အခန်း ၁၉၃
Vol. 20 Ch. 193
အခန်း (၁၉၃) တွေ့ဆုံကြည့်ရှုခြင်း
"လူကြီးမင်းက ဘယ်သူများလဲ..."
တံခါးအပြင်ဘက်ရှိ အဖြူရောင် ဝတ်စုံဝတ် အမျိုးသားကို ကြည့်ရင်း ကျန်းချဲ့က မျက်လုံးများကို အနည်းငယ် မှေးကျဉ်းကာ စူးစမ်းလိုသည့် အမူအရာဖြင့် မေးလိုက်သည်။
"ကျွန်တော်က ယွဲ့ပြည်နယ် လင်ယွမ် ဝေ့မိသားစု က ဝေ့ကျွင်းကျဲ ပါ... ဝေ့မိသားစု ရဲ့ ခေါင်းဆောင် က ကျွန်တော့်ရဲ့ ဖခင် ပါပဲ..."
ဝေ့ကျွင်းကျဲ က နွေးထွေးစွာ ပြုံးရွှင်နေသော်လည်း မျက်နှာပေါ်ရှိ မာနကြီးသည့် အရိပ်အယောင် များကိုတော့ လုံးဝ ဖုံးကွယ်ထား၍ မရနိုင်ပေ။ သူ၏ နောက်ခံ ဝေ့မိသားစု ၏ အမည်ကိုပင် တိုက်ရိုက် ထုတ်ဖော် ပြောဆိုလိုက်သေးသည်။
သို့သော် ဤကဲ့သို့သော ဟန်ပန်မျိုးကို ကျန်းချဲ့ အနေဖြင့် အနည်းငယ် မနှစ်မြို့လှပေ။ သူ့ကို အာဏာဖြင့် ဖိအားမပေးခံရသည်မှာ အချိန်အတော်ကြာပြီ ဖြစ်ရာ လင်ကျန်း အဆောက်အအုံတွင် အေးအေးဆေးဆေး နေထိုင်နေစဉ် ပြဿနာက အလိုအလျောက် ရောက်ရှိလာလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ပေ။
"သြော်... အစ်ကိုဝေ့ ကိုး... ကျွန်တော် က နာမည် ကြားဖူးနေတာ ကြာပါပြီ..."
ကျန်းချဲ့က ရင်ထဲတွင် တစ်ဖက်လူ၏ ဟန်ပန်ကို မနှစ်မြို့သော်လည်း မျက်နှာပေါ်တွင် လုံးဝ မပြသခဲ့ပေ။ ဆန့်ကျင်ဘက် အနေဖြင့် အလွန် ယဉ်ကျေးစွာ ဆက်ဆံလိုက်သော်လည်း ထိုယဉ်ကျေးမှုက အနည်းငယ် စိမ်းသက်နေပေသည်။ ဝေ့ကျွင်းကျဲ ဆိုသည့် နာမည်ကို သူ လုံးဝ မကြားဖူးခဲ့ပေ။
သို့သော် လင်ယွမ် ဝေ့မိသားစု ကိုတော့ သူ သိရှိထားပေသည်။
ယွဲ့ပြည်နယ် တွင် အခြေခံ အုတ်မြစ် ခိုင်မာသော မိသားစုကြီး တစ်ခု ဖြစ်ပြီး ပေလင် ချီမိသားစု လောက် နာမည် မကျော်ကြားသော်လည်း စွမ်းအားက အလွန် ကြီးမားလှကာ အနည်းဆုံးတော့ သူ ယခု လက်ရှိ အချိန်တွင် မယှဉ်ပြိုင်နိုင်သေးသော အဆင့်အတန်း မျိုး ပင် ဖြစ်သည်။
"ကျွန်တော် လည်း အစ်ကိုကျန်း ရဲ့ နာမည်ကို ကြားဖူးနေတာ ကြာပါပြီ... အစ်ကိုကျန်း ဒီမှာ ရှိနေမှန်း သိလို့ လာပြီး နှောင့်ယှက်မိတာပါ... အစ်ကိုကျန်း အနေနဲ့ အပြစ်မယူဖို့ မျှော်လင့်ပါတယ်..."
"အစ်ကိုဝေ့ ကလည်း ဘာတွေ ပြောနေတာလဲ... လာပါ... ဝင်ပါဦး..."
တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို သေချာ မသိရသေးမီ အချိန်တွင် ကျန်းချဲ့ အနေဖြင့် အလွယ်တကူ ငြင်းပယ်လွှတ်လိုက်မည် မဟုတ်ပေ။ တစ်ဖက်လူကို အခန်း အတွင်းသို့ ဖိတ်ခေါ်လိုက်ပြီး အချိန်ခဏမျှ စကားပြောဆိုပြီးနောက် ဝေ့ကျွင်းကျဲ က ဆက်လက် အချိန်ဆွဲမနေတော့ဘဲ ပြုံးလျက် မေးလိုက်သည်။
"အစ်ကိုကျန်း က ထိုက်အန်း ကနေ လာတာလို့ ကြားတယ်... ပေလင် ကို လာတာ ဘာကိစ္စ များ ရှိလို့လဲ..."
"ဖိတ်ကြားချက် အရ လာတာပါ... အရမ်းကြီး အရေးကြီးတဲ့ ကိစ္စတော့ မဟုတ်ပါဘူး..."
"မင်္ဂလာကိစ္စ လား..."
ဝေ့ကျွင်းကျဲ က ကျန်းချဲ့ကို တည့်တည့် စိုက်ကြည့်ကာ မေးလိုက်သည်။
ကျန်းချဲ့က ပြုံးရုံသာ ပြုံးနေပြီး ပြန်လည် ဖြေကြားခြင်း မပြုခဲ့ပေ။ သို့သော် စကားမပြောခြင်းကပင် သူ၏ သဘောထားကို ဖော်ပြနေပြီ ဖြစ်သည်။
"အစ်ကိုကျန်း က တွေးတာ မှားနေပြီ... ခင်ဗျား က ယွဲ့ပြည်နယ် ကနေ လာပြီး ယွဲ့ပြည်နယ် မှာပဲ အရာရှိ လုပ်နေတာလေ... အကယ်လို့ မင်္ဂလာ ဆောင်မယ် ဆိုရင်တောင် ယွဲ့ပြည်နယ် က ဒေသခံ အထက်တန်းလွှာ မိသားစု တွေနဲ့ပဲ မင်္ဂလာ ဆောင်သင့်တာပေါ့... ယွင်ပြည်နယ် က မိုင်ပေါင်း သောင်းချီ ကွာဝေးတာ ဆိုတော့... အစ်ကိုကျန်း ကို ဘာမှ ကူညီနိုင်မှာ မဟုတ်ဘူး...
