး အရင်းအမြစ် များကို ဆုချီးမြှင့်ခံရမည် ဖြစ်သည်။

တကယ့်ကို နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့် ကိစ္စ ပင် ဖြစ်သည်။

"တပ်မှူးချုပ် စိတ်ချပါ... ငယ်သား နားလည်ပါတယ်..."

ချီဆန်းကျား က အကြိမ်ကြိမ် သတိပေးနေသော်လည်း ကျန်းချဲ့ ၏ မျက်နှာပေါ်တွင် မကျေနပ်သည့် အမူအရာ လုံးဝ မရှိပေ။ အဘယ်ကြောင့်ဆိုသော် ချီဆန်းကျား ပြောသမျှ အားလုံး က သူ့အတွက် ကောင်းဖို့ သက်သက်သာ ဖြစ်ပြီး အခြား ရည်ရွယ်ချက် မရှိသောကြောင့် ပင် ဖြစ်သည်။

"အော်... မေ့လို့... ပြောစရာ တစ်ခု ရှိသေးတယ်..."

"ဘာများလဲ..."

"ချီမိသားစု ရဲ့ ညီအစ်မ နှစ်ယောက် က ရုပ်ရည် အရမ်း ဆင်တူတယ် လို့ ကြားဖူးတယ်... အသွင်အပြင် ကွဲပြားတာကလွဲရင် တခြား အများကြီး မပြောင်းလဲဘူးတဲ့... မင်း အဲ့ဒီရောက်ရင် လူမှားပြီး ရယ်စရာ ဖြစ်အောင် မလုပ်မိစေနဲ့ဦး..."

ချီဆန်းကျား က လေးနက်စွာ ပြောလိုက်သည်။

အမြွှာ ညီအစ်မ တွေလား။

ကျန်းချဲ့ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

ဒါက တကယ့်ကို အဖိုးတန် တွေပဲ။

ကျွတ်…

နှမြောစရာ ကောင်းလိုက်တာ... နှမြောစရာ ကောင်းလိုက်တာ…

ကျန်းချဲ့ တွင် အခြား မကောင်းသော ရည်ရွယ်ချက် များ မရှိသော်လည်း ရင်ထဲမှ အမှန်တကယ် ပင် နှမြောမိပေသည်။ သို့သော် သူ၏ ကျင့်ကြံမှု က အားနည်းလွန်းပြီး စွမ်းအား က အားနည်းလွန်း နေသေးသည်ကို ဘယ်သူ့ ကို အပြစ်တင်ရမည်နည်း။ အကယ်၍ ညီအစ်မ နှစ်ယောက် စလုံး ကို လက်ထပ်ချင်တယ် လို့သာ ပြောရဲမည် ဆိုပါက...

ချီမိသားစု ၏ ခေါင်းဆောင် က သူ့ကို ပထမဆုံး အနေဖြင့် လုံးဝ ခွင့်လွှတ်ပေးမည် မဟုတ်ပေ။

"ငယ်သား သေချာ ခွဲခြားပါ့မယ်..."

"အင်း... ဒီကိစ္စ က အရမ်းကြီး ကြီးမားတဲ့ ကိစ္စ မဟုတ်ပေမယ့်... ပေါ့ဆလို့တော့ မရဘူး... ဒါပေမဲ့ ချီမိသားစု က မင်းကို ဘယ်သူ နဲ့ လက်ထပ်ပေးမလဲ ဆိုတာတော့ မသိဘူး... ပွင့်ပွင့်လင်းလင်း ပြောရရင် ငါကိုယ်တိုင်တောင် အရမ်း သိချင်နေပြီ..."

"ဟားဟား... အဲ့ဒီ ရောက်ရင် သိရမှာပေါ့... အခုချိန်မှာ အများကြီး စဉ်းစားနေလည်း အပိုပါပဲ..."

"ဒါလည်း ဟုတ်တာပဲ..."

"ဒါနဲ့... အစ်ကို ချီ နယ်စပ်မှာ ဘယ်လိုနေလဲ... ဘယ်တော့လောက် ပြန်လာမလဲ..."

ကျန်းချဲ့ က စကားလမ်းကြောင်း လွှဲလိုက်သည်။

အမှန်တကယ်တော့ ချီဟွမ် ပြောခဲ့သော စကားကို သူ သတိရနေသေးသည်။ အကယ်၍ သူသာ ထိုက်အန်းဒေသ ၏ သိုင်းလောက အင်အားစု များကို အနိုင်ယူနိုင်မည် ဆိုပါက သူ၏ ဝမ်းကွဲ အစ်မ ကို မိတ်ဆက်ပေးမည် ဟု ပြောခဲ့ဖူးပေသည်။ စစ်သူကြီး မျိုးရိုး က ဆင်းသက်လာပြီး နိုင်ငံတော် ၏ အလှမယ် တစ်ယောက် ဖြစ်သည် ဟုလည်း ပြောခဲ့ဖူးပေသည်။

"မြန်ပါပြီ... ငါ ရွှမ်တန်အဆင့် ကို ရောက်ပြီးတော့ သူ့ကို ပြန်ခေါ်ပေးဖို့ ပင်မ အိမ်တော် ကို တောင်းဆိုထားပါတယ်..."

ချီဆန်းကျား က ကျန်းချဲ့ အပေါ် အပြည့်အဝ လောင်းကြေး ထပ်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ သူ၏ ကိုယ်ပိုင် အကဲဖြတ်မှု နှင့် ချီမိသားစု ၏ မင်္ဂလာ ကိစ္စ အပြင် ချီဟွမ် ကို ကျန်းချဲ့ ၏ နောက်သို့ လိုက်ပါရန် ခေါ်ယူခြင်း လည်း သူ၏ အစီအစဉ် တွင် ပါဝင်ပေသည်။

ဤသို့ ဆိုပါက အကယ်၍ ကျန်းချဲ့ သာ နောင်တစ်ချိန် တွင် ကြီးမားသော အောင်မြင်မှု များ ရရှိလာမည် ဆိုပါက သူ က အကျိုးအမြတ် အများဆုံး ရရှိသူ ဖြစ်လာမည် ပင် ဖြစ်သည်။

"ဟားဟား... ကျွန်တော် လည်း အစ်ကို ချီ ကို တော်တော်လေး သတိရနေပြီ…”

All Chapters