အကယ်လို့ အစ်ကိုကျန်း သာ ဆန္ဒရှိမယ် ဆိုရင်... ကျွန်တော်တို့ ဝေ့မိသားစု ထဲမှာ တိုက်ရိုက်မျိုးဆက် မိန်းကလေး တွေ အများကြီး ရှိပါတယ်... အစ်ကိုကျန်း စိတ်ကြိုက် ရွေးချယ်လို့ ရပါတယ်... ဒီလိုဆိုရင် ခင်ဗျား နဲ့ ကျွန်တော် ဆွေမျိုး တွေ ဖြစ်သွားပြီး အဘက်ဘက် ကနေ အစ်ကိုကျန်း ကို ကူညီ ထောက်ပံ့ပေးနိုင်မှာပါ..."
အကယ်၍ ကျန်းချဲ့သာ တိုက်ရိုက် နုတ်ထွက်သွားမည် ဆိုပါက သူ့အတွက် ဘာပြဿနာမှ ရှိတော့မည် မဟုတ်ပေ။ ထို့ကြောင့် ဤကဲ့သို့ ဆွဲဆောင်ရခြင်း ဖြစ်သည်။ သူ၏ အမြင်တွင် ကျန်းချဲ့ က တကယ်ကို ထူးချွန်သော သူရဲကောင်း တစ်ယောက် ဖြစ်ပြီး ဝေ့မိသားစု တွင်ပင် ဤကဲ့သို့သော သူမျိုး အလွန် ရှားပါးလှပေသည်။
ဤသည်က နှစ်ဦးနှစ်ဖက် အကျိုးရှိမည့် ကိစ္စ ပင် ဖြစ်သည်။
သို့သော် ချီမိသားစု၏ နယ်မြေ အတွင်း၌ ချီမိသားစုက သတ်မှတ်ထားသော သမက်လောင်းကို လာရောက် ဆွဲဆောင်နေခြင်းမှာ တစ်ဖက်လူ၏ ဦးနှောက် အနည်းငယ် မှားယွင်းနေသည်ဟု ကျန်းချဲ့ ထင်မြင်မိသည်။ ထို့ကြောင့် တစ်ဖက်လူ၏ ဖိတ်ခေါ်မှုကို ချက်ချင်း ငြင်းပယ်လိုက်သည်။
"ချီမိသားစု က ကျွန်တော့် အပေါ် ကျေးဇူး အများကြီး ရှိပါတယ်... အခု အချိန်မှာတော့ ကတိဖျက်ဖို့ သိပ်မကောင်းဘူး ထင်တယ်... အစ်ကိုဝေ့ ရဲ့ ဒီစကားကို... ကျွန်တော် မကြားခဲ့ဘူး လို့ပဲ သဘောထား လိုက်ပါ့မယ်..."
"ဒီလို ဆိုမှတော့... အစ်ကိုကျန်း က ချီမိသားစု ကိုပဲ ရွေးချယ်ဖို့ ဆုံးဖြတ်ထားတာပေါ့လေ..."
ဝေ့ကျွင်းကျဲ ၏ ရင်ထဲတွင် အနည်းငယ် မကျေမနပ် ဖြစ်သွားခဲ့သည်။ ဝေ့မိသားစု၏ သခင်လေး ကိုယ်တိုင် လာရောက် ဖိတ်ခေါ်ပြီး အထူး မျက်နှာသာ ပေးခဲ့သော်လည်း တစ်ဖက်လူက ဘာမှပင် မစဉ်းစားဘဲ တိုက်ရိုက် ငြင်းပယ်လိုက်ခြင်းမှာ မျက်နှာ လုံးဝ မထောက်ခြင်း ပင် ဖြစ်သည်။
"အစ်ကိုဝေ့ ဘာကိစ္စ ရှိသေးလို့လဲ... ကျွန်တော် ကျင့်ကြံဖို့ ပြင်ဆင်တော့မလို့..."
ဝေ့ကျွင်းကျဲ ၏ သဘောထား ကြောင့် ကျန်းချဲ့ လည်း ယခုအခါ အနည်းငယ် စိတ်မရှည်တော့ပေ။ တစ်ဖက်လူကို တိုက်ရိုက် ထွက်သွားရန် သွယ်ဝိုက်သော နည်းဖြင့် ပြောဆိုလိုက်ခြင်း ပင် ဖြစ်သည်။ သူ က တစ်ဖက်လူ နှင့် ဆက်လက် စကားပြောနေရန် စိတ်မဝင်စားတော့ပေ။ အကယ်၍ ချီမိသားစု နားထဲသို့ ရောက်သွားပါက သူ က လူမှုဆက်ဆံရေး မကျွမ်းကျင်သူ တစ်ယောက် အဖြစ် အထင်ခံရပေလိမ့်မည်။
ဝေ့ကျွင်းကျဲ က ရင်ထဲရှိ မကျေနပ်မှု များကို ဖိနှိပ်ထားလိုက်ပြီး မျက်နှာပေါ်တွင် အတင်း အပြုံးတစ်ခုကို ဖန်တီးလိုက်ကာ...
"အစ်ကိုကျန်း က ဘာဖြစ်လို့ ဒီလို သဘောထား မျိုး ပြသနေရတာလဲ... ပွင့်ပွင့်လင်းလင်း ပြောရရင်... ကျွန်တော် လည်း ချီမိသားစု ခေါင်းဆောင် ချီကျန်းနန် ရဲ့ ဖိတ်ကြားချက် အရ... သူ့ရဲ့ သမီးငယ် ချီနင်ပင်း နဲ့ မင်္ဂလာကိစ္စ အတွက် လာခဲ့တာပါ... ပြောရမယ် ဆိုရင်... ခင်ဗျား နဲ့ ကျွန်တော် က နောင်တစ်ချိန် မှာ ဆွေမျိုးတွေတောင် ဖြစ်လာနိုင်သေးတယ်..."
"ဟုတ်လား... ဒါဆိုရင်လည်း အစ်ကိုဝေ့ ကို ဂုဏ်ပြုပါတယ်..."
တစ်ဖက်လူက မင်္ဂလာ ဆောင်မည့်သူမှာ ချီနင်ပင်း ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်သော်လည်း ကျန်းချဲ့ မှာ ယခုအခါ ကြီးမားသော ခံစားချက် လုံးဝ မရှိပေ။ မည်သို့ပင်ဆိုစေ အလှပန်း နှစ်ပွင့် တွင် ချီဝမ်ကျင်း လည်း ရှိနေသေးသည် မဟုတ်ပါလော။ သူ က တစ်ဖက်လူ နှင့် မိန်းမ လုရန် စိတ်မဝင်စားပေ။
ဤသည်က ဝေ့မိသားစု၏ ဩဇာ အာဏာ ကို ကြောက်ရွံ့၍ မဟုတ်ဘဲ တစ်ဖက်လူ၏ စကား အနည်းငယ် ကြောင့် အလကားသက်သက် ဒေါသထွက်နေရန် မလိုအပ်ဘူး ဟု ထင်မြင်သောကြောင့် ပင် ဖြစ်သည်။
"အစ်ကိုကျန်း က အလှပန်း နှစ်ပွင့် ကို ရည်ရွယ်ပြီး လာတာ မဟုတ်ဘူးလား..."
ကျန်းချဲ့က ဤမျှ တည်ငြိမ်နေသည်ကို မြင်သောအခါ ဝေ့ကျွင်းကျဲ ၏ ရင်ထဲတွင် သံသယ ဖြစ်သွားခဲ့သည်။ ဦးလေးချင်း ရလာတဲ့ သတင်း က အမှားကြီးများ ဖြစ်နေမလား။ ချီမိသားစု က ကျန်းချဲ့ နဲ့ မင်္ဂလာ ဆောင်တဲ့ အခါ အလှပန်း နှစ်ပွင့် ကို လက်ထပ်ပေးမှာ မဟုတ်ဘူးလား။
"ဒီကိစ္စ က အခုထိ မသေချာသေးဘူးလေ... ဘယ်လိုလုပ်ပြီး ဘယ် သခင်မလေး ကို ရည်ရွယ်ပြီး လာတာလဲ လို့ ပြောလို့ ရမှာလဲ... အစ်ကိုဝေ့ ကများ ကျွန်တော့်ကို ပြိုင်ဘက် တစ်ယောက် လို့ သတ်မှတ်ထားလို့လား..."
ကျန်းချဲ့က ခပ်ဖွဖွ ရယ်မောလိုက်သည်။
မင်္ဂလာ ကိစ္စ က ယခု လောလောဆယ် တွင် ချီဆန်းကျား တစ်ယောက်တည်း သာ ကြိုးပမ်း အားထုတ်နေခြင်း ဖြစ်ပြီး ကျန်းချဲ့ တွင် ကြီးမားသော ခံစားချက် မရှိသလို မိန်းမ တစ်ယောက် ကြောင့် အလကားသက်သက် အခြားသူ နှင့် ရန်ငြိုးဖွဲ့မည် လည်း မဟုတ်ပေ။
အကယ်၍ ချီမိသားစု က တကယ်ပဲ ရိုးသားမှု မရှိဘူး ဆိုလျှင် သူ ကလည်း အတင်းအကျပ် သွားရောက် တောင်းဆိုနေမည် မဟုတ်ပေ။
ချီဆန်းကျား ပြောခဲ့သော စကား တစ်ခွန်း က လုံးဝ မှန်ကန်ပေသည်။ ယခု သူ ပြသထားသော ပါရမီ ဖြင့် ဆိုလျှင် ချီမိသားစု မရှိလျှင်တောင် သူ့ကို ဆွဲဆောင်မည့် အခြား အင်အားစု များ သေချာပေါက် ရှိလာမည်သာ ဖြစ်သည်။
ဝေ့ကျွင်းကျဲ ၏ မျက်နှာပေါ်တွင် အနည်းငယ် ရှက်ရွံ့သွားသည့် အမူအရာများ ပေါ်ထွက်လာခဲ့သည်။ ကျန်းချဲ့၏ မျက်နှာပေါ်ရှိ အပြုံးက သူ့ကို လှောင်ပြောင်နေသကဲ့သို့ ခံစားရသဖြင့် အသက်ကို ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး ခေါင်းယမ်းကာ...
"ဘယ်လိုလုပ် အဲ့လို ဖြစ်နိုင်မှာလဲ... ကျွန်တော် ဆိုလိုတာက... အကယ်လို့ အစ်ကိုကျန်း သာ အလှပန်း နှစ်ပွင့် ကို သဘောကျတယ် ဆိုရင်... ကျွန်တော် ကလည်း ချီနင်ပင်း နဲ့ စေ့စပ်ထားပြီးပြီ ဆိုတော့... အစ်ကိုကျန်း ကို ချီဝမ်ကျင်း နဲ့ လက်ထပ်နိုင်အောင် ကူညီပေးမယ် လို့ ပြောမလို့ပါ... ဒီလိုဆိုရင် နောင်တစ်ချိန် မှာ ခင်ဗျား နဲ့ ကျွန်တော် ယောက်ဖ တွေ ဖြစ်လာနိုင်တာပေါ့..."
"ဟုတ်လား... ဒါဆိုရင်လည်း အစ်ကိုဝေ့ ကို ကျေးဇူးတင်ပါတယ်..."
ကျန်းချဲ့၏ သဘောထား က အမြဲတမ်း အေးတိအေးစက် နိုင်လှပေသည်။
"ဒါပေမဲ့ အဲဒီ မတိုင်ခင်... ကျွန်တော် က အစ်ကိုကျန်း ကို အကူအညီ သေးသေးလေး တစ်ခုလောက် တောင်းချင်လို့ပါ..."
"အစ်ကိုဝေ့ အနေနဲ့ ဘာကိစ္စ လဲ ဆိုတာ အရင် ပြောကြည့်ပါဦး..."
ဝေ့ကျွင်းကျဲ က သက်ပြင်း သဲ့သဲ့လေး တစ်ချက် ချလိုက်ပြီး ရှက်ရွံ့သည့် မျက်နှာထား ဖြင့်...
"အစ်ကိုကျန်း ကို မဖုံးကွယ်ပါဘူး... ကျွန်တော် က ငယ်ငယ်တုန်းက မသိနားမလည် လို့ အမှား တွေ အများကြီး လုပ်ခဲ့မိတယ်... အဲဒါကြောင့် နာမည် နည်းနည်း ပျက်နေတယ်... မင်္ဂလာ စေ့စပ်ထားတယ် ဆိုပေမယ့် နင်ပင်း ရဲ့ ရင်ထဲမှာ မဆန့်ကျင်ဘူး လို့ ဘယ်သူ က အာမခံနိုင်မှာလဲ...
ခင်ဗျား နဲ့ ကျွန်တော် က အတူတူ မင်္ဂလာ ကိစ္စ အတွက် လာကြတာ ဆိုတော့... ကျွန်တော် ဆိုလိုတာက... အစ်ကိုကျန်း အနေနဲ့ နည်းနည်းလောက် ပုံမှန် အတိုင်းလေးပဲ နေပေးပါ လို့ပါ... ကျွန်တော် မင်္ဂလာ ကိစ္စ အောင်မြင်အောင် ကူညီပေးနိုင်မယ် ဆိုရင်... နောက်ပိုင်း သေချာပေါက် ကြီးမားတဲ့ ကျေးဇူးဆပ်မှု မျိုး ပြန်ပေးပါ့မယ်...
ပြီးတော့ အစ်ကိုကျန်း က ယွဲ့ပြည်နယ် မှာ အရာရှိ လုပ်နေတာ ဆိုတော့... ကျောထောက်နောက်ခံ တွေ သေချာပေါက် လိုအပ်မှာပဲ... ဝေ့မိသားစု ရဲ့ အင်အား နဲ့ ဆိုရင်... အစ်ကိုကျန်း ကို အစိုးရ အသိုင်းအဝိုင်း မှာ အများကြီး ပိုပြီး ချောမွေ့အောင် ကူညီပေးနိုင်မှာ အသေအချာ ပါပဲ... အစ်ကိုကျန်း အနေနဲ့... ဒီအကူအညီ သေးသေးလေး ကို ကူညီပေးနိုင်မလား မသိဘူး..."
ဝေ့ကျွင်းကျဲ က မိမိ၏ အခြေအနေ ကို ကောင်းစွာ သိရှိထားပေသည်။ ယခင်က စေ့စပ်ထားခြင်း ကို ဖျက်သိမ်းခံရသည့် အရှုပ်တော်ပုံ ကြောင့် သူ၏ နာမည်ဂုဏ်သတင်း အကြီးအကျယ် ကျဆင်းသွားခဲ့ရာ ချီမိသားစု က သူ့အပေါ် မကျေမနပ် ဖြစ်မည် မဟုတ်ဘူး ဟု မည်သူ က အာမခံနိုင်မည်နည်း။ ကျန်းချဲ့ ကတော့ ထိုက်အန်း တွင် နာမည်ကျော်ကြား နေပြီး အောက်ခြေ မှ တက်လာသော သူရဲကောင်း တစ်ယောက် ပင် ဖြစ်သည်။
ချီမိသားစု က ကျန်းချဲ့ အပေါ် ဧည့်ဝတ်ကျေပွန်မှု ကို ကြည့်ခြင်း အားဖြင့် အလွန် အလေးထားကြောင်း သိသာ ထင်ရှားလှပေသည်။ နှစ်ဖက် နှိုင်းယှဉ်ကြည့်မည် ဆိုပါက မိသားစု နောက်ခံ သာလွန်ခြင်း မှလွဲ၍ ကျန်သည့် အရာများ တွင် သူ က ကျန်းချဲ့ ကို တကယ် မယှဉ်နိုင်ပေ။
သို့သော် ကျန်းချဲ့ ကသာ တမင်တကာ ညံ့ဖျင်းအောင် ဟန်ဆောင်ပေးမည် ဆိုလျှင်တော့ တစ်မျိုး ဖြစ်သွားမည်။ သူ၏ ထူးချွန်မှုကို သာ ပေါ်လွင်အောင် ပြသနိုင်မည် ဆိုပါက ချီနင်ပင်း ကို လက်ထပ်ရန် ကိစ္စ တွင် လုံးဝ အမှားအယွင်း ရှိမည် မဟုတ်ကြောင်း ကို သူ ယုံကြည်ပေသည်။
သေချာသည်မှာ သူ့တွင် အခြား ရည်ရွယ်ချက် တစ်ခု လည်း ရှိသေးသည်။ အကယ်၍ ချီမိသားစု က ချီဝမ်ကျင်း ကို လက်ထပ်ပေးရန် မရည်ရွယ်ဘူး ဆိုပါက သူတို့ နှစ်ယောက် ယှဉ်ပြိုင်ရမည့် ပစ်မှတ် က ချီနင်ပင်း တစ်ယောက်တည်း သာ ရှိတော့မည် ဖြစ်ရာ သူ အစွမ်းပြ နိုင်လေလေ သူ၏ အခွင့်အရေး က ပိုများလေလေ ပင် ဖြစ်သည်။
ကျန်းချဲ့ အတွက် ကိုတော့...
သူ ကလည်း အရမ်း နစ်နာအောင် လုပ်မည် မဟုတ်ပေ။ ဝေ့မိသားစု ၏ တိုက်ရိုက်မျိုးဆက် မိန်းကလေး တစ်ယောက် နှင့် လက်ထပ်ပေးလိုက်မည် ဆိုပါက မြားတစ်စင်းတည်း နှင့် ငှက်သုံးကောင် ပစ်သကဲ့သို့ ပင် ဖြစ်သွားပေလိမ့်မည်။
ဤအတွက် ကြောင့် ဝေ့မိသားစု ၏ အမည်ကိုပင် ထုတ်ဖော် ပြောဆိုပြီး သွယ်ဝိုက်သော နည်းဖြင့် ခြိမ်းခြောက်မှုကိုပါ ပြသခဲ့ခြင်း ပင် ဖြစ်သည်။
ကျန်းချဲ့ က တစ်ဖက်လူ၏ ဆိုလိုရင်းကို နားလည်သွားခဲ့သည်။ ဝေ့ကျွင်းကျဲ ၏ အားသာချက် များကို ပေါ်လွင်စေရန် အတွက် သူ့ကို ခြေနင်းတုံး အဖြစ် အသုံးချချင်နေခြင်း ပင် ဖြစ်သည်။ သို့သော် ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
သူ ကျန်းချဲ့ က သူများ လက်အောက်မှာ အညံ့ခံမယ့် လူစားမျိုးလား။
သူ က အရင်ကတည်းက ချီမိသားစု ရဲ့ အကူအညီ နဲ့ ရွှမ်ထျန်း နဂါးပြောင်းလဲခြင်း ကျင့်စဉ် နဲ့ ယဇ်ပူဇော် ပစ္စည်း တွေကို ရယူဖို့ စီစဉ်ထားတာ ဆိုတာကို သိထားသင့်တယ်။ ဘယ်လိုလုပ်ပြီး တမင်တကာ ညံ့ဖျင်းအောင် ဟန်ဆောင်နေနိုင်မှာလဲ။
မျက်နှာပေါ်ရှိ အပြုံးများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီးနောက် ကျန်းချဲ့ က တည်ငြိမ်စွာ ဖြင့်...
"ဒီကိစ္စကိုတော့... ကျွန်တော် ကူညီပေးလို့ မရနိုင်ဘူး ထင်တယ်..."
"အစ်ကိုကျန်း က ဒီအကူအညီ သေးသေးလေး ကိုတောင် မကူညီပေးချင်ဘူးလား..."
"ဟက်ဟက်... ကူညီပေးလို့ ရပါတယ်... ဒါပေမဲ့ အစ်ကိုဝေ့ က ကျေးဇူးဆပ်တဲ့ အနေနဲ့ ဘာတွေ ပေးနိုင်မှာလဲ..."
"ဝေ့မိသားစု ရဲ့ ကျောထောက်နောက်ခံ က မလုံလောက်ဘူးလား..."
"ချီမိသားစု နဲ့ မင်္ဂလာ ဆောင်ရင်လည်း... ကျွန်တော် က ကျောထောက်နောက်ခံ ရမှာပဲလေ... သေချာပေါက် မလုံလောက်ဘူးပေါ့..."
"ကောင်းပြီ... ခင်ဗျား ဘာလိုချင်လဲ ပြော... လုံလောက်တဲ့ ကျေးဇူးဆပ်မှု မျိုးကို ကျွန်တော် ပေးပါ့မယ်..."
ဝေ့ကျွင်းကျဲ ၏ မျက်နှာထား က ချက်ချင်း မှောင်မိုက်သွားပြီး အပို စကားများ ဆက်မပြောတော့ဘဲ တိုက်ရိုက် မေးလိုက်သည်။
"နှစ်တစ်ထောင် သက်တမ်းရှိ ကျောက်စိမ်း အရိုး ဂျင်ဆင်း တစ်ပင်၊ နှစ်တစ်ထောင် သက်တမ်းရှိ ယင်နတ်ဘုရား ပန်း တစ်ပွင့်၊ မြေကြီး ဝိညာဉ် အရည် တစ်စက်... အစ်ကိုဝေ့ အနေနဲ့ ဒီပစ္စည်း တွေကို ပေးနိုင်မယ် ဆိုရင်... တမင်တကာ ညံ့ဖျင်းအောင် ဟန်ဆောင်ပေးဖို့ မပြောနဲ့... ကျွန်တော် ချက်ချင်း ထွက်သွားပေးဖို့တောင် ရတယ်..."
ကျန်းချဲ့ က တည်ငြိမ်စွာ ပြောလိုက်သည်။
ဤအရာများ အားလုံး က သူ အမြုတေ တည်ရန် အတွက် လိုအပ်သော ယဇ်ပူဇော် ပစ္စည်း များ ဖြစ်ပြီး ရရှိရန် အလွန် ခက်ခဲလှပေသည်။ အကယ်၍ တစ်ဖက်လူ က တကယ် ရိုးသားမှု ရှိမည် ဆိုပါက ကျန်းချဲ့ အနေဖြင့် ချက်ချင်း နုတ်ထွက်သွားရန် လုံးဝ ဝန်မလေးပေ။ သိုင်းသခင် အဆင့်သို့ ရောက်ရှိသွားသည် နှင့် သူ့တွင် မိမိကိုယ်ကို ကာကွယ်နိုင်စွမ်း ရှိသွားပြီ ဖြစ်သည်။
ထိုအခါ ရရှိလာမည့် အလေးထားမှု ကလည်း ပိုမို များပြားလာမည် ဖြစ်ရာ တစ်ဖက်လူ နှင့် အလကားသက်သက် ယှဉ်ပြိုင်နေစရာ လုံးဝ မလိုတော့ပေ။
"ခင်ဗျား..."
ဝေ့ကျွင်းကျဲ ၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ ကျန်းချဲ့ က ခြင်္သေ့ ပါးစပ် ဖြဲသကဲ့သို့ အလွန် ကြီးမားသော တောင်းဆိုမှုကို ပြုလုပ်လာပြီး လုံးဝ အားနာခြင်း မရှိလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ အထက်ပါ ရတနာ သုံးမျိုး စလုံး က လောက တွင် အလွန် ရှားပါးလှသော ရတနာ များ ဖြစ်ပြီး တန်ဖိုး မဖြတ်နိုင်အောင် ကြီးမားလှသည် မဟုတ်ပါလော။
အကူအညီ သေးသေးလေး တစ်ခု အတွက် ဤမျှလောက် အထိ တောင်းဆိုနေခြင်း မှာ သူ့ကို ငတုံး တစ်ယောက် အဖြစ် သတ်မှတ်နေခြင်း ပင် ဖြစ်သည်။
"ကောင်းပြီ... ကိစ္စ အောင်မြင်သွားရင်... ခင်ဗျား ကို ပေးပါ့မယ်..."
ဝေ့ကျွင်းကျဲ ၏ မျက်လုံးများ ခေတ္တမျှ လင်းလက်သွားပြီးနောက် ခေါင်းညိတ်လိုက်သည်။
"အကယ်လို့ ဝေ့သခင်လေး က ကတိဖျက်သွားရင်... ကျွန်တော့် အတွက် တရားခံ ရှာပေးမယ့် လူ မရှိဘူးလေ... အခု ချက်ချင်း လိုချင်တယ်..."
"ကျွန်တော် က အခု ချက်ချင်း အဲဒီ ပစ္စည်း တွေကို ဘယ်သွားရှာပေးရမှာလဲ..."
"ဝေ့မိသားစု ရဲ့ နာမည်ဂုဏ်သတင်း နဲ့ ဆိုရင်... ချီမိသားစု ဆီကနေ ဒီပစ္စည်း တွေကို ငှားဖို့ ဆိုတာ... မခက်လောက်ပါဘူး နော်..."
ကျန်းချဲ့ က ချီမိသားစု ၏ ပင်မ အိမ်တော် ရှိရာ ဘက်သို့ လက်ညှိုး ထိုးပြလိုက်သည်။
"အစ်ကိုကျန်း ဆီမှာ ရိုးသားမှု မရှိဘူး ဆိုမှတော့... ကျွန်တော် လည်း သွားလိုက်ပါဦးမယ်..."
ဝေ့ကျွင်းကျဲ က အေးစက်စက် နှာမှုတ်လိုက်ပြီး အင်္ကျီလက် ကို ခါကာ ချက်ချင်း ထွက်သွားခဲ့သည်။ သို့သော် မည်သည့် ခြိမ်းခြောက် စကား မှ မပြောဆိုခဲ့ပေ။ ဖခင် ဖြစ်သူ ၏ ဆုံးမမှု ကို ခံရပြီး ကတည်းက သူ လည်း အကြောင်းအရာ အတော်များများကို နားလည် သဘောပေါက် လာခဲ့ပြီ ဖြစ်သည်။
စကား လွတ်နေအောင် ခြိမ်းခြောက် နေမည့် အစား တစ်ကြိမ် လောက် လက်စားချေ လိုက်တာ က ပိုပြီး အသုံးဝင်တယ် မဟုတ်လား။
"လိုက်မပို့တော့ဘူးနော်..."
ကျန်းချဲ့ က လက်ဖက်ရည် တစ်ငုံ ကို ဖွဖွလေး သောက်လိုက်ရာ ဝိညာဉ် စွမ်းအင် များ အထက်သို့ ဆန်တက်လာပြီး တစ်ကိုယ်လုံး သက်သောင့်သက်သာ ဖြစ်သွားခဲ့သည်။
စကား အလွတ် နဲ့ လာပြီး အလကား လိုချင်နေတာ... သူ့ကို တကယ်ပဲ ဦးနှောက် မရှိဘူး လို့ ထင်နေတာလား။
အပေးအယူ လုပ်ချင်ရင် ရတယ်... အရင်ဆုံး ရိုးသားမှု ကို ပြသရမယ်... ကျန်းချဲ့ က ကျင်းယွမ် ဘုန်းကြီးကျောင်း နဲ့ ဖူလုံကျောင်းတော် ကိုတောင် အမြစ်ပြတ် သတ်ဖြတ်ခဲ့ပြီးပြီ... လင်ယွမ် ဝေ့မိသားစု ဆိုတဲ့ နာမည် က သူ့ကို သတိထားမိအောင် လုပ်နိုင်ပေမယ့်... လုံးဝ ခြောက်လှန့်နိုင်မှာတော့ မဟုတ်ဘူး။
"သေစမ်း... ဆင်းရဲသား တံငါသည် ဘဝ ကနေ တက်လာတဲ့ ကောင် က... ဝေ့မိသားစု ကို ဒီလောက်တောင် အထင်သေးရဲတယ်... တကယ်ကို အသက်မရှင်ချင်တော့တာပဲ..."
အခန်း အတွင်းသို့ ပြန်ရောက်သည် နှင့် ဝေ့ကျွင်းကျဲ ၏ မျက်နှာပေါ်ရှိ ဒေါသ များကို ဖိနှိပ်၍ မရတော့ဘဲ စားပွဲပေါ်ရှိ လက်ဖက်ရည် ခွက် ကို တိုက်ရိုက် ရိုက်ခွဲပစ်လိုက်သည်။
"သခင်လေး... အောင်မြင်မယ့် သူ က အမြဲတမ်း စိတ်တည်ငြိမ်ရမယ်... စကား အချေအတင် ဖြစ်တာလေး တစ်ခု အတွက် နဲ့ ဘယ်လိုလုပ်ပြီး ဒေါသ ထွက်နေလို့ ရမှာလဲ..."
ဝေ့ချင်း က ချက်ချင်း သတိပေးလိုက်သည်။
"ဦးလေးချင်း ပြောတာ မှန်ပါတယ်..."
ဝေ့ကျွင်းကျဲ က အသက်ကို ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ရာ မျက်နှာပေါ်ရှိ ဒေါသ များ က လျင်မြန်စွာ ရောက်လာသလို လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
ထို့နောက် သူ က ကျန်းချဲ့ နှင့် ပြောဆိုခဲ့သော စကားများ အားလုံးကို ပြန်လည် ပြောပြလိုက်သည်။
"ဦးလေးချင်း... ကျွန်တော် ဘယ်လို လုပ်သင့်တယ် လို့ ထင်လဲ..."
"မပြောင်းလဲတဲ့ နည်းလမ်း နဲ့ ပြောင်းလဲနေတဲ့ အခြေအနေ တွေကို ရင်ဆိုင်ရမယ်... သခင်လေး ရဲ့ စိုးရိမ်မှု က တကယ်တော့ သိပ်ပြီး မလိုအပ်ပါဘူး... ကျန်းချဲ့ က ချီမိသားစု ရဲ့ အလှပန်း နှစ်ပွင့် ကို ရည်ရွယ်ပြီး လာတာ ဆိုရင်တောင်မှ... အိမ်တော်သခင် က ချီကျန်းနန် နဲ့ ဒီကိစ္စကို ဆွေးနွေးပြီးသွားပြီ ဆိုတော့... မမျှော်လင့်ထားတဲ့ အခြေအနေ မရှိရင် ပြောင်းလဲမှာ မဟုတ်ပါဘူး...
ဘာလို့ တခြား နေရာကနေ ကြိုးစားနေဦးမှာလဲ..."
"ကျွန်တော် က ချီနင်ပင်း ကို စိုးရိမ်လို့ပါ..."
"မိသားစု ရဲ့ အကျိုးစီးပွား ရှေ့မှာ... တစ်ကိုယ်ရေ ဂုဏ်သိက္ခာ နဲ့ ဆုံးရှုံးမှု တွေက ဘာမှ မဟုတ်တော့ပါဘူး... သခင်လေး... ဒါက သခင်လေး နဲ့ ချီနင်ပင်း တို့ နှစ်ယောက်တည်း ရဲ့ ကိစ္စ မဟုတ်ဘူး... ချီမိသားစု နဲ့ ဝေ့မိသားစု တို့ ရဲ့ ကိစ္စ ပါ...
သူမ ရဲ့ ရင်ထဲမှာ ဆန့်ကျင်ချင်နေရင်တောင် ဘာမှ တတ်နိုင်မှာ မဟုတ်ပါဘူး... ဆန့်ကျင်ဘက် အနေနဲ့ ဒီလို လုပ်ရပ်မျိုး က သူများကို ပိုပြီး အထင်သေးသွားစေမှာပါ..."
"ဒါဆို ကျွန်တော် က ကျန်းချဲ့ ဆီ သွားမယ် ဆိုတာကို... ဦးလေးချင်း က ဘာလို့ မတားခဲ့တာလဲ..."
"ကြီးမားတဲ့ အောင်မြင်မှု ကို ရဖို့ ဆိုရင်... အရင်ဆုံး အခက်အခဲ တွေကို ကျော်ဖြတ်ရမယ်... အတွေ့အကြုံ တွေ အများကြီး ရှိမှသာ သခင်လေး က ကြီးပြင်းလာနိုင်မှာလေ... ဒါက အိမ်တော်သခင် ထွက်မလာခင် တုန်းက မှာကြားလိုက်တဲ့ စကားပါပဲ..."
ဝေ့ကျွင်းကျဲ လည်း ထိုင်ခုံ တွင် ထိုင်လိုက်ပြီးနောက် မှသာ မျက်နှာထား အနည်းငယ် ကောင်းမွန်လာခဲ့သည်။
ညနေစောင်း အချိန်သို့ ရောက်သောအခါ ဝေ့ကျွင်းကျဲ က ကျန်းချဲ့ ထံသို့ သွားရောက် တွေ့ဆုံခဲ့ကြောင်း ကို သိရှိသွားပြီးနောက် ချီနင်ပင်း က ချီဝမ်ကျင်း ပုံမှန် ဝတ်ဆင်လေ့ ရှိသော အဝတ်အစား များကို ချက်ချင်း လဲလှယ် ဝတ်ဆင်လိုက်ပြီး ကျန်းချဲ့ ၏ အခန်းရှေ့သို့ အသံတိတ် ရောက်ရှိလာခဲ့သည်။
'ဒေါက်... ဒေါက်...'
'ကျွီ...'
"ထိုက်အန်း က ကျန်းချဲ့ လား..."
ချီနင်ပင်း က ကျန်းချဲ့ကို အထက်အောက် သေချာစွာ ကြည့်ရှုလိုက်ပြီး မျက်လုံးများထဲတွင် စူးစမ်း အကဲခတ်သည့် အမူအရာများ ပြည့်နှက်နေပေသည်။
"သခင်မလေး က..."
တစ်ဖက်လူ က မိမိ ကို ကြည့်ရှုနေစဉ် တွင် ကျန်းချဲ့ ကလည်း အရှေ့ရှိ အမျိုးသမီး ကို ပြန်လည် အကဲခတ် နေပေသည်။ အစိမ်းရောင် သံချပ်ကာ ပါးပါးလေး ကို ဝတ်ဆင်ထားပြီး ဆံပင်ရှည် များကို စည်းနှောင်ထားကာ အရပ်အမောင်း ကလည်း အလွန် မြင့်မားလှပေသည်။ ရိုးရိုးရှင်းရှင်း ပြောရမည် ဆိုလျှင် ကြီးသင့်သည့် နေရာ ကြီးပြီး သေးသင့်သည့် နေရာ သေးသွယ်နေပေသည်။
ရုပ်ရည် အရ ဆိုလျှင်တော့ အလွန် ထူးချွန်လှပေသည်။ ဘဲဥပုံ မျက်နှာလေး၊ ဖြောင့်စင်းသော နှာတံ၊ သေးသွယ်သော နှုတ်ခမ်း နှင့် ကြယ်ပွင့်လေးများ အလား တောက်ပနေသော မျက်လုံးများ... ကျန်းချဲ့ မြင်ဖူးသမျှ အမျိုးသမီး များထဲတွင် သူမ က ပထမ အဆင့် တွင် ရှိနေပေသည်။ ထို့အပြင် သူမ ၏ မည်သူမည်ဝါ ဖြစ်ကြောင်းကိုလည်း ကျန်းချဲ့ ရင်ထဲတွင် ခန့်မှန်းမိနေပြီ ဖြစ်သည်။
သူ ထင်မှတ်ထားသည့် အတိုင်းပင် တစ်ဖက်လူ က သူမ ၏ အမည်ကို ချက်ချင်း ထုတ်ဖော် ပြောဆိုလိုက်သည်။
"ချီဝမ်ကျင်း..."
"သခင်မလေး ချီ က ညကြီးမိုးချုပ် လာလည်တာ... ဘာကိစ္စ အရေးကြီးလို့များလဲ..."
ကျန်းချဲ့ မှာ တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို တကယ် နားမလည်နိုင်အောင် ဖြစ်နေပေသည်။ အရင်ဆုံး ဝေ့ကျွင်းကျဲ၊ ပြီးတော့ ချီဝမ်ကျင်း... သူ ၏ တည်ရှိမှု က အလွန် အရေးကြီးနေသည့် အလား ပင် ဖြစ်နေပေသည်။
"အထဲဝင်ပြီး ပြောလို့ ရမလား..."
"ကြွပါ..."
"ဝေ့ကျွင်းကျဲ လာသွားတယ် မလား..."
ထိုင်ခုံတွင် ထိုင်လိုက်သည် နှင့် ချီနင်ပင်း က ကျန်းချဲ့ကို ပြုံးရွှင်စွာ ကြည့်ရင်း မေးလိုက်သည်။
"သခင်မလေး ချီ ရဲ့ စီစဉ်မှု လား..."
"တမင် လမ်းကြောင်း ပေးလိုက်တာပါ... အစ်ကိုကျန်း အနေနဲ့ စိတ်မဆိုးပါနဲ့..."
ပေါ်လာသည် နှင့် တစ်ပြိုင်နက် ချီနင်ပင်း က အရာအားလုံးကို ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်သည်။ မူလက သူမ က တကယ်ကို ဖုံးကွယ်ထားရန် ပြင်ဆင်ထားခဲ့ပြီး ဤသို့ ဆိုမှသာ ကျန်းချဲ့ ကို အကူအညီ တောင်းရန် ပိုမို လွယ်ကူမည် ဖြစ်သည်။ သို့သော် အပြန်ပြန် အလှန်လှန် စဉ်းစားပြီးနောက် မလုံခြုံဘူး ဟု ထင်မြင်မိခဲ့သည်။
ဤကိစ္စကို စိတ်ဝင်စားသူ တစ်ယောက် ကသာ စုံစမ်းလိုက်မည် ဆိုပါက အမှန်တရား ကို အလွယ်တကူ သိရှိသွားမည် ဖြစ်သည်။ သူမ ဖတ်ရှုထားသော ကျန်းချဲ့ ၏ သတင်း အချက်အလက် များ အရ ဆိုလျှင် သူ ၏ စိတ်နေသဘောထား က ဉာဏ်နီဉာဏ်နက် များပြီး ရက်စက် ကြမ်းကြုတ်ကာ ဆုံးဖြတ်ချက် ပြတ်သားသူ ဖြစ်ရာ သူ့ကို အသုံးချလိုက်မည် ဆိုပါက တစ်ဖက်လူ အနေဖြင့် ဒေါသထွက်လာမည် မဟုတ်ဘူး ဟု မည်သူ က အာမခံနိုင်မည်နည်း။
ထို့ကြောင့် တိုက်ရိုက် ဝန်ခံရန် ဆုံးဖြတ်လိုက်ခြင်း ပင် ဖြစ်သည်။
"သခင်မလေး ချီ ရဲ့ ကစားချင်တဲ့ စိတ် က... ကျွန်တော့် ကို အလကားသက်သက် ဝေ့မိသားစု နဲ့ ရန်ငြိုး ဖွဲ့စေခဲ့တာပဲ... တကယ်ကို ကောင်းမွန်တဲ့ နည်းလမ်း ပါပဲ... ဒါပေမဲ့... ကျွန်တော် က အရင်က သခင်မလေး ကို ပြဿနာ မရှာခဲ့ဖူး ပါဘူး... ဘာဖြစ်လို့ ဒီလို လုပ်ရတာလဲ..."
ကျန်းချဲ့ ယခုမှသာ သဘောပေါက်သွားခဲ့သည်။ တစ်ယောက်ယောက် က တမင် လမ်းကြောင်း ပေးနေခြင်း ပင် ဖြစ်ပြီး ယခင်က သူ က အခြား ဘက်သို့ တကယ် မတွေးမိခဲ့ပေ။
"အစ်ကိုကျန်း ဒေါသ မထွက်ပါနဲ့... ဒီကိစ္စ အတွက် ဝမ်ကျင်း က အရင်ဆုံး တောင်းပန်ပါတယ်... ဒါ့အပြင်... ဝေ့ကျွင်းကျဲ ရဲ့ စိတ်နေသဘောထား ကို ကျွန်မ ကောင်းကောင်း သိပါတယ်... ကျွန်မ ရဲ့ စီစဉ်မှု မပါရင်တောင် သူ က ရှင့်ဆီကို ရောက်လာပြီး မင်္ဂလာကိစ္စ ကို လာပြောမှာပါပဲ..."
ချီနင်ပင်း က ကိုယ့်ကိုယ်ကိုယ် အပြစ် ကင်းလွတ်အောင် ဖြေရှင်းလိုက်သည်။
သေချာသည်မှာ သူမ ကိုယ်တိုင် လည်း ဤသို့ပင် ထင်မြင်မိပေသည်။ နှစ်ဖက်စလုံး ရန်ငြိုးဖွဲ့ရန် သူမ က တမင်တကာ သွေးထိုးပေးခဲ့ခြင်း မဟုတ်ဘဲ ဝေ့ကျွင်းကျဲ ကို ကျန်းချဲ့ လာရောက်သည့် အကြောင်းရင်း မှာ မင်္ဂလာကိစ္စ အတွက် ဖြစ်ကြောင်း ကြိုတင် သိရှိစေခဲ့ခြင်း သက်သက်သာ ဖြစ်သည်။
သူမ ၏ စီစဉ်မှု ပါသည် ဖြစ်စေ မပါသည် ဖြစ်စေ ဝေ့ကျွင်းကျဲ က ကျန်းချဲ့ ထံသို့ သေချာပေါက် ရောက်လာမည်သာ ဖြစ်သည်။
"ဒါဆို သခင်မလေး ချီ ရဲ့ ရည်ရွယ်ချက် က ဘာလဲ..."
ဒေါသ ထွက်သလား ဟု မေးလျှင် ကျန်းချဲ့ အနေဖြင့် တကယ်ကို အများကြီး မထွက်ခဲ့ပေ။ တစ်ဖက်လူ ပြောသကဲ့သို့ပင် သူမ မရှိလျှင်တောင် ဝေ့ကျွင်းကျဲ က သူ့ဆီသို့ ရောက်လာမည်သာ ဖြစ်သည်။ စောခြင်း နောက်ကျခြင်း သာ ကွာခြားပေမည်။ သူ သံသယ ဖြစ်မိသည်မှာ တစ်ဖက်လူ ၏ ရည်ရွယ်ချက် ကိုသာ ဖြစ်သည်။
ဝေ့မိသားစု နှင့် ချီမိသားစု တို့က မင်္ဂလာ ကိစ္စ ကို သဘောတူညီပြီးသား ဖြစ်ပါလျက် နှင့် ဘာကြောင့်များ အပို အလုပ်တွေကို လုပ်နေရသနည်း။
"ဝေ့ကျွင်းကျဲ က နာမည် အရမ်း ဆိုးတယ်... လူလည်း မကောင်းဘူး... ဒီတစ်ခေါက် ကလည်း သူ့ကို စမ်းသပ်ကြည့်တာပါ... ရလဒ် အနေနဲ့... တကယ်ကို စိတ်နေသဘောထား အားနည်းပြီး ကြီးမားတဲ့ အောင်မြင်မှု မျိုး ရနိုင်မှာ မဟုတ်ဘူး... ကျွန်မ ညီမလေး နောင်တစ်ချိန် မှာ မပျော်မရွှင် ဖြစ်ရမှာကို မလိုလားဘူး...
ဒီမင်္ဂလာ ကိစ္စကို တမင်တကာ ဖျက်ဆီးချင်လို့ပါ... ဒီတစ်ခေါက် လာရတဲ့ ရည်ရွယ်ချက် က... ပထမ တစ်ချက် က အစ်ကိုကျန်း ကို အကူအညီ တစ်ခု တောင်းချင်လို့ပါ... ဒုတိယ တစ်ချက် ကတော့... မင်္ဂလာ မဆောင်ခင် ရှင့်ကို တစ်ခေါက်လောက် တွေ့ကြည့်ချင်လို့ပါ..."
"ကျွန်တော့်ကို တွေ့ချင်တယ် ဟုတ်လား... ဘာဖြစ်လို့လဲ..."
ချီဝမ်ကျင်း ၏ မျက်နှာထား က ပုံမှန် အတိုင်းပင် ဖြစ်နေပြီး တိုးညှင်းစွာ ပြောလိုက်သည်။ "ဘာဖြစ်လို့လဲ ဆိုတော့... အဖေ က ကျွန်မ အတွက် စီစဉ်ပေးထားတဲ့ မင်္ဂလာဖက် က ရှင် ဖြစ်နေလို့ပဲ... မင်္ဂလာကိစ္စ မသတ်မှတ်ခင်... ကျွန်မ လည်း ရှင့်ရဲ့ စိတ်နေသဘောထား ဘယ်လို ရှိလဲ ဆိုတာကို အရင် ကြည့်ချင်လို့ပါ..."
ကျန်းချဲ့ ၏ မျက်နှာပေါ်တွင် ထူးဆန်းသည့် အမူအရာများ ပေါ်ထွက်လာခဲ့သည်။
ဒါက... သတို့သားလောင်းအား လာရောက်တွေ့ဆုံခြင်း လား။